Site uses cookies to provide basic functionality.

OK
GALATIANS
Up
1 2 3 4 5 6
Toggle notes
Chapter 1
Gala BurCBCM 1:1  လူတို့၏ခန့်အပ်ခြင်းကြောင့်မဟုတ်၊ လူ့အခွင့်အာဏာအားဖြင့်လည်းမဟုတ်ဘဲ ယေဇူးခရစ်တော်နှင့် ကိုယ်တော့်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေ တော်မူသော အဖခမည်းတော်က ခန့်ထားသည့် တမန် တော်ဖြစ်သော ငါပေါလုမှစ၍၊-
Gala BurCBCM 1:2  ငါနှင့်အတူ ရှိကြသော ညီအစ်ကိုအပေါင်းတို့က ဂါလားဆီယာပြည်၌ရှိသော အသင်းတော်များထံသို့ စာရေးလိုက်ပါ၏။
Gala BurCBCM 1:3  ခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ယေဇူးခရစ် တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။-
Gala BurCBCM 1:4  ကိုယ်တော်သည် ငါတို့အဖ ဘုရားသခင်၏အလိုတော်နှင့်အညီ ငါတို့ကို မကောင်းမှုနှင့်ပြည့်နေသော ဤမျက်မှောက် ခေတ်မှရွေးနုတ်ကယ်တင်ရန် ငါတို့၏အပြစ်များအတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်တော်မူခဲ့၏။-
Gala BurCBCM 1:5  ကိုယ်တော် အား ကာလအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေ သော်။ အာမင်။
Gala BurCBCM 1:6  သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်တော်မူခဲ့သောသူကို အလျင်အမြန် စွန့်ခွာ၍ အခြားသော သတင်းကောင်းကို ခံယူကြသောကြောင့် ငါအံ့ဩ၏။-
Gala BurCBCM 1:7  အခြားသောဧဝံဂေလိသတင်း ကောင်းဟူ၍မရှိပေ။ သို့သော်လည်း သင်တို့ကို အနှောင့်အယှက်ပေး၍ ခရစ်တော်၏ သတင်းကောင်းအပေါ် အယူတိမ်းစေရန် ပြုလုပ်လိုသူအချို့ရှိ၏။-
Gala BurCBCM 1:8  သို့ရာတွင် ငါတို့ပင် ဖြစ်စေ၊ ကောင်းကင်မှတမန်တော်တစ်ပါးဖြစ်စေ သင်တို့ အား ငါတို့ဟောပြောခဲ့သောသတင်းကောင်းနှင့် ကွဲပြား ခြားနားသောသတင်းကောင်းကို ဟောပြောလျှင် ကျိန်စာသင့်ပါစေ။-
Gala BurCBCM 1:9  အထက်က ငါတို့ဆိုခဲ့သည့်အတိုင်း ယခု ထပ်မံ၍ ငါပြောသည်မှာ သင်တို့ခံယူခဲ့ပြီးသောသတင်းကောင်းနှင့်ကွဲပြားခြားနား သော သတင်းကောင်းကို ဟောပြောသောသူသည် ကျိန်စာသင့်ပါစေ။
Gala BurCBCM 1:10  ငါသည် လူတို့ရှေ့တွင် မျက်နှာရရန် ကြိုးစားနေပါ သလော၊ သို့တည်းမဟုတ် ဘုရားသခင်၏အလိုတော်ကို ရှာဖွေနေ ပါသလော။ သို့မဟုတ် ငါသည် လူတို့ကျေနပ် နှစ်သက်စေရန် ကြိုးစားနေပါသလော။ ငါသည် ယခုထိ တိုင် လူတို့ကျေနပ် နှစ်သက်စေရန် ဆောင်ရွက်နေပါလျှင် ခရစ်တော်၏အစေခံမဖြစ်နိုင်ပေ။
Gala BurCBCM 1:11  ညီအစ်ကိုတို့၊ ငါဟောပြောသောသတင်းကောင်းသည် လူတို့ဖန်တီးထားသောသတင်းကောင်းမဟုတ် ကြောင်းကို သင်တို့အား ငါသိစေလိုပါ၏။-
Gala BurCBCM 1:12  အကြောင်းမူကား ငါသည် ဤသတင်းကောင်းကို လူတို့ထံမှ လက်ခံရ ရှိခဲ့ခြင်းမဟုတ်။ ငါသည် မည်သူတစ်ဦးတစ်ယောက် ထံကမျှ သင်ယူခဲ့ခြင်းလည်းမဟုတ်။ ဤသတင်းကောင်းသည် ယေဇူးခရစ်တော်၏ဗျာဒိတ်တော်အားဖြင့် ငါ့ထံသို့ ရောက်လာခဲ့ ခြင်းသာဖြစ်၏။-
Gala BurCBCM 1:13  အကြောင်းမူကား သင်တို့ သည် ဂျူးလူမျိုးတို့၏ဘာသာတရားကိုကျင့်ခဲ့သော ငါ၏ အတိတ်ဘ၀ကိုလည်းကောင်း၊ ငါသည် ဘုရားသခင်၏ အသင်းတော်ကို မည်မျှရက်စက်ကြမ်းကြုတ်စွာညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်းကိုလည်းကောင်း၊ ၎င်းအား ဖျက်ဆီးရန် ကြိုးစားခဲ့ကြောင်းကိုလည်းကောင်း သင်တို့သိရှိကြပြီး ဖြစ်၏။-
Gala BurCBCM 1:14  ငါသည် ဂျူးလူမျိုးတို့၏ဘာသာတရားကို ကျင့်ကြံခဲ့ရာတွင် ငါ၏လူမျိုးများအလယ်၌ ငါနှင့်အသက် အရွယ်တူသော သူများထက် သာလွန်ခဲ့ပြီး ငါတို့ဘိုးဘေး များ၏ထုံးတမ်းစဉ်လာများအတွက် အလွန်အမင်း စိတ် အားထက်သန်ခဲ့၏။-
Gala BurCBCM 1:15  သို့ရာတွင် ငါသည် အမိဝမ်းထဲ၌ ရှိစဉ်ကပင် ငါ့ကို ရွေးကောက်၍ မိမိကျေးဇူးတော်အားဖြင့် ငါ့ကို ခေါ်တော်မူခဲ့သော ဘုရားသခင်သည်၊-
Gala BurCBCM 1:16  မိမိ၏သား တော်အကြောင်းကို လူမျိုးခြားတို့အား ဟောပြောစေခြင်းငှာ ထိုသားတော်ကို ငါ့အားကြည်ဖြူစွာ ထုတ်ဖော်ပြတော်မူ၏။ ငါ့၌ ထိုအခြင်းအရာဖြစ်ပေါ် ပြီးသောအခါ ငါ သည် မည်သည့်လူသားကိုမျှ တိုင်ပင်ဆွေးနွေးခြင်းမပြုခဲ့ ချေ။-
Gala BurCBCM 1:17  ငါသည် မိမိထက်ဦးစွာ တမန်တော်ဖြစ်ခဲ့ကြသော သူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားခဲ့ချေ။ သို့သော် ငါသည် အာရေးဘိယပြည်သို့ထွက်ခွာသွားပြီးမှ တစ်ဖန် ဒါမစကုမြို့သို့ ပြန်လာခဲ့၏။
Gala BurCBCM 1:18  ထို့နောက် သုံးနှစ်လွန်သောအခါ ငါသည် ပေတရုနှင့်တွေ့ဆုံခြင်းငှာ ဂျေရုဆလင်မြို့သို့သွား၍ သူနှင့်အတူတစ်ဆယ့် ငါးရက်ကြာနေထိုင်ခဲ့၏။-
Gala BurCBCM 1:19  သို့သော် ငါသည် သခင်ဘုရား၏ညီတော်ဖြစ်သော ယာကုပ်မှတစ်ပါး အခြားမည်သည့်တမန်တော်ကိုမျှ မတွေ့ခဲ့ရပေ။-
