Chapter 1
| II S | BurJudso | 1:1 | ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊ | |
| II S | BurJudso | 1:2 | သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး၏။ | |
| II S | BurJudso | 1:3 | ဒါဝိဒ်ကလည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။ | |
| II S | BurJudso | 1:4 | ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟုမေးလျှင်၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။ | |
| II S | BurJudso | 1:5 | ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊ | |
| II S | BurJudso | 1:6 | ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။ | |
| II S | BurJudso | 1:8 | ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။ | |
| II S | BurJudso | 1:9 | ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊ | |
| II S | BurJudso | 1:10 | လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍သတ်ပါ၏။ ခေါင်းတော် ၌ဆောင်းသောဦးရစ်နှင့်လက်ရုံးတော်၌ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။ | |
| II S | BurJudso | 1:12 | ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။ | |
| II S | BurJudso | 1:13 | ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ၏ဟုပြန်လျှောက်သော်၊ | |
| II S | BurJudso | 1:14 | ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက်၊ | |
| II S | BurJudso | 1:15 | လုလင်တယောက်ကိုခေါ်၍၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ် လေ၏။ | |
| II S | BurJudso | 1:16 | ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟုဆို၏။ | |
| II S | BurJudso | 1:18 | ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊ | |
| II S | BurJudso | 1:19 | အိုဣသရေလဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။ | |
| II S | BurJudso | 1:20 | ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။ | |
| II S | BurJudso | 1:21 | အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။ | |
| II S | BurJudso | 1:22 | သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။ | |
| II S | BurJudso | 1:23 | ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။ | |
| II S | BurJudso | 1:24 | အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။ | |
| II S | BurJudso | 1:25 | စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌သင်သည် အသေခံ လေပြီတကား။ | |
| II S | BurJudso | 1:26 | ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏။ | |
Chapter 2
| II S | BurJudso | 2:1 | ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစုံတမြို့သို့ သွားရပါမည်လောဟု ထာဝရဘုရား ထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟုမေးလျှောက်သော်၊ ဟေဗြုန်မြို့သို့ သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊ | |
| II S | BurJudso | 2:2 | ဒါဝိဒ်သည် မယားနှစ်ယောက်၊ ယေဇရေလမြို့သူအဟိနောင်၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ၏။ | |
| II S | BurJudso | 2:3 | မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့၍သူတို့သည် ဟေဗြုန်မြို့ရွာတို့၌ နေကြ၏။ | |
| II S | BurJudso | 2:5 | ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော်၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ်၍၊ သင်တို့သည် သင်တို့အရှင်ရှောလု၌ ကရုဏာ ကျေးဇူးပြု၍ အလောင်းတော်ကိုသင်္ဂြိုဟ်သောကြောင့်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရကြပါစေ သော။ | |
| II S | BurJudso | 2:6 | ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကို ပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။ | |
| II S | BurJudso | 2:7 | ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့။ သင်တို့အရှင်ရှောလုသေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ၏။ | |
| II S | BurJudso | 2:8 | သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊ | |
| II S | BurJudso | 2:9 | ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။ | |
| II S | BurJudso | 2:10 | ရှောလု၏သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ် စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ၏။ | |
| II S | BurJudso | 2:11 | ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။ | |
| II S | BurJudso | 2:12 | တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊ | |
| II S | BurJudso | 2:13 | ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက်၌ ထိုင်ကြ၏။ | |
| II S | BurJudso | 2:14 | အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော်၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း၊ | |
| II S | BurJudso | 2:15 | ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ၍ကူးလာကြ၏။ | |
| II S | BurJudso | 2:16 | သူတို့သည်လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဘက်၏ ခေါင်းကိုကိုင်လျက်၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။ | |
| II S | BurJudso | 2:17 | ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။ | |
| II S | BurJudso | 2:18 | ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလပါကြ၏။ အာသဟေလသည်တော၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။ | |
| II S | BurJudso | 2:21 | အာဗနာကလည်း၊ လက်ျာဘက်သော်၎င်း၊ လက်ဝဲဘက်သော်၎င်း လှည့်သွားလျက်၊ လုလင် တယောက်ကို ဘမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။ | |
| II S | BurJudso | 2:22 | တဖန်အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊ | |
| II S | BurJudso | 2:23 | အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျား ဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည် လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလလဲ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ၏။ | |
| II S | BurJudso | 2:24 | ယွာဘနှင့် အဘိရှဲသည် အာဗနာကိုလိုက်၍ ဂိဗောင်တောသို့ သွာသောလမ်းနား၊ ဂိအာမြို့ရှေ့မှာ ရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင်၏။ | |
| II S | BurJudso | 2:25 | ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ၏။ | |
| II S | BurJudso | 2:26 | ထိုအခါအာဗနာက၊ ယွာဘကိုဟစ်၍၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင်၊ | |
| II S | BurJudso | 2:27 | ယွာဘက၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက်၊ | |
| II S | BurJudso | 2:29 | အာဗနာနှင့်သူ၏လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။ | |
| II S | BurJudso | 2:30 | ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ။ | |
| II S | BurJudso | 2:31 | ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ။ | |
Chapter 3
| II S | BurJudso | 3:1 | ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက်၍၊ ဒါဝိဒ်သည်အားတိုးပွားလျက်၊ ရှောလု အမျိုးသည် အားရွေ့လျော့လျက် ရှိကြ၏။ | |
| II S | BurJudso | 3:2 | ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း။ | |
| II S | BurJudso | 3:3 | ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။ | |
| II S | BurJudso | 3:5 | ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန် မြို့၌ ဒါဝိဒ်မြင်သောသားတည်း။ | |
| II S | BurJudso | 3:6 | ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကို ခိုင်မာစေ၏။ | |
| II S | BurJudso | 3:7 | ရှောလု၌ အဲအာ၏သမီးရိဇပမည်သော မယားငယ်တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့အဘ၏ မယားငယ်ကိုအဘယ်ကြောင့် သိမ်းသနည်းဟု အာဗနာအားဆိုလျှင်၊ | |
| II S | BurJudso | 3:8 | ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကို ဆီးတား၍ သင့်အဘရှောလု အမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော။ | |
| II S | BurJudso | 3:10 | ဒါဝိဒ်၏ အာဏာတော်ကိုဒန်မြို့မှစ၍ ဗေရ ရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ် ရပ်တို့၌ တည်စေခြင်းငှါ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆို တော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊ | |
| II S | BurJudso | 3:12 | ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။ | |
| II S | BurJudso | 3:13 | ဒါဝိဒ်ကလည်း ကောင်းပြီ။ သင်နှင့်ငါ မိဿဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတခုရှိ၏။ ငါ့မျက်နှာကိုမြင်အံ့သောငှါ လာသောအခါ၊ ရှောလုသမီး မိခါလကို ဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို၏။ | |
| II S | BurJudso | 3:14 | ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊ | |
| II S | BurJudso | 3:16 | သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ၏။ | |
| II S | BurJudso | 3:17 | အာဗနာသည်လည်း၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက်၊ သင်တို့သည် အထက်က ဒါဝိဒ်ကိုရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်ရှိကြသည်ဖြစ်၍၊ | |
| II S | BurJudso | 3:18 | ယခုချီးမြှောက်ကြလော့။ ထာဝရဘုရားက၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ၏လူ ဣသရေလအမျိုးကို ဖိလိတ္တိ လူတို့လက်မှ၎င်း၊ ရန်သူအပေါင်းတို့လက်မှ၎င်း၊ ငါကယ် နှုတ်မည်ဟု ဒါဝိဒ်အဘို့ မိန့်တော်မူပြီဟု ဆိုလေ၏။ | |
| II S | BurJudso | 3:19 | တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ၏၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား၍၊ | |
| II S | BurJudso | 3:20 | လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ ရောက်သဖြင့်၊ ဒါဝိဒ်သည် ပွဲလုပ်၍ အာဗနာနှင့် သူ၏ လူတို့ကိုကျွေး၏။ | |
| II S | BurJudso | 3:21 | အာဗနာကလည်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ ၎င်း၊ ကိုယ်တော်သည်အလိုတော်ရှိသမျှအတိုင်း စိုးစံစေခြင်းငှါ၎င်း၊ ကျွန်တော်ထသွား၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင်၊ ကျွန်တော်ရှင်ဘုရင် ထံတော်၌စုဝေး စေပါမည်ဟု လျှောက်ပြီးမှ၊ ဒါဝိဒ်လွှတ်လိုက်၍ သူသည် ငြိမ်ဝပ်စွာ သွားလေ၏။ | |
