Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 24
Matt BurCBCM 24:1  ယေဇူးသည် ဗိမာန်တော်မှထွက်ခွာတော်မူသောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်အား ဗိမာန်တော်၏ အဆောက်အအုံများကို ညွှန်ပြကြ၏။-
Matt BurCBCM 24:2  သို့သော် ကိုယ်တော်က ဤအရာအား လုံးတို့ကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့ အား ငါအမှန်ဆိုသည်ကား ဤနေရာ တွင် ကျောက်တုံး တစ်တုံးပေါ် တစ်တုံးတင်၍ မကျန်ရစ်သည်အထိ အရာ အားလုံးပြိုပျက်လိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 24:3  ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ထိုင်နေတော်မူသောအခါ တပည့်တော်တို့သည် အခြား သူများမပါဘဲ အထံတော်သို့ချဉ်းကပ်ကြ၍ ဤအမှုအရာ သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ကိုယ် တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်ကဲ့သို့သောနိမိတ်လက္ခဏာများဖြစ်ပေါ်မည်နည်း၊ တပည့်တော်တို့ကို မိန့်တော်မူပါဟု ကိုယ်တော် အား မေးလျှောက်ကြ၏။-
Matt BurCBCM 24:4  ယေဇူးကလည်း သူတို့အားမိန့်မှာတော်မူသည်ကား သင်တို့ကို မည်သူမျှမလှည့်စားစေ ခြင်းငှာသတိပြုကြလော့။-
Matt BurCBCM 24:5  အကြောင်းမူကား များစွာ သောသူတို့သည် ငါ၏နာမ၌လာကြ၍ ငါသည် ခရစ်တော် ဖြစ်သည်ဟုဆိုကာ လူများစွာတို့ကို လှည့်ဖြားကြလိမ့် မည်။-
Matt BurCBCM 24:6  သင်တို့သည် စစ်ပွဲများနှင့် စစ်မက်သတင်းများကို ကြားကြရလိမ့်မည်။ သင်တို့သည် ထိတ်လန့်ခြင်းမရှိစေ ရန် သတိပြုကြလော့။ အကြောင်းမူကား ဤအမှုအရာတို့သည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသောကာလမှာမူ မရောက်ရှိသေး။-
Matt BurCBCM 24:7  လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။ အမျိုးမျိုးသောအရပ်ဒေသ တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် မြေငလျင်လှုပ်ခြင်းများဖြစ် ကြလိမ့်မည်။-
Matt BurCBCM 24:8  ဤအရာအားလုံးတို့သည် ဆင်းရဲဒုက္ခ ရောက်ခြင်းများ၏အစမျှသာဖြစ်၏။
Matt BurCBCM 24:9  ထိုအခါ လူတို့သည် သင်တို့ကိုညှဉ်းပန်းနှိပ်စက် ခြင်းခံရစေရန် အပ်နှံကြ၍ သတ်ဖြတ်ကြလိမ့်မည်။ ငါ၏ နာမကြောင့်လည်း သင်တို့သည် လူမျိုးတကာတို့၏မုန်း တီးခြင်းကို ခံကြရလိမ့်မည်။-
Matt BurCBCM 24:10  ထို့နောက် များစွာသောလူ တို့သည် လမ်းမှားသို့ရောက်ကြ၍ အချင်းချင်းသစ္စာ ဖောက်ကြသဖြင့် တစ်ဦးကိုတစ်ဦးမုန်း တီးကြ လိမ့်မည်။-
Matt BurCBCM 24:11  ထိုအခါ ပရောဖက်အတုအယောင်များထွက်ပေါ်လာ၍ လူအများကိုလမ်းလွဲစေရန် ဖြားယောင်းကြလိမ့်မည်။-
