Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 11
Luke BurCBCM 11:1  ကိုယ်တော်သည် တစ်နေရာ၌ ဆုတောင်းပတ္ထနာ ပြုလျက်ရှိတော်မူ၏။ ဆုတောင်း၍ ပြီးဆုံးသောအခါ ကိုယ်တော်၏ တပည့်တော်တစ်ဦးက သခင်ဘုရား၊ ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ တပည့်တော်တို့ ကိုလည်း သင်ပေးတော်မူ ပါဟု လျှောက်ထားလေ၏။-
Luke BurCBCM 11:2  ကိုယ်တော်ကလည်း သင်တို့ဆုတောင်းသောအခါ ရွတ်ဆိုကြရမည်ကား၊ အိုအဖ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါ စေသော်။-
Luke BurCBCM 11:3  တစ်နေ့တာ လိုအပ်သော အစားအစာကို အကျွန်ုပ်တို့အား နေ့စဉ်ပေးသနားတော်မူပါ။-
Luke BurCBCM 11:4  အကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့၏အပြစ်ကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ နှောင့်ယှက်ခြင်း၌ အကျွန်ုပ်တို့ကို ကျရောက်စေတော်မမူပါနှင့် ဟူ၍ရွတ်ဆိုကြလော့ဟု သူတို့အား မိန့်တော်မူ၏။
Luke BurCBCM 11:5  ထို့နောက် ကိုယ်တော်က သင်တို့တွင် တစ်စုံတစ်ယောက်၌ မိတ်ဆွေရှိ၍ သူသည် ထိုမိတ်ဆွေထံသို့ ညသန်းခေါင်ယံအချိန်၌ သွားပြီးလျှင် အဆွေ၊ အကျွန်ုပ်အား ပေါင်မုန့်သုံးလုံးချေးငှားပါ။-
Luke BurCBCM 11:6  အကြောင်းမူကား အကျွန်ုပ်၏ ဧည့်သည်တစ်ယောက်သည် ခရီးဝေးမှရောက်လာ၍ အကျွန်ုပ်၌ သူ့ကို တည်ခင်းဧည့်ခံစရာ မရှိပါဟုဆိုလျှင်၊-
Luke BurCBCM 11:7  အိမ်ရှင်က ငါ့ကို မနှောင့်ယှက်ပါနှင့်။ ယခုတံခါးပိတ်ထားလေပြီ။ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူ အိပ်ရာဝင်ကြ ကုန်ပြီ။ ငါသည် အိပ်ရာမှထ၍ သင့်အား မည်သည့်အရာကိုမျှ မပေးနိုင်ပါဟု အိမ်အတွင်းမှပြန်ဖြေလိမ့်မည်။-
Luke BurCBCM 11:8  သို့သော် သင်တို့အား ငါဆိုသည်ကား ထိုသူသည် သူ၏မိတ်ဆွေဖြစ်ခြင်းကြောင့် အိမ်ရှင်သည် အိပ်ရာမှထ၍ သူ့ကို တစ်စုံတစ်ခုပေးမည်မဟုတ်သော်လည်း ထိုသူ၏ ထပ်တလဲလဲတောင်းခံမှုကြောင့် အိမ်ရှင်သည် အိပ်ရာမှထ၍ ထိုသူအလိုရှိရာ မှန်သမျှကို သူ့အား ပေးလိမ့်မည်။-
Luke BurCBCM 11:9  ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား တောင်းကြလော့။ တောင်းလျှင် သင်တို့အား ထိုအရာကိုပေးလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ ခေါက်ကြလော့။ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်။-
Luke BurCBCM 11:10  အကြောင်းမူကား တောင်းသောသူတိုင်းသည် ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သော သူအားလည်း ဖွင့်ပေးလိမ့်မည်။-
Luke BurCBCM 11:11  သင်တို့တွင် မည်သည့်ဖခင်သည် မိမိ၏သားက ငါးကိုတောင်းလျှင် မြွေကိုပေးမည်နည်း။-
Luke BurCBCM 11:12  သားဖြစ်သူက ကြက်ဥကိုတောင်းလျှင် မည်သည့်ဖခင်သည် ကင်းမြီးကောက်ကိုပေးမည်နည်း။-
Luke BurCBCM 11:13  သို့ဖြစ်၍ ဆိုးမိုက်သောသင်တို့ပင်လျှင် ကောင်းသောအရာများကို သင်တို့၏သားသမီးများအား ပေးတတ်ကြပါက ကောင်းကင်ဘုံရှင်၊ သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သူတို့အား ဝိညာဉ်တော်မြတ်ကို ပို၍ပင် ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။
Luke BurCBCM 11:14  တစ်ချိန်တွင် ကိုယ်တော်သည် ဆွံ့အစေသော နတ်ဆိုးကိုနှင်ထုတ်တော်မူသဖြင့် နတ်ဆိုးထွက်သွားသောအခါ ဆွံ့အသောသူသည် စကားပြန်ပြောနိုင်လေ၏။ လူအစုအဝေးတို့သည်လည်း အံ့ဩကြ၏။-
