Site uses cookies to provide basic functionality.

OK
II CORINTHIANS
Up
1 2 3 4 5 6 7 8 9 10 11 12 13
Toggle notes
Chapter 1
II C BurCBCM 1:1  ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်ဖြစ်သူ ငါပေါလုနှင့် ငါတို့၏ ညီအစ်ကိုဖြစ်သူ တီမောသီဦးထံမှ ကောရိန့်မြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အာခါယာတစ်ပြည်လုံးတွင်ရှိသော သန့်ရှင်း သူအပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။-
II C BurCBCM 1:2  ငါတို့၏အဖဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ကျေးဇူးတော်ကိုချီးမွမ်းခြင်း
II C BurCBCM 1:3  ငါတို့သခင် ယေဇူးခရစ်တော်၏ခမည်းတော်၊ သနားကရုဏာတော်နှင့်ပြည့်စုံတော်မူသောအဖ၊ နှစ်သိမ့်မှု အလုံးစုံကိုပေး တော်မူ သောဘုရားသခင်အား မင်္ဂလာရှိ စေသတည်း။-
II C BurCBCM 1:4  ကိုယ်တော်သည် ငါတို့ဒုက္ခဆင်းရဲခံရချိန် တိုင်း၌ ငါတို့ကို အားပေးနှစ်သိမ့်တော်မူ၏။ ဤသို့ဖြင့် ငါတို့သည် ငါတို့ကိုယ်တိုင် ဘုရားသခင်ထံမှရရှိခဲ့ကြ သောနှစ်သိမ့်မှုဖြင့် အတိဒုက္ခရောက်နေကြသောသူတို့ အားနှစ်သိမ့်ပေးနိုင်မည်ဖြစ်၏။-
II C BurCBCM 1:5  အကြောင်းမူကား ငါတို့သည် ခရစ်တော်၏ဝေဒနာခံစားခြင်း၌ အတိုင်းထက် အလွန်ပါဝင်ခံစားကြသောကြောင့် ခရစ်တော်အားဖြင့် နှစ်သိမ့်ခြင်းကိုလည်း အတိုင်းထက်အလွန်ရရှိကြ၏။-
II C BurCBCM 1:6  ငါတို့သည် ဆင်းရဲဒုက္ခခံကြရပါလျှင် ၎င်းသည် သင်တို့၏ နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်းအတွက်ဖြစ်၏။ ငါတို့သည် နှစ်သိမ့်ခြင်းခံရလျှင် သင်တို့သည်လည်း နှစ်သိမ့်ခြင်းခံရ၍ ငါတို့ခံစားခဲ့ရသောဆင်းရဲဒုက္ခကို သည်းခံစိတ်နှင့် ခံထမ်းနိုင် မည့်ခွန်အားကျေးဇူးကို သင်တို့ရရှိကြ၏။-
II C BurCBCM 1:7  သင်တို့၌ထားရှိသည့် ငါတို့၏မျှော်လင့်ခြင်းသည် မည်သည့် အခါမျှ ယိမ်းယိုင်မည်မဟုတ်။ အကြောင်းမူကား သင်တို့ သည် ငါတို့ခံရသည့်ဆင်းရဲဒုက္ခများကိုခံကြရသည့်နည်းတူ ငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုးကိုလည်း ရရှိကြလိမ့်မည် ဖြစ်ကြောင်းငါတို့ သိကြ၏။
II C BurCBCM 1:8  ညီအစ်ကိုတို့၊ အာရှပြည်တွင် ငါတို့ခံခဲ့ရသည့်ဒုက္ခ ဆင်းရဲကို သင်တို့မသိရှိဘဲနေစေရန် ငါတို့အလိုမရှိပေ။ အကြောင်းမူကား ငါတို့သည် ဆင်းရဲဒုက္ခကို မခံမရပ်နိုင် အောင် အပြင်းအထန်ခံခဲ့ရသောကြောင့် အသက်ရှင်ရန် ပင် မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြ၏။-
II C BurCBCM 1:9  ငါတို့သည် သေဒဏ်စီ ရင်ခြင်းခံကြရလေပြီဟု မိမိတို့ကိုယ်ကိုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင် ဤသို့ထင်မှတ်ခြင်းသည် ငါတို့အား မိမိတို့ ကိုယ်ကို အားမကိုးဘဲ သေသူတို့ကိုထမြောက်စေတော် မူသောဘုရားသခင်အပေါ် အားကိုးကြစေရန်ဖြစ်၏။-
II C BurCBCM 1:10  ကိုယ်တော်သည် ငါတို့ကို အလွန်ပင်ကြောက်မက်ဖွယ် ကောင်းသောဘေးအန္တရာယ်မှကယ်တင်ခဲ့၍ နောင်တွင် လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ တို့အား တစ်ဖန်ကယ်တင်တော်မူဦးမည်ဟူ၍ ငါတို့သည် ကိုယ်တော်၌ မျှော်လင့်ထားကြ၏။-
II C BurCBCM 1:11  သင်တို့သည်လည်း ဆုတောင်းပတ္ထနာအားဖြင့် ငါတို့ကိုကူညီကြရမည်။ ဤ သို့ဖြင့် များစွာသောဆုတောင်းပတ္ထနာ တို့ကြောင့် ငါတို့ ရရှိသောကောင်းချီးမင်္ဂလာများအတွက် မြောက်မြားစွာ သောလူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။
II C BurCBCM 1:12  ငါတို့သည် ဤလောက၌ နေထိုင်အသက်ရှင်ရာတွင်၊ အထူးသဖြင့် သင်တို့အပေါ်ဆက်ဆံရာတွင် လောကအသိဉာဏ် ကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူး တော်ကိုအမှီပြု၍ သန့်ရှင်းမွန်မြတ်ခြင်းနှင့် ဘုရားသခင် ထံတော်မှလာသည့်ရိုးသား သောစိတ်တို့ဖြင့် ဆက်ဆံခဲ့ ကြကြောင်းကို ငါတို့၏အသိစိတ်အတွင်းက သက်သေ ခံ၍ ထိုသက်သေခံချက်မှာ ငါတို့အတွက် ဂုဏ်ယူဝင့် ကြွားစရာအကြောင်းဖြစ်လေ၏။-
II C BurCBCM 1:13  အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ သင်တို့ ထံသို့မရေး သားပေ။-
II C BurCBCM 1:14  သင်တို့သည် တစ်စိတ်တစ်ဒေသအားဖြင့်သာ နားလည်ခဲ့ကြသည့်အတိုင်း ငါတို့၏သခင် ယေဇူးကြွ လာတော်မူသောနေ့၌ ငါတို့သည် သင်တို့အတွက် ဂုဏ်ယူကြသကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဂုဏ်ယူမည့်အကြောင်းကို သင်တို့ပြည့်စုံစွာ သိရှိနားလည် ကြမည်ဟု ငါမျှော်လင့်၏။
II C BurCBCM 1:15  ငါသည် ဤအချက်၌ ယုံကြည်စိတ်ချထားသောကြောင့် သင်တို့အား ပျော်ရွှင်ကြည်နူးမှုကိုနှစ်ဆတိုး၍ ခံစားနိုင်ကြ စေခြင်းငှာ သင်တို့ထံသို့ ပထမဦးစွာလာရန် အလိုရှိခဲ့၏။-
II C BurCBCM 1:16  ငါသည် မာစီဒိုးနိယပြည်သို့အသွားတွင် တစ်ကြိမ်၊ အပြန်တွင်တစ်ကြိမ် သင်တို့ထံသို့ဝင်ရန် အလိုရှိခဲ့၏။ ဤသို့ဖြင့် သင်တို့သည် ငါ့အား ဂျူဒေးယ ပြည်သို့သွားမည့်ခရီးအတွက် ကူညီနိုင်ပေလိမ့်မည်။-
II C BurCBCM 1:17  ငါသည် ဤသို့ပြုလုပ်လိုခဲ့သည့်အတွက် မပြတ်မသားဖြစ် နေပါသလော။ ငါသည် တစ်ချိန်တည်းတွင်ပင် ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်ပါဟူ၍လည်းကောင်း ပြော ဆို၍ ငါ၏ခရီးစဉ်များကို လောကီသားကဲ့သို့ စီစဉ်နေပါ သလော။-
II C BurCBCM 1:18  ဘုရားသခင်သည် အမှန်စင်စစ်သစ္စာရှိတော် မူသကဲ့သို့ သင်တို့အား ငါတို့ပြောဆိုသောစကားသည်လည်း ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်ပါဟူ၍ လည်းကောင်း မဖြစ်ခဲ့ပေ။-
II C BurCBCM 1:19  အကြောင်းမူကား သင်တို့ အလယ်၌ တီမောသီဦး၊ ဆီဗားနုနှင့် ငါတို့ဟောပြောကြေ ညာခဲ့သော ဘုရားသခင်၏သားတော် ယေဇူးခရစ်တော် သည် တစ်ချိန်တည်းတွင်ပင် ဟုတ်သည်ဟူ၍လည်း ကောင်း၊ မဟုတ်ပါဟူ၍လည်းကောင်း ဖြစ်တော်မမူချေ။ ကိုယ်တော်သည်ကား အစဉ်အမြဲဟုတ်သည်ဟူ၍သာ ဖြစ်တော်မူ၏။-
II C BurCBCM 1:20  အကြောင်းမူကား ဘုရားသခင်၏ကတိ တော်အပေါင်းတို့သည် ကိုယ်တော်၌ ဟုတ်သည်ဟူ၍ ဖြစ်လာကြ၏။ ဤအကြောင်းကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ငါတို့သည် ကိုယ်တော့်ကို အမှီပြု၍ အာမင်ဟုဆိုခြင်း ဖြစ်၏။-
II C BurCBCM 1:21  သို့သော် ငါတို့အား သင်တို့နှင့်အတူ ခရစ်တော်၌တည်နေစေ၍ ဘိသိက် သွန်းလောင်းပေးတော်မူသော အရှင်မှာ ဘုရားသခင်ဖြစ်၏။-
II C BurCBCM 1:22  ကိုယ်တော်သည် မိမိ၏တံဆိပ်တော်ကို ငါတို့အပေါ် ၌ ခတ်နှိပ်တော်မူ၍ အာမခံချက်အဖြစ် ငါတို့၏စိတ်နှလုံး ထဲ၌ ဝိညာဉ်တော်ကို သွန်းလောင်းပေးတော်မူလေပြီ။
II C BurCBCM 1:23  ကောရိန့်မြို့သို့မလာရန် ငါဆုံးဖြတ်ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာလို၍ဖြစ်ကြောင်း ဘုရားသခင်ကို သက်သေအဖြစ်တိုင် တည်၍ ငါပြောဆိုပါ၏။-
II C BurCBCM 1:24  ငါတို့သည် သင်တို့၏ယုံကြည်ခြင်းအား ချုပ်ကိုင်နေခြင်းမဟုတ်ပေ။ ငါတို့သည် သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့် အတူလုပ်ဆောင်နေခြင်းဖြစ်၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ယုံကြည်ခြင်း၌ ခိုင်မာစွာရပ်တည်ကြ သောကြောင့်ဖြစ်၏။
Chapter 2
II C BurCBCM 2:1  ထို့ကြောင့် ငါသည် သင်တို့ထံသို့ ဝမ်းနည်းခြင်းနှင့် နောက်တစ်ကြိမ်မလာရန် စိတ်ပိုင်းဖြတ်ခဲ့ ၏။-
II C BurCBCM 2:2  အကြောင်းမူကား ငါသည် သင်တို့အား ဝမ်းနည်းနာကြည်းစေလျှင် ငါဝမ်းနည်းစေသောသူတို့မှလွဲ၍ ထိုအရပ်တွင် မည်သူသည် ငါ့ကိုဝမ်းမြောက်စေ မည်နည်း။-
II C BurCBCM 2:3  ငါလာ သောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများက ငါ့ကို ဝမ်းနည်းစေမည်စိုး၍ ဤစာကို ငါရေးသားလိုက်ခြင်းဖြစ်၏။ အကြောင်းမူကား ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့အား လုံး၏ဝမ်းမြောက်ခြင်းဖြစ်ကြောင်း ငါအသေအချာယုံကြည်၏။-
II C BurCBCM 2:4  ငါသည် အလွန်ဝမ်းနည်းပူဆွေးလျက် မျက်ရည်များစွာဖြင့် ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သို့သော် သင်တို့အား ဝမ်းနည်းစေ လို၍ မဟုတ်ဘဲ သင်တို့အား ငါ မည်မျှချစ်ကြောင်းကို သိစေလို၍သာ ရေးလိုက်ခြင်းဖြစ် ၏။
II C BurCBCM 2:5  အကယ်၍ တစ်စုံတစ်ယောက်သည် ငါ့ကို ဝမ်းနည်းစေခဲ့လျှင် ငါ့ကိုသာမက သင်တို့အားလုံးကိုလည်း တစ် နည်းတစ်ဖုံ အားဖြင့် ဝမ်းနည်းစေခဲ့လေပြီ။ ငါသည် ဤအကြောင်းကို အလွန်အကျွံမပြောလိုပေ။-
II C BurCBCM 2:6  သင်တို့အများ စု၏အပြစ်ဒဏ်ပေးခြင်းသည်ပင်လျှင် ထိုသူ့အတွက် လုံ လောက်လေပြီ။-
II C BurCBCM 2:7  ထို့ကြောင့် သင်တို့သည် ယခုအခါတွင် သူ့ကိုခွင့်လွှတ်၍ အားပေးနှစ်သိမ့်သင့်၏။ ထိုသို့ မဟုတ်လျှင် သူသည် ကြီးစွာ သောဝမ်းနည်းခြင်းကို အလွန်အမင်းခံစားရလိမ့်မည်။-
