Toggle notes
Chapter 1
I Th | BurCBCM | 1:1 | ပေါလု၊ ဆီဗားနုနှင့် တီမောသီဦးတို့က အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်၌ တည်ရှိနေသော သက်ဆာလောနိက မြို့သားတို့၏ အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။ | |
I Th | BurCBCM | 1:2 | ငါတို့သည် သင်တို့အားလုံးအတွက် အဖဘုရားသခင်ကို အစဉ်ကျေးဇူးတင်လျက် ငါတို့၏ ဆုတောင်းပတ္ထနာများ၌လည်း သင်တို့ကို သတိရအောက်မေ့ကြပါ၏။- | |
I Th | BurCBCM | 1:3 | ငါတို့သည် အဖဘုရားသခင်၏ ရှေ့တော်မှောက်၌ သင်တို့၏ယုံကြည်သောစိတ်နှင့် ကျင့်ကြံလုပ်ဆောင်မှုများ၊ ကရုဏာမေတ္တာလုပ်ငန်းများနှင့် ငါတို့၏သခင် ယေဇူးခရစ်တော်၌ တည်ကြည်ခိုင်မာစွာ မျှော်လင့်ခြင်းတို့ကို အစဉ်သတိရ ကြပါ၏။- | |
I Th | BurCBCM | 1:4 | ဘုရားသခင် ချစ်မြတ်နိုးတော်မူသော ညီအစ်ကိုတို့၊ ကိုယ်တော်သည် သင်တို့ကို ရွေးကောက်တော်မူသည်ကို ငါတို့သိကြ၏။- | |
I Th | BurCBCM | 1:5 | အဘယ်ကြောင့်ဆိုသော် ငါတို့၏ဧဝံဂေလိတရားတော်သည် စကားအရာဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်၌လည်းကောင်း၊ ဝိညာဉ်တော်မြတ်၌လည်းကောင်း ကြီးမားသောအကျိုးသက်ရောက်မှုဖြင့် သင်တို့ထံသို့ ရောက်လာသောကြောင့်ဖြစ်၏။ ငါတို့သည် သင်တို့အလယ်၌ သင်တို့၏အကျိုးအတွက် မည်ကဲ့သို့ပြုမူကျင့်ကြံခဲ့ကြ သည်ကို သင်တို့သိကြ၏။ | |
I Th | BurCBCM | 1:6 | သင်တို့သည်လည်း ငါတို့နှင့်သခင်ဘုရားကို အတုယူခဲ့ကြသောသူများဖြစ်ကြ၏။ အကြောင်းမူကား သင်တို့၌ ဆင်းရဲဒုက္ခများစွာရှိသော်လည်း သင်တို့သည် နှုတ်တော်ထွက်စကားကို ဝိညာဉ်တော်မြတ်က လှုံ့ဆော်ပေးတော်မူသော ဝမ်းမြောက်စိတ်ဖြင့် ခံယူခဲ့ကြ၏။- | |
I Th | BurCBCM | 1:7 | ဤသို့ဖြင့် သင်တို့သည် မာစီဒိုးနိယပြည်နှင့် အာခါယာပြည်တို့၌ရှိသော ယုံကြည်သူအပေါင်းတို့အတွက် စံနမူနာဖြစ် ခဲ့ကြ၏။- | |
I Th | BurCBCM | 1:8 | အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် သင်တို့ထံမှနေ၍ မာစီဒိုးနိယပြည်နှင့် အာခါယာပြည်တို့တွင် ပဲ့တင်ထပ်သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်သတင်းသည် အရပ်ရပ်သို့ပျံ့နှံ့သွားသဖြင့် ငါတို့ပြောစရာပင် မလိုအပ်တော့ပေ။- | |
I Th | BurCBCM | 1:9 | အကြောင်းမူကား ငါတို့သည် သင်တို့အလယ်၌ရှိခဲ့ကြစဉ် ငါတို့အား သင်တို့မည်ကဲ့သို့ လက်ခံကြိုဆိုခဲ့ကြသည်ကို လည်းကောင်း၊ သင်တို့သည် ရုပ်တုများကိုစွန့်ပြီး အသက်ရှင်၍ စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်၊- | |
I Th | BurCBCM | 1:10 | ကောင်းကင်ဘုံ၌ရှိသော ကိုယ်တော်၏သားတော် ကြွလာတော်မူမည်ကိုစောင့်မျှော်ရန် ကိုယ်တော့်ထံပါးသို့ ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင် ငါတို့အား ပြောကြားကြ၏။ ထိုသားတော်သည်ကား သေသူတို့အစုမှ ဘုရားသခင်ထမြောက်စေတော်မူသော ယေဇူးပင်ဖြစ်သတည်း။ ထိုသခင်သည် ကျရောက်လတ္တံ့သောအမျက်တော်မှ ငါတို့ကို ကယ်တင်တော်မူခဲ့၏။ | |
