Site uses cookies to provide basic functionality.

OK
MARK
Up
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Toggle notes
Chapter 1
Mark BurCBCM 1:1  ဘုရားသခင်၏သားတော်ဖြစ်သော ခရစ်တော် ယေဇူး၏ဧဝံဂေလိတရားအစသည်ကား ဤသို့ ဖြစ်သတည်း။
Mark BurCBCM 1:2  ပရောဖက်အီဇာယကျမ်း၌ ရေးထားသည်မှာ ကြည့်လော့၊ သင့်အတွက် လမ်းကိုပြင်ဆင်ခြင်းငှာ ငါ၏တမန်တော်ကို သင်၏ ရှေ့၌ ငါစေလွှတ်မည်။-
Mark BurCBCM 1:3  တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား သခင်ဘုရားကြွ လာတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့၊ ကိုယ်တော် ၏လမ်းများကို ဖြောင့်တန်းစေကြလော့ဟူ၍ဖြစ်၏။
Mark BurCBCM 1:4  ယောဟန်ဘတ္တိဇံသည် တောကန္တာရ၌ ထွက်ပေါ်လာ၍ အပြစ်များခွင့်လွှတ်ခြင်းခံရရန်အတွက် နောင်တတရားနှင့် ဆိုင်သော ဆေးကြောခြင်းအကြောင်းကိုဟော ပြောလျက်ရှိ၏။-
Mark BurCBCM 1:5  ဂျူဒေးယပြည်တစ်ပြည်လုံးမှ လူများ နှင့် ဂျေရုဆလင်မြို့သားအပေါင်း တို့သည် သူ့ထံသို့ သွား ကြ၍ မိမိတို့၏အပြစ်များကို ထုတ်ဖော်ဝန်ခံကြလျက် ဂျော်ဒန်မြစ်တွင် သူ့ထံမှ ဆေးကြောခြင်း ကိုခံယူကြလေ၏။-
Mark BurCBCM 1:6  ယောဟန်သည် ကုလားအုပ်မွေးဖြင့်ရက်လုပ်ထားသော အဝတ်ကိုဝတ်ဆင်လျက် ခါးတွင်သားရေခါးစည်းကြိုးကို စည်းထား ပြီး ကျိုင်းကောင်နှင့် တောပျားရည်တို့ကိုသာ စားသောက်၏။-
Mark BurCBCM 1:7  သူက ဟောပြောသည်ကား ငါ့ထက် ပို၍တတ်စွမ်းနိုင်သောသူသည် ငါ့နောက်တွင်ကြွလာ တော်မူလိမ့်မည်။ ငါသည် ပျပ်ဝပ် လျက် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှာ မထိုက်တန်။-
Mark BurCBCM 1:8  ငါသည် သင်တို့ကို ရေဖြင့်ဆေးကြော၏။ သို့သော် သူသည် သင်တို့ကို ဝိညာဉ် တော်မြတ်ဖြင့် ဆေးကြောတော်မူလိမ့်မည် ဟူ၍ဖြစ်သ တည်း။
Mark BurCBCM 1:9  ထိုနေ့ရက်တို့၌ ယေဇူးသည် ဂါလေလေးယနယ်၊ နာဇရက်မြို့မှ ကြွလာတော်မူပြီး ဂျော်ဒန်မြစ်တွင် ယောဟန်ထံမှ ဆေးကြောခြင်းကိုခံတော်မူ၏။-
Mark BurCBCM 1:10  ကိုယ်တော် သည် ရေထဲမှတက်လာတော်မူသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီး ဝိညာဉ်တော်သည် ချိုး ငှက်သဏ္ဌာန်ဖြင့် မိမိအပေါ်ဆင်းသက်လာသည်ကို မြင်တော်မူ၏။-
Mark BurCBCM 1:11  ထို့နောက် ကောင်းကင်မှအသံထွက်ပေါ် လာသည်ကား သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ဟူ၍ဖြစ် ၏။
Mark BurCBCM 1:12  ထို့နောက် ဝိညာဉ်တော်သည် ချက်ချင်းပင် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။-
Mark BurCBCM 1:13  ကိုယ်တော်သည်လည်း ထိုအရပ်၌ ရက်ပေါင်းလေးဆယ် ပတ်လုံးနေစဉ် နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်နှင့်အတူ သားရဲတိရစ္ဆာန်များလည်းရှိကြ၏။ ကောင်းကင်တမန်တော်များသည်လည်း ကိုယ်တော်အတွက် လိုရာကိစ္စ များကို ဆောင်ရွက်ပေးကြ၏။
Mark BurCBCM 1:14  ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယေဇူးသည် ဂါလေလေးယနယ်သို့ကြွလာ၍ ဘုရားသခင်၏ သတင်းကောင်းကို ကြေညာဟောပြောလျက်၊-
Mark BurCBCM 1:15  မိန့်တော်မူသည်ကား အချိန်ကာလသည် ပြည့်စုံလေပြီ။ ဘုရားသခင်၏နိုင်ငံတော်သည်လည်း တည်လုနီးပြီ။ နောင်တရ ကြ၍ ဧဝံဂေလိတရားတော်ကိုယုံကြည်ကြ လော့ဟူ၍ဖြစ်၏။
Mark BurCBCM 1:16  ကိုယ်တော်သည် ဂါလေလေးယပင်လယ်ကမ်း နားတစ်လျှောက် ကြွသွားတော်မူစဉ် စီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့သည် ပင်လယ်တွင် ပိုက်ကွန်ချနေကြသည် ကို မြင်တော်မူ၏။ အကြောင်းမူကား သူတို့သည် တံငါ သည်များဖြစ်ကြ၏။-
Mark BurCBCM 1:17  ထိုအခါ ယေဇူးက သူတို့အား ငါ့နောက်သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသောတံငါဖြစ်စေမည်ဟု မိန့်တော်မူ၏။-
Mark BurCBCM 1:18  သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။-
Mark BurCBCM 1:19  ထို့နောက် ကိုယ်တော်သည် ရှေ့သို့ အနည်းငယ်ကြွသွားတော်မူသောအခါ ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ညီ ယောဟန်တို့ သည် မိမိတို့၏လှေထဲ၌ ပိုက်ကွန်များ ဖာထေးနေကြ သည်ကို မြင်တော်မူ၏။-
Mark BurCBCM 1:20  ထိုအခါ ကိုယ်တော်သည် ချက်ချင်းပင် သူတို့ကိုခေါ်တော်မူသဖြင့် သူတို့သည်လည်း မိမိတို့၏ဖခင် ဇေဘေဒေးဦးကို လှေပေါ်တွင် လူငှားများနှင့် ထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။
Mark BurCBCM 1:21  ထို့နောက် သူတို့သည် ကာဖာနာအုမ်မြို့သို့ဝင်ကြ လေ၏။ ကိုယ်တော်သည်လည်း ဥပုသ်နေ့၌ ချက်ချင်းပင် တရားဇရပ် သို့ဝင်၍ သွန်သင်တော်မူ၏။-
Mark BurCBCM 1:22  ထိုအခါ လူတို့ သည် ကိုယ်တော်၏သွန်သင်ချက်ကို အလွန်အံ့ဩကြ ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ ်ဆရာ များကဲ့သို့မဟုတ်ဘဲ ဩဇာအာဏာရှိသောသူကဲ့သို့ သွန် သင်တော်မူသောကြောင့်ဖြစ်၏။-
Mark BurCBCM 1:23  ထိုအချိန်၌ သူတို့၏ တရားဇရပ်တွင် ညစ်ညူးသောနတ်ဆိုးပူးခြင်းခံရသည့် လူတစ်ယောက်ရှိ၏။-
Mark BurCBCM 1:24  ထိုသူက နာဇရက်မြို့သား ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြုလိုပါသနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူပါသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းမြင့် မြတ်သောသူဖြစ်ပါသည်ဟု အော်ဟစ်လေ၏။-
Mark BurCBCM 1:25  သို့သော် ယေဇူးသည် သူ့ကို ကြိမ်းမောင်းကာ တိတ်ဆိတ်စွာနေလော့၊ ဤသူ့ထံမှ ထွက်သွားလော့ဟု အမိန့်ပေးတော်မူ လျှင်၊-
Mark BurCBCM 1:26  ညစ်ညူး သောနတ်ဆိုးသည် ထိုသူ့ကို ပြင်းထန်စွာလှုပ်ခါ၍ ကျယ် သောအသံဖြင့် အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ ၏။-
Mark BurCBCM 1:27  လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤ အခြင်းအရာသည် မည်သို့သောအရာဖြစ်သနည်း။ ၎င်း သည် သွန်သင်ချက် အသစ်ပါတကား။ သူသည် နတ်ဆိုးတို့ကိုပင် အာဏာနှင့်အမိန့်ပေးသောအခါ ၎င်းတို့သည် သူ၏စကားကိုနား ထောင်ကြ ပေသည်ဟု အချင်းချင်းမေး မြန်းပြောဆိုကြ၏။-
Mark BurCBCM 1:28  ကိုယ်တော်၏သတင်းကျော်ကြား ခြင်းသည်လည်း တစ်ခဏချင်းပင် ဂါလေလေးယနယ် ပတ်ဝန်းကျင်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
Mark BurCBCM 1:29  ကိုယ်တော်သည် တရားဇရပ်မှထွက်လျှင်ထွက် ချင်း စီမွန်နှင့် အန္ဒြေးယတို့၏အိမ်သို့ ယာကုပ်၊ ယောဟန် တို့နှင့်အတူ ကြွဝင်တော်မူ၏။-
Mark BurCBCM 1:30  ထိုအချိန်တွင် စီမွန်၏ ယောက္ခမသည် ဖျား၍ အိပ်ရာထဲတွင်လဲနေကြောင်းကို ကိုယ်တော်အား ချက်ချင်းလျှောက် ထားကြ၏။-
Mark BurCBCM 1:31  ကိုယ်တော်သည်လည်း ချဉ်းကပ်၍ သူမကိုလက်မှကိုင်လျက် ထူမလိုက်ရာ သူမသည် အဖျားပျောက်သဖြင့် သူတို့ကို ဧည့်ဝတ်ပြုလေ၏။
Mark BurCBCM 1:32  ထိုညနေခင်းနေဝင်ချိန်တွင် လူတို့သည် မကျန်းမာ သောသူများနှင့် နတ်ဆိုးပူးခြင်းခံရသောသူရှိသမျှတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။-
Mark BurCBCM 1:33  ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါး၀တွင် စုဝေးလျက်ရှိကြ၏။-
Mark BurCBCM 1:34  ကိုယ်တော် သည်လည်း ရောဂါအမျိုးမျိုးကြောင့် ဖျားနာနေကြသော သူအများအပြားကိုပျောက်ကင်းစေ၍ များစွာသောနတ် ဆိုးတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်မည်သူဖြစ်သည်ကိုသိကြသောကြောင့် ကိုယ် တော်သည် သူတို့အား စကားတစ်ခွန်းကိုမျှ ပြောစေခြင်း ငှာ ခွင့်ပြုတော်မမူချေ။
Mark BurCBCM 1:35  နံနက်မိုးမလင်းမီအချိန်တွင် ကိုယ်တော်သည် ထ၍ လူသူကင်းဝေးရာအရပ်သို့ကြွသွားပြီးလျှင် ထိုနေရာ၌ ဆုတောင်း တော်မူ၏။-
Mark BurCBCM 1:36  ထိုအခါ စီမွန်နှင့် သူ၏အပေါင်း အဖော်များသည် ကိုယ်တော့်ကိုလိုက်ရှာကြလေ၏။-
Mark BurCBCM 1:37  သူတို့သည် ကိုယ်တော့်ကိုတွေ့ ကြသောအခါ လူအားလုံးသည် ကိုယ်တော့်ကို ရှာနေကြပါသည်ဟု လျှောက်ကြ၏။-
Mark BurCBCM 1:38  ကိုယ်တော်ကလည်း အနီးပတ်ဝန်းကျင်မြို့ရွာများသို့ ဆက်၍သွားကြစို့။ ထိုနေရာတို့တွင်လည်း သတင်းကောင်းကို ငါဟောကြားရမည်။ ဤအကြောင်းကြောင့် ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 1:39  ထို့ နောက် ကိုယ်တော်သည် ဂါလေလေးယနယ်တစ်နယ် လုံးသို့ ကြွသွား၍ သူတို့၏တရားဇရပ်များတွင် ဟောပြောပြီး နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
Mark BurCBCM 1:40  ထိုအခါ အနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦး သည် အထံတော်သို့လာ၍ ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက် ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟု တောင်းပန်လျှောက် ထားလေ၏။-
Mark BurCBCM 1:41  ယေဇူးသည် ထိုသူ့အပေါ် ကရုဏာသက် တော်မူသဖြင့် မိမိ၏လက်တော်ကို ဆန့်၍ သူ့ကိုတို့ ထိလျက် ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက် စေဟုမိန့်တော်မူလျှင်၊-
Mark BurCBCM 1:42  ချက်ချင်းပင် ထိုသူ၌ အနာကြီး ရောဂါပျောက်ကင်း၍ သူသည် စင်ကြယ်သွားလေ၏။-
Mark BurCBCM 1:43  ထိုအခါ ကိုယ်တော်သည် မဆိုင်း မတွပင် သူ့ကိုအဝေးသို့ လွှတ်လျက် ကြပ်တည်းစွာမိန့်မှာသည်ကား၊-
Mark BurCBCM 1:44  သင်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောမိစေရန် သတိပြု လော့။ သို့သော် လူတို့ရှေ့တွင် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားသည့်အတိုင်း သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြသကာ သင်၏ပျောက်ကင်းစင်ကြယ်ခြင်း အတွက် ပူဇော်သကာကိုဆက်ကပ်လော့ဟု မိန့်တော်မူ ၏။-
Mark BurCBCM 1:45  ထိုသူသည်ကား ထွက်သွားပြီးလျှင် ဤအကြောင်း ကို လူသိရှင်ကြား စတင်ကြေညာ၍ သတင်းတော်ကိုပျံ့နှံ့ စေလေ၏။ ထို့ကြောင့် ယေဇူးသည် မည်သည့်မြို့တွင်းကို မျှ ထင်ရှားစွာမဝင်နိုင်တော့ဘဲ လူသူကင်းဝေးရာမြို့ ပြင် အရပ်တွင်သာနေသဖြင့် လူတို့သည်လည်း အရပ်ရပ်မှ နေ၍ ကိုယ်တော်၏အထံတော်သို့ လာကြကုန်၏။
Chapter 2
Mark BurCBCM 2:1  ရက်အနည်းငယ်ကြာသောအခါ ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ ပြန်ကြွလာတော်မူသဖြင့် ကိုယ်တော်သည် အိမ်၌ရှိ ကြောင်း ကို လူတို့ကြား သိကြလေ၏။-
Mark BurCBCM 2:2  ထိုအခါ များစွာသောလူတို့သည် စုရုံးလာ ကြသောကြောင့် အိမ်တံခါးအပြင်၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် လည်း ထိုသူတို့အား နှုတ်တော် ထွက်စကားကို ဟောပြောတော်မူ၏။
Mark BurCBCM 2:3  ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ဦးကို လူလေးယောက်ဖြင့်ထမ်း၍ အထံတော်သို့ဆောင်ယူခဲ့ကြ၏။-
Mark BurCBCM 2:4  သူတို့သည်လည်း လူအစုအဝေးကြောင့် အထံတော်သို့မချဉ်းကပ်နိုင်ကြသဖြင့် ကိုယ်တော်၏အထက် မှအိမ်ခေါင်မိုးကို ဖောက်ပြီးလျှင် လေဖြတ်သောသူလဲ လျောင်းနေသည့်အိပ်ရာကို လျှောချကြလေ၏။-
Mark BurCBCM 2:5  ယေဇူးသည်လည်း သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေသောသူအား ငါ့သား၊ သင်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။-
Mark BurCBCM 2:6  ထိုနေရာတွင် ထိုင်နေကြသောကျမ်းတတ်ဆရာအချို့တို့က၊-
Mark BurCBCM 2:7  အဘယ်ကြောင့် ဤသူသည် ထိုကဲ့သို့ပြောဆိုရသနည်း၊ ဤစကားသည် ဘုရားသခင်ကို ထိခိုက်ပြောဆိုခြင်းဖြစ်၏၊ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကို ခွင့်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌တွေးတောကြ၏။-
Mark BurCBCM 2:8  ယေဇူးသည် လည်း ထိုသူတို့၏စိတ်ထဲ၌ ဤသို့ တွေးတောနေကြသည်ကို မိမိ၏စိတ်တော်ဖြင့် ချက်ချင်း ပင်သိတော်မူသဖြင့် သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ ဤသို့တွေးတောကြသနည်း။-
Mark BurCBCM 2:9  လေဖြတ်သောသူအား မည်သည့်စကားကိုပြောဆိုရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များမှာ ခွင့်လွှတ်ခြင်းခံရလေပြီ ဟုဆိုခြင်းလော၊ သို့မဟုတ် ထလော့၊ သင်၏အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟုဆိုခြင်းလော။-
Mark BurCBCM 2:10  သို့သော် လူသားသည် ဤလောကတွင် အပြစ်များကိုခွင့်လွှတ်ပိုင် သောအာဏာရှိကြောင်း သင်တို့သိစေရန်ဖြစ်သည်ဟု ဆိုလျက် လေဖြတ်သောသူအား၊-
Mark BurCBCM 2:11  သင့်အား ငါဆိုသည်ကား ထလော့၊ သင့်အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 2:12  ထိုအခါ သူသည်လည်း ထ၍ အိပ်ရာကို ချက်ချင်းယူပြီးလျှင် လူအပေါင်းတို့ရှေ့၌ပင် ထွက်ခွာသွား သဖြင့် သူတို့သည်လည်း အံ့ဩကြလျက် ငါတို့သည် ဤ ကဲ့သို့ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးပါတကားဟုဆိုကြ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော် ကိုချီးမွမ်း ကြ၏။
Mark BurCBCM 2:13  ယေဇူးသည် ပင်လယ်ကမ်းနားသို့ တစ်ဖန်ကြွသွား တော်မူလျှင် လူအစုအဝေးတို့သည် အထံတော်၌ လာရောက်စုရုံးကြ သဖြင့် ကိုယ်တော်သည်လည်း သူတို့ကို သွန်သင်တော်မူ၏။-
Mark BurCBCM 2:14  ထို့နောက် ကိုယ်တော်သည် ဆက် လက်ကြွသွားတော်မူစဉ် အာလ်ဖေးဦး၏သား လေဝိ သည် အခွန်ရုံး၌ထိုင်လျက်ရှိသည် ကို မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်က ငါ့နောက်သို့လိုက်လော့ဟု သူ့အားမိန့်တော်မူလျှင် သူသည်လည်းထ၍ နောက်တော် သို့ လိုက်လေ၏။
Mark BurCBCM 2:15  ထို့နောက် ကိုယ်တော်သည် လေဝိ၏အိမ်၌ ညစာ သုံးဆောင်တော်မူစဉ် များစွာသောအခွန်ခံသူတို့နှင့် အပြစ်ရှိသောသူ တို့သည် ယေဇူးနှင့်အတူ သူ၏တပည့်တော်များနှင့်တကွ စားသောက်ကြလေ၏။ အကြောင်းမူကား ကိုယ်တော်၏ နောက်တော် သို့လိုက်သောသူများ စွာရှိကြ၏။-
Mark BurCBCM 2:16  ထိုအခါ ဖာရီဇေးဦးဂိုဏ်းဝင် ကျမ်းတတ်ဆရာတို့သည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ ကိုယ်တော်စားသောက်နေ သည်ကို မြင်သောအခါ အဘယ်ကြောင့် သူသည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော် တို့အားဆိုကြ၏။-
Mark BurCBCM 2:17  ယေဇူးသည်လည်း ဤစကားကိုကြားလျှင် ကျန်းမာသောသူသည် ဆေးဆရာကိုမလိုအပ်ပေ။ ဖျားနာသောသူမူကား လိုအပ်၏။ ငါသည် ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာသည်ဟု သူတို့ အား မိန့်တော်မူ၏။
Mark BurCBCM 2:18  ထိုအချိန်တွင် ယောဟန်၏တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်လျက်ရှိကြ၏။ လူတို့သည်လည်း ကိုယ်တော့် ထံသို့လာ၍ အဘယ်ကြောင့် ယောဟန်၏ တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်ကြပြီး ကိုယ်တော်၏တပည့်တို့မူကား အစာမရှောင်ကြပါသ နည်းဟုမေးလျှောက်ကြ၏။-
Mark BurCBCM 2:19  ထိုအခါ ယေဇူးက မင်္ဂလာဆောင်ပွဲသို့လာကြသောသူတို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေချိန်တွင် အစာရှောင်နိုင်ကြ ပါမည်လော။ သူတို့သည် မိမိတို့နှင့်အတူ မင်္ဂလာဆောင်သတို့သားရှိနေ သမျှကာလပတ်လုံး အစာမရှောင်နိုင်ကြပေ။-
Mark BurCBCM 2:20  သို့သော် မင်္ဂလာဆောင်သတို့သားကို သူတို့ထံမှခေါ်ဆောင်သွား မည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုအခါ သူတို့ သည် ထိုနေ့တွင် အစာရှောင်ကြလိမ့်မည်။-
Mark BurCBCM 2:21  မည်သူမျှ အဝတ်ဟောင်းကို ပိတ်စသစ်နှင့် ဖာထေးလေ့မရှိ။ ထိုသို့ ပြုလျှင် ပိတ်စအသစ်သည် အဝတ်ဟောင်းမှရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ကျယ်လာတတ်၏။-
Mark BurCBCM 2:22  ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူးဟောင်းအတွင်း ထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် စပျစ်ရည်သစ်သည် သားရေဘူးများကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်၍ သားရေဘူးများလည်း ပျက်စီးလိမ့်မည်။ စပျစ်ရည်သစ်ကို သားရေဘူးသစ် များ၌သာ ထည့်ရ၏ဟု သူတို့အားမိန့်တော်မူ၏။
Mark BurCBCM 2:23  ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကို ဖြတ်၍သွားတော်မူ၏။ ထိုသို့သူတို့သွားနေကြစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံစေ့များကို ဆွတ်ခူးကြ၏။ ထိုအခါ ဖာရီဇေးဦးတို့က ကိုယ်တော်အားကြည့်ပါ၊-
Mark BurCBCM 2:24  သူတို့သည် ဥပုသ်နေ့တွင်မပြုအပ်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်းဟု လျှောက်ကြ၏။-
Mark BurCBCM 2:25  ကိုယ်တော် ကလည်း ဒါဝိဒ်မင်းကြီးသည် မိမိနှင့် မိမိအပေါင်းအဖော် များဆာလောင်၍ အခက်ကြုံသောအခါ မည်ကဲ့သို့ပြုခဲ့ ကြောင်း သင်တို့မဖတ်ဖူးကြသလော။-
Mark BurCBCM 2:26  သူသည် ရဟန်းအကြီးအကဲ အာဘိယသာလက်ထက်၌ ဘုရားသခင်၏အိမ်တော်သို့ဝင်လျက် ရဟန်းများမှတစ်ပါး မည်သူမျှ မစားအပ်သောရှေ့တော်တင်မုန့်ကိုယူ၍စားပြီးမှ မိမိနှင့် အတူရှိသောသူတို့အား ပေးခဲ့သည်ကို သင်တို့မဖတ်ဖူး ကြသလောဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 2:27  ထို့နောက် ကိုယ်တော်က ဥပုသ်နေ့ကို လူတို့အတွက် သတ်မှတ်ထားခြင်း ဖြစ်၏။ လူတို့ကို ဥပုသ်နေ့အတွက် ဖန်ဆင်းထားခြင်း မဟုတ်။-
Mark BurCBCM 2:28  သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့၏အရှင်သခင် ပင်ဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
Chapter 3
Mark BurCBCM 3:1  ကိုယ်တော်သည် တရားဇရပ်သို့တစ်ဖန်ကြွဝင်တော်မူ၏။ ထိုနေရာ၌ လက်တစ်ဖက်သေနေသော လူတစ်ယောက်ရှိ၏။-
Mark BurCBCM 3:2  ထိုအခါ သူတို့သည် ကိုယ်တော့်ကိုအပြစ်တင်စွပ်စွဲအံ့သောငှာ ဥပုသ်နေ့၌ ကိုယ်တော်သည် ထိုသူ့ကိုပျောက်ကင်းစေ လိမ့်မည် လောဟု စောင့်ကြည့်နေကြ၏။-
Mark BurCBCM 3:3  ကိုယ်တော်သည်လည်း လက်တစ်ဖက်သေသောသူအား ရှေ့သို့လာလော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 3:4  ထို့နောက် ကိုယ်တော်က ဥပုသ်နေ့၌ ကောင်းမှုကို ပြုအပ်သလော၊ သို့မဟုတ် မကောင်းမှုကိုပြုအပ်သလော။ လူ့အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် သတ်အပ် သလောဟု သူတို့အား မေးတော်မူ၏။ သူတို့မူကား တိတ် ဆိတ်စွာနေကြ၏။-
Mark BurCBCM 3:5  ထိုအခါ ကိုယ်တော်သည် သူတို့ကို အမျက်ဒေါသဖြင့် လှည့်ကြည့်တော်မူ၏။ ထိုသူတို့၏စိတ် နှလုံးခိုင်မာခြင်းကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၍ လက်တစ်ဖက်သေနေသောသူအား သင်၏လက်ကို ဆန့်လော့ဟုမိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေ၏။-
Mark BurCBCM 3:6  ဖာရီဇေးဦးတို့သည် ထွက်သွားကြပြီးလျှင် ကိုယ်တော့်ကို မည်ကဲ့သို့လုပ်ကြံရမည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ကြ၏။
Mark BurCBCM 3:7  ယေဇူးသည်လည်း သူ၏တပည့်တော်တို့နှင့်အတူ ပင်လယ်အနီးသို့ ထွက်ကြွသွားတော်မူလျှင် ဂါလေလေး ယပြည်မှ များစွာ သောလူအစုအဝေးတို့သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ ဂျုဒပြည်မှလည်းကောင်း၊-
Mark BurCBCM 3:8  ဂျေရုဆလင်မြို့မှစ၍ အီဒူးမေးယနယ်၊ ဂျော်ဒန် မြစ်တစ်ဖက်ကမ်း၊ တီရာနှင့် စီဒွန်မြို့ပတ်ဝန်းကျင်မှလည်းကောင်း များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကို ကြားကြသဖြင့် အထံတော်သို့လာကြ၏။-
Mark BurCBCM 3:9  လူအစုအဝေးတို့ရှိနေသောကြောင့် လူတို့သည် မိမိကို တွန်းတိုက်ခြင်းမရှိစေရန် ကိုယ်တော်သည် တပည့်တော်တို့အား မိမိအတွက် လှေတစ်စင်းကိုအသင့်ပြင်ထားမည့်အကြောင်း အမိန့်ရှိတော်မူ၏။-
Mark BurCBCM 3:10  အကြောင်းမူကား ကိုယ်တော်သည် လူများစွာကို ရောဂါပျောက်ကင်းစေတော်မူသဖြင့် ရောဂါအမျိုးမျိုးစွဲကပ်နေသော လူတို့သည် ကိုယ်တော့်ကိုတို့ထိနိုင်ရန် အထံတော်သို့ တိုးဝင်ကြသောကြောင့်ဖြစ်၏။-
