Toggle notes
Chapter 1
Phil | BurCBCM | 1:1 | ခရစ်တော်ယေဇူး၏အစေခံများဖြစ်ကြသော ငါပေါလုနှင့် တီမောသီဦးတို့က ဖိလိပိမြို့တွင်ရှိသော သာသနာ အကြီးအမှူးများ၊ သိက္ခာရအမှုတော် ဆောင်များနှင့် ခရစ်တော်ယေဇူး၌ရှိကြသောသူတော် သူမြတ်အပေါင်းတို့ထံသို့ စာရေး လိုက်ပါ၏။ | |
Phil | BurCBCM | 1:2 | ငါတို့၏အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့၌ ရှိပါစေသော်။ | |
Phil | BurCBCM | 1:4 | ငါသည် သင်တို့အား လုံးအတွက် ဆုတောင်းသောအခါ ဝမ်းမြောက်ခြင်းဖြင့် အစဉ်အမြဲ ဆုတောင်းပေးပါ၏။- | |
Phil | BurCBCM | 1:5 | အကြောင်းမူကား ငါသည် ဧဝံဂေလိသတင်းတော်ကို ကြေညာဟောပြောရာတွင် ပထမဦးဆုံးသောနေ့မှစ၍ ယနေ့တိုင်အောင် သင်တို့သည် ငါနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြသော ကြောင့်ကျေးဇူးတင်ရခြင်းဖြစ်၏။- | |
Phil | BurCBCM | 1:6 | သင်တို့တွင် ကောင်းသောအမှုကိုစတင်ပြုတော်မူခဲ့သောအရှင်သည် ယေဇူး ခရစ်တော်ကြွလာတော်မူ သည့်နေ့ရက်တိုင် အောင် ဤအမှုကို ပြီးမြောက်သည်အထိ ဆောင်ရွက်တော်မူလိမ့် မည်ဟု ငါယုံကြည်စိတ်ချပါ၏။- | |
Phil | BurCBCM | 1:7 | ငါသည် သင်တို့အားလုံး အတွက် ယခုကဲ့သို့ခံစားရသည်မှာ သင့်မြတ်လှပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအကျဉ်းချခံ နေရစဉ်၌လည်းကောင်း၊ ဧဝံဂေလိသတင်းကောင်းကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် တည်တံ့ခိုင်မြဲစေရာ၌လည်း ကောင်း ငါနှင့်အတူ ကျေးဇူးတော်ကို ပါဝင်ခံစားသူများဖြစ် ကြသဖြင့် ငါသည် သင်တို့ကို စိတ်နှလုံးထဲ၌ အစဉ်သတိ ရသောကြောင့်တည်း။- | |
Phil | BurCBCM | 1:8 | ငါသည် ခရစ်တော်ယေဇူး၏ကရု ဏာမေတ္တာတော်အားဖြင့် သင်တို့အားလုံးကို မည်မျှ သတိရတမ်းတကြောင်း ဘုရားသခင်သည် ငါ၏သက် သေဖြစ်တော်မူ၏။- | |
Phil | BurCBCM | 1:9 | သင်တို့၏ချစ်ခြင်းမေတ္တာသည် အသိပညာနှင့် ဝေဖန်ပိုင်းခြားတတ်ခြင်းတို့၌ ပိုမိုတိုးပွား ပြည့်စုံလာစေရန် ငါဆုတောင်းပါ၏။- | |
Phil | BurCBCM | 1:10 | ဤသို့ဖြင့် အဘယ် အရာသည် အကောင်းမြတ်ဆုံးဖြစ်ကြောင်း သင်တို့ပိုင်း ခြားသိရှိနိုင်ပြီး ခရစ်တော်ကြွလာတော်မူသည့် နေ့ရက်၌ သင်တို့သည် ဖြူစင်သန့်ရှင်းလျက် အပြစ်တင်ခွင့်နှင့် ကင်းကြပေလိမ့်မည်။- | |
Phil | BurCBCM | 1:11 | ထို့ပြင် ဘုရားသခင်၏ဘုန်းဂုဏ် တော်နှင့် ချီးမွမ်းထောမနာတိုးပွားစေရန်အတွက် သင်တို့ သည် ယေဇူးခရစ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံကြလိမ့်မည်ဖြစ်၏။ | |
Phil | BurCBCM | 1:12 | ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်ခဲ့သောအကြောင်းအရာ တို့သည် ဧဝံဂေလိသတင်းကောင်းကို ပိုမိုပြန့်ပွားစေရန် အထောက်အကူ ပြုကြောင်း ငါသည် သင်တို့ကိုသိစေလို၏။- | |
Phil | BurCBCM | 1:13 | ငါသည် ခရစ်တော်အတွက် အကျဉ်းချခံနေရသည် ကို နန်းတော်တစ်ခုလုံးသာမက အခြားသောလူအားလုံး ကလည်း သိရှိကြလေပြီ။- | |