Chapter 2
I Th | BurCBCM | 2:1 | ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့လာရောက်ခြင်းသည် အကျိုးမဲ့မဖြစ်ခဲ့ကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။- | |
I Th | BurCBCM | 2:2 | သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဖိလိပိမြို့တွင် ဆင်းရဲဒုက္ခနှင့် အရှက်တကွဲရှုတ်ချခြင်းကို ခံခဲ့ကြရသော်လည်း ကြီးစွာသော ဆန့်ကျင်ခြင်းကို ရင်ဆိုင်လျက် ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို သင်တို့အား ဟောပြောရန် ရဲစွမ်းသတ္တိကို ငါတို့၏ ဘုရားသခင်ထံတော်မှရရှိခဲ့ကြ၏။- | |
I Th | BurCBCM | 2:3 | အကြောင်းမူကား ငါတို့၏ နှိုးဆော်ဟောပြောခြင်းသည် လွဲမှားသောစိတ်၊ သို့မဟုတ် မသမာသောရည်ရွယ်ချက်၊ သို့မဟုတ် လိမ်လည်လှည့်ဖြားခြင်းတို့မှ ထွက်ပေါ်လာသည်မဟုတ်။- | |
I Th | BurCBCM | 2:4 | ဘုရားသခင်သည် ငါတို့အား ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် ထိုက်တန်သူများအဖြစ် သတ်မှတ်အတည်ပြု တော်မူသည့်အတိုင်း ငါတို့သည်လည်း လူတို့ကျေနပ်နှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်ကျေနပ်နှစ်သက်စေရန် ကြေညာဟောပြောကြ၏။- | |
I Th | BurCBCM | 2:5 | အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်စကားများကို မည်သည့်အခါမျှပြောဆိုခဲ့ခြင်းမရှိသကဲ့သို့ လောဘစိတ်အတွက် ဟန်ဆောင်ပြုမူခဲ့ခြင်းလည်းမရှိသည်ကို ဘုရားသခင်သိတော်မူ၏။- | |
I Th | BurCBCM | 2:6 | ထို့အတူ ငါတို့သည် ခရစ်တော်၏ တမန်တော်များအနေဖြင့် သင်တို့ထံမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လူတို့၏ချီးမွမ်းဂုဏ်ပြုခြင်းကို သင်တို့ထံမှသော်လည်းကောင်း၊ အခြားသူများထံမှသော်လည်းကောင်း မရှာဖွေခဲ့ကြပေ။- | |
I Th | BurCBCM | 2:7 | သို့သော် မိခင်သည် မိမိ၏သားသမီးများကို ပြုစုစောင့်ရှောက်သကဲ့သို့ ငါတို့သည်လည်း သင်တို့နှင့်အတူရှိစဉ်အခါက နူးညံ့သိမ်မွေ့စွာ ပြုမူခဲ့ကြ၏။- | |
I Th | BurCBCM | 2:8 | ဤသို့ဖြင့် ငါတို့သည် သင်တို့ကို အလွန်ချစ်ခင်နှစ်သက်ကြသောကြောင့် ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် အဆင်သင့်ရှိခဲ့ကြ၏။ အကြောင်းမူကား သင်တို့သည် ငါတို့အတွက် အလွန်ပင် ချစ်ဖွယ်ကောင်းသောသူများ ဖြစ်လာခဲ့ကြသောကြောင့်တည်း။ | |
I Th | BurCBCM | 2:9 | ညီအစ်ကိုတို့၊ သင်တို့သည် ငါတို့ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ကြသည်ကို သတိရကြ၏။ ငါတို့သည် သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို ဟောပြောခဲ့ကြစဉ်တွင် သင်တို့ထဲမှ မည်သူ့အပေါ်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ကိုင်ခဲ့ကြ၏။- | |
