Toggle notes
Chapter 1
II T | BurCBCM | 1:1 | ခရစ်တော်ယေဇူး၌တည်ရှိသော အသက်၏ကတိတော်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏ တမန်တော်ဖြစ်သော ငါပေါလုထံမှ၊- | |
II T | BurCBCM | 1:2 | ငါ၏ချစ်သား တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်း သာယာခြင်းသက်ရောက်ပါစေသော်။ | |
II T | BurCBCM | 1:3 | ငါသည် ဆုတောင်းပတ္ထနာပြုရာတွင် သင့်ကိုအစဉ်အမြဲသတိရသောကြောင့် ငါ၏ဘိုးဘေးများပြုလုပ်ခဲ့သည့်အတိုင်း ကြည်လင်သောအသိတရားနှင့် ငါအစေခံသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- | |
II T | BurCBCM | 1:4 | ငါသည် သင်မျက်ရည်ကျခဲ့သည်ကို သတိရသဖြင့် သင့်ကို တွေ့နိုင်ရန် တမ်းတလျက်ရှိ၏။ သို့မှသာ ငါ၌ဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလိမ့်မည်။- | |
II T | BurCBCM | 1:5 | ငါသည် သင်၏စစ်မှန်သောယုံ ကြည်ခြင်းကို သတိရလျက်ရှိ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလိုအိနှင့် သင်၏ အမိယူနစ်တို့၌ ရှေးဦးစွာ တည်ရှိခဲ့ပြီး ယခုအခါတွင်သင်၌တည်ရှိနေကြောင်း ငါယုံ ကြည်စိတ်ချ၏။- | |
II T | BurCBCM | 1:6 | သို့ဖြစ်၍ ငါ၏ လက်တင်ခြင်းအားဖြင့် သင်ရရှိထားသော ဘုရားသခင်၏ကျေးဇူးတော်ကို ပြန် လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေးလိုက်ပါ၏။- | |
II T | BurCBCM | 1:7 | အကြောင်းမူကား ဘုရားသခင်သည် ငါတို့အားကြောက်ရွံ့ စိတ်ကိုမပေးဘဲ စွမ်းအားတန်ခိုး၊ ချစ်ခြင်းမေတ္တာနှင့်မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း စသောစိတ်တို့ကိုသာ ပေးတော်မူသောကြောင့်တည်း။ | |
II T | BurCBCM | 1:8 | ထို့ကြောင့် ငါတို့၏သခင်ဘုရားကို သက်သေခံရန်အတွက်လည်းကောင်း၊ အကျဉ်းကျခံနေရသူငါ့အတွက်ကြောင့်လည်း ကောင်း ရှက်ရွံ့ခြင်းမရှိဘဲလျက် ဘုရားသခင်၏တန်ခိုးတော်ကိုအမှီပြု၍ ဧဝံဂေလိ၏တရားတော်အတွက် ဆင်းရဲဒုက္ခကို မျှဝေ ခံထမ်းပါလော့။- | |
II T | BurCBCM | 1:9 | ဘုရားသခင်သည် ငါတို့ကိုကယ်တင်၍ သန့်ရှင်းသော ခေါ်တော်မူခြင်းဖြင့် ခေါ်ဆောင်သည်မှာ ငါတို့၏ကုသိုလ် ကောင်းမှုများ ကြောင့်မဟုတ်ဘဲ ကိုယ်တော်၏အကြံ အစည်တော်နှင့် ကျေးဇူးတော်တို့ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ထိုကျေးဇူးတော်ကို ရှေးကာလကပင် ခရစ်တော်ယေဇူးအားဖြင့် ငါတို့အားပေးသနားတော်မူခဲ့၏။- | |
