Site uses cookies to provide basic functionality.

OK
HEBREWS
Up
1 2 3 4 5 6 7 8 9 10 11 12 13
Toggle notes
Chapter 1
Hebr BurCBCM 1:1  လွန်လေပြီးသောကာလ၌ ဘုရားသခင်သည် ငါတို့၏ဘိုးဘေးတို့အား ပရောဖက်များမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့်ကြိမ်ဖန် များစွာဗျာဒိတ်ပေးတော်မူခဲ့၏။-
Hebr BurCBCM 1:2  သို့ရာတွင် ဤနောက်ဆုံးသောခေတ်ကာလ၌ ဘုရားသခင်သည် ငါတို့ကို သားတော်အားဖြင့် ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်သည် ထိုသားတော်ကို အရာခပ်သိမ်းတို့၏အမွေခံအဖြစ် ခန့်ထား၍ သားတော်အားဖြင့် စကြ၀ဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။-
Hebr BurCBCM 1:3  ထိုသားတော်သည် တန်ခိုးနှင့်ပြည့်သောမိမိ၏အမိန့်တော်ဖြင့် စကြ၀ဠာကို တည်တံ့စေလျက် ဘုရားသခင်၏ ဘုန်းဂုဏ် တော်ကို ထင်ဟပ်ပြီးလျှင် ဘုရားဇာတိပကတိအတိုင်း ပင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အပြစ်များအတွက် သန့်စင်ခြင်းအမှုကို ဆောင်ရွက်ပြီးနောက် ကောင်းကင်ဘုံ၌ရှိတော်မူသောအနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ လက်ယာတော်ဘက်၌ စံပယ်တော ်မူ၏။-
Hebr BurCBCM 1:4  သားတော်သည် ကောင်းကင်တမန်တော်တို့၏ဘွဲ့နာမတို့ထက် ထူးမြတ်သောဘွဲ့နာမတော်ကိုခံရသဖြင့် ကောင်းကင် တမန်တော်တို့ထက် ကြီးမြတ်သောသူဖြစ်တော်မူ၏။
Hebr BurCBCM 1:5  အကြောင်းမူကား ဘုရားသခင်သည် မည်သည့် ကောင်းကင်တမန်တော်အား သင်သည် ငါ့သားဖြစ်၏၊ ယနေ့ပင် ငါသည် သင်၏အဖဖြစ်လာလေပြီဟူ၍လည်းကောင်း၊ သို့တည်းမဟုတ် ငါသည် သူ၏အဖဖြစ်လိမ့်မည်၊ သူသည်လည်း ငါ၏သားဖြစ်ရ လိမ့်မည်ဟူ၍လည်း ကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
Hebr BurCBCM 1:6  တစ်ဖန်ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကအတွင်းသို့ ဆောင်ယူလာတော်မူသောအခါ ဘုရားသခင်၏ ကောင်းကင် တမန်တော်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးကိုးကွယ်ကြရမည်ဟု မိန့်တော်မူ၏။
Hebr BurCBCM 1:7  ကောင်းကင်တမန်တော်များနှင့်ပတ်သက်၍ ကိုယ်တော်က ဘုရားသခင်သည် ကောင်းကင်တမန်တော်များကို လေကဲ့သို့ ဖြစ်စေ ပြီးလျှင် မိမိ၏အမှုတော်ဆောင်များ ကို မီးလျှံများကဲ့သို့ဖြစ်စေတော်မူ၏ဟူ၍ မိန့်ဆိုထား၏။
Hebr BurCBCM 1:8  သားတော်ကိုမူကား ကိုယ်တော်က အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ထာ၀စဉ်တည်မြဲပါ၏။ တရားမျှတစွာစီရင် အုပ်ချုပ်သောနိုင်ငံမှာလည်း ကိုယ်တော်၏နိုင်ငံတော်ပင်ဖြစ်ပါ၏။-
Hebr BurCBCM 1:9  ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှု ကိုမုန်းတီးတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရား ဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော့်ကိုပို၍ချီးမြှောက် ပြီး ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက်ပေးတော်မူ၏ဟူ၍ မိန့် ဆိုထားလေ၏။
Hebr BurCBCM 1:10  ထို့နောက်တစ်ဖန် မိန့်ဆိုသည်ကား အိုသခင်၊ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အစဦးကပင် ဖန်ဆင်း ခဲ့ပြီး ကောင်းကင်သည် လည်း ကိုယ်တော်၏လက်ရာ တော်ဖြစ်တော်မူ၏။-
Hebr BurCBCM 1:11  ထိုအရာအားလုံးတို့သည် ပျက်စီး ယိုယွင်းသွားကြမည်ဖြစ်သော်လည်း ကိုယ်တော်မူကား ဆက်လက်တည်ရှိတော်မူ၏။ ထိုအရာအားလုံးတို့သည် အဝတ်ကဲ့သို့ပင် ဟောင်းနွမ်းသွားကြလိမ့်မည်။-
Hebr BurCBCM 1:12  ကိုယ်တော်သည် ထိုအရာတို့ကို ဝတ်ရုံတစ်ခုကဲ့သို့ ခေါက်သိမ်းတော်မူ၍ ယင်းတို့သည် ဝတ်ရုံကဲ့သို့ပင် ပြောင်းလဲ သွားကြ လိမ့်မည်။ သို့သော် ကိုယ်တော်မူကား ပြောင်းလဲခြင်းမရှိပေ။ ကိုယ်တော်၏အသက်တော်သည်လည်း မည်သည့်အခါမျှ ကုန်ဆုံးခြင်းရှိလိမ့်မည်မဟုတ်ဟူ၍ ဖြစ်သတည်း။
Hebr BurCBCM 1:13  ထို့ပြင် ဘုရားသခင်က သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာခုံအဖြစ် ငါမပြုလုပ်မီတိုင်အောင် ငါ၏လက် ယာဘက်တွင်ထိုင် နေလော့ဟူ၍ မည်သည့်ကောင်းကင် တမန်တော်ကို မိန့်တော်မူခဲ့ဖူးသနည်း။-
Hebr BurCBCM 1:14  ဤကောင်းကင် တမန်တော်တို့သည်ကား ကယ်တင်ခြင်းကျေးဇူးကို အမွေခံမည့်သူများအား စောင့်ရှောက်ရန် စေလွှတ်ခြင်း ခံရသည့် အမှုတော်ဆောင်ဝိညာဉ်များဖြစ်ကြသတည်း။
Chapter 2
Hebr BurCBCM 2:1  ထို့ကြောင့် ငါတို့သည် တရားလမ်းမှသွေဖည် မသွားစေရန် ငါတို့ကြားနာခဲ့ရသည့်အရာများကို ပို၍သတိရှိစွာ မှတ်သားထား ကြရမည်။-
Hebr BurCBCM 2:2  အကယ်၍ ကောင်းကင်တမန်တော်တို့ကြေညာမြွက်ဆိုခဲ့သော သတင်းစကားသည် မှန်ကန်သောတရားဖြစ်ပြီး တရားတော်ကို ပြစ်မှားကျူးလွန်ခြင်းနှင့် နာခံခြင်းကင်းမဲ့သော အမှုရှိသမျှတို့သည် ထိုက်သင့်သောအပြစ်ဒဏ်ကို ခံကြရလျှင်၊-
Hebr BurCBCM 2:3  ငါတို့သည် ဤမျှကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုထားပါက အပြစ်ဒဏ်မခံရဘဲ နေရလိမ့်မည် မဟုတ်ပေ။ ဤတရားတော်ကို သခင်ဘုရားကိုယ်တော်တိုင် ပထမဦးစွာဟောကြားတော်မူခဲ့၍ ကိုယ်တော်၏ တရားစကားကို ကြားနာခဲ့ကြသော သူတို့က ငါတို့အား ထိုတရားတော်မှန်ကန်ကြောင်းကိုသက်သေခံခဲ့ကြ၏။-
Hebr BurCBCM 2:4  ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများ၊ အံ့ဩ ဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးလက္ခဏာအမျိုးမျိုး တို့ကိုပြသခြင်း အားဖြင့်လည်းကောင်း၊ မိမိ၏အလိုတော် အတိုင်းဝေငှပေးသနားတော်မူသော ဝိညာဉ်တော်ဘုရား၏ကျေးဇူးတော်အားဖြင့် လည်းကောင်း ထိုသူတို့၏ ဟောပြောချက်များကို သက်သေခံတော်မူ၏။
Hebr BurCBCM 2:5  ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်အခါတွင်ရောက်ရှိလာမည့်ကမ္ဘာကို ကောင်းကင်တမန် တော်တို့၏ လက်အောက် သို့ လွှဲအပ်မထားခဲ့ပေ။-
Hebr BurCBCM 2:6  ကျမ်းစာတော်မြတ်တစ်နေရာ၌ သက်သေခံသည်ကား လူသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို အောက်မေ့ တော်မူရပါသနည်း။ သာမန်လူသားသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့အား အရေးပေးတော်မူရပါသနည်း။-
Hebr BurCBCM 2:7  ကိုယ်တော်သည် သူ့အား ကောင်းကင်တမန်တော်တို့ထက် ခေတ္တမျှသာ နိမ့်ကျစေပြီးလျှင် ဘုန်းဂုဏ်တော်ဖြင့် သရဖ ူဆောင်းစေတော်မူ၏။-
Hebr BurCBCM 2:8  ကိုယ်တော်သည် သူ့အား ခပ်သိမ်းသော အရာတို့အပေါ် အုပ်စိုးရသောအခွင့်ကိုလည်း ပေးတော် မူ၏ဟူ၍ဖြစ်သတည်း။ ကိုယ်တော်သည် သူ့အား ခပ်သိမ်းသောအရာတို့ကို အုပ်စိုးစေတော်မူရာ၌ သူ၏အုပ်စိုး ခြင်းမခံရသည့်အရာတစ်စုံတစ်ခုမျှ မရှိစေ ခဲ့ပေ။ ယခု အချိန်တွင်မူ ခပ်သိမ်းသောအရာတို့သည် သူ၏အုပ်စိုးမှု အောက်၌ ရှိသည်ကို ငါတို့မမြင်ကြရသေးပေ။-
Hebr BurCBCM 2:9  သို့သော် ကောင်းကင်တမန်တော်တို့ထက် ခေတ္တမျှနိမ့်ချခြင်းခံရသော ယေဇူးသည် အသေခံတော်မူသောကြောင့် ဘုန်းဂုဏ်တော် နှင့်ပြည့်၀လျက်ရှိသည်ကို ငါတို့မြင်ကြ၏။ ဤသို့ဖြင့် ကိုယ်တော်၏အသေခံတော်မူခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်၏။
Hebr BurCBCM 2:10  အကြောင်းမူကား ခပ်သိမ်းသောအရာတို့တည်ရှိ ခြင်း၏အကြောင်းရင်းဖြစ်တော်မူသောဘုရားသခင် သည် မိမိ၏သားသမီး တို့ကို ဘုန်းတော်ဝင်စားစေရန် ခေါ်ဆောင်တော်မူရာတွင် ၎င်းတို့၏ကယ်တင်ခြင်းကို ရှေ့ဆောင်လမ်းပြတော်မူသောသူအား ဒုက္ခဆင်းရဲခံ ထမ်းစေခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်စေသည်မှာ သင့်လျော်ပေ၏။-
Hebr BurCBCM 2:11  သန့်စင်ပေးတော်မူသောသူနှင့် သန့်စင်ခြင်းခံရသောသူတို့သည် တစ်ခုတည်းသောမူလ ဇာတိမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ညီအစ်ကိုဟူ၍ခေါ်ခြင်းငှာ ရှက်ရွံ့ ခြင်းမရှိပေ။-
Hebr BurCBCM 2:12  ကျမ်း စာတော်မြတ်၌ဆိုထားသည်ကား အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏ညီအစ်ကိုများအား ဟောပြော၍ ယုံကြည်သူလူတို့၏အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီးမွမ်းဧကျူးပါမည်ဟူ၍ဖြစ်၏။-
Hebr BurCBCM 2:13  တစ်ဖန် ဆက်လက်၍ ငါသည် ဘုရားသခင်ကို ယုံကြည် ကိုးစားမည်။ ငါမှစ၍ ငါ့အား ဘုရားသခင်ပေးသနားတော်မူသော သားသမီးတို့သည် ဤနေရာ၌ရောက်ရှိကြလေ ပြီဟူ၍လည်း ရေးသားထားလျက်ရှိ၏။
Hebr BurCBCM 2:14  ထိုသားသမီးတို့သည် တစ်ခုတည်းသောသွေး သားသဘာ၀ကို မျှဝေခံယူသူများဖြစ်ကြသောကြောင့် ကိုယ်တော်သည်လည်း ထိုသွေးသားဇာတိကိုပင် ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် အသေခံတော်မူခြင်းဖြင့် သေခြင်း၏အာဏာကို ပိုင်စိုးသောနတ်ဆိုးကို သုတ်သင်ပြီးနောက်၊-
Hebr BurCBCM 2:15  သေခြင်းတရားကို ကြောက်ရွံ့ ၍ တစ်သက်ပတ်လုံးကျွန်ခံနေရသောသူတို့အား လွတ်မြောက်စေတော်မူလိမ့်မည်။-
Hebr BurCBCM 2:16  အမှန်စင်စစ် ကိုယ်တော် သည် ကောင်းကင်တမန်တော်တို့အား ကူညီမစရန် မဟုတ်ဘဲ အာဘရာဟံ၏ သားစဉ်မြေးဆက် တို့အား ကူညီမစရန် ကြွလာတော်မူခြင်းဖြစ်၏။-
Hebr BurCBCM 2:17  ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အပြစ်ဖြေ လွှတ်ခြင်းပေးရန် ဘုရားသခင်၏အမှုတော်၌ ကရုဏာ၊ သစ္စာနှင့်ပြည့်စုံတော်မူသော ရဟန်းချုပ်ဖြစ်အံ့သောငှာ အရာရာ၌ မိမိ၏ညီအစ်ကိုများနှင့် တူညီရခြင်းဖြစ်၏။-
Hebr BurCBCM 2:18  အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ကိုယ်တော်တိုင်ခံခဲ့ရသဖြင့် စုံစမ်း နှောင့်ယှက်ခြင်းခံရသောသူတို့အား ကူညီနိုင်စွမ်းရှိ တော်မူ၏။
Chapter 3
Hebr BurCBCM 3:1  သို့ဖြစ်၍ ကောင်းကင်မှခေါ်တော်မူခြင်းကျေးဇူးကိုခံစားကြရသည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ယေဇူး၏အကြောင်းကို အောက်မေ့ဆင်ခြင်ကြလော့။ ထိုအရှင်သည် ငါတို့ဖွင့်ဟဝန်ခံလျက်ရှိကြသော တမန်တော်နှင့် ရဟန်းချုပ်ပင်ဖြစ်တော်မူ၏။-
Hebr BurCBCM 3:2  မိုးဇက်သည် ဘုရားသခင်၏အိမ်တော်၌ သစ္စာရှိသကဲ့သို့ ကိုယ်တော်သည်လည်း မိမိအား ရွေးကောက်တော်မူသောအရှင် အပေါ် ၌ သစ္စာရှိတော်မူ၏။-
Hebr BurCBCM 3:3  သို့ရာတွင် အိမ်ကိုဆောက်လုပ်သောသူသည် အိမ်ထက်ပို၍ဂုဏ်ပြုခြင်းကို ခံထိုက်သကဲ့သို့ ယေဇူးသည်လည်း မိုးဇက်ထက် ပို၍ပင် ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံထိုက်တော်မူ၏။-
