Site uses cookies to provide basic functionality.

OK
JOHN
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Prev Up Next
Chapter 1
John BurJudso 1:1  အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
John BurJudso 1:2  ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
John BurJudso 1:3  နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။
John BurJudso 1:4  ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။
John BurJudso 1:5  ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
John BurJudso 1:6  ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။
John BurJudso 1:7  ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။
John BurJudso 1:8  ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။
John BurJudso 1:9  ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။
John BurJudso 1:10  ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ။
John BurJudso 1:11  သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။
John BurJudso 1:12  ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
John BurJudso 1:13  ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။
John BurJudso 1:14  နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
John BurJudso 1:15  ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။
John BurJudso 1:16  ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။
John BurJudso 1:17  အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
John BurJudso 1:18  ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
John BurJudso 1:19  ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
John BurJudso 1:20  ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။
John BurJudso 1:21  ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။
John BurJudso 1:22  ထိုသူတို့ကလည်း၊ သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
John BurJudso 1:23  ယောဟန်ကလည်း၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။
John BurJudso 1:24  အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။
John BurJudso 1:25  ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။
John BurJudso 1:26  ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသော သူတယောက် ရှိ၏။
John BurJudso 1:27  ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။
John BurJudso 1:28  ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။
John BurJudso 1:29  နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
John BurJudso 1:30  ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
John BurJudso 1:31  အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။
John BurJudso 1:32  ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူ သည်ကို ငါမြင်ရပြီ။
John BurJudso 1:33  အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။
John BurJudso 1:34  ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
John BurJudso 1:35  တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊
John BurJudso 1:36  ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။
John BurJudso 1:37  တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။
John BurJudso 1:38  ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
John BurJudso 1:39  ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။
John BurJudso 1:40  ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။
John BurJudso 1:41  ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊
John BurJudso 1:42  သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူ ကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း။
John BurJudso 1:43  နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။
John BurJudso 1:44  ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။
John BurJudso 1:45  ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
John BurJudso 1:46  နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟုဆို၏။
John BurJudso 1:47  နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။
John BurJudso 1:48  နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါ မြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊
John BurJudso 1:49  အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။
John BurJudso 1:50  တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှ မက သင်သည်သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့။
John BurJudso 1:51  သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။