Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 13
Matt BurCBCM 13:1  ထိုနေ့၌ ယေဇူးသည် အိမ်မှထွက်လာပြီးလျှင် ပင်လယ်ကမ်းခြေအနီး၌ ထိုင်နေတော်မူ၏။-
Matt BurCBCM 13:2  ထိုအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့လာကြသောကြောင့် ကိုယ်တော်သည် လှေပေါ်သို့ တက်၍ ထိုင်တော်မူ၏။ လူအပေါင်းတို့သည်ကား ကမ်း ခြေတွင် ရပ်နေကြ၏။-
Matt BurCBCM 13:3  ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာတို့ကို ပုံဥပမာများဖြင့် သွန်သင် တော်မူလျက်ဆိုသည်မှာ မျိုးကြဲသူ တစ်ယောက်သည် မျိုးစေ့ကြဲအံ့သောငှာ ထွက်သွားလေ၏။-
Matt BurCBCM 13:4  သူသည် မျိုးစေ့ ကြဲရာတွင် အချို့သောမျိုးစေ့တို့သည် လမ်းပေါ်၌ကျ သဖြင့် ငှက်တို့သည် လာ၍ ၎င်းတို့ကို စားကြ၏။-
Matt BurCBCM 13:5  အချို့ သောမျိုးစေ့တို့သည် မြေဆီလွှာပါးသောကျောက်ခံမြေ ပေါ်တွင်ကျသဖြင့် မြေသားတိမ်၍ လျင်မြန်စွာအပင်ပေါက် လာကြ၏၊-
Matt BurCBCM 13:6  သို့သော် နေထွက်သောအခါ ၎င်းတို့သည် ပူလောင်၍ အမြစ်လည်းမတွယ်နိုင်သောကြောင့် ညှိုး ခြောက်သွားကြလေ၏။-
Matt BurCBCM 13:7  အချို့သောမျိုးစေ့တို့သည် ဆူး ပင်များအကြားတွင်ကျသဖြင့် ဆူးပင်တို့သည် ကြီးထွား လာပြီး ၎င်းတို့ကို ဖုံးပိတ်ကြကုန်၏။-
Matt BurCBCM 13:8  အချို့သောမျိုးစေ့ တို့မူကား ကောင်းသောမြေပေါ်တွင်ကျသဖြင့် အပင် ပေါက်လာကြသောအခါ အချို့သည် အဆတစ်ရာ၊ အချို့ သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ်စီ အသီးသီးကြ၏။-
Matt BurCBCM 13:9  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
Matt BurCBCM 13:10  ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသူတို့ ကို ပုံဥပမာများဖြင့် ဟောတော်မူသနည်းဟုမေးလျှောက် ကြလျှင်၊-
Matt BurCBCM 13:11  ကိုယ်တော်က သူတို့အား ပြန်ဖြေတော်မူ သည်ကား သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက် နဲသောအကြောင်း အရာများ ကိုသိခွင့်ရကြ၏။ ထိုသူတို့မူ ကား သိခွင့်မရကြ။-
Matt BurCBCM 13:12  အကြောင်းမူကား ရှိသောသူအား ထပ်မံ၍ပေးသဖြင့် သူ့၌အလျှံပယ်ရှိလိမ့်မည်။ မရှိသော သူထံမှမူကား သူ့၌ရှိသမျှကိုပင် ရုပ်သိမ်းလိမ့်မည်။-
Matt BurCBCM 13:13  သူ တို့အား ပုံဥပမာများဖြင့် ငါပြောရသည့်အကြောင်းမှာ သူတို့သည် ကြည့်လျက်နှင့် မမြင်၊ နားထောင်လျက်နှင့် မကြား၊ နားလည်းမလည်ကြသောကြောင့်ပင်ဖြစ်၏။-