I Th | BurCBCM | 2:10 | ငါတို့သည် ယုံကြည်သူများဖြစ်ကြသော သင်တို့အပေါ် တရားမျှတ၍ အပြစ်ဆိုဖွယ်မရှိရလေအောင် ဖြောင့်မှန်စွာ ပြုမူကျင့်ကြံခဲ့ကြကြောင်းကို သင်တို့မျက်မြင်ပင်ဖြစ်၍ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။- | |
I Th | BurCBCM | 2:11 | ဖခင်တစ်ဦးက မိမိ၏သားသမီးတို့အပေါ်တွင် ဆက်ဆံသကဲ့သို့ သင်တို့တစ်ဦးစီကို ငါတို့ဆက်ဆံခဲ့၏။- | |
I Th | BurCBCM | 2:12 | သင်တို့အား မိမိ၏နိုင်ငံတော်နှင့် ဘုန်းဂုဏ်တော်သို့ ခေါ်ဆောင်တော်မူသည့် ဘုရားသခင်နှင့် ထိုက်တန်သောဘ၀အသက် တာကို လျှောက်လှမ်းကြရန် ငါတို့သည် သင်တို့ကို အားပေးတိုက်တွန်း၍ မှာကြားခဲ့ကြ၏။ | |
I Th | BurCBCM | 2:13 | သင်တို့သည် ငါတို့ထံမှ ကြားနာခဲ့ကြသော ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူခဲ့ကြသောအခါ လူတို့၏ စကားအဖြစ် ခံယူခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏ပကတိအဖြစ်အတိုင်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကဲ့သို့ ခံယူခဲ့ကြခြင်း ဖြစ်၏။ ထိုနှုတ်တော်ထွက်စကားသည် ယုံကြည်သူဖြစ်သော သင်တို့၌ ထူးခြားစွာလုပ်ဆောင်လျက်ရှိ၏။ ထို့အတွက်ကြောင့် ငါတို့သည် ဘုရားသခင်ကို အစဉ်မပြတ်ကျေးဇူးတင်ချီးမွမ်းကြပါ၏။- | |
I Th | BurCBCM | 2:14 | ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေဇူး၌ တည်ရှိသော ဂျူဒေးယပြည်ရှိ ဘုရားသခင်၏ အသင်းတော်များကို အတုယူ သောသူများဖြစ်ခဲ့ကြ၏။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးများ၏လက်တွင် ဆင်းရဲဒုက္ခခံစားခဲ့ကြသကဲ့သို့ သင်တို့သည်လည်း သင်တို့၏လူမျိုးများလက်တွင် ထိုနည်းအတိုင်း ခံစားခဲ့ကြရသောကြောင့်ဖြစ်၏။- | |
I Th | BurCBCM | 2:15 | ဂျူးလူမျိုးတို့သည် ယေဇူးသခင်နှင့် ပရောဖက်တို့ကို သတ်ဖြတ်၍ ငါတို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြသဖြင့် သူတို့သည် ဘုရားသခင်မနှစ်သက်ရာကို ပြုမူခဲ့ကြသည့်အပြင် လူအပေါင်းတို့ကိုလည်း ဆန့်ကျင်ရန်ပြုခဲ့ကြလေပြီ။- | |
I Th | BurCBCM | 2:16 | အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့ ကယ်တင်ခြင်းခံရစေရန် သူတို့အား ငါတို့ဟောပြောကြသည်ကို ထိုသူတို့က ပိတ်ပင်တားမြစ်ကြ၏။ ဤသို့ဖြင့် သူတို့သည် မိမိတို့၏ အပြစ်မကောင်းမှုပမာဏကို အစဉ်အမြဲတိုးပွားစေကြ၏။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် နောက် ဆုံး၌ သူတို့အပေါ်သက်ရောက်လေပြီ။ | |