Mark BurCBCM 3:11  ညစ်ညူးသောနတ်ဆိုးတို့သည်လည်း ကိုယ်တော့်ကို မြင်ကြသည့်အခါတိုင်း ရှေ့တော်၌ပျပ်ဝပ်လျက် ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါ သည်ဟု ဟစ်အော်ကြ၏။-
Mark BurCBCM 3:12  သို့သော် ကိုယ်တော်သည် မိမိအကြောင်းကို ထုတ်ဖော်မပြောစေရန် သူတို့ကို ကြပ် တည်းစွာ တားမြစ်တော်မူ၏။
Mark BurCBCM 3:13  ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ မိမိအလို ရှိသောသူတို့ကို ခေါ်တော်မူလျှင် သူတို့သည် အထံတော် သို့လာကြ၏။-
Mark BurCBCM 3:14  ထို့နောက် ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးတို့ကို မိမိနှင့်အတူရှိစေခြင်းငှာလည်းကောင်း၊ တရားတော်ကို ဟောပြောရန် စေလွှတ်ခြင်းငှာလည်းကောင်း ရွေးချယ်ခန့်ထား၍၊-
Mark BurCBCM 3:15  သူတို့အား နတ်ဆိုးများကိုနှင်ထုတ်နိုင်သောအခွင့် အာဏာ ကိုလည်းပေးတော်မူ၏။-
Mark BurCBCM 3:16  ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော် အမည်ပေးထားသော စီမွန်၊-
Mark BurCBCM 3:17  မိုးကြိုး၏သားများဟု အဓိပ္ပာယ်ရသည့် ဘိုနာဂျေအမည်ဖြင့် ကိုယ်တော်မှည့် ခေါ်ထားသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ ညီယောဟန်၊-
Mark BurCBCM 3:18  အန္ဒြေးယ၊ ဖိလိပု၊ ဘာသိုလိုမေးဦး၊ မာတေးဦး၊ သောမ၊ အာလ်ဖေးဦး၏သား ယာကုပ်၊ သာ ဒေးဦး၊ ကာနန်နယ်သား စီမွန်နှင့်၊-
Mark BurCBCM 3:19  ကိုယ်တော့်ကို သစ္စာ ဖောက်သော ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။
Mark BurCBCM 3:20  ကိုယ်တော်သည် အိမ်သို့ပြန်လာတော်မူ၏။- ထိုအခါ လူတို့သည် တစ်ဖန်စုဝေးလာကြသဖြင့် ကိုယ်တော်နှင့် တပည့်တော် တို့သည် အစာကိုပင် မစားနိုင်ကြချေ။-
Mark BurCBCM 3:21  ကိုယ်တော်သည် စိတ်ဖောက်ပြန်လျက်ရှိသည်ဟု လူတို့ကဆိုကြသောကြောင့် ကိုယ်တော်၏ဆွေမျိုးများ သည်လည်း ကိုယ်တော့်ကို ထိန်းရန်သွားကြ၏။-
Mark BurCBCM 3:22  ဂျေရု ဆလင်မြို့မှလာသော ကျမ်းတတ်ဆရာတို့ကလည်း သူသည် ဘဲလ်ဇေဘုလ်ပူးဝင်ခြင်းခံရသဖြင့် ထိုနတ်ဆိုးတို့ ၏အကြီးအကဲကို အမှီပြုလျက် နတ်ဆိုးများကို နှင်ထုတ် ခြင်းဖြစ်သည်ဟု ဆိုကြ၏။-
Mark BurCBCM 3:23  ထိုအခါ ကိုယ်တော်သည် သူတို့ကို အထံတော်သို့ခေါ်၍ ပုံဥပမာများဖြင့်မိန့်တော်မူသည်ကား စာတန်သည် စာတန်ကို မည်သို့နှင်ထုတ်နိုင်မည်နည်း။-
Mark BurCBCM 3:24  တိုင်းနိုင်ငံတစ်ခု၌ အချင်းချင်းဆန့်ကျင်ကွဲပြားလျှင် ထိုနိုင်ငံသည် မတည်တံ့နိုင်ရာ။-
Mark BurCBCM 3:25  ထို့အတူ အိမ်တစ်အိမ်၌ မိမိ အိမ်သားအချင်းချင်း ဆန့်ကျင်ကွဲပြားလျှင် ထိုအိမ်သည် မတည်တံ့နိုင်ရာ။-
Mark BurCBCM 3:26  စာတန်သည်လည်း မိမိကိုယ်ကို ဆန့်ကျင်၍ ကွဲပြားနေလျှင် သူသည် မတည်မြဲနိုင်ဘဲ ဆုံးခန်းသို့ရောက်လိမ့်မည်။-
Mark BurCBCM 3:27  ခွန်အားကြီးသူတစ်ဦးကို အလျင်ဦးစွာချည်နှောင်ထိန်းချုပ်ခြင်းမရှိဘဲ သူ၏ အိမ်အတွင်းသို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ သူ့ကိုချည်နှောင်ထိန်းချုပ်ပြီးမှသာ သူ၏အိမ် ကိုဝင်ရောက်လုယူနိုင်လိမ့်မည်။
Mark BurCBCM 3:28  သင်တို့အား ငါအမှန်ဆိုသည်ကား လူတို့သည် မိမိ တို့၏အပြစ်များအားလုံးနှင့် ဘုရားသခင်ကို ထိခိုက်ပြစ်မှားမိသမျှသော အပြစ်များအတွက် အပြစ်လွှတ်ခြင်းခံရလိမ့်မည်။-
Mark BurCBCM 3:29  သို့သော် ဝိညာဉ်တော်မြတ်အား ထိခိုက်ပြစ်မှားသောသူမှန်သမျှသည် မည်သည့်အခါမျှ အပြစ်မှချမ်းသာခွင့်ရလိမ့် မည်မဟုတ်။ ထိုသူသည် အစဉ်ထာ၀ရ အပြစ်ရှိသောသူဖြစ်၏ဟု မိန့်တော်မူ၏။-
Mark BurCBCM 3:30  အကြောင်းမူ ကား ထိုသူတို့က ကိုယ်တော်၌ ညစ်ညူးသောနတ်ဆိုးရှိ သည်ဟု ဆိုကြသောကြောင့်ဖြစ်၏။
Mark BurCBCM 3:31  ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့ သည် လာ၍ အပြင်၌ရပ်နေကြပြီး ကိုယ်တော့်ကိုခေါ်စေခြင်းငှာ လူစေ လွှတ်ကြ၏။-
Mark BurCBCM 3:32  လူအစုအဝေးသည် ကိုယ် တော်၏ထံတော်ပါး၌ ဝိုင်းလျက်ထိုင်နေကြသည်ဖြစ်၍ သူတို့က ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည် ကိုယ်တော့်ကိုတွေ့လိုသဖြင့် အပြင်၌ရပ်နေကြပါသည် ဟု လျှောက်ကြ၏။-
Mark BurCBCM 3:33  ကိုယ်တော်ကလည်း ငါ၏အမိနှင့် ငါ၏ညီအစ်ကိုတို့ကား မည်သူတို့နည်းဟု မေးတော်မူပြီး နောက်၊-
Mark BurCBCM 3:34  မိမိအနီး၌ ဝိုင်းရံ၍ ထိုင်နေကြသောသူများကို ကြည့်တော်မူကာ ဤသူတို့သည်ကား ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများ ပေတည်း။-
Mark BurCBCM 3:35  ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမှန်သမျှသည် ငါ၏ညီအစ်ကို၊ ငါ၏ နှမနှင့် ငါ၏အမိတို့ဖြစ်ကြသတည်းဟု မိန့်တော်မူ၏။
Chapter 4
Mark BurCBCM 4:1  တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနား၌ သွန်သင်တော်မူ၏။ ထိုအခါ အလွန်များပြား သောလူအစုအဝေးကြီးသည် အထံတော်၌ လာရောက် စုဝေးကြသဖြင့် ကိုယ်တော်သည် ရေပြင်ပေါ်ရှိလှေတစ်စီး ပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအစုအဝေး မူကား ကမ်း ပေါ်တွင်ရှိနေကြ၏။-
Mark BurCBCM 4:2  ကိုယ်တော်သည်လည်း သူတို့အား များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သွန် သင်တော်မူ၏။ ထိုသို့သွန်သင်ရာ တွင် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ၊-
Mark BurCBCM 4:3  နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူတစ်ယောက်သည် မျိုးစေ့ကြဲရန် ထွက် သွားလေ၏။-
Mark BurCBCM 4:4  သူသည် မျိုးစေ့များကိုကြဲသော အခါ အချို့ သောမျိုးစေ့တို့သည် လမ်းဘေးတစ်လျှောက်၌ကျသဖြင့် ငှက်များသည် လာ၍ ၎င်းတို့ကိုစားကြ၏။-
Mark BurCBCM 4:5  အချို့သောမျိုး စေ့တို့သည် မြေဆီလွှာပါးသောကျောက်ခံမြေပေါ်တွင် ကျသဖြင့် မြေတိမ်သောကြောင့် အပင်များလျင်မြန်စွာ ပေါက်လာကြ၏။-
Mark BurCBCM 4:6  နေထွက်လာသောအခါ အပင်တို့ သည် ပူလောင်၍ အမြစ်လည်းမတွယ်သောကြောင့် ညှိုးခြောက်သွားကြလေ၏။-
Mark BurCBCM 4:7  အခြားသောမျိုးစေ့တို့သည် ဆူးချုံများအကြားတွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ သောအခါ ၎င်းတို့ကို ဖုံးအုပ်ထား သောကြောင့် ယင်းတို့သည် အသီးမသီးနိုင်ကြချေ။-
Mark BurCBCM 4:8  အချို့သောမျိုးစေ့တို့သည်ကား ကောင်းသောမြေပေါ်တွင်ကျသဖြင့် အပင်များပေါက်လာသောအခါ ကောင်းစွာအသီး ဖြစ်ထွန်း၍ အဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးရ ရှိကြ၏။-
Mark BurCBCM 4:9  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေ ဟု ကိုယ်တော်မိန့်တော်မူ၏။
Mark BurCBCM 4:10  ကိုယ်တော်သည် တစ်ပါးတည်းရှိတော်မူသောအခါ တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ကိုယ်တော်၏ အနားတွင်ရှိ သောသူတို့က ပုံဥပမာစကားများအကြောင်းကို ကိုယ်တော်အား မေးလျှောက်ကြ၏။-
Mark BurCBCM 4:11  ကိုယ်တော် ကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲရာအချက်ကို သိ ခွင့်ရကြ၏။ ပြင်ပတွင်ရှိသောသူတို့အတွက်မူကား ခပ် သိမ်းသောအရာတို့ကို ပုံဥပမာအားဖြင့် ဖော်ပြထား၏။-
Mark BurCBCM 4:12  ဤသို့ဖြင့် သူတို့သည် အကျင့်ပြောင်းလဲ၍ အပြစ်အခွင့် လွှတ်ခြင်းခံရမည်ကို စိုးရိမ်ကြသောကြောင့် ကြည့်သော် လည်း သိမြင်ကြလိမ့်မည်မဟုတ်။ ကြားသော်လည်း နားလည်သဘောပေါက်ကြလိမ့်မည်မဟုတ်ဟု မိန့်တော် မူ၏။
Mark BurCBCM 4:13  ကိုယ်တော်က သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ဤပုံဥပမာကို နားမလည်ကြသလော။ သို့ ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်သို့နားလည် နိုင်ကြမည်နည်း။-
Mark BurCBCM 4:14  မျိုးစေ့ကြဲသောသူသည် နှုတ်တော် ထွက်စကားကို မျိုးစေ့ချပေးလေ၏။-
Mark BurCBCM 4:15  နှုတ်တော်ထွက် စကားကျရာလမ်းပေါ်မှ မျိုးစေ့တို့သည်ကား ဤသူတို့ပေတည်း။ သူတို့သည် ကြားနာရသောအခါ စာတန်သည် ချက်ချင်းလာ၍ သူတို့၏စိတ်နှလုံးထဲမှ နှုတ်တော်ထွက် စကားကို နုတ်ယူသွားလေ၏။-
Mark BurCBCM 4:16  ထိုနည်းတူပင် ကျောက် ခံမြေပေါ်တွင်ကျသော မျိုးစေ့တို့သည်ကား ဤသူတို့ ပေတည်း။ သူတို့သည် နှုတ်တော်ထွက်စကား ကိုကြား နာရသောအခါ ဝမ်းမြောက်ခြင်းဖြင့် ချက်ချင်းခံယူကြလေ၏။-
Mark BurCBCM 4:17  သို့သော် နှုတ်တော်ထွက်စကားသည် သူတို့၌ အမြစ် မတွယ်သောကြောင့် ခေတ္တခဏသာတည်၏။ ဤသို့ဖြင့် သူတို့သည် နှုတ်တော်ထွက်တရားတော်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခခံကြရသောအခါ ချက်ချင်းပင် တရားတော်ကို စွန့်ပစ်တတ်သူများဖြစ်ကြ၏။-
Mark BurCBCM 4:18  ဆူးချုံများ၏အလယ်တွင် ကျရောက်သောမျိုးစေ့တို့သည်ကား ဤသူတို့ပေတည်း။ သူတို့သည် နှုတ်တော်ထွက်စကား ကို ကြားခဲ့ကြ၏။-
Mark BurCBCM 4:19  သို့သော် လောကီရေးရာများ၌ စိုးရိမ် ကြောင့်ကြခြင်း၊ ချမ်းသာကြွယ်၀မှုအပေါ် သာယာခြင်းနှင့် အခြားသောအရာများကို စွဲလန်းတပ်မက်ခြင်းတို့သည် နှုတ်တော်ထွက်စကားကို လွှမ်းမိုးထားသောကြောင့် သူတို့သည် မည်သို့မျှမသီးမပွင့်နိုင်သော သူများဖြစ်ကြ၏။-
Mark BurCBCM 4:20  ကောင်းသောမြေပေါ်၌ ကျရောက်သောမျိုးစေ့တို့သည်ကား ဤသူတို့ပေတည်း။ သူတို့သည် နှုတ်တော်ထွက် စကားကိုကြား နာ၍ လက်ခံကြသဖြင့် သူတို့၌ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာတိုးပွားအောင် အသီးသီးကြသော သူများဖြစ်ကြ ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 4:21  ထို့နောက် ကိုယ်တော်သည် သူတို့အား မိန့်တော်မူ သည်ကား ဆီမီးကိုထွန်း၍ တောင်းဇလားအောက်၌ လည်းကောင်း၊ ခုတင်အောက်၌လည်းကောင်း ထားလေ့ရှိကြသလော။ ၎င်းကို မီးတင်ခုံပေါ်တွင် တင်ထားရသည် မဟုတ်လော။-
Mark BurCBCM 4:22  အကြောင်းမူကား ဝှက်ကွယ်ထားသော အရာဟူ၍မရှိဘဲ ထုတ်ဖော်ပြရမည်။ လျှို့ဝှက်ထားသော အရာဟူ၍လည်းမရှိဘဲ အလင်း၌ထင်ရှားစေကြရမည်။-
Mark BurCBCM 4:23  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
Mark BurCBCM 4:24  ထို့နောက် ကိုယ်တော်က သင်တို့ ကြားနာရသည့် အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာ၍ပေးသော ပမာဏအတိုင်း တိုင်းတာ၍ သင်တို့ပြန်ရကြလိမ့်မည်။ ထိုမျှမက သင်တို့အား ပို၍ပင် ပေးလိမ့်မည်။-
Mark BurCBCM 4:25  အကြောင်း မူကား ရှိသောသူအား ထပ်မံ၍ပေးလိမ့်မည်။ မရှိသောသူ ထံမှမူကား သူ့၌ရှိသမျှကိုပင် သိမ်းယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 4:26  တစ်ဖန် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော် သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲခြင်းနှင့်တူ၏။-
Mark BurCBCM 4:27  သူသည် မျိုးစေ့ကိုကြဲပြီးနောက် ညနှင့်နေ့အလျောက် အိပ် သည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ မျိုးစေ့သည် အပင်ပေါက် လျက် ကြီးထွားလာ၏။ အဘယ်ကဲ့သို့ကြီးထွားလာနေသည်ကိုမူ သူမသိရှိပေ။-
Mark BurCBCM 4:28  အကြောင်းမူကား မြေကြီးသည် အလိုအလျောက်သီးပွင့်စေတတ်၍ ရှေးဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ ထိုမှ အနှံအောင် ၍ အဆန်ကိုဖြစ်စေ၏။-
Mark BurCBCM 4:29  အသီးများမှည့်သောအခါတွင်မူ သူသည် တံစဉ်နှင့်ချက်ချင်းရိတ်လေ၏။ အဘယ်ကြောင့်ဆိုသော် သီးနှံရိတ်သိမ်း ချိန်ကျ ရောက်ပြီဖြစ်သောကြောင့်တည်းဟုမိန့်တော်မူ၏။
Mark BurCBCM 4:30  တစ်ဖန် ကိုယ်တော်မိန့်တော်မူသည်ကား ဘုရား သခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါတို့ခိုင်းနှိုင်းရ မည်နည်း။ သို့မဟုတ် ၎င်းအတွက် မည်သည့်ပုံဥပမာကို ငါတို့အသုံးပြုရမည်နည်း။-
Mark BurCBCM 4:31  ၎င်းသည် မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေတွင်စိုက်ပျိုးစဉ်အခါက ကမ္ဘာမြေ ပြင်ပေါ်၌ရှိသောအစေ့တကာ တို့တွင် အသေးငယ်ဆုံး မျိုးစေ့ဖြစ်၏။-
Mark BurCBCM 4:32  သို့သော် ၎င်းသည် အပင်ပေါက်၍ ကြီးထွား လာသောအခါ ဟင်းသီးဟင်းရွက်ပင်အားလုံးတို့တွင် အကြီးဆုံးဖြစ်လာပြီး ကြီးမားသောအကိုင်းအခက်များ ထွက်လာသဖြင့် မိုးကောင်းကင်ငှက်တို့သည် ၎င်း၏ အရိပ်တွင် အသိုက်များပြုလုပ် နေထိုင် ကြ၏။
Mark BurCBCM 4:33  ကိုယ်တော်သည် သူတို့ကြားနာနိုင်သည့်ပုံဥပမာ များဖြင့် သူတို့အား နှုတ်တော်ထွက်တရားတော်ကိုဟော ပြောတော်မူ၏။-
Mark BurCBCM 4:34  ကိုယ်တော်သည် ပုံဥပမာမပါဘဲ သူတို့ အား ဟောပြောတော်မမူ။ မိမိ၏တပည့်တော်တို့ကိုမူကား ကိုယ်တော်သည် အကြောင်းအရာအလုံးစုံကို သီး ခြားရှင်းလင်းဖော်ပြတော်မူ၏။
Mark BurCBCM 4:35  ထိုနေ့ညနေအချိန်ရောက်သောအခါ ကိုယ်တော် က တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ကူးကြစို့ဟုမိန့်တော်မူ၏။-
Mark BurCBCM 4:36  တပည့်တော်တို့သည်လည်း လူအစုအဝေး ကိုထားခဲ့၍ လှေပေါ်သို့ရောက်ရှိနှင့်သောကိုယ်တော့် ကိုခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။-
Mark BurCBCM 4:37  ထိုအခါ လေမုန်တိုင်းကြီးကျရောက်၍ လှေကို လှိုင်းတံပိုးတို့ရိုက် ခတ်သောကြောင့် လှေသည် ရေပြည့်လုမတတ်ရှိလေ၏။-
Mark BurCBCM 4:38  ကိုယ်တော်မူကား လှေ၏ပဲ့ပိုင်းရှိ ခုံပေါ်တွင် ကျိန်း စက်နေတော်မူ၏။ သူတို့သည်လည်း ကိုယ်တော့်ကို နှိုးကြ၍ ဆရာသခင်၊ တပည့်တော်တို့ပျက်စီးခြင်းသို့ရောက် မည်ကို ဂရုပြုတော်မမူပါသလောဟုလျှောက်ကြ၏။-
Mark BurCBCM 4:39  ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုကြိမ်းမောင်းကာ ပင်လယ်ပြင်အား ငြိမ်သက်လော့ဟု အမိန့်ပေးတော်မူလျှင် လေမုန်တိုင်းရပ်စဲပြီး ပင်လယ်ပြင်သည်လည်း လွန်စွာငြိမ်သက်သွားလေ၏။-
Mark BurCBCM 4:40  ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့်ကြောက်ရွံ့ ကြသနည်း။ သင်တို့၌ယုံ ကြည်ခြင်းမရှိသလောဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 4:41  ထိုအခါ သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့သည်ပင် သူ၏ အမိန့်ကို နာခံကြရပါသည်တကားဟု အချင်းချင်းပြော ဆိုကြလေ၏။
Chapter 5
Mark BurCBCM 5:1  သူတို့သည် အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ရောက်ကြ၏။-
Mark BurCBCM 5:2  ကိုယ်တော်သည် လှေထဲမှတက်လာတော်မူသောအခါ ညစ်ညူးသောနတ် ဆိုးစီးခြင်းခံနေရသည့်လူတစ်ဦးသည် သခင်္ျိုင်းဂူများကြား မှထွက်လာ၍ ကိုယ်တော်နှင့်တွေ့လေ၏။-
Mark BurCBCM 5:3  ထိုသူသည် သခင်္ျိုင်းဂူများအကြားတွင် နေထိုင်၏။ မည်သူမျှ သူ့ကို သံ ကြိုးနှင့်ပင် ချည်နှောင်၍ မထားနိုင်ကြချေ။-
Mark BurCBCM 5:4  အကြောင်းမူကား သူ့ကိုခြေချင်းများ၊ သံကြိုးများဖြင့်အကြိမ်ကြိမ်ချည် နှောင်ကြသော်လည်း သူသည် သံကြိုးများကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိကြချေ။-
Mark BurCBCM 5:5  သူသည် သခင်္ျိုင်းဂူများ အကြားနှင့် တောင်ကုန်းများပေါ်တွင် နေ့ညမပြတ်အော်ဟစ်နေလျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရ ဖြစ်စေ၏။-
Mark BurCBCM 5:6  သူသည် ယေဇူးကို အဝေးမှမြင်သောအခါ ပြေးသွားပြီးလျှင် ရှေ့တော်၌ ပျပ်ဝပ်လျက်၊-
Mark BurCBCM 5:7  အမြင့်ဆုံး သောဘုရားသခင်၏ သားတော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့ပြုပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူပါရန် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ အသနားခံပါသည်ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ် တောင်းလျှောက်လေ၏။-
Mark BurCBCM 5:8  အကြောင်းမူကား ကိုယ်တော်က အသင် ညစ်ညူးသောနတ်ဆိုး၊ ဤသူ့ထံမှ ထွက်ခွာလော့ဟု သူ့အား အမိန့်ပေးတော်မူ သောကြောင့်တည်း။-
Mark BurCBCM 5:9  ကိုယ်တော်ကလည်း သင်၏အမည်ကားမည် သူဖြစ်သနည်းဟု သူ့ကိုမေးတော်မူလျှင် သူက အကျွန်ုပ်၏အမည်မှာ လေဂျင်ဖြစ်ပါ၏။ အကြောင်းမူကား အကျွန်ုပ် တို့သည် အရေအတွက်များသောကြောင့်ဖြစ်ပါသည်ဟု ဖြေလေ၏။-
Mark BurCBCM 5:10  ထို့နောက် သူသည် မိမိတို့ကို ဤဒေသမှနှင် ထုတ်တော်မမူမည့်အကြောင်း ကိုယ်တော်အား အတန် တန်တောင်းပန် လေ၏။-
Mark BurCBCM 5:11  ထိုအချိန်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။-
Mark BurCBCM 5:12  ထိုအခါ သူတို့က အကျွန်ုပ်တို့ကို ဝက်များထံသို့ စေလွှတ်တော်မူပါ။ ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ဝင်ပါရစေဟုတောင်း ပန်ကြ၏။-
Mark BurCBCM 5:13  ထို့ကြောင့် ကိုယ်တော်သည်လည်း သူတို့ကို ခွင့်ပြုတော်မူလေ၏။ ထိုအခါ ညစ်ညူးသောနတ်ဆိုးတို့ သည် ထွက်လာကြ၍ ဝက်များထဲသို့ဝင်သဖြင့် အကောင်ရေနှစ်ထောင်ခန့်ရှိသောဝက်အုပ်ကြီးသည် မတ်စောက်သောကမ်းပါးအတိုင်း ပင်လယ် အတွင်းသို့ တစ်ဟုန်ထိုး ပြေးဆင်းလျက် ပင်လယ်တွင်နစ်မြုပ်သေဆုံးကြကုန်၏။
Mark BurCBCM 5:14  ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး သွားကြ၍ ဤအကြောင်းကို မြို့တွင်းနှင့် ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် ပြောကြားကြသဖြင့် လူတို့သည်ဖြစ် ပျက်သမျှတို့ကိုသိမြင်ခြင်းငှာလာကြ၏။-
Mark BurCBCM 5:15  သူတို့သည် ယေဇူးထံတော်သို့ရောက်လာကြသောအခါ နတ်ဆိုး များစွာစီးခြင်းခံရသူသည် အဝတ်ကိုဝတ်လျက် ပုံမှန်စိတ် ဖြင့်ထိုင်လျက်ရှိသည်ကိုတွေ့ မြင်ကြသဖြင့် ကြောက်ရွံ့ကြလေ၏။-
Mark BurCBCM 5:16  ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သောသူတို့က နတ်ဆိုးစီးခံရသောသူနှင့် ဝက်များ၌ ဖြစ်ပျက်ခဲ့ သောအကြောင်းအရာ တို့ကို သူတို့အား ပြောပြကြ၏။-
Mark BurCBCM 5:17  ထို့ကြောင့် သူတို့သည် ကိုယ်တော့်ကို မိမိတို့၏ဒေသမှ ထွက်ခွာသွားပါမည့်အကြောင်း တောင်းပန်ကြလေ၏။-
Mark BurCBCM 5:18  ကိုယ်တော်သည်လည်း လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးစီးခြင်းခံခဲ့ရသူက ကိုယ်တော်နှင့်လိုက်ပါခွင့်ပြုပါမည့် အကြောင်း တောင်းပန်လေ၏။-
Mark BurCBCM 5:19  သို့သော် ကိုယ် တော်သည် ခွင့်ပြုတော်မမူဘဲ သူ့အား သင်၏အိမ်နှင့် ဆွေမျိုးသားချင်း တို့ထံသို့သွား၍ ဘုရားသခင်သည် သင့်အတွက် မည်ကဲ့သို့ပြုတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သင့်အပေါ် မည်ကဲ့သို့ ကရုဏာထားတော်မူ ကြောင်းကိုလည်းကောင်း သူတို့အား ပြောကြားလော့ဟု မိန့်တော်မူလေ၏။-
Mark BurCBCM 5:20  ထိုသူသည်လည်း ထွက်သွားပြီးလျှင် ယေဇူးသည် မိမိ၌ မည်မျှကျေးဇူးပြုတော်မူ ကြောင်းကို ဒေကာပိုလစ်နယ်တွင် စတင်ကြေညာပြော ဆိုသဖြင့် လူအပေါင်းတို့သည်လည်း အံ့ဩကြလေ၏။
Mark BurCBCM 5:21  ယေဇူးသည်လည်း တစ်ဖက်ကမ်းသို့ လှေဖြင့် တစ်ဖန်ကူးတော်မူသောအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့စုရုံးလာကြ၏။ကိုယ်တော်သည ်ပင်လယ်ကမ်းနား၌ရှိတော်မူ၏။-
Mark BurCBCM 5:22  ထိုအချိန်တွင် ဂျိုင်ရု အမည်ရှိသောတရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ ရောက်လာ၏။ သူသည် ကိုယ်တော့်ကိုမြင် သောအခါ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊-
Mark BurCBCM 5:23  အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါသည်။ ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ လက်တော်ကိုတင်တော် မူလျှင် သူမသည် ကျန်းမာလာ၍ အသက်ရှင်ပါလိမ့်မည်ဟု အသနားခံလျှောက်ထားလေ၏။-
Mark BurCBCM 5:24  ထိုအခါ ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူအစုအဝေးသည်လည်း ကိုယ်တော်၏ နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်၏အနီးတွင် ပြည့်ကျပ် လျက်တိုးဝှေ့နေကြ၏။-
