Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 6
Luke BurCBCM 6:1  ဥပုသ်နေ့တစ်နေ့တွင် ယေဇူးသည် ဂျုံခင်းများကို ဖြတ်လျှောက်၍ သွားစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံအနှံ များကို ဆွတ်ခူးကာ လက်ဖြင့်ပွတ်နယ်၍ စားကြ၏။-
Luke BurCBCM 6:2  သို့သော် အချို့သောဖာရီဇေးဦးတို့က သင်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို အဘယ်ကြောင့် ပြုကြသနည်းဟု ဆိုကြ၏။-
Luke BurCBCM 6:3  ထိုအခါ ယေဇူးကလည်း ဒါဝိဒ်မင်းကြီးသည် ဆာလောင်သောအခါ မိမိနှင့်အတူပါလာသော သူတို့နှင့်တကွ မည်သို့ပြုမူ ခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြသလော။-
Luke BurCBCM 6:4  သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ရဟန်းများမှတစ်ပါး မည်သူမျှမစားအပ်သော ရှေ့တော်တင်မုန့်ကိုယူ၍ စားပြီးလျှင် ၎င်းကို မိမိနှင့်ပါလာသောသူတို့အားလည်း ဝေပေးခဲ့ကြောင်းကို သင်တို့ မဖတ်ဖူးကြသလောဟု ပြန်လည်မိန့်တော်မူ ၏။-
Luke BurCBCM 6:5  ထို့နောက် ကိုယ်တော်က လူသားသည် ဥပုသ်နေ့ ၏အရှင်သခင်ဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
Luke BurCBCM 6:6  အခြားသော ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ဝင်၍ ဟောပြောသွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေနေသော သူတစ်ယောက်ရှိလေ၏။-
Luke BurCBCM 6:7  ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည်လည်း ကိုယ်တော့်ကို အပြစ်တင်စွပ်စွဲလိုသဖြင့် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါကို ပျောက်ကင်းစေတော်မူမည်လောဟု စောင့်ကြည့်နေကြ၏။-
Luke BurCBCM 6:8  သို့သော် ကိုယ်တော်သည် သူတို့၏အကြံအစည်ကို သိမြင်တော်မူသဖြင့် လက်တစ်ဖက်သေနေသောသူအား လာ၍ ဤ နေရာ၌ရပ်လော့ဟု မိန့်တော်မူ၏။ သူသည်လည်း ထ၍ ရှေ့တော်၌ရပ်နေလေ၏။-
Luke BurCBCM 6:9  ယေဇူးကလည်း သင်တို့အား ငါမေးမြန်းလို၏။ ဥပုသ်နေ့၌ ကောင်းမှုကိုပြုအပ်သလော၊ သို့မဟုတ် မကောင်းမှုကို ပြုအပ်သလော။ လူ၏အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် ဖျက်ဆီးအပ်သလော ဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 6:10  ထို့နောက် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို လှည့်ကြည့်တော်မူပြီးလျှင် လက်သေနေသောသူအား သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက် ရာ သူ၏လက်သည် အကောင်းပကတိပြန်ဖြစ်သွားလေ၏။-
Luke BurCBCM 6:11  သူတို့မူကား ဒေါသဖြစ်ကြလျက် ယေဇူးအား မည်သို့ပြုမူရမည့်အကြောင်းကို အချင်းချင်းတိုင်ပင်ကြ၏။
Luke BurCBCM 6:12  ထိုနေ့ရက်တို့၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်၍ တစ်ညလုံး ဘုရားသခင်ထံသို့ ဆုတောင်း ပတ္ထနာပြုလျက် နေတော်မူ၏။-
Luke BurCBCM 6:13  နေ့အချိန်ရောက်သောအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကိုခေါ်ပြီးလျှင် သူတို့အထဲမှ တစ်ဆယ့်နှစ်ပါးကို ရွေးချယ်၍ ၎င်းတို့အား တမန်တော်အဖြစ် ခန့်အပ်တော်မူ၏။-
