Toggle notes
Chapter 1
Jame | BurCBCM | 1:1 | ဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်၏အစေခံဖြစ်သူ ယာကုပ်သည် အရပ်ရပ်တွင် နေထိုင်ကြသည့် တစ်ဆယ့်နှစ်မျိုး သော အမျိုးအနွယ်တို့ထံသို့ နှုတ် ခွန်းဆက်သလိုက်ပါသည်။ | |
Jame | BurCBCM | 1:2 | ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးတို့နှင့်ကြုံတွေ့ရသောအခါ ဝမ်းမြောက်ကြပါလော့။- | |
Jame | BurCBCM | 1:3 | အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခြင်းခံရသောအခါ သင်တို့၌ တည်ကြည် ခိုင်မာသော စိတ်တိုးပွားလာ ကြောင်းကို သင်တို့သိကြသောကြောင့်တည်း။- | |
Jame | BurCBCM | 1:4 | ထိုတည်ကြည်ခိုင်မာသောစိတ်၌ အကျိုးသက်ရောက်မှု အပြည့်အဝရှိပါစေ။ ထိုအခါ သင်တို့၌ မည်သည့်အရာမျှလိုအပ်မည် မဟုတ်ဘဲ သင်တို့ သည် စုံလင်ပြည့်၀ကြလိမ့်မည်ဖြစ်၏။ | |
Jame | BurCBCM | 1:5 | သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာ ကိုလိုအပ်လျှင် ဘုရားသခင်ထံ တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် အပြစ်တင်ခြင်းမရှိဘဲ လူတို့အား ရက် ရောစွာ ပေးလေ့ရှိသဖြင့် သူ့အား ဉာဏ်ပညာကို ပေး သနားတော်မူလိမ့်မည်။- | |
Jame | BurCBCM | 1:6 | သို့ရာတွင် သူသည် သံသယ စိတ်မရှိဘဲ ယုံကြည်ခြင်းနှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသော သူသည် လေတိုက်၍ လှုပ်ရှားသောပင်လယ်လှိုင်းတံပိုးနှင့်တူ၏။- ၇-၈။ အကြောင်းမူကား ထိုကဲ့သို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလုပ်သမျှ၌ တည်ကြည်မှုမရှိသောကြောင့် ထာ၀ရဘုရား သခင်ထံမှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟု မထင် မှတ်သင့်ပေ။ | |
Jame | BurCBCM | 1:10 | ချမ်းသာကြွယ်၀ သောညီအစ်ကိုသည်လည်း မိမိ၏နှိမ့်ချခံရခြင်းအတွက် ဝမ်းမြောက်ပါစေ။ အကြောင်းမူကား သူသည် မြက်ပင်၌ ပွင့်သောပန်းကဲ့သို့ပင် ပျောက်ကွယ်သွားလိမ့်မည်။- | |
Jame | BurCBCM | 1:11 | အကြောင်းမူကား နေသည် တောက်လောင်သောအပူရှိန်နှင့် ထွက်လာသောအခါ မြက်ပင်ကိုညှိုးခြောက်စေ၍ ယင်း၏ အပွင့်သည်လည်းကြွေကျသဖြင့် ယင်း၏အလှအပသည်လည်း ပျောက်ကွယ်လေ၏။ ထိုနည်းတူပင်ချမ်းသာကြွယ်၀သော သူသည်လည်း မိမိကြိုးစားရှာဖွေ ထားသောအရာများအကြားတွင် မှေးမှိန်ပျောက်ကွယ် သွားလိမ့်မည်။ | |
Jame | BurCBCM | 1:12 | စုံစမ်းနှောင့်ယှက်ခြင်းကို ခံထမ်းနိုင်သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် နှောင့်ယှက်ခြင်း ကိုကြံ့ကြံ့ခံ နိုင်သောအခါ ဘုရားသခင်ကိုချစ်သောသူ တို့အား ကိုယ်တော်ကတိထားတော်မူသည့် အသက် သရဖူကိုခံယူရရှိလိမ့်မည်။- | |
Jame | BurCBCM | 1:13 | မည်သူမဆို နှောင့်ယှက်ခြင်း ခံရသောအခါ ဘုရားသခင်သည် ငါ့ကိုစုံစမ်းနှောင့်ယှက်တော်မူသည်ဟူ၍ မပြောဆိုစေနှင့်။ အကြောင်းမူကား မကောင်းမှုသည် ဘုရားသခင်ကို သွေးဆောင်နှောင့် ယှက်ခြင်းမပြုနိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည် သူ့ကိုမျှ သွေးဆောင်နှောင့်ယှက်ခြင်းပြုတော်မမူပေ။- | |
Jame | BurCBCM | 1:14 | သို့သော် လူတစ်ဦးစီသည် မိမိ၏အလိုဆန္ဒအားဖြင့် သွေးဆောင်ဖြားယောင်းခံရချိန်၌ စုံစမ်းနှောင့်ယှက်ခံရခြင်း ဖြစ်လေ၏။- | |
