PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 104
Psal | BurCBCM | 104:1 | အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူပါ၏။ ကိုယ်တော်သည် ဘုန်းအရှိန်အဝါနှင့် ဂုဏ်ကျက်သရေတို့ကို ဆင်မြန်းထားတော်မူပါ၏။- | |
Psal | BurCBCM | 104:2 | ကိုယ်တော်သည် မိမိကိုယ်ကို အလင်းရောင်ဖြင့် ဝတ်ရုံပမာလွှမ်းခြုံထားလျက် ကောင်းကင်တို့ကို ယာယီတဲပမာ ဖြန့်ထားတော်မူ၏။- | |
Psal | BurCBCM | 104:3 | ကိုယ်တော်သည် ကိုယ်တော်၏အထက်ခန်းမများမှ ထုပ်တန်းများကို ရေပြင်ပေါ်တွင် တည်ထားတော်မူ၏။ ကိုယ်တော်သည် မိုးတိမ်များကို မိမိ၏မြင်းရထားသဖွယ်ပြုလုပ်၍ လေကိုအတောင်ပံများသဖွယ် စီးတော်မူ၏။- | |
Psal | BurCBCM | 104:4 | ကိုယ်တော်သည် လေကိုမိမိ၏စေတမန်များ အဖြစ်သို့လည်းကောင်း၊ မီးတောက်မီးလျှံများကို မိမိ၏အစေခံတို့ကဲ့သို့ လည်းကောင်း ပြုလုပ်တော်မူ၏။ | |
Psal | BurCBCM | 104:5 | ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ၎င်း၏အခြေခံအုတ်မြစ်များအပေါ်တွင် တည်ဆောက်ထား၍ ၎င်းသည် မည်သည့်အခါမျှ ရွေ့ရှားတုန်ခါခြင်းမရှိပေ။- | |
Psal | BurCBCM | 104:6 | ကိုယ်တော်သည် ကမ္ဘာမြေကြီးကို နက်ရှိုင်းသောရေတို့နှင့် ဝတ်ရုံပမာဖုံးလွှမ်းတော်မူ၏။ ရေတို့သည်လည်း တောင်တန်း များအထက်တွင် တည်ရှိကြ၏။- | |
Psal | BurCBCM | 104:7 | သို့ရာတွင် ကိုယ်တော် ပြစ်တင်ဆုံးမတော်မူသောအခါ ရေတို့သည် ဆုတ်ခွာသွားကြ၏။ ကိုယ်တော်၏ မိုးထစ်ချုန်းသံကြောင့် ယင်းတို့သည် လျင်မြန်စွာ စီးဆင်းသွားကြပါ၏။- | |
Psal | BurCBCM | 104:8 | ရေတို့သည် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းပြီး သူတို့အတွက် ကိုယ်တော်သတ်မှတ်ပေးထားသည့် နေရာဖြစ်သော ချိုင့်ဝှမ်းများအတွင်းသို့ စီးဝင်သွားကြ၏။- | |
Psal | BurCBCM | 104:9 | ကိုယ်တော်သည် ရေတို့မဖြတ်ကျော်နိုင်ရန် နယ်နိမိတ်ကိုသတ်မှတ်ခဲ့၏။ သူတို့သည် ကမ္ဘာမြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှ လွှမ်းမိုးနိုင်တော့မည်မဟုတ်ချေ။ | |
Psal | BurCBCM | 104:10 | ကိုယ်တော်သည် ချိုင့်ဝှမ်းများ၌ စမ်းရေတို့ကို စီးထွက်စေတော်မူ၍ ၎င်းတို့သည် တောင်များကြားတွင် စီးဆင်းလေ၏။- | |
Psal | BurCBCM | 104:11 | ၎င်းတို့သည် လယ်ပြင်ရှိသားရဲတိရစ္ဆာန်အပေါင်းအား သောက်စရာရေကိုပေး၍ မြည်းရိုင်းတို့သည် ရေငတ်ပြေကြရ၏။- | |
Psal | BurCBCM | 104:12 | လေထဲရှိ ကျေးငှက်တို့သည် ရေများအနီးတွင် အသိုက်ပြုလုပ်ကြပြီး သစ်ကိုင်းများအလယ်တွင် သီဆိုကျူးရင့်ကြ၏။- | |
Psal | BurCBCM | 104:13 | ကိုယ်တော်သည် အထက်ခန်းမများမှတောင်များကို ရေဖြင့်သွန်းလောင်းတော်မူ၍ ကမ္ဘာမြေကြီးသည်လည်း ကိုယ်တော့်လက်ရာတော်၏ အကျိုးဆက်အားဖြင့် အားရကျေနပ်လျက်ရှိ၏။ | |
Psal | BurCBCM | 104:14 | ကိုယ်တော်သည် တိရစ္ဆာန်များအတွက် မြက်ပင်တို့ကိုလည်းကောင်း၊ လူတို့စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်တို့ကို လည်းကောင်း ဖန်ဆင်း၍ ကမ္ဘာမြေကြီးမှ အစားအစာဖြစ်ပေါ်လာစေပြီး၊- | |
Psal | BurCBCM | 104:15 | လူ၏စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေမည့် စပျစ်ရည်ကိုလည်းကောင်း၊ လူ၏မျက်နှာကို တောက်ပစေသည့် ဆီကိုလည်းကောင်း၊ လူ၏နှလုံးကိုခွန်အားဖြစ်စေသည့် အစားအစာကိုလည်းကောင်း ဖြစ်ထွန်းစေတော်မူ၏။- | |
Psal | BurCBCM | 104:16 | ထာ၀ရဘုရားသခင်၏သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည့် လေဘနွန်မှ ထင်ရှူးမွှေးပင်များသည် ရေ၀စွာ သောက်ကြရ၏။- | |
