Site uses cookies to provide basic functionality.

OK
II SAMUEL
Prev Up Next Toggle notes
Chapter 22
II S BurJudso 22:1  ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
II S BurJudso 22:2  ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊
II S BurJudso 22:3  ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။
II S BurJudso 22:4  ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
II S BurJudso 22:5  သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။
II S BurJudso 22:6  မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။
II S BurJudso 22:7  ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
II S BurJudso 22:8  ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
II S BurJudso 22:9  နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
II S BurJudso 22:10  မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။
II S BurJudso 22:11  ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
II S BurJudso 22:12  မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။
II S BurJudso 22:13  ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။
II S BurJudso 22:14  ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
II S BurJudso 22:15  လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။
II S BurJudso 22:16  ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။
II S BurJudso 22:17  အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
II S BurJudso 22:18  ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
II S BurJudso 22:19  ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးထားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ်၍၊
II S BurJudso 22:20  ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
II S BurJudso 22:21  ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
II S BurJudso 22:22  အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။
II S BurJudso 22:23  စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။
II S BurJudso 22:24  ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။
II S BurJudso 22:25  ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
II S BurJudso 22:26  သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊
II S BurJudso 22:27  သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။
II S BurJudso 22:28  နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။
II S BurJudso 22:29  အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။
II S BurJudso 22:30  အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။
II S BurJudso 22:31  ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
II S BurJudso 22:32  ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။
II S BurJudso 22:33  ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုး ဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
II S BurJudso 22:34  ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
II S BurJudso 22:35  ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။
II S BurJudso 22:36  ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
II S BurJudso 22:37  အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
II S BurJudso 22:38  အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။
II S BurJudso 22:39  သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။
II S BurJudso 22:40  အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
II S BurJudso 22:41  အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။
II S BurJudso 22:42  သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
II S BurJudso 22:43  ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။
II S BurJudso 22:44  လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
II S BurJudso 22:45  တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။
II S BurJudso 22:46  ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
II S BurJudso 22:47  ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
II S BurJudso 22:48  ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း။
II S BurJudso 22:49  ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။
II S BurJudso 22:50  ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည်။
II S BurJudso 22:51  ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။