Gala BurCBCM 1:20  ငါသည် လိမ်ညာ၍ ဤအကြောင်းအရာများကို သင်တို့ထံသို့ရေး ခြင်းမဟုတ်ကြောင်း ဘုရားသခင်ရှေ့တော်၌ ဝန်ခံပါ၏။-
Gala BurCBCM 1:21  ထို့နောက် ငါသည် ဆီးရိယပြည် နှင့် စီလိစိယပြည်များသို့ သွားရောက်ခဲ့၏။-
Gala BurCBCM 1:22  ဂျူဒေးယပြည်ရှိ ခရစ်တော်၏အသင်း တော်များသည် ထိုအချိန်တိုင်အောင် ငါ့ကို မတွေ့ မြင်ဖူး ကြချေ။-
Gala BurCBCM 1:23  တစ်ချိန်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော သူသည် သူဖျက်ဆီးရန် ကြိုးစားခဲ့သည့် ယုံကြည်ခြင်း တရားကို ယခုဟောပြောလျက်ရှိသည်ဟူ၍ ပြောဆိုသံကိုသာ သူတို့ကြားခဲ့ရ၏။-
Gala BurCBCM 1:24  သူတို့သည်လည်း ငါ့အတွက်ကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြ၏။
Chapter 2
Gala BurCBCM 2:1  တစ်ဆယ့်လေးနှစ်ကြာပြီးနောက် ငါသည် ဘာနဘနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားရောက်ခဲ့ရာ တိတုကိုလည်း ငါနှင့်အတူ ခေါ်ဆောင်သွားခဲ့၏။-
Gala BurCBCM 2:2  ငါသည် ဗျာဒိတ်တော်အရ သွားရောက်ခဲ့ခြင်းဖြစ်၍ ငါဆောင်ရွက်နေသောအရာတို့နှင့် ဆောင်ရွက်ခဲ့သမျှတို့သည် အကျိုးမဲ့မဖြစ်စေရန် လူမျိုးခြားတို့အလယ်၌ ငါဟောပြောသောဧဝံဂေလိသတင်းကောင်းကို နာမည်ကောင်းရရှိထားကသည့် ခေါင်းဆောင်များ၏ရှေ့တွင် သီးခြားတင်ပြခဲ့၏။-
Gala BurCBCM 2:3  ငါနှင့်အတူပါလာသော တိတုသည် ဂရိလူမျိုးပင်ဖြစ်သော်လည်း အရေဖျားလှီးခြင်းခံယူရန် အတင်းအကျပ်စေခိုင်းခြင်း မခံခဲ့ရပေ။-
Gala BurCBCM 2:4  သို့သော် ယေဇူးခရစ်တော်၌ ခံစားရရှိသော ငါတို့၏လွတ်လပ်ခြင်းကို စုံစမ်းလျက် ငါတို့ကိုချည်နှောင်ရန်အတွက် လျှို့ဝှက်စွာ ဝင်ရောက်လာကြသော အယောင်ဆောင်ညီအစ်ကိုအချို့တို့ကြောင့် ဤကဲ့သို့ ငါတင်ပြရခြင်းဖြစ်၏။-
Gala BurCBCM 2:5  ဧဝံဂေလိ သတင်းကောင်း၏အမှန်တရားကို သင်တို့အဖို့ ထိန်းသိမ်းထားနိုင်ရန် ငါတို့သည် ထိုသူတို့အား တစ်ခဏမျှပင် မလိုက်လျောခဲ့ချေ။-
Gala BurCBCM 2:6  နာမည်ကောင်းရရှိထားကြသော သူတို့နှင့်စပ်လျဉ်း၍ ငါပြောရလျှင် သူတို့သည် အဘယ်သို့သောသူများဖြစ်သည် ဆိုသည့် အချက်မှာ ငါ့အတွက် မည်သို့မျှထူးခြားမှုမရှိချေ။ ဘုရားသခင်သည် မျက်နှာ လိုက်တတ်သည်မဟုတ်။ ငါပြောဆိုနေသည့် နာမည် ကောင်းရရှိထားသောထိုသူတို့သည် ငါ့ကိုပို၍ ထူးခြားစေ သည်မဟုတ်။-
Gala BurCBCM 2:7  သို့သော် ပေတရုသည် အရေဖျားလှီးခြင်း ခံသောသူတို့အား သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခြင်းခံရ သကဲ့သို့ ငါသည်လည်း အရေဖျားလှီးခြင်းမခံသောသူတို့အား သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခြင်း ခံရကြောင်း သူတို့သိမြင်ခဲ့ကြပြီး၊-
Gala BurCBCM 2:8  (အကြောင်းမူကား အရေဖျားလှီးခြင်းခံသောသူ တို့အတွက် တမန်တော်လုပ်ငန်းကို ပေတရုအားဖြင့် ပြု လုပ်ဆောင်ရွက် တော်မူသော ကိုယ်တော်သည် အရေဖျားလှီးခြင်းမခံသောသူတို့အတွက် တမန်တော်လုပ်ငန်းကို ငါ့အားဖြင့် လုပ်ဆောင်တော် မူသောကြောင့်ဖြစ်၏)၊-
Gala BurCBCM 2:9  ငါခံစားရသောကျေးဇူးတော်ကို သိမြင်ကြသောအခါ အသင်းတော်၏မဏ္ဍိုင်များအဖြစ် အသိအမှတ်ပြုခြင်းခံရသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့သည်လည်း ငါနှင့် ဘာနဘတို့အား သူတို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်စေသည့် အမှတ်လက္ခဏာ အဖြစ် လက်ယာလက်ကိုပေး၍ နှုတ်ဆက်ကြ၏။ ဤသို့ဖြင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ သွားရောက်ကြ၍ သူတို့မူကား အရေဖျားလှီးခြင်းခံ သောသူတို့ထံသို့ သွားရောက်ကြမည်ဖြစ်၏။-
Gala BurCBCM 2:10  သူတို့ သည် ငါတို့အား ဆင်းရဲသားတို့ကိုသာ သတိရ၍ ကူညီ စောင့်ရှောက်စေလိုကြ၏။ ထိုအမှုမှာ ငါအမှန်ပင် စိတ် အားထက်သန်စွာလုပ်ဆောင်လိုသောအမှုဖြစ်၏။
Gala BurCBCM 2:11  သို့သော် အန္တီယော့မြို့သို့ ပေတရုရောက်လာသော အခါ သူ၏မှားယွင်းသောအပြုအမူကြောင့် ငါသည် သူ့ကို မျက်နှာချင်း ဆိုင်၍ ဆန့်ကျင်ပြောဆိုခဲ့၏။-
Gala BurCBCM 2:12  အကြောင်းမူ ကား ယာကုပ်ထံမှ လူအချို့ရောက်မလာမီက သူသည် လူမျိုးခြားတို့နှင့်အတူ စားသောက်ခဲ့၏။ သို့သော် ထိုသူ တို့ရောက်လာသောအခါ သူသည် အရေဖျားလှီးခြင်းခံ သောသူတို့ကိုကြောက်ရွံ့သောကြောင့် လူမျိုးခြားတို့နှင့် မပေါင်းဘဲ သီးခြားစွာ နေခဲ့လေ၏။-
Gala BurCBCM 2:13  ကျန်ရှိသောဂျူးလူ မျိုးတို့သည်လည်း သူပြုမူခဲ့သည့်အတိုင်း မမှန်မကန်ပြု မူခဲ့ကြသောကြောင့် ဘာနဘပင်လျှင် သူတို့၏ လွဲမှားရာ ဘက်သို့ပါသွားခဲ့လေ၏။-