Hebr BurCBCM 3:4  အိမ်တိုင်း၌ ၎င်းကို ဆောက်လုပ်သောသူရှိသည် မှန်သော်လည်း အရာခပ် သိမ်းတို့ကို တည်ဆောက်သောသူမှာမူ ဘုရားသခင်ဖြစ် တော်မူ၏။-
Hebr BurCBCM 3:5  မိုးဇက်သည် နောင်ကာလတွင် ဖော်ပြလတ္တံ့သော ဗျာဒိတ်တော်ဟူသမျှကို သက်သေခံခြင်းငှာ ဘုရားသခင်၏အိမ်တော်၌ အစေခံအဖြစ် သစ္စာရှိခဲ့လေ၏။-
Hebr BurCBCM 3:6  ခရစ်တော်မူကား ဘုရားသခင်၏အိမ်တော်ကို စိုးပိုင် သောသားတော်အနေဖြင့် သစ္စာရှိတော်မူခြင်းဖြစ်၏။ ငါတို့သည် ငါတို့၏ ယုံကြည်စိတ်ချခြင်းနှင့် ငါတို့ဂုဏ်ယူသည့်မျှော်လင့်ခြင်းတို့ကို အဆုံးတိုင်အောင် တည်ကြည် စွာစွဲကိုင်ထားလျှင် ငါတို့သည်လည်း ကိုယ်တော်၏အိမ် တော်ပင်ဖြစ်သတည်း။
Hebr BurCBCM 3:7  ထို့ကြောင့် ဝိညာဉ်တော်မြတ်က မိန့်တော်မူသည်ကား ယနေ့တွင် သင်တို့သည် ကိုယ်တော်၏အသံကို ကြားကြလျှင်၊-
Hebr BurCBCM 3:8  တောကန္တာရအတွင်း စုံစမ်းသောနေ့၌ ငါ့ကိုပုန်ကန်ကြသောသူများကဲ့သို့ စိတ်နှလုံးခိုင်မာခြင်း မရှိကြလေနှင့်။-
Hebr BurCBCM 3:9  သင်တို့၏ဘိုးဘေးများသည် တော ကန္တာရ၌ ငါ၏ဆောင်ရွက်ချက်တို့ကို အနှစ်လေးဆယ် ပတ်လုံး တွေ့ မြင်ခဲ့ကြသော်လည်း ငါ့ကို စုံစမ်းခဲ့ကြ၏။-
Hebr BurCBCM 3:10  ထို့ကြောင့် ငါသည် ထိုလူမျိုးဆက်အပေါ် အမျက်ထွက် သဖြင့် မိန့်ဆိုခဲ့သည်မှာ သူတို့၏စိတ်နှလုံးသည် အစဉ် လမ်းလွဲကြ၍ သူတို့သည် ငါ၏လမ်းတော်တို့ကို မသိကြချေ။-
Hebr BurCBCM 3:11  ထို့ကြောင့် သူတို့သည် ငါ၏သုခချမ်းသာသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည်မဟုတ်ဟု အမျက်တော်ဖြင့် ငါကျိန်ဆိုတော် မူခဲ့၏။
Hebr BurCBCM 3:12  ညီအစ်ကိုတို့၊ အသက်ရှင်တော်မူသောဘုရား သခင်၏အထံတော်မှ စွန့်ခွာသွားသည့်တိုင်အောင် ဆိုးမိုက်၍ ယုံကြည်ခြင်းကင်းမဲ့ သောစိတ်နှလုံးမျိုး သင်တို့ထဲ၌ မည်သူတစ်ဦးတစ်ယောက်တွင်မျှ မရှိစေခြင်းငှာ သတိပြုကြလော့။-
Hebr BurCBCM 3:13  သင်တို့သည် အပြစ်ဒုစရိုက်၏လှည့်စားမှုကြောင့် စိတ်နှလုံးမခိုင်မာကြစေရန် ယနေ့ဟူသောအချိန် တည်ရှိသရွေ့ နေ့စဉ် နေ့တိုင်းအချင်းချင်း တစ်ဦးကိုတစ်ဦး တိုက်တွန်းနှိုးဆော်ကြလော့။-
Hebr BurCBCM 3:14  အကြောင်းမူကား ငါတို့သည် အစပျိုးခဲ့သော ယုံကြည်ခြင်းစိတ်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားမှသာလျှင် ခရစ်တော်၌ အတူတကွမျှဝေခံစားနိုင်ကြပေလိမ့်မည်။-
Hebr BurCBCM 3:15  ကျမ်းစာတော်မြတ် ၌လည်း ယနေ့တွင် သင်တို့သည် ဘုရားသခင်၏အသံ တော်ကိုကြားရလျှင် ကိုယ်တော်အား သင်တို့၏ဘိုး ဘေးများပုန်ကန်ခဲ့စဉ်ကကဲ့သို့ စိတ်နှလုံးခိုင်မာခြင်းမရှိ ကြလေနှင့်ဟူ၍ ဆိုထား၏။-
Hebr BurCBCM 3:16  ဘုရားသခင်၏အသံတော် ကိုကြားရပြီးနောက် ပုန်ကန်သောသူများကား မည်သူတို့နည်း။ ထိုသူတို့သည်ကား မိုးဇက်၏ ဦးဆောင်မှုဖြင့် အီဂျစ်ပြည်မှ ထွက်ခွာလာကြသောသူအပေါင်းတို့ပင် မဟုတ်လော။-
Hebr BurCBCM 3:17  ထို့အတူ ကိုယ်တော်သည် နှစ်ပေါင်း လေးဆယ်ပတ်လုံး မည်သူတို့အပေါ် အမျက်ထွက်ခဲ့ရသနည်း။ အပြစ်ကျူးလွန်သဖြင့် တောကန္တာရ၌ လဲကျ သေဆုံးသွားကြသောသူများပင်မဟုတ်လော။-
Hebr BurCBCM 3:18  ထို့နောက် ကိုယ်တော်က သင်တို့သည် ငါ၏သုခချမ်းသာသို့ မဝင်ရဟူ၍ မည်သူတို့ကို ကျိန်ဆိုခဲ့သနည်း။ နာခံခြင်းမရှိ သောသူများပင်ဖြစ်ကြသည်မဟုတ်လော။-
Hebr BurCBCM 3:19  သို့ဖြစ်၍ သူတို့သည် ယုံကြည်ခြင်းမရှိသောကြောင့် သုခချမ်းသာ သို့ မဝင်နိုင်ကြကြောင်းကို ငါတို့သိမြင်ကြ၏။
Chapter 4
Hebr BurCBCM 4:1  ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကတိ ထားတော်မူသော သုခချမ်းသာသို့ဝင်ရန် ဖိတ်ခေါ်ခြင်းခံ ရစဉ်သင်တို့၌ အချို့ တို့သည် မဝင်ရခြင်းမရှိ စေရန် စိုးရိမ်ကြလော့။-
Hebr BurCBCM 4:2  အကြောင်းမူကား ဝမ်းမြောက် စရာသတင်းကောင်းသည် ထိုသူတို့ထံသို့ရောက်လာ သကဲ့သို့ ငါတို့ထံသို့လည်း ရောက်လာခဲ့၏။ သို့သော် ထို သူတို့သည် ကြားရသောသတင်းစကားကို မယုံကြည် ကြသောကြောင့် သတင်းစကားသည် သူတို့အား အကျိုး မပြုချေ။-
Hebr BurCBCM 4:3  ယုံကြည်ခဲ့ကြသောငါတို့မူကား ဘုရားသခင်၏သုခချမ်းသာသို့ဝင်ကြရ၏။ ကိုယ်တော်ကလည်း ငါသည် အမျက်တော် ထွက် လျက် ကျိန်ဆိုသည်ကား သူတို့သည် မည်သည့်အခါမျှ ငါ၏သုခချမ်းသာသို့ ဝင်ကြရလိမ့်မည်မဟုတ် ဟူ၍ဖြစ်သတည်း။ ကိုယ်တော်သည် ကမ္ဘာလောကကိုဖန်ဆင်းတော်မူစဉ်ကပင် မိမိ၏အမှု ကိစ္စများကိုလုပ်ဆောင်ပြီးဆုံးသွားသော်လည်း ဤသို့ မိန့်တော်မူခဲ့ခြင်းဖြစ်၏။-
Hebr BurCBCM 4:4  အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ ကျမ်းစာတော်မြတ်၌ ရေးထားသည် ကား ဘုရားသခင်သည် သတ္တမနေ့တွင် မိမိ၏လုပ်ငန်း အရပ်ရပ်မှ အနားယူတော်မူ၏ဟူ၍ဖြစ်၏။-
Hebr BurCBCM 4:5  တစ်ဖန် ထိုကျမ်းပိုဒ်၌ ကိုယ်တော်မိန့်တော်မူသည်ကား သူတို့သည် ငါ၏သုခချမ်းသာသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည် မဟုတ်ဟူ၍ဖြစ်သတည်း။-
Hebr BurCBCM 4:6  ထို့ကြောင့် အချို့သောသူတို့သည် သုခချမ်းသာသို့ဝင်ရောက်နိုင်ကြလိမ့်မည်။ ဝမ်းမြောက်စရာသတင်းကောင်းကို ပထမဦးစွာ ကြားနာခဲ့ရ သောသူတို့မူကား မယုံကြည်ခဲ့ကြသောကြောင့် မဝင်နိုင်ကြချေ။-
Hebr BurCBCM 4:7  တစ်ဖန် ဘုရားသခင်သည် ယနေ့ဟူသော နေ့ရက်တစ်ရက်ကို သတ်မှတ်ပေးတော်မူ၏။ ကျမ်းစာတော်မြတ်တွင် ဖော်ပြပြီးသည့်အတိုင်း ကိုယ်တော်သည် နှစ်ပေါင်းများစွာကြာသောအခါ ဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုရည်ညွန်း၍ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားရလျှင် စိတ်နှလုံးခိုင်မာခြင်း မရှိကြလေနှင့်ဟု မိန့်တော်မူခဲ့၏။
Hebr BurCBCM 4:8  အကယ်၍ ဂျိုဆွာသည် ထိုသူတို့ကို ငြိမ်ဝပ်စွာနားစေခဲ့လျှင် ဘုရားသခင်သည် အခြားနေ့ရက်တစ်ရက် အကြောင်းကို မိန့်မြွက်တော်မူမည်မဟုတ်။-
Hebr BurCBCM 4:9  ထို့ကြောင့် ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်စွာနားနေရန် သတ္တမနေ့ကဲ့သို့ နေ့ရက်တစ်ရက်ရှိသေး၏။-
Hebr BurCBCM 4:10  အဘယ် ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိ၏လုပ်ငန်းများမှ အနားယူတော်မူသည့်နည်းတူ ဘုရားသခင်၏သုခချမ်း သာသို့ ဝင်ကြသောသူတို့သည်လည်း မိမိတို့၏လုပ်ငန်းများမှ အနားယူကြရမည်ဖြစ်၏။
Hebr BurCBCM 4:11  ထို့ကြောင့် နာခံခြင်းမရှိသဖြင့် အဘယ်သူမျှ ဆုံးရှုံးခြင်းသို့မရောက်စေခြင်းငှာ ထိုသုခချမ်းသာသို့ဝင်ရောက်နိုင်ရန် ကြိုးစား အားထုတ်ကြပါစို့။-
Hebr BurCBCM 4:12  အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် အသက်ရှင် လှုပ်ရှားလျက်ရှိပြီး အသွားနှစ်ဖက်ရှိသောဓားတကာ တို့ထက် ပို၍ထက်မြက်လေ၏။ ၎င်းသည် ဝိညာဉ်နှင့် စိတ်နှလုံးကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ရိုးတွင်းခြင် ဆီကိုလည်းကောင်း ပိုင်းခြား၍ ထိုးဖောက်ပြီး စိတ်နှလုံး ၏အကြံအစည်နှင့် ရည်ရွယ်ချက်များကိုလည်း ဝေဖန်ချင့်ချိန်နိုင်၏။-
Hebr BurCBCM 4:13  ကိုယ်တော်၏မျက်မှောက်တော်၌ ဝှက် ကွယ်လျက်ရှိသောအရာဟူ၍တစ်စုံတစ်ခုမျှမရှိဘဲ ခပ် သိမ်းသောအရာတို့သည် မျက်မှောက်တော်၌ ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံးသည် မိမိတို့ပြုလုပ်ခဲ့သမျှအရာ များကို ကိုယ်တော်အား အစီရင်ခံကြရ လိမ့်မည်။
Hebr BurCBCM 4:14  ယခုမူကား ငါတို့၌ ကြီးမြတ်သောရဟန်းချုပ်လည်းဖြစ်၊ ဘုရားသခင်၏သားတော်လည်းဖြစ်ပြီး ကောင်းကင်ဘုံသို့ ကြွဝင်ခဲ့သော ယေဇူးရှိတော်မူသောကြောင့် ငါတို့ ဝန်ခံခဲ့သောယုံကြည်ခြင်းကို စွဲမြဲစွာဆုပ်ကိုင်ထားကြစို့။-
Hebr BurCBCM 4:15  အကြောင်းမူကား ငါတို့၏ရဟန်းချုပ်သည် ငါတို့၏ အားနည်းချက်များအပေါ် စာနာထောက်ထားခြင်းမရှိ သောသူမဟုတ်ပေ။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကို ခံခဲ့ရသောသူဖြစ်တော်မူ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ဒုစရိုက်နှင့် ကင်း လွတ်တော်မူ၏။-
Hebr BurCBCM 4:16  ထို့ကြောင့် ငါတို့သည် အကူအညီ လိုအပ်ချိန်၌ ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားရမည့်အကြောင်း ကျေးဇူးတော် ပလ္လင်သို့ ယုံကြည်အား ကိုးစိတ်နှင့် ချဉ်းကပ်ကြကုန်စို့။
Chapter 5
Hebr BurCBCM 5:1  လူစုထဲမှ ရွေးကောက်ခြင်းခံရသော ရဟန်းချုပ် မှန်သမျှသည် လူတို့၏ကိုယ်စား ဘုရားသခင် အား ဆည်းကပ်ရန်လည်းကောင်း၊ ပူဇော်သကာများနှင့် အပြစ်ဖြေရာယဇ်များကို ဆက်သရန်လည်းကောင်း ခန့် အပ်ထားခြင်းခံရ၏။-
Hebr BurCBCM 5:2  သူသည် မိမိကိုယ်တိုင်၌ပင် အားနည်းချက်အမျိုးမျိုးရှိသဖြင့် အသိပညာကင်းမဲ့သည့် ဆိုးသွမ်းသူတို့အား ကြင်နာစွာ ဆက်ဆံ နိုင်စွမ်းရှိလေ၏။-
Hebr BurCBCM 5:3  ဤအကြောင်းကြောင့် သူသည် အပြစ်ဖြေရာယဇ်ကို မိမိ၏အပြစ်များအတွက်သာမက လူတို့၏အပြစ်များ အတွက်ပါ ပူဇော်ရ၏။-
Hebr BurCBCM 5:4  မည်သူမျှ မိမိကိုယ်ကို ရဟန်းချုပ် အရာသို့ မချီးမြှင့်နိုင်ပေ။ အာရွန်ကဲ့သို့ပင် သူသည်လည်း ဘုရားသခင်၏ ရွေးချယ်ခန့်ထား ခြင်းကိုခံရ၏။
Hebr BurCBCM 5:5  ထိုနည်းတူ ခရစ်တော်သည် မိမိကိုယ်ကို ရဟန်းချုပ် အရာသို့ ဂုဏ်ပြုချီးမြှင့်သည်မဟုတ်။ ကျမ်းစာတော်မြတ်၌ သင်သည် ငါ့သားဖြစ်၏၊ ငါသည် ယနေ့ပင် သင့်ကိုဖွားမြင်စေတော်မူပြီဟုမိန့်မြွက်သောအရှင်သည် ခရစ်တော်ကို ရဟန်းချုပ်အရာသို့ ခန့်အပ် ထားတော်မူခြင်းဖြစ်၏။-
Hebr BurCBCM 5:6  အခြားကျမ်းချက်တွင်လည်း ထိုအရှင်က သင်သည် မေလ်ခိဇေဒက်၏အရိုက်အရာကို ဆက်ခံသော ထာ၀ရ ရဟန်းဖြစ်သည်ဟု မိန့်တော်မူ၏။
Hebr BurCBCM 5:7  ယေဇူးသည် လူ့ဇာတိအဖြစ်၌ ရှိနေစဉ် မိမိအား သေခြင်းမှ ကယ်တင်နိုင်တော်မူသော ဘုရားသခင်ထံ သို့ကျယ်လောင်စွာ ဟစ်ကြွေးကာ မျက်ရည်ကျလျက် တောင်းလျှောက်အသနားခံတော်မူ၏။ ကိုယ်တော် သည် ဘုရားသခင်ကိုကြောက်ရွံ့နာခံသဖြင့် ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းသံကို နားညောင်း တော်မူ၏။-
Hebr BurCBCM 5:8  ကိုယ်တော်သည် ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဒုက္ခဝေဒနာများကိုခံထမ်းခြင်းအားဖြင့် နာခံတတ်ရန် သင်ယူတော်မူခဲ့၏။-