I Th | BurCBCM | 2:17 | ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့နှင့် စိတ်နှလုံး၌ ကွဲကွာသည်မဟုတ်ဘဲ ကိုယ်ကာယအားဖြင့်သာ ခေတ္တခဏမျှ ဝေးကွာနေရသော်လည်း သင်တို့ကို နောက်တစ်ဖန် မြင်လိုသော ဆန္ဒပြင်းပြလှ၍ ပြန်တွေ့နိုင်ရန် ငါတို့ကြိုးစားခဲ့ကြ၏။- | |
I Th | BurCBCM | 2:18 | ငါတို့သည် သင်တို့ထံသို့ လာရောက်လိုသောကြောင့် ငါပေါလုသည် ထပ်ခါထပ်ခါကြိုးစားခဲ့သော်လည်း နတ်ဆိုးသည် ငါတို့ကိုတားဆီးခဲ့၏။- | |
I Th | BurCBCM | 2:19 | ငါတို့၏သခင် ယေဇူးကြွလာတော်မူသောအခါ ငါတို့မျှော်လင့်ရာ၊ ဝမ်းမြောက်ရာနှင့် ငါတို့ကြွားဝါရမည့်သရဖူကား မည်သည့်အရာဖြစ်မည်နည်း။ ယင်းသည်ကား သင်တို့ပင် မဟုတ်ပါလော။- | |
Chapter 3
I Th | BurCBCM | 3:1 | ထို့ကြောင့် ငါတို့သည် နောက်ထပ်မစောင့်ဆိုင်းနိုင်ကြသောအခါ အေသင်မြို့တွင် အဖော်မပါဘဲနေခဲ့ရန် ဆုံးဖြတ်ခဲ့ကြ၏။- | |
I Th | BurCBCM | 3:2 | ထို့နောက် ငါတို့သည် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းအတွက် ဘုရားသခင်၏ အစေခံဖြစ်သော ငါတို့၏ညီတော် တီမောသီဦးအား သင်တို့ကို ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေရန်နှင့် အားပေးတိုက်တွန်းရန် သင်တို့ထံသို့ စေလွှတ် လိုက်ကြ၏။- | |
I Th | BurCBCM | 3:3 | ယခုခံစားနေရသော ဒုက္ခအခက်အခဲများကြောင့် မည်သူမျှစိတ်ယိမ်းယိုင်ခြင်း မရှိစေရန်အတွက်လည်း သူ့ကိုစေလွှတ် လိုက်ခြင်းဖြစ်၏။ ငါတို့သည် ဤဒုက္ခအခက်အခဲများကို ခံထမ်းကြရန် ရွေးချယ်ခံရကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။- | |
I Th | BurCBCM | 3:4 | အကြောင်းမူကား ငါတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့်အကြောင်းကို သင်တို့နှင့်အတူ ရှိခဲ့ကြစဉ်ကပင် သင်တို့ကို ကြိုတင်ပြောထားခဲ့ပြီးဖြစ်၏။ ထိုသို့ငါပြောထားခဲ့သည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်တို့သိကြ၏။- | |
I Th | BurCBCM | 3:5 | ထိုအကြောင်းကြောင့် ငါသည် ထပ်မံ၍မစောင့်ဆိုင်းနိုင်သောအခါ သင်တို့၏ယုံကြည်ခြင်းကို သိနိုင်ရန်လည်းကောင်း၊ စာတန်သည် သင်တို့ကို နှောင့်ယှက်သွေးဆောင်ခဲ့ပါလျှင် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အကျိုးမဲ့ဖြစ်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း သူ့ကို စေလွှတ်လိုက်ခြင်းဖြစ်၏။ | |
I Th | BurCBCM | 3:6 | ယခုမူကား တီမောသီဦးသည် သင်တို့ထံမှပြန်ရောက်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း သတင်းကောင်းကို ငါတို့ထံသို့ ယူဆောင်လာခဲ့လေပြီ။ သင်တို့သည် ငါတို့ကို အစဉ်သတိရအောက်မေ့ နေကြကြောင်းကို လည်းကောင်း၊ ငါတို့သည် သင်တို့ကို တွေ့လိုသောဆန္ဒရှိသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို တွေ့လိုသောဆန္ဒ ရှိကြောင်းကိုလည်းကောင်း ပြောပြခဲ့၏။- | |