II T | BurCBCM | 1:10 | ယခုမူကား ငါတို့ကယ်တင်ရှင် ခရစ်တော်ယေဇူး၏ကြွ လာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်သည် ပေါ်လွင်ထင်ရှား လာလေပြီ။ ထိုအရှင်သည် သေခြင်းကိုဖယ်ရှား၍ ဧဝံဂေလိတရားတော်အားဖြင့် အသက်ရှင်ခြင်းနှင့် မပုပ်ပျက်နိုင်ခြင်းတို့ကို ပေါ်လွင်ထင်ရှားစေတော်မူ၏။- | |
II T | BurCBCM | 1:11 | ဤဧဝံဂေလိတရားတော်အတွက် ငါသည်ဟောပြောသူ အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာ အဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရလေပြီ။- | |
II T | BurCBCM | 1:12 | ထို့ကြောင့် ငါသည် ဤဆင်းရဲဒုက္ခများကို ခံနေရခြင်းဖြစ် ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူ ကား ငါသည် မည်သူ့အား ယုံကြည်အားကိုးသည်ကိုသိ၏။ ကိုယ်တော်သည် ငါ့အား အပ်နှင်းထားသောအရာကို ထိုနေ့ရက်တိုင်အောင် စောင့်ရှောက်နိုင်တော်မူသည်ကိုလည်း ငါအသေအချာသိ၏။- | |
II T | BurCBCM | 1:13 | ငါ့ထံမှ သင်ကြားနာခဲ့ရသည့် မှန်ကန်သောအယူဝါဒနှင့်အတူ ခရစ်တော်ယေဇူး၌ တည်ရှိသောယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ကို လိုက်နာကျင့်ကြံလော့။- | |
II T | BurCBCM | 1:14 | ငါတို့တွင် ကိန်းအောင်းသည့် ဝိညာဉ်တော်မြတ်အားဖြင့် သင့်အားအပ်နှင်းထားသော သမ္မာတရားတော်ကို ထိန်းသိမ်း စောင့်ရှောက်လော့။ | |
II T | BurCBCM | 1:15 | သင်သိထားသည့်အတိုင်း အာရှပြည်တွင်ရှိကြ သောသူအပေါင်းတို့သည် ငါ့ကိုစွန့်ခွာသွားကြလေပြီ။ ထိုသူတို့တွင် ဖိဂျေလု နှင့် ဟေမိုဂျင်းတို့ပါဝင်ကြ၏။- | |
II T | BurCBCM | 1:16 | သခင် ဘုရားသည် အိုနေးစိဖိုရုတို့၏မိသားစုအပေါ် သနားကရု ဏာသက်တော်မူပါစေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ငါ့ကိုမကြာခဏ စိတ်သက်သာရာရစေ၍ ငါအချုပ်အနှောင်ခံရသည့်အတွက် ရှက်ရွံ့ခြင်းမရှိချေ။- | |
II T | BurCBCM | 1:17 | ထိုမျှမက သူသည် ရောမမြို့ သို့ရောက်လျှင်ရောက်ချင်း ငါ့ကို စိတ် အားထက်သန်စွာ ရှာဖွေခဲ့ပြီးနောက် တွေ့လည်းတွေ့ခဲ့ လေ၏။- | |
Chapter 2
II T | BurCBCM | 2:1 | ငါ့သား၊ သင်သည် ခရစ်တော်ယေဇူး၌တည်ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားဖြည့်တင်းပါလော့။- | |
