Chapter 1
I Ti | BurJudso | 1:1 | ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊ | |
I Ti | BurJudso | 1:2 | ယုံကြည်ခြင်းအားဖြင့် ငါသားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ၏။ ငါတို့သခင် ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။ | |
I Ti | BurJudso | 1:3 | ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍၊ | |
I Ti | BurJudso | 1:4 | ဧဖက်မြို့၌ နေရစ်စေခြင်းငှါ၊ ငါသည် မာကေဒေါနိပြည်သို့ သွား သောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။ | |
I Ti | BurJudso | 1:5 | ထိုသို့ပညတ်ထားခြင်း၏အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။ | |
I Ti | BurJudso | 1:6 | ထိုသို့သောအကျင့်ကိုလူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။ | |
I Ti | BurJudso | 1:7 | အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။ | |
I Ti | BurJudso | 1:8 | ပညတ်တရားကို တရားသဖြင့် ကျင့်သောသူ အဘို့မထား၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင် သောသူ၊ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ | |
I Ti | BurJudso | 1:9 | ဘုရားတရားကို မရိုမသေ ပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကိုသုံးသောသူ၊ | |
I Ti | BurJudso | 1:10 | မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။ | |
I Ti | BurJudso | 1:11 | ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။ | |
I Ti | BurJudso | 1:12 | ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ | |
I Ti | BurJudso | 1:13 | ငါသည်ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။ | |
I Ti | BurJudso | 1:14 | ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။ | |
I Ti | BurJudso | 1:15 | ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။ | |
I Ti | BurJudso | 1:16 | သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။ | |
I Ti | BurJudso | 1:17 | လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။ | |
I Ti | BurJudso | 1:18 | ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။ | |
I Ti | BurJudso | 1:19 | ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။ | |
Chapter 2
I Ti | BurJudso | 2:2 | ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။ | |
I Ti | BurJudso | 2:3 | အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ်၏။ | |
I Ti | BurJudso | 2:4 | လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။ | |
I Ti | BurJudso | 2:5 | ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။ | |
I Ti | BurJudso | 2:6 | ထိုအာခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။ | |
I Ti | BurJudso | 2:7 | ငါသည်ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသားစကားကိုမဆို၊ မှန်သောစကားကိုဆို၏။ | |
I Ti | BurJudso | 2:8 | သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။ | |
I Ti | BurJudso | 2:9 | ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊ | |
I Ti | BurJudso | 2:10 | ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။ | |
I Ti | BurJudso | 2:12 | မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ် ဆိတ်စွာ နေအပ်၏။ | |
I Ti | BurJudso | 2:14 | ထိုမှတပါး၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။ | |
Chapter 3
I Ti | BurJudso | 3:1 | သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟုသော စကားသည် မှန်သောစကားဖြစ်၏။ | |
I Ti | BurJudso | 3:2 | ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။ | |
I Ti | BurJudso | 3:3 | စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သော စီးပွါးကိုတပ်မက်ခြင်းမရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။ | |
I Ti | BurJudso | 3:4 | မိမိအိမ်ကိုကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ | |
I Ti | BurJudso | 3:6 | မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။ | |
I Ti | BurJudso | 3:7 | ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။ | |
I Ti | BurJudso | 3:8 | ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွါးကို တပ်မက်သောသူ မဖြစ်ရကြ။ | |
I Ti | BurJudso | 3:9 | ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။ | |
I Ti | BurJudso | 3:10 | သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။ | |
I Ti | BurJudso | 3:11 | ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူဖြစ်ရကြမည်။ | |
I Ti | BurJudso | 3:12 | သင်းထောက်သည် မယားတယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။ | |
I Ti | BurJudso | 3:13 | အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို၎င်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။ | |
I Ti | BurJudso | 3:14 | သင်ရှိရာသို့ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်ထောင်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။ | |
I Ti | BurJudso | 3:16 | မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။ | |
Chapter 4
I Ti | BurJudso | 4:1 | ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ | |
I Ti | BurJudso | 4:2 | လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။ | |
I Ti | BurJudso | 4:3 | မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။ | |
I Ti | BurJudso | 4:5 | ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ | |
I Ti | BurJudso | 4:6 | ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ်၏ ဓမ္မဆရာကောင်း ဖြစ်လိမ့်မည်။ | |
I Ti | BurJudso | 4:7 | မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။ | |