Hebr BurCBCM 5:9  ဤသို့ဖြင့် ကိုယ် တော်သည် စုံလင်ခြင်းသို့ရောက်သောအခါ မိမိကိုနာခံ သောသူအပေါင်းတို့အား ထာ၀ရကယ်တင်ခြင်းကို ပေး သောအရှင်ဖြစ်လာတော်မူ၏။-
Hebr BurCBCM 5:10  ဘုရားသခင်သည် လည်း ကိုယ်တော့်အား မေလ်ခိဇေဒက်၏အရိုက်အရာကို ဆက်ခံသော ရဟန်းချုပ်အဖြစ် ခန့်အပ်ထား တော်မူ ၏။
Hebr BurCBCM 5:11  ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၌ပြော ဆိုစရာများစွာရှိ၏။ ယင်းတို့ကို ရှင်းပြရန်မလွယ်ပေ။ အ ကြောင်းမူကား သင်တို့သည် နားလည်ရန် နှေးကွေးသော ကြောင့်ဖြစ်၏။-
Hebr BurCBCM 5:12  သင်တို့သည် ယခုအချိန်တွင် ဆရာအဖြစ်သို့ပင် ရောက်သင့်ပြီဖြစ်သော်လည်း ဘုရားသခင် ၏ဗျာဒိတ်တော်မှ အခြေခတ ရားတော်တို့ကို တစ်ဖန်သင် ယူကြရန် လိုအပ်နေသေး၏။ သင်တို့လိုအပ်နေသည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။-
Hebr BurCBCM 5:13  နို့ရည်ကို သောက်သုံးနေရသောသူမည်သည်ကား သူငယ်များ သာဖြစ်သဖြင့် ဖြောင့်မတ်ခြင်းတရားတော်အကြောင်းကို သိရှိနားလည်ခြင်းမရှိကြသေးချေ။-
Hebr BurCBCM 5:14  မာသောအစား အစာသည် အရွယ်ရောက်ပြီးသောသူတို့အတွက်ဖြစ် ၏။ အကြောင်းမူကား သူတို့သည် အတွေ့အကြုံအားဖြင့် ကောင်းကျိုးနှင့် ဆိုးကျိုးကို ပိုင်းခြားသိရှိနိုင်ရန် လေ့ကျင့် ထားသောသူများဖြစ်သောကြောင့်တည်း။
Chapter 6
Hebr BurCBCM 6:1  ထို့ကြောင့် ခရစ်တော်အကြောင်းနှင့်ပတ်သက်သောအခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ပိုမိုရင့်ကျက်သော အကြောင်း အရာများကို ဆက်လက် လေ့လာကြပါစို့။ သေခြင်းနှင့်ဆိုင်သောအပြုအမူများ အတွက် နောင်တယူခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်း စသော အခြေခံအကြောင်းတရားတို့ကို ထပ်မံသင်ကြား ပေးရန် မသင့်တော့ပေ။-
Hebr BurCBCM 6:2  ဆေးကြောခြင်းမင်္ဂလာ၊ လက် တင်ခြင်းမင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် နောက်ဆုံးသော တရားစီရင်တော်မူ ခြင်းအကြောင်းတို့ ကိုလည်း ထပ်မံသွန်သင်ရန်မသင့်တော့ပေ။-
Hebr BurCBCM 6:3  ဘုရားသခင်ခွင့်ပြုတော်မူလျှင် ငါတို့ဤအရာကိုပြုလုပ်ကြစို့။-
Hebr BurCBCM 6:4  အကြောင်းမူကား ဉာဏ်အလင်းကိုရရှိခဲ့ကြပြီး ကျေးဇူးတော်ကိုမြည်းစမ်းရလျက် ဝိညာဉ်တော်မြတ်ကို ခံယူရရှိပြီးသော သူတို့အား နောင်တယူစေခြင်းငှာ ပြုလုပ်ပေးရန် မဖြစ်နိုင်ပေ။-
Hebr BurCBCM 6:5  သူတို့သည် နှုတ်တော်ထွက်စကား၏ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ နောင်ဘ၀နှင့်ဆိုင် သောတန်ခိုးများကိုလည်းကောင်း ကိုယ်တွေ့ခံစားခဲ့ရ သောသူများဖြစ်ကြ၏။-
Hebr BurCBCM 6:6  သူတို့သည် ထိုသို့ခံစားခဲ့ကြပြီးမှ ယုံကြည်ခြင်းကိုစွန့်ပယ်ပါလျှင် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် တစ်ဖန် လက်ဝါးကပ်တိုင်ပေါ်တင်၍ ကွပ်မျက်ကာ လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချခြင်း ဖြစ်သောကြောင့် နောက်တစ်ဖန် သူတို့အား နောင်တရ စေရန်မည်သို့မျှမဖြစ်နိုင်ပေ။-
Hebr BurCBCM 6:7  အကြောင်းမူကား မြေသည် အကြိမ်ကြိမ်ရွာသွန်းသည့်မိုးရေကိုသောက်၍ စိုက်ပျိုးသူ တို့အတွက် အသုံးဝင်သော အသီးအနှံ များကို ဖြစ်ထွန်းစေလျှင် ထိုမြေသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ ခံရ၏။-
Hebr BurCBCM 6:8  သို့သော် မြေသည် ဆူးပင်နှင့် ချုံပင်တို့ကိုသာ ဖြစ်ထွန်းစေလျှင် ထိုမြေသည် တန်ဖိုးလုံး၀မရှိတော့ဘဲ ဘုရားသခင်၏ ကျိန်စာ သင့်ကာ အဆုံး၌ မီးရှို့ဖျက်ဆီး ခြင်းကိုခံရလိမ့်မည်။
Hebr BurCBCM 6:9  ချစ်မိတ်ဆွေတို့၊ ဤသို့ငါတို့ပြောသော်လည်း သင်တို့၏အရေးနှင့်ပတ်သက်လျှင်မူ သင်တို့သည် ကယ်တင်ခြင်းဆိုင်ရာ ကောင်းမြတ်သောကျေးဇူးတော်များရရှိကြ မည်ကို ငါတို့သေချာစွာသိကြ၏။-
Hebr BurCBCM 6:10  အကြောင်းမူကား ဘုရားသခင်သည် တရားမျှတမှုမရှိသော အရှင်သခင် မဟုတ်။ သင်တို့သည် ကိုယ်တော်၏မျက်နှာတော်ကို ထောက်၍ သူတော်သူမြတ်များကို အစေခံရာတွင် လုပ်ဆောင်ခဲ့သောကောင်းမှုနှင့် ပြသခဲ့သောချစ်ခြင်းမေတ္တာ တို့ကို ကိုယ်တော်သည် လျစ်လျူရှုတော်မူမည်မဟုတ် ပေ။ ထိုအရာများကို ယခုတိုင် သင်တို့ပြုလုပ်လျက်ပင်ရှိ ၏။-
Hebr BurCBCM 6:11  သင်တို့အားလုံးသည် မိမိတို့၏မျှော်လင့်ချက်ပြည့် စုံပြီးမြောက်သည်အထိ ထိုကဲ့သို့သောစိတ်အားထက် သန်မှုမျိုးကိုပြနိုင်ရန် ငါတို့အလိုရှိကြ၏။-
Hebr BurCBCM 6:12  သို့မှသာ သင်တို့သည် ပေါ့ဆ၍ ပျင်းရိစွာမနေကြဘဲ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့ဖြင့် ကတိတော်ကိုအမွေခံယူကြသော သူများအား အတုယူ၍ ကျင့်ကြံနေထိုင်ကြပေလိမ့်မည်။
Hebr BurCBCM 6:13  ဘုရားသခင်သည် အာဘရာဟံအား ကတိထား တော်မူသောအခါ၌ တိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီး မြတ်သောသူမရှိ သောကြောင့် မိမိကိုယ်ကိုပင်တိုင်တည်၍၊-
Hebr BurCBCM 6:14  ကျိန်ဆိုတော်မူသည်မှာ ငါသည် သင့်အား ဧကန်မုချ ကောင်းချီးပေး၍ သင်၏မျိုးနွယ်စဉ်ဆက်တို့ကိုလည်း တိုးပွားစေမည် ဟူ၍ဖြစ်၏။-
Hebr BurCBCM 6:15  ဤသို့ဖြင့် အာဘရာဟံသည် စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းခဲ့သောကြောင့် ကတိ တော်အတိုင်း ခံစားရရှိလေ၏။-
Hebr BurCBCM 6:16  လူတို့သည် မိမိတို့ထက် ကြီးမြတ်သူတစ်ဦးတစ်ယောက်ကို တိုင်တည်၍ ကျိန်ဆို လေ့ရှိကြပြီး ထိုကဲ့သို့ကျိန်ဆိုခြင်းသည် ၎င်းတို့၏အငြင်း ပွားမှုမှန်သမျှတွင် နောက်ဆုံးအတည်ပြုချက်ပင်ဖြစ်၏။-
Hebr BurCBCM 6:17  ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ကတိတော်ကို အမွေခံရသောသူတို့အား မိမိ၏အကြံအစည်တော်မှာ မပြောင်းလဲကြောင်း ကိုသိသာထင်ရှားစေခြင်းငှာ ကျိန်ဆိုခြင်းဖြင့် ကတိပြုတော်မူ၏။-
Hebr BurCBCM 6:18  ဤသို့ဖြင့် ပြန်လည်ရုပ်သိမ်း၍မရ နိုင်သောကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းများအားဖြင့် ဘုရားသခင်သည် မုသားပြောသူ မဖြစ်နိုင်ကြောင်းကို သိရှိနိုင်သောကြောင့် အထံတော်သို့ခိုလှုံကြသော ငါတို့ သည် ငါတို့အား ပေးသနားတော်မူသည့်မျှော်လင့်ခြင်းကို စွဲမြဲစွာခံယူရန် စိတ်အားတက်ကြွလာကြလေ၏။-
Hebr BurCBCM 6:19  ထိုမျှော်လင့်ချက်သည် ငါတို့၏ဘ၀အတွက် တည်ကြည်ခိုင်မာသော ဝိညာဉ်ကျောက်ဆူးအဖြစ် ဗိမာန်တော်ကန့်လန့်ကာကို ထိုးဖောက်ကာ သန့်ရှင်းရာဌာနတော်သို့ ဝင်လေ၏။-
Hebr BurCBCM 6:20  မေလ်ခိဇေဒက်၏အရိုက်အရာကိုဆက်ခံသော ထာ၀ရရဟန်းဖြစ်တော်မူသည့် ယေဇူးသည် ငါတို့၏ ကိုယ်စား ထိုနေရာသို့ ဦးစွာဝင်တော်မူခဲ့လေ၏။
Chapter 7
Hebr BurCBCM 7:1  ဤမေလ်ခိဇေဒက်သည် ဆလင်ပြည်၏ဘုရင်ဖြစ်ပြီး အမြင့်မြတ်ဆုံးသော ဘုရားသခင်၏ ရဟန်းလည်းဖြစ်၏။ သူသည် ဘုရင် များကို တိုက်ခိုက်နှိမ်နင်းရာမှပြန်လာသော အာဘရာဟံအား ခရီးဦးကြို ပြု၍ ကောင်းချီးပေးလေ၏။-
Hebr BurCBCM 7:2  အာဘရာဟံသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အား ခွဲဝေလှူလေ၏။ မေလ်ခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်အတိုင်း သူသည် ဖြောင့်မတ်သောမင်းဖြစ်ကာ ဆလင်ပြည်၏ဘုရင်လည်းဖြစ်သောကြောင့် ငြိမ်းချမ်းသာယာခြင်း၏ ဘုရင်လည်းဖြစ်လေ၏။-
Hebr BurCBCM 7:3  သူ၌ အမိအဖသော် လည်းကောင်း၊ မျိုးရိုးစဉ်ဆက်သော်လည်းကောင်း မရှိ ပေ။ သူ၏ဘ၀အစနှင့် အဆုံးသောနေ့ရက်ဟူ၍လည်း မရှိပေ။ သို့ရာတွင် သူသည် ဘုရားသခင်၏သားတော်နှင့် သဏ္ဌာန်တူ၍ ရဟန်းသိက္ခာ၌ ထာ၀စဉ်တည်လေ၏။
Hebr BurCBCM 7:4  ငါတို့၏အဖ အာဘရာဟံသည် စစ်ပွဲမှရရှိခဲ့သော ပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို သူ့အား ပေးလှူခဲ့ပါလျှင် သူသည် မည်မျှကြီးမြတ်ကြောင်းကို စဉ်းစားဆင်ခြင်ကြည့်ကြပါလော့။-
Hebr BurCBCM 7:5  ရဟန်းအရာကို ခံယူရရှိကြသောလေဝိ အနွယ်ဝင်တို့သည် အာဘရာဟံမှဆင်းသက်သော မိမိတို့၏ဆွေမျိုးများထံမှ ဆယ်ဖို့ တစ်ဖို့အလှူကို ပညတ်တရားအရ ကောက်ခံခွင့်ရှိခဲ့ကြ၏။-
Hebr BurCBCM 7:6  မေလ်ခိဇေဒက်မူ ကား လေဝိအနွယ်ဝင်မဟုတ်သော်လည်း အာဘရာဟံ ထံမှ ဆယ်ဖို့တစ်ဖို့အလှူကိုခံယူရရှိပြီးလျှင် ကတိတော် များရရှိထားသောသူ့အား ကောင်းချီးပေးခဲ့လေ၏။-
Hebr BurCBCM 7:7  ကြီးသောသူက ငယ်သောသူအား ကောင်းချီးပေးလေ့ရှိ ကြောင်းမငြင်းဆိုနိုင်ပေ။-
Hebr BurCBCM 7:8  ထို့ပြင် ရဟန်းများအနေဖြင့် ဆယ်ဖို့တစ်ဖို့ အလှူကို ခံယူခြင်းမှာ သေမျိုးဖြစ်သော လူသားတို့က ခံယူခြင်းဖြစ်၍ မေလ်ခိဇေဒက် ၏အမှုတွင်ကား အသက်ရှင်သောသူက ဆယ်ဖို့တစ်ဖို့အလှူကို လက်ခံယူခြင်းဖြစ်သည်ဟု သက်သေခံထားလေ၏။-
Hebr BurCBCM 7:9  ဆယ်ဖို့တစ်ဖို့အလှူကိုလက်ခံယူသောလေဝိကိုယ်တိုင် သည်ပင် အာဘရာဟံမှတစ်ဆင့် ဆယ်ဖို့တစ် ဖို့အလှူကို ပေးရသည်ဟု ဆိုနိုင်၏။-
Hebr BurCBCM 7:10  အဘယ်ကြောင့်ဆိုသော် မေလ်ခိဇေဒက်သည် အာဘရာဟံနှင့်တွေ့ဆုံသည့်အခါ တွင် လေဝိသည် အာဘရာဟံ၏အမျိုးအနွယ် ထဲ၌ မမွေး ဖွားသေးသောကြောင့်ဖြစ်၏။
Hebr BurCBCM 7:11  လူအများတို့သည် လေဝိမှဆင်းသက်သောရဟန်း အမျိုးအနွယ်မှတစ်ဆင့် ပညတ်တရားကိုရရှိခဲ့ကြ၏။ လူတို့သည် ဤရဟန်းမျိုး အားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင် ခဲ့ပါလျှင် အဘယ်ကြောင့် အာရွန်၏ရဟန်းအမျိုးအနွယ်ထက် မေလ်ခိဇေဒက်၏ ရဟန်းအမျိုးအနွယ်မှ အခြား သောရဟန်းတစ်ပါးကို လိုအပ်သနည်း။-
Hebr BurCBCM 7:12  အကယ်၍ ရဟန်းအမျိုးအနွယ်၌ အပြောင်းအလဲရှိလျှင် ပညတ် တရားတွင်လည်း အပြောင်းအလဲရှိရပေလိမ့်မည်။-
Hebr BurCBCM 7:13  အကြောင်းမူကား ဤအရာများနှင့်ပတ်သက်၍ ဗျာဒိတ် ထားခြင်းခံရသောအရှင်သည် ယဇ်ပလ္လင်အမှုတော်ကို မဆောင်ရွက် ဖူးသော အမျိုးအနွယ်မှဖြစ်၏။-
Hebr BurCBCM 7:14  ငါတို့၏ သခင်သည် ဂျုဒအမျိုးအနွယ်မှပေါ်ထွန်းလာခြင်းဖြစ် ကြောင်းထင်ရှားလေ၏။ မိုးဇက်သည် ဤအမျိုးအနွယ် အကြောင်းကို ပြောဆိုရာတွင် ရဟန်းတို့နှင့်ပတ်သက် သောအရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
Hebr BurCBCM 7:15  မေလ်ခိဇေဒက်နှင့်သဏ္ဌာန်တူသည့် အခြားသော ရဟန်းတစ်ပါးပေါ်ထွန်းလာသောအခါ ဤအချက်မှာ ပို၍ထင်ရှားလာ လေ၏။-