II T | BurCBCM | 2:2 | များစွာသောသက်သေတို့၏ရှေ့တွင် ငါ့ထံမှ သင်ကြားနာခဲ့ရသည့်အရာကို အခြားသူတို့အား သင်ကြားပေးနိုင်မည့် ယုံကြည် စိတ်ချရသူတို့အား ပေးအပ်ပါလော့။- | |
II T | BurCBCM | 2:4 | တာဝန်ထမ်း ဆောင်နေသောစစ်သူရဲတစ်ဦးသည် မိမိကိုစစ်သူရဲခန့် ထားသောသူအား ကျေနပ်နှစ်သက်စေရမည်ဖြစ်သော ကြောင့် မည်သည့်လူမှုရေးကိစ္စတွင်မှ ပါဝင်ပတ်သက် ခြင်းမရှိချေ။- | |
II T | BurCBCM | 2:5 | အားကစားသမားတစ်ဦးသည် စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ခြင်းမပြုလျှင် အောင်မြင်ခြင်းသရဖူကို ရလိမ့်မည် မဟုတ်။- | |
II T | BurCBCM | 2:6 | ကောက်ပဲသီးနှံများ၏ ပထမဦးဆုံးဝေစုကို ရရှိသင့်သောသူမှာ ကြိုးကြိုးစားစား လုပ်ကိုင်သောလယ်သမားပင်ဖြစ်၏။- | |
II T | BurCBCM | 2:7 | ငါပြောဆိုသော အရာကို စဉ်းစားဆင်ခြင်လော့။ သခင်ဘုရားသည်လည်း သင့်အားအရာအားလုံးကို နားလည်စေတော် မူလိမ့်မည်။ | |
II T | BurCBCM | 2:8 | ငါဟောပြောသောဧဝံဂေလိတရားတော်၌ ဆိုထားသကဲ့သို့ သေခြင်းမှရှင်ပြန်ထမြောက်သောယေဇူးခရစ်တော်သည် ဒါဝိဒ်မင်းကြီးထံမှ ဆင်းသက်လာတော်မူခဲ့ ကြောင်းကိုသတိရပါလော့။- | |
II T | BurCBCM | 2:9 | ငါသည် ဤဧဝံဂေလိတရား တော်အတွက်ကြောင့် ရာဇဝတ်သားကဲ့သို့ ဒုက္ခဝေဒနာ ခံစားရ၍ သံကြိုးဖြင့် ချည်နှောင်ခြင်း ခံရ၏။ သို့ရာတွင် ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် ချည်နှောင် ခြင်းမခံရပေ။- | |
II T | BurCBCM | 2:10 | ထို့ကြောင့် ငါသည် ရွေးကောက်ခြင်းခံရ သောသူတို့အတွက် အရာရာကို တည်ကြည်စွာခံထမ်းခြင်းဖြစ်၏။ ဤသို့ဖြင့် ထိုသူတို့သည် ခရစ်တော်ယေဇူး၌တည်ရှိသော ကယ်တင်ခြင်းကျေးဇူးတော်ကို ထာ၀ရဘုန်းဂုဏ်တော်နှင့်အတူ ခံစားကြရ ပေလိမ့်မည်။- | |
II T | BurCBCM | 2:11 | ဤသည်ကား သေချာမှန်ကန်သောစကားဖြစ်၏။ ငါတို့သည် ကိုယ်တော်နှင့်အတူ သေခဲ့ကြလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။- | |
II T | BurCBCM | 2:12 | ငါတို့သည် တည်ကြည်စွာ ခံထမ်းလျှင် ကိုယ်တော်နှင့်အတူ စိုးစံကြလိမ့်မည်။ ငါတို့သည် ကိုယ်တော့်ကို စွန့်ပယ်ကြလျှင် ကိုယ်တော်သည်လည်း ငါတို့ကို စွန့်ပယ်တော်မူလိမ့်မည်။- | |
II T | BurCBCM | 2:13 | ငါတို့သည် သစ္စာမရှိသော်လည်း ကိုယ်တော်သည် သစ္စာတည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိကိုယ်ကို မငြင်းပယ်နိုင်သောကြောင့်ဖြစ်၏။ | |
