ACTS
Chapter 10
Acts | BurCBCM | 10:1 | ဆီဇားရိယမြို့တွင် အီတလီစစ်တပ်ဟုခေါ်တွင် သောတပ်၌ ကော်နေလီဦးအမည်ရှိ လူတစ်ရာ တပ်မှူးတစ်ယောက်ရှိ၏။- | |
Acts | BurCBCM | 10:2 | ထိုသူသည် ဘုရားတရား ကြည်ညိုသူတစ်ဦးဖြစ်၍ သူနှင့်သူ၏ မိသားစုတစ်ခုလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြ၏။ သူသည် လူတို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲတတ်ပြီး ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းသောသူ ဖြစ်၏။- | |
Acts | BurCBCM | 10:3 | တစ်ခုသောနေ့ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ကော်နေလီဦးသည် မိမိထံသို့ ဘုရားသခင်၏ ကောင်းကင်တမန်တော်တစ်ပါး ဝင်လာ၍ ကော်နေလေဦးဟု မိမိအားခေါ်သည်ကို ရူပါရုံတွင်ထင်ရှားစွာ မြင်ရလေ၏။- | |
Acts | BurCBCM | 10:4 | သူသည်လည်း ကြောက်ရွံ့ထိတ်လန့်လျက် ကောင်းကင်တမန်တော်ကို စေ့စေ့ကြည့်ကာ သခင်၊ မည်သည့်အကြောင်းအရာ ရှိပါသနည်းဟု ဆိုလေ၏။ ထိုအခါ ကောင်းကင်တမန်တော်က သင်၏ဆုတောင်းခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းတို့သည် ဘုရားသခင်၏ရှေ့တော်တွင် အောက်မေ့ဖွယ်ရာအဖြစ် ရောက်ရှိလာခဲ့ကြပြီ။- | |
Acts | BurCBCM | 10:5 | ယခု သင်သည် ဂျော့ပါမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သော စီမွန်ကို ခေါ်ဆောင်လာလော့။- | |
Acts | BurCBCM | 10:6 | ထိုသူသည် ပင်လယ်ကမ်းနား၌ရှိသော သားရေနယ်သမား စီမွန်၏နေအိမ်တွင် တည်းခိုလျက်ရှိသည်ဟု ဆိုလေ၏။- | |
Acts | BurCBCM | 10:7 | သူ့အား ဗျာဒိတ်ပေးသော ကောင်းကင်တမန်တော်သည် သူ့ထံမှ ထွက်ခွာသွားသောအခါ သူသည် မိမိ၏အစေခံ နှစ်ယောက်နှင့် မိမိလက်အောက်တွင် အမှုထမ်းနေသော သူများထဲမှ ဘုရားတရားကြည်ညို သူစစ်သူရဲတစ်ယောက်ကိုခေါ်၍၊- | |
Acts | BurCBCM | 10:9 | နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးထွက်ခဲ့၍ မြို့အနီးသို့ရောက်လာကြစဉ် ပေတရုသည် ဆုတောင်းရန် အိမ်မိုးပေါ်သို့ တက်သွားလေ၏။ ထိုအချိန်ကား မွန်းတည့်ချိန်ဖြစ်၏။- | |
Acts | BurCBCM | 10:10 | ထိုအချိန်တွင် ပေတရုသည် ဆာလောင်သဖြင့် တစ်စုံတစ်ခုကို စားလိုသောဆန္ဒ ဖြစ်ပေါ်လာ၏။ သူတို့သည်လည်း သူ့အတွက် အစားအစာများ ပြင်ဆင်နေကြစဉ် ပေတရုသည် ရူပါရုံကိုမြင်ရလေ၏။- | |