Matt BurCBCM 13:14  ပရောဖက်အီဇာယ၏ဟောထားချက်သည် ထိုသူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်မူကား သင်တို့သည် ကြားကြရသော်လည်း မည်သည့်အခါမျှ နားလည်ကြလိမ့်မည်မဟုတ်။ ထို့အတူ သင်တို့သည် မြင်ကြရသော်လည်း မည်သည့်အခါမျှ သဘောပေါက် ကြလိမ့်မည်မဟုတ်။-
Matt BurCBCM 13:15  အကြောင်းမူကား ဤလူမျိုးသည် မိမိတို့၏မျက်စိတို့ဖြင့်မြင်၍ နားတို့ဖြင့် ကြားရပြီး စိတ် နှလုံးဖြင့် နားလည်ကြသောအခါ မိမိတို့၏အနာရောဂါ ပျောက်ကင်းစေခြင်းငှာ ငါ့ထံသို့ပြန်လာရမည်ကို စိုးရိမ် သောကြောင့် မိမိတို့၏စိတ်နှလုံးကို ထိုင်းမှိုင်းစေ ကြပြီး နားတို့ကို လေးစေကြလျက် မျက်စိတို့ကိုလည်း ပိတ် ထားကြ၏ဟု လာသတည်း။
Matt BurCBCM 13:16  သင်တို့၏မျက်စိတို့သည် မြင်၍ သင်တို့၏နားတို့ သည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။-
Matt BurCBCM 13:17  သင်တို့ အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်ရသောအရာများ ကို မြင်လိုကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရ သောအရာများကိုကြားလိုကြသော်လည်း မကြားခဲ့ကြရ။
Matt BurCBCM 13:18  ထို့ကြောင့် မျိုးစေ့ကြဲသောသူ၏ပုံဥပမာကို နား ထောင်ကြလော့။-
Matt BurCBCM 13:19  တစ်စုံတစ်ယောက်သည် နိုင်ငံတော် နှင့်ဆိုင်သောနှုတ်တော်ထွက်စကားကိုကြား၍ နားမလည် ဘဲနေသောအခါ နတ်ဆိုးသည် လာ၍ သူ၏စိတ်နှလုံးထဲ၌ ကြဲထားသည့်မျိုးစေ့ကိုနုတ်ယူသွားလေ၏။ ထိုသူသည် လမ်းပေါ်တွင်ကျသောမျိုးစေ့ဖြစ်၏။-
Matt BurCBCM 13:20  ကျောက်ခံမြေပေါ် တွင် ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကို ကြားသောအခါ ဝမ်းမြောက်ခြင်းဖြင့် ချက်ချင်းခံယူသူ ဖြစ်၏။-
Matt BurCBCM 13:21  သို့သော် သူ့၌ အမြစ်မတွယ်သောကြောင့် ခေတ္တ ခဏသာတည်မြဲလေ၏။ နှုတ်တော်ထွက်တရားတော် ကြောင့် ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော အခါ ထိုသူသည် ချက်ချင်းပင်စွန့်ခွာသွားတတ်၏။-
Matt BurCBCM 13:22  ဆူးပင်များအကြားတွင် ကျရောက်သောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကို ကြားရသော်လည်း လောကီ ရေးရာ၌ စိုးရိမ် ကြောင့်ကြခြင်းနှင့် ချမ်းသာကြွယ်၀မှုတို့၌ သာယာခြင်းတို့က နှုတ်တော်ထွက်စကားကို လွှမ်းမိုး သဖြင့် အသီးမသီးနိုင် သောသူ နှင့်တူ၏။-
Matt BurCBCM 13:23  ကောင်းသော မြေပေါ်၌ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကား ကိုကြား၍ နားလည်သဖြင့် အသီးသီးရာတွင် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ်ပွားစေသောသူဖြစ်သတည်းဟု မိန့်တော် မူ၏။