Jame | BurCBCM | 1:15 | ထို့နောက် အလိုဆန္ဒဖြစ်ပေါ်လာသောအခါ ၎င်းသည် မကောင်းမှုကို ဖန်တီးလေ၏။ မကောင်းမှုသည်လည်း ကြီးမား လာသောအခါ သေခြင်းကို ဖြစ်ပေါ်လာစေ၏။ | |
Jame | BurCBCM | 1:17 | ကောင်းမြတ်သောလက်ဆောင်နှင့် စုံလင်သော ဆုကျေးဇူးမှန်သမျှသည် အထက်ကောင်းကင်မှလာ၏။ယင်းတို့သည် ပြောင်းလဲခြင်းနှင့် မှောင်မိုက်ခြင်းတို့ဖြင့် ကင်းသောကောင်းကင်အလင်းတို့၏အဖထံတော်မှ လာခြင်းဖြစ်၏။- | |
Jame | BurCBCM | 1:18 | ငါတို့သည် ကိုယ်တော်ဖန်ဆင်းသမျှတို့တွင် ပထမဦးဆုံးသောအသီးအပွင့်များဖြစ်လာရန် ကိုယ်တော်သည် မိမိအလိုတော် အတိုင်း သမ္မာတရား တော်အားဖြင့် ငါတို့ကို ဖြစ်ပေါ်စေတော်မူ၏။ | |
Jame | BurCBCM | 1:19 | ငါချစ်ရသောညီအစ်ကိုတို့၊ ဤအချက်ကိုသိမှတ် ကြလော့။ လူတိုင်းသည် ကြားနာခြင်း၌ လျင်မြန်ကြရမည်။ ပြောဆိုခြင်းနှင့် အမျက်ထွက်ခြင်း၌ကား နှေးကွေး ကြရမည်။- | |
Jame | BurCBCM | 1:21 | ထို့ကြောင့် သင်တို့သည် ညစ်ညူးခြင်းနှင့် မကောင်း မှုအကြွင်းအကျန်ရှိသမျှတို့ကို ဖယ်ရှားကြလော့။ သင်တို့တွင် ထည့်သွင်းထားပြီးဖြစ်သောနှုတ်တော်ထွက် စကားကို သိမ်မွေ့စွာခံယူကြလော့။ ၎င်းသည် သင်တို့၏ ဝိညာဉ်ကို ကယ်တင်နိုင် စွမ်းရှိလေ၏။ | |
Jame | BurCBCM | 1:22 | သို့သော် နှုတ်တော်ထွက်စကားကိုကျင့်ကြံသော သူများဖြစ်စေကြလော့။ မိမိကိုယ်ကို လှည့်ဖြားလျက် ၎င်းကို ကြားနာသူ သက်သက်မဖြစ်စေကြနှင့်။- | |
Jame | BurCBCM | 1:23 | အကြောင်း မူကား တစ်စုံတစ်ယောက်သည် နှုတ်တော်ထွက်စကား ကို ကြားနာပြီး မကျင့်သုံးလျှင် ထိုသူသည် မိမိ၏ပကတိ မျက်နှာကို မှန်တွင်ကြည့်သောသူနှင့်တူ၏။- | |
Jame | BurCBCM | 1:24 | အဘယ်ကြောင့်ဆိုသော် သူသည် မိမိကိုယ်ကို ကြည့်ပြီးထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက် မိမိ၏ပုံရိပ်ကို မေ့လျော့သွား လေ၏။- | |
Jame | BurCBCM | 1:25 | သို့သော် လွတ်လပ်ခြင်း၏တရားတော်တည်းဟူသော ပြီးပြည့်စုံသည့်တရားတော်ကို သေချာစွာ ကြည့်ရှုလေ့လာ၍ စောင့်ထိန်းသောသူသည် တရားတော်ကို ကြားနာပြီး မေ့လျော့သွားသူမဟုတ်ဘဲ ကျင့်ကြံသော သူဖြစ်သောကြောင့် သူသည် မိမိပြုလုပ်သမျှအရာတို့ အတွက် ကောင်းချီးခံရလိမ့်မည်။ | |
Jame | BurCBCM | 1:26 | မည်သူမဆို မိမိသည် ဘုရားတရားရှိသူဟု ယူဆ ပြီး မိမိ၏နှုတ်လျှာကို မထိန်းသိမ်းနိုင်လျှင် သူသည် မိမိ ၏စိတ်နှလုံးကို လှည့်စားသောသူဖြစ်၏။ ဤသူ၏ဘုရား တရားကြည်ညိုခြင်းသည် အချည်းနှီးသာဖြစ်၏။- | |
Chapter 2
Jame | BurCBCM | 2:1 | ငါ၏ညီအစ်ကိုတို့၊ သင်တို့သည်ဘုန်းဂုဏ်တော်ရှင်ဖြစ်သော ငါတို့၏သခင် ယေဇူးခရစ်တော်၌ ယုံကြည်ရာတွင် အဆင့်အတန်း ခွဲခြားခြင်းမပြုဘဲ ယုံကြည်ကြလော့။- | |
Jame | BurCBCM | 2:2 | အကယ်၍ သင်တို့စည်းဝေးသောနေရာသို့ ရွှေလက်စွပ်နှင့် တောက်ပြောင်သောအဝတ်အစား များကို ဝတ်ဆင်ထားသော လူတစ်ဦးဝင်လာပြီး ဟောင်းနွမ်းစုတ်ပြဲနေသောအဝတ်များကို ဝတ်ဆင်ထားသည့် ဆင်းရဲနွမ်းပါးသူတစ်ဦးလည်း ဝင်လာသော အခါ၊- | |
