Site uses cookies to provide basic functionality.

OK
JOHN
Up
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Toggle notes
Chapter 1
John BurCBCM 1:1  အစဦး၌ နှုတ်တော်ထွက်စကား တည်ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။-
John BurCBCM 1:2  ကိုယ်တော်သည် အစဦးကပင် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။-
John BurCBCM 1:3  ကိုယ်တော်အားဖြင့် အရာခပ်သိမ်းတို့သည် ဖြစ်ပေါ်လာခဲ့ကြ၏။ ကိုယ်တော်နှင့်ကင်း၍ ဖြစ်လာသောအရာ တစ်စုံတစ်ခု မျှမရှိခဲ့ချေ။-
John BurCBCM 1:4  ကိုယ်တော်၌ အသက်တည်ရှိ၍ အသက်သည် လူတို့၏အလင်းဖြစ်၏။-
John BurCBCM 1:5  အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။
John BurCBCM 1:6  ယောဟန်အမည်ရှိသော လူတစ်ဦးသည် ဘုရားသခင်၏ စေလွှတ်ခြင်းကိုခံရ၏။-
John BurCBCM 1:7  သူ့အားဖြင့် လူသားအားလုံး ယုံကြည်လာကြစေရန် သူသည် အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာ လာခဲ့၏။-
John BurCBCM 1:8  သူသည် အလင်းတော်မဟုတ်၊ အလင်းတော်အကြောင်းကို သက်သေခံရန် လာသောသူသာဖြစ်၏။-
John BurCBCM 1:9  လူအပေါင်းတို့အား ဉာဏ်အလင်းပေးသည့် စစ်မှန်သော အလင်းတော်သည်ကား ကမ္ဘာလောကအတွင်းသို့ ကြွလာမည်ဖြစ်၏။
John BurCBCM 1:10  ကိုယ်တော်သည် ကမ္ဘာလောကတွင် ရှိတော်မူပြီး ဖြစ်၍ ကမ္ဘာလောကသည် ကိုယ်တော်အားဖြင့် ဖြစ်ပေါ် လာ၏။ သို့သော်လည်း ကမ္ဘာလောကသည် ကိုယ်တော့် ကို မသိချေ။-
John BurCBCM 1:11  ကိုယ်တော်သည် မိမိ၏နေရင်းပြည်သို့ ကြွလာတော်မူသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော့်ကို လက်မခံကြ။-
John BurCBCM 1:12  သို့ရာတွင် ကိုယ်တော်သည် မိမိကိုလက်ခံကြ၍ မိမိ၏နာမတော်၌ ယုံကြည်ကြသောသူတို့အား ဘုရားသခင်၏ သားသမီးဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-
John BurCBCM 1:13  ထိုသူတို့သည်ကား လူတို့၏သွေးမှမဟုတ်၊ အသွေးအသား အလိုဆန္ဒအားဖြင့်လည်းမဟုတ်၊ လူ၏အလို အားဖြင့်လည်း မဟုတ်ဘဲ ဘုရားသခင်မှ မွေးဖွားလာကြခြင်းဖြစ်၏။
John BurCBCM 1:14  နှုတ်တော်ထွက်စကားသည်လည်း လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ ငါတို့အလယ်တွင် စံပယ်တော်မူလေ၏။ ငါတို့သည် ကျေးဇူးတော်နှင့် သမ္မာတရားတို့ဖြင့် ပြည့်စုံလျက်ရှိသော ကိုယ်တော်၏ဘုန်းတော်ကို ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်အဖြစ် ဖူးမြင်ကြရလေပြီ။
John BurCBCM 1:15  ယောဟန်သည် ကိုယ်တော့်ကို သက်သေခံလျက် ကြွေးကြော်သည်မှာ ငါ့နောက်မှ ကြွလာမည့်သူသည် ငါမရှိမီက ရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သောသူသည်ကား ဤသူပင်ဖြစ်သတည်း။-
John BurCBCM 1:16  ငါတို့အားလုံးသည် ကိုယ်တော်၏ပြည့်စုံခြင်းမှ ကျေးဇူးတော်တစ်ပါးအပေါ် တစ်ပါးထပ်ဆင့်ခံကြရလေပြီ။-
John BurCBCM 1:17  အဘယ်ကြောင့်ဆိုသော် ပညတ်တရားကျမ်းကို မိုးဇက်မှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်၏။ ကျေးဇူးတော်နှင့် သမ္မာတရား သည်ကား ယေဇူးခရစ်တော်အားဖြင့် လာသတည်း။-
John BurCBCM 1:18  မည်သူမျှ ဘုရားသခင်ကို မမြင်ဖူးကြ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိတော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူ၏။
John BurCBCM 1:19  ဂျူးလူမျိုးတို့က သင်သည် မည်သူဖြစ်သနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ဂျေရုဆလင်မြို့မှ ရဟန်းများနှင့် လေဝိမျိုးနွယ်များကို စေလွှတ်ကြသောအခါတွင် ယောဟန်သည် ဤသို့သက်သေခံလေ၏။-
John BurCBCM 1:20  ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ငါသည် ခရစ်တော်မဟုတ်ဟု အတိအလင်း ဝန်ခံလေ၏။-
John BurCBCM 1:21  ထိုသူတို့ကလည်း ဤသို့ဆိုလျှင် သင်သည် ဧလိယဖြစ်သလောဟု မေးမြန်းကြသော် သူက ငါမဟုတ်ဟု ပြန်ဖြေလေ၏။ သင်သည် ပရောဖက်ဖြစ်သလောဟု မေးကြပြန်လျှင် သူက ငါမဟုတ်ဟု ပြန် ပြောလေ၏။-
John BurCBCM 1:22  ထိုအခါ သူတို့က သင်သည် မည်သူဖြစ်သနည်း။ ငါတို့ကို စေလွှတ်သောသူတို့အား ငါတို့ပြောပြနိုင်ရန် သင်မည်သူဖြစ်ကြောင်း သင်ကိုယ်တိုင် ပြောပြပါလော့ ဟုဆိုကြ၏။-
John BurCBCM 1:23  ထိုအခါ သူက ငါသည် ပရောဖက် အီဇာယဟောထားခဲ့သည့်အတိုင်း သခင်ဘုရား၏ လမ်းတော်ကို ဖြောင့်တန်းစေကြ လော့ဟူ၍ တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံဖြစ်သတည်းဟု ဆိုလေ၏။
John BurCBCM 1:24  ထိုသို့မေးမြန်းရန် စေလွှတ်ခြင်းခံရသောသူတို့တွင် ဖာရီဇေးဦးများလည်း ပါဝင်ကြ၏။-
John BurCBCM 1:25  ထိုသူတို့က သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါလျှင် အဘယ်ကြောင့် ဆေးကြောခြင်းကိုပေးသနည်းဟု မေးကြ၏။-
John BurCBCM 1:26  ယောဟန်က သူတို့အား ပြန်ဖြေသည်မှာ ငါသည် ရေဖြင့်ဆေးကြော၏။ သင်တို့အလယ်၌မူကား သင်တို့မသိသောသူတစ်ဦး ရှိ၏။-
John BurCBCM 1:27  ထိုသူသည် ငါ့နောက်မှ ကြွလာသူဖြစ်သော်လည်း ငါသည် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေပေးခြင်းငှာ မထိုက်တန်ပါ ဟုဆို၏။-
John BurCBCM 1:28  ဤအကြောင်းအရာများသည် ယောဟန်ဆေးကြောခြင်းပေးနေသော ဂျော်ဒန်မြစ်တစ် ဖက်ကမ်းရှိ ဘက်သနီရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
John BurCBCM 1:29  နောက်တစ်နေ့တွင် မိမိထံသို့ ယေဇူးကြွလာတော်မူသည်ကိုမြင်လျှင် ယောဟန်က ကြွေးကြော်သည်ကား ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့။ လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။-
John BurCBCM 1:30  ငါမရှိမီက ရှိနှင့်တော်မူသည်ဖြစ်၍ ငါ့ထက်ပို၍ ကြီးမြတ်သောသူသည် ငါ့နောက်၌ ကြွလာမည်ဟု ငါဆိုခဲ့သောသူသည် ဤသူပင်ဖြစ်သတည်း။-
John BurCBCM 1:31  ငါသည် ကိုယ်တော့်ကို မသိခဲ့။ သို့သော်လည်း ကိုယ်တော့်ကို အစ္စရာအဲလ်လူမျိုးတို့အား ထင်ရှားစွာဖော်ပြခြင်းငှာ ငါသည် လာ၍ ရေဖြင့်ဆေးကြောခြင်းဖြစ်သည်ဟု ဆိုလေ၏။-
John BurCBCM 1:32  ထို့နောက် ယောဟန်က သက်သေခံသည်ကား ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ကောင်းကင်မှ ဆင်းသက်၍ သူ့အပေါ်၌ နားနေသည်ကို ငါမြင်ရ၏။-
John BurCBCM 1:33  ငါသည် သူ့ကိုသိသည်မဟုတ်။ သို့ရာတွင် ရေဖြင့် ဆေးကြောရန် ငါ့ကိုစေလွှတ်တော်မူသော အရှင်က အကြင်သူ၏အပေါ် ၌ ဝိညာဉ်တော်သည် ဆင်းသက်၍ နားနေတော်မူသည်ကို သင်မြင်ရပါက ဤသူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဆေးကြောသောသူ ဖြစ်သတည်းဟု ငါ့အား မိန့်တော်မူခဲ့၏။-
John BurCBCM 1:34  ငါသည်လည်း မြင်ခဲ့ရသောကြောင့် ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို ငါသက်သေခံသည်ဟု ဆိုလေ၏။
John BurCBCM 1:35  တစ်ဖန် ယောဟန်သည် နောက်တစ်နေ့၌ မိမိ၏ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေစဉ်၊-
John BurCBCM 1:36  ယေဇူးကြွလာတော်မူသည်ကို ကြည့်၍ ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့ဟုဆို၏။-
John BurCBCM 1:37  တပည့်နှစ်ယောက်တို့သည်လည်း ယောဟန်၏စကားကိုကြားလျှင် ယေဇူး၏နောက်တော်သို့ လိုက်သွားကြလေ၏။-
John BurCBCM 1:38  ယေဇူးသည် လှည့်ကြည့်၍ ထိုသူတို့သည် မိမိနောက်သို့လိုက်လာကြသည်ကိုမြင်သဖြင့် သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်းဟု သူတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့က ရာဘီ၊ (အဓိပ္ပာယ်ကား ဆရာသခင်ဟု ဆိုလိုသည်) ကိုယ်တော်သည် မည်သည့်အရပ်၌ နေတော်မူ သနည်းဟု မေးလျှောက်ကြ၏။-
John BurCBCM 1:39  ကိုယ်တော်ကလည်း လာ၍ကြည့်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည် လာကြ၍ ကိုယ်တော်နေသောနေရာကို ကြည့်ကြပြီးလျှင် ထိုနေ့၌ ကိုယ်တော်နှင့်အတူနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် ညနေလေးနာရီခန့်ဖြစ် သောကြောင့်တည်း။
John BurCBCM 1:40  ယောဟန်၏စကားကိုကြားရ၍ နောက်တော်သို့ လိုက်ကြသောသူနှစ်ဦးတို့တွင် တစ်ဦးမှာ စီမွန်ပေတရု၏ညီ အန္ဒြေးယ ဖြစ်၏။-
John BurCBCM 1:41  သူသည် မိမိ၏အစ်ကို စီမွန်ကို ရှေးဦးစွာတွေ့လျှင် ငါတို့သည် မေဆိယ (အဓိပ္ပာယ်ကား ခရစ်တော်ဟု ဆိုလိုသည်)ကို တွေ့ခဲ့ကြလေပြီ ဟုဆို၏။-
John BurCBCM 1:42  သူသည် စီမွန်အား ယေဇူးထံတော်သို့ ခေါ်ဆောင်လာသောအခါ ကိုယ်တော်သည် သူ့ကိုကြည့်တော်မူ၍ သင်သည် ယောန၏သား စီမွန်ဖြစ်၏။ သင်သည် စေဖဟူ၍ခေါ် ခြင်း ခံရလိမ့်မည် (အဓိပ္ပာယ်မှာ ပေတရုဟု ဆိုလိုသည်) ဟု မိန့်တော်မူ၏။
John BurCBCM 1:43  နောက်တစ်နေ့တွင် ယေဇူးသည် ဂါလေလေးယ နယ်သို့သွားရန် ဆုံးဖြတ်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဖိလိပုကိုတွေ့လျှင် ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 1:44  ဖိလိပုသည်ကား အန္ဒြေးယနှင့် ပေတရုတို့၏မြို့ဖြစ်သော ဘက်ဇိုင်းဒါမြို့ မှဖြစ်၏။-
John BurCBCM 1:45  ဖိလိပုသည် နာသာနာအဲလ်ကိုတွေ့လျှင် ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့တွင် မိုးဇက်ရည်ညွန်းရေးသားခဲ့သော သူဖြစ်သည့် ဂျိုးဇက်၏သား၊ နာဇရက်မြို့သားယေဇူးကို ငါတို့တွေ့ခဲ့ကြပြီဟုဆို၏။-
John BurCBCM 1:46  နာသာနာအဲလ်ကလည်း နာဇရက်မြို့မှကောင်းသော အရာတစ်စုံတစ်ခုပေါ် ထွက်လာနိုင်သလောဟု သူ့အားမေးလျှင် ဖိလိပုက လာ၍ကြည့်လော့ဟု ဆိုလေ၏။-
John BurCBCM 1:47  ယေဇူးသည် မိမိထံသို့ နာသာနာအဲလ် လာနေသည်ကိုမြင်လျှင် ကောက်ကျစ်စဉ်းလဲခြင်းနှင့်ကင်းသော အစ္စရာအဲလ် အမျိုးသားစင်စစ် ကို ကြည့်ကြလော့ဟု သူ့အား ရည်ညွန်း၍ မိန့်တော်မူ၏။-
John BurCBCM 1:48  နာသာနာအဲလ်ကလည်း ကိုယ်တော်သည် အကျွန်ုပ်ကို မည်ကဲ့သို့ သိတော်မူပါသနည်းဟု မေးလျှောက်လျှင် ယေဇူးက သင့်အား ဖိလိပုမခေါ်မီ သင်သည် တည်ပင်အောက်၌ ရှိနေစဉ်ကပင် သင့်ကို ငါမြင်သည်ဟု သူ့အား ပြန်ပြောတော်မူ၏။-
John BurCBCM 1:49  နာသာနာအဲလ်က ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။ ကိုယ်တော်သည် အစ္စရာအဲလ် လူမျိုးတို့၏ဘုရင်လည်း ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။-
John BurCBCM 1:50  ယေဇူးကလည်း သင့်ကို တည်ပင်အောက်၌ မြင်ရသည်ဟု သင့်အား ငါပြောသောကြောင့် သင်ယုံကြည်သလော။ ယခု ထက်ပို၍ ကြီးမြတ်သောအရာတို့ကို သင်မြင်ရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 1:51  ထို့နောက် ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်ပွင့်နေသည်ကိုလည်းကောင်း၊ လူသား၏အပေါ် ၌ ဘုရားသခင်၏ ကောင်းကင်တမန်တော်များ ဆင်းလျက် တက်လျက် ရှိနေကြသည်ကိုလည်းကောင်း သင်တို့မြင်ကြရလိမ့် မည်ဟု သူ့အား မိန့်တော်မူ၏။
Chapter 2
John BurCBCM 2:1  သုံးရက်မြောက်သောနေ့တွင် ဂါလေလေးယနယ်၊ ကာနာမြို့၌ လက်ထပ်ပွဲတစ်ခုကျင်းပပြီး ယေဇူး၏မယ်တော်သည်လည်း ထိုနေရာ၌ရှိ၏။-
John BurCBCM 2:2  ယေဇူးနှင့်အတူ တပည့်တော်တို့သည်လည်း ထိုလက်ထပ်ပွဲသို့ ဖိတ်ကြားခြင်းခံကြရ၏။-
John BurCBCM 2:3  ထိုအချိန်၌ စပျစ်ရည်ကုန်သွားသောကြောင့် ယေဇူး၏မယ်တော်က သူတို့တွင် စပျစ်ရည်မရှိဟု ကိုယ်တော်အား ပြောလေ၏။-
John BurCBCM 2:4  ယေဇူးကလည်း အချင်းအမျိုးသမီး၊ သင်သည် အကျွန်ုပ်နှင့် မည်သို့သက် ဆိုင်ပါသနည်း။ အကျွန်ုပ်၏အချိန် မရောက်သေး ဟု သူမအား မိန့်တော်မူ၏။-
John BurCBCM 2:5  ကိုယ်တော်၏မယ်တော်ကလည်း သူစေခိုင်းသမျှကို ပြုလုပ်ကြလော့ဟု အစေခံတို့အား မှာထားလေ၏။-
John BurCBCM 2:6  ထိုနေရာ၌ ဂျူးလူမျိုးတို့၏ဘာသာရေး ဝိနည်းအရ စင်ကြယ်ခြင်းအမှုပြုရာတွင် အသုံးပြုသော ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်ဝင်သည့် ကျောက်ရေအိုးကြီး ခြောက်လုံးရှိ၏။-
John BurCBCM 2:7  ယေဇူးက အိုးများကို ရေဖြည့်ကြလော့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ၎င်းအိုးတို့ကို နှုတ်ခမ်းတိုင်အောင် ရေဖြည့်ကြ၏။-
John BurCBCM 2:8  ထို့နောက် ယေဇူးက ယခုအနည်းငယ်ခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့ဟု သူတို့အား မိန့်တော်မူသဖြင့် သူတို့သည် ယူသွားကြလေ၏။-
John BurCBCM 2:9  ပွဲအုပ်သည်လည်း စပျစ်ရည်ဖြစ်ပြီးသောရေကို မြည်းစမ်းကြည့်သောအခါ ရေခပ်လာခဲ့သောအစေခံတို့သည် ယင်းအား အဘယ်ကရခဲ့သည်ကိုသိကြသော် လည်း ပွဲအုပ်မှာမူ မသိသောကြောင့် မင်္ဂလာဆောင်သတို့ သားကိုခေါ် ပြီးလျှင်၊-
John BurCBCM 2:10  လူတိုင်းသည် ကောင်းသောစပျစ်ရည်ကို ဦးစွာတည်ခင်း၍ လူတို့၀အောင်သောက်ကြပြီးမှ စပျစ်ရည်အညံ့ကို တည်ခင်း လေ့ရှိကြ၏။ သင်မူကား ယခုအချိန်တိုင်အောင် ကောင်းသောစပျစ်ရည်ကို သိမ်းထားလေပြီတကားဟု ဆိုလေ၏။-
John BurCBCM 2:11  မိမိ၏ တန်ခိုးလက္ခဏာများတွင် ပထမဆုံးဖြစ်သော ဤတန်ခိုးလက္ခဏာကို ယေဇူးသည် ဂါလေလေးယနယ်၊ ကာနာမြို့၌ ပြလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်၌ ယုံကြည်ကြလေ၏။
John BurCBCM 2:12  ထို့နောက် ကိုယ်တော်သည် မိမိ၏မယ်တော်နှင့်တကွ ညီအစ်ကိုများ၊ တပည့်တော်များနှင့်အတူ ကာဖာနာအုမ်မြို့သို့ ကြွတော်မူ၍ ထိုနေရာ၌ ရက်အနည်းငယ်ခန့် သီတင်းသုံးနေထိုင်တော်မူ၏။
John BurCBCM 2:13  ဂျူးလူမျိုးတို့၏ ပါစကားပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ယေဇူးသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။-
John BurCBCM 2:14  ကိုယ်တော်သည် ဗိမာန်တော်အတွင်း၌ နွား၊ သိုးနှင့် ခိုများအား ရောင်းနေကြသောသူတို့နှင့် ငွေကြေးလဲလှယ်သူများကို တွေ့တော်မူလျှင်၊-
John BurCBCM 2:15  ကြိုးများကိုစည်း၍ ကျာပွတ်ပြုလုပ်ပြီး ထိုသူအားလုံးတို့ကို သိုးများ၊ နွားများနှင့်အတူ ဗိမာန်တော်အပြင်သို့ မောင်းထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သူတို့၏ငွေများကိုလည်း သွန်ချ၍ သူတို့၏စားပွဲများကို မှောက်ပစ် တော်မူ၏။-
John BurCBCM 2:16  ကိုယ်တော်က ခိုရောင်းသောသူတို့အား ဤအရာများကို ယူသွားကြလော့။ ငါ့ခမည်းတော်၏ အိမ်တော်ကို ဈေးတန်း မဖြစ်စေကြနှင့်ဟု မိန့်တော်မူ၏။-
John BurCBCM 2:17  ကိုယ်တော်၏ တပည့်တော်တို့သည်လည်း အရှင်၏အိမ်တော်အတွက် စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းလျက်ရှိပါ၏ဟု ရေးထားသောကျမ်းချက်ကို သတိရကြ၏။-
John BurCBCM 2:18  ထိုအခါ ဂျူးလူမျိုးတို့က သင်သည် ဤသို့ပြုလုပ်ပိုင်ခွင့်ရှိကြောင်းကို ငါတို့အား မည်သည့်အမှတ်လက္ခဏာဖြင့် ပြမည်နည်း ဟု ကိုယ်တော်အား မေးကြ၏။-
John BurCBCM 2:19  ယေဇူးကလည်း ဤ ဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ ၎င်းကို သုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်ဟု သူတို့အား ဖြေကြား တော်မူ၏။-
John BurCBCM 2:20  ထိုအခါ ဂျူးလူမျိုးတို့က ဤဗိမာန်တော်ကို နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခဲ့ကြရ၏။ သင်သည်ကား ၎င်းကို သုံးရက်အတွင်းတည် ဆောက်နိုင်ပါမည်လောဟု ဆိုကြ၏။-
John BurCBCM 2:21  သို့သော် ကိုယ်တော်သည် မိမိခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်ကို ရည်ညွန်းပြောဆိုခြင်းဖြစ်၏။-
John BurCBCM 2:22  ထို့ကြောင့် ကိုယ်တော် ဤကဲ့သို့ မိန့်တော်မူခဲ့ကြောင်းကို သေခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးသောအခါ တပည့်တော်တို့ သတိရကြသဖြင့် ကျမ်းစာတော်မြတ်ကိုလည်းကောင်း၊ ယေဇူး မိန့်မြွက်တော်မူခဲ့သော နှုတ်တော်ထွက်စကား ကိုလည်းကောင်း ယုံကြည်ကြ၏။
John BurCBCM 2:23  ကိုယ်တော်သည် ပါစကားပွဲနေ့၌ ဂျေရုဆလင်မြို့တွင်ရှိစဉ် လူများစွာတို့သည် ကိုယ်တော်ပြုတော်မူသော အံ့ဖွယ် လက္ခဏာတို့ကိုမြင်ကြသဖြင့် ကိုယ်တော်၏ နာမတော်၌ ယုံကြည်ကြ၏။-
John BurCBCM 2:24  သို့သော် ယေဇူးသည် ထိုသူတို့အပေါ် ယုံမှတ်တော်မမူချေ။ အကြောင်းမူကား ကိုယ်တော်သည် လူအားလုံးတို့ကို သိတော်မူသောကြောင့် ဖြစ်၏။-
John BurCBCM 2:25  ကိုယ်တော်သည် လူ၏စိတ်ထဲတွင်ရှိသမျှကို သိမြင်တော်မူသောကြောင့် လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ မည်သူ့ကိုမျှ လိုအပ်တော်မမူချေ။
Chapter 3
John BurCBCM 3:1  ဂျူးလူမျိုးတို့ကို အုပ်ချုပ်သူတစ်ဦးဖြစ်သော နီကိုဒေးမုအမည်ရှိသည့် ဖာရီဇေးဦး တစ်ယောက်ရှိ၏။-
John BurCBCM 3:2  ဤသူသည် ညအချိန်၌ ယေဇူးထံသို့လာပြီးလျှင် ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာတော်မူသော ဆရာသခင်ဖြစ်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အကြောင်းမူကား ကိုယ်တော်ပြုလုပ်တော်မူသော ဤအံ့ဖွယ်တန်ခိုး လက္ခဏာများကို ဘုရားသခင်နှင့် အတူမရှိသောသူ မည်သူမျှမပြုလုပ်နိုင်ပါဟု လျှောက်ထားလေ၏။-
John BurCBCM 3:3  ယေဇူးက သင့်အား ငါဧကန်အမှန်ဆိုသည်ကား အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူ မည်သူမျှ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု သူ့အား ဖြေကြားတော်မူ၏။-
John BurCBCM 3:4  နီကိုဒေးမုကလည်း လူတစ်ဦးသည် အသက်ကြီးသောအခါ မည်ကဲ့သို့ မွေးဖွားခြင်း ခံနိုင်ပါမည်နည်း။ သူသည် အမိဝမ်းထဲသို့ ဒုတိယအကြိမ်ပြန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လောဟု ကိုယ်တော်အား လျှောက်လေ၏။-
John BurCBCM 3:5  ယေဇူးကလည်း သူ့အား ဖြေတော်မူသည်မှာ သင့်အား ငါဧကန်အမှန်ဆိုသည်ကား ရေဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်ရာ။-
John BurCBCM 3:6  သွေးသားမှ မွေးဖွားသောသူသည် သွေးသားဖြစ်၍ ဝိညာဉ်တော်မှ မွေးဖွားသောသူသည် ဝိညာဉ်ဖြစ်၏။-
John BurCBCM 3:7  သင်တို့သည် နောက်တစ်ကြိမ် မွေးဖွားခြင်းခံရမည်ဟု သင့်ကိုငါဆိုသောကြောင့် အံ့ဩခြင်းမရှိနှင့်။-
John BurCBCM 3:8  လေသည် မိမိအလိုရှိရာအရပ်သို့ တိုက်ခတ်၏။ လေတိုက်သံကို သင်ကြားရသော်လည်း ၎င်းသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကို သင်မသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းခံကြသူတို့ သည်လည်း ထိုနည်းတူဖြစ်ကြသည်ဟု မိန့်တော်မူ၏။
John BurCBCM 3:9  နီကိုဒေးမုကလည်း ဤအမှုအရာသည် မည်သို့ဖြစ်နိုင်မည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
John BurCBCM 3:10  ယေဇူးက သင်သည် အစ္စရာအဲလ်လူမျိုးတို့တွင် ဆရာတစ်ဦးဖြစ်လျက်နှင့်ပင် ဤအမှုအရာကို နားမလည်သလော။-
John BurCBCM 3:11  သင့်အား ငါဧကန်အမှန်ဆိုသည်ကား ငါတို့သိရှိသောအရာကို ငါတို့ပြောဆိုကြ၏။ ငါတို့မြင်သောအရာကို ငါတို့ သက်သေခံကြ၏။ သို့သော်လည်း သင်တို့သည် ငါတို့၏သက်သေခံချက်ကို လက်မခံကြ။-
John BurCBCM 3:12  ကမ္ဘာမြေကြီးနှင့် ဆိုင်သောအရာကို သင်တို့အား ငါပြော၍ သင်တို့ မယုံကြည်ကြပါလျှင် ကောင်းကင်နှင့်ဆိုင်သော အရာများကို ငါပြောသောအခါ သင်တို့သည် မည်ကဲ့သို့ ယုံကြည်ကြမည်နည်း။-
John BurCBCM 3:13  ကောင်းကင်မှ ဆင်းသက်လာသောလူသား မှတစ်ပါး မည်သူမျှ ကောင်းကင်သို့ မတက်ဖူးကြ။-
John BurCBCM 3:14  မိုးဇက်သည် တောကန္တာရ၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။-
John BurCBCM 3:15  ဤသို့ဖြင့် သူ၌ယုံကြည်သောသူဟူသမျှသည် ထာ၀ရ အသက်ကိုရလိမ့်မည်။
John BurCBCM 3:16  သားတော်ကို ယုံကြည်သောသူ ဟူသမျှကို ပျက်စီးခြင်းသို့ မရောက်စေဘဲ ထာ၀ရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာလောကသားတို့ကို ချစ်တော်မူ၏။
John BurCBCM 3:17  အကြောင်းမူကား ဘုရားသခင်သည် ဤလောကကို အပြစ်စီရင်စေခြင်းငှာ သားတော်အား လောကထဲသို့ စေလွှတ်တော်မူသည်မဟုတ်။ သားတော်အားဖြင့် ဤ လောကသည် ကယ်တင်ခြင်းခံရစေရန် စေလွှတ်တော်မူ ခြင်းသာဖြစ်၏။-
John BurCBCM 3:18  သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူသည်ကား အပြစ်စီရင်ခြင်းကို ခံရလေပြီ။ အကြောင်းမူကား သူသည် ဘုရားသခင်၏တစ်ပါးတည်းသော သားတော်၏နာမတော်၌ မယုံကြည်သောကြောင့်ပင်တည်း။-
John BurCBCM 3:19  စီရင်ချက်သည်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ ကြွလာသော်လည်း လူတို့သည် မကောင်းမှုကိုပြုနေကြ သောကြောင့် အလင်းထက် မှောင်မိုက်ကို ပို၍နှစ်သက် ကြ၏။-
John BurCBCM 3:20  မကောင်းမှုကို ပြုသောသူတိုင်းသည် အလင်းကိုမုန်းတီးကြ၍ မိမိတို့ပြုသောမကောင်းမှု မပေါ်လွင်စေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။-
John BurCBCM 3:21  သမ္မာတရားကို လိုက်နာကျင့်သုံးသောသူမူကား မိမိပြုသမျှတို့သည် ဘုရားသခင်၏ အလိုတော်အတိုင်းဖြစ်သည်ကို ထင်ရှားစွာမြင်စေခြင်းငှာ အလင်းသို့လာသည်ဟု မိန့်တော်မူ၏။
John BurCBCM 3:22  ထို့နောက် ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဂျူဒေးယနယ်သို့ကြွသွားပြီးလျှင် ထိုအရပ်၌ သူတို့နှင့် အတူနေလျက် ဆေးကြောခြင်းကို ပေးတော်မူ၏။-
John BurCBCM 3:23  ယောဟန်သည်လည်း ဆာလင်မြို့အနီး၊ ဧနွန်အရပ်၌ ဆေးကြောခြင်းကို ပေးလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ ရေများစွာရှိသောကြောင့်ဖြစ်၏။ လူတို့သည်လည်း လာကြ၍ ဆေးကြောခြင်းခံကြ၏။-
John BurCBCM 3:24  အကြောင်းမူကား ယောဟန်သည် ထောင်သွင်းအကျဉ်းချထားခြင်း မခံရသေးပေ။
John BurCBCM 3:25  ထိုအချိန်၌ ယောဟန်၏တပည့်များနှင့် ဂျူးလူမျိုးတစ်ဦးသည် စင်ကြယ်စေခြင်းနှင့်စပ်လျဉ်း၍ အငြင်းအခုံဖြစ်ကြ၏။-
John BurCBCM 3:26  ထိုအခါ သူတို့သည် ယောဟန်ထံသို့လာကြ လျက် ရာဘီ၊ ကိုယ်တော်နှင့်အတူ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရှိခဲ့ဖူး၍ ကိုယ်တော် သက်သေခံခဲ့သောသူသည် ယခုဆေးကြောခြင်းကို ပေးလျက်ရှိသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့ သွားကြ ပါသည်ဟု လျှောက်ကြလေ၏။-
John BurCBCM 3:27  ယောဟန်ကလည်း ကောင်းကင်မှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်။-
John BurCBCM 3:28  ငါသည် ခရစ်တော်မဟုတ်၊ သို့သော် ကိုယ်တော်၏ရှေ့၌ ကြိုတင်စေလွှတ်ခြင်းခံရသောသူ ဖြစ်သည်ဟု ငါဆိုခဲ့ကြောင်း သင်တို့ကိုယ်တိုင်ပင်သက်သေခံကြ၏။-
John BurCBCM 3:29  မင်္ဂလာဆောင် သတို့သမီးကို ပိုင်ဆိုင်သောသူသည် မင်္ဂလာဆောင် သတို့သားဖြစ်၏။ အနီးတွင်ရပ်နေလျက် သတို့သား၏ အသံကိုကြားသော သတို့သား၏ မိတ်ဆွေသည်ကား သူ၏အသံကြောင့် လွန်စွာပင်ဝမ်းမြောက်လေ၏။ ထို့ကြောင့် ငါ၏ ဝမ်းမြောက်ခြင်းသည် ယခုပြည့်စုံခြင်းသို့ ရောက်လေပြီ။-
John BurCBCM 3:30  ကိုယ်တော်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်။
John BurCBCM 3:31  အထက်မှလာသောသူသည် အားလုံးတို့ထက် ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှ ဖြစ်သောသူသည် ကမ္ဘာမြေကြီးနှင့် သက်ဆိုင်သဖြင့် ကမ္ဘာမြေကြီးအကြောင်းကို သာ ပြောဆိုတတ်၏။ ကောင်းကင်မှ ကြွလာသောသူ သည်ကား အားလုံးတို့ထက် ကြီးမြတ်တော်မူ၏။-
John BurCBCM 3:32  ကိုယ်တော်သည် မိမိမြင်ရကြားရသမျှတို့ကို သက်သေခံတော်မူ၏။ သို့သော် ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှ လက်မခံကြ။-
John BurCBCM 3:33  ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူမူကား ဘုရားသခင်သည် ဖြောင့်မှန်တော်မူကြောင်းကို သက်သေခံ လေ၏။-
John BurCBCM 3:34  အကြောင်းမူကား ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားကို ပြောဆိုတတ်၏။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆ မရှိပေးတော်မူသောကြောင့်ဖြစ်၏။-
John BurCBCM 3:35  ခမည်းတော်သည် သားတော်ကို ချစ်မြတ်နိုး၍ အရာခပ်သိမ်းတို့ကို သားတော်၏လက်သို့ ပေးအပ်တော်မူ၏။-
John BurCBCM 3:36  သားတော်၌ ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။ သားတော်ကို မယုံကြည်သောသူမူကား ထာ၀ရအသက်ကို မြင်ရလိမ့်မည်မဟုတ်။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် ထိုသူ၏အပေါ်၌ တည်လိမ့်မည်ဟု ဆိုလေ၏။
Chapter 4
John BurCBCM 4:1  ယေဇူးသည် ယောဟန်ထက် ပိုမိုများပြားသော တပည့်များရရှိလျက် ၎င်းတို့အား ဆေးကြောခြင်း ပေးလျက်ရှိသည်ဟူ၍ ဖာရီဇေးဦးတို့ ကြားကြသည်ကို ကိုယ်တော်သိရှိတော်မူသောအခါ၊-
John BurCBCM 4:2  (အမှန်စင်စစ် ယေဇူးကိုယ်တော်တိုင်ဆေးကြောခြင်းပေးသည်မဟုတ် ဘဲ တပည့်တော်များကသာလျှင် ဆေးကြောခြင်းကို ပေးခြင်းဖြစ်၏၊)-
John BurCBCM 4:3  ကိုယ်တော်သည် ဂျူဒေးယနယ်မှ ထွက်ခွာ၍ ဂါလေလေးယနယ်သို့ တစ်ဖန်ကြွသွားတော်မူ၏။-
John BurCBCM 4:4  ကိုယ်တော်သည် ဆမာရိယပြည်ကို ဖြတ်သွားရသဖြင့်၊-
John BurCBCM 4:5  ယာကုပ်က မိမိ၏သား ဂျိုးဇက်အား ပေးခဲ့သော မြေကွက်အနီးရှိ ဆီခါအမည်ရှိသော ဆမာရိယမြို့တစ်မြို့သို့ရောက် တော်မူ၏။-
John BurCBCM 4:6  ထိုနေရာ၌ ယာကုပ်၏ရေတွင်းရှိ၏။ ယေဇူးသည်လည်း ခရီးပန်းလာသောကြောင့် ထိုရေတွင်း၏ ဘေးတွင် ထိုင်တော်မူ၏။ ထိုအချိန်ကား မွန်းတည့်ချိန် ခန့်ဖြစ်၏။
John BurCBCM 4:7  ဆမာရိယအမျိုးသမီးတစ်ဦးသည် ရေခပ်ရန် လာသောအခါ ယေဇူးက ငါ့အား သောက်ရန်ရေပေးပါဟု သူမကို မိန့်တော်မူ၏။-