I Th | BurCBCM | 3:7 | ညီအစ်ကိုတို့၊ ငါတို့သည် ဒုက္ခအခက်အခဲအပေါင်းတို့ကိုခံနေရစဉ် သင်တို့၏ယုံကြည်ခြင်းကြောင့် စိတ်နှစ်သိမ့်မှုကို ခံစားကြရ၏။- | |
I Th | BurCBCM | 3:8 | အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ တည်ကြည်ခိုင်မာစွာ ရပ်တည်ကြလျှင် ငါတို့သည် ယခုအသက်ရှင်လျက် နေနိုင်ကြပြီဖြစ်၏။- | |
I Th | BurCBCM | 3:9 | သင်တို့အတွက်ကြောင့်လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် ငါတို့ခံစားရသော ဝမ်းမြောက်ခြင်းများ အားလုံးအတွက်လည်းကောင်း ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မည်ကဲ့သို့ချီးမွမ်းနိုင်ပါမည်နည်း။- | |
I Th | BurCBCM | 3:10 | ငါတို့သည် သင်တို့၏မျက်နှာကိုမြင်ရရန်နှင့် သင်တို့၏ယုံကြည်ခြင်း၌ လိုအပ်နေသောအရာကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ညမပြတ် စိတ်အားထက်သန်စွာ ဆုတောင်းနေကြပါ၏။ | |
I Th | BurCBCM | 3:11 | ငါတို့၏အဖခမည်းတော်ဘုရား ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေဇူးသည် သင်တို့ထံသို့ ငါတို့လာရောက်နိုင်ရန် လမ်းညွှန်ပေးတော်မူကြပါစေ။- | |
I Th | BurCBCM | 3:12 | ငါတို့သည် သင်တို့အပေါ် ချစ်ခြင်းမေတ္တာထားရှိသကဲ့သို့ သင်တို့သည်လည်း သင်တို့အချင်းချင်း၌လည်းကောင်း၊ အခြားသောသူအားလုံးအပေါ်၌လည်းကောင်း ထားရှိသောချစ်ခြင်းမေတ္တာကို သခင်ဘုရားသည် တိုးပွားတော်မူပါစေ။- | |
Chapter 4
I Th | BurCBCM | 4:1 | ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသည့် ဘ၀အသက်တာဖြင့် မည်ကဲ့သို့နေထိုင်အသက်ရှင်ရမည်ကို ငါတို့ထံမှ သင်ယူခဲ့ကြသကဲ့သို့ ယခုတွင်လည်း သင်တို့ပြုမူနေကြပြီးဖြစ်၍ ပိုမိုကြိုးစား ကျင့်ကြံနိုင်ကြရန် ယေဇူးသခင်၏ နာမတော်၌ သင်တို့ကို ငါတို့တိုက်တွန်းတောင်းဆိုပါ၏။- | |
I Th | BurCBCM | 4:2 | အကြောင်းမူကား ငါတို့သည် ယေဇူးသခင်အားဖြင့် သင်တို့အား မည်သည့်လမ်းညွှန်ချက်များကို ပေးခဲ့ကြောင်း သင်တို့သိကြ၏။- | |
I Th | BurCBCM | 4:3 | အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အလိုတော်မှာ သင်တို့အား သန့်ရှင်းစင်ကြယ်စေရန် ဖြစ်သောကြောင့် သင်တို့သည် ကာမဂုဏ်ကျူးလွန်ခြင်းမ ှရှောင်ကြဉ်ကြရမည်။- | |
I Th | BurCBCM | 4:4 | သင်တို့တစ်ဦးစီသည် သန့်ရှင်းမြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် မိမိ၏ခန္ဓာကိုယ်အား မည်သို့ထိန်းချုပ်ရမည်ကို သိကြ ရမည်။- | |
I Th | BurCBCM | 4:5 | ဘုရားသခင်ကိုမသိသော လူမျိုးခြားတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့ သင်တို့မလိုက်ကြနှင့်။- | |