II C BurCBCM 2:8  သို့ဖြစ်၍ သင်တို့သည် သူ့အပေါ် မေတ္တာထားကြောင်းပြသကြရန် သင်တို့အား ငါတောင်းပန်ပါ၏။- ၉သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ စုံစမ်းသိရှိလို၍ ဤစာကို ငါရေးခြင်းဖြစ်၏။-
II C BurCBCM 2:10  သင်တို့ခွင့် လွှတ်သောသူ မည်သူ့ကိုမဆို ငါသည်လည်း ခွင့်လွှတ်၏။ အကယ်၍ ငါသည် တစ်စုံတစ်ရာကို ခွင့်လွှတ်ခဲ့ပါလျှင် သင်တို့၏မျက်နှာကိုထောက်၍ ခရစ်တော်ရှေ့တော်၌ ထိုအရာကို ခွင့်လွှတ်ခဲ့ခြင်းဖြစ်၏။-
II C BurCBCM 2:11  သို့မှသာလျှင် စာတန် သည် ငါတို့အပေါ် အသာစီးမရစေရန် ငါတို့တားဆီးနိုင် ပေလိမ့်မည်။ အကြောင်းမူကား ငါတို့သည် စာတန်၏ အကြံအစည်များကိုသိကြသောကြောင့်တည်း။
II C BurCBCM 2:12  ငါသည် ခရစ်တော်၏သတင်းကောင်းကို ဟောပြောသွန်သင်ရန် ထရောမြို့သို့ရောက်ရှိလာသောအခါ သခင်ဘုရား၌ ငါ့အတွက် အခွင့်အလမ်းပွင့်လျက်ရှိ၏။-
II C BurCBCM 2:13  သို့သော် ငါ၏ညီ တိတုကို ထိုအရပ်၌ မတွေ့ရသဖြင့် ငါ၏ စိတ်သည် မငြိမ်မသက်ဖြစ်ရ၏။ ထို့ကြောင့် ငါသည် သူ တို့ကိုနှုတ်ဆက်ပြီးလျှင် မာစီဒိုးနိယပြည်သို့ ဆက်လက် ထွက်ခွာခဲ့၏။
II C BurCBCM 2:14  သို့သော် ခရစ်တော်၌ ငါတို့ကိုအောင်မြင်ခြင်းသို့ ဦးဆောင်လမ်းညွှန်တော်မူ၍ ငါတို့အားဖြင့် ကိုယ်တော့် သတင်းတော်၏ သင်းပျံ့သောရနံ့ကိုနေရာတိုင်းတွင် ပျံ့နှံ့ စေတော်မူသည့်ဘုရားသခင်အား ကျေးဇူးတော်ကို ချီး မွမ်းပါ၏။-
II C BurCBCM 2:15  အကြောင်းမူကား ဘုရားသခင်အတွက်မူ ငါတို့သည် ကယ်တင်ခြင်းခံနေရသူတို့နှင့် ပျက်စီးဆုံးရှုံး ခြင်းသို့ရောက် နေသောသူတို့အကြားတွင် ခရစ်တော်၏ သင်းပျံ့သောနံ့သာဖြစ်ကြ၏။-
II C BurCBCM 2:16  ပျက်စီးဆုံးပါးလုနီးသော သူတို့အတွက် ငါတို့သည် သေခြင်း၏အနံ့ကဲ့သို့လည်း ကောင်း၊ ကယ်တင်ခြင်းခံရသူတို့အတွက်မူ အသက်ပေး သောနံ့သာကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ မည်သူသည် ဤသို့သောအမှုအရာတို့ကို ဆောင်ရွက်နိုင်သနည်း။-
II C BurCBCM 2:17  အကြောင်းမူကား ငါတို့သည် အခြားသူများစွာတို့ကဲ့သို့ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို အသက်မွေးဝမ်းကျောင်း အလုပ်သဖွယ် လှည့်လည်၍ ဟောပြောသူ များမဟုတ်ကြ။ ငါတို့သည် ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြသည့်အလျောက် ဘုရားသခင်၏တာဝန်ပေးချက် အရ ကိုယ်တော်၏ရှေ့မှောက်တွင် ခရစ်တော်ကိုအမှီပြု ၍ ဟောပြောကြ၏။
Chapter 3
II C BurCBCM 3:1  ဤသို့ဆိုရာ၌ ငါတို့သည် မိမိတို့ကိုယ်ကို စတင်၍ ချီးမွမ်းနေကြသလော။ အချို့သောသူတို့ကဲ့သို့ ငါတို့သည် သင်တို့ ထံသို့လာရန် ထောက်ခံစာလိုအပ်သလော၊ သို့မဟုတ် သင်တို့ထံမှ ထောက်ခံစာကို လိုအပ် ပါသလော။-
II C BurCBCM 3:2  သင်တို့ကိုယ်တိုင်ပင်လျှင် ငါတို့၏ထောက်ခံ စာများဖြစ်၍ ထိုစာကို လူတိုင်းဖတ်ရှုသိရှိရန် သင်တို့၏ နှလုံးသားများအပေါ် ၌ ရေးသားထားလျက်ရှိ၏။-
II C BurCBCM 3:3  သင်တို့သည် ခရစ်တော်ထံမှစာဖြစ်၍ ငါတို့အားဖြင့် ပေးပို့ခြင်းခံ ရကြောင်းမှာ ထင်ရှားလျက်ရှိ၏။ ဤစာကို မှင်ဖြင့်မရေးဘဲ အသက်ရှင်သောဘုရားသခင်၏ဝိညာဉ်တော်ဖြင့် ရေးသားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်တွင် ရေးသည်မဟုတ်ဘဲ လူတို့၏ နှလုံးသားများပေါ်တွင် ရေးထားခြင်းဖြစ်၏။
II C BurCBCM 3:4  ဤသည်ကား ခရစ်တော်အားဖြင့် ဘုရားသခင် အပေါ်ထားရှိသော ငါတို့၏ယုံကြည်စိတ်ချမှုပင်ဖြစ်၏။-
II C BurCBCM 3:5  တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာရသည်ဟု ပြောဆိုနိုင်ရန် ငါတို့ကိုယ်တိုင်မစွမ်းဆောင်နိုင်ကြပေ။ ငါတို့၏ အစွမ်းသတ္တိ သည် ဘုရားသခင်ထံတော်မှ လာခြင်းဖြစ်၏။-
II C BurCBCM 3:6  ငါတို့သည် ပဋိညာဉ်တရားသစ်၏အမှုတော်ဆောင် များဖြစ်ရန် ကိုယ်တော်သည် ငါတို့အား အစွမ်းသတ္တိကို ပေးတော်မူ၏။ ထိုပဋိညာဉ်တရားသစ်သည် ရေးသား ထားသည့်ပညတ်တရားမဟုတ်ဘဲ ဝိညာဉ်တော်၌တည် သောပညတ်တရားဖြစ်၏။ အကြောင်းမူကား ရေးထား သောပညတ်တရားသည် အသက်ကိုသတ်၍ ဝိညာဉ် တော်သည်ကား အသက်ကို ပေးလေ၏။
II C BurCBCM 3:7  မှေးမှိန်လာသည့်အခြေအနေ၌ပင် တောက်ပနေသေးသော မိုးဇက်၏မျက်နှာမှအလင်းကြောင့် အစ္စရာအဲလ်လူမျိုးတို့သည် သူ၏မျက်နှာကို မကြည့်နိုင်သည့် တိုင်အောင် ကျောက်ပြားပေါ်တွင် အက္ခရာရေးထွင်းထား သော သေခြင်း၏စီရင်ချက်သည် ဘုန်းဂုဏ်တော်နှင့် ခန့်ညားထည်ဝါခဲ့ပါလျှင်၊-
II C BurCBCM 3:8  ဝိညာဉ်တော်၏စီရင်ချက်သည် ပိုမိုကြီးမားသောဘုန်းဂုဏ်တော်နှင့် ထည်ဝါလိမ့်မည် မဟုတ်လော။-
II C BurCBCM 3:9  အကြောင်းမူကား အပြစ်ဒဏ်စီရင် ချက်သည် ဘုန်းကျက်သရေနှင့်ပြည်စုံခဲ့လျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောစီရင်ချက် သည် များစွာသာလွန်သော ဘုန်းကျက်သရေနှင့်ပြည့်စုံရပေလိမ့်မည်။-
II C BurCBCM 3:10  အမှန်စင်စစ် ယခင်က ခန့်ညားထည်ဝါခဲ့သောဘုန်းကျက်သရေသည် ၎င်းထက်သာလွန်သောဘုန်းကျက်သရေကြောင့် လုံး၀ ကွယ်ပျောက်သွားရလေပြီ။-
II C BurCBCM 3:11  သို့ဖြစ်၍ ခေတ္တမျှသာတည် သောအရာ၌ ဘုန်းကျက်သရေရှိခဲ့ပါလျှင် ထာ၀ရတည် သည့်အရာ၌ ပို၍ဘုန်းကျက်သရေ ရှိပေလိမ့်မည်။
II C BurCBCM 3:12  ငါတို့၌ ဤကဲ့သို့မျှော်လင့်ချက်ရှိသောကြောင့် ငါ တို့သည် ရဲဝံ့စွာ ဟောပြောကြ၏။-
II C BurCBCM 3:13  မိမိ၏တောက်ပသော ဘုန်းရောင် မှေးမှိန် ပျောက်ကွယ်သွားသည့်အဖြစ်ကို အစ္စရာအဲလ်လူမျိုးတို့မတွေ့ မြင်ရစေရန် မျက်နှာကို ပုဝါ ဖြင့်ဖုံးအုပ်ထားခဲ့သော မိုးဇက်ကဲ့သို့ ငါတို့သည် မဟုတ်ကြ။-
II C BurCBCM 3:14  သို့သော် သူတို့၏စိတ်နှလုံးသည် ခိုင်မာလျက်ရှိ၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကို သူတို့ဖတ်သည့် အခါတိုင်း သူတို့၏စိတ်နှလုံးသည် ထိုပုဝါဖြင့် ဖုံးအုပ်လျက်ပင်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါကို ဖယ်ရှားနိုင်၏။-
II C BurCBCM 3:15  မှန်ပေ၏။ ယနေ့တိုင်အောင်ပင်လျှင် မိုးဇက်၏ပညတ် တရားကျမ်းကို သူတို့ဖတ်ကြသောအခါ သူတို့၏စိတ် နှလုံးသည် ပုဝါဖြင့်ဖုံးလျက်ပင်ရှိသေး၏။-
II C BurCBCM 3:16  သို့ရာတွင် လူ တစ်ဦးသည် သခင်ဘုရားထံသို့ ပြောင်းလဲလာသောအခါ ထိုပုဝါသည် ဖယ်ရှားခြင်းခံရလေ၏။-
II C BurCBCM 3:17  သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်တော်မူ၏။ သခင်ဘုရား၏ဝိညာဉ်တော် ရှိရာအရပ်၌ လွတ်မြောက်ခြင်းရှိ၏။-
II C BurCBCM 3:18  သို့ဖြစ်၍ ငါတို့အားလုံးသည် မျက်နှာကိုဖုံးအုပ်မထားဘဲ သခင်ဘုရား၏ ဘုန်းတော်ကို မှန်ကဲ့သို့ထပ်ဟပ်ပြလျက် ကိုယ်တော်၏ ပုံသဏ္ဌာန်အတိုင်း ဘုန်းဂုဏ်တော်တစ်ဆင့်မှတစ်ဆင့် သို့တိုးတက်ပြောင်းလဲလာကြ၏။ အကြောင်းမူကား ဤ ပြောင်းလဲခြင်းသည် ဝိညာဉ်တော်တည်းဟူသော သခင် ဘုရားထံတော်မှ လာသောကြောင့်တည်း။
Chapter 4
II C BurCBCM 4:1  ဘုရားသခင်၏ကရုဏာတော်အားဖြင့် ဤအမှုတော်ကို ထမ်းဆောင်ကြရသောကြောင့် ငါတို့သည် စိတ်ပျက်အားငယ်ခြင်း မရှိကြချေ။-
II C BurCBCM 4:2  ငါတို့သည် ရှက်ဖွယ်ကောင်းသောလျှို့ဝှက်ချက်တို့ကို ပစ်ပယ်ထား ကြ၏။ ငါတို့သည် ကောက်ကျစ်စဉ်းလဲစွာပြုမူခြင်းမရှိ ကြ သကဲ့သို့ ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်နှင့် ပတ်သက်၍လည်း မမှန်မကန်မသွန်သင်ကြ။ ငါတို့သည် သမ္မာတရား တော်ကို အတိအလင်းပြသခြင်းဖြင့် ဘုရား သခင်၏မျက်မှောက်တော်တွင် ငါတို့ကိုယ်ကို လူတိုင်း ၏အသိစိတ်၌ ချီးကျူးခံထိုက် သူများအဖြစ် မြင်စေရန် ပြုမူကြ၏။-
II C BurCBCM 4:3  အကယ်၍ ငါတို့ဟောပြောလျက်ရှိသော ဧဝံဂေလိသတင်းကောင်းသည် ဖုံးကွယ်လျက်ရှိလျှင် ယင်းသည် ပျက်စီးဆုံးရှုံး နေသောသူများအတွက်သာ ဖုံးကွယ်နေခြင်းဖြစ်၏။-
II C BurCBCM 4:4  ထိုသူတို့နှင့်စပ်လျဉ်း၍ပြောရလျှင် ဤကမ္ဘာလောက၏နတ်ဘုရားသည် မယုံကြည်သူတို့အား ဘုရားသခင်၏ ပုံသဏ္ဌာန် တော်တည်းဟူသော ခရစ်တော်၏ဘုန်းဂုဏ်တော်အကြောင်းကိုဖွင့်ဆိုထားသည့် ဧဝံဂေလိသတင်းကောင်း၏ အလင်းတော်ကို မြင်ကြရစေရန် သူတို့၏စိတ်ကို အမှောင်ချထား၏။-
II C BurCBCM 4:5  အကြောင်းမူကား ငါတို့သည် မိမိတို့၏အကြောင်းကို ဟောပြောကြ ခြင်းမဟုတ်ဘဲ ခရစ်တော်ယေဇူးမှာ အရှင်သခင်ဖြစ်တော် မူကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ငါတို့သည် ခရစ်တော်အတွက် သင်တို့၏ အစေခံများ အနေဖြင့် ဟောပြောကြခြင်းဖြစ်၏။-
