PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 135
| Psal | BurCBCM | 135:1 | ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ အစေခံတို့၊ ချီးမွမ်းကြလော့။- | |
| Psal | BurCBCM | 135:3 | ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသော ကြောင့်တည်း။ ကိုယ်တော်သည် သနားကရုဏာတော်နှင့် ပြည့်စုံတော်မူသောကြောင့် ကိုယ်တော်၏နာမတော်အား သီဆိုကျူးအေးကြလော့။- | |
| Psal | BurCBCM | 135:4 | အကြောင်းမူကား ကိုယ်တော်သည် ယာကုပ်အား မိမိကိုယ်တော်တိုင်အတွက်လည်းကောင်း၊ အစ္စရာအဲလ်လူမျိုးအား မိမိ၏ပိုင်ဆိုင်ရာ အဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။ | |
| Psal | BurCBCM | 135:5 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ရှိသမျှဘုရားအပေါင်းတို့ထက် မြင့်မြတ်တော်မူသည်ကို ငါသိ၏။- | |
| Psal | BurCBCM | 135:6 | ထာ၀ရဘုရားသခင်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်အောက်နက်ရှိုင်းရာ အရပ်များ၌လည်းကောင်း အလိုတော်ရှိရာအားလုံးကို ပြုတော်မူ၏။- | |
| Psal | BurCBCM | 135:7 | ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းမှ မိုးတိမ်များတက်လာစေတော်မူ၍ မိုးရွာသွန်းစေရန် လျှပ်စီးလက်ခြင်းကို ဖန်ဆင်းတော်မူ၍ လေကို မိမိသိမ်းဆည်းထားရာနေရာများမှ ထုတ်ဆောင်လာတော်မူ၏။ | |
| Psal | BurCBCM | 135:8 | ကိုယ်တော်သည် အီဂျစ်ပြည်တွင် လူနှင့်တိရစ္ဆာန်တို့၏ သားဦးများကို တိုက်ခိုက်တော်မူခဲ့၏။- | |
| Psal | BurCBCM | 135:9 | အိုအီဂျစ်ပြည်၊ ကိုယ်တော်သည် ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကို ဒဏ်ခတ်ရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို သင်၏အလယ်သို့စေလွှတ်တော်မူ၏။- | |
| Psal | BurCBCM | 135:10 | ကိုယ်တော်သည် များစွာသောတိုင်းနိုင်ငံတို့ကို ဖျက်ဆီး၍ အင်အားကြီးသည့် ဘုရင်များဖြစ်ကြသော၊- | |
| Psal | BurCBCM | 135:11 | အာမောဘုရင်ဆီဟွန်၊ ဘာရှန်ဘုရင်ဩဂနှင့် ကာနန်ပြည်အတွင်းရှိ ဘုရင်အပေါင်းတို့ကို သုတ်သင်တော်မူ၍၊- | |
| Psal | BurCBCM | 135:12 | ထိုသူတို့၏ နယ်မြေများကို မိမိ၏လူမျိုးတော်ဖြစ်သော အစ္စရာအဲလ်လူမျိုးအား အမွေအဖြစ် ပေးတော်မူ၏။ | |
| Psal | BurCBCM | 135:13 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်သည် အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ဘုန်းတော် ထင်ရှားကျော်စောခြင်းသည် အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။- | |
| Psal | BurCBCM | 135:14 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိလူမျိုးတော်အတွက်စီရင်၍ ကိုယ်တော်သည် မိမိ၏အစေခံများအပေါ် သနားကရုဏာထားတော်မူ၏။ | |
| Psal | BurCBCM | 135:15 | လူမျိုးခြားအပေါင်းတို့ ကိုးကွယ်ကြသော ရုပ်တုများသည် ရွှေနှင့်ငွေတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ဤရုပ်တုများသည် လူတို့၏လက်ဖြင့်ထုလုပ်ထားသော အရာများဖြစ်ကြ၏။- | |
| Psal | BurCBCM | 135:16 | ထိုရုပ်တုများ၌ နှုတ်ရှိသော်လည်း ၎င်းတို့သည် စကားမပြောနိုင်ကြ။ ၎င်းတို့၌ မျက်စိများပါရှိသော်လည်း မမြင်နိုင်ကြ။- | |
| Psal | BurCBCM | 135:17 | ထိုရုပ်တုများတွင် နားများရှိသော်လည်း ၎င်းတို့သည် မကြားနိုင်ကြ။ ၎င်းတို့၏ခံတွင်းများတွင် ထွက်သက်ဝင်သက်လည်း မရှိကြပေ။- | |
| Psal | BurCBCM | 135:18 | ဤရုပ်တုများကို ထုလုပ်သူများနှင့် ယုံကြည်ကိုးစားသူရှိသမျှတို့သည် ၎င်းတို့ကဲ့သို့ဖြစ်ကြပါစေ။ | |
| Psal | BurCBCM | 135:19 | အိုအစ္စရာအဲလ်အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ အိုအာရွန်အမျိုးအနွယ်တို့၊ ထာ၀ရ ဘုရားသခင်ကို ကောင်းချီးပေးကြလော့။- | |
| Psal | BurCBCM | 135:20 | လေဝိအမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြသော သူအပေါင်းတို့၊ ကိုယ်တော့်ကို ကောင်းချီးပေးကြလော့။- | |