Hebr BurCBCM 7:16  ထိုအရှင်သည် ရဟန်း၏အရိုက် အရာကို စည်းမျဉ်းဥပဒေအရ မျိုးရိုးအလိုက်ခံယူရရှိခြင်း မဟုတ်ဘဲ ထာ၀ရအသက်၏ တန်ခိုးအာနုဘော်အရ ခံယူရရှိထားခြင်းဖြစ်၏။-
Hebr BurCBCM 7:17  အကြောင်းမူကား ကျမ်းစာ တော်မြတ်၌ သင်သည် မေလ်ခိဇေဒက်၏အရိုက်အရာ ကို ဆက်ခံသောထာ၀ရရဟန်းဖြစ်သည်ဟူ၍ ထိုအရှင် နှင့်ပတ်သက်ပြီး သက်သေခံထားလေ၏။-
Hebr BurCBCM 7:18  ယခင်ပညတ် တော်သည် အားနည်း၍ အသုံးမဝင်သောကြောင့် ၎င်းကို ဖယ်ရှားထား၏။-
Hebr BurCBCM 7:19  အကြောင်းမူကား ပညတ်တရားသည် မည်သည့်အရာကိုမျှ စုံလင်ခြင်းသို့မရောက်စေခဲ့ပေ။ သို့သော် ယခုငါတို့သည် ထိုပညတ်တရားထက် ပိုမိုကောင်း မြတ်သည့်မျှော်လင့်ချက်ကိုရရှိကြသည်ဖြစ်၍ ထိုမျှော် လင့်ချက်အားဖြင့် ဘုရားသခင်၏ အထံတော်သို့ ချဉ်းကပ် နိုင်ကြ၏။
Hebr BurCBCM 7:20  ထိုပြောင်းလဲမှုသည် ကျိန်ဆိုတော်မူချက်နှင့်အတူ ဖြစ်ပေါ်လာခဲ့၏။-
Hebr BurCBCM 7:21  ယခင်က ရဟန်းဖြစ်ခဲ့ကြသောသူတို့ သည် မိမိတို့၏ရဟန်းအရိုက်အရာကိုခံယူကြသောအခါ ဘုရားသခင်၏ကျိန်ဆိုတော်မူ ချက်မပါရှိချေ။ သို့သော် ခရစ်တော်အား ရဟန်းအဖြစ် ခန့်ထားတော်မူသောအခါ ကျမ်းစာတော်မြတ်၌ ဆိုထားသည်ကား သင်သည် မေလ်ခိဇေဒက်နည်းတူ ထာ၀ရရဟန်းဖြစ်သည်ဟူ၍ ထာ၀ရဘုရားသခင်က ကျိန်ဆိုတော်မူလေပြီ၊ ကိုယ် တော်သည် မိမိ၏စိတ်ကို ပြောင်းလဲတော်မူမည်မဟုတ် ဟူ၍ဖြစ်၏။-
Hebr BurCBCM 7:22  ဤအချက်သည် ယေဇူးအား ပိုမိုကောင်း မွန်သောပဋိညာဉ်တရားတော်အဖို့ အာမခံချက်ဖြစ်စေ၏။
Hebr BurCBCM 7:23  ယခင်ရဟန်းတို့သည် သေဆုံးကြသဖြင့် ဤတာ ဝန်ကိုဆက်လက်မထမ်းဆောင်နိုင်သောကြောင့် သူတို့သည် အရေအတွက် အားဖြင့် အများအပြားရှိကြရ၏။-
Hebr BurCBCM 7:24  ကိုယ်တော်မူကား အစဉ်ထာ၀ရအသက်ရှင်တော်မူ သောကြောင့် ရဟန်းအဖြစ်၌ ထာ၀ရတည်တော်မူ၏။-
Hebr BurCBCM 7:25  သို့ဖြစ်၍ ကိုယ်တော်သည် မိမိမှတစ်ဆင့် ဘုရားသခင် အထံတော်သို့ ချဉ်းကပ်ကြသောသူတို့အား အစဉ်ကယ် တင်ပေးနိုင်၏။ အကြောင်းမူကား ကိုယ်တော်သည် ထို သူတို့၏ကိုယ်စား ကြားဝင်အသနားခံပေးရန်အလို့ငှာ အစဉ်အမြဲအသက်ရှင်လျက် ရှိတော်မူ သောကြောင့်ဖြစ် ၏။
Hebr BurCBCM 7:26  ကျွန်ုပ်တို့၌ ဤကဲ့သို့သန့်ရှင်းမြင့်မြတ်သောရဟန်း ချုပ်တစ်ပါးရှိခြင်းမှာ သင့်လျော်ပေ၏။ ကိုယ်တော်သည် အပြစ်မှကင်းစင်ပြီး အစွန်းအကွက်မရှိဘဲ အပြစ်ရှိသော သူတို့နှင့်ကွဲပြားကာ ကောင်းကင်အထက်တိုင်အောင် ချီးမြှောက်ခြင်းကိုခံရတော်မူ၏။-
Hebr BurCBCM 7:27  ရဟန်းချုပ်တို့သည် နေ့စဉ်နှင့်အမျှ ဦးစွာပထမ မိမိတို့၏အပြစ်များအတွက်လည်းကောင်း၊ ထို့နောက် လူတို့၏အပြစ်များ အတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေ၏။ ကိုယ်တော်မူကား သူတို့ ကဲ့သို့ ယဇ်ပူဇော်ရန် မလိုအပ်ပေ။ ကိုယ်တော်သည် မိမိ ကိုယ်ကိုပူဇော်သောအခါ လူအားလုံးတို့အတွက် တစ် ကြိမ်တည်းနှင့် အပြီးအပိုင်ပူဇော်တော်မူခဲ့၏။-
Hebr BurCBCM 7:28  ပညတ်တရားသည် အားနည်းသောလူသားတို့ကို ရဟန်းချုပ် များအဖြစ် ခန့်ထားခဲ့၏။ သို့သော် ထိုပညတ်တရား၏ နောက်တွင် ထွက်ပေါ်လာသည့် ကျိန်ဆိုထားတော်မူ သောဗျာဒိတ်စကားသည် ထာ၀ရကပင် စုံလင်သော သားတော်ကို ရဟန်းချုပ်အဖြစ် ခန့်ထားတော်မူ၏။
Chapter 8
Hebr BurCBCM 8:1  ယခု ငါတို့ပြောဆိုနေသောအကြောင်းအရာတို့၏ အဓိကအချက်မှာငါတို့တွင် ထိုကဲ့သို့သော ရဟန်းချုပ်မျိုးရှိနေပြီဆိုသည့် အချက်ပင်ဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ရှိတော်မူသောဘုန်းတော် ရှင်၏ပလ္လင်တော်လက်ယာဘက်တွင် စံပယ်နေ တော်မူ၏။-
Hebr BurCBCM 8:2  ကိုယ်တော်သည် လူတို့တည်ဆောက်ထားခြင်း မဟုတ်ဘဲ ထာ၀ရဘုရားသခင်တည်ဆောက်ထားတော် မူသောစစ်မှန်သည့် တဲတော်နှင့် သန့်ရှင်းရာဌာနတွင် အမှုတော်ကို ဆောင်ရွက်သောသူဖြစ်တော်မူ၏။-
Hebr BurCBCM 8:3  ရဟန်း ချုပ်မည်သည်ကား ဘုရားသခင်အား ပူဇော်ရာများနှင့် ယဇ်ကောင်တို့ကို ဆက်သပူဇော်ရန် ခန့်ထားခြင်းခံရသဖြင့် ဤရဟန်းသည်လည်း ပူဇော်ခြင်းငှာ တစ်စုံတစ်ခု ရှိရန် လိုအပ်၏။-
Hebr BurCBCM 8:4  အကယ်၍ ကိုယ်တော်သည် ကမ္ဘာမြေ ပေါ်တွင်ရှိနေတော်မူလျှင် ရဟန်းဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားအရ ပူဇော် သကာများကို ဆက်သသည့်ရဟန်းများရှိသောကြောင့် ဖြစ်၏။-
Hebr BurCBCM 8:5  သူတို့သည် ကောင်းကင်ဘုံ၌ရှိသော သန့်ရှင်းရာ ဌာနနှင့်တူသည့်ပုံရိပ်တွင် အမှုထမ်းကြရ၏။ အကြောင်း မူကား မိုးဇက်သည် ပဋိညာဉ်တဲတော်ကိုတည်ဆောက် မည်ပြုသောအခါ ဘုရားသခင်က တောင်ပေါ်တွင် သင့်အား ပြသခဲ့သည့်ပုံစံနှင့်အညီ အလုံးစုံ သောအရာတို့ကို ပြုလုပ်ဆောင်ရွက်ရန် သတိပြုလော့ဟု သူ့အား မိန့်မှာ တော်မူခဲ့၏။-
Hebr BurCBCM 8:6  သို့သော် ခရစ်တော်ကြားဝင်အသနားခံ ပေးသောပဋိညာဉ်တရားတော်သည် ပိုမိုကောင်းမွန် လေ၏။ အကြောင်းမူကား ယင်းသည် ပို၍ကောင်းမွန် သောကတိတော်များအပေါ် အခြေခံသောကြောင့်ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်သည် ပဋိညာဉ်တရား တော် အဟောင်းထက် များစွာပို၍မြင့်မြတ်သောအမှုတော်ကို ရရှိလေ၏။-
Hebr BurCBCM 8:7  အကယ်၍ ပထမပဋိညာဉ်တရားတော်၌ အပြစ်အနာ အဆာမရှိလျှင် ယင်းကို ဒုတိယပဋိညာဉ် တရားတော်ဖြင့် အစားထိုးရန် လိုအပ်မည်မဟုတ်ပေ။
Hebr BurCBCM 8:8  သို့သော် ထာ၀ရဘုရားသခင်သည် ပထမပဋိညာဉ် တရားတော်၌ အပြစ်အနာအဆာကိုမြင်မိသဖြင့် မိန့်တော်မူသည်ကား ငါသည် အစ္စရာအဲလ်လူမျိုးနှင့်လည်းကောင်း၊ ဂျုဒလူမျိုးတို့နှင့်လည်းကောင်း ပဋိညာဉ်အသစ် ကိုထူထောင်ရမည့်အချိန်ကာလ ကျရောက်လိမ့်မည်။-
Hebr BurCBCM 8:9  ဤပဋိညာဉ်သည် သူတို့၏ဘိုးဘေးများအား အီဂျစ်ပြည်မှ ငါလက်ဆွဲ၍ ထုတ်ဆောင်လာစဉ်က သူတို့နှင့်ပြုလုပ်ခဲ့သည့် ပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ယခင်က ငါပေးခဲ့သော ပဋိညာဉ်တရားတော်ကို ဆက်လက် လိုက်နာခြင်းမရှိကြသဖြင့် ငါသည်လည်း သူတို့အား လျစ်လျူရှုထားခဲ့၏။-
Hebr BurCBCM 8:10  နောင်ကာလ၌ အစ္စရာအဲလ်လူမျိုးတို့နှင့် ငါပြုလုပ်မည့်ပဋိညာဉ်တရား တော်သည်ကား ဤသို့ဖြစ်၏။ ထိုနေ့ရက်တို့၌ ငါသည် ငါ၏ပညတ်တော်တို့ကို သူတို့၏စိတ်ဝိညာဉ်ထဲသို့ ထည့်သွင်းပေးမည်။ သူတို့၏နှလုံးသားများအပေါ်တွင်လည်း ယင်းတို့ကို ရေးသားထားမည်။ ငါသည် သူတို့၏ဘုရား ဖြစ်၍ သူတို့သည်လည်း ငါ၏လူမျိုးစုဖြစ်ကြလိမ့်မည်။-
Hebr BurCBCM 8:11  ထာ၀ရဘုရားသခင်ကိုသိရှိရန် ကြိုးစားကြလော့ဟူ၍ မည်သူကမျှ မိမိအမျိုးသားချင်းကိုလည်းကောင်း၊ မိမိ ညီအစ်ကို အားလည်းကောင်း ဆုံးမသွန်သင်ကြရလိမ့်မည်မဟုတ်။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် အငယ်ဆုံးသောသူမှစ၍ အကြီးမြတ်ဆုံးသောသူတိုင်အောင် ငါ့ကိုသိကြလိမ့်မည်။-
Hebr BurCBCM 8:12  အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏အပြစ်များကို ဖြေလွှတ်၍ သူတို့၏ပြစ်မှား ကျူးလွန်မှုများကို မှတ်တော်မူမည် မဟုတ်သောကြောင့် ဖြစ်၏ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။
Hebr BurCBCM 8:13  ကိုယ်တော်သည် ပဋိညာဉ်တရားသစ်အကြောင်း ကိုမိန့်တော်မူခြင်းဖြင့် ပထမပဋိညာဉ်တရားတော်မှာ ဟောင်းနွမ်းသွား ပြီးဖြစ်ကြောင်း ပေါ်လွင်စေတော်မူ၏။ ဟောင်းနွမ်းသောအရာဟူသမျှသည်လည်း မကြာမီ တွင်ပင် ပျောက်ကွယ်သွားလိမ့်မည်။
Chapter 9
Hebr BurCBCM 9:1  ပထမပဋိညာဉ်တရားတော်၌ပင်လျှင် ဝတ်ပြုခြင်းဆိုင်ရာဝိနည်းများနှင့် လောက၌ရှိသော သန့်ရှင်းရာဌာန တို့ပါဝင်ခဲ့၏။-
Hebr BurCBCM 9:2  အကြောင်းမူကား လူတို့ သည် တဲတော်ကိုတည်ဆောက်ကြရာတွင် သန့်ရှင်းရာ ဌာနဟုခေါ်သော အပြင်တဲတော်၌ ဆီမီးတင်ခုံ၊ စားပွဲ၊ ရှေ့တော်တင်မုန့်တို့ကို ထားရှိကြ၏။-
Hebr BurCBCM 9:3  ဒုတိယကန့်လန့်ကာ ကိုလွန်လျှင် သန့်ရှင်းရာအပေါင်းတို့ထက် ပို၍သန့်ရှင်း သောဌာနဟူ၍ခေါ်တွင်သည့် တဲတော်ရှိ၏။-
Hebr BurCBCM 9:4  ထိုတဲတော်တွင် နံ့သာပေါင်းကို မီးရှို့ရာ ရွှေပလ္လင်နှင့် အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသည့် ပဋိညာဉ်သေတ္တာတော်ရှိလေ၏။ ထိုသေတ္တာတော်အတွင်း၌ မန္နာမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးအညွန့်ထွက်သည့် အာရွန်၏သစ်သားတုတ်နှင့် ပညတ်တော်များ ပါရှိသည့်ကျောက်ပြားနှစ်ချပ်တို့ရှိလေ၏။-
Hebr BurCBCM 9:5  ထိုသေတ္တာပေါ်တွင် သေတ္တာတော်အဖုံးကို မိမိတို့ ၏အတောင်ပံများဖြန့်၍ အုပ်မိုးထားသည့် ဘုန်းကျက် သရေရှိသော ခေရုဘိမ်အမည်ရှိ ကောင်းကင်တမန်တော် ရုပ်တုများရှိ၏။ ငါတို့သည် ထိုအရာများကို ယခုအခါ အသေးစိတ်မရှင်းလင်းနိုင်ပေ။
Hebr BurCBCM 9:6  ထိုကဲ့သို့ပြင်ဆင်ပြီးသောအခါတွင် ရဟန်းတို့သည် အပြင်တဲတော်အတွင်းသို့ နေ့စဉ်ပုံမှန်ဝင်ကြပြီးလျှင် ဝတ်ပြုခြင်းနှင့်ဆိုင် သောတာဝန်များကို လုပ်ဆောင်ကြလေ၏။-
Hebr BurCBCM 9:7  အတွင်းတဲတော်ထဲသို့မူကား ရဟန်းချုပ် တစ်ပါးတည်းသာ တစ်နှစ်လျှင်တစ်ကြိမ်ဝင်ရ၏။ ထိုသို့ဝင်ရောက်ရာတွင်လည်း သူသည် မိမိ၏အပြစ်များနှင့် လူတို့၏အပြစ်များအတွက် ပူဇော်ရန် သွေးကိုယူဆောင် သွားရ၏။-
Hebr BurCBCM 9:8  အပြင်တဲတော်တည်ရှိ နေသမျှကာလပတ်လုံး သန့်ရှင်းရာအပေါင်းတို့ထက် ပို၍ သန့်ရှင်းသောဌာနသို့ဝင်ရောက်ရာလမ်းမှာ မပွင့်သေးကြောင်းကို ဝိညာဉ်တော်မြတ်က ကျွန်ုပ်တို့အား ညွန်ပြတော်မူ၏။-
Hebr BurCBCM 9:9  ဤအချက်မှာ မျက်မှောက်ခေတ်ကိုညွှန်ပြ သည့်အမှတ်လက္ခဏာပင်ဖြစ်၏။ ဤဝိနည်းအတိုင်း ပူဇော်သော ပူဇော်သကာနှင့် ယဇ်ကောင်များသည် ဝတ်ပြုသူ၏အသိတရားကို စုံလင်ခြင်းသို့ရောက်စေရန် မစွမ်းဆောင်နိုင်ပေ။-
Hebr BurCBCM 9:10  ထိုအရာအားလုံးတို့မှာ အပေါ်ယံ အရာများဖြစ်သော အစားအသောက်များနှင့် အမျိုးမျိုးသောဆေးကြော သန့်စင်ခြင်း ဝိနည်းတို့နှင့်သာ သက်ဆိုင်၏။ ထိုစည်းမျဉ်းများသည် အသစ်ပြုပြင်ခြင်းကာလ ရောက်ရှိသည့်တိုင်အောင် တည်လျက်ရှိမည်ဖြစ်၏။
Hebr BurCBCM 9:11  သို့ရာတွင် ခရစ်တော်သည် နောင်ဖြစ်ပေါ်လာမည့် ကောင်းမြတ်သောအရာတို့၏ရဟန်းချုပ်အဖြစ် ကြွလာ တော်မူသောအခါ လူတို့၏လက်ဖြင့်ပြုလုပ်ထားခြင်းမရှိသော၊ တစ်နည်းအားဖြင့် ဤကမ္ဘာပေါ် ရှိ ဖန်ဆင်းခံအရာ မဟုတ်သည့် ပိုမိုသန့်ရှင်းမြင့်မြတ်၍ ပြီးပြည့်စုံသောတဲ တော်မှတစ်ဆင့်၊-
