ACTS
Chapter 7
Acts | BurJudso | 7:2 | သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင် ကြပါလော့။ ငါတို့ အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော် မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊ | |
Acts | BurJudso | 7:3 | သင်နေသော ပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက် ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွား လော့ဟု အာဗြဟံအားမိန့်တော်မူ၏။ | |
Acts | BurJudso | 7:4 | ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏ အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။ | |
Acts | BurJudso | 7:5 | ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော် မမူ သော်လည်း၊ သူမှ စ၍ သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်းပေးတော်မူမည်ဟု သားတယောက်မျှ မရှိမှီ ဂတိထားတော်မူ၏။ | |
Acts | BurJudso | 7:6 | သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည်၌ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြ လိမ့်မည်။ | |
Acts | BurJudso | 7:7 | သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။ | |
Acts | BurJudso | 7:8 | ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ ၏။ ထိုသို့ဣဇာတ်ကို ဘွားမြင်၍ ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာတ်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တကျိတ်နှစ်ပါးတည်း။ | |
Acts | BurJudso | 7:9 | အမျိုး၏ အဘတို့သည် လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော် မူလျက်၊ | |
Acts | BurJudso | 7:10 | အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာအတတ် ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။ | |
Acts | BurJudso | 7:11 | ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့ အဘများ၌ စားစရာကုန်သော အခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊ | |
Acts | BurJudso | 7:13 | ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီ အစ်ကိုတို့အား မိမိအကြောင်းကို ဘော်ပြ၍၊ ဖာရော ဘုရင်သည် ယောသပ်၏ အမျိုးကို သိတော်မူ၏။ | |
Acts | BurJudso | 7:14 | ထိုအခါ ယောသပ်သည်စေလွှတ်၍ မိမိအဘ ယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ် ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ၏။ | |
Acts | BurJudso | 7:16 | ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘ ဖြစ်သောဟာမော်၏ သားတို့အား အဘိုးငွေကိုပေး၍ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။ | |
Acts | BurJudso | 7:18 | ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွါး၍၊ ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး ပေါ်လာ သည်တိုင်အောင် များပြားကြလေ၏။ | |
Acts | BurJudso | 7:19 | ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲ နှိပ်စက်လေ၏။ | |
Acts | BurJudso | 7:20 | ထိုအခါအလွန်အဆင်းလှသော မောရှေကို ဘွားမြင်လျှင်၊ သုံးလပတ်လုံးအဘ၏ အိမ်တွင် ကျွေးမွေး ကြ၏။ | |
Acts | BurJudso | 7:21 | နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင် သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစား လေ၏။ | |
Acts | BurJudso | 7:23 | အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။ | |
Acts | BurJudso | 7:24 | အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ် မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ ၏။ | |
Acts | BurJudso | 7:25 | ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်အရာကို ညီအစ်ကိုတို့သည် နား လည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။ | |
Acts | BurJudso | 7:26 | နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင် သည်ရှိသော်၊ | |
Acts | BurJudso | 7:27 | အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ၌ ခန့်ထားသနည်း။ | |
Acts | BurJudso | 7:29 | ထိုစကားကိုကြားလျှင်၊ မောရှေသည် ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ် ယောက်ကိုမြင်လေ၏။ | |
Acts | BurJudso | 7:30 | အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင် ခြေရင်း တောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ ကောင်းကင်တမန်ထင် ရှား၏။ | |
Acts | BurJudso | 7:31 | ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ၍စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊ | |
Acts | BurJudso | 7:32 | ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ ဟုထာဝရဘုရား၏ ဗျာဒိတ် တော်အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ။ | |
Acts | BurJudso | 7:33 | ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏။ | |
Acts | BurJudso | 7:34 | အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွား မြည် တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တု ပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။ | |
Acts | BurJudso | 7:35 | အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံ ရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည်ချုံ၌ ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။ | |
Acts | BurJudso | 7:36 | ထိုသူသည် ဣသရေလအမျိုးသားတို့ကို နှုတ် ဆောင်၍ အနှစ် လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌၎င်း၊ ဧဒုံပင်လယ်၌၎င်း၊ တော၌၎င်း၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကိုပြုလေ၏။ | |
Acts | BurJudso | 7:37 | သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်း စေတော်မူ မည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အားပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။ | |
Acts | BurJudso | 7:38 | ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌ ၎င်း၊ သိနာ တောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်၎င်း၊ ငါတို့ အဘများနှင့်၎င်းရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင် စေသော ဗျာဒိတ်တော်ကိုခံလေ၏။ | |
Acts | BurJudso | 7:40 | ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ၏။ | |
Acts | BurJudso | 7:41 | ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သော အရာ၌ပင် ပျော်မွေ့ကြ၏။ အနာဂတ္တိကျမ်း၌ လာသည် ကား၊ | |
Acts | BurJudso | 7:42 | အိုဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကိုတော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။ | |
Acts | BurJudso | 7:43 | သင်တို့သည် မောလုပ်၏တဲနှင့်သင်တို့ဘုရား ရင်ဖန်၏ ကြယ်တည်း ဟူသောကိုးကွယ်ဘို့ရာ မိမိ တို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။ | |
Acts | BurJudso | 7:44 | မောရှေမြင်ရသောပုံနှင့်အညီ၊ သက်သေခံတော် မူချက် ဌာပနာ ရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသောသူမှာ ထားတော်မူသည်အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ၌ရှိ၏။ | |
Acts | BurJudso | 7:45 | နောက်ကျသော ငါတို့အဘများသည် ထိုတဲ တော်ကို တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတပါး အမျိုးသား တို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။ | |
Acts | BurJudso | 7:46 | ထိုဒါဝိဒ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရ၍၊ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်ကို တွေ့ခြင်းငှါ တောင့်တ၏။ | |
Acts | BurJudso | 7:49 | မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည်။ | |
Acts | BurJudso | 7:50 | ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံးသော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ် တော်မူသည်မဟုတ်။ | |
Acts | BurJudso | 7:51 | လည်ပင်းခိုင်မာ၍ နှလုံးဖြင့်၎င်း၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင် ဘက် ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။ | |
Acts | BurJudso | 7:52 | သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မျှ မညှဉ်းဆဲဘဲ နေသနည်း။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြော ပြညွှန်သော သူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သော သူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ၍ အသေသတ် ကြပြီ။ | |
Acts | BurJudso | 7:53 | သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်း သော အားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို၏။ | |
Acts | BurJudso | 7:54 | ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ် ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။ | |
Acts | BurJudso | 7:55 | သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊ | |
Acts | BurJudso | 7:56 | ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်ဟုဆို ၏။ | |
Acts | BurJudso | 7:57 | ထိုသူတို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော်၍ နားကိုပိတ် ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တဟုန်တည်းပြေး၍၊ | |
Acts | BurJudso | 7:58 | မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင်၏ခြေရင်း ၌ထားကြ၏။ | |
Acts | BurJudso | 7:59 | ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။ | |