II T | BurCBCM | 2:14 | ဤအကြောင်းနှင့်ပတ်သက်၍ သူတို့အား သတိပေးလော့။ စကားလုံးအသုံးအနှုန်းများအတွက် ငြင်းခုံခြင်းကို ရှောင်ကြဉ်ကြ ရန် သခင်ဘုရား၏ရှေ့မှောက်တော်၌ သူတို့အားညွှန်ကြားလော့။ ထိုသို့ငြင်းခုံခြင်းသည် မည်သို့မျှ အကျိုးမပြုဘဲ ကြားနာရသူ တို့ကို ပျက်စီးခြင်းသို့ ရောက်စေ၏။- | |
II T | BurCBCM | 2:15 | သင်သည် ရှက်ကြောက်စရာမလိုဘဲ သမ္မာတရားတော်ကို မှန်ကန်စွာဟောပြောသူနှင့် ဘုရား သခင်နှစ်သက်လက်ခံသော လုပ်သားအဖြစ် သင့်ကိုယ် သင်ဆက်ကပ်နိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ပါလော့။- | |
II T | BurCBCM | 2:16 | ဘုရားတရားမဲ့သောပြောဆိုဆွေးနွေးခြင်းများ ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုသို့ပြုလုပ်ခြင်း သည် လူတို့ကို ပို၍ဘုရားတရားမဲ့စေ၏။- | |
II T | BurCBCM | 2:17 | ထိုသို့ပြောဆိုခြင်းသည် မြစ်ပွားနာကဲ့သို့ ပျက်စီးခြင်းကိုပျံ့ပွားစေ၏။ ထိုသူတို့ထဲတွင် ဟေမေနေဦးနှင့် ဖိလက်တုတို့ ပါဝင်ကြ၏။- | |
II T | BurCBCM | 2:18 | သူတို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက် ခြင်းအဖြစ်သည် ကျော်လွန်သွားခဲ့လေပြီဟုဆိုခြင်းဖြင့် သမ္မာတရားလမ်း မှ လွဲချော်သွားပြီးလျှင် အချို့သောသူတို့၏ယုံကြည်ခြင်းကို ရှုပ်ထွေးစေခဲ့ကြ၏။- | |
II T | BurCBCM | 2:19 | သို့သော် ဘုရား သခင်၏ခိုင်ခန့်သောအုတ်မြစ်သည် အခိုင်အမာပင်ရပ် တည်လျက်ရှိ၏။ ထိုအုတ်မြစ်ပေါ်၌ ခတ်နှိပ်ထား သော တံဆိပ်သည်ကား ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုး တော်ကို သိတော်မူ၏။ ထာ၀ရဘုရားသခင်၏နာမတော်ကို ခေါ်တသောသူတို့သည် အပြစ်မကောင်းမှုကို ရှောင် ကြဉ်ကြရမည်ဟူ၍ဖြစ်သတည်း။ | |
II T | BurCBCM | 2:20 | ကြီးမားသောအိမ်၌ ရွှေနှင့်ငွေတို့ဖြင့်ပြုလုပ်ထား သောအိုးခွက်များသာမက သစ်သားနှင့် မြေကြီးတို့ဖြင့် ပြုလုပ်ထား သောအိုးခွက်များလည်းရှိကြ၏။ အချို့ကို ဂုဏ်သရေရှိသောအရာအဖို့အသုံးပြုပြီးလျှင် အချို့ကို ဂုဏ်သရေမရှိသောအရာအဖို့ အသုံးပြုလေ၏။- | |
II T | BurCBCM | 2:21 | တစ်စုံ တစ်ယောက်သည် မိမိကိုယ်ကို မကောင်းသောအရာတို့ မှစင်ကြယ်စေလျှင် ထိုသူသည် ဂုဏ်သရေရှိသောနေ ရာတွင် အသုံးပြုခြင်းခံရမည့်အိုးခွက်ကဲ့သို့ ဖြစ်လာပြီး အိမ်၏အရှင်သခင်အတွက် ဆက်သခြင်းခံရ၍ အသုံးဝင်လာကာ ကောင်းသော အမှုအရာတိုင်းအတွက် အသင့်ရှိလိမ့်မည်။- | |