Matt BurCBCM 13:24  ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်အား မိမိ၏လယ်၌ ကောင်းသောမျိုးစေ့ကိုကြဲသောသူနှင့်ခိုင်း နှိုင်းနိုင်၏။-
Matt BurCBCM 13:25  သို့သော် လူတို့အိပ်ပျော်နေချိန်တွင် သူ၏ရန် သူသည်လာ၍ တောမျိုးစေ့များကို ဂျုံစပါးအလယ်၌ကြဲ ၍ထွက်သွားလေ၏။-
Matt BurCBCM 13:26  အပင်များပေါက်လာပြီး အနှံထွက် သည့်အချိန်တွင် ပေါင်းပင်များသည်လည်း ပေါ်ထွက်လာ လေ၏။-
Matt BurCBCM 13:27  ထိုအခါ အစေခံတို့သည် လယ်ပိုင်ရှင်ထံလာ၍ သခင်၊ ကောင်းသောမျိုးစေ့ကို သခင်၏လယ်၌ကြဲခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်လျှင် ပေါင်းပင်တို့သည် မည်သို့ ရောက်လာသနည်းဟု မေးကြ၏။-
Matt BurCBCM 13:28  လယ်ပိုင်ရှင်က ရန်သူ သည် ဤအမှုကိုပြုခဲ့ပြီဟု သူတို့အား ဆို၏။ အစေခံတို့ ကလည်း ဤသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ ၎င်းတို့ကို စုသိမ်းရန် သခင်အလိုရှိပါသလောဟုမေးမြန်းကြ၏။-
Matt BurCBCM 13:29  သို့သော် လယ်ပိုင်ရှင်က ငါအလိုမရှိ၊ ပေါင်းပင်တို့ကို စု သိမ်းရာတွင် သင်တို့သည် ၎င်းတို့နှင့်အတူ ဂျုံစပါးတို့ကို လည်း နုတ်မိမည်ကိုစိုးရိမ်ရ၏။-
Matt BurCBCM 13:30  ဂျုံစပါးရိတ်သည့်ကာလ တိုင်အောင် နှစ်မျိုးစလုံးကြီးထွားပါစေ။ ရိတ်သိမ်းချိန်၌ ပေါင်းပင်တို့ကိုဦးစွာနုတ်၍ မီးရှို့ရန် စည်းထားကြလော့၊ ဂျုံစပါးကိုမူ ငါ၏ကျီထဲ၌လှောင်ထားကြလော့ဟု ရိတ် သိမ်းသူတို့အား ငါမှာထားမည်ဟူ၍ မိန့်တော်မူ၏။
Matt BurCBCM 13:31  ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ကား လူတစ်ဦးသည် ယူလာ၍ မိမိ၏ယာခင်း၌စိုက်သော မုန်ညင်းစေ့တစ်စေ့နှင့်တူလေ၏။-
Matt BurCBCM 13:32  ထိုမုန်ညင်းစေ့သည် အစေ့တကာတို့တွင် အငယ်ဆုံးဖြစ်သော်လည်း ကြီး ထွားလာသောအခါ စားပင်တို့တွင် အကြီးဆုံးဖြစ်ပြီး မိုးကောင်းကင်ငှက်တို့သည် လာကြ၍ ၎င်း၏အကိုင်း အခက်တို့၌ အသိုက်များပြုလုပ်နိုင်လောက်သောအပင် တစ်ပင်ဖြစ်လာသ ည်ဟု မိန့်တော်မူ၏။
Matt BurCBCM 13:33  ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ကား မိန်းမတစ်ဦးသည် ယူ၍ မုန့်ညက်သုံးတင်း၌ထည့် သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသောတဆေးနှင့် တူသည်ဟုမိန့်တော်မူ၏။
Matt BurCBCM 13:34  ယေဇူးသည် ဤအကြောင်းအရာအားလုံးတို့ကို ပုံဥပမာများအားဖြင့် လူအစုအဝေးတို့အား ဟောပြော တော်မူ၏။ ကိုယ်တော်သည် ပုံဥပမာမပါဘဲ သူတို့အား မည်သည့်အကြောင်းအရာကိုမျှ ဟောတော်မမူ။-