Hebr BurCBCM 9:12  သန့်ရှင်းရာဌာနသို့ တစ်ကြိမ်တည်းနှင့် အပြီးဝင်တော်မူ၏။ ထိုသို့ဝင်ရာ၌ ကိုယ်တော်သည် ယဇ်ပူဇော်ရန် ဆိတ်နှင့် နွားတို့၏သွေးကိုမယူဆောင်ဘဲ မိမိ ကိုယ်တော်တိုင်၏အသွေးတော်ကို ယူဆောင်သွားခြင်းဖြင့် ငါတို့အား ထာ၀ရကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိစေတော်မူ၏။-
Hebr BurCBCM 9:13  အပြစ်ဖြင့် ညစ်ညူးနေသောသူတို့ အပေါ် ပက်ဖျန်းသည့် နွားသွေး၊ ဆိတ်သွေးနှင့် နွားမတမ်း ၏ပြာတို့သည် လူ၏ခန္ဓာကိုယ်ကို သန့်ရှင်းမွန်မြတ်စေနိုင်လျှင်၊-
Hebr BurCBCM 9:14  ထာ၀ရတည်သောဝိညာဉ်တော်အားဖြင့် အပြစ် အနာအဆာကင်း၍ မိမိကိုယ်ကို ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား တင်ပူဇော်တော်မူခဲ့သော ခရစ်တော်၏အသွေးတော်သည် သင်တို့၏အသိတရားကို ဟောင်းနွမ်းသောပဋိညာဉ်တရားတော်မှ သန့်စင်ပေးပြီး အသက် ရှင်တော်မူသောဘုရားသခင်အား ဝတ်ပြုအစေခံနိုင်ရန် ပိုမိုစွမ်းဆောင်ပေးနိုင်လိမ့်မည်။
Hebr BurCBCM 9:15  ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်တရားတော်သစ်တွင် ကြားဝင်စေ့စပ်ပေးသူဖြစ်တော်မူ၏။ သို့မှသာ ဘုရားသခင် ခေါ်တော်မူသောသူတို့သည် ကိုယ်တော် ကတိထားသော ထာ၀ရအမွေတော်ကို ခံစားနိုင်ကြမည်ဖြစ်၏။ အကြောင်းမူကား ယခင်ပဋိညာဉ်တရားတော်၏ လက်အောက်၌ လူတို့ကျူးလွန်ခဲ့သည့်အပြစ်များကိုဖြေ လွှတ်ပေးရန် ခရစ်တော်သည် အသေခံတော် မူခဲ့လေ၏။-
Hebr BurCBCM 9:16  မည်သည့်နေရာ၌မဆို သေတမ်းစာနှင့်ပတ်သက်၍ ပြောဆိုကြရာတွင် သေတမ်းစာရေးသားခဲ့သူ အမှန်တကယ်သေဆုံးပြီ ဖြစ်ကြောင်း အထောက်အထားပြသ ရန်လိုအပ်၏။-
Hebr BurCBCM 9:17  သေတမ်းစာရေးသောသူအသက်ရှင်နေ သရွေ့ သူ၏သေတမ်းစာမှာ အတည်မဖြစ်နိုင်ပေ။ ၎င်းသေ ဆုံးမှသာလျှင် သေတမ်းစာသည် အတည်ဖြစ်၏။-
Hebr BurCBCM 9:18  ထို့ကြောင့် ပထမပဋိညာဉ်တရားတော်ကို စီရင်သောအခါ၌ပင် သွေးနှင့်မကင်းပေ။-
Hebr BurCBCM 9:19  အကြောင်းမူကား မိုးဇက်သည် ပထမပဋိညာဉ်တရားတော်တွင်ပါရှိသောပညတ်ရှိသမျှ တို့ကို လူအပေါင်းတို့အား ကြေညာ ပြီးသောအခါ အနီ ရောင်သိုးမွေးစနှင့် ဟိဆုတ်ပင်အခက်ကို အသုံးပြုကာ ရေနှင့် ရောစပ်ထားသော နွားသွေး၊ ဆိတ်သွေးတို့ကို ပညတ်တရားကျမ်းစာလိပ်အပေါ်သို့လည်းကောင်း၊ လူ အပေါင်းတို့အပေါ်သို့လည်းကောင်း ပက်ဖျန်းလျက်၊-
Hebr BurCBCM 9:20  ဤ သည်ကား သင်တို့၌ ဘုရားသခင်ကတိပြုတော်မူသော ပဋိညာဉ်၏သွေးဖြစ်သည်ဟု ပြောဆိုလေ၏။-
Hebr BurCBCM 9:21  ထိုနည်း အတိုင်းပင် မိုးဇက်သည် တဲတော်နှင့် ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသောခွက်ဖလားများကိုလည်း သွေးဖြင့် ပက်ဖျန်းလေ၏။-
Hebr BurCBCM 9:22  ပညတ်တရားအရ အရာအားလုံးတို့ ကို သွေးဖြင့် သန့်စင်ရ၏။ သွေးသွန်းလောင်းခြင်းမရှိဘဲ အပြစ်ခွင့်လွှတ်ခြင်း မရရှိနိုင်ပေ။
Hebr BurCBCM 9:23  ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသောအရာ တို့၏ပုံတူများကို ဤသို့သောယဇ်ပူဇော်ခြင်းဝိနည်းတို့ဖြင့် သန့်စင်ပေးရန် လိုအပ်လေ၏။ သို့သော် ကောင်းကင်ဘုံ၌ရှိသောအရာတို့ကိုမူကား သန့်စင်ပေးရန်မှာ ယခု ထက်ပို၍မြင့်မြတ်သော ယဇ်ပူဇော်ခြင်း ကိုလိုအပ်လေ၏။-
Hebr BurCBCM 9:24  ခရစ်တော်သည် လူတို့၏လက်ဖြင့် တည်ဆောက်သည့်သန့်ရှင်းရာဌာနတော်သို့ ဝင်တော်မူခြင်းမဟုတ်။ ယင်းသည် အမှန်တကယ်တည်ရှိသောသန့်ရှင်းရာဌာန ၏ပုံတူသာဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပင်ကြွဝင်၍ ယခုငါတို့ကိုယ်စား ဘုရားသခင်၏ရှေ့တော် သို့ ရောက်ရှိတော်မူ၏။-
Hebr BurCBCM 9:25  ရဟန်းချုပ်သည် မိမိ၏ကိုယ် မှမဟုတ်သောသွေးဖြင့် သန့်ရှင်းရာဌာနသို့ နှစ်စဉ်နှစ် တိုင်း ပြန်လည်ဝင်ရောက်ရသော်လည်း ခရစ်တော်မှာမူ ထိုကဲ့သို့မဟုတ်ဘဲ မိမိကိုယ်ကို ထပ်ခါထပ်ခါပူဇော်ရန် မလိုအပ်ချေ။-
Hebr BurCBCM 9:26  သို့မဟုတ်လျှင် ကိုယ်တော်သည် ကမ္ဘာ လောကကို စတင်ဖန်ဆင်းချိန်မှစ၍ ကြိမ်ဖန်များစွာ အသေခံတော်မူရပေလိမ့်မည်။ ယခုတွင်မူကား ကိုယ် တော်သည် မိမိကိုယ်ကို ပူဇော်တော်မူခြင်းအားဖြင့် အပြစ်ဒုစရိုက်ကို ဖယ်ရှင်းခြင်းငှာ ဤကပ်ကာလအဆုံး ၌ တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပေါ်ထွန်းတော်မူ၏။-
Hebr BurCBCM 9:27  လူသည်ကား တစ်ကြိမ်တည်းသာ သေပြီးနောက် တရား စီရင်တော်မူခြင်းကို ခံရမည်ဖြစ်သကဲ့သို့၊-
Hebr BurCBCM 9:28  လူအများတို့ ၏အပြစ်များကို ဖြေလွှတ်ခြင်းငှာ မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းခံခဲ့သောခရစ်တော်သည်လည်း ဒုတိ ယအကြိမ်ကြွလာတော်မူလိမ့်မည်။ ထိုသို့ကြွလာရာတွင် အပြစ်ဒုစရိုက်နှင့်မသက်ဆိုင်တော့ဘဲ မိမိကို စိတ်အားထက်သန်စွာ စောင့်မျှော်လျက်ရှိကြသောသူတို့အား ကယ်တင်ရန် ကြွလာတော်မူခြင်းဖြစ်၏။
Chapter 10
Hebr BurCBCM 10:1  ပညတ်တရားတွင် နောင်ဖြစ်လာမည့် ကောင်းသောအရာတို့၏ပုံရိပ်မျှသာပါရှိပြီး ၎င်းတို့၏ စစ်မှန်သောရုပ်လွှာများ မပါဝင်သော ကြောင့် နှစ်စဉ်ပူဇော်လေ့ရှိသည့် တူညီသောယဇ်ပူဇော်ခြင်းများအားဖြင့် အထံတော်သို့ ချဉ်းကပ်ကြသောသူတို့အား စုံလင်ခြင်းကို မည်သို့မျှမပေးစွမ်းနိုင်ခဲ့ချေ။-
Hebr BurCBCM 10:2  သူတို့သည် စုံလင်ခြင်းသို့ရောက်ခဲ့ပါလျှင် ယဇ်ပူဇော်ခြင်းများကိုပြုလုပ်ကြတော့ မည်မဟုတ်ပေ။ ဝတ်ပြုသူတို့သည် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်စင်ကြယ်ခြင်းသို့ရောက်ကြပါလျှင် သူတို့၌ အပြစ်ရှိသည်ဟု ထင်မှတ်ကြတော့မည်မဟုတ်။-
Hebr BurCBCM 10:3  ဤပူ ဇော်ခြင်း၌ကား အပြစ်တရားအကြောင်းကို နှစ်စဉ်နှစ် တိုင်းသတိပေးထားလေ၏။-
Hebr BurCBCM 10:4  အဘယ်ကြောင့်ဆိုသော် နွားနှင့် ဆိတ်တို့၏သွေးသည် အပြစ်ဒုစရိုက်များကို ဖယ် ရှင်းပေးရန် မဖြစ်နိုင်ချေ။
Hebr BurCBCM 10:5  ထို့ကြောင့် ခရစ်တော်သည် လောကသို့ကြွလာ တော်မူသောအခါ မိန့်ဆိုသည်ကား ကိုယ်တော်သည် ယဇ်ကောင်နှင့် ယဇ်ပူဇော်သကာတို့ကို အလိုတော်မရှိ သောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင် ထားတော်မူလေပြီ။-
Hebr BurCBCM 10:6  မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ် တို့ကို ကိုယ်တော်နှစ်သက်တော်မမူ။-
Hebr BurCBCM 10:7  သို့ဖြစ်၍ အကျွန်ုပ် ဆိုသည်ကား ကျမ်းစာတော်မြတ် တွင် အကျွန်ုပ်၏ အကြောင်းကို ရေးသားထားသည်နှင့်အညီ အိုဘုရား သခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ် ရောက်ရှိလာ ပါပြီဟူ၍ဖြစ်၏။-
Hebr BurCBCM 10:8  ခရစ်တော်က ကိုယ်တော်သည် မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိ သောယဇ်များနှင့် ပူဇော်သကာများတို့ကို အလိုတော် လည်းမရှိ၊ နှစ်သက်တော်မူခြင်းလည်းမရှိဟုဆိုရာတွင် ပညတ်တရားအတိုင်းပူဇော်ရသောအရာများကို ရည်ညွန်းလျက် မိန့်ဆိုခြင်းဖြစ်၏။-
Hebr BurCBCM 10:9  ထို့နောက် ခရစ်တော်က အကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက် ရန် ရောက်ရှိလာပါပြီဟု ဆိုထားလေ၏။ ဤသို့ဖြင့် ဘုရား သခင်သည် ခရစ်တော်၏ပူဇော်ခြင်းကိုတည်စေခြင်းငှာ ယခင်က ယဇ်ပူဇော်ခြင်းကို ဖျက်သိမ်းတော်မူ၏။-
Hebr BurCBCM 10:10  ထိုအခါ ဘုရားသခင်၏အလိုတော်နှင့်အညီ ယေဇူးခရစ်တော်၏ခန္ဓာကိုယ်ကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပူဇော်ခြင်း အားဖြင့် ငါတို့သည် သန့်ရှင်းစင်ကြယ်လာကြ လေ၏။
Hebr BurCBCM 10:11  ရဟန်းတိုင်းသည် နေ့စဉ်နေ့တိုင်း ရပ်၍ မိမိ၏ဝတ်ပြု ခြင်းဝတ္တရားများကို ဆောင်ရွက်လျက် မည်သည့်အခါမျှ အပြစ်ဖြေလွှတ်နိုင်စွမ်းမရှိသောယဇ်ကို ထပ်ခါတလဲလဲပူဇော်ကြ၏။-
Hebr BurCBCM 10:12  သို့ရာတွင် ခရစ်တော်သည် ကာလ အဆက်ဆက်အတွက် အပြစ်ဖြေလွှတ်ပေးရန် တစ်ခု တည်းသောယဇ်ကို ပူဇော်ပြီးသော အခါ ဘုရားသခင် ၏လက်ယာတော်ဘက်၌ ထိုင်ပြီးလျှင်၊-
Hebr BurCBCM 10:13  ဘုရားသခင် သည် မိမိရန်သူတို့ကို မိမိ၏ခြေဖဝါးအောက်သို့ချထား တော်မူသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။-
Hebr BurCBCM 10:14  အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်းသာ ပူဇော်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်လာကြသော သူတို့အား ထာ၀ရစုံလင်ခြင်းကျေးဇူးတော်ကို ရရှိစေတော်မူ၏။-
Hebr BurCBCM 10:15  ဝိညာဉ်တော်မြတ်သည်လည်း ငါတို့အား သက်သေခံတော်မူသည်မှာ၊-
Hebr BurCBCM 10:16  နောင်လာမည့်နေ့ရက်တို့၌ သူတို့နှင့်ငါပြုလုပ်မည့် ပဋိညာဉ်တရားတော်ဟူမူကား ငါသည် သူတို့၏နှလုံးသားထဲသို့ ငါ၏ ပညတ်တော်တို့ကို ထည့်သွင်းပေး၍ သူတို့၏အတွင်းစိတ်၌ ၎င်းတို့ကို ရေးသားထားမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။-
Hebr BurCBCM 10:17  ထို့နောက် ကိုယ်တော်က ငါသည် သူတို့၏အပြစ်များနှင့် မကောင်းမှုဒုစရိုက်များကို သိမှတ်ထားတော့မည်မဟုတ် ဟုမိန့်တော်မူလေ၏။-
Hebr BurCBCM 10:18  အပြစ်များဖြေလွှတ်ခြင်းခံရလျှင် အပြစ်များအတွက် အပြစ်ဖြေရာယဇ်ပူဇော်ခြင်းများကို မလိုအပ်တော့ပေ။
Hebr BurCBCM 10:19  ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေဇူး၏အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနသို့ ဝင်ရောက် နိုင်ကြောင်းကို အခိုင်အမာယုံကြည်ကြ၏။-
Hebr BurCBCM 10:20  ထိုအသွေး တော်သည်ကား ကိုယ်တော်သည် မိမိ၏ခန္ဓာကိုယ် တည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် ဖွင့်လှစ် ထားသော အသက်ရှင်ခြင်းနည်းလမ်းသစ်ပေတည်း။-
Hebr BurCBCM 10:21  ထို့ပြင် ငါတို့တွင် ဘုရားသခင်၏အိမ်တော်ကို အုပ်ချုပ်တော်မူသောရဟန်းချုပ်တစ်ပါးလည်းရှိသည် ဖြစ်၍၊-
Hebr BurCBCM 10:22  ငါတို့၏စိတ်နှလုံးကို မကောင်းသောစိတ်သန္တာန် မှကင်းစင်စေပြီး ငါတို့၏ခန္ဓာကိုယ်များကိုလည်း သန့်ရှင်းသောရေနှင့် ဆေးကြောလျက် ယုံကြည်ခြင်းဖြင့် ပြည့်နေသည့်စိတ်ရင်းဖြင့် အထံတော်သို့ ချဉ်းကပ်ကြကုန်စို့။-
Hebr BurCBCM 10:23  ငါတို့သည် မိမိတို့ဝန်ခံသော မျှော်လင့်ခြင်းမှ သွေဖည် ခြင်းမရှိဘဲလျက် ၎င်းကို အခိုင်အမာစွဲကိုင်ထားကြကုန်စို့။ အကြောင်း မူကား ကတိထားတော်မူသောအရှင် သည် သစ္စာရှိတော်မူသောကြောင့်တည်း။-