II T | BurCBCM | 2:22 | ထို့ကြောင့် ပျိုရွယ်သူတို့၏ရမ္မက်ဆန္ဒများကို ရှောင်ကြဉ်၍ သခင်ဘုရားကို ဖြူစင်သောနှလုံးသားဖြင့် ဆုတောင်းပတ္ထနာ ပြုသောသူတို့နှင့်အတူ ဖြောင့်မတ် ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းသာယာ ခြင်းတို့ကို ရည်မှန်းလော့။- | |
II T | BurCBCM | 2:23 | မိုက်မဲ၍ အသိတရားကင်းမဲ့ သောငြင်းခုံခြင်းများကို ရှောင်ကြဉ်လော့။ ဤအရာများ သည် ခိုက်ရန်ဖြစ်ပွားစေကြောင်းကို သင်သိ၏။- | |
II T | BurCBCM | 2:24 | သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သူသည် ရန်လိုခြင်းမရှိဘဲ လူတိုင်းအား သနားကြင်နာ၍ သည်းခံတတ်သော ဆရာကောင်းတစ်ဦးဖြစ်ရမည်။- | |
II T | BurCBCM | 2:25 | သူသည် မိမိအား ဆန့် ကျင်သူများကို သိမ်မွေ့နူးညံ့စွာဆုံးမပြုပြင်ပေးရမည်။ ဘုရားသခင်သည် သူတို့အား နောင်တရစေပြီး သမ္မာ တရားကိုသိလာရသောအခွင့်ကို ပေးကောင်းပေးတော် မူလိမ့်မည်။- | |
Chapter 3
II T | BurCBCM | 3:1 | နောက်ဆုံးသောနေ့ရက်အချိန်တို့တွင် ခက်ခဲကျပ်တည်းသောကာလများကျရောက်မည့် အကြောင်းကို သိနားလည် ပါလော့။- | |
II T | BurCBCM | 3:2 | အကြောင်းမူကား လူတို့သည် တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ ဥစ္စာဓနကိုမက် မောသူ၊ မာနထောင်လွှားသူ၊ စိတ်ကြီးဝင်သူ၊ ရိုင်းစိုင်းသူ၊ မိမိတို့၏မိဘများကိုမနာခံသူ၊ ကျေးဇူးမသိတတ်သူ၊ ဘုရားတရားမကြည်ညိုသူ၊- | |
II T | BurCBCM | 3:3 | လူမဆန်သူ၊ အာဃာတထားသူ၊ သူတစ်ပါး၏အသရေကိုဖျက်သူ၊ အသုံးအဖြုန်းကြီးသူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းသောအရာကို မုန်းတီးသူ၊- | |
II T | BurCBCM | 3:4 | သစ္စာဖောက်သူ၊ မဆင်မခြင်ပြုမူသူ၊ မောက် မာသူ၊ ဘုရားသခင်ကို နှစ်သက်မြတ်နိုးခြင်း မရှိဘဲ အပျော်အပါးကိုသာ နှစ်သက်မြတ်နိုးသူ၊- | |
II T | BurCBCM | 3:5 | ဘာသာတရားကို အပေါ်ယံလိုက်နာ၍ ၎င်း၏တန်ခိုးအစစ်အမှန်ကို ငြင်း ပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုကဲ့သို့သော လူများကို ရှောင်ကြဉ်လော့။- | |
II T | BurCBCM | 3:6 | အကြောင်းမူကား ထိုသူတို့ထဲမှ အချို့တို့သည် အိမ်များသို့ဝင်ကြပြီးလျှင် မကောင်းမှုများနှင့်ပြည့်နေသည့် စိတ်လွယ်သော အမျိုးသမီးတို့ကို သွေးဆောင်ကြ၍ အမျိုးမျိုးသောအာသာရမ္မက်များဖြင့် တိမ်းညွတ်စေကြ၏။- | |