II C BurCBCM 4:6  အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏မျက်နှာတော်တွင် ထွန်းတောက်လျက်ရှိသော ဘုရားသခင်၏ဘုန်းဂုဏ်တော် အကြောင်းကို သိနားလည်နိုင်ရန် ငါတို့၏စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူသောအရှင်မှာ ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်သည် အမှောင်ထဲမှ အလင်းရောင်ပေါ်ထွက်စေဟု မိန့်တော်မူခဲ့သောအရှင် ဖြစ်၏။
II C BurCBCM 4:7  သို့သော် ထူးကဲသောဘုန်းတန်ခိုးတော်ကို ငါတို့ မပိုင်ဘဲ ဘုရားသခင်ပိုင်တော်မူကြောင်း ပြသရန် ငါတို့ သည် ဤဘဏ္ဍာကို မြေအိုးများတွင် ထိန်းသိမ်းခဲ့ကြ၏။-
II C BurCBCM 4:8  ငါတို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးခံကြရသော်လည်း ချေမှုန်းခြင်းမခံကြရချေ။ ယုံမှားသံသယဖြစ်ကြသော်လည်း မည်သည့်အခါမျှ စိတ်မပျက်ကြပေ။-
II C BurCBCM 4:9  ငါတို့သည် ညှဉ်းပန်း နှိပ်စက်ခံကြရသော်လည်း မည်သည့်အခါမျှစွန့်ပစ်ခြင်း မခံကြရပေ။ လဲကျသည်အထိ တိုက်ခိုက်ခြင်းခံကြရသော်လည်း မည်သည့်အခါမျှဖျက်ဆီးသုတ်သင်ခြင်းမခံ ကြရပေ။-
II C BurCBCM 4:10  ငါတို့သည် ယေဇူး၏သေခြင်းကို ငါတို့၏ခန္ဓာကိုယ်၌ အမြဲမပြတ်ဆောင်ထားခြင်းအားဖြင့် ကိုယ်တော် အသက်ရှင်တော် မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေကြ၏။-
II C BurCBCM 4:11  အကြောင်းမူကား ငါတို့၏သေနိုင်သောခန္ဓာ ကိုယ်တွင် ယေဇူးသခင်၏ အသက်ရှင်ခြင်းထင်ရှားရန် ငါတို့သည် အသက်ရှင် သမျှကာလပတ်လုံး ယေဇူးသခင်အတွက် သေဘေးနှင့် အစဉ်မပြတ်ကြုံတွေ့နေကြရ၏။-
II C BurCBCM 4:12  သို့ဖြစ်၍ ငါတို့၌ သေခြင်းတရားဖြစ်ပေါ်လျက်ရှိပြီး သင် တို့၌မူကား အသက်ဖြစ်ပေါ်လာရ၏။
II C BurCBCM 4:13  ငါသည် ယုံကြည်သောကြောင့် ဟောပြောသည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားခဲ့သောသူ၌ ရှိခဲ့သည့်ယုံကြည် ခြင်းမျိုး ငါတို့တွင်ရှိသဖြင့် ငါတို့သည်လည်း ယုံကြည်၍ဟောပြောကြ၏။-
II C BurCBCM 4:14  ယေဇူးသခင်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေဇူးသခင်နှင့်အတူ ရှင်ပြန်ထမြောက်စေပြီးလျှင် ငါတို့အား သင်တို့နှင့်အတူ မိမိ၏မျက်မှောက် သို့ခေါ်ဆောင်တော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ ၏။-
II C BurCBCM 4:15  အကြောင်းမူကား ဤအမှုအရာအားလုံးသည် သင်တို့ အတွက်ဖြစ်ကြ၏။ ဤသို့ဖြင့် ကျေးဇူးတော်ခံစားရသူ အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ ကိုယ်တော် ၏ဘုန်းတော်ဂုဏ်တော်အား ကျေးဇူးတင်ချီးမွမ်းခြင်းမှာ လည်း ပိုမိုများပြားလာ လိမ့်မည်ဖြစ်၏။
II C BurCBCM 4:16  ထို့ကြောင့် ငါတို့သည် မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းယိုယွင်း ပျက်စီးလျက်ရှိသော်လည်း ငါတို့၏အတွင်းစိတ်သန္တာန်မူကား နေ့စဉ်နှင့်အမျှ ဆန်းသစ် လျက်ရှိ၏။-
II C BurCBCM 4:17  ငါတို့ခေတ္တခဏခံရသော ဆင်းရဲဒုက္ခအနည်း ငယ်သည် နှိုင်းယှဉ်၍မရအောင် ကြီးမြတ်သည့် ထာ၀ရ ဘုန်းကျက်သရေကို ငါတို့အတွက် ပြင်ဆင်ပေးနေခြင်းဖြစ်၏။-
II C BurCBCM 4:18  အကြောင်းမူကား ငါတို့သည် မြင်နိုင်သောအရာ များကိုအာရုံမစိုက်ကြဘဲ မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် မြင်နိုင်သော အရာများသည် ခေတ္တခဏမျှသာတည်၍ မမြင်နိုင်သော အရာများမူကား အစဉ်ထာ၀ရ တည်သောကြောင့်တည်း။
Chapter 5
II C BurCBCM 5:1  ငါတို့နေထိုင်ကြသော ကမ္ဘာပေါ်မှနေအိမ်ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူတို့၏လက်ဖြင့် ဆောက်လုပ်မထားသော ထာ၀ရတည်မည့်နေအိမ်တစ်လုံးကို ဘုရားသခင်ထံတော်မှ ရရှိမည်ဖြစ်ကြောင်း ငါတို့သိကြ၏။-
II C BurCBCM 5:2  ငါတို့သည် ဤလောကအိမ်တွင် နေထိုင်ကြစဉ် အမှန်ပင် ညည်းတွားလျက် ငါတို့၏ကောင်းကင်အိမ်၌ နေထိုင်ရန် တောင့်တနေကြ၏။-
II C BurCBCM 5:3  ဤသို့ဖြင့် ကောင်းကင်အိမ်ကိုရရှိသောအခါ ငါတို့သည် အကောင်အထည် မဲ့ဖြစ်ကြလိမ့်မည်မဟုတ်။-
II C BurCBCM 5:4  အကြောင်းမူကား ဤမြေပေါ် ရှိအိမ်တွင်နေရစဉ် ငါတို့သည် စိုးရိမ်သောကဖြင့် ညည်း တွားကြ၏။ ဤသို့ညည်းတွားရခြင်းမှာ ဤခန္ဓာကိုယ်ကို ဖယ်ရှားပစ်လို၍မဟုတ်ဘဲ ပိုမိုလွှမ်းခြုံထားလို၍ဖြစ်၏။ သို့မှသာ သေကြေပျက်စီးတတ်သောအရာကို ရှင်သန် သောအသက်တာဖြင့် လွှမ်းခြုံပေးနိုင်မည်ဖြစ်၏။-
II C BurCBCM 5:5  ဤအမှုအရာအတွက် ငါတို့ကို ပြင်ဆင်ပေးခဲ့သောအရှင် ကား ဘုရားသခင်ပေတည်း။ ကိုယ်တော်သည် ဝိညာဉ် တော်ကို အာမခံချက်အဖြစ် ငါတို့အား ပေးတော်မူခဲ့၏။
II C BurCBCM 5:6  သို့ဖြစ်၍ ငါတို့သည် အစဉ်အမြဲရဲရင့်တည်ကြည်၍ ငါတို့သည် ဤကိုယ်ခန္ဓာနေအိမ်၌ နေသမျှကာလပတ် လုံး သခင်ဘုရား နှင့်ဝေးကွာလျက်ရှိကြောင်းသိကြ၏။-
II C BurCBCM 5:7  အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေကြ၏။-
II C BurCBCM 5:8  ငါတို့သည် ရဲရင့်တည်ကြည်သောစိတ်ရှိကြ၍ ဤကိုယ်ခန္ဓာ ကိုစွန့်ခွာပြီးလျှင် သခင်ဘုရားနှင့်အတူ အိမ်တော်တွင်နေ ထိုင်ရန် ပို၍လိုလားကြ၏။-
II C BurCBCM 5:9  သို့ဖြစ်၍ ငါတို့သည် ဤနေ အိမ်၌ ရှိသည်ဖြစ်စေ၊ အဝေး၌ရှိသည်ဖြစ်စေ သခင်ဘုရား အားကျေနပ်နှစ်သက်စေရန်သာ ရည်ရွယ်ပြုလုပ်ကြ ၏။-
II C BurCBCM 5:10  အကြောင်းမူကား ငါတို့တစ်ဦးစီသည် ကိုယ်ခန္ဓာ၌ ရှိစဉ်ပြုကျင့်ခဲ့သည့်အတိုင်း အကောင်းနှင့် အဆိုးကို ခံစားနိုင်ကြရန် ငါတို့အားလုံးသည် ခရစ်တော်၏တရား ပလ္လင်ရှေ့သို့ ရောက်ကြရမည်ဖြစ်သောကြောင့်တည်း။
II C BurCBCM 5:11  ထို့ကြောင့် သခင်ဘုရားအား ကြောက်ရွံ့ ခြင်းကို သိကြသောငါတို့သည် လူတို့အား စည်းရုံးတိုက်တွန်းပါ ၏။ ငါတို့သည် ။ မည်သူဖြစ်ကြောင်းကို ဘုရားသခင်သိတော်မူ၏။ သင်တို့သည်လည်း ထိုအကြောင်းကို စိတ်နှလုံးထဲက ကောင်းစွာသိကြ လိမ့်မည်ဟု ငါမျှော်လင့်ပါ၏။-
II C BurCBCM 5:12  ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန်ပြန်၍ချီးကျူးနေ ခြင်းမဟုတ်ဘဲ ငါတို့အတွက် သင်တို့ဂုဏ်ယူဝါကြွားနိုင် စရာအကြောင်း ရှိကြစေရန်သာဖြစ်၏။ သို့မှသာလျှင် လူတစ်ဦး၏စိတ်နှလုံးကိုအမှုမထားဘဲ အပေါ်ယံအဆင်း သဏ္ဌာန်ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သော သူကိုသင်တို့တုံ့ပြန်ဖြေကြားနိုင်ကြပေလိမ့်မည်။-
II C BurCBCM 5:13  ငါတို့သည် စိတ်မနှံ့ကြပါလျှင် ဘုရားသခင်အတွက် စိတ်မနှံ့ခြင်းသာဖြစ်၏။ အကယ်၍ ငါတို့သည် မူမှန်သောစိတ် အခြေအနေ၌ရှိလျှင် ယင်းသည် သင်တို့အတွက်ဖြစ်၏။-
II C BurCBCM 5:14  အကြောင်းမူကား ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အုပ်စိုးလေပြီ။ အဘယ်ကြောင့်ဆိုသော် တစ် ယောက်သော သူသည် လူအပေါင်းတို့အတွက် အသေခံခဲ့သောကြောင့် လူအပေါင်းတို့သည် သေခဲ့ကြပြီးဖြစ်သည်ကို ငါတို့လက်ခံယုံကြည် ကြသော ကြောင့်ဖြစ်၏။-
II C BurCBCM 5:15  ကိုယ်တော်သည် လူအပေါင်းတို့အတွက် အသေခံခဲ့သဖြင့် လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အသက်ရှင်ခြင်း မဟုတ်တော့ဘဲ မိမိတို့အကျိုးအလို့ငှာ အသေခံ၍ ရှင်ပြန်ထမြောက်တော်မူခဲ့သောအရှင်အတွက် အသက် ရှင်ကြရမည်ဖြစ်၏။
II C BurCBCM 5:16  သို့ဖြစ်၍ ငါတို့သည် မည်သူ့ကိုမျှ လူတို့၏ရှုထောင့်မှ မကြည့်တော့ပေ။ ငါတို့သည် ယခင်က ခရစ်တော်ကို လူတို့၏ ရှုထောင့်မှ ကြည့်ရှုခဲ့ကြသော်လည်း ယခုအခါတွင် ထိုကဲ့သို့မကြည့်ရှုကြတော့ပေ။-
II C BurCBCM 5:17  ထို့ကြောင့် ခရစ်တော်၌ရှိသောသူသည် ဖန်ဆင်းခြင်းအသစ်ဖြစ်လေ၏။ ဘ၀ဟောင်းသည် ပျောက်ကွယ်သွားသဖြင့် ဘ၀အသစ် ရောက်လာလေပြီ။-
II C BurCBCM 5:18  ဤအရာအားလုံးတို့သည် ဘုရား သခင်ထံတော်မှ ဖြစ်တည်လာခြင်းဖြစ်၏။ ကိုယ်တော် သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိကိုယ်တော်တိုင်နှင့် ပြန်လည်ကျေအေးသင့်မြတ်စေ၍ ငါတို့အားပြန်လည် သင့်မြတ်စေသည့်အမှုတော်ထမ်းဆောင်ရန် ခန့်ထား တော်မူ၏။-
II C BurCBCM 5:19  ဆိုလိုသည်မှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကီသားတို့အား မိမိနှင့်ပြန်လည်ကျေအေး သင့်မြတ်စေ၍ လူသားတို့ အချင်းချင်းကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များကိုမှတ်ထားခြင်းမရှိဘဲ ပြန်လည်ကျေအေးသင့်မြတ်စေသည့် သတင်းကိုဟောပြောရန် ငါတို့အား တာဝန်အပ်နှင်းတော်မူ၏။-
II C BurCBCM 5:20  ထို့ကြောင့် ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၍ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်ခံ တော်မူ၏။ သင်တို့သည် ဘုရားသခင်နှင့် ပြန်လည်ကျေအေးသင့်မြတ်ကြ မည့်အကြောင်း ခရစ်တော်၏ကိုယ်စား ငါတို့တောင်း ပန်ပါ၏။-
II C BurCBCM 5:21  ကိုယ်တော်သည် အပြစ်မရှိသောခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ကိုခံထမ်းသူဖြစ်စေတော်မူခဲ့၏။ သို့မှသာ ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင် ၌ ဖြောင့်မတ်သူများဖြစ်လာကြပေလိမ့်မည်။
