PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 71
Psal | BurCBCM | 71:1 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်သည် မည်သည့်အခါမျှ အရှက်တကွဲမဖြစ်ရပါစေနှင့်။- | |
Psal | BurCBCM | 71:2 | ကိုယ်တော်ရှင်၏ ဖြောင့်မတ်မှန်ကန်တော်မူခြင်း၌ အကျွန်ုပ်ကိုရွေးနုတ်၍ ကယ်တင်တော်မူပါ။ အကျွန်ုပ်ကိုနားညောင်း၍ ကယ်မတော်မူပါ။- | |
Psal | BurCBCM | 71:3 | အကျွန်ုပ်အမြဲ ဝင်ရောက်နားခိုနိုင်သော ကျောက်ဆောင်ဖြစ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်ရန် အမိန့်ရှိတော်မူခဲ့လေပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ဆောင်နှင့် အကျွန်ုပ်၏ ရဲတိုက် ဖြစ်တော်မူပါ၏။ | |
Psal | BurCBCM | 71:4 | အိုအကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏ လက်မှလည်းကောင်း၊ မတရားရက်စက်ကြမ်းကြုတ်သောသူတို့၏ ချုပ်ကိုင်မှုမှလည်းကောင်း အကျွန်ုပ်ကို ကယ်တင်တော်မူပါ။- | |
Psal | BurCBCM | 71:5 | အိုထာ၀ရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ငယ်ရွယ်စဉ်မှစ၍ အကျွန်ုပ်၏မျှော်လင့်ရာ၊ ယုံကြည်အားထားရာ ဖြစ်တော်မူပါ၏။- | |
Psal | BurCBCM | 71:6 | အကျွန်ုပ်သည် မွေးစကပင် ကိုယ်တော့်ကို မှီခိုအားထားခဲ့ပါပြီ။ အကျွန်ုပ်ကို အမိ၏ဝမ်းထဲမှ ခေါ်ဆောင်ခဲ့သူမှာ ကိုယ်တော်သာလျှင်ဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်မပြတ် ချီးမွမ်းထောမနာပြုပါမည်။ | |
Psal | BurCBCM | 71:7 | များစွာသောသူတို့အတွက် အကျွန်ုပ်သည် အံ့ဖွယ်ရာဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သော ခိုလှုံရာဖြစ်ပါ၏။- | |
Psal | BurCBCM | 71:8 | အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်အား ချီးမွမ်းခြင်းနှင့် ပြည့်လျက်ရှိပြီး ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို တစ်နေ့လုံးချီးမွမ်းပါ၏။- | |
Psal | BurCBCM | 71:9 | အသက်အရွယ်ကြီးရင့်လာချိန်၌ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အား ကုန်ဆုံးလာချိန်၌ အကျွန်ုပ်ကို စွန့်ပယ်ထားတော်မမူပါနှင့်။- | |
Psal | BurCBCM | 71:10 | အကြောင်းမူကား အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။ အကျွန်ုပ်၏အသက်ဘေးကို ရန်ရှာသောသူတို့သည်လည်း အတူတကွကြံစည်တိုင်ပင်ကြပါ၏။- | |
Psal | BurCBCM | 71:11 | သူတို့က ဘုရားသခင်သည် သူ့ကိုစွန့်ပစ်ထားလေပြီ။ သူ့ကို လိုက်လံဖမ်းဆီးကြလော့။ အကြောင်းမူကား သူ့ကို ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဟုဆိုကြပါ၏။ | |
Psal | BurCBCM | 71:12 | အိုဘုရားသခင်၊ အကျွန်ုပ်ထံမှ ဝေးစွာနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို မစရန် အလျင်အမြန် ကြွလာတော်မူပါ။- | |
