Site uses cookies to provide basic functionality.

OK
MATTHEW
Up
Toggle notes
Chapter 1
Matt BurCBCM 1:1  အာဘရာဟံ၏သားနှင့် ဒါဝိဒ်၏သားဖြစ်တော်မူသော ယေဇူးခရစ်တော်၏ဆွေတော်စဉ်မျိုး တော်ဆက်ကားဤသို့ဖြစ် သတည်း။
Matt BurCBCM 1:2  အာဘရာဟံ၏သား အီဇတ်၊ အီဇတ်၏သား ယာ ကုပ်၊ ယာကုပ်၏သားများမှာ ဂျုဒနှင့် ညီအစ်ကိုတစ်စုတို့ ဖြစ်ကြ၏။-
Matt BurCBCM 1:3  ဂျုဒတွင် တာမာမှဖွားမြင်သောသား ပေရက် နှင့် ဇာရ၊ ပေရက်၏သား ဟေဇရွန်၊ ဟေဇရွန်၏သား
Matt BurCBCM 1:4  အာ ရမ်၊- အာရမ် ၏သား အာမိနာဒဗ်၊ အာမိနာဒဗ်၏သား
Matt BurCBCM 1:5  နာရွှန်၊ နာရွှန်၏သား ဆာလမွန်၊- ဆာလမွန်တွင် ရာဟပ် မှဖွားမြင်သောသား ဘို့ဇ်၊ ဘို့ဇ် တွင် ရုသမှဖွားမြင်သော
Matt BurCBCM 1:6  သား အိုဘက်၊ အိုဘက်၏သား ဂျက်ဆေ၊- ဂျက်ဆေ၏ သားကား ဒါဝိဒ်မင်းကြီး ဖြစ်သတည်း။ ဒါဝိဒ်မင်းကြီးတွင် ဥရိယ၏ဇနီးဖြစ်ခဲ့ဖူးသည့်မိန်းမမှ ဖြစ် ကြ၏။-
Matt BurCBCM 1:7  ဖွားမြင်သောသား ဆောလမွန်၊- ဆောလမွန်၏သား ရေဟိုးဘိုအမ်၊ ရေဟိုးဘိုအမ်၏သား အာဘီဂျ၊ အာဘီဂျ၏သား အာဆ၊-
Matt BurCBCM 1:8  အာဆ၏သား ဂျေဟိုးရှဖတ်၊ ဂျေဟိုးရှဖတ်၏သား ဂျော်ရမ်၊ ဂျော်ရမ်၏သား ဦဇီယ၊-
Matt BurCBCM 1:9  ဦဇီယ၏ သား ဂျိုသမ်၊ ဂျိုသမ်၏သား အာဟဇ်၊ အာဟဇ်၏သား ဟေဇက္ကိယ၊-
Matt BurCBCM 1:10  ဟေဇက္ကိယ၏သား မာနားဆေ၊ မာနား
Matt BurCBCM 1:11  ဆေ၏သား အာမော့၊ အာမော့၏သား ဂျိုစီယ၊- ဂျိုစီယ၏ သား ဂျေကိုးနိယနှင့် သူ၏ညီအစ်ကိုတစ်စုတို့မှာ ဘာဘီ လွန်ပြည်သို့ အကျဉ်းသားအဖြစ်ခေါ်ဆောင်သွားခြင်းခံရ မည့်ဆဲဆဲအချိန်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်၏။
Matt BurCBCM 1:12  ဘာဘီလွန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံ ရပြီးနောက်၊ ဂျေကိုးနိယ၏သား ရှီအာတီအဲလ်၊ ရှီအာတီအဲလ်၏သား ဇေရုဘာဘဲလ်၊-
Matt BurCBCM 1:13  ဇေရုဘာဘဲလ်၏သား အာဘီယု၊ အာဘီယု၏သား ဧလိယကိမ်၊ ဧလိယကိမ်၏ သား အာဇော်၊-
Matt BurCBCM 1:14  အာဇော်၏သား ဇာဒေါ့၊ ဇာဒေါ့၏သား အာခိမ်၊ အာခိမ်၏သား ဧလိယု၊-
Matt BurCBCM 1:15  ဧလိယု၏သား ဧလိ ယဇာ၊ ဧလိယဇာ၏သား မာသန်၊ မာသန်၏သား ယာ
Matt BurCBCM 1:16  ကုပ်၊- ယာကုပ်၏သားသည်ကား မာရိယာ၏ခင်ပွန်း ဖြစ်သောဂျိုးဇက်ပေတည်း။ မာရိယာမှ ခရစ်တော် ဟု ခေါ်ဝေါ် ခြင်းခံ ရသော ယေဇူးဖွားမြင်လာလေ၏။
Matt BurCBCM 1:17  ဤသို့ဖြင့် ဆွေမျိုးစဉ်ဆက်စုစုပေါင်းကား အာဘ ရာဟံမှ ဒါဝိဒ်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘာဘီလွန် ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အချိန်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဘာဘီလွန်ပြည် သို့ဖမ်းဆီး ခေါ် ဆောင် သွား ခြင်းခံရသည့်အချိန်မှ ခရစ် တော်တိုင်အောင် တစ်ဆယ့်လေးဆက်ဖြစ်သတည်း။
Matt BurCBCM 1:18  ယေဇူးခရစ်တော်၏ဖွားမြင်တော်မူခြင်းကား ဤ သို့ဖြစ်သတည်း။ ကိုယ်တော်၏မယ်တော်ဖြစ်သော မာရိယာသည် ဂျိုးဇက်နှင့်စေ့စပ်ကြောင်းလမ်းထားပြီးမှ အတူမနေမီ ဝိညာဉ်တော်မြတ်အားဖြင့် ပဋိသန္ဓေစွဲလျက် ရှိသည်ကိုတွေ့ရ၏။-
Matt BurCBCM 1:19  သူမ၏ခင်ပွန်း ဂျိုးဇက်သည် ဖြောင့် မတ်သောသူတစ်ယောက်ဖြစ်သည်နှင့် အညီ သူမအား အရှက်တကွဲမဖြစ်စေလိုသော ကြောင့် တိတ်တဆိတ်စွန့် ခွာမည်ဟု ရည်ရွယ်ခဲ့၏။-
Matt BurCBCM 1:20  သို့သော် သူသည် ထိုသို့ ကြံ စည်နေခိုက်တွင် ထာ၀ရဘုရားသခင်၏ကောင်းကင် တမန်တော်သည် သူ့အား အိပ်မက်၌ ထင်ရှားပြလျက် ဆိုသည်မှာ ဒါဝိဒ်၏သား ဂျိုးဇက်၊ မာရိယာကို သင်၏ဇနီး အဖြစ်ထိန်း သိမ်းစောင့်ရှောက်ရန် မကြောက်ရွံ့ လေနှင့်။ အကြောင်းမူကား သူမ၏ဝမ်းထဲ၌စွဲသောပဋိသန္ဓေမှာ ဝိညာဉ်တော် မြတ်အားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။-