John BurCBCM 4:8  အကြောင်းမူကား ကိုယ်တော်၏ တပည့်တော်တို့သည် စားစရာဝယ်အံ့သောငှာ မြို့ထဲသို့ သွားနေကြသောကြောင့်ဖြစ်၏။-
John BurCBCM 4:9  ဆမာရိယအမျိုးသမီးကလည်း ဂျူးလူမျိုးတစ်ဦးဖြစ်သော သင်သည် အဘယ်ကြောင့် ဆမာရိယအမျိုးသမီးတစ်ဦးဖြစ်သော ကျွန်မထံမှ သောက်ရေကို တောင်းပါသနည်းဟု ကိုယ်တော်အား ပြောလေ၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် ဆမာရိ ယလူမျိုးတို့နှင့် ဆက်ဆံခြင်းလုံး၀ မပြုကြသောကြောင့်တည်း။-
John BurCBCM 4:10  ယေဇူးက သင်သည် ဘုရားသခင်၏ ဆုကျေးဇူးတော်ကိုလည်းကောင်း၊ ငါ့အား သောက်ရန်ရေပေးပါဟု သင့်ကိုပြောဆိုသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သိခဲ့ပါလျှင် သူ့ထံမှ သင်တောင်းခံ၍ သူသည်လည်း သင့်အား အသက်ရေကိုပေးလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 4:11  အမျိုးသမီးကလည်း သခင်၊ သင်၌ ရေခပ်စရာလည်းမပါ။ ရေတွင်းသည်လည်း နက်ပါ၏။ သို့ဖြစ်လျှင် သင်သည် အသက်ရေကို မည်သည့်နေရာမှ ရနိုင်ပါမည် နည်း။-
John BurCBCM 4:12  သင်သည် အကျွန်ုပ်တို့၏အဖ ယာကုပ်ထက် ကြီးမြတ်ပါသလော။ သူသည် ဤရေတွင်းကို အကျွန်ုပ်တို့အား ပေးခဲ့၍ သူကိုယ်တိုင်နှင့် သူ၏သားသမီးများ၊ တိရစ္ဆာန်များသည် ဤရေတွင်းမှ ရေကိုသောက်ခဲ့ကြပါပြီဟု ကိုယ်တော်အား ပြန်ပြောလေ၏။-
John BurCBCM 4:13  ယေဇူးကလည်း ဤရေကိုသောက်သောသူသည် နောက်တစ်ဖန်ရေငတ် လိမ့်ဦးမည်။-
John BurCBCM 4:14  ငါပေးမည့်ရေကို သောက်သောသူသည်ကား မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။ ငါပေးမည့်ရေသည် ထိုသူ၌ ထာ၀ရအသက်ရှင်ခြင်းအဖို့ စီးထွက်လာသော စမ်းရေဖြစ်လိမ့်မည်ဟု သူမအား မိန့်တော်မူ၏။-
John BurCBCM 4:15  အမျိုးသမီးကလည်း သခင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့ ရေလာမခပ်ရစေရန် ကျွန်မအား ထိုရေကို ပေးတော်မူပါဟု တောင်းလျှောက်လေ၏။
John BurCBCM 4:16  ယေဇူးကလည်း သွားလော့။ သင်၏ခင်ပွန်းကို ခေါ်၍ ဤနေရာသို့ပြန်လာလော့ဟု သူမအား မိန့်တော်မူ၏။-
John BurCBCM 4:17  အမျိုးသမီးကလည်း ကျွန်မ၌ခင်ပွန်းမရှိပါဟု ပြန်လျှောက်လျှင် ယေဇူးက ခင်ပွန်းမရှိပါဟု သင်ဆိုသောစကားသည် မှန်၏။-
John BurCBCM 4:18  အကြောင်းမူကား သင်၌ခင်ပွန်း ငါးယောက်ရှိခဲ့လေပြီ။ ယခုသင်နှင့် နေသောသူသည်လည်း သင်၏ခင်ပွန်း မဟုတ်သောကြောင့် သင်ပြောသော ဤစကားသည်မှန်ပေသည်ဟု သူမအား မိန့်တော်မူ၏။-
John BurCBCM 4:19  အမျိုးသမီးက သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်ကြောင်း ကျွန်မသိပါပြီ။-
John BurCBCM 4:20  အကျွန်ုပ်တို့၏ ဘိုးဘေးတို့သည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါသည်။ သို့သော် သင်တို့ဂျူးလူမျိုးများက ဂျေရုဆလင်မြို့သည်သာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာဖြစ်သည်ဟူ၍ ဆိုကြပါ၏ဟုလျှောက်လေ၏။-
John BurCBCM 4:21  ယေဇူးက အချင်းအမျိုးသမီး၊ ငါ့ကိုယုံကြည်လော့။ ခမည်းတော်ကို ဤတောင်ပေါ်၌လည်းမဟုတ်၊ ဂျေရုဆလင်မြို့၌လည်း မဟုတ်ဘဲ သင်တို့ ကိုးကွယ်ဝတ်ပြုကြရမည့် အချိန်ကာလ ရောက်လာလိမ့်မည်။-
John BurCBCM 4:22  သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ အကြောင်းမူကား ကယ်တင်ခြင်းသည် ဂျူးလူမျိုးများအားဖြင့် ရောက်လာ၏။-
John BurCBCM 4:23  သို့သော် ဟုတ်မှန်စွာ ကိုးကွယ်သူတို့သည် ခမည်းတော်ကို ဝိညာဉ်အားဖြင့်လည်းကောင်း၊ သမ္မာတရားအားဖြင့် လည်းကောင်း ကိုးကွယ်ဝတ်ပြုရမည့်အချိန်ကာလ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် မိမိအား ဤသို့ကိုးကွယ်ဝတ်ပြုသောသူများကို အလိုရှိတော်မူ၏။-
John BurCBCM 4:24  ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်တော်မူ၍ ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုသောသူတို့သည်လည်း ဝိညာဉ်အားဖြင့် လည်းကောင်း၊ သမ္မာတရားအားဖြင့်လည်းကောင်း ကိုးကွယ်ဝတ်ပြုရမည်ဟု မိန့်တော်မူ၏။-
John BurCBCM 4:25  ထိုအမျိုးသမီးကလည်း ခရစ်တော်ဟုခေါ်သော မေဆိယကြွလာမည်ကို ကျွန်မသိပါ၏။ ကိုယ်တော်ကြွလာတော် မူသောအခါ အရာခပ်သိမ်းတို့ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူလိမ့်မည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
John BurCBCM 4:26  ယေဇူးကလည်း သင်နှင့် စကားပြောနေသောငါသည် ထိုသူပေတည်းဟု မိန့်တော်မူ၏။
John BurCBCM 4:27  ထိုအချိန်တွင်ပင် တပည့်တော်တို့ ပြန်ရောက်လာကြ၍ ကိုယ်တော်သည် ဆမာရိယအမျိုးသမီးနှင့် စကားပြောဆို နေသည်ကို အံ့ဩလျက်ရှိကြ၏။ သို့သော် မည်သူကမျှ ကိုယ်တော်မည်သည့်အရာကို အလိုရှိတော်မူသနည်း၊ သူမနှင့် အဘယ်အကြောင်းအရာကိုပြောဆိုနေ တော်မူသနည်းဟူ၍ မမေးကြချေ။-
John BurCBCM 4:28  ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့တွင်းသို့သွားပြီးလျှင် လူတို့အား၊-
John BurCBCM 4:29  ကျွန်မပြုခဲ့သမျှသော အမှုအရာတို့ကို ကျွန်မအား ပြန်လည်ပြောပြသောသူကို လာ၍ကြည့်ကြလော့။ ဤသူသည် ခရစ်တော်ပင် ဖြစ်မည်လောဟုဆိုလျှင်၊-
John BurCBCM 4:30  သူတို့သည် မြို့တွင်းမှထွက်လာကြ၍ အထံတော်သို့လာကြ၏။
John BurCBCM 4:31  ထိုအချိန်၌ တပည့်တော်တို့က ရာဘီ၊ အစားအစာ သုံးဆောင်တော်မူပါဟု လျှောက်ကြ၏။-
John BurCBCM 4:32  သို့သော် ကိုယ်တော်က ငါ၌သင်တို့မသိသော အစားအစာရှိ၏ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 4:33  တပည့်တော်တို့ကလည်း တစ်စုံတစ်ယောက်သည် ကိုယ်တော့်အတွက် စားစရာပို့ထားပြီလောဟု အချင်းချင်း မေးမြန်းကြ၏။-
John BurCBCM 4:34  ယေဇူးက ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရွက်ခြင်းနှင့် ထိုအရှင်၏ အမှုတော်ကို ပြီးမြောက်စေခြင်းသည် ငါ၏အစာပင်ဖြစ်သတည်း။-
John BurCBCM 4:35  ယခုအချိန်မှစ၍ လေးလလွန်မှသာ စပါးရိတ်သိမ်းချိန်ရောက်လိမ့်မည်ဟု သင်တို့ဆိုကြသည်မဟုတ်လော။ သင်တို့အား ငါဆိုသည်ကား စပါးရိတ်သိမ်းရန်အတွက် လယ်ကွင်းများသည် ယခုပင် ဝင်းမှည့်နေသည်ကို သင်တို့လှမ်းမျှော်၍ ကြည့်ကြလော့။-
John BurCBCM 4:36  စပါးရိတ်သောသူသည် လုပ်အားခကို ရရှိ၍ ထာ၀ရအသက်အဖို့ အသီးအနှံကိုစုသိမ်းလေ၏။ သို့မှသာ မျိုးကြဲသောသူနှင့် စပါးရိတ်သော သူတို့သည် အတူတကွ ဝမ်းမြောက်နိုင်ကြမည်ဖြစ်၏။-
John BurCBCM 4:37  အကြောင်းမူကား တစ်ဦးက မျိုးစေ့ကြဲ၍ အခြားတစ်ဦးက ရိတ်သိမ်း၏ ဟူသောဆိုရိုးစကားသည် ဤနေရာ၌ မှန်ကန်သင့်မြတ်ပေ၏။-
John BurCBCM 4:38  သင်တို့ မလုပ်ဆောင်ခဲ့ရသော အရပ်၌ ရိတ်သိမ်းစေခြင်းငှာ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့သည် လုပ်ဆောင်ခဲ့ကြပြီး သင်တို့သည် သူတို့၏အလုပ်တွင် ပါဝင်ကြရလေပြီဟု မိန့်တော်မူ၏။
John BurCBCM 4:39  သူသည် ကျွန်မပြုခဲ့သမျှ အရာတို့ကို ကျွန်မအား ပြန်လည်ပြောပြခဲ့သည်ဟု သက်သေခံသောအမျိုးသမီး၏ စကားကြောင့် ထိုမြို့မှ ဆမာရိယလူမျိုး များစွာတို့သည် ကိုယ်တော့်ကို ယုံကြည်ကြ၏။-
John BurCBCM 4:40  ထို့ကြောင့် ဆမာရိယလူမျိုးတို့သည် အထံတော်သို့ရောက်လာကြသောအခါ မိမိတို့နှင့်အတူ ခေတ္တနေတော်မူပါ မည့်အကြောင်း ကိုယ်တော့်ကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။-
John BurCBCM 4:41  ကိုယ်တော်၏ နှုတ်တော်ထွက်စကားကြောင့် ပိုမိုများပြားသောသူတို့သည်လည်း ကိုယ်တော့်ကို ယုံကြည်လာ ကြသည်ဖြစ်၍၊-
John BurCBCM 4:42  သူတို့က အမျိုးသမီးအား ယခုငါတို့သည် သင်၏စကားကြောင့် ယုံကြည်ကြခြင်းမဟုတ်တော့ပေ။ အကြောင်းမူကား ငါတို့ ကိုယ်တိုင်ကြားနာကြရပြီဖြစ်၍ ကိုယ်တော်သည် ဤလောက၏ ကယ်တင်ရှင် အမှန်စင်စစ် ဖြစ်တော်မူကြောင်း ငါတို့ သိကြလေပြီဟု ဆိုကြ၏။
John BurCBCM 4:43  နှစ်ရက်လွန်သောအခါ ကိုယ်တော်သည် ဂါလေလေးယနယ်သို့ကြွတော်မူ၏။-
John BurCBCM 4:44  အကြောင်းမူကား ပရောဖက်ဟူသည် မိမိ၏ဇာတိမြေ၌ ဂုဏ်သတင်းကျော်စောခြင်းမရှိဟူ၍ ယေဇူးကိုယ်တော်တိုင် သက်သေခံတော်မူခဲ့ဖူး၏။-
John BurCBCM 4:45  သို့ဖြစ်၍ ကိုယ်တော်သည် ဂါလေလေးယနယ်သို့ ရောက်တော်မူသောအခါ ဂါလေလေးယနယ်သားတို့သည် ကိုယ်တော့်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားကြသည်ဖြစ်၍ ပွဲတော်နေ့၌ ဂျေရုဆလင်မြို့တွင် ကိုယ်တော်ပြုတော်မူခဲ့သမျှတို့ကို တွေ့ မြင်ခဲ့ကြပြီးဖြစ်သောကြောင့်တည်း။
John BurCBCM 4:46  ကိုယ်တော်သည် ရေကိုစပျစ်ရည်အဖြစ်ပြောင်းလဲခဲ့သော အရပ်ဖြစ်သည့် ဂါလေလေးယနယ်၊ ကာနာမြို့သို့ တစ်ဖန်ကြွလာတော်မူ၏။ ကာဖာနာအုမ်မြို့၌ အမတ်တစ်ဦးရှိ၍ သူ၏သားသည် ဖျားနာလျက်ရှိ၏။-
John BurCBCM 4:47  ဂျူဒေးယနယ်မှ ဂါလေလေးယနယ်သို့ ယေဇူးကြွလာတော်မူကြောင်းကို ထိုအမတ်ကြားသော် ကိုယ်တော့်ထံသွား၍ ကိုယ်တော်ကြွလာပြီး မိမိသားကို ပျောက်ကင်းချမ်းသာစေမည့်အကြောင်း တောင်းပန်လေ၏။ အကြောင်းမူကား လူနာသည် သေအံ့ဆဲဆဲဖြစ်နေသောကြောင့်တည်း။-
John BurCBCM 4:48  ယေဇူးက သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မမြင်ရလျှင် ယုံကြည်ကြလိမ့်မည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 4:49  အမတ်ကလည်း သခင်၊ အကျွန်ုပ်၏သား မသေမီကြွလာတော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
John BurCBCM 4:50  ယေဇူးက သွားလော့၊ သင်၏သား အသက်ချမ်းသာ ရလိမ့်မည်ဟု သူ့အား မိန့်တော်မူလျှင် သူသည် မိမိအား ကိုယ်တော် မိန့်တော်မူသော စကားကို ယုံကြည် လျက် ပြန်သွားလေ၏။-
John BurCBCM 4:51  သူသည် ပြန်သွားစဉ်တွင် သူ၏အစေခံများနှင့် ဆုံမိရာ ထိုသူတို့က သူ၏သားအသက် ချမ်းသာရာရကြောင်းကို သူ့အား ပြောကြားကြ၏။-
John BurCBCM 4:52  သူက မိမိသား ပျောက်ကင်းချမ်းသာရသည့် အချိန်နာရီကို မေးမြန်းသောအခါ သူတို့က ယမန်နေ့ မွန်းလွဲတစ်နာရီ အချိန်တွင် အဖျားပျောက်ကင်းသည်ဟု ပြန်ဖြေကြ၏။-
John BurCBCM 4:53  ဖခင်ဖြစ်သူသည်လည်း ဤအချိန်နာရီသည် ယေဇူးက မိမိအား သင်၏သားအသက်ချမ်းသာရလိမ့်မည်ဟု မိန့် တော်မူခဲ့သောအချိန် ဖြစ်ကြောင်းသိသဖြင့် သူကိုယ်တိုင်နှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ယုံကြည်ကြလေ၏။-
John BurCBCM 4:54  ဤနိမိတ်လက္ခဏာသည်ကား ဂျူဒေးယနယ်မှ ဂါလေလေးယနယ်သို့ ယေဇူးကြွတော်မူရာတွင် ဒုတိယအကြိမ် ပြတော်မူသော တန်ခိုးနိမိတ်လက္ခဏာဖြစ်သတည်း။
Chapter 5
John BurCBCM 5:1  ထို့နောက် ဂျူးလူမျိုးတို့၏ ပွဲတော်နေ့ ကျရောက်သဖြင့် ယေဇူးသည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူ၏။-
John BurCBCM 5:2  ဂျေရုဆလင်မြို့ရှိ၊ သိုးတံခါးအနီးတွင် ဟေဗြေဦးဘာသာစကားဖြင့် ဘက်ဇိုင်းဒါဟုခေါ်ဆိုသော ရေကန်တစ်ကန်ရှိ၏။ ထိုရေကန်၌ မုခ်ဦးငါးဆောင်ရှိ၏။-
John BurCBCM 5:3  ထိုမုခ်ဦးဆောင်များအောက်၌ မျက်စိမမြင်သောသူ၊ ခြေမသန်သောသူနှင့် လေဖြတ်သောသူစသည့် နာမကျန်း ဖြစ်နေသူ များစွာတို့သည် လဲလျောင်းလျက်ရှိကြ၏။-
John BurCBCM 5:4  အကြောင်းမူကား အချိန်တန်လျှင် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် ရေကန်အတွင်းသို့ ဆင်းသက်၍ ရေပြင်ကို လှုပ်ရှားလေ့ရှိ၏။ ထိုသို့ရေလှုပ်ရှားပြီးချိန်တွင် ရေကန်အတွင်းသို့ ပထမဦးဆုံး ဆင်းသောသူသည် မိမိ၌ စွဲကပ်နေသော အနာရောဂါဟူသမျှ ပျောက်ကင်းချမ်းသာရသောကြောင့်ဖြစ်၏။-
John BurCBCM 5:5  သုံးဆယ့်ရှစ်နှစ် ပတ်လုံး နာမကျန်းဖြစ်နေသောလူတစ်ဦးသည်လည်း ထို နေရာ၌ ရှိလေ၏။-
John BurCBCM 5:6  ယေဇူးသည် ထိုသူ့ကိုမြင်လျှင် သူသည် ထိုနေရာ၌ ကြာမြင့်စွာ လဲလျောင်းနေခဲ့ကြောင်းကို သိသဖြင့် သင်သည် ဝေဒနာပျောက်ကင်းလိုသလောဟု သူ့အား မေးမြန်းတော်မူ၏။-
John BurCBCM 5:7  နာမကျန်းဖြစ်သောသူကလည်း သခင်၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ ချပေးမည့်သူမရှိပါ။ အကျွန်ုပ် သွားနေစဉ်တွင် အခြားတစ်ယောက်သည် အကျွန်ုပ်ရှေ့မှ ဆင်းသွားပါသည်ဟု လျှောက်လေ၏။-
John BurCBCM 5:8  ထိုအခါ ယေဇူးက ထလော့၊ သင့်အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟု သူ့အား မိန့်တော်၏။-
John BurCBCM 5:9  ထိုသူသည်လည်း ချက်ချင်းပင် အကောင်း ပကတိဖြစ်၍ မိမိ၏အိပ်ရာကို သယ်ဆောင်လျက် လမ်း လျှောက်သွားလေ၏။
John BurCBCM 5:10  ထိုနေ့သည်ကား ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် ဂျူးလူမျိုးတို့က ဤနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင့်အိပ်ရာကို မသယ်ဆောင်အပ်ဟု ရောဂါပျောက်ကင်းသွားသူအား ဆိုကြ၏။-
John BurCBCM 5:11  သို့သော် ထိုသူက အကျွန်ုပ်ကို ရောဂါပျောက်ကင်းစေသောသူက သင့်အိပ်ရာကိုယူပြီး လျှောက်လှမ်းသွားလော့ဟူ၍ အကျွန်ုပ်အား မိန့်မှာသည်ဟု ပြန်ပြောလေ၏။-
John BurCBCM 5:12  သူတို့ကလည်း သင့်အိပ်ရာကိုယူပြီး လျှောက်လှမ်းသွားလော့ဟု သင့်အား ပြောသောသူကား မည်သူနည်းဟု မေးကြ၏။-
John BurCBCM 5:13  ရောဂါပျောက်ကင်းသောသူသည် ထိုသူမည်သူဖြစ်မှန်းမသိပေ။ အကြောင်းမူကား ထိုအရပ်၌ လူများစွာ စုဝေးလျက် ရှိသည်ဖြစ်၍ ယေဇူးသည် ထွက်ခွာသွားသောကြောင့်တည်း။-
John BurCBCM 5:14  ထို့နောက် ယေဇူးသည် ဗိမာန်တော်၌ သူ့ကိုတွေ့သောအခါ ကြည့်လော့၊ ယခု သင်သည် ကျန်းမာလျက်ရှိပြီ။ ပို၍ဆိုးသော ဘေးဒုက္ခနှင့် မကြုံတွေ့စေရန် နောက်တစ်ဖန်အပြစ်မပြုလေနှင့်ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 5:15  ထိုသူသည် ဂျူးလူမျိုးတို့ထံသို့သွား ၍ မိမိကိုကျန်းမာစေသောသူသည် ယေဇူးဖြစ်ကြောင်းကို ပြောလေ၏။-
John BurCBCM 5:16  ယေဇူးသည် ဤအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ရန်ရှာကြ၏။-
John BurCBCM 5:17  သို့သော် ယေဇူးက ငါ၏ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည့်အတိုင်း ငါသည်လည်း အလုပ်လုပ်လျက်ရှိသည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။-
John BurCBCM 5:18  ထို့ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကိုသတ်ရန် ပို၍ပင် ကြိုးစားကြလေ၏။ အကြောင်းမူကား ကိုယ်တော်သည် ဥပုသ်နေ့ကိုဖောက်ဖျက်သည် သာမက ဘုရားသခင်ကို မိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့် တန်းတူ ဖြစ်စေတော်မူသောကြောင့်တည်း။
John BurCBCM 5:19  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သားတော်သည် မိမိအလိုအလျောက်မည် သည့်အရာကိုမျှ မပြုနိုင်။ သူသည် ခမည်းတော်ပြုတော်မူသည်ကို မြင်ရသလောက်သာပြု၏။ အဘယ်ကြောင့်ဆိုသော် ခမည်းတော် ပြုတော်မူသမျှအတိုင်းပင် သားတော်သည်လည်း ပြု၏။-
John BurCBCM 5:20  အကြောင်းမူကား ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိကိုယ်တော်တိုင် ပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ထို့အတူ သင်တို့ အံ့ဩခြင်းရှိကြစေရန် ခမည်းတော်သည် ဤထက်မက ကြီးကျယ်သော အမှုအရာတို့ကိုပင် သားတော်အား ပြတော်မူလိမ့်မည်။-
John BurCBCM 5:21  အကြောင်းမူကား ခမည်းတော်သည် သေသောသူတို့ကို ထမြောက်စေ၍ အသက်ပေးတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေတော်မူ၏။-
John BurCBCM 5:22  ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူ။ သို့သော် ကိုယ်တော်သည် တရားစီရင်ပိုင်ခွင့်ရှိသမျှကို သားတော်အား ပေးတော်မူ၏။-
John BurCBCM 5:23  ဤသို့ဖြင့် ခပ်သိမ်းသောသူတို့သည် ခမည်းတော်ကို ရိုသေသကဲ့သို့ပင် သားတော်ကိုလည်း ရိုသေကြရမည်ဖြစ်၏။ သားတော်ကို မရိုသေသောသူသည် သူ့အား စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေ။-
John BurCBCM 5:24  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏စကားကို နားထောင်လျက် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။ ထိုသူသည် အပြစ်စီရင်ခြင်းသို့မရောက်ရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းလေပြီ။
John BurCBCM 5:25  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သေလွန်သောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားကြရမည့် အချိန်နာရီမှာ ကျရောက်လာမည်ဖြစ်ရာ ယခုတွင်ပင် ကျရောက်လေပြီ။ ကြားရသောသူတို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
John BurCBCM 5:26  အကြောင်းမူကား ခမည်းတော်သည် အသက်ကို ပိုင်ဆိုင်တော်မူသကဲ့သို့ သားတော်သည်လည်း အသက်ကို ပိုင်ဆိုင် စေခြင်းငှာ အခွင့်ပေးတော်မူ၏။-
John BurCBCM 5:27  ခမည်းတော်သည် တရားစီရင်ရန် အခွင့်အာဏာကိုလည်း သူ့အား အပ်နှင်းထားတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် လူသားဖြစ်တော်မူသောကြောင့်တည်း။-
John BurCBCM 5:28  ဤအကြောင်းအရာကို အံ့ဩခြင်းမရှိကြနှင့်။ အကြောင်းမူကား သခင်္ျိုင်းများအတွင်း၌ ရှိကြသောသူအပေါင်းတို့သည် သူ၏အသံကိုကြားရမည့် အချိန်နာရီရောက်လာလိမ့်မည်။-
John BurCBCM 5:29  ကောင်းသောအကျင့်ကို ကျင့်ကြံသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း ရောက်ကြလိမ့် မည်။
John BurCBCM 5:30  ငါသည် ငါ့အလိုအတိုင်း မည်သည့်အရာကိုမျှ မပြုနိုင်။ ငါကြားရသည့်အတိုင်း တရားစီရင်၏။ ငါ၏စီရင်ခြင်းသည်လည်း တရားမျှတ၏။ အကြောင်းမူကား ငါသည် ငါ့အလိုဆန္ဒကိုမလိုက်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုသာ လိုက်နာ၏။-
John BurCBCM 5:31  ငါသည် ငါ့အကြောင်းကို သက်သေခံလျှင် ငါ၏သက်သေခံချက်သည် မမှန်။-
John BurCBCM 5:32  ငါ၏အကြောင်းကို သက်သေခံသောသူ အခြားတစ်ပါးရှိ၍ ငါ့အပေါ် သက်သေခံသောသူ၏ သက်သေခံချက်သည် မှန်ကန်ကြောင်း ငါသိ၏။-
John BurCBCM 5:33  သင်တို့သည် ယောဟန်ထံသို့ တမန်များကို စေလွှတ်ခဲ့ကြ၏။ သူသည်လည်း သမ္မာတရားဘက်မှ သက်သေခံခဲ့လေပြီ။-
John BurCBCM 5:34  ငါခံယူသော သက်သေခံချက်သည် လူတို့ထံမှမဟုတ်။ သို့သော် သင်တို့ သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ဤအရာကို ငါပြော၏။-
John BurCBCM 5:35  သူသည် ထွန်းလင်းတောက်လောင်နေသော ဆီမီးဖြစ်၏။ သင်တို့မူကား သူ၏အလင်း၌ ခေတ္တခဏမျှ မွေ့လျော်ခြင်းငှာ အလိုရှိကြ၏။-
John BurCBCM 5:36  သို့သော် ငါ၌ရှိသော သက်သေခံချက်သည် ယောဟန်၏သက်သေခံချက် ထက်သာ၍ကြီးမြတ်၏။ အကြောင်းမူကား ပြီးမြောက်အောင် ဆောင်ရွက်စေခြင်းငှာ ခမည်းတော်က ငါ့အား ပေးအပ်တော်မူသောအမှုတော်များကို ငါသည် ပြုလုပ်ဆောင် ရွက်လျက်ရှိ၍ ၎င်းတို့သည် ငါ့အား ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြလေ၏။-
John BurCBCM 5:37  ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ကိုယ်တော်တိုင် ငါ့ကိုသက်သေခံတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ အသံကို တစ်ခါမျှမကြားဖူးကြ။ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်ကိုလည်း သင်တို့မမြင်ဖူးကြပေ။-
John BurCBCM 5:38  ကိုယ်တော်၏ နှုတ်တော်ထွက်စကားသည်လည်း သင်တို့၌မတည်ပေ။ အကြောင်းမူကား သင်တို့သည် ကိုယ်တော်စေလွှတ် တော်မူသောသူကိုမယုံကြည်ကြသောကြောင့်တည်း။
John BurCBCM 5:39  ကျမ်းစာတော်မြတ်အားဖြင့် ထာ၀ရအသက်ကို ရရှိမည်ဟု သင်တို့ခံယူကြလျက် ၎င်းကို သင်တို့လေ့လာကြ၏။ ထိုကျမ်းစာတော်မြတ်သည်ပင်လျှင် ငါ့ကို သက်သေခံ၏။-
John BurCBCM 5:40  သို့သော် သင်တို့သည် အသက်ကိုပိုင်ဆိုင်ခြင်းငှာ ငါ့ထံသို့လာရန် အလိုမရှိကြ။-
John BurCBCM 5:41  ငါသည် လူတို့၏ ချီးမွမ်းဂုဏ်ပြုခြင်းကို မခံယူ။-
John BurCBCM 5:42  သို့သော် သင်တို့၌ ဘုရားသခင်ကို ချစ်မြတ်နိုးစိတ်မရှိကြောင်း ငါသိ၏။-
John BurCBCM 5:43  ငါသည် ငါ့ခမည်းတော်၏ နာမတော်၌ လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသူတစ်ဦးသည် မိမိ၏ နာမ၌လာလျှင် သင်တို့သည် ထိုသူ့ကို လက်ခံကြလိမ့်မည်။-
John BurCBCM 5:44  သင်တို့သည် လူသားအချင်းချင်းထံမှ ချီးမွမ်းဩဘာပေးခြင်းကို လက်ခံ၍ ဘုရားသခင်ကသာ ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အလိုမရှိကြလျှင် မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း။-
John BurCBCM 5:45  ငါသည် ခမည်းတော်ဘုရား၏ ရှေ့တော်၌ သင်တို့ကို အပြစ်တင်စွပ်စွဲမည်ဟု မထင်မှတ်ကြနှင့်။ သင်တို့ မျှော်လင့်အားကိုးသော မိုးဇက်သည် သင်တို့ကို အပြစ်တင်စွပ်စွဲလိမ့်မည်။-
John BurCBCM 5:46  သင်တို့သည် မိုးဇက်ကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ပေလိမ့်မည်။ အကြောင်းမူကား သူသည် ငါ၏အကြောင်းကို ရေးထားခဲ့၏။-
John BurCBCM 5:47  သို့သော် သင်တို့သည် သူ၏ကျမ်းတို့ကို မယုံကြည်လျှင် ငါ့စကားကို မည်သို့ယုံကြည်ကြမည်နည်းဟု သူတို့အား မိန့်တော်မူ၏။
Chapter 6
John BurCBCM 6:1  ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်ဟု အမည်တွင်သော ဂါလေလေးယပင်လယ်တစ် ဖက်ကမ်းသို့ ကြွတော်မူ၏။-
John BurCBCM 6:2  များစွာသော လူအစုအဝေးတို့သည်လည်း နာမကျန်းဖြစ်နေသူတို့အပေါ်၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်တန်ခိုး လက္ခဏာများကို တွေ့မြင်ကြသဖြင့် ကိုယ်တော်၏နောက်တော်သို့ လိုက်ကြလေ၏။-
John BurCBCM 6:3  ယေဇူးသည်လည်း တောင်ပေါ်သို့ ကြွတော်မူ၍ တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ ထိုင်တော်မူ၏။-
John BurCBCM 6:4  ထိုအချိန်သည်ကား ဂျူးလူမျိုးတို့၏ ပွဲတော်ဖြစ်သော ပါစကားပွဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ် ၏။-
John BurCBCM 6:5  ကိုယ်တော်သည် လှမ်း၍ကြည့်သောအခါ များပြားလှသော လူအစုအဝေးသည် အထံတော်သို့ လာနေကြသည်ကို မြင်သောကြောင့် ဤသူတို့စားသုံးရန် မုန့်ကို ငါတို့မည်ကဲ့သို့ဝယ်နိုင်မည်နည်းဟု ဖိလိပုအား မိန့်တော်မူ၏။-
John BurCBCM 6:6  ကိုယ်တော်သည် သူ့ကိုစုံစမ်းခြင်းငှာ ဤကဲ့သို့ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်တိုင် မည်သည့်အရာ ပြုရမည်ကိုသိတော်မူ၏။-
John BurCBCM 6:7  ဖိလိပုကလည်း လူတိုင်းတစ်ယောက်လျှင် ပေါင်မုန့်တစ်ဖဲ့ စီရနိုင်ရန် ဒေနာရီနှစ်ရာဖိုးဝယ်လျှင်ပင် လုံလောက်မည် မဟုတ်ပါဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
John BurCBCM 6:8  ကိုယ်တော်၏ တပည့်တော်တစ်ပါးဖြစ်၍ စီမွန်ပေတရု၏ ညီဖြစ်သော အန္ဒြေးယက ကိုယ်တော်အား လျှောက်ထား သည်မှာ၊-
John BurCBCM 6:9  မုယောဆန်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိသော သူငယ်တစ်ယောက် ဤနေရာတွင်ရှိပါ၏။ သို့သော် ဤမျှ များပြားသော လူအစုအဝေးအတွက် မပြောပလောက်ပါဟုဆို၏။-
John BurCBCM 6:10  ယေဇူးကလည်း လူတို့ကိုထိုင်ပါစေဟု မိန့်တော်မူ၏။ ထိုနေရာ၌ မြက်ခင်းများရှိ၏။ ယောက်ျားများချည်းပင် ငါးထောင်ခန့်ရှိသော လူတို့သည်လည်း ထိုင်ကြလေ၏။-
John BurCBCM 6:11  ထို့နောက် ယေဇူးသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် ထိုင်နေကြသော လူတို့အား ဝေငှတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ဝေငှတော်မူ၏။-
John BurCBCM 6:12  သူတို့စား၍ ၀ကြပြီးသောအခါ ကိုယ်တော်သည် တပည့်တော်တို့အား ကြွင်းကျန်သော အကျိုးအပဲ့များကို မပျောက်မပျက်စေခြင်းငှာ ကောက်သိမ်းကြလော့ဟု မိန့်တော်မူ၏။-
John BurCBCM 6:13  ထို့ကြောင့် လူတို့စားပြီးသည့်နောက် မုယောဆန်မုန့်ငါးလုံးမှ ကျန်ရှိ သောအပိုင်းအစများကို ကောက်သိမ်းကြရာ တောင်း တစ်ဆယ့်နှစ်လုံးအပြည့်ရကြ၏။-
John BurCBCM 6:14  လူတို့သည် ကိုယ်တော်ပြုတော်မူသော တန်ခိုးလက္ခဏာကို မြင်ကြလျှင် ဤသူသည်ကား ဤလောကသို့ ကြွလာမည့် ပရောဖက် ဧကန်မုချဖြစ်သည် ဟုဆိုကြ၏။
John BurCBCM 6:15  ထိုသူတို့သည် လာကြ၍ မိမိအား ဘုရင်အရာသို့ အတင်းအဓမ္မ တင်မြှောက်ကြမည်ကို ယေဇူးသိသောကြောင့် မိမိတစ်ပါးတည်း တောင်ပေါ်သို့တိမ်းရှောင်သွား တော်မူ၏။
John BurCBCM 6:16  ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂါလေလေးယပင်လယ်သို့ဆင်းကြ၍၊-
John BurCBCM 6:17  လှေပေါ်သို့တက်ကြပြီးမှ ပင်လယ်တစ်ဖက်ကမ်းရှိ ကာဖာနာအုမ်မြို့သို့သွားကြ၏။ ထိုအချိန်၌ မှောင်လာပြီဖြစ်သော်လည်း ယေဇူးသည် သူတို့ထံသို့ရောက်လာတော်မမူသေးပေ။-
John BurCBCM 6:18  လေပြင်းတိုက်ခတ်နေသောကြောင့် ပင်လယ်၌ လှိုင်းတံပိုး ထလျက်ရှိလေ၏။-
John BurCBCM 6:19  သူတို့သည် ခရီးသုံးမိုင်၊ လေးမိုင်ခန့် လှော်ခတ်လာကြပြီးသော် ယေဇူးသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေအနားသို့ ချဉ်းကပ်လာသည်ကို မြင်ကြသဖြင့် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
John BurCBCM 6:20  သို့သော် ကိုယ်တော်က မကြောက်ကြနှင့်။ ငါပင်ဖြစ်၏ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 6:21  ထိုအခါ သူတို့သည် ကိုယ်တော့်ကို လှေပေါ်သို့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ကြ၏။ ထိုခဏချင်းတွင်ပင် လှေသည် သူတို့သွားကြမည့်အရပ်သို့ ဆိုက်ရောက်လေ၏။
