NEHEMIAH
Chapter 7
Nehe | BurJudso | 7:1 | မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါး တို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသား တို့ကို ခန့်ထားပြီးမှ၊ | |
Nehe | BurJudso | 7:2 | သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရု ရှလင်မြို့ကို အပ်လျက်၊ | |
Nehe | BurJudso | 7:3 | နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။ | |
Nehe | BurJudso | 7:4 | အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည် မဆောက်ကြသေး | |
Nehe | BurJudso | 7:5 | ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။ | |
Nehe | BurJudso | 7:7 | ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင် မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာ သို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်း ဟူမူကား၊ | |
Nehe | BurJudso | 7:39 | ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊ | |
Nehe | BurJudso | 7:43 | လေဝိသားစာရင်းဟူမူကား၊ ဟောဒေဝအမျိုးထဲ က ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသားခုနစ်ဆယ် လေးယောက်၊ | |
Nehe | BurJudso | 7:45 | တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုး သား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတ အမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း။ | |
Nehe | BurJudso | 7:59 | ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခ ရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသား တည်း။ | |
Nehe | BurJudso | 7:61 | ထိုမှတပါး၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို၎င်း၊ မိမိတို့အဆွေအမျိုးကို၎င်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား၊ | |
Nehe | BurJudso | 7:63 | ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက်၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊ | |
Nehe | BurJudso | 7:64 | စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ။ | |
Nehe | BurJudso | 7:65 | ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။ | |
Nehe | BurJudso | 7:67 | ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊ | |
Nehe | BurJudso | 7:70 | အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏။ | |
Nehe | BurJudso | 7:71 | အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း။ | |
Nehe | BurJudso | 7:72 | ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။ | |