Matt BurCBCM 1:21  သူမသည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သင်သည် သူ၏အမည်ကို ယေဇူးဟု မှည့်ခေါ်ရလိမ့်မည်။ အကြောင်းမူ ကား သူသည် မိမိ၏လူမျိုးကို ၎င်းတို့၏အပြစ်များမှ ကယ် ချွတ်မည့်သူဖြစ်သော ကြောင့်ပေတည်း ဟုမိန့်ဆိုလေ၏။-
Matt BurCBCM 1:22  ဤအကြောင်းအရာအားလုံးသည်ကား ပရောဖက် အားဖြင့် ထာ၀ရဘုရားသခင်ပေးတော်မူခဲ့သောဗျာဒိတ် တော်ပြည့်စုံ စေမည့်အကြောင်းဖြစ်သတည်း။
Matt BurCBCM 1:23  ဗျာဒိတ်တော်သည်ကား ကြည့်လော့၊ သမီးကညာ သည် ပဋိသန္ဓေစွဲ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ဧမာနူအဲလ်ဟု မှည့်ခေါ်ကြလိမ့်မည်။ ဧမာ နူအဲလ်၏အဓိပ္ပာယ်ကား ငါတို့နှင့်အတူရှိတော်မူသော ဘုရားဟုဆိုလို သတည်း။
Matt BurCBCM 1:24  ဂျိုးဇက်သည် အိပ်ပျော်ရာမှနိုးလာသောအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်မိန့်မှာခဲ့သည့် အတိုင်းပြုလုပ်၍ သူမကိုမိမိ၏ဇနီးအဖြစ် ထိန်းသိမ်းစောင့်ရှောက်လေ၏။-
Matt BurCBCM 1:25  သို့သော် သူမသည် သားဦးကို ဖွား မြင်သည့်တိုင်အောင် ဂျိုးဇက်သည် သူမကို မပေါင်းဖော်ဘဲ နေလေ၏။ ထိုသားကိုလည်း ယေဇူးဟူသောအမည်ဖြင့် မှည့်ခေါ်လေ၏။
Chapter 2
Matt BurCBCM 2:1  ဟေရုဒ်မင်းကြီးလက်ထက်တွင် ဂျူဒေးယပြည်၊ ဘက်သလေဟင်မြို့၌ ယေဇူးကိုဖွားမြင်သောအခါ အရှေ့တိုင်းနိုင်ငံ များမှ မင်းပညာရှိကြီးများသည် ဂျေရုဆလင်မြို့သို့ရောက်ရှိလာကြ၍ မေးမြန်းကြသည်မှာ၊-
Matt BurCBCM 2:2  ယခုဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ရှင်ဘုရင်ကား အဘယ်မှာရှိသနည်း၊ ငါတို့သည် သူ၏ကြယ်ကိုအရှေ့ပြည် ၌မြင်ကြရ သည် ဖြစ်၍ သူ့အားဖူးမြော် ပူဇော်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်ဟုဆိုကြ၏။-
Matt BurCBCM 2:3  ဤ အကြောင်းကို ဟေရုဒ်မင်းကြီးကြားလျှင် သူနှင့်တကွ ဂျေရုဆလင် တစ်မြို့လုံးသည် တုန်လှုပ်ချောက်ချားကြကုန်၏။-
Matt BurCBCM 2:4  ဟေရုဒ်မင်းကြီးသည် ရဟန်းအကြီးအကဲများ နှင့် လူတို့ထဲမှ ကျမ်းတတ် ဆရာများကို စုဝေးစေလျက် ခရစ်တော်သည် မည်သည့်အရပ်တွင် ဖွားမြင်လိမ့်မည် နည်းဟု သူတို့အား မေးမြန်းလေ၏။-
Matt BurCBCM 2:5  ထိုသူတို့ကလည်း ဂျူဒေးယပြည်၊ ဘက်သလေဟင်မြို့တွင် ဖွားမြင်ပါလိမ့် မည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်တစ် ပါးကရေးသားထားသည်မှာ၊-
Matt BurCBCM 2:6  ဂျုဒပြည်၌ရှိသော အိုဘက်သလေ ဟင်မြို့၊ ဂျုဒမြို့များအလယ်တွင် သင်သည် မှေးမှိန်သိမ်ငယ်သောမြို့ မဟုတ်။ အကြောင်းမူကား ငါ၏အစ္စရာအဲလ်လူမျိုးကို အုပ်စိုးမည့်ဘုရင်တစ်ပါးသည် သင့်ထံမှ ပေါ်ထွန်းလိမ့်မည် ဟူ၍ ဖြစ်ကြောင်း သူ့အားလျှောက်ထား ကြ၏။
Matt BurCBCM 2:7  ထိုအခါ ဟေရုဒ်မင်းကြီးသည် မင်းပညာရှိတို့အား လျှို့ဝှက်စွာခေါ်ပြီးလျှင် ကြယ်ပေါ်ထွန်းသောအချိန်ကာ လကိုသေချာစွာ မေးမြန်းလေ၏။-
Matt BurCBCM 2:8  ထို့နောက် သူက သင်တို့သွားကြ၍ ထိုသူငယ်ကို ရှာ ဖွေကြလော့။ တွေ့လျှင် ငါသည်လည်း သွား၍ သူ့ကို ဖူးမြော်ပူဇော်နိုင်ရန် ငါ့ထံသို့ လာရောက်အကြောင်းကြားကြပါဟုမိန့်မှာလျက် ထိုသူ တို့ကို ဘက်သလေဟင်မြို့သို့ စေလွှတ် လိုက်လေ၏။-
Matt BurCBCM 2:9  ထိုသူတို့သည် မင်းကြီး၏စကားကိုကြားနာပြီးမှထွက်ခွာသွားကြသောအခါ အရှေ့တိုင်းနိုင်ငံတွင် သူတို့မြင်ခဲ့ ကြသောကြယ်သည် သူတို့၏ရှေ့မှဦးဆောင်သွား၍ သူ ငယ်တော်ရှိသောအရပ်သို့ရောက်လျှင် ထိုအပေါ် ၌ ရပ်တန့်နေလေ၏။-
Matt BurCBCM 2:10  သူတို့သည်လည်း ကြယ်ရပ်တန့်သွား သည်ကိုမြင်ကြသောအခါ လွန်စွာပင် ဝမ်းမြောက်ကြလေ၏။-