Gala BurCBCM 2:14  သို့သော် သူတို့သည် ဧဝံဂေ လိသတင်းကောင်း၏အမှန်တရားအတိုင်း ဖြောင့်မတ်စွာ မလိုက်နာကြကြောင်းကို ငါတွေ့ မြင်ရသောအခါ ထိုသူ အပေါင်းတို့ရှေ့တွင် ပေတရုအား သင်သည် ဂျူးလူမျိုး တစ်ဦးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ ကျင့်ကြံနေထိုင် ခြင်းမရှိဘဲ လူမျိုးခြားတို့ကဲ့သို့ ကျင့်ကြံနေထိုင်ပါလျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့ကဲ့သို့ ကျင့်ကြံနေထိုင်ရန် သင်မည်သို့တိုက်တွန်းလှုံ့ဆော်နိုင်မည်နည်းဟု ငါပြော ဆိုခဲ့၏။
Gala BurCBCM 2:15  မျိုးရိုးဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၍ အပြစ် သားလူမျိုးခြားများမဟုတ်ကြသောငါတို့ကိုယ်တိုင်ပင်လျှင်၊-
Gala BurCBCM 2:16  လူတစ်ဦးသည် ပညတ်တရားကို လိုက်နာစောင့် ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့မရောက်နိုင်ဘဲ ယေဇူးခရစ်တော်ကို ယုံကြည်ခြင်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့ရောက်ရှိကြောင်းကိုသိကြ၏။ ငါတို့သည် ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်း အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ယေဇူးခရစ်တော်ကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားကို လိုက်နာစောင့်ထိန်း ခြင်းအားဖြင့် မည်သူမျှ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင် ပေ။-
Gala BurCBCM 2:17  သို့သော် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ် ခြင်းသို့ရောက်ရန်ကြိုးစားအားထုတ်ကြစဉ် ငါတို့ကိုယ် တိုင်အပြစ် သားများဖြစ်ကြောင်းကိုသိရှိခဲ့ကြပါလျှင် ခရစ်တော်သည် မကောင်းမှုကိုကျူးလွန်ရန် အားပေးသူဖြစ် သည်ဟုဆိုနိုင်မည်လော။ လုံး၀မဆိုနိုင်ပေ။-
Gala BurCBCM 2:18  အကယ်၍ မိမိဖြိုဖျက်ခဲ့သောအရာတို့ကို ပြန်လည်တည်ဆောက် လျှင်မူ ငါသည် မှားယွင်းပြီဖြစ်ကြောင်း မိမိကိုယ်ကို သက် သေခံရာရောက်လေပြီ။-
Gala BurCBCM 2:19  ငါသည် ပညတ်တရားအားဖြင့် ထိုပညတ်တရား၌ သေဆုံးခဲ့လေပြီ။ သို့မှသာ ငါသည် ဘုရားသခင်၌ အသက်ရှင်နိုင်ပေ လိမ့်မည်။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းကိုခံခဲ့လေပြီ။-
Gala BurCBCM 2:20  ယခုအသက်ရှင်လျက်ရှိသည်မှာ ငါမဟုတ်တော့ဘဲ ငါ့၌ကိန်းဝပ်တော်မူသောခရစ်တော်ဖြစ်၏။ ငါ၏ကိုယ်ခန္ဓာ၌ ယခုရှင်သန်နေသောအသက်သည် ဘုရားသခင်၏သားတော်၌ ယုံကြည်ခြင်းအားဖြင့် ရှင်သန်နေခြင်းဖြစ်၏။ ထိုသားတော်သည် ငါ့အားချစ်သဖြင့် ငါ့အတွက် မိမိကိုယ်ကို စွန့်လွှတ်တော်မူခဲ့၏။ -
Gala BurCBCM 2:21  ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေခဲ့ပေ။ အကြောင်းမူကား ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်း တရားကို ရနိုင်ပါလျှင် ခရစ်တော်သည် အကျိုးမဲ့အသေ ခံခဲ့ခြင်းသာဖြစ်၏။
Chapter 3
Gala BurCBCM 3:1  အို မိုက်မဲသောဂါလားဆီယာပြည်သားတို့၊ ယေဇူးခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ခြင်းကိုခံတော်မူကြောင်း သင်တို့မျက်မှောက်တွင် ပေါ်လွင်ထင်ရှားခဲ့ပြီးဖြစ်ပါလျက် မည်သူသည် သင်တို့ ကိုလှည့်ဖြားပြောဆိုခဲ့ပါသနည်း။-
Gala BurCBCM 3:2  သင်တို့သည် ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်းဖြင့် ဝိညာဉ်တော်ကို ခံယူရရှိခဲ့ကြသလော။ သို့တည်းမဟုတ် သင်တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ကြားနာခဲ့ကြသော ကြောင့်လော။ သင်တို့ထံမှ ဤအချက်ကိုသာ ငါသိလိုပါ ၏။-
Gala BurCBCM 3:3  သင်တို့သည် ဤမျှမိုက်မဲကြပါသလော။ သင်တို့ သည် ဝိညာဉ်တော်အားဖြင့် အစပြုခဲ့ကြပြီးမှ ယခုမူကား ကိုယ်ကာယဖြင့် အဆုံးသတ်ကြမည်လော။-
Gala BurCBCM 3:4  အကယ် စင်စစ် ဤအရာသည် အကျိုးမရှိပါလျှင် သင်တို့သည် အမျိုးမျိုးသောဆင်းရဲဒုက္ခများကို အကျိုးမဲ့ခံစားခဲ့ကြ သလော။-
Gala BurCBCM 3:5  သင်တို့အား ဝိညာဉ်တော်ကို ပေးသနား၍ သင်တို့အလယ်၌ အံ့ဖွယ်အမှုများကိုလုပ်ဆောင်ခဲ့သော အရှင်သည် သင်တို့ ပညတ်တရားကို စောင့်ထိန်းသောကြောင့် ဤသို့ပြုလုပ်တော်မူသလော။ သို့တည်းမဟုတ် သင်တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းဖြင့်ကြား နာခဲ့ကြသောကြောင့် ဤသို့ပြုလုပ်တော်မူသလော။
Gala BurCBCM 3:6  ထိုနည်းတူပင် အာဘရာဟံသည် ဘုရားသခင်ကို ယုံကြည်ခဲ့၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အား ဖြောင့် မတ်သူအဖြစ် သတ်မှတ်ခဲ့၏။-
Gala BurCBCM 3:7  သို့ဖြစ်၍ ယုံကြည်ခြင်းရှိ သောသူတို့သည် အာဘရာဟံ၏သားသမီးများဖြစ်ကြသည်ကို သင်တို့သိမှတ်ကြလော့။-