I Ti | BurJudso | 4:8 | ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ်၍၊ | |
I Ti | BurJudso | 4:9 | အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သော စကားလည်းဖြစ်၏။ | |
I Ti | BurJudso | 4:10 | ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရား သခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။ | |
I Ti | BurJudso | 4:12 | သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူ ခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။ | |
I Ti | BurJudso | 4:13 | ငါမလာမှီတိုင်အောင်၊ ကျမ်းစာကိုဘတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။ | |
I Ti | BurJudso | 4:14 | ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူး ကို မပြုစုဘဲမနေနှင့်။ | |
I Ti | BurJudso | 4:15 | သင်၏တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ။ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။ | |
Chapter 5
I Ti | BurJudso | 5:1 | အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊ | |
I Ti | BurJudso | 5:2 | အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ၊ နှမကဲ့သို့၎င်း မှတ်၍ကျင့်လော့။ | |
I Ti | BurJudso | 5:4 | သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ်၏။ | |
I Ti | BurJudso | 5:5 | မုတ်ဆိုးမအမှန်ဖြစ်၍ တယောက်တည်းကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ညဉ့်မပြတ် တည်နေတတ်၏။ | |
I Ti | BurJudso | 5:8 | မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။ | |
I Ti | BurJudso | 5:9 | မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊ | |
I Ti | BurJudso | 5:10 | ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။ | |
I Ti | BurJudso | 5:11 | အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊ | |
I Ti | BurJudso | 5:13 | ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။ | |
I Ti | BurJudso | 5:14 | ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဘွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ၏။ | |
I Ti | BurJudso | 5:16 | ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။ | |
I Ti | BurJudso | 5:17 | ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။ | |
I Ti | BurJudso | 5:18 | အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။ | |
I Ti | BurJudso | 5:20 | ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့။ | |
I Ti | BurJudso | 5:21 | ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေး၏။ | |
I Ti | BurJudso | 5:22 | အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။ | |
I Ti | BurJudso | 5:23 | သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။ | |
I Ti | BurJudso | 5:24 | အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။ | |
Chapter 6
I Ti | BurJudso | 6:1 | ဘုရားသခင်၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံကျွန် မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သော သူဟူ၍ မှတ်စေ။ | |
I Ti | BurJudso | 6:2 | သခင်သည်ယုံကြည်သောသူဖြစ်လျှင်၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့်၊ မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ၍ အစေ ခံစေ။ ဤသို့ဆုံးမဩဝါဒပေး၍ တိုက်တွန်းသွေးဆောင်လော့။ | |
I Ti | BurJudso | 6:3 | ခြားနားသောဩဝါဒကိုသင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို၎င်း ဝန်မခံသောသူ မည်သည်ကား၊ | |
I Ti | BurJudso | 6:4 | မာနနှင့်ယစ်မူး၍ အလျှင်နားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊ | |
I Ti | BurJudso | 6:5 | စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရားဝတ်၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။ | |
I Ti | BurJudso | 6:6 | ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။ | |
I Ti | BurJudso | 6:7 | အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ | |
I Ti | BurJudso | 6:9 | ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီး တတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ | |
I Ti | BurJudso | 6:10 | အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။ | |
I Ti | BurJudso | 6:11 | သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့် ခြင်း၊ ဘုးရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့။ | |
I Ti | BurJudso | 6:12 | ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ကောင်းမွန်စွာ ဝန်ခံပြီ။ | |
I Ti | BurJudso | 6:13 | ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည်အညစ်အကြေးနှင့် ကင်း စင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊ | |
I Ti | BurJudso | 6:14 | အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုပညတ်ထား၏။ | |
I Ti | BurJudso | 6:15 | မရဏနှင့်ကင်းလွတ်သော သူတပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေသော နေတော်မူထသော အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာ ရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ | |
I Ti | BurJudso | 6:17 | ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစား ဘဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့်၊ | |
I Ti | BurJudso | 6:18 | သူတပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊ | |
I Ti | BurJudso | 6:19 | မှန်သောအသက်ကို ဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းဖူး ခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။ | |
I Ti | BurJudso | 6:20 | အိုတိမောသေ၊ သင်၌အပ်ထားသော အရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း၊ သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို၎င်း ရှောင်လော့။ | |