Matt BurCBCM 2:11  ထို့နောက် သူတို့သည် အိမ်ထဲသို့ ဝင်သောအခါ သူငယ်တော်ကို သူ၏မယ်တော် မာရိယာနှင့်အတူ တွေ့ မြင်ကြ၍ သူ့ကို ပျပ်ဝပ်ရှိခိုးကြလေ၏။ ထို့နောက် သူတို့ သည် မိမိတို့၏အဖိုးတန်ပစ္စည်းတို့ကို ဖွင့်ကြပြီး ရွှေ၊ လော် ဗန်နှင့် မီးရာတို့ကို လက်ဆောင်အဖြစ် သူ့အား ဆက်ကပ်ကြ၏။-
Matt BurCBCM 2:12  ထို့နောက် သူတို့သည် ဟေရုဒ်မင်းကြီးထံသို့ မပြန်ကြရန် အိပ်မက်၌ ဗျာဒိတ်တော်ခံရသဖြင့် မိမိတို့၏ တိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြလေ၏။
Matt BurCBCM 2:13  ထိုသူတို့ထွက်ခွာသွားကြပြီးနောက် ထာ၀ရဘုရား သခင်၏ကောင်းကင်တမန်တော်သည် ဂျိုးဇက်အား အိပ် မက်၌ထင်ရှားပြ၍ မိန့်ဆိုသည်မှာ ထလော့၊ သူငယ်တော် နှင့် သူ၏မယ်တော်ကိုခေါ်ဆောင်ပြီးလျှင် အီဂျစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်လော့။ နောက်တစ်ဖန် ငါပြောဆို မည့်အချိန်တိုင်အောင် ထိုအရပ်တွင် နေထိုင်လော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်ရန် ရှာဖွေလိမ့်မည်ဟုဆိုလေ၏။-
Matt BurCBCM 2:14  ဂျိုးဇက်သည် လည်း ထ၍ သူငယ်တော်နှင့် သူ၏မယ်တော်ကိုခေါ် ဆောင်ကာ ညတွင်းချင်းပင် အီဂျစ်ပြည်သို့ထွက်ခွာသွားပြီး၊-
Matt BurCBCM 2:15  ဟေရုဒ်မင်းကြီးအနိစ္စရောက်သည့်တိုင်အောင် ထို အရပ်တွင် နေထိုင်လေ၏။ ဤအကြောင်းအရာသည် ကား ငါ၏သားကို အီဂျစ်ပြည်မှ ငါခေါ်ဆောင်ခဲ့ပြီဟူ၍ ပရောဖက်အားဖြင့် ထာ၀ရဘုရားသခင်မိန့်တော်မူသော ဗျာဒိတ်တော်ပြည့်စုံစေမည့် အ ကြောင်းဖြစ်သတည်း။
Matt BurCBCM 2:16  မင်းပညာရှိများသည် မိမိအား လှည့်စားသွားကြ ကြောင်းကို ဟေရုဒ်မင်းကြီးသိသောအခါ ပြင်းစွာအမျက် ထွက်လေ၏။ ထိုအခါ သူသည် မင်းပညာရှိတို့ထံမှ မိမိ မေးမြန်းထားခဲ့သော ကြယ်ပေါ်ထွန်းသည့်အချိန်ကာလ ကိုထောက်လျက် ဘက်သလေ ဟင်မြို့နှင့် အနီးပတ်ဝန်း ကျင်ဒေသရှိ နှစ်နှစ်အရွယ်နှင့် နှစ်နှစ်အောက်ယောက်ျား လေးများကိုသတ်စေ၏။-
Matt BurCBCM 2:17  ဤသို့ဖြင့် ပရောဖက်ဂျေရေ မိယဟောခဲ့သောအကြောင်းအရာသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ ဟောထားချက်သည်ကား၊
Matt BurCBCM 2:18  ရာမာအရပ်၌ ပြင်းထန်စွာငိုကြွေးသောအသံကို ကြားရပြီး ရာခဲလ်သည် မိမိ၏သားများအတွက် ငိုကြွေး လျက်ရှိ၏။ သူမ၏သားများမရှိကြတော့သဖြင့် သူမကို နှစ်သိမ့်၍မရနိုင်ဟူ၍ဖြစ်၏။
Matt BurCBCM 2:19  ဟေရုဒ်မင်းကြီးအနိစ္စရောက်ပြီးသောအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်သည် အီဂျစ်ပြည် တွင် ဂျိုးဇက်အား အိပ်မက်၌ထင်ရှားပြ၍၊-
Matt BurCBCM 2:20  ထလော့၊ သူ ငယ်တော်နှင့် သူ၏မယ်တော်ကို ခေါ်ဆောင်လျက် အစ္စ ရာအဲလ်ပြည် သို့သွား လော့၊ သူငယ်တော်ကိုသတ်လို သောသူတို့သည် သေဆုံးကြလေပြီဟုဆို၏။-
Matt BurCBCM 2:21  ဂျိုးဇက် သည်လည်း ထ၍ သူငယ်တော်နှင့် သူ၏မယ်တော်ကို ခေါ်ဆောင်ပြီး လျှင် အစ္စရာအဲလ်ပြည်သို့ ပြန်သွားလေ၏။-
Matt BurCBCM 2:22  သို့သော် အာခေလေးဦးသည် ခမည်းတော်ဟေရုဒ် မင်းကြီး၏အရိုက်အရာကိုဆက်ခံလျက် ဂျူဒေးယပြည် တွင် အုပ်ချုပ်မင်းလုပ် နေသည်ကို သူကြားရသောအခါ ထိုပြည်သို့ မသွားဝံ့ဘဲရှိလေ၏။ ထို့နောက် သူသည် အိပ် မက်တွင် ဗျာဒိတ်တော်ခံရသဖြင့် ဂါလေလေးယပြည် သို့သွား၍၊-
Matt BurCBCM 2:23  နာဇရက်အမည်ရှိသောမြို့တွင် သွားရောက် နေထိုင်လေ၏။ ဤသည်ကား ကိုယ်တော်အား နာဇရက် မြို့သားဟုခေါ်ဝေါ် ကြလတ္တံ့ဟူသော ပရောဖက်များ၏ ဟောထားချက်ပြည့်စုံစေမည့်အကြောင်းဖြစ်သတည်း။
Chapter 3
Matt BurCBCM 3:1  ထိုနေ့ရက်တို့၌ ယောဟန်ဘတ္တိဇံသည် ရောက်လာ၍ ဂျူဒေးယပြည်၊ တောကန္တာရတွင် ဟော
Matt BurCBCM 3:2  ပြောသည်မှာ၊- နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီဟူ၍တည်း။-