Mark BurCBCM 5:25  ထိုအရပ်၌ တစ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ်နေသောအမျိုး သမီးတစ်ဦးရှိ၏။-
Mark BurCBCM 5:26  သူမသည် များစွာသောဆေးဆရာတို့၏ကုသမှုကိုခံယူခဲ့ပြီး မိမိ၌ရှိသမျှသောဥစ္စာပစ္စည်းများ ကုန်ဆုံးသွားခဲ့သော်လည်း သက်သာရာမရသည့်အပြင် ဝေဒနာသည် ပို၍ဆိုးရွားလာခဲ့၏။-
Mark BurCBCM 5:27  သူမသည် ယေဇူး၏ အကြောင်းကိုကြားသိခဲ့ရပြီး ကိုယ်တော်၏နောက်တော်မှ လူအစုအဝေးထဲသို့ဝင်၍ ကိုယ်တော်၏ ဝတ်ရုံတော် ကိုတို့လေ၏။-
Mark BurCBCM 5:28  အကြောင်းမူကား သူမက ငါသည် ကိုယ်တော်၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ရောဂါပျောက်ကင်းလိမ့်မည်ဟု မိမိစိတ်ထဲတွင် တွေးမိသောကြောင့် ဖြစ်၏။-
Mark BurCBCM 5:29  ထိုခဏချင်းတွင်ပင် သူမ၏သွေးသွန်ခြင်းသည် ရပ်ဆိုင်းသွား၍ သူမ၏ခန္ဓာကိုယ်၌ ဝေဒနာပျောက်ကင်း သွားသည်ကို ခံစားရလေ၏။-
Mark BurCBCM 5:30  ထိုအခါ ယေဇူးသည် မိမိထံမှ တန်ခိုးတော်ထွက်သွားသည်ကိုသိတော်မူ၍ လူအစုအဝေးတို့ဘက်သို့ချက်ချင်း လှည့်တော ်မူပြီးမှ ငါ၏ဝတ်ရုံကို မည်သူတို့ထိသနည်းဟု မေးတော်မူ၏။-
Mark BurCBCM 5:31  ကိုယ်တော်၏တပည့်တော်တို့ကလည်း လူအစုအဝေးသည် ကိုယ်တော်အား ဝိုင်းရံတိုးဝှေ့နေသည်ကိုသိလျက်နှင့် ငါ့ကိုမည် သူတို့ထိသနည်းဟု မေးတော်မူသလောဟု လျှောက်ထားကြ၏။-
Mark BurCBCM 5:32  သို့သော် ကိုယ်တော်သည် မိမိကို မည်သူတို့ထိခဲ့ကြောင်းသိရန် ပတ်လည်သို့လှည့်ကြည့် တော်မူ၏။-
Mark BurCBCM 5:33  ထိုအမျိုးသမီးမူကား မိမိ၌ဖြစ်ပျက်သမျှကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်စွာ ချဉ်းကပ်၍ ခြေ တော်ရင်းတွင်ပျပ်ဝပ် လျက် ဖြစ်ရပ်မှန်ကို အကုန်အစင် လျှောက်ထားလေ၏။-
Mark BurCBCM 5:34  ထိုအခါ ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်သက်ခြင်းဖြင့်သွားလော့။ သင်၏ ရောဂါပျောက်ကင်း စေဟု သူမအား မိန့်တော်မူ၏။
Mark BurCBCM 5:35  ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်တွင် တရားဇရပ်မှူး၏အိမ်မှလူအချို့ရောက်လာကြ၍ သင်၏သမီးသေလေပြီ။ အဘယ်ကြောင့် ဆရာသခင်ကို ထပ်မံ၍ ဒုက္ခပေး မည်နည်းဟု ဆိုကြ၏။-
Mark BurCBCM 5:36  ယေဇူးမူကား သူတို့ပြောသော စကားကို လျစ်လျူရှုလျက် စိုးရိမ်ခြင်းမရှိလေနှင့်၊ ယုံကြည်ခြင်းသာရှိလော့ဟု တရားဇရပ် မှူးအား မိန့်တော်မူ၏။-
Mark BurCBCM 5:37  ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက် ခွင့်ပြုတော်မမူ။-
Mark BurCBCM 5:38  သူတို့သည် တရားဇရပ်မှူး ၏အိမ်သို့ရောက်ကြသောအခါ လူတို့သည် အုတ်အုတ် ကျက်ကျက်ဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည် တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူ၏။-
Mark BurCBCM 5:39  ကိုယ်တော်သည်လည်း အိမ်ထဲသို့ဝင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်လျက် ငိုကြွေးနေ ကြသနည်း။ သူငယ်မသေသည်မဟုတ်။ အိပ်ပျော်လျက်သာရှိသည်ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 5:40  ထိုအခါ သူတို့သည် ကိုယ်တော့်ကိုလှောင်ပြောင်ရယ်မော ကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအားလုံးတို့ကို အပြင်သို့ ထွက်စေပြီးမှ မိမိနှင့်အတူပါလာသောသူတို့နှင့် သူငယ်မ၏မိဘတို့ကို ခေါ်တော်မူ၍ သူငယ်မရှိသော အခန်းထဲသို့ဝင်တော် မူ၏။-
Mark BurCBCM 5:41  ထို့နောက် ကိုယ်တော်သည် သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် တာလိသာကွမ်ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား သူငယ်မ၊ သင့်အား ငါအမိန့် ရှိသည်၊ ထလော့ဟု ဆိုလိုသတည်း။-
Mark BurCBCM 5:42  ထိုခဏချင်းတွင်ပင် သူငယ်မသည်ထ၍ လမ်းလျှောက်လေ၏။ အဘယ် ကြောင့်ဆိုသော် သူမသည် အသက်တစ်ဆယ့် နှစ်နှစ်ရှိပြီဖြစ်၏။ သူတို့သည်လည်း အလွန်အံ့ဩကြ၏။-
Mark BurCBCM 5:43  ထိုအခါ ကိုယ်တော်သည် ဤဖြစ်ရပ်ကို မည်သူမျှမသိစေရန် သူတို့အား ကြပ်တည်းစွာ တားမြစ်တော်မူ၍ သူငယ်မအား စားစရာတစ်စုံတစ်ခုပေးရန် မိန့်တော်မူ၏။
Chapter 6
Mark BurCBCM 6:1  ကိုယ်တော်သည် ထိုအရပ်မှ ထွက်ခွာတော်မူ၍ မိမိ၏နေရင်းမြို့သို့ ကြွလာတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်၏ နောက်တော်မှလိုက် ပါလာကြ၏။-
Mark BurCBCM 6:2  ဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်တွင် သွန်သင်တော်မူ၍ များစွာသောသူတို့သည် ကိုယ်တော်၏သွန်သင် ချက်ကို ကြားကြသောအခါ အလွန်အံ့ဩကြကုန်၏။ သူတို့က သူသည် ဤပညာအလုံးစုံကို အဘယ်ကရသနည်း။ သူရရှိထားသော ဉာဏ်ပညာမှာ မည်သည့်အရာဖြစ်သနည်း။ သူ၏လက်ဖြင့်ပြုသော အံ့ ဖွယ်အမှုများကား အဘယ်သို့နည်း။-
Mark BurCBCM 6:3  သူသည် မာရိယာ၏သားဖြစ်၍ ယာကုပ်၊ ဂျိုးဇက်၊ ဂျုဒနှင့် စီမွန်တို့၏အစ်ကို လက်သမားမဟုတ်လော။ သူ၏နှမများသည် လည်း ဤအရပ်တွင် ငါတို့နှင့်အတူရှိကြသည်မဟုတ်လောဟု ဆိုကြ၍ ကိုယ်တော်ကို လက်မခံကြချေ။-
Mark BurCBCM 6:4  ထိုအခါ ယေဇူးက ပရောဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာ အရပ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ်သရေမဲ့သည် ဟူ၍မရှိဟု သူတို့အားမိန့်တော်မူ၏။-
Mark BurCBCM 6:5  ကိုယ်တော်သည်လည်း မကျန်းမာသောသူအနည်းငယ်အပေါ်တွင် မိမိ၏ လက်တော်ကိုတင်၍ ကုသပျောက်ကင်းစေခြင်းမှ တစ်ပါး ထိုအရပ်၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှပြတော်မမူ။-
Mark BurCBCM 6:6  ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကို အံ့ဩ တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် အနီးအနား၌ရှိသော ရွာများတွင် လှည့်လည်၍ သွန်သင်တော်မူလေ၏။
Mark BurCBCM 6:7  ထို့နောက် ကိုယ်တော်သည် တပည့်တော်တစ်ဆယ့် နှစ်ပါးကို အထံတော်သို့ခေါ်၍ သူတို့ကို နှစ်ပါးစီစေလွှတ် လျက်ညစ်ညူး သောနတ်ဆိုးတို့ကို နှင်ထုတ်နိုင်သော အခွင့်အာဏာကိုလည်း သူတို့အား အပ်နှင်းတော်မူ၏။-
Mark BurCBCM 6:8  ကိုယ်တော်က လမ်းခရီးအတွက် တောင်ဝှေးမှလွဲ၍ မည်သည့်အရာကိုမျှ သင်တို့ယူဆောင်မသွားကြနှင့်။ စားစရာ၊ လွယ်အိတ်နှင့် ခါးပိုက်ဆောင်အိတ်အတွင်း၌ ငွေကြေး စသည်တို့ကိုယူဆောင်မသွားကြနှင့်။-
Mark BurCBCM 6:9  သို့သော် ဖိနပ်ကို စီးကြလော့။ အင်္ကျီကိုမူကား နှစ်ထပ်မဝတ်ကြနှင့်ဟု သူ တို့အား မိန့်မှာတော်မူ၏။-
Mark BurCBCM 6:10  တစ်ဖန် သူတို့အား ကိုယ်တော် မိန့်တော်မူသည်ကား မည်သည့်အရပ်တွင်မဆို အိမ်တစ် အိမ်သို့ သင်တို့ဝင်ကြသောအခါ ထိုအရပ်မှ မထွက်ခွာမီတိုင်အောင်ထိုအိမ်၌ နေကြလော့။-
Mark BurCBCM 6:11  မည်သူမဆို သင်တို့ ကို လက်မခံဘဲ သင်တို့၏စကားကို နားထောင်ရန် ငြင်း ဆန်ကြလျှင် သင်တို့ထွက်ခွာသွားသောအခါ သူတို့အပေါ်၌ သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ ဟုမိန့်တော်မူ၏။-
Mark BurCBCM 6:12  ထို့ကြောင့် သူတို့သည် ထွက်သွားကြ၍ လူတို့ကို နောင်တတရားရစေခြင်းငှာ ဟောပြောကြ၏။-
Mark BurCBCM 6:13  သူတို့သည် များစွာသောနတ်ဆိုးတို့ ကိုနှင်ထုတ်ကြ၍ မကျန်းမာသူများစွာတို့ကိုလည်း ဆီနှင့်လူးလျက် ရောဂါပျောက်ကင်း စေကြလေ၏။
Mark BurCBCM 6:14  ယေဇူး၏သတင်းသည် ထင်ရှားကျော်စောလာသဖြင့် ဟေရုဒ်မင်းသည် ဤအကြောင်းကိုကြားလေ၏။ အချို့က ယောဟန် ဘတ္တိဇံသည် သေရာမှပြန်ရှင်လေပြီ၊ ထို့ကြောင့် သူသည် အံ့ဖွယ်တန်ခိုးများကိုပြနိုင်သည် ဟုဆိုကြ၏။-
Mark BurCBCM 6:15  အချို့ကမူ သူသည် ပရောဖက်ဧလိယဖြစ်သည်ဟုဆိုကြ၏။ အချို့ကလည်း သူသည် ရှေးကာလက ပရောဖက်များကဲ့သို့ ပရောဖက်တစ်ပါး ဖြစ်သည်ဟုဆိုကြ၏။-
Mark BurCBCM 6:16  သို့သော် ထိုအကြောင်းကို ဟေရုဒ်မင်းကြားရလျှင် ငါခေါင်းဖြတ်သတ်ခဲ့သောယောဟန် သေရာမှပြန်ရှင်လေပြီဟု ဆိုလေ၏။
Mark BurCBCM 6:17  အကြောင်းမူကား ဟေရုဒ်သည် ညီဖြစ်သူ ဖိလိပု၏ ဇနီး ဟေရုဒ္ဒိယကိုပေါင်းသင်းသဖြင့်သူမအတွက်ကြောင့် ယောဟန်ကို လူလွှတ်ဖမ်းဆီးစေပြီး ထောင်၌ ချုပ်နှောင်ခဲ့၏။-
Mark BurCBCM 6:18  အဘယ်ကြောင့်ဆိုသော် ယောဟန်က မင်းကြီးသည် မိမိညီ၏ဇနီးကိုသိမ်းယူပေါင်းသင်းခြင်းမပြုအပ်ဟု သူ့အား ဆိုခဲ့သော ကြောင့်ဖြစ်၏။-
Mark BurCBCM 6:19  ဟေရုဒ္ဒိယသည်လည်း သူ့အပေါ်ရန်ငြိုးထား၍ သတ်ခြင်းငှာ အလိုရှိသော်လည်း မတတ်နိုင်ပေ။-
Mark BurCBCM 6:20  အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်၍ သန့်ရှင်းသောသူဖြစ်သည်ကို ဟေရုဒ်သိသဖြင့် သူ့ကိုကြောက်ရွံ့၍ လုံခြုံစွာ ထိန်းသိမ်းထားလေ၏။ ဟေရုဒ်သည် ယောဟန်၏စကားကိုကြားနာရသည့်အခါ တိုင်း စိတ်ရှုပ်ထွေးသော်လည်း သူ့စကားကို လိုလိုလား လားနားထောင်လေ့ရှိ၏။-
Mark BurCBCM 6:21  ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးမတ်များ၊ စစ်သူကြီးများနှင့် ဂါလေလေးယနယ်မှ ခေါင်းဆောင်များကို ညစာတည် ခင်းကျွေးမွေးသောအခါတွင်မူ ဟေရုဒ္ဒိယအတွက် အခါအခွင့်သင့်လာလေ၏။-
Mark BurCBCM 6:22  ဤတွင် ဟေရုဒ္ဒိယ၏သမီးသည် ဝင်ရောက်၍ အကဖြင့် ဖျော်ဖြေ သောအခါ ဟေရုဒ်မင်းနှင့် သူ၏ဧည့်သည်များ၏စိတ်ကို ကြည်နူးစေသဖြင့် ဘုရင်က သူငယ်မအား သင်အလိုရှိ ရာကိုတောင်းလော့၊ ငါသည် သင့်အား ထိုအရာကို ပေးသနားမည်ဟု ဆိုလေ၏။-
Mark BurCBCM 6:23  ထို့နောက် သူက သင်တောင်းလျှင် ငါ၏နိုင်ငံတစ်ဝက်ကိုပင် သင့်အား ငါပေးမည်ဟု ကျိန် ဆိုလေ၏။-
Mark BurCBCM 6:24  ထိုအခါ သူငယ်မသည် ထွက်သွား၍ မိမိ၏ မိခင်ဖြစ်သူအား မည်သည့်အရာကို ကျွန်မတောင်းခံရ မည်နည်းဟုမေးလျှင် သူမက ယောဟန်ဘတ္တိဇံ၏ဦးခေါင်း ကိုတောင်းလော့ဟုဆို၏။-
Mark BurCBCM 6:25  သူငယ်မသည်လည်း ချက်ချင်းပင် ဘုရင်၏ရှေ့တော်သို့ဝင်၍ ယောဟန်ဘတ္တိဇံ၏ ဦးခေါင်းကို လင်ပန်းတွင်ထည့်၍ ယခုပင် ကျွန်မအား ပေး စေလိုပါသည်ဟု တောင်းလျှောက်လေ၏။-
Mark BurCBCM 6:26  ထိုအခါ မင်း ကြီးသည် လွန်စွာဝမ်းနည်းသော်လည်း မိမိကျိန်ဆိုထား သောစကားနှင့် မိမိ၏ဧည့်သည်တော်များကြောင့် သူမ အား ပေးထားသော မိမိ၏ကတိကိုမဖျက်လိုချေ။-
Mark BurCBCM 6:27  သို့ဖြစ် ၍ ဘုရင်သည် ကိုယ်ရံတော်တပ်သားတစ်ဦးကို ချက်ချင်း စေလွှတ်၍ ယောဟန်၏ဦးခေါင်းကိုယူလာရန် အမိန့်ပေး လေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို အကျဉ်းထောင်ထဲ၌ ဖြတ်လေ၏။-
Mark BurCBCM 6:28  ထို့နောက် သူ၏ဦးခေါင်းကို လင်ပန်းတွင်ထည့်၍ ယူလာပြီး သူငယ်မအားပေး၏။ သူငယ်မသည်လည်း ၎င်းကို သူမ၏မိခင် အား ပေးလေ၏။-
Mark BurCBCM 6:29  ယောဟန်၏တပည့်များသည် ဤသတင်း ကို ကြားသောအခါ လာကြ၍ သူ၏အလောင်းကိုယူပြီး လျှင် သခင်္ျိုင်းတွင်းတစ်ခု၌ သဂြိုဟ်ကြလေ၏။
Mark BurCBCM 6:30  တပည့်တော်တို့သည် ယေဇူးထံသို့ ပြန်လာကြ၍ မိမိတို့ပြုလုပ်ခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အား လျှောက် ထားကြ၏။-
Mark BurCBCM 6:31  ကိုယ်တော်ကလည်း လူသူ ကင်းဝေးရာအရပ်သို့ အခြားသူများမပါဘဲ သွားကြ၍ ခေတ္တအနားယူကြလော့ဟု သူတို့အား မိန့်တော်မူ၏။ အကြောင်းမူကား သူတို့ထံ ဝင်ထွက်နေကြသောသူတို့မှာ များပြားလှသောကြောင့် တပည့်တော်တို့သည် အစာစား ရန်ပင် အချိန်မရကြချေ။-
Mark BurCBCM 6:32  ထို့ကြောင့် သူတို့သည် လူသူ ကင်းဝေးရာအရပ်သို့ လှေဖြင့် မိမိတို့ချည်းသာ ထွက်ခွာသွားကြ၏။-
Mark BurCBCM 6:33  သူတို့ထွက်ခွာသွားကြသည်ကို လူအများ မြင်ကြလျှင် သူတို့ဖြစ်မှန်းသိကြသဖြင့် မြို့ရွာရှိသမျှတို့မှ လူတို့သည် ခြေကျင်ဖြင့် အလျင်အမြန်လိုက်ကြရာ ထို နေရာသို့ သူတို့ထက်ဦးစွာရောက်နှင့်ကြလေ၏။-
Mark BurCBCM 6:34  ကိုယ် တော်သည် ကမ်းပေါ်သို့တက်သောအခါ များစွာသောလူ အစုအဝေးကိုမြင်သဖြင့် သူတို့အပေါ်၌ ကရုဏာသက် တော်မူ၏။ အကြောင်းမူကား သူတို့သည် သိုးထိန်းမရှိ သောသိုးများကဲ့သို့ဖြစ်နေကြသောကြောင့်တည်း။ ကိုယ်တော်သည် လည်း သူတို့အား များစွာသောအကြောင်း အရာများကို စတင်သွန်သင်တော်မူ၏။-
Mark BurCBCM 6:35  ညနေစောင်း သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ် ၍ ဤအရပ်သည် လူသူကင်းဝေးသောအရပ်ဖြစ်ပါ၏၊ အချိန်လည်း နှောင်းပါပြီ၊-
Mark BurCBCM 6:36  လူတို့သည် အနီးအနားရှိ ကျေး ရွာများသို့သွားကြ၍ မိမိတို့ကိုယ်တိုင်အတွက် စားစရာ တစ်စုံတစ်ခုဝယ်ယူနိုင်ရန် သူတို့ကို စေလွှတ်တော်မူပါ ဟုလျှောက်ကြ၏။-
Mark BurCBCM 6:37  သို့သော် ကိုယ်တော်က ထိုသူတို့ အားစားစရာတစ်စုံတစ်ခုကို သင်တို့ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့က တပည့်တော်တို့သည်သွား၍ ဒေနာရီနှစ်ရာဖိုးရှိသောပေါင်မုန့်ကိုဝယ်ပြီး ဤသူတို့စားရန် ပေးရပါမည်လောဟု မေးလျှောက်ကြ ၏။-
Mark BurCBCM 6:38  ကိုယ်တော်ကလည်း သင်တို့၌ ပေါင်မုန့်မည်မျှရှိ သနည်း။ သွား၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ သူ တို့သည် သွား၍ ကြည့်ကြပြီးမှ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်ဟုလျှောက်ကြလေ၏။-
Mark BurCBCM 6:39  ထိုအခါ ကိုယ်တော်က လူအားလုံးကို မြက်ခင်းစိမ်းပေါ်တွင် အစုလိုက် ထိုင်ခိုင်းစေရန် တပည့်တော်တို့အား အမိန့်ပေး တော်မူ၏။-
Mark BurCBCM 6:40  ထိုသူတို့သည်လည်း အစုလိုက် တစ်ရာစီ၊ ငါးဆယ် စီထိုင်ကြလေ၏။-
Mark BurCBCM 6:41  ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ကိုယူ၍ ကောင်းကင်သို့မျှော်ကြည့်လျက် ကောင်းချီးပေးတော်မူ၏။ ထို့နောက် ပေါင်မုန့်များကိုဖဲ့၍ တပည့်တော်တို့အား ပေးလျက် လူတို့ရှေ့၌ တည်ခင်းစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် ငါးနှစ်ကောင် ကိုလည်း သူတို့အားလုံးအား ခွဲဝေပေးတော်မူ၏။-
Mark BurCBCM 6:42  လူအပေါင်းတို့သည်လည်း စား၍ ၀ကြလေ၏။-
Mark BurCBCM 6:43  ထို့နောက် တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရ ကြ၏။-
Mark BurCBCM 6:44  ပေါင်မုန့်ကိုစားကြသောသူတို့မှာ ယောက်ျားဦး ရေ ငါးထောင်ခန့်ရှိသတည်း။
Mark BurCBCM 6:45  ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကို ပြန်လွှတ်တော်မူစဉ် မိမိ၏တပည့်တော်တို့ကို ချက်ချင်းပင် လှေပေါ် သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဘက်ဇိုင်းဒါမြို့သို့ မိမိရှေ့မှ ဦးစွာသွားစေတော်မူ၏။-
Mark BurCBCM 6:46  လူအစုအဝေးတို့အား ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းခြင်းငှာ တောင်ပေါ်သို့တက်ကြွတော်မူ၏။
Mark BurCBCM 6:47  ညအချိန်ရောက်သော် တပည့်တော်တို့၏လှေမှာ အိုင်အလယ်၌ ရောက်ရှိနေပြီး ကိုယ်တော်မူကား ကုန်း ပေါ်တွင် တစ်ပါးတည်းရှိ နေတော်မူ၏။-
Mark BurCBCM 6:48  လေဆန်ဖြစ်နေ သောကြောင့် တပည့်တော်တို့သည် ခက်ခဲစွာ လှော်ခတ်နေကြရသည်ကို ကိုယ်တော်မြင်တော်မူ၏။ မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ရေပြင်ပေါ်တွင် လျှောက်လှမ်းလျက် သူတို့ရှိရာသို့ ကြွလာတော်မူပြီးမှ သူတို့ကို ကျော်ဖြတ်သွားမည်ပြု၏။-
Mark BurCBCM 6:49  သူတို့မူကား ရေပြင်ပေါ်တွင် လျှောက်လှမ်းနေသောကိုယ်တော့်ကိုမြင်ကြလျှင် တစ္ဆေ ဟုထင်မှတ်၍ အော်ဟစ်ကြလေ၏။-
Mark BurCBCM 6:50  အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုမြင်ကြ၍ ထိတ်လန့် တုန်လှုပ်ကြသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်တော်က သူတို့အား သတ္တိရှိကြလော့၊ ငါဖြစ်၏၊ မကြောက်ကြနှင့်ဟု ချက်ချင်းပင် မိန့်တော်မူ၏။-
Mark BurCBCM 6:51  ထို့နောက် ကိုယ်တော် သည် သူတို့ရှိရာလှေပေါ်သို့တက်တော်မူသောအခါ လေ သည် ငြိမ်သက်သွားလေ၏။ သူတို့သည် အလွန်အမင်း အံ့အားသင့်ကြကုန်၏။-
Mark BurCBCM 6:52  အကြောင်းမူကား ပေါင်မုန့်၏အံ့ ဖွယ်ဖြစ်ရပ်ကိုပင် နားမလည်နိုင်လောက်အောင် သူတို့ ၏စိတ်နှလုံးသည် ခိုင်မာကြသော ကြောင့်ပေတည်း။
Mark BurCBCM 6:53  သူတို့သည် တစ်ဖက်ကမ်းသို့ ကူးလာကြပြီးလျှင် ဂျေနားဇရက်သို့ရောက်၍ ကမ်းတွင်ဆိုက်ကပ်ကြ၏။-
Mark BurCBCM 6:54  ထို့နောက် သူတို့သည် လှေထဲမှထွက်လာကြသောအခါ လူတို့သည် ကိုယ်တော်ဖြစ်သည်ကို ချက်ချင်းသိကြသဖြင့်၊-
Mark BurCBCM 6:55  ပတ်ဝန်းကျင်ဒေသအနှံ့ အပြေးအလွှားသွားကာ လူမမာများကို ၎င်းတို့၏အိပ်ရာနှင့်တကွ ကိုယ်တော်ရှိသည်ဟု ကြားရ သောအရပ်သို့ ခေါ်ဆောင်လာကြလေ ၏။-
Mark BurCBCM 6:56  ကိုယ်တော်ကြွဝင်တော်မူသောမြို့ရွာဒေသတိုင်းတွင်လည်း သူတို့သည် ဈေးလယ်၌ လူနာများကိုချထား ကြပြီး ဝတ်ရုံတော် ၏အနားစအမြိတ်ကိုမျှသာတို့ထိရပါမည့်အကြောင်း တောင်းပန်ကြ၏။ တို့ထိသမျှသောသူတို့သည်လည်း ဝေဒနာပျောက် ကင်းကြလေ၏။
Chapter 7
Mark BurCBCM 7:1  ဖာရီဇေးဦးတို့နှင့် ဂျေရုဆလင်မြို့မှလာကြသော ကျမ်းတတ်ဆရာအချို့တို့သည် အထံတော်၌ စုဝေးကြသောအခါ၊-
Mark BurCBCM 7:2  ကိုယ်တော်၏ တပည့်တော်အချို့သည် မသန့်ရှင်းသောလက်များ၊ တစ်နည်းအားဖြင့်ဆိုရသော် မဆေးထားသော လက်များ ဖြင့် အစာစားနေ ကြသည်ကိုမြင်ကြ၏။-
Mark BurCBCM 7:3  (အကြောင်းမူကား ဖာရီဇေးဦးတို့နှင့် ဂျူးလူမျိုးတို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ် လာကိုလိုက်နာသောအားဖြင့် မိမိတို့၏ လက်ကိုမဆေးဘဲ အစာစားလေ့မရှိကြ။-
Mark BurCBCM 7:4  ဈေးမှပြန်လာသောအခါတွင် လည်း မိမိတို့ကိုယ်ကို သန့်စင်ခြင်းမပြုဘဲ အစာစားလေ့ မရှိကြ။ ထို့ပြင် ခွက်များ၊ အိုးများ၊ ကြေးဝါပန်းကန်များ စသည်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ ၎င်းတို့ လိုက်နာသည့် အခြားသောရှေးထုံးတမ်းစဉ်လာ များစွာ လည်းရှိသေး၏)။-
Mark BurCBCM 7:5  ထို့ကြောင့် ဖာရီဇေးဦးတို့နှင့်ကျမ်းတတ်ဆရာတို့က ကိုယ်တော်၏တပည့်တော်တို့သည် အဘယ်ကြောင့် ရှေးကလူကြီး သူမတို့၏ထုံးတမ်းစဉ်လာအတိုင်း မလိုက်နာကြဘဲ မသန့်ရှင်းသောလက်ဖြင့် အစာစားကြပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
Mark BurCBCM 7:6  ထိုအခါ ကိုယ်တော်က သူတို့အား ပြန်ပြော တော်မူသည်မှာ သူတော်ကောင်းယောင်ဆောင်သော သင်တို့၏အကြောင်းကို ရညွှန်း၍ ပရောဖက်အီဇာယက ဤကဲ့သို့ မှန်ကန်သင့်လျော်စွာ ဟောထားခဲ့၏။ ဤလူမျိုးသည် ငါ့ကို နှုတ်ဖြင့်သာရိုသေဂုဏ် ပြုကြ၏။ သူတို့ ၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှပေ၏။-
Mark BurCBCM 7:7  သူတို့သည် လူ တို့၏ထုံးတမ်းစဉ်လာများကို အယူဝါဒများအဖြစ် သွန် သင်ကြပြီး ငါ့အား ဝတ်ပြုကိုးကွယ်ခြင်းကို အချည်းနှီး ဖြစ်စေကြပြီဟူ၍ ရေးထား၏။-
Mark BurCBCM 7:8  သင်တို့သည် ဘုရား သခင်၏ပညတ်တော်ကိုပယ်ထားကြ၍ လူတို့၏ထုံး တမ်းစဉ်လာများကိုလိုက်နာကြ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 7:9  တစ်ဖန် ကိုယ်တော်က သူတို့အား သင်တို့သည် မိမိတို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပါးနပ်စွာပစ်ပယ်ထား ကြလေပြီ။-
Mark BurCBCM 7:10  အကြောင်းမူကား မိုးဇက်က သင်၏မိဘတို့ အားရိုသေခြင်းကိုပြုလော့။ မိမိ၏မိဘကိုကျိန်ဆိုသော သူသည် ဧကန်မုချသေ ထိုက်၏ဟု စီရင်ထားခဲ့၏။-
Mark BurCBCM 7:11  သို့သော် သင်တို့က တစ်စုံတစ်ယောက်သည် မိမိ၏အမိနှင့်အဖတို့အား ကျွန်ုပ်ထံမှ သင်တို့ရရှိမည့် အထောက်အပံ့သည် ကော်ဗန်(ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်း)ဖြစ် ၏ဟုဆိုလျှင်၊-
Mark BurCBCM 7:12  ထိုသူသည် မိဘတို့အတွက် ပြုအပ်သော ဝတ္တရားကို ဆောင်ရွက်ရန်မလိုဟု သွန်သင်ကြ၏။-