Phil | BurCBCM | 1:14 | ထို့အတူ ငါအကျဉ်းချခံနေရ သည့်အတွက်ကြောင့် များစွာသောညီအစ်ကိုတို့သည် သခင်ဘုရား၌ ပိုမို၍ယုံကြည်အားကိုး လာကြပြီးလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို မကြောက်မရွံ့ ရဲဝံ့စွာ ဟောပြောကြလေ၏။ | |
Phil | BurCBCM | 1:15 | အမှန်စင်စစ် အချို့သောသူတို့သည် မနာလိုစိတ်နှင့် ယှဉ်ပြိုင်လိုသောစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ ခြင်းဖြစ်၏။ အခြားသောသူတို့မူကား စိတ်ကောင်းနှလုံးကောင်းဖြင့် ဟောပြောကြလေ၏။- | |
Phil | BurCBCM | 1:16 | စိတ်ကောင်းနှလုံးကောင်းဖြင့်ဟောပြောသူတို့က ငါသည် ဧဝံဂေလိသတင်းကောင်းကို ကာကွယ်ရန် ဤနေရာ၌ ရောက်ရှိနေကြောင်းကို သိကြသောကြောင့် မေတ္တာတရားအလျောက် ဟောပြောကြခြင်းဖြစ်၏။- | |
Phil | BurCBCM | 1:17 | မနာလို စိတ်ဖြင့်ဟောပြောသောသူတို့သည်ကား ခရစ်တော် အကြောင်းကိုဟောပြောရာတွင် ရိုးသားသောစိတ်နှင့် ဟောပြောခြင်းမဟုတ်ဘဲ မိမိတို့၏အကျိုးကိုရည်မှန်း၍ အကျဉ်းခံနေရသောငါ့ကို ပို၍စိတ်ဆင်းရဲဒုက္ခရောက် စေရန် ဟောပြော ကြခြင်းဖြစ်၏။- | |
Phil | BurCBCM | 1:18 | သို့ဖြစ်လျှင် ငါမည်သို့ ဆိုရမည်နည်း။ မှားယွင်းသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ စစ်မှန်သောရည်ရွယ်ချက်ဖြင့်ဖြစ်စေ နည်းလမ်းနှစ်ခုစလုံးသည် ခရစ်တော်ကို ဟောပြောကြခြင်းဖြစ်သော ကြောင့် ငါသည် ယင်းအတွက်ဝမ်းမြောက်ပါ၏။ | |
Phil | BurCBCM | 1:19 | မှန်ပေ၏၊ ငါသည် ဝမ်းမြောက်ရဦးမည်။ အကြောင်းမူကား သင်တို့၏ဆုတောင်းပတ္ထနာများအားဖြင့်လည်းကောင်း၊ ယေဇူးခရစ်တော်၏ဝိညာဉ်တော်အကူအညီ အားဖြင့်လည်းကောင်း ဤအခြင်းအရာသည် ငါ၏လွတ် မြောက်ရာအကြောင်း ဖြစ်မည်ကို ငါသိ၏။- | |
Phil | BurCBCM | 1:20 | ငါသည် မည် သည့်အရာ၌မဆို အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ဘဲ ငါအမြဲမပြတ်ပြုလုပ်ခဲ့သည့်အတိုင်း ယခုအခါ၌လည်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ခန္ဓာကိုယ်၌ ခရစ်တော်၏ဘုန်းဂုဏ် တော်ထင်ရှား လိမ့်မည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်တောင့်တပါ၏။- | |
Phil | BurCBCM | 1:21 | အကြောင်းမူကား ငါအသက်ရှင် ခြင်းသည် ခရစ်တော်အတွက်သာဖြစ်၍ သေခြင်းသည် ကောင်းသောအကျိုးကို ရရှိရန်အတွက်ဖြစ်သည်ဟု ငါခံယူထားသောကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 1:22 | အကယ်၍ ငါသည် ကိုယ် ခန္ဓာ၌ အသက်ရှင်ရပါလျှင် အကျိုးရှိသောအမှုကို ဆောင် ရွက်ရန်အခွင့်အရေးရရှိခြင်းဖြစ်သည်ဟု ခံယူထား၏။ သို့သော် ငါသည် မည်သည့်အရာအား ရွေးချယ်ရမည်ကို မသိပေ။- | |
Phil | BurCBCM | 1:23 | ငါသည် ဤနှစ်ခုအကြားတွင် စိတ်နှစ်ခွဖြစ် လျက်ရှိ၏။ ငါ၏အလိုဆန္ဒသည်ကား ဤနေရာမှစွန့်ခွာ၍ ခရစ်တော်နှင့်အတ ူရှိရန်ဖြစ်၏။ အကြောင်းမူကား ထိုအရာသည် များစွာသာလွန်ကောင်းမွန်၏။- | |
Phil | BurCBCM | 1:25 | ဤသို့ယုံကြည်သောကြောင့် သင်တို့သည် ယုံကြည်ခြင်း၌ တိုးတက်၍ ဝမ်းမြောက်ကြစေရန် ငါသည် သင်တို့အားလုံးနှင့် အတူ ဆက်လက်ရှိနေမည်။- | |
