JOHN
Chapter 12
John | BurCBCM | 12:1 | ပါစကားပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေဇူးသည် လာဇရုရှိရာ ဘက်သနီရွာသို့ ကြွလာတော်မူ၏။ လာဇရုသည်ကား သေရာမှ ယေဇူး ပြန်ရှင်စေတော်မူခဲ့သော သူဖြစ်၏။- | |
John | BurCBCM | 12:2 | ထိုရွာတွင် သူတို့သည် ကိုယ်တော့်ကိုညစာဖြင့်တည်ခင်းဧည့်ခံကြရာ မာဿက ဧည့်ဝတ်ပြု၍ လာဇရုမှာမူ ကိုယ်တော်နှင့်အတူ စားပွဲ၌ ထိုင်သူတို့အနက် တစ်ဦးအပါအဝင်ဖြစ်၏။- | |
John | BurCBCM | 12:3 | မာရိယာသည်ကား အလွန်အဖိုးထိုက်တန်သော နာဒုဆီမွှေးစစ် စစ်တစ်ပေါင်ကိုယူ၍ ယေဇူး၏ခြေတို့ကို လိမ်းကျံပေးပြီး နောက် ၎င်းတို့ကို မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဆီမွှေး၏ မွှေးကြိုင်သောရနံ့သည်လည်း တစ်အိမ်လုံး၌ သင်းပျံ့လျက်ရှိ၏။- | |
John | BurCBCM | 12:4 | တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူဖြစ်သော ဂျုဒအစ္စကာရီယုဒ်ကမူ၊- | |
John | BurCBCM | 12:5 | အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရီသုံးရာဖြင့် ရောင်းချပြီး ဆင်းရဲသားတို့အား မစွန့်ကြဲသနည်းဟု ဆိုလေ၏။- | |
John | BurCBCM | 12:6 | ဤသို့သူဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့အား စာနာထောက်ထားခြင်းကြောင့် မဟုတ်ဘဲ သူခိုးတစ်ယောက် ဖြစ်သော ကြောင့်တည်း။ သူသည် ငွေအိတ်ကိုင်သောသူဖြစ်ပြီး ထိုအိတ်၌ ထည့်ထားသောငွေကို ယူ၍သုံးစွဲလေ့ရှိ၏။- | |
John | BurCBCM | 12:7 | ယေဇူးကလည်း သူမ အလိုရှိသည့်အတိုင်း ပြုပါစေ။ ငါ့ကို သင်္ဂြိုဟ်ရမည့်နေ့အတွက် သူမသည် ဤအမှုကိုပြုပါစေ။- | |
John | BurCBCM | 12:8 | ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့် အစဉ်ရှိလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ | |
John | BurCBCM | 12:9 | ထိုအရပ်၌ ကိုယ်တော်ရှိတော်မူကြောင်းကို များစွ သော ဂျူးလူမျိုးအစုအဝေးတို့ ကြားသိကြသောအခါ သူတို့သည် ယေဇူးကို တွေ့ရန်အတွက်သာမဟုတ်၊ သေရာမှ ကိုယ်တော်ပြန်ရှင်စေခဲ့သော လာဇရုကိုလည်းတွေ့ရန် လာကြ၏။- | |
John | BurCBCM | 12:11 | အဘယ်ကြောင့်ဆိုသော် များစွာသော ဂျူးလူမျိုးတို့သည် လာဇရုကို အကြောင်းပြု၍ သူတို့ထံမှထွက်သွားကြပြီး ယေဇူးကို ယုံကြည်ကြသောကြောင့်ဖြစ်၏။ | |
John | BurCBCM | 12:12 | နောက်တစ်နေ့၌ ပွဲတော်သို့လာကြသော လူအစုအဝေးကြီးသည် ဂျေရုဆလင်မြို့သို့ ယေဇူးကြွလာတော်မူကြောင်းကို ကြားသိကြ၏။- | |
John | BurCBCM | 12:13 | ထို့ကြောင့် သူတို့သည် စွန်ပလွံပင်မှ အကိုင်းအခက်များကို ယူဆောင်ကြပြီးလျှင် ကိုယ်တော့်ကိုကြိုဆိုရန် ထွက်သွား ကြလျက် ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရားသခင်၏ နာမတော်၌ ကြွလာတော်မူသော အစ္စရာအဲလ်ဘုရင်အား မင်္ဂလာရှိ စေသတည်းဟု ကြွေးကြော်ကြလေ၏။- | |
