MATTHEW
Chapter 8
Matt | BurCBCM | 8:1 | ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွလာတော် မူသောအခါ များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြ၏။- | |
Matt | BurCBCM | 8:2 | ထိုအခါ အနာကြီးရောဂါစွဲကပ်နေသူတစ်ယောက်သည် လာ၍ ကိုယ်တော့်ရှေ့မှောက်၌ ဒူးထောက်လျက် သခင်၊ ကိုယ် တော်အလိုရှိတော်မူလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ် စေနိုင်ပါသည်ဟု လျှောက်ထား၏။- | |
Matt | BurCBCM | 8:3 | ထိုအခါ ကိုယ်တော် သည် မိမိ၏လက်တော်ကိုဆန့်၍ သူ့အား တို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့် တော်မူလျှင် သူ၏အနာကြီးရောဂါသည် ချက်ချင်းပျောက်ကင်းသွားလေ၏။- | |
Matt | BurCBCM | 8:4 | ထို့နောက် ယေဇူးက သူ့အား ဤအကြောင်းကို မည်သူ့အားမျှ မပြောမိစေရန် သတိပြု လော့၊ ယခုပင်သွား၍သင့်ကိုယ်ကို ရဟန်းအား ပြသပြီး လျှင် လူတို့အတွက် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့် မှာထားသည့်အတိုင်း လှူဖွယ်ဝတ္ထုကို ပူဇော်ဆက်သ လော့ဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 8:6 | တော်သို့ချဉ်း ကပ်ပြီး လျှင်၊- သခင်၊ အကျွန်ုပ်၏အစေခံ တစ်ယောက်သည် လေဖြတ်သည့်ရောဂါဖြင့် ဝေဒနာပြင်း ထန်စွာ ခံစားလျက် အိမ်တွင် လဲလျောင်းနေပါသည်ဟု လျှောက်ထားလေ၏။- | |
Matt | BurCBCM | 8:8 | မူ၏။- သို့သော် လူတစ်ရာတပ်မှူးက ပြန်၍လျှောက်သည် မှာ သခင်၊ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွ ဝင်တော်မူခြင်းကို အကျွန်ုပ်မခံထိုက်ပါ။ သို့သော် တစ်ခွန်း မျှသာ အမိန့်ရှိတော်မူပါလျှင် အကျွန်ုပ်၏အစေခံသည် ရောဂါ ပျောက် ကင်းပါလိမ့်မည်။- | |
Matt | BurCBCM | 8:9 | အဘယ်ကြောင့်ဆို သော် အကျွန်ုပ်သည် မင်းအာဏာစက်အောက်တွင်နေ ရသူဖြစ်ပြီး အကျွန်ုပ်၏ လက်အောက်တွင်လည်း စစ် သားများရှိပါ၏။ အကျွန်ုပ်က တစ်ယောက်ကိုသွားလော့ ဟုဆိုလျှင် ထိုသူသည် သွားပါ၏။ အခြားတစ်ယောက် ကို လာခဲ့ဟုဆိုလျှင် ထိုသူသည် လာပါ၏။ အကျွန်ုပ်၏ အစေခံကိုလည်း ဤအမှုကိုပြုလော့ဟုဆိုလျှင် သူသည် ပြုလုပ်ပါ၏ဟု လျှောက်လေ၏။- | |
Matt | BurCBCM | 8:10 | သူ၏စကားကို ယေဇူး ကြားလျှင် အံ့ဩ၍ မိမိနောက်တော်တွင်လိုက်ပါလာကြ သောသူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန် ဆိုသည်ကား ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေး။- | |
Matt | BurCBCM | 8:11 | သင်တို့အား ငါဆိုသည်ကား အရှေ့နှင့် အနောက်အရပ်တို့မှ လူများစွာ တို့သည် လာကြ၍ ကောင်းကင်နိုင်ငံတော်၌ အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲတွင်ထိုင်ကြလိမ့်မည်။- | |