Phil | BurCBCM | 1:26 | သို့ဖြစ်၍ သင်တို့ထံသို့ နောက်တစ်ဖန်ငါရောက်လာခြင်းကြောင့် သင်တို့သည် ငါ့အားဖြင့် ခရစ်တော်ယေဇူး၌ ပို၍ဂုဏ်ယူ ဝမ်းမြောက်ကြပေလိမ့်မည်။ | |
Phil | BurCBCM | 1:27 | သင်တို့သည် ခရစ်တော်၏ဧဝံဂေလိတရားတော် နှင့်ထိုက်တန်သောဘ၀အသက်တာ၌သာ အသက်ရှင် နေထိုင်ကြလော့။ ဤသို့ဖြင့် သင်တို့ကိုတွေ့ရန် ငါလာ သည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် ဧဝံဂေလိ တရားတော်၌ ယုံကြည်ခြင်းအတွက် စိတ်နှလုံးတစ်လုံး တစ်၀တည်းဖြင့် ခိုင်မာစွာရပ်တည်ကြလျက် အတူတကွ ယှဉ်တွဲ၍ ကြိုးစားအားထုတ်နေကြသည်ကို ငါကြားသိရ ပေလိမ့်မည်။- | |
Phil | BurCBCM | 1:28 | သင်တို့အား ဆန့်ကျင်သောသူတို့ပြုလုပ် သမျှကိုလည်း သင်တို့ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်မဟုတ်။ ဤသည်ကား သူတို့အတွက် ပျက်စီးခြင်းနိမိတ် ဖြစ်သည်ကိုလည်းကောင်း၊ သင်တို့အတွက် ကယ်တင် ခြင်းနိမိတ်ဖြစ်သည်ကိုလည်းကောင်း၊ ယင်းသည် ဘုရားသခင်ထံတော်မှ ကျရောက်လာခြင်းဖြစ်သည်ကိုလည်းကောင်း သူတို့ကောင်းစွာသိရှိကြလိမ့်မည်။- | |
Phil | BurCBCM | 1:29 | အကြောင်းမူကား သင်တို့သည် ခရစ်တော်အတွက် အခွင့်ထူးကိုရရှိ ကြလေပြီ။ ယင်းသည်ကား သင်တို့သည် ခရစ်တော်၌ ယုံကြည်သည်သာမက ကိုယ်တော့်အတွက် ဒုက္ခဆင်း ရဲကိုလည်း ခံထမ်းကြရမည့်အကြောင်းတည်း။- | |
Chapter 2
Phil | BurCBCM | 2:1 | သို့ဖြစ်၍ သင်တို့အကြားတွင် ခရစ်တော်၌ အားပေးနှစ်သိမ့်ခြင်း၊ ချစ်ခြင်းမေတ္တာအားဖြင့် သက်သာရာရစေခြင်း၊ ဝိညာဉ်တော်၌မိတ်သဟာယဖွဲခြင်း၊ ခင်တွယ်ခြင်းနှင့် စာနာထောက်ထားခြင်းစသည်တို့ရှိလျှင်၊- | |
Phil | BurCBCM | 2:2 | သင်တို့အချင်းချင်း တစ်စိတ်တစ်သဘောတည်းရှိကြ၍ အချင်းချင်းချစ်ခင်ပြီး တညီတညွတ်တည်းရှိခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။- | |
Phil | BurCBCM | 2:3 | တစ်ကိုယ်ကောင်းစိတ်နှင့် ထင်ပေါ်ကျော်စောလိုသောစိတ်တို့ဖြင့် မည်သည့်အမှုကိုမျှမပြုကြလေနှင့်။ အခြားသူတို့သည် သင်တို့ထက် သာ၍ကောင်းမြတ်သည်ဟု ခံယူလျက် နှိမ့်ချခြင်းရှိကြလော့။- | |
Phil | BurCBCM | 2:4 | သင်တို့တစ်ဦးစီသည် မိမိကိုယ်ကျိုး ကိုသာမကြည့်ဘဲ အခြားသောသူတို့၏အကျိုးကိုလည်း ငဲ့ကွက်ကြပါလော့။- | |
Phil | BurCBCM | 2:6 | ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူညီတူအဖြစ်ကိုရယူအပ်သည်ဟု ထင် မှတ်ခြင်းမရှိဘဲ၊- | |
Phil | BurCBCM | 2:7 | မိမိ၌ရှိသမျှကိုစွန့်လွှတ်ပြီးလျှင် အစေခံ ဘ၀ကိုယူ၍ လူတို့၏ပုံသဏ္ဌာန်အတိုင်း မွေးဖွားခြင်းကို ခံတော်မူ၏။- | |
Phil | BurCBCM | 2:8 | ကိုယ်တော်သည် လူ့အဖြစ်ကိုယူပြီးလျှင် သာမညသေခြင်းမျိုးမဟုတ်ဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည့် တိုင်အောင် နာခံလျက် မိမိကိုယ်ကို နှိမ့်ချတော်မူ၏။- | |