Matt BurCBCM 13:35  ဤ သည်ကား ငါသည် ပုံဥပမာတို့ဖြင့် ငါ၏နှုတ်ကို ဖွင့်ဟ မည်၊ ကမ္ဘာတည်စကပင် ဖုံးကွယ်လျက်ရှိသောအရာများ ကို ငါထုတ ်ဖော်ပြောဆိုမည်ဟူသော ပရောဖက်၏ဟော ထားချက်ပြည့်စုံစေမည့်အကြောင်းဖြစ်သတည်း။
Matt BurCBCM 13:36  ထို့နောက် ကိုယ်တော်သည် လူအစုအဝေးထံမှ ထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော် တို့သည် အထံတော်သို့ချဉ်းကပ်၍ လယ်ထဲရှိပေါင်းပင် များ၏ပုံဥပမာကို မိမိတို့အား ရှင်းပြတော်မူပါဟု လျှောက် ထားကြ၏။-
Matt BurCBCM 13:37  ကိုယ်တော်ကလည်း ကောင်းသောမျိုးစေ့ ကိုကြဲသောသူသည် လူသားဖြစ်၏။-
Matt BurCBCM 13:38  လယ်ကွင်းကား ဤကမ္ဘာလောကပေတည်း။ ကောင်းသောမျိုးစေ့သည် ကား နိုင်ငံတော်သားများဖြစ်ကြ၏။ ပေါင်းပင်များကား နတ်ဆိုး၏သားများဖြစ်ကြ၏။-
Matt BurCBCM 13:39  ယင်းမျိုးစေ့များကိုကြဲ သောရန်သူကား နတ်ဆိုးပင်ဖြစ်၏။ စပါးရိတ်သိမ်းချိန် ကား ဤကမ္ဘာကုန်သောအချိန်ဖြစ်၏။ ရိတ်သိမ်းသော သူများသည်ကား ကောင်းကင်တမန်တော်များဖြစ်၏။-
Matt BurCBCM 13:40  ပေါင်းပင်များကိုစုသိမ်းပြီး မီးရှို့ရသကဲ့သို့ ကမ္ဘာကုန်သော ကာလ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။-
Matt BurCBCM 13:41  လူသားသည် မိမိ၏ကောင်းကင်တမန်တော်တို့ကိုစေလွှတ်တော်မူ၍ သူတို့သည် မှားယွင်းစေသောအရာရှိသမျှနှင့် အပြစ်ကျူး လွန်သူအားလုံးတို့ကို ကိုယ်တော်၏နိုင်ငံတော်မှ ထုတ် ပယ်ပြီး၊-
Matt BurCBCM 13:42  ၎င်းတို့ကို တောက်လောင်နေသောမီးဖိုထဲသို့ ပစ်ချလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ် ကြလိမ့်မည်။-
Matt BurCBCM 13:43  ထို့နောက် ဖြောင့်မတ်သောသူတို့သည် မိမိတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့် မည်။ ကြားခြင်းငှာ နားရှိသော သူသည် ကြားပါစေ။
Matt BurCBCM 13:44  ကောင်းကင်နိုင်ငံတော်သည် လယ်မြေ၌ဝှက်ထား သောရတနာနှင့်တူ၏။ ထိုရတနာကိုတွေ့သောသူသည် ၎င်းကို ပြန်လည်ဝှက်ထားပြီး ဝမ်းသာအားရဖြင့် သွားကာ လျှင် မိမိ၌ရှိသမျှကိုရောင်းချ၍ ထိုလယ်မြေကို ဝယ်ယူ လေ၏။
Matt BurCBCM 13:45  တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် အရည် အသွေးကောင်းသောပုလဲများကို ရှာသောကုန်သည် တစ်ဦးနှင့်တူ၏။-
Matt BurCBCM 13:46  သူသည် တန်ဖိုးကြီးသောပုလဲတစ်လုံး ကိုတွေ့သောအခါ သွား၍ မိမိ၌ရှိသမျှတို့ကို ရောင်းပြီး လျှင် ထိုပုလဲကို ဝယ်ယူလေ၏။
Matt BurCBCM 13:47  တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချထား၍ ငါးအမျိုးမျိုးတို့ကိုအုပ်မိသော ပိုက်ကွန်နှင့်တူ ၏။-