John BurCBCM 6:22  နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် ကျန်ရစ်ခဲ့ကြသော လူအစုအဝေးတို့သည် ထိုနေရာ၌ လှေတစ်စီးသာ ရှိကြောင်းနှင့် ယေဇူးသည် လှေပေါ်သို့လိုက်ပါ သွားခြင်းမရှိဘဲ တပည့်တော်များသာ ထွက်ခွာသွားကြ ကြောင်းကိုမြင်ကြ၏။-
John BurCBCM 6:23  သို့သော်လည်း တိဘေးရိယမြို့မှ လှေများသည် သခင်ဘုရား ကျေးဇူးတော်ချီးမွမ်းပြီးနောက် မိမိတို့ မုန့်စားခဲ့ကြသော နေရာအနီးသို့ ဆိုက်ရောက်လာကြ၏။-
John BurCBCM 6:24  သူတို့သည် ယေဇူးနှင့် တပည့်တော်တို့ ထိုအရပ်၌မရှိကြောင်းကို သိမြင်ကြသောအခါ လှေများပေါ်သို့တက်ကြပြီး ကာဖာနာအုမ်မြို့သို့ သွားကြ၍ ယေဇူးကိုရှာကြ၏။
John BurCBCM 6:25  သူတို့သည် ကိုယ်တော့်ကို ပင်လယ်တစ်ဖက်ကမ်း၌ တွေ့မြင်ကြလျှင် ရာဘီ၊ မည်သည့်အချိန်က ဤအရပ်သို့ ရောက်လာ ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးကြ၏။-
John BurCBCM 6:26  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆို သည်ကား သင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ကြရ သောကြောင့်မဟုတ်။ ပေါင်မုန့်ကိုစား၍ ၀သောကြောင့်သာ ငါ့ကိုရှာကြ၏။-
John BurCBCM 6:27  ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့်။ ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစား အားထုတ်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် သူ့အပေါ် ၌ မိမိ၏တံဆိပ်ကို ခတ်နှိပ်တော်မူ လေပြီဟု မိန့်တော်မူ၏။-
John BurCBCM 6:28  ထိုအခါ သူတို့က ဘုရားသခင်၏ အမှုတော်များကို ဆောင်ရွက်နိုင်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုလုပ်ရမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
John BurCBCM 6:29  ယေဇူးကလည်း ထာ၀ရဘုရား သခင်နှစ်သက်တော်မူသော အမှုအရာသည်ကား ကိုယ်တော်ရှင် စေလွှတ်တော်မူသောသူကို သင်တို့ယုံကြည်ခြင်းပင် ဖြစ်သတည်းဟု သူတို့အား ပြန်ဖြေတော်မူ၏။-
John BurCBCM 6:30  ထို့ကြောင့် သူတို့က အကျွန်ုပ်တို့မြင်၍ ကိုယ်တော့်ကို ယုံကြည်နိုင်ကြရန် ကိုယ်တော်သည် မည်သည့်တန်ခိုး လက္ခဏာကိုပြပါမည်နည်း။ ကိုယ်တော်သည် မည်သည့် အမှုကို ပြုပါမည်နည်း။-
John BurCBCM 6:31  ကျမ်းစာတော်မြတ်၌ ကိုယ်တော်သည် သူတို့စားရန် ကောင်းကင်မှမုန့်ကိုပေးတော်မူ၏ဟူ၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နာမုန့်ကိုစားခဲ့ကြရသည်ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
John BurCBCM 6:32  ထိုအခါ ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သောသူသည် မိုးဇက်မဟုတ်။ ငါ၏ခမည်းတော်သည် ကောင်းကင်မှ မုန့်အစစ်အမှန်ကို သင်တို့အား ပေးတော်မူ၏။-
John BurCBCM 6:33  အကြောင်းမူကား ဘုရားသခင်၏ မုန့်တော်သည် ကောင်းကင်မှဆင်းလာ၍ ဤလောကကို အသက်ပေးသောမုန့် ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 6:34  သူတို့ကလည်း သခင်၊ ဤမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု ကိုယ်တော်အား လျှောက်ကြလေ၏။
John BurCBCM 6:35  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား ငါသည် အသက်၏မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။-
John BurCBCM 6:36  သို့သော် သင်တို့သည် ငါ့ကိုမြင်ကြလျက် မယုံကြည်ကြဟု သင်တို့အား ငါဆိုခဲ့လေပြီ။-
John BurCBCM 6:37  ငါ့အား ခမည်းတော်ပေးသမျှအရာအားလုံးသည် ငါ့ထံသို့ လာလိမ့်မည်။ ငါ့ထံသို့ လာသောသူကိုလည်း ငါသည် နှင်ထုတ် လိမ့်မည်မဟုတ်။-
John BurCBCM 6:38  အကြောင်းမူကား ငါသည် ငါ၏အလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကို ဆောင်ရွက်ခြင်းငှာ ကောင်းကင်မှဆင်းလာခြင်းဖြစ်၏။-
John BurCBCM 6:39  ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်သည်ကား ငါ့အား ကိုယ်တော်ပေးထားတော်မူသော အရာအားလုံးထဲမှ တစ်ခုကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့၌ ၎င်းတို့ကို ထမြောက်စေရန်ဖြစ်သတည်း။-
John BurCBCM 6:40  အဘယ်ကြောင့်ဆိုသော် ငါ့ခမည်းတော်၏ အလိုတော်သည်ကား သားတော်ကိုဖူးမြင်၍ သူ့ကိုယုံကြည်သော သူတိုင်းအား ထာ၀ရအသက်ကိုရရှိစေမည့် အကြောင်းဖြစ်သတည်း။ ငါသည်လည်း ထိုသူ့ကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်ဟု မိန့်တော်မူ၏။
John BurCBCM 6:41  ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏ဟု ကိုယ်တော်မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်အပေါ် ဝေဖန်ပြောဆိုကြ၏။-
John BurCBCM 6:42  သူတို့က ဤသူသည် ဂျိုးဇက်၏သား ယေဇူးမဟုတ်လော။ သူ၏မိဘများကို ငါတို့သိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ငါသည် ကောင်းကင်မှဆင်းသက်လာသည်ဟု သူမည် ကဲ့သို့ဆိုနိုင်သနည်းဟု ပြောဆိုကြ၏။-
John BurCBCM 6:43  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့အချင်းချင်းအကြား ဝေဖန်ပြောဆိုခြင်းမပြုကြနှင့်။-
John BurCBCM 6:44  ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်က ခေါ်ယူသောသူမှတစ်ပါး မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါသည် ထိုသူ့ကို နောက်ဆုံးသောနေ့တွင် ထမြောက်စေမည်။-
John BurCBCM 6:45  ပရောဖက်ကျမ်းများတွင် ရေးထားလျက်ရှိသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ သွန်သင်ခြင်းကို ခံကြရလိမ့်မည်ဟူ ၍ဖြစ်၏။ ခမည်းတော်ထံမှကြားရ၍ သွန်သင်ခြင်းခံရသောသူတိုင်းသည် ငါ့ထံသို့လာ၏။-
John BurCBCM 6:46  ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး မည်သူမျှခမည်းတော်ကို မြင်ဖူးသည်မဟုတ်။ သူသာလျှင် ခမည်းတော်ကို မြင်ဖူးခဲ့၏။-
John BurCBCM 6:47  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။-
John BurCBCM 6:48  ငါသည် အသက်၏မုန့်ဖြစ်၏။-
John BurCBCM 6:49  သင်တို့၏ ဘိုးဘေးတို့သည် တောကန္တာရ၌ မန္နာမုန့်ကိုစားကြရလျက် သေဆုံးခဲ့ကြ၏။-
John BurCBCM 6:50  ဤသည်ကား ကောင်းကင်မှဆင်းလာသော မုန့်ဖြစ်သဖြင့် လူသည် ထိုမုန့်ကိုစား၍ သေခြင်းသို့မရောက်နိုင်။-
John BurCBCM 6:51  ငါသည် ကောင်းကင်မှဆင်းသက်လာသည့် အသက်ရှိသော မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူသည် အစဉ်ထာ၀ရ အသက်ရှင်လိမ့်မည်။ ဤလောက၏အသက်အဖို့ ငါပေးမည်ဖြစ်သောမုန့်သည် ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။
John BurCBCM 6:52  ထိုအခါ ဂျူးလူမျိုးတို့က ဤသူသည် ငါတို့အား သူ၏အသားကိုစားရန် မည်ကဲ့သို့ပေးနိုင်မည်နည်းဟူ၍ မိမိတို့ အချင်းချင်းငြင်းခုံကြလေ၏။-
John BurCBCM 6:53  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆို သည်ကား လူသား၏အသားကို သင်တို့မစား၊ သူ၏သွေးကိုလည်း သင်တို့မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ။-
John BurCBCM 6:54  ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာ၀ရအသက်ကိုရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေမည်။-
John BurCBCM 6:55  အကြောင်းမူကား ငါ၏အသားသည် စားစရာအမှန်ဖြစ်၏။ ငါ၏သွေးသည်လည်း သောက်စရာအမှန် ဖြစ်၏။-
John BurCBCM 6:56  ငါ၏အသားကိုစား၍ ငါ၏သွေးကို သောက်သောသူသည် ငါ၌တည်နေ၏။ ငါသည်လည်း ထိုသူ၌တည်နေ၏။-
John BurCBCM 6:57  အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည့်အတိုင်း ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်၏။ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။-
John BurCBCM 6:58  ဤသည်ကား ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်သတည်း။ ဤမုန့်သည် သင်တို့၏ဘိုးဘေးများ စားခဲ့ကြ၍ သေဆုံးခဲ့ကြသော မန္နာမုန့်ကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူမူကား အစဉ်ထာ၀ရ အသက်ရှင်လိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 6:59  ကိုယ်တော်သည် ဤအကြောင်းအရာများကို ကာဖာနာအုမ် မြို့ရှိ တရားဇရပ်၌ သွန်သင်တော်မူခြင်းဖြစ်၏။
John BurCBCM 6:60  များစွာသော တပည့်တော်တို့သည် ဤအကြောင်းအရာကို ကြားကြလျှင် ဤသွန်သင်ချက်သည် ခက်ခဲလှပေ၏။ မည်သူသည် ဤအချက်ကို နာယူနိုင်မည်နည်းဟု ဆိုကြလေ၏။-
John BurCBCM 6:61  ကိုယ်တော်မူကား ဤအကြောင်းအရာအပေါ် မိမိ၏တပည့်တော်များ ဝေဖန်ပြောဆိုနေကြသည်ကို သိသောကြောင့် သူတို့အား မိန့်တော်မူသည်ကား ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။-
John BurCBCM 6:62  သို့ဖြစ်လျှင် အကယ်၍ လူသားသည် မိမိယခင်ကရှိတော်မူခဲ့ သောအရပ်သို့ တက်ကြွသွားသည်ကို သင်တို့မြင်ကြရပါက မည်သို့ရှိမည်နည်း။-
John BurCBCM 6:63  ဝိညာဉ်သည် အသက်ကိုပေး၏။ ကာယသည်ကား မည်သို့မျှမတတ်နိုင်။ သင်တို့အား ငါပြောသောစကားများသည် ဝိညာဉ်နှင့် အသက် ဖြစ်ကြ၏။-
John BurCBCM 6:64  သို့သော် သင်တို့အလယ်တွင် မယုံကြည်သောသူ အချို့ရှိ၏ဟု မိန့်တော်မူ၏။ အကြောင်းမူကား မည်သူတို့သည် မယုံကြည်သော သူများဖြစ်ကြ၍ မည်သူသည် မိမိကိုသစ္စာဖောက်မည်ကို အစဦးကပင် ယေဇူးသိတော်မူ၏။-
John BurCBCM 6:65  သို့ဖြစ်၍ ကိုယ်တော်က ဤအကြောင်းကြောင့် ငါ၏ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြောင်း သင်တို့အား ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။
John BurCBCM 6:66  ထိုအချိန်မှစ၍ များစွာသော တပည့်တော်တို့သည် ထွက်ခွာသွားကြ၍ ကိုယ်တော်နှင့်အတူ သွားလာခြင်း မရှိကြတော့ချေ။-
John BurCBCM 6:67  ထိုအခါ ယေဇူးက တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား သင်တို့သည်လည်း ထွက်ခွာသွားရန် အလိုရှိကြသလောဟု မေးတော်မူလျှင်၊-
John BurCBCM 6:68  စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ကိုယ်တော်၌ ထာ၀ရအသက်နှင့် ဆိုင်သောစကားရှိပါ၏။-
John BurCBCM 6:69  ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသည့် သန့်ရှင်းမြင့်မြတ်သောသူ ဖြစ်တော်မူသည်ကို တပည့်တော်တို့ ယုံကြည်သိမှတ်ခဲ့ကြပါပြီဟု ပြန်လျှောက်လေ၏။-
John BurCBCM 6:70  ယေဇူးက ငါသည် တစ်ဆယ့်နှစ်ပါးတို့ကို ရွေးချယ်ခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် တစ်ယောက်သည် နတ်ဆိုးဖြစ်၏ဟု သူတို့အား ပြန်ဖြေတော်မူ၏။-
John BurCBCM 6:71  ကိုယ်တော်သည် စီမွန်၏သား ဂျုဒအစ္စ ကာရီယုဒ်ကို ရည်ညွန်း၍ ဤသို့မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား သူသည် တစ်ဆယ့်နှစ်ပါးတို့တွင် ကိုယ်တော့်ကို အပ်နှံမည့်သူဖြစ်၏။
Chapter 7
John BurCBCM 7:1  ထို့နောက် ယေဇူးသည် ဂါလေလေးယနယ်အတွင်း၌ လှည့်လည်တော်မူ၏။ ဂျူးလူမျိုးတို့ သည် ကိုယ်တော့်ကိုသတ်ရန် ရှာကြံနေကြသဖြင့် ကိုယ်တော်သည် ဂျူဒေးယနယ်၌ သွားလာခြင်းငှာ အလိုတော် မရှိချေ။-
John BurCBCM 7:2  ဂျူးလူမျိုးတို့၏ တဲတော်ပွဲသည် နီးကပ်လာသောအခါ၊-
John BurCBCM 7:3  ညီတော်တို့က သင်ပြုလုပ်သောအရာတို့ကို သင်၏တပည့်များ မြင်တွေ့နိုင်ကြရန် ဤအရပ်မှထွက်ခွာ၍ ဂျူဒေးယနယ်သို့ သွားပါလော့။-
John BurCBCM 7:4  အကြောင်းမူကား ထင်ပေါ်ကျော်ကြားလိုသူသည် မည်သည့်အမှုကိုမျှ လျှို့ဝှက်စွာပြုလုပ်လေ့မရှိ။ သင်သည် ဤအမှုအရာများကို ပြုလုပ်သည်မှန်လျှင် သင့်အကြောင်းကို ကမ္ဘာသိအောင် ဖော်ပြပါလော့ဟု ကိုယ်တော်အား ဆိုကြ၏။-
John BurCBCM 7:5  အကြောင်းမူကား ကိုယ်တော်၏ညီတော်များသည်ပင်လျှင် ကိုယ်တော့်ကို မယုံကြည်ကြသောကြောင့်တည်း။-
John BurCBCM 7:6  ယေဇူးက ငါ၏အချိန် မကျရောက်သေး။ သင်တို့၏အချိန်သည်ကား အစဉ်ကျရောက်လျက်ရှိ၏။-
John BurCBCM 7:7  ဤလောကသည် သင်တို့ကို မမုန်းနိုင်။ ငါ့ကိုမူကား မုန်း၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ၎င်း၏အကျင့် ဆိုးညစ်ကြောင်း သက်သေခံသောကြောင့်ဖြစ်၏။-
John BurCBCM 7:8  ထိုပွဲတော်သို့ သင်တို့သာလျှင် သွားကြပါလော့။ ငါမူကား ငါ၏အချိန်အပြည့်အစုံမကျ ရောက်သေးသဖြင့် ထိုပွဲတော်သို့ သွားလိမ့်မည်မဟုတ် ဟု မိန့်တော်မူ၏။-
John BurCBCM 7:9  ထိုသို့မိန့်ဆိုပြီးနောက် ကိုယ်တော်သည် ဂါလေလေးယနယ်တွင် ကျန်ရစ်တော်မူ၏။
John BurCBCM 7:10  သို့ရာတွင် မိမိ၏ညီတော်များ ပွဲတော်သို့ ထွက်ခွာသွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား ကြွသွားတော်မူ၏။-
John BurCBCM 7:11  ဂျူးလူမျိုးတို့သည် ပွဲတော်တွင် ကိုယ်တော့်ကိုရှာကြလျက် ထိုသူအဘယ်မှာရှိသနည်းဟု မေးကြ၏။-
John BurCBCM 7:12  ကိုယ်တော်နှင့်ပတ်သက်၍ လူအစုအဝေးသည် မိမိတို့အချင်းချင်း အမျိုးမျိုးတီးတိုး ပြောဆိုလျက်နေကြ၏။ လူအချို့တို့က သူသည် ကောင်းမြတ်သောသူတစ်ဦး ဖြစ်သည်ဟုဆိုကြ၍ အချို့ကမူ သူသည် ကောင်းမြတ်သူ မဟုတ်၊ လူတို့အား လမ်းမှားသို့ ရောက်စေသောသူဖြစ်သည်ဟု ဆိုကြ၏။-
John BurCBCM 7:13  သို့ရာတွင် ဂျူးလူမျိုးတို့ကိုကြောက် ရွံ့သောကြောင့် မည်သူမျှ ကိုယ်တော်၏အကြောင်းကို အထင်အရှားမပြောကြချေ။
John BurCBCM 7:14  ပွဲတော်ရက်များ တစ်ဝက်ခန့်ကျော်လွန်သောအခါ ယေဇူးသည် ဗိမာန်တော်သို့သွား၍ ဟောပြောသွန်သင်တော်မူ၏။-
John BurCBCM 7:15  ဂျူးလူမျိုးတို့သည်လည်း လွန်စွာအံ့ဩကြလျက် ဤသူသည် ပညာမသင်ယူဘဲ ဤအရာများကို မည်ကဲ့သို့ တတ်မြောက် သနည်းဟု ဆိုကြ၏။-
John BurCBCM 7:16  သို့ဖြစ်၍ ယေဇူးက ငါဟောပြောသောတရားတော်သည် ငါ၏တရားတော်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ တရားတော်ဖြစ်၏။-
John BurCBCM 7:17  ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်သောသူ မည်သည်ကား ဤတရားတော်သည် ဘုရားသခင်ထံမှ လာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက် ဟောပြောသလောဟူ၍ ခွဲခြားသိနိုင်လိမ့်မည်။-
John BurCBCM 7:18  မိမိ၏အလိုဆန္ဒအလျောက် ဟောပြောသောသူသည် မိမိ၏ဂုဏ်သရေထင်ပေါ်ကျော်ကြားခြင်းကို ရှာဖွေသောသူဖြစ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဂုဏ်သရေထင်ပေါ်ကျော်ကြားခြင်းကို ရှာဖွေသောသူမူကား ဖြောင့်မှန်သောသူဖြစ်၍ ထိုသူ၌ မှားယွင်းသော အရာမရှိ။-
John BurCBCM 7:19  မိုးဇက်သည် ပညတ်တရားကျမ်းကို သင်တို့အား ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ထိုပညတ်တရားကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံ ကြသနည်းဟု ပြန်၍ဖြေတော်မူ၏။-
John BurCBCM 7:20  လူအစုအဝေးက သင်၌ နတ်ဆိုးရှိ၏။ မည်သူသည် သင့်ကိုသတ်ရန် ရှာ ကြံလျက်ရှိသနည်းဟု မေးကြ၏။-
John BurCBCM 7:21  ယေဇူးက ငါသည် အမှုအရာတစ်ခုကိုပြုလုပ်ခဲ့၍ သင်တို့အားလုံးသည် ထိုအရာကိုအံ့ဩခဲ့ကြ၏။-
John BurCBCM 7:22  မိုးဇက်သည် သင်တို့အား အရေဖျားလှီးခြင်းမင်္ဂလာကိုခံယူရန် ပညတ်ခဲ့၏။ (အရေဖျား လှီးခြင်းမင်္ဂလာသည် မိုးဇက်ထံမှ လာခြင်းမဟုတ်ဘဲ ဘိုးဘေးတို့ထံမှ လာခြင်းဖြစ်၏)။ သင်တို့သည် ဥပုသ်နေ့၌ပင် လူကို အရေဖျားလှီးခြင်းပြုကြ၏။-
John BurCBCM 7:23  သို့ဖြစ်၍ လူတစ်ဦးသည် မိုးဇက်၏ပညတ်တရားကို မချိုးဖောက်ရစေဘဲ ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကို ခံယူနိုင်ပါလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ယောက်အား တစ်ကိုယ်လုံး ကျန်းမာလာစေခဲ့သောကြောင့် သင်တို့ငါ့အပေါ် အမျက် ဒေါသထွက်ကြသလော။-
John BurCBCM 7:24  အပေါ်ယံအသွင်အပြင်ကို ကြည့်၍ စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ အမှန်တရားအတိုင်းသာ စီရင်ဆုံးဖြတ်ကြလော့ဟု မိန့်တော်မူ၏။
John BurCBCM 7:25  ထိုအခါ ဂျေရုဆလင်မြို့သားအချို့က ဤသူသည် ကား သူတို့သတ်ရန် ရှာကြံနေကြသောသူမဟုတ်ပါ လော။-
John BurCBCM 7:26  ကြည့်လော့၊ သူသည် ဤနေရာ၌ပင် အထင်အရှားဟောပြောသွန်သင်လျက်နေ၏။ မည်သူကမျှ သူ့ကို ပြောဆိုခြင်း မရှိပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို အာဏာပိုင်တို့သည် အမှန်ပင်သိရှိကြပြီလော။-
John BurCBCM 7:27  သို့သော် ဤသူ မည်သည့်အရပ်က လာသည်ကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူသောအခါ ကိုယ်တော်သည် မည်သည့်အရပ်က ကြွလာသည်ကို မည်သူမျှသိကြလိမ့်မည်မဟုတ်ဟု ဆိုကြ၏။-
John BurCBCM 7:28  ဤသို့ဖြင့် ယေဇူးသည် ဗိမာန်တော်ထဲ၌ သွန်သင်လျက်ရှိစဉ် ကြွေးကြော်တော်မူသည်ကား သင်တို့သည် ငါ့ကိုသိကြ၏။ ငါမည်သည့်အရပ်က လာသည်ကိုလည်း သင်တို့သိကြ၏။ သို့သော် ငါသည် ကိုယ့်အလိုဆန္ဒအလျောက် လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ ထိုသူကို သင်တို့မသိကြ။-
John BurCBCM 7:29  ငါသည် သူ့ကိုသိ၏။ အကြောင်းမူကား ငါသည် သူ့ထံမှလာ၍ သူသည်လည်း ငါ့ကိုစေလွှတ်ခဲ့၏ဟု မိန့်တော်မူ၏။-
John BurCBCM 7:30  ထိုအခါ သူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့သော် ကိုယ်တော်၏ အချိန်နာရီ မရောက်သေးသဖြင့် ကိုယ်တော့်ကို မည်သူမျှလက်နှင့်မထိနိုင်ကြ။-
John BurCBCM 7:31  လူထုအထဲမှ များစွာသောလူတို့သည်ကား ကိုယ်တော့်ကို ယုံကြည်လာကြလေ၏။ သူတို့က ခရစ်တော်ကြွလာ တော်မူသောအခါ ဤသူပြုလုပ်ခဲ့သည်ထက် ပိုမိုများပြားသော နိမိတ်လက္ခဏာများကို ပြတော်မူလိမ့်မည်လောဟု ဆိုကြ၏။
John BurCBCM 7:32  လူအစုအဝေးသည် ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရီဇေးဦးတို့ ကြားကြသောအခါ သူတို့နှင့် ရဟန်းအကြီးအကဲတို့သည် ကိုယ်တော်အား ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။-
John BurCBCM 7:33  ထိုအခါ ယေဇူးက ငါသည် သင်တို့နှင့်အတူ ခေတ္တခဏသာနေမည်။ ထို့နောက် ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ ငါသွားမည်။-
John BurCBCM 7:34  သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့သော် ငါ့ကိုသင်တို့တွေ့ ကြလိမ့်မည်မဟုတ်။ ငါရှိသောအရပ်သို့ သင်တို့မလာနိုင် ကြဟု မိန့်တော်မူ၏။-
John BurCBCM 7:35  ဂျူးလူမျိုးတို့ကလည်း ငါတို့သည် သူ့ကိုရှာ၍မတွေ့နိုင်ရန် ဤသူသည် မည်သည့်အရပ်သို့ သွားရန် ရည်ရွယ်သနည်း။ သူသည် ဂရိလူမျိုးများကြားတွင် နေထိုင်ကြသော ရပ်ဝေးရောက် ငါတို့၏လူမျိုးများထံသို့သွား၍ ဂရိလူမျိုးတို့ကို ဟောပြော သွန်သင်မည်လော။-
John BurCBCM 7:36  သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့ကြလိမ့်မည်မဟုတ်၊ ငါရှိသောနေရာသို့ သင်တို့မလာနိုင်ကြဟု ဆိုခြင်းဖြင့် သူသည် အဘယ်အရာကို ဆိုလိုသနည်းဟူ၍ အချင်းချင်းပြောဆိုကြလေ၏။
John BurCBCM 7:37  ပွဲတော်၏ အကြီးမြတ်ဆုံးနေ့ဖြစ်သော နောက်ဆုံးနေ့၌ ယေဇူးသည် ထ၍ရပ်တော်မူလျက် ရေငတ်သောသူသည် ငါ့ထံသို့လာ၍ သောက်စေ။-
John BurCBCM 7:38  ကျမ်းစာတော်မြတ်၌ လာသည့်အတိုင်း ငါ့ကိုယုံကြည်သောသူ၏ နှလုံးသားမှ အသက်စမ်းရေသည် မြစ်များကဲ့သို့ စီးဆင်းလိမ့်မည်ဟု ကြွေးကြော်တော်မူ၏။-
John BurCBCM 7:39  ယေဇူးသည် မိမိကို ယုံကြည်သောသူတို့ ခံယူကြရမည့် ဝိညာဉ်တော်အား ရည်ညွန်း၍ ဤအကြောင်းအရာကို မိန့်ဆိုတော်မူခြင်းဖြစ်၏။ အကြောင်းမူကား ထိုအချိန်၌ ယေဇူးသည် ဘုန်းဂုဏ် တော်မထင်ရှားသေးသဖြင့် ယုံကြည်သူတို့အား ဝိညာဉ်တော်ကို မပေးအပ်ရသေးသောကြောင့်ဖြစ်၏။
John BurCBCM 7:40  လူတို့သည် ဤစကားများကိုကြားကြလျှင် ၎င်းတို့ထဲမှ အချို့က ဤသူသည် ဧကန်အမှန်ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။-
John BurCBCM 7:41  အခြားသူတို့ကလည်း ဤသူသည် ခရစ်တော်ဖြစ်သည် ဟုဆိုကြ၏။ အချို့ကမူကား ခရစ်တော်သည် ဂါလေလေးယနယ်မှ ပေါ်ထွန်းရမည်လော။-
John BurCBCM 7:42  ခရစ်တော်သည် ဒါဝိဒ်၏အမျိုးအနွယ်မှ ဆင်းသက်လာမည့်အကြောင်းနှင့် ဒါဝိဒ်မင်းနေထိုင်ခဲ့သော ဘက်သလေဟင်မြို့မှ ပေါ်ထွန်းလာမည့် အကြောင်းတို့ကို ကျမ်းစာတော်မြတ်၌ ရေးထားသည်မဟုတ်လောဟု ဆိုကြ၏။-
John BurCBCM 7:43  ဤသို့ဖြင့် ကိုယ်တော်၏အကြောင်းနှင့် စပ်လျဉ်း၍ လူအစုအဝေးအတွင်း၌ အယူအဆကွဲလွဲလျက်ရှိ၏။-
John BurCBCM 7:44  အချို့သောသူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် အလိုရှိကြ၏။ သို့ သော် မည်သူကမျှ ကိုယ်တော့်ကိုမဖမ်းဆီးကြချေ။
John BurCBCM 7:45  ထို့နောက် ဗိမာန်တော်အစောင့်တို့သည် ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့ထံသို့ ပြန်လာကြသောအခါ သူတို့ က သင်တို့သည် အဘယ်ကြောင့် သူ့ကိုမခေါ်ဆောင်ခဲ့ကြသနည်းဟု မေးကြလေ၏။-
John BurCBCM 7:46  အစောင့်တို့ကလည်း ဤသူကဲ့သို့ မည်သူမျှမဟောပြောဖူးပါဟုဆိုကြ၏။-
John BurCBCM 7:47  ဖာရီဇေးဦးတို့က သင်တို့သည်လည်း လှည့်ဖြားခြင်း ခံရကြပြီလော။-
John BurCBCM 7:48  ငါတို့၏ခေါင်းဆောင်များနှင့် ဖာရီဇေးဦးတို့တွင် တစ်စုံတစ်ယောက်သည် ထိုသူ့ကိုယုံကြည်သလော။-
John BurCBCM 7:49  ဤလူအစုအဝေးမူကား ပညတ်တရားကို မသိကြသောကြောင့် ကျိန်ဆိုခြင်းကိုခံကြရပြီဟု ဆိုကြ၏။-
John BurCBCM 7:50  ဖာရီဇေးဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ယေဇူး၏အထံတော်သို့ ယခင်ကလာခဲ့ဖူးသော နီကိုဒေးမုက သူတို့အား၊-
John BurCBCM 7:51  ငါတို့၏ပညတ်တရားသည် လူတစ်ဦး၏အကြောင်းကို ဦးစွာကြားနာခြင်းမပြုမီ သူ၏လုပ်ရပ်များကိုလည်း စစ်ဆေးခြင်း မပြုမီ သူ့ကိုစီရင်ဆုံးဖြတ်လေ့ ရှိသလောဟုဆို၏။-
John BurCBCM 7:52  သူတို့က သင်သည်လည်း ဂါလေလေးယနယ်သားဖြစ်သလော။ ကျမ်းစာတော်မြတ်ကို လေ့လာကြည့်လျှင် ဂါလေလေးယ နယ်မှ မည်သည့် ပရောဖက်မျှမပေါ်ထွန်းသည်ကို သင်သိရလိမ့်မည်ဟု ဆိုကြ၏။-
John BurCBCM 7:53  သူတို့အားလုံးသည် အသီးသီး မိမိတို့၏အိမ် သို့ပြန်သွားကြလေ၏။
Chapter 8
John BurCBCM 8:1  ယေဇူးသည်လည်း သံလွင်တောင်ပေါ်သို့ တက်တော်မူ၏။-
John BurCBCM 8:2  နောက်တစ်နေ့နံနက်စောစော၌ ကိုယ်တော်သည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူအပေါင်းတို့သည်လည်း အထံတော်သို့ လာကြသဖြင့် ကိုယ်တော်သည်ထိုင်၍ သူတို့ကိုသွန်သင်တော်မူစဉ်၊-
John BurCBCM 8:3  အိမ်ထောင်ရေးဖောက်ပြန်ရာ၌ ဖမ်းမိသောမိန်းမတစ်ဦးကို ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ခေါ်ဆောင်လာ၍ လူတို့အလယ်တွင် ရပ်နေစေ၏။-
John BurCBCM 8:4  သူတို့က ကိုယ်တော်အား ဆရာသခင်၊ ဤမိန်းမကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေစဉ် ဖမ်းမိခဲ့ပါ၏။-
John BurCBCM 8:5  ပညတ်တရားတွင် မိုးဇက်က ဤမိန်းမမျိုးကို ကျောက်ခဲနှင့် ပေါက်သတ်ရမည်ဟု အကျွန်ုပ်တို့အား ပညတ်ခဲ့ပါ၏။ သူမနှင့်ပတ်သက်၍ ကိုယ်တော်မည်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-
John BurCBCM 8:6  သူတို့သည် ကိုယ်တော့်ကို အပြစ်တင်နိုင်ရန် စုံစမ်းလို၍ ဤသို့လျှောက်ထားခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်သည် အောက်သို့ငုံ့၍ မြေပေါ်တွင် လက်ညှိုးတော်နှင့် ရေးမှတ်လျက် နေတော်မူ၏။-
John BurCBCM 8:7  သူတို့သည် ကိုယ်တော်အား ဆက်လက်၍ မေးမြန်းကြသောအခါ ကိုယ်တော်သည် မော်ကြည့်လျက် သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကိုကျောက်ခဲနှင့် ပေါက်စေဟု မိန့်တော်မူ၏။-
John BurCBCM 8:8  ထို့နောက် ကိုယ်တော်သည် တစ်ဖန်အောက်သို့ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်တွင် ရေးမှတ်လျက်နေတော်မူ၏။-
John BurCBCM 8:9  ထိုသူတို့မူကား ထိုစကားကိုကြားကြသောအခါ အသက်ကြီးသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသဖြင့် ရှေ့တော်၌ ရပ်နေသော မိန်းမနှင့် ယေဇူးတစ်ပါးတည်းသာ ကျန်ရစ်လေ၏။-
John BurCBCM 8:10  ကိုယ်တော်သည် မော်ကြည့်၍ အချင်းအမျိုးသမီး၊ ထိုသူတို့ အဘယ်မှာနည်း။ မည်သူမျှ သင့်ကိုအပြစ်ဒဏ် မပေးသလောဟု မေးတော်မူ၏။-
John BurCBCM 8:11  သူမက မည်သူကမျှ အပြစ်ဒဏ်မပေးပါ၊ သခင်ဟု လျှောက်ထားလေ၏။ ယေဇူးက ငါသည်လည်း သင့်အား အပြစ်ဒဏ်မစီရင်တော့ပြီ။ သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့် ဟု မိန့်တော်မူ၏။
John BurCBCM 8:12  တစ်ဖန် ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည် မဟုတ်။ သူသည် အသက်နှင့်ဆိုင်သော အလင်းကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 8:13  ထိုအခါ ဖာရီဇေးဦးတို့က သင်သည် မိမိကိုယ်ကို သက်သေခံနေခြင်းဖြစ်၍ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိဟု ကိုယ်တော်အား ဆိုကြ၏။-
John BurCBCM 8:14  ယေဇူးကလည်း ငါသည် ကိုယ့်အကြောင်းကို သက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်း မူကား ငါသည် မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့မူကား မည်သည့်အရပ်မှ ငါလာသည်ကိုလည်းကောင်း၊ မည်သည့်အရပ်သို့ ငါသွားမည်ကိုလည်းကောင်း မသိကြ။-
John BurCBCM 8:15  သင်တို့သည် လူ၏ အသွေးအသားအတိုင်း စီရင်ကြ၏။ ငါမူကား မည်သူ့ကို မျှမစီရင်။-
John BurCBCM 8:16  အကယ်၍ ငါစီရင်လျှင်လည်း ငါ၏စီရင်ချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ဦးတည်း စီရင်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူနှင့် အတူစီရင်သောကြောင့်ဖြစ်၏။-