John | BurCBCM | 12:14 | ယေဇူးသည်လည်း မြည်းကလေးကိုတွေ့သဖြင့် မြည်းပေါ်၌ ထိုင်၍စီးတော်မူ၏။ ကျမ်းစာတော်မြတ်၌လည်း ရေးထား သည်ကား၊- | |
John | BurCBCM | 12:15 | အိုဇီအွန်သမီး၊ မကြောက်ရွံ့နှင့်။ ကြည့်လော့၊ သင်၏ဘုရင်သည် မြည်းမ၏ သားငယ်ပေါ်၌ ထိုင်လျက် ကြွလာ လေပြီဟူ၍ဖြစ်သတည်း။- | |
John | BurCBCM | 12:16 | ကိုယ်တော်၏ တပည့်တော်တို့သည် ဤကျမ်းချက်ကို အစဦး၌ နားမလည်ခဲ့ကြပေ။ ယေဇူး၏ ဘုန်းဂုဏ်တော် ထင်ရှားတော်မူသောအခါ မှသာလျှင် ဤကျမ်းချက်သည် ကိုယ်တော်အား ရည်ညွန်း၍ ရေးသားထားကြောင်းကိုလည်းကောင်း၊ ၎င်းသည် ကိုယ်တော်၌ အမှန်ပင်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း သူတို့သတိရကြ၏။- | |
John | BurCBCM | 12:17 | ကိုယ်တော်သည် လာဇရုကို သခင်္ျိုင်းဂူမှ ခေါ်ထုတ်၍ ပြန်ရှင်စေတော်မူခဲ့သောအချိန်တွင် ကိုယ်တော်နှင့်အတူ ရှိခဲ့ကြသော လူအစုအဝေးတို့ သည်လည်း ထိုအမှုအရာကို သက်သေခံကြ၏။- | |
John | BurCBCM | 12:18 | လူအစုအဝေးတို့သည် ကိုယ်တော့်ကို ကြိုဆိုရန် သွားကြသည့်အကြောင်းရင်းကား ဤအံ့ဖွယ်နိမိတ်လက္ခဏာအား ကိုယ်တော်ပြုတော်မူခဲ့သည်ကို ကြားသိခဲ့ကြသောကြောင့်တည်း။- | |
John | BurCBCM | 12:19 | ထိုအခါ ဖာရီဇေးဦးတို့က သင်တို့မည်သို့မျှ မတတ်နိုင်သည်ကို သိကြပြီလော။ ကြည့်လော့၊ တစ်လောကလုံးသည် သူ၏နောက်သို့ လိုက်ပါသွားကြ လေပြီဟု အချင်းချင်းပြောဆိုကြ၏။ | |
John | BurCBCM | 12:21 | ထိုသူတို့သည် ဂါလေလေးယနယ်၊ ဘက်ဇိုင်းဒါမြို့သားဖြစ်သော ဖိလိပု ထံချဉ်းကပ်ကြ၍ ဆရာ၊ အကျွန်ုပ်တို့သည် ယေဇူးကို တွေ့မြင်လိုကြပါသည်ဟု ဆိုကြ၏။- | |
John | BurCBCM | 12:22 | ဖိလိပုသည် သွား၍ အန္ဒြေးယအား ပြောလေ၏။ အန္ဒြေးယသည်လည်း ဖိလိပုနှင့်အတူသွားပြီးလျှင် သူတို့သည် ယေဇူးအား လျှောက်ကြ၏။- | |
John | BurCBCM | 12:23 | ယေဇူးက သူတို့အား ပြန်ပြောတော်မူ သည်မှာ လူသားအတွက် ဘုန်းဂုဏ်တော်ထင်ရှားစေ မည့်အချိန်ရောက်ရှိလာလေပြီ။- | |
John | BurCBCM | 12:24 | သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ဂျုံစပါးစေ့တစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည် တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။- | |
John | BurCBCM | 12:25 | မိမိအသက်ကို ချစ်သောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူသည် ထာ၀ရအသက် တာအတွက် ထိုအသက်ကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။- | |
John | BurCBCM | 12:26 | အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါရှိရာအရပ်၌လည်း ငါ၏အစေခံရှိလိမ့်မည်။ အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ခမည်းတော်ဘုရားသည် သူ့ကို ချီးမြှောက်တော်မူလိမ့်မည်။ | |