Matt | BurCBCM | 8:12 | နိုင်ငံတော်၏သားသမီးတို့မူကား အပြင်ဘက်မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံကြရလိမ့် မည်။ ထိုအရပ်၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့် မည်ဟု မိန့်တော်မူ၏။- | |
Matt | BurCBCM | 8:13 | ထို့နောက် ယေဇူးက လူတစ်ရာ တပ်မှူးအား သွားလော့၊ သင်ယုံကြည်သည့်အတိုင်း သင် ၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် အစေခံ သည် ရောဂါပျောက်ကင်းလေ၏။ | |
Matt | BurCBCM | 8:14 | ယေဇူးသည် ပေတရု၏အိမ်သို့ကြွဝင်သောအခါ သူ၏ယောက္ခမသည် ဖျား၍ အိပ်ရာထဲတွင် လဲနေသည်ကို မြင်တော်မူ၏။- | |
Matt | BurCBCM | 8:15 | ကိုယ်တော်သည် သူမ၏လက်ကို တို့ထိတော်မူလျှင် သူမသည် အဖျားပျောက်ကင်းသဖြင့် ထ၍ ကိုယ်တော် အား ဧည့်ဝတ်ပြု လေ၏။ | |
Matt | BurCBCM | 8:16 | ထိုညနေတွင် လူတို့သည် နတ်ဆိုးစီးခြင်းခံရသူ များစွာတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ် တော်သည် အမိန့်တော် တစ်ခွန်းမျှဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်၍ မကျန်းမာသူအားလုံးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။- | |
Matt | BurCBCM | 8:17 | ထိုအကြောင်း အရာသည်ကား သူ သည် ငါတို့၏ဖျားနာခြင်းများကို ယူဆောင်တော်မူ၍ ငါ တို့၏ရောဂါဝေ ဒနာများကို ခံထမ်းတော်မူ၏ဟူသော ပရောဖက်အီဇာယ၏ဟောထားချက်ပြည့်စုံစေမည့် အကြောင်းဖြစ်သတည်း။ | |
Matt | BurCBCM | 8:18 | ယေဇူးသည် မိမိအနီးတွင် ဝိုင်းရံလျက်ရှိသောလူ အစုအဝေးတို့ကိုမြင်လျှင် တစ်ဖက်ကမ်းသို့ကူးသွားရန် အမိန့်ပေးတော်မူ၏။- | |
Matt | BurCBCM | 8:19 | ထိုအခါ ကျမ်းတတ်ဆရာတစ်ဦး သည် အထံတော်သို့ချဉ်းကပ်လာ၍ ဆရာသခင်၊ အရှင်ကြွသွားမည့်နေရာတိုင်းသို့ အကျွန်ုပ် လိုက်ပါမည်ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Matt | BurCBCM | 8:20 | ယေဇူးကလည်း မြေခွေးတို့၌ တွင်းများရှိကြ၏။ ကောင်းကင်ငှက်တို့၌ အသိုက်များရှိကြ၏။ လူသား၌မူကား မိမိ၏ခေါင်းချစရာ နေရာပင်မရှိဟု သူ့အား မိန့်တော်မူ၏။- | |
Matt | BurCBCM | 8:21 | တပည့်တော်တို့ ထဲမှ အခြားတစ်ယောက်ကလည်း သခင်၊ ပထမဦးစွာ သွား၍ အကျွန်ုပ်၏အဖကိုသဂြိုဟ်ပါရစေဟု ကိုယ်တော် အား လျှောက်လေ၏။- | |
Matt | BurCBCM | 8:22 | သို့သော် ယေဇူးက ငါ့နောက်သို့ လိုက်လော့၊ လူသေတို့သည် မိမိတို့၏လူသေများကို သဂြိုဟ်ကြပါစေဟု မိန့်တော်မူ၏။ | |
