Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 25
Psal BurCBCM 25:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်၏ အထံတော်သို့ ဆက်ကပ်ပါ၏။-
Psal BurCBCM 25:2  အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော့်ကို အကျွန်ုပ်ယုံ ကြည်ကိုးစားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်အပေါ် အောင်ပွဲမခံပါစေနှင့်။-
Psal BurCBCM 25:3  ကိုယ်တော်အား စောင့်ငံ့မျှော်လင့်သူ တစ်ဦးတစ်ယောက်ကိုမျှ အရှက်တကွဲမဖြစ်ပါစေနှင့်။ သစ္စာမဲ့သော သူတို့သာလျှင် ရှက်ကြောက်ခြင်းသို့ ရောက်ကြရပါစေ။
Psal BurCBCM 25:4  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လမ်းတော်များကိုသိရှိရန် အကျွန်ုပ်အား ညွန်ပြပေးတော်မူပါ။ ကိုယ်တော်၏ လမ်းစဉ်ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။-
Psal BurCBCM 25:5  ကိုယ်တော်၏သစ္စာ၊ သမ္မာတရားတော်၌ အကျွန်ုပ်ကို ဦးဆောင်၍ သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို တစ်နေ့လုံးစောင့်မျှော်နေပါ၏။
Psal BurCBCM 25:6  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ကရုဏာတော်ကို သတိရတော်မူပါ။ အကြောင်းမူကား ယင်းတို့သည် ရှေးကာလကပင် တည်ရှိခဲ့ပါ၏။-
Psal BurCBCM 25:7  အကျွန်ုပ်ငယ်ရွယ်စဉ်က ပြုခဲ့သောအပြစ်များနှင့် ကျူးလွန်ခဲ့ခြင်းများကို အောက်မေ့တော်မမူပါနှင့်။ အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းကိုထောက်၍ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်နှင့်အညီ အကျွန်ုပ်ကို သတိရ တော်မူပါ။
Psal BurCBCM 25:8  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်၍ ဖြောင့်မတ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် အပြစ်သားများကို မိမိ၏လမ်းတော်၌ သွန်သင်တော်မူ၏။-
Psal BurCBCM 25:9  ကိုယ်တော်သည် နှိမ့်ချသောသူတို့အား တရားလမ်းမှန်သို့ပို့ ဆောင်၍ မိမိ၏လမ်းတော်တို့ကို သွန်သင်တော်မူ၏။-
Psal BurCBCM 25:10  ထာ၀ရဘုရားသခင်၏ ပဋိညာဉ်တော်နှင့် ပညတ်တော်တို့ကို စောင့်ထိန်းသော သူအပေါင်းတို့အတွက် ကိုယ်တော်၏ လမ်းခရီးရှိသမျှတို့သည် ခိုင်မြဲသောမေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံတော်မူပါ၏။
Psal BurCBCM 25:11  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အပြစ်သည် ကြီးမားလှပါသောကြောင့် ကိုယ်တော်၏ နာမတော်ကိုထောက်၍ ထိုအပြစ်ကို အခွင့်လွှတ်တော်မူပါ။-
Psal BurCBCM 25:12  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူကား မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့် လမ်းစဉ်အတိုင်း သူ့ကို သွန်သင်တော်မူလိမ့်မည်။-
Psal BurCBCM 25:13  ထိုသူသည် ကြွယ်၀ချမ်းသာစွာ အသက်ရှင်နေထိုင်၍ သူ၏သားသမီးများသည် ပြည်တော်ကို အမွေခံရလိမ့်မည်။-
Psal BurCBCM 25:14  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော် ကိုသိရသောအခွင့်ကို ရရှိကြ၏။-
Psal BurCBCM 25:15  အကျွန်ုပ်၏ မျက်စိတို့သည် ထာ၀ရဘုရားသခင်ထံသို့ အစဉ်မျှော်ကြည့်ကြပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲမှ နုတ်ယူတော်မူမည် ဖြစ်သောကြောင့်တည်း။
Psal BurCBCM 25:16  အကျွန်ုပ်ဘက်သို့လှည့်၍ သနားကရုဏာတော်ကို ပြတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တစ်ယောက်တည်း အထီးကျန်ဖြစ်၍ ဆင်းရဲဒုက္ခခံနေရပါ၏။-
Psal BurCBCM 25:17  အကျွန်ုပ်၏ စိတ်နှလုံးပူပန်ခြင်းများကို သက်သာစေတော်မူပါ။ အကျွန်ုပ်၏ စိတ်ဒုက္ခခံစားရခြင်းမှလည်း အကျွန်ုပ်ကို လွတ်မြောက်စေတော်မူပါ။-
Psal BurCBCM 25:18  အကျွန်ုပ်ခံစားရသောဒုက္ခ ဆင်းရဲများနှင့် ဝေဒနာအပေါင်းတို့ကို အောက်မေ့တော်မူ၍ အကျွန်ုပ်၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူပါ။
Psal BurCBCM 25:19  အကျွန်ုပ်၏ ရန်သူများသည် မည်မျှလောက် များပြားကြောင်းကိုလည်းကောင်း၊ သူတို့သည် အကျွန်ုပ်ကို မည်မျှခါးသီးစွာ မုန်းတီးကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့တော်မူပါ။-
Psal BurCBCM 25:20  အကျွန်ုပ်၏အသက်ကို ကာကွယ်စောင့်ရှောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်ကို အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် ကိုယ်တော်၌ ခိုလှုံအားကိုးပါ၏။-
Psal BurCBCM 25:21  အပြစ်ကင်းစင်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့သည် အကျွန်ုပ်ကို ထိန်းသိမ်းစောင့်ရှောက်ကြပါစေ။ အကြောင်း မူကား အကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်ငံ့မျှော်လင့်လျက်ရှိပါ၏။
Psal BurCBCM 25:22  အိုဘုရားသခင်၊ အစ္စရာအဲလ်လူမျိုးတို့ကို ခပ်သိမ်းသော ဆင်းရဲဒုက္ခတို့မှ ရွေးနုတ်ကယ်တင်တော်မူပါ။