Hebr BurCBCM 10:24  ထိုမှတစ်ပါး ငါတို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ် ခင်ရန်နှင့် ကောင်းကျိုးပြုကြရန် မည်သို့တိုက်တွန်းနှိုး ဆော်ရမည်ကို ထောက်ရှုဆင်ခြင်ကြစို့။-
Hebr BurCBCM 10:25  သင်တို့အထဲမှ အချို့သောသူတို့ပြုလုပ်လေ့ရှိသကဲ့သို့ စုဝေးဝတ်ပြုခြင်း အမှုများကို မစွန့်လွှတ်ကြနှင့်။ ထိုနေ့ရက်ရောက် လုနီးပြီ ဖြစ်၍ သင်တို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် အားပေးကြလော့။
Hebr BurCBCM 10:26  အကယ်၍ ငါတို့သည် သမ္မာတရားကိုခံယူရရှိပြီးမှ မိမိအလိုဆန္ဒအလျောက် အပြစ်ကျူးလွန်ပါလျှင် ပူဇော် ရန်အပြစ်ဖြေရာ ယဇ်ရှိတော့မည်မဟုတ်ဘဲ၊-
Hebr BurCBCM 10:27  အပြစ်ဒဏ် စီရင်ခြင်းခံရမည့်အကြောင်းကိုလည်းကောင်း၊ ဘုရား သခင်ကိုဆန့်ကျင်သောသူတို့ အား လောင်ကျွမ်းစေမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့စိုးရိမ်စိတ် ဖြင့် စောင့်မျှော်နေကြရန်သာ ရှိတော့သည်။-
Hebr BurCBCM 10:28  မိုးဇက်၏ ပညတ်တရားကို ချိုးဖောက်သူမှန်သမျှသည် အသိသက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရလျှင် သနားညှာတာမှုမရရှိဘဲ သေရ၏။-
Hebr BurCBCM 10:29  ထိုသို့ဆိုလျှင် ဘုရားသခင်၏သားတော်ကို ရှုတ်ချပြီး မိမိအား သန့်စင်စေသောပဋိညာဉ်တရား၏ သွေးကိုညစ်ညူးစေလျက် ကျေးဇူးတော်ကိုပေးတော် မူသည့် ဝိညာဉ်တော်အား ထိခိုက်စော်ကားသောသူ သည် မည်မျှလောက်ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်ပါသနည်း။-
Hebr BurCBCM 10:30  အကြောင်းမူကား လက်စားချေခြင်း သည် ငါပြုလုပ်ရမည့်အမှုဖြစ်၍ ငါသည် လက်စားချေမည် ဟူ၍လည်းကောင်း၊ တစ်ဖန် ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးစုအား တရားစီရင်တော်မူမည်ဟူ၍လည်းကောင်း မိန့်တော်မူသောသူသည် မည်သူ ဖြစ်သည်ကို ငါတို့သိကြ၏။-
Hebr BurCBCM 10:31  အသက်ရှင်တော်မူသောဘုရားသခင် ၏လက်တော်သို့ကျရောက်ရခြင်းသည် ကြောက်မက် ဖွယ်ကောင်းလှပေသည်။
Hebr BurCBCM 10:32  သို့သော်လည်း လွန်ခဲ့သည့်အချိန်ကာလများကို သတိရကြလော့။ သင်တို့သည် အလင်းကျေးဇူးတော် ကိုခံကြရပြီးသည့်နောက် ကြမ်းတမ်းသောဒုက္ခဝေဒနာ အမျိုးမျိုးကို ခံထမ်းခဲ့ကြရ၏။-
Hebr BurCBCM 10:33  တစ်ခါတစ်ရံ သင်တို့သည် စော်ကားခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို လူအများရှေ့ တွင် ခံကြရ၍ တစ်ခါတစ်ရံတွင်မူ ဖိစီးနှိပ်စက်ခံရသောသူ တို့၏ဒုက္ခဆင်းရဲတွင် သင်တို့မျှဝေခံစားခဲ့ကြ၏။-
Hebr BurCBCM 10:34  သင်တို့ သည် အကျဉ်းကျနေသောသူတို့အပေါ် ကြင်နာသနား စိတ်ရှိကြသည်သာမက သင်တို့ပိုင်ဆိုင်သောပစ္စည်းများ အား အတင်းအဓမ္မသိမ်းယူခြင်းကိုလည်း ဝမ်းမြောက်သောစိတ်နှင့်လက်ခံကြ၏။ အကြောင်းမူကား သင်တို့၌ ထိုအရာများထက်ပို၍ ကောင်းမွန်ပြီး တည်မြဲသည့်အရာ ရှိကြောင်းကို သင်တို့သိကြသောကြောင့်ပင်ဖြစ်၏။-
Hebr BurCBCM 10:35  ထို့ကြောင့် ကြီးမြတ်သောဆုလာဘ်ကိုရရှိစေနိုင်မည့် သင်တို့၏ယုံကြည်ခြင်းကို မစွန့်လွှတ်ကြနှင့်။-
Hebr BurCBCM 10:36  သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာဆောင်ရွက်နိုင် ရန်နှင့် ကတိထားတော်မူသောအရာများကို ခံစားနိုင်ရန် ဇွဲလုံ့လရှိကြရမည်။-
Hebr BurCBCM 10:37  အကြောင်းမူကား ကြွလာတော်မူ မည့်အရှင်သည် မကြာမီတွင်ပင် ရောက်ရှိလာတော်မူ လိမ့်မည်။ ကိုယ်တော်သည် နှောင့်နှေး ကြန့်ကြာတော်မူ လိမ့်မည်မဟုတ်။-
Hebr BurCBCM 10:38  ငါ၏ဖြောင့်မတ်သောသူမူကား ယုံကြည်ခြင်းဖြင့် အသက်ရှင်လိမ့်မည်။ ထိုသူသည် တွန့်ဆုတ်ခြင်းရှိလျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်ဟု ဘုရားသခင်မိန့်တော်မူ၏။-
Hebr BurCBCM 10:39  ငါတို့မူကား ယုံကြည်ခြင်း၌ လက်လျှော့သဖြင့် ပျက်စီးဆုံးရှုံးသွားသောသူများ ထဲမှမဟုတ်ဘဲ မိမိတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းသို့ ရောက်သည့်တိုင်အောင် ယုံကြည်ခြင်း၌ ခိုင်မြဲကြမည့် သူများဖြစ်ကြ၏။
Chapter 11
Hebr BurCBCM 11:1  ယုံကြည်ခြင်းဆိုသည်မှာ မိမိတို့မျှော်လင့်ထားသည့်အရာနှင့်ပတ်သက်၍ အာမခံချက် ရရှိခြင်း နှင့် မမြင်နိုင်သော အရာတို့ အမှန်ပင် တည်ရှိကြောင်း အခိုင်အမာသိရှိခြင်းပင်ဖြစ်၏။-
Hebr BurCBCM 11:2  အကြောင်းမူကား ငါတို့၏ ဘိုးဘေးတို့သည် သူတို့၏ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သဘောကျထောက်ခံမူကို ရရှိခဲ့ကြ၏။-
Hebr BurCBCM 11:3  မမြင်နိုင်သည့်အရာထဲမှ မြင်နိုင်သည့်အရာဖြစ်ပေါ်လာစေရန် ဘုရားသခင်သည် အမိန့်တော်အားဖြင့် ဤလောကအား ဖန်ဆင်းတော်မူခဲ့ကြောင်းကို ငါတို့သည် ယုံကြည်ခြင်း အားဖြင့် သိနားလည်ကြ၏။
Hebr BurCBCM 11:4  ယုံကြည်ခြင်းအားဖြင့် အာဘေးလ်သည် ကိန္န ဆက်သသောပူဇော်ခြင်းထက် ပို၍လက်ခံဖွယ်ရာဖြစ် သောပူဇော်ခြင်းကို ဘုရားသခင်အား ဆက်ကပ်ခဲ့၏။ ထို ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် သူ့အား ဖြောင့်မတ်သူအဖြစ် အသိအမှတ် ပြုကြောင်းကို သူ၏ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူခြင်းဖြင့် သက်သေခံတော်မူခဲ့၏။ အာဘေးလ်မူကား သေလွန်ခဲ့ပြီးဖြစ် သော်လည်း သူ၏ယုံကြည်ခြင်းအားဖြင့် ယနေ့တိုင်ဟောပြောသက် သေခံလျက်ရှိနေသေး၏။-
Hebr BurCBCM 11:5  ဧနော့သည် ယုံကြည်ခြင်း ရှိသောကြောင့် သေခြင်းကိုမခံရဘဲ ကောင်းကင်သို့ယူ ဆောင်ခြင်းခံရ၏။ ဘုရားသခင်သည် သူ့ကိုယူဆောင် တော်မူသဖြင့် မည်သူမျှ သူ့ကိုရှာ၍ မတွေ့နိုင်ကြချေ။ သူသည် ယူဆောင်တော်မူခြင်းကိုမခံရမီ ဘုရားသခင် အား ကျေနပ်နှစ်သက်စေခဲ့သူဖြစ်ကြောင်း အသိအမှတ် ပြု ခြင်းခံခဲ့ရ၏။-
Hebr BurCBCM 11:6  ယုံကြည်ခြင်းမရှိလျှင် ကိုယ်တော်အား ကျေနပ်နှစ်သက်စေရန် မပြုလုပ်နိုင်ပေ။ အကြောင်းမူ ကား ဘုရားသခင်၏အထံတော်သို့ ချဉ်းကပ်သောသူဟူ သမျှသည် ကိုယ်တော်တည်ရှိတော်မူကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည် မိမိအား ရှာသောသူတို့အား အကျိုးကျေးဇူးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ကြရမည်။-
Hebr BurCBCM 11:7  နောဧသည် နောင်ကာလ၌ ဖြစ်လတ္တံ့သော မမြင်ရသေးသည့်အခြင်းအရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပေးချက်ကိုခံ ရပြီး ယုံကြည်ခြင်း အားဖြင့် ၎င်းကို အလေးထားကာ မိမိ၏မိသားစုကယ် တင်ခြင်းခံရရန် သင်္ဘောတစ်စင်းကို တည်ဆောက်လေ ၏။ သူ၏ယုံကြည်ခြင်းသည် ကမ္ဘာမြေအတွက် တရားစီရင်ခြင်းကဲ့သို့ဖြစ်ပြီး သူမူကား ယုံကြည်ခြင်းမှထွက်ပေါ် လာသောဖြောင့် မတ်ခြင်း ကျေးဇူးကို အမွေခံရသောသူ ဖြစ်လာလေ၏။
Hebr BurCBCM 11:8  အာဘရာဟံသည် မိမိအမွေခံရမည့်ပြည်သို့သွား ရန် ခေါ်တော်မူခြင်းခံရသောအခါ သူသည် မည်သည့် နေရာသို့ မိမိသွား နေသည်ကို မသိဘဲလျက်ပင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏စကားကိုနာခံ၍ ထွက်ခွာလာခဲ့၏။-
Hebr BurCBCM 11:9  ယုံကြည်ခြင်းအားဖြင့် သူသည် ကတိထား တော်မူရာပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ နေထိုင်ခဲ့လေ၏။ သူသည် မိမိနည်းတူ ကတိတော်ကိုခံစားရသော အီဇတ်၊ ယာကုပ်တို့နှင့်အတူ တဲထိုး၍ နေထိုင်ခဲ့လေ၏။-
Hebr BurCBCM 11:10  အကြောင်းမှာ သူသည် ဘုရားသခင် စီမံတည်ဆောက်ထားသည့် အုတ်မြစ်ချထားသောမြို့တော်ကိုမျှော်လင့် စောင့်စားလျက် နေခြင်းကြောင့်ဖြစ်၏။-
Hebr BurCBCM 11:11  ဆာရာကိုယ် တိုင်ပင် အရွယ်လွန်ပြီဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကို ရရှိခဲ့၏။ အကြောင်းမူကား သူမအား ကတိထားတော်မူသောဘုရားသခင်မှာ သစ္စာတည်တော်မူသည်ကို သူမယုံကြည်သောကြောင့် ဖြစ်၏။-
Hebr BurCBCM 11:12  သို့ဖြစ်၍ သေသူကဲ့သို့ပင်ဖြစ်သော အာဘရာ ဟံထံမှဆင်းသက်လာသော သားစဉ်မြေးဆက်သည် ကား မြောက်မြားလှစွာသော ကောင်းကင်ရှိကြယ်များ ကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ မရေမတွက်နိုင် သောသဲပွင့်များကဲ့သို့လည်းကောင်း များပြားလှ ပေသည် တကား။
Hebr BurCBCM 11:13  ဤသူအပေါင်းတို့သည် ကတိထားတော်မူသော အရာကို မခံစားရမီ ဘုရားသခင်ကိုယုံကြည်လျက် သေဆုံးခဲ့ကြ၏။ သို့သော် သူတို့သည် ထိုအရာကို ကြိုတင်သိ မြင်၍ ရှေးအခါကပင် ဝမ်းသာစွာကြိုဆိုခဲ့ကြလေပြီ။ ထို့ပြင် သူတို့သည် ကမ္ဘာမြေပေါ်တွင် ဧည့်သည်သူစိမ်းများ ဖြစ်ကြသည်ကိုလည်း သိမှတ်ဝန်ခံခဲ့ကြ၏။-
Hebr BurCBCM 11:14  အကြောင်းမူကား ထိုကဲ့သို့သိမှတ်ဝန်ခံသောသူတို့က မိမိတို့သည် ကိုယ်ပိုင်တိုင်းပြည်တစ်ခုကိုရှာလျက်ရှိကြောင်း သိသာ ထင်ရှားစေကြ၏။-
Hebr BurCBCM 11:15  ထိုသူတို့သည် မိမိတို့ထွက်ခွာလာခဲ့ သောပြည်ကို တမ်းတကြသည်မှန်လျှင် ထိုပြည်သို့ပြန် ရန်သူတို့၌ အခွင့်အလမ်းရှိကြ၏။-
Hebr BurCBCM 11:16  သို့သော် အမှန်တကယ်တွင်မူ သူတို့သည် ပို၍ကောင်းသောပြည်ကို တမ်း တကြခြင်းဖြစ်၏။ ထိုပြည်ကား ကောင်းကင်ရွှေပြည် တော်ပင်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟုအခေါ်ခံရခြင်းကို ရှက်တော်မမူပေ။ အကြောင်းမူကား ကိုယ်တော် သည် သူတို့နေထိုင်ရန် မြို့တော်ကို တည်ဆောက်တော်မူခဲ့လေပြီ။
Hebr BurCBCM 11:17  အာဘရာဟံသည် ဘုရားသခင်၏စမ်းသပ်ခြင်း ကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် အီဇတ်ကိုပူဇော် လေ၏။ ကတိတော်များကို ရရှိထားသောသူသည် မိမိ၏ တစ်ဦးတည်းသောသားကို ပူဇော်ရန် အသင့်ရှိခဲ့၏။-
Hebr BurCBCM 11:18  အီဇတ်မှတစ်ဆင့် သင်၏အမျိုးအနွယ်ဆင်းသက်လိမ့် မည်ဟူသောဗျာဒိတ်တော်ကို သူရရှိခဲ့ခြင်းပင်ဖြစ်၏။-
Hebr BurCBCM 11:19  ဘုရားသခင်သည် သေသောသူတို့ကိုပင် ပြန်လည်၍ အသက် ရှင်စေနိုင်ကြောင်းကို သူယုံကြည်ခဲ့၏။ သို့ဖြစ်၍ သူသည် မိမိ၏သားကို ပြန်လည်ရရှိခဲ့၏။ ဤသည်ကား သေခြင်းမှ ပြန်ရှင်ခြင်း၏အမှတ်လက္ခဏာပင်တည်း။-
Hebr BurCBCM 11:20  အီဇတ်သည်လည်း ယုံကြည်ခြင်းအားဖြင့် ယာကုပ်နှင့် ဧဆာဦးတို့ကို နောင်ကာလနှင့်ဆိုင်သောကောင်းချီးများ ပေးခဲ့၏။-
Hebr BurCBCM 11:21  ယာကုပ်သည်လည်း သေလုနီးပါးအချိန်တွင် ယုံကြည်ခြင်းအားဖြင့် ဂျိုးဇက်၏သားနှစ်ယောက်တို့ကို ကောင်းချီးပေး၍ မိမိ၏တောင်ဝှေးပေါ် မှီလျက် ဘုရားသခင်အား ဦးချရှိခိုးလေ၏။-
