Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 18
Matt BurCBCM 18:1  ထိုအချိန်၌ တပည့်တော်တို့သည် ယေဇူးအထံတော်သို့ ချဉ်းကပ်၍ အဘယ်သူသည် ကောင်း ကင်နိုင်ငံတော်တွင် အကြီးမြတ် ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 18:2  ထိုအခါ ကိုယ်တော်သည် သူငယ် တစ်ယောက်ကို အထံတော်သို့ခေါ်၍ သူတို့၏အလယ် တွင်ထားလျက် မိန့်တော်မူသည်မှာ သင်တို့ အား ငါအမှန် ဆိုသည်ကား၊-
Matt BurCBCM 18:3  သင်တို့သည် အကျင့်ပြောင်းလဲ၍ သူ ငယ်များကဲ့သို့မဖြစ်ကြလျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ကြရလိမ့်မည် မဟုတ်။-
Matt BurCBCM 18:4  ဤသူငယ် ကဲ့သို့ စိတ်နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော် တွင် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။- ဤကဲ့သို့သောသူငယ် တစ်ယောက် ကို ငါ၏နာမတော်၌ လက်ခံသောသူ သည် ငါ့ကို လက်ခံ၏။
Matt BurCBCM 18:6  ငါ့ကိုယုံကြည်သော ဤသူငယ်တို့တွင် တစ်စုံတစ် ယောက်ကို မှားယွင်းစေသောသူသည် မိမိ၏လည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ရေနက်ထဲသို့ ပစ်ချခြင်းခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
Matt BurCBCM 18:7  အပြစ်မကောင်းမှုသို့ ရောက်စေသောအကြောင်း များကြောင့် ကမ္ဘာလောကသည် အမင်္ဂလာရှိ၏။ အပြစ် မကောင်းမှုသို့ သွေးဆောင်ခြင်းများသည် ရောက်လာရ လိမ့်မည်။ သို့သော် ထိုသို့သွေးဆောင်မှားယွင်းခြင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။-
Matt BurCBCM 18:8  သင်၏လက်၊ သို့မဟုတ် ခြေသည် သင့်အား မှားယွင်းစေလျှင် ၎င်းကို ဖြတ်ပစ်လော့။ ခြေလက်နှစ်ဖက်အစုံအလင်ဖြင့် ထာ၀ရ မီးထဲသို့ပစ်ချခံရသည်ထက် ကိုယ်အင်္ဂါချို့တဲ့စွာဖြင့် ထာ၀ရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ ကောင်း ၏။-
Matt BurCBCM 18:9  သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကို ထုတ်၍ သင့်ထံမှ စွန့်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲမီးထဲသို့ချခြင်း ခံရသည်ထက် မျက်စိတစ်လုံးချို့တဲ့ လျက် ထာ၀ရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ ကောင်း၏။
Matt BurCBCM 18:10  သင်တို့သည် ဤသူငယ်တို့တွင်တစ်ဦးကိုမျှ မထီ မဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား သင်တို့အား ငါအမှန်ဆိုသည်မှာ ဤသူငယ်တို့၏ကောင်း ကင်တမန်တော်တို့သည် ကောင်းကင်ဘုံရှင် ငါ့ခမည်း တော်ကို အစဉ်မပြတ်ဖူး မြော်လျက်ရှိကြ၏။-
Matt BurCBCM 18:11  အကြောင်း မူကား လူသားသည် ပျောက်ဆုံးနေသောသူတို့ကိုကယ် တင်ရန် ကြွလာတော်မူခြင်းဖြစ်သတည်း။-