Psal | BurCBCM | 104:17 | ထိုအပင်တို့တွင် ကျေးငှက်တို့သည် အသိုက်များပြုလုပ်ကြ၍ ငှက်ကျားသည်လည်း ၎င်း၏အသိုက်ရှိလေ၏။- | |
Psal | BurCBCM | 104:18 | မြင့်သောတောင်တန်းများကို တောဆိတ်တို့က ပိုင်ဆိုင်ကြ၏။ မတ်စောက်သော ကျောက်ဆောင်တို့မှာလည်း ယုန်တို့အတွက် ခိုလှုံရာဖြစ်ကြ၏။- | |
Psal | BurCBCM | 104:19 | ကိုယ်တော်သည် ကာလရာသီတို့ကို သတ်မှတ်ပေးရန် လကိုဖန်ဆင်း၍ နေသည်လည်း မည်သည့်အချိန်တွင် ဝင်ရမည်ကိုသိလေ၏။- | |
Psal | BurCBCM | 104:20 | ကိုယ်တော်သည် မှောင်မိုက်ခြင်းကို ယူဆောင်လာသောအခါ ညဖြစ်ပေါ်လာ၍ တောထဲမှ သားရဲတိရစ္ဆာန်အပေါင်းတို့ သည်လည်း ထိုအချိန်တွင် လှည့်လှည်သွားလာကြလေ၏။- | |
Psal | BurCBCM | 104:21 | ခြင်္သေ့ပျိုတို့သည် မိမိတို့၏ သားကောင်အတွက် ဟိန်းဟောက်ကြလျက် ဘုရားသခင်ထံမှ မိမိတို့၏ အစားအစာကို တောင်းခံကြ၏။- | |
Psal | BurCBCM | 104:22 | နေထွက်လာသောအခါ သူတို့သည် ဆုတ်ခွာသွားကြ၍ မိမိတို့၏တွင်းများသို့ ပြန်ကာလဲလျောင်းကြလေ၏။- | |
Psal | BurCBCM | 104:24 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လက်ရာတော်တို့သည် များပြားလှပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ဉာဏ်ပညာတော်အားဖြင့် ဖန်ဆင်းထားတော်မူပါ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းထားသော သတ္တဝါများဖြင့် ပြည့်နှက်လျက်ရှိ၏။- | |
Psal | BurCBCM | 104:25 | မရေမတွက်နိုင်အောင်များပြားသည့် သက်ရှိသတ္တဝါကြီးငယ်တို့ဖြင့် ပြည့်နှက်နေသော ကြီးမားကျယ်ဝန်းသည့် ပင်လယ်ပြင်ရှိပါ၏။- | |
Psal | BurCBCM | 104:26 | ထိုနေရာ၌ သင်္ဘောများဖြတ်သန်းသွားလာကြပြီး ရေတွင်ခုန်ပေါက်မြူးထူးရန် ကိုယ်တော်ဖန်ဆင်းထားသည့် လေဗိယသန်ခေါ် ငါးကြီးများလည်း ရှိလေ၏။ | |
Psal | BurCBCM | 104:27 | ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ ကိုယ်တော့်ကို မျှော်ကြည့်ကြပါ၏။- | |
Psal | BurCBCM | 104:28 | ကိုယ်တော်သည် သူတို့အား အစာကိုပေးတော်မူသောအခါ သူတို့သည် စုသိမ်းကြပါ၏။ ကိုယ်တော်သည် လက်တော်ကို ဖွင့်တော်မူသောအခါ သူတို့သည် ကောင်းသောအရာတို့ဖြင့် ပြည့်၀ကြပါ၏။- | |
Psal | BurCBCM | 104:29 | ကိုယ်တော်သည် မျက်နှာတော်ကို လွှဲဖယ်တော်မူသောအခါ သူတို့သည် ကြောက်ရွံ့ကြပါ၏။ သူတို့၏အသက်ကို ကိုယ်တော်ရုပ်သိမ်းတော်မူသောအခါ သူတို့သည် သေကြ၍ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြပါ၏။- | |
Psal | BurCBCM | 104:30 | ကိုယ်တော်သည် ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံကြရပါ၏။ ကိုယ်တော်သည် မြေမျက်နှာပြင်ကို အသစ်ပြုပြင်တော်မူ၏။ | |
Psal | BurCBCM | 104:31 | ထာ၀ရဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်သည် ကာလအစဉ်အဆက်တည်မြဲပါစေ။ ထာ၀ရဘုရားသခင်သည် မိမိ၏လက်ရာတော်များကြောင့် ရွှင်လန်းဝမ်းမြောက်တော်မူပါစေ။- | |
Psal | BurCBCM | 104:32 | ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ကြည့်တော်မူသောအခါ ယင်းသည် တုန်လှုပ်ပါ၏။ တောင်တန်းများကို တို့ထိတော်မူသောအခါ ယင်းတို့သည် မီးခိုးထွက်ကြပါ၏။- | |
Psal | BurCBCM | 104:33 | ငါအသက်ရှင်သရွေ့ ထာ၀ရဘုရားသခင်ကို သီဆိုကျူးအေးမည်။ ငါလူဖြစ်စဉ်အခိုက် ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။- | |
Psal | BurCBCM | 104:34 | ငါ၏ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကိုယ်တော့်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေ။ အကြောင်းမူကား ငါသည် ထာ၀ရ ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ပါ၏။- | |