Matt BurCBCM 24:12  မကောင်းမှုဒုစရိုက်ပွားများလာသောကြောင့် လူအများစု သည်လည်း မေတ္တာတရားခေါင်းပါးလာကြလိမ့်မည်။-
Matt BurCBCM 24:13  သို့သော် အဆုံးတိုင်အောင် တည်ကြည်ခိုင်မြဲသောသူ သည် ကယ်တင်ခြင်းခံရလိမ့်မည်။-
Matt BurCBCM 24:14  နိုင်ငံတော်၏ဧဝံဂေ လိတရားတော်သည် လူမျိုးတကာတို့အဖို့ သက်သေခံ အဖြစ် ကမ္ဘာအရပ်ရပ်၌ ဟောပြောခြင်းခံရလိမ့်မည်။ ထို့ နောက် အဆုံးကာလသည် ရောက်ရှိလာလိမ့်မည်။
Matt BurCBCM 24:15  ထို့ကြောင့် ပရောဖက်ဒါနီအဲလ်ဟောထားခဲ့သည့် အတိုင်း သန့်ရှင်းရာဌာန၌ စက်ဆုပ်ဖွယ်ကောင်းသော ဆိတ်သုဉ်းခြင်း ဆိုက်ရောက်နေသည်ကို သင်တို့မြင်ကြ ရလျှင် (ဖတ်ရှုသောသူသည် နားလည်ပါစေ)၊-
Matt BurCBCM 24:16  ဂျူဒေးယ ပြည်ရှိ လူတို့သည် တောင်များပေါ်သို့ထွက်ပြေးတိမ်းရှောင် ကြစေ။-
Matt BurCBCM 24:17  အိမ်ခေါင်မိုးပေါ်၌ရှိသောသူသည် သူ၏အိမ်ထဲ တွင်ရှိသည့်ပစ္စည်းဥစ္စာများကိုယူရန် အောက်သို့မဆင်း လေနှင့်။-
Matt BurCBCM 24:18  လယ်ထဲ၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံ ကိုယူရန် အိမ်သို့မပြန်လေနှင့်။-
Matt BurCBCM 24:19  ထိုနေ့ရက်တို့၌ ကိုယ်ဝန် ဆောင်သောမိန်းမတို့နှင့် နို့စို့သူငယ်ရှိသောမိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။-
Matt BurCBCM 24:20  သင်တို့ထွက်ပြေးကြရမည့် အချိန်ကာလသည် ဆောင်းရာသီ၌သော်လည်းကောင်း၊ ဥပုသ်နေ့၌သော်လည်းကောင်း မဖြစ်စေ မည့်အကြောင်း ဆုတောင်းကြလော့။-
Matt BurCBCM 24:21  အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း ဖြစ်ပျက်လိမ့် မည်မဟုတ်သောဆင်းရဲ ဒုက္ ခကြီးသည် ထိုအချိန်၌ ကျ ရောက်လိမ့်မည်။-
Matt BurCBCM 24:22  ထိုနေ့ရက်များကို တိုတောင်းစေခြင်း မရှိခဲ့ပါလျှင် မည် သူမျှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သို့သော် ရွေးကောက်ခြင်းခ ံထားရသောသူတို့အတွက် ထိုနေ့ရက်များကို တိုတောင်းစေလိမ့်မည်။-
Matt BurCBCM 24:23  ထိုကာလ၌ တစ်စုံတစ်ယောက်က ကြည့်လော့၊ ဤအရပ်တွင် ခရစ် တော်ရှိသည်၊ သို့မဟုတ် ထိုအရပ်တွင် ကိုယ်တော်ရှိ သည်ဟု သင်တို့အား ဆိုလျှင် မယုံကြနှင့်။-
Matt BurCBCM 24:24  အကြောင်းမူ ကား ခရစ်တော်အယောင်ဆောင်သူများနှင့် ပရောဖက် အတုအယောင်များပေါ်ပေါက်လာကြ၍ ကြီးကျယ်သော နိမိတ်လက္ခဏာများနှင့် တန်ခိုးအံ့ဖွယ်ရာများကို ပြကြ သဖြင့် ဖြစ်နိုင်ပါက ရွေးကောက်ခံရသောသူများကိုပင် လှည့်ဖြားနိုင်ကြသည် အထိဖြစ်လိမ့်မည်။-
Matt BurCBCM 24:25  ဤအကြောင်း အရာများကို သင်တို့အား ငါကြိုတင်သတိပေးထားလေ ပြီ။-