II T | BurCBCM | 3:7 | ထိုအမျိုးသမီးတို့သည် မည်သူ့ကိုမဆို နားထောင်ကြမည်ဖြစ်သော်လည်း သမ္မာတရားကို မည် သည့်အခါမျှ သိနိုင်ကြလိမ့် မည်မဟုတ်။- | |
II T | BurCBCM | 3:8 | ဂျန်နက်နှင့် ဂျမ်ဘရစ်တို့သည် မိုးဇက်ကိုဆန့်ကျင်ခဲ့ကြသကဲ့သို့ ဤသူ တို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့ ၏စိတ်ဓာတ်သည် ပျက်ပြား၍ သူတို့၏ယုံကြည်ခြင်းမှာလည်း အတုအယောင်သာဖြစ်၏။- | |
II T | BurCBCM | 3:9 | သို့သော် သူတို့သည် တာရှည်ခံကြလိမ့်မည်မဟုတ်။ အကြောင်းမူကား အထက်တွင်ဆိုခဲ့သောသူနှစ်ဦးကဲ့သို့ပင် သူတို့၏ မိုက်မဲခြင်းမှာလည်း လူအပေါင်းတို့ရှေ့ ၌ ထင်ရှားလာလိမ့်မည်။ | |
II T | BurCBCM | 3:10 | ယခု သင်သည် ငါ၏သွန်သင်ချက်၊ ငါ၏ကိုယ်ကျင့် တရား၊ ငါ၏ဘ၀ရည်မှန်းချက်၊ ငါ၏ယုံကြည်ခြင်း၊ ငါ၏ သည်းခံခြင်း၊ ငါ၏ချစ်ခြင်းမေတ္တာ၊ ငါ၏တည်ကြည်ခြင်း၊ ငါခံရသောညှဉ်းပန်းနှိပ်စက်ခြင်းများကို လေ့လာသိရှိ ခဲ့လေပြီ။- | |
II T | BurCBCM | 3:11 | အန္တီယော့မြို့၊ အီကိုးနိယမြို့နှင့်လစ္စတြာမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သောအရာများနှင့် ငါကြံ့ကြံ့ခံခဲ့ရသော ညှဉ်းပန်း နှိပ်စက်ခြင်းများကိုလည်း သင်သိရှိခဲ့လေပြီ။ သို့သော်လည်း သခင်ဘုရားသည် ဤအရာများအားလုံးမှ ငါ့ကို ကယ်တင်တော် မူခဲ့၏။- | |
II T | BurCBCM | 3:12 | ဘုရားတရား ကြည်ညိုသောဘ၀အသက်တာဖြင့် ခရစ်တော်ယေဇူး၌ အသက်ရှင်လိုသောသူအားလုံးတို့သည် ညှဉ်းပန်းနှိပ် စက်ခြင်းကို အမှန်ပင်ခံကြရလိမ့်မည်။- | |
II T | BurCBCM | 3:13 | ဆိုးညစ်သူ များနှင့် လှည့်ဖြားသူတို့မူကား ပို၍ဆိုးညစ်မိုက်မဲကြလိမ့်မည်။ သူတို့သည် အခြားသူတို့ကို လှည့်စားလျက် မိမိတို့ ကိုယ်တိုင်သည်လည်း လှည့်စားခြင်းခံကြရလိမ့်မည်။- | |
II T | BurCBCM | 3:14 | သင်မူကား သင်ကိုယ်တိုင်သင်ယူ၍ စွဲမြဲစွာယုံကြည်ခဲ့သည့် အရာကို ဆက်လက်လိုက်နာစောင့်ထိန်းပါလော့။ ၎င်းအား မည်သူ့ထံမှသင်ယူခဲ့သည်ကိုလည်းကောင်း၊- | |
II T | BurCBCM | 3:15 | ခရစ်တော်ယေဇူး၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် သင့်ကိုသွန်သင်လမ်းညွှန်ပေးနိုင်ခဲ့သော ကျမ်းစာတော်မြတ် ကို သင်သည် ငယ်ရွယ်စဉ်ကပင် မည်ကဲ့သို့ သိရှိနားလည်ခဲ့သည်ကိုလည်းကောင်း သတိပြုလော့။- | |