Luke BurCBCM 11:15  သို့သော် ထိုသူတို့တွင် အချို့က သူသည် နတ်ဆိုးတို့၏အကြီးအကဲ ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း ဖြစ်သည်ဟု ဆိုကြ၏။-
Luke BurCBCM 11:16  အခြားသော သူတို့ကလည်း ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာ ကိုတောင်းခံကြ၏။-
Luke BurCBCM 11:17  သို့သော် ကိုယ်တော်သည် သူတို့၏အတွင်းစိတ်ကိုသိသဖြင့် သူတို့အား မိန့်တော်မူသည်ကား မည်သည့်တိုင်းနိုင်ငံမဆို မိမိအတွင်း၌ စိတ်ဝမ်းကွဲ ပြားခြင်းရှိလျှင် ပြိုကွဲပျက်စီးလိမ့်မည်။ အိမ်ထောင်စုသည်လည်း အတွင်း၌ မသင့်မတင့်ဖြစ်ပါက ပြိုကွဲပျက်စီးလိမ့်မည်။-
Luke BurCBCM 11:18  စာတန်သည်လည်း မိမိကိုယ်မိမိဆန့်ကျင်၍ ကွဲပြားလျှင် သူ၏နိုင်ငံသည် မည်ကဲ့သို့ ရပ်တည်နိုင်ပါမည်နည်း။ အကြောင်းမူကား ငါသည် ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုးများကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြ၏။-
Luke BurCBCM 11:19  အကယ်၍ ငါသည် ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်လျှင် သင်တို့၏လူများသည် မည်သူ့ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သောသူများ ဖြစ်ကြလိမ့်မည်။-
Luke BurCBCM 11:20  သို့ရာတွင် အကယ်၍ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်သည်ဖြစ်လျှင် ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အပေါ် ကျရောက်လေပြီ။-
Luke BurCBCM 11:21  ခွန်အားကြီးသူတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကိုစောင့်ရှောက်လျှင် သူ၏ဥစ္စာပစ္စည်းတို့သည် လုံခြုံစွာရှိ၏။-
Luke BurCBCM 11:22  သို့သော် သူ့ထက် ခွန်အားကြီးသူပေါ်လာသောအခါ သူ့ကို တိုက်ခိုက်အနိုင်ယူ၍ သူအားထားသော လက်နက်တန်ဆာတို့ကို ယူပြီးလျှင် သိမ်းဆည်းရမိသောပစ္စည်းတို့ကို ခွဲဝေယူလိမ့်မည်။-
Luke BurCBCM 11:23  ငါ့ဘက်၌ မရှိသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူ မစုသိမ်းသောသူသည် ကြဲဖြန့်သူဖြစ်၏။
Luke BurCBCM 11:24  ညစ်ညူးသောနတ်ဆိုးသည် လူတစ်ဦးထံမှထွက်သွား၍ ခြောက်သွေ့သော လွင်ပြင်များတွင် လှည့်လည်ပြီး နားခိုရန် နေရာရှာသော်လည်း မတွေ့သဖြင့် ငါထွက်လာခဲ့သော အိမ်သို့ပြန်သွားမည်ဟု ဆိုလေ၏။-
Luke BurCBCM 11:25  သူပြန်လာသောအခါ ထိုအိမ်မှာ ရှင်းလင်းပြင်ဆင်ထားသည်ကို တွေ့ရလေ၏။-
Luke BurCBCM 11:26  ထိုအခါ သူသည် သွား၍ မိမိထက်ဆိုးသွမ်းသော နတ်ဆိုးခုနစ်ကောင်ကို ခေါ်ဆောင်လာပြီးလျှင် သူတို့သည် ထိုလူ၌ ဝင်၍နေကြ၏။ ဤသို့ဖြင့် ထိုလူ၏ နောက်ဆုံးအဖြစ်သည် ယခင်အဖြစ်ထက် ပို၍ဆိုးလာသည်ဟု မိန့်တော်မူ၏။
Luke BurCBCM 11:27  ကိုယ်တော်သည် ဤအကြောင်းကိုမိန့်တော်မူစဉ် လူအစုအဝေးထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုမြှင့်၍ ကိုယ်တော့်ကို လွယ်သောဝမ်းနှင့် ကိုယ်တော်စို့တော် မူသောသားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု ကိုယ်တော်အား လျှောက်လေ၏။-
Luke BurCBCM 11:28  သို့သော် ကိုယ်တော်က အမှန်ဆိုရလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို ကြားနာ၍ လိုက်နာကျင့်ကြံသော သူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။
Luke BurCBCM 11:29  လူအစုအဝေးသည် ပို၍များပြားလာသောအခါ ကိုယ်တော်သည် စတင်၍မိန့်တော်မူသည်ကား ဤလူမျိုးဆက်သည် ဆိုးညစ်သော လူမျိုးဆက်ဖြစ်၍ နိမိတ်လက္ခဏာကို တောင်း၏။ သို့သော် ယောန၏ နိမိတ်လက္ခဏာ မှတစ်ပါး မည်သည့် နိမိတ်လက္ခဏာကိုမျှ သူတို့အား ပေးလိမ့်မည်မဟုတ်။-