John BurCBCM 8:17  သင်တို့၏ ပညတ်တရားတွင် သက်သေနှစ်ဦး၏ ထွက်ဆိုချက်သည် မှန်ကန်၏ဟု ရေးထား၏။-
John BurCBCM 8:18  ငါသည် မိမိကိုယ်ကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့ကို သက်သေခံ၏ဟု မိန့်တော်မူ၏။-
John BurCBCM 8:19  ထို့ကြောင့် သူတို့က သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေဇူးက သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ၏ခမည်းတော်ကိုလည်းကောင်း မသိကြ။ အကယ်၍ သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်ဟု ပြန်ဖြေတော်မူ၏။-
John BurCBCM 8:20  ကိုယ်တော်သည် ဤစကားများကို ဗိမာန်တော်အတွင်း၊ ဘဏ္ဍာတိုက်တွင် ဟောပြောသွန်သင်စဉ် မိန့်တော်မူခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မကျရောက်သေးသဖြင့် မည်သူကမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
John BurCBCM 8:21  တစ်ဖန် ကိုယ်တော်က ငါသည်သွားရမည်။ ထိုအခါ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် သင်တို့သည် မိမိတို့၏အပြစ်ဒုစရိုက်၌ သေကြလိမ့်မည်။ ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 8:22  ထိုအခါ ဂျူးလူမျိုးတို့က ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူဆိုခဲ့သောကြောင့် သူသည် မိမိကိုယ်ကို သတ်သေမည်လောဟု အချင်းချင်းပြောဆိုကြလေ၏။-
John BurCBCM 8:23  ကိုယ်တော်ကလည်း သင်တို့သည် အောက်အရပ်မှလာကြ၏။ ငါမူကား အထက်အရပ်မှလာ၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။-
John BurCBCM 8:24  ထို့ကြောင့် သင်တို့သည် သင်တို့၏အပြစ်၌ သေကြလိမ့်မည်ဟု ငါဆိုခြင်းဖြစ်၏။ အကြောင်းမူကား ငါသည် ထိုသူဖြစ်သည်ကို သင်တို့မယုံကြည်ကြလျှင် သင်တို့သည် သင်တို့အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 8:25  ထိုအခါ သူတို့က သင်သည် မည်သူနည်းဟု ကိုယ်တော်အား မေးကြ၏။ ယေဇူးက ငါမည်သူဖြစ်သည်ကို အစဦးကပင် သင်တို့ အား ငါပြောခဲ့ပြီ။-
John BurCBCM 8:26  ငါသည် သင်တို့၏ အကြောင်းနှင့်စပ်လျဉ်း၍ ပြောစရာများစွာရှိပြီး သင်တို့အား စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကို စေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ သူ့ထံမှ ငါကြားရသမျှတို့ကို လောကီသားတို့အား ငါကြေညာ ဟောပြောသည်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 8:27  ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွန်း၍ သူတို့အား ထိုသို့မိန့်မြွက်တော်မူကြောင်းကို သူတို့နားမလည်ကြ။-
John BurCBCM 8:28  ထို့ကြောင့် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသားကို မြှောက်ထားကြသောအခါ ငါသည် ထိုသူဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မိမိ၏အလိုဆန္ဒအလျောက် မည်သည့်အမှုကိုမျှ မပြုဘဲ ငါ့အား ခမည်းတော် သွန်သင်တော်မူသည့်အတိုင်း ငါဟောပြောသွန်သင်ကြောင်းကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။-
John BurCBCM 8:29  ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူပြီး သူသည် ငါ့ကိုတစ်ဦးတည်း စွန့်ပစ်ထားတော်မမူ။ အကြောင်းမူကား ငါသည် ကိုယ်တော်နှစ်သက်တော်မူသော အမှုကို အစဉ်အမြဲ လုပ်ဆောင်သောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။-
John BurCBCM 8:30  ကိုယ်တော်သည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ များစွာသော လူတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။
John BurCBCM 8:31  ထိုအခါ ယေဇူးသည် မိမိကိုယုံကြည်လာကြသော ဂျူးလူမျိုးတို့အား သင်တို့သည် ငါ၏စကားအတိုင်း လိုက်နာကြလျှင် အမှန်ပင် ငါ၏တပည့်များဖြစ်ကြ၏။-
John BurCBCM 8:32  သင်တို့သည် သမ္မာတရားကို သိကြလိမ့်မည်။ ထိုသမ္မာတရားသည်လည်း သင်တို့ကို လွတ်လပ်စေလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 8:33  ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြ၍ မည်သည့်အခါကမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဲ့ဖူးပါ။ သင်တို့သည် လွတ်လပ်မှု ကိုရကြလိမ့်မည်ဟူ၍ အဘယ်ကြောင့် သင်ဆိုသနည်းဟု ယေဇူးကိုပြန်မေးကြ၏။
John BurCBCM 8:34  ယေဇူးက သူတို့အား ပြန်ပြောတော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အပြစ်ကျူးလွန်ကြသော သူတိုင်းသည် အပြစ်၏ကျေးကျွန်ဖြစ်၏။-
John BurCBCM 8:35  ကျွန်အစေခံသည် အိမ်တွင် အစဉ်အမြဲ နေထိုင်သည်မဟုတ်။ သားဖြစ်သူသည်ကား အစဉ်အမြဲနေထိုင်၏။-
John BurCBCM 8:36  သို့ဖြစ်၍ သားတော်သည် သင်တို့ကိုဖြေလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။-
John BurCBCM 8:37  သင်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြောင်းကို ငါသိ၏။ သို့သော် သင်တို့သည် ငါ၏စကားကို လက်မခံနိုင်သောကြောင့် ငါ့ကိုသတ်ရန် ရှာကြံကြ၏။-
John BurCBCM 8:38  ငါသည် ခမည်းတော်၏ မျက်မှောက်တော်တွင် မြင်ခဲ့ရသောအရာကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့၏ အဖထံမှ ကြားရသမျှတို့ကို ပြုကြ၏ဟု မိန့်တော်မူ၏။
John BurCBCM 8:39  သူတို့ကလည်း အာဘရာဟံသည် အကျွန်ုပ်တို့၏ အဖဖြစ်သည်ဟု ကိုယ်တော်အား ဆိုကြ၏။ ယေဇူးက သင်တို့သည် အာဘရာဟံ၏ သားသမီးများဖြစ်ပါမူ အာဘရာဟံ ပြုလုပ်ခဲ့သည့်အတိုင်း သင်တို့ ပြုလုပ်ကြပေလိမ့်မည်။-
John BurCBCM 8:40  ယခုမူကား ဘုရားသခင်၏ အထံတော်မှ ကြားခဲ့ရသော သမ္မာတရားကို သင်တို့အား ပြောကြားသူဖြစ်သည့် ငါ့ကိုသတ်ရန် သင်တို့ကြံစည်နေကြ၏။ အာဘရာဟံကား ဤကဲ့သို့မပြုကျင့်ခဲ့ချေ။-
John BurCBCM 8:41  သင်တို့သည် သင်တို့၏ အဖပြုသကဲ့သို့ပြုကြ၏ဟု သူတို့အား မိန့်တော်မူ၏။ သူတို့က အကျွန်ုပ်တို့သည် တရားမဝင် ပေါင်းသင်းဆက်ဆံရာမှ မွေးဖွားလာကြသူများမဟုတ်ပါ။ အကျွန်ုပ်တို့တွင် ဘုရားသခင်တည်းဟူသော အဖတစ်ပါးတည်းသာ ရှိပါသည် ဟုဆိုကြလေ၏။-
John BurCBCM 8:42  ယေဇူးက ဘုရားသခင်သည် သင်တို့၏အဖဖြစ်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်မှ ဖြစ်ပေါ်လာ၍ ရောက်လာခဲ့ပြီ။ ငါသည် ငါ၏အလိုဆန္ဒအလျောက် လာခဲ့သည်မဟုတ်။ ကိုယ်တော်သည် ငါ့ကို စေလွှတ်တော်မူခြင်းဖြစ်၏။-
John BurCBCM 8:43  ငါဟောပြောသည့်အရာကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏စကားကို နားထောင်နိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။-
John BurCBCM 8:44  သင်တို့သည် သင်တို့၏အဖ နတ်ဆိုးထံမှဖြစ်၍ သင်တို့၏စိတ်သည် သင်တို့အဖ ၏အလိုဆန္ဒကိုသာ လိုက်နာလိုကြ၏။ သူသည် အစဦးကပင် လူ့အသက်ကို သတ်သောသူဖြစ်ပြီး သမ္မာတရားနှင့် မည်သည့်အခါမျှ မစပ်ဆိုင်ခဲ့ပေ။ အကြောင်းမူကား သူ၌သမ္မာတရားမရှိသောကြောင့်ဖြစ်၏။ သူသည် မုသားစကားကိုပြောသောအခါ မိမိ၏ဇာတိသဘောအတိုင်း ပြောဆိုတတ်၏။ အကြောင်းမူကား သူသည် လိမ်ညာသူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားခြင်း၏ အဖလည်းဖြစ်၏။-
John BurCBCM 8:45  သို့ရာတွင် ငါသည် သမ္မာတရားကို ပြောဆိုသော ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ကြ။-
John BurCBCM 8:46  သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သနည်း။ ငါသည် သမ္မာတရားကိုပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။-
John BurCBCM 8:47  ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားများကို နားထောင်၏။ သင်တို့သည် ဘုရားသခင်ထံမှ မဟုတ်သောကြောင့် ဤစကားတို့ကို နားမထောင်ကြဟု မိန့်တော်မူ၏။
John BurCBCM 8:48  ဂျူးလူမျိုးတို့က သင်သည် ဆမာရိယလူမျိုးတစ်ဦးဖြစ်၍ သင်၌နတ်ဆိုးစွဲကပ်နေသည်ဟု အကျွန်ုပ်တို့ဆိုသည်မှာ မမှန်ပါသလောဟု ကိုယ်တော်အား ပြန်ပြောကြ၏။-
John BurCBCM 8:49  ယေဇူးက ငါ၌နတ်ဆိုးစွဲကပ်ခြင်းမရှိ။ သို့ရာတွင် ငါသည် ငါ၏ခမည်းတော်ကို ချီးမြှောက်၍ သင်တို့မူကား ငါ့ကိုရှုတ်ချကြ၏။-
John BurCBCM 8:50  ငါသည် ငါ၏ဘုန်းသရေကိုရှာသည် မဟုတ်။ သို့သော် ၎င်းကိုရှာသောအရှင်တစ်ပါးရှိ၍ သူ သည် တရားစီရင်မည့်သူဖြစ်၏။-
John BurCBCM 8:51  သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ငါ၏စကားကို လိုက်နာကျင့်ကြံသောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။-
John BurCBCM 8:52  ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်၌နတ်ဆိုးစွဲကပ်နေသည်ကို ယခု ငါတို့သိကြပြီ။ အာဘရာဟံသည် သေလွန်ခဲ့ပြီ။ ပရော ဖက်တို့သည်လည်း သေလွန်ကြလေပြီ။ သို့သော် သင် က ငါ့စကားကို လိုက်ကျင့်သောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့်မည်မဟုတ်ဟု ဆို၏။-
John BurCBCM 8:53  သင်သည် သေလွန်ပြီးသော ငါတို့အဖ အာဘရာဟံထက် ကြီးမြတ်ပါသလော။ ပရောဖက်တို့လည်း သေလွန်ခဲ့ကြလေပြီ။ သင်သည် သင့်ကိုယ်သင် မည်သူဟုထင်မှတ်သနည်းဟု မေးကြ၏။-
John BurCBCM 8:54  ယေဇူးက ငါသည် မိမိကိုယ်ကို ချီးမြှောက်ပါလျှင် ငါ၏ဘုန်းသရေသည် အချည်းနှီးပင် ဖြစ်၏။ သို့သော် ငါ့ကို ချီးမြှောက်သူကား ငါ၏ခမည်းတော် ပေတည်း။ ထိုအရှင်ကို သင်တို့သည် သင်တို့၏ဘုရားဟု ခေါ်ကြ၏။-
John BurCBCM 8:55  သို့သော် သင်တို့သည် ကိုယ်တော့်ကိုမသိ ကြ။ ငါမူကား ကိုယ်တော့်ကိုသိ၏။ အကယ်၍ ကိုယ် တော့်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်ပြောဆိုသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ကိုယ်တော့်ကိုသိ၍ ကိုယ်တော်၏ နှုတ်တော်ထွက် စကားကိုလည်း စောင့်ထိန်း၏။-
John BurCBCM 8:56  သင်တို့၏အဖ အာဘရာဟံသည် ငါကြွလာမည့်အချိန်ကာလကိုမြင်ရမည့်အကြောင်း၌ ဝမ်းမြောက်ရွှင်လန်းခြင်းရှိခဲ့၏။ သူသည် မြင်တွေ့ရသော အခါ၌လည်း ဝမ်းမြောက်ခဲ့၏ဟု မိန့်တော်မူ၏။
John BurCBCM 8:57  ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်သည် အသက်ငါးဆယ်မျှပင် မရှိသေးသော်လည်း အာဘရာဟံကို မြင်တွေ့ခဲ့ပြီလောဟု ဆိုကြ၏။-
John BurCBCM 8:58  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အာဘရာဟံ မမွေးဖွားမီကပင် ငါရှိနှင့်ပြီဟု သူတို့အား မိန့်တော် မူ၏။-
John BurCBCM 8:59  ထိုအခါ သူတို့သည် ကိုယ်တော်အား ပစ်ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ကိုယ်တော်သည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ ၏။
Chapter 9
John BurCBCM 9:1  ယေဇူးသည် ဖြတ်လျှောက်သွားတော်မူစဉ်တွင် မွေးရာပါမျက်မမြင်တစ်ဦးကို တွေ့မြင်တော်မူ၏။-
John BurCBCM 9:2  ကိုယ်တော်၏ တပည့်တော်တို့ကလည်း ရာဘီ၊ ဤသူ၏မွေးရာပါ မျက်စိမမြင်ရခြင်းသည် သူအပြစ်ပြုခြင်းကြောင့် ဖြစ်သလော၊ သို့မဟုတ် သူ့မိဘများအပြစ်ပြုသော ကြောင့်လောဟု မေးလျှောက်ကြ၏။-
John BurCBCM 9:3  ထိုအခါ ယေဇူးက ၎င်းသည် သူအပြစ်ပြုခြင်းကြောင့်လည်းမဟုတ်။ သူ့မိဘများ အပြစ်ပြုခြင်းကြောင့်လည်း မဟုတ်ဘဲ ဘုရားသခင်၏ တန်ခိုးတော်သည် သူ့၌ ထင်ရှားရမည့်အကြောင်းသာ ဖြစ်သတည်း။-
John BurCBCM 9:4  ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုတော်ကို နေ့အချိန်ရှိစဉ် ငါတို့လုပ်ဆောင်ကြရမည်။ မည်သူမျှမလုပ်ဆောင်နိုင်သည့် ညအချိန်သည် ကျရောက်လိမ့်မည်။-
John BurCBCM 9:5  ငါသည် ဤလောက၌ ရှိသမျှကာလပတ်လုံး လောက၏အလင်းဖြစ်၏ဟု မိန့်တော်မူ၏။-
John BurCBCM 9:6  ဤသို့မိန့်တော်မူပြီးနောက် ကိုယ်တော်သည် မြေပေါ်သို့တံတွေး ထွေး၍ ရွှံ့လုပ်ပြီးမှ မျက်မမြင်၏မျက်စိကို ရွှံ့နှင့်လူးလျက်၊-
John BurCBCM 9:7  သူ့အား သွား၍ စီလွမ်ရေကန်တွင် ဆေးကြောလော့ဟု မိန့်တော်မူ၏။ (စီလွမ်၏အဓိပ္ပာယ်ကား စေလွှတ်ခြင်းခံရသည်ဟု ဆိုလို၏။) ဤသို့ဖြင့် ထိုသူသည် သွား၍ ဆေးကြောသဖြင့် မျက်စိမြင်လျက် ပြန်လာ၏။-
John BurCBCM 9:8  ထို့ကြောင့် အိမ်နီးချင်းများနှင့် ယခင်က ထိုမျက်မမြင်တောင်းစားနေသည်ကို မြင်ဖူးသူတို့က ဤသူသည် ထိုင်၍ တောင်းစား လေ့ရှိသူမဟုတ်လောဟု ဆိုကြ၏။-
John BurCBCM 9:9  အချို့က သူသည် ထိုသူပင်ဖြစ်သည်ဟူ၍ ဆိုကြ၏။ အချို့ကမူ သူသည် ထိုသူမဟုတ်ပါ။ သို့သော် သူသည် ထိုသူနှင့် တူသည်ဟု ဆိုကြ၏။ သူကိုယ်တိုင်ကမူ ငါသည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။-
John BurCBCM 9:10  ထိုအခါ သူတို့က သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့ မျက်စိအလင်းပြန်ရသနည်းဟု သူ့အား မေးကြ၏။-
John BurCBCM 9:11  သူက ယေဇူးဟု အမည်ရှိသောသူသည် ရွှံ့အနည်းငယ်ကို ပြုလုပ်၍ ငါ၏မျက်စိကို လူးပြီးလျှင် ငါ့အား စီလွမ်ရေ ကန်သို့သွား၍ ဆေးကြောလော့ဟုဆိုပါ၏။ ထို့ကြောင့် ငါသည် သွား၍ ဆေးကြောသောအခါ မျက်စိပြန်မြင်လာပါသည်ဟု ပြန်ဖြေလေ၏။-
John BurCBCM 9:12  သူတို့ကလည်း ထိုသူသည် အဘယ်မှာနည်းဟု သူ့ကို မေးလျှင် ထိုသူကို ငါမသိပါဟု မျက်မမြင်ကဆို၏။
John BurCBCM 9:13  သူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သူကို ဖာရီဇေးဦးတို့ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။-
John BurCBCM 9:14  ယေဇူးသည် ရွှံ့ကိုပြုလုပ်လျက် မျက်မမြင်ကို မျက်စိပြန်မြင်စေတော်မူသော နေ့ကား ဥပုသ်နေ့ဖြစ်သတည်း။-
John BurCBCM 9:15  ဖာရီဇေးဦးတို့သည် ထိုသူ၏မျက်စိ မည်ကဲ့သို့အလင်းရလာပုံကို သူ့အား တစ်ဖန်မေးမြန်းကြ၏။ သူကလည်း ထိုသူသည် ကျွန်ုပ်၏မျက်စိကို ရွှံ့နှင့်လူးပေး၍ ကျွန်ုပ်သည် ဆေးလိုက်သောအခါ မျက်စိမြင်လာပါသည်ဟု သူတို့အား ဆို၏။-
John BurCBCM 9:16  ဖာရီဇေးဦး အချို့တို့က ထိုသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှ ကြွလာသောသူ မဖြစ်နိုင်ရာ ဟုဆိုကြ၏။ အခြားသူတို့ကမူကား အပြစ်ရှိသောသူသည် ဤနိမိတ်လက္ခဏာများကို မည်ကဲ့သို့ပြနိုင်ပါမည်နည်းဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း စိတ်သဘော ကွဲလွဲကြလေ၏။-
John BurCBCM 9:17  ထို့ကြောင့် သူတို့က မျက်မမြင်ဖြစ်ခဲ့သူအား ထိုသူသည် သင်၏မျက်စိကိုပြန်မြင်စေခဲ့သည်ဖြစ်၍ သင်သည် ထိုသူ၏ အကြောင်းကို မည်သို့ဆိုမည်နည်းဟု တစ်ဖန်မေးကြပြန်၏။ သူကလည်း ထိုသူသည် ပရောဖက်ဖြစ်ပါသည်ဟု ဖြေကြားလေ၏။
John BurCBCM 9:18  သို့ရာတွင် ဂျူးလူမျိုးတို့သည် ထိုသူမျက်စိ မမြင်ခဲ့ကြောင်းကိုလည်းကောင်း၊ ယခုမျက်စိ မြင်လာသည်ကိုလည်းကောင်း မယုံကြည်သဖြင့် မျက်စိပြန်မြင်လာသောသူ၏ မိဘတို့ကိုခေါ်၍၊-
John BurCBCM 9:19  ဤသူသည် မွေးကတည်းမှပင် မျက်စိမမြင်ဟု သင်တို့ဆိုကြသည့် သင်တို့၏ သားဖြစ်သလော။ သို့ဖြစ်လျှင် သူသည် ယခုမည်ကဲ့သို့မျက်စိမြင် လာရသနည်းဟု မေးကြ၏။-
John BurCBCM 9:20  သူ၏မိဘတို့က ဤသူသည် အကျွန်ုပ်တို့၏သားဖြစ်ပြီး သူသည် မွေးစကပင် မျက်စိမမြင်သောသူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏။-
John BurCBCM 9:21  သို့သော် သူမည်ကဲ့သို့ မျက်စိပြန်မြင်လာသည်ကိုလည်းကောင်း၊ မည်သူက သူ၏မျက်စိကို ပွင့်စေသည်ကိုလည်းကောင်း အကျွန်ုပ်တို့မသိပါ။ သူ့ကို မေးကြပါ။ သူသည် အရွယ်ရောက်ပါပြီ။ သူသည် မိမိ၏အကြောင်းကို ကိုယ်တိုင်ပြောပြပါလိမ့်မည်ဟု ဖြေကြားကြ၏။-
John BurCBCM 9:22  သူ၏မိဘတို့ သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့သောကြောင့် ဤသို့ဖြေ ကြားကြခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ်စုံ တစ်ယောက်က ကိုယ်တော်သည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံလျှင် ထိုသူ့ကို တရားဇရပ်မှနှင်ထုတ်ရန် ဂျူးလူမျိုးတို့သည် သဘောတူဆုံးဖြတ်ထားကြပြီးဖြစ်၏။-
John BurCBCM 9:23  ထို့ကြောင့် သူ၏မိဘတို့က သူသည် အရွယ်ရောက်ပြီဖြစ်၍ သူ့ကိုမေးပါဟု ဆိုကြခြင်းဖြစ်၏။
John BurCBCM 9:24  ထိုအခါ ဖာရီဇေးဦးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ သင်သည် ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။ ထိုသူသည် အပြစ်ရှိသူဖြစ်ကြောင်း ငါတို့သိကြပြီဟု သူ့အား ဆိုလေ၏။-
John BurCBCM 9:25  မျက်စိပြန်မြင်သူကလည်း ထိုသူသည် အပြစ်ရှိသူဖြစ်သည်၊ မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်က မျက်စိမမြင်ဘဲ ယခုမျက်စိပြန်မြင်လာသည် ဆိုသည့်အချက်တစ်ခုကိုမူ သိပါသည်ဟု ပြန်ဖြေလေ၏။-
John BurCBCM 9:26  ထိုသူတို့က သူသည် သင့်ကိုမည်ကဲ့သို့ပြုသနည်း၊ သင်၏မျက်စိကို မည်ကဲ့သို့ ပြန်မြင်စေသနည်းဟု သူ့အား မေးကြ၏။-
John BurCBCM 9:27  သူကလည်း သင်တို့အား အကျွန်ုပ်ပြောပြပြီးဖြစ်၏။ သို့သော် သင်တို့ နားမထောင်ခဲ့ကြ။ အဘယ်ကြောင့် သင်တို့ထပ်မံကြား လိုကြပါသနည်း။ သင်တို့သည်လည်း သူ၏တပည့်ဖြစ် လိုကြသလောဟု သူတို့အား ပြန်ပြောလေ၏။-
John BurCBCM 9:28  ထိုအခါ သူတို့သည် သူ့အား ကဲ့ရဲ့ကြပြီး သင်သာလျှင် ထိုသူ၏ တပည့်ဖြစ်၏။ ငါတို့မူကား မိုးဇက်၏တပည့်များဖြစ်၏။-
John BurCBCM 9:29  ဘုရားသခင်သည် မိုးဇက်အား ဗျာဒိတ်ပေးတော်မူခဲ့ကြောင်းကို ငါတို့သိကြ၏။ ဤသူသည်ကား မည်သည့်အရပ်က လာသည်ကို ငါတို့မသိကြဟု ဆိုကြ၏။-
John BurCBCM 9:30  ထိုအခါ သူက ဤအမှုသည် အံ့ဖွယ်ကောင်းလှပေ၏။ ထိုသူ မည်သူဖြစ်သည်ကို သင်တို့မသိကြ။ သို့သော်လည်း ထိုသူသည် အကျွန်ုပ်၏မျက်စိများကိုဖွင့်ပေးခဲ့၏။-
John BurCBCM 9:31  ဘုရားသခင်သည် အပြစ်ရှိသူတို့အား နားညောင်းတော်မမူကြောင်း အကျွန်ုပ်တို့သိကြ၏။ သို့ရာတွင် မည်သူမဆို ဘုရားသခင်ကို ရှိခိုးကိုးကွယ်သူတစ်ဦးဖြစ်ပြီး ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ပါလျှင် ဘုရားသခင်သည် ထိုသူ့ကို နားညောင်းတော်မူ၏။-
John BurCBCM 9:32  မွေးရာပါမျက် မမြင်တစ်ဦး၏မျက်စိကို တစ်စုံတစ်ယောက်က မြင်စေနိုင်သည့်အကြောင်း ကမ္ဘာဦးကပင် မကြားစဖူး။-
John BurCBCM 9:33  ဤသူသည် ဘုရားသခင်ထံတော်မှ ကြွလာသူမဟုတ်လျှင် သူသည် မည်သည့်အရာကိုမျှ တတ်နိုင်မည်မဟုတ်ပါဟု ပြန်ဖြေလေ၏။-
John BurCBCM 9:34  ထိုသူတို့ကလည်း သင်သည် တစ်ကိုယ်လုံး အပြစ်မကောင်းမှု၌ မွေးဖွားခဲ့သူဖြစ်ပါလျက် ငါတို့အား သွန်သင်နေ သလောဟုဆိုပြီး သူ့ကိုနှင်ထုတ်ကြ၏။
John BurCBCM 9:35  ဖာရီဇေးဦးတို့က ထိုသူ့ကို နှင်ထုတ်လိုက်ကြောင်း ယေဇူးကြားတော်မူ၍ သူ့ကိုတွေ့သောအခါ သင်သည် လူသားကို ယုံကြည်ပါသလောဟု သူ့အား မေးတော်မူ ၏။-
John BurCBCM 9:36  သူကလည်း သခင်၊ ထိုသူကား အဘယ်သူနည်း။ အကျွန်ုပ်သည် သူ့ကိုယုံကြည်နိုင်ရန် အကျွန်ုပ်အား ပြောပြပါဟု ပြန်၍လျှောက်သော် ယေဇူးက သင်သည် ထိုသူ့ကို မြင်ခဲ့ပြီးလေပြီ။-
John BurCBCM 9:37  ယခုသင်နှင့် စကားပြောနေသောသူသည် ထိုသူပင်ဖြစ်၏ဟု မိန့်တော်မူ၏။-
John BurCBCM 9:38  သူကလည်း သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု ပြောဆို၍ ကိုယ်တော့်ကို ပျပ်ဝပ်ရှိခိုးလေ၏။-
John BurCBCM 9:39  ယေဇူးကလည်း မျက်စိမမြင်နိုင်သော သူတို့ကို မျက်စိအလင်းရစေ၍ မြင်သောသူတို့ကို မျက်စိကန်းကြစေခြင်းငှာ စီရင်ဆုံးဖြတ်ရန် ဤလောက သို့ ငါကြွလာခဲ့သည်ဟု မိန့်တော်မူ၏။-
John BurCBCM 9:40  ကိုယ်တော်၏ အနီး၌ရှိနေကြသောဖာရီဇေးဦးအချို့သည် ထိုစကားကို ကြားကြလျှင် ကိုယ်တော်အား အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလောဟု ဆိုကြ၏။-
John BurCBCM 9:41  ယေဇူးက သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြပါလျှင် သင်တို့၌ အပြစ်ရှိလိမ့်မည်မဟုတ်။ ယခုမူကား သင်တို့က ငါတို့ သည် မျက်စိမြင်ပါသည်ဟု ဆိုကြသဖြင့် သင်တို့၏အပြစ် သည် တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
Chapter 10
John BurCBCM 10:1  ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သိုးခြံထဲသို့တံခါး၀မှမဝင်ဘဲ အခြားနည်းဖြင့် ကျော်တက်သောသူသည် သူခိုးဓားပြဖြစ်၏။-
John BurCBCM 10:2  တံခါးပေါက်မှ ဝင်သောသူသည်ကား ထိုသိုးစု၏ သိုးထိန်းဖြစ်၏။-
John BurCBCM 10:3  တံခါးစောင့်သည် သိုးထိန်းအား တံခါးဖွင့်ပေး၏။ သိုးတို့သည် သူ၏အသံကို နားထောင်ကြ၏။ သူသည်လည်း မိမိ၏သိုးတို့ကို တစ်ကောင်စီ အမည်တပ်ခေါ်၍ ၎င်းတို့ကို အပြင်သို့ထုတ်ဆောင်တတ်၏။-
John BurCBCM 10:4  သူသည် မိမိ ၏သိုးတို့ကို ခေါ်ထုတ်ပြီးလျှင် ၎င်းတို့၏ရှေ့မှဦးဆောင်၍ သွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသဖြင့် သူ၏နောက်သို့လိုက်ကြ၏။-
John BurCBCM 10:5  သိုးတို့သည် သူစိမ်း၏နောက်သို့ မလိုက်ကြ။ ၎င်းတို့သည် သူစိမ်း၏အသံကို မသိကြသောကြောင့် သူ့ထံမှ ထွက်ပြေးကြလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 10:6  ယေဇူးသည် ဤပုံဥပမာကို သူတို့အား မိန့်တော်မူသော်လည်း ထိုသူတို့သည် မိမိတို့အား ကိုယ်တော် မိန့်တော်မူသော အကြောင်းအရာကို နားမလည်ကြချေ။
John BurCBCM 10:7  ထို့ကြောင့် ယေဇူးက သူတို့အား တစ်ဖန်မိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါသည် သိုးတို့ဝင်သော တံခါး၀ဖြစ်၏။-
John BurCBCM 10:8  ငါ့ထက်အလျင် ဝင်ရောက်လာသောသူအပေါင်းတို့သည် သူခိုးဓားပြများ ဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကို နားမထောင်ကြ။-
John BurCBCM 10:9  ငါသည် တံခါး၀ဖြစ်၏။ ငါ့အားဖြင့် ဝင်သောသူ သည် ဘေးအန္တရာယ်ကင်းလွတ်၍ ဝင်ထွက်သွားလာ နိုင်သဖြင့် စားကျက်ကို တွေ့ရလိမ့်မည်။-
John BurCBCM 10:10  သူခိုးသည် ခိုးယူ၍ သတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကား သူတို့အား အသက်ကို ရစေခြင်းငှာလည်းကောင်း၊ ထိုအသက်ကို ပို၍ကြွယ်၀စွာ ရရှိစေခြင်းငှာလည်းကောင်း လာ၏။
John BurCBCM 10:11  ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးများအတွက် မိမိအသက်ကို စွန့်တတ်၏။-
John BurCBCM 10:12  သိုးထိန်းမဟုတ်ဘဲ သိုးများကိုလည်း မပိုင်သော သူငှားသည် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်ပစ်၍ ထွက်ပြေးတတ်၏။ ဝံပုလွေသည်လည်း သိုးတို့ကို ရုတ်တရက်ဖမ်းဆွဲ၍ တကွဲတပြားစီဖြစ်စေတတ်၏။-
John BurCBCM 10:13  ထိုသူသည် သူငှားဖြစ်သောကြောင့် သိုးတို့ကို ဂရုမစိုက်ဘဲ ထွက်ပြေးတတ်၏။-
John BurCBCM 10:14  ငါသည် ကောင်းသောသိုး ထိန်းဖြစ်၏။-
John BurCBCM 10:15  ငါ၏ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ၏သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် သိုးများအတွက် ငါ၏အသက်ကိုစွန့်၏။-
John BurCBCM 10:16  ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ့၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရဦးမည်။ သူတို့သည် ငါ့အသံကိုနား ထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်စု၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။-
John BurCBCM 10:17  ဤအကြောင်းကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ အကြောင်းမူကား ငါသည် အသက်ကို ပြန်လည်ရရှိစေရန် ငါ၏အသက်ကို စွန့်သောကြောင့်ဖြစ်၏။-
John BurCBCM 10:18  မည်သူမျှ ငါ၏အသက်ကို ငါ့ ထံမှ မလုယူနိုင်။ ငါသည် ငါ၏ဆန္ဒအလျောက် အသက် စွန့်ခြင်းဖြစ်၏။ ငါ၌ အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်လည်ရ ယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအခွင့်အာဏာကို ခမည်းတော်ထံမှ ခံယူရရှိလေပြီဟု မိန့်တော်မူ၏။
John BurCBCM 10:19  ဤစကားများကြောင့် ဂျူးလူမျိုးတို့အလယ်တွင် ထပ်မံ၍ စိတ်သဘောထားကွဲပြားကြလေ၏။-
John BurCBCM 10:20  သူတို့ထဲမှ များစွာသောသူတို့က ဤသူသည် နတ်ဆိုးစွဲ၍ ရူးသွပ်နေလေပြီ။ သင်တို့သည် အဘယ်ကြောင့် သူ့ကိုနား ထောင်ကြသနည်းဟု ဆိုကြ၏။-
John BurCBCM 10:21  အခြားသောသူတို့က ဤစကားများသည် နတ်ဆိုးစွဲသောသူ၏ စကားများ မဟုတ်။ နတ်ဆိုးသည် မျက်စိမမြင်သောသူကို ပြန်မြင် စေနိုင်သလောဟု ဆိုကြ၏။
John BurCBCM 10:22  ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျင်းပလျက်ရှိ၍ ဆောင်းကာလလည်းဖြစ်၏။-
John BurCBCM 10:23  ယေဇူးသည် ဗိမာန်တော်အတွင်း၌ရှိသော ဆောလမွန်မုခ်ဦးဆောင်တွင် စင်္ကြံလျှောက်လျက် နေတော်မူ၏။-
John BurCBCM 10:24  ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် သင်သည် မည်မျှကြာအောင် အကျွန်ုပ်တို့၏ စိတ်ကို မရေမရာ ဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်ဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတိအလင်း ပြောပါလော့ဟုဆိုကြ၏။-
John BurCBCM 10:25  ယေဇူးက သူတို့အား ပြန်ဖြေတော်မူသည်ကား သင်တို့အား ငါပြောဆိုခဲ့လေပြီ။ သို့သော် သင်တို့သည် မယုံကြည်ကြ။ ငါ့ခမည်းတော်၏ နာမတော်၌ ငါလုပ်ဆောင်သော အမှုတို့သည် ငါ့ကို သက်သေခံလျက်ရှိ၏။-
John BurCBCM 10:26  သို့သော် သင်တို့သည် မယုံကြည်ကြ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏သိုးစုတွင် မပါဝင်ကြ သောကြောင့်ဖြစ်၏။-
John BurCBCM 10:27  ငါ၏သိုးတို့သည် ငါ့အသံကို နားထောင်ကြ၏။ ငါသည် သူတို့ကိုသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြ၏။-