Matt BurCBCM 3:3  ပရောဖက်အီဇာယဟောထားခဲ့သည့်အတိုင်း၊ ထာ၀ရ ဘုရားသခင်ကြွလာတော်မူမည့်လမ်းကိုပြင်ဆင်ကြ လော့၊ ကိုယ်တော်၏ လမ်းများကို ဖြောင့်တန်းစေကြ လော့ဟူ၍ တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား ဤသူပင်ဖြစ်သတည်း။-
Matt BurCBCM 3:4  ယောဟန်သည် ကုလားအုတ်မွေးဖြင့် ရက်လုပ်သောအဝတ်ကိုဝတ်ဆင်ကာ ခါး၌ သားရေခါးစည်းကြိုးကိုစည်းထား၏။ သူ၏အစာသည်ကား ကျိုင်းကောင်နှင့် တောပျားရည်တို့သာဖြစ်၏။-
Matt BurCBCM 3:5  ထိုအခါ ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယနယ်တစ်နယ် လုံးနှင့် ဂျော်ဒန်မြစ်တစ်လျှောက်ရှိဒေသမှ လူအပေါင်း တို့သည် သူ့ထံသို့ လာကြ၏။-
Matt BurCBCM 3:6  ထိုသူတို့သည် မိမိတို့၏ အပြစ်များကို ထုတ်ဖော်ဝန်ခံကြလျက် ဂျော်ဒန်မြစ်တွင် သူ့အားဖြင့် ဆေးကြောခြင်းကို ခံယူကြ၏။
Matt BurCBCM 3:7  သူသည် ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့ ဆေးကြော ခြင်းခံယူရန်လာကြသည်ကိုမြင်သောအခါတွင်မူ သူတို့အား အချင်းမြွေဆိုး အမျိုးတို့၊ ကျရောက်လာမည့်အမျက် တော်မှလွတ်မြောက်စေရန် မည်သူသည် သင်တို့ကို သတိပေးသနည်း။-
Matt BurCBCM 3:8  နောင်တသံဝေဂရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။-
Matt BurCBCM 3:9  အာဘရာဟံသည် ငါ တို့၏အဖဖြစ်သည်ဟု သင်တို့ကိုယ်သင်တို့မပြောဆိုကြ နှင့်။ အကြောင်း မူကား ဘုရားသခင်သည် ဤကျောက်ခဲ များကို အာဘရာဟံ၏သားများအဖြစ်ဖန်ဆင်းနိုင်စွမ်းရှိတော်မူသည်ဟု သင်တို့အား ငါအမှန်ဆို၏။-
Matt BurCBCM 3:10  ယခုတွင် ပင်သစ်ပင်တို့၏အမြစ်ကို ပုဆိန်ဖြင့်ချိန်ရွယ်ထားလျက် ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသည့်အပင်မှန် သမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချလိမ့်မည်။
Matt BurCBCM 3:11  နောင်တသံဝေဂရခြင်းငှာ ငါသည် သင်တို့ကို ရေ ဖြင့် ဆေးကြော၏။ ငါ့နောက်တွင် ကြွလာမည့်သူမူကား ငါ့ထက် တတ်စွမ်းနိုင်၏။ သူ၏ခြေနင်းတော်ကိုမျှ သယ် ဆောင်ခြင်းငှာ ငါမထိုက်။ သူသည် သင်တို့ကို ဝိညာဉ် တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည်။-
Matt BurCBCM 3:12  ကိုယ်တော်သည် လက်တော်တွင် ဆန်ကောပါလျက် မိမိ၏တလင်းကိုရှင်းလင်းပြီးလျှင် မိမိ၏ ဂျုံစပါးကို ကျီတွင် စုသိမ်းတော်မူလိမ့်မည်။ အဖျင်းကိုမူကား ကိုယ်တော်သည် မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်ဟု ဟော ပြေ လေ၏။
Matt BurCBCM 3:13  ထိုအခါ ယေဇူးသည် ယောဟန်အားဖြင့် ဆေးကြောခြင်းခံယူရန် ဂါလေလေးယနယ်မှနေ၍ သူရှိရာ ဂျော်ဒန်မြစ်ကမ်း သို့ကြွလာတော်မူ၏။-
Matt BurCBCM 3:14  ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော့်ထံမှ ဆေးကြောခြင်းကိုခံယူရမည့် သူဖြစ် ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ် ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်ကို တားမြစ်လေ၏။-
Matt BurCBCM 3:15  သို့သော် ယေဇူးက သူ့အား ယခု အခါတွင်မူ ဤသို့ရှိပါစေ။ အကြောင်းမူကား ဖြောင့်မှန်ရာ အလုံးစုံတို့ကို ငါတို့လိုက်နာ သင့်သည် ဟုမိန့်တော်မူသဖြင့် ယောဟန်သည်လည်း လက်ခံလေ၏။-
Matt BurCBCM 3:16  ယေဇူးသည် ဆေးကြောခြင်းခံတော်မူပြီး ရေထဲမှတက်လာ သည်နှင့် တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအပေါ်သို့ ချိုးငှက် သဏ္ဌာန်ဖြင့် ဆင်းသက် လာသည်ကို ကိုယ်တော်မြင်တော်မူ၏။-
Matt BurCBCM 3:17  ထို့နောက် ဤသူသည် ငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သားပေတည်းဟူ၍ ကောင်းကင်မှပြောဆို သောအသံသည် ရုတ်တရက် ထွက်ပေါ်လာလေ၏။
Chapter 4