II T | BurCBCM | 3:16 | ကျမ်းရှိသမျှတို့သည် ဘုရားသခင်၏နှိုးဆော်ခြင်းခံခဲ့ရ၍ သွန်သင်ခြင်း၊ ဆုံးမပြစ်တင်ခြင်း၊ အမှားကိုပြုပြင်ပေးခြင်းနှင့် ဖြောင့်မတ်ခြင်း၌ လမ်းညွှန်ခြင်းစသည်တို့ကိုပြု လုပ်ရန်အသုံးဝင်၏။- | |
Chapter 4
II T | BurCBCM | 4:1 | ရှင်သူသေသူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်၏ကြွလာတော်မူခြင်းနှင့်ကိုယ်တော်၏နိုင်ငံတော်အားဖြင့် ဘုရားသခင် နှင့် ခရစ်တော်ယေဇူး၏ မျက်မှောက်တော်၌ ငါသည် သင့်ကိုတိုက်တွန်းနှိုးဆော်သည်မှာ၊- | |
II T | BurCBCM | 4:2 | နှုတ်တော်ထွက်စကားကို ဟောပြောကြေညာလော့။ အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆက်မပြတ်ဟော ပြောလော့။လူတို့အား နားလည်သဘောပေါက်စေလော့။ ပြစ်တင်ဆုံးမလော့။ တိုက်တွန်းနှိုးဆော်လော့။ အမြဲမပြတ်သည်းခံ၍ ဂရုတစိုက်သွန်သင်လော့။- | |
II T | BurCBCM | 4:3 | အကြောင်းမူကား လူတို့သည် စစ်မှန်သောတရားတော်ကိုမခံယူဘဲ မိမိတို့၏အလိုဆန္ဒကိုလိုက်လျက် မိမိတို့ကြိုက် နှစ်သက်ရာများကိုသာ သင်ကြားပေးမည့်ဆရာများကို လိုက်လံရှာဖွေကြမည့်အချိန် ကာလရောက်လာလိမ့်မည်။- | |
II T | BurCBCM | 4:4 | သူတို့သည် သမ္မာတရားကို နားထောင်ခြင်းမပြုတော့ဘဲ ဒဏ္ဍာရီပုံပြင်များကိုနားထောင်ကြလိမ့်မည်။- | |
II T | BurCBCM | 4:5 | သင်မူကား အစဉ်တည်ကြည်ခိုင် မာပါလော့။ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံလော့။ ဧဝံဂေလိတရားဟောပြောခြင်းအမှုကို လုပ်ဆောင်လော့။ သင်ပြု လုပ်ရမည့်အမှုတော်ကို ပြည့်စုံအောင် ဆောင်ရွက်လော့။ | |
II T | BurCBCM | 4:6 | အကြောင်းမူကား ငါသည် မိမိအသက်ကို စွန့်လွှတ်ရမည့်အချိန်သို့ရောက်လေပြီ။ ဤလောကမှ ငါထွက်ခွာရမည့်အချိန် ရောက်လာလေပြီ။- | |
II T | BurCBCM | 4:7 | ငါသည် စစ်ပွဲကိုကောင်း စွာတိုက်ခဲ့၏။ ငါသည် ပြေးပွဲကို ပြီးအောင်ယှဉ်ပြိုင်ခဲ့၏။ ငါသည် ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့၏။- | |
II T | BurCBCM | 4:8 | ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက်အသင့်ရှိနေလေပြီ။ ဖြောင့်မတ်သောတရားသူကြီးဖြစ်သည့်သခင်ဘုရား သည် နောက်ဆုံးသောနေ့၌ ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကိုသာမက မိမိ၏ ကြွလာတော် မူခြင်းကို မျှော်လင့်တောင့်တနေသူအပေါင်း တို့အားလည်း ထိုသရဖူကို ပေးတော်မူလိမ့်မည်။ | |