John BurCBCM 10:28  ငါသည် သူတို့အား ထာ၀ရ အသက်ကိုပေး၏။ သူတို့သည် မည်သည့်အခါမျှ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်မဟုတ်။ မည်သူမျှ သူတို့ကို ငါ့ထံမှမလုယူနိုင်။-
John BurCBCM 10:29  သူတို့ကို ငါ့အား ပေးတော်မူသော ခမည်းတော်သည် အားလုံးတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍ မည်သူကမျှ သူတို့ကို ခမည်းတော်၏လက်မှ မလုယူနိုင်။-
John BurCBCM 10:30  ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်၀ တည်းဖြစ်သည်ဟု မိန့်တော်မူ၏။
John BurCBCM 10:31  ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကိုပေါက်ရန် ခဲများကို တစ်ဖန်ကောက်ကြပြန်၏။-
John BurCBCM 10:32  ယေဇူးက ငါသည် ခမည်းတော်ထံမှ ကောင်းမြတ်သော အမှုများကို သင်တို့ မျက်မှောက်တွင်ပြခဲ့ပြီ။ ဤအမှုများအနက် မည်သည့် အမှုကြောင့် ငါ့ကို သင်တို့ ခဲနှင့်ပေါက်လိုကြသနည်းဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 10:33  ဂျူးလူမျိုးတို့က ငါတို့သည် သင့်ကို ခဲနှင့်ပေါက်ခြင်းမှာ ကောင်းသောအမှုကြောင့် မဟုတ်ဘဲ ဘုရားသခင်ကို ထိခိုက်ပြောဆိုသော စကားကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် လူသားတစ်ဦးသာဖြစ်ပါလျက် သင့်ကိုယ်သင် ဘုရားဟု ဆိုလေပြီဟု ပြောဆိုကြ၏။-
John BurCBCM 10:34  ယေဇူးက သူတို့အား ပြန်ဖြေတော်မူသည်မှာ သင်တို့၏ ပညတ်တရားကျမ်းတွင် သင်တို့သည် ဘုရားများဖြစ်ကြ၏ဟု ငါဆိုသည်ဟူ၍ ရေးသားထားသည်မဟုတ်လော။-
John BurCBCM 10:35  ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသောသူတို့အား ဘုရားများဟု ခေါ်ဆိုပြီး ကျမ်းစာတော်မြတ်ကိုလည်း ငြင်းပယ်ရန် မဖြစ်နိုင်လျှင်၊-
John BurCBCM 10:36  ခမည်းတော်က ခန့်အပ်၍ ဤလောကသို့ စေလွှတ်တော်မူသော ငါသည် ဘုရား၏သားတော်ဖြစ်သည်ဟု ဆိုသောအခါ ဘုရားကိုထိခိုက်သော စကားဟု သင်တို့အဘယ်ကြောင့် ဆိုကြသနည်း။-
John BurCBCM 10:37  ငါသည် ခမည်းတော်၏အမှုတော်ကို မဆောင်ရွက်လျှင် ငါ့အား မယုံကြည်ကြနှင့်။-
John BurCBCM 10:38  သို့သော် ထိုအမှုများကို ငါဆောင်ရွက်လျှင် သင်တို့ ငါ့ကို မယုံသော်လည်း ထိုအမှုတို့ကို ယုံကြည်ကြပါလော့။ ဤသို့ဖြင့် ခမည်းတော်သည် ငါ၌ရှိကြောင်းကိုလည်းကောင်း၊ ငါသည်လည်း ခမည်းတော်၌ ရှိကြောင်းကိုလည်းကောင်း သင်တို့သိနားလည်လာကြလိမ့်မည်။-
John BurCBCM 10:39  တစ်ဖန် သူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့သော် ကိုယ်တော်သည် သူတို့၏လက်မှ လွတ်မြောက် သွားလေ၏။
John BurCBCM 10:40  ကိုယ်တော်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ ယခင်က ယောဟန်ဆေးကြောခြင်းမင်္ဂလာ ပေးခဲ့သောအရပ်သို့ တစ်ဖန်ကြွသွားတော်မူပြီးလျှင် ထိုအရပ်၌ နေတော်မူ၍၊-
John BurCBCM 10:41  များစွာသောလူတို့သည်လည်း အထံတော်သို့လာကြ၏။ သူတို့က ယောဟန်သည် မည်သည့်အံ့ဖွယ် နိမိတ်လက္ခဏာကိုမျှ မပြခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောသမျှအကြောင်းတို့သည် မှန်ပေ၏ဟု ဆိုကြ၏။-
John BurCBCM 10:42  ထိုအရပ်၌ များစွာသောလူတို့သည် ကိုယ်တော့်ကို ယုံကြည်ကြလေ၏။
Chapter 11
John BurCBCM 11:1  မာရိယာနှင့် သူ၏အစ်မ မာဿတို့ နေထိုင်လျက်ရှိသော ဘက်သနီကျေးရွာတွင် လာဇရုအမည် ရှိသောသူသည် ဖျားနာလျက်ရှိ၏။-
John BurCBCM 11:2  မာရိယာသည်ကား ကိုယ်တော့်ကို ဆီမွှေးဖြင့်လိမ်းကျံခဲ့၍ ကိုယ်တော်၏ခြေများကို မိမိ၏ဆံပင်ဖြင့် သုတ်ပေးခဲ့သော သူဖြစ်ပြီး ဖျားနာသူဖြစ်သည့် လာဇရုသည် သူမ၏မောင်ဖြစ်၏။-
John BurCBCM 11:3  ထို့ကြောင့် အစ်မများက သခင်၊ ကိုယ်တော်ချစ်တော်မူသောသူ ဖျားနာလျက်ရှိပါသည်ဟု ကိုယ်တော့်ထံ သတင်းပို့ကြ၏။-
John BurCBCM 11:4  သို့သော် ယေဇူးသည် ဤအကြောင်းကို ကြားတော်မူသောအခါ ဤဖျားနာခြင်းသည် သေခြင်းအတွက် မဟုတ်။ ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက်သာဖြစ်၏။ ယင်းအားဖြင့် ဘုရားသခင်၏ သားတော်သည် ဘုန်းဂုဏ်တော် ထွန်းတောက်လိမ့်မည်ဟု မိန့်တော်မူ၏။
John BurCBCM 11:5  ထို့ကြောင့် ယေဇူးသည် မာဿနှင့် သူမ၏ညီမကိုလည်းကောင်း၊ လာဇရုကိုလည်းကောင်း ချစ်သော်လည်း၊-
John BurCBCM 11:6  လာဇရုဖျားနာနေကြောင်းကို ကြားသောအခါ မိမိရောက်နေသော အရပ်တွင် နှစ်ရက်ကြာ ဆက်လက်နေတော်မူ၏။-
John BurCBCM 11:7  ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား ဂျူဒေးယနယ်သို့ နောက်တစ်ဖန်သွားကြစို့ဟု မိန့်တော်မူ၏။-
John BurCBCM 11:8  တပည့်တော်တို့က ရာဘီ၊ ယခုအခါတွင် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ကျောက်ခဲနှင့် ပစ်ပေါက်ရန် ကြိုးစားနေ ကြပါလျက်နှင့် ကိုယ်တော်သည် ထိုအရပ်သို့ နောက်တစ်ဖန် ကြွတော်မူမည်လောဟု ကိုယ်တော်အား လျှောက်ထားကြ၏။-
John BurCBCM 11:9  ယေဇူးက နေ့အချိန်သည် တစ်ဆယ့်နှစ်နာရီရှိသည် မဟုတ်လော။ တစ်စုံတစ်ဦးသည် နေ့အချိန်၌ သွားလာပါလျှင် ဤလောကရှိ အလင်းကို မြင်ရသောကြောင့် ခလုတ်မတိုက်မိချေ။-
John BurCBCM 11:10  သို့သော် သူသည် ညအချိန်၌ သွားလာပါလျှင် အလင်းသည် သူနှင့် အတူမရှိသဖြင့် ခလုတ်တိုက်မိတတ်သည်ဟု မိန့်တော် မူ၏။-
John BurCBCM 11:11  ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က ငါတို့၏ မိတ်ဆွေ လာဇရုသည် အိပ်ပျော်လေပြီ။ သို့သော် ငါသည် သူ့ကို အိပ်နေရာမှနှိုးရန် သွားမည်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 11:12  တပည့်တော်တို့ကလည်း သခင်၊ သူသည် အိပ်ပျော်နေလျှင် ပြန်၍ကျန်းမာလာပါလိမ့်မည်ဟု လျှောက်ကြ၏။-
John BurCBCM 11:13  ယေဇူးသည် လာဇရု၏သေခြင်းကို ရည်ညွန်း၍ မိန့်တော်မူသော်လည်း တပည့်တော်တို့ကမူ ကိုယ်တော်သည် အိပ်စက်အနားယူခြင်းကို ရည်ညွန်းသည်ဟု ထင်မှတ်ခဲ့ကြ၏။-
John BurCBCM 11:14  ထို့နောက် ယေဇူးက အတိအလင်း မိန့်တော်မူသည်ကား လာဇရုသည် သေလေပြီ။-
John BurCBCM 11:15  ထိုအရပ်၌ ငါမရှိခဲ့ခြင်းမှာ သင်တို့ယုံကြည်လာစေရန်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့ သွားကြစို့ဟု မိန့်မြွက်တော်မူ၏။-
John BurCBCM 11:16  အမြွှာညီနောင်ဟူ၍ အဓိပ္ပာယ်ရသည့် ဒီးဒီမုအမည်ရှိသူ သောမက ကိုယ်တော်နှင့်အတူ အသေခံရန် ငါတို့လည်း သွားကြစို့ဟု မိမိ၏အဖော် တပည့်တော်တို့အား ဆိုလေ၏။
John BurCBCM 11:17  ယေဇူးကြွလာတော်မူသောအခါ လာဇရုသည် သခင်္ျိုင်းအတွင်း၌ လေးရက်တိုင်ရှိနေပြီဖြစ်ကြောင်း သိ ရှိတော်မူ၏။-
John BurCBCM 11:18  ဘက်သနီရွာသည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာတွင် ရှိသည်ဖြစ်၍၊-
John BurCBCM 11:19  များစွာသော ဂျူးလူ မျိုးတို့သည် မာဿနှင့် မာရိယာတို့အား သူတို့၏မောင် အတွက် အားပေးနှစ်သိမ့်ရန် လာကြ၏။-
John BurCBCM 11:20  မာဿသည် ယေဇူးကြွလာတော်မူကြောင်းကို ကြားရလျှင် သွား၍ ကိုယ်တော့်ကိုကြိုဆိုလေ၏။ ထိုအချိန်၌ မာရိယာသည် အိမ်တွင်ထိုင်လျက်ရှိ၏။-
John BurCBCM 11:21  မာဿက ယေဇူးအား သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိခဲ့ပါလျှင် ကျွန်မ၏မောင်သည် သေရလိမ့်မည်မဟုတ်ပါ။-
John BurCBCM 11:22  သို့ရာတွင် ယခုလည်း ဘုရားသခင်ထံတော်၌ ကိုယ်တော်တောင်းသမျှကို ဘုရားသခင်သည် ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်မသိပါသည်ဟု လျှောက်လေ၏။-
John BurCBCM 11:23  ယေဇူးက သင်၏မောင် သည် ပြန်ရှင်လိမ့်မည်ဟု သူမအား မိန့်တော်မူ၏။-
John BurCBCM 11:24  မာဿက ရှင်ပြန်ထမြောက်ရာ နောက်ဆုံးသောနေ့ရက်၌ သူသည်လည်း တစ်ဖန်ရှင်ပြန်ထမြောက်လိမ့်မည်ကို ကျွန်မသိပါ၏ဟု ကိုယ်တော်အား လျှောက်၏။-
John BurCBCM 11:25  ယေဇူးကလည်း သူမအား မိန့်တော်မူသည်ကား ငါသည် ရှင်ပြန် ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်။-
John BurCBCM 11:26  အသက်ရှင်၍ ငါ့ကိုယုံကြည်သော သူတိုင်းသည်လည်း မည်သည့်အခါမျ ှသေရလိမ့်မည်မဟုတ်။ ဤအချက်ကို သင်ယုံကြည်ပါသလောဟု မေးတော်မူ၏။-
John BurCBCM 11:27  သူမက ယုံကြည်ပါသည်၊ သခင်။ ကိုယ်တော်သည် ဤလောကသို့ ကြွလာတော်မူသော ဘုရား၏သားတော် ခရစ်တော်သခင် ဖြစ်တော်မူကြောင်းကို ကျွန်မယုံကြည်ပါသည်ဟု ဖြေကြားလေ၏။
John BurCBCM 11:28  ဤကဲ့သို့လျှောက်ထားပြီးသည့်နောက် သူမသည် သွား၍ မိမိ၏ညီမ မာရိယာကိုခေါ်လျက် ဆရာသခင်သည် ဤနေရာ၌ ရောက်နေ၍ သင့်ကိုခေါ်တော်မူသည်ဟု တိတ်တဆိတ်ပြောဆိုလေ၏။-
John BurCBCM 11:29  မာရိယာသည်လည်း ထိုစကားကိုကြားလျှင် အလျင်အမြန်ထ၍ အထံတော်သို့ သွားလေ၏။-
John BurCBCM 11:30  ထိုအချိန်၌ ယေဇူးသည် ရွာထဲသို့ ဝင်မလာသေးဘဲ မိမိကို မာဿက ကြိုဆိုခဲ့သော အရပ်၌ပင် ရှိနေဆဲဖြစ်၏။-
John BurCBCM 11:31  ထို့ကြောင့် မာရိယာနှင့်အတူ အိမ်တွင်ရှိနေပြီး သူမကို အားပေးနှစ်သိမ့်နေကြသော ဂျူးလူမျိုးတို့သည် မာရိယာ အလျင်အမြန်ထ၍ ထွက်သွားသည်ကို မြင်ကြသောအခါ သူမသည် ငိုကြွေးရန် သခင်္ျိုင်းသို့ ထွက်သွားသည်ဟု ထင်မှတ်ကြပြီး သူမနောက်သို့ လိုက်ကြလေ၏။-
John BurCBCM 11:32  မာရိယာသည် ယေဇူးရှိတော်မူသော နေရာသို့ရောက်၍ ကိုယ်တော့်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက် သခင်ဘုရား၊ ကိုယ်တော်သည် ဤနေရာ၌ ရှိတော်မူခဲ့ပါလျှင် ကျွန်မ၏မောင်သည် သေရလိမ့်မည်မဟုတ် ပါဟု လျှောက်လေ၏။-
John BurCBCM 11:33  ယေဇူးသည် မာရိယာ ငိုကြွေးနေသည်ကိုလည်းကောင်း၊ သူမနှင့်အတူ ပါလာသော ဂျူးလူမျိုးများ ငိုကြွေး နေကြသည်ကိုလည်းကောင်း တွေ့မြင်တော်မူလျှင် အလွန်စိတ်ထိခိုက်သဖြင့် စိတ်သောက ရောက်တော်မူ၏။-
John BurCBCM 11:34  ထို့နောက် ကိုယ်တော်က သူ့ကို သင်တို့ အဘယ်မှာ ထားကြသနည်းဟု မေးတော်မူလျှင် သူတို့က သခင်ဘုရား၊ လာရောက်၍ ကြည့်ရှုတော်မူပါဟု လျှောက်ထားကြ၏။-
John BurCBCM 11:35  ယေဇူးသည်လည်း မျက်ရည်ကျတော်မူ၏။-
John BurCBCM 11:36  ထိုအခါ ဂျူးလူမျိုးတို့က သူသည် လာဇရုကို ဤမျှလောက်ချစ်သည်ကို ကြည့်ကြလော့ဟု ပြောဆိုကြ၏။-
John BurCBCM 11:37  သို့သော် သူတို့တွင် အချို့က မျက်မမြင်၏ မျက်စိများကို ပြန်မြင်စေခဲ့သော ဤသူသည် လာဇရုကို မသေရန် မပြုလုပ်နိုင်သလောဟု ဆိုကြ၏။
John BurCBCM 11:38  ထို့နောက်တစ်ဖန် ယေဇူးသည် လွန်စွာ စိတ်မသာမယာဖြစ်လျက် သခင်္ျိုင်းသို့ ကြွလာတော်မူ၏။ သခင်္ျိုင်းတွင်းသည်ကား ကျောက်လိုဏ်ဂူတစ်ခုဖြစ်ပြီး ၎င်းကို ကျောက်တုံးတစ်တုံးနှင့် ပိတ်ထားလျက်ရှိ၏။-
John BurCBCM 11:39  ယေဇူးက ကျောက်တုံးကိုရွှေ့ကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ သေသောသူ၏အစ်မဖြစ်သည့် မာဿက သခင်ဘုရား၊ ယခုအချိန်ဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသေဆုံးသည်မှာ လေးရက်ရှိပါပြီဟု လျှောက်ထား လေ၏။-
John BurCBCM 11:40  ယေဇူးက သူမအား သင်သည် ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို မြင်ရမည့်အကြောင်း သင့်အား ငါဆိုခဲ့သည်မဟုတ်လောဟု မိန့်တော်မူ၏။-
John BurCBCM 11:41  ထို့ကြောင့် သူတို့သည်လည်း ကျောက်တုံးကို ရွှေ့ကြလေ၏။ ထိုအခါ ယေဇူးသည် အထက်သို့ မျှော်ကြည့်လျက် အိုအဖ၊ အကျွန်ုပ်ကို နားညောင်းတော်မူသောကြောင့် ကိုယ်တော်အား အကျွန်ုပ်ကျေးဇူးတင်ပါ သည်။-
John BurCBCM 11:42  ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်အမြဲ နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ဤနေရာတွင် ရပ်နေကြသောသူတို့ ယုံကြည်လာကြစေရန် ယခုကဲ့သို့ တောင်းလျှောက်ခြင်း ဖြစ်ပါသည်ဟု မြွက်ဆိုတော်မူ၏။-
John BurCBCM 11:43  ဤကဲ့သို့မြွက်ဆိုပြီးနောက် ကိုယ်တော်က ကျယ်လောင်သောအသံဖြင့် လာဇရု၊ ထွက်ခဲ့လော့ ဟုခေါ်တော်မူလျှင်၊-
John BurCBCM 11:44  သေလွန်သူသည် မိမိ၏ခြေ နှင့်လက်တို့တွင် ပိတ်စများစည်းထားလျက်၊ မျက်နှာတွင်လည်း အဝတ်နှင့်ပတ်ရစ်ထားလျက် ထွက်လာလေ၏။ ယေဇူးကလည်း သူ့ကို ပိတ်စများ ဖြေပေးကြ၍ လွှတ်ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။
John BurCBCM 11:45  ထို့ကြောင့် မာရိယာနှင့်အတူ လိုက်လာခဲ့ကြသော ဂျူးလူမျိုးတို့သည် ကိုယ်တော်ပြုတော်မူသော အမှုအရာတို့ကိုမြင်ကြရ၍ ကိုယ်တော့်ကို ယုံကြည်ကြ၏။-
John BurCBCM 11:46  သို့သော် ထိုသူတို့ထဲမှ အချို့တို့သည် ဖာရီဇေးဦးတို့ထံသို့ သွား၍ ယေဇူးပြုလုပ်တော်မူခဲ့သော အမှုအရာများကို ပြောပြကြ၏။-
John BurCBCM 11:47  သို့ဖြစ်၍ ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့သည် လွှတ်တော်အစည်းအဝေးခေါ်လျက် ဆွေးနွေးကြသည်ကား ငါတို့မည်သို့ပြုကြရမည်နည်း။ အကြောင်းမူကား ဤသူသည် များစွာသောအံ့ဖွယ်နိမိတ် လက္ခဏာများကိုပြ၏။-
John BurCBCM 11:48  ငါတို့သည် သူ့ကို ယခုအတိုင်း ဆက်လက်ခွင့်ပြုထားပါလျှင် လူတိုင်းသည် သူ့ကိုယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည် လာ၍ ငါတို့၏ သန့်ရှင်းရာဌာနနှင့်တကွ ငါတို့လူမျိုးတစ်မျိုးလုံးကို ဖျက်ဆီးကြလိမ့်မည်ဟု ပြောဆိုကြ၏။-
John BurCBCM 11:49  သို့ရာတွင် သူတို့၌ တစ်ဦးအပါအဝင်ဖြစ်ပြီး ထိုနှစ်အတွက် ရဟန်းအကြီးအကဲဖြစ်သော ကာအိဖက သင်တို့သည် မည်သည့်အရာကိုမျှ မသိကြပါတကား။-
John BurCBCM 11:50  လူမျိုးတစ်မျိုးလုံး မပျက်စီးစေရန် အများအတွက် လူတစ်ယောက်သေခြင်းသည် သင်တို့အတွက် သာ၍ကောင်းသည်ကို သင်တို့နားမလည်ကြဟု သူတို့အား ပြောဆိုလေ၏။-
John BurCBCM 11:51  ဤသို့ ဆိုရာတွင် ကာအိဖသည် မိမိ၏အလိုဆန္ဒအလျောက် ပြောဆိုခြင်းမဟုတ်ချေ။ သူသည် ထိုနှစ်အတွက် ရဟန်း အကြီးအကဲဖြစ်သည့်အလျောက် ယေဇူးသည် လူမျိုးတစ်ခုလုံးအတွက် အသက်အသေခံရမည့်အကြောင်းနှင့်၊-
John BurCBCM 11:52  ကိုယ်တော်သည် လူမျိုးစုတစ်စုတည်းအတွက်သာမက၊ တိုင်းတစ်ပါးတွင်ပျံ့နှံ့နေသော ဘုရားသခင်၏ သားသမီးများကို တစ်လုံးတစ်၀တည်း စုစည်းမည့်အကြောင်းတို့ကို ပရောဖက်ဉာဏ်ဖြင့် ဟောခဲ့ခြင်းဖြစ်၏။-
John BurCBCM 11:53  သို့ဖြစ်၍ ထိုနေ့မှစပြီး သူတို့သည် ကိုယ်တော်အား သတ်ရန် ဆွေးနွေးတိုင်ပင်ကြ၏။
John BurCBCM 11:54  ထို့ကြောင့် ယေဇူးသည် ဂျူးလူမျိုးတို့အကြားတွင် ထင်ထင်ရှားရှားသွားလာခြင်း မပြုတော့ဘဲ ထိုနေရာမှနေ၍ တောကန္တာရအနီးရှိ ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွ သွားပြီး ထိုအရပ်တွင် တပည့်တော်တို့နှင့်အတူ နေတော် မူ၏။
John BurCBCM 11:55  ထိုအခါ ဂျူးလူမျိုးတို့၏ ပါစကားပွဲတော်သည် နီးကပ်လာပြီဖြစ်၍ များစွာသော ဂျူးလူမျိုးတို့သည် ပါစကားပွဲမတိုင်မီ မိမိတို့ကိုယ်ကို သန့်စင်စေခြင်းငှာ အနယ်နယ်အရပ်ရပ်မှ ဂျေရုဆလင်မြို့သို့သွားကြလေ၏။-
John BurCBCM 11:56  ထို့နောက် သူတို့သည် ယေဇူးကို ရှာကြလေ၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ ရပ်လျက်ရှိနေစဉ် အချင်းချင်းမေးမြန်း၍ သင်တို့မည်သို့ထင်ကြသနည်း။ ဤသူသည် ပွဲတော်သို့ မလာဘဲနေမည်လောဟု ပြောဆိုနေကြ၏။-
John BurCBCM 11:57  ထိုအချိန်တွင် ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့သည် ကိုယ်တော့်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ကိုယ်တော်ရှိရာ အရပ်ကိုသိလျှင် သူတို့အား အကြောင်းကြားရမည်ဟု အမိန့်ထုတ်ပြန်ထားပြီးဖြစ်၏။
Chapter 12
John BurCBCM 12:1  ပါစကားပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေဇူးသည် လာဇရုရှိရာ ဘက်သနီရွာသို့ ကြွလာတော်မူ၏။ လာဇရုသည်ကား သေရာမှ ယေဇူး ပြန်ရှင်စေတော်မူခဲ့သော သူဖြစ်၏။-
John BurCBCM 12:2  ထိုရွာတွင် သူတို့သည် ကိုယ်တော့်ကိုညစာဖြင့်တည်ခင်းဧည့်ခံကြရာ မာဿက ဧည့်ဝတ်ပြု၍ လာဇရုမှာမူ ကိုယ်တော်နှင့်အတူ စားပွဲ၌ ထိုင်သူတို့အနက် တစ်ဦးအပါအဝင်ဖြစ်၏။-
John BurCBCM 12:3  မာရိယာသည်ကား အလွန်အဖိုးထိုက်တန်သော နာဒုဆီမွှေးစစ် စစ်တစ်ပေါင်ကိုယူ၍ ယေဇူး၏ခြေတို့ကို လိမ်းကျံပေးပြီး နောက် ၎င်းတို့ကို မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဆီမွှေး၏ မွှေးကြိုင်သောရနံ့သည်လည်း တစ်အိမ်လုံး၌ သင်းပျံ့လျက်ရှိ၏။-
John BurCBCM 12:4  တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူဖြစ်သော ဂျုဒအစ္စကာရီယုဒ်ကမူ၊-
John BurCBCM 12:5  အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရီသုံးရာဖြင့် ရောင်းချပြီး ဆင်းရဲသားတို့အား မစွန့်ကြဲသနည်းဟု ဆိုလေ၏။-
John BurCBCM 12:6  ဤသို့သူဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့အား စာနာထောက်ထားခြင်းကြောင့် မဟုတ်ဘဲ သူခိုးတစ်ယောက် ဖြစ်သော ကြောင့်တည်း။ သူသည် ငွေအိတ်ကိုင်သောသူဖြစ်ပြီး ထိုအိတ်၌ ထည့်ထားသောငွေကို ယူ၍သုံးစွဲလေ့ရှိ၏။-
John BurCBCM 12:7  ယေဇူးကလည်း သူမ အလိုရှိသည့်အတိုင်း ပြုပါစေ။ ငါ့ကို သင်္ဂြိုဟ်ရမည့်နေ့အတွက် သူမသည် ဤအမှုကိုပြုပါစေ။-
John BurCBCM 12:8  ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့် အစဉ်ရှိလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
John BurCBCM 12:9  ထိုအရပ်၌ ကိုယ်တော်ရှိတော်မူကြောင်းကို များစွ သော ဂျူးလူမျိုးအစုအဝေးတို့ ကြားသိကြသောအခါ သူတို့သည် ယေဇူးကို တွေ့ရန်အတွက်သာမဟုတ်၊ သေရာမှ ကိုယ်တော်ပြန်ရှင်စေခဲ့သော လာဇရုကိုလည်းတွေ့ရန် လာကြ၏။-
John BurCBCM 12:10  ထို့ကြောင့် ရဟန်းအကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် ကြံစည်ကြလေ၏။-
John BurCBCM 12:11  အဘယ်ကြောင့်ဆိုသော် များစွာသော ဂျူးလူမျိုးတို့သည် လာဇရုကို အကြောင်းပြု၍ သူတို့ထံမှထွက်သွားကြပြီး ယေဇူးကို ယုံကြည်ကြသောကြောင့်ဖြစ်၏။
John BurCBCM 12:12  နောက်တစ်နေ့၌ ပွဲတော်သို့လာကြသော လူအစုအဝေးကြီးသည် ဂျေရုဆလင်မြို့သို့ ယေဇူးကြွလာတော်မူကြောင်းကို ကြားသိကြ၏။-
John BurCBCM 12:13  ထို့ကြောင့် သူတို့သည် စွန်ပလွံပင်မှ အကိုင်းအခက်များကို ယူဆောင်ကြပြီးလျှင် ကိုယ်တော့်ကိုကြိုဆိုရန် ထွက်သွား ကြလျက် ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရားသခင်၏ နာမတော်၌ ကြွလာတော်မူသော အစ္စရာအဲလ်ဘုရင်အား မင်္ဂလာရှိ စေသတည်းဟု ကြွေးကြော်ကြလေ၏။-
John BurCBCM 12:14  ယေဇူးသည်လည်း မြည်းကလေးကိုတွေ့သဖြင့် မြည်းပေါ်၌ ထိုင်၍စီးတော်မူ၏။ ကျမ်းစာတော်မြတ်၌လည်း ရေးထား သည်ကား၊-
John BurCBCM 12:15  အိုဇီအွန်သမီး၊ မကြောက်ရွံ့နှင့်။ ကြည့်လော့၊ သင်၏ဘုရင်သည် မြည်းမ၏ သားငယ်ပေါ်၌ ထိုင်လျက် ကြွလာ လေပြီဟူ၍ဖြစ်သတည်း။-
John BurCBCM 12:16  ကိုယ်တော်၏ တပည့်တော်တို့သည် ဤကျမ်းချက်ကို အစဦး၌ နားမလည်ခဲ့ကြပေ။ ယေဇူး၏ ဘုန်းဂုဏ်တော် ထင်ရှားတော်မူသောအခါ မှသာလျှင် ဤကျမ်းချက်သည် ကိုယ်တော်အား ရည်ညွန်း၍ ရေးသားထားကြောင်းကိုလည်းကောင်း၊ ၎င်းသည် ကိုယ်တော်၌ အမှန်ပင်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း သူတို့သတိရကြ၏။-
John BurCBCM 12:17  ကိုယ်တော်သည် လာဇရုကို သခင်္ျိုင်းဂူမှ ခေါ်ထုတ်၍ ပြန်ရှင်စေတော်မူခဲ့သောအချိန်တွင် ကိုယ်တော်နှင့်အတူ ရှိခဲ့ကြသော လူအစုအဝေးတို့ သည်လည်း ထိုအမှုအရာကို သက်သေခံကြ၏။-
John BurCBCM 12:18  လူအစုအဝေးတို့သည် ကိုယ်တော့်ကို ကြိုဆိုရန် သွားကြသည့်အကြောင်းရင်းကား ဤအံ့ဖွယ်နိမိတ်လက္ခဏာအား ကိုယ်တော်ပြုတော်မူခဲ့သည်ကို ကြားသိခဲ့ကြသောကြောင့်တည်း။-
John BurCBCM 12:19  ထိုအခါ ဖာရီဇေးဦးတို့က သင်တို့မည်သို့မျှ မတတ်နိုင်သည်ကို သိကြပြီလော။ ကြည့်လော့၊ တစ်လောကလုံးသည် သူ၏နောက်သို့ လိုက်ပါသွားကြ လေပြီဟု အချင်းချင်းပြောဆိုကြ၏။
John BurCBCM 12:20  ပွဲတော်၌ဝတ်ပြုကိုးကွယ်ရန် တက်ရောက်လာကြသူတို့တွင် ဂရိလူမျိုး အချို့လည်းပါဝင်၏။-
John BurCBCM 12:21  ထိုသူတို့သည် ဂါလေလေးယနယ်၊ ဘက်ဇိုင်းဒါမြို့သားဖြစ်သော ဖိလိပု ထံချဉ်းကပ်ကြ၍ ဆရာ၊ အကျွန်ုပ်တို့သည် ယေဇူးကို တွေ့မြင်လိုကြပါသည်ဟု ဆိုကြ၏။-
John BurCBCM 12:22  ဖိလိပုသည် သွား၍ အန္ဒြေးယအား ပြောလေ၏။ အန္ဒြေးယသည်လည်း ဖိလိပုနှင့်အတူသွားပြီးလျှင် သူတို့သည် ယေဇူးအား လျှောက်ကြ၏။-
John BurCBCM 12:23  ယေဇူးက သူတို့အား ပြန်ပြောတော်မူ သည်မှာ လူသားအတွက် ဘုန်းဂုဏ်တော်ထင်ရှားစေ မည့်အချိန်ရောက်ရှိလာလေပြီ။-
John BurCBCM 12:24  သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ဂျုံစပါးစေ့တစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည် တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။-
John BurCBCM 12:25  မိမိအသက်ကို ချစ်သောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူသည် ထာ၀ရအသက် တာအတွက် ထိုအသက်ကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။-
John BurCBCM 12:26  အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါရှိရာအရပ်၌လည်း ငါ၏အစေခံရှိလိမ့်မည်။ အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ခမည်းတော်ဘုရားသည် သူ့ကို ချီးမြှောက်တော်မူလိမ့်မည်။
John BurCBCM 12:27  ယခု ငါသည် စိတ်သောကရောက်လျက်ရှိ၏။ ငါမည်သို့ဆိုရမည်နည်း။ အိုအဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တော်မူပါဟူ၍လော၊ မဟုတ်ပေ၊ ဤရည်ရွယ်ချက်အတွက် ဤအချိန်နာရီသို့ ငါရောက်လာခဲ့ခြင်းဖြစ် သည်၊-
John BurCBCM 12:28  အိုအဖ၊ ကိုယ်တော်၏ နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါဟု မိန့်တော်မူလေ၏။ ထိုအခါ ကောင်းကင်မှ အသံထွက်ပေါ်လာသည်ကား ငါသည် နာမတော်ကို ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန် ငါသည် ၎င်းကို ဘုန်းတော် ထင်ရှားစေဦးမည် ဟူ၍ဖြစ်သတည်း။-
John BurCBCM 12:29  အနီးတွင် ရပ်နေကြသော လူအစုအဝေးသည် ထိုအသံကို ကြားကြလျှင် မိုးထစ်ချုန်းသည်ဟု ဆိုကြ၏။ အချို့ကမူ ကောင်းကင်တမန်တော်တစ်ပါးသည် ကိုယ်တော့်ကို စကားပြောလေပြီဟု ဆိုကြ၏။-
John BurCBCM 12:30  ယေဇူးက ဤအသံထွက် ပေါ်လာခြင်းသည် ငါ့အတွက်မဟုတ်၊ သင်တို့ အတွက်ဖြစ်၏။-
John BurCBCM 12:31  ယခုအချိန်သည် ဤလောကကို တရားစီရင်သည့် အချိန်ဖြစ်၏။ ဤလောကကို အုပ်စိုးသောသူသည်လည်း ယခုပင်နှင်ထုတ်ခြင်း ခံရလိမ့်မည်။-
John BurCBCM 12:32  ငါသည်ကား မြေပေါ်မှ မြှောက်ထားခြင်းခံရသောအခါ လူသားအားလုံးတို့ကို ငါ့ထံသို့ခေါ်ယူမည်ဟု မိန့်တော်မူ၏။-
John BurCBCM 12:33  ဤကဲ့သို့ ကိုယ်တော်မိန့်တော်မူခြင်းမှာ မိမိသည် မည်သို့သော သေခြင်းဖြင့် သေရလိမ့်မည်ကို ဖော်ပြခြင်းဖြစ်၏။-
John BurCBCM 12:34  လူအစုအဝေးက ခရစ်တော်သည် အစဉ်အမြဲတည်တော်မူ၏ဟူ၍ ပညတ်တရားကျမ်းမှ အကျွန်ုပ်တို့ကြား သိခဲ့ရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်း ခံရလိမ့်မည်ဟု သင်မည်သို့ဆိုနိုင်ပါသနည်း။ ဤလူသားသည် မည်သူနည်းဟု ကိုယ်တော်အား ပြန်၍မေးကြလေ၏။-
John BurCBCM 12:35  ယေဇူးက သူတို့အားဆိုသည်မှာ အလင်းသည် သင်တို့နှင့်အတူ တစ်ခဏမျှသာ ဆက်လက်တည်ရှိလိမ့်မည်။ မှောင်မိုက်သည် သင်တို့ကိုမဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခိုက် လျှောက်လှမ်းကြလော့။ မှောင်မိုက်တွင် လျှောက်လှမ်းသော သူသည် မိမိသွားနေသည့်အရပ်ကို မသိပေ။-
John BurCBCM 12:36  သင်တို့သည် အလင်း၏သားများဖြစ်ကြရန် အလို့ငှာ သင်တို့၌ အလင်းရှိနေစဉ် အလင်းကို ယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ယေဇူးသည် ဤသို့ မိန့်တော်မူပြီးသောအခါ ထွက်ကြွသွား၍ သူတို့ထံမှ တိမ်းရှောင်တော်မူ၏။
John BurCBCM 12:37  ကိုယ်တော်သည် များစွာသောနိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်တွင် ပြတော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော့်ကို မယုံကြည်ကြပေ။-
John BurCBCM 12:38  ဤသို့ဖြစ်ရခြင်းမှာ ပရောဖက်အီဇာယ ဟောကြားခဲ့သည့်အတိုင်း သခင်ဘုရား၊ တပည့်တော်တို့၏ ဟောကြားခြင်းကို မည်သူ ယုံကြည်ခဲ့ပါသနည်း၊ ကိုယ်တော်၏ လက်ရုံးတော်သည်လည်း မည်သူ့ကို ထင်ရှားပြခဲ့ပါသနည်းဟူသော ကျမ်း စကား ပြည့်စုံလာစေမည့်အကြောင်းတည်း။-
John BurCBCM 12:39  ထို့ကြောင့် သူတို့သည် မယုံကြည်နိုင်ခဲ့ကြ။ အကြောင်းမူကား အီဇာယက တစ်ဖန်ဟောကြားခဲ့သည်မှာ၊-
John BurCBCM 12:40  သူတို့သည် မိမိတို့၏ မျက်စိဖြင့်မြင်ရ၍ နှလုံးသားဖြင့် သိနားလည်ပါလျှင် မိမိတို့၏ အနာအဆာများ ပျောက်ကင်းစေရန် ငါ့ထံသို့ ပြောင်းလဲလာမည်ကို စိုးရိမ်ကြသောကြောင့် ကိုယ်တော်သည် သူတို့၏ မျက်စိများကို ကွယ်စေလျက် သူတို့၏ နှလုံးသားကို တင်းမာစေခဲ့ပြီ ဟူ၍ဖြစ်သတည်း။-
John BurCBCM 12:41  အီဇာယက ဤသို့ဆိုခဲ့ခြင်းမှာ သူသည် ကိုယ်တော်၏ ဘုန်းတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဟောကြားခဲ့ ခြင်းဖြစ်၏။-
John BurCBCM 12:42  မည်သို့ပင်ဖြစ်စေ ဂျူးလူမျိုးခေါင်းဆောင်များ အပါအဝင် လူများစွာတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။ သို့သော်လည်း သူတို့သည် ဖာရီဇေးဦးတို့ကို ကြောက်ရွံ့သောကြောင့် တရားဇရပ်မှ ထုတ်ပယ်ခြင်း မခံရစေရန် ယုံကြည်ခြင်းကို ထင်ရှားစွာဝန်မခံခဲ့ကြပေ။ -