Luke BurCBCM 11:30  အကြောင်းမူကား ယောနသည် နီးနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်လည်း ဤလူမျိုးဆက်အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။-
Luke BurCBCM 11:31  တရားစီရင်တော်မူသောနေ့၌ တောင်ဘက်တိုင်းပြည်၏ဘုရင်မသည် ထ၍ ဤလူမျိုးဆက်ကို အပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား သူမသည် ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကိုကြားနာရန် ကမ္ဘာအစွန်းမှလာရောက်ခဲ့၏။ ကြည့်လော့၊ ဤနေရာတွင်မူကား ဆောလမွန်မင်းကြီးထက် ကြီးမြတ်သောသူ ရှိ၏။-
Luke BurCBCM 11:32  တရားစီရင်တော်မူသောနေ့၌ နီးနေဝေမြို့သားတို့သည် ထ၍ ဤလူမျိုးဆက်ကို အပြစ်စီရင်ကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောခြင်းကြောင့် နောင်တရခဲ့ကြ၏။ ကြည့်လော့၊ ဤနေရာတွင်မူကား ယောနထက် ကြီးမြတ်သော သူရှိ၏။
Luke BurCBCM 11:33  မည်သူကမျှ ဆီမီးကိုထွန်းပြီးလျှင် ကွယ်ရာ၌လည်းကောင်း၊ တောင်းဇလားအောက်၌လည်းကောင်း ထားလေ့မရှိ။ အိမ်အတွင်းသို့ ဝင်လာသောသူများ အလင်းကို မြင်နိုင်ရန် ဆီမီးကို မီးတင်ခုံပေါ်၌သာ တင်ထားလေ့ရှိကြ၏။-
Luke BurCBCM 11:34  သင်၏မျက်စိသည် သင့်ခန္ဓာကိုယ်၏ ဆီမီးဖြစ်၏။ သင်၏မျက်စိအမြင်ကြည်လင်လျှင် သင်၏ခန္ဓာကိုယ် တစ်ခုလုံး အလင်းဖြင့် ပြည့်၀လိမ့်မည်။ သို့သော် သင်၏ မျက်စိအမြင် မကြည်လင်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံး မှောင်မိုက်ဖြင့် ဖုံးလွှမ်းလိမ့်မည်။-
Luke BurCBCM 11:35  သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် မှောင်မိုက်မဖြစ်စေခြင်းငှာ သတိပြုလော့။-
Luke BurCBCM 11:36  သို့ဖြစ်၍ သင်၏ကိုယ်ခန္ဓာတစ်ခုလုံး အလင်းနှင့်ပြည့်လျက် မှောင်မိုက်လုံး၀မရှိပါလျှင် ဆီမီးအလင်းရောင်သည် သင့်ကို အလင်းပေးသကဲ့သို့ သင့်ခန္ခာကိုယ်တစ်ခု လုံး ပြည့်၀စွာ ထွန်းလင်းတောက်ပလိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 11:37  ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် ဖာရီဇေးဦးတစ်ဦးသည် ကိုယ်တော့်ကို မိမိနှင့်အတူ ညစာသုံးဆောင်ရန် ဖိတ်သဖြင့် ကိုယ်တော်သည် ကြွဝင်၍ စားပွဲ၌ထိုင်တော်မူ ၏။-
Luke BurCBCM 11:38  ကိုယ်တော်သည် အစာမစားမီ ရှေးဦးစွာ ဆေးကြောသန့်စင်ခြင်း မပြုသည်ကို မြင်သောအခါ ထိုဖာရီဇေးဦးသည် အံ့ဩလေ၏။-
Luke BurCBCM 11:39  ကိုယ်တော်ကလည်း သူ့အား မိန့်တော်မူသည်ကား သင်တို့ဖာရီဇေးဦးများသည် ခွက်ဖလားနှင့် ပန်းကန်တို့၏ အပြင်ပိုင်းကို ဆေးကြောသန့်စင်ကြ၏။ သို့သော် သင်တို့၏အတွင်းစိတ်၌မူကား လုယက်ခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်းတို့ဖြင့် ပြည့်နေကြ၏။-
Luke BurCBCM 11:40  အသင်လူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကို ဖန်ဆင်းသောအရှင် သည် အတွင်းစိတ်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။-
Luke BurCBCM 11:41  သို့ဖြစ်၍ သင်တို့အတွင်းစိတ်၌ ရှိသည့်အတိုင်း ပေးကမ်းစွန့်ကြဲခြင်းအမှုကို ပြုကြလော့။ ထိုအခါ အရာရာတိုင်းသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
