PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 34
| Psal | BurCBCM | 34:1 | ငါသည် ထာ၀ရဘုရားသခင်ကို အစဉ်ချီးမွမ်းထောမနာပြုပါမည်။ ငါ၏နှုတ်ဖျားသည် ကိုယ်တော့်ကို အမြဲမပြတ် ချီးမွမ်းပါမည်။- | |
| Psal | BurCBCM | 34:2 | ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၌ ဂုဏ်ယူဝံ့ကြွားပါမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေ။- | |
| Psal | BurCBCM | 34:3 | ငါနှင့်အတူ ထာ၀ရဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြကုန်စို့။ | |
| Psal | BurCBCM | 34:4 | ငါသည် ထာ၀ရဘုရားသခင်ကို ရှာသောအခါ ကိုယ်တော်သည် ငါ့ကိုတုံ့ပြန်တော်မူ၍ ငါ၏ကြောက်ရွံ့စိုးရိမ်ဖွယ်ရာ ဟူသမျှမှ ငါ့ကို လွတ်မြောက်စေတော်မူ၏။- | |
| Psal | BurCBCM | 34:5 | ကိုယ်တော့်ကို မျှော်ကြည့်ကြလော့။ သင်တို့သည် ပျော်ရွှင်မှုဖြင့် ထွန်းလင်းကြလိမ့်မည်။ သင်တို့၏မျက်နှာများသည် မည်သည့်အခါမျှ ရှက်ကြောက်ခြင်းနှင့် ဖုံးလွှမ်းခံရလိမ့်မည်မဟုတ်။- | |
| Psal | BurCBCM | 34:6 | ဆင်းရဲသောသူသည် အော်ဟစ်၍ ထာ၀ရဘုရားသခင်သည် သူ့ကို နားညောင်းပြီးလျှင် ဘေးဒုက္ခအပေါင်းမှကယ်တော်မူ၏။- | |
| Psal | BurCBCM | 34:7 | ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် ကိုယ်တော့်ကို ကြောက်ရွံ့သောသူတို့အား ဝန်းရံစောင့်ရှောက်၍ ကယ်တင်တော်မူ၏။- | |
| Psal | BurCBCM | 34:8 | ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်းကို မြည်းစမ်း၍ ကြည့်ကြလော့။ ကိုယ်တော်၏ အထံတော်၌ ခိုလှုံသောသူတို့သည် မင်္ဂလာရှိကြ၏။- | |
| Psal | BurCBCM | 34:9 | ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းသူအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြလော့။ ထာ၀ရဘုရားသခင်အား ကြောက်ရွံ့သူတို့သည် မည်သည့်အရာကိုမျှ လိုအပ်လိမ့်မည်မဟုတ်။- | |
| Psal | BurCBCM | 34:10 | ပျိုရွယ်သော ခြင်္သေ့များပင်လျှင် အစာချို့တဲ့၍ ငတ်မွတ်ကြလိမ့်မည်။ ထာ၀ရဘုရားသခင်ကို ရှာသောသူတို့မူကား ကောင်းသည့်အရာ တစ်စုံတစ်ခုမျှ ချို့တဲ့ကြလိမ့်မည်မဟုတ်။ | |
| Psal | BurCBCM | 34:11 | ငါ၏သားသမီးတို့၊ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြရန် သင်တို့အား ငါသင်ကြားပေးမည်။- | |
| Psal | BurCBCM | 34:12 | သင်တို့တွင် မည်သူသည် လူ့ဘ၀ကို မြတ်နိုးပါသနည်း။ မည်သူသည် ကောင်းမြတ်သော နေ့ရက်ကာလတို့ကို လိုလားပါ သနည်း။- | |
| Psal | BurCBCM | 34:13 | သင်၏လျှာကို မကောင်းမှုမှ ကင်းဝေးစေ၍ သင်၏နှုတ်ခမ်းများသည်လည်း မုသားစကားပြောခြင်းမှ ရှောင်ကြဉ်လော့။- | |
| Psal | BurCBCM | 34:14 | မကောင်းမှုကိုစွန့်ခွာ၍ ကောင်းမှုကို ပြုကျင့်လော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ လိုက်နာကျင့်သုံးလော့။ | |
| Psal | BurCBCM | 34:15 | ထာ၀ရဘုရားသခင်၏ မျက်စိတော်တို့သည် ဖြောင့်မတ်သော သူတို့အပေါ်တွင်ရှိ၍ ရွှေနားတော်တို့သည်လည်း သူတို့၏ အော်ဟစ်သံကို နားညောင်းတော်မူ၏။- | |
| Psal | BurCBCM | 34:16 | ထာ၀ရဘုရားသခင်သည် မကောင်းမှုပြုသူတို့ကို မျက်နှာလွှဲခြင်းဖြင့် ကမ္ဘာလောကတွင် သူတို့အား သတိရခြင်းကို ဖြတ်တောက်တော်မူ၏။- | |
| Psal | BurCBCM | 34:17 | ဖြောင့်မတ်သောသူတို့သည် ထာ၀ရဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်သောအခါ ကိုယ်တော်သည် သူတို့ကို နားညောင်းတော်မူ၍ သူတို့အား ဆင်းရဲဒုက္ခအပေါင်းတို့မှ ကယ်ဆယ်တော်မူ၏။- | |
| Psal | BurCBCM | 34:18 | ထာ၀ရဘုရားသခင်သည် စိတ်နှလုံးကြေကွဲသော သူတို့၏အနီးတွင် ရှိတော်မူ၍ စိတ်နှလုံးကျိုးပဲ့ကြွေမွသော သူတို့ကို ကယ်တင်တော်မူ၏။ | |
| Psal | BurCBCM | 34:19 | ဖြောင့်မတ်သောသူတို့ ခံထမ်းရသော ညှဉ်းပန်းနှိပ်စက်မှုများသည် များပြားသော်လည်း ထာ၀ရဘုရားသခင်သည် ခပ်သိမ်းသော ဆင်းရဲဒုက္ခတို့မှ သူတို့ကို ကယ်နုတ်တော်မူ၏။- | |
| Psal | BurCBCM | 34:20 | ကိုယ်တော်သည် သူတို့၏အရိုးရှိသမျှတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသည်ဖြစ်၍ သူတို့၏အရိုးတစ်ချောင်းမျှပင် ကျိုးပဲ့ရလိမ့်မည်မဟုတ်။- | |
| Psal | BurCBCM | 34:21 | အပြစ်ဒုစရိုက်သည် ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးပြီး ဖြောင့်မတ်သောသူတို့၏ ရန်သူတို့သည်လည်း အပြစ်ဒဏ်စီရင်ခြင်း ခံရလိမ့်မည်။- | |