Site uses cookies to provide basic functionality.

OK
I PETER
Up
1 2 3 4 5
Toggle notes
Chapter 1
I Pe BurCBCM 1:1  ယေဇူးခရစ်တော်၏တမန်တော် ပေတရုထံမှ ပုန္တုပြည်၊ ဂါလားဆီယာပြည်၊ ကပ္ပါဒိုးစိယပြည်၊ အာရှပြည်နှင့် ဘီသိနိယပြည် တို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသော ဧည့်သည့်အာဂန္တုများဖြစ်ကြသည့်၊-
I Pe BurCBCM 1:2  ခမည်းတော်ဘုရား၏ ရွေးချယ် သတ်မှတ်ထားခြင်းခံရသောသူ အပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။ သူတို့သည် ယေဇူး ခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ဖြင့် ဆေးကြောခြင်းခံယူရန် ဝိညာဉ်တော်အားဖြင့် သန့်ရှင်း စင်ကြယ်လာကြ သောသူများဖြစ်ကြ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့၌ တိုးပွားပါစေသော်။
I Pe BurCBCM 1:3  ငါတို့၏သခင် ယေဇူးခရစ်တော်၏အဖခမည်းတော် ဘုရားအားကောင်းချီးမင်္ဂလာရှိပါစေသော်။ ကိုယ်တော်၏ မဟာကရုဏာ တော်အတိုင်း ငါတို့သည် ယေဇူးခရစ်တော်၏သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ရှင်သန်သော မျှော်လင့်ချက် သို့လည်းကောင်း၊-
I Pe BurCBCM 1:4  သင်တို့အတွက် ကောင်းကင်တွင် သိမ်းဆည်းထားသည့် မပျက် စီးနိုင်သော၊ ညစ်ညူးခြင်းမှကင်းသော၊ ညှိုးနွမ်းမှေးမှိန် မသွားနိုင်သော အမွေတော်အတွက်လည်းကောင်း အသစ်တစ်ဖန် မွေးဖွားခြင်းခံခဲ့ကြရ၏။-
I Pe BurCBCM 1:5  သင်တို့သည် ကား ကယ်တင်ခြင်းခံရရန် ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ယုံကြည်ခြင်း၌ စောင့်ရှောက်ခြင်းခံကြရ၏။ ထို ကယ်တင်ခြင်းမှာ နောက်ဆုံးသောကာလတွင် ထင်ရှားလာခြင်းငှာ အသင့်ရှိနေလေပြီ။-
I Pe BurCBCM 1:6  ယခုအခါ သင်တို့သည် အမျိုးမျိုးသောစုံစမ်းခြင်းတို့ကို ခေတ္တခဏခံကြရမည်ဖြစ် သော်လည်း ဤအကြောင်းကြောင့် သင်တို့ဝမ်းမြောက် ကြပါလော့။-
I Pe BurCBCM 1:7  သို့မှသာ မီးဖြင့် စမ်းသပ်ခံရပြီးဖြစ်သော် လည်း ပျောက်ပျက်သွားနိုင်သည့်ရွှေထက် ပို၍တန်ဖိုး ကြီးမားသောသင်တို့၏ ယုံကြည်ခြင်းသည် ထိုက်တန်ကြောင်း စမ်းသပ်စစ်ဆေးခံရပြီးနောက် သင်တို့သည် ယေဇူးခရစ်တော်၏ ဘုန်းတော်ထင်ရှား သည့်အချိန်တွင် ချီးမွမ်းခြင်း၊ ဂုဏ်ကျက်သရေနှင့် လေးစားဂုဏ်ပြုခြင်းတို့ကိုခံစားကြရမည်ဖြစ်၏။-
I Pe BurCBCM 1:8  သင်တို့သည် ကိုယ်တော့်ကို မမြင်ဖူးကြသော်လည်း ချစ်မြတ်နိုးကြ၏။ ယခုတွင်လည်း သင်တို့သည် ကိုယ်တော့်ကို မမြင်ရသော်လည်း ကိုယ်တော်၌ ယုံကြည်ကြပြီး နှုတ်ဖြင့်မဖော်ပြနိုင်လောက်အောင် ကြီးမားလှသောဝမ်းမြောက်ခြင်းဖြင့် ပြည့် လျက်ရှိ၏။-
I Pe BurCBCM 1:9  သင်၏ယုံကြည်ခြင်းအကျိုးရလဒ်အဖြစ် သင်တို့သည် သင်တို့၏ဝိညာဉ်များအတွက် ကယ်တင်ခြင်းကျေး ဇူးကို ရရှိကြလေပြီ။
I Pe BurCBCM 1:10  သင်တို့ခံစားရမည့်ကျေးဇူးတော်အကြောင်းကို ကြိုတင်ဟောပြောခဲ့ကြသောပရောဖက်တို့သည် ဤကယ်တင်ခြင်း အကြောင်းကို ရှာဖွေလေ့လာခဲ့ကြ၏။-
I Pe BurCBCM 1:11  သူတို့သည် ခရစ်တော်၏ဒုက္ခဝေဒနာခံထမ်းခြင်းနှင့် နောက်ဆက်တွဲရရှိသည့်ဘုန်းဂုဏ်တော်တို့ကို ကြိုတင်ဟော ပြောကြသောအခါ ခရစ်တော်၏ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရသောသူမှာ မည်သူဖြစ်ကြောင်းကိုလည်းကောင်း၊ ယင်းသည် မည်သည့်အချိန်ကာလတွင်ဖြစ်ပွား မည်ကိုလည်းကောင်း မိမိတို့အချင်းချင်း မေးမြန်းစုံစမ်းခဲ့ကြ၏။-
I Pe BurCBCM 1:12  သူတို့ဟောပြောကြေညာခဲ့ကြသော သတင်းစကားသည် သူတို့အတွက်မဟုတ်ဘဲ သင်တို့အတွက် သာဖြစ်ကြောင်း သူတို့အား ထင်ရှားစွာဖော်ပြထားခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရ တော်မူသောဝိညာဉ်တော်မြတ်မှ တစ်ဆင့် သင်တို့အား သတင်းကောင်းကို ဟောပြောကြသောသူတို့သည် ထို သတင်းစကားကို သင်တို့အား ကြေညာဟောပြော ခဲ့ကြ လေပြီ။ ကောင်းကင်တမန်တော်တို့သည် ထိုအကြောင်း အရာတို့ကို သိမြင်ခြင်းငှာ တောင့်တခဲ့ကြ၏။