Gala BurCBCM 3:8  ဘုရားသခင်သည် ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့ကို ဖြောင့်မတ်ခြင်းသို့ ရောက်စေတော်မူမည့်အကြောင်းကို ကျမ်းစာတော်မြတ်က ကြိုတင်သိမြင်သဖြင့် အာဘရာဟံအား လူမျိုးတကာတို့သည် သင့်၌ ကောင်းချီးမင်္ဂလာခံကြရ လိမ့်မည်ဟူ၍ သတင်းကောင်းကို ကြိုတင်ဟောထားခဲ့လေ၏။-
Gala BurCBCM 3:9  သို့ ဖြစ်၍ ယုံကြည်သောသူတို့သည် ယုံကြည်ခြင်းရှိသော အာဘရာဟံနှင့်အတူ ကောင်းချီးမင်္ဂလာကိုခံစားကြရ၏။
Gala BurCBCM 3:10  ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်းအပေါ် မှီခိုအားထားသောသူအပေါင်းတို့သည် ကျိန်ဆိုခြင်း ဒဏ်ကိုခံကြရလေပြီ။ အကြောင်းမူကား ပညတ်တရားတွင် ရေးသားပြဋ္ဌာန်းထားသမျှကို လိုက်နာစောင့်ထိန်း ခြင်းမပြုသောသူသည် ကျိန်ဆိုခြင်းကို ခံစေဟု ရေးထားသောကြောင့်ဖြစ်၏။-
Gala BurCBCM 3:11  ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သောသူသည် အသက်ရှင်ရလိမ့်မည်ဟု ဆိုထားသောကြောင့် ပညတ်တရား ကိုစောင့်ထိန်းခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ် ခြင်းသို့မရောက်ကြောင်း ယခုထင်ရှားလေပြီ။-
Gala BurCBCM 3:12  သို့ရာ တွင် ပညတ်တရားသည် ယုံကြည်ခြင်းအပေါ်တွင် အမှီပြုသည်မဟုတ်ပေ။ အကြောင်းမူကား ပညတ်တရားကို ကျင့်သောသူသည် ထိုပညတ်တရားအတိုင်း နေထိုင်ကျင့်ကြံရမည်ဖြစ်သောကြောင့်တည်း။-
Gala BurCBCM 3:13  သစ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်း ခံရသော သူတိုင်းသည် ကျိန်ဆိုခြင်းကိုခံရ လေပြီဟု ကျမ်းစာတော်မြတ်တွင်ရေးထားသည့် အတိုင်း ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ဆိုခြင်းကို ခံရသောသူဖြစ်လာပြီးလျှင် ငါတို့အား ပညတ်တရား၏ ကျိန်ဆိုခြင်းမှ ရွေးနုတ်ကယ်တင်တော်မူခဲ့၏။-
Gala BurCBCM 3:14  ဤသို့ဖြင့် အာဘရာဟံခံစားရသောကောင်းချီးတော်သည် ယေဇူး ခရစ်တော်အားဖြင့် လူမျိုးခြားတို့ အပေါ်သို့သက်ရောက် ပြီး ငါတို့သည်လည်း ကတိထားတော်မူသောဝိညာဉ် တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိကြပေလိမ့်မည်။
Gala BurCBCM 3:15  ညီအစ်ကိုတို့၊ လူတို့ပြောလေ့ရှိသည့်အတိုင်း ပြောရမည်ဆိုလျှင် လူတို့ဖွဲ့ဆိုကြသော ပဋိညာဉ်စာချုပ်သည် အခိုင်အမာ အတည်ပြုပြီးဖြစ်ပါက မည်သူကမျှပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်းကိုမပြုလုပ်နိုင်ပေ။-
Gala BurCBCM 3:16  ယခုမူကား အာဘရာဟံနှင့် သူ၏အမျိုးအနွယ်အတွက် ကတိ တော်များပေးထားလျက်ရှိ၏။ ဤသို့ဆိုရာတွင် အမျိုး အနွယ်များဟူ၍ လူအများကိုရည်ညွှန်းပြောဆိုထားခြင်း မဟုတ်ဘဲ သင်၏အမျိုးအနွယ်ဟူ၍ လူတစ်ဦးတည်းကိုသာ ရည်ညွှန်း ပြောဆိုထားခြင်းဖြစ်၏။ ထိုသူသည်ကား ခရစ်တော်ပင်ဖြစ်သတည်း။-
Gala BurCBCM 3:17  ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာ့သုံးဆယ်ကြာ မြင့်ပြီးနောက်တွင်မှ ပေါ်ပေါက်လာသောပညတ်တရားသည် ယင်းမတိုင်မီက ဘုရားသခင်အတည်ပြုထားတော်မူသောပဋိညာဉ်ကို မပယ်ဖျက်နိုင်ပေ။ သို့ဖြစ်၍ ၎င်းသည် ကတိတော်ကို မပျက်ပြယ်စေနိုင်ပေ။-
Gala BurCBCM 3:18  အကြောင်းမူကား အမွေတော်ကို ပညတ်တရားအားဖြင့် ရရှိခဲ့ပါလျှင် ၎င်းကို ကတိတော် အားဖြင့် မရနိုင်တော့ပေ။ သို့သော် ဘုရားသခင်သည် အာ ဘရာဟံအား ဤအမွေကို ကတိတော်အားဖြင့် ပေး သနားတော်မူခဲ့ခြင်းဖြစ်၏။
Gala BurCBCM 3:19  ဤသို့ဖြစ်လျှင် အဘယ်ကြောင့်ပညတ်တရားပေါ် ပေါက်လာခဲ့ရသနည်း။ ပညတ်တရားကို ထပ်မံဖြည့်စွက် ပေးခဲ့ရခြင်းမှာ ကတိထားတော်မူခြင်းခံရသော အမျိုးအနွယ်မပေါ်ထွန်းမီချိုးဖောက် ကျူးလွန်ခဲ့ကြသောအပြစ်များကြောင့်ဖြစ်၏။ ကောင်းကင် တမန်တော်များသည် ပညတ်တရားကို ကြားခံလူတစ်ဦးမှတစ်ဆင့် ပေးအပ် ခဲ့ခြင်းဖြစ်၏။-
Gala BurCBCM 3:20  တစ်ဦးတစ်ယောက်ထက် ပိုသည့်အခါ၌ သာ ကြားခံလူရှိလာရ၏။ သို့သော် ဘုရားသခင်သည် တစ်ပါးတည်းဖြစ်တော်မူ၏။
Gala BurCBCM 3:21  ဤသို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်များကို ဆန့်ကျင်လျက်ရှိသလော။ မည်သို့မျှ မဖြစ်နိုင်ပေ။ အကြောင်းမူကား ပညတ်တရားသည် အသက်ရှင်စေနိုင်သောတရားကို ပေးပါလျှင် လူတို့သည် ဖြောင့်မတ်ခြင်းကို ဤပညတ် တရားအားဖြင့် ရခဲ့ကြပေလိမ့်မည်။-
Gala BurCBCM 3:22  သို့သော် အရာခပ်သိမ်းတို့သည် မကောင်းမှု ၏အောက်တွင် ကျရောက်နေခဲ့သည်ဟု ကျမ်းစာတော် မြတ်တွင် ဖော်ပြထား၏။ ထို့ကြောင့် ယုံကြည်သူတို့ သည် ယေဇူးခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကတိ တော်ကိုခံစားရရှိကြပေလိမ့်မည်။
Gala BurCBCM 3:23  ယုံကြည်ခြင်းတရားမရှိမီက ငါတို့သည် ပညတ်တရား၏အနှောင်အဖွဲ့အောက်တွင် ရှိနေခဲ့ကြရပြီး ယုံ ကြည်ခြင်းတရားအား ထင်ရှားစွာ ဖော်ပြလာသည့်အချိန် တိုင်အောင် ချည်နှောင်ခြင်း ခံခဲ့ကြရ၏။-