Mark BurCBCM 7:13  သင်တို့သည် သင်တို့လက်ဆင့်ကမ်းသွန်သင်လာကြသော ရှေးထုံးစဉ်လာများဖြင့် ဘုရားသခင်၏ပညတ်တော်များကို အချည်းနှီးဖြစ်စေကြ၏။ ထိုကဲ့သို့သောဓလေ့ထုံးစံ များစွာကိုလည်း သင်တို့ဖန်တီးကြ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 7:14  တစ်ဖန် ကိုယ်တော်သည် လူအစုအဝေးတို့ကို မိမိအထံတော်သို့ ခေါ်တော်မူ၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ငါ့ကိုနားထောင်၍ နားလည်သိမှတ် ကြလော့။-
Mark BurCBCM 7:15  လူ၏ပြင်ပမှ လူ့ခန္ဓာကိုယ်အတွင်းသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာတစ်ခုမျှမရှိ။ သို့သော် လူ၏အတွင်းမှထွက်လာ သောအရာတို့မူကား လူကို ညစ်ညူးစေနိုင်၏။-
Mark BurCBCM 7:16  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
Mark BurCBCM 7:17  ကိုယ်တော်သည် လူအစုအဝေးထံမှထွက်ခွာ၍ အိမ်အတွင်းသို့ဝင်တော်မူသောအခါ တပည့်တော်တို့က ထိုပုံဥပမာ အကြောင်းကိုမေးမြန်းကြ၏။-
Mark BurCBCM 7:18  ကိုယ်တော်က သင်တို့သည်လည်း နားမလည်နိုင်ကြသလော။ လူ၏ ပြင်ပမှ လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သမျှအရာသည် လူကို မညစ်ညူးစေကြောင်း သင်တို့မသိမမြင်ကြသလော။-
Mark BurCBCM 7:19  အကြောင်းမူကား ဝင်လာသောအရာသည် စိတ်နှလုံးထဲ သို့မဝင်ဘဲ ဝမ်းထဲသို့ဝင်ပြီး ပြင်ပသို့ရောက်သွားသည် မဟုတ် လောဟုမိန့်တော်မူ၏။ (ဤသို့ဆိုခြင်းဖြင့် အစား အစာအားလုံးမှာ သန့်ရှင်းသည်ဟု ကိုယ်တော်မိန့်တော် မူခြင်းဖြစ်၏။)-
Mark BurCBCM 7:20  တစ်ဖန် ကိုယ်တော်က လူ၏အတွင်းမှ လာသမျှသည် လူကိုညစ်ညူးစေ၏။-
Mark BurCBCM 7:21  အကြောင်းမူကား လူ့အတွင်းရှိ စိတ်နှလုံးထဲမှမကောင်းသောအကြံအစည် များ၊ ကာမဂုဏ်ကျူးလွန်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းကို ခိုးယူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူတစ်ပါးသားမယား ကိုပြစ်မှားခြင်း၊-
Mark BurCBCM 7:22  လောဘကြီးခြင်း၊ ကောက်ကျစ်စဉ်းလဲ ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကိလေသာစိတ်ပြင်းပြ ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း၊ မာနထောင်လွှား ခြင်းနှင့် မိုက်မဲခြင်း စသည်တို့ထွက်ပေါ်လာကြ၏။-
Mark BurCBCM 7:23  မကောင်းသော ဤအရာအားလုံးသည် လူ၏အတွင်းမှ ထွက်လာ၍ လူကိုညစ်ညူးစေကြ၏ဟု မိန့်တော်မူ၏။
Mark BurCBCM 7:24  ကိုယ်တော်သည် ထိုအရပ်မှ ထ၍ ထွက်ခွာပြီးလျှင် တီရာနှင့်စီဒွန်နယ်များသို့ကြွတော်မူ၏။ ကိုယ်တော်သည် အိမ်တစ်အိမ် သို့ဝင်ပြီးလျှင် ထိုနေရာ၌ မိမိရှိသည်ကို မည်သူ့ကိုမျှမသိစေလိုသော်လည်း ပုန်းရှောင်၍ မဖြစ်နိုင်ချေ။-
Mark BurCBCM 7:25  အကြောင်းမူကား ညစ်ညူးသောနတ်ဆိုး ပူးနေသည့်သူငယ်မတစ်ဦး၏မိခင်သည် ကိုယ်တော်၏ အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ ပျပ်ဝပ်ရှိခိုးလေ၏။-
Mark BurCBCM 7:26  ဤမိန်းမသည်ကား ဂရိလူမျိုး ဆီရိုဖွေ နိစိယအနွယ်ဝင်ဖြစ်ပြီး မိမိသမီးတွင် ပူးကပ်နေသောနတ် ဆိုးကို နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။-
Mark BurCBCM 7:27  ကိုယ်တော်ကလည်း သားသမီးတို့သည် ဦးစွာ၀အောင် စားကြပါစေ။ သားသမီးတို့၏အစားအစာကိုယူ၍ ခွေးတို့အား ချမကျွေးသင့်ဟု သူမအားမိန့်တော်မူ၏။-
Mark BurCBCM 7:28  သို့သော် သူမကမှန်ပါ၏အရှင်သခင်၊ သို့ရာတွင် စားပွဲအောက်မှခွေးတို့ပင်လျှင် သားသမီးတို့ထံမှမုန့်အစအန များကိုစားကြ ရပါသေးသည်ဟု လျှောက်လေ၏။-
Mark BurCBCM 7:29  ထိုအခါ ကိုယ်တော်က သင်ဤသို့ဆိုသောကြောင့် အိမ်သို့ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်ခွာသွားလေပြီဟု မိန့်တော်မူ၏။-
Mark BurCBCM 7:30  သူမသည်လည်း မိမိ၏အိမ်သို့ ပြန်သွားလျှင် သူငယ်မသည် အိပ်ရာပေါ်၌ လဲလျောင်း လျက်ရှိ၍ နတ်ဆိုးသည်လည်း ထွက်ခွာသွားပြီးဖြစ်သည်ကို တွေ့လေ၏။
Mark BurCBCM 7:31  ထို့နောက် ကိုယ်တော်သည် တီရာနယ်မှ ပြန်လာရာတွင် စီဒွန်နယ်နှင့် ဒေကာပိုလစ်နယ်တို့ကိုဖြတ်သန်း၍ ဂါလေလေးယ ပင်လယ်သို့ကြွလာတော်မူ၏။-
Mark BurCBCM 7:32  ထိုအခါ နားပင်း၍ စကားမပြောနိုင်သူတစ်ဦးကို လူတို့သည် အထံတော်သို့ခေါ်ဆောင်ခဲ့ကြပြီး သူ့အပေါ်၌ လက်တော်ကို တင်တော်မူပါမည့်အကြောင်း ကိုယ်တော်အား တောင်းပန်လျှောက်ထားကြ၏။-
Mark BurCBCM 7:33  ကိုယ်တော်သည်လည်း သူ့ကို လူအစုအဝေးထဲမှ သီးခြားခေါ်ဆောင်သွားပြီးလျှင် မိမိလက်ချောင်းကို သူ၏နားထဲသို့ သွင်းတော်မူ၏။ တစ်ဖန် ကိုယ်တော်သည် တံတွေးထွေးလျက် သူ၏လျှာကိုတို့ တော်မူ၏။-
Mark BurCBCM 7:34  ထို့နောက် ကိုယ်တော်သည် ကောင်းကင်သို့မျှော်ကြည့်၍ သက်ပြင်းချကာ အက်ဖဲတာဟုမိန့်တော်မူ၏။ အဓိပ္ပာယ်ကား ပွင့်စေလော့ဟူသတည်း။-
Mark BurCBCM 7:35  ထိုခဏချင်းတွင် သူ၏နားတို့သည် ပွင့်လာပြီး သူ၏လျှာသည်လည်း ဆွံ့အခြင်းမှကင်းဝေးကာ သူသည် ပီသစွာ စကားပြော လေ၏။-
Mark BurCBCM 7:36  ထိုအခါကိုယ်တော်သည် သူတို့အား ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် မိန့်မှာတော်မူ၏။ သို့သော် ကိုယ်တော်ဤသို့ မိန့်မှာသည်နှင့်အမျှ သူတို့သည် ပို၍စိတ်အားထက်သန်စွာ သတင်းကိုလွှင့်ကြလေ၏။-
Mark BurCBCM 7:37  လူတို့သည်လည်း အတိုင်းမသိအံ့အားသင့်ကြလျက် ကိုယ်တော်သည် အလုံးစုံကိုကောင်းစွာပြုတော်မူ ပြီ၊ ကိုယ်တော်သည် နားပင်းသောသူကိုနားကြားစေ၍ ဆွံ့အသောသူကို စကားပြောစေလေပြီဟု ဆိုကြ၏။
Chapter 8
Mark BurCBCM 8:1  ထိုနေ့ရက်တို့၌ များစွာသောလူတို့သည် တစ်ဖန်စုဝေးလာကြပြန်၏။ ထိုသူတို့၌ စားစရာမရှိသောကြောင့် ကိုယ်တော်သည် သူ၏တပည့်တော်တို့ကို အထံတော်သို့ခေါ်ပြီးလျှင် သူတို့အား မိန့်တော်မူသည်ကား၊-
Mark BurCBCM 8:2  ဤလူအစုအဝေးကို ငါသနား၏။ အကြောင်းမူကား သူတို့သည် ယခုဆိုလျှင် ငါနှင့်အတူ သုံးရက်တိုင်တိုင်ရှိနေခဲ့ကြပြီ။ သူတို့၌ စားစရာလည်း မရှိကြချေ။-
Mark BurCBCM 8:3  သူတို့ကို ဆာလောင်လျက် အိမ်သို့ ငါပြန်လွှတ်လျှင် သူတို့သည် လမ်းခရီး၌ အားပြတ်၍ လဲကြလိမ့်မည်။ သူတို့ထဲမှ အချို့သည် ဝေးလံသောခရီးမှ လာခဲ့ကြ၏ဟု မိန့်တော်မူ၏။-
Mark BurCBCM 8:4  တပည့်တော်တို့ကလည်း ဤတောအရပ်၌ ဤသူတို့ကို ပေါင်မုန့်နှင့် မည်ကဲ့သို့အလုံအလောက်ကျွေးနိုင်ပါမည်နည်းဟု ကိုယ်တော်အား လျှောက်ထားကြလေ၏။-
Mark BurCBCM 8:5  ထိုအခါ ကိုယ်တော်က သင်တို့၌ ပေါင်မုန့်မည်မျှရှိသနည်းဟု မေးတော်မူလျှင် သူတို့က ခုနစ်လုံးရှိပါသည်ဟုဖြေကြ၏။-
Mark BurCBCM 8:6  ထိုအခါ ကိုယ်တော်သည် လူအစုအဝေးတို့ကို မြေပေါ်၌ ထိုင်ကြရန် အမိန့်ပေးတော်မူပြီးနောက် ပေါင်မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းလျက် ၎င်းတို့ကိုဖဲ့တော်မူ၏။ ထို့နောက် ၎င်းတို့ကို လူတို့၏ရှေ့တွင်တည်ခင်းစေခြင်းငှာ တပည့်တော်တို့ အားပေးတော်မူ၏။ တပည့်တော်တို့သည်လည်း ပေါင်မုန့်များကို လူအစုအဝေးရှေ့တွင် တည်ခင်းကျွေးမွေးကြ၏။-
Mark BurCBCM 8:7  သူတို့၌ ငါးအနည်းငယ်ရှိသဖြင့် ထိုငါးတို့ကိုလည်း ကောင်းချီးပေး၍ လူတို့၏ရှေ့၌ တည်ခင်းရန် အမိန့်ရှိတော်မူ၏။-
Mark BurCBCM 8:8  ထိုသူတို့စား၍ ၀ကြပြီးမှ တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့ များကိုကောက်ယူစုသိမ်းရာ ခုနစ်တောင်း အပြည့်ရကြလေ၏။-
Mark BurCBCM 8:9  စားကြသောသူတို့သည်ကား လေးထောင်ခန့်ရှိသတည်း။-
Mark BurCBCM 8:10  ထို့နောက် ကိုယ်တော်သည် လူအစုအဝေးကို ပြန်လွှတ်ပြီး ချက်ချင်းပင် တပည့်တော်တို့နှင့်အတူလှေပေါ်သို့တက်၍ ဒါမာနုသနယ်သို့ ကြွတော်မူ၏။
Mark BurCBCM 8:11  ဖာရီဇေးဦးတို့သည် အထံတော်သို့ရောက်လာကြ၍ ကိုယ်တော်နှင့် စတင်ဆွေးနွေးငြင်းခုံကြလျက် ကိုယ်တော်ကို စမ်းသပ် ရန် ကောင်းကင်မှ နိမိတ်လက္ခဏာကို တောင်းကြလေ၏။-
Mark BurCBCM 8:12  ထိုအခါ ကိုယ်တော်သည် စိတ်နှလုံးအတွင်း၌ သက်ပြင်းချလျက် ဤလူမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာ ကိုတောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤလူမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။-
Mark BurCBCM 8:13  ကိုယ်တော်သည် သူတို့ထံမှ ထွက်ခွာ၍ တစ်ဖန်လှေပေါ်သို့တက်ပြီးလျှင် တစ်ဖက်ကမ်းသို့ ကြွ တော်မူ၏။
Mark BurCBCM 8:14  ထိုအချိန်တွင် တပည့်တော်တို့သည် ပေါင်မုန့်ယူ ဆောင်လာရန် မေ့လျော့ခဲ့ကြသဖြင့် လှေပေါ်တွင်သူတို့၌ ပေါင်မုန့်တစ်လုံး သာရှိ၏။-
Mark BurCBCM 8:15  ကိုယ်တော်ကလည်း ဖာရီဇေးဦးတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးကိုရှောင်ရန် သတိပြုကြလော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 8:16  ထိုအခါ သူတို့က ငါတို့၌ ပေါင်မုန့်မပါသောကြောင့်ဤသို့ပြောသည်ဟု အချင်း ချင်းပြောဆိုကြ၏။-
Mark BurCBCM 8:17  ယေဇူးသည်လည်း ထိုအဖြစ်ကို သိတော်မူသည်ဖြစ်၍ သူတို့အား ဆိုသည်ကား သင်တို့၌ ပေါင်မုန့်မပါလာသည့် အကြောင်း ကို အဘယ်ကြောင့် ဆွေးနွေးကြသနည်း။ သင်တို့သည် ယခုတိုင်အောင် မသိကြသလော။ သို့မဟုတ် နားမလည်ကြသလော။ သင် တို့၏စိတ်နှလုံးသည် မာကြောခိုင်မာနေသလော။-
Mark BurCBCM 8:18  သင်တို့တွင် မျက်စိရှိလျက် မမြင်ကြသလော။ နားရှိလျက်နှင့် မကြားကြသလော။ သင်တို့မမှတ်မိကြသလော။-
Mark BurCBCM 8:19  ငါသည် ပေါင်မုန့်ငါးလုံးကိုဖဲ့၍ လူငါးထောင်အား ကျွေးမွေး သောအခါ အကျိုးအပဲ့တောင်းမည်မျှ သင်တို့ကောက် သိမ်းခဲ့ကြ သနည်းဟုမေးတော်မူလျှင် သူတို့က တစ်ဆယ့်နှစ်တောင်းဟု ကိုယ်တော်အား လျှောက်ကြ၏။-
Mark BurCBCM 8:20  တစ်ဖန် ငါသည် ပေါင်မုန့်ခုနစ်လုံးကိုဖဲ့၍ လူလေးထောင်အား ကျွေးမွေးသောအခါ အကျိုးအပဲ့တောင်းမည်မျှ သင်တို့ ကောက်သိမ်းခဲ့ကြသနည်းဟု မေးတော်မူလျှင် သူတို့က ခုနစ်တောင်းဟု လျှောက်ကြ၏။-
Mark BurCBCM 8:21  ကိုယ်တော်ကလည်း သို့ဖြစ်လျှင် သင်တို့ယခုတိုင်အောင် နားမလည်နိုင်ကြ သလောဟု သူတို့အား မိန့်တော်မူ၏။
Mark BurCBCM 8:22  သူတို့သည် ဘက်ဇိုင်းဒါသို့ ရောက်ကြသောအခါလူအချို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၍ ထိုသူ့ကို တို့ထိတော်မူပါမည့်အကြောင်း ကိုယ်တော်အား တောင်းပန်ကြ၏။-
Mark BurCBCM 8:23  ကိုယ်တော်သည်လည်း မျက်စိမမြင်သောသူ၏လက်ကို ဆွဲလျက် သူ့ကို ရွာအပြင်သို့ ခေါ်ဆောင်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုသူ၏မျက်စိများကို တံတွေးဖြင့်ဆွတ်၍ သူ့အပေါ်၌ လက်တော်ကိုတင်လျက် သင်သည် တစ်စုံတစ်ရာကို မြင်သလောဟုမေးတော်မူ၏။-
Mark BurCBCM 8:24  ထိုသူကလည်း မော်ကြည့်၍ အကျွန်ုပ်သည် လူတို့ကိုမြင်ရပါသည်။ သို့ သော် သူတို့သည် လမ်းလျှောက်နေသောသစ်ပင် များနှင့် တူပါသည်ဟု လျှောက်လေ၏။-
Mark BurCBCM 8:25  ထိုအခါ ကိုယ်တော် သည် သူ၏မျက်စိများပေါ်သို့ မိမိလက်တော်ကို တစ်ဖန် တင်တော်မူ၏။ ထို့နောက် ထိုသူသည် စူးစိုက်၍ ကြည့်ရာ အကောင်းပကတိပြန်ဖြစ်လာ၍ အရာအားလုံးကို ကြည် လင်စွာ မြင်ရလေ၏။-
Mark BurCBCM 8:26  ထိုအခါ ကိုယ်တော်သည် သူ့ကို သူ၏အိမ်သို့ပြန်လွှတ်၍ ရွာထဲသို့မဝင်လေနှင့်ဟု မိန့်မှာ တော်မူ၏။
Mark BurCBCM 8:27  ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဆီဇားရိယ ဖိလိပိနယ်ရှိ ကျေးရွာများသို့ကြွတော်မူ၏။ လမ်းခရီး၌ ကိုယ်တော်က လူတို့သည် ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်းဟု မိမိတပည့်တော်တို့အား မေးတော်မူ၏။-
Mark BurCBCM 8:28  သူတို့ကလည်း အချို့က ယောဟန်ဘတ္တိဇံ၊ တချို့က ဧလိယ၊ အခြားသောသူတို့က ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍ ဆိုကြပါသည်ဟု လျှောက်ထားကြ၏။-
Mark BurCBCM 8:29  ထိုအခါ ကိုယ်တော်က သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ပြောဆိုကြသနည်းဟု မေးတော်မူလျှင် ပေတရုက ကိုယ် တော်သည် ခရစ်တော်ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။-
Mark BurCBCM 8:30  ကိုယ်တော်ကလည်း မိမိ၏အကြောင်းကို မည် သူ့ကိုမျှမပြောစေခြင်းငှာ သူတို့ကို တားမြစ်တော်မူ၏။
Mark BurCBCM 8:31  ထိုအခါ ကိုယ်တော်က လူသားသည် ကြီးစွာသော ဒုက္ခဝေဒနာခံရမည့်အကြောင်းကိုလည်းကောင်း၊ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ရဟန်းအကြီး အကဲများ၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရ မည့်အကြောင်းကိုလည်းကောင်း၊ သုံးရက်လွန်ပြီးသော အခါတွင် ရှင်ပြန်ထမြောက်မည့်အကြောင်းကိုလည်းကောင်း သူတို့အား စတင်သွန်သင်တော်မူ၏။-
Mark BurCBCM 8:32  ကိုယ်တော်သည် ဤအကြောင်းကို ပွင့်လင်းစွာ မိန့်မြွက်တော် မူသောအခါ ပေတရုသည် ကိုယ်တော်ကိုခေါ်ထုတ်သွား ၍ စတင်ပြစ်တင်ပြောဆိုလေ၏။-
Mark BurCBCM 8:33  သို့သော် ကိုယ်တော်သည် တပည့်တော်များဘက်သို့လှည့်၍ ကြည့်လျက် ပေတရုအား အချင်းစာတန်၊ ငါ့နောက်သို့ဆုတ် လော့။ သင်သည် ဘုရားသခင်နှင့်ဆိုင်ရာကိုစိတ်မစွဲဘဲ လူတို့နှင့်ဆိုင်ရာကိုသာ စိတ်စွဲလျက်ရှိသည်ဟု ပြစ်တင်ပြောဆိုတော်မူ ၏။
Mark BurCBCM 8:34  ကိုယ်တော်သည် မိမိတပည့်တော်များနှင့်အတူ လူအစုအဝေးတို့ကို အထံတော်သို့ခေါ်ပြီးလျှင် သူတို့အား မိန့်တော်မူသည် ကား ငါ၏နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်စေ။ မိမိ၏လက်ဝါးကပ်တိုင် ကိုလည်းထမ်း၍ ငါ၏နောက်သို့ လိုက်စေ။-
Mark BurCBCM 8:35  အကြောင်းမူကား မိမိ၏အသက်ကိုကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်နှင့် ဧဝံဂေလိတရား တော်အတွက်ကြောင့် အသက်ဆုံးရှုံးရသောသူသည် မိမိ၏ အသက်ကို ကယ်တင်လိမ့်မည်။-
Mark BurCBCM 8:36  လူသည် စကြ၀ဠာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက် ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
Mark BurCBCM 8:37  လူသည် မိမိ၏အသက်ကို မည်သည့်အရာနှင့်လဲလှယ်နိုင်မည်နည်း။-
Mark BurCBCM 8:38  အကြောင်းမူကား အပြစ်ကျူးလွန်၍ စာရိတ္တဖောက်ပြန်တတ်သော ဤလူမျိုးဆက်တွင် မည်သူမဆို ငါနှင့်ငါ့စကားများ ကြောင့်ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်တော်များနှင့်အတူ ခမည်းတော်၏ဘုန်းဂုဏ်တော်၌ ကြွလာ တော်မူသော အခါ ထိုသူ့အတွက် ရှက်လိမ့်မည်ဟု မိန့်တော်မူ၏။
Chapter 9
Mark BurCBCM 9:1  ထို့နောက် ကိုယ်တော်က ဤနေရာတွင် ရပ်နေ ကြသောသူအချို့တို့မူကား ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးအာဏာ နှင့် ရောက်လာသည်ကို မမြင် ရမီ သေခြင်းကို မမြည်းစမ်း ရဟု သူတို့အား မိန့်တော်မူ၏။
Mark BurCBCM 9:2  ခြောက်ရက်လွန်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်ပေါ်သို့ အခြားသူများမပါဘဲ ခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ရှေ့၌ပင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူလေ၏။-
Mark BurCBCM 9:3  ကိုယ်တော်၏အဝတ်တော်တို့သည် ထွန်းလင်းတောက်ပ၍ အလွန်ဖြူဖွေးလာ၏။ ဤကဲ့သို့ ဖြူစေခြင်းငှာ ကမ္ဘာမြေကြီး ပေါ်ရှိ မည်သည့်ခဝါသည်မျှ မတတ်နိုင်ချေ။-
Mark BurCBCM 9:4  ထိုခဏ၌ ဧလိယသည် မိုးဇက်နှင့်အတူ တပည့်တော်တို့၏ရှေ့တွင်ပေါ်လာ၍ သူတို့သည် ယေဇူးနှင့် စကားပြောဆိုကြ လေ၏။-
Mark BurCBCM 9:5  ထိုအခါ ပေတရုက ဆရာသခင်၊ ဤအရပ်သည် အကျွန်ုပ်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော့်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်ဆောက်ကြပါစို့ဟု ယေဇူးအား လျှောက် ထားလေ၏။-
Mark BurCBCM 9:6  အကြောင်းမူကား သူတို့သည် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် သူသည် မည် သည့်အရာကို ပြောမှန်းမသိ ချေ။-
Mark BurCBCM 9:7  ထိုအခါ မိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤ သူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။ သူ့ကို နာခံကြလော့ဟူ၍ဖြစ်သတည်း။-
Mark BurCBCM 9:8  သူတို့သည် ရုတ်တရက် မိမိတို့ပတ်လည်သို့ လှည့်ကြည့်ကြ သောအခါ ယေဇူးမှလွဲ၍ အခြားမည်သူ့ကိုမျှ မိမိတို့နှင့် အတူ မတွေ့ ကြတော့ချေ။
Mark BurCBCM 9:9  သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ကိုယ်တော်က လူသားသည် သေခြင်းမှရှင်ပြန်ထမြောက် ပြီးသည်အထိ ယခုသူတို့မြင်ခဲ့သောအရာများကို မည်သူ့ကိုမျှမပြောကြားရန် သူတို့အား တားမြစ်တော်မူ၏။-
Mark BurCBCM 9:10  ထို့ကြောင့် သူတို့သည် ဤအကြောင်းကို မိမိတို့၏စိတ် အတွင်း၌သာထား၍ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဆို သည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်း ပြောဆိုမေးမြန်းကြ၏။-
Mark BurCBCM 9:11  ထို့နောက် သူတို့က သို့ဖြစ်လျှင် ဧလိယသည် ရှေးဦးစွာကြွလာမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုကြပါ သနည်းဟု ကိုယ်တော် အားမေးလျှောက်ကြ၏။-
Mark BurCBCM 9:12  ကိုယ်တော်က သူတို့အား ပြန်ပြောတော်မူသည်မှာ ဧလိယသည် ရှေးဦးစွာလာ၍ ခပ်သိမ်းသောအရာတို့ကို ပြန်လည်တည် ထောင်ရမည်မှန်၏။ သို့ရာတွင် လူသားသည် များစွာသောဒုက္ခဝေဒနာများ ကိုခံရမည့်အကြောင်းနှင့် မထီမဲ့မြင်ပြုခြင်းကို ခံရမည့် အကြောင်း ကျမ်းစာတော်မြတ်တွင် အဘယ်ကြောင့်ရေးထားသနည်း။-
Mark BurCBCM 9:13  သင်တို့အား ငါဆိုသည်ကား ဧလိယသည် ကြွလာခဲ့လေပြီ။ ကျမ်းစာတော်မြတ်တွင် သူ့အကြောင်းကို ရေးထားသည့် အတိုင်း လူတို့သည် သူ့ကို ပြုလိုရာပြုခဲ့ ကြပြီဟု မိန့်တော်မူ၏။
Mark BurCBCM 9:14  သူတို့သည် တပည့်တော်တို့ရှိရာသို့ ရောက်ကြ သောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ ရောက်ရှိနေသည်ကို လည်းကောင်း၊ ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့် ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်းကောင် တွေ့ကြ၏။-
Mark BurCBCM 9:15  လူအပေါင်းတို့သည် ကိုယ်တော်ကိုတွေ့ ကြသည်နှင့်တစ်ပြိုင်နက် အလွန်အံ့ဩကြ လျက် အထံတော်သို့ပြေးလာကြ၍ ကိုယ်တော့်ကို နှုတ်ဆက်ကြလေ၏။-
Mark BurCBCM 9:16  ကိုယ်တော်ကလည်း သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 9:17  လူအစုအဝေး ထဲမှတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်၏သားသည် ဆွံ့အစေသောနတ်ဆိုးပူးနေသောကြောင့် သူ့ကို ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။-
Mark BurCBCM 9:18  နတ်ဆိုးပူးသော အခါတိုင်း ၎င်းသည် သူ့ကို မြေပေါ်သို့ပစ်ချ၍ သူသည် ပါးစပ်မှ အမြှုပ်များထွက်လာလျက် အံသွားများ ကြိတ်ပြီး ခန္ဓာကိုယ်လည်း တောင့်လာပါသည်။ ထိုနတ်ဆိုးကို နှင် ထုတ်ပေးရန် ကိုယ်တော်၏တပည့်များအား အကျွန်ုပ် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ ဟုလျှောက်လေ၏။-
Mark BurCBCM 9:19  ကိုယ်တော်ကလည်း အိုယုံကြည် ခြင်းကင်းမဲ့သောလူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှ ကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့ကို ငါသည်းခံရမည်နည်း။ သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 9:20  ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ နတ်ဆိုးသည် ကိုယ် တော့်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို ပြင်းထန်စွာလှုပ်ခါ သဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက် ပါးစပ်မှအမြှုပ်များထွက်နေလေ၏။-
Mark BurCBCM 9:21  ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူက သူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။-