Acts | BurCBCM | 10:11 | သူမြင်ရသောရူပါရုံမှာ ကောင်းကင်သည်ပွင့်လာ၍ ထောင့်လေးထောင့်မှ ချုပ်ကိုင်ထားသော ရွက်ထည်စကြီးတစ်ခုနှင့် တူသောအရာသည် မြေပေါ်သို့ကျလာ၏။- | |
Acts | BurCBCM | 10:12 | ၎င်း၏အထဲ၌ တိရစ္ဆာန်အမျိုးမျိုး၊ တွားသွားသောသတ္တဝါများနှင့် လေတွင်ပျံဝဲသောငှက်များ ပါရှိ၏။- | |
Acts | BurCBCM | 10:13 | ထို့နောက် သူ့ကိုပြောနေသော အသံတစ်သံထွက်ပေါ်လာသည်မှာ ပေတရု၊ ထလော့။ သတ်၍ စားလော့ဟူ၍ဖြစ်သတည်း။- | |
Acts | BurCBCM | 10:14 | သို့သော် ပေတရုက မဖြစ်နိုင်ပါ၊ သခင်ဘုရား။ အကြောင်းမူကား တပည့်တော်သည် မသန့်ရှင်းသောအရာနှင့် ညစ်ညူး သောအရာများကို မည်သည့်အခါမျှ မစားခဲ့ပါဟု လျှောက်လေ၏။- | |
Acts | BurCBCM | 10:15 | ထိုအသံသည် ဒုတိယအကြိမ် ထပ်မံထွက်ပေါ်လာပြီး ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသောအရာကို ညစ်ညူးသည်ဟု သင်မဆိုလေနှင့်ဟု ဆို၏။- | |
Acts | BurCBCM | 10:16 | ဤကဲ့ သို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးလျှင် ထိုအရာကို ကောင်းကင်သို့ ချက်ချင်းရုပ်သိမ်းသွားလေ၏။ | |
Acts | BurCBCM | 10:17 | ပေတရုသည်လည်း မိမိမြင်လိုက်ရသော ရူပါရုံ၏ ဆိုလိုရင်းနှင့်ပတ်သက်၍ စိတ်ထဲ၌ ရှုပ်ထွေးလျက်ရှိစဉ် ကော်နေလီဦး စေလွှတ်လိုက်သော သူတို့သည် စီမွန်၏အိမ်ကို စုံစမ်းလာကြပြီး တံခါးရှေ့တွင်ရပ်နေကြ၏။- | |
Acts | BurCBCM | 10:19 | ပေတရုသည် ရူပါရုံအကြောင်းကို စဉ်းစားနေစဉ် ဝိညာဉ်တော်က သူ့အားကြည့်လော့၊ လူသုံးယောက်သည် သင့်ကိုရှာဖွေနေ ကြသည်။- | |
Acts | BurCBCM | 10:20 | သင်ထ၍ အိမ်အောက်သို့ ဆင်းသွားပြီးလျှင် နှောင့်နှေးခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား ထိုသူတို့ကို ငါစေလွှတ်လိုက်ခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 10:21 | ပေတရုသည်လည်း ထိုသူတို့ရှိ ရာသို့ဆင်းလာပြီးလျှင် သင်တို့ရှာနေသောသူသည် ငါဖြစ်၏။ မည်သည့်အကြောင်းကြောင့် သင်တို့လာကြသနည်းဟု မေးလေ၏။- | |
Acts | BurCBCM | 10:22 | ထိုအခါ ထိုသူတို့က ကော်နေလီ ဦးဟုအမည်တွင်ပြီး ဘုရားကိုကြောက်ရွံ့ရိုသေလျက် ဖြောင့်မတ်ကာ ဂျူးလူမျိုးအားလုံးက လေးစားချီးမွမ်းကြသော လူတစ်ရာတပ်မှူးတစ်ဦးသည် သင့်ကို သူ၏အိမ်သို့ပင့်ဖိတ်၍ သင်မိန့်မှာမည့်အရာများကို ကြားနာရမည်ဟု သန့်ရှင်းသော ကောင်းကင်တမန်တော်တစ်ပါး၏ ညွန်ကြားခြင်းကို ခံရပါသည်ဟု ဆိုကြ၏။- | |