Chapter 6
II C BurCBCM 6:1  ငါတို့သည် ကိုယ်တော်နှင့်အတူ ပါဝင်ဆောင်ရွက်သူများဖြစ်ကြသောကြောင့် သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံယူကြရန် သင်တို့ကို တောင်းပန်ပါ၏။-
II C BurCBCM 6:2  အကြောင်းမူကား ကိုယ် တော်က ငါသည် လက်သင့်ခံနိုင်သောအချိန်၌ သင်တို့ကို နားညောင်း၍ ကယ်တင်ခြင်း၏နေ့ရက်၌ သင်တို့ကို ကူ ညီခဲ့လေပြီဟု မိန့်တော်မူ၏။ ယခုအချိန်သည်ကား လက် သင့်ခံနိုင်သောအချိန်ဖြစ်၏။ ဤယနေ့သည်ကား ကယ် တင်ခြင်း၏နေ့ရက်ဖြစ်၏။-
II C BurCBCM 6:3  ငါတို့၏အမှုတော်၌ အပြစ် တစ်စုံတရာမရှာနိုင်စေရန် ငါတို့သည် အခြားသူ၏လမ်း ခရီး၌ မည်သည့်အတားအဆီးကိုမျှ မချထားပေ။-
II C BurCBCM 6:4  သို့ရာတွင် ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဆင်းရဲဒုက္ခများ၊ အခက်အခဲများ၊ ဘေးအန္တရာယ်များ၊-
II C BurCBCM 6:5  ရိုက်နှက်ခံရခြင်းများ၊ အကျဉ်းချခံ ရခြင်းများ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ၊ ပင်ပန်းစွာလုပ် ကိုင်ရခြင်း၊ အိပ်ရေးပျက်ခံရခြင်း၊ ဆာလောင်မွတ်သိပ် ခြင်းများ စသည်တို့၌ ကြံ့ကြံ့ခံရပ်တည်ခြင်းဖြင့်လည်း ကောင်း၊-
II C BurCBCM 6:6  စိတ်နှလုံးဖြူစင်ခြင်း၊ ပညာသတိရှိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ဝိညာဉ်တော်မြတ်ကို ခံယူခြင်း၊ စစ်မှန်သော ချစ်ခြင်း၊-
II C BurCBCM 6:7  မှန်ကန်စွာဟောပြောခြင်း၊ ဘုရားသခင်၏တန်ခိုးတော်စသည်တို့ကို လက်ခံကျင့်သုံးခြင်းအားဖြင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရား၏ လက်နက်များကို တိုက်ခိုက်ခုခံရာတို့၌ အသုံးပြု၍၊-
II C BurCBCM 6:8  ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲရှုတ်ချခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် နာမည်ကောင်းရခြင်းတို့ကိုလည်း တည်ကြည်စွာခံ ထမ်းခြင်းဖြင့်လည်းကောင်း သက်သေခံခဲ့ကြ၏။ ငါတို့ ကို လိမ်လည်လှည့်ဖြားသောသူများကဲ့သို့ ဆက်ဆံကြ သော်လည်း ငါတို့သည် မှန်ကန်စွာပြုမူပြောဆိုကြသူများ ဖြစ်ကြ၏။-
II C BurCBCM 6:9  ငါတို့ကိုမသိကြသော်လည်း ငါတို့သည် အသိ အမှတ်ပြုခြင်းခံကြရ၏။ ငါတို့သည် သေဘေးနှင့်နီးကြသော်လည်း အသက်ရှင်လျက်ရှိကြ၏။ ငါတို့ကို အပြစ် ဒဏ်ပေးကြသော်လည်း ငါတို့သည် အသတ်မခံကြရပေ။-
II C BurCBCM 6:10  ငါတို့သည် နာကျင်ကြေကွဲကြသော်လည်း အစဉ်ဝမ်းမြောက်ကြ၏။ ငါတို့သည် ဆင်းရဲနွမ်းပါးကြသော်လည်း လူအမြောက် အမြား ကို ချမ်းသာကြွယ်၀စေကြ၏။ ငါတို့၌ မည်သည့်အရာမျှမရှိသော်လည်း ငါတို့သည် ခပ်သိမ်းသောအရာတို့ကို ပိုင်ဆိုင်ကြ၏။
II C BurCBCM 6:11  ကော်ရိန့်သုမြို့သူမြို့သားတို့၊ ငါတို့သည် သင်တို့အား နှုတ်ဖြင့် ပွင့်လင်းစွာပြောဆိုကြလေပြီ။ ငါတို့၏စိတ် နှလုံးသည် သင်တို့အတွက် ကျယ်ပြန့်စွာ ဖွင့်ထားလျက်ရှိ၏။-
II C BurCBCM 6:12  ငါတို့သည် သင်တို့ကိုကန့်သန့်ချုပ်ချယ်မထားပေ။ သင်တို့သည် သင်တို့ကိုယ်တိုင်စွဲလန်းနေသောအရာများ၌သာ ချုပ်ချယ်ခံနေကြရ၏။-
II C BurCBCM 6:13  အပြန်အလှန်အနေဖြင့် သင်တို့သည်လည်း သင်တို့၏စိတ်နှလုံးများကို ကျယ်ပြန့်စွာ ဖွင့်ထားကြပါလော့။ ငါသည် သင်တို့ကို ငါ၏သား သမီးများကဲ့သို့ ပြောဆိုနေခြင်းဖြစ်၏။
II C BurCBCM 6:14  မယုံကြည်သောသူတို့နှင့် မမျှတသောထမ်းပိုးကို အတူမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မှန်ခြင်းနှင့် မကောင်းမှု ဒုစရိုက်သည် မည်ကဲ့သို့တွဲဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည်လည်း မည်ကဲ့သို့မိတ်ဖွဲ့နိုင်ပါ မည်နည်း။-
II C BurCBCM 6:15  ခရစ်တော်နှင့် စာတန်သည် မည်ကဲ့သို့ သင့်မြတ်နိုင်မည်နည်း။ ယုံကြည်သူသည်လည်း မယုံကြည်သူနှင့် မည်သည့် အရာတွင် တူညီနိုင်မည်နည်း။-
II C BurCBCM 6:16  ဘုရား သခင်၏ဗိမာန်တော်သည် ရုပ်တုဘုရားများနှင့် မည်ကဲ့သို့ သင့်မြတ်နိုင်ပါအံ့နည်း။ အကြောင်းမူကား ငါတို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ဗိမာန်တော်ဖြစ်၏။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ငါတို့၌ ဘုရားသခင်၏ အမိန့်တော် စကားရှိ၏။ ထိုမိန့်မှာချက်သည်ကား ငါသည် သူတို့အလယ်၌ ကိန်းဝပ်၍ သူတို့အလယ်တွင် သွားလာတော်မူမည်။ ငါသည် သူတို့၏ဘုရားဖြစ်၍ သူတို့ သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။-
II C BurCBCM 6:17  သို့ဖြစ်၍ ထို သူတို့ထံမှ ထွက်ခဲ့ကြလော့။ သူတို့နှင့် သီးခြားစွာနေကြ လော့။ မသန့်စင်သောအရာကို လက်နှင့်မထိနှင့်။ ထိုအခါ ငါသည် သင်တို့ကို လက်ခံကြိုဆိုမည်။-
II C BurCBCM 6:18  ငါသည် သင်တို့ ၏အဖဖြစ်၍ သင်တို့သည် ငါ၏သားသမီးများ ဖြစ်ကြလိမ့် မည်ဟု အလုံးစုံကိုတတ်နိုင်တော်မူသော ထာ၀ရဘုရား သခင်မိန့်တော်မူ၏ဟူ၍ဖြစ်သတည်း။
Chapter 7
II C BurCBCM 7:1  ချစ်မိတ်ဆွေတို့၊ ငါတို့၌ ဤကတိတော်များရှိသောကြောင့် ငါတို့သည် မိမိတို့ကိုယ်ကိုကာယ နှင့် ဝိညာဉ်တို့အား ညစ်ညူး စေသော အရာဟူသမျှမှ စင်ကြယ်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းဖြင့် သန့်ရှင်းခြင်းပါရမီကို ပြည့်စုံစေကြရ မည်။
II C BurCBCM 7:2  သင်တို့၏နှလုံးသားများကို ငါတို့အတွက် ဖွင့်ထားကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ ကိုမျှ ပျက်စီးစေရန် မပြုမူခဲ့ကြ။ မည်သူ့အပေါ်မျှလည်း အခွင့်ကောင်း မယူခဲ့ကြ။-
II C BurCBCM 7:3  ငါသည် သင်တို့ကို ပြစ်တင် ရှုတ်ချလို၍ ဤသို့ဆိုခြင်းမဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ် နှလုံးထဲတွင်ရှိကြပြီး ငါတို့သည် သင်တို့နှင့် ရှင်အတူ သေအတူဖြစ်ကြ၏။-
II C BurCBCM 7:4  ငါသည် သင်တို့ကို လွန်စွာပင်ယုံ ကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူမိပါ၏။ ငါသည် ကျေနပ်အားရစိတ် နှင့်ပြည့်လျက်ရှိ၏။ ငါတို့ခံ ထမ်းနေရသည့်ဆင်းရဲဒုက္ခအမျိုးမျိုးကြားမှပင် ငါသည် အလွန်ဝမ်းမြောက်လျက်ရှိ၏။
II C BurCBCM 7:5  မာစီဒိုးနိယပြည်သို့ ငါတို့ရောက်သောအခါ၌ပင်လျှင် ငါတို့၏ခန္ဓာကိုယ်သည် နားချိန်မရခဲ့ပေ။ ငါတို့သည် အဘက်ဘက်၌ ဒုက္ခရောက်ခဲ့ကြပြီး ပြင်ပ၌ အတိုက်အခံများရှိ၍ အတွင်းစိတ်၌လည်း စိုးရိမ်ကြောက်ရွံ့လျက် ရှိကြ၏။-
II C BurCBCM 7:6  သို့သော် စိတ်ညှိုးငယ်သူတို့ကို အားပေးတော် မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့် တော်မူ၏။-
II C BurCBCM 7:7  တိတုရောက်ရှိလာသည့် အတွက်ကြောင့်သာမကဘဲ သူ့ကို သင်တို့အားပေးကြသည့်အတွက် ငါတို့သည် အားရှိကြ၏။ သင်တို့သည် ငါ့ကိုအလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းနှင့် ငါ့အပေါ် သံယောဇဉ်ရှိကြောင်းတို့ကို တိတု က ပြောပြသဖြင့် ငါသည်ပို၍ဝမ်းမြောက်ခြင်းရှိ၏။
II C BurCBCM 7:8  ငါ၏စာသည် သင်တို့ကို ဝမ်းနည်းစေခဲ့လျှင်ပင် ငါသည် ယခင်က နောင်တရခဲ့သော်လည်း ယခုနောင်တ မရပေ။ အကြောင်းမူကား ထိုစာသည် သင်တို့ကို ခေတ္တ ခဏသာဝမ်းနည်းစေကြောင်းကို ငါသိ၏။-
II C BurCBCM 7:9  သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေ သောကြောင့်သာ ငါဝမ်းမြောက်ခြင်းဖြစ်၏။ အကြောင်း မူကား သင်တို့၏ဝမ်းနည်းခြင်းမှာ ဘုရားသခင်၏အလို တော်အတိုင်း ဖြစ်လာခဲ့သဖြင့် သင်တို့သည် ငါတို့ကြောင့် မည်သည့်နစ်နာဆုံးရှုံးမှုမျှမရှိခဲ့ကြချေ။-
II C BurCBCM 7:10  ဘုရားသခင်၏ အလိုတော်အရဖြစ်သော ဝမ်းနည်းခြင်းသည် နောင်တတရားကိုဖြစ်ပေါ်စေပြီး ကယ်တင်ခြင်းသို့ ပို့ဆောင် သဖြင့် ယင်းအတွက် စိတ်ထိခိုက်ရခြင်းမရှိပေ။ လောကနှင့်ဆိုင် သောဝမ်းနည်းခြင်းမူကား သေခြင်းကို ဖြစ်ပေါ်စေ၏။-
II C BurCBCM 7:11  အကြောင်းမူကား ဘုရားသခင်၏အလိုတော်အရဖြစ်သော ဝမ်းနည်းခြင်းကြောင့် သင်၌ စိတ်အားထက်သန်ခြင်း မည်မျှ ကြီးမားလာသည်ကို ကြည့်ပါလော့။ သင်၌ အပြစ်ကင်းစင်ကြောင်း ခုခံကာကွယ်လိုစိတ်ရှိလာခဲ့၏။ ၎င်းသည် သင့်ကို စိတ်မကောင်းဖြစ်စေ၍ သင်သည် ထိတ်လန့် တုန်လှုပ်ခဲ့ရ၏။သင်သည် တစ်စုံတစ်ရာကိုပြုလုပ်လိုစိတ် ရှိလာခဲ့၏။ သင်သည် စိတ်လှုပ်ရှားတက်ကြွလာခဲ့၏။ သင်သည် အပြစ်ဒဏ်ပေးတတ်လာခဲ့၏။ ဤသို့ဖြင့် သင်တို့သည် ဤအမှုတွင် အပြစ်ကင်း ကြောင်း ဘက်ပေါင်းစုံမှ သက်သေပြခဲ့ကြလေပြီ။-
II C BurCBCM 7:12  သို့ဖြစ်၍ သင်တို့ထံသို့ ငါစာ ရေးခဲ့သော်လည်း ဤသို့ငါရေးသည်မှာ ပြစ်မှားခဲ့သောသူ အတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူကြောင့် လည်းမဟုတ်ဘဲ သင်တို့သည် ငါတို့အပေါ် မည်မျှစိတ်အားထက်သန်ကြသည်ကို ဘုရားသခင်၏မျက်မှောက်၌ သင်တို့ကောင်းစွာသိရှိလာကြစေလိုသောကြောင့်ဖြစ်၏။-