| II S | BurJudso | 3:22 | ထိုအခါ ယွာဘနှင့်ဒါဝိဒ်၏ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကို ယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ် နှင့်အတူဟေဗြုန်မြို့၌ မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ။ | |
| II S | BurJudso | 3:23 | ယွာဘနှင့် သူ၌ပါသောစစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ၊ နေရ၏သားအာဗနာသည် ရှင်ဘုရင်ထံတော်သို့လာပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက်၍၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအား ကြားပြောလျှင်၊ | |
| II S | BurJudso | 3:24 | ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင်၍၊ ကိုယ်တော်သည် အဘယ်သို့ပြုတော်မူသနည်း။ အာဗနာ သည်အထံတော်သို့လာပြီးမှ တဖန်အလွတ်သွားစေခြင်းငှါ အဘယ်ကြောင့် လွှတ်လိုက်တော်မူသနည်း။ | |
| II S | BurJudso | 3:25 | နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူ ခြင်းအလုံးစုံကို သိအံ့သောငှါသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊ | |
| II S | BurJudso | 3:26 | အထံတော်ကထွက်၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက်၊ သိရရေတွင်းမှ ခေါ်လေ၏။ ထိုအမှုကို ဒါဝိဒ်မသိ။ | |
| II S | BurJudso | 3:27 | အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ ဝမ်းကိုထိုး၍ သူသည်လည်း သေ၏။ | |
| II S | BurJudso | 3:28 | ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ၊ နေရ၏သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရ ဘုရားရှေ့တော်၌ လွတ်ပါစေ။ ငါ့နိုင်ငံလွတ်ပါစေ။ | |
| II S | BurJudso | 3:29 | ယွာဘခေါင်း၊ သူ့အဆွေအမျိုးအပေါင်းတို့၏ ခေါင်းပေါ်သို့ရောက်ပါစေ။ ယွာဘ၏အဆွေအမျိုး၌ ရိနာစွဲသောသူ၊ နူနာစွဲသောသူ၊ ကျောကုန်းသောသူ။ ထားဖြင့် သေသောသူ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို၏။ | |
| II S | BurJudso | 3:30 | ထိုသို့ယွာဘနှင့်ညီ အဘိရှဲသည်အာဗနာကို သတ်၏။ အကြောင်းမူကား၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ၌ အာဗနာသတ်သတည်း။ | |
| II S | BurJudso | 3:31 | ဒါဝိဒ်ကလည်း၊ ယွာဘနှင့်မိမိ၌ရှိသောသူ အပေါင်းတို့အား၊ သင်တို့အဝတ်ကိုဆုတ်၍ လျှောက်တေ အဝတ်ကိုဝတ်လျက်၊ အာဗနာအတွက် ငိုကြွေးမြည်တမ်း ခြင်းကို ပြုကြလော့ဟု အမိန့်တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက်လေ၏။ | |
| II S | BurJudso | 3:32 | အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး ၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။ | |
| II S | BurJudso | 3:34 | သင်၏လက်ကိုမချည်၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက် ဆို၏။ လူအပေါင်းတို့သည်လည်း တဖန်ငိုကြွေးကြ၏။ | |
| II S | BurJudso | 3:35 | မိုဃ်းမချုပ်မှီ ဒါဝိဒ်သည် စားတော်ခေါ်မည် အကြောင်း လူအပေါင်းတို့သည် ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်က၊ နေမဝင်မှီ မုန့်အစရှိသော စားစရာတစုံတခုကို ငါမြည်းစမ်းလျှင်၊ ထိုမျှမကငါ၌ ဘုရားသခင်ပြုတော် မူစေသတည်းဟု ကျိန်ဆို၏ | |
| II S | BurJudso | 3:36 | ထိုအမှုကိုလူအပေါင်းတို့သည် မှတ်၍ နှစ်သက် ကြ၏။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ၏။ | |
| II S | BurJudso | 3:37 | ရှင်ဘုရင်သည် နေရ၏သားအာဗနာကို သတ် စေခြင်းငှါအလိုမရှိဟု ထိုနေ့၌ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ၏။ | |
| II S | BurJudso | 3:38 | ရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုး၌ မင်းသားဖြစ်သောသူ၊ ကြီးမြတ်သောသူတပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော။ | |
Chapter 4
| II S | BurJudso | 4:1 | အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလူ၏သားသည် ကြားသော် အားလျော့၏။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။ | |
| II S | BurJudso | 4:2 | ရှောလု၏သား၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန်၏သား ဖြစ်ကြ ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း၊ | |
| II S | BurJudso | 4:4 | ရှောလု၏သား ယောနသန်၌ ခြေဆွံ့သော သားတယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသော အခါ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့၏ သိတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ ပြေးစဉ် တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည် ကျ၍ ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။ | |
| II S | BurJudso | 4:5 | ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။ | |
| II S | BurJudso | 4:6 | ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ ဝင်ပြီးလျှင်၊ | |
| II S | BurJudso | 4:7 | အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ ၏။ | |
| II S | BurJudso | 4:8 | ဣရှဗောရှက်၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု၏ သားဣရှဗောရှက်၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု၌၎င်း၊ သူ၏အမျိုးအနွယ်၌၎င်း၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊ | |
| II S | BurJudso | 4:9 | ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ | |
| II S | BurJudso | 4:10 | အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက်၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍သတ်၏။ | |
| II S | BurJudso | 4:11 | ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ၏ အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင်၊ | |
Chapter 5
| II S | BurJudso | 5:1 | ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။ | |
| II S | BurJudso | 5:2 | အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော် မူပြီဟု လျှောက်ဆိုကြ၏။ | |
| II S | BurJudso | 5:3 | ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။ | |
| II S | BurJudso | 5:5 | ဟေဗြုန်မြို့၌နေ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့၌နေ၍ ယုဒပြည်နှင့် ဣသရေလပြည်တရှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။ | |
| II S | BurJudso | 5:6 | တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်းယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ ချီသွားလျှင်၊ ဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည်ဤ မြို့ထဲသို့ မဝင်ရဟု ဆိုကာမျှနှင့် သင့်ကို ဆီးတားလိမ့်မည်ဟု ဆိုကြ၏။ | |
| II S | BurJudso | 5:8 | ထိုနေ့၌ ဒါဝိဒ်က၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကို မုန်းလျက်ပြောဆိုသောမျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။ | |
| II S | BurJudso | 5:9 | ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌၎င်း၊ အတွင်းဘက်၌၎င်း တည်ဆောက်လေ၏။ | |
| II S | BurJudso | 5:10 | ဒါဝိဒ်တိုးပွား၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ၏။ | |
| II S | BurJudso | 5:11 | တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။ | |
| II S | BurJudso | 5:12 | ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။ | |
| II S | BurJudso | 5:13 | ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။ | |
| II S | BurJudso | 5:17 | ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။ | |
| II S | BurJudso | 5:19 | ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊ | |
| II S | BurJudso | 5:20 | ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။ | |
| II S | BurJudso | 5:21 | ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။ | |
| II S | BurJudso | 5:23 | ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။ | |
| II S | BurJudso | 5:24 | ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ | |
Chapter 6
| II S | BurJudso | 6:2 | ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ၊ မိမိ၌ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ၏။ | |
| II S | BurJudso | 6:3 | ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။ | |
| II S | BurJudso | 6:5 | ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ | |
| II S | BurJudso | 6:6 | နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။ | |
| II S | BurJudso | 6:7 | ထာဝရဘုရားသည် ဩဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူသည် သေတ္တာတော်နားမှာ သေလေ၏။ | |
| II S | BurJudso | 6:8 | ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း။ | |
| II S | BurJudso | 6:9 | ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက်၊ | |
| II S | BurJudso | 6:10 | မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။ | |
| II S | BurJudso | 6:11 | ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည် လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။ | |
| II S | BurJudso | 6:12 | ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တဖန်သွား၍ ဘုရားသခင်၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။ | |
| II S | BurJudso | 6:13 | ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ၏။ | |
| II S | BurJudso | 6:15 | ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရ ဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။ | |
| II S | BurJudso | 6:16 | ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။ | |
| II S | BurJudso | 6:17 | ထာဝရဘုရား၏ သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။ | |
| II S | BurJudso | 6:18 | မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။ | |
| II S | BurJudso | 6:19 | ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ | |
| II S | BurJudso | 6:20 | ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။ | |
| II S | BurJudso | 6:21 | ဒါဝိဒ်ကလည်း၊ သင့်အဘနှင့်သူ၏ အဆွေအမျိုး အပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရ ဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည်။ | |
