Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 7
Mark BurCBCM 7:1  ဖာရီဇေးဦးတို့နှင့် ဂျေရုဆလင်မြို့မှလာကြသော ကျမ်းတတ်ဆရာအချို့တို့သည် အထံတော်၌ စုဝေးကြသောအခါ၊-
Mark BurCBCM 7:2  ကိုယ်တော်၏ တပည့်တော်အချို့သည် မသန့်ရှင်းသောလက်များ၊ တစ်နည်းအားဖြင့်ဆိုရသော် မဆေးထားသော လက်များ ဖြင့် အစာစားနေ ကြသည်ကိုမြင်ကြ၏။-
Mark BurCBCM 7:3  (အကြောင်းမူကား ဖာရီဇေးဦးတို့နှင့် ဂျူးလူမျိုးတို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ် လာကိုလိုက်နာသောအားဖြင့် မိမိတို့၏ လက်ကိုမဆေးဘဲ အစာစားလေ့မရှိကြ။-
Mark BurCBCM 7:4  ဈေးမှပြန်လာသောအခါတွင် လည်း မိမိတို့ကိုယ်ကို သန့်စင်ခြင်းမပြုဘဲ အစာစားလေ့ မရှိကြ။ ထို့ပြင် ခွက်များ၊ အိုးများ၊ ကြေးဝါပန်းကန်များ စသည်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ ၎င်းတို့ လိုက်နာသည့် အခြားသောရှေးထုံးတမ်းစဉ်လာ များစွာ လည်းရှိသေး၏)။-
Mark BurCBCM 7:5  ထို့ကြောင့် ဖာရီဇေးဦးတို့နှင့်ကျမ်းတတ်ဆရာတို့က ကိုယ်တော်၏တပည့်တော်တို့သည် အဘယ်ကြောင့် ရှေးကလူကြီး သူမတို့၏ထုံးတမ်းစဉ်လာအတိုင်း မလိုက်နာကြဘဲ မသန့်ရှင်းသောလက်ဖြင့် အစာစားကြပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
Mark BurCBCM 7:6  ထိုအခါ ကိုယ်တော်က သူတို့အား ပြန်ပြော တော်မူသည်မှာ သူတော်ကောင်းယောင်ဆောင်သော သင်တို့၏အကြောင်းကို ရညွှန်း၍ ပရောဖက်အီဇာယက ဤကဲ့သို့ မှန်ကန်သင့်လျော်စွာ ဟောထားခဲ့၏။ ဤလူမျိုးသည် ငါ့ကို နှုတ်ဖြင့်သာရိုသေဂုဏ် ပြုကြ၏။ သူတို့ ၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှပေ၏။-
Mark BurCBCM 7:7  သူတို့သည် လူ တို့၏ထုံးတမ်းစဉ်လာများကို အယူဝါဒများအဖြစ် သွန် သင်ကြပြီး ငါ့အား ဝတ်ပြုကိုးကွယ်ခြင်းကို အချည်းနှီး ဖြစ်စေကြပြီဟူ၍ ရေးထား၏။-
Mark BurCBCM 7:8  သင်တို့သည် ဘုရား သခင်၏ပညတ်တော်ကိုပယ်ထားကြ၍ လူတို့၏ထုံး တမ်းစဉ်လာများကိုလိုက်နာကြ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 7:9  တစ်ဖန် ကိုယ်တော်က သူတို့အား သင်တို့သည် မိမိတို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပါးနပ်စွာပစ်ပယ်ထား ကြလေပြီ။-
Mark BurCBCM 7:10  အကြောင်းမူကား မိုးဇက်က သင်၏မိဘတို့ အားရိုသေခြင်းကိုပြုလော့။ မိမိ၏မိဘကိုကျိန်ဆိုသော သူသည် ဧကန်မုချသေ ထိုက်၏ဟု စီရင်ထားခဲ့၏။-
Mark BurCBCM 7:11  သို့သော် သင်တို့က တစ်စုံတစ်ယောက်သည် မိမိ၏အမိနှင့်အဖတို့အား ကျွန်ုပ်ထံမှ သင်တို့ရရှိမည့် အထောက်အပံ့သည် ကော်ဗန်(ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်း)ဖြစ် ၏ဟုဆိုလျှင်၊-