II C BurCBCM 7:13  ထို့ကြောင့် ငါတို့သည် စိတ်အားတက်လာကြ၏။
II C BurCBCM 7:14  ငါတို့၏စိတ်အားတက်ခြင်းအပြင် တိတု၏ပျော်ရွှင် ခြင်းအတွက် ငါတို့သည် ပို၍ဝမ်းသာအားရဖြစ်ကြ၏။ အဘယ်ကြောင့် ဆိုသော် သင်တို့အားလုံးသည် သူ၏ စိတ်နှလုံးကို သက်သာလန်းဆန်းစေခဲ့သောကြောင့်ဖြစ်၏။-
II C BurCBCM 7:15  အကြောင်းမူကား ငါသည် သူ့အား သင်တို့၌ ဂုဏ်ယူရသည့်အကြောင်းကိုပြောပြခဲ့လျှင် အရှက်မရခဲ့ပေ။ အမှန်စင်စစ် သင်တို့အား ငါတို့ပြောပြခဲ့သမျှသည် မှန်ကန် သကဲ့သို့ ယခုတိတုကို ငါတို့ကြွားဝါပြောဆိုခဲ့သမျှသည်လည်း ဟုတ်မှန်ကြောင်း ထင်ရှားလေပြီ။-
II C BurCBCM 7:16  သင်တို့အား လုံးသည် သူ၏စကားကို နာခံခဲ့ကြကြောင်းကိုလည်း ကောင်း၊ သူ့အား ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် ကြိုဆို လက်ခံခဲ့ကြကြောင်းကိုလည်းကောင်း သူသည် သတိရ အောက်မေ့သဖြင့် သင်တို့ကို ပို၍ချစ်ခင်လာ၏။- ငါသည် သင်တို့အပေါ် တွင် အပြီးအပိုင်စိတ်ချထားနိုင်ပြီဖြစ်သောကြောင့် ဝမ်းမြောက်ပါ၏။
Chapter 8
II C BurCBCM 8:1  ညီအစ်ကိုတို့၊ မာစီဒိုးနိယပြည်ရှိ အသင်းတော်တို့၌ ဘုရားသခင်ပေးသနားတော်မူသောကျေး ဇူးတော်များအကြောင်း သင်တို့ သိစေရန် ငါတို့ပြောလို ပါ၏။-
II C BurCBCM 8:2  အကြောင်းမူကား ထိုသူတို့သည် ပြင်းထန်သော ဒုက္ခအခက်အခဲများဖြင့် စုံစမ်းခြင်းခံခဲ့ရသော်လည်း သူတို့ ၏ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် အလွန်ဆင်းရဲနွမ်းပါး ခြင်းတို့သည် သူတို့ကို ရက်ရောစွာပေးကမ်းစွန့်ကြဲစေခဲ့ လေပြီ။-
II C BurCBCM 8:3  အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိတို့ တတ်နိုင်သမျှ ပေးကမ်းခဲ့ကြောင်းကို ငါသက်သေခံနိုင် သည့်အပြင် သန့်ရှင်း သူတို့အား ကူညီပံ့ပိုးခြင်းတွင် မိမိတို့ ၏အလိုဆန္ဒအလျောက်
II C BurCBCM 8:4  မိမိတို့တတ်နိုင်သည်ထက်ပို၍ ထည့်ဝင်နိုင်ရန်အခွင့်အရေးကို ငါတို့ထံမှ စိတ်အားထက်သန်စွာ တောင်းခံလာကြ၏။-
II C BurCBCM 8:5  ဤအရာသည် ငါတို့တွေး ထင်ထားသကဲ့သို့ ဖြစ်လာခဲ့ခြင်းမဟုတ်ပေ။ သို့သော် သူတို့သည် မိမိတို့ကိုယ်ကို သခင်ဘုရား ထံတော်သို့ ရှေး ဦးစွာဆက်ကပ်အပ်နှံကြပြီးမှ ဘုရားသခင်၏အလိုတော် အားဖြင့် ငါတို့ထံ ဆက်ကပ်ကြခြင်းဖြစ်၏။-
II C BurCBCM 8:6  သို့ဖြစ်၍ ငါ တို့သည် တိတုအား သူအစပျိုးခဲ့သည့် ဤမွန်မြတ်သော အမှုကို သင်တို့အလယ်တွင်လည်း ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြ၏။-
II C BurCBCM 8:7  ယခု သင်တို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာရှိခြင်း၊ စိတ် အားထက်သန်ခြင်းနှင့် ငါတို့အပေါ်ထားရှိသော သူတို့၏ ချစ်ခြင်းမေတ္တာ အစရှိသည့်အရာအားလုံးတို့တွင် သာလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြသည့်အတိုင်း ဤမွန် မြတ်သော အမှုကိစ္စ တွင်လည်း သာလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြပါလော့။
II C BurCBCM 8:8  ငါသည် အမိန့်ပေးသကဲ့သို့ ပြောဆိုခြင်းမဟုတ်။ သို့သော် သင်တို့၏ချစ်ခြင်းမေတ္တာမှာလည်း စစ်မှန်ကြောင်းကို အခြားသောသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သက်သေပြနိုင်ရန် ပြောဆိုခြင်းဖြစ်၏။-
II C BurCBCM 8:9  အကြောင်းမူကား ငါတို့၏သခင် ယေဇူးခရစ်တော်၏ကျေးဇူးတော်ကို သင်တို့သိကြပြီးဖြစ်၏။ ကိုယ်တော်သည် ပြည့်စုံကြွယ် ၀သူဖြစ်သော်လည်း မိမိ၏ဆင်းရဲချို့တဲ့ခြင်းအားဖြင့် သင်တို့သည် ပြည့်စုံကြွယ်၀သူများဖြစ်လာစေရန် သင်တို့ အတွက် ဆင်းရဲခြင်းကို ခံယူတော်မူခဲ့၏။-
II C BurCBCM 8:10  ဤအမှုတွင် သင်တို့အား ငါအကြံပေးသည်မှာ ယခင်နှစ်က သင်တို့ အစပြုခဲ့သည်သာမက ဆန္ဒလည်း ရှိခဲ့သည့်အမှုကို ယခု ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးဖြစ်၏။-
II C BurCBCM 8:11  သို့မှသာ ထိုအမှုကိစ္စအပေါ်တွင် သင်တို့စိတ်အား ထက်သန်သည့်အတိုင်း သင်တို့တွင်ရှိ သမျှသောအရာတို့နှင့် ပြီးမြောက် အောင်ဆောင်ရွက်နိုင် မည်ဖြစ်၏။-
II C BurCBCM 8:12  အကြောင်းမူကား စိတ်အားထက်သန်ခြင်းရှိလျှင် လူတစ်ဦးတွင်မရှိသည့်အရာများကို အမှုမထားဘဲ သူ့၌ရှိသော အရာကိုထောက်၍ လက်ဆောင်ကို လက်ခံ နိုင်လေ၏။-
II C BurCBCM 8:13  အခြားသောသူတို့ကို လျော့ပေါ့သက်သာ စေပြီး သင်တို့ကိုမူ ဝန်ပိစေရန် ပြုလုပ်သင့်သည်ဟု ငါဆို လိုခြင်းမဟုတ်ပေ။-
II C BurCBCM 8:14  သို့ရာတွင် ညီတူညီမျှရှိစေရန်အတွက် ယခုသင်တို့၌ ပေါများသောအရာများဖြင့် သူတို့၌ လိုအပ်ရာများကို ထောက်ပံ့ပေး သင့်သည်။ သို့မှသာ သူတို့သည် လည်း သင်တို့၌လိုအပ်ရာများကို သူတို့တွင် ပေါများသောအရာတို့ဖြင့် ဖြည့်ဆည်းပေးနိုင် မည်ဖြစ်၍ သင်တို့သည် ညီတူညီမျှရှိကြလိမ့်မည်။-
II C BurCBCM 8:15  ကျမ်းစာတော် မြတ်၌လည်း ရေးသားထားသည်မှာ များစွာစုသိမ်းသော သူတွင် ပိုလျှံခြင်းမရှိသကဲ့သို့ အနည်းငယ်စုသိမ်းသော သူတွင်လည်း လိုအပ်ခြင်းမရှိဟူ၍ဖြစ်သတည်း။
II C BurCBCM 8:16  သင်တို့ကိုကြည့်ရှုရန် တိတု၏စိတ်နှလုံး၌ တူညီသောစေတနာနှင့် စိတ်ထက်သန်မှုကို သွင်းပေးတော်မူသော ဘုရားသခင်အား ကျေးဇူးတင်ပါ၏။-
II C BurCBCM 8:17  အကြောင်းမူကား သူသည် ငါတို့၏တောင်းဆိုချက်ကို လက်ခံသည့် အပြင် သူကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် သူ၏ ဆန္ဒအလျောက် သင်တို့ထံသို့ လာလိမ့်မည်။-
II C BurCBCM 8:18  ၏အသင်းတော် များ၌ ဧဝံဂေလိသတင်းကောင်းကို ဟောကြားရာတွင် ကျော်ကြားသော ငါတို့၏ညီတစ်ဦးကို သူနှင့်အတူ ငါတို့ စေလွှတ်မည်။-
II C BurCBCM 8:19  ထိုမျှမကသေး၊ ထိုသူအား ဘုရားသခင် ၏ဘုန်းဂုဏ်တော်နှင့် ငါတို့၏စိတ်စေတနာကိုထင်ရှားစေ ရန်အတွက် ငါတို့ဆောင်ရွက်နေကြသည့် ဤမွန်မြတ် သောလုပ်ငန်း၌ အတူလိုက်ပါစေခြင်းငှာ အသင်းတော် များက ခန့်အပ်ခဲ့ကြ၏။-
II C BurCBCM 8:20  ဤသို့ငါတို့စီစဉ်ကြခြင်းမှာ ငါတို့ စီမံခန့်ခွဲလျက်ရှိသည့်ပေးကမ်းစွန့်ကြဲခြင်းအမှုနှင့်ပတ်သက်၍ မည်သူမျှ ငါတို့ကို အပြစ်မတင်ကြစေရန်ဖြစ်၏။-
II C BurCBCM 8:21  အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏မျက်မှောက် တော်တွင်သာမက လူတို့၏မျက်မှောက်တွင်လည်း မှန် ကန် သင့်လျော်သောအမှုကိုပြုလုပ်ရန် ရည်ရွယ်ထားခြင်း ကြောင့်ဖြစ်၏။-
II C BurCBCM 8:22  ငါတို့၏ညီတစ်ဦးကိုလည်း ထိုသူတို့နှင့် အတူ ငါတို့စေလွှတ်လိုက်၏။ ထိုသူ့ကို ငါတို့ကြိမ်ဖန်များ စွာ စုံစမ်းခဲ့ပြီး သူသည် အရာရာတွင် စိတ်ထက်သန်မှုရှိ ကြောင်းကိုတွေ့ရ၏။ ထိုသူသည် သင်တို့အပေါ် လွန်စွာယုံကြည်အားထားသောကြောင့် ယခုအခါတွင် ပို၍စိတ် ထက်သန်လျက်ရှိ၏။-
II C BurCBCM 8:23  တိတုနှင့်ပက်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်၍ သင်တို့၏အကျိုးကို ဆောင်ရွက်ရာတွင် ငါနှင့်အတူ လုပ်ဆောင်သောသူဖြစ်၏။ အခြားသောညီအစ်ကိုတို့သည်ကား အသင်းတော် များ၏စေတမန်များဖြစ်ကြ၍ ခရစ်တော်၏ ဘုန်းကျက် သရေလည်းဖြစ်ကြ၏။-
II C BurCBCM 8:24  ထို့ကြောင့် သင်တို့၏ချစ်ခြင်း မေတ္တာနှင့်သင်တို့အကြောင်း ငါတို့ဝါကြွားပြောဆိုသမျှကို အသင်းတော်များရှေ့တွင် သူတို့အား သက်သေပြကြပါလော့။
Chapter 9
II C BurCBCM 9:1  သန့်ရှင်းသူတို့အတွက် ပေးကမ်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ သင်တို့ထံသို့ စာရေးရသည်မှာ ငါ့အတွက် အပိုသက်သက် ပင်ဖြစ်သည်။-
II C BurCBCM 9:2  အကြောင်းမူကား သင်တို့၏စိတ်အားထက်သန်မှုကို ငါသိပြီးဖြစ်၍ အာခါယာမှလူတို့သည် ယမန်နှစ်ကပင် အဆင်သင့်ရှိနေ ကြလေပြီဟူ၍ မာစီဒိုးနိယမှလူတို့ထံ၌ ငါကြွားဝါပြောဆိုခဲ့၏။ သင်တို့၏စိတ်အားထက်သန်မှုသည် ထိုသူတို့ထဲမှ အများစုကို စိတ်အားတက်စေခဲ့၏။-
II C BurCBCM 9:3  သို့သော် ဤအမှုတွင် သင်တို့နှင့်ပတ်သက်၍ ငါတို့၏ဝါကြွားခြင်းသည် အလဟဿမဖြစ်ဘဲ ငါဆိုခဲ့သည့်အတိုင်း သင်တို့ သည် အဆင်သင့်ရှိနေကြစေရန် ညီအစ်ကိုတို့ကို သင်တို့ထံ ငါစေလွှတ်လိုက်၏။-
II C BurCBCM 9:4  သို့မဟုတ်လျှင် မာစီဒိုးနိယမှ လူအချို့သည် ငါနှင့်အတူလိုက်ပါလာ၍ သင်တို့အဆင်သင့် မရှိကြကြောင်းကိုတွေ့လျှင် သင်တို့ကိုယ်တိုင်ကိုမဆို ထားနှင့်၊ ငါတို့ပင်လျှင် ယုံကြည်စိတ်ချစွာ ပြောဆိုထား ကြသောကြောင့် အရှက်ရကြလိမ့်မည်။-
II C BurCBCM 9:5  ထို့ကြောင့် ညီအစ်ကိုတို့ကို သင်တို့ထံသို့ ငါ့ထက်အလျင်ဦးစွာသွား စေပြီးလျှင် သင်တို့ကတိထားရှိသောအလှူများကို ကြို တင်စုသိမ်းရန် လိုအပ်သည်ဟု ငါထင်မြင်၏။ ဤသို့ဖြင့် ငါရောက်လာသောအခါ အလှူသည် အဆင်သင့်ဖြစ်၍ ၎င်းသည် အနိုင်အထက်ပြုခြင်းကြောင့် လှူဒါန်းထားခြင်း မဟုတ်ဘဲ စေတနာဖြင့်လှူဒါန်းခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားလိမ့်မည်။