Matt BurCBCM 18:12  သင်တို့မည် သို့ထင်မှတ်ကြသနည်း။ လူတစ်ဦးတွင် သိုးအကောင် တစ်ရာရှိပြီး ယင်းတို့အထဲမှတစ်ကောင်သည် လမ်းလွဲ၍ ပျောက်ဆုံးသွားလျှင် သူသည် ကိုးဆယ့်ကိုးကောင်တို့ကို တောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသောသိုးကို သွား၍ရှာမည် မဟုတ်လော။-
Matt BurCBCM 18:13  သူသည် ထိုသိုးကိုရှာ၍ တွေ့ခဲ့လျှင် မပျောက်ဆုံးသောကိုးဆယ့်ကိုးကောင်တို့ ထက် ထိုတစ်ကောင်၌ ပို၍ဝမ်းမြောက်ခြင်း ရှိလိမ့်မည်ဟု သင်တို့အား ငါအမှန်ဆို၏။-
Matt BurCBCM 18:14  ဤနည်းတူပင် ကောင်း ကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤသူငယ် တို့တွင် တစ်ဦးကိုမျှ ပျက်စီးစေခြင်းငှာ အလိုရှိ တော်မမူ။
Matt BurCBCM 18:15  သင်၏ညီအစ်ကိုသည် သင့်ကို ထိခိုက်ပြစ်မှားမိ လျှင် သူ့ထံသို့သွား၍ နှစ်ဦးတည်းတွေ့ဆုံဆုံးမလော့။ သင်၏စကားကို သူနားထောင်လျှင် သင်သည် သင်၏ ညီအစ်ကိုကို ပြန်ရလေပြီ။-
Matt BurCBCM 18:16  သို့သော် သူသည် စကားကို နားမထောင်လျှင် အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကို သင်နှင့်အတူခေါ်သွားလော့။ သို့မှသာ နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏သက်သေအားဖြင့် သင်ပြောသမျှစကားတို့ သည် အတည်ဖြစ်လိမ့်မည်။-
Matt BurCBCM 18:17  အကယ်၍ သူသည် ထိုသူ တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအကြောင်းကို အသင်းတော်အား ပြောကြားလော့။ သူသည် အသင်း တော်၏စကားကိုလည်း နားမထောင်လျှင် သူ့အား လူမျိုး ခြားတစ်ယောက်၊ သို့မဟုတ် အခွန်ခံသူတစ်ယောက်ကဲ့ သို့သတ်မှတ်လော့။-
Matt BurCBCM 18:18  သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာမြေပေါ်တွင် သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိ လိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေ လွှတ်လျက်ရှိလိမ့်မည်။
Matt BurCBCM 18:19  တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် နှစ်ဦးသည် ကမ္ဘာမြေပေါ်၌ မည်သည့်အရာကိုမဆို စိတ်တူသဘော တူတောင်းခံကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် သင်တို့အား ပေးတော်မူလိမ့်မည်။-
Matt BurCBCM 18:20  အကြောင်းမူကား လူနှစ်ဦး၊ သို့ မဟုတ် သုံးဦးတို့သည် ငါ၏နာမ၌စုဝေးကြလျှင် ထိုအရပ် ၌ သူတို့အလယ်တွင် ငါရှိသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 18:21  ထိုအခါ ပေတရုသည် အထံတော်သို့ ချဉ်းကပ်၍ သခင်ဘုရား၊ တပည့်တော်၏ညီအစ်ကိုသည် တပည့် တော်ကိုပြစ်မှားလျှင် သူ၏အပြစ်ကို အကြိမ်မည်မျှခွင့် လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လောဟု မေးလျှောက်လေ၏။-