Matt BurCBCM 4:1  ထို့နောက် ဝိညာဉ်တော်သည် ယေဇူးကို စာတန်နတ်ဆိုး၏နှောင့်ယှက်ခြင်း ခံရစေရန် တောကန္တာရ သို့ခေါ်ဆောင်သွား တော်မူ၏။-
Matt BurCBCM 4:2  ကိုယ်တော်သည်လည်း နေ့လေးဆယ်နှင့် ညလေးဆယ်ပတ်လုံး အစာရှောင် တော်မူပြီးနောက် ဆာလောင်မွတ်သိပ်နေလေ၏။-
Matt BurCBCM 4:3  ထိုအခါ နှောင့်ယှက်သောသူသည် အထံတော် သို့ချဉ်းကပ်၍ သင်သည် ဘုရား သခင်၏သားတော်မှန် လျှင် ဤကျောက်ခဲများကို ပေါင်မုန့်ဖြစ်စေရန် အမိန့်ရှိ တော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
Matt BurCBCM 4:4  သို့ရာတွင် ကိုယ်တော်က လူသည် အစားအစာအားဖြင့်သာ အသက်ရှင် သည် မဟုတ်၊ ဘုရားသခင်၏နှုတ်တော် ထွက်စကားရှိ သမျှဖြင့်လည်း အသက်ရှင်ရကြောင်းကို ကျမ်းစာတော်မြတ်၌ ရေးထားသည်ဟု ဖြေကြားတော် မူ၏။
Matt BurCBCM 4:5  ထိုအခါ နတ်ဆိုးသည် ကိုယ်တော်အား သန့်ရှင်း သောမြို့တော်သို့ ခေါ်ဆောင်သွားပြီးလျှင် ဗိမာန်တော်၏အထွတ်၌ ထားလျက်၊-
Matt BurCBCM 4:6  သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို အောက်သို့ပစ်ချပါ လော့။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထား သည်မှာ ကိုယ်တော်သည် သင့်ကို စောင့်ရှောက်ရန် ကောင်းကင်တမန်တော်တို့အား မိန့်မှာထား တော်မူသော ကြောင့် သင်၏ခြေကို ကျောက်ခဲတစ်လုံးနှင့်မျှမထိခိုက် စေခြင်းငှာ သူတို့သည် သင့်ကို သူတို့၏လက်များဖြင့် ချီမကြလိမ့်မည်ဟုဆိုပြန်၏။-
Matt BurCBCM 4:7  ယေဇူးက သူ့အား သင်၏ အရှင် ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရဟူ၍လည်း ကျမ်းစာတော် မြတ် တွင် ရေးထားသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 4:8  တစ်ဖန် နတ်ဆိုးသည် ကိုယ်တော့်ကို အလွန်မြင့် မားသောတောင်ပေါ်သို့ခေါ်ဆောင်သွားပြန်၍ လောက တိုင်းနိုင်ငံအပေါင်းနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို
Matt BurCBCM 4:9  ပြသလျက်၊- သင်သည် ပျပ်ဝပ်၍ ငါ့ကိုရှိခိုးလျှင် ဤအရာ အားလုံးကို သင့်အား ငါပေးမည်ဟု ကိုယ်တော်အား ပြောလေ၏။-
Matt BurCBCM 4:10  ထိုအခါ ယေဇူးက ဆုတ်လော့ စာတန်၊ ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား သင်သည် သင်၏အရှင် ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်၊ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရမည်ဟူ၍ဖြစ်၏ ဟုသူ့အား မိန့်တော်မူ၏။-
Matt BurCBCM 4:11  ထိုအခါ စာတန်သည် ကိုယ် တော့်ထံပါးမှထွက်ခွာသွားလေ၏။ ဤတွင် ကောင်းကင်တမန်တော် တို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ ကိုယ်တော့်ကိုပြုစုကြလေ၏။
Matt BurCBCM 4:12  ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို ယေဇူး သည် ကြားတော်မူလျှင် ဂါလေလေးယနယ်သို့ ပြန်ကြွ သွားတော်မူ၏။-
Matt BurCBCM 4:13  ကိုယ်တော်သည် နာဇရက်မြို့မှထွက်ခွာ၍ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်စပ်၊ ပင်လယ်ကမ်း ခြေတွင်ရှိသော ကာဖာနာ အုမ်မြို့သို့သွား၍ သီတင်းသုံးတော်မူ၏။-
Matt BurCBCM 4:14  ဤအကြောင်းအရာသည်ကား ပရောဖက် အီဇာယ၏ဟောထားချက် ပြည့်စုံစေ ရန်ဖြစ်သတည်း။-
Matt BurCBCM 4:15  ဟောထား ချက်မူကား ဇေဘုလွမ်နှင့် နက်ဖတာလီနယ်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်၌လည်းကောင်း၊ ဂျော်ဒန် မြစ်တစ် ဖက်ကမ်း၌လည်းကောင်း လူမျိုးခြားတို့နေထိုင်ရာဂါလေလေးယနယ်၌လည်းကောင်း၊-
Matt BurCBCM 4:16  မှောင်မိုက်တွင် ရှိနေကြသောလူတို့သည် ကြီးစွာသောအလင်းကို မြင် ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ်တွင်နေထိုင်ကြသောသူ တို့အပေါ်သို့ အလင်းတော်ပေါ်ထွန်းလေပြီဟူ၍ဖြစ်သတည်း။-