II C BurCBCM 9:6  မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် အနည်း ငယ်ကိုသာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာ ရိတ်ရမည် ဟူသောအချက်ကို သတိရကြလော့။-
II C BurCBCM 9:7  လူတိုင်းသည် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူရမည်။ တွန့်တိုသောစိတ်နှင့်မလှူရ။ မတတ်သာသောစိတ် ဖြင့်လည်း မလှူရ။ အကြောင်းမူကား ဘုရားသခင်သည် ဝမ်းမြောက်သောစိတ်ဖြင့်လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။-
II C BurCBCM 9:8  ထို့အတူ ဘုရားသခင်သည် သင်တို့အား များ စွာသောကျေးဇူးတော်အမျိုးမျိုးတို့ဖြင့် ဖြည့်ဆည်းပေးနိုင် တော်မူ၏။ ဤသို့ဖြင့် သင်တို့သည် အရာရာ၌ အစဉ်အမြဲ အလုံအလောက်ရှိကြ၍ အလုံးစုံသောကောင်းမှုလုပ် ငန်းများ၌ အမြောက်အမြား ဖြည့်ဆည်း ပေးနိုင်ကြပေလိမ့်မည်။-
II C BurCBCM 9:9  ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်မှာ သူ သည် အရပ်ရပ်သို့သွား၍ စွန့်ကြဲပြီး ဆင်းရဲသောသူတို့ အား ပေးကမ်းလေ၏။ သူ၏သဒ္ဓါတရားသည် အစဉ်အမြဲ တည်၏ဟူ၍ဖြစ်သတည်း။
II C BurCBCM 9:10  မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုဖြည့်ဆည်းပေး၍ အစာအာဟာရအတွက် ပေါင်မုန့်ကိုပေးတော်မူသောသူသည် သင်တို့၏ဥစ္စာများကို ဖြည့်တင်း၍ ပွားများစေပြီး သင်တို့၏ဖြောင့်မတ်ခြင်းအသီးအနှံများကိုလည်း တိုး ပွားစေလိမ့်မည်။-
II C BurCBCM 9:11  သင်တို့သည် ရက်ရောစွာဖြင့် အများ အပြားပေးကမ်းစွန့်ကြဲနိုင်ရန် အရာရာ၌ ပြည်စုံကြွယ်၀ကြလိမ့်မည်။ လူတို့သည် လည်း ငါတို့မှတစ်ဆင့် ရရှိသော ထိုအလှူများကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။-
II C BurCBCM 9:12  အကြောင်းမူကား ဤအမှုတော်ကို ဆောင်ရွက်ခြင်းသည် သန့်ရှင်းသူတို့၏လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးသည့်အပြင် ဘုရားသခင်အားကျေးဇူး တင်ချီးမွမ်းခြင်းကိုလည်း တိုးပွားစေလေ၏။-
II C BurCBCM 9:13  ဤသို့ ပေးကမ်းစွန့်ကြဲခြင်းအမှုကို ဆောင်ရွက်ကြသောအခါ ခရစ်တော်၏ဧဝံဂေလိတရားတော်ကိုဝန်ခံရာ၌ ထားရှိသည့် သင်တို့၏နာခံခြင်းကိုလည်းကောင်း၊ သန့်ရှင်းသူများနှင့် အခြားသူအားလုံးတို့အတွက် ရက်ရောစွာပေးကမ်းကြသည့် သင်တို့၏ သဒ္ဓါတရားကိုလည်းကောင်း သူတို့တွေ့ရှိကြသဖြင့် သူတို့သည် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။-
II C BurCBCM 9:14  တစ်ချိန်တည်းတွင် ပင်သင်တို့၌ တည်ရှိတော်မူသော ဘုရားသခင်၏ထူးမြတ်သည့်ကျေးဇူးတော်ကြောင့် သူတို့သည် သင်တို့ကို တမ်းတမြတ်နိုးကြ၍ သင်တို့အတွက် ဆုတောင်းပေး ကြ၏။-
II C BurCBCM 9:15  စာဖြင့်မဖော်ပြနိုင်သောကိုယ်တော်၏ဆုကျေးဇူး အတွက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
Chapter 10
II C BurCBCM 10:1  သင်တို့ရှေ့တွင်ရှိသောအခါ နှိမ့်ချ၍ သင်တို့နှင့်ဝေးသောအခါ ရဲဝံ့စွာပြောဆိုတတ်သော ငါပေါ လုသည် ခရစ်တော်၏ နူးညံ့ သိမ့်မွေ့ခြင်းကိုအမှီပြု၍ သင်တို့အား တောင်းပန်ပါ၏။-
II C BurCBCM 10:2  ငါသည် သင်တို့နှင့်အတူရှိ သောအခါ ယုံကြည်စိတ်အပြည့်ဖြင့် ရဲဝံ့စွာ မပြောရစေ မည့်အကြောင်း ငါတောင်းပန်ပါ၏။ ငါတို့သည် လောကီ ဆန်ဆန်ပြုမူနေကြသည်ဟု ထင်မှတ်ကြသောသူတို့ကိုမူ ငါသည် ရဲဝံ့စွာပြောဆိုရန် ရည်ရွယ်ထား၏။-
II C BurCBCM 10:3  အဘယ် ကြောင့်ဆိုသော် ငါတို့သည် လောကထဲတွင် အသက်ရှင်နေထိုင်ကြသော်လည်း လောက၏စစ်မက်ကိုတိုက် ခိုက်နေကြသည်မဟုတ်ပေ။-
II C BurCBCM 10:4  အကြောင်းမူကား ငါတို့၏ စစ်လက်နက်များမှာ လောကီနှင့်ဆိုင်သောလက်နက် များမဟုတ်ဘဲ ခံတပ်များကိုဖျက်ဆီးနိုင် သော ဘုရား သခင်၏တန်ခိုးတော်ဖြစ်သောကြောင့်တည်း။-
II C BurCBCM 10:5  ငါတို့ သည် ဘုရားသခင်ကိုသိရှိနိုင်ရေးတွင် အဟန့်အတားဖြစ် နေသည့် အငြင်းပွားမှုများကိုလည်းကောင်း၊ မောက်မာ သောအတားအဆီးမှန်သမျှကိုလည်းကောင်း ဖျက်ဆီး၍ အကြံအစည်မှန်သမျှကိုလည်း ခရစ်တော်၌နာခံရန် ဆွဲ ဆောင်ကြ၏။-
II C BurCBCM 10:6  သင်တို့အပြည့်အဝနာခံပြီးသောအခါ တွင် နာခံခြင်းမရှိသောအမှုတိုင်းကို အပြစ်ဒဏ်ပေးရန် ငါတို့အဆင်သင့်ရှိကြ၏။
II C BurCBCM 10:7  သင်တို့၏မျက်မှောက်၌ရှိသောအရာကို ကြည့်ကြ လော့။ အကြင်သူသည် မိမိကိုယ်ကို ခရစ်တော်၏နောက် လိုက်ဖြစ်သည်ဟု ယုံကြည်ထားပါလျှင် သူသည် ခရစ်တော်၏နောက်လိုက်ဖြစ်သည့်နည်းတူ ငါတို့သည်လည်း ခရစ်တော်၏နောက်လိုက် ဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးပါစေ။-
II C BurCBCM 10:8  အကြောင်းမူကားသင်တို့အား ဖျက်ဆီးရန် မဟုတ်ဘဲ ပြုစုပျိုးထောင်ပေးရန်အလို့ငှာ သခင်ဘုရားပေးအပ်တော်မူသော ငါတို့၏ဩဇာအာဏာကို ငါသည် အနည်းငယ်ဝါကြွားပြောဆိုမိပါကလည်း အရှက်ရလိမ့်မည်မဟုတ်ပေ။-
II C BurCBCM 10:9  ငါသည် သင်တို့ကို စာများရေး၍ ခြိမ်း ခြောက်နေသည်ဟု မထင်မှတ်စေလိုပေ။-
II C BurCBCM 10:10  အကြောင်းမူ ကား ထိုသူတို့က သူ၏စာများသည် လေးနက်၍ ပြင်းထန်လှ၏၊ သို့သော် သူ၏ပုံပန်းသဏ္ဌာန်မှာမူကား အထင်ကြီး ဖွယ်ရာမရှိ၊ သူ၏ဟောပြောချက်သည်လည်း မပြောပ လောက်ပေဟု ဆိုကြ၏။-
II C BurCBCM 10:11  ငါတို့သည် ကိုယ်တိုင်မလာ စဉ်က စာဖြင့်ရေးထားသောအရာတို့ကို ကိုယ်တိုင်လာ သောအခါ ကျင့်ကြံပြုမူကြကြောင်းကို ထိုသူတို့နားလည် ကြပါစေ။-
II C BurCBCM 10:12  ငါတို့သည် မိမိတို့ကိုယ်ကို ချီးမွမ်းသောသူ အချို့တို့နှင့် အဆင့်အတန်းတူစေခြင်း၊ သို့မဟုတ် ပြိုင်ဆိုင် ခြင်းစသည်တို့ကို မပြုလုပ်ဝံ့ပေ။ သို့သော် ထိုသူတို့သည် အချင်းချင်း အကဲဖြတ်၍ ပြိုင်ဆိုင်ကြခြင်းဖြင့် မိမိတို့၏ မိုက်မဲမှုကို ပြသကြ၏။
II C BurCBCM 10:13  ငါတို့သည်ကား ငါတို့၏အတိုင်းအတာကိုကျော် လွန်၍ ဝါကြွားလိမ့်မည်မဟုတ်ဘဲ ငါတို့၌ ဘုရားသခင် သတ်မှတ်ပေး ထားသည့်ဘောင်အတွင်း၌သာ နေထိုင် ပြောဆိုကြမည်။ ဤသို့ဆိုရာ၌ သင်တို့အကြားတွင် အမှု တော်ဆောင်ခြင်းသည်လည်း အပါအဝင်ဖြစ်၏။-
II C BurCBCM 10:14  ငါတို့ သည် သင်တို့ထံသို့မရောက်ခဲ့ဖူးသည့်ပုံသဏ္ဌာန်မျိုးဖြင့် ငါတို့၏အကန့်အသတ်နယ်ပယ်ကိုကျော်လွန်လာကြ သည် မဟုတ်ပေ။ အမှန်စင်စစ် ငါတို့သည် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းနှင့်အတူ သင်တို့ရှိရာသို့ ဦးစွာ ပထမရောက်ရှိလာကြ သူများဖြစ်ကြ၏။-
II C BurCBCM 10:15  ငါတို့သည် အကန့်အသတ်နယ်ပယ်ကိုကျော်လွန်၍ အခြားသူတို့၏ လုပ်ဆောင်ချက်များအပေါ်၌ ဝါကြွားကြသည်မဟုတ်။ သို့သော် ငါတို့၏မျှော်လင့်ချက်မှာ သင်တို့၏ယုံကြည်ခြင်း တိုးပွားလာသည်နှင့်အမျှ သင်တို့အလယ်၌ရှိသော ငါတို့၏ နယ်ပယ်သည်လည်း များစွာကျယ်ပြန့်လာစေရန်ပင် ဖြစ်၏။-
II C BurCBCM 10:16  ဤသို့ဖြင့် ငါတို့သည် သင်တို့ရှိသောအရပ်ကို ကျော်လွန်ပြီးလျှင် အခြားသောနယ်ပယ်တို့၌ ဧဝံဂေလိ သတင်းကောင်းကို ဟောပြောနိုင်ကြပေလိမ့်မည်။ ထိုသို့ ပြုလုပ်ရာတွင် ငါတို့သည် အခြားသူတို့၏နယ်မြေ၌ ရှိနှင့် ပြီးသောလုပ်ဆောင်ချက်များ အပေါ်တွင် ဝါကြွားခြင်းပြု ကြလိမ့်မည်မဟုတ်ပေ။-
II C BurCBCM 10:17  ဂုဏ်ယူဝါကြွားသောသူသည်ကား သခင်ဘုရားအတွက်သာ ဂုဏ်ယူဝါကြွားပါစေ။-
II C BurCBCM 10:18  အကြောင်းမူကား သခင်ဘုရားနှစ်သက်လက်ခံတော်မူ သောသူသည်ကား မိမိကိုယ်ကို ချီးမြှောက်သောသူ မဟုတ်ဘဲ ကိုယ်တော်ချီးမြှောက်တော်မူသောသူသာ ဖြစ်သောကြောင့်တည်း။
Chapter 11
II C BurCBCM 11:1  ငါ၏မိုက်မဲမှုအနည်းငယ်အတွက် ငါ့ကို သင်တို့သည်းခံစေလိုပါ၏။ ငါ့ကိုသည်းခံကြပါလော့။-
II C BurCBCM 11:2  ဘုရားသခင်၏ စိုးရိမ်ခြင်း မျိုးဖြင့် သင်တို့အတွက် ငါစိုးရိမ်၏။ အကြောင်းမူကား စင်ကြယ်သောသတို့သမီးကို သူမ ၏တစ်ဦးတည်းသောခင်ပွန်းထံ အပ်နှံသကဲ့သို့ သင်တို့ ကို ခရစ်တော်နှင့် ထိမ်းမြားရန် ငါကတိထားခဲ့၏။-
II C BurCBCM 11:3  သို့ရာတွင် မြွေသည် ဧ၀ကို မိမိ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် လှည့်ဖြားသကဲ့သို့ သင်တို့၏စိတ်သည်လည်း ခရစ်တော်အား ရိုးသားစင်ကြယ်စွာ ချစ်ခင်စွဲလမ်းနေရာမှ သွေဖည် သွားမည်ကို ငါစိုးရိမ်၏။-
II C BurCBCM 11:4  အကြောင်းမူကား အကယ်၍ တစ်စုံတစ်ယောက်သည် သင်တို့ထံသို့လာပြီးလျှင် ငါတို့မဟောပြောသည့် အခြားသော ယေဇူး အကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သို့မဟုတ် သင်တို့ခံယူထားပြီး သောဝိညာဉ်တော်နှင့် ကွဲပြားခြားနားသည့် အခြားသော ဝိညာဉ်တစ်ခုကို သင်တို့ခံယူလျှင်ဖြစ်စေ၊ သင်တို့လက်ခံထားသည့် ဧဝံဂေလိသတင်းကောင်းနှင့်ကွဲပြားခြားနားသောသတင်း ကောင်းတစ်ခုကို သင်တို့လက်ခံလျှင်ဖြစ်စေ သင်တို့သည် အလွယ်တကူပင် နာခံကြ၏။-