I Pe BurCBCM 1:13  သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးများကို အသင့်ပြင်ဆင်ပြီး စိတ်ကိုတည်ငြိမ်စွာထားကြလော့။ ယေဇူးခရစ်တော်၏ ဘုန်းဂုဏ်တော် ထင်ရှားချိန်တွင် သင်တို့ထံသို့ ရောက်ရှိလာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့် ကြလော့။-
I Pe BurCBCM 1:14  သင်တို့သည် နာခံခြင်းရှိသောသားသမီးများ ဖြစ်သည့်အတိုင်း ယခင်သင်တို့အသိတရားမဲ့စဉ်ကရှိခဲ့သော ရမ္မက်ဆန္ဒများ နောက်သို့ မလိုက်ကြလေနှင့်။-
I Pe BurCBCM 1:15  သို့သော် သင်တို့ကို ခေါ်တော်မူသောသခင်သည် သန့်ရှင်းမွန်မြတ်သကဲ့သို့ သင်တို့သည်လည်း သင်တို့ကျင့်ကြံ သမျှအမှုတို့၌ သန့်ရှင်းမွန်မြတ်သောသူများဖြစ်စေကြလော့။-
I Pe BurCBCM 1:16  အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ငါသည်သန့်ရှင်းမွန်မြတ်တော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်း မွန်မြတ်ကြလော့ဟု ရေးထားသတည်း။
I Pe BurCBCM 1:17  မျက်နှာလိုက်ခြင်းမရှိဘဲ လူတစ်ဦးစီ၏အပြုအမူများအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖခမည်းတော်အဖြစ် သင်တို့တောင်းလျှောက်ကြပါလျှင် ကမ္ဘာလောက၌ နေရသောကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေခြင်းဖြင့် ကျင့်ကြံနေ ထိုင်ကြလော့။-
I Pe BurCBCM 1:18  သင်တို့၏ ဘိုးဘေးတို့ထံမှ အမွေဆက်ခံကြရသည့် အနှစ်သာရ ကင်းမဲ့သောဘ၀မှ သင်တို့ကို ရွေးနုတ်ခဲ့ကြောင်း သင်တို့ သိကြ၏။ ထိုသို့ရွေးနုတ်ရာတွင် ပျက်စီးတတ်သော ရွှေ၊ ငွေအစရှိသည့်အရာတို့ဖြင့် ရွေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ၊-
I Pe BurCBCM 1:19  အပြစ်အနာအဆာကင်းသော သိုးငယ် တော်ကဲ့သို့ဖြစ်သော ခရစ်တော်၏သွေးတော်အားဖြင့်သာ ရွေးနုတ်ကယ်တင်ခဲ့ ကြောင်းကို သင်တို့သိကြ၏။-
I Pe BurCBCM 1:20  ကိုယ်တော်သည် ကမ္ဘာလောကမတည်ရှိမီကပင် ရွေးချယ်သတ်မှတ်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးသောအချိန် ကာလတွင် သင်တို့၏အကျိုးအလို့ငှာ ထင်ရှားစွာထုတ် ဖော်ပြခြင်းကိုခံတော်မူ၏။-
I Pe BurCBCM 1:21  ဘုရားသခင်သည် ကိုယ် တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေပြီး ဘုန်းဂုဏ် တော်ကိုပေးသနားတော်မူ၍ သင်တို့သည် ကိုယ်တော်အားဖြင့် ဘုရားသခင်၌ ယုံကြည်ကိုးစားလာကြ၏။ သို့မှသာ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းသည် ဘုရားသခင်၌ တည်နေမည်ဖြစ်၏။
I Pe BurCBCM 1:22  သင်တို့သည် ညီအစ်ကိုများအပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာတရားထားရှိရန် သမ္မာတရားတော်ကို နာခံခြင်းဖြင့် သင်တို့၏ ဝိညာဉ်များကို စင်ကြယ်စေခဲ့သည်ဖြစ်၍ သင်တို့အချင်းချင်း စိတ်နှလုံးထဲမှ လေးနက်စွာ ချစ်ခင်ကြလော့။-
I Pe BurCBCM 1:23  သင်တို့သည် သေကြေပျက်စီးနိုင်သောမျိုး စေ့မှမွေးဖွားလာခြင်းမဟုတ်ဘဲ မသေကြေမပျက်စီးနိုင်သည့်မျိုးစေ့တည်း ဟူသော အသက်ရှင်၍ အစဉ်တည် နေတော်မူသည့် ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့် အသစ်မွေးဖွားခြင်းခံကြရ လေပြီ။-
I Pe BurCBCM 1:24  အကြောင်း မူကား လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်ကြ၍ သူတို့၏ဂုဏ်သရေရှိသမျှသည် မြက်ပင်မှပွင့်သောပန်းနှင့် တူ၏၊ မြက်ပင်သည် ညှိုးခြောက်သွား၍ မြက်ပင်၏ပန်းသည်လည်း ကြွေကျလေ၏၊-
I Pe BurCBCM 1:25  ဘုရားသခင်၏နှုတ်တော် ထွက်စကားမူကား အစဉ်ထာ၀ရတည်တော်မူ၏ဟူ၍ ကျမ်းစာတော်မြတ်၌ ရေးထားသော ကြောင့်တည်း။ ဤ နှုတ်တော်ထွက်စကားသည်ကား သင်တို့အား ကြေညာ ဟောပြောသော ဧဝံဂေလိတရားတော်ပေတည်း။
Chapter 2