II T | BurCBCM | 4:10 | အကြောင်းမူကား ဒေမတ်သည် ဤလောကကိုနှစ်သက် စွဲလမ်းသဖြင့် ငါ့ကိုစွန့်ခွာ၍ သက်ဆာလောနိကမြို့သို့ ထွက်ခွာသွားလေပြီ။ ခရက်စင်သည် ဂါလားဆီယာပြည် သို့လည်းကောင်း၊ တိတုသည်လည်း ဒါမာစိယမြို့သို့လည်းကောင်း သွားကြလေပြီ။- | |
II T | BurCBCM | 4:11 | လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိနေ၏။ မာကုကိုရှာ၍ သင်နှင့်အတူခေါ်ခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အမှုတော်၌ ကူညီရန် အသုံးဝင်သောကြောင့်ဖြစ်၏။- | |
II T | BurCBCM | 4:13 | သင်လာသောအခါ ထရောမြို့တွင် ကာပု၌ ငါထားခဲ့သောဝတ်ရုံနှင့် ကျမ်းစာ လိပ်များ၊ အထူးသဖြင့် သားရေပုရပိုက်များ ကိုလည်း ယူခဲ့လော့။- | |
II T | BurCBCM | 4:14 | ကြေးပန်းထိမ်ဆရာ အလက်ဇန္ဒားသည် ငါ့ကိုများစွာအန္တရာယ်ပြုခဲ့၏။ သူ၏လုပ်ရပ်များအတွက် သခင်ဘုရားသည် သူ့ကိုအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။- | |
II T | BurCBCM | 4:15 | သင်ကိုယ်တိုင်လည်း သူ့ကိုသတိပြုလော့။ အကြောင်းမူကား သူသည် ငါတို့ဟောပြောသောတရားတော်ကို ပြင်းထန်စွာ ဆန့်ကျင်ဟောပြောလျက်ရှိ၏။ | |
II T | BurCBCM | 4:16 | ငါ၏အမှုအတွက် ပထမအကြိမ်ခုခံချေပသောအခါ ငါ့ဘက်၌ မည်သူမျှမရှိကြချေ။ အားလုံးသောလူတို့သည် ငါ့ကို စွန့်ခွာ သွားခဲ့ကြ၏။ ထိုသူတို့သည် အပြစ်စီရင်ခြင်း မခံကြရပါစေနှင့်။- | |
II T | BurCBCM | 4:17 | သို့သော် သခင်ဘုရားသည် ငါ့၌ရှိ တော်မူ၍ လူမျိုးခြားအပေါင်းတို့သည် နှုတ်တော်ထွက် စကားကို ကြားနိုင်မည့်အကြောင်း ၎င်းကို အပြည့်အစုံ ဟောပြောရန် ငါ့အား ခွန်အားပေးတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံခဲ့ရ၏။- | |
II T | BurCBCM | 4:18 | သခင်ဘုရားသည် ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်နုတ်ပြီးလျှင် မိမိ၏ကောင်းကင်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်အား ကာလအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေသော်။ အာမင်။ | |
II T | BurCBCM | 4:20 | ဧရာစတုသည် ကောရိန့်မြို့တွင်နေရစ်ခဲ့၏။ ငါသည် ဖျားနာလျက်ရှိသော တြိုဖီမုကို မီလက်တုမြို့၌ထားခဲ့၏။- | |
II T | BurCBCM | 4:21 | ဆောင်းရာသီမတိုင်မီ သင်ရောက်လာနိုင်ရန် အစွမ်းကုန်ကြိုးစားပါလော့။ ယုဘုလု၊ ပူဒန်၊ လိနု၊ ကလောဒီယာတို့နှင့် ညီအစ်ကိုအပေါင်း တို့ကလည်း သင့်ကိုနှုတ်ဆက်လိုက်ကြပါ၏။ | |