Jame | BurCBCM | 2:3 | သင်တို့သည် အဝတ်အစားကောင်းများဝတ်ဆင်ထားသူကို ကြည့်လျက် ကျေးဇူးပြု၍ ဤနေရာတွင် ထိုင်ပါဟုဆိုပြီးမှ ဆင်းရဲသောသူအား ထိုနေရာ၌ ရပ်နေပါ၊ သို့မဟုတ် ငါ့ခြေရင်း၌ ထိုင်ပါဟု ပြောဆိုသည်ဆိုပါစို့။- | |
Jame | BurCBCM | 2:4 | ထိုသို့ပြုလျှင် သင်တို့သည် အချင်းချင်းအဆင့်အတန်းခွဲခြား၍ ဆိုးညစ် သောအတွေးအခေါ်များနှင့် စီရင်ဆုံးဖြတ်သောသူများ ဖြစ်ကြပြီမဟုတ်လော။- | |
Jame | BurCBCM | 2:5 | ငါချစ်ရသောညီအစ်ကိုတို့၊ နားထောင်ကြလော့။ဘုရားသခင်သည် ဆင်းရဲသားတို့ကို ယုံကြည်ခြင်း၌ ကြွယ်၀ချမ်းသာ စေရန်နှင့် မိမိကိုချစ် သောသူများအား ကတိထားသော နိုင်ငံတော်ကို အမွေခံစေရန် ရွေးချယ်တော်မူသည်မဟုတ်လော။- | |
Jame | BurCBCM | 2:6 | သို့သော် သင်တို့သည် ဆင်းရဲသားတို့ကို ဂုဏ်သရေညှိုးနွမ်းစေကြ၏။ သင်တို့ကို ဖိနှိပ်အနိုင်ကျင့်ပြီး တရားရုံးသို့ ဆွဲခေါ် သွားသောသူတို့မှာ ချမ်းသာသောသူတို့ပင်ဖြစ်ကြသည် မဟုတ်လော။- | |
Jame | BurCBCM | 2:7 | သင်တို့အဖို့ တိုင်တည်ဆုတောင်းပေးရာ နာမတော်ကို ထိခိုက်စော်ကားကြသောသူတို့မှာလည်း ချမ်းသာသော သူတို့ပင် မဟုတ်ပါလော။ | |
Jame | BurCBCM | 2:8 | သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟူ၍ ကျမ်းစာတော်မြတ်တွင်ရေးသား ထားသည့်အတိုင်း သင်သည် အမှန်ပင် ထိုပညတ်တော်ကို လိုက်နာစောင့်ထိန်းပါလျှင် သင်သည် ကောင်းသော အကျင့်ကိုကျင့်၏။- | |
Jame | BurCBCM | 2:9 | သို့သော် သင်သည် မျက်နှာလိုက်လျှင် အပြစ်ကျူးလွန်ရာရောက်သဖြင့် ပညတ်တရားအရ ဥပဒေချိုးဖောက်သူအဖြစ် ပြစ်ဒဏ်စီရင်ခြင်းခံရပေလိမ့်မည်။- | |
Jame | BurCBCM | 2:10 | အကြောင်းမူကား မည်သူမဆို ပညတ်တရားအား လုံးကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက် တစ်ခုကို ချိုးဖောက် မိလျှင်ပညတ်တရားအလုံးစုံကို ချိုးဖောက်ရာရောက်၏။- | |
Jame | BurCBCM | 2:11 | အဘယ်ကြောင့်ဆိုသော် သူတစ်ပါး၏မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောအရှင်သည် လူ၏အသက်ကို မသတ်နှင့်ဟူ၍လည်း ပညတ် တော်မူ၏။ သင်သည် သူ့မယားကို မပြစ်မှားသော်လည်း လူ့အသက်ကိုသတ်လျှင် ပညတ်တော်ကို ချိုးဖောက်သူ ဖြစ်လေပြီ။- | |
Jame | BurCBCM | 2:12 | သို့ဖြစ်၍ သင်တို့သည် လွတ်လပ်ခြင်းနှင့် ဆိုင်သောတရားတော်အတိုင်း စီရင်ခြင်းခံရမည့်သူတို့ ကဲ့သို့ ပြောဆိုကျင့်ကြံကြ လော့။- | |
Jame | BurCBCM | 2:13 | အဘယ်ကြောင့်ဆိုသော် သနားကြင်နာမှုမရှိသောသူအပေါ်၌ သနားကြင် နာခြင်းကင်းမဲ့စွာ တရားစီရင်မည်ဖြစ်သော ကြောင့်တည်း။ သို့သော် သနားကြင်နာခြင်းသည် တရားစီရင် ချက်အပေါ် အနိုင်ယူတတ်၏။ | |
Jame | BurCBCM | 2:14 | ငါ၏ညီအစ်ကိုတို့၊ လူတစ်ဦးက သူ၌ ယုံကြည်ခြင်းရှိသည်ဟုဆိုသော်လည်း သူသည် ကျင့်ကြံမှုမရှိလျှင် မည်သည့်အကျိုးကို ရရှိမည်နည်း။ သူ၏ယုံကြည်ခြင်းသည် သူ့ကို ကယ်တင်နိုင်ပါသလော။- | |
Jame | BurCBCM | 2:16 | သင်တို့တွင် တစ်ဦးက ငြိမ်းချမ်း သာယာခြင်းဖြင့်သွားလော့။ နွေးထွေးစွာနေ၍ ၀လင်စွာ စားပါလော့ဟုပြောလျက် သူတို့အား ခန္ဓာကိုယ်အတွက် လိုအပ်သောအရာများကို မပေးပါက အဘယ်အကျိုးရှိ မည်နည်း။- | |