Mark BurCBCM 9:22  နတ်ဆိုးသည် သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ် ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက် ထားလေ၏။-
Mark BurCBCM 9:23  ထိုအခါ ယေဇူးက ကိုယ်တော်တတ်နိုင် တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ယုံကြည် သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အား မိန့်တော်မူ၏။-
Mark BurCBCM 9:24  သူငယ်၏အဖသည်လည်း ချက်ချင်းပင် အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊ အကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏ အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟု ဆိုလေ၏။-
Mark BurCBCM 9:25  ထိုအခါ ယေဇူးသည် အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုး အား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟု မိန့်တော်မူ၏။-
Mark BurCBCM 9:26  နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။ သူငယ်သည်လည်း အသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟု ဆိုကြ၏။-
Mark BurCBCM 9:27  သို့သော် ယေဇူးသည် သူငယ် ၏လက်ကိုကိုင်လျက် သူ့အား ထူမတော်မူလျှင် သူသည် ထလာလေ၏။-
Mark BurCBCM 9:28  ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။-
Mark BurCBCM 9:29  ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။
Mark BurCBCM 9:30  သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလေလေးယ နယ်ကို ဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် ဤအကြောင်းကို မည်သူမျှသိစေရန် အလိုတော်မရှိချေ။-
Mark BurCBCM 9:31  အကြောင်းမူကား ကိုယ်တော်က လူသားသည် လူတို့၏ လက်တွင်အပ်နှံခြင်းခံရမည့်အကြောင်း၊ ထိုသူတို့သည် သူ့က ိုအသေသတ်ကြမည့်အကြောင်းနှင့် အသေသတ် ခြင်းခံရပြီး သုံးရက်မြောက်သောနေ့တွင် သူသည်ရှင်ပြန် ထမြောက်မည့် အကြောင်းတို့ကို တပည့်တော်တို့အား ပြောပြလျက် သွန်သင်နေတော်မူသောကြောင့်ဖြစ်၏။-
Mark BurCBCM 9:32  သူတို့မူကား ဤစကားကို နားမလည်ကြဘဲ ကိုယ်တော့် ကို မေးမြန်းရန်လည်း ကြောက်ရွံ့ကြ၏။
Mark BurCBCM 9:33  သူတို့သည် ကာဖာနာအုမ်မြို့သို့ ရောက်လာကြ၍ ကိုယ်တော်သည် အိမ်၌ရှိတော်မူသောအခါ ကိုယ်တော်က သင်တို့သည် လမ်းခရီးတွင် မည်သည့်အကြောင်းကို ပြောဆိုငြင်းခုံနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 9:34  သူတို့မူကား တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည် ကို လမ်းခရီး၌ သူတို့အချင်းချင်းပြောဆိုငြင်းခုံခဲ့ကြသော ကြောင့်ဖြစ်၏။-
Mark BurCBCM 9:35  ကိုယ်တော်သည်လည်း ထိုင်၍ တစ်ကျိပ်နှစ်ပါးတို့ကိုခေါ် ပြီးလျှင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံးတွင် နောက်ဆုံး သော သူနှင့် အားလုံး၏အစေခံ ဖြစ်ရမည်ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 9:36  ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကို အထံတော်သို့ခေါ်ယူ၍ သူတို့၏အလယ်တွင်ထားပြီးမှ သူ့ကိုပွေ့ ချီလျက်၊-
Mark BurCBCM 9:37  ဤကဲ့သို့သောသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသော သူမည်သူမဆို ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူမည် သူမဆို ငါ့ကိုလက်ခံခြင်းမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော် မူသောသူကိုလက်ခံခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။
Mark BurCBCM 9:38  ယောဟန်ကလည်း အရှင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်နေသော သူတစ်ယောက် ကို တပည့်တော်တို့တွေ့မြင်ခဲ့ပါ၏။ သူသည် တပည့်တော်တို့နှင့်အတူ မပါဝင်သောကြောင့် သူ့ကို တပည့်တော်တို့တားမြစ် ခဲ့ပါသည်ဟု လျှောက်လေ၏။-
Mark BurCBCM 9:39  သို့သော် ယေဇူးက ထိုသူ့ကိုမတားမြစ်ကြနှင့်။ ငါ၏ နာမ၌ အံ့ဖွယ်ရာများကိုပြုလုပ်ပြီးနောက် ငါ၏အကြောင်း မကောင်း ပြောနိုင်မည့်သူတစ်ဦးမျှရှိလိမ့်မည်မဟုတ်။-
Mark BurCBCM 9:40  အကြောင်းမူကား ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်သော သူသည် ငါတို့ဘက်တွင် ပါဝင်သောသူဖြစ်၏။-
Mark BurCBCM 9:41  သင်တို့ အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်တို့အား သောက်ရန်ရေတစ်ခွက်ပေးသောသူမည်သူမဆို မိမိ၏ ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
Mark BurCBCM 9:42  မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင် ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍ သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည် သူ့အတွက် သာ၍ကောင်း၏။-
Mark BurCBCM 9:43  သင်၏ လက်သည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုလက်ကိုဖြတ် ပစ်လော့။ လက်နှစ်ဖက်ရှိလျက် ထာ၀ရမငြိမ်းနိုင်သော ငရဲမီးထဲသို့သွားရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့လျက် ထာ ၀ရအသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
Mark BurCBCM 9:44  ထိုနေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီး လည်းမငြိမ်းရာ။-
Mark BurCBCM 9:45  သင်၏ခြေသည် သင့်ကို အပြစ်ပြုမိစေ လျှင် ထိုခြေကို ဖြတ်ပစ်လော့။ ခြေနှစ်ဖက်ရှိလျက်နှင့် ငရဲ ထဲသို့ ပစ်ချခံရခြင်းထက် မသန်မစွမ်းဘ၀ဖြင့် ထာ၀ရ အသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
Mark BurCBCM 9:46  ထို နေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီးလည်း မငြိမ်းရာ။-
Mark BurCBCM 9:47  သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိ စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ပစ်ချခံရ ခြင်းထက် မျက်စိတစ်လုံးချို့ယွင်းလျက် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရခြင်းသည် သာ၍ ကောင်း၏။-
Mark BurCBCM 9:48  ထိုနေရာ၌ သူတို့ ၏လောက်ကောင်ပိုးမသေ သကဲ့သို့ မီးလည်းမငြိမ်းရာ။-
Mark BurCBCM 9:49  အကြောင်းမူကား လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်းခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရ လိမ့်မည်။-
Mark BurCBCM 9:50  ဆားသည် ကောင်းပေ၏။ သို့သော် ဆားသည် အငန်ဓာတ်ပျောက်ခဲ့ ပါလျှင် သင်သည် ငန်သောအရသာကို မည်ကဲ့သို့ ပြန်ရရှိ မည်နည်း။ သင်တို့ကိုယ်တိုင်၌ ဆားရှိစေကြလော့။ သင် တို့အချင်းချင်းငြိမ်းချမ်းစွာနေကြလော့ဟု မိန့်တော်မူ၏။
Chapter 10
Mark BurCBCM 10:1  ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာတော်မူ၍ ဂျူဒေးယနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက် ကမ်းသို့ ကြွသွားတော်မူရာ လူအစုအဝေးတို့သည် အထံတော်သို့ တစ်ဖန်စုရုံးလာကြ၏။ ကိုယ်တော်သည်လည်း မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ကို ထပ်မံဟောပြောသွန် သင်တော်မူ၏။
Mark BurCBCM 10:2  ထိုအခါ ဖာရီဇေးဦးတို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ လူသည် မိမိ၏မယားနှင့်ကွာရှင်းအပ်သလော ဟု ကိုယ်တော့်ကို စုံစမ်းလိုသောအကြံနှင့် မေးမြန်းကြ၏။-
Mark BurCBCM 10:3  ကိုယ်တော်ကလည်း မိုးဇက်သည် သင်တို့ကို မည် ကဲ့သို့ပညတ်ထားသနည်းဟု သူတို့အား ပြန်မေးတော်မူ၏။-
Mark BurCBCM 10:4  သူတို့က ကွာရှင်းစာချုပ်ရေး၍ မိမိ၏မယားကိုကွာ ရှင်းရန် မိုးဇက်က အခွင့်ပြုခဲ့ပါသည်ဟု ဖြေကြ၏။-
Mark BurCBCM 10:5  သို့သော် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့၏စိတ်နှလုံးခက်ထန်ခြင်းကြောင့် မိုးဇက်သည် ဤပညတ်ကို စီရင်ခဲ့၏။-
Mark BurCBCM 10:6  ဖန်ဆင်းခြင်း၏အစ၌မူကား ဘုရားသခင်သည် လူတို့ကို ယောက်ျားနှင့် မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။-
Mark BurCBCM 10:7  ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ ၏အမိနှင့် အဖတို့ကိုစွန့်ခွာ၍ မိမိ၏ဇနီးနှင့် ပေါင်းသင်း နေထိုင်ရလိမ့်မည်။-
Mark BurCBCM 10:8  ထိုအခါ သူတို့နှစ်ဦးသည် တစ်သား တစ်ကိုယ်တည်းဖြစ်ရမည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦး မဟုတ်၊ တစ်ဦးတည်း သာဖြစ်၏။-
Mark BurCBCM 10:9  ထို့ကြောင့် ဘုရား သခင်ပေါင်းဖက်ပေးထားတော်မူသောအရာကို လူသည် မခွဲခွာစေနှင့်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:10  တပည့်တော်တို့သည် အိမ်တွင် ဤအကြောင်းကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။-
Mark BurCBCM 10:11  ကိုယ်တော်ကလည်း မည်သူမဆို မိမိ၏ဇနီးနှင့်ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် မိမိ၏ဇနီးအပေါ် ဖောက်ပြန် ရာရောက်၏။-
Mark BurCBCM 10:12  ဇနီးဖြစ်သူသည်လည်း မိမိ၏ခင်ပွန်းနှင့် ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် သူမသည် ဖောက်ပြန်ရာရောက် သည်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:13  ထိုအခါ လူတို့သည် ကလေးသူငယ်များကို ကိုယ် တော်၏လက်ဖြင့် တို့ထိစေခြင်းငှာ အထံတော်သို့ခေါ် ဆောင်လာကြသဖြင့် တပည့်တော်တို့သည်လည်း သူ တို့ကို အပြစ်တင်ကြ၏။-
Mark BurCBCM 10:14  သို့သော် ထိုအခြင်းအရာကို ယေဇူးမြင်လျှင် အမျက်ထွက်၍ သူတို့အား မိန့်တော်မူ သည်ကား ကလေးသူငယ်တို့ကို ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ် ၏။-
Mark BurCBCM 10:15  သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ဤကလေးသူငယ်တစ်ဦးကဲ့သို့ လက်မခံသောသူမည် သူမဆို နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။-
Mark BurCBCM 10:16  ထို့နောက် ကိုယ်တော်သည် ကလေး သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်၌ လက်တော်ကိုတင်လျက် ကောင်းချီးပေး တော်မူ၏။
Mark BurCBCM 10:17  ကိုယ်တော်သည် ခရီးပြုရန်ထွက်ကြွလာတော်မူ စဉ် လူတစ်ယောက်သည် အထံတော်သို့ ပြေးလာ၍ ရှေ့တော်၌ ဒူးထောက်လျက် ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်အရာ ကိုပြုရပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
Mark BurCBCM 10:18  ထိုအခါ ယေဇူးက သူ့အား အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရား သခင်မှတစ်ပါး မည်သူမျှကောင်းမြတ်သည်မဟုတ်။-
Mark BurCBCM 10:19  သင်သည် ပညတ်တော်များကိုသိ၏။ သူ့အသက်ကို မသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။သူ့ဥစ္စာကို မခိုးယူ နှင့်။ မဟုတ်မမှန်သက်သေခံခြင်းကိုမပြုနှင့်။ လိမ်လည်၍ ရယူခြင်းကိုမပြုနှင့်။ သင်၏မိဘတို့ကိုရိုသေလော့ဟု မိန့် တော်မူ၏။-
Mark BurCBCM 10:20  ထိုသူကလည်း ဆရာသခင်၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကစ၍ စောင့်ထိန်းခဲ့ပါပြီဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
Mark BurCBCM 10:21  ထိုအခါ ယေဇူးသည် သူ့ကိုကြည့်ပြီး ချစ်ခင်စိတ်ဖြစ်ပေါ်သဖြင့် သင်၌ တစ်ခုလိုနေသေး၏။ သွား၍ သင်၌ရှိသမျှ ဥစ္စာပစ္စည်း တို့ ကိုရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ဖြင့် သင်သည် ကောင်းကင်၌ ဘဏ္ဍာကိုရ လိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
Mark BurCBCM 10:22  သူသည် ဤစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းစွာထွက်ခွာသွားလေ၏။ အကြောင်းမူကား သူသည် ဥစ္စာ များစွာကြွယ်၀သောသူ ဖြစ်သောကြောင့်တည်း။
Mark BurCBCM 10:23  ယေဇူးသည်လည်း လှည့်ကြည့်တော်မူပြီးမှ ကြွယ် ၀ချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော် သို့ဝင်ရောက်ရန် ခက်ခဲလွန်းလှပေသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
Mark BurCBCM 10:24  တပည့်တော်တို့သည်လည်း ကိုယ်တော်၏စကားများကြောင့် အံ့ဩနေကြ၏။ သို့သော် ယေဇူးက ချစ်သားတို့၊ ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ခက်ခဲလှပေသည်။-
Mark BurCBCM 10:25  ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံသို့ဝင်ရခြင်းထက် ကုလားအုပ် သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်၏ဟု သူတို့အား ထပ်မံမိန့်တော်မူ၏။-
Mark BurCBCM 10:26  ထိုအခါ သူတို့သည် အလွန် အမင်းအံ့ဩကြလျက် ဤသို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။-
Mark BurCBCM 10:27  ယေဇူးသည် သူတို့ကိုကြည့်တော်မူ၍ ဤအမှုအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင် အတွက်မူ ဖြစ်နိုင်၏။ အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူသည်ဟု မိန့် တော်မူ၏။
Mark BurCBCM 10:28  ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှကို စွန့်၍ နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေ၏။-
Mark BurCBCM 10:29  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆို ငါ့အတွက်နှင့် ဧဝံဂေလိတရားတော်အတွက် အိမ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားသမီးနှင့် မြေယာ များကိုစွန့်လွှတ်လျှင်၊-
Mark BurCBCM 10:30  ယခုဘ၀တွင် ညှဉ်းဆဲခံရခြင်းနှင့် တကွ အိမ်၊ ညီအစ်ကိုများ၊ နှမများ၊ မိခင်များ၊ သားသမီး များနှင့် မြေယာများကို အဆတစ်ရာမရဘဲ မနေသကဲ့သို့ နောင်ဘ၀တွင်လည်း ထာ၀ရအသက်ကို မရဘဲ မရှိရာ။-
Mark BurCBCM 10:31  သို့သော် ပထမဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်။ နောက်ဆုံးသောသူတို့သည်လည်း ပထမဦးဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:32  သူတို့သည် ဂျေရုဆလင်မြို့သို့ သွားကြသောအခါ လမ်းခရီးတွင် ယေဇူးသည် သူတို့၏ရှေ့မှ ကြွသွားတော်မူ၏။ တပည့်တော်တို့သည်လည်း အံ့ဩကြ၍ နောက်မှ လိုက်ကြသောသူတို့သည်လည်း ကြောက်ရွံ့နေကြ၏။ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်တော်မူ၍ မိမိ၌ဖြစ်ပျက်လတ္တံ့သောအရာများကို စတင်ပြောဆို တော်မူ၏။-
Mark BurCBCM 10:33  ကိုယ်တော်က ငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသားသည် ရဟန်းအကြီးအကဲတို့နှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ ထိုသူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍ လူမျိုးခြားတို့ ၏လက်သို့ အပ်နှံကြလိမ့်မည်။-
Mark BurCBCM 10:34  ထိုသူတို့ကပင် သူ့ကို လှောင်ပြောင်၍ တံတွေးနှင့်ထွေးပြီး ရိုက်နှက်ကာ အသေသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက် မြောက်သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏။
Mark BurCBCM 10:35  ထို့နောက် ဇေဘေဒေးဦး၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ် ကြ၍ ဆရာသခင်၊ တပည့်တော်တို့တောင်းခံရာမှန်သမျှ ကိုပေးသနားစေလိုပါသည်ဟု ကိုယ်တော်အား လျှောက်ကြ၏။-
Mark BurCBCM 10:36  ကိုယ်တော်ကလည်း သင်တို့အဖို့ ငါ့အား မည် သည့်အရာကိုပြုစေလိုသနည်းဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 10:37  ထိုအခါ သူတို့က တပည့်တော်တို့နှစ်ဦးအား ကိုယ်တော်၏ဘုန်းဂုဏ်တော်၌ လက်ယာဘက်တွင်တစ်ယောက်၊ လက်ဝဲ ဘက်တွင်တစ်ယောက် ထိုင်ရသော အခွင့်ကိုပေးတော်မူပါဟုလျှောက်ထားကြ၏။-
Mark BurCBCM 10:38  သို့သော် ယေဇူးက သင်တို့တောင်းသော အရာကို သင်တို့မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက်နိုင်ကြ မည်လော။ သို့မဟုတ် ငါခံယူသောဆေးကြောခြင်းကို သင်တို့ခံယူနိုင်ကြမည်လောဟု မေးတော်မူသောအခါ၊-
Mark BurCBCM 10:39  သူတို့က တပည့်တော်တို့တတ်နိုင်ပါ၏ဟု ပြန်လျှောက်ကြ၏။ ယေဇူးကလည်း ငါသောက်လတ္တံ့သောခွက်ကို သင်တို့ သောက်ကြရလိမ့်မည်။ ငါခံယူသောဆေးကြောခြင်းကိုလည်း သင်တို့ခံယူကြရလိမ့်မည်မှန်၏။-
Mark BurCBCM 10:40  သို့သော် ငါ၏လက်ယာဘက် နှင့် လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ၎င်းသည် ပြင်ဆင် ထားသောသူတို့အတွက်ဖြစ်သည်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:41  တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြသောအခါ ယာကုပ်နှင့် ယောဟန်တို့အပေါ် အမျက်ထွက်ကြ၏။-
Mark BurCBCM 10:42  ထိုအခါ ယေဇူးသည် သူတို့ကို အထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့အပေါ် အုပ်စိုးကြရသည့် ဘုရင်များ သည် သူတို့အပေါ် အစိုးတရ ပြုတတ်ကြ၍ သူတို့၏အကြီးအကဲများသည်လည်း သူ တို့အပေါ်၌ ဩဇာအာဏာပြတတ်ကြသည် ကို သင်တို့ သိကြ၏။-
Mark BurCBCM 10:43  သင်တို့၌မူကား ထိုသို့မဖြစ်စေရ။ သင်တို့တွင် အကြီးဆုံးဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
Mark BurCBCM 10:44  သင်တို့တွင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံး၏ကျွန်ဖြစ်ရမည်။-
Mark BurCBCM 10:45  အကြောင်းမူကား လူသားသည် သူတစ်ပါးက အစေခံသည်ကိုခံယူရန်ကြွလာသည် မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက် ကိုစွန့်၍ လူများစွာကို ကယ်တင်ခြင်းငှာလည်းကောင်း ကြွလာသည်ဟုမိန့်တော်မူ၏။
Mark BurCBCM 10:46  ထို့နောက် သူတို့သည် ဂျေရီခိုမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည်လည်း တပည့်တော်တို့နှင့်အတူ ကြီးစွာသော လူအစုအဝေးနှင့် ဂျေရီခိုမြို့မှထွက်ခွာလာစဉ် တီမေးဦး၏သားဖြစ်သူ မျက်မမြင်ဘာတီမေးဦးသည် လမ်းဘေး၌ ထိုင်လျက် တောင်းစားနေလေ၏။-
Mark BurCBCM 10:47  သူသည် နာဇရက်မြို့သား ယေဇူးကြွလာတော်မူကြောင်းကိုကြား လျှင် ဒါဝိဒ်၏သားတော် ယေဇူး၊ အကျွန်ုပ်ကို သနားတော် မူပါဟု စတင်အော်ဟစ်အသနားခံလေ၏။-
Mark BurCBCM 10:48  လူတို့သည် သူ့အား တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြ သော်လည်း သူက ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို သနား တော်မူပါဟု ပို၍ပင်ကျယ်လောင်စွာအော်ဟစ်လေ၏။-
Mark BurCBCM 10:49  ထိုအခါ ယေဇူးသည် ရပ်တန့်၍ သူ့ကိုခေါ်ခဲ့ကြလော့ဟု မိန့်တော်မူ၏။ သူတို့သည်လည်း မျက်မမြင်ကိုခေါ်ကြလျက် အားမငယ်နှင့်။ ထလော့၊ ကိုယ်တော်သည် သင့်ကိုခေါ်နေပြီဟု သူ့အားဆိုကြ၏။-
Mark BurCBCM 10:50  ထိုသူသည်လည်း မိမိ ၏ဝတ်ရုံကိုခွာပစ်၍ ခုန်ထကာ ယေဇူး၏အထံတော်သို့ လာလေ၏။-
Mark BurCBCM 10:51  ယေဇူးကလည်း သင့်အတွက် ငါ့အား မည် သည့်အရာကိုပြုလုပ်စေလိုသနည်းဟု မေးတော်မူလျှင် မျက်မမြင်က ဆရာသခင်၊ အကျွန်ုပ်ကို မျက်စိပြန်မြင်စေ တော်မူပါဟု လျှောက်လေ၏။-
Mark BurCBCM 10:52  ထိုအခါ ယေဇူးက သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေ ပြီဟု မိန့်တော်မူလျှင် သူသည် ချက်ချင်းပင် မျက်စိမြင်၍ ကိုယ်တော်၏နောက်တော်သို့လိုက်လေ၏။
Chapter 11
Mark BurCBCM 11:1  သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ ချဉ်းကပ်လာရာ သံလွင်တောင်ခြေရင်းရှိ ဘက်ဖဂျေရွာ နှင့် ဘက်သနီရွာသို့ ရောက်သော အခါ ကိုယ်တော်သည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊-
Mark BurCBCM 11:2  သူတို့အား မိန့်တော်မူသည်မှာ သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ သင်တို့ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေး သောမြည်းကလေးတစ်ကောင်ချည်ထားလျက်ရှိသည် ကိုတွေ့ရလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ဤနေရာသို့ယူခဲ့ကြ လော့။-