I Pe BurCBCM 2:1  ထို့ကြောင့် သင်တို့သည် မကောင်းမှုအမျိုးမျိုးနှင့်တကွ လှည့်ဖြားခြင်း၊ ရိုးသားမှုမရှိခြင်း၊ မနာလိုခြင်းနှင့် အသေရေ ဖျက်ခြင်း တို့ကိုဖယ်ရှားကြလော့။-
I Pe BurCBCM 2:2  သင်တို့သည် မွေးစသူငယ်များကဲ့သို့ ဝိညာဉ်နှင့်ဆိုင် သောနို့ရည်အစစ်ကိုတမ်းတကြလော့။ သို့မှသာ သင် တို့သည် ထိုနို့ရည် အားဖြင့် ကယ်တင်ခြင်းခံရရန် ရှင်သန်ကြီးထွားကြလိမ့်မည်။-
I Pe BurCBCM 2:3  အကြောင်းမူကား သင်တို့သည် သခင်ဘုရား၏သနားကရုဏာတော်ကို မြည်းစမ်းခဲ့ကြလေပြီ။
I Pe BurCBCM 2:4  လူတို့၏ပစ်ပယ်ခြင်းခံရသော်လည်း ဘုရားသခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်၍ ရွေးချယ်ခံရသော ရှင်သန်လျက်ရှိ သည့်ကျောက်တည်းဟူသော ကိုယ်တော့်ထံသို့ လာကြလော့။-
I Pe BurCBCM 2:5  သင်တို့သည်လည်း ရှင်သန်လျက်ရှိသောကျောက်များကဲ့သို့ပင် ဝိညာဉ်နှင့် ဆိုင်သောဗိမာန်တော်အဖြစ် မိမိတို့ကိုယ်ကို တည် ဆောက်ကြလော့။ သင်တို့သည် မြင့်မြတ်သောရဟန်း အမျိုးအနွယ်ဖြစ်စေရန်နှင့် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင် နှစ်သက်လက်ခံဖွယ်ဖြစ်သော ဝိညာဉ်ရေး ရာပူဇော်ခြင်းများကို ဆက်ကပ်ပူဇော်နိုင်ရန် ထိုဗိမာန် တော်ကို တည်ဆောက်ကြ လော့။-
I Pe BurCBCM 2:6  အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား ကြည့်လော့၊ ငါရွေးချယ်ထားသည့် အဖိုးတန်ထောင့်ချုပ် ကျောက်ဖြစ် သောကျောက်တုံးတစ်တုံးကို ဇီအွန်တောင်ပေါ်၌ ငါချထား၏၊ ထိုအရှင်၌ ယုံကြည်သောသူသည် အရှက်တကွဲ ဖြစ်ရလိမ့်မည်မဟုတ်ဟူ၍ဖြစ်သတည်း။-
I Pe BurCBCM 2:7  ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ထိုအရှင်သည် တန်ဖိုးရှိပေ၏။ မယုံကြည်သောသူတို့အတွက်မူကား တိုက်ကို ဆောက်သောသူတို့ပစ်ပယ်ထားသော ဤကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာလေပြီဟူ၍လည်းကောင်း၊-
I Pe BurCBCM 2:8  ဤကျောက်သည် လူတို့အား ခလုတ်တိုက်မိ စေသောကျောက်၊ လူတို့ကို လဲကျစေမည့်ကျောက်ဖြစ် သည်ဟူ၍လည်းကောင်း ရေးထားလျက်ရှိ၏။ သူတို့ သည် နှုတ်တော်ထွက်စကားကိုမနာခံကြသောကြောင့် သူတို့အတွက် သတ်မှတ်ထားသည့်အတိုင်း တိုက်မိ၍ လဲကျကြလေ၏။
I Pe BurCBCM 2:9  သင်တို့သည်ကား ရွေးကောက်ခြင်းခံရသောလူ မျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှနေ၍ ကိုယ်တော်၏အံ့ဖွယ်ရာအလင်းတော်သို့ ခေါ်ထုတ်တော်မူသော သခင်၏ချီးမွမ်းထိုက်သောအမှုတော်တို့ကို သင်တို့ကြေညာ ဟောပြောကြရပေလိမ့်မည်။-
I Pe BurCBCM 2:10  တစ်ချိန်က သင်တို့သည် လူမျိုးတစ်မျိုးအဖြစ်မတည်ရှိခဲ့ကြသော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြလေပြီ။ တစ်ချိန်က သင်တို့သည် ဘုရားသခင်၏သနားကရုဏာကို မခံစားခဲ့ ရသော်လည်း ယခုအခါ ဘုရားသခင်၏သနားကရုဏာ တော်ကို ခံစားကြရလေပြီ။
I Pe BurCBCM 2:11  ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤလောကတွင် ဧည့်သည်အာဂန္တုများအဖြစ် နေထိုင်ကြစဉ် သင်တို့၏ ဝိညာဉ်ကိုတိုက်ခိုက် လျက်ရှိသော အသွေးအသား၏ တပ်မက်မှုဆန္ဒများကိုရှောင်ကြဉ်ကြရန် သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်ပါ၏။-
I Pe BurCBCM 2:12  လူမျိုးခြားတို့ အလယ်တွင် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ကြလော့။ ဤသို့ဖြင့် သူ တို့သည် သင်တို့ကို မကောင်းမှုပြုသော သူများအဖြစ် အပြစ်တင်ပြောဆိုခဲ့ပါလျှင် သခင်ဘုရားကြွလာတော်မူ သည့်နေ့၌ သင်တို့၏ကောင်းသောလုပ်ရပ်များကိုမြင်၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလိမ့်မည်။
I Pe BurCBCM 2:13  သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ အမြင့်ဆုံးသောအာဏာပိုင်ဖြစ်သည့် မင်းဧကရာဇ်ကိုဖြစ်စေ၊-