Matt BurCBCM 18:22  ယေဇူးက ခုနစ်ကြိမ်တိုင်အောင် မဟုတ်၊ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင် ခွင့်လွှတ် ရမည်ဟု သင့်အား ငါဆို၏။
Matt BurCBCM 18:23  ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ကို မိမိအစေခံ များနှင့် စာရင်းရှင်းလိုသည့် ဘုရင်တစ်ပါးနှင့် ပုံဥပမာခိုင်း နှိုင်းနိုင်၏။-
Matt BurCBCM 18:24  သူသည် စာရင်းစတင်ရှင်းသောအခါ တာ လင်တစ်သောင်းအကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ ခေါ်ဆောင် ခဲ့ကြ၏။-
Matt BurCBCM 18:25  ထိုသူသည် အကြွေး မပေးဆပ်နိုင်သောကြောင့် သူ၏သခင်က ထိုသူနှင့်အတူ သူ၏သားမယားနှင့် ဥစ္စာပစ္စည်းရှိသမျှတို့ကို ရောင်းချ၍ အကြွေးကိုဆပ်ရမည်ဟု သူ့အား အမိန့်ချမှတ်လေ၏။-
Matt BurCBCM 18:26  ထိုအခါ ထိုအစေခံသည် ဒူးတုပ်ပျပ်ဝပ်လျက် သူ့အား အကျွန်ုပ်ကို သည်းခံတော်မူပါ၊ ရှိသမျှကို အကျွန်ုပ်ပေး ဆပ်ပါမည်ဟု တောင်းပန်လေ၏။-
Matt BurCBCM 18:27  ထိုအစေခံ၏သခင် သည်လည်း သနားသောစိတ်ဖြင့် သူ့ကိုလွှတ်ကာ သူ၏ အကြွေးကိုလည်း စာရင်းမှပယ်ဖျက်လိုက်လေ၏။-
Matt BurCBCM 18:28  ထို အစေခံသည်ကား ထွက်သွားစဉ် မိမိအပေါ် ၌ ဒေနာရီ တစ်ရာအကြွေးတင်သော အစေခံအဖော်တစ်ယောက် ကိုတွေ့လျှင် ထိုသူ၏လည်ပင်းကိုညှစ်လျက် ငါ့အား သင် ပေးဆပ်ရန်ရှိသည်ကို ပေးလော့ဟုဆို၏။-
Matt BurCBCM 18:29  ထိုအခါ သူ ၏အစေခံအဖော်ကလည်း ပျပ်ဝပ်လျက် အကျွန်ုပ်ကို သည်းခံပါ၊ အကြွေးရှိသမျှကို အကျွန်ုပ်ဆပ်ပါမည်ဟု သူ့အား တောင်းပန်လေ၏။-
Matt BurCBCM 18:30  သို့သော် သူသည် လက်မခံ ဘဲ ထိုသူအကြွေးဆပ်သည့်တိုင်အောင် သူ့ကို ထောင် ထဲ၌ အကျဉ်းချထားလေ၏။-
Matt BurCBCM 18:31  ဤဖြစ်ရပ်ကို သူ၏အခြား အစေခံအဖော်တို့မြင်သောအခါ အလွန်ဝမ်းနည်းကြသဖြင့် မိမိတို့၏သခင်ထံသို့သွားပြီးလျှင် ဖြစ်ပျက်သမျှကို လျှောက်ထားကြလေ၏။-
Matt BurCBCM 18:32  ထိုအခါ သူ၏သခင်သည် သူ့ကိုခေါ်၍ ဆိုးယုတ်သောကျွန်၊ သင်သည် ငါ့ကို တောင်း ပန်သောကြောင့် ငါသည် သင်၏အကြွေး ကိုလွှတ်ခဲ့လေပြီ။-
Matt BurCBCM 18:33  ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း သင်၏အစေခံအဖော်ကို မသနားအပ်သလောဟု မိန့် တော်မူ၏။-
Matt BurCBCM 18:34  ထို့နောက် သူ၏သခင်သည် အမျက်ထွက်၍ ထိုအစေခံအား သူ၏အကြွေးအားလုံးပေးဆပ်သည့် တိုင်အောင် အကျဉ်းချထားရန် အာဏာသားတို့၏လက် သို့အပ်လိုက်လေ၏။-
Matt BurCBCM 18:35  သင်တို့သည်လည်း မိမိညီအစ်ကို တို့၏အပြစ်ကို အတွင်းစိတ်မှခွင့်မလွှတ်လျှင် ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ၏အဖသည် လည်း သင်တို့အသီး သီးကို ထိုနည်းတူစီရင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။