Jame | BurCBCM | 2:18 | သို့သော် အချို့က သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌ ကျင့်ကြံမှုများရှိ၏ဟု ဆိုကြလိမ့်မည်။ သင်သည် ကျင့်ကြံမှုမရှိသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြပါလော့။ ငါသည်လည်း ငါ၏ကျင့်ကြံမှုများဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။- | |
Jame | BurCBCM | 2:19 | ဘုရားတစ်ဆူတည်းရှိသည်ကို သင်ယုံကြည်၏။ သင့်မြတ်လှပေ၏။ သို့သော် နတ်ဆိုးများပင် လျှင် ထိုသို့ယုံကြည်ကြ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။- | |
Jame | BurCBCM | 2:20 | အသင်လူမိုက်၊ ကျင့်ကြံမှုမရှိသောယုံကြည်ခြင်းသည် အချည်နှီးသက်သက်ဖြစ်ကြောင်း သင့်အား ပြသစေလိုသလော။- | |
Jame | BurCBCM | 2:21 | ငါတို့၏အဖ အာဘရာဟံသည် မိမိ၏သားအီဇတ်ကို ယဇ်ပလ္လင်ပေါ်တွင် ဆက်ကပ်ပူဇော်သောအခါ ကျင့်ကြံမှုအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။- | |
Jame | BurCBCM | 2:22 | ယုံကြည်ခြင်းသည် သူ၏ကျင့်ကြံမှုများနှင့်အတူ သက်ဝင်လှုပ်ရှားလျက် ထိုကျင့်ကြံမှုအားဖြင့် စုံလင်ခြင်း သို့ရောက်သည်ကို သင်မြင်ရ၏။- | |
Jame | BurCBCM | 2:23 | ကျမ်းစာတော်မြတ်သည်လည်း ထိုနည်းဖြင့် ပြည့်စုံခြင်းသို့ရောက်လေ၏။ ယင်း၌ ဆိုထားသည်ကား အာဘရာဟံသည် ဘုရားသခင်၌ ယုံကြည်၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အားဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏ဟူ၍ဖြစ်၏။ သူ သည်လည်း ဘုရားသခင်၏မိတ်ဆွေဟုခေါ်ဆိုခြင်းခံရလေ၏။- | |
Jame | BurCBCM | 2:24 | သို့ဖြစ်၍ လူတစ်ဦးသည် ယုံကြည်ခြင်းတစ်ခု တည်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့မရောက်နိုင်ဘဲ အကျင့်အကြံအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည်ကို သင်တို့သိကြ၏။- | |
Jame | BurCBCM | 2:25 | ထိုနည်းတူပင် ပြည့်တန်ဆာမရာဟပ်သည် အစ္စရာအဲလ်လူမျိုးအထောက်တော်များကိုလက်ခံပြီးနောက် အခြားသော လမ်းမှပြန်လွှတ်လိုက်သောကြောင့် ထိုအပြုအမူအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည် မဟုတ်လော။- | |
Chapter 3
Jame | BurCBCM | 3:1 | ငါ၏ညီအစ်ကိုတို့၊ ငါတို့တွင် များစွာသောသူတို့ သည် ဆရာမဖြစ်ကြပါစေနှင့်။အကြောင်းမူကား သွန်သင်ပေးသောငါတို့သည် ပိုမိုတင်းကြပ်စွာစီရင်ခြင်းခံရမည်ကို သင်တို့သိကြသောကြောင့်တည်း။- | |
Jame | BurCBCM | 3:2 | အဘယ်ကြောင့်ဆိုသော် ငါတို့အားလုံးသည် အမှားများစွာပြု လုပ်တတ်ကြ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် မိမိပြောဆိုသောအရာ၌ အမှားမပြုလုပ်မိလျှင် ထိုသူသည် စုံလင်သောသူဖြစ်၍ မိမိကိုယ်ကို ချုပ်တည်းနိုင် စွမ်းရှိသူလည်းဖြစ် ပေ၏။- | |
Jame | BurCBCM | 3:3 | ငါတို့သည် မြင်းများ၏ပါးစပ် အတွင်းသို့ ဇက်ခွံ့၍ ငါတို့ကို နာခံစေကြလျက် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညွှန်ကြားကြ၏။ သင်္ဘောများ ကိုလည်း ကြည့်ကြလော့။- | |
Jame | BurCBCM | 3:4 | သင်္ဘောများသည် အလွန်ကြီးမားပြီး ပြင်းထန်သောလေနှင့် ရွက်လွှင့်သွားသော်လည်း မောင်းနှင်သူအလိုရှိရာအရပ်သို့ သေးငယ်သည့် တက်မနှင့်လမ်းညွှန်နိုင်၏။- | |