John BurCBCM 12:43  အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းထက် လူတို့ထံမှ ချီးမွမ်းခြင်းကို ပိုမိုနှစ်သက်သော ကြောင့်ဖြစ်၏။
John BurCBCM 12:44  ယေဇူးသည်လည်း ကြွေးကြော်၍ မိန့်တော်မူသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာလျှင် ယုံကြည်သည် မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း ယုံကြည်၏။-
John BurCBCM 12:45  ထို့အတူ ငါ့ကိုမြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း မြင်၏။-
John BurCBCM 12:46  ငါ့ကို ယုံကြည်သောသူဟူသမျှသည် မှောင်မိုက်၌ ဆက်လက်မနေရစေခြင်းငှာ ငါသည် အလင်းအဖြစ်နှင့် ဤလောက သို့ကြွလာခဲ့လေပြီ။-
John BurCBCM 12:47  အကြင်သူသည် ငါ၏ဟောပြောချက်များကို ကြားနာရပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်း မပြုပါလျှင် ထိုသူကို ငါအပြစ်မစီရင်။ အကြောင်းမူကား ငါသည် ဤလောကကို အပြစ်စီရင်ရန်မဟုတ်ဘဲ ဤလောကကို ကယ်တင်ရန် ကြွလာ၏။-
John BurCBCM 12:48  ငါ့ကိုငြင်းပယ်၍ ငါ၏စကားများကို လက်မခံသောသူအတွက် တရားစီရင်မည့်သူရှိလေပြီ။ ငါဟောပြောသော စကားသည် ပင်လျှင် ထိုသူ့ကို နောက်ဆုံးသောနေ့၌ တရားသူကြီးအဖြစ်နှင့် တရားစီရင်လိမ့်မည်။-
John BurCBCM 12:49  အကြောင်းမူကား ငါသည် ငါ၏အခွင့်အာဏာနှင့် ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် ကိုယ်တိုင်က ငါ့အားမည်သည့်အရာ ပြောဆိုရမည်ကို ပညတ်ချက်ပေးတော်မူ၏။-
John BurCBCM 12:50  ကိုယ်တော်၏ပညတ်တော်သည် ထာ၀ရအသက်ဖြစ်သည်ကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသမျှသည် ခမည်းတော် မိန့်မှာတော်မူသည့်အတိုင်း ဟောပြောခြင်း ဖြစ်သည်ဟု မိန့်တော်မူ၏။
Chapter 13
John BurCBCM 13:1  ပါစကားပွဲတော်မတိုင်မီ ယေဇူးသည် ဤကမ္ဘာလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ကြွသွားရမည်ဖြစ်သော မိမိ၏အချိန်နာရီ ကျရောက်လာကြောင်းကို သိတော်မူသောအခါ ဤလောကရှိ မိမိ၏တပည့်များကို ချစ်တော်မူသည့်အလျောက် သူတို့အား အဆုံးတိုင်အောင် ချစ်တော်မူ၏။-
John BurCBCM 13:2  ညစာစားပွဲအချိန်၌ နတ်ဆိုးသည် ကိုယ်တော့်ကိုအပ်နှံမည့် အကြံအစည်ကို စီမွန်၏သား ဂျုဒအစ္စကာရီယုဒ်၏ စိတ်နှလုံး၌ ထည့်သွင်းထားပြီးဖြစ်၏။-
John BurCBCM 13:3  ခမည်းတော်သည် မိမိ၏လက်ထဲသို့ ခပ်သိမ်းသောအရာတို့ကို ပေးအပ်ထားတော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာ၍ ဘုရားသခင်ထံသို့ပြန်သွားမည်ကိုလည်းကောင်း ယေဇူးသိတော်မူပြီးဖြစ်၏။-
John BurCBCM 13:4  သို့ဖြစ်၍ ကိုယ်တော်သည် ညစာစားပွဲမှထ၍ အပေါ်ဝတ်ရုံကို ချွတ်ပြီးလျှင် ပုဝါကိုယူ၍ ခါးတွင်စည်းတော်မူ၏။-
John BurCBCM 13:5  ထို့နောက် ကိုယ်တော်သည် ဇလုံတစ်ခုတွင် ရေထည့်၍ တပည့်တော်တို့၏ ခြေတို့ကို ဆေးပြီးလျှင် ခါးတွင်စည်းထားသော ပုဝါဖြင့် သုတ်တော်မူ၏။-
John BurCBCM 13:6  ကိုယ်တော်သည် စီမွန်ပေတရုထံသို့ ရောက်သောအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို ဆေးတော်မူမည်လောဟု မေးလျှောက်လေ၏။-
John BurCBCM 13:7  ယေဇူးက ငါပြုသောအမှုကို ယခုအချိန်တွင် သင်နားမလည်သော်လည်း နောင်တွင် သင်နားလည်လာလိမ့်မည်ဟု ဖြေကြားတော်မူ၏။-
John BurCBCM 13:8  ပေတရုက ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို မည်သည့်အခါမျှ မဆေးရပါဟု လျှောက်လေ၏။ ယေဇူးကလည်း သင်၏ခြေကို ငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်တော့ပြီဟု မိန့်တော်မူ၏။-
John BurCBCM 13:9  ထိုအခါ စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်၏ခြေကိုသာမဟုတ်၊ တပည့်တော်၏လက်နှင့် ဦးခေါင်းကိုလည်း ဆေးတော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
John BurCBCM 13:10  ယေဇူးက ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ သူ၏ခြေတို့မှတစ်ပါး အခြားနေရာတို့ကို ဆေးကြောသန့်စင်ရန် မလိုအပ်ပေ။ သင်တို့သည်လည်း စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ အားလုံးစင်ကြယ်သည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 13:11  အကြောင်းမူကား ကိုယ်တော်သည် မိမိကို အပ်နှံမည့်သူမှာ မည်သူဖြစ်ကြောင်း သိတော်မူသောကြောင့်ဖြစ်၏။ ထို့ကြောင့်ပင် သင်တို့အားလုံး စင်ကြယ်ကြသည် မဟုတ်ဟု ကိုယ်တော်မိန့်တော်မူခြင်းဖြစ်၏။
John BurCBCM 13:12  ကိုယ်တော်သည် သူတို့၏ခြေကို ဆေးပြီးသောအခါ မိမိ၏ဝတ်ရုံတော်ကို ဝတ်ဆင်ပြီးလျှင် မိမိနေရာတွင် ပြန်ထိုင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ ငါပြုခဲ့သည့်အမှုကို သင်တို့သိကြသလော။-
John BurCBCM 13:13  သင်တို့သည် ငါ့ ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ် ကြ၏။ ငါသည်လည်း ထိုသို့ဖြစ်သောကြောင့် သင်တို့ ဆိုသည်မှာ မှန်ပေ၏။-
John BurCBCM 13:14  သို့ဖြစ်၍ သင်တို့၏သခင်နှင့် ဆရာဖြစ်သော ငါသည် သင်တို့၏ ခြေများကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်း တစ်ဦး၏ခြေကို တစ်ဦးက ဆေးကြရမည်။-
John BurCBCM 13:15  အကြောင်းမူကား သင်တို့၌ ငါပြုသကဲ့သို့ သင်တို့ပြုကြစေရန် ပုံသက်သေကို ငါပြခဲ့ပြီ။-
John BurCBCM 13:16  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အစေခံသည် မိမိ၏သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံ ရသူသည်လည်း စေလွှတ်သောသူထက် ကြီးမြတ်သည် မဟုတ်ပေ။-
John BurCBCM 13:17  သင်တို့သည် ဤအကြောင်းအရာများကို သိရှိ၍ လိုက်နာဆောင်ရွက်ကြပါလျှင် မင်္ဂလာရှိကြ၏။-
John BurCBCM 13:18  ငါသည် သင်တို့အားလုံးကို ပြောဆိုနေခြင်းမဟုတ်။ ငါရွေးချယ်ထားသော သူတို့ကို ငါသိ၏။ ဤသို့ဖြစ်ရခြင်းမှာ ငါနှင့်အတူ ပေါင်မုန့်ကို စားသောသူသည် ငါ့ကိုခြေဖြင့် ကန် ကျောက်လေပြီဟူသောကျမ်းချက်ပြည့်စုံမည့်အကြောင်းတည်း။-
John BurCBCM 13:19  ထိုအကြောင်းအရာမဖြစ်ပျက်မီ ငါသည် ယခု သင်တို့အား ထိုအရာကို ပြောထားလေပြီ။ သို့မှသာ ထိုအကြောင်းအရာ ဖြစ်ပျက်လာသောအခါ ငါသည် ထိုသူဖြစ်သည်ကို သင်တို့ယုံကြည်ကြလိမ့်မည်။-
John BurCBCM 13:20  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါစေလွှတ်သောသူ မည်သူ့ကိုမဆို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း လက်ခံ၏ဟု မိန့်တော်မူ၏။
John BurCBCM 13:21  ဤကဲ့သို့မိန့်တော်မူပြီးနောက် ယေဇူးသည် စိတ်သောကရောက်၍ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့ထဲမှတစ်ဦးသည် ငါ့ကို ရန်သူ့လက်သို့ အပ်နှံလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 13:22  ကိုယ်တော်သည် မည်သူ့ကို ရည်ညွန်းပြောဆိုကြောင်း သေချာမသိကြသောကြောင့် တပည့်တော်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။-
John BurCBCM 13:23  ကိုယ်တော်၏ တပည့်တော်များထဲမှ ယေဇူးချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏ ရင်ခွင်အနီးတွင် လျောင်းလျက်ရှိ၏။-
John BurCBCM 13:24  ထို့ကြောင့် စီမွန်ပေတရုက သူ့အား ကိုယ်တော်သည် မည်သူ့ကို ရည်ညွန်းပြောဆိုကြောင်း မေးလျှောက်ရန် အရိပ်အကဲပြလေ၏။-
John BurCBCM 13:25  သို့ဖြစ်၍ သူသည် ယေဇူး၏ရင်ခွင်နှင့် နီးကပ်စွာ လဲလျောင်းလျက် သခင်ဘုရား၊ ထိုသူသည် မည်သူဖြစ်မည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
John BurCBCM 13:26  ယေဇူးက ဤပေါင်မုန့် တစ်ဖဲ့ကိုနှစ်ပြီး ငါပေးမည့်သူကား ထိုသူပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် ပေါင်မုန့်တစ်ဖဲ့ကို နှစ်ပြီးသောအခါ ၎င်းကို စီမွန်အစ္စကာရီယုဒ်၏သား ဂျုဒအား ပေးလေ၏။-
John BurCBCM 13:27  ဂျုဒသည် ထိုပေါင်မုန့်တစ်ဖဲ့ကို ခံယူပြီးနောက် စာတန်နတ်ဆိုးသည် သူ့၌ဝင်လေ၏။ ယေဇူးကလည်း သင်ပြုလုပ်မည့် အမှုကို အလျင်အမြန် ပြုလုပ်လော့ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 13:28  ထိုအချိန်၌ ကိုယ်တော်သည် ဂျုဒအား အဘယ်ကြောင့် ဤကဲ့သို့ မိန့်တော်မူသည်ကို စားပွဲတွင် ထိုင်နေသူ တစ်ဦးမျှ မသိကြပေ။-
John BurCBCM 13:29  ဂျုဒသည် ငွေအိတ်ကိုကိုင်ရသူဖြစ်သောကြောင့် ယေဇူးက ပွဲတော်အတွက် လိုအပ်သည်များကိုဝယ်ယူရန်၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ရာ ပေးကမ်းရန်အတွက် ပြောဆိုခြင်းဖြစ်မည်ဟု အချို့ကထင်မှတ်ကြ ၏။-
John BurCBCM 13:30  ဤသို့ဖြင့်သူသည် မုန့်တစ်ဖဲ့ကို ခံယူပြီးသောအခါ အပြင်သို့ ချက်ချင်း ထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန် ဖြစ်သတည်း။
John BurCBCM 13:31  ဂျုဒထွက်သွားသောအခါ ယေဇူးက လူသားသည် ယခုအခါ၌ ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။ ဘုရားသခင်သည်လည်း သူ့အားဖြင့် ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။-
John BurCBCM 13:32  ဘုရားသခင်သည် သူ့အားဖြင့် ဘုန်းဂုဏ်တော် ထင်ရှားတော်မူလျှင် ကိုယ်တော်သည် သူ့ကို မိမိကိုယ်တော်တိုင်အားဖြင့် ဘုန်းဂုဏ်တော် ထင်ရှားစေတော်မူလိမ့်မည်။ ကိုယ်တော်သည် ယခုချက်ချင်းပင် သူ့ကိုဘုန်းဂုဏ်တော်ထင် ရှားစေလိမ့်မည်။-
John BurCBCM 13:33  ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသာ ရှိတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ဂျူးလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း ယခု သင်တို့အား ငါပြောမည်။ ငါသွားမည့်နေရာသို့ သင်တို့ မလာနိုင်ကြ။-
John BurCBCM 13:34  ငါသည် သင်တို့အား ပညတ်အသစ်ကို ပေးသည်ကား သင်တို့အချင်းချင်း ချစ်ကြလော့။ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။-
John BurCBCM 13:35  သင်တို့အချင်းချင်းချစ်ကြလျှင် လူခပ်သိမ်းတို့သည် ထိုချစ်ခြင်းမေတ္တာကို ထောက်ရှု၍ သင်တို့သည် ငါ၏တပည့်များ ဖြစ်ကြောင်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
John BurCBCM 13:36  စီမွန်ပေတရုက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော် ကြွသွားတော်မူမည်နည်းဟု မေးလျှောက်လေ၏။ ယေဇူးက ငါသွားမည့်နေရာသို့ ယခုသင်မလိုက်နိုင်။ သို့သော် နောင်အခါတွင် သင်လိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 13:37  ပေတရုက တပည့်တော်သည် အဘယ်ကြောင့် ယခု မလိုက်နိုင်ရပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် မိမိ၏အသက်ကိုပင် စွန့်ပါမည်ဟု လျှောက်လေ၏။-
John BurCBCM 13:38  ယေဇူးက သင်သည် ငါ့ အတွက် သင်၏အသက်ကို စွန့်မည်လော။ သင့်အား ငါဧကန်အမှန်ဆို သည်ကား ကြက်ဖမတွန်မီ သင်သည် ငါ့ကို သုံးကြိမ် ငြင်းပယ်ပြီးဖြစ်လိမ့်မည်ဟု ပြန်ဖြေတော်မူ၏။
Chapter 14
John BurCBCM 14:1  ယေဇူးက သင်တို့၏ စိတ်နှလုံး၌ စိုးရိမ်ပူပန်ခြင်း မရှိစေကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။-
John BurCBCM 14:2  ငါ့ခမည်းတော်၏ အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားမည်ဟု ပြောပါမည်လော။-
John BurCBCM 14:3  ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်း ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။-
John BurCBCM 14:4  သင်တို့သည် ငါသွားမည့်လမ်းကိုသိကြ၏ဟု မိန့်တော်မူ၏။-
John BurCBCM 14:5  ထိုအခါ သောမက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော်သွားမည်ကို တပည့်တော်တို့ မသိကြသောကြောင့် လမ်းခရီးကိုလည်း မည်ကဲ့သို့ သိနိုင်ကြပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်၏။-
John BurCBCM 14:6  ယေဇူးက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုဘဲ မည်သူမျှ ခမည်းတော်ထံသို့ မလာနိုင်။-
John BurCBCM 14:7  သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ငါ၏ခမည်းတော်ကို သိကြ၍ ဖူးမြင်ကြရလေပြီဟု သူ့အား မိန့်တော်မူ၏။
John BurCBCM 14:8  ဖိလိပုကလည်း သခင်ဘုရား၊ ခမည်းတော်ကို တပည့်တော်တို့အား ပြတော်မူပါလျှင် တပည့်တော်တို့ စိတ်ကျေနပ် ကြပါလိမ့်မည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
John BurCBCM 14:9  ယေဇူးက သူ့အား မိန့်တော်မူသည်မှာ ဖိလိပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှကြာအောင် နေခဲ့ပါသော်လည်း သင်သည် ငါ့ကိုမသိသလော။ ငါ့ကိုမြင်ရသောသူသည် ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။ အဘယ်ကြောင့် သင်သည် ခမည်းတော်ကို တပည့်တော်တို့အား ပြပါဟု ဆိုရသနည်း။-
John BurCBCM 14:10  ငါသည် ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိကြောင်းကို သင်မယုံကြည်သလော။ သင်တို့အား ငါပြောသောစကားများကို ငါသည် ငါ၏အခွင့်အာဏာဖြင့် ပြောသည်မဟုတ်။ ငါ၌တည်ရှိတော်မူသော ခမည်းတော်သည် မိမိ၏အမှုတော်များကို ဆောင်ရွက်ခြင်းသာဖြစ်၏။-
John BurCBCM 14:11  ငါသည် ခမည်းတော်၌ တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိသည်ကို ယုံကြည်ကြလော့။ ဤသို့ မဟုတ်လျှင်လည်း ငါပြုသော အမှုအရာများကိုထောက်၍ ငါ့ကိုယုံကြည်ကြလော့။
John BurCBCM 14:12  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုအရာများကို ပြုလိမ့်မည်။ သူသည် ယင်းထက် ကြီးမြတ်သော အမှုအရာများကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်သောကြောင့်တည်း။-
John BurCBCM 14:13  သားတော်အားဖြင့် ခမည်းတော်၏ ဘုန်းတော်ထင်ရှားစေရန် ငါ၏နာမတော်၌ သင်တို့တောင်းလျှောက်သမျှကို ငါပြုမည်။-
John BurCBCM 14:14  သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ရာကို တောင်းလျှောက်လျှင် ငါသည် ထိုအရာကိုပြုမည်။
John BurCBCM 14:15  သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလိမ့်မည်။-
John BurCBCM 14:16  ငါသည် ခမည်းတော်အား တောင်းလျှောက်သဖြင့် ကိုယ်တော်သည်လည်း သင်တို့နှင့်အတူ အစဉ်ထာ၀ရရှိနေမည့် ကူညီစောင်မသူ နောက်တစ်ပါးဖြစ်သော သမ္မာတရား၏ ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည်။-
John BurCBCM 14:17  ထိုအရှင်ကို ဤလောကသည် လက်မခံနိုင်။ အဘယ်ကြောင့်ဆိုသော် ဤလောကသည် သူ့ကိုမြင်လည်းမမြင်၊ သိလည်း မသိသောကြောင့်ဖြစ်၏။ သင်တို့မူကား သူ့ကိုသိကြ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သင်တို့နှင့်အတူ စံပယ်တော်မူပြီး သင်တို့၌ တည်နေတော်မူမည်ဖြစ်သောကြောင့်တည်း။
John BurCBCM 14:18  ငါသည် သင်တို့ကို အားကိုးရာမဲ့ ပစ်ထားလိမ့်မည် မဟုတ်။ သင်တို့ထံသို့ ငါလာဦးမည်။-
John BurCBCM 14:19  တစ်ခဏမျှကြာလျှင် ဤလောကသည် ငါ့ကို မြင်ရတော့မည် မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ကြရလိမ့်မည်။ အကြောင်းမူကား ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
John BurCBCM 14:20  ငါသည် ခမည်းတော်၌ တည်ရှိကြောင်းကိုလည်းကောင်း၊ သင်တို့သည် ငါ့၌တည်ရှိ၍ ငါသည်လည်း သင်တို့၌ တည်ရှိကြောင်းကိုလည်းကောင်း ထိုနေ့၌ သင်တို့သိကြလိမ့်မည်။-
John BurCBCM 14:21  ငါ၏ပညတ်တော်များကို ခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကို ချစ်၏။ ငါ့ကိုချစ်သောသူကို ငါ၏ခမည်းတော်သည်လည်း ချစ်တော်မူလိမ့်မည်။ ငါသည်လည်း သူ့ကိုချစ်၍ မိမိကိုယ်ကို သူ့အား ထင်ရှားပြတော်မူမည်။-
John BurCBCM 14:22  အစ္စကာရီယုဒ်မဟုတ်သော အခြားဂျုဒက ကိုယ်တော်သည် လောကီသားတို့အား မပြဘဲ တပည့်တော်တို့အား မိမိကိုယ်ကို မည်ကဲ့သို့ ထင် ရှားပြတော်မူမည်နည်းဟု မေးလျှောက်လေ၏။-
John BurCBCM 14:23  ယေဇူးက အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏စကားကိုလိုက်နာ စောင့်ထိန်းမည်။ ငါ၏ခမည်းတော်သည်လည်း သူ့ကိုချစ် တော်မူလိမ့်မည်။ ထိုအခါ ငါတို့သည် သူ့ထံသို့လာကြ၍ သူနှင့်အတူကိန်းဝပ်တော်မူမည်။-
John BurCBCM 14:24  ငါ့ကို မချစ်သောသူသည် ငါ၏စကားများကို လိုက်နာစောင့်ထိန်းခြင်းမပြုပေ။ သင်တို့ ကြားနာရသော စကားသည်လည်း ငါ၏စကား မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားဖြစ်၏။
John BurCBCM 14:25  ငါသည် သင်တို့နှင့်အတူရှိနေခိုက် ဤအကြောင်းအရာများကို သင်တို့အား ငါမှာကြားထားလေပြီ။-
John BurCBCM 14:26  သို့သော် ငါ၏နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီစောင်မသူ ဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သင်တို့အား သွန်သင်မည်ဖြစ်၍ သင်တို့အား ငါမိန့်မှာထားသမျှကို တစ်ဖန်သတိရစေတော်မူလိမ့်မည်။-
John BurCBCM 14:27  ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏။ ဤလောကက ပေးသကဲ့သို့ သင်တို့အား ငါပေးသည် မဟုတ်။ သင်တို့၏စိတ်နှလုံး၌ ပူပန်ခြင်းမရှိစေကြနှင့်။ ကြောက်ရွံ့ ခြင်းလည်းမရှိကြနှင့်။-
John BurCBCM 14:28  ငါသည် သွား၍ သင်တို့ထံသို့ တစ်ဖန်ပြန်လာမည်ဟု ငါဆိုသည်ကို သင်တို့ ကြားခဲ့ကြ၏။ သင်တို့သည် ငါ့ကိုချစ်လျှင် ဝမ်းမြောက်ကြ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော် ထံသို့သွားခြင်းဖြစ်၏။ အကြောင်းမူကား ခမည်းတော် သည် ငါ့ထက် ကြီးမြတ်တော်မူ၏။-
John BurCBCM 14:29  ဤအမှုအရာဖြစ် ပျက်သောအခါ၌ သင်တို့ယုံကြည်နိုင်ကြစေရန် မဖြစ်ပျက်မီက ကြိုတင်၍ သင်တို့အား ယခု ငါပြောထား လေပြီ။-
John BurCBCM 14:30  ငါသည် သင်တို့နှင့် စကားများစွာ ပြောဆိုနိုင်တော့မည် မဟုတ်။ အကြောင်းမူကား ဤလောကကို အစိုးရသောသူသည် ကြွလာတော့မည်။ သူသည် ငါ့အပေါ်၌ ဩဇာအာဏာမရှိချေ။-
John BurCBCM 14:31  သို့ရာတွင် ငါသည် ခမည်းတော်ကို ချစ်ကြောင်း ဤလောကသားတို့ သိစေရန် ငါ့အား ခမည်းတော် မိန့်တော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤ အရပ်မှ သွားကြကုန်စို့ဟု မိန့်တော်မူ၏။
Chapter 15
John BurCBCM 15:1  ယေဇူးက ငါသည် စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်၍ ငါ၏ခမည်းတော်သည် စပျစ်ဥယျာဉ်မှူး ဖြစ်တော်မူ၏။-
John BurCBCM 15:2  ကိုယ်တော်သည် ငါ၌အသီးမသီးသော အကိုင်းအခက်ဟူသမျှတို့ကို ဖြတ်တောက်ပစ်၍ အသီးသီးသော အကိုင်းအခက် ဟူသမျှတို့ကိုမူကား ပို၍သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်။-
John BurCBCM 15:3  သင်တို့သည်လည်း သင်တို့အား ငါဟောပြောခဲ့သောစကားအားဖြင့် ရှင်းလင်းပြုပြင်ခြင်းခံခဲ့ကြရပြီးဖြစ်၏။-
John BurCBCM 15:4  ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ပင်၏ အကိုင်းအခက်တို့သည် အပင်နှင့် တစ်ဆက်တည်း မတည်ရှိလျှင် မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်ရှိလျှင် အသီး မသီးနိုင်ကြ။-
John BurCBCM 15:5  ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်နေလျှင် သူသည် အသီးများစွာ သီးလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါနှင့် ကင်းကွာလျှင် မည်သည့် အရာကိုမျှ မတတ်နိုင်ကြ။-
John BurCBCM 15:6  အကြင်သူသည် ငါ၌ မတည်ရှိလျှင် သူသည် အကိုင်းအခက်ကဲ့သို့ လွှင့်ပစ်ခြင်းခံရ၍ ညှိုးခြောက်သွားလိမ့်မည်။ ထိုအခါ လူတို့သည် ထိုအကိုင်းအခက်တို့ကို စုသိမ်း၍ မီးထဲသို့ပစ်ချပြီး ရှို့ကြလိမ့်မည်။-
John BurCBCM 15:7  သင်တို့သည် ငါ၌တည်နေကြ၍ ငါ၏တရားတော်သည်လည်း သင်တို့၌တည်နေလျှင် သင်တို့အလိုရှိသော အရာမှန်သမျှကို တောင်းလျှောက်ပါက ထိုအရာကို သင်တို့အား ပေးတော်မူလိမ့်မည်။-
John BurCBCM 15:8  သင်တို့သည် များစွာသေ ာအသီးတို့ကို သီး၍ ငါ၏တပည့်များဖြစ်ကြောင်း သက်သေပြခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းဂုဏ်တော်သည် ထင်ရှားလေ၏။-
John BurCBCM 15:9  ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။-
John BurCBCM 15:10  ငါသည် ခမည်းတော်၏ ပညတ်တော်များကို စောင့်ထိန်း၍ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့ သည်လည်း ငါ၏ပညတ်တော်များကို စောင့်ထိန်းကြပါလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။-
John BurCBCM 15:11  ငါ၏ ဝမ်းမြောက်ခြင်းသည် သင်တို့၌ တည်ရှိစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဝမ်းမြောက်ခြင်းသည်လည်း ပြည့်စုံ စေခြင်းငှာလည်းကောင်း ဤအကြောင်းအရာများကို သင်တို့အား ငါဟောပြော၏။
John BurCBCM 15:12  ငါ၏ပညတ်သည်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။-
John BurCBCM 15:13  မိမိ၏ မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ။-
John BurCBCM 15:14  သင်တို့ကို ငါပညတ်ထားသည့်အတိုင်း လိုက်နာကျင့်ကြံကြလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။-
John BurCBCM 15:15  ငါသည် ယခုမှစ၍ သင်တို့အား အစေခံဟူ၍ ခေါ်ဆိုတော့မည်မဟုတ်။ အကြောင်းမူကား အစေခံသည် မိမိသခင်ပြုသော အမှုအရာကို မသိသောကြောင့်ဖြစ်၏။ ငါသည် သင်တို့ကို မိတ်ဆွေဟုခေါ်၏။ အကြောင်းမူကား ငါ၏ခမည်းတော်ထံမှ ငါကြားသိရသမျှ တို့ကို သင်တို့အား ငါသိစေလေပြီ။-
John BurCBCM 15:16  သင်တို့သည် ငါ့ကို ရွေးကောက်ခဲ့ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်ခဲ့ခြင်းဖြစ်ပြီး သင်တို့သည် သွား၍ အသီးသီးကြလျက် သင်တို့၏အသီးသည် အစဉ်အမြဲတည်နေမည့်အကြောင်းနှင့် ငါ၏နာမ၌ ခမည်းတော်ထံတော်သို့ သင်တို့ တောင်းလျှောက်သမျှကို ကိုယ်တော်သည် ပေးသနားတော်မူမည့်အကြောင်း သင်တို့အား ငါခန့်ထား၏။-
John BurCBCM 15:17  ထို့ကြောင့် သင်တို့သည် အချင်းချင်းချစ်ကြရန် သင်တို့အား ငါပညတ်၏။
John BurCBCM 15:18  ဤလောကသည် သင်တို့ကို မုန်းတီးလျှင် သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းတီးခဲ့ကြောင်း သိမှတ်ကြလော့။-
John BurCBCM 15:19  သင်တို့သည် ဤလောကနှင့် သက်ဆိုင်သူများ ဖြစ်ကြပါလျှင် ဤလောကသည် မိမိနှင့်သက်ဆိုင်သော သင်တို့ကို ချစ်လိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်သက် ဆိုင်သည်မဟုတ်။ ငါသည်လည်း သင်တို့ကို ဤလောကထဲမှ ရွေးကောက်ခဲ့သောကြောင့် ဤလောကသည် သင်တို့ကို မုန်းတီး၏။-
John BurCBCM 15:20  အစေခံသည် မိမိ၏သခင်ထက် မကြီးမြတ်ဟူ၍ သင်တို့အား ငါပြောခဲ့သည်ကို သတိရကြလော့။ လောကသားတို့သည် ငါ့ကို ညှဉ်းဆဲခဲ့ကြပါလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ သူတို့သည် ငါ့စကားကို လိုက်နာစောင့်ထိန်းခဲ့ကြပါလျှင် သင်တို့၏ စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။-
John BurCBCM 15:21  သို့သော် သူတို့သည် ငါ့အတွက်ကြောင့် သင်တို့၌ ဤအရာများကိုပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ငါ့အား စေလွှတ်တော်မူသောအရှင်ကို မသိကြ။ -
John BurCBCM 15:22  ငါသည် ကြွလာ၍ သူတို့အား မဟောပြောခဲ့ပါလျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမူကား သူတို့သည် မိမိတို့၏ အပြစ်အတွက် မည်သို့မျှအကြောင်း မပြနိုင်တော့ချေ။-
John BurCBCM 15:23  ငါ့ကိုမုန်းတီးသောသူသည် ငါ့ခမည်းတော်ကိုလည်း မုန်းတီး၏။-
John BurCBCM 15:24  အကယ်၍ ငါသည် မည်သူမျှ မပြုဖူးသေးသော အမှုအရာများကို သူတို့အလယ်တွင် မပြုခဲ့လျှင် သူတို့၌ အပြစ်ရှိလိမ့်မည် မဟုတ်။ ယခုမူကား သူတို့သည် မြင်ကြရလျက် ငါ့ကိုလည်းကောင်း၊ ငါ၏ခမည်းတော်ကိုလည်းကောင်း မုန်းတီးကြ၏။-
John BurCBCM 15:25  ဤသည်ကား သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းတီးကြ၏ဟူသော ပညတ်တရားကျမ်းတွင် ရေးထားသည့်အချက်ကို ပြည့်စုံစေမည့် အကြောင်းတည်း။-
John BurCBCM 15:26  ခမည်းတော်ဘုရားထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီစောင်မသူတည်းဟူသော သမ္မာတရားနှင့် သက်ဆိုင်သည့် ဝိညာဉ်တော်သည် ခမည်းတော်ထံမှ ထွက်ပေါ်လာ၍ ကြွလာတော်မူသောအခါ သူသည် ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။-
John BurCBCM 15:27  ထို့အတူ သင်တို့သည်လည်း အစဦးကပင် ငါနှင့်အတူ ရှိနေခဲ့ကြသောကြောင့် ငါ၏သက်သေခံများဖြစ်ကြ၏။
Chapter 16
John BurCBCM 16:1  သင်တို့၏ ယုံကြည်ခြင်း မပျက်ပြားစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါဟောပြော၏။-
John BurCBCM 16:2  သူတို့သည် သင်တို့ကို တရားဇရပ်များမှ နှင်ထုတ်ကြလိမ့်မည်။ သင်တို့ကို သတ်ဖြတ်သောသူတိုင်းက မိမိသည် ဘုရားသခင်အား ယဇ်ပူဇော်ခြင်းအမှုကိုပြုလေပြီဟု ထင်မှတ်သော အချိန်ကာလသည် ဧကန်မုချ ရောက်လိမ့်မည်။-
John BurCBCM 16:3  သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဤသို့ပြုကြလိမ့်မည်။-
John BurCBCM 16:4  ထိုအရာများ ဖြစ်ပျက်သည့်အချိန် ကျရောက်သောအခါ သင်တို့အား ငါပြောထားပြီးဖြစ်ကြောင်း သတိရကြစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါပြောခြင်းဖြစ်၏။
John BurCBCM 16:5  ယခုမှာမူ ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ကိုယ်တော်မည်သည့်အရပ်သို့ သွားမည်နည်းဟူ၍ သင်တို့တွင် တစ်ယောက်မျှ ငါ့ကို မမေးကြ။-