Mark BurCBCM 11:3  အကယ်၍ တစ်စုံတစ်ယောက်က သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်းဟုမေးလျှင် ၎င်းကို သခင်အလိုရှိသည်၊ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါမည် ဟူ၍ ဖြေကြလော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 11:4  သူတို့သည်လည်း သွားကြ၍ တံခါးတွင် ချည်ထားသောမြည်းကလေးကို လမ်းဘေး၌တွေ့သဖြင့် ၎င်းကို ကြိုးဖြေကြ၏။-
Mark BurCBCM 11:5  ထိုနေရာ ၌ရပ်နေကြသောသူတို့က သင်တို့သည်အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်းဟု သူတို့အား မေး ကြ၏။-
Mark BurCBCM 11:6  သူတို့သည်လည်း ယေဇူးမိန့်မှာထားတော်မူသည့်အတိုင်း ပြောကြသဖြင့် ထိုသူတို့သည် သူတို့အား မြည်းကို ယူသွား စေကြ၏။-
Mark BurCBCM 11:7  ထိုအခါ သူတို့သည် မြည်းကလေးကို ယေဇူး၏အထံတော်သို့ ဆွဲလာကြပြီးနောက် မိမိတို့၏အဝတ်များကို မြည်း၏ကျောပေါ်၌ ခင်းကြ၍ ကိုယ်တော်သည် မြည်းကို စီးတော်မူ၏။-
Mark BurCBCM 11:8  များစွာသော လူတို့သည်လည်း မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ဖြန့်ခင်းကြ၏။ အချို့မူကား သစ်ပင်များမှ အခက်အလက် များ ကိုခုတ်ဖြတ်၍ လမ်းပေါ်၌ ခင်းထားကြ၏။-
Mark BurCBCM 11:9  ကိုယ်တော် ၏ရှေ့တော်နှင့် နောက်တော်မှလိုက်ပါလာကြသောလူ တို့ကလည်း ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရား သခင်၏နာမတော်၌ ကြွလာသောသူသည် မင်္ဂလာရှိစေ သတည်း။-
Mark BurCBCM 11:10  ရောက်လာလတ္တံ့သော ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသော အရပ်၌ ဟိုဇားနာဖြစ်စေ သတည်းဟု ကြွေးကြော်ကြ၏။
Mark BurCBCM 11:11  ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့တွင်း သို့ဝင်ရောက်ပြီးလျှင် ဗိမာန်တော်ထဲသို့ဝင်တော်မူ၏။ ကိုယ်တော်သည် ရှိရှိသမျှအရာတို့ကိုလှည့်လည်ကြည့် ရှုပြီးသောအခါ အချိန်လည်းနှောင်းပြီဖြစ်၍ တပည့်တော် တစ်ဆယ့်နှစ်ပါးနှင့်အတူ ဘက်သနီရွာသို့ကြွတော်မူ၏။
Mark BurCBCM 11:12  နောက်တစ်နေ့၌ သူတို့သည် ဘက်သနီရွာမှပြန် လာစဉ် ကိုယ်တော်သည် ဆာလောင်တော်မူ၏။-
Mark BurCBCM 11:13  ထိုအခါ ကိုယ်တော်သည် အရွက်များဝေဆာနေသောသဖန်း ပင်တစ်ပင်ကို အဝေးမှမြင်လျှင် အသီးကိုတွေ့ရလိမ့်မည် ဟုထင်မှတ်လျက် အပင်ရှိရာသို့ သွားတော်မူ၏။ ကိုယ် တော်သည် အပင်ရှိရာသို့ရောက်သောအခါ သဖန်းသီး သီးချိန်မဟုတ် သောကြောင့် အရွက်များမှတစ်ပါး မည်သည့်အသီးကိုမျှတွေ့တော်မမူချေ။-
Mark BurCBCM 11:14  ထိုအခါ ကိုယ်တော်က သင်၏အသီးကို နောက်တစ်ဖန် မည်သူမျှမစားစေရဟု သဖန်းပင်အား မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ထိုစကားကိုကြားကြ၏။
Mark BurCBCM 11:15  သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ရှိကြသော အခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ ဝင်တော်မူ၍ ဗိမာန်တော်အတွင်း ရောင်းဝယ်နေကြသောသူများကို စတင်နှင်ထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ် သောသူတို့၏စားပွဲခုံများနှင့် ခိုများရောင်းချနေသူတို့၏ ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
Mark BurCBCM 11:16  ဗိမာန်တော် အတွင်း ဖြတ်သန်း၍ ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ ကိုမျှ ကိုယ်တော်ခွင့်ပြုတော်မမူ။-
Mark BurCBCM 11:17  ထို့နောက် ကိုယ်တော် က သွန်သင်တော်မူသည်မှာ ငါ၏အိမ်တော်သည် လူမျိုး အပေါင်းတို့၏ဆုတောင်းရာ အိမ်ဟု အခေါ်ခံရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားသည်မဟုတ်လော။ သင်တို့မူကား ၎င်းကို သူခိုးဓားပြခိုအောင်းရာနေရာ ဖြစ်စေကြ ပြီတကားဟု သူတို့အားဆို၏။-
Mark BurCBCM 11:18  ရဟန်းအကြီးအကဲများ နှင့် ကျမ်းတတ်ဆရာတို့သည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော့်ကိုသတ်ရန် နည်းလမ်းရှာကြံကြ၏။ အကြောင်းမူကား လူအစုအဝေးတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော့်ကိုကြောက်ရွံ့ကြ၏။-
Mark BurCBCM 11:19  ထို့နောက် ညနေအချိန်ရောက်သောအခါ ကိုယ်တော်နှင့် တပည့် တော်တို့သည် မြို့တွင်းမှထွက်ခွာသွားကြ၏။
Mark BurCBCM 11:20  နောက်တစ်နေ့နံနက်တွင် သူတို့သည် ဖြတ်သွား ကြစဉ် အမြစ်မှစ၍ ညှိုးခြောက်သွားသောသဖန်းပင်ကို မြင်ကြ၏။-
Mark BurCBCM 11:21  ထိုအခါ ပေတရုသည်သတိရ၍ သခင်ဘုရား၊ ကြည့်တော်မူပါ၊ ကိုယ်တော်ကျိန်ဆိုခဲ့သောသဖန်းပင်သည် ညှိုးခြောက်သွား ပါပြီဟု ကိုယ်တော်အား လျှောက် လေ၏။-
Mark BurCBCM 11:22  ထိုအခါ ယေဇူးက သူတို့အား မိန့်တော်မူသည်မှာ ဘုရားသခင်၌ယုံကြည်ခြင်း ရှိကြလော့။-
Mark BurCBCM 11:23  သင်တို့အား ငါအမှန်ဆိုသည် ကား စိတ်ထဲ၌ ယုံမှားသံသယမရှိဘဲ မိမိ ပြောဆိုသည့်အတိုင်း ဖြစ်လာရမည်ဟု ယုံကြည်သော သူသည် ဤတောင်အား သင်ရွှေ့သွား၍ ပင်လယ်ထဲ သို့ဆင်းသက်လော့ဟုဆိုလျှင် သူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-
Mark BurCBCM 11:24  ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား သင်တို့သည် ဆုတောင်းမေတ္တာပြုကြရာတွင် သင်တို့တောင်း သမျှဆုကိုရပြီဟု ယုံကြည်လော့။ ထိုအခါ သင်တို့တောင်း သောအရာတို့ကိုရရှိလိမ့်မည်။-
Mark BurCBCM 11:25  ထို့အတူ သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းမေတ္တာပြုသည့်အခါတိုင်း သူတစ်ပါးအပေါ် အပြစ်တင်စရာတစ်စုံ တစ်ခုရှိနေပါက ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ ရှိတော်မူ သော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များ ကို ခွင့်လွှတ်တော်မူလိမ့်မည်။-
Mark BurCBCM 11:26  သို့ရာတွင် သင်တို့သည် သူ တစ်ပါး၏အပြစ်ကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိ တော်မူသော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ် များကို ခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
Mark BurCBCM 11:27  သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်လာ ကြပြန်၏။ ကိုယ်တော်သည်လည်း ဗိမာန်တော်တွင် စင်္ကြံ လျှောက်နေစဉ် ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် သက်ကြီးဝါကြီးတို့သည် အထံတော်သို့ချဉ်းကပ် ကြ၍၊-
Mark BurCBCM 11:28  သင်သည် ဤအမှုအရာများကို မည်သည့်အခွင့် အာဏာနှင့်ပြုပါသနည်း။ ၎င်းတို့ကိုပြုလုပ်ရန် အခွင့်အာဏာကို သင့်အား မည်သူပေးသနည်းဟု မေးမြန်းကြ၏။-
Mark BurCBCM 11:29  ထိုအခါ ယေဇူးက ငါသည်လည်း သင်တို့ကိုမေးခွန်းတစ်ခု မေးမည်။ သင်တို့ ငါ့ကိုဖြေကြလျှင် ငါသည်လည်း ဤအမှု အရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့အား ငါပြောမည်။-
Mark BurCBCM 11:30  ယောဟန်၏ဆေးကြောခြင်းသည် ကောင်းကင်မှလာသလော၊ သို့မဟုတ် လူတို့ထံမှလော။ ငါ့ကိုဖြေကြပါဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 11:31  ထိုအခါ သူတို့က အချင်းချင်းပြောဆိုကြသည်မှာ ကောင်းကင်မှလာ သည်ဟုငါတို့ဆိုကြပါက သို့ဖြစ်လျှင် သင်တို့သည် သူ့ကို အဘယ်ကြောင့် မယုံကြသနည်းဟု ငါတို့အား သူဆိုလိမ့်မည်။-
Mark BurCBCM 11:32  လူတို့ထံမှဟူ၍ ငါတို့ဆိုကြမည်လောဟု သူတို့ ဆွေးနွေးကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြ၏။ အကြောင်းမူကား လူအားလုံးတို့က ယောဟန်သည် ဧကန်အမှန်ပင် ပရောဖက်ဖြစ် သည်ဟု လက်ခံထားကြသော ကြောင့်ဖြစ်လေ၏။-
Mark BurCBCM 11:33  ထို့ ကြောင့် သူတို့က အကျွန်ုပ်တို့မသိပါဟု ယေဇူးအား ဖြေ ကြားကြ၏။ ယေဇူးကလည်း သို့ဖြစ်လျှင် ဤအမှုအရာ များကို မည်သည့်အခွင့်အာဏာနှင့် ငါပြုလုပ်ကြောင်း သင်တို့အား ငါပြောလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
Chapter 12
Mark BurCBCM 12:1  ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတို့ဖြင့် စတင်ဟောပြောတော်မူ၏။ ကိုယ်တော်က လူတစ်ဦးသည် စပျစ်ဥယျာဉ်တစ်ခြံကိုစိုက်ပျိုး၍ ခြံဝင်းကာပြီးလျှင် စပျစ်သီးနယ်ရန် ကျင်းကိုတူးလေ၏။ သူသည် မျှော်စင်ကိုလည်း ဆောက်ထားပြီး သီးစားလုပ်သူ တို့အား စပျစ်ခြံကို ငှားရမ်းထားခဲ့၍ ရပ်ဝေးသို့ခရီးထွက် သွားလေ၏။-
Mark BurCBCM 12:2  အချိန်တန်သောအခါ သူသည် သီးစားချ ထားသောသူတို့ထံမှ မိမိရပိုင်သောစပျစ်သီးတချို့ရယူ ရန် အစေခံတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်၏။-
Mark BurCBCM 12:3  ထိုအခါ သူတို့သည် အစေခံကိုဖမ်းဆီး၍ ရိုက်နှက်ကြပြီး သူ့ အား လက်ချည်းပြန်လွှတ်လိုက်ကြ၏။-
Mark BurCBCM 12:4  တစ်ဖန် ဥယျာဉ်ရှင်သည် အခြားသောအစေခံတစ်ယောက်ကို သူတို့ထံ သို့ စေလွှတ်ပြန်လျှင် သူတို့သည် သူ့အား ဦးခေါင်းတွင် ဒဏ်ရာရစေပြီး အရှက်ရအောင်ပြုမူကြ၏။-
Mark BurCBCM 12:5  စပျစ်ဥယျာဉ် ရှင်သည်လည်း အခြားအစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် သူတို့သည် သူ့ကိုသတ်ပစ်ကြ၏။ ထို့နောက် အခြားသောအစေခံများစွာတို့ကို စေလွှတ်သောအခါ သူတို့သည် အချို့ကိုရိုက်နှက်၍ အချို့ကို သတ်ပစ်ကြ၏။-
Mark BurCBCM 12:6  စပျစ်ဥယျာဉ်ပိုင်ရှင်၌ စေလွှတ်ရန် သူချစ်သောသားတစ်ဦး တည်းသာကျန်၏။ နောက်ဆုံး၌မူ သူက ထိုသူတို့သည် ငါ့သားကို လေးစားကြပေလိမ့်မည်ဟုဆိုလျက် မိမိသား ကိုသူတို့ထံသို့စေလွှတ်လေ၏။-
Mark BurCBCM 12:7  သို့သော် သီးစားလုပ် သူတို့က ဤသူသည် အမွေခံသားဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြစို့။ ထိုအခါ သူ၏အမွေကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းပြောဆိုကြ၏။-
Mark BurCBCM 12:8  ထို့နောက် သူတို့သည် သူ့ကိုဖမ်း၍ သတ်ကြပြီးလျှင် စပျစ်ဥယျာဉ်အပြင်၌ ပစ်ထားကြလေ၏။-
Mark BurCBCM 12:9  သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ရှင်သည် မည်သို့ပြု လိမ့်မည်နည်း။ သူသည် လာ၍ ထိုသူတို့ကို သုတ်သင် ရှင်းလင်းပြီးနောက် စပျစ်ဥယျာဉ်ကို အခြားသောသူတို့ အား ပေးလိမ့်မည်သာဖြစ်၏။
Mark BurCBCM 12:10  ဤကျမ်းချက်ကို သင်တို့မဖတ်ဖူးကြသလော။ တိုက်ကိုဆောက်သောသူတို့ပယ်ထားသောကျောက်သည် ထောင့်ချုပ် ကျောက်ဖြစ်လာလေပြီ။-
Mark BurCBCM 12:11  ဤအမှုအရာသည် ဘုရားသခင်ပြုတော်မူသောအမှုအရာဖြစ်၍ ငါတို့မျက်စိ ရှေ့ ၌ အံ့ဩဖွယ်ရာဖြစ်လေပြီဟု မိန့်တော်မူ၏။
Mark BurCBCM 12:12  ဤပုံဥပမာအားဖြင့် ကိုယ်တော်သည် သူတို့ကို ရညွှန်းပြောဆိုတော်မူကြောင်းသိကြသဖြင့် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးရန် ကြိုးပမ်းကြ၏။ သို့သော် သူတို့သည် လူအစုအဝေးတို့ကို ကြောက်ရွံ့ ကြသောကြောင့် ကိုယ်တော့်ကိုထားခဲ့၍ ထွက်ခွာသွားကြ၏။
Mark BurCBCM 12:13  ထို့နောက် သူတို့သည် ကိုယ်တော်၏စကားအပေါ်တွင် အပြစ်ရှာခြင်းငှာ ဖာရီဇေးဦးများနှင့် ဟေရုဒ်၏ဘက် တော်သား များထဲမှ အချို့ကို ကိုယ်တော့်ထံသို့ စေလွှတ် လိုက်ကြ၏။-
Mark BurCBCM 12:14  ထိုသူတို့သည်လည်း ကိုယ်တော့်ထံတော် သို့လာကြ၍ ဆရာသခင်၊ အရှင်သည် ဖြောင့်မတ်သော သူဖြစ်၍ မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိကြောင်း ကျွန်ုပ်တို့သိကြပါ၏။ အကြောင်းမူကား အရှင်သည်လူတို့၏ မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းတော် ကို မှန်ကန်စွာသွန်သင်တော်မူသောကြောင့် ဖြစ်ပါ၏။ ဆီ ဇာဘုရင်အား အခွန်ဆက်သအပ်သလော၊ မဆက်သ အပ်သလော။-
Mark BurCBCM 12:15  အကျွန်ုပ်တို့သည် အခွန်ပေးသင့်သလော၊ မပေးသင့်သလောဟု ကိုယ်တော့်ကို မေးမြန်းကြ၏။ သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကို သိတော်မူသဖြင့် အဘယ်ကြောင့် ငါ့ကို စမ်းသပ်လိုကြသနည်း။ ငွေဒင်္ဂါးတစ်ပြားကို ငါ့ထံသို့ယူခဲ့ကြလော့။ ယင်းကို ငါကြည့်ဦးမည်ဟု သူတို့ အားမိန့်တော်မူ၏။-
Mark BurCBCM 12:16  သူတို့သည်လည်း ငွေဒင်္ဂါးတစ်ပြားကို ယူလာကြ၏။ ထိုအခါ ကိုယ်တော်က ဤပုံနှင့် ကမ္ပည်းလိပ်စာသည် မည်သူ၏ပုံနှင့် မည်သူ၏ ကမ္ပည်းလိပ်စာဖြစ်သနည်းဟု သူတို့အား မေးတော်မူ၏။ သူတို့ကလည်း ဆီဇာ၏ပုံနှင့်သူ၏ကမ္ပည်းလိပ်စာဖြစ်ပါ သည်ဟုဆိုကြ၏။-
Mark BurCBCM 12:17  ထိုအခါ ယေဇူးက ဤသို့ဆိုလျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားပေး၍ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အား ပေးကြလော့ဟု သူတို့အား မိန့် တော်မူ၏။ သူတို့သည်လည်း ကိုယ်တော့်ကို လွန်စွာအံ့ ဩကြလေ၏။
Mark BurCBCM 12:18  ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုဆိုကြသော ဇာဒူခေးဦးအချို့သည် ကိုယ်တော့်ထံတော်သို့လာကြ၍ မေးလျှောက် ကြသည်မှာ၊-
Mark BurCBCM 12:19  ဆရာသခင်၊ လူတစ်ယောက် ၏အစ်ကိုသည် သားသမီးမထွန်းကားဘဲလျက် သေဆုံး၍ မယားကျန်ရစ်လျှင် အစ်ကိုဖြစ် သူ၏မျိုးဆက်ပွားများစေရန် ညီဖြစ်သူသည် ကျန်ရစ်သောမယားကိုယူစေဟု မိုးဇက်က အကျွန်ုပ်တို့အတွက် စီရင်ထားခဲ့ ပါသည်။-
Mark BurCBCM 12:20  တစ်ခါက ညီအစ်ကိုခုနစ်ယောက်ရှိခဲ့ပါသည်။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားဘဲ သေဆုံး သွားခဲ့ပါသည်။-
Mark BurCBCM 12:21  ထိုအခါ ဒုတိယအစ်ကိုသည် ကျန်ရစ်သောမယားကိုယူပြီးမှ သူသည်လည်း သားသမီး မရဘဲ သေဆုံးခဲ့ပါသည်။ တတိယ အစ်ကိုသည်လည်း ထိုနည်းတူပြုပါ၏။-
Mark BurCBCM 12:22  ဘ ဤသို့ဖြင့် ညီအစ်ကိုခုနစ်ယောက်စလုံးသည် သူမနှင့်ပေါင်းဖက်၍ သားသမီးမထွန်းကားဘဲ သေဆုံးခဲ့ကြပါသည်။ နောက်ဆုံး၌ မိန်းမသည်လည်း သေဆုံးခဲ့ပါသည်။-
Mark BurCBCM 12:23  သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာနေ့၌ သူမသည် မည်သူ၏မယားဖြစ်မည်နည်း။ အကြောင်း မူကား ထိုသူခုနစ်ယောက်သည် သူမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြလေပြီဟု ဆိုကြ၏။
Mark BurCBCM 12:24  ယေဇူးက သင်တို့သည် ကျမ်းစာတော်မြတ်ကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်း မသိ ကြသောကြောင့် အယူအဆလွဲမှားနေကြသည်မဟုတ်လော။-
Mark BurCBCM 12:25  အကြောင်းမူကား သူတို့သည် သေရာမှရှင်ပြန် ထမြောက်ကြသောအခါ ထိမ်းမြားခြင်းလည်းမပြု၊ ပေးစားခြင်းလည်း မခံကြရဘဲ ကောင်းကင်ဘုံ၌ရှိသောကောင်း ကင်တမန်တော်များကဲ့သို့ဖြစ်ကြလိမ့်မည်။-
Mark BurCBCM 12:26  သေလွန် သူတို့ရှင်ပြန်ထမြောက်မည့်အကြောင်းနှင့်ပတ်သက်၍ မိုးဇက်၏ကျမ်း၌ မီးတောက်လောင်လျက်ရှိသောချုံပုတ် အကြောင်းကို ရေးထားသောကျမ်းပိုဒ်တွင် ဘုရားသခင် က ငါသည် အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာ ကုပ်၏ဘုရား ဖြစ်သည်ဟု မိုးဇက်အား မိန့်တော်မူသည် ကို သင်တို့မဖတ်ဖူးကြသလော။-
Mark BurCBCM 12:27  ကိုယ်တော်သည် သေသောသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူ တို့၏ဘုရားဖြစ်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် အလွန် ပင်လွဲမှားနေကြလေပြီဟု မိန့်တော်မူ၏။
Mark BurCBCM 12:28  ကျမ်းတတ်ဆရာတစ်ဦးသည် ရောက်လာ၍ ထိုသူတို့နှင့် ကိုယ်တော်ဆွေးနွေးငြင်းခုံနေကြသည်ကို ကြားပြီး ကိုယ်တော် သည် ထိုသူတို့အား ကောင်းစွာဖြေ ကြားနိုင်သည်ကိုမြင်သဖြင့် ကိုယ်တော်အား ပညတ်တော်အားလုံးတွင် မည်သည့်ပညတ် သည် အကြီးမြတ် ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်လေ၏။-
Mark BurCBCM 12:29  ယေဇူးက လည်း အကြီးမြတ်ဆုံးသောပညတ်တော်သည်ကား အိုအစ္စရာအဲလ်လူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရား ဖြစ်သောထာ၀ရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။-
Mark BurCBCM 12:30  သင်၏အရှင် ဘုရားသခင်ကို သင်၏နှလုံးအကြွင်း မဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှ ချစ်လော့။-
Mark BurCBCM 12:31  ဒုတိယပညတ်သည်ကား ဤသို့လာ၏။ သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ် သကဲ့သို့ ချစ်လော့။ ဤပညတ်တို့ ထက်သာ၍ ကြီးမြတ် သောပညတ်မရှိဟူ၍ သူ့အား ဖြေကြားတော်မူ၏။-
Mark BurCBCM 12:32  ထိုအခါ ကျမ်းတတ်ဆရာက မှန်ပါ၏ဆရာသခင်၊ ဟုတ်မှန် သည့်အတိုင်း ကိုယ်တော်မိန့်တော်မူပါ၏။ ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူ၍ ထာ၀ရဘုရားသခင်မှတစ်ပါး အခြားသောဘုရားမရှိပေ။-
Mark BurCBCM 12:33  ကိုယ်တော့်ကို နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ခြင်း နှင့် မိမိနှင့်နီးစပ်သောသူကို မိမိကိုယ်ကိုချစ်သကဲ့ သို့ချစ် ခြင်းသည် မီးရှို့ပူဇော်သောယဇ်ကောင်များနှင့် ယဇ်ပူဇော် ခြင်းအပေါင်းတို့ထက် ပို၍မြတ်ပါသည်ဟု ကိုယ်တော် အား လျှောက်လေ၏။-
Mark BurCBCM 12:34  ဤသူသည် ပညာသတိနှင့် ဖြေကြားသည်ကို ယေဇူးမြင်တော်မူသောအခါ သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဝေး လှသည်မဟုတ်ဟု သူ့ အား မိန့်တော်မူ၏။ ထို့နောက် မည်သူမျှ ကိုယ်တော့်ကို မေးခွန်းမမေးဝံ့တော့ချေ။
Mark BurCBCM 12:35  ယေဇူးသည်လည်း ဗိမာန်တော်၌ သွန်သင်နေစဉ် သူတို့အား မိန့်တော်မူသည်ကား ခရစ်တော်သည် ဒါဝိဒ် ၏သားတော်ဟု ကျမ်းတတ်ဆရာများက မည်ကဲ့သို့ဆို နိုင်ကြသနည်း။-
Mark BurCBCM 12:36  ဒါဝိဒ်ကိုယ်တိုင် ဝိညာဉ်တော်မြတ်၏နှိုး ဆော်ခြင်းခံရလျက် ဝန်ခံသည်ကား ထာ၀ရဘုရားသခင်က ငါ၏သခင်အား မိန့်တော်မူသည်မှာ သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ ဟူ၍ဖြစ်၏။-
Mark BurCBCM 12:37  ဒါဝိဒ် ကိုယ်တိုင်က ခရစ်တော်ကို သခင်ဟုခေါ်လျှင် ခရစ်တော် သည် မည်ကဲ့သို့ သူ၏သားတော်ဖြစ်မည်နည်းဟု မေး တော်မူ၏။ များစွာသောလူအစုအဝေးတို့သည်လည်း ကိုယ်တော်၏စကားကို ဝမ်းသာအားရကြားနာကြ၏။
Mark BurCBCM 12:38  ကိုယ်တော်သည် သွန်သင်ရာ၌ မိန့်တော်မူသည်ကား ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည် များကိုဝတ်ဆင်လျက် သွားလာလိုကြ၍ ဈေးလယ်တွင် နှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြ၏။-
Mark BurCBCM 12:39  သူတို့သည် တရားဇရပ်များတွင် အကောင်းဆုံးသော ထိုင်ခုံနေရာများနှင့် ပွဲအခမ်းအနားတွင် ဂုဏ်ရှိသောနေရာ များကို နှစ်သက်ကြ၏။-
Mark BurCBCM 12:40  သို့သော် သူတို့သည် မုဆိုးမတို့ ၏အိုးအိမ်ပစ္စည်းများကို မတရားသိမ်းယူတတ်ကြပြီး လူ မြင်ကောင်းစေခြင်းငှာ ရှည်လျား စွာ ဆုတောင်းပတ္ထနာပြု တတ်ကြ၏။ ထိုသူတို့သည် ပို၍ကြီးလေးသောအပြစ် ဒဏ်ကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 12:41  ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်အလှူခံ သေတ္တာကိုမျက်နှာမူ၍ ထိုင်လျက် များစွာသောလူတို့သည် အလှူခံ သေတ္တာထဲသို့ အလှူငွေများထည့်ကြသည် ကိုကြည့်ရှုတော်မူ၏။ ချမ်းသာကြွယ်၀သောသူများစွာတို့သည် ငွေအမြောက် အမြားထည့်ဝင်ကြ၏။-
Mark BurCBCM 12:42  ဆင်းရဲ သောမုဆိုးမတစ်ယောက်သည်လည်း လာ၍ တစ်ပဲနှင့်ညီမျှသောကြေးနီပြားနှစ်ပြားကို ထည့်လေ၏။-
Mark BurCBCM 12:43  ထိုအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကို အထံတော် သို့ခေါ် ပြီးလျှင် သူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန်ဆိုသည်ကား အလှူခံသေတ္တာထဲ၌ ထည့်ဝင်ကြသောသူအားလုံးထက် ဤဆင်းရဲသူမုဆိုးမသည် ပို၍ထည့်ဝင်ခဲ့၏။-
Mark BurCBCM 12:44  ဘအကြောင်းမူကား ထိုသူအားလုံးတို့ သည် မိမိတို့၏ပိုလျှံသောငွေထဲမှ အလှူငွေကို ထည့်ကြ၏။ သူမမူကား အလွန် ဆင်းရဲလျက်ပင် မိမိ၏ဝမ်းစာ အတွက် ရှိသမျှကို ထည့်ဝင်လေပြီဟု မိန့်တော်မူ၏။
Chapter 13
Mark BurCBCM 13:1  ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်မှထွက် လာတော်မူစဉ် တပည့်တော်တစ်ဦးက ဆရာသခင်၊ ကြည့်တော်မူပါ။ ကျောက်တုံးများနှင့် အဆောက် အအုံတို့သည် အလွန်တရာပင်ကြီးကျယ်ခမ်းနားလှပေ သည်ဟု လျှောက်ထားလေ၏။-