Jame | BurCBCM | 3:5 | ထိုနည်းတူပင် လျှာသည် သေးငယ်သော်လည်း ကြီးကျယ်သောအရာများကို ကြွားဝါတတ်၏။ ကြီးမားသောသစ်တောကို သေးငယ်သောမီးတောက်ကလေးက လောင်ကျွမ်းစေနိုင်၏။- | |
Jame | BurCBCM | 3:6 | လျှာသည် မီးဖြစ်၏။ လျှာသည် ငါတို့၏ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း များအလယ်တွင် မဖြောင့်မှန်သောနယ်ပယ်တစ်ခုဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ညစ်ညူးစေနိုင်၏။ လျှာသည် ငရဲ မှ မီးစွဲလောင်ခြင်းကို ကိုယ်တိုင်ခံရပြီး ဤလောကတစ်ခု လုံးကိုလည်း လောင်ကျွမ်းစေလေ၏။- | |
Jame | BurCBCM | 3:7 | အကြောင်းမူကား သားရဲတိရ စ္ဆာန်များ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ပင်လယ်သတ္တဝါများကို ယဉ်ပါးအောင် ပြုလုပ်နိုင်ပြီး လူတို့သည် ယင်းတို့ကို ယဉ်ပါးစေခဲ့ကြ၏။- | |
Jame | BurCBCM | 3:8 | သို့သော် မည်သည့်လူသားကမျှ လျှာကိုယဉ်ကျေးအောင် မဆုံးမနိုင်ချေ။ လျှာသည် သေစေနိုင်သောအဆိပ်ဖြင့် ပြည့်နေ သည့် အမြဲလှုပ်ရှားနေသောမကောင်းဆိုးဝါးဖြစ်၏။- | |
Jame | BurCBCM | 3:9 | ငါတို့သည် ခမည်းတော်ဖြစ်သော ထာ၀ရဘုရားသခင်ကို ဤလျှာဖြင့် ကောင်းချီးပေးကြပြီး ဤလျှာဖြင့်ပင် ဘုရား သခင်၏ ရွှေပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းထားသော လူများကို ကျိန်ဆဲကြ၏။- | |
Jame | BurCBCM | 3:10 | ဤပါးစပ်တစ်ခုထဲမှ ကောင်း ချီးပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ထွက်ပေါ်လာ၏။ ငါ၏ညီ အစ်ကိုတို့၊ ဤသို့ မဖြစ်သင့်ပေ။- | |
Jame | BurCBCM | 3:12 | ငါ၏ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ သို့တည်းမဟုတ် စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်ပါသ လော။ ဆားငန်ရေမှလည်း ရေချိုကိုမရရှိနိုင်ပေ။ | |
Jame | BurCBCM | 3:13 | သင်တို့တွင် မည်သူသည် ဉာဏ်ပညာနှင့်နားလည်တတ်ခြင်းတို့ကို ပိုင်ဆိုင်သနည်း။ သူသည် ဉာဏ်ပညာဖြင့်သိမ်မွေ့ လျက်ရှိသော မိမိ၏လုပ်ရပ်များကို မိမိ၏ ကောင်းသောဘ၀ဖြင့်ပြပါစေ။- | |
Jame | BurCBCM | 3:14 | သို့သော် သင်၏စိတ်နှလုံးတွင် ခါးသီးသော မနာလိုစိတ်နှင့်တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်တို့ရှိပါလျှင် အမှန်တရားကိုဆန့်ကျင်၍ ကြွားဝါခြင်းမပြုလေနှင့်။- | |
Jame | BurCBCM | 3:15 | ထိုသို့သောဉာဏ်ပညာသည် အထက်ကောင်းကင်မှလာသော အရာမဟုတ်။ ၎င်းသည် ကမ္ဘာလောကမှလာ၍ ဝိညာဉ်ရေး နှင့်ဆန့်ကျင်ပြီး နတ်ဆိုးနှင့်ဆိုင်သောပညာသာဖြစ်ပေလိမ့်မည်။- | |
Jame | BurCBCM | 3:16 | အကြောင်းမူကား မနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန် သောရည်မှန်းချက်တို့ရှိသည့်နေရာ၌ မငြိမ်မသက်ရှိပြီး ဆိုးယုတ်မှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်တည်း။- | |
Jame | BurCBCM | 3:17 | အထက်ကောင်းကင်မှလာသောဉာဏ်ပညာမူကား ပထမဦးဆုံးအနေဖြင့် စင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသာယာပြီး နူးညံ့သိမ်မွေ့ကာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိ၏။ ၎င်းသည် သနားကြင်နာခြင်းဖြင့်ပြည့်၀၍ ကောင်းသောအမှုကိုပြုစေပြီး မျက်နှာလိုက်ခြင်းမရှိဘဲ သူတော်ကောင်းယောင်ဆောင်ခြင်းလည်းမရှိပေ။- | |
