PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 55
Psal | BurCBCM | 55:1 | အိုဘုရားသခင်၊ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသနားခံချက်ကို လျစ်လျူရှုတော်မမူပါနှင့်။- | |
Psal | BurCBCM | 55:2 | အကျွန်ုပ်ကို နားညောင်း၍ ပြန်ကြားတော်မူပါ။ အကျွန်ုပ်၏ တွေးဆချက်များသည် အကျွန်ုပ်ကို စိုးရိမ်ပူပန်စေပြီး အကျွန်ုပ်သည်လည်း စိတ်ရှုပ်ထွေးနေပါ၏။- | |
Psal | BurCBCM | 55:3 | ရန်သူတို့၏ ဆူညံသံနှင့် ဆိုးယုတ်သောသူတို့၏ အော်ဟစ်သံကြောင့် အကျွန်ုပ်သည် စိတ်ရှုပ်ထွေးလျက်ရှိပါ၏။ သူတို့သည် အကျွန်ုပ်အပေါ်သို့ ဆင်းရဲဒုက္ခသက်ရောက်စေကြပြီး အမျက်ဒေါ သနှင့် အကျွန်ုပ်ကို မုန်းတီးရန်ရှာကြပါ၏။ | |
Psal | BurCBCM | 55:4 | အကျွန်ုပ်၏စိတ်နှလုံးသည် အတွင်း၌ကြိတ်၍ ပူဆွေးနေရပါ၏။ သေခြင်း၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို စိတ်ချောက်ချားစေပါ၏။- | |
Psal | BurCBCM | 55:5 | ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းတို့သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်နေကြပါ၏။ စက်ဆုပ်ဖွယ်ရာတို့သည် လည်း အကျွန်ုပ်ကို ဖိစီးလျက်နေပါ၏။- | |
Psal | BurCBCM | 55:6 | သို့ဖြစ်၍ ငါဆိုသည်ကား ငါ၌ ငှက်တစ်ကောင်၏ အတောင်များရှိခဲ့ပါလျှင် ငါသည် အဝေးသို့ပျံသန်း၍ နားနေမည်။- | |
Psal | BurCBCM | 55:8 | ငါသည် လေပြင်းနှင့် မုန်တိုင်းတို့ထံမှဝေးသည့် ငါ၏ခိုလှုံရာဌာနသို့ လျင်မြန်စွာ သွားပေလိမ့်မည် ဟူ၍ဖြစ်၏။ | |
Psal | BurCBCM | 55:9 | အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏ အကြံအစည်များကို ဖျက်ဆီးတော်မူပါ။ သူတို့၏စကားများကို ရှုပ်ထွေးစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် မြို့တွင်း၌ အကြမ်းဖက်မှုနှင့် ဘက်ပြိုင်မှုများကို မြင်တွေ့ရပါ၏။- | |
Psal | BurCBCM | 55:10 | သူတို့သည် နေ့ညမပြတ် မြို့ရိုးများပေါ်တွင် ချောင်းမြောင်းလှည့်လည် နေကြပါ၏။ ရန်ငြိုးထားခြင်း၊ ဆဲရေးတိုင်းထွာခြင်း များသည်လည်း မြို့တွင်း၌ရှိနေကြပါ၏။- | |
Psal | BurCBCM | 55:11 | မြို့တွင်း၌ ပျက်စီးလျက်ရှိပါ၏။ ခြိမ်းခြောက်မှုများနှင့် လိမ်လည်လှည့်ဖြားခြင်း များသည်လည်း မြို့၏ဈေးလယ်ခေါင်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားသည် ဟူ၍မရှိပါ။ | |
Psal | BurCBCM | 55:12 | အကယ်၍ ရန်သူတစ်ဦးက ငါ့ကိုပြက်ရယ်ပြုခဲ့လျှင် ငါသည်ခံနိုင်၏။ ထိုသူသည် ငါ့ကို ဆန့်ကျင်သောသူဖြစ်လျှင် ငါသည်သူ့ကို မျက်နှာလွှဲဖယ်ထားနိုင်၏။- | |
Psal | BurCBCM | 55:13 | သို့သော် ထိုသူသည် ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပြီး ငါ၏အပေါင်းအဖော်၊ ငါ၏ရင်းနှီးသော မိတ်ဆွေဖြစ်သည့် အသင်ဖြစ်နေပါသည်တကား။- | |
Psal | BurCBCM | 55:14 | တစ်ချိန်က ငါတို့သည် ရင်းနှီးစွာပြောဆိုခဲ့ကြပြီး ဘုရားသခင်၏အိမ်တော်သို့ အပေါင်းအဖော်ပြုလျက် သွားခဲ့ကြ၏။- | |
Psal | BurCBCM | 55:15 | သေခြင်းသည် ငါ၏ရန်သူများအပေါ်သို့ ကျရောက်ပါစေ။ သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ အရှင်လတ်လတ် ဆင်းကြ ရပါစေ။ အကြောင်းမူကား မကောင်းမှုသည် ထိုသူတို့အလယ်တွင် ခိုဝင်နေသောကြောင့်ဖြစ်ပါ၏။ | |
Psal | BurCBCM | 55:16 | သို့သော် ငါသည် သခင်ဘုရားကို တမ်းတပါ၏။ ထာ၀ရဘုရားသခင်သည်လည်း ငါ့ကို ကယ်တင်တော်မူ၏။- | |
Psal | BurCBCM | 55:17 | ညနေ၊ နံနက်နှင့် နေ့လယ်အချိန်တို့တွင် ငါသည် ပူပင်သောကရောက်၍ အော်ဟစ်ရာ၌ ကိုယ်တော်သည် ငါ၏အသံကို ကြားတော်မူလိမ့်မည်။- | |
Psal | BurCBCM | 55:18 | ငါသည် ရန်သူများစွာနှင့် တိုက်ခိုက်ရသော်လည်း ကိုယ်တော်သည် စစ်ပွဲများမှ ငါ့ကိုဘေးကင်းလုံခြုံစွာ ရွေးနုတ်တော်မူ၏။- | |
Psal | BurCBCM | 55:19 | ရာဇပလ္လင်တော်ပေါ်၌ ထာ၀ရကပင် စံပယ်တော်မူသော ဘုရားသခင်သည် နားညောင်း၍ သူတို့ကို နှိမ့်ချတော်မူလိမ့်မည်။ အကြောင်းမူကား ရန်သူတို့သည် မိမိတို့၏လမ်းစဉ်များကို မည်သည့်အခါမျှ မပြောင်းလဲကြသည်သာမက ဘုရားသခင်အား ကြောက်ရွံ့ ခြင်းလည်း မရှိကြချေ။ | |
Psal | BurCBCM | 55:21 | သူ၏စကားတို့သည် ထောပတ်ကဲ့သို့ ချောမွတ်သော်လည်း သူ၏နှလုံးအတွင်း၌မူကား စစ်မက်လိုလားလေ၏။ သူ၏ စကားတို့သည် ဆီကဲ့သို့ ညက်ညောသော်လည်း ချိန် ရွယ်ထားသော ဓားများသာဖြစ်၏။ | |
Psal | BurCBCM | 55:22 | ထာ၀ရဘုရားသခင်ထံတွင် သင်၏ပူပန်သောကများကို ပုံအပ်ပါလော့။ ကိုယ်တော်သည် သင့်ကို အားပေးထောက်မ တော်မူလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို မည်သည့်အခါမျှ ရှုံးနိမ့်စေတော်မူ လိမ့်မည်မဟုတ်။ | |