Matt BurCBCM 4:17  ထိုအချိန်မှစ၍ ယေဇူးက နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီဟုမိန့်ဆိုလျက် တရားတော်ကို စတင်ဟော ကြားတော်မူလေ၏။
Matt BurCBCM 4:18  ယေဇူးသည် ဂါလေလေးယပင်လယ်ကမ်းခြေ တစ်လျှောက်ကြွသွားတော်မူစဉ် ပင်လယ်၌ ပိုက်ကွန်ချ နေသော တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပေတရု ဟုအမည်ရသောစီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့ကိုမြင်တော်မူ၏။-
Matt BurCBCM 4:19  ထိုအခါ ကိုယ်တော်က သူတို့အား ငါ့နောက် သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါသည်များဖြစ်စေ မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 4:20  သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။-
Matt BurCBCM 4:21  ကိုယ်တော်သည် ထိုအရပ်မှ ရှေ့သို့ဆက်၍ ကြွသွားတော်မူ သောအခါ ဇေဘေဒေးဦး၏သားများဖြစ်သည့် ယာကုပ် နှင့် သူ၏ညီယောဟန်တည်းဟူသော အခြားညီအစ်ကို နှစ်ဦးသည် မိမိတို့၏ဖခင်နှင့်အတူ လှေထဲတွင် မိမိတို့၏ ပိုက်ကွန်များအား ဖာထေးနေကြသည်ကိုမြင်တော်မူ၍ သူတို့ကိုလည်း ခေါ်တော်မူ၏။-
Matt BurCBCM 4:22  သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် မိမိတို့၏ဖခင်ကိုထားခဲ့ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြလေ၏။
Matt BurCBCM 4:23  ကိုယ်တော်သည် ဂါလေလေးယနယ်တစ်ခွင်လုံး သို့လှည့်လည်ကာ သူတို့၏တရားဇရပ်များ၌ ဆုံးမသွန် သင်လျက် နိုင်ငံတော်နှင့်ဆိုင်သောဧဝံဂေလိသတင်း ကောင်းကို ဟောပြော၍ လူတို့တွင်စွဲကပ်နေသောအနာ ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 4:24  ကိုယ်တော်၏သတင်းတော်သည် ဆီးရိယပြည်တစ်ပြည်လုံး သို့ပျံ့နှံ့ကျော်စောသဖြင့် လူတို့သည် အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူရှိသမျှနှင့် နတ်ဆိုးစီးသူများ၊ ဝက် ရူးနာစွဲသူများ၊ လက်ခြေသေသူများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူတို့ကို ရောဂါပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 4:25  ထိုအခါ ဂါလေလေးယနှင့် ဒေကာပိုလစ်နယ်၊ ဂျေရုဆလင်မြို့၊ ဂျူဒေးယပြည်နှင့် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှ များစွာသော လူအစုအဝေးတို့ သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။ တောင်ပေါ်တရားတော်များ
Chapter 5
Matt BurCBCM 5:1  ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်လျှင် တောင်ပေါ်သို့တက်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုင်တော်မူ သောအခါ တပည့်တော်တို့သည် အထံတော်သို့ စုဝေးလာကြ၏။-
Matt BurCBCM 5:2  ထိုအခါ ကိုယ်တော်သည် မိမိ၏နှုတ်တော်ကိုဖွင့်၍ သူတို့အား ဟောပြောသွန်သင်တော် မူသည်ကား၊
Matt BurCBCM 5:3  အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
Matt BurCBCM 5:4  ဝမ်းနည်းငိုကြွေးသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းခံကြရလိမ့် မည်။
Matt BurCBCM 5:5  စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံ ကြရလိမ့်မည်။
Matt BurCBCM 5:6  ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် လိုအင် ဆန္ဒပြည့်၀ ကြလိမ့်မည်။
Matt BurCBCM 5:7  သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်း ခံကြရလိမ့်မည်။
Matt BurCBCM 5:8  စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။
Matt BurCBCM 5:9  ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သော သူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင် ၏သားများဟု အခေါ်ခံကြရလိမ့်မည်။