I Pe BurCBCM 2:14  မကောင်းမှုကျူးလွန်သောသူတို့ကိုအပြစ်ဒဏ်ပေးရန်နှင့် ကောင်းမှုပြုသောသူတို့ကို ဂုဏ်ပြုချီးမြှင့်ရန် မင်းဧကရာဇ် ကခန့်အပ်ထားသောဘုရင်ခံတို့ကိုဖြစ်စေ လူတို့၏အဖွဲ့ အစည်းရှိသမျှတို့ကို နာခံကြလော့။-
I Pe BurCBCM 2:15  အကြောင်းမူကား သင်တို့သည် ကောင်းသောအမှုတို့ကိုပြုခြင်းဖြင့် မိုက်မဲ သောသူတို့၏အသိဉာဏ်ကင်းမဲ့သောစကား များကို တိတ်ဆိတ်သွားစေရန် ဘုရားသခင်အလိုရှိတော်မူ၏။-
I Pe BurCBCM 2:16  လွတ်လပ်သောသူများကဲ့သို့ နေထိုင်ကျင့်ကြံကြလော့။ သင်တို့၏လွတ်လပ်မှုကို အကြောင်းပြု၍ မကောင်းမှုကို မပြုလုပ်ဘဲ ဘုရားသခင်၏အစေခံများအဖြစ် နေထိုင်ကျင့်ကြံကြလော့။-
I Pe BurCBCM 2:17  အားလုံးသောလူတို့ကို ရိုသေလေးစားကြလော့။ ညီအစ်ကိုအချင်းချင်း ချစ်ခင်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြလော့။ ဧကရာဇ်မင်းကို ရိုသေလေးစားကြလော့။
I Pe BurCBCM 2:18  အစေခံတို့၊ သင်တို့၏သခင်များကို ရိုသေကျိုးနွံ စွာနာခံကြလော့။ သနားကြင်နာတတ်၍ သိမ်မွေ့ ညှာတာတတ်သော သခင်များကိုသာမဟုတ်ဘဲ ကြမ်းတမ်း ခက်ထန်သောသခင်များကိုပါ ကျိုးနွံနာခံကြလော့။-
I Pe BurCBCM 2:19  အကြောင်းမူကား သင်တို့သည် ဘုရားသခင်ကိုမျက် မှောက်ပြု၍ မတရားခံရသောဆင်းရဲဒုက္ခကို ခံယူပါလျှင် ကျေးဇူးတော် ကို ခံစားရ၏။-
I Pe BurCBCM 2:20  အဘယ်ကြောင့်ဆိုသော် သင်တို့သည် အမှားပြုမိ၍ ယင်းအတွက်ရိုက်နှက်ခြင်းခံရသည်ကို စိတ်ရှည်သည်းခံ စွာလက်ခံ ကြလျှင် မည်သည့် အကျိုးကျေးဇူးကိုရပါမည်နည်း။ သို့သော် သင်တို့သည် မှန်ကန်စွာပြုသောကြောင့် ခံရသောဆင်းရဲဒုက္ခကို စိတ်ရှည်သည်းခံစွာ ခံထမ်းကြလျှင် ဘုရားသခင်ရှေ့မှောက် တော်၌ အကျိုးကျေးဇူးရရှိကြလိမ့်မည်။-
I Pe BurCBCM 2:21  အကြောင်းမူ ကား သင်တို့သည် ဤအတွက်ပင် ခေါ်တော်မူခြင်းခံကြ ရ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ သင်တို့သည် ကိုယ် တော်၏ခြေရာတော်အတိုင်း လိုက်လျှောက်နိုင်ကြရန် စံနမူနာပြတော်မူခဲ့ ၏။-
I Pe BurCBCM 2:22  ကိုယ်တော်သည် အပြစ်ဒုစရိုက် မကျူးလွန်ခဲ့ပေ။ ကိုယ်တော်၏နှုတ်တော်၌လည်း လိမ်လည်လှည့်ဖြားခြင်းကို မတွေ့ရပေ။-
I Pe BurCBCM 2:23  ကိုယ်တော်သည် ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်လည်တုံ့ပြန်၍ကဲ့ရဲ့ ရှုတ်ချခြင်းမပြုခဲ့ချေ။ ညှဉ်းပန်းနှိပ်စက်ခံရသော အခါတွင်လည်း ကိုယ်တော်သည် ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ သို့သော် ကိုယ်တော်သည် တရားသဖြင့်စီရင်တော်မူသောအရှင့် ထံ၌ မိမိကိုယ်ကို အပ်နှံတော်မူ၏။-
I Pe BurCBCM 2:24  ငါတို့သည် အပြစ်မကျူးလွန်ကြတော့ဘဲ ဖြောင့်မတ်ခြင်း၌ အသက်ရှင်ကြမည့်အကြောင်း ကိုယ်တော်သည် ငါတို့၏ အပြစ်ဒုစရိုက် များကို သစ်တိုင်ပေါ်တွင် ကိုယ်တော်တိုင်ခံထမ်းတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာတော်များအားဖြင့် သင်တို့ သည် ပျောက်ကင်းချမ်းသာရခဲ့ကြပြီ။-
I Pe BurCBCM 2:25  အကြောင်းမူကား သင်တို့သည် လမ်းပျောက်သောသိုးများကဲ့သို့ဖြစ်ခဲ့ကြ သော်လည်း ယခုအခါတွင် သင်တို့၏ဝိညာဉ်များ ကို ထိန်း သိမ်းစောင့်ရှောက်သူနှင့် သင်တို့၏သိုးထိန်းထံသို့ပြန် လာခဲ့ကြလေပြီ။
Chapter 3
I Pe BurCBCM 3:1  ။ထိုနည်းတူပင် အသင်ဇနီးသည်တို့၊ သင်တို့၏ ခင်ပွန်းသည်တို့အား ကျိုးနွံနာခံကြလော့။ ဤသို့ဖြင့် နှုတ်တော်ထွက် တရား တော်ကိုမယုံကြည်သော ခင်ပွန်းအချို့ ရှိပါလျှင် သူတို့သည် သင်တို့၏ဘုရားတရား ရိုသေကိုင်းရှိုင်းခြင်းနှင့် ဖြူစင်သန့်ရှင်းသော ကျင့်စဉ်တို့ ကိုမြင်ရသောအခါ စကားတစ်ခွန်းမျှမပြောဆိုရဘဲ မိမိတို့၏ဇနီးသည်များကျင့်ကြံနေထိုင်ပုံအားဖြင့် သင်တို့ ဘက်သို့တိမ်းညွတ်လာနိုင်၏။-