Chapter 4
Jame | BurCBCM | 4:1 | သင်တို့အလယ်တွင် စစ်ပွဲများနှင့်ခိုက်ရန်ဖြစ်ပွားခြင်းတို့ကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ သင်တို့၏ ကိုယ်အင်္ဂါများအတွင်း ပြိုင်ဆိုင်တိုက် ခိုက်နေကြသော သင်တို့၏ရမ္မက်ဆန္ဒများပင် မဟုတ်ပါလော။- | |
Jame | BurCBCM | 4:2 | သင်အလိုရှိသောအရာသည် သင်၌မရှိသဖြင့် သင်သည် သူ့အသက်ကို သတ်၏။ ထို့အတူ သင်၌ လိုချင်သောလောဘ စိတ်ရှိပြီး သင်မရယူနိုင်သောအခါ သင်သည် တိုက်ခိုက်သတ်ပုတ်၏။ သင်သည် မတောင်း လျှောက်သောကြောင့်သာ မရရှိခြင်း ဖြစ်၏။- | |
Jame | BurCBCM | 4:3 | သင်သည် တောင်းလျှောက်သော်လည်း မရနိုင်သည်မှာ သင်၏ ရမ္မက်ဆန္ဒများအတွက် အသုံးပြုရန် လွဲမှားစွာတောင်း လျှောက်သောကြောင့်ဖြစ်၏။ | |
Jame | BurCBCM | 4:4 | သစ္စာမရှိသောသတ္တဝါတို့၊ လောကီအရာတို့ကို ခင်တွယ်ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းပင်ဖြစ်သည်ကို သင်တို့မသိကြသလော။ ထို့ကြောင့် လောကနှင့်မိတ်ဆွေဖြစ်လိုသောသူသည် မိမိကိုယ်ကို ဘုရားသခင်၏ရန်သူဖြစ်စေ၏။- | |
Jame | BurCBCM | 4:5 | ကျမ်းစာတော်မြတ်တွင်ဆို ထားသည်ကား ဘုရားသခင်က ငါတို့၌ တည်စေတော်မူ သောဝိညာဉ်တော်သည် မနာလိုသော လိုအင်ဆန္ဒများနှင့် ပြည့်၀လျက်ရှိသည်ဟူ၍ဖြစ်၏။ ကျမ်းစာတော်မြတ်သည် ထိုအချက်ကို အကြောင်းမဲ့ဆိုထားသည်ဟု သင် ထင်သလော။- | |
Jame | BurCBCM | 4:6 | သို့သော် ကိုယ်တော်သည် ငါတို့အား ကျေးဇူးတော်တို့ကို ပိုမိုပေးသနားတော်မူ၏။ ထို့ကြောင့် ကျမ်းစာတော်မြတ်က ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်သော်လည်း နိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုပေးတော်မူ၏ဟု ဆိုထား၏။- | |
Jame | BurCBCM | 4:7 | ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာကြလော့။ နတ်ဆိုးကိုခုခံကြလော့။ သို့ဖြစ်လျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။- | |
Jame | BurCBCM | 4:8 | ဘုရားသခင် ထံတော်ပါးသို့ ချဉ်းကပ်လော့။ ထိုအခါ ကိုယ်တော်သည် သင်တို့ထံသို့ချဉ်းကပ်တော်မူလိမ့်မည်။ အသင်အပြစ် သားတို့၊ သင်တို့၏လက်များကို သန့်ရှင်းစေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့၏စိတ်နှလုံးများကို စင်ကြယ်စေကြ လော့။- | |
Jame | BurCBCM | 4:9 | စိတ်မသာမယာဖြင့် ဝမ်းနည်းပူ ဆွေးကြလော့။ ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ရယ်မောခြင်းကို ငိုကြွေးခြင်းသို့ လည်းကောင်း၊ သင်တို့၏ ဝမ်းမြောက်ခြင်းကို စိတ်မချမ်းမြေ့စရာအဖြစ်သို့လည်း ကောင်း ပြောင်းလဲကြလော့။- | |
Jame | BurCBCM | 4:10 | ထာ၀ရဘုရား သခင်၏ရှေ့ မှောက်တော်၌ မိမိတို့ကိုယ်ကို နှိမ့်ချကြလော့။ ထိုအခါ ကိုယ်တော်သည် သင်တို့ကို ချီးမြှောက် တော်မူလိမ့်မည်။ | |
Jame | BurCBCM | 4:11 | ညီအစ်ကိုတို့၊ သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး မကောင်းကြောင်း မပြောဆိုကြနှင့်။ မိမိ၏ညီအစ်ကို အကြောင်း မကောင်းပြောသောသူ၊ သို့မဟုတ် မိမိ၏ညီ အစ်ကိုအား ပြစ်တင်စီရင်သောသူသည် ပညတ်တရား ကိုလည်း မကောင်းပြော၍ ပြစ်တင်စီရင်လေပြီ။ သို့ရာ တွင် သင်သည် ပညတ်တရားကို စီရင်လျှင် ပညတ်တရား ကိုလိုက်နာသူမဟုတ်တော့ဘဲ ယင်းကို စီရင်သောသူ ဖြစ်လေပြီ။- | |