Phil | BurCBCM | 2:9 | ထို့ကြောင့် ဘုရားသခင်သည် ကိုယ် တော်အား ထူးကဲစွာချီးမြှောက်၍ ဘွဲ့နာမတကာတို့ ထက်ကြီးမြတ်သော ဘွဲ့နာမတော် ကို အပ်နှင်းတော်မူ၏။- | |
Phil | BurCBCM | 2:10 | ဤသို့ဖြင့် ကောင်းကင်၊ မြေကြီးနှင့် မြေကြီးအောက် ၌ရှိကြသောသတ္တဝါအပေါင်းတို့သည် ယေဇူး၏နာမတော်၌ ရိုသေပျပ် ဝပ်ကြလျက်၊- | |
Phil | BurCBCM | 2:11 | ယေဇူးခရစ်တော်သည် အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသဖြင့် အဖဘုရားသခင်၏ ဘုန်းဂုဏ် တော်ကို ထင် ရှားစေကြလိမ့်မည်။ | |
Phil | BurCBCM | 2:12 | သို့ဖြစ်၍ ချစ်မိတ်ဆွေတို့၊ သင်တို့သည် အစဉ်အမြဲ နာခံခဲ့ကြသကဲ့သို့ ယခုအခါတွင်လည်း ငါ၏ရှေ့တွင်သာမက ငါ၏ မျက်ကွယ်၌လည်း သင်တို့၏ကယ်တင်ခြင်းအတွက် ကြောက်ရွံ့တုန်လှုပ်လျက် ကြိုးစားအားထုတ် ကြလော့။- | |
Phil | BurCBCM | 2:13 | အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ ကောင်းမွန်သောရည်ရွယ်ချက်အတွက် သင်တို့အား လုပ်ဆောင်လိုသော စိတ်နှင့် လုပ်ဆောင်နိုင်သောအစွမ်း တို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။ | |
Phil | BurCBCM | 2:15 | ဤသို့ဖြင့် ကောက်ကျစ်၍ ဆိုးမိုက်သော လူမျိုးဆက်၏အလယ်တွင် အပြစ်အနာ အဆာမရှိသောသင်တို့သည် အပြစ်တင်ခွင့်ကင်းလွတ်၍ ရိုးသားဖြူစင်သော ဘုရားသခင်၏သားသမီးများဖြစ် ကြလိမ့်မည်။ သင်တို့သည် ကမ္ဘာလောကတွင် ထွန်းလင်းသောကြယ်တာရာများကဲ့သို့ ထိုသူတို့အလယ်၌ ထွန်းလင်းကြလျက်၊- | |
Phil | BurCBCM | 2:16 | အသက်၏နှုတ်တော်ထွက်စကားကို ထိုသူတို့အား ဝေမျှပေးကြလော့။ သို့မှသာ ငါသည် အကျိုးမဲ့ပြေးခဲ့ရခြင်း၊ အပင်ပန်းခံခဲ့ရခြင်းမဟုတ်ကြောင်း ခရစ်တော်ကြွလာတော်မူသောနေ့ရက်၌ ဝမ်းမြောက် ဂုဏ်ယူနိုင်လိမ့်မည်။- | |
Phil | BurCBCM | 2:17 | ထိုမျှမက သင်တို့ယုံကြည်ခြင်း၏ ယဇ်ပူဇော်သကာပေါ်တွင် ငါ၏သွေးကို သွန်းလောင်းရမည်ဆိုလျှင်ပင် ငါသည် ပျော်ရွှင်ခြင်းဖြင့် သင်တို့အားလုံးနှင့်အတူ ဝမ်းမြောက်ပါ၏။- | |
Phil | BurCBCM | 2:18 | ထိုနည်းတူပင် သင်တို့သည် လည်း ပျော်ရွှင်ခြင်းဖြင့် ငါနှင့်အတူ ရွှင်လန်းဝမ်းမြောက် ကြပါလော့။ | |
Phil | BurCBCM | 2:19 | သင်တို့၏သတင်းကြောင့် ငါသည် အားရဝမ်းသာရှိ စေရန် တီမောသေဦးကို သင်တို့ထံသို့ မကြာမီ စေလွှတ် နိုင်မည်ဟု ယေဇူးသခင်၌ ငါမျှော်လင့်ပါ၏။- | |
Phil | BurCBCM | 2:20 | သူကဲ့သို့ သင်တို့၏အကျိုးအတွက် အမှန်စင်စစ် စိတ်အားထက် သန်သောသူတစ်ဦးမျှ ငါ့၌မရှိပေ။- | |
Phil | BurCBCM | 2:21 | အခြားသူအားလုံး တို့သည် ယေဇူးခရစ်တော်၏အကျိုးကိုမရှာဘဲ မိမိတို့၏ အကျိုးကိုသာ ရှာဖွေကြ၏။- | |
Phil | BurCBCM | 2:22 | သို့သော်လည်း သားဖြစ်သူသည် ဖခင်နှင့်အတူ အလုပ်လုပ်ကိုင်သကဲ့သို့ တီမောသီဦးသည် ငါနှင့်အတူ ဧဝံဂေလိ တရားတော်၌ အမှုတော်ထမ်းဆောင်ခဲ့သောကြောင့် သူ၏အရည်အချင်းကို သင်တို့သိကြ၏။- | |
Phil | BurCBCM | 2:23 | ထို့ကြောင့် ငါ၌မည်သို့ဖြစ်မည်ကိုသိလျှင် သိချင်း ငါသည် သူ့ကို သင်တို့ထံသို့ စေလွှတ်ရန် မျှော်လင့်ထား၏။- | |