Gala BurCBCM 3:24  ဤသို့ဖြင့် ငါတို့ သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်နိုင် ကြစေရန် ပညတ်တရားသည် ခရစ်တော်ကြွလာ သည့် အချိန်တိုင်အောင် ငါတို့ကို ထိန်းသိမ်းစောင့်ရှောက်ထား ခဲ့၏။-
Gala BurCBCM 3:25  သို့သော် ယခုယုံကြည်ခြင်းတရားရောက်ရှိလာပြီ ဖြစ်၍ ငါတို့သည် ထိန်းသိမ်းစောင့်ရှောက်သူ၏လက် အောက်၌ မရှိကြတော့ပေ။-
Gala BurCBCM 3:26  အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ယေဇူးခရစ်တော်၌ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။-
Gala BurCBCM 3:27  အကြောင်းမူကား ခရစ်တော်၌ဆေးကြောခြင်းမင်္ဂလာကိုခံ ယူသောသူမှန်သမျှသည် ခရစ်တော်ကို အဝတ်တန်ဆာ ကဲ့သို့ ဝတ်ဆင်ကြသောကြောင့်ဖြစ်၏။-
Gala BurCBCM 3:28  ခရစ်တော်၌ ဂျူးလူမျိုးနှင့် ဂရိလူမျိုးဟူ၍မရှိ။ ကျေးကျွန်နှင့် လွတ်လပ် သူဟူ၍လည်းမရှိ။ ယောက်ျားနှင့် မိန်းမဟူ၍လည်း မရှိတော့ပေ။ အကြောင်းမူကား သင်တို့အားလုံးသည် ယေဇူးခရစ်တော်၌ တစ်လုံးတစ်၀ တည်းဖြစ်ကြ၏။-
Gala BurCBCM 3:29  သင်တို့သည် ခရစ်တော်နှင့်သက်ဆိုင်ကြပါလျှင် အာဘ ရာဟံ၏အမျိုးအနွယ်ဖြစ်ကြ၍ ကတိတော်အတိုင်း အမွေ စားအမွေခံများဖြစ်ကြ၏။
Chapter 4
Gala BurCBCM 4:1  ငါဆိုလိုသည်ကား အမွေဆက်ခံသူသည် ဥစ္စာပစ္စည်းအားလုံးကို ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလ ပတ်လုံးတွင် သူသည် ကျွန်နှင့်မခြားနားပေ။-
Gala BurCBCM 4:2  သို့သော် သူသည် အဖဖြစ်သူက သတ်မှတ်ထားသောနေ့ရက် မရောက်မီတိုင်အောင် ထိန်းသိမ်း စောင့်ရှောက်သူများနှင့် စီမံအုပ်ချုပ်သူများ၏လက် အောက်တွင်ရှိ၏။-
Gala BurCBCM 4:3  ထိုနည်းတူ ငါတို့သည်လည်း အရွယ် မရောက်မီကာလတွင် ဤလောကရှိအခြေခံစည်းမျဉ်း များ၏လက်အောက်ခံများ ဖြစ်ကြ၏။-
Gala BurCBCM 4:4  သို့သော် အချိန်ကျရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စေလွှတ်တော်မူခဲ့၏။ ထိုသားတော်သည် ပညတ်တရား ၏လက်အောက်ခံအဖြစ် မိန်းမတစ်ဦးမှ မွေးဖွားလာ ခဲ့ခြင်းဖြစ်၏။-
Gala BurCBCM 4:5  ဤကဲ့သို့ ဘုရားသခင်လုပ်ဆောင်ခဲ့ခြင်းမှာ ပညတ်တရား၏လက်အောက်တွင်ရှိသောသူတို့ကို ရွေးနုတ်ကယ်တင်တော် မူ ရန်ဖြစ်၏။ သို့မှသာ ငါတို့သည် သားသမီးများအဖြစ် မွေးစားခြင်းခံကြရပေလိမ့်မည်။-
Gala BurCBCM 4:6  သင်တို့သည်လည်း သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် အဗ္ဗ၊ အဖ ဟုကြွေးကြော်သော သားတော်၏ ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးအတွင်းသို့ စေလွှတ်တော်မူခဲ့၏။-
Gala BurCBCM 4:7  ထို့ကြောင့် သင်သည် ဘုရားသခင်၏အလိုတော်အားဖြင့် ကျွန်မဟုတ်တော့ဘဲ သားဖြစ်လာလေပြီ။ သင်သည် သားဖြစ်လျှင် အမွေစားအမွေခံ လည်းဖြစ်လေပြီ။
Gala BurCBCM 4:8  ယခင်က သင်တို့သည် ဘုရားသခင်ကို မသိခဲ့ကြ သောကြောင့် ဇာတိသဘောအားဖြင့် ဘုရားမဟုတ် သောအရာများကို အစေခံခဲ့ကြ၏။-
Gala BurCBCM 4:9  သို့သော် ယခုသင် တို့သည် ဘုရားသခင်ကို သိလာကြလေပြီ။ တစ်နည်းဆို ရလျှင် ဘုရားသခင်သည် သင်တို့ကိုသိရှိတော်မူ လေပြီ။ သို့ဖြစ်လျှင် သင်တို့သည် အင်အားမရှိ၊ တန်ဖိုးလည်းမရှိ သောဝိညာဉ်များထံသို့ တစ်ဖန်ပြန်သွား၍ ယင်းတို့ကို မည်ကဲ့သို့ အစေခံနိုင်ကြမည်နည်း။-
Gala BurCBCM 4:10  သင်တို့သည် နေ့ရက်များ၊ လများ၊ ဥတုရာသီများနှင့် နှစ်ကာလများကို စောင့်ထိန်းလိုက်နာနေကြပြီတကား။-
Gala BurCBCM 4:11  သင်တို့အတွက် ငါကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ အကျိုးမဲ့ဖြစ်ပြီလောဟု ငါစိုးရိမ်ပူပန်မိ၏။
Gala BurCBCM 4:12  ညီအစ်ကိုတို့၊ ငါ့ကဲ့သို့ သင်တို့ဖြစ်လာကြပါဟု ငါတောင်းပန်ပါ၏။ အကြောင်းမူကား ငါသည်လည်း သင်တို့ ကဲ့သို့ဖြစ်လာ ခဲ့လေပြီ။-
Gala BurCBCM 4:13  သင်တို့သည် ငါ့ကို မပြစ်မှားခဲ့ကြပေ။ ငါသည် နာမကျန်းဖြစ်သောကြောင့် သင်တို့အား ဧဝံဂေလိသတင်းကောင်းကို ပထမဦးစွာ ဟောပြောခဲ့ ကြောင်း သင်တို့သိကြ၏။-
Gala BurCBCM 4:14  ငါ၏ဖျားနာခြင်းသည် သင်တို့ အတွက် အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့သည် ငါ့ကို အပြစ်တင်ခြင်းမပြုကြသကဲ့သို့ မထီမဲ့မြင်လည်း မပြုကြပေ။ သင်တို့သည် ငါ့ကို ဘုရားသခင်၏ကောင်းကင်တမန်တော်တစ်ပါးကဲ့သို့လည်းကောင်း၊ ယေဇူးခရစ် တော်ကဲ့သို့လည်းကောင်း လက်ခံခဲ့ကြ၏။-
Gala BurCBCM 4:15  ။ ထိုအချိန်က သင်တို့ခံစားခဲ့ကြသောကျေနပ်အားရခြင်းသည် ယခု အခါတွင် မည်ကဲ့သို့ဖြစ်သွားသနည်း။ အကြောင်းမူကား ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိ များကိုပင် ထုတ်၍ ငါ့အားပေးရန်အလိုရှိခဲ့ကြသည်ကို ငါသက်သေ ခံပါ၏။-
