PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 81
| Psal | BurCBCM | 81:1 | ငါတို့၏ခွန်အားဖြစ်တော်မူသော ဘုရားသခင်ထံသို့ ကျယ်လောင်စွာ သီဆိုကြလော့။ ယာကုပ်၏ ဘုရားသခင်ထံသို့ ရွှင်လန်းစွာဟစ်ကြွေးကြလော့။- | |
| Psal | BurCBCM | 81:2 | သီချင်းတစ်ပုဒ်ကို သီဆို၍ ချူတပ်ဗုံနှင့် အသံချိုသော စောင်းကြီးစောင်းငယ်တို့၏ အသံတို့ကို ထွက်ပေါ်လာစေလော့။- | |
| Psal | BurCBCM | 81:3 | ငါတို့၏ပွဲတော်နေ့၌လည်းကောင်း၊ လဆန်းရက်၊ လပြည့်ရက်တို့၌လည်းကောင်း တံပိုးခရာကိုမှုတ်ကြ လော့။- | |
| Psal | BurCBCM | 81:4 | ဤသည်ကား အစ္စရာအဲလ်လူမျိုးတို့အတွက် ဥပဒေဖြစ်ပြီး ယာကုပ်၏ဘုရားသခင်၏ အမိန့်တော်လည်းဖြစ်၏။- | |
| Psal | BurCBCM | 81:5 | ဂျိုးဇက်သည် အီဂျစ်ပြည်ကို တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့စဉ်က ကိုယ်တော်သည် ထိုဥပဒေကို သူ့အပေါ်၌ ချမှတ်ပေး တော်မူခဲ့ခြင်းဖြစ်၏။ ငါနားမလည်သော ဘာသာစကားကို ငါကြားခဲ့ရ၏။- | |
| Psal | BurCBCM | 81:6 | ထိုစကားသည်ကား သင်တို့၏ပခုံးပေါ်က ဝန်ထုပ်ကို ငါဖယ်ရှားပစ်ခဲ့၏။ သင်တို့၏လက်များကိုလည်း ခြင်းတောင်းဆွဲရခြင်း မှလွတ်မြောက်စေခဲ့၏။- | |
| Psal | BurCBCM | 81:7 | သင်တို့သည် ဒုက္ခရောက်စဉ်အခါက ငါ့ကိုခေါ်တ၍ ငါသည် သင်တို့အား ကယ်တင်ခဲ့၏။ မိုးကြိုးထစ်ချုန်းသံထဲမှ သင်တို့ကို ငါဖြေကြားခဲ့၏။ မေရိဘစမ်းချောင်းတွင် သင်တို့ကို ငါစုံစမ်းခဲ့၏။- | |
| Psal | BurCBCM | 81:8 | အိုငါ၏လူမျိုး၊ နားထောင်လော့။ ငါသည် သင်တို့ကို သတိပေးမည်။ အိုအစ္စရာအဲလ်လူမျိုးတို့၊ သင်တို့သည် ငါ၏စကားကို နားထောင်ကြရန် ငါအလိုရှိပါ၏။- | |
| Psal | BurCBCM | 81:9 | သင်တို့အလယ်တွင် အခြားသောဘုရား မရှိစေရ။ သင်တို့သည် အခြားသောဘုရား၏ရှေ့တွင် မပျပ်ဝပ်ရ။- | |
| Psal | BurCBCM | 81:10 | ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏အရှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ပါးစပ်ကို ကျယ်စွာဖွင့်လော့။ ယင်းကို ငါဖြည့်ပေးမည်။ | |
| Psal | BurCBCM | 81:11 | သို့ရာတွင် ငါ၏လူမျိုးတော်သည် ငါ့စကားကို နားမထောင်ခဲ့ပေ။ အစ္စရာအဲလ်လူမျိုးသည် ငါ့အမိန့်ကို မနာခံခဲ့။- | |
| Psal | BurCBCM | 81:12 | သို့ဖြစ်၍ သူတို့သည် မိမိတို့၏ အကြံအစည်အတိုင်း ပြုလုပ်ကြစေရန် သူတို့အား တင်းမာသောနှလုံးသားများကို ငါပေးအပ်ခဲ့၏။- | |
| Psal | BurCBCM | 81:13 | ငါ၏လူမျိုးတော်သည် ငါ၏စကားကို နားထောင်ကြစေရန် ငါလိုလား၏။ အစ္စရာအဲလ်လူမျိုးတို့သည် ငါ၏အမှုတော်တို့ကို လိုက်နာကြစေရန် ငါလိုလား၏။- | |
| Psal | BurCBCM | 81:14 | ထိုအခါ ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာနှိမ်နင်းမည်။ ငါ၏လက်တော်ကိုလည်း သူတို့၏ရန်သူများအား ဆန့်ကျင်၍တိုက်ခိုက်စေမည်။- | |
| Psal | BurCBCM | 81:15 | ထာ၀ရဘုရားသခင်ကို မုန်းတီးကြသောသူတို့သည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် ကြောက်ရွံ့၍ ပျပ်ဝပ်ကြလိမ့်မည်။ သူတို့၏အပြစ်ဒဏ်သည်လည်း ထာ၀ရတည်လိမ့်မည်။- | |