Phil | BurCBCM | 2:24 | ငါကိုယ်တိုင်သည်လည်း မကြာမီတွင်ပင် သင်တို့ထံသို့လာနိုင်မည်ဟု သခင်ဘုရား၌ ငါစိတ်ချယုံ ကြည်ပါ၏။ | |
Phil | BurCBCM | 2:25 | ငါ၏ညီ၊ ငါ၏လုပ်ဖော်ကိုင်ဖက်နှင့် တိုက်ပွဲဝင်ဖက် ဖြစ်၍ ငါ့ကိုပြုစုစောင့်ရှောက်ရန် သင်တို့စေလွှတ်ခဲ့သော ဧပါဖရိုဒိတုကို သင်တို့ထံသို့စေလွှတ်ရန်လိုအပ်သည်ဟု ငါထင်၏။- | |
Phil | BurCBCM | 2:26 | အကြောင်းမူကား သူသည် သင်တို့အားလုံးကို လွမ်းဆွတ်သတိရလျက်ရှိ၏။ သူဖျားနာခဲ့ကြောင်းကို သင်တို့ကြား သိသွားသည့်အတွက် သူသည် စိတ်ပူပန် လျက်ရှိ၏။- | |
Phil | BurCBCM | 2:27 | အမှန်စင်စစ် သူသည် သေလုနီးပါးဖျားနာခဲ့ခြင်းဖြစ်၏။ သို့သော် ဘုရားသခင်သည် သူ့ကို သနားတော်မူခဲ့၏။ ကိုယ်တော်သည် သူ့ကိုသာ သနားခဲ့ခြင်း မဟုတ်ဘဲ ငါ့အားလည်း ဝမ်းနည်းပူဆွေးခြင်းကိုထပ်ဆင့် မကြုံတွေ့ရစေရန် သနားတော်မူခဲ့၏။- | |
Phil | BurCBCM | 2:28 | ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့ မြင်ကြရသောအခါ ဝမ်းမြောက်ကြလျက် ငါသည်လည်း စိတ်သက်သာရာရစေ ခြင်းငှာ သင်တို့ထံသို့ သူ့ကိုစေလွှတ်ရန် ငါသည်ပို၍စိတ် အားထက်သန်၏။- | |
Phil | BurCBCM | 2:29 | သို့ဖြစ်၍ သူ့အား သခင်ဘုရား၌ ဝမ်းမြောက်ဝမ်းသာလက်ခံကြပါလော့။ ဤကဲ့သို့သောသူများကို လေးစားုဏ်ပြုကြ လော့။- | |
Chapter 3
Phil | BurCBCM | 3:2 | ရေးပြီးသောအကြောင်းအရာတို့ကို သင်တို့ထံသို့ ထပ်မံရေးသားခြင်းမှာ ငါ့အတွက် ဒုက္ခမဟုတ်သကဲ့သို့ သင်တို့အတွက်လည်း ဘေးဆီးရန်ကာဖြစ်၏။ | |
Phil | BurCBCM | 3:3 | ခွေးများကိုသတိပြုကြလော့။ မကောင်းမှုပြုသော သူတို့ကို သတိပြုကြလော့။ အရေဖျားလှီးခြင်းခံရန် ပြော ဆိုသောသူတို့ကို သတိပြုကြလော့။- | |
Phil | BurCBCM | 3:4 | အကြောင်းမူကား စိတ်ဝိညာဉ်၌ ဘုရားသခင်ကို ရှိခိုးကိုးကွယ်၍ ခရစ် တော်ယေဇူး၌ ဂုဏ်ယူဝမ်းမြောက်ကြလျက် မိမိတို့၏ အသွေးအသားခန္ဓာကိုယ်အပေါ်၌ ယုံကြည်အားထား ခြင်းမရှိကြသောငါတို့သာလျှင် စစ်မှန်သောအရေဖျားလှီး ခြင်းခံသူများ ဖြစ်ကြ၏။- | |
Phil | BurCBCM | 3:5 | သို့သော် ခန္ဓာကိုယ်အပေါ်တွင် လည်း ယုံကြည်အားထားရန် အကြောင်းပြချက် ငါ၌ရှိ ၏။ အကယ်၍ တစ်စုံတစ်ယောက်က ခန္ဓာကိုယ်အပေါ် ယုံကြည်အားထားရန် အကြောင်းပြချက် မိမိ၌ရှိသည်ဟု ထင်ပါလျှင် ငါ၌ပို၍ အကြောင်းပြစရာရှိ၏။- | |
Phil | BurCBCM | 3:6 | ငါသည် ရှစ်ရက်မြောက်သောနေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံယူခဲ့ပြီး အစ္စရာအဲလ်လူမျိုးထဲမှ ဘင်ဂျာမင်အမျိုး အနွယ်ဝင်၊ ဟေဗြေဦးမိဘများမှ မွေးဖွားလာသော ဟေဗြေဦးလူမျိုးစစ်စစ်ဖြစ်၏။ ပညတ်တရားအရဆိုလျှင် ငါသည် ဖာရီဇေးဦးဖြစ်၏။- | |
Phil | BurCBCM | 3:7 | ဘာသာတရားအတွက် စိတ်ထက်သန်မှုအရဆိုလျှင် ငါသည် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သောသူဖြစ်၏။ ပညတ်တရားအားဖြင့် ရရှိ သော ဖြောင့်မတ်ခြင်းတရားအရဆိုလျှင် ငါသည် အပြစ် တင်စရာမရှိသောသူဖြစ်၏။ | |