Gala BurCBCM 4:16  ယခု ငါသည် သင်တို့အား မှန်သော အရာကို ပြောဆိုသောကြောင့် သင်တို့၏ရန်သူဖြစ်ရပြီလော။-
Gala BurCBCM 4:17  သူတို့သည် သင်တို့အပေါ် စိတ်ဝင်စားကြောင်း ပြသကြ၏။ သို့သော် သူတို့သည် ကောင်းသောရည်ရွယ် ချက်ဖြင့် ပြုလုပ်ကြ သည်မဟုတ်။ သူတို့အပေါ် သင်တို့ စိတ်ဝင်စားလာစေရန် သူတို့သည် သင်တို့ကို ငါနှင့်ကင်း ကွာစေလိုကြ၏။-
Gala BurCBCM 4:18  သင်တို့နှင့်အတူ ငါရှိနေသည့်အချိန် မျိုးတွင်သာမဟုတ်ဘဲ အချိန်တိုင်းတွင် ကောင်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်တစား ရှိခြင်းသည် အစဉ်အမြဲ ကောင်းမွန်သင့်မြတ်လှပေ၏။-
Gala BurCBCM 4:19  ငါ၏ချစ်သားသမီးတို့၊ သင်တို့နှင့် ခရစ်တော်ပေါင်းစပ်သည့်တိုင်အောင် ငါသည် သင်တို့အတွက် သားဖွားခြင်း ကဲ့သို့သော ဝေဒနာမျိုးကို တစ်ဖန်ခံစားနေရ၏။-
Gala BurCBCM 4:20  ယခုပင် ငါသည် သင်တို့နှင့်အတူရှိလျက် ငါ၏လေသံကို ပြောင်းလိုသောဆန္ဒပြင်းပြနေပါ၏။ အကြောင်းမူကား ငါသည် သင်တို့အတွက် စိတ်ရှုပ် ထွေးလျက်ရှိသောကြောင့်ဖြစ်၏။
Gala BurCBCM 4:21  ပညတ်တရား၏လက်အောက်တွင် နေလိုသော သင်တို့၊ ငါ့ကိုပြောပြကြပါလော့။ သင်တို့သည် ပညတ်တရားကို မကြား ဖူးကြပါသလော။-
Gala BurCBCM 4:22  အကြောင်းမူကား အာဘရာဟံ၌ သားနှစ်ယောက်ရှိ၍ တစ်ယောက်သည် ကျွန်မမှ မွေးသောသားဖြစ်ပြီး အခြား တစ်ယောက်သည်ကား လွတ်လပ်သောမိန်းမမှ မွေးသောသားဖြစ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားလျက်ရှိ၏။-
Gala BurCBCM 4:23  သို့သော် ကျွန်မမှ မွေးသောသားသည် လူ့သဘာ၀အလျောက် မွေးဖွားလာခဲ့ခြင်းဖြစ်၍ လွတ်လပ်သောမိန်းမမှမွေးသော သားသည်ကား ကတိတော်အတိုင်း မွေးဖွားလာခဲ့ခြင်းဖြစ်၏။-
Gala BurCBCM 4:24  ဤအကြောင်းအရာကို ပုံဥပမာဖြင့် ဖော်ပြရလျှင် မိန်းမနှစ်ယောက်သည် ပဋိညာဉ်နှစ်ပါးကို ဆိုလိုခြင်းဖြစ်၏။ ပဋိညာဉ်တစ်ပါးသည် ဆီနိုင်တောင်ပေါ်တွင် ဖွဲ့ဆိုခဲ့ခြင်းဖြစ်၍ သားသမီးများကို ကျွန်အဖြစ် မွေးဖွားခဲ့၏။ ထိုမိန်းမသည် ဟာဂါဖြစ်၏။-
Gala BurCBCM 4:25  ဟာဂါသည် အာရေးဘိယ ပြည်ရှိ ဆီနိုင်တောင်ကို ကိုယ်စားပြု၏။ သူမသည် မိမိ၏ သားသမီးများနှင့်အတူ ကျွန်အဖြစ်၌ ရှိနေသဖြင့် လက်ရှိ ဂျေရုဆလင်မြို့ကို ရည်ညွှန်းလေ၏။-
Gala BurCBCM 4:26  သို့သော် အထက် အရပ်တွင်ရှိသောဂျေရုဆလင်မြို့သည်ကား လွတ်လပ်၍ ၎င်းသည် ငါတို့၏အမိဖြစ်သတည်း။-
Gala BurCBCM 4:27  အကြောင်းမူကား ကျမ်းစာတော်မြတ်တွင် ရေးထားသည်ကား သားသမီး မမွေးသောအမြုံမ၊ ဝမ်းမြောက်ပါလော့။ သားဖွားခြင်း ဝေဒနာမခံရသော အသင်မိန်းမ၊ ကျယ်လောင်စွာဟစ် ကြွေးပါလော့။ အကြောင်းမူကား အဖော်မဲ့သောသူ၏ သားသမီးတို့သည် ထိမ်းမြားလက်ထပ်ထားသောသူ၏ သားသမီးတို့ထက် ပို၍များပြားကြ၏ဟူ၍ဖြစ်၏။
Gala BurCBCM 4:28  ညီအစ်ကိုတို့၊ သင်တို့သည်ကား အီဇတ်ကဲ့သို့ပင် ကတိတော်နှင့်ဆိုင်သောသားသမီးများဖြစ်ကြ၏။-
Gala BurCBCM 4:29  သို့သော် ထိုအချိန်ကပင် လူ့သဘာ၀အလျောက် မွေးဖွားလာခဲ့သောသူသည် ဝိညာဉ်တော်အားဖြင့် မွေးဖွားလာ သောသူကိုညှဉ်းပန်းနှိပ်စက်သကဲ့သို့ ယခုတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ပျက်လျက်ရှိ၏။-
Gala BurCBCM 4:30  သို့ရာတွင် ကျမ်းစာတော် မြတ်က မည်သို့ဆိုထားသနည်း။ ယင်း၌ဆိုထားသည် ကား ကျွန်မဖြစ်သူနှင့် သူမ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သော မိန်းမ၏သားနှင့်အတူ အမွေခံရလိမ့်မည်မဟုတ်ဟူ၍ ဖြစ် ၏။-
Gala BurCBCM 4:31  သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သား သမီးများမဟုတ်ကြဘဲ လွတ်လပ်သောမိန်းမ၏သား သမီးများဖြစ်ကြ၏။
Chapter 5
Gala BurCBCM 5:1  လွတ်လပ်မှုရရှိစေရန် အလို့ငှာ ခရစ်တော်သည် ငါတို့ကိုလွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့်တည်ကြည်မြဲမြံစွာရပ်တည် ကြလော့။ ကျွန်ဘ၀၏ထမ်း ပိုးအောက်သို့ နောက်တစ်ဖန် မကျရောက်စေကြနှင့်။
Gala BurCBCM 5:2  နားထောင်ကြလော့။ ငါပေါလုက သင်တို့အား ဆို သည်မှာ ယခုသင်တို့သည် အရေဖျားလှီးခြင်းကိုခံယူကြ လျှင် ခရစ်တော်သည် သင်တို့အား မည်သည့်အကျိုး ကျေးဇူးကိုမျှ ခံစားစေလိမ့်မည်မဟုတ်။-
Gala BurCBCM 5:3  အရေဖျားလှီး ခြင်းကို ခံယူသောသူတိုင်းသည် ပညတ်တရားကို လုံး၀လိုက်နာရမည်ဖြစ်ကြောင်း ငါထပ်မံသတိပေးပါ၏။-
Gala BurCBCM 5:4  ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်ခြင်းငှာ သင်တို့ကြိုးစားအားထုတ်ကြလျှင် သင်တို့သည် ခရစ်တော်နှင့် လမ်းခွဲကြပြီဖြစ်၍ ကျေးဇူးတော်ကိုလည်း ဆုံးရှုံးကြလေပြီ။-