Mark BurCBCM 7:12  ထိုသူသည် မိဘတို့အတွက် ပြုအပ်သော ဝတ္တရားကို ဆောင်ရွက်ရန်မလိုဟု သွန်သင်ကြ၏။-
Mark BurCBCM 7:13  သင်တို့သည် သင်တို့လက်ဆင့်ကမ်းသွန်သင်လာကြသော ရှေးထုံးစဉ်လာများဖြင့် ဘုရားသခင်၏ပညတ်တော်များကို အချည်းနှီးဖြစ်စေကြ၏။ ထိုကဲ့သို့သောဓလေ့ထုံးစံ များစွာကိုလည်း သင်တို့ဖန်တီးကြ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 7:14  တစ်ဖန် ကိုယ်တော်သည် လူအစုအဝေးတို့ကို မိမိအထံတော်သို့ ခေါ်တော်မူ၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ငါ့ကိုနားထောင်၍ နားလည်သိမှတ် ကြလော့။-
Mark BurCBCM 7:15  လူ၏ပြင်ပမှ လူ့ခန္ဓာကိုယ်အတွင်းသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာတစ်ခုမျှမရှိ။ သို့သော် လူ၏အတွင်းမှထွက်လာ သောအရာတို့မူကား လူကို ညစ်ညူးစေနိုင်၏။-
Mark BurCBCM 7:16  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
Mark BurCBCM 7:17  ကိုယ်တော်သည် လူအစုအဝေးထံမှထွက်ခွာ၍ အိမ်အတွင်းသို့ဝင်တော်မူသောအခါ တပည့်တော်တို့က ထိုပုံဥပမာ အကြောင်းကိုမေးမြန်းကြ၏။-
Mark BurCBCM 7:18  ကိုယ်တော်က သင်တို့သည်လည်း နားမလည်နိုင်ကြသလော။ လူ၏ ပြင်ပမှ လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သမျှအရာသည် လူကို မညစ်ညူးစေကြောင်း သင်တို့မသိမမြင်ကြသလော။-
Mark BurCBCM 7:19  အကြောင်းမူကား ဝင်လာသောအရာသည် စိတ်နှလုံးထဲ သို့မဝင်ဘဲ ဝမ်းထဲသို့ဝင်ပြီး ပြင်ပသို့ရောက်သွားသည် မဟုတ် လောဟုမိန့်တော်မူ၏။ (ဤသို့ဆိုခြင်းဖြင့် အစား အစာအားလုံးမှာ သန့်ရှင်းသည်ဟု ကိုယ်တော်မိန့်တော် မူခြင်းဖြစ်၏။)-
Mark BurCBCM 7:20  တစ်ဖန် ကိုယ်တော်က လူ၏အတွင်းမှ လာသမျှသည် လူကိုညစ်ညူးစေ၏။-
Mark BurCBCM 7:21  အကြောင်းမူကား လူ့အတွင်းရှိ စိတ်နှလုံးထဲမှမကောင်းသောအကြံအစည် များ၊ ကာမဂုဏ်ကျူးလွန်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းကို ခိုးယူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူတစ်ပါးသားမယား ကိုပြစ်မှားခြင်း၊-
Mark BurCBCM 7:22  လောဘကြီးခြင်း၊ ကောက်ကျစ်စဉ်းလဲ ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကိလေသာစိတ်ပြင်းပြ ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း၊ မာနထောင်လွှား ခြင်းနှင့် မိုက်မဲခြင်း စသည်တို့ထွက်ပေါ်လာကြ၏။-
Mark BurCBCM 7:23  မကောင်းသော ဤအရာအားလုံးသည် လူ၏အတွင်းမှ ထွက်လာ၍ လူကိုညစ်ညူးစေကြ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 7:24  ကိုယ်တော်သည် ထိုအရပ်မှ ထ၍ ထွက်ခွာပြီးလျှင် တီရာနှင့်စီဒွန်နယ်များသို့ကြွတော်မူ၏။ ကိုယ်တော်သည် အိမ်တစ်အိမ် သို့ဝင်ပြီးလျှင် ထိုနေရာ၌ မိမိရှိသည်ကို မည်သူ့ကိုမျှမသိစေလိုသော်လည်း ပုန်းရှောင်၍ မဖြစ်နိုင်ချေ။-