I Th | BurCBCM | 4:6 | ဤအမှုအရာနှင့်ပတ်သက်၍ မည်သူမျှ မိမိ၏ညီအစ်ကိုအား ပြစ်မှားကျူးလွန်ခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ငါတို့ကြိုတင်သတိပေးခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးတို့အတွက် ပြစ်ဒဏ်စီရင်တော်မူသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။- | |
I Th | BurCBCM | 4:7 | အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို ဖောက်ပြန်ညစ်ညူးစေရန် ခေါ်သည်မဟုတ်ဘဲ သန့်ရှင်းမြင့်မြတ်စေရန် ခေါ်တော်မူခြင်းဖြစ်၏။- | |
I Th | BurCBCM | 4:8 | ထို့ကြောင့် ဤသွန်သင်ချက်ကို ငြင်းပယ်သောသူမှန်သမျှသည် လူကိုပစ်ပယ်ခြင်းမဟုတ်ဘဲ သင်တို့အား မိမိ၏ ဝိညာဉ်တော်မြတ်ကို ပေးတော်မူသော ဘုရားသခင်ကို ပစ်ပယ်ခြင်းဖြစ်၏။ | |
I Th | BurCBCM | 4:9 | ညီအစ်ကိုအချင်းချင်း ချစ်ခင်ခြင်းနှင့်ပတ်သက်၍မူ သင်တို့ထံသို့ မည်သူမျှ စာရေးသတိပေးရန် မလိုအပ်ပေ။ အကြောင်းမူကား သင်တို့သည် အချင်းချင်းချစ်ခင်ကြရန် ဘုရားသခင်၏သွန်သင်ခြင်းကို ခံခဲ့ကြရလေပြီ။- | |
I Th | BurCBCM | 4:10 | အမှန်စင်စစ် သင်တို့သည် မာစီဒိုးနိယပြည်တစ်ဝန်းလုံး၌ရှိသော ညီအစ်ကိုအားလုံးကို ချစ်ခင်ကြ၏။ သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် ထိုထက်မက ပိုမိုချစ်ခင်ကြရန် ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။- | |
I Th | BurCBCM | 4:11 | သင်တို့ကို ငါတို့မှာကြားခဲ့သည့်အတိုင်း ငြိမ်းချမ်းစွာ နေထိုင်အသက်ရှင်ကြရန်လည်းကောင်း၊ မိမိနှင့်သက်ဆိုင်သော အမှုကိုသာ အာရုံစိုက်ကြရန်လည်းကောင်း၊ မိမိကိုယ်တိုင် လုပ်ကိုင်စားသောက်ကြရန်လည်းကောင်း ကြိုးစားအားထုတ် ကြလော့။- | |
I Th | BurCBCM | 4:12 | သို့မှသာ သင်တို့သည် အသင်းတော်ပြင်ပမှ လူတို့၏ ကြည်ညိုလေးစားခြင်းကိုခံကြရ၍ မည်သူ့ကိုမျှ မှီခိုအားထားရန် လိုအပ်လိမ့်မည်မဟုတ်ပေ။ | |
I Th | BurCBCM | 4:13 | ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူများကဲ့သို့ သင်တို့သည် ဝမ်းနည်းကြေကွဲခြင်းကို မခံစားရစေရန် သေလွန်သွားသော သူတို့အကြောင်းကို သင်တို့သိရှိစေခြင်းငှာ ငါတို့အလိုရှိကြ၏။- | |
I Th | BurCBCM | 4:14 | အဘယ်ကြောင့်ဆိုသော် ယေဇူးသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ကို ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေဇူး၌ သေလွန်သွားကြသောသူတို့ကိုလည်း ထိုသခင်နှင့်အတူ အထံတော်သို့ ခေါ်ဆောင်တော်မူလိမ့်မည်။- | |
I Th | BurCBCM | 4:15 | ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ငါတို့သည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားအားဖြင့် သင်တို့အား ဆိုကြသည်မှာ သခင်ဘုရားကြွလာတော်မူမည့် အချိန်တိုင်အောင် အသက်ရှင်ကျန်ရစ်ကြသော ငါတို့သည် သေလွန်ပြီးသော သူတို့ထက် အလျင်ဦးစွာ ရောက်ရသောအခွင့်ကို ရလိမ့်မည်မဟုတ်ဟူ၍ဖြစ်၏။- | |