I Pe BurCBCM 3:3  သင်တို့၏အလှအပ ပြင်ဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေငွေရတနာဆင် မြန်းခြင်းနှင့် လှပသောအဝတ်အစားများ ဝတ်ဆင်ခြင်းစသော အပေါ်ယံအလှဆင်ခြင်းမျိုးမဖြစ်စေဘဲ၊-
I Pe BurCBCM 3:4  ဘုရား သခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်လှသော နူးညံ့သိမ်မွေ့ ခြင်းနှင့် အေးချမ်းသည့်အတွင်းစိတ်တည်း ဟူသော မပျောက်ပျက်နိုင်သည့်ရတနာဖြင့် သင်တို့၏စိတ်နှလုံးကို ပြင်ဆင်ထားကြလော့။-
I Pe BurCBCM 3:5  ဤသည်ကား ရှေးကာလက သန့်ရှင်းမွန်မြတ်သောအမျိုးသမီးတို့ မိမိတို့ ကိုယ်ကို ရှုချင်စဖွယ် ပြင်ဆင်ထားပုံဖြစ်၏။ သူတို့သည် ဘုရားသခင်ကို မျှော်လင့်အားကိုးလျက် မိမိတို့၏ခင်ပွန်း များကိုလည်း ကျိုးနွံနာခံခဲ့ကြ၏။-
I Pe BurCBCM 3:6  ဆာရာသည် အာဘ ရာဟံကို ရိုသေကျိုးနွံလျက် သူ့ကို သခင်ဟုခေါ်ဆိုသကဲ့ သို့ပင်ဖြစ်၏။ ယခု သင်တို့သည် ကောင်းမြတ်ရာ ကိုပြု ကျင့်၍ မည်သည့်အရာကိုမျှကြောက်ရွံ့ခြင်းမရှိပါလျှင် ဆာရာ၏သားသမီးများဖြစ်ကြ၏။
I Pe BurCBCM 3:7  ထိုနည်းတူပင် အသင်ခင်ပွန်းသည်တို့၊ သင်တို့၏ ဇနီးသည်တို့သည် သင်တို့ထက် အားနွဲ့သူများဖြစ်ကြ သော်လည်း အသက်ရှင်ခြင်းကျေးဇူးတော်ကို သင်တို့နှင့် အတူ အမွေခံရသည့်အဖော်ဖြစ်သောကြောင့် သူတို့ကို ဂုဏ်ယူလေးစားလျက် သဘောထားပြည့်၀စွာဖြင့် သူတို့ နှင့်အတူ ပေါင်းသင်းနေထိုင်ကြပါလော့။ ဤသို့ပြုလျှင် သင်တို့၏ဆု တောင်းပတ္ထနာများကို မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
I Pe BurCBCM 3:8  သင်တို့အားလုံးသည် စိတ်နှလုံးတစ်လုံးတစ်၀ တည်းရှိကြ၍ စာနာထောက်ထားတတ်ခြင်း၊ ညီအစ်ကို ချင်းချစ်ခင်ခြင်း၊ နူးညံ့သိမ်မွေ့သောနှလုံးသားနှင့် နှိမ့်ချသောစိတ်ထားရှိကြရန် နောက်ဆုံးမှာကြားလိုပါ၏။-
I Pe BurCBCM 3:9  မကောင်းမှုကို မကောင်းမှုဖြင့်လည်းကောင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းကို ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း မည်သည့်အခါ မျှမတုံ့ပြန်လေနှင့်။ ထိုကဲ့သို့တုံ့ပြန်ခြင်းထက် ကောင်းချီး ပေးကြလော့။ အကြောင်းမူကား သင်တို့သည် ကောင်းချီးမင်္ဂလာ တော်ကို ခံစားရမည့်အကြောင်း ဤကဲ့သို့ပြု လုပ်ရန် သင်တို့ကို ခေါ်တော်မူခြင်းဖြစ်၏။-
I Pe BurCBCM 3:10  အကြောင်းမူကား မိမိအသက်ကို ချစ်မြတ်နိုး၍ ပျော်ရွှင်ဖွယ်ကောင်း သောနေ့ရက်များကို အလိုရှိသောသူသည် မိမိ၏လျှာကို မကောင်းမှုမှ ကင်းဝေးစေလျက် မိမိ၏နှုတ်ကိုလည်း လိမ်လည်လှည့်ဖြားခြင်းမှ ကင်းဝေးစေရမည်။-
I Pe BurCBCM 3:11  သူသည် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကိုပြုပါစေ။ သူသည် ငြိမ်းချမ်းသာယာခြင်းကို ရှာဖွေ၍ ၎င်းကို လက်ကိုင် ထားရမည်။-
I Pe BurCBCM 3:12  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်း သံကို ကြားနာတော်မူ၏။ သို့သော် ထာ၀ရဘုရားသခင်သည် အပြစ်မကောင်းမှု ကျူးလွန် သောသူတို့ထံမှ မျက်နှာတော်ကို လွှဲတော်မူ၏။
I Pe BurCBCM 3:13  သင်တို့သည် ကောင်းမှုကိုပြုရန် စိတ်အားထက် သန်ကြပါလျှင် မည်သူသည် သင်တို့ကို ထိခိုက်ရန်မူနိုင် မည်နည်း။-
I Pe BurCBCM 3:14  သို့သော် သင်တို့သည် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံကြရပါလျှင်လည်း သင်တို့သည် ကောင်းချီးခံကြရ လိမ့်မည်။ ထိုသူတို့ကို မကြောက်ရွံ့ ကြ နှင့်။ ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိကြနှင့်။-
I Pe BurCBCM 3:15  သင်တို့ ၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် လက် ခံ၍ ရိုသေသမှုပြုကြလော့။ သင်တို့၏မျှော်လင့်ခြင်းနှင့် ပတ်သက်၍ ဖြေရှင်းပြောကြားရန် တောင်းဆိုလာသော သူတို့အား သိမ်မွေ့စွာနှင့် ရိုသေလေးစားစွာ ဖြေကြားနိုင် ခြင်းငှာ အမြဲအသင့်ရှိကြလော့။-