Acts | BurCBCM | 10:23 | သို့ဖြစ်၍ ပေတရုသည် ထိုသူတို့ကို မိမိ၏ဧည့်သည်များအဖြစ် အိမ်အတွင်းသို့ ခေါ်လေ၏။ နောက်တစ်နေ့တွင် သူသည် ထ၍ ထိုသူတို့နှင့် အတူလိုက်သွားသောအခါ ဂျော့ပါမြို့ မှ ညီအစ်ကိုအချို့တို့သည်လည်း သူနှင့်အတူလိုက်ပါသွားကြ၏။- | |
Acts | BurCBCM | 10:24 | နောက်တစ်နေ့တွင် သူတို့သည် ဆီဇားရိယမြို့သို့ဝင်ကြ၏။ ထိုစဉ် ကော်နေလီဦးသည် သူတို့ကို စောင့်မျှော်နေလျက် မိမိ၏ဆွေမျိုးများနှင့်အတူ ရင်းနှီးသောမိတ်ဆွေများကို ခေါ်ယူစုရုံးထားလေ၏။- | |
Acts | BurCBCM | 10:25 | ပေတရုဝင်လာသောအခါ ကော်နေလီဦးသည် ခရီးဦးကြိုပြု၍ သူ၏ခြေရင်း၌ ပျပ်ဝပ်လျက် သူ့ကိုရှိခိုးလေ၏။- | |
Acts | BurCBCM | 10:26 | သို့သော် ပေတရုသည် သူ့ကို ထူမလျက် မတ်တတ်ရပ်ပါလော့။ ငါသည်လည်း လူတစ်ယောက်ပင်ဖြစ်ပါသည်ဟု ဆိုလေ၏။- | |
Acts | BurCBCM | 10:27 | ထို့နောက် ပေတ ရုသည် သူနှင့်စကားပြောလျက် အိမ်အတွင်းသို့ဝင်သွားသောအခါ များစွာသော လူတို့စုဝေးနေကြသည်ကို တွေ့ လေ၏။- | |
Acts | BurCBCM | 10:28 | သို့ဖြစ်၍ ပေတရုက ဂျူးလူမျိုးတစ်ဦးအနေဖြင့် အခြားသောလူမျိုးမှ လူတစ်ဦးတစ်ယောက်နှင့်ပေါင်းဖော် မိတ်ဖွဲ့ခြင်း၊ သို့မဟုတ် အလည်အပတ်သွားခြင်းတို့ကို ပြုလုပ်ပါက ပညတ်တရားနှင့် လုံး၀မကိုက်ညီကြောင်းကို သင်တို့ကိုယ်တိုင် သိကြသည်ဖြစ်၏။ သို့သော် မည်သူ့ ကိုမျှ မသန့်ရှင်းသောသူ၊ ညစ်ညူးသောသူဟု မခေါ်သင့်ကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူခဲ့ပြီ။- | |
Acts | BurCBCM | 10:29 | ထို့ကြောင့် ငါ့ကို သင်တို့ခေါ် ဖိတ်ကြသောအခါ ငါသည် ငြင်းဆန်ခြင်းမပြုဘဲ လိုက်လာခဲ့၏။ သို့ဖြစ်၍ သင်တို့သည် ငါ့ကို အဘယ်ကြောင့်ခေါ်ဖိတ်ကြသည်ကို သင်တို့အား ငါမေးလိုပါသည်ဟု ဆို၏။ | |
Acts | BurCBCM | 10:30 | ထိုအခါ ကော်နေလီဦးက လွန်ခဲ့သောသုံးရက်ခန့်က သုံးချက်တီးအချိန်၌ ဆိုအပ်သော ဆုတောင်းမေတ္တာကို ဤအချိန်နာရီတွင် အကျွန်ုပ်သည် အကျွန်ုပ်၏အိမ်၌ ရွတ်ဆိုလျက်ရှိစဉ် လူတစ်ဦးသည် တောက်ပသောဝတ်ရုံဖြင့် အကျွန်ုပ်၏ ရှေ့တွင်ရပ်နေပါသည်။- | |