Mark BurCBCM 13:2  ယေဇူးကလည်း ကြီးကျယ်ခမ်းနားလှသော ဤအဆောက်အအုံများကို သင်တို့မြင်ကြသလော။ ဤနေရာတွင် ကျောက်တုံး တစ်တုံး ပေါ်တစ်တုံးတင်၍ မကျန်ရစ်သည့်တိုင်အောင် ပြိုပျက် လိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 13:3  ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေးယတို့သည် အခြားသူများမရှိခိုက် ကိုယ်တော်အား၊-
Mark BurCBCM 13:4  ထိုအရာများသည် မည်သည့်အချိန်တွင် ဖြစ်ပျက်ပါမည်နည်း။ ထိုအရာအားလုံး ဖြစ်ပျက်မည့်အချိန်တွင် မည်သို့သော နိမိတ်လက္ခဏာ ဖြစ်ပေါ်မည်နည်း။ တပည့်တော်တို့အား အမိန့်ရှိတော်မူ ပါဟု မေးလျှောက်ကြ၏။
Mark BurCBCM 13:5  ထိုအခါ ယေဇူးသည် သူတို့အား စတင်မိန့်တော်မူသည်ကား သင်တို့ကို မည်သူကမျှမလှည့်ဖြားစေခြင်းငှာ သတိပြုကြ လော့။-
Mark BurCBCM 13:6  အကြောင်းမူကား များစွာသောသူတို့က ငါသည် ထိုသူဖြစ်သည်ဟုဆိုလျက် ငါ၏အမည် ကိုခံ၍ လူတို့ကိုလှည့်ဖြားကြ လိမ့်မည်။-
Mark BurCBCM 13:7  သင်တို့သည် တိုက်ပွဲများနှင့် စစ်ဖြစ်ခြင်းအကြောင်းတို့ကိုကြားကြသောအခါ ထိတ်လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ ဤအရာ တို့သည် ဖြစ်ပျက်ရမည်။ သို့သော်လည်း အဆုံးသော ကာလမရောက်သေး။-
Mark BurCBCM 13:8  အကြောင်းမူကား လူမျိုးတစ်မျိုး နှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြ လိမ့်မည်။ နေရာအနှံ့အပြားတွင် ငလျင်လှုပ်ခြင်းနှင့် ငတ် မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာများသည် ဆင်းရဲဒုက္ခများ၏အစမျှသာဖြစ်၏။
Mark BurCBCM 13:9  သင်တို့မူကား သတိရှိကြလော့။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သင်တို့ကို တရားရုံးတွင် အပ်နှံကြလိမ့်မည်။ တရားဇရပ် များ၌ သင်တို့ကို ရိုက်နှက်ကြလိမ့် မည်။ သင်တို့သည် ငါ့အတွက် သက်သေခံရန် မြို့ဝန်များ နှင့် ဘုရင်များ၏ ရှေ့သို့ရောက်ကြရ လိမ့်မည်။-
Mark BurCBCM 13:10  လူမျိုးအ ပေါင်းတို့အား ဧဝံဂေလိသတင်းကောင်းကို ပထမဦးစွာ ဟောပြောကြရမည်။-
Mark BurCBCM 13:11  လူတို့သည် သင်တို့ကို တရားစီရင်ရာသို့ခေါ်ဆောင်၍ အပ်နှံကြသောအခါ သင်တို့သည် မည်သည့်အရာအား ပြောဆိုရ မည်ကို ကြိုတင်စိုးရိမ်ပူ ပန်ခြင်းမရှိကြနှင့်။ ထိုအချိန်နာရီ၌ သင်တို့ရရှိသောစကား များကိုသာ ပြောဆိုကြလော့။ အကြောင်း မူကား ပြောဆို မည့်သူသည် သင်တို့မဟုတ်ဘဲ ဝိညာဉ်တော်မြတ်သာ ဖြစ်သောကြောင့်တည်း။-
Mark BurCBCM 13:12  ညီအစ်ကိုချင်း တစ်ဦးကို တစ်ဦး သေစေရန် အပ်နှံကြလိမ့်မည်။ အဖသည် သားကို သေစေရန် အပ်နှံလိမ့်မည်။ သားသမီးတို့ သည်လည်း မိဘတို့ကို ရန်ဘက်ပြု၍ သူတို့ကို သတ်စေလိမ့်မည်။-
Mark BurCBCM 13:13  လူအားလုံးတို့သည် ငါ၏နာမကြောင့် သင်တို့ကိုမုန်းတီးကြ လိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်ခိုင်မာသော သူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
Mark BurCBCM 13:14  စက်ဆုပ်ဖွယ်ကောင်းသောဆိတ်သုဉ်းခြင်းသည် ၎င်းမရှိအပ်သောနေရာတွင် ဖြစ်ပေါ်လာသည်ကို သင်တို့ မြင်ကြသောအခါ (ဖတ်ရှုသောသူသည် နားလည်ပါစေ) ဂျူဒေးယပြည်တွင်ရှိသောလူတို့သည် တောင်များပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြစေ။-
Mark BurCBCM 13:15  အိမ်ခေါင်မိုးပေါ်၌ရှိသော သူသည် အိမ်ထဲမှ ပစ္စည်းတစ်စုံတစ်ခုကိုယူရန် အောက်သို့မဆင်းစေနှင့်။-
Mark BurCBCM 13:16  လယ်ထဲ၌ ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် အိမ်သို့မပြန်လေနှင့်။-
Mark BurCBCM 13:17  ထိုနေ့ရက်တို့ တွင်မူကား ကိုယ်ဝန်ဆောင်မိန်းမတို့နှင့် သားသည်မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။-
Mark BurCBCM 13:18  ဤအခြင်းအရာ သည် ဆောင်းကာလတွင် မဖြစ်စေရန် ဆုတောင်းကြ လော့။-
Mark BurCBCM 13:19  အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်ဖူးသေးသော၊ နောင်တွင်လည်း ဖြစ်ပျက်လိမ့်မည်မဟုတ်သော ဆင်းရဲ ဒုက္ခကြီးသည် ထိုနေ့ရက်တို့တွင်ကျရောက်လိမ့်မည်။-
Mark BurCBCM 13:20  သခင်ဘုရားသည် ထိုနေ့ရက်တို့ကို မလျော့နည်းစေလျှင် မည်သည့်လူသားမျှ လွတ်မြောက်လိမ့်မည်မဟုတ်။ သို့သော် မိမိရွေးကောက်ထားတော်မူသောသူများအတွက် ကိုယ်တော်သည် ထိုနေ့ရက်များကိုလျော့နည်းစေတော်မူပြီ။-
Mark BurCBCM 13:21  ထိုကာလ၌ တစ်စုံတစ်ယောက်က ကြည့်လော့၊ ခရစ်တော်သည် ဤအရပ်တွင် ရှိသည်၊ သို့မဟုတ် ထို အရပ်တွင် ရှိသည်ဟု သင်တို့အားဆိုလျှင် မယုံကြည်ကြနှင့်။-
Mark BurCBCM 13:22  ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာကြ၍ ဖြစ်နိုင်ပါက ရွေးကောက် ခြင်းခံရသူတို့ ကိုပင် လှည့်ဖြားသွေးဆောင်ခြင်းငှာ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးများကိုပြကြလိမ့်မည်။-
Mark BurCBCM 13:23  ထို့ကြောင့် သတိပြုကြလော့။ ငါသည် ဤအကြောင်း အရာများကို သင်တို့အား ကြိုတင်အသိပေးထားလေပြီ။
Mark BurCBCM 13:24  သို့သော် ဘေးဒုက္ခများကျရောက်ပြီးနောက်ပိုင်း ကာလများတွင် နေသည် မှောင်မိုက်သွားလိမ့်မည်။ လ သည်လည်း ၎င်း၏ အလင်းကို မပေးဘဲနေလိမ့်မည်။-
Mark BurCBCM 13:25  ကောင်းကင်မှကြယ်များသည် ကြွေကျကြလိမ့်မည်။ကောင်းကင်ရှိစွမ်းအားများသည်လည်း လှုပ်ခါသွားကြ လိမ့်မည်။-
Mark BurCBCM 13:26  ထို့နောက် လူသားသည် ကြီးမားသောဘုန်း တန်ခိုးအာနုဘော်နှင့် မိုးတိမ်များအတွင်းမှကြွလာတော် မူသည်ကို သူတို့တွေ့ မြင်ကြရလိမ့်မည်။-
Mark BurCBCM 13:27  ထို့နောက် ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တော်များကို စေလွှတ်၍ ရွေးကောက်ခြင်းခံရသောသူတို့ကို ကမ္ဘာမြေ ကြီးအစွန်းမှ ကောင်းကင်အစွန်းတိုင်အောင် အရပ်လေး မျက်နှာမှ ခေါ်ယူစုရုံးတော်မူလိမ့်မည်။
Mark BurCBCM 13:28  သဖန်းပင်မှ သင်ခန်းစာကိုယူကြလော့။ အပင်၌ အခက်အလက်နုများထွက်၍ ရွက်သစ်များဝေဆာလာသောအခါ နွေရာသီ ရောက်လုနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။-
Mark BurCBCM 13:29  ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်း အရာများဖြစ်ပျက်သည်ကိုမြင်ကြသောအခါ ကိုယ်တော်သည် နီးကပ်လာ၍ တံခါး၀သို့ပင်ရောက်နေပြီဟုသိမှတ် ကြလော့။-
Mark BurCBCM 13:30  သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာ အားလုံးတို့မဖြစ်ပျက်မီ ဤလူမျိုးဆက်သည် မကွယ် ပျောက်ရာ။-
Mark BurCBCM 13:31  ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွား လိမ့်မည်။ သို့သော် ငါ၏နှုတ်တော်ထွက်စကားမူကား မကွယ်ပျောက်ရာ။
Mark BurCBCM 13:32  ထိုနေ့ရက်နှင့် အချိန်နာရီကိုမူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်တမန်တော်များပင် မသိကြ။ သားတော်လည်းမသိချေ။-
Mark BurCBCM 13:33  ထိုအချိန်နာရီသည် မည်သည့်အခါတွင် ကျရောက်မည်ကို သင်တို့မသိကြ သောကြောင့် သတိရှိကြလော့။ အသင့်စောင့် နေကြလော့။-
Mark BurCBCM 13:34  ယင်းသည် ရပ်ဝေးသို့ခရီးထွက်မည့်သူတစ်ဦးနှင့်တူ၏။ သူသည် အိမ်မှထွက်ခွာသောအခါ မိမိအစေခံတို့အား ၎င်းတို့၏ တာဝန်ကိုယ်စီလုပ်ဆောင်ရန် အပ်ထားခဲ့ပြီး တံခါးစောင့်ကိုလည်း နိုးကြားစွာစောင့်နေရန် မှာထားခဲ့၏။-
Mark BurCBCM 13:35  ထို့ကြောင့် အသင့်စောင့်နေကြလော့။ အကြောင်းမူကား အိမ်ရှင်သည် ညဉ့်ဦးယံအချိန်၊ သို့မဟုတ် ညသန်း ခေါင်အချိန်၊ သို့မဟုတ် လင်းကြက်တွန်ချိန်၊ သို့မဟုတ် နံနက်ချိန်တို့မှ မည်သည့်အချိန်တွင် ပြန်လာမည်ကို သင်တို့မသိကြ။-
Mark BurCBCM 13:36  သခင်သည် ရုတ်တရက်ပြန်လာ၍ သင်တို့ အိပ်ပျော်လျက်ရှိသည်ကိုမတွေ့စေရန် သတိနှင့်စောင့်ကြ လော့။-
Mark BurCBCM 13:37  သင်တို့အား ငါဆိုသည့်အတိုင်း အားလုံးသော သူတို့အားလည်း ငါဆို၏။ နိုးကြားစွာစောင့်နေကြလော့ဟု မိန့်တော်မူ၏။
Chapter 14
Mark BurCBCM 14:1  အချိန်ကား ပါစကားပွဲနှင့် တဆေးမပါသော ပေါင်မုန့်ပွဲတော်ကျရောက်ရန် နှစ်ရက်ခန့်အလိုဖြစ်၏။ ရဟန်းအကြီး အကဲများ နှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို ပရိယာယ်ဖြင့် ဖမ်းဆီး၍ သတ်နိုင်ရန် နည်းလမ်းကိုရှာကြံနေကြ၏။-
Mark BurCBCM 14:2  သို့သော် သူတို့သည် လူအများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ပွဲ တော်ရက်အတွင်း မဖမ်းဆီးကြနှင့်ဟု ဆိုကြ၏။
Mark BurCBCM 14:3  ကိုယ်တော်သည် ဘက်သနီရွာ၌ အနာကြီးရောဂါ သည် စီမွန်၏အိမ်တွင် စားပွဲ၌ ထိုင်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသောနာဒုဆီမွှေးအစစ်ပါသည့် ကျောက်ဖြူဘူးတစ်လုံးကိုယူလာ၍ အထံတော်သို့ ချဉ်းကပ်ပြီးလျှင် ဘူးကိုခွဲလျက် ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆီမွှေးကိုသွန်းလောင်းလေ၏။-
Mark BurCBCM 14:4  သို့သော် တချို့သော သူတို့သည် အမျက်ထွက်ကြ၍ အချင်းချင်းပြောဆိုကြ သည်မှာ အဘယ်ကြောင့် ဆီမွှေးကို ဤကဲ့သို့ဖြုန်းတီးရ သနည်း။-
Mark BurCBCM 14:5  အကြောင်းမူကား ဤဆီမွှေးကို ဒေနာရီသုံးရာ ထက်မကသောငွေဖြင့် ရောင်းချပြီး ဆင်းရဲသားတို့အား ပေးကမ်းသင့်သည်ဟု ဆိုကြလျက် သူမကို အပြစ်တင်ကြ၏။-
Mark BurCBCM 14:6  သို့သော် ယေဇူးက မိန့်တော်မူသည်ကား သူမပြု လိုရာကိုပြုပါစေ။ အဘယ်ကြောင့် သူမကို စိတ်အနှောင့် အယှက်ဖြစ်စေကြ သနည်း။ သူမသည် ငါ၌ ကောင်းသော အမှုကိုပြုလေပြီ။-
Mark BurCBCM 14:7  အကြောင်းမူကား ဆင်းရဲသားတို့ သည် သင်တို့နှင့် အစဉ်အမြဲရှိကြ၏။ သင်တို့အလိုရှိ သည့်အခါတိုင်း သူတို့ကို ကျေးဇူးပြု နိုင်ကြ၏။ ငါမူကား သင်တို့နှင့် အစဉ်အမြဲရှိလိမ့်မည်မဟုတ်။-
Mark BurCBCM 14:8  သူမသည် မိမိတတ်နိုင်သမျှကိုပြုခဲ့လေပြီ။ သူမသည် ငါ၏ခန္ဓာ ကိုယ်ကို ဆီမွှေးလိမ်းကျံခြင်းဖြင့် ငါ့ကိုသင်္ဂြိုဟ်ရန်အလို့ ငှာ ကြိုတင်ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။-
Mark BurCBCM 14:9  သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝန်းလုံးတွင် ဧဝံဂေလိ သတင်းကောင်းကိုဟောပြောသည့်နေရာတိုင်း၌ သူမကို အောက်မေ့သတိရကြစေရန် သူမပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 14:10  ထို့နောက် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ဂျုဒအစ္စကာရီယုဒ်သည် ကိုယ်တော့်ကို ရဟန်းအကြီးအကဲများ၏လက်သို့ အပ်နှံရန်အတွက် သူတို့ထံသို့သွားလေ၏။-
Mark BurCBCM 14:11  ရဟန်းအကြီး အကဲတို့သည်လည်း ထိုအကြောင်းကိုကြားကြလျှင် ဝမ်းမြောက်ကြ၍ သူ့အား ငွေပေးရန် ကတိထားကြ၏။ သူသည်လည်း ကိုယ်တော့်ကို အပ်နှံရန် အခွင့်ကောင်း ကိုရှာလျက်ရှိ၏။
Mark BurCBCM 14:12  တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့အဖြစ် ပါစကားသိုးငယ်ကိုသတ်၍ ပူဇော်ရသောနေ့၌ တပည့်တော်တို့က ပါစကားပွဲညစာသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
Mark BurCBCM 14:13  ကိုယ်တော်သည်လည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် မြို့တွင်းသို့သွား ကြလျှင် ရေအိုးကို သယ်ဆောင်လာသောသူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြလော့။-
Mark BurCBCM 14:14  ထို့နောက် သူဝင်သောအိမ်သို့ဝင်၍ အိမ်ရှင်အား ဆရာသခင်က ငါသည် ငါ၏တပည့်များနှင့်အတူ ပါစကား ညစာစားမည့် အခန်းကား အဘယ်မှာနည်းဟု အမိန့်ရှိ ကြောင်းပြောကြားလော့။-
Mark BurCBCM 14:15  ထိုအခါ သူသည် အသင့်ပြင် ဆင်ခင်းကျင်းထားသော အပေါ်ထပ်မှခန်းမကြီးကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြ လော့ဟုမိန့်တော်မူ၏။-
Mark BurCBCM 14:16  တပည့်တော်တို့သည်လည်း ထွက်သွားကြ၍ မြို့တွင်းသို့ဝင်သောအခါ မိမိတို့အား ကိုယ်တော်မိန့်မှာထားတော်မူသည့် အတိုင်း တွေ့ကြ၍ ပါစကားပွဲကို ပြင်ဆင်ကြ၏။
Mark BurCBCM 14:17  ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။-
Mark BurCBCM 14:18  သူတို့သည် စားပွဲတွင်ထိုင်လျက် ညစာစားနေကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့် အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
Mark BurCBCM 14:19  သူတို့သည် လည်း ဝမ်းနည်းကြသဖြင့် သခင်၊ တပည့်တော်ဖြစ်မည် လောဟု ကိုယ်တော့်ကိုအသီးသီးမေးလျှောက်ကြ၏။-
Mark BurCBCM 14:20  ကိုယ်တော်ကလည်း တစ်ဆယ့်နှစ်ဦးထဲမှ ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။-
Mark BurCBCM 14:21  အကြောင်းမူကား လူသားသည် ကျမ်းစာ တော်မြတ်၌ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူသားကိုအပ်နှံ သော သူသည် ဒုက္ခရောက်လိမ့် မည်။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သူ့အတွက် ပို၍ ကောင်း၏ဟု မိန့်တော်မူ၏။
Mark BurCBCM 14:22  သူတို့သည် ညစာစားနေကြစဉ် ယေဇူးသည် ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးတော်မူပြီးမှဖဲ့၍ မိမိတပည့်တော်တို့အား ပေးလျက် ဤအရာသည် ငါ၏ခန္ဓာကိုယ် ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 14:23  ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော် ကိုချီးမွမ်းပြီး တပည့်တော်တို့အား ပေးတော်မူလျှင် သူတို့ အားလုံးသည် ထိုခွက်ကိုယူ၍ သောက်ကြ၏။-
Mark BurCBCM 14:24  ကိုယ် တော်က ဤသည်ကား များစွာသောလူတို့အတွက် သွန်း လောင်းခံရမည့် ပဋိညာဉ်သစ်နှင့်ဆိုင်ရာ ငါ၏သွေးဖြစ်၏။-
Mark BurCBCM 14:25  သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်၌ စပျစ်ရည်သစ်ကိုသောက်ရသောနေ့တိုင် အောင်ငါသည် စပျစ်ရည်ကို နောက်တစ်ဖန်သောက်လိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။
Mark BurCBCM 14:26  ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆို ပြီးသောအခါ သံလွင်တောင်သို့ ထွက်ခွာသွားကြ၏။
Mark BurCBCM 14:27  ထို့နောက် ယေဇူးက တပည့်တော်တို့အား မိန့်တော် မူသည်မှာ သင်တို့အားလုံးသည် စွန့်ခွာထွက်ပြေးကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ သိုးထိန်းကို ငါတိုက်ခိုက်မည်၊ ထိုအခါ သိုးတို့သည် ကစဉ့်ကလျား ဖြစ်ကြလိမ့်မည်ဟူသတည်း။-
Mark BurCBCM 14:28  သို့သော် ငါသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် သင်တို့ထက် အလျင်ဦးစွာ ဂါလေလေးယနယ်သို့သွားနှင့်မည်ဟု မိန့်တော်မူ၏။-
Mark BurCBCM 14:29  ထိုအခါ ပေတရုက သူတို့အား လုံးစွန့်ခွာထွက်ပြေးသော်လည်း တပည့်တော်သည် မည်သည့်အခါမျှ စွန့်ခွာလိမ့်မည် မဟုတ်ပါဟု လျှောက်လေ၏။-
Mark BurCBCM 14:30  ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်နှစ်ခါမတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်းပယ် လိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
Mark BurCBCM 14:31  သို့ရာတွင် ပေတရုက တပည့်တော်သည် ကိုယ်တော်နှင့်အတူ သေရမည်ဆိုလျှင်ပင် ကိုယ်တော့်ကို မငြင်းပယ်ပါဟု အခိုင် အမာလျှောက်ထားလေ၏။ တပည့်တော်အားလုံး တို့သည်လည်း ထိုနည်းတူလျှောက်ထားကြလေ၏။
Mark BurCBCM 14:32  ထို့နောက် သူတို့သည် ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့သွားကြ၏။ ကိုယ်တော်က ငါဆုတောင်းနေစဉ် သင်တို့ ဤနေရာ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့ အားမိန့်တော်မူပြီး၊-
Mark BurCBCM 14:33  ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော် သည် စတင်၍ စိတ်သောက ကြီးစွာရောက်လျက် စိတ်အနှောင့်အယှက်ဖြစ်လေ၏။-
Mark BurCBCM 14:34  ထိုအခါ ကိုယ်တော်က ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ပူဆွေးဝမ်းနည်း ခြင်းကို ခံစားနေရ၏။ ဤနေရာ၌နေ၍ နိုးကြားစွာ စောင့် နေကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 14:35  ထို့နောက် ကိုယ်တော်သည် ထိုနေရာမှ ရှေ့သို့အနည်းငယ်ကြွသွား၍ မြေပေါ်တွင် ပျပ်ဝပ်လျက် အကယ်၍ဖြစ်နိုင်လျှင် ဤ အချိန်နာရီသည် မိမိထံမှလွန်သွားပါမည့်အကြောင်း ဤသို့ဆုတောင်းလေ၏။-
Mark BurCBCM 14:36  အိုအဖ၊ ကိုယ်တော်သည် အရာ ခပ်သိမ်းကိုတတ်နိုင်တော်မူပါ၏။ ဤခွက်ကို အကျွန်ုပ်ထံ မှဖယ်ရှားတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာဖြစ်ပါ စေဟုဆုတောင်းတော်မူ၏။-
Mark BurCBCM 14:37  ထို့နောက် ကိုယ်တော်သည် တစ်ဖန်ကြွလာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့လျှင် ပေတရုအား စီမွန်၊ သင်သည် အိပ်ပျော်နေသလော။ သင်တို့သည် မအိပ်ဘဲ တစ်နာရီမျှမစောင့်နိုင်ကြ ပြီလော။-
Mark BurCBCM 14:38  နှောင့်ယှက်ခြင်းသို့မကျရောက်စေရန် နိုးကြားစွာစောင့်လျက် ဆုတောင်းကြလော့။ စိတ်အားထက်သန်သည် မှန်သော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်းလှသည် ဟုမိန့်တော်မူ၏။-
Mark BurCBCM 14:39  တစ်ဖန် ကိုယ်တော်သည် ထွက်သွား ၍ ယခင်က မြွက်ဆိုခဲ့သည့်အတိုင်း ဆုတောင်းပြန်၏။-
Mark BurCBCM 14:40  ထို့နောက် တစ်ဖန် ကိုယ်တော်သည် ပြန်လာတော်မူလျှင် သူတို့အိပ်ပျော်လျက်ရှိနေကြသည်ကိုတွေ့တော်မူ၏။ အကြောင်း မူကား သူတို့၏မျက်စိများသည် အလွန်လေး လံလျက် ရှိသောကြောင့်ဖြစ်၏။ သူတို့သည်လည်း ကိုယ် တော်အား မည်ကဲ့သို့ ပြန်ပြောရမည်ကို မသိကြ။-
Mark BurCBCM 14:41  ကိုယ်တော်သည်လည်း သူတို့ထံသို့ တတိယအကြိမ်လာ၍ သင်တို့သည် အိပ်စက်အနားယူလျက်ရှိသေးသလော။ တော်လောက်ပြီ။ အချိန်နာရီရောက်လာလေပြီ။ လူသားသည် အပြစ်သားတို့၏လက်တွင်းသို့ အပ်နှံခြင်းခံရ တော့မည်။-
Mark BurCBCM 14:42  ထကြလော့။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူ သည် ရောက်လာလေပြီဟု မိန့်တော်မူ၏။
Mark BurCBCM 14:43  ထိုကဲ့သို့ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ် ပါးတို့တွင် အပါအဝင်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါ ကြီးများထံမှ လူအစုအဝေးတို့သည် တုတ်၊ ဓားများကိုင် ဆောင်လျက် ချက်ချင်း ရောက်လာကြ၏။-
Mark BurCBCM 14:44  ထိုအချိန်၌ ကိုယ်တော့်ကို သစ္စာဖောက်သောသူက ငါနမ်းသောသူသည် ထိုသူဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင် သွားကြလော့ဟုဆိုလျက် သူတို့အား ကြိုတင်အချက် ပေးထားလေ၏။-
Mark BurCBCM 14:45  ထို့ကြောင့် သူသည် ရောက်လာသည် နှင့်တစ်ပြိုင်နက် ကိုယ်တော့်ထံသို့ချဉ်းကပ်၍ အာဝေ၊ ရဗ္ဗီ ဟုဆိုကာ ကိုယ်တော့်ကို နမ်းလေ၏။-
Mark BurCBCM 14:46  ထိုသူတို့သည်လည်း လာကြ၍ ကိုယ်တော့်ကိုချုပ်ကိုင်ဖမ်းဆီးကြလေ၏။-
Mark BurCBCM 14:47  သို့သော် ကိုယ်တော့်ထံပါး၌ ရပ်နေသူတစ်ဦးသည် မိမိဓားကိုဆွဲထုတ်၍ ရဟန်းချုပ်၏အစေခံတစ်ယောက်ကိုခုတ်ကာ ထိုသူ၏နားရွက်ကိုဖြတ်လေ၏။-
Mark BurCBCM 14:48  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် တုတ်၊ ဓားများကိုကိုင်ဆောင်လျက် ဓားပြဖမ်းသကဲ့သို့ ငါ့ကိုဖမ်းဆီး ရန်လာကြသလော။-
Mark BurCBCM 14:49  ငါသည် ဗိမာန်တော် ၌ နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဟောပြော သွန်သင်နေစဉ် သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ကျမ်းစကားတို့သည် ပြည့်စုံကြပါစေဟု မိန့်တော်မူလေ၏။-
Mark BurCBCM 14:50  တပည့်တော်အားလုံးတို့သည်လည်း ကိုယ်တော့် ကိုထားခဲ့၍ ထွက်ပြေးကြလေ၏။
Mark BurCBCM 14:51  မိမိ၏ကိုယ်ပေါ်တွင် ပိတ်စပိုင်းတစ်ခုကိုသာ ဝတ်ထားသောလူရွယ်တစ်ဦးမူကား ကိုယ်တော်၏နောက် တော်မှလိုက်လာ သဖြင့် ထိုသူတို့သည် သူ့ကို ဖမ်းဆီးကြ၏၊-