| II S | BurJudso | 6:22 | ထိုမျှမက၊ ငါသာ၍ယုတ်မာမည်။ ကိုယ် အထင်အတိုင်းကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော၏။ | |
Chapter 7
| II S | BurJudso | 7:1 | ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။ | |
| II S | BurJudso | 7:2 | ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊ | |
| II S | BurJudso | 7:3 | နာသန်က၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။ | |
| II S | BurJudso | 7:5 | ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော။ | |
| II S | BurJudso | 7:6 | ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။ | |
| II S | BurJudso | 7:7 | ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။ | |
| II S | BurJudso | 7:8 | ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။ | |
| II S | BurJudso | 7:9 | သင်သွားလေရာရာ၌ ငါလိုက်၍သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့်၊ မြေကြီးသား တို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ။ | |
| II S | BurJudso | 7:10 | ထိုမှတပါး ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊ | |
| II S | BurJudso | 7:11 | ငါ၏လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ | |
| II S | BurJudso | 7:12 | သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ | |
| II S | BurJudso | 7:13 | ထိုသားသည် ငါ၏နာမအဘို့ အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။ | |
| II S | BurJudso | 7:14 | ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။ | |
| II S | BurJudso | 7:15 | သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။ | |
| II S | BurJudso | 7:16 | သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 7:18 | ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။ | |
| II S | BurJudso | 7:19 | သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။ | |
| II S | BurJudso | 7:20 | ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။ | |
| II S | BurJudso | 7:21 | နှုတ်ကပတ်တော်ကို ထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ။ | |
| II S | BurJudso | 7:22 | သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။ | |
| II S | BurJudso | 7:23 | နာမတော်ကို ထင်ရှားစေ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။ | |
| II S | BurJudso | 7:24 | အကြောင်းမူကား၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ | |
| II S | BurJudso | 7:25 | ယခုမှာအိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။ | |
| II S | BurJudso | 7:26 | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ် သည် ရှေ့တော်၌တည်ပါစေသော။ | |
| II S | BurJudso | 7:27 | အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော်၌ ပြုချင် သောစိတ်ရှိပါ၏။ | |
| II S | BurJudso | 7:28 | ယခုလည်းအိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ စကားတော်လည်း မှန်ပါ၏။ ဤကျေးဇူးကိုကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။ | |
Chapter 8
| II S | BurJudso | 8:1 | ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။ | |
| II S | BurJudso | 8:2 | မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစုကိုချမ်းသာပေး၏။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ | |
| II S | BurJudso | 8:3 | ဇောဘမင်းကြီးရဟောဘ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊ | |
| II S | BurJudso | 8:4 | ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။ | |
| II S | BurJudso | 8:5 | ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊ | |
| II S | BurJudso | 8:6 | ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မ တော်မူ၏။ | |
| II S | BurJudso | 8:7 | ဟာဒဒေဇာ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင် သွား၏။ | |
| II S | BurJudso | 8:8 | ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။ | |
| II S | BurJudso | 8:9 | ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊ | |
| II S | BurJudso | 8:10 | မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီး ပေးစေခြင်းငှါ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ၏။ | |
| II S | BurJudso | 8:11 | ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူအောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကို၎င်း၊ | |
| II S | BurJudso | 8:12 | ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရား အား ပူဇော်၏။ | |
| II S | BurJudso | 8:13 | ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး၏။ | |
| II S | BurJudso | 8:14 | ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မတော်မူ၏။ | |
| II S | BurJudso | 8:15 | ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။ | |
| II S | BurJudso | 8:17 | အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။ | |
Chapter 9
| II S | BurJudso | 9:1 | တဖန်ဒါဝိဒ်က၊ ငါသည် ယောနသန်အတွက် ကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ၊ ရှောလုအဆွေအမျိုး တစုံတယောက် ကျန်ကြွင်းသေးသလောဟု မေးသော်၊ | |
| II S | BurJudso | 9:2 | ဇိဘအမည်ရှိသော ရှောလု၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တယောက်ကို အထံတော်သို့သွင်း၍ ရှင်ဘုရင်က၊ သင်သည် ဇိဘမှန်သလောဟုမေးလျှင်၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ၏။ | |
| II S | BurJudso | 9:3 | ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ၊ ရှောလုအဆွေအမျိုးတစုံ တယောက်မျှမရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတယောက် ရှိပါသေး၏ဟု လျှောက်သော်၊ | |
| II S | BurJudso | 9:4 | ရှင်ဘုရင်က၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင်၊ ဇိဘက၊ လောဒေဗာရွာ၊ အမျေလသား မာခိရအိမ်၌ ရှိပါသည်ဟု လျှောက်၏။ | |
| II S | BurJudso | 9:5 | ထိုအခါ ဒါဝိဒ်သည် စေလွှတ်၍ ရှောလု၏သားဖြစ်သော ယောနသန်၏သား မေဖိဗောရှက်ကို၊ လောဒေဗာရွာ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့၍၊ | |
| II S | BurJudso | 9:6 | သူသည် အထံတော်သို့ ရောက်သောအခါ ပြပ်ဝပ်လျက် ရှိခိုးလေ၏။ ဒါဝိဒ်ကလည်း၊ မေဖိဗောရှက်ဟုခေါ်လျှင်၊ ကိုယ်တော်ကျွန်ရှိပါသည်ဟုလျှောက်လေ၏။ | |
| II S | BurJudso | 9:7 | ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊ | |
| II S | BurJudso | 9:8 | မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း ဟု ဦးချ၍ပြန်လျှောက်၏။ | |
| II S | BurJudso | 9:9 | ထိုအခါရှင်ဘုရင်သည် ရှောလု၏ကျွန်ဇိဘကို ခေါ်၍၊ ရှောလုနှင့် သူ၏အဆွေအမျိုးများ ပိုင်ထိုက်သမျှ တို့ကို သင့်သခင်၏သားအား ငါပေးပြီ။ | |
| II S | BurJudso | 9:10 | သင်သည်သင်၏သားကျွန်တို့နှင့်တကွ လယ်လုပ်၍ သင့်သခင်၏သားစားစရာဘို့ အသီးအနှံကို သွင်းရမည်။ သို့ရာတွင် သင့်သခင်၏သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ အစာစားရမည်ဟု မိန့်တော်မူ၏။ ဇိဘ၌ သားတဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ၏။ | |
| II S | BurJudso | 9:11 | ဇိဘကလည်း၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက်၏။ ထိုနောက်၊ မေဖိဗောရှက်သည် ရှင်ဘုရင်၏သားရင်းကဲ့သို့ စားပွဲတော်၌ အစာစားရ၏။ | |
| II S | BurJudso | 9:12 | မေဖိဗောရှက်၌ မိက္ခာအမည်ရှိသော သားငယ်တယောက်ရှိ၏။ ဇိဘအိမ်၌ နေသောသူအပေါင်း တို့သည်လည်း မေဖိဗောရှက်၏ ကျွန်ဖြစ်ကြ၏။ | |
Chapter 10
| II S | BurJudso | 10:2 | ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။ | |
| II S | BurJudso | 10:3 | အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။ | |
| II S | BurJudso | 10:4 | ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။ | |
| II S | BurJudso | 10:5 | ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။ | |
| II S | BurJudso | 10:6 | အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။ | |
| II S | BurJudso | 10:7 | ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။ | |
| II S | BurJudso | 10:8 | အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။ | |
| II S | BurJudso | 10:9 | ယွာဘသည်လည်း၊ ရှေ့၌၎င်း၊ နောက်၌၎င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့ တဘက်၌စစ်ခင်းကျင်း၏။ | |
| II S | BurJudso | 10:10 | ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊ | |
| II S | BurJudso | 10:11 | ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။ | |
| II S | BurJudso | 10:12 | ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ၊ | |
| II S | BurJudso | 10:13 | သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ | |
| II S | BurJudso | 10:14 | ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။ | |
| II S | BurJudso | 10:15 | ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ၏။ | |
| II S | BurJudso | 10:16 | ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တဘက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။ | |
| II S | BurJudso | 10:17 | ထိုသိတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တဘက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊ | |
| II S | BurJudso | 10:18 | ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌ သေ၏။ | |
Chapter 11
| II S | BurJudso | 11:1 | အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။ | |
| II S | BurJudso | 11:2 | နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။ | |
| II S | BurJudso | 11:3 | ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။ | |
| II S | BurJudso | 11:4 | တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊ | |
| II S | BurJudso | 11:5 | ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊ | |
| II S | BurJudso | 11:6 | ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊ | |
| II S | BurJudso | 11:7 | ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊ | |
| II S | BurJudso | 11:8 | သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။ | |
| II S | BurJudso | 11:9 | သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။ | |
| II S | BurJudso | 11:10 | ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊ | |
| II S | BurJudso | 11:11 | ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။ | |
| II S | BurJudso | 11:12 | ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။ | |
| II S | BurJudso | 11:13 | ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။ | |
| II S | BurJudso | 11:15 | မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။ | |
| II S | BurJudso | 11:16 | အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။ | |
| II S | BurJudso | 11:17 | မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။ | |
| II S | BurJudso | 11:18 | ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊ | |
| II S | BurJudso | 11:20 | ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။ | |
| II S | BurJudso | 11:21 | ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။ | |
| II S | BurJudso | 11:23 | ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။ | |
| II S | BurJudso | 11:24 | လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊ | |
| II S | BurJudso | 11:25 | ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။ | |
Chapter 12
| II S | BurJudso | 12:1 | နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။ | |
| II S | BurJudso | 12:3 | ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။ | |
| II S | BurJudso | 12:4 | သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊ | |
| II S | BurJudso | 12:5 | ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။ | |
| II S | BurJudso | 12:6 | ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။ | |
| II S | BurJudso | 12:7 | နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။ | |
| II S | BurJudso | 12:8 | သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။ | |
| II S | BurJudso | 12:9 | သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။ | |
| II S | BurJudso | 12:10 | ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။ | |
| II S | BurJudso | 12:11 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။ | |
| II S | BurJudso | 12:12 | သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။ | |
| II S | BurJudso | 12:13 | ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။ | |
| II S | BurJudso | 12:14 | သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊ | |
| II S | BurJudso | 12:15 | နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။ | |
| II S | BurJudso | 12:16 | ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။ | |
| II S | BurJudso | 12:17 | နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။ | |
| II S | BurJudso | 12:18 | ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။ | |
| II S | BurJudso | 12:19 | သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။ | |
| II S | BurJudso | 12:20 | ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။ | |
| II S | BurJudso | 12:21 | ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊ | |
| II S | BurJudso | 12:22 | ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။ | |
| II S | BurJudso | 12:23 | ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 12:24 | တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။ | |
| II S | BurJudso | 12:25 | ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။ | |
| II S | BurJudso | 12:27 | ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။ | |
| II S | BurJudso | 12:28 | ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊ | |
| II S | BurJudso | 12:30 | မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။ | |
Chapter 13
| II S | BurJudso | 13:1 | ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။ | |
| II S | BurJudso | 13:2 | ချစ်အားကြီးသောကြောင့် နာ၍နေ၏။ နှမတော်သည် အပျိုကညာဖြစ်၏။ သူ၌အဘယ်သို့ အလို ပြည့်စုံမည်ကို အာမနုန်သည် ကြံ၍မရနိုင်။ | |
| II S | BurJudso | 13:3 | ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏ အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။ | |
| II S | BurJudso | 13:4 | ကိုယ်တော်သည် ရှင်ဘုရင်၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော၏။ | |
| II S | BurJudso | 13:5 | ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည် အတိုင်း၊ | |
| II S | BurJudso | 13:6 | အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှုကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာလာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကို လုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။ | |
| II S | BurJudso | 13:7 | ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကို စေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကို ချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊ | |
| II S | BurJudso | 13:8 | တာမာသည် မောင်အာမနုန်အိမ်သို့ သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကို ယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကို လုပ်၍ ဖုတ် လေ၏။ | |
| II S | BurJudso | 13:9 | ပုကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာ လောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်း တို့ကို ငါ့ထံမှ ထွက်သွားစေဟုဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။ | |
| II S | BurJudso | 13:10 | တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။ | |
| II S | BurJudso | 13:11 | ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကို ဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။ | |
| II S | BurJudso | 13:12 | တာမာကလည်းမပြုပါနှင့် ငါ့မောင်။ ငါ့ကိုမရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြု သင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။ | |
| II S | BurJudso | 13:13 | ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း၊ | |
| II S | BurJudso | 13:15 | တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟုဆို၏။ | |
| II S | BurJudso | 13:16 | နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ၍ ကြီးသည် ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။ | |
| II S | BurJudso | 13:17 | အစေခံကျွန်တယောက်ကို ခေါ်၍ ဤမိန်းမကို နှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။ | |
| II S | BurJudso | 13:18 | အပျိုကညာဖြစ်သော ရှင်ဘုရင်၏ သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။ | |
| II S | BurJudso | 13:19 | တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌ လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။ | |
| II S | BurJudso | 13:20 | မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော်၊ တာမာသည် မိမိမောင် အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။ | |
| II S | BurJudso | 13:22 | အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား၏။ | |
| II S | BurJudso | 13:23 | ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ၏။ | |
| II S | BurJudso | 13:24 | အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များ တို့ကို ခေါ်၍ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင်၊ | |
| II S | BurJudso | 13:25 | ရှင်ဘုရင်ကမသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး၏။ | |
| II S | BurJudso | 13:26 | အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊ | |
| II S | BurJudso | 13:27 | အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။ | |
| II S | BurJudso | 13:28 | အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း၊ | |
| II S | BurJudso | 13:29 | သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကို စီးလျက် ပြေးသွားကြ၏။ | |
| II S | BurJudso | 13:30 | သူတို့မရောက်မှီအခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။ | |
| II S | BurJudso | 13:31 | ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့ သည်လည်း၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော်၌ နေကြ၏။ | |
| II S | BurJudso | 13:32 | ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။ | |
| II S | BurJudso | 13:33 | ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ ၏။ | |
| II S | BurJudso | 13:34 | ထိုအခါကင်းစောင့်လုလင်သည် မြော်ကြည့်၍၊ မိမိ နောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။ | |
| II S | BurJudso | 13:35 | ယောနဒပ်ကလည်း၊ အရှင်မင်းကြီး၏သားတော်တို့သည် လာကြပါပြီ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ၏ဟု လျှောက်သည် အဆုံး၌၊ | |
| II S | BurJudso | 13:36 | ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော် အပေါင်းတို့သည် ပြင်းစွာ ငိုကြွေးကြ၏။ | |
| II S | BurJudso | 13:37 | အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ၏။ | |
Chapter 14
| II S | BurJudso | 14:1 | ထိုသို့ရှင်ဘုရင်၏ စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသော အခါ၊ | |
| II S | BurJudso | 14:2 | တေကောမြို့သို့ စေလွှတ်၍ ပညာရှိသောမိန်းမကို ခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာ ညည်းတွားဟန်ပြု၍ မသာအဝတ်ကို ဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာ ငိုကြွေးသောမိန်းမယောင် ဆောင်လျက်၊ | |