I Pe BurCBCM 3:16  သင်တို့၏အသိစိတ်ကို ကြည်လင်ရှင်းသန့်စေကြလော့။ သို့မှသာ သင်တို့သည် ပြစ်တင်ဝေဖန်ခြင်းခံကြရသောအခါ ခရစ်တော်၌ သင် တို့ကျင့်သည့် ကောင်းမြတ်သောကျင့်စဉ်ကို ကဲ့ရဲ့ရှုတ်ချ သောသူတို့သည် အရှက်ရကြလိမ့်မည်။-
I Pe BurCBCM 3:17  အကြောင်းမူ ကား သင်သည် ဒုက္ခဝေဒနာခံစားရန် ဘုရားသခင်အလို တော်ရှိလျှင် မကောင်းမှုပြုခြင်းကြောင့် ဒုက္ခခံထမ်းရ သည်ထက် ကောင်းမှုပြုခြင်းကြောင့် ဒုက္ခဆင်းရဲခံရသည်က ပို၍ကောင်း၏။-
I Pe BurCBCM 3:18  အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တော်တိုင်သည် အပြစ်များအတွက် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်အသေ ခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူက မဖြောင့်မတ်သောသူတို့ အတွက် အသေခံခြင်းဖြင့် ကိုယ်တော်သည် ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခဲ့၏။ ကိုယ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ပြန်ရှင်တော်မူခဲ့၏။-
I Pe BurCBCM 3:19  ကိုယ်တော်သည် ထိုဝိညာဉ်တော်အားဖြင့် ကြွသွား၍ အကျဉ်းထောင်ထဲတွင်ရှိသောဝိညာဉ်များကို ဟောပြော တော်မူ၏။-
I Pe BurCBCM 3:20  ထိုသူတို့သည်ကား တစ်ချိန်က နောဧလက်ထက်၌ ဘုရားသခင်ကို နာခံခြင်းမရှိခဲ့ကြသောသူများဖြစ်ကြ၏။ သင်္ဘောတည်ဆောက်နေချိန်အတွင်း ဘုရားသခင်သည် သူတို့အား စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့၏။ထိုအဖြစ်အပျက်တွင် လူရှစ်ယောက်သာလျှင် ရေဘေးမှ ကယ်ဆယ်ခြင်းခံရ၏။-
I Pe BurCBCM 3:21  ဤကဲ့သို့ရေဘေးမှ ကယ်ဆယ် ခြင်းခံရသည်နှင့် အလားသဏ္ဌာန်တူသည့် ဆေးကြော ခြင်းမင်္ဂလာသည် ယခု သင်တို့ကို ကယ်တင်လျက်ရှိ၏။ ၎င်းမှာ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုဖယ်ရှားသန့် စင်ခြင်းမဟုတ်ဘဲ ယေဇူးခရစ်တော်၏ရှင်ပြန် ထမြောက် တော်မူခြင်းဖြင့် သင်တို့၌ ကြည်လင်ရှင်းသန့်သောအသိ စိတ်ရှိလာစေရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်း ဖြစ်၏။-
I Pe BurCBCM 3:22  ထိုသခင်သည် ကောင်းကင်နိုင်ငံတော်သို့ ကြွဝင်ပြီးလျှင် ကောင်းကင်တမန်တော်များ၊ ကောင်းကင်နှင့် ဆိုင်သောအာဏာနှင့် ဘုန်းတန်ခိုးများကို မိမိ၏လက် အောက်သို့ရောက်စေလျက် ဘုရားသခင်၏လက်ယာ တော်၌ စံပယ်တော်မူလေ၏။
Chapter 4
I Pe BurCBCM 4:1  ထို့ကြောင့် ခရစ်တော်သည် ခန္ဓာကိုယ်အားဖြင့် ဒုက္ခဝေဒနာခံထမ်းတော်မူသဖြင့် သင်တို့သည် လည်း ဤကဲ့သို့ခံယူနိုင်ရန် မိမိတို့ကိုယ်ကို အသင့်ပြင် ထားကြလော့။ အကြောင်းမူကား ခန္ဓာကိုယ်အားဖြင့် ဒုက္ခဝေဒနာခံရသူတို့သည် အပြစ်မကောင်းမှုနှင့် အဆက် ဖြတ်ခဲ့ကြ၏။-
I Pe BurCBCM 4:2  ဤသို့ဖြင့်သူတို့သည် ကျန်ရှိသောအချိန် ကာလအတွင်း လူတို့၏ရမ္မက်ဆန္ဒများဖြင့် အသက်မရှင် ဘဲ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ အသက်ရှင် နိုင်ကြမည်ဖြစ်၏။-
I Pe BurCBCM 4:3  လူမျိုးခြားတို့ပြုလုပ်သကဲ့သို့ အပျော်အပါးလွန်ကြူးခြင်း၊ သွေးသားတပ်မက်ခြင်း၊ အရက်သေ စာမူးယစ်ခြင်း၊ သောက်စားမြူးထူးခြင်းနှင့် သေရည်သောက်ပြိုင်ခြင်း၊ တရားမဲ့ရုပ်တုဆင်းတုကိုးကွယ်ခြင်း စသည်တို့ကို သင်တို့ကျူးလွန် ခဲ့သော အတိတ်ကာလ သည် ယခုတော်သင့်လေပြီ။-
I Pe BurCBCM 4:4  ယခု သင်တို့သည် ထိုသူ တို့နှင့်အတူ ထိုကဲ့သို့လွန်ကျူးစွာပျော်ပါးခြင်း၌ မပါဝင် ကြသဖြင့် ထိုသူတို့သည် အံ့အားသင့်ကြ၍ သင်တို့ကို ထိခိုက်စော်ကားပြောဆိုကြ၏။-
I Pe BurCBCM 4:5  သို့သော် သူတို့သည် ရှင်သူသေသူတို့ကို တရားစီရင်ရန် အဆင်သင့်ရှိတော် မူသောအရှင်ထံတော်၌ စစ်ဆေးစီရင်ခြင်း ခံကြရလိမ့်မည်။-
I Pe BurCBCM 4:6  ဤအကြောင်းကြောင့် ဧဝံဂေလိတရားတော်အား သေလွန်ပြီးသောသူတို့ကိုပင်လျှင် ကြေညာဟောပြော ရခြင်းဖြစ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ထိုသူတို့သည် ခန္ဓာကိုယ်၌ လူများကဲ့သို့ စီရင်ခြင်းခံကြရသော်လည်း ဝိညာဉ် ၌ ဘုရားသခင်ကဲ့သို့ အသက်ရှင်ကြလိမ့်မည်။