Matt BurCBCM 5:10  ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်း မူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံ ဖြစ်၏။
Matt BurCBCM 5:11  လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချ ကြသောအခါ သင်တို့ သည် မင်္ဂလာရှိကြ၏။-
Matt BurCBCM 5:12  ရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကောင်း ကင်နိုင်ငံတော်၌ သင်တို့ခံစားရမည့်ဆုလာဘ်သည် ကြီး မားလှပေ၏။ သူတို့သည် သင်တို့မတိုင်မီရှိခဲ့သော ပရော ဖက်များကိုလည်း ဤနည်းတူညှဉ်းဆဲခဲ့ကြ၏။
Matt BurCBCM 5:13  သင်တို့သည် လောက၏ဆားဖြစ်ကြ၏။ ဆားမူ ကား ၎င်း၏အရသာကင်းမဲ့ခဲ့လျှင် ထိုအငန်ဓါတ်ကို မည်ကဲ့သို့ပြန် လည်ရရှိနိုင်မည်နည်း။ ၎င်းသည် မည်သို့ မျှအသုံးမဝင်တော့ဘဲ အပြင်သို့ပစ်လိုက်၍ လူတို့၏နင်း ခြေခြင်းခံရရုံသာ ရှိပေတော့မည်။
Matt BurCBCM 5:14  သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင် ပေါ်တွင် တည်ထားသောမြို့ကို ဝှက်ကွယ်ထား၍မရနိုင်။-
Matt BurCBCM 5:15  မည်သူကမျှ ဆီမီးကိုထွန်း၍ တောင်းဇလားအောက်၌ ထားလေ့မရှိ။ ၎င်းကို ဆီမီးခုံပေါ် ၌သာတင်ကြသဖြင့် ၎င်း သည် အိမ်သူအိမ်သားအားလုံးကို အလင်းပေးလေ၏။-
Matt BurCBCM 5:16  ဤနည်းတူပင် လူတို့သည် သင်တို့၏ကောင်းသော အကျင့်များကိုမြင်ကြ၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သင် တို့၏အလင်းကို လူတို့ရှေ့တွင် ထွန်းလင်းစေကြလော့။
Matt BurCBCM 5:17  ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုပယ် ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက် ခြင်းငှာမဟုတ်၊ ပြီးပြည့်စုံစေခြင်းငှာ ငါလာသတည်း။-
Matt BurCBCM 5:18  သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့် မြေ ကြီးပျောက်ကွယ်သွားသည့်တိုင်အောင် အရာအားလုံး ပြီးပြည့်စုံခြင်းသို့မရောက်မချင်း ပညတ်တရားကျမ်းမှ အငယ်ဆုံးသောစာလုံးတစ်လုံး၊ အသတ်အလပ်တစ်ခု မျှမကွယ်မပျောက်ရာ။-
Matt BurCBCM 5:19  ထို့ကြောင့် မည်သူမဆို ဤ အငယ်ဆုံးသောပညတ်တို့တွင် တစ်ပါးပါးကို ကိုယ်တိုင် ကျူးလွန်၍ အခြားသူတို့အားလည်း ထိုနည်းအတိုင်း သွန်သင်လျှင် ထိုသူသည် ကောင်း ကင်နိုင်ငံတော်တွင် အသိမ်ငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့ရာ တွင် မည်သူမဆို ပညတ်တော်များကို ကိုယ်တိုင်ကျင့်၍ အခြားသူတို့အားလည်း ကျင့်ရန်သွန်သင်လျှင် ထိုသူ သည် ကောင်းကင်နိုင်ငံတော်တွင် ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။-
Matt BurCBCM 5:20  အကြောင်းမူကား သင်တို့၏ဖြောင့် မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့ ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရလိမ့်မည်မဟုတ်ဟု ငါဆို၏။
Matt BurCBCM 5:21  လူ့အသက်ကို မသတ်နှင့်။ သတ်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်းကိုခံထိုက်၏ဟူ၍ ရှေးလူကြီးတို့အား ပညတ်ထား ခဲ့သည် ကို သင်တို့ကြားခဲ့ရလေပြီ။-
Matt BurCBCM 5:22  သို့ရာ တွင် သင်တို့အား ငါဆိုသည်မှာ မည်သူမဆို မိမိ၏ညီ အစ်ကိုအပေါ် အမျက်ဒေါသ ထွက်လျှင် ရုံးတော်၌ အပြစ် စီရင်ခြင်း ကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အသုံးမကျ သူဟုခေါ်၍ ကဲ့ရဲ့စော်ကား သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အရူး ဟုခေါ်သောသူသည် ဂေဟေ့နာမီးဒဏ် ကိုခံထိုက်၏။-
Matt BurCBCM 5:23  ထို့ကြောင့် သင်သည် သင်၏ပူဇော်သကာကို ယဇ်ပလ္လင် သို့ ယူဆောင်လာသောအခါ သင်၏ညီအစ်ကိုသည် သင့် ၌ အပြစ်တင်စရာတစ်စုံတစ်ခုရှိနေသည်ကို ထိုနေရာ၌ သတိရလျှင်၊-