Luke BurCBCM 6:14  ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော်မှည့်ခေါ်သော စီမွန်နှင့် သူ၏ညီ အန္ဒြေးယ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပုနှင့် ဘာသိုလိုမေးဦး၊-
Luke BurCBCM 6:15  မာတေးဦးနှင့်သောမ၊ အာလ်ဖေးဦး၏သား ယာကုပ်နှင့် ဇေလော့ဟုခေါ်သော စီမွန်၊-
Luke BurCBCM 6:16  ယာကုပ်၏သား ဂျုဒနှင့် ကိုယ်တော့်အပေါ်သစ္စာဖောက်မည့် ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြလေ၏။
Luke BurCBCM 6:17  ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ခြေသို့ ဆင်းပြီးလျှင် မြေညီရာကွင်းပြင်၌ရပ်တော်မူ၏။ ကိုယ်တော်နှင့်အတူ တပည့်တော်တို့၏အစုအဝေးအပြင် ဂျူဒေးယပြည်အရပ်ရပ်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တီရာနှင့် စီဒွန်မြို့တို့မှလည်းကောင်း လာကြသောသူ အမြောက်အမြားရှိကြ၏။ ထိုသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာ ရန်နှင့် မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန် လာရောက်ကြခြင်းဖြစ်၏။-
Luke BurCBCM 6:18  ညစ်ညူးသောနတ်ဆိုး၏ ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း ပျောက်ကင်းချမ်းသာရကြလေ၏။-
Luke BurCBCM 6:19  လူအစုအဝေးတို့သည်လည်း ကိုယ်တော့်ကို တို့ထိနိုင်ရန် ကြိုးစားကြလေ၏။ အကြောင်းမူကား ကိုယ်တော့်ထံမှ တန်ခိုးတော်ထွက်၍ လူခပ်သိမ်းတို့ကို ပျောက်ကင်း ချမ်းသာစေသောကြောင့်ဖြစ်၏။
Luke BurCBCM 6:20  ထို့နောက် ကိုယ်တော်သည် သူတို့ကို စေ့စေ့ကြည့်လျက် မိန့်တော်မူသည်ကား ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
Luke BurCBCM 6:21  ယခု ဆာလောင်မွတ်သိပ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပြည့်၀ကြလိမ့်မည်။ ယခုငိုကြွေးကြသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြရလိမ့်မည်။
Luke BurCBCM 6:22  လူသားကို အကြောင်းပြု၍ သင်တို့အား လူတို့က မုန်းတီးကြသောအခါ၌လည်းကောင်း၊ ပစ်ပယ်၍ကဲ့ရဲ့ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏အသရေကို ဖျက်ကြသောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။-
Luke BurCBCM 6:23  ထိုနေ့ရက်၌ ဝမ်းမြောက်ကြလော့။ ပျော်ရွှင်သောစိတ်ဖြင့် ခုန်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်နိုင်ငံ၌ သင်တို့ခံစားရမည့် ဆုလာဘ်သည် ဧကန်ကြီးမားလှပေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘိုးဘေးတို့သည်လည်း ပရောဖက် များကို ဤသို့ပြုခဲ့ကြ၏။
Luke BurCBCM 6:24  သို့ရာတွင် ကြွယ်၀ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏စိတ်နှစ်သိမ့်မှုကို ရရှိခဲ့ကြလေပြီ။
Luke BurCBCM 6:25  ယခုအခါ၌ ၀လင်စွာစားသုံးရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာငတ်ကြလိမ့်မည်။ ယခု ရယ်မောကြသော သင်တို့သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သင်တို့သည် ငိုကြွေးပူဆွေး ကြရလိမ့်မည်။