John BurCBCM 16:6  ငါသည်ကား ဤအကြောင်းအရာတို့ကို သင်တို့အား ပြောကြားသဖြင့် သင်တို့၏ စိတ်နှလုံးသည် ဝမ်းနည်းခြင်းဖြင့် ပြည့်လေပြီ။-
John BurCBCM 16:7  သို့ပင်သော်လည်း သင်တို့အား ငါအမှန်အတိုင်းဆိုရလျှင် သင်တို့၏အကျိုးအလို့ငှာ ငါသွားခြင်းဖြစ်၏။ အကြောင်းမူကား ငါမသွားလျှင် ကူညီစောင်မသောအရှင်သည် ကြွလာတော်မူလိမ့်မည် မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။-
John BurCBCM 16:8  ထိုအရှင်ကြွလာတော်မူသောအခါ ဤလောကအား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်း အကြောင်းနှင့် တရားစီရင် တော်မူခြင်းအကြောင်းတို့ကို ထင်ရှားစွာ ထုတ်ဖော်ပြတော်မူလိမ့်မည်။-
John BurCBCM 16:9  အပြစ်ဟုဆိုရခြင်းမှာ သူတို့သည် ငါ့ကို မယုံကြည်ကြသောကြောင့်ဖြစ်၏။-
John BurCBCM 16:10  ဖြောင့်မတ်ခြင်းဟုဆိုရခြင်းမှာ ငါသည် ခမည်းတော်ထံသို့ ကြွသွား၍ သင်တို့သည် ငါ့ကိုထပ်မံ၍ မြင်ကြရလိမ့်မည် မဟုတ်သောကြောင့်ဖြစ်၏။-
John BurCBCM 16:11  တရားစီရင်တော်မူခြင်းဟု ဆိုရခြင်းမှာ ဤကမ္ဘာလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းခံရသောကြောင့်ဖြစ်၏။
John BurCBCM 16:12  ငါသည် သင်တို့အား ပြောစရာအကြောင်း အရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုခံယူနိုင်ကြမည် မဟုတ်။-
John BurCBCM 16:13  သမ္မာတရား၏ ဝိညာဉ်တော် ကြွလာတော်မူသောအခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် မိမိ၏ အခွင့်အာဏာအလျောက် ဟောပြောလိမ့်မည်မဟုတ်။ သို့သော် ထိုအရှင်သည် မိမိကြားသိရသော အကြောင်းအရာများကို ဟောပြောတော်မူလိမ့်မည်။ ထို့ပြင် ထိုအရှင်သည် နောင်ဖြစ်လတ္တံ့သော အကြောင်းအရာတို့ကို သင်တို့အား ပြောကြားတော်မူလိမ့်မည်။-
John BurCBCM 16:14  ထိုအရှင်သည် ငါ၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ငါ၏တရားကိုယူ၍ သင်တို့အား ကြားသိစေမည်ဖြစ်သောကြောင့်တည်း။-
John BurCBCM 16:15  ခမည်းတော်၌ ရှိသမျှသည် ငါနှင့်သက် ဆိုင်၏။ ထို့ကြောင့် ထိုအရှင်သည် ငါနှင့်သက်ဆိုင်သော တရားကိုယူ၍ သင်တို့အား ကြားသိစေလိမ့်မည်ဟု ငါ ဆိုခြင်းဖြစ်၏။
John BurCBCM 16:16  တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရတော့မည်မဟုတ်။ တစ်ဖန် တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 16:17  ကိုယ်တော်၏ တပည့်တော်အချို့တို့က အချင်းချင်း ပြောဆိုကြသည်မှာ တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်မဟုတ်၊ တစ်ဖန် တစ်ခဏမျှ ကြာလျှင် သင်တို့သည် ငါ့ကို တွေ့ မြင်ကြရလိမ့်မည်၊ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဟူ၍ ငါတို့အား ကိုယ်တော်မိန့်တော်မူသောစကားသည် မည်သည့်အရာကို ဆိုလိုသနည်းဟု ဆိုကြ၏။-
John BurCBCM 16:18  တစ်ဖန် သူတို့က ကိုယ်တော်သည် တစ်ခဏမျှဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။ ကိုယ်တော်မည်သည့်အရာကို ဆိုလိုကြောင်း ငါတို့မသိကြဟုဆိုကြ၏။-
John BurCBCM 16:19  ယေဇူးမူကား သူတို့သည် မိမိအား မေးမြန်းလိုကြောင်းကို သိသဖြင့် သူ တို့အား မိန့်တော်မူသည်မှာ တစ်ခဏမျှကြာလျှင် သင်တို့ သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်မဟုတ်။ တစ်ဖန် တစ် ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြလိမ့်မည် ဟူ၍ ငါဆိုသည်ကို သင်တို့အချင်းချင်း မေးမြန်းနေကြသလော။-
John BurCBCM 16:20  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။ သို့ရာတွင် ဤလောကသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြရသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲလိမ့်မည်။-
John BurCBCM 16:21  အမျိုးသမီးတစ်ဦးသည် သားဖွားရသောအချိန် ရောက်သောအခါ ဝေဒနာပြင်းစွာခံစားရသဖြင့် ဝမ်းနည်းခြင်းရှိ၏။ သို့သော် သူမသည် သားဖွားပြီးလျှင်မူ မိမိခံစားခဲ့ရသော ဝေဒနာကို သတိမရတော့ချေ။ အကြောင်းမူကား ဤလောကအတွင်းသို့ သူငယ်တစ်ယောက် ဖွားမြင်လာခြင်းအတွက် ဝမ်းမြောက်သောကြောင့်ဖြစ်၏။-
John BurCBCM 16:22  ထိုနည်းတူ သင်တို့သည်လည်း ယခုအခါ ဝမ်းနည်းလျက်ရှိကြ၏။ သို့သော် ငါသည် သင်တို့နှင့် တစ်ဖန်ပြန်တွေ့သောအခါ သင်တို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုအခါ မည်သူကမျှ သင်တို့၏ ဝမ်းမြောက်ခြင်းကို သင်တို့ထံမှ ယူသွား လိမ့်မည်မဟုတ်။-
John BurCBCM 16:23  ထိုနေ့၌ သင်တို့သည် ငါ့အား မည်သည့်အရာကိုမျှ မေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် ငါ၏ခမည်းတော်ထံ တစ်စုံတစ်ခုကို တောင်းလျှောက်ကြလျှင် ကိုယ်တော်သည် ငါ၏နာမ၌ သင်တို့အား ထိုအရာကို ပေးတော်မူလိမ့်မည်။-
John BurCBCM 16:24  ယခုတိုင်အောင် သင်တို့သည် ငါ၏နာမ၌ မည်သည့်အရာကိုမျှ မတောင်းခံကြသေး။ တောင်းလျှောက်ကြလော့။ ထိုအခါ သင်တို့သည် ရရှိကြ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံလိမ့်မည်။
John BurCBCM 16:25  ငါသည် ဤအကြောင်းအရာများကို ပုံဥပမာဖြင့် သင်တို့အား ဟောပြောခဲ့၏။ ပုံဥပမာဖြင့် မဟောပြောဘဲ ခမည်းတော် အကြောင်းကို သင်တို့အား ငါအတိအလင်း ဟောပြောရမည့်အချိန် ရောက်လာတော့မည်။-
John BurCBCM 16:26  ထိုနေ့ရက်တွင် သင်တို့သည် ငါ၏နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ ငါသည် သင်တို့အတွက် ခမည်းတော်ထံသို့ တောင်းလျှောက်ပေးမည်ဟု သင်တို့အား ငါမဆိုပေ။-
John BurCBCM 16:27  အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ခမည်းတော်ထံမှ ကြွလာသည်ကို ယုံကြည်ကြသဖြင့် ခမည်းတော် ကိုယ်တိုင် သင်တို့ကို ချစ်တော်မူသောကြောင့်ဖြစ် ၏။-
John BurCBCM 16:28  ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကထဲ သို့လာခဲ့ပြီ။ တစ်ဖန်ငါသည် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ပြန်သွားမည်ဟု မိန့်တော်မူ၏။
John BurCBCM 16:29  တပည့်တော်တို့က ယခုကိုယ်တော်သည် ပုံဥပမာ မဖော်ဆောင်ဘဲ အတိအလင်းမိန့်တော်မူလေပြီ။-
John BurCBCM 16:30  ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို သိတော်မူကြောင်းနှင့် မည်သူကမျှ ကိုယ်တော့်ကို မေးမြန်းစုံစမ်းခြင်းငှာ မလိုအပ်ကြောင်းတို့ကို ယခုတပည့်တော်တို့သိကြပါပြီ။ ဤအမှုအရာအားဖြင့် ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာ တော်မူကြောင်းကို တပည့်တော်တို့ ယုံကြည်ကြပါသည်ဟု လျှောက်ထားကြ၏။-
John BurCBCM 16:31  ယေဇူးကလည်း သူတို့အား ယခု သင်တို့ယုံကြည်ကြပြီလော။-
John BurCBCM 16:32  သင်တို့သည် တကွဲတပြားဖြစ်ကြ၍ အသီးသီး မိမိတို့၏အိမ်သို့ထွက် ပြေးကြလျက် ငါ့ကိုလည်း တစ်ဦးတည်း ထားရစ်ခဲ့မည့် အချိန်နာရီသည် ရောက်လာလိမ့်မည်။ ယခုပင်ရောက် လာလေပြီ။ သို့ရာတွင် ငါသည် တစ်ဦးတည်းမဟုတ်။ အကြောင်းမူကား ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ သောကြောင့်ဖြစ်၏။-
John BurCBCM 16:33  သင်တို့သည် ငါ၌ငြိမ်းချမ်းသာယာခြင်းကို ရရှိစေခြင်းငှာ ငါသည် သင်တို့အား ဤအကြောင်းအရာကို ဟောပြော၏။ သင်တို့သည် ဤလောကတွင် ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံကြရလိမ့်မည်။ သို့သော် စိတ်ပျက်အားငယ်ခြင်း မရှိကြနှင့်။ ငါသည် ဤလောကကို အောင်မြင်ခဲ့လေပြီဟု မိန့်တော်မူ၏။
Chapter 17
John BurCBCM 17:1  ဤသို့မိန့်မြွက်တော်မူပြီးနောက် ယေဇူးသည် ကောင်းကင်သို့ မျှော်ကြည့်လျက် မြွက်ဆိုသည်ကား အိုအဖ၊ အချိန်နာရီ ကျရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေနိုင်ရန် အလို့ ငှာ သားတော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေတော်မူပါ။-
John BurCBCM 17:2  အကြောင်းမူကား ကိုယ်တော်သည် သားတော်၏ လက်သို့အပ်နှံထားသော သူအပေါင်းတို့အား ထာ၀ရအသက်ကို ပေးစေခြင်းငှာ လူသားအားလုံးအပေါ်၌ အုပ်စိုးရသော တန်ခိုးအာဏာကို သားတော်အား ပေးတော်မူ၏။-
John BurCBCM 17:3  ထာ၀ရအသက်ဟူမူကား စစ်မှန်သောဘုရား တစ်ဆူတည်းဖြစ်သည့် ကိုယ်တော့်ကိုလည်းကောင်း၊ ကိုယ်တော် စေလွှတ်တော်မူသော ယေဇူးခရစ်တော်ကိုလည်းကောင်း သူတို့သိမှတ်ဝန်ခံကြခြင်းပင်ဖြစ်၏။-
John BurCBCM 17:4  အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော အမှုတော်တို့ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြင့် အကျွန်ုပ်သည် ဤကမ္ဘာမြေကြီးပေါ်၌ ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါပြီ။-
John BurCBCM 17:5  အိုအဖ၊ ဤကမ္ဘာမြေမတည်ရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်စံစားခဲ့ရသည့် ဘုန်းဂုဏ်တော်ကို အကျွန်ုပ်အား ကိုယ်တော်၏ရှေ့တော်တွင် ယခု ပေးတော်မူပါ။
John BurCBCM 17:6  ဤလောကထဲမှ ကိုယ်တော်ရွေးချယ်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ဖော်ပြခဲ့ပါပြီ။ သူတို့ကို ကိုယ်တော် ပိုင်ဆိုင်တော်မူပြီး ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်အား ပေးတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို လိုက်နာစောင့်ထိန်းကြပါပြီ။-
John BurCBCM 17:7  အကျွန်ုပ်အား ပေးတော်မူသော အရာဟူသမျှသည် ကိုယ်တော့်ထံမှ ဖြစ်ကြောင်းကို ယခုသူတို့ သိရှိကြပါပြီ။-
John BurCBCM 17:8  အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော နှုတ်တော်ထွက်တရားတော်များကို အကျွန်ုပ်သည် သူတို့အား ပေးပါ၏။ သူတို့သည်လည်း နှုတ်တော်ထွက်တရားတော်ကို ခံယူကြ၍ အကျွန်ုပ်သည် ကိုယ်တော်၏အထံတော်မှ လာကြောင်းကို သူတို့အမှန်ပင် သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ ယုံကြည်ကြပါ၏။-
John BurCBCM 17:9  အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပါ၏။ ဤလောကအတွက် အကျွန်ုပ်ဆုမတောင်းပါ။ သို့သော်လည်း အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော သူတို့သည် ကိုယ်တော်ပိုင်ဆိုင်သော သူများဖြစ်သောကြောင့် သူတို့အတွက် အကျွန်ုပ်ဆုတောင်းပါ၏။-
John BurCBCM 17:10  အကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ပိုင်ပါ၏။ ကိုယ်တော်၌ ရှိသမျှကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထိုသူများအားဖြင့် အကျွန်ုပ်၏ဘုန်းထင်ရှားပါ၏။-
John BurCBCM 17:11  အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ လာမည်ဖြစ်၍ ဤလောကတွင် ရှိတော့မည် မဟုတ်ပါ။ သို့သော် သူတို့မူကား ဤလောကတွင် ရှိနေကြပါမည်။ သန့်ရှင်းမွန်မြတ်တော်မူသောအဖ၊ အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားသော သူတို့သည် အကျွန်ုပ်တို့ကဲ့သို့ တစ်လုံးတစ်၀တည်း ရှိကြစေရန် ကိုယ်တော်၏ နာမတော်၌ စောင့်ရှောက်တော်မူပါ။-
John BurCBCM 17:12  အကျွန်ုပ်သည် အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားတော်မူသော သူတို့နှင့်အတူရှိစဉ် ကိုယ်တော်၏နာမတော်၌ သူတို့ကို စောင့် ရှောက်ခဲ့ပါ၏။ အကျွန်ုပ်သည် သူတို့ကိုစောင့်ကြပ်ခဲ့ပါပြီ။ ကျမ်းချက်ပြည့်စုံစေခြင်းငှာ ပျက်စီးရမည့်သူတစ်ဦးမှ တစ်ပါး အခြားမည်သူမျှ ပျက်စီးခြင်းသို့ မရောက်ရှိပါ။
John BurCBCM 17:13  ယခုမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ လာမည်ဖြစ်၍ အကျွန်ုပ်၏ဝမ်းမြောက်ခြင်းသည် သူတို့၌ ပြီးပြည့်စုံစေရန် ဤလောကတွင်ရှိနေစဉ် အကျွန်ုပ်သည် ဤအကြောင်းအရာများကို ပြောဆိုခဲ့ပါ၏။-
John BurCBCM 17:14  အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို သူတို့အား ပေးခဲ့ပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြသောကြောင့် ဤလောကသည် သူတို့ကို မုန်းတီးပါ၏။-
John BurCBCM 17:15  ကိုယ်တော်သည် သူတို့ကို ဤလောကအတွင်းမှ ထုတ်ဆောင်တော်မူရန် အကျွန်ုပ် မတောင်းလျှောက်ပါ။ သို့သော် သူတို့ကို နတ်ဆိုး၏လက်မှ ကင်းလွတ်စေတော်မူပါမည့်အကြောင်း အကျွန်ုပ်တောင်းလျှောက်ပါ၏။-
John BurCBCM 17:16  အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြပါ။-
John BurCBCM 17:17  သူတို့ကို သမ္မာတရားတော်၌ သန့်ရှင်းမွန်မြတ်စေတော်မူပါ။ ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်သည် သမ္မာတရား ဖြစ်တော်မူ၏။-
John BurCBCM 17:18  ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကထဲသို့ စေလွှတ်ခဲ့ပါ၏။-
John BurCBCM 17:19  အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ပါ၏။ သို့မှသာ သူတို့သည်လည်း သမ္မာတရားတော်၌ ဆက်ကပ်ပူဇော် ကြပါလိမ့်မည်။
John BurCBCM 17:20  အကျွန်ုပ်သည် သူတို့အတွက်သာမက သူတို့၏ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်လာမည့် သူများအတွက်လည်း ဆုတောင်းပါ၏။-
John BurCBCM 17:21  အိုအဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌လည်းကောင်း တည်ရှိသကဲ့သို့ သူတို့သည် တစ်လုံးတစ်၀တည်းရှိကြပြီး အကျွန်ုပ်တို့၌လည်း တည်ရှိစေတော်မူပါ။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤလောကသည် ယုံကြည်ပါလိမ့်မည်။-
John BurCBCM 17:22  ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်၀တည်း ရှိသကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်၀တည်း ရှိကြစေရန် အကျွန်ုပ်သည် ကိုယ်တော်ပေးတော်မူသော ဘုန်းဂုဏ်တော်ကို သူတို့အား ပေးပါပြီ။-
John BurCBCM 17:23  အကျွန်ုပ်သည် သူတို့၌လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း တည်ရှိသဖြင့် သူတို့သည် ပြည့်စုံစွာ တစ်လုံးတစ်၀တည်း ရှိကြပါလိမ့်မည်။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ ကိုလည်း ကိုယ်တော်ချစ်တော်မူကြောင်းတို့ကို ဤလော ကသည် သိရှိပါလိမ့်မည်။
John BurCBCM 17:24  အိုအဖ၊ ကမ္ဘာမတည်ရှိမီကပင် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော်၌ အကျွန်ုပ်ကို ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အကျွန်ုပ်ထံသို့ ကိုယ်တော်အပ်နှံထားသော သူတို့မြင်ကြစေရန် သူတို့ကိုလည်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိစေလိုပါသည်။-
John BurCBCM 17:25  ဖြောင့်မတ်တော်မူသော အိုအဖ၊ ဤလောကသည် ကိုယ်တော့်ကို မသိသော်လည်း အကျွန်ုပ်သည် ကိုယ်တော့်ကို သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကိုလည်း ဤသူတို့သိကြပါ၏။-
John BurCBCM 17:26  အကျွန်ုပ်အပေါ်၌ ကိုယ်တော်ထားတော်မူသော ချစ်ခြင်းမေတ္တာတော်သည် သူတို့၌ တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်ရှိစေခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ နောင်အခါတွင်လည်း သိစေပါဦးမည်ဟု ဆုတောင်းတော်မူ၏။
Chapter 18
John BurCBCM 18:1  ယေဇူးသည် ဤစကားများကို မြွက်ဆိုပြီးသောအခါ တပည့်တော်တို့နှင့်အတူ ကီဒရွန်ချောင်း တစ်ဖက်သို့ကြွတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်နှင့် တပည့်တော်တို့သည် ဥယျာဉ်ထဲသို့ ဝင်ကြ၏။-
John BurCBCM 18:2  ကိုယ်တော့်ကိုအပ်နှံမည့် ဂျုဒသည်လည်း ထိုနေရာကိုသိလေ၏။ အကြောင်းမူကား ယေဇူးသည် တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ မကြာခဏ တွေ့ဆုံလေ့ရှိ သောကြောင့်တည်း။-
John BurCBCM 18:3  ထို့ကြောင့် ဂျုဒသည် ရောမစစ်သူရဲတစ်စုကိုလည်းကောင်း၊ ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့ထံမှ အစောင့် အချို့တို့လည်းကောင်း ခေါ်ဆောင်၍ မီးအိမ်၊ မီးတုတ်နှင့် လက်နက်များကို ကိုင်ဆောင်ကာ ထိုနေရာသို့လာကြ၏။-
John BurCBCM 18:4  ယေဇူးသည်လည်း မိမိ၌ဖြစ်လတ္တံ့သော အကြောင်းအရာအလုံးစုံတို့ကို သိမြင်ပြီးဖြစ်၍ ရှေ့သို့ထွက်လာပြီးလျှင် သင်တို့သည် မည်သူ့ကို ရှာကြသနည်းဟု သူတို့အား မေးတော်မူ၏။-
John BurCBCM 18:5  သူတို့က နာဇရက်မြို့သား ယေဇူးကိုရှာကြပါသည်ဟု ဆိုကြ၏။ ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော့်ကို အပ်နှံသော ဂျုဒသည်လည်း သူတို့နှင့်အတူ ရပ်လျက်နေ၏။-
John BurCBCM 18:6  ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု မိန့် တော်မူသောအခါ သူတို့သည် နောက်သို့လန်၍ မြေပေါ် သို့လဲကျကြ၏။-
John BurCBCM 18:7  ထို့နောက် ယေဇူးက သင်တို့သည် မည်သူ့ကိုရှာကြသနည်းဟု တစ်ဖန်ပြန်၍မေးတော်မူ၏။ သူတို့ကလည်း နာဇရက်မြို့သား ယေဇူးကိုရှာကြပါသည်ဟု ဆိုကြ၏။-
John BurCBCM 18:8  ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု သင်တို့အား ငါပြောခဲ့လေပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့ကို သွားခွင့်ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 18:9  ဤကဲ့သို့မိန့်တော်မူခြင်းမှာ အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူ တစ်စုံတစ်ယောက်မျှ ပျက်စီးခြင်းသို့ မရောက်ရဟု ကိုယ်တော်မိန့်ဆိုခဲ့သည့် စကားပြည့်စုံစေမည့်အကြောင်းတည်း။-
John BurCBCM 18:10  ထိုအခါ စီမွန်ပေတရုသည် မိမိ၌ ဓားပါလာသဖြင့် ဓားကိုဆွဲထုတ်၍ ရဟန်းအကြီးအကဲ၏ အစေခံတစ်ယောက်ကို ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက် ပြတ်လေ၏။ ထိုအစေခံ၏ အမည်ကား မာလကုဖြစ်သတည်း။-
John BurCBCM 18:11  ယေဇူးကလည်း သင်၏ဓားကို ဓားအိမ်၌ ပြန်သွင်းလော့။ ငါ့အား ခမည်းတော် ပေးတော်မူသော ခွက်ဖလားကို ငါမသောက်ဘဲ နေရမည်လောဟု ပေတရုအား မိန့်တော်မူ၏။
John BurCBCM 18:12  ထို့နောက် ရောမစစ်သူရဲများ၊ ၎င်းတို့၏တပ်မှူးနှင့် ဂျူးလူမျိုးတို့ထံမှ အစောင့်တို့သည် ယေဇူးကို ဖမ်းဆီးချည်နှောင်ကာ၊-
John BurCBCM 18:13  အန္နားထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နားသည် ထိုနှစ်တွင် ရဟန်းအကြီးအကဲဖြစ်သော ကာအိဖ၏ ယောက္ခမ ဖြစ်သောကြောင့်တည်း။-
John BurCBCM 18:14  ကာအိဖသည်ကား လူအပေါင်းတို့အဖို့ လူတစ်ဦးအသေခံရခြင်းသည် ပို၍ကောင်း၏ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူ ဖြစ်သတည်း။
John BurCBCM 18:15  စီမွန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးသည် ယေဇူး၏နောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ရဟန်းအကြီးအကဲနှင့် သိကျွမ်းသဖြင့် ယေဇူးနှင့်အတူ ရဟန်းအကြီးအကဲ၏ အိမ်တော်ဝင်းအတွင်းသို့ ဝင်လေ၏။-
John BurCBCM 18:16  ပေတရုမူကား ဝင်းတံခါးအပြင်တွင် ရပ်နေခဲ့ရသောကြောင့် ရဟန်းအကြီးအကဲနှင့် သိကျွမ်းသော တပည့်တော်သည် ဝင်းတံခါးအပြင်သို့ ထွက်သွားပြီးလျှင် တံခါးစောင့်အမျိုးသမီးအား ပြော၍ ပေတရုကို အိမ်တော်ဝင်းအတွင်းသို့ ခေါ်ဆောင်ခဲ့လေ၏။-
John BurCBCM 18:17  ထိုအခါ တံခါးစောင့်အမျိုးသမီးက ပေတရုအား သင်သည်လည်း ထိုသူ၏ တပည့်များထဲမှ တစ်ဦးဖြစ်သည် မဟုတ်လောဟု မေးလျှင် ပေတရုက ငါမဟုတ်ဟုဆို၏။-
John BurCBCM 18:18  ထို့နောက် ရဟန်းအကြီးအကဲ၏ အစေခံများနှင့် အစောင့်တို့သည် ချမ်းအေးသောကြောင့် မီးသွေးဖြင့်မီးဖို၍ ပတ်လည်တွင်ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေလေ၏။
John BurCBCM 18:19  ထိုအခါ ရဟန်းအကြီးအကဲသည် ယေဇူးအား တပည့်တော်တို့၏ အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ တရားတော်အကြောင်းကိုလည်းကောင်း မေးမြန်းလေ၏။-
John BurCBCM 18:20  ယေဇူးက သူ့အား ပြန်ပြောတော်မူသည်ကား ငါသည် လူအပေါင်းတို့၏ရှေ့တွင် ပွင့်လင်းစွာဟောပြောခဲ့ပါ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာ တရားဇရပ်များနှင့် ဗိမာန်တော်တွင် အစဉ်ဟောပြောသွန်သင်ခဲ့၏။ ငါသည် မည်သည့်အရာကိုမျှ လျှို့ဝှက်စွာ မဟောပြောခဲ့ပေ။-
John BurCBCM 18:21  သင်တို့သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းကြသနည်း။ ငါဟောပြောခဲ့သည့် အကြောင်းအရာများကို ကြားနာခဲ့ပြီးသော သူတို့အား မေးမြန်းကြပါလော့။ သူတို့သည် ငါဟောပြောသမျှကို သိကြ၏ဟု မိန့်တော်မူ၏။-
John BurCBCM 18:22  ကိုယ်တော်သည် ဤသို့မိန့်တော်မူလျှင် အနီး၌ရပ်လျက် နေသော အစောင့်များထဲမှ တစ်ယောက်က ယေဇူး၏ပါးကိုရိုက်၍ သင်သည် ရဟန်းအကြီးအကဲကို ဤသို့ဖြေကြားရသလောဟု ဆိုလေ၏။-
John BurCBCM 18:23  ယေဇူးက ငါပြောသော စကားမှားလျှင် မှားကြောင်းကို ထောက်ပြပါလော့။ ငါ၏ စကားမှန်လျှင်မူကား အဘယ်ကြောင့် ငါ့ကိုရိုက်သနည်းဟု ပြန်ပြောတော်မူ၏။-
John BurCBCM 18:24  ထို့နောက် အန္နားသည် ကိုယ်တော့်ကို ချည်နှောင်စေလျက် ရဟန်းအကြီးအကဲဖြစ်သူ ကာအိဖထံသို့ ပို့စေ၏။
John BurCBCM 18:25  စီမွန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ်တွင် သူတို့က သင်သည်လည်း ထိုသူ၏တပည့်များထဲမှ တစ်ဦးဖြစ်သည် မဟုတ်လောဟု မေးကြပြန်လျှင် ပေတရုက ငါမဟုတ်ဟု ငြင်းဆိုလေ၏။-
John BurCBCM 18:26  ပေတရုဓားနှင့် ခုတ်သဖြင့် နားရွက်ပြတ်သောသူ၏ ဆွေမျိုးဖြစ်ပြီး ရဟန်းအကြီးအကဲ၏ အစေခံတစ်ဦးလည်း ဖြစ်သူက သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်၌ ငါမြင်ခဲ့ရသည်မဟုတ်လောဟု ဆို၏။-
John BurCBCM 18:27  ပေတရုကလည်း ငါမဟုတ်ဟု တစ်ဖန်ငြင်းဆို၏။ ထိုခဏချင်းတွင် ကြက်ဖတွန်လေ၏။
John BurCBCM 18:28  ထို့နောက် သူတို့သည် ယေဇူးကို ကာအိဖထံမှ ရောမဘုရင်ခံ၏ အိမ်တော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ ဂျူးလူမျိုးတို့သည် ပါစကားညစာစားပွဲတွင် ပါဝင်စားသောက်နိုင်ရန် မိမိတို့ကိုယ်ကို ညစ်ညူးခြင်းသို့ မရောက်စေလိုသဖြင့် အိမ်တော်ထဲသို့ ကိုယ်တိုင်မဝင်ကြ။-
John BurCBCM 18:29  သို့ဖြစ်၍ ပီလာတုမင်းသည် သူတို့ထံသို့ ထွက်လာပြီးလျှင် သင်တို့သည် ဤသူ့အပေါ် မည်သည့်စွပ်စွဲချက်ကို တင်လိုကြသနည်းဟု မေးလေ၏။-
John BurCBCM 18:30  ထိုအခါ သူတို့က ဤသူသည် ပြစ်မှုကျူးလွန်သူ မဟုတ်ပါလျှင် အကျွန်ုပ်တို့သည် သူ့ကို အရှင့်ထံသို့ အပ်မည်မဟုတ်ပါဟု ပြန်ဖြေကြ၏။-
John BurCBCM 18:31  ပီလာတုမင်းကလည်း သင်တို့ကိုယ်တိုင်ပင် သူ့ကိုခေါ်ဆောင်သွားကြ၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြလော့ဟု သူတို့အား ဆို၏။ ဂျူးလူမျိုးတို့က အကျွန်ုပ်တို့သည် မည်သူ့ကို မျှ သတ်ပိုင်ခွင့်မရှိပါဟု ပြန်ဖြေကြ၏။-
John BurCBCM 18:32  ဤသည်ကား မိမိသည် မည်ကဲ့သို့သော သေခြင်းဖြင့် သေရမည်ကို ယေဇူးကိုယ်တော်တိုင် မိန့်မြွက်ခဲ့သော စကားပြည့်စုံခြင်းသို့ ရောက်စေမည့်အကြောင်းတည်း။
John BurCBCM 18:33  ထိုအခါ ပီလာတုမင်းသည် အိမ်တော်ထဲသို့ပြန်ဝင်၍ ယေဇူးကိုခေါ်ပြီးလျှင် သင်သည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင် ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။-
John BurCBCM 18:34  ယေဇူးက မင်းကြီးသည် ဤစကားကို မိမိအလိုအလျောက် ဆိုသလော။ သို့မဟုတ်လျှင် ငါ၏အကြောင်းကို တစ်ပါးသူတို့က မင်းကြီးအား ပြောပြထားသလောဟု မေးတော်မူ၏။-
John BurCBCM 18:35  ပီလာတုမင်းကလည်း ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏လူမျိုးနှင့် ရဟန်းအကြီးအကဲတို့သည် သင့်ကို ငါ့လက်သို့ အပ်ခဲ့ကြပြီ။ သင်သည် အဘယ်အမှုကို ပြုခဲ့သနည်းဟု မေးလေ၏။-
John BurCBCM 18:36  ယေဇူးက ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးတို့၏ လက်သို့အပ်နှံခြင်း မခံရအောင် ငါ၏အမှုထမ်းများသည် တိုက်ခိုက်ကြလိမ့်မည်။ သို့သော် ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည် မဟုတ်ဟု မိန့်တော်မူ၏။-
John BurCBCM 18:37  ပီလာတုမင်းက ဤသို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်ဖြစ်သလောဟု မေး၏။ ယေဇူးက မင်းကြီးဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို ဟောပြောခြင်းငှာ မွေးဖွားခြင်းခံခဲ့၍ ဤအတွက်ကြောင့် လောကသို့ ကြွလာ၏။ သမ္မာတရားနှင့် သက်ဆိုင်သူ ဟူသမျှ သည် ငါ၏စကားကိုနားထောင်ကြ၏ဟု မိန့်တော်မူ၏။-
John BurCBCM 18:38  ပီလာတုမင်းက သမ္မာတရားကား အဘယ်အရာနည်းဟု မေးလေ၏။
John BurCBCM 18:39  ထိုစကားကို ဆိုပြီးမှ ပီလာတုမင်းသည် ဂျူးလူမျိုးတို့ထံသို့ တစ်ဖန်ထွက်သွားပြီးလျှင် ဤသူ၌ ပြစ်မှုတစ်စုံတစ်ခုမျှ ငါမတွေ့။ သို့သော် ပါစကားပွဲတော်အချိန်တွင် ငါသည် သင်တို့အတွက် လူတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး သောထုံးစံရှိ၏။ သို့ဖြစ်၍ ငါသည် သင်တို့အတွက် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ကို လွှတ်ပေးစေလိုသလောဟု သူတို့အား မေးလေ၏။-
John BurCBCM 18:40  သူတို့က ဤသူ့ကိုမဟုတ်၊ ဘာရာဘကို လွှတ်ပေးပါဟု တစ်ဖန်ဟစ်အော်ကြပြန်၏။ ဘာရာဘသည်ကား ဓားပြတစ်ဦး ဖြစ်၏။
Chapter 19
John BurCBCM 19:1  ထို့ကြောင့် ပီလာတုမင်းသည် ယေဇူးကို ခေါ်ဆောင်သွားစေပြီးလျှင် ကြိမ်နှင့်ရိုက်စေ၏။-
John BurCBCM 19:2  စစ်သူရဲတို့သည်လည်း ဆူးခက်ဖြင့်ပြီးသော ဦးရစ်သရဖူကို ပြုလုပ်၍ ကိုယ်တော်၏ ဦးခေါင်းတော်ပေါ်၌ တင်ကြပြီး ခရမ်းရောင်ဝတ်ရုံကိုလည်း ကိုယ်တော့်အပေါ် ခြုံပေးကြ၏။-