Matt BurCBCM 13:48  ပိုက်ကွန်သည် ငါးများနှင့်ပြည့်သောအခါ တံငါတို့ သည် ၎င်းကို ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက် ကောင်း သောငါးများ ကိုရွေးချယ်ကာ တောင်းများထဲသို့ထည့် ထားပြီး မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ ၏။-
Matt BurCBCM 13:49  ထို့အတူ ကမ္ဘာကုန်သောအခါ ဤသို့ဖြစ်လိမ့်မည်။ ကောင်းကင်တမန်တော်တို့သည် ထွက်လာ၍ မကောင်း သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ ခွဲထုတ်ပြီး၊-
Matt BurCBCM 13:50  သူတို့အား တောက်လောင်နေသောမီးဖိုတွင်းသို့ပစ်ချ ကြလိမ့်မည်။ ထိုအရပ်၌ ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။
Matt BurCBCM 13:51  ဤအကြောင်းအရာအလုံးစုံကို သင်တို့နားလည် ကြသလောဟုမေးတော်မူလျှင် သူတို့က နားလည်ပါသည်ဟု လျှောက် ထားကြ၏။-
Matt BurCBCM 13:52  ကိုယ်တော်ကလည်း ထို့ ကြောင့် ကောင်းကင်နိုင်ငံတော်၏အကြောင်းအရာတို့ကို သင်ကြားတတ်မြောက်ပြီးသော ကျမ်းတတ် ဆရာမည် သည်ကား မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာပစ္စည်းအသစ်နှင့် အဟောင်းတို့ကို ထုတ်ဖော်ပြသောအိမ်ရှင်နှင့်တူသည် ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 13:53  ယေဇူးသည် ထိုပုံဥပမာများကို မိန့်မြွက်တော်မူ ပြီးသောအခါ ထိုအရပ်မှ ကြွသွားတော်မူ၏။-
Matt BurCBCM 13:54  မိမိ၏နေ ရင်းမြို့သို့ရောက်တော်မူလျှင် ကိုယ်တော်သည် လူတို့ကို သူတို့၏တရားဇရပ်၌ သွန်သင်တော်မူသဖြင့် သူတို့သည် လွန်စွာအံ့ဩကြလျက် ဤသူသည် ဤပညာနှင့် ဤ အံ့ဖွယ်တန်ခိုးများကို အဘယ်ကရသနည်း။-
Matt BurCBCM 13:55  သူသည် လက်သမား၏သားမဟုတ်လော။ သူ၏အမိကို မာရိယာ ဟုခေါ်သည်မဟုတ်ပါလော။ ယာကုပ်၊ ဂျိုးဇက်၊ စီမွန်နှင့် ဂျုဒတို့သည် သူ၏ညီများမဟုတ်သလော။-
Matt BurCBCM 13:56  သူ၏နှမ တို့သည်လည်း ငါတို့အနီးအနားတွင် နေထိုင်ကြသည် မဟုတ် လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာအားလုံး တို့ကို အဘယ်ကရသနည်းဟု ဆိုကြ၍၊-
Matt BurCBCM 13:57  ကိုယ်တော့်ကို လက်မခံလိုကြချေ။ ယေဇူးကလည်း ပရောဖက်သည် မိမိ၏မြို့နှင့် မိမိ၏အိမ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ် သရေမဲ့သည်ဟူ၍မရှိဟု မိန့်တော်မူ၏။-
Matt BurCBCM 13:58  ကိုယ်တော် သည်လည်း ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ထိုအရပ်၌ တန်ခိုးလက္ခဏာများစွာပြတော်မမူချေ။