Gala BurCBCM 5:5  အကြောင်းမူကား ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်မည်ဟူသော မျှော်လင့်ချက်ကို ဝိညာဉ်တော်၌ အမှီပြုလျက် စောင့်မျှော်နေကြ၏။-
Gala BurCBCM 5:6  အကြောင်းမူကား ယေဇူးခရစ်တော်၌ရှိသော သူတို့အတွက် အရေဖျားလှီးခြင်းခံသည်ဖြစ်စေ၊ မခံသည် ဖြစ်စေမည်သို့မျှ အကျိုးမထူးပေ။ ချစ်ခြင်းမေတ္တာအားဖြင့် ပေါ်လွင်ထင်ရှားသောယုံကြည်ခြင်းသာလျှင် ၎င်းတို့အတွက် အရေးကြီးလေ၏။-
Gala BurCBCM 5:7  သင်တို့သည် ကောင်းမွန်စွာ အပြေးပြိုင်ပွဲဝင်ခဲ့ကြ၏။ မည်သူသည် သင်တို့အား အမှန် တရားကိုနာခံခြင်းမပြုရန် တားဆီး ပိတ်ပင်ခဲ့သနည်း။-
Gala BurCBCM 5:8  ဤသွေးဆောင်ဖြားယောင်းခြင်းသည် သင်တို့ကို ခေါ်တော်မူခဲ့သောဘုရားသခင်ထံတော်မှ လာခြင်းမဟုတ်ပေ။-
Gala BurCBCM 5:9  အနည်းငယ်သောတဆေးသည် မုန့်ညက်အားလုံးကို ဖောင်းကြွစေတတ်၏။-
Gala BurCBCM 5:10  သင်တို့သည် လွဲမှားသော အခြားအယူအဆနောက်သို့လိုက်ပါကြလိမ့်မည် မဟုတ်ကြောင်း သခင်ဘုရားကိုအမှီပြု၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။ သင်တို့ကို နှောင့်ယှက်သောသူသည် မည်သို့သောသူပင်ဖြစ်စေကာမူ သူနှင့်ထိုက်သင့်သော အပြစ် ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။-
Gala BurCBCM 5:11  သို့ရာတွင် ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းကို ဆက်လက် ဟောပြောနေခဲ့ပါလျှင် အဘယ်ကြောင့်ညှဉ်းပန်းနှိပ်စက် ခြင်းကို ဆက်လက်ခံနေရပါသနည်း။ ငါသည် ထိုကဲ့သို့ ဟောပြောခဲ့ပါလျှင် လက်ဝါးကပ်တိုင်အတွက် ကြုံတွေ့ရသော အခက်အခဲများလည်း ရှိတော့မည်မဟုတ်။-
Gala BurCBCM 5:12  သင် တို့ကို နှောင့်ယှက်ဒုက္ခပေးသူတို့သည် မိမိတို့ကိုယ်ကို သင်းကွပ်ကြစေရန် ငါအလိုရှိ၏။
Gala BurCBCM 5:13  ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်ခြင်းသို့ ခေါ်တော်မူခြင်းခံခဲ့ကြရလေပြီ။ သင်တို့၏လွတ်လပ်မှုကို အသွေးအသားအတွက် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးမပြုဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ဦးကိုတစ်ဦး အစေခံကြလော့။-
Gala BurCBCM 5:14  အကြောင်းမူကား သင်နှင့်နီးစပ်သော သူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသော စကားတစ်ခွန်း၌ ပညတ်တရားတစ်ခုလုံးသည် ပြည့်စုံ သောကြောင့် ဖြစ်၏။-
Gala BurCBCM 5:15  သို့သော် သင်တို့သည် အချင်းချင်း ထိခိုက်နာကျင်စေကြမည်ဆိုလျှင် သင်တို့အချင်းချင်း ကြောင့် ပျက်စီးဆုံးရှုံးရမည်ကို သတိပြုကြလော့။
Gala BurCBCM 5:16  ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဝိညာဉ် တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းကြလော့။ အသွေးအသား၏ အလိုဆန္ဒကို မလိုက်လျောကြနှင့်။-
Gala BurCBCM 5:17  အကြောင်းမူကား အသွေးအသား၏အလိုဆန္ဒတို့သည် ဝိညာဉ်တော်နှင့်ဆန့်ကျင်ကြပြီး ဝိညာဉ်တော်၏အလို ဆန္ဒတို့သည်လည်း အသွေးအသားနှင့်ဆန့်ကျင်ကြ၏။ သင်တို့အလိုရှိသည့်အတိုင်းပြုလုပ်ခြင်းကို တားဆီးရန် ဝိညာဉ်တော်နှင့် အသွေးအသားသည် ဆန့်ကျင်ဘက် ဖြစ်လျက်ရှိကြ၏။-
Gala BurCBCM 5:18  သို့သော် သင်တို့သည် ဝိညာဉ်တော်၏ဦးဆောင်လမ်းညွှန်ခြင်းကိုခံယူကြလျှင် ပညတ်တရား ၏လက်အောက်ခံ မဟုတ်ကြ တော့ပေ။-
Gala BurCBCM 5:19  အသွေးအ သား၏လုပ်ဆောင်ချက်များသည် ထင်ရှားလှပေ၏။ ယင်းတို့သည်ကား ကာမဂုဏ်ကျူးလွန်ခြင်း၊ မစင်ကြယ် ခြင်း၊ အကျင့်တရားဖောက်ပြန်ခြင်း၊-
Gala BurCBCM 5:20  ရုပ်တုကိုးကွယ် ခြင်း၊ စုန်းကဝေအတတ်ကိုလိုက်စားခြင်း၊ မလိုမုန်းထား ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုခြင်း၊ အမျက်ဒေါသ ထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အုပ်စုကွဲပြားကြခြင်း၊-
Gala BurCBCM 5:21  သဝန်တိုခြင်း၊ လူ့အသက်သတ် ခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အပျော်အပါးလွန်ကြူး ခြင်းစသည်တို့ဖြစ်ကြ၏။ ဤအမှုအရာများကို ပြုမူကျင့် ကြံသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ ခံကြရလိမ့်မည်မဟုတ်ဟု ယခင်က ငါသတိပေးခဲ့သည့် အတိုင်း သင်တို့ကို ငါယခုသတိပေးပါ၏။
Gala BurCBCM 5:22  ဝိညာဉ်တော်၏အသီးအပွင့်များသည်ကား ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ရွှင်လန်းခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ စိတ်ရှည် သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာရှိခြင်း၊-
Gala BurCBCM 5:23  နူးညံ့သိမ်မွေ့ ခြင်း၊ မိမိကိုယ်ကို ချုပ်တီး ခြင်းစသည် တို့ဖြစ်ကြ၏။ ဤအရာများကိုဆန့်ကျင်သော ပညတ်တရားဟူ၍ မရှိပေ။-