Psal | BurCBCM | 71:13 | အကျွန်ုပ်ကို မဟုတ်မမှန်စွပ်စွဲသော သူတို့သည် အရှက်တကွဲဖြစ်ပြီး ပျက်စီးကြပါစေ။ အကျွန်ုပ်ကို ထိခိုက်နာကျင်စေရန် ကြိုးစားကြသောသူတို့သည် ကဲ့ရဲ့ခြင်းနှင့် နစ်မွန်းကြပါစေ။- | |
Psal | BurCBCM | 71:14 | သို့သော် အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်မပြတ် မျှော်လင့်လျက် ပို၍သာ ချီးမွမ်းထောမနာပြုပါမည်။- | |
Psal | BurCBCM | 71:15 | အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်း ကျေးဇူးတော်များကို တစ်နေ့လုံး ဟောကြားပါမည်။ ကျေးဇူးတော်များသည် ရေတွက်၍ မကုန်နိုင်ပါ။- | |
Psal | BurCBCM | 71:16 | ထာ၀ရအရှင် ဘုရားသခင်၏ အားတန်ခိုးတော်များဖြင့် အကျွန်ုပ်လာရောက်ပါမည်။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း ကျေးဇူးကိုသာလျှင် အကျွန်ုပ် ချီးမွမ်းပါမည်။ | |
Psal | BurCBCM | 71:17 | အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်ရွယ်စဉ်အခါမှစ၍ သွန်သင်တော်မူခဲ့ပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ အံ့ဖွယ်သောအမှုတော်တို့ကို ဆက်လက်ကြေညာဆဲပင်ရှိပါ၏။- | |
Psal | BurCBCM | 71:18 | သို့ဖြစ်၍ အကျွန်ုပ်သည် အသက်ကြီးရင့်၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် နောင်လာလတ္တံ့သော သားစဉ်မြေးဆက်တို့အား ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ကြေညာဟောပြောပြီးသည့်တိုင်အောင် အကျွန်ုပ်ကို စွန့်ပယ်တော်မမူပါနှင့်။- | |
Psal | BurCBCM | 71:19 | အိုဘုရား သခင်၊ ကိုယ်တော်၏တရားမျှတမှုသည် မိုးကောင်းကင် တိုင်အောင်ရောက်ရှိပါ၏။ ကြီးမြတ်သော အမှုအရာများကို ပြုတော်မူသော အို ဘုရားသခင်၊ အဘယ်သူသည် ကိုယ်တော်နှင့်တူပါသနည်း။- | |
Psal | BurCBCM | 71:20 | အကျွန်ုပ်အား များစွာသောဆင်းရဲခြင်းများနှင့် ဘေးဒုက္ခတို့ကိုကြုံတွေ့စေတော်မူသော ကိုယ်တော်သည် အကျွန်ုပ်ကို ပြန်လည်အသက်သွင်းပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ကို ကမ္ဘာမြေကြီး၏ နက်ရှိုင်းရာအရပ်များမှ တစ်ဖန် ခေါ်ဆောင်တော်မူလိမ့်မည်။- | |
Psal | BurCBCM | 71:21 | ကိုယ်တော်သည် အကျွန်ုပ်၏ဂုဏ်သတင်းကို တိုးပွားစေ၍ နှစ်သိမ့်မှုကိုထပ်မံ၍ ပေးတော်မူလိမ့်မည်။ | |
Psal | BurCBCM | 71:22 | အိုအကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ သစ္စာတော်ကို စောင်းတီး၍ ချီးမွမ်းထောမနာပြုပါမည်။ အကျွန်ုပ်သည် အစ္စရာအဲလ်လူမျိုးတို့၏ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်အား တယောတီး၍ ချီးမွမ်းသီဆိုပါမည်။- | |
Psal | BurCBCM | 71:23 | ကိုယ်တော်၏ ရှေ့တော်တွင် ချီးမွမ်းသီဆိုသောအခါ အကျွန်ုပ်၏နှုတ်ခမ်းများသည် ဝမ်းမြောက်ခြင်းဖြင့် ဟစ်ကြွေးပါမည်။ ကိုယ်တော်ရွေးနုတ်ထားတော်မူသော အကျွန်ုပ်၏ဝိညာဉ်သည်လည်း ထိုနည်းတူပြုပါမည်။- | |