II C BurCBCM 11:5  ဤကဲ့သို့သောထိပ်တန်းတမန်တော်များထက် ငါသည် အနည်း ငယ်မျှပင် မနိမ့်ကျဟု ငါထင်၏။-
II C BurCBCM 11:6  ငါသည် ဟောပြောရာ၌ ညံ့လျှင်ပင် အသိပညာအရာ၌ မညံ့ပေ။ ငါတို့သည် ဤ အချက်နှင့်ပတ်သက်၍ ခပ်သိမ်းသောအမှု ကိစ္စတို့တွင် နည်းအမျိုးမျိုးဖြင့် သင်တို့အား ထင်ရှားစွာ ဖော်ပြခဲ့လေပြီ။
II C BurCBCM 11:7  ငါသည် သင်တို့ကို ချီးမြှောက်ရန်အလို့ငှာ မိမိကိုယ် ကိုနှိမ့်ချလျက် အဖိုးအခမယူဘဲ ဘုရားသခင်၏သတင်း ကောင်းကို သင်တို့အား ဟောပြောခြင်းဖြင့် အပြစ်ကျူး လွန်ခဲ့ပါသလော။-
II C BurCBCM 11:8  ငါသည် သင်တို့အတွက် အမှုတော်ဆောင်ရွက်ရန် အခြားအသင်းတော်များ၏ထောက်ပံ့မှု ကို လက်ခံခဲ့ရသောကြောင့် ထိုအသင်းတော်များထံမှ လုယူခဲ့ရသည်ဟူ၍ပင် ဆိုနိုင်၏။-
II C BurCBCM 11:9  ငါသည် သင်တို့နှင့်ရှိစဉ် ငွေကြေးချို့တဲ့သောအခါ မည်သူ့ကိုမျှဒုက္ခမပေးခဲ့ပေ။ အကြောင်းမူကား မာစီဒိုးနိယမှလာသော ညီအစ်ကိုများက ငါ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြ၏။ သို့ ဖြစ်၍ ငါသည် သင်တို့အား မည်သည့်နည်းနှင့်မျှ ဒုက္ခမပေး ရန် ရှောင်ရှားခဲ့ပြီး ဆက်လက်၍လည်း ရှောင်ရှားမည်ဖြစ်၏။-
II C BurCBCM 11:10  ခရစ်တော်၏သမ္မာတရားသည် ငါ့၌တည်ရှိတော်မူ သည်ဖြစ်၍ ဤကဲ့သို့ ငါဝါကြွားပြောဆိုသည်ကို အာခါ ယာဒေသ တစ်လျှောက်လုံးတွင် မည်သူမျှတားဆီးနိုင် လိမ့်မည်မဟုတ်ပေ။-
II C BurCBCM 11:11  အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။ သင်တို့ကို ငါမချစ်သောကြောင့်လော။ သင်တို့အား ငါချစ်သည်ကို ဘုရားသခင် သိတော်မူ၏။
II C BurCBCM 11:12  ငါတို့ကဲ့သို့ အမှုတော်ကိုဆောင်ရွက်ပါသည်ဟူ၍ ဂုဏ်ယူဝါကြွားသောသူတို့၏ပြောကြားချက်ကို တိုက် ဖျက်ရန် ငါယခုဆောင်ရွက်လျက်ရှိသည့်အတိုင်း ဆက်လက်၍ဆောင်ရွက်မည်။-
II C BurCBCM 11:13  အကြောင်းမူကား ထိုကဲ့သို့ သောသူတို့သည် တမန်တော်အတုအယောင်များ၊ လှည့်စားတတ်သောလုပ်သားများဖြစ်ပြီး မိမိတို့ကိုယ်ကို ခရစ် တော်၏တမန်တော်များဖြစ်သကဲ့သို့ အယောင်ဆောင် လျက်ရှိကြ၏။-
II C BurCBCM 11:14  ဤသည်ကား အံ့ဩစရာမဟုတ်ပေ။ အကြောင်းမူကား စာတန်နတ်ဆိုးပင်လျှင် မိမိကိုယ်ကို အလင်း၏ကောင်းကင် တမန်တော်ကဲ့သို့ အယောင်ဆောင်တတ်၏။-
II C BurCBCM 11:15  သို့ဖြစ်၍ နတ်ဆိုး၏အမှုထမ်းများသည်လည်း ဖြောင့်မတ်ခြင်းတရား၏အမှုထမ်းများအဖြစ် အယောင်ဆောင်ကြလျှင် မထူးဆန်းပေ။ နောက်ဆုံး သောကာလတွင် သူတို့သည် မိမိတို့၏အပြုအမူများ အတိုင်း အပြစ်ဒဏ်ခံကြရလိမ့်မည်။
II C BurCBCM 11:16  တစ်ဖန် ငါဆိုသည်ကား ငါ့အား ရူးမိုက်သည်ဟု မည်သူမျှမထင်မှတ်ပါစေနှင့်။ သို့သော် သင်တို့ထင်မှတ် ကြလျှင်လည်း ငါ့အား အရူးတစ်ယောက်အနေနှင့်ပင် လက်ခံကြပါလော့။ သို့မှသာ ငါသည်လည်း အနည်းငယ် ကြွားဝါနိုင်ပေမည်။-
II C BurCBCM 11:17  ယခု ငါကြွားဝါပြောဆိုနေသည့် အရာကို သခင်ဘုရား၏အခွင့်အာဏာဖြင့် ပြောဆိုနေ ခြင်းမဟုတ်ဘဲ သူရူးတစ်ယောက် ကဲ့သို့ ပြောဆိုနေခြင်းသာဖြစ်၏။-
II C BurCBCM 11:18  များစွာသောလူတို့သည် လောကီအရာများ၌ ကြွားဝါပြောဆိုတတ်ကြသောကြောင့် ငါသည်လည်း ကြွားဝါပြောဆိုမည်။-
II C BurCBCM 11:19  အကြောင်းမူကား သင်တို့ကိုယ်တိုင် ပညာရှိများဖြစ်ကြလျက် သင်တို့သည် လူမိုက်များ ကို ဝမ်းမြောက်စွာ သည်းခံကြ၏။-
II C BurCBCM 11:20  သင်တို့သည် မိမိတို့အား ကျွန်ပြုသူ၊ လှည့်ဖြားသူ၊ အခွင့်ကောင်းယူသူ၊ အထင်အမြင်သေးသူ၊ ပါးရိုက်သူတို့ကို သည်းခံ ကြ၏။-
II C BurCBCM 11:21  ငါတို့သည် ဤသို့သောအမှုတို့ကိုပြုလုပ်ရန် သတ္တိမရှိကြ ကြောင်းကို ရှက်ရွံ့စွာပင်ဝန်ခံရလိမ့်မည်။ သို့ရာတွင် ရူးမိုက်သူ အနေနှင့်ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာအတွက် ကြွားဝါဝံ့ပါက ငါသည်လည်း ထိုအရာ အတွက် ကြွားဝါဝံ့ပါ၏။-
II C BurCBCM 11:22  ထိုသူတို့သည် ဟေဗြေဦးလူမျိုးများဖြစ်ကြသလော။ ငါသည်လည်း ဟေဗြေဦးလူမျိုးဖြစ်၏။ သူတို့ သည် အာဘရာဟံ၏ အမျိုးအနွယ်များ ဖြစ်ကြသလော။ ငါသည်လည်း အာဘရာဟံ၏အမျိုးအနွယ်ဖြစ်၏။-
II C BurCBCM 11:23  သူတို့သည် ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်ကြသလော။ ငါသည် ပို၍ပင်ကောင်းမွန်သောအမှုတော်ဆောင် တစ်ဦးဖြစ်၏။ ငါသည် အရူးတစ်ယောက်ကဲ့သို့ ပြောနေခြင်းဖြစ်၏။ ငါသည် ထိုသူတို့ထက် ပို၍အဆ ပေါင်းများစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့၏။ အကြိမ်ပေါင်းများစွာ အကျဉ်းကျခံခဲ့၏။ မရေမတွက်နိုင်သောကြိမ်ဒဏ်များကိုလည်း ခံခဲ့ရ၏။ မကြာခဏ ဆိုသကဲ့သို့ သေလုနီးပါး ဖြစ်ခဲ့ရ၏။-
II C BurCBCM 11:24  အချက်ပေါင်းလေးဆယ်တွင် တစ်ချက်သာ လျော့သည့်ကြိမ်ဒဏ်ကို ဂျူးလူမျိုးတို့၏လက်မှ ငါးကြိမ် တိုင်တိုင် ငါခံခဲ့ရသည်။-
II C BurCBCM 11:25  ငါ့အား တုတ်ဖြင့် သုံးကြိမ်တိုင် တိုင် ရိုက်နှက်ခဲ့ကြ၏။ တစ်ကြိမ်တွင် ခဲနှင့် အပေါက်ခံခဲ့ ရ၏။ ငါသည် သင်္ဘောပျက်သည့် ဒဏ်ကိုသုံးကြိမ်ခံခဲ့ရပြီး ပင်လယ်ပြင်တွင် တစ်ညနှင့်တစ်နေ့မျောနေခဲ့ရ၏။-
II C BurCBCM 11:26  ငါသည် မကြာခဏခရီးသွားရာ၌ မြစ်တို့၏ဘေးအန္တရာယ်၊ ဓားပြတို့၏အန္တရာယ်၊ ငါ့လူမျိုးတို့၏အန္တရာယ်ပြုခြင်း၊ လူမျိုးခြားတို့၏ အန္တရာယ်ပြုခြင်း၊ မြို့တွင်း၌ရှိသောဘေးအန္တရာယ်၊ တောကန္တာရ၌ရှိသောဘေးအန္တရာယ်၊ ပင်လယ်ပြင်၌ ရှိ သောဘေးအန္တရာယ်၊ ညီအစ်ကိုအတု အယောင်တို့၏ဘေးအန္တရာယ် စသည်တို့ကို ကြုံတွေ့ခဲ့ရ၏။-
II C BurCBCM 11:27  ငါသည် ပင်ပန်းစွာလုပ်ကိုင်ခဲ့ရပြီး များစွာသောဒုက္ခ အခက်အခဲများကိုလည်း ကျော်ဖြတ်ခဲ့ရ၏။ အိပ်မပျော် သောညများ၊ အစာရေစာငတ်မွတ်ခြင်းများ၊ အစားအစာ မကြာခဏပြတ်လပ်ခြင်း၊ အအေးဒဏ်နှင့် အဝတ်အစား ကင်းမဲ့ခြင်းစသည်တို့ကို ကြုံတွေ့ခဲ့ရ၏။-
II C BurCBCM 11:28  ထိုအရာအလုံး စုံတို့အပြင် အသင်းတော်များအားလုံးအတွက် ငါ၏စိုးရိမ် ပူပန်မှုသည်လည်း ငါ့ကိုနေ့စဉ်ဖိစီးခဲ့၏။-
II C BurCBCM 11:29  မည်သူမဆို ခွန်အားနည်းပါးလျှင် ငါသည်လည်း ခွန်အားမနည်းဘဲရှိ မည်လော။ မည်သူမဆို အပြစ်သို့ကျရောက်လျှင် ငါသည် လည်း ဝမ်းမနည်းဘဲရှိမည်လော။
II C BurCBCM 11:30  ငါသည် ကြွားဝါပြောဆိုရမည်ဆိုလျှင် ငါ၏အား နည်းချက်ကို ဖော်ပြသည့်အရာများနှင့်ပတ်သက်၍ ကြွားဝါပြောဆိုမည်။-
II C BurCBCM 11:31  ငါသည် လိမ်လည်ပြောဆိုနေခြင်း မဟုတ်ကြောင်းကို ယေဇူးသခင်၏ဘုရားသခင်လည်း ဖြစ်၊ ခမည်းတော်လည်းဖြစ်သည့် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူသောအရှင်သည် သိတော်မူ၏။-
II C BurCBCM 11:32  ငါသည် ဒါမစကုမြို့တွင်ရှိခဲ့စဉ်က အာရိတမင်း၏ဘုရင်ခံသည် ငါ့ကိုဖမ်းဆီးရန် မြို့ကိုပိတ်ဆို့စောင့်ကြပ်ထားစေခဲ့၏။-
II C BurCBCM 11:33  သို့ရာတွင် တပည့်တော်တို့သည် ငါ့ကို တောင်းတစ်ခုထဲ တွင်ထည့်၍ မြို့ရိုး၏ပြတင်းပေါက်တစ်ခုမှ လျှောချပေးခဲ့ ကြသော ကြောင့် ငါသည် ထိုသူ၏လက်မှလွတ်မြောက် ခဲ့ရ၏။
Chapter 12
II C BurCBCM 12:1  ငါသည် ကြွားဝါခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်မျှမခံစားရသော်လည်း သခင်ဘုရား၏ရူပါရုံများနှင့် ဗျာဒိတ်တော်များ အကြောင်း ကို ဆက်လက်၍ပြောဆိုဦးမည်။-
II C BurCBCM 12:2  လွန်ခဲ့သောတစ် ဆယ့်လေးနှစ်က ကောင်းကင်၏တတိယအဆင့်တိုင်အောင် ဆောင်ယူသွားခြင်းခံရသည့် ခရစ်တော်၏ နောက်လိုက်တစ်ဦးကို ငါသိ၏။ သူသည် ခန္ဓာကိုယ်နှင့်တကွ ဆောင်ယူခံရခြင်းလော၊ ခန္ဓာကိုယ်မပါဘဲ ဆောင်ယူခံရခြင်းလော ဆိုသည်ကိုမူ ငါမသိပေ။ ထိုအချက်ကို ဘုရားသခင်သိတော်မူ၏။-
II C BurCBCM 12:3  ဤသူသည် ပါရာဒီးဇူးသို့ဆောင်ယူ ခြင်းခံခဲ့ရသည်ကို ငါသိ၏။-
II C BurCBCM 12:4  သူသည် လူတို့၏နှုတ်ဖြင့် မမြွက်ဆိုအပ်၊ မြွက်ဆို၍လည်း မရနိုင်သည့်အကြောင်း အရာများကိုကြားခဲ့ရ၏။-
II C BurCBCM 12:5  ငါသည် ဤသူ၏ကိုယ်စား ကြွားဝါပြောဆိုမည်။ ငါ့အတွက်ဆိုလျှင်ကား ငါ၏အား နည်းချက်များမှတစ်ပါး အခြားအရာများကို ငါကြွားဝါလိမ့်မည်မဟုတ်ပေ။-
II C BurCBCM 12:6  အကယ်၍ ငါကြွားဝါလိုပါလျှင်လည်း ငါသည် သူရူးတစ်ယောက်ကဲ့သို့ဖြစ်လိမ့်မည်မဟုတ်။ အကြောင်းမူကား ငါသည် အမှန်တရားကိုသာ ပြောဆို မည်ဖြစ်သောကြောင့်တည်း။ သို့သော် ငါ့ကို မြင်ရသည်ထက်၊ ငါ့ထံမှကြားရသည်ထက်ပို၍ မည်သူမျှ ငါ့ကို အထင်မကြီးစေလိုသောကြောင့် ငါ့အကြောင်း ကြွားဝါ ခြင်းကို ငါရှောင်ကြဉ်မည်။-
