LUKE
Chapter 2
Luke | BurJudso | 2:4 | ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။ | |
Luke | BurJudso | 2:5 | ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။ | |
Luke | BurJudso | 2:7 | သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာစရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစာခွက်၌သိပ်ထားလေ၏။ | |
Luke | BurJudso | 2:8 | ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ | |
Luke | BurJudso | 2:9 | ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော်ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ | |
Luke | BurJudso | 2:10 | ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ | |
Luke | BurJudso | 2:11 | ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ | |
Luke | BurJudso | 2:12 | သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ်၍ နွားစာ ခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ | |
Luke | BurJudso | 2:14 | ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။ | |
Luke | BurJudso | 2:15 | ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊ | |
Luke | BurJudso | 2:16 | အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသောသူငယ်ကို၎င်း တွေ့ကြ၏။ | |
Luke | BurJudso | 2:20 | သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။ | |
Luke | BurJudso | 2:21 | ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက် လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။ | |
Luke | BurJudso | 2:22 | ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့ သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊ | |
Luke | BurJudso | 2:23 | သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာ သည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊ | |
Luke | BurJudso | 2:24 | ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိ ကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။ | |
Luke | BurJudso | 2:25 | ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ် သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊ | |
Luke | BurJudso | 2:27 | ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ | |
Luke | BurJudso | 2:29 | ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ | |
Luke | BurJudso | 2:30 | ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။ | |
Luke | BurJudso | 2:31 | ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။ | |
Luke | BurJudso | 2:32 | ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။ | |
Luke | BurJudso | 2:34 | ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။ | |
Luke | BurJudso | 2:36 | အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊ | |
Luke | BurJudso | 2:37 | အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။ | |
Luke | BurJudso | 2:38 | သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ | |
Luke | BurJudso | 2:39 | မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ၏။ | |
Luke | BurJudso | 2:40 | သူငယ်သည်လည်းကြီးပွား၍ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။ | |
Luke | BurJudso | 2:43 | ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ၍၊ | |
Luke | BurJudso | 2:44 | အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိ အကျွမ်းတို့တွင်ရှာ၍၊ | |
Luke | BurJudso | 2:46 | သူငယ်မူကား၊ ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ၏။ | |
Luke | BurJudso | 2:48 | မိဘတို့သည် သားကိုမြင်လျှင်မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာကြပြီဟုဆိုသော်၊ | |
Luke | BurJudso | 2:49 | ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည်အဘ၏ အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊ | |
Luke | BurJudso | 2:51 | ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နား ထောင်လျက်နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။ | |