Matt BurCBCM 24:26  သို့ဖြစ်၍ သူတို့က ကိုယ်တော်သည် တောကန္တာရ၌ ရှိသည်ဟု သင်တို့အား ဆိုကြလျှင် ထွက်မသွားကြနှင့်။ ကိုယ်တော်သည် အိမ်ခန်းတွင်း၌ရှိသည်ဟုဆိုကြလျှင် လည်း မယုံကြနှင့်။-
Matt BurCBCM 24:27  အကြောင်းမူကား လျှပ်စီးလက်ခြင်းသည် အရှေ့အရပ်မှပေါ်ထွက်၍ အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်း သည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။-
Matt BurCBCM 24:28  အသေကောင်ရှိ ရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။
Matt BurCBCM 24:29  ဒုက္ခဆင်းရဲခြင်းကျရောက်သောနေ့ရက်များပြီး ဆုံး သောအခါ နေသည် ချက်ချင်းပင်မှောင်မိုက်လိမ့်မည်။ လ သည်လည်း အလင်းမပေးဘဲနေလိမ့်မည်။ ကြယ်များ သည်လည်း ကောင်းကင်မှကြွေကျကြလိမ့်မည်။ ကောင်း ကင်၏တန်ခိုးစွမ်းအင် တို့သည် လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။-
Matt BurCBCM 24:30  ထိုအခါ လူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ ပေါ်ထွန်းလာလိမ့်မည်။ ထို့နောက် ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ လိမ့်မည်။ လူသားသည် မိုးတိမ်ကိုစီးလျက် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် ကြွလာတော်မူသည်ကို သူ တို့မြင်ကြရလိမ့်မည်။-
Matt BurCBCM 24:31  ကိုယ်တော်သည် တံပိုးခရာမှုတ် သံနှင့်အတူ မိမိတမန်တော်များကိုစေလွှတ်တော်မူလိမ့် မည်။ သူတို့သည် အရပ်လေးမျက်နှာမှ ကိုယ်တော်ရွေး ကောက်ထားသောသူတို့ကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် စုရုံးထားကြလိမ့်မည်။
Matt BurCBCM 24:32  သဖန်းပင်မှသင်ခန်းစာကို သင်ယူကြလော့။ အပင် ၏အခက်အလက်များနု၍ ရွက်သစ်များထွက်လာသော အခါ နွေရာသီ ရောက်လုနီးပြီဟု သင်တို့သိကြ၏။-
Matt BurCBCM 24:33  ထို နည်းတူ သင်တို့သည်လည်း ဤအခြင်းအရာအားလုံးကို မြင်ကြသောအခါ ကိုယ်တော်သည် သင်တို့၏တံခါး၀သို့ ပင် ရောက်နေပြီဟု သိမှတ်ကြလော့။-
Matt BurCBCM 24:34  သင်တို့အား ငါ အမှန်ဆိုသည်ကား ဤအရာအားလုံးတို့ဖြစ်ပျက်သည့် တိုင်အောင် ဤလူမျိုးဆက်သည် မကွယ်မပျောက်ရာ။-
Matt BurCBCM 24:35  ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွားသော်လည်း ငါ၏နှုတ်တော်ထွက်စကားသည် မကွယ်မပျောက်ရာ။
Matt BurCBCM 24:36  သို့သော်လည်း ထိုနေ့ရက်နှင့် အချိန်နာရီကို ငါ၏ ခမည်းတော်မှတစ်ပါး မည်သူမျှမသိ၊ ကောင်းကင်တမန် တော်များလည်းမသိ၊ သားတော်ပင် မသိချေ။-
Matt BurCBCM 24:37  လူသား ၏ကြွလာတော်မူခြင်းသည် နောဧလက်ထက်ကကဲ့သို့ ပင်ဖြစ်လိမ့်မည်။-