Luke BurCBCM 6:26  လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့၏ ဘိုးဘေးတို့သည် ပရောဖက်အတုအယောင်များကို ဤသို့ပြုခဲ့ကြလေပြီ။
Luke BurCBCM 6:27  သို့ရာတွင် ငါ၏တရားကို ကြားနာကြသောသင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူများကို ချစ်ကြလော့။ သင်တို့ကို မုန်းတီးသောသူတို့အား ကောင်းကျိုးပြုကြလော့။-
Luke BurCBCM 6:28  သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးမင်္ဂလာပေးကြလော့။ သင်တို့ကို စော်ကားသောသူတို့အတွက် မေတ္တာပို့ ကြလော့။-
Luke BurCBCM 6:29  သင်၏ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်၍ပေးဦးလော့။ သင်၏ဝတ်ရုံကို သိမ်းယူ သွားသောသူအား သင်၏အင်္ကျီကို ထုတ်မပေးဘဲမထားနှင့်။-
Luke BurCBCM 6:30  သင့်ထံမှ တောင်း ခံသောသူအား ပေးကမ်းလော့။ သင့်ထံမှ ဥစ္စာပစ္စည်း များကိုသိမ်းယူသွားသောသူထံမှလည်း ၎င်းတို့ကို ပြန်၍ မတောင်းနှင့်။-
Luke BurCBCM 6:31  သင်တို့၌ သူတစ်ပါးတို့ပြုစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့၌ ပြုကြလော့။
Luke BurCBCM 6:32  သင်တို့သည် မိမိတို့အား ချစ်သောသူများကိုသာ ချစ်ခင်ကြပါမူ မည်သည့်အကျိုးကို သင်တို့ခံစားရမည်နည်း။ အပြစ်ရှိသူ များပင်လျှင် မိမိတို့ကိုချစ်သောသူများအား ချစ်ကြသည်မဟုတ်လော။-
Luke BurCBCM 6:33  သင်တို့သည် မိမိတို့အား ကောင်းကျိုးပြုသောသူများကိုသာ ကောင်းကျိုးပြုကြပါလျှင် မည်သည့်အကျိုးကို သင်တို့ ခံစားရ မည်နည်း။ အပြစ်ရှိသူများပင်လျှင် ဤသို့ပြုမူကြ၏။-
Luke BurCBCM 6:34  သင်တို့သည် ပြန်လည်ပေးဆပ်မည်ဟု မျှော်လင့်ရသောသူများကိုသာ ချေးငှားကြပါလျှင် မည်သည့်အကျိုးကို သင်တို့ခံစားရမည်နည်း။ အပြစ်ရှိသူများပင်လျှင် တူညီသောပမာဏကို ပြန်လည်ရရှိရန် အပြစ်သားများကို ချေးငှားကြ၏။-
Luke BurCBCM 6:35  သင်တို့မူကား သင်တို့၏ရန်သူများကို ချစ်ကြလော့။ သူတို့ကို ကောင်းကျိုးပြုကြလော့။ ပြန်ရမည်ဟု မမျှော်လင့်ဘဲ ချေး ငှားကြလော့။ ထိုအခါ သင်တို့ရရှိမည့်ဆုလာဘ်သည် ကြီးမားလိမ့်မည်။ သင်တို့သည်လည်း အမြင့်ဆုံးသော အရှင်၏သားသမီး များဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးမသိတတ်သောသူများနှင့် တစ်ကိုယ်ကောင်းဆန်သော သူများကို သနားတတ်၏။-
Luke BurCBCM 6:36  သင်တို့၏အဖခမည်းတော်သည် သနားကြင်န တော်မူသည့်နည်းတူ သင်တို့သည်လည်း သနားကြင်နာ ခြင်းရှိကြလော့။
Luke BurCBCM 6:37  သူတစ်ပါး၏အမှုကို စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ သို့ဖြစ်လျှင် သင်တို့သည်လည်း စီရင်ဆုံးဖြတ်ခြင်းကို ခံကြရ လိမ့်မည်မဟုတ်။ ပြစ်တင်ရှုတ်ချခြင်းကိုမပြုကြနှင့်။ သို့ဖြစ်လျှင် သင်တို့သည်လည်း ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည် မဟုတ်။ ခွင့်လွှတ်ကြလော့။ သို့ဖြစ်လျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းခံရလိမ့်မည်။-