Gala BurCBCM 5:24  ခရစ်တော်ယေဇူးနှင့်သက် ဆိုင်သောသူတို့သည် အသွေးအသားနှင့်အတူ ယင်း၏ တပ်မက်မှုအလိုဆန္ဒများကို လက်ဝါးကပ်တိုင်တင်ခဲ့ကြလေပြီ။
Gala BurCBCM 5:25  ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြပါ လျှင် ဝိညာဉ်တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်း ကြပါစို့။-
Gala BurCBCM 5:26  မိမိကိုယ်မိမိ အထင်ကြီး၍ ဘဝင်မြင့်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မုန်းတီးရန်လိုခြင်းနှင့် မနာလိုဝန်တိုခြင်းတို့မှ ရှောင်ရှား ကြကုန်စို့။
Chapter 6
Gala BurCBCM 6:1  ညီအစ်ကိုတို့၊ လူတစ်ယောက် အပြစ်ကျူးလွန်နေသည်ကိုတွေ့လျှင် ဝိညာဉ်တော်၏ဆုကျေး ဇူးကိုရရှိထားသော သင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ထားနှင့် ထိုသူကို ပြန်လည်ထိန်းကျောင်းပဲ့ပြင်ပေးသင့်၏။ သင်တို့ကိုယ်တိုင်သည်လည်း အပြစ်သို့ သွေးဆောင် ခြင်းမခံရစေရန် သတိပြုကြလော့။-
Gala BurCBCM 6:2  သင်တို့အချင်းချင်း တစ်ဦး၏ဒုက္ခကိုတစ်ဦးက ကူညီခံထမ်း၍ ထိုကဲ့သို့ပြုမူ ခြင်းအားဖြင့် ခရစ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးကြလော့။-
Gala BurCBCM 6:3  တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်သော်လည်း မိမိကိုယ်မိမိအရေးပါသူဟုထင်မှတ်လျှင် ထိုသူသည် မိမိကိုယ်ကို လှည့်စားခြင်းဖြစ်၏။-
Gala BurCBCM 6:4  လူတိုင်းသည် မိမိအပြုအမူကို စစ်ဆေးဆင်ခြင်ကြပါစေ။ ထိုအခါ မိမိကြွားဝါခြင်း၏အကြောင်းရင်းသည် သူတစ်ပါးတို့ အတွက်မဟုတ်ဘဲ မိမိတစ်ဦးတည်းအတွက်သာဖြစ် လိမ့်မည်။-
Gala BurCBCM 6:5  အကြောင်းမူကား လူတိုင်းသည် မိမိ၏ဝန် ထုပ်ကို ထမ်းရမည်ဖြစ်၏။
Gala BurCBCM 6:6  နှုတ်တော်ထွက်စကားကို သင်ယူသောသူသည် မိမိ၌ရှိသည့် ကောင်းသောအရာဟူသမျှကို သင်ကြားပေးသောသူအား ဝေမျှပေးပါစေ။
Gala BurCBCM 6:7  သွေးဆောင်လှည့်ဖြားခြင်းကို သင်တို့မခံကြရစေနှင့်။ ဘုရားသခင်ကိုလှည့်ဖြား၍ မရနိုင်ပေ။ အကြောင်းမူ ကား လူသည် မိမိမျိုးစေ့ကြဲသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။-
Gala BurCBCM 6:8  အဘယ်ကြောင့်ဆိုသော် မိမိသွေးသားဆန္ဒ၌ မျိုးစေ့ကြဲသောသူသည် ထိုသွေးသားမှ ပျက်စီးဆုံးရှုံးခြင်းကို ရိတ်သိမ်းရ လိမ့်မည်။ သို့သော် ဝိညာဉ်တော်၌ မျိုး စေ့ကြဲသောသူသည် ဝိညာဉ်တော်မှ ထာ၀ရအသက်ကို ရိတ်သိမ်းရလိမ့်မည်။-
Gala BurCBCM 6:9  ငါတို့သည် ကောင်းသောအကျင့် ကိုကျင့်ကြံရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား ငါတို့သည် လက်မလျှော့လျှင် အချိန်တန်သောအခါ ရိတ်သိမ်းကြရလိမ့်မည်။-
Gala BurCBCM 6:10  သို့ဖြစ်၍ ငါတို့ ၌ အခွင့် အခါသင့်သည့်အခါတိုင်း လူအားလုံးတို့အတွက် ကောင်းကျိုးပြုကြကုန်စို့။ အထူးသဖြင့် ငါတို့သည် ယုံ ကြည်သူမိသားစုများအတွက် ဆောင်ရွက်ပေးကြစို့။
Gala BurCBCM 6:11  ဤမျှကြီးမားသောစာလုံးများဖြင့် သင်တို့ထံသို့ ငါ၏လက်ဖြင့် စာရေးသည်ကို ကြည့်ကြလော့။-
Gala BurCBCM 6:12  သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်တိုက်တွန်း သောသူတို့သည် လူတို့အသိုင်းအဝိုင်းတွင် ပေါ်လွင်ထင် ရှားလိုပြီး ခရစ်တော်၏လက်ဝါးကပ်တိုင်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံလိုကြသောကြောင့်သာဖြစ်၏။-
Gala BurCBCM 6:13  အကြောင်းမူကား အရေဖျားလှီးခြင်းခံသောသူတို့ကိုယ် တိုင်ပင်လျှင် ပညတ်တရားကိုလိုက်နာစောင့်ထိန်းကြ သည်မဟုတ်။ သူတို့သည် သင်တို့၏ခန္ဓာကိုယ်အပေါ်၌ ကြွားဝါဂုဏ်ယူလိုသောကြောင့် သင်တို့အား အရေဖျားလှီးခြင်းကို ခံစေလိုကြခြင်း ဖြစ်၏။-
Gala BurCBCM 6:14  သို့သော် ငါတို့၏ ယေဇူးသခင်ခရစ်တော်၏လက်ဝါးကပ်တိုင်မှလွဲ၍ ငါ၌ အခြားကြွားဝါစရာအကြောင်းမရှိပါစေနှင့်။ ထိုလက်ဝါး ကပ်တိုင်တော်အားဖြင့် ကမ္ဘာလောကသည် ငါ့ ၌ လက်ဝါး ကပ်တိုင်တင်ခံရသကဲ့သို့ ငါသည်လည်း ကမ္ဘာလောက၌ လက်ဝါးကပ်တိုင်တင်ခြင်းကိုခံရလေပြီ။-
Gala BurCBCM 6:15  အကြောင်း မူကား အရေဖျားလှီးခြင်းခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အသစ်တစ်ဖန် ဖန်ဆင်းခံရခြင်းသာလျှင် အရေးကြီးပေ၏။-
Gala BurCBCM 6:16  ဤလမ်းစဉ်ကို လျှောက်လှမ်းသောသူအပေါင်း တို့နှင့် ဘုရားသခင်၏အစ္စရာအဲလ်လူမျိုးအပေါ်သို့ ငြိမ်း ချမ်းသာယာခြင်းနှင့် ကရုဏာတော်သက်ရောက်ပါစေ။
Gala BurCBCM 6:17  ယခုမှစ၍ မည်သူမျှ ငါ့ကိုဒုက္ခမပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေဇူး၏ဒဏ်ရာဒဏ်ချက်များကို ငါ၏ခန္ဓာကိုယ် ပေါ်တွင်ခံယူထားသောကြောင့်ဖြစ်၏။
Gala BurCBCM 6:18  ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ တည်ရှိတော် မူပါစေသော်။ အာမင်။