| II S | BurJudso | 14:4 | ထိုတေကောမြို့သူမိန်းမသည် အထံတော်သို့ ဝင်၍ မြေပေါ်မှာ ပြပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။ | |
| II S | BurJudso | 14:5 | ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေ သော မုတ်ဆိုးမဖြစ်ပါ၏။ | |
| II S | BurJudso | 14:6 | ကိုယ်တော်ကျွန်မ၌သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်ဖြေ သောသူမရှိသောကြောင့် တယောက်သည် တယောက်ကို သေသည်တိုင်အောင် လုပ်ကြံပါ၏။ | |
| II S | BurJudso | 14:7 | ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတဘက်၌ထကြ၍ အစ်ကိုကို သတ် သောသူကိုသေစားသေစေခြင်းငှါ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟုဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကို၎င်း၊ အကျန်အကြွင်းကို၎င်း၊ မြေကြီးပေါ်က သုတ်သင် ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊ | |
| II S | BurJudso | 14:8 | ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအား မိန့်တော်မူ၏။ | |
| II S | BurJudso | 14:9 | တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊ | |
| II S | BurJudso | 14:10 | ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တဖန်သင့်ကို မနှောင့်ရှက်ရဟု မိန့်တော်မူသော်၊ | |
| II S | BurJudso | 14:11 | မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကို သတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည်အထူးသဖြင့် မဖျက်ဆီးစေခြင်းငှါ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား ၏ဆံပင်တပင်မျှ မြေပေါ်သို့ မကျရဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 14:12 | တဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတခွန်းလျှောက်ရသော အခွင့် ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 14:13 | မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏ လူတို့တဘက်၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီးနှင်ထုတ်သော သူကို တဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။ | |
| II S | BurJudso | 14:14 | ငါတို့သည် သေအံ့သော သူဖြစ်ကြ၏။ မြေပေါ် မှာသွန်းပြီးလျှင် နောက်တဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသော သူသည် အစဉ် နှင်ထုတ်ခြင်းကို ခံ၍ မနေရမည်အကြောင်း ကြံစည် တော်မူ၏။ | |
| II S | BurJudso | 14:15 | သို့ဖြစ်၍ ကျွန်တော်မသည် လာ၍ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည်ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်း ပြုတော်မူမည်။ | |
| II S | BurJudso | 14:16 | ငါနှင့်ငါ့သားကိုဘုရားသခင်၏ အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကို နှုတ်အံ့သောငှါ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။ | |
| II S | BurJudso | 14:17 | ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင် ၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။ | |
| II S | BurJudso | 14:18 | ထိုအခါရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင် မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ | |
| II S | BurJudso | 14:19 | ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အားအကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမ က အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ျာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော် မကို မှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။ | |
| II S | BurJudso | 14:20 | ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှါ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင် သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည် တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက် လေ၏။ | |
| II S | BurJudso | 14:21 | ထိုအခါရှင်ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထို လုလင်အဗရှလုံကို တဖန်ခေါ်ရမည်ဟု ယွာဘအား မိန့်တော်မူ၏။ | |
| II S | BurJudso | 14:22 | ယွာဘသည်လည်း မြေပေါ်မှာ ဦးချပြပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီးပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာ ရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ | |
| II S | BurJudso | 14:23 | ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ဆောင်ခဲ့လေ၏။ | |
| II S | BurJudso | 14:24 | ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။ | |
| II S | BurJudso | 14:25 | ဣသရေလအမျိုး တမျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသော သူတယောက်မျှမရှိ။ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တခုမျှမရှိ။ | |
| II S | BurJudso | 14:26 | ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။ | |
| II S | BurJudso | 14:27 | အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။ | |
| II S | BurJudso | 14:28 | အဗရှလုံသည် ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊ | |
| II S | BurJudso | 14:30 | ဒုတိယအကြိမ်ခေါ်သော်လည်း မလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏ လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည် မီးရှို့ကြ၏။ | |
| II S | BurJudso | 14:31 | ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ် ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊ | |
| II S | BurJudso | 14:32 | အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှအဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှါ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏ မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအား ပြောဆိုသော်၊ | |
Chapter 15
| II S | BurJudso | 15:1 | ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို၎င်း၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို၎င်း ပြင်ဆင်လေ၏။ | |
| II S | BurJudso | 15:2 | အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ | |
| II S | BurJudso | 15:3 | အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။ | |
| II S | BurJudso | 15:4 | တဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။ | |
| II S | BurJudso | 15:5 | လူတစုံတယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။ | |
| II S | BurJudso | 15:6 | ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။ | |
| II S | BurJudso | 15:8 | ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊ | |
| II S | BurJudso | 15:9 | ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။ | |
| II S | BurJudso | 15:10 | သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။ | |
| II S | BurJudso | 15:11 | အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ၏။ | |
| II S | BurJudso | 15:12 | ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။ | |
| II S | BurJudso | 15:13 | သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။ | |
| II S | BurJudso | 15:14 | ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ | |
| II S | BurJudso | 15:15 | ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင်၊ | |
| II S | BurJudso | 15:16 | ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ၏။ | |
| II S | BurJudso | 15:17 | ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။ | |
| II S | BurJudso | 15:18 | ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိ လူအပေါင်းသည် ရှေ့တော်၌ ချီသွားကြ၏။ | |
| II S | BurJudso | 15:19 | ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တပါးအမျိုးသား၊ နေရာမကျ သော ဧည့်သည်ဖြစ်၏။ | |
| II S | BurJudso | 15:20 | မနေ့ကသာရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ်၍ ပြန်လော့။ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 15:21 | အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊ | |
| II S | BurJudso | 15:22 | ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။ | |
| II S | BurJudso | 15:23 | ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူ၍တောလမ်း သို့ လိုက်သွားကြ၏။ | |
| II S | BurJudso | 15:24 | ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ၏။ | |
| II S | BurJudso | 15:25 | ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။ | |
| II S | BurJudso | 15:26 | သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ၍၎င်း၊ | |
| II S | BurJudso | 15:27 | ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ် နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။ | |
| II S | BurJudso | 15:28 | သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော် မူသည်အတိုင်း၊ | |
| II S | BurJudso | 15:29 | ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌ နေကြ၏။ | |
| II S | BurJudso | 15:30 | ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ၏။ | |
| II S | BurJudso | 15:31 | အဗရှလုံနှင့်ဝိုင်း၍ ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်း ပါကြောင်းကို ဒါဝိဒ်သည် ကြား လျှင်၊ အိုထာဝရဘုရား၊ အဟိသော ဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။ | |
| II S | BurJudso | 15:32 | တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည် လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။ | |
| II S | BurJudso | 15:34 | မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။ | |
| II S | BurJudso | 15:35 | မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည်။ | |
| II S | BurJudso | 15:36 | သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက်ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း၊ | |
Chapter 16
| II S | BurJudso | 16:1 | ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။ | |
