LEVITICUS
Chapter 25
Levi | BurJudso | 25:1 | တဖန် သိနာတောင်ပေါ်မှာ၊ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ၊- | |
Levi | BurJudso | 25:2 | သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။ | |
Levi | BurJudso | 25:4 | သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊ | |
Levi | BurJudso | 25:5 | လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။ | |
Levi | BurJudso | 25:6 | ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ ကျွန်၊ ကျွန်မ၊ သူငှါး၊ ဧည့်သည်စားစရာ၊- | |
Levi | BurJudso | 25:8 | ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက်၍၊ ခုနှစ်နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊- | |
Levi | BurJudso | 25:10 | ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ | |
Levi | BurJudso | 25:11 | ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ | |
Levi | BurJudso | 25:15 | ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကို ပြုရမည်။ | |
Levi | BurJudso | 25:16 | ထိုသို့ အသီးသီးရသော နှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက်၊ တိုးလျက် ရောင်းဝယ်ရမည်။ | |
Levi | BurJudso | 25:17 | သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ | |
Levi | BurJudso | 25:18 | သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။ | |
Levi | BurJudso | 25:19 | မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြ လိမ့်မည်။ | |
Levi | BurJudso | 25:20 | သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင်၊- | |
Levi | BurJudso | 25:21 | ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည်။ | |
Levi | BurJudso | 25:22 | သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည်။ | |
Levi | BurJudso | 25:23 | မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။ | |
Levi | BurJudso | 25:25 | သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။ | |
Levi | BurJudso | 25:26 | ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊- | |
Levi | BurJudso | 25:27 | မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။ | |
Levi | BurJudso | 25:28 | ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။ | |
Levi | BurJudso | 25:29 | မြို့ထဲ၌ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။ | |
Levi | BurJudso | 25:30 | တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။ | |
Levi | BurJudso | 25:31 | မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။ | |
Levi | BurJudso | 25:32 | သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။ | |
Levi | BurJudso | 25:33 | လေဝိသားပိုင်သော မြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။ | |
Levi | BurJudso | 25:34 | သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲပိုင်ရမည်။ | |
Levi | BurJudso | 25:35 | သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည်။ | |
Levi | BurJudso | 25:36 | သူ၌ အတိုးအပွားကို မယူရ။ သင်၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။ | |
Levi | BurJudso | 25:38 | ငါသည် ခါနာန်ပြည်ကို သင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်၏ ထာဝရဘုရားဖြစ်၏။ | |
Levi | BurJudso | 25:39 | သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ။ | |
Levi | BurJudso | 25:40 | သူသည် သူငှါးကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။ | |
Levi | BurJudso | 25:41 | ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။ | |
Levi | BurJudso | 25:42 | အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏ အမှုထမ်းဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မရောင်းရ။ | |
Levi | BurJudso | 25:44 | သင်သည် စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့် ပတ်လည်ဝန်းကျင်တို့၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည်။ | |
Levi | BurJudso | 25:45 | ထိုမှတပါး၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို၎င်း၊ သင်တို့ပြည်၌ သူတို့ရသော သားသမီးများကို၎င်း ဝယ်၍ ပိုင်ရမည်။ | |
Levi | BurJudso | 25:46 | သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ။ | |
Levi | BurJudso | 25:47 | သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏ အမျိုးသားချင်း ဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏ သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊- | |
Levi | BurJudso | 25:48 | ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည်။ | |
Levi | BurJudso | 25:49 | ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။ | |
Levi | BurJudso | 25:50 | သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သော နှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍၎င်း၊ သူငှါးလုပ်ရသည် ကာလကို ထောက်၍၎င်း၊ ကိုယ်အဘိုးကို စီရင်ရမည်။ | |
Levi | BurJudso | 25:52 | လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ ပြန်ပေး ရမည်။ | |
Levi | BurJudso | 25:53 | ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါးကဲ့သို့ နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကို မခံရ။ | |
Levi | BurJudso | 25:54 | ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည်။ | |