II C BurCBCM 12:7  ငါခံယူရရှိသည့် များပြားလှ သောဗျာဒိတ်တော်များကြောင့် ငါသည် ဘဝင်မမြင့်စေ ခြင်းငှာ စာတန်နတ်ဆိုး၏ စေတမန်နှင့် တူသည့်ဆူးငြောင့် တစ်ခုကို ငါ၏ခန္ဓာကိုယ်ထဲတွင် ထားပေးတော်မူ၏။ ထိုဆူးငြောင့်သည် ငါ့အား အစဉ်နာကျင်စေ၍ ငါဘဝင် မမြင့်စေရန် တားဆီးပေး၏။-
II C BurCBCM 12:8  ထိုဝေဒနာကို ဖယ်ရှားပေးတော် မူပါရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းခံခဲ့၏။-
II C BurCBCM 12:9  သို့သော် ကိုယ်တော်က ငါ၏ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေ၏၊ သင်အားနည်းသောအခါ ငါ၏တန်ခိုးတော်မှာ ပြည့်စုံလာလေသည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ငါ့အပေါ်၌ ခရစ်တော်၏တန်ခိုးတော် ကိန်းဝပ်စေရန်အလို့ငှာ ငါသည် ငါ၏အားနည်းချက်များကို ပို၍ပင် ဝမ်းမြောက်စွာ ဂုဏ်ယူကြွားဝါမည်။- ၁၀ ။ သို့ဖြစ်၍ ငါသည် အားနည်းခြင်းများ၊ ကဲ့ရဲ့စော်ကားခြင်းများ၊ အခက် အခဲများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဘေးဒုက္ခများကို ခရစ် တော်အတွက်ခံထမ်းရခြင်းကြောင့် အားရကျေနပ်မိ၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ ခွန်အား နှင့် ပြည့်စုံလာသောကြောင့်ဖြစ်၏။
II C BurCBCM 12:11  ငါသည် အရူးဖြစ်ခဲ့လေပြီ။ သင်တို့ကြောင့် ငါသည် ဤသို့ဖြစ်ရလေပြီ။ သင်တို့သည်သာ ငါ့ကို ချီးကျူးပြောဆိုသင့်၏။ အကြောင်းမူကား ငါသည် ဘာမျှမဟုတ်သော်လည်း ဤထိပ်တန်းတမန်တော်များထက် စိုးစဉ်းမျှ နိမ့်ကျသည်မဟုတ်။-
II C BurCBCM 12:12  စစ်မှန်သောတမန်တော်တစ်ပါး၏ အမှတ်လက္ခဏာများကို သင်တို့အကြားတွင်ပြသခဲ့ပြီး ဖြစ်၏။ ယင်းတို့သည်ကား သည်းခံကြိုးပမ်းခြင်း၊ အံ့ဖွယ် ရာများနှင့် တန်ခိုးနိမိတ်လက္ခဏာများကို ပြုလုပ်ခြင်းတို့ ပင်တည်း။-
II C BurCBCM 12:13  ငါသည် မည်သို့သောနည်းအားဖြင့် သင်တို့ အား အခြားသောအသင်းတော်များထက် လျှော့ပေါ့၍ ဆက်ဆံခဲ့ပါသနည်း။ ငါ့အတွက် သင်တို့၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပြုလုပ်ခဲ့ခြင်းသာရှိ၏။ ထိုကဲ့သို့ မညီမမျှဖြစ် စေခဲ့သည့်အတွက် ငါ့ကိုခွင့်လွှတ် ကြပါလော့။
II C BurCBCM 12:14  ငါသည် ယခုသင်တို့ထံသို့ တတိယအကြိမ်လာရန် အဆင်သင့်ရှိလေပြီ။ သို့ရာတွင် သင်တို့အား ငါ့အတွက် တာဝန်ကြီးလေး စေလိမ့်မည်မဟုတ်။ အကြောင်းမူကား ငါအလိုရှိသည့်အရာမှာ သင်တို့ပိုင်ဆိုင်သောအရာများ မဟုတ်ဘဲ သင်တို့သာလျှင်ဖြစ်၏။ အဘယ်ကြောင့်ဆို သော် သားသမီးများသည် မိဘများအတွက် သိုမှီးစု ဆောင်းခြင်းမပြုသင့်ဘဲ မိဘများကသာ သားသမီးများ အတွက် စုဆောင်းသင့်၏။-
II C BurCBCM 12:15  ငါသည် သင်တို့အတွက် ဝမ်း မြောက်ခြင်းကြီးစွာဖြင့် အကုန်အကျခံမည်ဖြစ်ပြီး သင်တို့၏ဝိညာဉ်များအတွက် ငါ၏အင်အား ကိုကုန်ခန်းစေမည်။ ငါသည် သင်တို့ကို ပို၍ချစ်ပါလျက်နှင့် သင်တို့သည် ငါကို လျော့၍ချစ်ကြမည်လော။-
II C BurCBCM 12:16  ငါသည် သင်တို့ကို တာဝန်မပိုစေခဲ့ခြင်းအားဖြင့် ပါးနပ်စွာပရိယာယ်ဆင်၍ သင်တို့၌ အကျိုးအမြတ်ထုတ်ခဲ့သည်ဟု သင်တို့ကဆို ကြ၏။-
II C BurCBCM 12:17  သင်တို့ထံသို့ ငါစေလွှတ်သူများထဲမှ တစ်ဦးဦးအားဖြင့် ငါသည် သင်တို့ထံမှအခွင့်အရေးယူခဲ့ဖူးသ လော။-
II C BurCBCM 12:18  ငါသည် တိတုကို သင်တို့ထံသွားရန် မေတ္တာရပ် ခံ၍ အခြားညီအစ်ကိုတစ်ဦးကို သူနှင့်အတူ စေလွှတ်ခဲ့ ၏။ တိတုသည် သင်တို့ထံမှ အခွင့်အရေးယူခဲ့သလော။ ငါတို့သည် တူညီသောစိတ်ဓာတ်နှင့် ပြုမူခဲ့ကြသည် မဟုတ်လော။ ငါတို့သည် တူညီသောအမှုအရာများကို လုပ်ဆောင်ခဲ့ကြသည်မဟုတ်လော။
II C BurCBCM 12:19  ငါတို့သည် သင်တို့ရှေ့တွင် မိမိတို့ကိုယ်ကို ကာ ကွယ်ပြောဆိုနေကြသည်ဟု သင်တို့တစ်ချိန်လုံးထင် မှတ်နေကြသလော။ ငါတို့သည် ခရစ်တော်၏နာမတော်အားဖြင့် ဘုရားသခင်၏မျက်မှောက်တော်၌ ပြောဆိုနေ ကြခြင်းသာဖြစ်၏။ ချစ်မိတ်ဆွေတို့၊ ငါတို့ပြုသမျှအရာ များသည် သင်တို့၏ကောင်းကျိုးအတွက်သာဖြစ်၏။-
II C BurCBCM 12:20  ငါလာသောအခါ သင်တို့သည် ငါ့အလိုကျမဟုတ်သည်ကို လည်းကောင်း၊ ငါသည်လည်း သင်တို့အလိုကျမဟုတ် သည်ကိုလည်းကောင်း တွေ့ကြရမည်ကို ငါစိုးရိမ်၏။ ထို့အတူ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်း၊ ရုန်းရင်းဆန် ခတ်ဖြစ်ခြင်းများ ဖြစ်ပေါ်နေမည်ကိုလည်း ငါစိုးရိမ်၏။-
II C BurCBCM 12:21  ငါသည် သင်တို့ထံသို့ နောက်တစ်ဖန်ပြန်လာသောအခါ ဘုရားသခင်သည် ငါ့ကို သင်တို့ရှေ့မျက်မှောက်၌ အရှက်ရစေတော် မူမည်ကို ငါစိုးရိမ်၏။ များစွာသောသူတို့သည် အပြစ်ပြုခဲ့ကြပြီး မိမိတို့ ကျူးလွန်ခဲ့သည့်မတရားသော မေထုန်မှီဝဲခြင်း၊ ကာမဂုဏ်အမှု၌ ဖောက်ပြန်ခြင်းတို့အ တွက် နောင်တမရဘဲရှိကြသည်ကိုတွေ့ရလျှင် ထိုသူတို့ အတွက် ငါကြေကွဲရမည် ကိုလည်း ငါစိုးရိမ်ပါ၏။
Chapter 13
II C BurCBCM 13:1  ယခုအကြိမ်သည် သင်တို့ထံသို့ ငါတတိယ အကြိမ်လာခြင်းဖြစ်၏။ စွပ်စွဲချက်မှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက် အားဖြင့် အတည်ပြုရမည်။-
II C BurCBCM 13:2  နောက်တစ်ကြိမ် ငါလာလျှင် သင်တို့အား ညှာတာလိမ့်မည်မဟုတ်ဟု သင်တို့ထံသို့ ငါဒုတိယအကြိမ်လာခဲ့စဉ်က အပြစ်ကျူးလွန်ထားသော သူများနှင့် အခြားသူအားလုံးတို့ကို သတိပေးခဲ့သည့် အတိုင်း ယခုလည်း ငါအဝေး၌ရှိစဉ် ထိုသူတို့အား သတိ ပေးလိုက်ပါ၏။-
II C BurCBCM 13:3  အကြောင်းမူကား ခရစ်တော်သည် ငါ့အားဖြင့် မိန့်ဆိုတော်မူကြောင်းကို သက်သေပြရန် သင်တို့ဆန္ဒရှိကြ၏။ ကိုယ်တော်သည် သင်တို့နှင့်ဆက်ဆံရာတွင် ပျော့ညံ့ခြင်းမရှိသည်သာမက သင်တို့အလယ်၌လည်း ခွန်အားတန်ခိုးနှင့်ပြည့်စုံ တော်မူ၏။-
II C BurCBCM 13:4  အကြောင်း မူကား ကိုယ်တော်သည် ခွန်အားနည်းသည့်အဖြစ်အခြေ အနေ၌ လက်ဝါးကပ်တိုင်တွင် အသတ်ခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်လျက် ရှိတော်မူ၏။ ငါတို့သည် ကိုယ်တော့်နည်းတူ ခွန်အားနည်း ကြသော်လည်း သင်တို့နှင့်ဆက်ဆံရာတွင် ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင် ကြလိမ့်မည်။
II C BurCBCM 13:5  သင်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲသူ များဟုတ်၊ မဟုတ် မိမိတို့ကိုယ်ကို ဆန်းစစ်ကြပါလော့။ သင်တို့ကိုယ်သင် တို့စမ်းသပ်ကြပါလော့။ ယေဇူးခရစ် တော်သည် သင်တို့၌ ကိန်းအောင်းတော်မူကြောင်းကို သင်တို့မသိနားမလည်ကြပါသလော။ သို့ဖြစ်လျှင် သင်တို့သည် စမ်းသပ်ခံရာ၌ အမှန်ပင်ရှုံးနိမ့်ခဲ့ခြင်းသာဖြစ်ရမည်။-
II C BurCBCM 13:6  ငါတို့သည် ရှုံးနိမ့်ခဲ့ခြင်းမရှိသည်ကို သင်တို့တွေ့ ရှိကြလိမ့်မည်ဟု ငါမျှော်လင့်ပါ၏။-
II C BurCBCM 13:7  သင်တို့သည် အမှား မလုပ်မိကြစေရန် ဘုရားသခင်ထံ ငါတို့ဆုတောင်းပါ၏။ ဤသို့ဆိုရာတွင် ငါတို့သည် စစ်ဆေးခံခြင်းကို ရင်ဆိုင်ပြီး ဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်ဘဲ ငါတို့ရှုံးနိမ့်ဟန်ရှိ လျှင်ပင် သင်တို့သည်ကား ကောင်းသောအမှုကိုသာ ပြု လုပ်ကြစေရန်ပင်ဖြစ်၏။-
II C BurCBCM 13:8  အကြောင်းမူကား ငါတို့သည် သမ္မာတရားကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မဆောင်ရွက်နိုင်ပေ။ ငါတို့သည် သမ္မာတရား အတွက်သာ လုပ်ဆောင်ကြ၏။-
II C BurCBCM 13:9  ငါတို့သည် အားနည်းကြသော်လည်း သင်တို့၌ ခွန်အားပြည့်နေကြပါက ငါတို့ဝမ်းမြောက်ကြ ၏။ ငါတို့၏ဆုတောင်း ပတ္ထနာသည် သင်တို့၏တိုးတက် ရာတိုးတက်ကြောင်းအတွက်ဖြစ်၏။-
II C BurCBCM 13:10  သင်တို့ထံသို့ ငါလာသောအခါ ငါ့အား သခင်ဘုရားပေးထားတော်မူသည့် ဩဇာအာဏာကို ပြင်းထန်စွာမသုံးရစေရန် ငါသည် သင်တို့နှင့် ဝေးကွာလျက်ရှိစဉ် ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သခင်ဘုရားသည် ငါ့အား ထိုဩဇာအာဏာကို ပေးတော် မူခြင်းမှာ သင်တို့ကို ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ ပြုစုပျိုးထောင်ရန်အတွက် ဖြစ်၏။
II C BurCBCM 13:11  ညီအစ်ကိုတို့၊ နောက်ဆုံး၌ သင်တို့ကို ငါနှုတ်ဆက် လိုက်ပါ၏။ သင်တို့၏လမ်းစဉ်များကို ပြုပြင်ကြပါလော့။ ငါ၏တောင်းဆို ချက်ကိုအလေးထားပါလော့။ သင်တို့ အချင်းချင်းညီညွတ်မှုရှိလျက် ငြိမ်းချမ်းစွာနေထိုင်ကြပါလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည်လည်း သင်တို့နှင့်အတူရှိတော်မူလိမ့် မည်။-
II C BurCBCM 13:12  တစ်ဦးနှင့် တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ် ဆက်ကြလော့။- သန့်ရှင်းသူအားလုံးတို့က သင်တို့အား နှုတ်ဆက်လိုက်ပါ၏။
II C BurCBCM 13:13  ယေဇူးခရစ်တော်သခင်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်နှင့် ဝိညာဉ်တော်မြတ်၏မိတ်သဟာယဖွဲ့ ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေ သော်။