Matt BurCBCM 24:38  အကြောင်းမူကား ရေမလွှမ်းမိုးမီကာ လ၌ နောဧသည် သင်္ဘောအတွင်းသို့ဝင်သည့်နေ့ရက် တိုင်အောင် လူတို့သည် စားသောက် ကြလျက် ထိမ်းမြား ပေးစားလျက် ရှိနေခဲ့ကြ၏။-
Matt BurCBCM 24:39  ရေလွှမ်းမိုးခြင်းရောက်လာ ၍ သူတို့အားလုံးကို သုတ်သင်ဖယ်ရှားသည့်တိုင်အောင် ထိုသူတို့သည် သတိမမူဘဲနေခဲ့ကြသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်းသည်လည်း ထိုသို့ဖြစ်လိမ့်မည်။-
Matt BurCBCM 24:40  ထို အခါ လယ်ထဲတွင်ရှိသောလူနှစ်ယောက်တို့အနက် တစ် ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်မှာ ကျန်ရစ်လိမ့်မည်။-
Matt BurCBCM 24:41  ကြိတ်ဆုံကြိတ်လျက်ရှိသောအမျိုး သမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင် သွားခြင်းခံရ၍ တစ်ယောက်မှာမူ ကျန်ရစ်လိမ့်မည်။-
Matt BurCBCM 24:42  ထို့ကြောင့် သတိနှင့်စောင့်နေကြလော့။ အကြောင်းမူ ကား သင်တို့၏သခင်ဘုရားကြွလာတော်မူမည့်အချိန်ကို သင်တို့မသိကြ။-
Matt BurCBCM 24:43  သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိ ပါလျှင် မိမိအိမ်ကိုမဖောက်ထွင်းစေရန် ဧကန်မုချစောင့် နေမည်ဖြစ်ကြောင်းကိုမူ သင်တို့သိမှတ်ကြလော့။-
Matt BurCBCM 24:44  ထို့ ကြောင့် သင်တို့သည်လည်း အသင့်ရှိကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
Matt BurCBCM 24:45  သို့ဖြစ်လျှင် အိမ်သူအိမ်သားအားလုံးအပေါ် ကြီးမှူး အုပ်ချုပ်ရန်နှင့် အချိန်တန်လျှင် ၎င်းတို့အား အစားအစာကို တည်ခင်း ကျွေးမွေးရန် သခင်က ခန့်ထားသော သစ္စာရှိ၍ ပညာသတိနှင့်ပြည့်စုံသည့်အစေခံကား မည်သူနည်း။-
Matt BurCBCM 24:46  ထိုသူသည် ဤကဲ့သို့ဆောင်ရွက်လျက်နေသည်ကို သူ ၏သခင်ပြန်လာသောအခါ တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
Matt BurCBCM 24:47  သင်တို့အား ငါအမှန်ဆိုသည်ကား သခင် သည် ထိုအစေခံအား မိမိ၏ဥစ္စာပစ္စည်းအားလုံးကို ထိန်း သိမ်းရန် အပ်နှင်းလိမ့်မည်။-
Matt BurCBCM 24:48  ဆိုးမိုက်သောအစေခံမူကား ငါ၏သခင်ပြန်လာရန်ကြာဦးမည်ဟု စိတ်ထဲ၌ဆို၍၊-
Matt BurCBCM 24:49  မိမိ ၏အစေခံအဖော်တို့ကို စတင်ရိုက်ပုတ်ကာ သေရည် သောက်ကြူးသူတို့နှင့် သောက်စားလျက်နေလေ၏။-
Matt BurCBCM 24:50  သူ၏သခင်သည် ထိုအစေခံမျှော်လင့်မထားသောနေ့ ရက်နှင့် မသိမှတ် သောအချိန်နာရီ၌ ပြန်ရောက်လာသော အခါ၊-
Matt BurCBCM 24:51  သူ့ကို ပြင်းထန်စွာဒဏ်ခတ်၍ သူတော်ကောင်း ယောင်ဆောင်သူတို့နှင့် အတူနေရာချထားလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။