I Pe BurCBCM 4:7  အရာခပ်သိမ်းတို့၏အဆုံးသတ်ချိန်သည် ရောက်လုနီးလေပြီ။ ထို့ကြောင့် သင်တို့သည် ဆုတောင်းပတ္ထနာ ပြုနိုင်ကြရန် တည်ကြည်လေးနက်လျက် သတိဝီရိယရှိကြလော့။-
I Pe BurCBCM 4:8  အထူးသဖြင့် သင်တို့အချင်းချင်း စွဲမြဲစွာချစ် ခင်လေးစားကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာ သည် များစွာသော အပြစ်တို့ကို ဖုံးလွှမ်းထားနိုင်သော ကြောင့်ဖြစ်၏။-
I Pe BurCBCM 4:9  သင်တို့အချင်းချင်း မညည်းမညူဘဲ ဧည့်ဝတ်ပြုကြလော့။-
I Pe BurCBCM 4:10  သင်တို့တစ်ဦးစီသည် ကျေးဇူးတော် ကိုရရှိကြသဖြင့် ဘုရားသခင်၏ကျေးဇူးတော်အမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်း ရသည့် ကောင်းသောဘဏ္ဍာစိုး များကဲ့သို့ ထိုကျေးဇူးတော်ကို တစ်ဦးစီ၏အကျိုးအတွက် အသုံးပြုကြလော့။-
I Pe BurCBCM 4:11  မည်သူမဆိုဟောပြောပါက ဘုရားသခင်၏ဗျာဒိတ်တော်ကိုဖွင့်ဆိုသကဲ့သို့ ဟောပြောပါစေ။ အမှုတော်၌ အစေခံသော သူသည်လည်း ဘုရားသခင်ပေးသနားတော်မူသော အားတန်ခိုးဖြင့် အစေခံသူကဲ့ သို့ဖြစ်ပါစေ။ ဤသို့ဖြင့် ဘုရားသခင်သည် ယေဇူးခရစ် တော်အားဖြင့် အရာခပ်သိမ်း၌ ဘုန်းဂုဏ်တော်ထင်ရှား လိမ့်မည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် တန်ခိုး အာနုဘော်တို့ကို ကာလအဆက်ဆက်စိုးပိုင်တော်မူပေ ၏။ အာမင်။
I Pe BurCBCM 4:12  ချစ်မိတ်ဆွေတို့၊ သင်တို့ကို စုံစမ်းရန် သင်တို့အပေါ် သို့ကျရောက်လာသောမီးဖြင့်စမ်းသပ်ခြင်းနှင့်ပတ်သက် ၍ သင်တို့၌ ထူးဆန်းသောအမှုဖြစ်ပျက်လျက်ရှိပြီဟူ၍ အံ့ဩခြင်းမရှိကြနှင့်။-
I Pe BurCBCM 4:13  သို့ရာတွင် သင်တို့သည် ခရစ်တော်၏ဒုက္ခဝေဒနာကို မျှဝေခံစားကြရသောကြောင့် ဝမ်းမြောက်ကြလော့။ ဤသို့ဖြင့် ကိုယ်တော်၏ဘုန်း ဂုဏ်တော်ထင်ရှားသောအခါ သင်တို့သည်လည်း ဝမ်း မြောက်ပျော်ရွှင်ကြရပေလိမ့်မည်။-
I Pe BurCBCM 4:14  သင်တို့သည် ခရစ်တော်၏နာမတော်ကြောင့် ထိခိုက်စော်ကားခြင်းခံကြရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့်ပြည့်စုံသောဝိညာဉ်တော်သည် သင် တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။-
I Pe BurCBCM 4:15  သင်တို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ လူသတ်သမားအဖြစ် လည်းကောင်း၊ သူခိုးအဖြစ်လည်းကောင်း၊ ဒုစရိုက်သားနှင့် သူတစ်ပါးကို ဒုက္ခပေးတတ်သူအဖြစ်လည်းကောင်း ဒုက္ခမခံရပါစေနှင့်။-
I Pe BurCBCM 4:16  သို့သော်လည်း တစ်စုံတစ်ဦးသည် ခရစ်ယာန်အဖြစ် ဒုက္ခဆင်းရဲခံရပါက ရှက်ကြောက်ခြင်း မရှိစေနှင့်။ သူသည် ထိုနာမတော်အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းပါစေ။-
I Pe BurCBCM 4:17  အကြောင်းမူကား ဘုရားသခင်၏အိမ်တော်မှစတင်၍ တရားစီရင်မည့်အချိန်သည် ကျရောက်လာလေပြီ။ တရားစီရင်ခြင်းသည် ငါတို့ နှင့်စတင်ပါလျှင် ဘုရားသခင်၏ဧဝံဂေလိတရားတော်ကို မယုံကြည်သောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည် နည်း။-
I Pe BurCBCM 4:18  ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းခံရရန် ခက်ခဲပါလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်ရှိသူတို့သည် မည်သည့်အရပ်သို့ သွားကြရမည်နည်း။-
I Pe BurCBCM 4:19  ထို့ကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း ဒုက္ခဆင်းရဲခံကြရ သောသူတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ကြံ၍ သစ္စာတည်တော်မူသောဖန်ဆင်းရှင်ထံ၌ မိမိတို့၏ ဝိညာဉ်များကို အပ်နှံကြပါစေ။
Chapter 5