Luke BurCBCM 11:42  သို့သော် အသင်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ ရူရွက်နှင့် အရွက်ရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့လှူကြလျက် တရားမျှတခြင်းနှင့် ဘုရားသခင်အား ချစ်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြ၏။ သင်တို့သည် အခြားသောအရာများကို လစ်ဟင်းခြင်းမရှိစေဘဲ ဤအချက်များကိုလည်း လိုက်နာကျင့်ကြံအပ်သည်။-
Luke BurCBCM 11:43  အသင်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် တရားဇရပ်များ၌ အကောင်းဆုံး နေရာများကိုလည်းကောင်း၊ ဈေး၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
Luke BurCBCM 11:44  သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အမှတ်အသားမရှိသည့် သခင်္ျိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းတို့ကို မသိသဖြင့် အပေါ်မှ ဖြတ်လျှောက်သွားကြ၏ဟု မိန့်တော်မူ၏။
Luke BurCBCM 11:45  ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးက ဆရာသခင်၊ ကိုယ်တော်သည် ဤသို့ဆိုခြင်းအားဖြင့် အကျွန်ုပ်တို့ကိုလည်း ပြစ်တင်ရှုတ်ချရာ ရောက်ပါသည်ဟု လျှောက်လေ၏။-
Luke BurCBCM 11:46  ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်ကား အသင်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်း မူကား သင်တို့သည် ထမ်းရန် ခက်ခဲသောဝန်ထုပ်များကို လူတို့အပေါ် တင်ကြလျက် သင်တို့ ကိုယ်တိုင်ကမူ ထိုဝန်ထုပ်များကို လက်ဖျားနှင့်ပင် မထိကြ။-
Luke BurCBCM 11:47  သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ ဘိုးဘေးများ သတ်ဖြတ်ခဲ့သော ပရောဖက်တို့၏ သခင်္ျိုင်းဂူများကို တည်ဆောက်ကြ၏။-
Luke BurCBCM 11:48  ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးတို့၏ လုပ်ရပ်များကိုသဘောတူ၍ ယင်းတို့ကို သက်သေခံသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကို သတ်ဖြတ်ကြ၍ သင်တို့သည် ထိုသူတို့၏ သခင်္ျိုင်းများကို တည်ဆောက်ကြ၏။-
Luke BurCBCM 11:49  ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာတော်က မိန့်ဆိုသည်ကား ငါသည် သူတို့ထံသို့ ပရောဖက်များနှင့် တမန်တော်များကို စေလွှတ်မည်။ သူတို့မူကား အချို့ကိုသတ်ဖြတ်၍ အချို့ကို ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်ဟူ၍တည်း။-
Luke BurCBCM 11:50  ဤသို့ဖြင့် ကမ္ဘာတည်ချိန်မှ စ၍ သွန်းလောင်းခဲ့ကြရသော ပရောဖက်အပေါင်းတို့၏ သွေးအတွက် ဤလူမျိုးဆက်သည် ပေးဆပ်ရလိမ့်မည်။-
Luke BurCBCM 11:51  သင်တို့အား ငါအမှန်ဆိုသည်ကား အာဘေးလ်၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် သန့်ရှင်းသောဌာနအကြား၌ အသက် ဆုံးရှုံးရသော ဇခါရိယ၏ သွေးတိုင်အောင် ဤလူမျိုးဆက် သည် ပေးဆပ်ရလိမ့်မည်။-
Luke BurCBCM 11:52  အသင်ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အသိပညာ၏ တံခါးသော့ကို သိမ်းယူထားကြပြီး သင်တို့ကိုယ်တိုင်လည်းမဝင်ကြ၊ ဝင်လိုသောသူများကိုလည်း သင်တို့ဟန့်တားကြပြီဟု မိန့်တော်မူ၏။
Luke BurCBCM 11:53  ထိုအရပ်မှ ကိုယ်တော်ကြွသွားတော်မူသောအခါ ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ကိုယ်တော်အား စတင်၍ အပြင်းအထန် ဆန့်ကျင်လာကြပြီး များစွာသောအကြောင်းအရာများကို ပြောဆိုစေရန် နှိုးဆွကြ၏။-
Luke BurCBCM 11:54  ဤသို့ဖြင့် သူတို့သည် ကိုယ်တော်မိန့်တော်မူသည့် စကားများဖြင့် ကိုယ်တော့်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။