I Th | BurCBCM | 4:16 | အကြောင်းမူကား သခင်ဘုရားသည် အမိန့်ပေးသံနှင့်အတူ ကောင်းကင်တမန်တော်အကြီးအကဲ၏ ကြွေးကြော်သံနှင့် ဘုရားသခင်၏ တံပိုးခရာသံတို့ဖြင့် ကိုယ်တော်တိုင် ကောင်းကင်မှ ဆင်းကြွလာတော်မူလိမ့်မည်။ ထိုအခါ ခရစ်တော်၌ သေလွန်ခဲ့သောသူတို့သည် ပထမဦးစွာ ရှင်ပြန်ထမြောက်ကြလိမ့်မည်။- | |
I Th | BurCBCM | 4:17 | ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သော ငါတို့သည် ထိုသူတို့နှင့်အတူ ကောင်းကင်၌ ဘုရားသခင်ကို တွေ့ဆုံဖူးမြော် နိုင်ကြရန် မိုးတိမ်တိုက်များဖြင့် ယူဆောင်သွားခြင်းကို ခံကြရလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲရှိကြလိမ့်မည်။- | |
Chapter 5
I Th | BurCBCM | 5:1 | ညီအစ်ကိုတို့၊ ဤအမှုအရာများဖြစ်ပျက်မည့် အချိန်ကာလတို့နှင့် ပတ်သက်၍မူကား သင်တို့ထံ စာရေးရန်မလိုအပ်ပေ။- | |
I Th | BurCBCM | 5:2 | အကြောင်းမူကား သခင်ဘုရား၏နေ့ရက်သည် ညအချိန်သူခိုးလာသကဲ့သို့ ကျရောက်လာမည်ဖြစ်ကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။- | |
I Th | BurCBCM | 5:3 | ငြိမ်းချမ်းသာယာခြင်းနှင့် လုံခြုံမှုရှိသည်ဟု လူတို့ပြောဆိုကြသောအခါတွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာရုတ်တရက်သက်ရောက်သကဲ့သို့ ပျက်စီးခြင်းသည်လည်း ရုတ်တရက် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။ ထိုအခါ လွတ်မြောက်ရာလမ်းရှိလိမ့်မည်မဟုတ်။- | |
I Th | BurCBCM | 5:4 | သို့ရာတွင် ညီအစ်ကိုတို့၊ သင်တို့သည် မှောင်မိုက်ထဲတွင်နေသောသူများ မဟုတ်သောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာသည်ကို သင်တို့အံ့ဩကြရလိမ့်မည်မဟုတ်။- | |
I Th | BurCBCM | 5:5 | အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများနှင့် နေ့အချိန်၏ သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညအချိန်နှင့် မှောင်မိုက်ခြင်း၏သားသမီးများ မဟုတ်ကြချေ။- | |
I Th | BurCBCM | 5:6 | သို့ဖြစ်၍ ငါတို့သည် အခြားသူများကဲ့သို့ အိပ်ပျော်၍မနေသင့်ပေ။ ငါတို့သည် နိုးကြားနေကြလျက် အေးဆေးတည်ငြိမ်စွာ ရှိကြရမည်။- | |
I Th | BurCBCM | 5:7 | အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအချိန်၌ အိပ်ပျော်ကြ၏။ သောက်စားမူးယစ်သော သူတို့သည်လည်း ညအချိန်၌ သောက်စားမူးယစ်ကြ၏။- | |
I Th | BurCBCM | 5:8 | သို့သော် ငါတို့သည် နေ့အချိန်နှင့် သက်ဆိုင်သောသူများ ဖြစ်ကြသောကြောင့် အေးဆေးတည်ငြိမ်စွာရှိကြလော့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်ကြလျက် ကယ်တင်ခြင်း၌ မျှော်လင့်ခြင်းကို သံခမောက်ကဲ့သို့ ဆောင်းကြစို့။- | |