Acts | BurCBCM | 10:31 | သူက ကော်နေလီဦး၊ သင်၏ဆုတောင်းမေတ္တာကို ဘုရားသခင်နား ညောင်းတော်မူ၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းမှာလည်း ဘုရားသခင်၏ မျက်မှောက်တော်တွင် သိမှတ်ခြင်းခံရလေပြီ။- | |
Acts | BurCBCM | 10:32 | ထို့ကြောင့် သင်သည် ဂျော့ပါမြို့သို့လူလွှတ်၍ ပေတရုဟုခေါ်သော စီမွန်ကိုစုံစမ်းရှာဖွေလော့။ သူသည် ပင်လယ်ကမ်းနားရှိ သားရေနယ်သမား စီမွန်၏အိမ်၌ တည်းခိုလျက်ရှိသည်ဟု မိန့်မှာခဲ့ပါသည်။- | |
Acts | BurCBCM | 10:33 | သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်ခဲ့ရာ သင် သည် သဘောထားပြည့်၀စွာဖြင့် လိုက်ပါလာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအကျွန်ုပ်တို့သည် သင့်အား သခင်ဘုရားမိန့်တော်မူသမျှကို ကြားနာရန် ဘုရားသခင်၏ မျက်မှောက်တော်၌ ဤနေရာတွင် ရောက်ရှိနေကြပါသည်ဟု ဆိုလေ၏။ | |
Acts | BurCBCM | 10:34 | ထိုအခါ ပေတရုသည် မိမိ၏နှုတ်ကိုဖွင့်၍ ဆိုသည်ကား ဘုရားသခင်သည် မျက်နှာမလိုက်ကြောင်းကို ငါအမှန်တကယ်သိမြင်လေပြီ။- | |
Acts | BurCBCM | 10:35 | လူမျိုးတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ဖြောင့်မှန်သောအရာကို လိုက်နာကျင့်ကြံသောသူဟူသမျှသည် ကိုယ်တော့်အဖို့ နှစ်သက်လက်ခံဖွယ်ဖြစ်၏။ | |
Acts | BurCBCM | 10:36 | ကိုယ်တော်သည် မိမိ၏နှုတ်တော်ထွက်စကားကို အစ္စရာအဲလ်လူမျိုးထံသို့ စေလွှတ်တော်မူ၍ ငြိမ်းချမ်းသာယာခြင်း၏ သတင်းကောင်းကို ယေဇူးခရစ်တော်အားဖြင့် သူတို့ထံသို့ရောက်ရှိစေတော်မူ၏။ ထိုအရှင်သည် လူအပေါင်းတို့၏ သခင် ဖြစ်တော်မူ၏။- | |
Acts | BurCBCM | 10:37 | ယောဟန်သည် ဆေးကြောခြင်းအကြောင်းကို ဟောပြောခဲ့ပြီးနောက် နာဇရက်မြို့သား ယေဇူးသည် ဂါလေလေးယနယ်မှ အစပြု၍ ဂျူဒေးယပြည်တစ်လျှောက်လုံး၌ နှုတ်တော်ထွက်စကားကို ဟောပြောခဲ့၏။- | |
Acts | BurCBCM | 10:38 | ဘုရားသခင်သည် နာဇရက်မြို့သား ယေဇူးကို ဝိညာဉ်တော်မြတ်နှင့် တန်ခိုးတော်အားဖြင့် ဘိသိက်သွန်းလောင်း တော်မူခဲ့၏။ ထိုအခါ ဘုရားသခင်သည် မိမိနှင့်အတူ ရှိတော်မူသောကြောင့် ယေဇူးသည် လှည့်လည်သွားလာ၍ ကောင်းသော အမှုများကို ပြုပြီးလျှင် နတ်ဆိုး၏ ဖိစီးနှိပ်စက်ခြင်း ခံရသောသူများအား ပျောက်ကင်းချမ်းသာ စေခဲ့သည့်အကြောင်းကို သင်တို့ သိကြ၏။- | |