John | BurCBCM | 12:27 | ယခု ငါသည် စိတ်သောကရောက်လျက်ရှိ၏။ ငါမည်သို့ဆိုရမည်နည်း။ အိုအဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တော်မူပါဟူ၍လော၊ မဟုတ်ပေ၊ ဤရည်ရွယ်ချက်အတွက် ဤအချိန်နာရီသို့ ငါရောက်လာခဲ့ခြင်းဖြစ် သည်၊- | |
John | BurCBCM | 12:28 | အိုအဖ၊ ကိုယ်တော်၏ နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါဟု မိန့်တော်မူလေ၏။ ထိုအခါ ကောင်းကင်မှ အသံထွက်ပေါ်လာသည်ကား ငါသည် နာမတော်ကို ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန် ငါသည် ၎င်းကို ဘုန်းတော် ထင်ရှားစေဦးမည် ဟူ၍ဖြစ်သတည်း။- | |
John | BurCBCM | 12:29 | အနီးတွင် ရပ်နေကြသော လူအစုအဝေးသည် ထိုအသံကို ကြားကြလျှင် မိုးထစ်ချုန်းသည်ဟု ဆိုကြ၏။ အချို့ကမူ ကောင်းကင်တမန်တော်တစ်ပါးသည် ကိုယ်တော့်ကို စကားပြောလေပြီဟု ဆိုကြ၏။- | |
John | BurCBCM | 12:31 | ယခုအချိန်သည် ဤလောကကို တရားစီရင်သည့် အချိန်ဖြစ်၏။ ဤလောကကို အုပ်စိုးသောသူသည်လည်း ယခုပင်နှင်ထုတ်ခြင်း ခံရလိမ့်မည်။- | |
John | BurCBCM | 12:32 | ငါသည်ကား မြေပေါ်မှ မြှောက်ထားခြင်းခံရသောအခါ လူသားအားလုံးတို့ကို ငါ့ထံသို့ခေါ်ယူမည်ဟု မိန့်တော်မူ၏။- | |
John | BurCBCM | 12:33 | ဤကဲ့သို့ ကိုယ်တော်မိန့်တော်မူခြင်းမှာ မိမိသည် မည်သို့သော သေခြင်းဖြင့် သေရလိမ့်မည်ကို ဖော်ပြခြင်းဖြစ်၏။- | |
John | BurCBCM | 12:34 | လူအစုအဝေးက ခရစ်တော်သည် အစဉ်အမြဲတည်တော်မူ၏ဟူ၍ ပညတ်တရားကျမ်းမှ အကျွန်ုပ်တို့ကြား သိခဲ့ရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်း ခံရလိမ့်မည်ဟု သင်မည်သို့ဆိုနိုင်ပါသနည်း။ ဤလူသားသည် မည်သူနည်းဟု ကိုယ်တော်အား ပြန်၍မေးကြလေ၏။- | |
John | BurCBCM | 12:35 | ယေဇူးက သူတို့အားဆိုသည်မှာ အလင်းသည် သင်တို့နှင့်အတူ တစ်ခဏမျှသာ ဆက်လက်တည်ရှိလိမ့်မည်။ မှောင်မိုက်သည် သင်တို့ကိုမဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခိုက် လျှောက်လှမ်းကြလော့။ မှောင်မိုက်တွင် လျှောက်လှမ်းသော သူသည် မိမိသွားနေသည့်အရပ်ကို မသိပေ။- | |
John | BurCBCM | 12:36 | သင်တို့သည် အလင်း၏သားများဖြစ်ကြရန် အလို့ငှာ သင်တို့၌ အလင်းရှိနေစဉ် အလင်းကို ယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ယေဇူးသည် ဤသို့ မိန့်တော်မူပြီးသောအခါ ထွက်ကြွသွား၍ သူတို့ထံမှ တိမ်းရှောင်တော်မူ၏။ | |
John | BurCBCM | 12:37 | ကိုယ်တော်သည် များစွာသောနိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်တွင် ပြတော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော့်ကို မယုံကြည်ကြပေ။- | |