| II S | BurJudso | 16:2 | ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက်၏။ | |
| II S | BurJudso | 16:3 | ရှင်ဘုရင်ကလည်း၊ သင့်သခင်၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော်၊ | |
| II S | BurJudso | 16:4 | ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသော ဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ၏။ ဇိဘကလည်း၊ အရှင်မင်းကြီး ကျွန်တော်သည်ရှေ့တော်၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော် ခံပါသည်ဟု ပြန်လျှောက်လေ၏။ | |
| II S | BurJudso | 16:5 | ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။ | |
| II S | BurJudso | 16:6 | ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့် ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော် မတ်တော်အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။ | |
| II S | BurJudso | 16:8 | ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌အပ်တော်မူပြီ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။ | |
| II S | BurJudso | 16:9 | ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊ | |
| II S | BurJudso | 16:10 | ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေ စေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ၍၎င်း၊ | |
| II S | BurJudso | 16:11 | ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရားမှာထားတော်မူပြီ။ | |
| II S | BurJudso | 16:12 | ထာဝရဘုရားသည် ငါ၏ဒုက္ခကို ကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။ | |
| II S | BurJudso | 16:13 | ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။ | |
| II S | BurJudso | 16:14 | ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။ | |
| II S | BurJudso | 16:16 | ဒါဝိဒ်၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။ | |
| II S | BurJudso | 16:17 | အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊ | |
| II S | BurJudso | 16:18 | ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍၎င်း၊ | |
| II S | BurJudso | 16:19 | တဖန်အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟု၍၎င်း၊ အဗရှလုံအား လျှောက်ဆို၏။ | |
| II S | BurJudso | 16:21 | အဟိသောဖေလက၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း၊ | |
| II S | BurJudso | 16:22 | နန်းတော်ပေါ်မှာ အဗရှလုံအဘို့ မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ ရှိရာသို့ ဝင်လေ၏။ | |
Chapter 17
| II S | BurJudso | 17:1 | တဖန်အဟိသောဖေလက၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။ | |
| II S | BurJudso | 17:2 | သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။ | |
| II S | BurJudso | 17:3 | လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊ | |
| II S | BurJudso | 17:5 | ထိုအခါ အဗရှလုံက၊ အာခိလူရှဲကိုလည်းခေါခဲ့။ ငါတို့သည် သူ၏စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း၊ | |
| II S | BurJudso | 17:6 | ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ။ သူ၏စကားကို နားထောင် သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊ | |
| II S | BurJudso | 17:8 | ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်း၊ ကိုယ်တော်သိတော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။ | |
| II S | BurJudso | 17:9 | ယခုမှာသူသည် မြေတွင်းတစုံတခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ်အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသိတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။ | |
| II S | BurJudso | 17:10 | ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ သူ၌ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ၏။ | |
| II S | BurJudso | 17:11 | သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။ | |
| II S | BurJudso | 17:12 | ထိုသို့ခမည်းတော်ကိုတွေ့သော အရပ်တစုံတခု၌ သူ့ထံသို့ရောက်လျှင်၊ မြေပေါ်မှာ နှင်းကျကဲ့သို့ သူ့ကိုလွှမ်းမိုး၍ သူနှင့်သူ၌ရှိသောသူတယောက်မျှ မကျန်ကြွင်းရ။ | |
| II S | BurJudso | 17:13 | ၎င်းနည်းခမည်းတော်သည် မြို့တမြို့ထဲသို့ ဝင်လျှင်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြိုးများကို ယူခဲ့၍ ထိုမြို့၌ ကျောက်စရစ်တခုကိုမျှ မကျန်စေခြင်းငှါ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော်၊ | |
| II S | BurJudso | 17:14 | အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံထက်သာ၍ကောင်း သည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှါ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။ | |
| II S | BurJudso | 17:15 | ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။ | |
| II S | BurJudso | 17:16 | သို့ဖြစ်၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့်၊ | |
| II S | BurJudso | 17:17 | ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင်၊ မိန်းမကလေးတယောက်သွား၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား၍ လျှောက်ကြ၏။ | |
| II S | BurJudso | 17:18 | သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း၍၊ | |
| II S | BurJudso | 17:20 | အဗရှလုံ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ၏။ | |
| II S | BurJudso | 17:21 | ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင်၊ မြစ်တဘက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တဘက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊ | |
| II S | BurJudso | 17:22 | ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ။ | |
| II S | BurJudso | 17:23 | အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။ | |
| II S | BurJudso | 17:24 | ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ၏။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ၏။ | |
| II S | BurJudso | 17:25 | အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။ | |
| II S | BurJudso | 17:27 | ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှေဘိ၊ လော ဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊ | |
| II S | BurJudso | 17:28 | ထိုလူတို့သည် တော၌ရေစာ ငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟုဆို၍၊ ဒါဝိဒ်နှင့် သူ၏လူများ စားစရာဘို့ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊ | |
Chapter 18
| II S | BurJudso | 18:2 | လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။ | |
| II S | BurJudso | 18:3 | လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။ | |
| II S | BurJudso | 18:4 | ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။ | |
| II S | BurJudso | 18:5 | ရှင်ဘုရင်ကလည်း၊ ငါ့မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူ၏။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ၊ လူအပေါင်းတို့သည် ကြားကြ၏။ | |
| II S | BurJudso | 18:6 | ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက်၍ ဧဖရိမ်တော၌ စစ်ပြိုင်ကြ၏။ | |
| II S | BurJudso | 18:7 | ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ ရှေ့မှာ ရှုံး၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ၏။ | |
| II S | BurJudso | 18:8 | မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ်၍ သေသည်ထက် တော၌ ဆုံးရှုံးသော သူသာ၍ များကြ၏။ | |
| II S | BurJudso | 18:9 | ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။ | |
| II S | BurJudso | 18:10 | မြင်သော သူတယောက်သည် ယွာဘထံသို့ သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင်၊ | |
| II S | BurJudso | 18:11 | ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော်၊ | |
| II S | BurJudso | 18:12 | ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ။ | |
| II S | BurJudso | 18:13 | ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ် အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက်၌ နေပါလိမ့် မည်ဟု ပြောဆိုသော်၊ | |
| II S | BurJudso | 18:14 | ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။ | |
| II S | BurJudso | 18:16 | ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ၏။ | |
| II S | BurJudso | 18:17 | အဗရှလုံကိုလည်း ယူ၍ တော၌နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ၏။ | |
| II S | BurJudso | 18:18 | အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမ သည် မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ၍ တွင်သတည်း၊ | |
| II S | BurJudso | 18:19 | ထိုအခါ ဇာဒုတ်၏သား အဟိမတ်က၊ ထာဝရ ဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင်၊ | |
| II S | BurJudso | 18:20 | ယွာဘက၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက်ရမည်။ ရှင်ဘုရင်၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ၊ | |
| II S | BurJudso | 18:21 | ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအား ဦးညွှတ်၍ ပြေးလေ၏။ | |
| II S | BurJudso | 18:22 | တဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင်၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း၊ | |
| II S | BurJudso | 18:23 | ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။ | |
| II S | BurJudso | 18:24 | ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊ | |
| II S | BurJudso | 18:25 | ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊ | |
| II S | BurJudso | 18:26 | ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။ | |
| II S | BurJudso | 18:27 | ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။ | |
| II S | BurJudso | 18:28 | အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။ | |
| II S | BurJudso | 18:29 | ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊ | |
| II S | BurJudso | 18:31 | တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊ | |
| II S | BurJudso | 18:32 | ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။ | |
Chapter 19
| II S | BurJudso | 19:2 | ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊ | |
| II S | BurJudso | 19:3 | စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။ | |
| II S | BurJudso | 19:4 | ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗ ရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ၏။ | |
| II S | BurJudso | 19:5 | ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော် သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ။ | |
| II S | BurJudso | 19:6 | ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ၏။ | |
| II S | BurJudso | 19:7 | ယခုမှာထတော်မူပါ။ ကြွ၍ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော်၌ လူတယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊ | |
| II S | BurJudso | 19:8 | ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။ | |
| II S | BurJudso | 19:9 | ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ။ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။ | |
| II S | BurJudso | 19:10 | ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။ | |
| II S | BurJudso | 19:11 | ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။ | |
| II S | BurJudso | 19:12 | သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသား ဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ၍၎င်း၊ | |
| II S | BurJudso | 19:13 | အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့ မှာ ယွာဘ၏ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍၎င်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။ | |
| II S | BurJudso | 19:14 | ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။ | |
| II S | BurJudso | 19:15 | ထိုအခါ ရှင်ဘုရင်သည် ပြန်၍ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ၏။ | |
| II S | BurJudso | 19:16 | ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။ | |
| II S | BurJudso | 19:17 | သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။ | |
| II S | BurJudso | 19:18 | ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊ | |
| II S | BurJudso | 19:19 | ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။ | |
| II S | BurJudso | 19:20 | ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ၏။ | |
| II S | BurJudso | 19:21 | ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော်၊ | |
| II S | BurJudso | 19:22 | ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ၍၊ | |
| II S | BurJudso | 19:24 | ရှောလု၏သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ၏။ ရှင်ဘုရင်ထွက် သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင်၊ သူသည် ခြေတို့ကိုမပြုစု၊ မုတ်ဆိတ်ကို မပြင်ဆင်၊ အဝတ် ကို မလျှော်ဘဲနေပြီ။ | |
| II S | BurJudso | 19:25 | ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင်၊ | |
| II S | BurJudso | 19:26 | အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ၏။ | |
| II S | BurJudso | 19:27 | အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ | |
| II S | BurJudso | 19:28 | ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲ တော်၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊ | |
| II S | BurJudso | 19:29 | ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည်မြေကို ဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 19:30 | မေဖိဗောရှင်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တဖန် ငြိမ်ဝပ်စွာရောက်တော်မူသော ကြောင့်၊ သူသည်အလုံစုံတို့ကိုပင် ယူပါစေဟု လျှောက် လေ၏။ | |
| II S | BurJudso | 19:31 | ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်းငှါ ကိုယ်တော်နှင့်အတူ ကူးလေ၏။ | |
| II S | BurJudso | 19:32 | ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသော သူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံးရှင်ဘုရင်ကို လုပ်ကျွေး၏။ အလွန်ရတတ် သော သူလည်းဖြစ်၏။ | |
| II S | BurJudso | 19:33 | ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊ | |
| II S | BurJudso | 19:34 | ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း။ | |
| II S | BurJudso | 19:35 | ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား၍ သိနိုင်ပါ မည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။ | |
| II S | BurJudso | 19:36 | ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့် အတူ ယော်ဒန်မြစ်တဘက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ် ကြောင့် ချပေးတော်မူမည်နည်း။ | |
| II S | BurJudso | 19:37 | ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်းသူ၌ ပြုတော်မူပါဟု လျှောက် လေ၏။ | |
| II S | BurJudso | 19:38 | ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင် အလိုရှိသည်အတိုင်းသူ၌ ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 19:39 | လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ၊ ဗာဇိလဲကို နမ်း၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် မိမိနေရာ သို့ ပြန်သွား၏။ | |
| II S | BurJudso | 19:40 | ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒအမျိုးသားရှိသမျှ တို့နှင့် ဣသရေလအမျိုး သားတဝက်တို့သည် ရှင်ဘုရင် ကို ပို့ကြ၏။ | |
| II S | BurJudso | 19:41 | တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော်၊ | |
| II S | BurJudso | 19:42 | ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ၏။ | |
| II S | BurJudso | 19:43 | ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည်သာ၍ ခိုင်ခံ့၏။ | |
Chapter 20
| II S | BurJudso | 20:1 | ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊ | |
| II S | BurJudso | 20:2 | ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။ | |
| II S | BurJudso | 20:3 | ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။ | |
| II S | BurJudso | 20:4 | ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။ | |
| II S | BurJudso | 20:6 | ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊ | |
| II S | BurJudso | 20:7 | အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။ | |
| II S | BurJudso | 20:8 | ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။ | |
| II S | BurJudso | 20:9 | ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။ | |
| II S | BurJudso | 20:10 | လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။ | |
| II S | BurJudso | 20:11 | သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။ | |
| II S | BurJudso | 20:12 | အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။ | |
| II S | BurJudso | 20:13 | ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။ | |
| II S | BurJudso | 20:14 | ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘ နောက်သို့ လိုက်ကြ၏။ | |
| II S | BurJudso | 20:15 | ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။ | |
| II S | BurJudso | 20:16 | ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊ | |
| II S | BurJudso | 20:17 | ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ်သည် ဟုဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော်၊ | |
| II S | BurJudso | 20:18 | မိန်းမက၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။ | |
| II S | BurJudso | 20:19 | ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ၏။ ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင်၊ | |
| II S | BurJudso | 20:21 | ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊ | |
| II S | BurJudso | 20:22 | ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။ | |
| II S | BurJudso | 20:23 | ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ | |
Chapter 21
| II S | BurJudso | 21:1 | ထိုနောက်ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 21:2 | ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း။ | |
| II S | BurJudso | 21:3 | ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊ | |
| II S | BurJudso | 21:4 | ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ၏အမျိုး၌ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 21:5 | သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ၏။ | |
| II S | BurJudso | 21:6 | သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။ | |
| II S | BurJudso | 21:7 | သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု၏သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော်၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ၏။ | |
| II S | BurJudso | 21:8 | သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ၍၊ | |
| II S | BurJudso | 21:9 | ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ၍ တပြိုင်နက် သေကြ၏။ | |
| II S | BurJudso | 21:10 | အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ်၌ငှက်မနား၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။ | |
| II S | BurJudso | 21:12 | ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကို သတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ၍၊ | |
| II S | BurJudso | 21:14 | ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။ | |
| II S | BurJudso | 21:15 | နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက်၍ ၊ ဒါဝိဒ်နှင့်သူ၏ ကျွန်တို့ သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ၏။ | |