I Pe BurCBCM 5:1  ငါသည် လုပ်ဖော်ကိုင်ဖက်အကြီးအကဲတစ်ဦး အနေဖြင့်လည်းကောင်း၊ ခရစ်တော်၏ဒုက္ခဝေဒနာခံခြင်းတို့ကို သက်သေခံသူ တစ်ဦးအနေဖြင့် လည်းကောင်း၊ ထင်ရှားတော်မူမည့် ဘုန်းဂုဏ်တော်၌ ပါဝင်ခံစားရမည့်သူတစ်ဦးအနေဖြင့်လည်းကောင်း သင် တို့ထဲမှအကြီးအကဲခေါင်းဆောင်များကို တိုက်တွန်းနှိုး ဆော်လိုက်ပါ၏။-
I Pe BurCBCM 5:2  သင်တို့အား အပ်ထားသော ဘုရား သခင်၏သိုးစုကို ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ထို သို့လုပ်ဆောင်ရာတွင်လည်း ဝတ္တရားအရပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ရ သကဲ့သို့ ဝမ်းမြောက်စွာလုပ်ဆောင်ကြလော့။ မသန့်ရှင်းသောငွေကြေးအတွက်ဟူ၍မဟုတ်ဘဲ သင်ကိုယ်တိုင်က စိတ်အားထက်သန်စွာလုပ်ဆောင်လိုသည့်စိတ်ဖြင့် စောင့်ရှောက်ထိန်းသိမ်းကြလော့။-
I Pe BurCBCM 5:3  သင်တို့အား အပ်နှံထားသောသိုးစုအပေါ် အာဏာဖြင့် မအုပ်စိုးဘဲ သိုးစုအတွက် ပုံသက်သေ ကောင်းပြသူဖြစ်စေကြလော့။-
I Pe BurCBCM 5:4  အကြီးမြတ်ဆုံးသောသိုးထိန်းပေါ်ထွန်းလာတော်မူ သောအခါ သင်တို့သည် မှေးမှိန်ခြင်းမရှိသော ဘုန်းဂုဏ် တော်၏သရဖူကို ရရှိကြလိမ့်မည်။-
I Pe BurCBCM 5:5  ထိုနည်းတူပင် ငယ်ရွယ်သောသင်တို့၊ အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံးသည် နှိမ့်ချစိတ်ဖြင့် လွှမ်းခြုံလျက် တစ်ဦးကို တစ်ဦးဆက်ဆံကြလော့။ အကြောင်းမူကား ဘုရားသခင်သည် မောက်မာထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကို ပေးသနားတော်မူ၏။
I Pe BurCBCM 5:6  ထို့ကြောင့် ဘုရားသခင်၏ဘုန်းတန်ခိုးတော်ရှေ့ မှောက်၌ ယခုပင် ဦးညွှတ်ပျပ်ဝပ်ကြလော့။ သို့ဖြစ်လျှင် ကိုယ်တော်သည် သင့်လျော်သောအချိန်၌ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။-
I Pe BurCBCM 5:7  ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ပူပန်သောက များအားလုံးကို ကိုယ်တော့်ထံ၌ အပ်နှံကြ လော့။-
I Pe BurCBCM 5:8  သင်တို့၏ရန်သူဖြစ်သောစာတန်နတ်ဆိုးသည် ဟိန်းဟောက် သောခြင်္သေ့ကဲ့သို့ တစ်စုံတစ်ယောက်ကိုဝါးမျိုရန် လှည့်လည် ချောင်းမြောင်းလျက်ရှိသောကြောင့် တည်ကြည် လေးနက်၍ သတိဝီရိယရှိကြလော့။-
I Pe BurCBCM 5:9  ကမ္ဘာတစ်ဝန်းလုံးရှိ သင်တို့၏ညီအစ်ကိုများသည်လည်း ဤဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားနေကြရသည် ဟုသိမှတ်ကြ လျက် သင် တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေကာ သူ့အား တွန်းလှန်ခုခံ ကြလော့။-
I Pe BurCBCM 5:10  သင်တို့သည် ခေတ္တခဏမျှသာ ဆင်းရဲဒုက္ခခံစားကြရပြီးနောက် ခရစ်တော်အားဖြင့် မိမိ၏ထာ၀ရ ဘုန်းဂုဏ်တော်သို့ သင်တို့ကို ခေါ်တော်မူသော၊ ကျေးဇူး တော်အပေါင်းတို့၏ဘုရားသခင်သည် ကိုယ်တော်တိုင် သင်တို့ကို ပြန်လည်ပြည့်စုံစေ၍ ခိုင်ခံ့မြဲမြံစေပြီးလျှင် အား ဖြည့်ပေးတော်မူလိမ့်မည်။-
I Pe BurCBCM 5:11  ကိုယ်တော်၏ဘုန်းတန်ခိုး တော်သည် ကာလအဆက်ဆက်တည်တော်မူပါစေ သော်။ အာမင်။
I Pe BurCBCM 5:12  ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ရန်နှင့် ဤအရာသည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန်ဖြစ်ကြောင်း သက်သေခံရန် သစ္စာရှိသောညီအစ်ကိုဟု ငါသတ်မှတ်သော ဆီဗားနုအားဖြင့် သင်တို့ထံသို့ ဤစာကို အတိုချုပ်၍ ရေးသား လိုက်ပါ၏။ ဤကျေးဇူးတော်၌ တည်ကြည်ခိုင်မာစွာရပ်တည်ကြလော့။-
I Pe BurCBCM 5:13  သင်တို့နည်းတူရွေးကောက်ခြင်းခံခဲ့ရသော ဘာဘီလွန်မြို့ရှိ အသင်း တော်ကလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ ငါ့သား မာကုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။-
I Pe BurCBCM 5:14  သင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာဖြင့် နမ်းလျက် နှုတ်ဆက်ကြပါလော့။ ခရစ်တော်၌ရှိကြသော သင်တို့အားလုံး၌ ငြိမ်းချမ်း သာယာခြင်းရှိပါစေသော်။ အာမင်။