I Th | BurCBCM | 5:9 | ဘုရားသခင်သည် ငါတို့ကို အမျက်တော်သင့်စေရန် ရည်မှန်းထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင် ယေဇူး ခရစ်တော်အားဖြင့် ကယ်တင်ခြင်းခံရစေရန် ရည်မှန်းထားတော်မူ၏။- | |
I Th | BurCBCM | 5:10 | ငါတို့သည် အသက်ရှင်လျက်ရှိသည်ဖြစ်စေ၊ သေလွန်လျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်ခွင့်ကို ရရှိနိုင်ကြရန် ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူခဲ့၏။- | |
I Th | BurCBCM | 5:11 | ထို့ကြောင့် သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး အားပေးကူညီ၍ ယခုသင်တို့ ပြုလုပ်နေကြသကဲ့သို့ တစ်ဦးကိုတစ်ဦး ပျိုးထောင်ပေးကြလော့။ | |
I Th | BurCBCM | 5:12 | ညီအစ်ကိုတို့၊ သင်တို့အလယ်တွင် အမှုတော်ထမ်း၍ သခင်ဘုရား၌ သင်တို့ကိုဦးဆောင်လျက် ဆုံးမသွန်သင်သော သူတို့အား ကြည်ညိုလေးစားကြရန် ငါတို့တောင်းဆိုပါ၏။- | |
I Th | BurCBCM | 5:13 | သူတို့ထမ်းဆောင်ခဲ့သော အမှုတော်ကြောင့် သူတို့ကို အလွန်လေးစားရိုသေ၍ ချစ်ခင်ကြပါလော့။ သင်တို့အချင်းချင်း သင့်မြတ်ကြလျက် ငြိမ်းချမ်းစွာ နေထိုင်ကြလော့။- | |
I Th | BurCBCM | 5:14 | ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား ပျင်းရိသောသူတို့ကို ဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို အားပေးနှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ကူညီကြလော့။ ထိုသူအားလုံးတို့အပေါ် စိတ်ရှည်သည်းခံကြလော့။- | |
I Th | BurCBCM | 5:15 | သင်တို့တွင် မည်သူမျှ ရန်ကိုရန်ချင်း မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအပေါ်တွင်လည်းကောင်း၊ အားလုံးအပေါ်တွင်လည်းကောင်း အစဉ်ကောင်းကျိုးပြုကြလော့။- | |
I Th | BurCBCM | 5:18 | အခြေအနေအမျိုးမျိုး၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ဘုရားသခင်သည် ခရစ်တော်ယေဇူး၌ ရှိသော သင်တို့အား ဤသို့ပြုလုပ်စေခြင်းငှာ အလိုရှိတော်မူ၏။- | |
I Th | BurCBCM | 5:23 | ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည် ကိုယ်တော်တိုင် သင်တို့ကို အပြည့်အဝ သန့်ရှင်းမြင့်မြတ်စေရန် ပြုလုပ်တော်မူပါစေ။ ငါတို့၏သခင် ယေဇူးခရစ်တော် ကြွလာတော်မူသောအခါ သင်တို့၏စိတ်နှလုံး၊ ဝိညာဉ်နှင့်ကိုယ်ခန္ဓာ တို့သည် တည်ကြည်ခိုင်မာ၍ အပြစ်တင်ခြင်းမှ ကင်းလွတ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံရပါစေ။- | |
I Th | BurCBCM | 5:24 | သင်တို့ကို ခေါ်တော်မူသောသခင်သည် သစ္စာတည်တော်မူသောကြောင့် ဤသို့ပြုလုပ်တော်မူလိမ့်မည်။ | |
I Th | BurCBCM | 5:27 | ဤစာကိုလည်း ညီအစ်ကိုအားလုံးတို့အား ဖတ်ပြရန် သခင်ဘုရားအားဖြင့် သင်တို့ကို ညွှန်ကြားလိုက်၏။ | |