Luke BurCBCM 6:38  ပေးကမ်းကြလော့။ ထိုအခါ သင်တို့ကိုလည်း ပေးကမ်းကြလိမ့်မည်။ လှုပ်ခါ၍ ဖိသိပ်ထည့်ထားပြီး ပြည့်လျှံနေသည့် ကောင်းသောပမာဏကို သင်တို့၏ရင်ခွင်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့ပေးခဲ့သော ပမာဏအတိုင်း သင်တို့ပြန်လည်ရရှိကြလိမ့်မည်ဟု မိန့် တော်မူ၏။
Luke BurCBCM 6:39  ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကိုလည်း မိန့်တော်မူ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြနိုင်သလော။ ဤသို့ပြုလျှင် ထိုသူနှစ်ဦးစလုံး တွင်းထဲသို့ကျကြလိမ့်မည်မဟုတ်လော။-
Luke BurCBCM 6:40  တပည့်သည် ဆရာထက် မကြီးမြတ်နိုင်။ သို့သော် လူတိုင်းသည် ပြီးပြည့်စုံအောင် သင်ယူပြီးသောအခါ ဆရာကဲ့သို့ဖြစ် လိမ့်မည်။-
Luke BurCBCM 6:41  အဘယ်ကြောင့် သင်သည် မိမိ၏မျက်စိထဲ၌ ရှိသောသစ်တုံးကို မမြင်ဘဲ သင့်ညီအစ်ကို၏မျက်စိထဲရှိ သစ်သားစကို မြင်ရသနည်း။-
Luke BurCBCM 6:42  မိမိ၏မျက်စိထဲတွင် ရှိနေသည့်သစ်တုံးကိုမမြင်ပါဘဲလျက် မိမိ၏ညီအစ်ကိုအား သင်၏မျက်စိထဲမှ သစ်သားစကို ထုတ်ပေး ပါရစေဟု သင်မည်သို့ဆိုနိုင်မည်နည်း။ အသင် သူတော်ကောင်းယောင် ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာ ထုတ်ပစ်လော့။ သို့မှသာ သင်သည် သင့်ညီအစ်ကို၏ မျက်စိထဲမှသစ်သားစကို ထုတ်ပစ်ရန် ကောင်းစွာမြင်နိုင်ပေလိမ့်မည်။
Luke BurCBCM 6:43  ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။-
Luke BurCBCM 6:44  အကြောင်းမူကား အသီးကိုကြည့်၍ အပင်ကိုသိရ၏။ သဖန်းသီးကို ဆူးပင်မှ ဆွတ်ခူးလေ့မရှိ။ စပျစ်သီးကိုလည်း ဆူးချုံမှဆွတ်ခူးလေ့မရှိ။-
Luke BurCBCM 6:45  ကောင်းသောသူသည် မိမိ၏စိတ်နှလုံးတွင် သိမ်းဆည်းထားသည့် ကောင်းသောအရာများထဲမှ အကောင်းကို ထုတ်ဖော် တတ်၏။ မကောင်းသောသူသည်လည်း သူ၏ မကောင်းသောအရာများထဲမှ မကောင်းမှုကို ထုတ်ဖော်တတ်၏။ အကြောင်း မူကား စိတ်နှလုံး၌ပြည့်လျှံနေသော အရာများကို နှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
Luke BurCBCM 6:46  ငါပြောသောအရာကို သင်တို့မကျင့်ဘဲ အဘယ်ကြောင့် ငါ့ကို သခင်၊ သခင်ဟုခေါ် ကြသနည်း။-
Luke BurCBCM 6:47  ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားနာပြီး လိုက်နာကျင့်ကြံသောသူ ဟူသမျှသည် မည်သူနှင့်တူကြောင်းကို သင်တို့အား ငါ ခိုင်းနှိုင်းပြမည်။-
Luke BurCBCM 6:48  ဤသူသည်ကား မြေကိုနက်စွာတူး၍ ကျောက်ပေါ်၌ အုတ်မြစ်ချပြီးမှ အိမ်ကိုဆောက်သော သူနှင့်တူ၏။ ရေလွှမ်းမိုး သောအခါ မြစ်ရေစီးကြောင်းသည် အိမ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ခတ်သော်လည်း ၎င်းကို လှုပ်ခါစေနိုင်ခြင်းမရှိချေ။ အကြောင်းမူကား ထိုအိမ်သည် ကျောက်ပေါ်တွင် တည်ဆောက်ထားသောကြောင့်ဖြစ်၏။-
Luke BurCBCM 6:49  သို့သော် ငါ့စကားကို ကြားနာ၍ မလိုက် နာသောသူသည်ကား အုတ်မြစ်မချဘဲ မြေပေါ်၌ အိမ်ကို ဆောက်သောသူနှင့်တူ၏။ မြစ်ရေစီးကြောင်းသည် အိမ်ကိုရိုက်ခတ်လျှင် အိမ်သည် ချက်ချင်းပြိုလဲ၍ ၎င်း၏ပျက်စီးခြင်းသည်လည်း ကြီးမားလှပေ၏ဟု မိန့်တော်မူ၏။