Acts | BurCBCM | 10:39 | ငါတို့သည်လည်း ဂျူးလူမျိုးတို့၏ တိုင်းပြည်နှင့် ဂျေရုဆလင်မြို့တွင် ကိုယ်တော်ပြုတော်မူသမျှ အမှုတော်များ၌ သက်သေခံများဖြစ်ကြ၏။ သူတို့သည်ကား ကိုယ်တော့်ကို သစ်တိုင်ပေါ်တွင် ချိတ်ဆွဲလျက် အသေသတ်ခဲ့ကြ၏။- | |
Acts | BurCBCM | 10:40 | သို့သော် ဘုရားသခင်သည် ကိုယ်တော့်ကို သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်စေ၍ ထင် ရှားပြစေတော်မူခဲ့၏။- | |
Acts | BurCBCM | 10:41 | ထင်ရှားပြရာတွင်မူ လူအားလုံးတို့ထံသို့ မဟုတ်ဘဲ သက်သေခံများအဖြစ် ရွေးချယ်ခြင်းခံရသော ငါတို့ထံသို့သာဖြစ်၏။ ငါတို့သည် ကိုယ်တော်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူ စားသောက်ခဲ့ကြ၏။- | |
Acts | BurCBCM | 10:42 | ကိုယ်တော်သည် ငါတို့အား လူအားလုံးတို့ကို ဟောပြောသွန်သင်ရန်နှင့် ကိုယ်တော်သာလျှင် ရှင်သူသေသူတို့ကို စစ်ကြောစီရင် ရန် ဘုရားသခင်ခန့်ထားတော်မူသော သူဖြစ်ကြောင်းကို သက်သေခံရန် မိန့်မှာတော်မူခဲ့၏။- | |
Acts | BurCBCM | 10:43 | ပရောဖက်အပေါင်းတို့ကလည်း ကိုယ်တော့်ကို ယုံကြည်သောသူအပေါင်းတို့သည် ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်း ခံကြရသည်ဟူ၍ ကိုယ်တော့်ကို သက်သေခံကြကုန်၏။ | |
Acts | BurCBCM | 10:44 | ပေတရုသည် ဤသို့ပြောဆိုနေစဉ်တွင်ပင် ဝိညာဉ်တော်မြတ်သည် နှုတ်တော်ထွက်စကားကို ကြားနာခဲ့ရသော သူအားလုံးတို့အပေါ်သို့ ဆင်းကြွတော်မူ၏။- | |
Acts | BurCBCM | 10:45 | ပေတရုနှင့်အတူ လိုက်ပါလာကြသော အရေဖျားလှီးခြင်း မင်္ဂလာခံယူပြီးသူများထဲမှ ယုံကြည်သူတို့သည် အလွန် အံ့ဩကြ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်မြတ်ကို လူမျိုးခြားတို့အပေါ်သို့ပင် သွန်းလောင်းတော်မူသောကြောင့် ဖြစ်သတည်း။- | |
Acts | BurCBCM | 10:46 | အကြောင်းမူကား ထိုလူမျိုးခြားတို့သည် အမျိုးမျိုးသော ဘာသာစကားများကို ပြောဆိုကြလျက် ဘုရားသခင်အား ချီးမွမ်းထောမနာ ပြုနေကြ သည်ကို သူတို့ကြားကြသောကြောင့်ဖြစ်၏။- | |
Acts | BurCBCM | 10:47 | ထို့နောက် ပေတရုက ငါတို့ကဲ့သို့ ဝိညာဉ်တော်မြတ်ကို ခံယူခဲ့ကြသော ဤသူတို့အား ဆေးကြောရန် ရေကို မည်သူ တားမြစ်နိုင်သနည်းဟု ကြွေးကြော်လေ၏။- | |