Mark BurCBCM 14:52  သို့သော် သူသည် ပိတ်စပိုင်းကိုထားခဲ့၍ အဝတ်မပါဘဲ ကိုယ်ချည်းထွက် ပြေးလေ၏။
Mark BurCBCM 14:53  ထိုအခါ သူတို့သည် ယေဇူးကို ရဟန်းချုပ်ထံသို့ ခေါ်ဆောင်သွားကြ၏။ အားလုံးသောရဟန်းအကြီး အကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာတို့ သည် စုဝေးနေကြ၏။-
Mark BurCBCM 14:54  ပေတရုသည်လည်း ကိုယ်တော် ၏နောက်တော်သို့ မလှမ်းမကမ်းမှလိုက်ပါလျက် ရဟန်း ချုပ်၏အိမ်တော်ဦးတိုင်အောင် ဝင်ပြီးလျှင် အစောင့်များနှင့်အတူ ထိုင်ကာ မီးလှုံနေလေ၏။-
Mark BurCBCM 14:55  ထိုအချိန်တွင် ရဟန်းအကြီးအကဲများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် ယေဇူးကို သေဒဏ်စီရင်ရန် သက်သေအထောက် အထားများရှာကြသော်လည်း မည်သည့်သက်သေကိုမျှ မတွေ့ကြချေ။-
Mark BurCBCM 14:56  အကြောင်းမူကား များစွာသောလူတို့သည် မုသားသက်သေခံကြပြီး သူတို့၏သက်သေထွက် ချက်များမှာလည်း မကိုက်ညီကြပေ။-
Mark BurCBCM 14:57  အချို့တို့သည် ထ၍ မဟုတ်မမှန် သက်သေထွက်ဆိုလျက် ကိုယ်တော့်ကို စွပ်စွဲပြောဆိုကြသည်မှာ၊-
Mark BurCBCM 14:58  ဤသူက ငါသည် လူတို့၏ လက်ဖြင့် ဆောက်လုပ်ထားသောဗိမာန်တော်ကို ဖြိုဖျက် ၍ လူတို့၏လက်ဖြင့်မတည်ဆောက် သော အခြားဗိမာန် တော်တစ်ခုကို သုံးရက်အတွင်းတည်ဆောက်မည်ဟု ပြောဆိုခဲ့ကြောင်း အကျွန်ုပ်တို့ကြားခဲ့ပါသည်ဟု ဆိုကြ ၏။-
Mark BurCBCM 14:59  ထိုသို့ထွက်ဆိုကြသော်လည်း သူတို့၏သက်သေ ထွက်ချက်များမှာ ကိုက်ညီခြင်းမရှိကြချေ။
Mark BurCBCM 14:60  ထိုအခါ ရဟန်းချုပ်သည် သူတို့အလယ်၌ထ၍ သင်၌ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲထွက်ဆိုခဲ့ ကြသော ဤသူတို့၏သက်သေခံချက်တို့ကား အဘယ်အကြောင်းများနည်းဟု ယေဇူးအား မေးမြန်းလေ၏။-
Mark BurCBCM 14:61  ကိုယ်တော်မူကား တိတ်ဆိတ်စွာနေ၍ မည်သို့မျှပြန်ဖြေ တော်မမူချေ။ တစ်ဖန် ရဟန်းချုပ်က သင်သည် ခရစ်တော် တည်းဟူသော မွန်မြတ်သောအရှင်သခင်၏သားတော် ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။-
Mark BurCBCM 14:62  ယေဇူးကလည်း ငါဖြစ်၏။ လူသားသည် ဘုန်းတန်ခိုးတော်ရှင် ၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်များပေါ်မှကြွလာ သည်ကို သင်တို့မြင်ကြရလိမ့်မည်ဟု သူ့အားမိန့်တော်မူ၏။-
Mark BurCBCM 14:63  ထိုအခါ ရဟန်းချုပ်သည် မိမိ၏အဝတ်များကိုဆုတ် လျက် ပြောဆိုသည်မှာ ငါတို့သည် မည်သည့်သက်သေ များလိုပါသေးသနည်း။-
Mark BurCBCM 14:64  ဘုရားသခင်အား ထိခိုက်ပြော ဆိုသော သူ၏စကားကို သင်တို့ကြားကြရပြီ။ သင်တို့ မည်သို့စီရင်ဆုံးဖြတ်ကြမည်နည်း ဟုဆိုလျှင် ထိုသူအားလုံးတို့က ကိုယ်တော့်ကို သေဒဏ်ခံသင့်သည်ဟု စီရင်ဆုံးဖြတ်ကြ၏။-
Mark BurCBCM 14:65  အချို့သောသူတို့သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြပြီး ကိုယ်တော်၏မျက်နှာတော်ကို ဖုံးအုပ်ကာ ရိုက်ပုတ်ကြလျက် ပရောဖက်ဉာဏ်ဖြင့်ဟောပါလော့ဟု ကိုယ်တော့်အား ဆိုကြလေ၏။ အစောင့်တို့ သည်လည်း ကိုယ်တော့်ကို ရိုက်နှက်ကြလေ ၏။
Mark BurCBCM 14:66  ပေတရုသည် အိမ်တော်ဝင်း၏အောက်ဘက်၌ရှိစဉ် ရဟန်းချုပ်၏အစေခံအမျိုးသမီးတစ်ဦးသည် လာ၍၊-
Mark BurCBCM 14:67  ပေတရုမီးလှုံနေသည် ကိုမြင်လျှင် သူ့အား ကြည့်လျက် သင်သည်လည်း နာဇရက်မြို့သားယေဇူးနှင့်အတူရှိခဲ့ သည်ဟု ဆို၏။-
Mark BurCBCM 14:68  သို့သော် သူက သင်မည်သည့်အရာကို ပြောဆိုကြောင်း ငါသိလည်းမသိ၊ နားလည်းမလည်ဟု ငြင်းဆိုလေ၏။ ထို့နောက် သူသည် အိမ်တော်အဝင်၀ သို့ထွက်သွားစဉ် ကြက်ဖတွန်လေ၏။-
Mark BurCBCM 14:69  ထိုအခါ အစေခံ အမျိုးသမီးသည် သူ့ကိုမြင်လျှင် တစ်ဖန်ပြန်၍ အနီးတွင် ရပ်နေသောသူများအား ဤသူသည် ထိုသူတို့ထဲမှ တစ်ဦး ဖြစ်သည်ဟု ဆိုလေ၏။-
Mark BurCBCM 14:70  သို့သော် သူသည် တစ်ဖန်ငြင်း ဆိုပြန်၏။ အချိန်အနည်းငယ်ကြာသောအခါ အနီးတွင် ရပ်နေသောသူများက ပေတရုအား အမှန်စင်စစ် သင်သည် ထိုသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်၏။ အကြောင်းမူကား သင်သည် ဂါလေလေးယနယ်သား တစ်ဦးဖြစ်သည် ဟုတစ်ဖန်ဆိုကြပြန်၏။-
Mark BurCBCM 14:71  သို့သော် ပေတရုက သင်တို့ ပြောဆိုနေသော ဤသူကို ငါမသိဟု ကျိန်တွယ်ပြောဆို လေ၏။-
Mark BurCBCM 14:72  ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်ဖတွန် လေ၏။ ထိုအခါ ပေတရုသည် ကြက်ဖနှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်ဟု ယေဇူးမိန့်တော်မူသောစကားကို သတိရသဖြင့် ပြင်းထန် စွာငိုကြွေးလေ၏။
Chapter 15
Mark BurCBCM 15:1  နံနက်အချိန်ရောက်သည်နှင့် ရဟန်းအကြီးအကဲများ၊ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် ဆွေးနွေးတိုင်ပင်ကြ၏။ ထို့နောက် သူတို့သည် ယေဇူးကိုချည်နှောင်လျက် ခေါ်ဆောင်သွားကြပြီး ပီလာတုမင်း၏ လက်သို့ အပ်လိုက်ကြ၏။-
Mark BurCBCM 15:2  ပီလာတုမင်းကလည်းသင်သည် ဂျူး လူမျိုးတို့၏ဘုရင်ဖြစ်သလောဟု ကိုယ်တော့်အား မေးလျှင် ကိုယ်တော်က သင်ဆိုလေပြီဟုပြန်ဖြေတော်မူ၏။-
Mark BurCBCM 15:3  ထိုအခါ ရဟန်းအကြီးအကဲတို့သည် ကိုယ်တော့်အပေါ် အကြောင်းအရာများစွာဖြင့် စွပ်စွဲပြောဆိုကြ၏။-
Mark BurCBCM 15:4  တစ်ဖန် ပီလာတုမင်းက ကိုယ်တော်အား သင်၌ဖြေကြားစရာမရှိ သလော။ သင့်အပေါ် စွပ်စွဲထားသောပြစ်ချက်များမည်မျှ များပြားသည်ကို ကြည့်ပါလော့ဟုဆို၏။-
Mark BurCBCM 15:5  သို့ရာတွင် ယေဇူးသည် နောက်ထပ်စကားတစ်ခွန်းမျှပြန်ပြောတော် မမူသောကြောင့် ပီလာတုမင်းသည် အံ့ဩလေ၏။
Mark BurCBCM 15:6  ပွဲတော်အချိန်အခါတွင် ပီလာတုမင်းသည် လူတို့ တောင်းဆိုသောအကျဉ်းသားတစ်ယောက်ကို လွှတ်ပေး လေ့ရှိ၏။-
Mark BurCBCM 15:7  ထိုအချိန်၌၊ ပုန်ကန်ထကြွရာတွင် လူသတ် မှုကျူးလွန်ခဲ့သောကြောင့် အကျဉ်းကျခံနေရသည့်သူ များထဲတွင် ဘာရဘဆိုသူတစ်ဦးရှိလေ၏။-
Mark BurCBCM 15:8  လူအစု အဝေးတို့သည်လည်း လာကြ၍ ပီလာတုမင်းအား မိမိတို့ အတွက် သူပြုလုပ်ပေးလေ့ရှိသည့်အတိုင်း ဆောင်ရွက် ပေးရန် တောင်းခံကြ၏။-
Mark BurCBCM 15:9  ထိုအခါ သူက ဂျူးလူမျိုးတို့၏ ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလောဟု သူတို့အား မေးလေ၏။-
Mark BurCBCM 15:10  အကြောင်းမူကား ရဟန်းအကြီး အကဲတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ် နှံခဲ့ကြကြောင်း သူသိ၏။-
Mark BurCBCM 15:11  သို့သော် ရဟန်းအကြီးအကဲ တို့က လူအစုအဝေးတို့အား သူတို့အတွက် ဘာရဘကို သာလွှတ်စေခြင်းငှာ တောင်းဆိုကြရန် လှုံ့ဆော်တိုက် တွန်းကြ၏။-
Mark BurCBCM 15:12  ပီလာတုမင်းကလည်း ဤသို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို ငါမည်သို့ပြု ရမည်နည်းဟု သူတို့အား တစ်ဖန်မေးသောအခါ၊-
Mark BurCBCM 15:13  ထို သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ဟစ်အော်ကြ၏။-
Mark BurCBCM 15:14  ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မှုကိုကျူးလွန်ခဲ့မိသနည်း ဟုမေးသော်လည်း သူတို့က သူ့ကိုလက်ဝါးကပ်တိုင် တင်၍ သတ်ပါဟု ပိုမိုကျယ်လောင်စွာအော်ဟစ်ကြ၏။-
Mark BurCBCM 15:15  ဤသို့ဖြင့် ပီလာတုမင်းသည် လူအစုအဝေးကျေနပ်စေရန် အလိုရှိသောကြောင့် ဘာရဘကို သူတို့အဖို့ လွှတ် ပေး၍ ယေဇူးကို ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေရန် အပ်လိုက်လေ၏။
Mark BurCBCM 15:16  ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်အား ပရေ တောရီအမ်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွား ကြပြီး စစ်သူရဲတစ်ဖွဲ့လုံးကို စုရုံးစေကြ၏။-
Mark BurCBCM 15:17  ထို့နောက် သူတို့သည် ကိုယ်တော်အား ခရမ်းရောင် ဝတ်ရုံကို ခြုံပေးကြ၍ ဆူးခက်နှင့်ခွေထားသောဦးရစ် သရဖူကိုလည်း ကိုယ်တော်၏ဦးခေါင်းပေါ်တွင် တင်ကြ၏။-
Mark BurCBCM 15:18  ထို့နောက် သူတို့က ဂျူးလူမျိုးတို့၏ဘုရင်၊ သက် တော်ရာကျော်ရှည်ပါစေဟုဆို၍ ကိုယ်တော့်ကို နှုတ် ဆက်ဟန်ပြုကြ၏။-
Mark BurCBCM 15:19  တစ်ဖန် သူတို့သည် ကိုယ်တော်၏ ဦးခေါင်းကို ကျူလုံးနှင့်ရိုက်ကြ၍ တံတွေးနှင့်ထွေးကြပြီး ရှေ့တော်၌လည်း ဒူးထောက် လျက် ဦးညွှတ်ရှိခိုးဟန်ပြုကြ၏။-
Mark BurCBCM 15:20  သူတို့သည် ဤသို့ကိုယ်တော့်ကို လှောင်ပြောင် ပြက်ရယ်ပြုကြပြီးနောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်ခွာ ကြပြီး ကိုယ်တော်၏အဝတ်များကို ပြန်ဝတ်စေကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင် တင်ရန် ခေါ်ဆောင်သွားကြ၏။
Mark BurCBCM 15:21  စစ်သူရဲတို့သည် အလက်ဇန္ဒားနှင့် ရုဖုတို့၏ဖခင် ဖြစ်သည့်၊ လယ်တောမှပြန်လာသော ဆီရီနေမြို့သား စီမွန်အား လက်ဝါးကပ်တိုင်ကိုထမ်းရန် အတင်းအကျပ် စေခိုင်းကြ၏။-
Mark BurCBCM 15:22  ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဂေါလ်ဂေါသဟုအမည်တွင် သောအရပ်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအမည်၏အနက် အဓိပ္ပာယ်ကား ဦးခေါင်း ခွံအရပ်ဟူ၍ဖြစ်သတည်း။-
Mark BurCBCM 15:23  သူတို့သည်လည်း မီးရာနှင့် ရောစပ်ထားသောစပျစ်ရည်ကို ကိုယ်တော်အား သောက် ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် မသောက်ဘဲ နေတော်မူ၏။-
Mark BurCBCM 15:24  ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြပြီး ကိုယ်တော်၏အဝတ်တော်တို့ကို တစ်ဦးစီမည်သည့် အပိုင်းကိုယူရမည့်အကြောင်း သိရှိနိုင်ရန် မိမိတို့အကြား၌ မဲချ၍ ခွဲဝေယူကြ၏။
Mark BurCBCM 15:25  ကိုယ်တော့်ကို သူတို့လက်ဝါးကပ်တိုင်တင်သော အချိန်မှာ နံနက်ကိုးနာရီခန့်ဖြစ်၏။-
Mark BurCBCM 15:26  ကိုယ်တော့်အပေါ် စွဲချက်တင်ထားသည့် ကမ္ပည်းစာတမ်းသည်ကား ဂျူးလူမျိုးတို့၏ဘုရင်ဟူ၍ဖြစ်သတည်း။-
Mark BurCBCM 15:27  ထို့ပြင် သူတို့သည် ကိုယ်တော်နှင့်အတူ ဓားပြနှစ်ယောက်ကိုလည်း လက်ယာဘက်၌တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ထားကြ၏။-
Mark BurCBCM 15:28  ဤသို့ဖြင့် သူသည် ရာဇဝတ်သားတို့နှင့်အတူ စာရင်းသွင်းခြင်းခံရ၏ဟူသော ကျမ်းချက်သည်လည်း ပြည့်စုံခြင်းသို့ရောက် လေ၏။-
Mark BurCBCM 15:29  လမ်းပေါ်တွင်ဖြတ်သွားသောသူတို့ကလည်း မိမိတို့၏ဦး ခေါင်းများကိုခါယမ်းကြလျက် ကဲ့ရဲ့ပြောဆိုကြသည်ကား ကြည့်လော့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊-
Mark BurCBCM 15:30  ယခု သင့်ကိုယ်သင်ကယ်တင် ၍ လက်ဝါးကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
Mark BurCBCM 15:31  ထိုနည်းတူပင် ရဟန်းအကြီးအကဲများ နှင့် ကျမ်းတတ် ဆရာတို့သည်လည်း ကိုယ်တော်အား ပြက်ရယ်ပြုကြ၍ အချင်းချင်း ပြောဆိုကြသည်ကား ဤသူသည် အခြားသူ များကိုကယ်တင်ခဲ့ပြီး မိမိကိုယ်ကိုမူ မကယ်တင်နိုင်ပါ တကား။-
Mark BurCBCM 15:32  ငါတို့မြင်ရ၍ ယုံကြည်စေခြင်းငှာ အစ္စရာအဲလ် လူမျိုး၏ဘုရင် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်မှ ယခုဆင်းလာ ပါစေဟု ပြောဆိုကြ၏။ ကိုယ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တင်ခံရသောသူတို့သည်လည်း ကိုယ်တော်အား ကဲ့ရဲ့ ပြစ်တင်ကြ ၏။
Mark BurCBCM 15:33  မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေ တစ်ပြင်လုံး၌ မှောင်အတိကျလေ၏။-
Mark BurCBCM 15:34  ထို့နောက် သုံးနာရီအချိန်တွင် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု အော်ဟစ်တော် မူ၏။ အဓိပ္ပာယ်မှာ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်းဟုဆိုလိုသတည်း။-
Mark BurCBCM 15:35  အနားတွင်ရပ်နေကြသောသူအချို့က ဤစကားကိုကြားသောအခါ ကြည့်လော့၊ သူသည် ဧလိယ ကိုခေါ်နေသည်ဟုဆိုကြလေ၏။-
Mark BurCBCM 15:36  ထို့နောက် သူတို့တွင် တစ်ဦးသည် ပြေးသွား၍ ရေစုပ်နိုင်သောရေမြှုပ်ကို ပုံးရည် တွင်နှစ်ပြီးမှ ကျူရိုး၌တပ်ကာ ကိုယ်တော်အား သောက်ရန်ပေးလျက် ခေတ္တစောင့်ကြည့်ကြစို့၊ သူ့ကိုအောက်သို့ ချအံ့သောငှာ ဧလိယလာမည်၊ မလာမည် ကိုကြည့်ကြစို့ ဟုဆိုလေ၏။-
Mark BurCBCM 15:37  ထိုအခါ ယေဇူးသည် ကျယ်လောင်သော အသံဖြင့် အော်ဟစ်လျက် အသက်တော်ကိုစွန့်တော်မူ ၏။-
Mark BurCBCM 15:38  ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင်စုတ်၍ နှစ်ပိုင်းကွဲ သွားလေ၏။-
Mark BurCBCM 15:39  ကိုယ်တော်၏ရှေ့တွင်ရပ်နေသော လူတစ်ရာတပ်မှူးသည်လည်း ဤသို့ကိုယ်တော်အသက် တော်ထွက်သွားသည် ကိုမြင်သောအခါ အမှန်စင်စစ် ဤသူသည် ဘုရား၏သားတော်ဖြစ်သည်ဟု ဆိုလေ၏။
Mark BurCBCM 15:40  အချို့သောအမျိုးသမီးများသည်လည်း အဝေးမှရပ်လျက် ကြည့်နေကြ၏။ ထိုသူတို့တွင် မာရိယာမာဒလေးနာ၊ ယာကုပ် အငယ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သူ မာရိယာ နှင့် ဆာလို့မေတို့ပါဝင်ကြ၏။-
Mark BurCBCM 15:41  ထိုအမျိုးသမီးတို့သည် ဂါလေလေးယနယ်တွင် ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်မှလိုက်၍ လုပ်ကျွေးခြင်းအမှုကို ပြုခဲ့ကြ သောသူများဖြစ်ကြ၏။ ထို့ပြင် ကိုယ်တော်နှင့်အတူ ဂျေရု ဆလင်မြို့သို့လိုက်ပါလာကြသော အခြားအမျိုးသမီးများ လည်း ထိုနေရာတွင် ရှိကြ၏။
Mark BurCBCM 15:42  ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ကြိုတင်ပြင် ဆင်ရသောအဖိတ်နေ့ဖြစ်သဖြင့် ညနေအချိန်ရောက် သောအခါ၊-
Mark BurCBCM 15:43  လူသူလေးစားခံရသောလွှတ်တော်အရာရှိ တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေ သောသူလည်း ဖြစ်သည့် အာရီမာတေးယမြို့သား ဂျိုးဇက်သည် ပီလတုမင်းထံတော်သို့ ရဲဝံ့စွာဝင်ပြီးလျှင် ယေဇူး၏ အလောင်းတော်ကို တောင်းလေ၏။-
Mark BurCBCM 15:44  ပီလာတုမင်းသည် ကိုယ်တော်အသက်ထွက်တော်မူကြောင်းကိုကြားလျှင် အံ့အားသင့်၍ လူတစ်ရာတပ်မှူးကိုခေါ်လျက် ကိုယ်တော် အသက်ထွက်တော်မူသည့်အကြောင်းကို မေးမြန်းလေ၏။-
Mark BurCBCM 15:45  သူသည် ကိုယ်တော်အသက်ထွက်တော်မူကြောင်း ကို လူတစ်ရာတပ်မှူးထံမှသိရလျှင် အလောင်းတော်ကို ဂျိုးဇက်အား ပေးလေ၏။-
Mark BurCBCM 15:46  ဂျိုးဇက်သည်လည်း ပိတ်ချောကိုဝယ်၍ အလောင်းတော်ကို အောက်သို့ချပြီးလျှင် ပိတ်အဝတ်နှင့်ရစ်ပတ်ကာ ကျောက်ဆောင်တွင်ထွင်းထား သောသခင်္ျိုင်းဂူအသစ်၌ ကိုယ်တော့်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သခင်္ျိုင်းဂူအဝ၌လည်း ကျောက်တုံးကြီးတစ်တုံးကို လှိမ့်၍ပိတ်ထားလေ၏။-
Mark BurCBCM 15:47  မာရိယာ မာဒလေးနာနှင့် ဂျိုးဇက်၏အမိ မာရိယာတို့သည်လည်း အလောင်းတော်အား သင်္ဂြိုဟ်သည့်နေရာကို တွေ့ မြင် ကြ၏။
Chapter 16
Mark BurCBCM 16:1  ဥပုသ်နေ့လွန်သောအခါ မာရိယာမာဒလေးနာ၊ ယာကုပ်၏အမိ မာရိယာ နှင့် ဆာလို့မေတို့သည် သွား၍ ကိုယ်တော်အား လိမ်းကျံခြင်းငှာ နံ့သာဆီမွှေးများ ကိုဝယ်ယူခဲ့ကြ၏။-
Mark BurCBCM 16:2  ရက်သတ္တပတ်၏ပထမနေ့ နံနက် စောစောနေထွက်ချိန်၌ သူတို့သည် သခင်္ျိုင်းတော်သို့ သွားကြ၏။-
Mark BurCBCM 16:3  ထိုအခါ သူတို့က ကျောက်တုံးကို သခင်္ျိုင်းဂူ၀မှ ငါတို့အတွက် မည်သူလှိမ့်ဖယ်ပေးမည်နည်းဟု အချင်းချင်းပြောဆို နေကြ၏။-
Mark BurCBCM 16:4  ထို့နောက် သူတို့ကြည့်ကြသောအခါ ကြီးမားလှသောကျောက်တုံးမှာ လှိမ့်ဖယ်ထားပြီး ဖြစ်သည်ကိုတွေ့ကြ၏။-
Mark BurCBCM 16:5  သူတို့သည်လည်း သခင်္ျိုင်းဂူ အတွင်းသို့ဝင်ကြသောအခါ ဝတ်ရုံဖြူကိုဝတ်ဆင်ထား သောလူရွယ်တစ်ဦးသည် လက်ယာအခြမ်း၌ ထိုင်နေ သည်ကို မြင်ကြ၍ အလွန်ထိတ်လန့်အံ့ဩကြ၏။-
Mark BurCBCM 16:6  ထိုအခါ သူက သူတို့အားဆိုသည်မှာ မကြောက်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေဇူးကိုရှာနေကြ၏။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ကိုယ်တော်သည် ဤ နေရာ၌မရှိ။ ကိုယ်တော်အား သူတို့ထားခဲ့ကြသောနေရာကို ကြည့်ကြလော့။-
Mark BurCBCM 16:7  သင်တို့မူကား သွားကြပြီးလျှင် ကိုယ်တော်သည် ဂါလေလေးယနယ်သို့ သင်တို့အလျင် ဦးစွာကြွတော်မူမည့်အကြောင်းကို တပည့်တော်များနှင့် ပေတရုအား ပြောကြားကြလော့။ သင်တို့အား ကိုယ် တော်မိန့်မှာတော်မူခဲ့သည့်အတိုင်း သင်တို့သည် ကိုယ် တော်ကို ထိုအရပ်တွင် ဖူးမြင်ကြရလိမ့်မည်ဟု သူတို့အား ဆို၏။-
Mark BurCBCM 16:8  သူတို့သည်လည်း သခင်္ျိုင်းဂူထဲမှထွက်၍ ပြေးကြလေ၏။ အကြောင်းမူကား သူတို့သည် ထိတ်လန့် တုန်လှုပ်၍ အံ့ဩနေ ကြသောကြောင့်ဖြစ်၏။ သူတို့သည် ကြောက်ရွံ့ ကြသဖြင့် မည်သူ့ကိုမျှစကားမပြောကြချေ။
Mark BurCBCM 16:9  ကိုယ်တော်သည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ရှင်ပြန်ထမြောက်တော်မူပြီးနောက် မာရိယာ မာဒလေးနာအား ပထမဦးစွာ ထင်ရှားပြတော်မူ၏။ မာရိယာမာဒလေးနာသည်ကား သူမထံမှ နတ်ဆိုး ခုနစ်ကောင်ကို ကိုယ်တော်နှင်ထုတ်ပေးခဲ့ဖူးသူဖြစ်၏။-
Mark BurCBCM 16:10  သူမသည်သွား၍ ကိုယ်တော်နှင့်အတူရှိခဲ့ကြဖူးသောသူ တို့ကို ပြောကြားလေ၏။ ထိုအချိန်၌ သူတို့သည် ဝမ်း နည်းပူဆွေး၍ ငိုကြွေးလျက်ရှိနေခဲ့ကြ၏။-
Mark BurCBCM 16:11  သို့သော် သူတို့သည် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် သူမသည် ကိုယ်တော့်ကို ဖူးမြင်ခဲ့ရကြောင်းကို ကြားကြ သောအခါ မယုံကြည်ဘဲရှိကြ၏။
Mark BurCBCM 16:12  ထို့နောက် ကိုယ်တော်သည် သူတို့ထဲမှ တောရွာ သို့ခရီးသွားနေကြသူနှစ်ယောက်တို့အား အခြားသော အသွင်ပုံစံဖြင့် ထင်ရှားပြတော်မူ၏။-
Mark BurCBCM 16:13  သူတို့သည်လည်း ပြန်သွားကြ၍ အခြားသူများအား ပြောကြားကြသော် လည်း ထိုသူတို့သည် သူတို့ကို မယုံကြည်ကြချေ။
Mark BurCBCM 16:14  ထို့နောက် တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည် စားပွဲတွင်ထိုင်၍ စားသောက်နေကြစဉ် ကိုယ်တော်သည် သူတို့ကို ထင်ရှားပြတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုနှင့် စိတ်နှလုံးခိုင်မာခြင်း တို့အတွက် သူတို့ကို အပြစ်တင်တော်မူ၏။ အကြောင်းမူကား သူတို့သည် ရှင်ပြန်ထမြောက်တော်မူသောမိမိအား တွေ့ မြင်ခဲ့ကြသူတို့၏စကားကို မယုံကြည်ခဲ့ကြသော ကြောင့်ဖြစ်၏။-
Mark BurCBCM 16:15  ထို့နောက် ကိုယ်တော်က သူတို့ အား မိန့် တော်မူသည်ကား ကမ္ဘာအရပ်ရပ်သို့သွားကြ၍ ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားတော်ကို ဟော ပြောကြလော့။-
Mark BurCBCM 16:16  ယုံကြည်၍ ဆေးကြောခြင်းခံယူသော သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သော သူမူကား အပြစ်စီရင်ခြင်း ခံရလိမ့်မည်။-
Mark BurCBCM 16:17  ယုံကြည်သော သူတို့၌ ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။ သူတို့သည် ငါ၏နာမတော်ကိုအမှီပြုလျက် နတ်ဆိုးများကို နှင် ထုတ်နိုင်ကြလိမ့်မည်။ ဘာသာစကားအသစ်များကို လည်း ပြောဆိုကြလိမ့်မည်။-
Mark BurCBCM 16:18  သူတို့သည် မြွေဆိုးများကို ကိုင်ဖမ်းကြလိမ့်မည်။ သေစေနိုင်သောအရာကိုသောက် မိလျှင်လည်း ၎င်းသည် သူတို့ကို ဘေးဖြစ်စေလိမ့်မည် မဟုတ်။ သူတို့သည် လူနာများအပေါ်၌ မိမိတို့လက်ကို တင်၍ ထိုသူတို့သည်လည်း ပြန်လည်ကျန်းမာလာ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 16:19  ဤသို့ဖြင့် ယေဇူးသခင်သည် သူတို့အား မိန့်မှာတော်မူပြီးသည့်နောက် ကောင်းကင်ဘုံသို့ဆောင်ယူ ခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာဘက်၌ ထိုင်တော်မူ၏။-
Mark BurCBCM 16:20  တပည့်တော်တို့သည်လည်း ထွက်သွားကြ၍ တရားတော်ကို အရပ်ရပ်၌ ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူလုပ်ဆောင်တော်မူ၍ သူတို့ဟောပြောသောတရားတော်မှန်ကန်ကြောင်းကို သက်သေပြရန် တန်ခိုးလက္ခဏာများ ဖြင့် ကူညီစောင်မ တော်မူလေ၏။ အာမင်။