Matt | BurCBCM | 8:23 | ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူသော အခါ တပည့်တော်တို့သည်လည်း ကိုယ်တော်၏နောက် တော်သို့လိုက်ကြ၏။- | |
Matt | BurCBCM | 8:24 | ထိုအခါ ပင်လယ်တွင် ရုတ်တ ရက် မုန်တိုင်းပြင်းထန်စွာကျရောက်သဖြင့် လှေသည် လှိုင်းတံပိုးများအကြားတွင် နစ်မြုပ်လုမတတ်ဖြစ်လေ၏။ ကိုယ်တော်မူကား ကျိန်းစက်လျက်ရှိတော်မူ၏။- | |
Matt | BurCBCM | 8:25 | တပည့် တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ကိုယ်တော့်ကို နှိုးပြီးလျှင် သခင်၊ ကယ်တော်မူပါ၊ တပည့်တော်တို့သည် ပျက်စီးခြင်းသို့ရောက်ရပါတော့မည်ဟု အသနားခံကြ၏။- | |
Matt | BurCBCM | 8:26 | ကိုယ်တော်ကလည်း ယုံကြည်ခြင်းအားနည်းသော သူတို့၊ အဘယ်ကြောင့်ကြောက်ရွံ့ ကြသနည်းဟု သူတို့ အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထ၍ လေနှင့် ပင်လယ်ကို ကြိမ်းမောင်းတော်မူသောအခါ ထို နေရာသည် လွန်စွာငြိမ်သက် သာယာ လာလေ၏။- | |
Matt | BurCBCM | 8:27 | သူတို့သည်လည်း အံ့ဩကြ၍ ဤသူသည် မည်သို့သော သူဖြစ်သနည်း။ လေနှင့် ပင်လယ်တို့ပင်လျှင် သူ့ကို နာခံ ကြပါသည်တကားဟု ဆိုကြလေ၏။ | |
Matt | BurCBCM | 8:28 | ကိုယ်တော်သည် တစ်ဖက်ကမ်းရှိ ဂါဒါရာနယ်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစီးခြင်းခံရသောသူ နှစ်ဦးတို့သည် သချိုင်းဂူများ အကြားမှထွက်လာပြီးလျှင် ကိုယ်တော့်ထံသို့လာကြ၏။ သူတို့သည် လွန်စွာကြမ်း တမ်းခက်ထန်ကြသောကြောင့် ထိုလမ်းကို မည်သူမျှ ဖြတ်သန်းမသွားဝံ့ကြချေ။- | |
Matt | BurCBCM | 8:29 | ထိုသူတို့က ဘုရားသခင်၏ သားတော်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြု လိုပါသနည်း။ အချိန်မကျမီ အကျွန်ုပ်တို့ကို ဒဏ်ခတ်ရန် ဤအရပ်သို့ကြွလာတော်မူပါသလောဟု အော်ဟစ်ကြ၏။- | |
Matt | BurCBCM | 8:31 | ထိုအခါ နတ်ဆိုးတို့က ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်တော်မူလျှင် ဝက် အုပ်ထဲသို့ဝင်ပါရစေဟု တောင်းပန်ကြ၏။- | |
Matt | BurCBCM | 8:32 | ကိုယ်တော် ကလည်း သွားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ ထို အခါ သူတို့သည် ထွက်၍ ဝက်များထဲသို့ဝင်ကြသဖြင့် ဝက်အုပ်တစ်အုပ်လုံးသည် ချောက်ကမ်းပါးအတိုင်း ပင် လယ်ထဲသို့ ပြေးဆင်းကာ ရေတွင်နစ်မြုပ်သေဆုံးကြ | |
Matt | BurCBCM | 8:33 | ကုန်၏။- ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး ၍မြို့တွင်းသို့ဝင်ပြီးလျှင် နတ်ဆိုးစီးခံရသောသူတို့၏ အကြောင်းမှစ၍ ဖြစ်ပျက်သမျှအလုံးစုံတို့ကို ပြောပြကြလေ၏။- | |