Jame | BurCBCM | 4:12 | ပညတ်တရားကို ပေးပိုင်သောသူနှင့် စီရင် ပိုင်သောသူတစ်ပါးတည်းသာရှိတော်မူ၏။ ထိုအရှင်သည် ကယ်တင်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းရှိတော်မူ၏။ သို့သော် သင်နှင့်နီးစပ်သောသူကို စီရင်ဆုံးဖြတ်အံ့သော ငှာ သင်သည် အဘယ်သူဖြစ်သနည်း။ | |
Jame | BurCBCM | 4:13 | ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမည်သောမြို့ သို့သွားကြစို့၊ ထိုအရပ်တွင် တစ်နှစ်နေ၍ ကုန်သွယ်ပြီး အမြတ်အစွန်းရ အောင်ပြုလုပ်ကြစို့ဟု ပြောဆိုကြသော သင်တို့၊ ယခုလာကြလော့။- | |
Jame | BurCBCM | 4:14 | မနက်ဖြန်မည်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့၏ဘ၀အသက်တာကား မည်ကဲ့သို့သောအရာဖြစ်သနည်း။ အကြောင်းမူကား သင်သည် ခေတ္တခဏမျှသာပေါ်လာပြီးနောက် ပျောက် ကွယ်သွားသောမြူခိုးနှင့်တူ၏။- | |
Jame | BurCBCM | 4:15 | အမှန်မှာ သင်တို့အနေ ဖြင့် ထာ၀ရဘုရားသခင်အလိုရှိတော်မူလျှင် ငါတို့သည် အသက်ရှင်ပြီး ဤအရာကိုပြုလုပ်မည်၊ ထိုအရာကိုပြု လုပ်မည်ဟု ဆိုသင့်၏။- ၁၆ ။ ယခုမူကား သင်တို့သည် သင် တို့၏မာနစိတ်ဖြင့် ကြွားဝါကြ၏။ ထိုသို့သောကြွားဝါမှု မှန်သမျှသည် မကောင်းမှုဖြစ်၏။- | |
Chapter 5
Jame | BurCBCM | 5:1 | ချမ်းသာကြွယ်၀သောသင်တို့၊ ယခုလာကြ၍ သင်တို့အပေါ်သို့ကျရောက်မည့်ဆင်းရဲဒုက္ခများအတွက် အော်ဟစ်ငိုကြွေး ကြလော့။- | |
Jame | BurCBCM | 5:2 | သင်တို့၏ဥစ္စာဓနတို့သည် ပုပ်ပျက်လျက် သင်တို့၏အဝတ်အစားများမှာလည်း ပိုးစားခြင်းခံရလေပြီ။- | |
Jame | BurCBCM | 5:3 | သင်တို့၏ ရွှေငွေများလည်း သံချေးတက်လေပြီ။ ထိုသံချေးသည် သင်တို့ကို ဆန့်ကျင်၍သက်သေခံပြီးလျှင် မီးကဲ့သို့ သင်တို့၏အသား ကို စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက် များအတွက် ဘဏ္ဍာကို ဆည်းပူးခဲ့ကြလေပြီတကား။- | |
Jame | BurCBCM | 5:4 | ကြည့်လော့၊ သင်တို့လယ်များတွင် ရိတ်သိမ်းပေးသော သူတို့ကို လှည့်ဖြား၍ သင်တို့ထိမ်ချန်ထားသော သူတို့၏ လုပ်ခများသည် အော်ဟစ်ကြွေးကြော်လေပြီ။ သီးနှံရိတ်သိမ်းသူတို့၏အော်ဟစ်သံသည်လည်း ကောင်းကင်ဗိုလ်ခြေတို့၏ အရှင် ထာ၀ရဘုရားသခင်၏ရွှေနားတော် သို့ရောက်လေပြီ။- | |
Jame | BurCBCM | 5:5 | သင်တို့သည် ကမ္ဘာပေါ်တွင် စည်းစိမ်ခံလျက် သာယာပျော်မွေ့ခဲ့ကြ၏။ သင်တို့သည် အသတ် ခံရမည့်နေ့အတွက် သင်တို့၏ နှလုံးသားများကို ဆူဖြိုးစေခဲ့ကြ၏။- | |
Jame | BurCBCM | 5:7 | ထို့ကြောင့် ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာ တော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ကြည့်လော့၊ လယ်သမားသည် မိုးဦးနှင့် မိုးနှောင်းရွာပြီး သည့်တိုင်အောင် အဖိုးတန်သောမြေထွက်သီးနှံတို့ကို သည်းခံ၍စောင့်နေ၏။- | |
Jame | BurCBCM | 5:8 | သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သခင်ဘုရားကြွလာတော်မူမည့် အချိန်သည် နီးလာပြီဖြစ်၍ သင်တို့၏ စိတ်နှလုံးများကို တည်ကြည်မြဲမြံစေကြလော့။- | |