Phil | BurCBCM | 3:8 | သို့သော် ငါရရှိခဲ့သောအကျိုးအမြတ်ဟူသမျှသည် အချည်းနှီးသာဖြစ်သည်ဟု ခရစ်တော်ကိုထောက်၍ ငါ မှတ်ယူထား၏။- | |
Phil | BurCBCM | 3:9 | ထိုထက်မက ငါဆိုရသော် ငါ၏သခင်ခရစ်တော်ယေဇူးကိုသိရခြင်း၏ကြီးမြတ်သောအကျိုး ကျေးဇူးကြောင့် ခပ်သိမ်းသော အရာဟူသမျှကို အချည်းနှီးသာဖြစ်သည်ဟု ငါမှတ်ယူ၏။ ငါသည် ကိုယ်တော့်အတွက်ကြောင့် ခပ်သိမ်းသောအရာတို့ကို အဆုံးရှုံးခံခဲ့ ၏။ ငါသည် ခရစ်တော်ကို ရယူပိုင်ဆိုင်နိုင်ရန် ထိုအရာ အားလုံးကို အမှိုက်ကဲ့သို့ပင် ထင်မှတ်၏။- | |
Phil | BurCBCM | 3:10 | ဤသို့ဖြင့် ငါသည် ပညတ်တရားအပေါ်တွင် အခြေခံသောဖြောင့်မတ် ခြင်းကိုမရရှိဘဲ ခရစ်တော်အပေါ် ယုံကြည်ခြင်း အားဖြင့် ရရှိသည့် ဖြောင့်မတ်ခြင်းတည်းဟူသော၊ ယုံကြည်ခြင်း အပေါ်တွင် အခြေခံသည့် ဘုရားသခင်ထံမှ ဖြောင့်မတ် ခြင်းကိုရရှိလျက် ကိုယ်တော်နှင့်အတူရှိနိုင်မည်ဖြစ်၏။- | |
Phil | BurCBCM | 3:11 | သို့မှသာ ငါသည် ကိုယ်တော်နှင့် ကိုယ်တော်၏ရှင်ပြန် ထမြောက်ခြင်းဘုန်းတန်ခိုးတော်တို့ကို သိမြင်လျက် ကိုယ်တော်၏ ဝေဒနာခံစားခြင်း၌ ပါဝင်ခံစားပြီး ကိုယ် တော်၏သေခြင်းကို ခံထမ်းခြင်းဖြင့် ကိုယ်တော်ကဲ့သို့ ဖြစ်လာ၍၊- သေသူတို့အစုမှ ရှင်ပြန်ထမြောက်ခြင်းအခွင့် ကို အမှန်တကယ်ရရှိနိုင်ပေလိမ့်မည်။ | |
Phil | BurCBCM | 3:12 | ငါသည် ဤအခွင့်ကို ပိုင်ဆိုင်ရရှိပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ သို့မဟုတ် ငါသည် ပြည့်စုံလေပြီဟူ၍လည်းကောင်း ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် ခရစ်တော်ယေဇူးသည် ငါ့ကို မိမိ၏ပိုင်ဆိုင်ရာဖြစ်စေတော်မူသောကြောင့် ငါသည် ဤအခွင့် ကိုရယူနိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိ၏။- | |
Phil | BurCBCM | 3:13 | ညီအစ်ကိုတို့၊ ငါသည် ဤအခွင့်ကိုပိုင်ဆိုင်ရရှိပြီဟု မထင်မှတ်ချေ။ သို့သော် ငါပြုလုပ်သော အရာတစ်ခုမှာ ငါသည် အတိတ်တွင်ကျန်ရစ်သောအရာ ကိုမေ့ထား၍ ငါ့ရှေ့တွင်ရှိနေသောအရာထံသို့ အရောက် လှမ်းနိုင်ရန် ကြိုးစားခြင်းပင်ဖြစ်၏။- | |
Phil | BurCBCM | 3:14 | ငါသည် အထက်အရပ်သို့ခေါ်တော်မူခြင်းဆုကျေးဇူးကိုရရှိရန် ကြိုးစားအားထုတ်လျက်ရှိ၏။ ထိုခေါ်တော်မူခြင်းကို ခရစ်တော် ယေဇူးအားဖြင့် ဘုရားသခင်က ခေါ်တော်မူခြင်းဖြစ်၏။- | |
Phil | BurCBCM | 3:15 | ရင့်ကျက်ပြည့်စုံကြသောငါတို့သည် ဤကဲ့သို့ စဉ်းစားဆင်ခြင်သင့်၏။ အကယ်၍ သင်တို့သည် တစ်မျိုးတစ်ဖုံ ကွဲပြားစွာ စဉ်းစားနေပါလျှင် ဘုရားသခင်သည် ထိုအရာကို သင်တို့အား ထုတ်ဖော်ပြတော်မူလိမ့်မည်။- | |
Phil | BurCBCM | 3:16 | မည်သို့ ပင်ဖြစ်စေ၊ မိမိတို့ရရှိထားပြီးသောလမ်းစဉ်အတိုင်း စွဲမြဲ စွာ ငါတို့ဆက်လက်လျှောက်လှမ်းကြပါစို့။ | |
Phil | BurCBCM | 3:17 | ညီအစ်ကိုတို့၊ ငါ့အားအတုယူကြလော့။ ငါတို့ထံမှ သင်တို့ရရှိသည့်စံနမူနာအတိုင်း ပြုမူကျင့်ကြံကြသော သူတို့ကို သတိပြု၍ ကြည့်ရှုကြလော့။- | |