John BurCBCM 19:3  ထို့နောက် သူတို့သည် အထံတော်သို့ချဉ်းကပ်၍ ဂျူးလူမျိုးတို့၏ဘုရင်၊ ကျန်းမာပါစေဟုဆိုကြလျက် ကိုယ်တော်၏ပါးကို ရိုက်ကြ၏။-
John BurCBCM 19:4  ပီလာတုမင်းသည် အပြင်သို့ တစ်ဖန်ထွက်ပြီး လူအစုအဝေးတို့အား ငါသည် ဤသူ၌ အပြစ်တစ်စုံတစ်ခုမျှ မတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ သင်တို့ထံသို့ သူ့ကိုခေါ်ထုတ်ခဲ့ပြီဟု ဆို၏။-
John BurCBCM 19:5  ထိုအခါ ယေဇူးသည် ဆူးခက်ဖြင့် ပြုလုပ်ထားသော သရဖူကိုဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အပြင်သို့ ထွက်တော်မူလျှင် ပီလာတုမင်းက ဤသူ့ကိုကြည့်ကြလော့ဟု ဆို၏။-
John BurCBCM 19:6  ရဟန်းအကြီးအကဲများနှင့် အစောင့်တို့သည် ကိုယ်တော့်ကိုမြင်ကြလျှင် သူ့ကို လက်ဝါးကပ်တိုင်တင်ပါ၊ သူ့ကို လက်ဝါးကပ်တိုင် တင်ပါဟု ဟစ်အော်ကြ၏။ ပီလာတုမင်းက သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင် တင်ကြလော့။ အကြောင်းမူကား ငါသည် သူ့၌ အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့ဟုဆို၏။-
John BurCBCM 19:7  ဂျူးလူမျိုးတို့ကလည်း အကျွန်ုပ်တို့၌ ပညတ်ဥပဒေတစ်ခုရှိ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏ သားတော်ဟု ဆိုသောကြောင့် ထိုပညတ်ဥပဒေအရ သူသည် သေဒဏ်ခံထိုက်သည်ဟု ပီလာတုမင်းအား ပြန်ပြောကြ၏။
John BurCBCM 19:8  ထိုစကားကို ပီလာတုမင်းကြားလျှင် ပို၍ကြောက် ရွံ့လာလေ၏။-
John BurCBCM 19:9  သို့ဖြစ်၍ သူသည် အိမ်တော်ထဲသို့ တစ်ဖန်ပြန်ဝင်ပြီးလျှင် ယေဇူးအား သင်သည် မည်သည့်အရပ်က လာသနည်းဟု မေးတော်မူ၏။ ယေဇူးမူကား တစ်ခွန်းမျှ ပြန်ဖြေတော်မမူပေ။-
John BurCBCM 19:10  ထို့ကြောင့် ပီလာတုမင်းက သင်သည် ငါနှင့်စကားပြောရန် အလိုမရှိသလော။ ငါသည် သင့်ကိုလွှတ်ပိုင်သည်ကို လည်းကောင်း၊ လက်ဝါးကပ်တိုင် တင်ပိုင်သည်ကိုလည်းကောင်း သင်မသိပါသလောဟု ကိုယ်တော်အား မေးလေ၏။-
John BurCBCM 19:11  ယေဇူးက မင်းကြီးသည် အထက်အရပ်မှအခွင့်မရခဲ့ပါလျှင် ငါ့ကို မည်သို့မျှ ပြုလုပ်ပိုင်ခွင့်မရှိ။ ထို့ကြောင့် ငါ့ကို မင်းကြီး၏ လက်သို့ အပ်နှံခဲ့သောသူသည် ပို၍အပြစ်ကြီး၏ဟု သူ့အား မိန့်တော်မူ၏။
John BurCBCM 19:12  ထိုအချိန်မှစ၍ ပီလာတုမင်းသည် ယေဇူးကို လွှတ်ပေးနိုင်မည့်နည်းလမ်းကို ရှာကြံလေ၏။ သို့သော် ဂျူးလူမျိုးတို့က ဤသူ့ကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဧကရာဇ်မင်း၏ အဆွေတော်မဟုတ်။ မိမိကိုယ်ကို ရှင်ဘုရင်ဟု ဆိုသောသူ မည်သူမဆို ဧကရာဇ်မင်းကို ဆန့်ကျင်သောသူဖြစ်သည်ဟု ဟစ်အော်ကြ၏။-
John BurCBCM 19:13  ပီလာတုမင်းသည် ဤစကားကိုကြားလျှင် ယေဇူးကို အပြင်သို့ခေါ် ဆောင်ခဲ့ပြီးမှ ဟေဗြေဦးဘာသာအားဖြင့် ဂဗ္ဗသဟုခေါ် ဆိုသော ကျောက်ဖျာပေါ်ရှိ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။-
John BurCBCM 19:14  ထိုနေ့သည်ကား ပါစကားပွဲတော်အတွက် ပြင်ဆင်ရသောအဖိတ်နေ့ဖြစ်ပြီး အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ပီလာတုမင်းက သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ဂျူးလူမျိုးတို့အား ဆိုလေ၏။-
John BurCBCM 19:15  ထိုအခါ သူတို့က သူ့ကိုထုတ်ပါ၊ သူ့ကို ထုတ်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင် တင်ပါဟု ဟစ်အော်ကြ၏။ ပီလာတုမင်းက ငါသည် သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင် တင်ရမည်လောဟု သူတို့အားမေးလျှင် ရဟန်းအကြီးအကဲတို့က ငါတို့၌ ဆီဇာဧကရာဇ်မင်း မှတစ်ပါး အခြားသော ရှင်ဘုရင်မရှိပါဟု ပြန်ပြောကြ၏။-
John BurCBCM 19:16  ထိုအခါ ပီလာတုမင်းသည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင် တင်စေခြင်းငှာ သူတို့၏လက်သို့ အပ်လိုက်လေ၏။
John BurCBCM 19:17  သို့ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြ၏။ ကိုယ်တော်သည် မိမိ၏ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ဟေဗြေဦးဘာသာဖြင့် ဂေါလ်ဂေါသဟု ခေါ်ဆို၍ ဦးခေါင်းခွံအရပ်ဟု အမည်တွင်သော အရပ်သို့ ကြွတော်မူ၏။-
John BurCBCM 19:18  ထိုအရပ်၌ သူတို့ သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြလေ၏။ သူတို့သည် ကိုယ်တော့်ကို အလယ်တွင်ထားလျက် အခြားသူနှစ်ဦးကိုလည်း ကိုယ်တော်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ထားကာ လက်ဝါးကပ်တိုင်တင်ကြ၏။-
John BurCBCM 19:19  ပီလာတုမင်းသည်လည်း ကမ္ပည်းလိပ်စာရေး၍ ကိုယ်တော်၏ လက်ဝါးကပ်တိုင်ပေါ်တွင် ကပ်ထားစေ၏။ ထိုကမ္ပည်း လိပ်စာသည်ကား ဂျူးလူမျိုးတို့၏ရှင်ဘုရင်၊ နာဇရက်မြို့သား ယေဇူးဟူ၍ဖြစ်၏။-
John BurCBCM 19:20  ယေဇူးကို လက်ဝါးကပ်တိုင် တင်သောအရပ်သည် မြို့နှင့်နီးသဖြင့် များစွာသော ဂျူးလူမျိုးတို့သည် ထိုကမ္ပည်းလိပ်စာကို ဖတ်ကြ၏။ ထိုကမ္ပည်းလိပ်စာကိုလည်း ဟေဗြေဦးဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးသားထား၏။-
John BurCBCM 19:21  ထိုအခါ ဂျူးလူမျိုးတို့၏ ရဟန်းအကြီးအကဲတို့က ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဟူ၍ မရေးပါနှင့်။ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သည်ဟူ၍ ဆိုခဲ့ကြောင်းကိုသာရေးပါဟု ပီလာတုမင်းအား လျှောက်ထားကြ၏။-
John BurCBCM 19:22  ပီလာတုမင်းကလည်း ငါရေးပြီးသောအရာသည် ရေးပြီးလေပြီဟု ပြန်ပြောလေ၏။
John BurCBCM 19:23  စစ်သူရဲတို့သည် ယေဇူးကို လက်ဝါးကပ်တိုင် တင်ပြီးနောက် ကိုယ်တော်၏ အဝတ်တော်တို့ကို လေးပိုင်း ပိုင်းကာ တစ်ယောက်တစ်ပိုင်းစီ ခွဲဝေ၍လည်းကောင်း၊ ကိုယ်တော်၏ အတွင်းအင်္ကျီတော်ကိုလည်းကောင်း ယူကြ၏။ အတွင်းအင်္ကျီ တော်သည်ကား ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ အောက်စွန်းတိုင်အောင် ရက်လုပ်ထားခြင်းဖြစ်၏။-
John BurCBCM 19:24  ထို့ကြောင့် သူတို့က ဤအင်္ကျီကို မဆုတ်ကြနှင့်။ ၎င်းကို မည်သူပိုင်ဆိုင်မည့်အကြောင်း သိစေရန် မဲချကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြ၏။ ဤသည်ကား သူတို့သည် ငါ၏အဝတ်များကို ခွဲဝေယူကြ၏။ ငါ၏အင်္ကျီကိုလည်း မဲချ၍ယူကြ၏ ဟူသောကျမ်းချက် ပြည့်စုံစေမည့်အကြောင်းတည်း။
John BurCBCM 19:25  စစ်သူရဲတို့သည်လည်း ဤကဲ့သို့ ခွဲဝေယူကြ၏။ ထိုအချိန်၌ ယေဇူး၏ လက်ဝါးကပ်တိုင်အနီးတွင် ရပ်နေကြသော သူတို့သည်ကား ကိုယ်တော်၏မယ်တော်၊ မယ်တော်၏ညီမဖြစ်သော ကလေအိုဖ၏ဇနီး မာရိယာနှင့် မာရိယာမာဒလေးနာ တို့ဖြစ်ကြ၏။-
John BurCBCM 19:26  ယေဇူးသည် မယ်တော်နှင့် သူမအနီးတွင်ရပ်နေသည့် မိမိချစ်တော်မူသော တပည့်တော်ကိုမြင်လျှင် မယ်တော်အား အချင်းအမျိုးသမီး၊ သင်၏သားကို ကြည့်ပါဟု မိန့်တော်မူ၏။-
John BurCBCM 19:27  ထို့နောက် ကိုယ်တော်သည် တပည့်တော်ကိုလည်း သင်၏အမိကို ကြည့်ပါဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ၏အိမ်သို့ ခေါ်ဆောင်ထားလေ၏။
John BurCBCM 19:28  ထို့နောက် ခပ်သိမ်းသောအရာတို့သည် ပြီးဆုံးပြီဖြစ်ကြောင်းကို ကိုယ်တော်သိမြင်တော်မူသဖြင့် ကျမ်းစာလာသည့်အတိုင်း ပြည့်စုံစေရန် ငါရေငတ်သည်ဟု မိန့် မြွက်တော်မူ၏။-
John BurCBCM 19:29  ထိုနေရာ၌ ပုံးရည်အပြည့်ရှိသော အိုးတစ်လုံးရှိ၏။ သို့ဖြစ်၍ သူတို့သည် ရေမြှုပ်တစ်ခုကို ပုံးရည်တွင်နှစ်၍ ဟိဆုပ်ပင်ကိုင်း၏ အဖျား၌ တပ်ပြီးလျှင် ကိုယ်တော်၏နှုတ်ခမ်းနားတွင် တေ့ပေးကြ၏။-
John BurCBCM 19:30  ယေဇူးသည်လည်း ပုံးရည်ကိုသောက်ပြီးမှ အားလုံးပြည့်စုံပြီဟု မိန့်မြွက်လျက် ဦးခေါင်းတော်ကိုညွတ်၍ အသက်တော် ကိုစွန့်လိုက်တော်မူ၏။
John BurCBCM 19:31  ထိုနေ့သည်ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့တွင် အလောင်းများကို လက်ဝါးကပ်တိုင်ပေါ် ၌ မရှိစေရန် ဂျူးလူမျိုးတို့သည် လက်ဝါးကပ်တိုင် တင်ခံရသူများ၏ ခြေတို့ကိုချိုး၍ သူတို့ကို ယူဆောင်သွားခွင့် ပြုပါမည့်အကြောင်း ပီလာတုမင်းထံသို့ တောင်းလျှောက်ကြ၏။ အကြောင်းမူကား ထိုဥပုသ်သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်၏။-
John BurCBCM 19:32  ထို့ကြောင့် စစ်သူရဲတို့သည် လာကြ၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင် တင်ခံရသူပထမတစ်ဦးနှင့် အခြားသော သူတစ်ဦး၏ ခြေတို့ကို ချိုးကြ၏။-
John BurCBCM 19:33  သို့သော် သူတို့သည် ယေဇူးထံတော်သို့ လာကြသောအခါ ကိုယ်တော်သည် အသက်တော်ကုန်ပြီဖြစ်ကြောင်းကို တွေ့မြင်ကြ၍ ကိုယ်တော်၏ ခြေထောက်ကို မချိုးကြချေ။-
John BurCBCM 19:34  စစ်သူရဲများထဲမှ တစ်ဦးသည်ကား ကိုယ်တော်၏နံဘေးတော်ကို လှံဖြင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်း ထွက်လာ၏။-
John BurCBCM 19:35  ထိုအခြင်းအရာကို မြင်ခဲ့သောသူသည်လည်း သက်သေခံ၏။ သူ၏သက်သေခံချက်မှာလည်း မှန်ကန်၍ သူသည် သင်တို့ယုံကြည်စေခြင်းငှာ မှန်သောစကားပြောသည်ကိုလည်း သိလေ၏။-
John BurCBCM 19:36  ဤသို့ဖြစ်ပျက်ရခြင်းမှာ သူ၏အရိုးတစ်ချောင်းမျှ မကျိုးစေရ ဟူသောကျမ်းစကား ပြည့်စုံစေရန်ဖြစ်၏။-
John BurCBCM 19:37  တစ်ဖန်ကျမ်းစာလာသည်ကား သူတို့သည် မိမိတို့ ထိုးဖောက်ခဲ့သောသူကို ကြည့်ကြလိမ့်မည်ဟူ၍ဖြစ်သတည်း။
John BurCBCM 19:38  ထို့နောက် ယေဇူး၏တပည့်ဖြစ်သော်လည်း ဂျူးလူမျိုးတို့ကို ကြောက်သောကြောင့် တပည့်အဖြစ် မထင်မရှားနေသော အာရီမာတေးယမြို့သား ဂျိုးဇက်သည် ယေဇူး၏အလောင်းတော်ကို ယူသွားခွင့်ပြုပါရန် ပီလာတုမင်းထံသို့ လျှောက်ထား လေ၏။ ပီလာတုမင်းသည်လည်း သူ့အား အခွင့်ပေးသဖြင့် သူသည် လာပြီးလျှင် ကိုယ်တော်၏ အလောင်းတော်ကို ယူဆောင် သွားလေ၏။-
John BurCBCM 19:39  ယခင်က ယေဇူး၏အထံတော်သို့ ညအချိန်တွင်လာသော နီကိုဒေးမုသည်လည်း မီးရာနှင့် မုတ်ရောထားသော ဆီမွှေးနံ့သာပေါင်း အချိန်တစ်ရာခန့်ကို ယူဆောင်လာလေ၏။-
John BurCBCM 19:40  သူတို့သည် ယေဇူး၏အလောင်းတော်ကို ယူဆောင်ပြီးလျှင် ဂျူးလူမျိုးတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ဓလေ့ထုံးစံအတိုင်း နံ့သာမျိုးများနှင့်အတူ ပိတ်အဝတ်ဖြင့် ပတ်ရစ်ကြ၏။-
John BurCBCM 19:41  ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင် သောအရပ်၌ ဥယျာဉ်တစ်ခုရှိပြီး ထိုဥယျာဉ်၌ မည်သူ့ကိုမျှ သင်္ဂြိုဟ်ဖူးခြင်း မရှိသေးသော သခင်္ျိုင်းဂူ အသစ်တစ်ခု ရှိ၏။-
John BurCBCM 19:42  ထိုနေ့သည်ကား ဂျူးလူမျိုးတို့၏အဖိတ်နေ့ဖြစ်၍ သခင်္ျိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် သူတို့ သည် ယေဇူးကို ထိုသခင်္ျိုင်း၌ သင်္ဂြိုဟ်ကြလေ၏။
Chapter 20
John BurCBCM 20:1  ရက်သတ္တပတ်၏ ပထမနေ့ နံနက်စောစော မှောင်နေဆဲအချိန်တွင် မာရိယာမာဒလေးနာသည် သခင်္ျိုင်းတော်သို့လာ၍ ကျောက်တုံးသည် သခင်္ျိုင်းဂူ၀မှ ရွှေ့ ထားလျက်ရှိသည်ကိုမြင်၏။-
John BurCBCM 20:2  သို့ဖြစ်၍ သူမသည် ပြေး၍ စီမွန်ပေတရုနှင့် ယေဇူးချစ်တော်မူသောတပည့်တော်ထံ သို့သွားပြီးလျှင် ထိုသူတို့သည် သခင်ဘုရားကို သခင်္ျိုင်းဂူ မှယူဆောင်သွားကြပါပြီ။ ကိုယ်တော့်ကို သူတို့ အဘယ် မှာထားကြသည်ကို ကျွန်မတို့မသိပါဟု တပည့်တော်တို့ အား ဆို၏။-
John BurCBCM 20:3  ထိုအခါ ပေတရုသည် အခြားသော တပည့်တော်နှင့်အတူ ထွက်လာပြီး သူတို့သည် သခင်္ျိုင်းတော် သို့ သွားကြလေ၏။-
John BurCBCM 20:4  သူတို့နှစ်ဦး အတူပြေးသွားကြစဉ် အခြားသောတပည့်တော်သည် ပေတရုကို ကျော်လွန်၍ သခင်္ျိုင်းတော်သို့ ဦးစွာရောက်လေ၏။-
John BurCBCM 20:5  သူသည် သခင်္ျိုင်း ဂူအတွင်းသို့ ငုံ့လျှိုး၍ကြည့်လျှင် ပိတ်အဝတ်ကျန်ရစ် သည်ကိုမြင်ရ၏။ သို့သော်လည်း သူသည် မဝင်ဘဲ နေလေ၏။-
John BurCBCM 20:6  သူ၏နောက်မှ လိုက်လာသော စီမွန်ပေတရု သည် ရောက်လာ၍ သခင်္ျိုင်းတွင်းသို့ ဝင်သဖြင့် ကျန်နေ ရစ်သော ပိတ်အဝတ်ကိုလည်းကောင်း၊-
John BurCBCM 20:7  ကိုယ်တော်၏ ဦးခေါင်းတော်ပေါ်မှပုဝါသည် ပိတ်အဝတ်များနှင့်အတူမရှိ ဘဲ တစ်နေရာတွင် သီးသန့်လိပ်ထားလျက် ရှိသည်ကိုလည်းကောင်း မြင်လေ၏။-
John BurCBCM 20:8  ထို့နောက် သခင်္ျိုင်း တော်သို့ ဦးစွာရောက်ရှိသော အခြားတပည့်တော်သည်လည်း ဂူထဲသို့ဝင်၍ တွေ့ မြင်သောကြောင့် ယုံကြည်လေ၏။-
John BurCBCM 20:9  အကြောင်းမူကား ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထ မြောက်ရမည်ဟူသောကျမ်းစကားကို သူတို့နားမလည် ကြသေးချေ။-
John BurCBCM 20:10  ထို့နောက် တပည့်တော်တို့သည် မိမိတို့ ၏အိမ်များသို့ ပြန်သွားကြလေ၏။
John BurCBCM 20:11  မာရိယာမူကား သခင်္ျိုင်းဂူအပြင်၌ ငိုကြွေးလျက် ရပ်နေလေ၏။ သူမသည် ငိုကြွေးနေစဉ် သခင်္ျိုင်းဂူအတွင်းသို့ ငုံ့လျှိုး၍ ကြည့်လိုက်ရာ၊-
John BurCBCM 20:12  ဖြူစင်သောအဝတ်ကို ဝတ်ဆင်ထားသော ကောင်းကင်တမန်တော်နှစ်ပါးသည် ယေဇူး၏ အလောင်းတော် ထားခဲ့သည့် နေရာတွင် ခေါင်းရင်း၌ တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်လျက်ရှိသည်ကို မြင်လေ၏။-
John BurCBCM 20:13  ကောင်းကင်တမန်တော်တို့က အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်းဟု သူမကိုမေးကြလျှင် သူမက ကျွန်မ၏ အရှင်သခင်ကို ထိုသူတို့ ယူဆောင်သွားကြပါပြီ။ ကိုယ်တော်အား သူတို့မည်သည့်နေရာတွင် ထားသည်ကို ကျွန်မ မသိပါဟု ဆိုလေ၏။-
John BurCBCM 20:14  ဤသို့ဆိုပြီးနောက် သူမသည်လှည့်၍ကြည့်လိုက်ရာ ယေဇူးရပ်နေသည်ကိုမြင်လေ၏။ သို့သော် ထိုသူသည် ကိုယ်တော် ဖြစ်ကြောင်းကို သူမ မသိချေ။-
John BurCBCM 20:15  ယေဇူးက အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ မည်သူ့ကို သင်ရှာဖွေသနည်းဟု မေးတော်မူလျှင် မာရိယာသည် ကိုယ်တော်အား ဥယျာဉ်စောင့်ဟု ထင်မှတ်၍ သခင်၊ သူ၏ အလောင်းကို သခင်ယူဆောင်သွားခဲ့ပါလျှင် မည်သည့် နေရာ၌ထားသည်ကို ကျွန်မအား ပြောပါ။ သူ့ကို ကျွန်မယူ ဆောင်သွားပါမည်ဟု ဆိုလေ၏။-
John BurCBCM 20:16  ယေဇူးက မာရိယာဟု သူမအား ခေါ်တော်မူလျှင် သူမသည် နောက်သို့လှည့်၍ ဟေဗြေဦးဘာသာဖြင့် ရာဘောနီဟု ကိုယ်တော်အား ခေါ်လေ၏။ (ရာဘောနီ၏အဓိပ္ပာယ်ကား ဆရာဟု ဆိုလို သတည်း။)-
John BurCBCM 20:17  ယေဇူးက ငါ့ကိုမထိနှင့်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ တက်ကြွမသွားရသေး။ သင်မူကား ငါ၏ ညီအစ်ကိုများရှိရာသို့ သွားပြီးလျှင် ငါသည် ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ ဘုရားသခင်တည်း ဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ တက်ကြွမည့်အကြောင်းကို ပြောကြားလော့ ဟု မိန့်တော်မူ၏။-
John BurCBCM 20:18  ထိုအခါ မာရိယာမာဒလေးနာသည် သွား၍ ကျွန်မသည် သခင်ဘုရားကိုဖူးမြင်ခဲ့ရပြီဟု တပည့်တော်တို့အား ဆိုလျက် မိမိအား ကိုယ်တော်မိန့်တော်မူခဲ့သော အကြောင်းအရာများကို သူတို့အား ပြောပြလေ၏။
John BurCBCM 20:19  ရက်သတ္တပတ်၏ ပထမနေ့ဖြစ်သော ထိုနေ့တွင် ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကို ကြောက်သောကြောင့် မိမိတို့စုဝေးကြသောနေရာတွင် တံခါးများကို ပိတ်ထားလျက်နေကြ၏။ ထိုအချိန်၌ ယေဇူးသည် ကြွလာ၍ သူတို့အလယ်တွင်ရပ်လျက် သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 20:20  ဤကဲ့သို့မိန့်တော်မူပြီးနောက် ကိုယ်တော် သည် သူတို့အား မိမိ၏လက်တော်တို့နှင့် နံဘေးတော် ကို ပြတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် သခင်ဘုရားကို ဖူးမြင်ရသဖြင့် ဝမ်းမြောက်ကြလေ၏။-
John BurCBCM 20:21  တစ်ဖန် ကိုယ်တော်က သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏ဟု မိန့်တော်မူ၏။-
John BurCBCM 20:22  ထို့နောက် ကိုယ်တော်သည် သူတို့အပေါ်သို့ မှုတ်တော်မူလျက် ဝိညာဉ်တော်မြတ်ကို ခံယူကြလော့။-
John BurCBCM 20:23  အကြင်သူ၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုအပြစ်များသည် ခွင့်လွှတ်ခြင်းခံရ၏။ အကြင်သူ၏အပြစ်များကို သင်တို့ တည်စေလျှင် ထိုအပြစ်များသည် တည်လျက်ရှိ၏ဟု သူတို့အား မိန့်တော်မူ၏။
John BurCBCM 20:24  တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဒီးဒီမုဟုခေါ်သည့် သောမသည်ကား ယေဇူးကြွလာတော်မူသော အချိန်တွင် သူတို့နှင့်အတူမရှိချေ။-
John BurCBCM 20:25  သို့ဖြစ်၍ အခြားသော တပည့်တော်တို့က ငါတို့သည် သခင်ဘုရားကို ဖူးမြင်ကြရပြီဟု သူ့အား ဆိုကြ၏။ သို့သော် သောမက ကိုယ်တော်၏လက်တော်၌ သံရိုက်ရာကို ငါမမြင်ရလျှင်၊ သံရိုက်ရာထဲသို့ ငါ၏လက်ညှိုးကို မသွင်းရလျှင်၊ ကိုယ်တော်၏ နံဘေးတော်ကို ငါ၏လက်ဖြင့် မစမ်းသပ်ရလျှင် ငါယုံကြည်လိမ့်မည်မဟုတ်ဟု သူတို့အား ဆိုလေ၏။
John BurCBCM 20:26  ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် အိမ်အတွင်း၌ တစ်ဖန်စုဝေးလျက်ရှိကြစဉ် သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက် ရှိသော်လည်း ယေဇူးသည် ကြွလာပြီးလျှင် သူတို့၏ အလယ်၌ရပ်တော်မူလျက် သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 20:27  ထို့နောက် ကိုယ်တော်က သောမအား သင်၏လက်ညှိုးကို ဤနေရာ၌သွင်း၍ ငါ၏လက်များကို ကြည့်လော့။ သင်၏လက် ကိုလည်း ဆန့်၍ ငါ၏နံဘေးကို စမ်းသပ်လော့။ ယုံမှားသံသယမဖြစ်လေနှင့်၊ ယုံကြည်လော့ဟုမိန့်တော်မူ၏။-
John BurCBCM 20:28  သောမကလည်း အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရား ပါတကားဟု ကိုယ်တော်အား ပြန်၍လျှောက်လေ၏။-
John BurCBCM 20:29  ယေဇူးကလည်း သင်သည် ငါ့ကိုမြင်ရသောကြောင့် ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။
John BurCBCM 20:30  ဤကျမ်းစာ၌ မှတ်တမ်းတင်မထားသည့် များစွာသော အခြားတန်ခိုးလက္ခဏာတို့ကိုလည်း ယေဇူးသည် တပည့်တော်တို့ ရှေ့မှောက်တွင် ပြတော်မူ၏။-
John BurCBCM 20:31  သို့သော် ယေဇူးသည် ဘုရားသခင်၏ သားတော်တည်းဟူသော ခရစ်တော်ဖြစ်သည်ကို သင်တို့ယုံကြည်ကြစေရန် လည်းကောင်း၊ ထိုကဲ့သို့ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏နာမတော်၌ သင်တို့သည် အသက်ကိုရနိုင်ကြရန်လည်းကောင်း ဤအရာများကို ရေးသားမှတ်တမ်း တင်ထားလျက်ရှိ၏။
Chapter 21
John BurCBCM 21:1  ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်အနီးတွင် မိမိကိုယ်ကို တပည့်တော်တို့အား တစ်ဖန်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် မိမိကိုယ်ကို ဤသို့ထင်ရှားပြတော်မူ၏။-
John BurCBCM 21:2  စီမွန်ပေတရု၊ ဒီးဒီမုဟု အမည်တွင်သော သောမ၊ ဂါလေလေးယနယ် ကာနာမြို့သား နာသာနာအဲလ်၊ ဇေဘေဒေးဦး၏ သားများနှင့် အခြားတပည့် တော်နှစ်ဦးတို့သည် အတူရှိနေကြ၏။-
John BurCBCM 21:3  စီမွန်ပေတရုက အကျွန်ုပ် ငါးသွားဖမ်းမည်ဟုဆိုသော် သူတို့က အကျွန်ုပ်တို့သည်လည်း သင်နှင့်အတူလိုက်မည်ဟု ဆိုကြ၏။ သို့ဖြစ်၍ သူတို့သည် ထွက်သွားကြပြီးလျှင် လှေပေါ်သို့ တက်ကြ၏။ သို့သော် သူတို့သည် ထိုညတစ်ညလုံး ငါးတစ်ကောင်မျှ မဖမ်းမိကြချေ။
John BurCBCM 21:4  နံနက်အချိန်ရောက်သောအခါ ယေဇူးသည် ကမ်းစပ်တွင်ရပ်လျက်နေ၏။ သို့သော် တပည့်တော်တို့သည် ယေဇူး ဖြစ်တော်မူမှန်း မသိကြချေ။-
John BurCBCM 21:5  ယေဇူးက ချစ်သားတို့၊ စားစရာအဖို့ ငါးဖမ်းမိကြပြီလောဟုမေးတော်မူလျှင် သူတို့က မဖမ်းမိသေးပါဟု ကိုယ်တော်အား ပြန်ဖြေကြ ၏။-
John BurCBCM 21:6  ကိုယ်တော်က ပိုက်ကွန်ကို လှေ၏လက်ယာဘက်သို့ ပစ်လော့။ သင်တို့သည် ငါးအချို့ကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ သို့ဖြစ်၍ သူတို့သည် ပိုက်ကွန်ကိုပစ်လျှင် မြောက်မြားစွာသော ငါးတို့ကို ဖမ်းမိသောကြောင့် ပိုက်ကွန်ကို ဆွဲတင်၍မရနိုင်ဘဲရှိကြ၏။-
John BurCBCM 21:7  ထိုအခါ ယေဇူး ချစ်တော်မူသောတပည့်တော်က သခင်ဘုရားဖြစ်သည်ဟု ပေတရုအား ဆို၏။ သခင်ဘုရားဖြစ်သည်ဟု ပေတရုကြားလျှင် အင်္ကျီကိုဝတ်၍ ရေထဲသို့ခုန်ဆင်းလေ၏။ အကြောင်းမူကား သူသည် အလုပ်လုပ်ရန် အဝတ်ကိုချွတ် ထားသောကြောင့်ဖြစ်၏။-
John BurCBCM 21:8  အခြားသော တပည့်တော်တို့ မူကား ငါးများနှင့်ပြည့်နှက်နေသော ပိုက်ကွန်ကိုဆွဲလျက် လှေဖြင့်လာကြ၏။ အကြောင်းမူကား သူတို့သည် ကမ်းနှင့်မဝေးကွာလှဘဲ ကိုက်တစ်ရာခန့်သာ ရှိသောကြောင့် ဖြစ်၏။
John BurCBCM 21:9  သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ ပေါင်မုန့်ကိုလည်းကောင်း၊ မီးဖိုနှင့်မီးဖိုအပေါ်တွင် ကင်ထားသော ငါးကိုလည်းကောင်း တွေ့ကြလေ၏။-
John BurCBCM 21:10  ယေဇူးကလည်း သင်တို့ ယခုဖမ်းမိသော ငါးအချို့ကိုယူခဲ့ကြလော့ ဟု မိန့်တော်မူ၏။-
John BurCBCM 21:11  သို့ဖြစ်၍ စီမွန်ပေတရုသည် လှေပေါ်သို့တက်၍ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏။ ငါးများဤမျှလောက်များပြားသော်လည်း ပိုက်ကွန်သည် မစုတ်မပြဲဘဲ ရှိလေ၏။-
John BurCBCM 21:12  ယေဇူးက လာကြ၍ နံနက်စာစားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့တွင် တစ်ဦးတစ်ယောက်ကမျှ ကိုယ်တော်အား သင်မည်သူဖြစ်သနည်းဟု မမေးလျှောက်ဝံ့ကြ။ အကြောင်းမူကား သူတို့သည် ကိုယ်တော်ဖြစ်ကြောင်းကို သိကြလေ၏။-
John BurCBCM 21:13  ယေဇူးသည် လာပြီးလျှင် မုန့်ကိုယူ၍ သူတို့အား ပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းအတိုင်း ပေးတော်မူ၏။-
John BurCBCM 21:14  ဤသည်ကား ယေဇူးသည် သေသူတို့အစုမှထမြောက်ပြီးနောက် မိမိကိုယ်ကို တပည့်တော်တို့အား သုံးကြိမ်မြောက် ထင်ရှားပြတော်မူခြင်း ဖြစ်သတည်း။
John BurCBCM 21:15  သူတို့သည် နံနက်စာစားပြီးကြသောအခါ ယေဇူးက စီမွန်ပေတရုအား ယောန၏သား စီမွန်၊ သင်သည် ငါ့ကို ဤသူတို့ထက် ပို၍ချစ်သလောဟု မေးတော်မူ၏။ ပေတရုက ချစ်ပါ၏သခင်ဘုရား၊ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော် သိတော်မူပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း ငါ၏သိုးများကို ကျွေးမွေးလော့ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 21:16  ထို့နောက် ကိုယ်တော်က ယောန၏သား စီမွန်၊ ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင် ပေတရုက ချစ်ပါ၏သခင် ဘုရား၊ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိပါသည်ဟု ပြန်လျှောက်လေ၏။ ကိုယ် တော်ကလည်း ငါ၏သိုးများကို ထိန်းသိမ်းစောင့်ရှောက် လော့ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 21:17  တစ်ဖန် ကိုယ်တော်က ယောန၏သား စီမွန်၊ ငါ့ကိုချစ်သလောဟု သူ့အား တတိယအကြိမ်မေးတော်မူ၏။ သင်သည် ငါ့ကိုချစ်သလောဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသောကြောင့် ပေတရုသည် ဝမ်းနည်းလျက် သခင်ဘုရား၊ ကိုယ်တော်သည် အရာအားလုံးကို သိမြင်တော်မူပါ၏။ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟု လျှောက်လေ၏။ ယေဇူးကလည်း ငါ၏သိုးများကို ကျွေးမွေးလော့။-
John BurCBCM 21:18  သင့်အား ငါဧကန်အမှန်ဆိုသည်ကား သင်သည် ငယ်ရွယ်စဉ်အခါက သင်၏ခါးစည်းကို ကိုယ်တိုင်စည်းလျက် သင်အလိုရှိရာ အရပ်သို့ သွားလာခဲ့၏။ သို့သော် သင်အိုမင်းလာသောအခါ၌မူ သင်၏လက်များကို ဆန့်သဖြင့် အခြားသောသူသည် သင်၏ ခါးစည်းကို စည်းပေး၍ သင်မသွားလိုသော အရပ်သို့ သင့်ကိုသယ်ဆောင်သွားလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 21:19  ကိုယ်တော် ဤသို့မိန့်တော်မူသည်ကား ပေတရုသည် မည်ကဲ့သို့သောသေခြင်းဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေမည့်အကြောင်း ဖော်ပြလိုသောကြောင့်ဖြစ်၏။ ထို့နောက် ကိုယ်တော်က ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။
John BurCBCM 21:20  ပေတရုသည် နောက်သို့လှည့်ကြည့်လျှင် ယေဇူးချစ်တော်မူသော တပည့်တော်သည် မိမိတို့နောက်မှ လိုက်ပါလာသည်ကို မြင်လေ၏။ ထိုသူသည်ကား ညစာစားပွဲ၌ ကိုယ်တော်၏ရင်ခွင်ကိုမှီလျက် သခင်ဘုရား၊ ကိုယ်တော့်ကို အပ်နှံမည့်သူကား မည်သူဖြစ်သနည်းဟု မေးလျှောက်ခဲ့သောသူဖြစ်၏။-
John BurCBCM 21:21  ပေတရုသည် သူ့ကိုမြင်လျှင် သခင်ဘုရား၊ ဤသူ၌ မည်ကဲ့သို့ဖြစ်လိမ့်မည်နည်းဟု ယေဇူးအား မေးလေ၏။-
John BurCBCM 21:22  ယေဇူးက ငါကြွလာမည့်ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
John BurCBCM 21:23  ထို့ကြောင့် ထိုတပည့် တော်သည် မသေနိုင်ဟူသောစကားသည် ညီအစ်ကိုတို့ အကြားတွင်ပျံ့နှံ့လေ၏။ သို့သော် ယေဇူးက သူ့အား ဤသူသည် မသေနိုင်ဟုဆိုခဲ့ခြင်းမဟုတ်ဘဲ ငါကြွလာမည့် ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန် ငါအလို ရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်းဟူ၍သာ မိန့် တော်မူခဲ့ခြင်းဖြစ်၏။
John BurCBCM 21:24  ဤတပည့်တော်သည်ကား ဤအကြောင်းအရာများကို သက်သေခံ၍ ရေးသားထားသောသူဖြစ်၏။ သူ၏ သက်သေခံချက် မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
John BurCBCM 21:25  သို့သော် ယေဇူးပြုလုပ်တော်မူခဲ့သော အခြားအရာ များစွာရှိသေး၏။ ထိုအမှုအရာ တစ်ခုစီကို ရေးသားမှတ်တမ်း တင်ရမည်ဆိုလျှင် ရေးသားရမည့် စာစောင်များကို ထားရှိရန် ဤကမ္ဘာမြေတွင် နေရာရှိတော့မည် မဟုတ်ဟု ငါထင်မြင်မိပါသတည်း။