Jame | BurCBCM | 5:9 | ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းမခံရစေရန် သင်တို့အချင်းချင်း အပြစ်တင်ငြင်းခုံခြင်းကို မပြုကြနှင့်။ ကြည့်လော့၊ တရားသူကြီးသည် တံခါး၀၌ ရပ်နေလေပြီ။- | |
Jame | BurCBCM | 5:10 | ညီအစ်ကိုတို့၊ ထာ၀ရဘုရား သခင်၏နာမတော်၌ ဟောပြောခဲ့ကြသော ပရောဖက် များ၏ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ ကို စံနမူနာယူကြလော့။- | |
Jame | BurCBCM | 5:11 | ကြည့်လော့၊ သည်းခံနိုင်သော သူတို့သည် မင်္ဂလာရှိကြ၏ဟု ငါတို့ဆိုကြ၏။ သင်တို့သည် ယောဘ၏စိတ်ရှည်သည်းခံခြင်း ကိုကြားခဲ့ကြရလေပြီ။ ထာ၀ရဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုယ်တော်သည် မည်မျှသနားကြင်နာ၍ ကရုဏာတော်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်း သင်တို့သိမြင် ခဲ့ကြပြီ။ | |
Jame | BurCBCM | 5:12 | ငါ၏ညီအစ်ကိုတို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ ကမ္ဘာမြေကြီးကိုဖြစ်စေ၊ တခြားသော ကျမ်းသစ္စာတို့ကိုဖြစ်စေ တိုင်တည်၍ ကျိန်ဆိုခြင်းမပြုကြနှင့်။ သင်တို့၏စကားဟုတ်မှန်လျှင် ဟုတ် မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မှန်လျှင် မဟုတ်မှန်ပါဟူ၍လည်းကောင်း ပြောဆိုလော့။ သို့ဖြစ်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းမှကင်းလွတ်ကြ လိမ့်မည်။ | |
Jame | BurCBCM | 5:13 | သင်တို့ထဲတွင် ဒုက္ခဝေဒနာခံနေရသူရှိသလော။ ထိုသူအားဆုတောင်းစေလော့။ ပျော်ရွှင်ဝမ်းမြောက်သူ တစ်စုံတစ်ဦး ရှိသလော။ သူ့အား ချီးမွမ်းထောမနာကျူး အေးစေလော့။- | |
Jame | BurCBCM | 5:14 | သင်တို့ထဲတွင် မကျန်းမာသူရှိသလော။ သူ့အား အသင်းတော်၏အကြီးအကဲများကိုခေါ်စေ၍ ထိုသူတို့သည် သူ့အပေါ် ၌ ဆုတောင်းပေးလျက် သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီနှင့်လူးပေးကြပါစေ။- | |
Jame | BurCBCM | 5:15 | ထိုသို့ပြုလျှင် ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သော ဆု တောင်းပတ္ထနာသည် မကျန်းမာသူကို ကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကို ပျောက်ကင်းကျန်းမာလာစေလိမ့်မည်။ အကယ်၍ သူသည် အပြစ်တို့ကိုပြုမိခဲ့ပါလျှင် သူသည် ခွင့်လွှတ် ခြင်းခံရလိမ့်မည်။- | |
Jame | BurCBCM | 5:16 | ထို့ကြောင့် သင်တို့သည် တစ်ဦးနှင့်တစ်ဦး အပြစ်များကိုဝန်ခံကြလျက် အချင်းချင်းဆုတောင်းပေးကြလော့။ ဤသို့ပြုလျှင် သင်တို့သည် ပျောက်ကင်းချမ်းသာရကြလိမ့်မည်။ ဖြောင့်မတ်သောသူ၏ဆုတောင်းပတ္ထနာ၌ ကြီးမားသောတန်ခိုး သက်ရောက် မှုရှိ၏။- | |
Jame | BurCBCM | 5:17 | ဧလိယသည် ငါတို့ကဲ့သို့ သာမန်လောကသားဖြစ်သော်လည်း မိုးမရွာစေရန် စိတ်အား ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လပတ်လုံး ကမ္ဘာမြေပြင်ပေါ်၌ မိုးမရွာသွန်းဘဲရှိခဲ့၏။- | |
Jame | BurCBCM | 5:18 | ထို့နောက်သူသည် တစ်ဖန်ပြန်လည်၍ ဆုတောင်းသောအခါ ကောင်းကင်မှ မိုးရွာသွန်း၍ မြေကြီးသည်လည်း မိမိ ၏အသီးများကိုသီးစေ၏။ | |
Jame | BurCBCM | 5:19 | ငါ၏ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက် သည် သမ္မာတရားမှလမ်းလွဲသွားသဖြင့် အခြားသူတစ် ယောက်က သူ့ကို လမ်းမှန်သို့ပြန်လည်ခေါ်ဆောင်ခဲ့ပါ လျှင်၊- | |