Phil | BurCBCM | 3:18 | အကြောင်းမူကား ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို ဆန့်ကျင်သောရန်သူများစွာရှိကြ၏။ ငါသည် ထိုသူတို့ အကြောင်းကို သင်တို့အား မကြာခဏပြောပြခဲ့ပြီး ယခုတွင်လည်း မျက်ရည်များဖြင့် ထပ်မံပြောပြပါ၏။- | |
Phil | BurCBCM | 3:19 | ထိုသူတို့၏လမ်းဆုံးသည် ပျက်စီးခြင်းဖြစ်၍ သူတို့၏ဘုရားမှာ သူတို့၏ ဝမ်းပင်ဖြစ်၏။ သူတို့သည် မိမိတို့အရှက်တကွဲဖြစ်ရ ချိန်၌ ဂုဏ်ယူကြလျက် လောကီအရာများကိုသာ စိတ်စွဲလမ်းကြ၏။- | |
Phil | BurCBCM | 3:20 | သို့သော် ငါတို့၏ဇာတိအရပ်သည် ကောင်းကင်နိုင်ငံတော်၌တည်ရှိ၍ ငါတို့သည် ထိုအရပ်၌ ယေဇူး ခရစ်တော်သခင်ကို စောင့်မျှော်နေကြ၏။- | |
Chapter 4
Phil | BurCBCM | 4:1 | ထို့ကြောင့် ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ချစ်မြတ်နိုး၍ သတိရတမ်းတပါ၏။ငါ၏ဝမ်း မြောက်ခြင်းနှင့် သရဖူဖြစ်ကြ သော ငါ၏ချစ်မိတ်ဆွေတို့၊ သခင်ဘုရား၌ တည်ကြည်ခိုင်မြဲစွာ ရပ်တည်ကြလော့။ | |
Phil | BurCBCM | 4:2 | ယူအိုးဒိယနှင့် ဆင့်တိကီတို့အား သခင်ဘုရား၌ တစ်ဦးနှင့်တစ်ဦးသင့်မြတ်ကြရန် ငါတောင်းပန်ပါ၏။- | |
Phil | BurCBCM | 4:3 | ငါ၏ စစ်မှန်သည့်လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဆိဇိဂု၊ သင်သည် လည်း ဤအမျိုးသမီးတို့ကို ကူညီစောင့်ရှောက်ပါလော့။ အကြောင်းမူကား သူတို့သည် ကလဲမင့်မှစ၍ အသက်၏ စာအုပ်တွင် အမည်စာရင်းဝင်သော ငါတို့၏အခြားလုပ် ဖော်ကိုင်ဖက် များနှင့်တကွ ဧဝံဂေလိသတင်းကောင်း အတွက် ငါနှင့်လက်တွဲလုပ်ဆောင်ခဲ့ကြသောကြောင့် ဖြစ်၏။ | |
Phil | BurCBCM | 4:5 | သင်တို့၏စိတ်ရှည်သည်းခံခြင်းကို လူအပေါင်းတို့သိကြပါစေ။ သခင်ဘုရားကြွရောက်ရန် နီးကပ်လာလေပြီ။- | |
Phil | BurCBCM | 4:6 | မည်သည့်အမှုအတွက်မျှ စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အမှုအရာ အားလုံးတို့၌ ကျေးဇူးတင်ချီးမွမ်းလျက် ဆုတောင်းပတ္ထ နာနှင့် အသနားခံတောင်းလျှောက်ခြင်းအားဖြင့် ဘုရားသခင်အား သင်တို့တောင်းလျှောက်သောအရာတို့ကို သိစေကြလော့။- | |
Phil | BurCBCM | 4:7 | လူတို့သိနားလည်သမျှအရာအားလုံးတို့ထက် ကြီးမြတ်သောဘုရားသခင်၏ငြိမ်းချမ်းသာယာခြင်းသည်လည်း ခရစ်တော် ယေဇူး၌ သင်တို့၏စိတ်နှလုံး များနှင့် အကြံအစည်များကို ထိန်းသိမ်းစောင့်ရှောက် တော်မူလိမ့်မည်။ | |
Phil | BurCBCM | 4:8 | ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော် သင်တို့သည် မှန်ကန် သောအရာ၊ လေးစားဂုဏ်ယူဖွယ်သောအရာ၊ တရားမျှ တသောအရာ၊ စင်ကြယ်သောအရာ၊ နှစ်သက်မြတ်နိုး ဖွယ်သောအရာ၊ သာယာနာပျော်ဖွယ်သောအရာ၊ သာလွန်ထူးမြတ်သောအရာ၊ ချီးမွမ်း ဂုဏ်ပြုအပ်သောအရာ စသည်တို့ကိုတွေ့ရှိလျှင် ထိုအရာများကို သတိပြုဆင်ခြင်ကြလော့။- | |
Phil | BurCBCM | 4:9 | သင်တို့သည် ငါ၌သင်ယူရရှိ၍ ကြားနာ သိမြင်ခဲ့သမျှတို့ကို ကျင့်ကြလော့။ ထိုအခါ ငြိမ်းချမ်းသာယာခြင်း၏ဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ | |
Phil | BurCBCM | 4:10 | ငါ့အပေါ် ၌ သင်တို့၏အရေးပေးမှုကို ယခု နောက် ဆုံးတွင် ပြန်လည်ဖော်ထုတ်ပြသသည့်အတွက် ငါသည် သခင်ဘုရား၌ လွန်စွာဝမ်းမြောက်ပါ၏။ အမှန်စင်စစ် သင်တို့သည် ငါ့အပေါ် စာနာထောက်ထားခဲ့ကြသော် လည်း ထိုသို့ပြသရန် သင်တို့၌ အခွင့်အလမ်းမရခဲ့သော ကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 4:11 | ဤသို့ဆိုရာတွင် ငါ၌ တစ်စုံတစ်ရာချို့ တဲ့ကြောင်းကို ညည်းညူနေခြင်းမဟုတ်ပေ။ အကြောင်း မူကား ငါသည် မည်သည့် အခြေအနေကိုမဆို ကျေနပ် ရောင့်ရဲတတ်ရန် သင်ယူထားပြီးဖြစ်၏။- | |
Phil | BurCBCM | 4:12 | ငါသည် နိမ့်ကျချိန်၌လည်းကောင်း၊ ပေါများကြွယ်၀ချိန်၌လည်းကောင်း မည်သို့နေထိုင်ရမည်ကိုသိ၏။ ၀လင်အောင် စားရသည် ဖြစ်စေ၊ ဆာလောင်ငတ်မွတ်သည်ဖြစ်စေ၊ ပိုလျှံနေသည် ဖြစ်စေ၊ ချို့တဲ့နေသည်ဖြစ်စေ အခြေအနေအရပ်ရပ်တို့၌ ကျေနပ်ရောင့်ရဲစွာနေနိုင်သည့်လျှို့ဝှက်ချက်ကို ငါသင် ယူခဲ့ပြီးဖြစ်၏။- | |
Phil | BurCBCM | 4:14 | မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ငါ၏ဆင်းရဲဒုက္ခကို မျှဝေခံစားကြခြင်းဖြင့် ကောင်းသောအမှုကိုပြုခဲ့ကြ၏။- | |
Phil | BurCBCM | 4:15 | အသင် ဖိလိပိမြို့သူမြို့သားတို့၊ ငါသည် ဧဝံဂေလိတရားတော်ကို စတင်ဟောပြောပြီးနောက် မာစီဒိုးနိယပြည် မှထွက်ခွာ လာသောအခါ သင်တို့မှတစ်ပါး မည်သည့် အသင်းတော်ကမျှ ပေးကမ်းခြင်းနှင့် လက်ခံခြင်းအမှုတို့ ၌ ငါနှင့်အတူ ပါဝင် လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း သင်တို့ ကိုယ်တိုင်သိကြ၏။- | |
Phil | BurCBCM | 4:16 | အကြောင်းမူကား သက်ဆာလောနိကမြို့၌ ငါရှိစဉ်အခါတွင်ပင် သင်တို့သည် တစ်ကြိမ် ထက်မက ငါ့ထံသို့ အကူအညီပေး ပို့ခဲ့ကြ၏။- | |
Phil | BurCBCM | 4:17 | ဤသို့ဆို ရခြင်းမှာ ငါသည် လက်ဆောင်ရယူလို၍မဟုတ်ဘဲ သင် တို့၏ကုသိုလ်ကောင်းမှုအား တိုးပွားစေသော အကျိုး အမြတ်ကို တန်ဖိုးထားသောကြောင့်ဖြစ်၏။- | |
Phil | BurCBCM | 4:18 | ငါ့၌လိုအပ် သောအရာများကို ငါရရှိသည်သာမက ပိုလျှံ၍ပင်နေလေပြီ။ မွှေးကြိုင်သောရနံ့နှင့်ပြည့်စုံလျက် ဘုရားသခင် နှစ်သက်လက်ခံတော်မူသည့်ပူဇော်သကာတည်းဟူသော သင်တို့ပေးပို့သည့်အလှူများကို ဧပါဖရိုဒိတုထံမှ ငါလက်ခံရရှိ သောကြောင့် ငါ၌ ပေါများပိုလျှံလျက်ရှိနေ လေပြီ။- | |
Phil | BurCBCM | 4:19 | ငါ၏ဘုရားသခင်သည်လည်း သင်တို့လိုအပ် သောအရာအလုံးစုံတို့ကို မိမိ၏ကြွယ်၀ပြည့်စုံသော ဘုန်းဂုဏ်တော်အတိုင်း ခရစ်တော်ယေဇူး၌ ပေးသနားတော်မူလိမ့်မည်။- | |
Phil | BurCBCM | 4:21 | ခရစ်တော်ယေဇူး၌ သူတော်သူမြတ်အားလုံးကို နှုတ်ဆက်ပေးပါလော့။ ငါနှင့်အတူရှိသော ညီအစ်ကိုများကလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။- | |
Phil | BurCBCM | 4:22 | သူတော် သူမြတ်အပေါင်းတို့နှင့် အထူးသဖြင့် ဆီဇာဧကရာဇ်၏ နန်းတော်ရှိ ညီအစ်ကိုတို့က သင်တို့ကို နှုတ်ဆက်လိုက် ပါ၏။ | |