Hebr BurCBCM 11:22  ဂျိုးဇက်သည် မိမိဘ၀၏ နောက်ဆုံးအချိန်သို့ရောက်သောအခါ အစ္စရာအဲလ် လူမျိုးတို့ အီဂျစ်ပြည်မှလွတ်မြောက်မည့် အကြောင်းကို ယုံကြည်ခြင်းအားဖြင့် ရညွှန်းပြောကြားကာ မိမိ၏ အရိုးများနှင့်ပတ်သက်၍ မည်သို့ပြုလုပ်ရမည်ကို မှာကြား ခဲ့လေ၏။
Hebr BurCBCM 11:23  မိုးဇက်ကိုဖွားမြင်ပြီးနောက် သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့် သူ့အား သုံးလတိုင်တိုင် ဝှက်ထားခဲ့ကြ၏။ အကြောင်းမူကား မိုးဇက်သည် အဆင်းလှသော သူငယ်ဖြစ်သည်ကို သူတို့မြင်လျှင် ဘုရင်၏အမိန့်တော် ကိုလွန်ဆန်ရန် ကြောက်ရွံ့ ခြင်းမရှိကြတော့ပေ။-
Hebr BurCBCM 11:24  မိုးဇက်သည် အရွယ်ရောက်လာသောအခါ မိမိအား ဖာရော ဘုရင့်သမီးတော်၏သားတော်ဟူ၍ ခေါ်ဝေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်ခဲ့၏။-
Hebr BurCBCM 11:25  သူသည် အပြစ် တရား၏မတည်မြဲသောစည်းစိမ်ကို ခံစားခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခကို ဝေမျှ ခံထမ်းရန် ရွေးချယ်ခဲ့လေ၏။-
Hebr BurCBCM 11:26  ခရစ်တော်အတွက် ကဲ့ရဲ့ရှုတ်ချခံရခြင်းမှာ အီဂျစ်ပြည်၏ဥစ္စာစည်းစိမ်တို့ထက် ပို၍တန်ဖိုးကြီးမားသည်ဟု သူထင်မြင်ယူဆ ခဲ့လေ၏။ အကြောင်းမူကား သူသည် ရရှိမည့်ဆုလာဘ်တော်ကို မျှော်ကိုးလျက်နေသောကြောင့်ဖြစ်၏။-
Hebr BurCBCM 11:27  သူသည် ဘုရင်၏အမျက်တော်သင့်မည်ကို ကြောက်ရွံ့ ခြင်းမရှိဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်မှထွက်ခွာခဲ့၏။ အဘယ် ကြောင့်ဆိုသော် သူသည် မမြင်နိုင်သောဘုရားသခင် အားမြင်တွေ့လျက်ရှိသကဲ့သို့ မိမိဦးတည်ချက်အတိုင်း စွဲမြဲစွာလုပ်ဆောင် ခဲ့လေ၏။-
Hebr BurCBCM 11:28  မိမိတို့၏သားဦးများအား သေခြင်း၏တမန်တော်က မသတ်စေခြင်းငှာ မိုးဇက် သည် ယုံကြည်ခြင်းအားဖြင့် ပါစကားပွဲတော်ကို စီမံကျင်း ပ၍ တံခါးတိုင်များကိုသွေးဖြင့် ပက်ဖျန်းစေခဲ့၏။
Hebr BurCBCM 11:29  ယုံကြည်ခြင်းအားဖြင့် အစ္စရာအဲလ်အမျိုးသားတို့သည် ပင်လယ်နီကို ခြောက်သွေ့သောကုန်းမြေသဖွယ် ဖြတ်ကျော်ခဲ့ကြ၏။ အီဂျစ်အမျိုးသားများကလည်း ထိုနည်းအတိုင်းပြုလုပ်ရန်ကြိုးစားကြသောအခါတွင်မူ သူ တို့သည် ရေနစ်သေဆုံးကြကုန်၏။-
Hebr BurCBCM 11:30  ယုံကြည်ခြင်းအားဖြင့် သူတို့သည် ဂျေရီခိုမြို့ပတ်လည်ကို ခုနစ်ရက်တိုင်တိုင် လှည့်ပတ်ချီတက်ကြပြီးနောက် မြို့ရိုးများကိုပြို ကျစေကြ၏။-
Hebr BurCBCM 11:31  ပြည့်တန်ဆာမ ရာဟပ်သည်လည်း အစ္စရာအဲလ် လူမျိုးသူလျှိုတို့အား ယုံကြည်ခြင်းဖြင့် ကြိုဆိုလက်ခံခဲ့သောကြောင့် မယုံကြည်သောသူတို့နှင့်အတူ အသတ်ခံ ရခြင်းမှ ကင်းလွတ်ခဲ့လေ၏။
Hebr BurCBCM 11:32  ငါသည် မည်သည့်အရာကို ဆက်လက်ဖော်ပြရန် လိုပါသေးသနည်း။ ဂိဒေအွန်၊ ဘာရ၊ ဆမ်စွန်၊ ဂျက်ဖသာ၊ ဒါဝိဒ်၊ ဆာမူအဲလ်နှင့် တကွ ပရောဖက်အပေါင်းတို့၏ အကြောင်းများကိုဖော်ပြရန်ကား အချိန်လုံလောက်မည် မဟုတ်။-
Hebr BurCBCM 11:33  ထိုသူတို့သည် ယုံကြည်ခြင်း အားဖြင့် အခြားသောတိုင်းနိုင်ငံများကို နှိမ်နင်းအောင်မြင်ကြခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ကတိထားတော်မူသောအရာများကို ခံစားရရှိခြင်း၊-
Hebr BurCBCM 11:34  ခြင်္သေ့တို့၏နှုတ်များကိုပိတ်ခြင်း၊ အလျှံ ညီးညီးတောက်လောက်သောမီးကို ငြိမ်းအေးစေခြင်း၊ ဓားဘေးမှကင်းလွတ်ခြင်း၊ အားနည်းရာမှ ခွန်အားပြည့်လာခြင်း၊ စစ်ပွဲ၌စွမ်းအားသတ္တိနှင့်ပြည့်စုံ၍ တိုင်းတစ်ပါး သားတို့၏တပ်များကို ဆုတ်ခွာထွက်ပြေး စေခြင်းစသည့် အမှုတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြ၏။-
Hebr BurCBCM 11:35  အချို့သောအမျိုး သမီးတို့သည်လည်း သေဆုံးသွားသောသူတို့ကို ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြန်လည်ရရှိကြ၏။ အချို့သော သူတို့သည် သာ၍မွန်မြတ်သောဘ၀အသက်တာသို့ တစ်ဖန်ရှင်ပြန်ထမြောက်ခြင်းငှာ လွတ်မြောက်ခြင်းကို လက်မခံဘဲ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြ၏။-
Hebr BurCBCM 11:36  အချို့သောသူ တို့သည် ကဲ့ရဲ့ရှုတ်ချခြင်းနှင့် တိုင်၌ချည်၍ ရိုက်နှက်ခြင်း တို့ကို ခံခဲ့ကြရ၏။ အချို့သောသူတို့မူကား သံကြိုးဖြင့် ခတ်၍ အကျဉ်းချထားခြင်းခံခဲ့ကြရ၏။-
Hebr BurCBCM 11:37  သူတို့သည် ကျောက်ခဲနှင့်ပေါက်သတ်ခြင်း၊ လွှဖြင့်နှစ်ပိုင်းပိုင်းဖြတ် ခြင်း၊ ဓားဖြင့် သတ်ခြင်းတို့ကို ခံခဲ့ကြရ၏။ သူတို့သည် ခိုကိုး ရာမဲ့ဖြစ်ကြ၍ နှိပ်စက်ခြင်း၊ မတရားအနိုင်အထက်ပြု ခြင်းတို့ကိုခံရကာ သိုးသားရေ၊ ဆိတ်သားရေတို့ကိုသာ ဝတ်ဆင်၍ လှည့်လည်သွားလာကြရ၏။-
Hebr BurCBCM 11:38  ဤကမ္ဘာ လောကသည် သူတို့နှင့် မထိုက်တန်သဖြင့် သူတို့သည် တောကန္တာရများနှင့် တောင်တန်းဒေသများသို့ လှည့်လည် သွားလာကြရပြီး လိုဏ်ဂူများနှင့် မြေတွင်းများတွင် နေထိုင်ကြရ၏။
Hebr BurCBCM 11:39  ဤသူအပေါင်းတို့သည် မိမိတို့၏ယုံကြည်ခြင်း ကြောင့် အသိအမှတ်ပြုခြင်းခံကြရသော်လည်း ကတိ ထားတော်မူသောအရာကို မခံစားခဲ့ရချေ။-
Hebr BurCBCM 11:40  အကြောင်း မူကား ထိုသူတို့သည် ငါတို့မပါဝင်ဘဲလျက် စုံလင်ခြင်း သို့မရောက်ရှိရန် ဘုရားသခင်သည် ငါတို့အတွက် ပို၍ ကောင်းမွန်သောအရာကို ကြိုတင်စီမံတော်မူခဲ့သော ကြောင့်ဖြစ်၏။
Chapter 12
Hebr BurCBCM 12:1  ထို့ကြောင့် ငါတို့ပတ်လည်၌ ဤမျှများပြားလှစွာသော သက်သေများဖြင့် ပြည့်လျက်ရှိသည်ဖြစ် ၍ငါတို့အား ဝန်ပိစေသည့် အရာ အားလုံး တို့ကိုလည်းကောင်း၊ ငါတို့၌ ကပ်၍ ငြိတွယ်နေသည့် အပြစ်ဒုစရိုက်ကို လည်းကောင်း ဖယ်ရှားပြီးလျှင် ငါတို့၏ရှေ့တွင် ရှိသော ပန်းတိုင်သို့ရောက်ခြင်းငှာ ဇွဲလုံ့လဖြင့် ပြေးကြကုန်စို့။-
Hebr BurCBCM 12:2  ငါတို့၏ယုံကြည်ခြင်းကို အစပျိုးပေးခဲ့ပြီး စုံလင်ခြင်းသို့ ရောက်သည့်တိုင်အောင် ဦးဆောင်ပေးခဲ့သောယေဇူးကို မျက်မှောက် ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိခံစားရ မည့်ဝမ်းမြောက်ခြင်းအတွက် လက်ဝါးကပ်တိုင်တင်ခြင်း ကို ရှက်ဖွယ်ရာအဖြစ် မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော် လက်ယာဘက်တွင် စံပယ်တော်မူ၏။
Hebr BurCBCM 12:3  ကိုယ်တော်သည် အပြစ်ရှိသောသူတို့၏မုန်းတီး ဆန့်ကျင်မှုကို မည်မျှအထိခံတော်မူခဲ့ကြောင်း ထောက်ရှုစဉ်းစားကြလော့။ သို့မှသာ သင်တို့သည် စိတ်ပျက်အား လျော့ခြင်းနှင့် ကင်းဝေးကြလိမ့်မည်။-
Hebr BurCBCM 12:4  သင်တို့သည် အပြစ်ဒုစရိုက်ကို တွန်းလှန်တိုက်ခိုက် ကြရာတွင် သွေးမြေကျသည်အထိ ဆန့်ကျင်ခြင်းမပြုလုပ်ဖူးသေးပေ။-
Hebr BurCBCM 12:5  သင်တို့ကို သားသမီးများဟူ၍ ခေါ်ဝေါ်သည့် အားတက် ဖွယ်ရာကျမ်းချက်ကို သင်တို့မေ့လျော့ကြပြီလော။ ကျမ်း ချက်ဟူမူကား ငါ့သား၊ ထာ၀ရဘုရားသခင်၏ပဲ့ပြင်တော် မူချက်တို့ကို ဂရုတစိုက်နာခံလော့။ အပြစ်တင်ဆုံးမတော် မူသောအခါ၌လည်း စိတ်ပျက် ငြိုငြင်ခြင်းမရှိလေနှင့်။-
Hebr BurCBCM 12:6  အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် မိမိ ချစ်ခင်တော်မူသောသူတို့ကို သွန်သင်ပဲ့ပြင်ပြီးလျှင် သားအဖြစ်လက်ခံ သောသူတိုင်းကို ဆုံးမတော်မူတတ်သော ကြောင့်ဖြစ်၏။-
Hebr BurCBCM 12:7  စည်းကမ်းသေဝပ်မှုရှိရန် ထိုအရာများကို သင်တို့ခံထမ်းကြရမည်သာဖြစ်၏။ ဘုရားသခင်သည် သင်တို့ကို သားသမီးအဖြစ် ဆက်ဆံပြုမူလျက်ရှိ၏။ ဖခင် မဆုံးမသည့်သားဟူ၍ရှိသလော။-
Hebr BurCBCM 12:8  လူတိုင်းခံယူရသည့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့မခံယူကြလျှင် သင်တို့သည် သားအရင်းများမဟုတ်ကြဘဲ တရားမဝင်သော သားများ ဖြစ်ကြပေလိမ့်မည်။-
Hebr BurCBCM 12:9  ထိုမျှမက ငါတို့တွင် ဆုံးမပဲ့ပြင်ပေး သော လူသားဖခင်တို့ရှိပြီး ထိုသူတို့ကို ငါတို့ရိုသေလေး စားကြ၏။ သို့ဖြစ်လျှင် ငါတို့သည် အသက်ကိုရရှိခြင်းငှာ ဝိညာဉ်ရေးဆိုင်ရာဖခင်၏ဆုံးမပဲ့ပြင်မှုကို ပို၍ခံယူသင့် သည်မဟုတ်လော။-
Hebr BurCBCM 12:10  လူသားဖခင်တို့သည် တိုတောင်း သောကာလကိုရှေးရှု၍ မိမိတို့နှစ်သက်သည့်အတိုင်း ငါတို့ကို ပဲ့ပြင်ဆုံးမတတ်ကြ၏။ ကိုယ်တော်မူကား ငါတို့ ၏ကောင်းကျိုးကို ရှေးရှု၍ ငါတို့အား ပဲ့ပြင်ဆုံးမတော်မူ၏။ဤသို့ဖြင့် ငါတို့သည် ကိုယ်တော်၏ သန့်ရှင်း ခြင်း၌ ပါဝင် ခံစားနိုင်ကြပေလိမ့်မည်။-
Hebr BurCBCM 12:11  ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ် ခဏတာအချိန်၌ နှစ်လိုဖွယ်ရာမဖြစ်ဘဲ စိတ်မချမ်း မြေ့သယောင်ထင်ရ၏။ သို့သော် နောင်အခါတွင် ဆုံးမပဲ့ ပြင်ခံရသောသူတို့သည် ဖြောင့်မတ်ခြင်း၏ကောင်းကျိုး ဖြစ်သော ငြိမ်းချမ်းသာယာခြင်းကျေးဇူးကို ရရှိကြ လေ သည်။
Hebr BurCBCM 12:12  ထို့ကြောင့် သင်တို့၏နွမ်းနယ်သည့်လက်များကို ပင့်မြှောက်၍ တုန်ရီနေသည့်ဒူးများကို သန်မာစေကြလော့။-
Hebr BurCBCM 12:13  သင်တို့သွားရာ လမ်းကို ဖြောင့်ဖြူးစေကြလော့။ သို့မှသာလျှင် ထိခိုက်ထားသောခြေလက်တို့မှာ ကိုယ် အင်္ဂါချို့တဲ့သည့် အဖြစ်သို့မရောက်ဘဲ ပျောက်ကင်းချမ်း သာလာကြလိမ့်မည်။
Hebr BurCBCM 12:14  လူတိုင်းနှင့် ငြိမ်းချမ်းစွာနေနိုင်ရန် ကြိုးစားကြလော့။ မွန်မြတ်သန့်ရှင်းရန်လည်း ကြိုးစားကြလော့။ မွန်မြတ် သန့်ရှင်းမှုမရှိလျှင် မည်သူမျှ ဘုရားသခင်ကိုဖူးမြင်ရလိမ့် မည်မဟုတ်။-
Hebr BurCBCM 12:15  မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်ကို မခံစားရဘဲ မရှိစေနှင့်။ ခါးသီးသောအမြစ်မှ အပင်ပေါက် လာပြီး အနှောင့်အယှက် မပေးစေရန်လည်း သတိပြုကြလော့။ ယင်းသည် များစွာသောလူတို့အား ညစ်ညူးစေနိုင်၏။-
Hebr BurCBCM 12:16  အဘယ်သူမျှ ဧဆာဦးကဲ့သို့ အကျင့်ပျက်၍ ဘုရားတရားမဲ့သူမဖြစ်စေနှင့်။ သူသည် အစားတစ်နပ် အတွက် သားဦးအရာကို ရောင်းချခဲ့သူဖြစ်၏။-
Hebr BurCBCM 12:17  သင်တို့ သိကြသည့်အတိုင်း ယင်းနောက်တွင် ဧဆာဦးသည် ကောင်းချီးမင်္ဂလာအမွေကို ခံယူလိုသောအခါတွင် ငြင်း ပယ်ခြင်းခံ ရလေ၏။ သူသည် မျက်ရည်ဖြင့်အသနားခံခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုလည်း ရှာမတွေ့ခဲ့ပေ။