| II S | BurJudso | 21:16 | ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ၏။ | |
| II S | BurJudso | 21:17 | ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ၏။ | |
| II S | BurJudso | 21:18 | နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ၏။ | |
| II S | BurJudso | 21:19 | နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက်၏ ညီလာခမိ ကို သတ်လေ၏။ | |
| II S | BurJudso | 21:20 | နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်။ | |
| II S | BurJudso | 21:21 | ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ် လေ၏။ | |
Chapter 22
| II S | BurJudso | 22:1 | ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊ | |
| II S | BurJudso | 22:3 | ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။ | |
| II S | BurJudso | 22:4 | ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။ | |
| II S | BurJudso | 22:5 | သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။ | |
| II S | BurJudso | 22:7 | ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။ | |
| II S | BurJudso | 22:8 | ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ | |
| II S | BurJudso | 22:10 | မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။ | |
| II S | BurJudso | 22:12 | မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။ | |
| II S | BurJudso | 22:14 | ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ | |
| II S | BurJudso | 22:15 | လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။ | |
| II S | BurJudso | 22:16 | ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။ | |
| II S | BurJudso | 22:18 | ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ | |
| II S | BurJudso | 22:20 | ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။ | |
| II S | BurJudso | 22:21 | ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။ | |
| II S | BurJudso | 22:22 | အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။ | |
| II S | BurJudso | 22:25 | ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။ | |
| II S | BurJudso | 22:26 | သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊ | |
| II S | BurJudso | 22:27 | သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။ | |
| II S | BurJudso | 22:28 | နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။ | |
| II S | BurJudso | 22:29 | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။ | |
| II S | BurJudso | 22:30 | အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။ | |
| II S | BurJudso | 22:31 | ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။ | |
| II S | BurJudso | 22:32 | ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။ | |
| II S | BurJudso | 22:34 | ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ | |
| II S | BurJudso | 22:35 | ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။ | |
| II S | BurJudso | 22:36 | ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ | |
| II S | BurJudso | 22:39 | သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။ | |
| II S | BurJudso | 22:40 | အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ | |
| II S | BurJudso | 22:41 | အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။ | |
| II S | BurJudso | 22:42 | သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ | |
| II S | BurJudso | 22:43 | ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။ | |
| II S | BurJudso | 22:44 | လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။ | |
| II S | BurJudso | 22:45 | တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။ | |
| II S | BurJudso | 22:47 | ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။ | |
| II S | BurJudso | 22:48 | ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း။ | |
| II S | BurJudso | 22:49 | ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ | |
| II S | BurJudso | 22:50 | ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည်။ | |
Chapter 23
| II S | BurJudso | 23:1 | ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား၊ | |
| II S | BurJudso | 23:2 | ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။ | |
| II S | BurJudso | 23:3 | ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။ | |
| II S | BurJudso | 23:4 | မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။ | |
| II S | BurJudso | 23:5 | ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာ စီရင်၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။ | |
| II S | BurJudso | 23:6 | အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။ | |
| II S | BurJudso | 23:7 | ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။ | |
| II S | BurJudso | 23:8 | ဒါဝိဒ်၏အမှုတော်ထမ်းသူရဲကြီးတို့၏ အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက်၍ လုပ်ကြံလေ၏။ | |
| II S | BurJudso | 23:9 | သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊ | |
| II S | BurJudso | 23:10 | ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။ | |
| II S | BurJudso | 23:11 | သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊ | |
| II S | BurJudso | 23:12 | ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။ | |
| II S | BurJudso | 23:13 | ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင်၌တပ်ချလျက် ရှိကြ၏။ | |
| II S | BurJudso | 23:15 | ဒါဝိဒ်ကလည်း၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော်၊ | |
| II S | BurJudso | 23:16 | ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊ | |
| II S | BurJudso | 23:17 | အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့၏အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ၏။ | |
| II S | BurJudso | 23:18 | ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။ | |
| II S | BurJudso | 23:19 | သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ။ | |
| II S | BurJudso | 23:20 | အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။ | |
| II S | BurJudso | 23:21 | ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့်သူ့ကို သတ်၏။ | |
| II S | BurJudso | 23:23 | ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး၏။ | |
Chapter 24
| II S | BurJudso | 24:1 | နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။ | |
| II S | BurJudso | 24:2 | ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ၏။ | |
| II S | BurJudso | 24:3 | ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွါး စေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏။ | |
| II S | BurJudso | 24:4 | သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ၏။ | |
| II S | BurJudso | 24:5 | ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချ ကြ၏။ | |
| II S | BurJudso | 24:6 | ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား၍၊ | |
| II S | BurJudso | 24:7 | တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။ | |
| II S | BurJudso | 24:8 | ထိုသို့တပြည်လုံး ရှောက်သွား၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။ | |
| II S | BurJudso | 24:9 | ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက်၍၊ ဣသရေလအမျိုး၌ ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။ | |
| II S | BurJudso | 24:10 | ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရ ဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။ | |
| II S | BurJudso | 24:11 | ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊ | |
| II S | BurJudso | 24:12 | ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊ | |
| II S | BurJudso | 24:13 | ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။ | |
| II S | BurJudso | 24:14 | ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။ | |
| II S | BurJudso | 24:15 | ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလ နာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ၏။ | |
| II S | BurJudso | 24:16 | ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာ ရှိ၏။ | |
| II S | BurJudso | 24:17 | လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။ | |
| II S | BurJudso | 24:18 | ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ် တလင်း၌ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု၊ | |
| II S | BurJudso | 24:20 | ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်လျက်၊ | |
| II S | BurJudso | 24:21 | ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်း ဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှါ လာသည်ဟု အမိန့်ရှိသော်၊ | |
| II S | BurJudso | 24:22 | အရောနက၊ ကျွန်တော်သခင်အရှင်မင်းကြီး သည် စိတ်တော်ရှိသည်အတိုင်း ယူ၍ ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဘို့ နွားများရှိပါ၏။ ထင်းဘို့ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက်လျက်၊ | |
| II S | BurJudso | 24:23 | အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။ | |
| II S | BurJudso | 24:24 | ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကို ပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကို ဝယ်ပြီးမှ၊ | |