Mark BurCBCM 7:25  အကြောင်းမူကား ညစ်ညူးသောနတ်ဆိုး ပူးနေသည့်သူငယ်မတစ်ဦး၏မိခင်သည် ကိုယ်တော်၏ အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ ပျပ်ဝပ်ရှိခိုးလေ၏။-
Mark BurCBCM 7:26  ဤမိန်းမသည်ကား ဂရိလူမျိုး ဆီရိုဖွေ နိစိယအနွယ်ဝင်ဖြစ်ပြီး မိမိသမီးတွင် ပူးကပ်နေသောနတ် ဆိုးကို နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။-
Mark BurCBCM 7:27  ကိုယ်တော်ကလည်း သားသမီးတို့သည် ဦးစွာ၀အောင် စားကြပါစေ။ သားသမီးတို့၏အစားအစာကိုယူ၍ ခွေးတို့အား ချမကျွေးသင့်ဟု သူမအားမိန့်တော်မူ၏။-
Mark BurCBCM 7:28  သို့သော် သူမကမှန်ပါ၏အရှင်သခင်၊ သို့ရာတွင် စားပွဲအောက်မှခွေးတို့ပင်လျှင် သားသမီးတို့ထံမှမုန့်အစအန များကိုစားကြ ရပါသေးသည်ဟု လျှောက်လေ၏။-
Mark BurCBCM 7:29  ထိုအခါ ကိုယ်တော်က သင်ဤသို့ဆိုသောကြောင့် အိမ်သို့ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်ခွာသွားလေပြီဟု မိန့်တော်မူ၏။-
Mark BurCBCM 7:30  သူမသည်လည်း မိမိ၏အိမ်သို့ ပြန်သွားလျှင် သူငယ်မသည် အိပ်ရာပေါ်၌ လဲလျောင်း လျက်ရှိ၍ နတ်ဆိုးသည်လည်း ထွက်ခွာသွားပြီးဖြစ်သည်ကို တွေ့လေ၏။
Mark BurCBCM 7:31  ထို့နောက် ကိုယ်တော်သည် တီရာနယ်မှ ပြန်လာရာတွင် စီဒွန်နယ်နှင့် ဒေကာပိုလစ်နယ်တို့ကိုဖြတ်သန်း၍ ဂါလေလေးယ ပင်လယ်သို့ကြွလာတော်မူ၏။-
Mark BurCBCM 7:32  ထိုအခါ နားပင်း၍ စကားမပြောနိုင်သူတစ်ဦးကို လူတို့သည် အထံတော်သို့ခေါ်ဆောင်ခဲ့ကြပြီး သူ့အပေါ်၌ လက်တော်ကို တင်တော်မူပါမည့်အကြောင်း ကိုယ်တော်အား တောင်းပန်လျှောက်ထားကြ၏။-
Mark BurCBCM 7:33  ကိုယ်တော်သည်လည်း သူ့ကို လူအစုအဝေးထဲမှ သီးခြားခေါ်ဆောင်သွားပြီးလျှင် မိမိလက်ချောင်းကို သူ၏နားထဲသို့ သွင်းတော်မူ၏။ တစ်ဖန် ကိုယ်တော်သည် တံတွေးထွေးလျက် သူ၏လျှာကိုတို့ တော်မူ၏။-
Mark BurCBCM 7:34  ထို့နောက် ကိုယ်တော်သည် ကောင်းကင်သို့မျှော်ကြည့်၍ သက်ပြင်းချကာ အက်ဖဲတာဟုမိန့်တော်မူ၏။ အဓိပ္ပာယ်ကား ပွင့်စေလော့ဟူသတည်း။-
Mark BurCBCM 7:35  ထိုခဏချင်းတွင် သူ၏နားတို့သည် ပွင့်လာပြီး သူ၏လျှာသည်လည်း ဆွံ့အခြင်းမှကင်းဝေးကာ သူသည် ပီသစွာ စကားပြော လေ၏။-
Mark BurCBCM 7:36  ထိုအခါကိုယ်တော်သည် သူတို့အား ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် မိန့်မှာတော်မူ၏။ သို့သော် ကိုယ်တော်ဤသို့ မိန့်မှာသည်နှင့်အမျှ သူတို့သည် ပို၍စိတ်အားထက်သန်စွာ သတင်းကိုလွှင့်ကြလေ၏။-
Mark BurCBCM 7:37  လူတို့သည်လည်း အတိုင်းမသိအံ့အားသင့်ကြလျက် ကိုယ်တော်သည် အလုံးစုံကိုကောင်းစွာပြုတော်မူ ပြီ၊ ကိုယ်တော်သည် နားပင်းသောသူကိုနားကြားစေ၍ ဆွံ့အသောသူကို စကားပြောစေလေပြီဟု ဆိုကြ၏။