John | BurCBCM | 12:38 | ဤသို့ဖြစ်ရခြင်းမှာ ပရောဖက်အီဇာယ ဟောကြားခဲ့သည့်အတိုင်း သခင်ဘုရား၊ တပည့်တော်တို့၏ ဟောကြားခြင်းကို မည်သူ ယုံကြည်ခဲ့ပါသနည်း၊ ကိုယ်တော်၏ လက်ရုံးတော်သည်လည်း မည်သူ့ကို ထင်ရှားပြခဲ့ပါသနည်းဟူသော ကျမ်း စကား ပြည့်စုံလာစေမည့်အကြောင်းတည်း။- | |
John | BurCBCM | 12:39 | ထို့ကြောင့် သူတို့သည် မယုံကြည်နိုင်ခဲ့ကြ။ အကြောင်းမူကား အီဇာယက တစ်ဖန်ဟောကြားခဲ့သည်မှာ၊- | |
John | BurCBCM | 12:40 | သူတို့သည် မိမိတို့၏ မျက်စိဖြင့်မြင်ရ၍ နှလုံးသားဖြင့် သိနားလည်ပါလျှင် မိမိတို့၏ အနာအဆာများ ပျောက်ကင်းစေရန် ငါ့ထံသို့ ပြောင်းလဲလာမည်ကို စိုးရိမ်ကြသောကြောင့် ကိုယ်တော်သည် သူတို့၏ မျက်စိများကို ကွယ်စေလျက် သူတို့၏ နှလုံးသားကို တင်းမာစေခဲ့ပြီ ဟူ၍ဖြစ်သတည်း။- | |
John | BurCBCM | 12:41 | အီဇာယက ဤသို့ဆိုခဲ့ခြင်းမှာ သူသည် ကိုယ်တော်၏ ဘုန်းတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဟောကြားခဲ့ ခြင်းဖြစ်၏။- | |
John | BurCBCM | 12:42 | မည်သို့ပင်ဖြစ်စေ ဂျူးလူမျိုးခေါင်းဆောင်များ အပါအဝင် လူများစွာတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။ သို့သော်လည်း သူတို့သည် ဖာရီဇေးဦးတို့ကို ကြောက်ရွံ့သောကြောင့် တရားဇရပ်မှ ထုတ်ပယ်ခြင်း မခံရစေရန် ယုံကြည်ခြင်းကို ထင်ရှားစွာဝန်မခံခဲ့ကြပေ။ - | |
John | BurCBCM | 12:43 | အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းထက် လူတို့ထံမှ ချီးမွမ်းခြင်းကို ပိုမိုနှစ်သက်သော ကြောင့်ဖြစ်၏။ | |
John | BurCBCM | 12:44 | ယေဇူးသည်လည်း ကြွေးကြော်၍ မိန့်တော်မူသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာလျှင် ယုံကြည်သည် မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း ယုံကြည်၏။- | |
John | BurCBCM | 12:46 | ငါ့ကို ယုံကြည်သောသူဟူသမျှသည် မှောင်မိုက်၌ ဆက်လက်မနေရစေခြင်းငှာ ငါသည် အလင်းအဖြစ်နှင့် ဤလောက သို့ကြွလာခဲ့လေပြီ။- | |
John | BurCBCM | 12:47 | အကြင်သူသည် ငါ၏ဟောပြောချက်များကို ကြားနာရပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်း မပြုပါလျှင် ထိုသူကို ငါအပြစ်မစီရင်။ အကြောင်းမူကား ငါသည် ဤလောကကို အပြစ်စီရင်ရန်မဟုတ်ဘဲ ဤလောကကို ကယ်တင်ရန် ကြွလာ၏။- | |
John | BurCBCM | 12:48 | ငါ့ကိုငြင်းပယ်၍ ငါ၏စကားများကို လက်မခံသောသူအတွက် တရားစီရင်မည့်သူရှိလေပြီ။ ငါဟောပြောသော စကားသည် ပင်လျှင် ထိုသူ့ကို နောက်ဆုံးသောနေ့၌ တရားသူကြီးအဖြစ်နှင့် တရားစီရင်လိမ့်မည်။- | |
John | BurCBCM | 12:49 | အကြောင်းမူကား ငါသည် ငါ၏အခွင့်အာဏာနှင့် ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် ကိုယ်တိုင်က ငါ့အားမည်သည့်အရာ ပြောဆိုရမည်ကို ပညတ်ချက်ပေးတော်မူ၏။- | |