Hebr BurCBCM 12:18  သင်တို့သည် လက်ဖြင့်စမ်းသပ်၍သိရှိနိုင်သော တောင်သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင်တွင် မီးတောက်လောင်ခြင်း၊ မှောင်မဲညိုမှိုင်းခြင်း၊ မိုးသက်မုန် တိုင်းကျခြင်း စသည်တို့ဖြစ်ပေါ် ပြီးလျှင်၊-
Hebr BurCBCM 12:19  တံပိုးခရာမှုတ် သံနှင့် ဗျာဒိတ်တော်အသံများထွက်ပေါ်လာခဲ့၏။ ဤသို့ ဖြင့် ထိုအသံကို ကြားရသောသူတို့သည် မိမိတို့အား ထပ် မံ၍ မိန့်တော်မမူမည့်အကြောင်း တောင်းပန်ခဲ့ကြ၏။-
Hebr BurCBCM 12:20  အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ပင်လျှင် ထိုတောင်ကို သွား၍ ထိပါက ကျောက်ခဲနှင့် ပေါက်သတ်ခြင်းခံရမည် ဟူသောပညတ် အမိန့်သံကို သူတို့မနာခံဝံ့သောကြောင့် ဖြစ်၏။-
Hebr BurCBCM 12:21  ထိုမြင်ကွင်းတစ်ခုလုံးသည် အလွန်ထိတ်လန့် ဖွယ်ကောင်းသဖြင့် မိုးဇက်က ငါသည် ကြောက်ရွံ့တုန် လှုပ်လျက်ရှိသည်ဟု ဆိုခဲ့၏။-
Hebr BurCBCM 12:22  သင်တို့မူကား ဇီအွန် တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော်တည်းဟူသော ကောင်းကင်ဘုံ ရှိဂျေရုဆလင်မြို့တော်သို့လည်းကောင်း၊ အတိုင်းမသိ များစွာသောကောင်းကင်တမန်တော်တို့ပျော်ရွှင်စွာစု ဝေးရာသို့လည်းကောင်း ရောက်ရှိနေကြပြီဖြစ်၏။-
Hebr BurCBCM 12:23  ထို့အတူ သင်တို့သည် ကောင်းကင်နိုင်ငံသားအဖြစ် စာရင်း ဝင်ထားသော ဘုရားသခင်၏သားဦးများစုဝေးရာသို့ လည်းကောင်း၊ ခပ်သိမ်းသောလူတို့ကို တရားစီရင်တော်မူသည့် ဘုရားသခင်၏အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်ရှိခဲ့ကြသော ဖြောင့်မတ်သူတို့၏ ဝိညာဉ်များရှိရာနေရာသို့လည်းကောင်း ရောက်ရှိနေကြ ပြီဖြစ်၏။-
Hebr BurCBCM 12:24  ထိုမျှမက သင်တို့သည် ပဋိညာဉ်တော်အသစ် တွင် ကြားဝင်စေ့စပ်ပေးတော်မူသော ယေဇူး၏အထံ တော်သို့လည်းကောင်း၊ အာဘေးလ်၏အသွေးထက်သာ၍ အကျိုးရှိစွာတောင်းဆိုပေးသည့် ပက်ဖျန်းထား သောအသွေးတော်ထံသို့လည်းကောင်း ရောက်ရှိ နေကြ လေပြီ။
Hebr BurCBCM 12:25  သင်တို့သည် မိန့်မှာလျက်ရှိတော်မူသောအရှင် ကိုမငြင်းပယ်ရန် သတိပြုကြလော့။ အကြောင်းမူကား ကမ္ဘာပေါ်တွင် မိမိတို့အား သတိပေးသောသူ၏စကားကို ငြင်းပယ်ကြသောသူတို့သည် အပြစ်ဒဏ်မှ မလွတ်လျှင် ကောင်းကင်ဘုံမှ မိန့်တော်မူသော အရှင်၏စကားကို ငါတို့သည် နားမထောင်ဘဲနေကြပါက အပြစ်ဒဏ်စီရင် ခြင်းမှ လွတ်မြောက်ရန် ပို၍မဖြစ်နိုင်ပေ။-
Hebr BurCBCM 12:26  ထိုစဉ်အခါက ကိုယ်တော်၏အသံတော်သည် ကမ္ဘာမြေကြီးကို တုန် လှုပ်စေတော်မူ၏။ ယခုမူကား ကိုယ်တော်က ငါသည် ကမ္ဘာမြေကြီးကိုသာမက၊ ကောင်းကင်ကိုလည်း နောက် တစ်ကြိမ်တုန်လှုပ်စေဦးမည်ဟု ငါတို့အား ကတိထား တော်မူခဲ့လေပြီ။-
Hebr BurCBCM 12:27  နောက်တစ်ကြိမ်ဟူသောစကား၏ အဓိပ္ပာယ်မှာ တုန်လှုပ်ခြင်းခံရသော ဖန်ဆင်းခံအရာတို့ အား ဖယ်ရှားခြင်းကို ရည်ညွန်းခြင်း ဖြစ်၏။ ဤသို့ဖြင့် မတုန်လှုပ်နိုင်သောအရာတို့သာလျှင် ကျန်ရစ်ကြလိမ့် မည်ဟုဆိုလိုသတည်း။-
Hebr BurCBCM 12:28  ထို့ကြောင့် ငါတို့သည် မတုန် လှုပ်နိုင်သောနိုင်ငံတော်ကို ရရှိကြသည်ဖြစ်၍ ကျေးဇူး တော်ကိုချီးမွမ်းကြစို့။ ငါတို့သည် ဘုရားသခင်အား ကျေးဇူးတုံ့ပြန်၍ ကြောက်ရွံ့ရိုသေသောစိတ်နှင့်ကိုယ်တော် နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကိုးကွယ်ကြ ကုန်စို့။-
Hebr BurCBCM 12:29  အဘယ်ကြောင့်ဆိုသော် ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းစေတတ်သည့်မီးဖြစ်တော် မူသော ကြောင့် တည်း။
Chapter 13
Hebr BurCBCM 13:1  ညီအစ်ကိုချင်းကဲ့သို့ တစ်ဦးကိုတစ်ဦး ဆက် လက်၍ချစ်ခင်ကြလော့။-
Hebr BurCBCM 13:2  သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မလစ်ဟင်းစေနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဤနည်းဖြင့် ကောင်းကင် တမန်တော် တို့ကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။-
Hebr BurCBCM 13:3  အကျဉ်းကျခံနေသူ များနှင့်အတူ အကျဉ်းချထားခြင်းခံရသကဲ့သို့ မှတ်ယူ၍ သူတို့ကို အောက်မေ့သတိရကြလော့။ ထို့အတူ မတရား ဖိနှိပ်ခံရသောသူများကိုလည်း အောက်မေ့သတိရကြလော့။ အကြောင်းမူကား သင်တို့သည်လည်း သူတို့နှင့် အတူ ပေါင်းစည်းလျက်ရှိသောကြောင့်ဖြစ်၏။
Hebr BurCBCM 13:4  ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကို လူတိုင်းလေးစား ကြရမည်။ ထိမ်းမြားခြင်းအမှုကို ညစ်ညူးခြင်းမရှိစေကြ နှင့်။ အကြောင်းမူကား ဘုရားသခင်သည် အကျင့်တရား ဖောက်ပြန်သူနှင့် သူတစ်ပါး၏အိမ်ရာကို ပြစ်မှားသူတို့ အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
Hebr BurCBCM 13:5  သင်တို့၏ဘ၀ ကို ငွေကြေးတပ်မက်ခြင်းနှင့် ကင်းလွတ်စေ၍ မိမိတို့၌ရှိ သမျှဥစ္စာဖြင့်သာ တင်းတိမ်ရောင့်ရဲကြလော့။ အကြောင်း မူကား ကိုယ်တော်က ငါသည် သင့်ကို မည်သည့်အခါမျှ မစွန့်လွှတ်၊ မည်သည့်အခါမျှလည်း အလျှင်းပစ်ပယ်ထား မည်မဟုတ်ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။-
Hebr BurCBCM 13:6  ထို့ကြောင့် ငါတို့သည်လည်း ထာ၀ရဘုရားသခင်သည် ငါ့ကို ကူညီမစတော်မူသောသခင်ဖြစ်သဖြင့် ငါသည် ကြောက်ရွံ့ လိမ့်မည်မဟုတ်၊ လူတို့သည် ငါ့ကို အဘယ်သို့ပြုလုပ် နိုင်မည်နည်းဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြစို့။
Hebr BurCBCM 13:7  သင်တို့အား ဘုရားသခင်၏နှုတ်တော်ထွက်စကား ကိုဟောပြောကြသော သင်တို့၏ခေါင်းဆောင်များကို အောက်မေ့သတိ ရကြလော့။ သူတို့၏ဘ၀မှထွက်ပေါ် လာသောကောင်းကျိုးများကို ဆင်ခြင်သုံးသပ်၍ သူတို့ ၏ယုံကြည်ခြင်းကို အတုယူကြလော့။-
Hebr BurCBCM 13:8  ယေဇူးခရစ် တော်သည် မနေ့၊ ယနေ့နှင့် နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲတည်ရှိတော်မူ၏။-
Hebr BurCBCM 13:9  သင်တို့သည် ကွဲလွဲထူး ခြားသောအယူဝါဒအမျိုးမျိုးတို့၏ဆွဲဆောင်ခြင်း၌ လမ်းလွဲမသွားကြလေနှင့်။ စိတ်ဝိညာဉ်အတွက် ခွန်အားကို အစားအစာအားဖြင့်မရယူဘဲ ကျေးဇူးတော်အားဖြင့်သာ ရယူသင့်၏။ အစားအစာကို တပ်မက်သောသူတို့သည် ကောင်းကျိုးကိုမခံကြရပေ။-
Hebr BurCBCM 13:10  ငါတို့တွင် ယဇ်ပလ္လင်တစ်ခု ရှိပြီး တဲတော်၌ အမှုတော်ထမ်းဆောင်နေကြသောသူ တို့သည် ထိုယဇ်ပလ္လင်မှ ယူ၍စားပိုင်ခွင့် မရှိပေ။-
Hebr BurCBCM 13:11  ရဟန်း သည် တိရစ္ဆာန်များ၏အသွေးကို သန့်ရှင်းရာဌာနအတွင်း သို့ယူဆောင်၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ပြီးသော အခါ ယဇ်ကောင်တို့၏ရုပ်ကြွင်းများကို တဲတော်အပြင် ဘက်၌ မီးရှို့ပစ်ရ၏။-
Hebr BurCBCM 13:12  ထို့ကြောင့် ယေဇူးသည်လည်း မိမိ၏အသွေးတော်အားဖြင့် လူအပေါင်းတို့ကို ဆေးကြောသန့်စင်ပေးရန်အလို့ငှာ မြို့တံခါး၏ အပြင်ဘက်၌ ဒုက္ခဝေဒနာခံစား၍ အသေခံတော်မူ၏။-
Hebr BurCBCM 13:13  ထို့ကြောင့် ငါတို့ သည်လည်း ကိုယ်တော်ရှိရာ မြို့အပြင်သို့သွား၍ ကိုယ် တော့်အတွက် ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြကုန်စို့။-
Hebr BurCBCM 13:14  အဘယ် ကြောင့်ဆိုသော် ဤလောက၌ ငါတို့အတွက် တည်မြဲ သောမြို့မရှိသောကြောင့်ဖြစ်၏။ ငါတို့သည် နောင်လာ လတ္တံ့သောမြို့ကို စောင့်မျှော်လျက်ရှိကြ၏။-
Hebr BurCBCM 13:15  ထို့ကြောင့် ငါတို့သည် ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်မှတစ်ဆင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။ ထိုချီးမွမ်း ခြင်းယဇ်သည် ကိုယ်တော်၏နာမတော်ကိုဝန်ခံပြောဆို သောနှုတ်ထွက်စကားများဖြစ်လေ၏။-
Hebr BurCBCM 13:16  ကောင်းမှုပြုလုပ် ခြင်းနှင့် မိမိ၌ရှိသောအရာတို့ကိုဝေမျှခြင်းတို့ကို ပြုလုပ်ရန် မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောပူဇော် ခြင်းများကို ဘုရားသခင်နှစ်သက်တော်မူလေ၏။
Hebr BurCBCM 13:17  သင်တို့ခေါင်းဆောင်များ၏စကားကို နားထောင်၍ သူတို့ကို ကျိုးနွံနာခံကြလော့။ အကြောင်းမူကား သူတို့ သည် သင်တို့၏ စိတ်ဝိညာဉ်များကို ကြည့်ရှုစောင့်ရှောက် ပြီးလျှင် ယင်းတို့နှင့်ပတ်သက်၍ အစီရင်ခံရသောသူများ ဖြစ်သောကြောင့်တည်း။ ထိုသူတို့ အား ဤအမှုတော်ကို ဝမ်းမြောက်စွာထမ်းဆောင်ကြပါစေ။ သူတို့သည် ဝမ်း နည်းစွာဆောင်ရွက်ကြရလျှင် သင်တို့တွင် လည်း မည်သို့ မျှအကျိုးရှိလိမ့်မည်မဟုတ်။
Hebr BurCBCM 13:18  ငါတို့အတွက် ဆုတောင်းပေးကြလော့။ အဘယ် ကြောင့်ဆိုသော် ငါတို့သည် ငါတို့၏အသိစိတ်ကြည်လင် သည်ကို အသေအချာ သိကြပြီး ခပ်သိမ်းသောအမှုတို့၌ ဂုဏ်သရေရှိစွာပြုလုပ်လိုသောဆန္ဒရှိသောကြောင့်ဖြစ်၏။-
Hebr BurCBCM 13:19  ငါသည် သင်တို့ထံသို့ လျင်မြန်စွာ ပြန်လည်ရောက် ရှိနိုင်ရန်အတွက် ဆုတောင်းပေးကြပါမည့်အကြောင်း သင်တို့အား ငါအထူး ပင်တိုက်တွန်းနှိုးဆော်ပါ၏။
Hebr BurCBCM 13:20  ထာ၀ရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် ကြီးမြတ်သည့်သိုးထိန်းဖြစ်တော်မူသော ငါတို့၏သခင် ယေဇူးကို သေခြင်းမှ တစ်ဖန် ရှင်ပြန်ထမြောက်စေသော ငြိမ်းချမ်းသာယာခြင်း၏ဘုရားသခင်သည်၊-
Hebr BurCBCM 13:21  သင်တို့ အား ကောင်းသောအရာဟူသမျှနှင့် ပြည့်စုံစေတော်မူပါစေ။ ဤသို့ဖြင့် သင်တို့သည် ကိုယ်တော်၏အလိုတော် ကိုလိုက်နာနိုင်ကြပေလိမ့်မည်။ ဘုရားသခင်သည် မိမိနှစ် သက်တော်မူသောအရာတို့ကို ယေဇူးခရစ်တော်အား ဖြင့်ငါတို့၌ ပြုပြင်ပေးတော်မူပါစေသော်။ ယေဇူးခရစ်တော် အား ကမ္ဘာအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေ သော်။ အာမင်။
Hebr BurCBCM 13:22  ညီအစ်ကိုတို့၊ ငါ၏အားပေးတိုက်တွန်းစကားများ ကိုသည်းခံလျက် နာယူကြရန် သင်တို့အား ငါတောင်းပန်ပါသည်။ ထို့အတွက် ကြောင့်ပင် ငါသည် သင်တို့ထံသို့ အကျဉ်းချုံး၍ ရေးသားလိုက်ခြင်းဖြစ်၏။-
Hebr BurCBCM 13:23  ငါတို့၏ညီ အစ်ကိုဖြစ်သော တီမောသီဦး အကျဉ်းထောင်မှလွတ် လာပြီဖြစ်ကြောင်းကို သင်တို့အား ငါသိစေလို၏။ သူသည် ငါ့ထံသို့ အချိန်မီရောက်ရှိလာလျှင် သူနှင့်အတူ သင်တို့ကို ငါလာတွေ့မည်။-
Hebr BurCBCM 13:24  သင်တို့၏ခေါင်းဆောင်များ အားလုံးနှင့် သူတော်သူမြတ်အပေါင်းတို့အား နှုတ်ဆက် ပေးကြပါလော့။ အီတလီပြည်မှလာသော ညီအစ်ကိုတို့ ကလည်း သင်တို့အား နှုတ်ဆက်လိုက်ပါ၏။-
Hebr BurCBCM 13:25  ဘုရား သခင်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေ။ အာမင်။