Matt BurCBCM 5:24  သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှေ့တွင် ထားခဲ့ပြီးလျှင် သွား၍ သူနှင့် သင့်မြတ်အောင် ပထမဦးစွာ ပြုလုပ် လော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သကာကို ဆက်ကပ်လော့။-
Matt BurCBCM 5:25  သင်သည် သင်၏တရားပြိုင်ဘက် နှင့်အတူ တရားရုံး သို့သွားနေစဉ် သူနှင့် ပြန်လည်သင့် မြတ်အောင် အလျင်အမြန်ပြုလော့။ ထိုသို့မပြုလျှင် သူ သည် သင့်ကို တရားသူကြီး၏လက်သို့အပ်လိမ့်မည်။ တရားသူကြီးသည်လည်း သင့်ကို မင်းမှုထမ်းလက်သို့ အပ်၍ အကျဉ်းချထားလိမ့်မည်။-
Matt BurCBCM 5:26  ထိုအခါ သင်သည်ပေးဆောင်ရမည့်ငွေကို အကုန်အစင်မပေးမချင်း ထောင်ထဲမှထွက်ရ လိမ့်မည်မဟုတ်ဟု သင့်အား ငါအမှန် ဆို၏။
Matt BurCBCM 5:27  တစ်ပါးသူ၏မယားကို မပြစ်မှားရဟူသောပညတ် စကားကို သင်တို့ကြားခဲ့ရလေပြီ။-
Matt BurCBCM 5:28  သို့သော် သင်တို့ အား ငါဆိုသည်မှာ အမျိုးသမီးတစ်ဦးအား ကိလေသာ စိတ်နှင့် တပ်မက် စွာကြည့်သောသူဟူသမျှသည် မိမိ၏ စိတ်နှလုံးတွင် ထိုအမျိုးသမီးကို ပြစ်မှားလေပြီ။-
Matt BurCBCM 5:29  အကယ် ၍ သင်၏လက်ယာမျက်စိသည် သင့်ကို အပြစ်ထဲသို့ကျ ရောက်စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ခန္ဓာ ကိုယ်တစ်ခုလုံး ငရဲသို့ချခြင်းခံရသည်ထက် ကိုယ်အင်္ဂါ တစ်ခုဆုံးရှုံးရ သည်က သာ၍ကောင်း၏။-
Matt BurCBCM 5:30  သင်၏လက် ယာလက်သည် သင့်ကို အပြစ်ထဲသို့ ကျရောက်စေလျှင် ထိုလက်ကို ဖြတ်၍ စွန့်ပစ်လော့။ သင်၏ခန္ဓာကိုယ်တစ်ခု လုံး ငရဲသို့သွားရသည်ထက် ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးရ သည်က သာ၍ကောင်း၏။
Matt BurCBCM 5:31  မည်သူမဆို မိမိ၏မယားနှင့်ကွာရှင်းလိုလျှင် ထိုသူသည် သူမကို ဖြတ်စာပေးစေဟူ၍လည်း အဆိုရှိ၏။-
Matt BurCBCM 5:32  သို့ သော် သင်တို့အား ငါဆိုသည်မှာ အိမ်ထောင်ရေးဖောက် ပြန်ခြင်း အကြောင်းမှလွဲ၍ မိမိ၏မယားကိုကွာရှင်းသော သူသည် သူမကို ဖောက်ပြန်ခြင်းသို့ရောက်စေ၏။ ကွာ ရှင်းထားသောအမျိုးသမီးကို လက်ထပ်ပေါင်းသင်းသော သူသည်လည်း သူ့မယားကို ပြစ်မှားရာရောက်၏။
Matt BurCBCM 5:33  တစ်ဖန် မမှန်ကန်သောကျိန်ဆိုခြင်းကိုမပြုနှင့်။ သင် ပြုခဲ့သောကတိသစ္စာကို ထာ၀ရဘုရားသခင်၏ရှေ့တော် ၌ တည်စေလော့ဟု ရှေးလူကြီးတို့အား ပညတ်ထားခဲ့သည်ကို သင်တို့ကြားခဲ့ရလေပြီ။-
Matt BurCBCM 5:34  သို့သော် သင်တို့အား ငါဆိုသည်မှာ ကျိန်ဆိုခြင်းအမှုကိုလုံး၀မပြုရ။ ကောင်း ကင်ကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူ ကား ကောင်းကင်သည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။-
Matt BurCBCM 5:35  ကမ္ဘာမြေကြီးကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ကမ္ဘာမြေကြီးသည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်၏။ ဂျေရုဆလင်မြို့တော်ကိုလည်း တိုင် တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ထိုမြို့သည် ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။-
Matt BurCBCM 5:36  သင်၏ဦးခေါင်းကို လည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ဆံ ခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ သင်မတတ်နိုင်။-
Matt BurCBCM 5:37  သင်တို့ပြောဆိုသောအရာကို ဟုတ်လျှင် ဟုတ် သည်၊ မဟုတ်လျှင် မဟုတ်ပါဟု ပြောလော့။ ထို့ထက်ပို သောစကားသည် မကောင်းမှုမှ လာ၏။ လက်စားချေ ခြင်းမပြုအပ်ကြောင်း
Matt BurCBCM 5:38  မျက်စိအစား မျက်စိ၊ သွားအစား သွားဟူသော ပညတ်စကားရှိသည်ကို သင်တို့ကြားခဲ့ရလေပြီ။-
Matt BurCBCM 5:39  သို့ သော် သင်တို့အား ငါဆိုသည်မှာ ဆိုးယုတ်သောသူကို မတုံ့ပြန်ကြနှင့်။ တစ်စုံတစ်ယောက်သည် သင်၏ညာ ဘက်ပါးကိုရိုက် လျှင် ကျန်ပါးတစ်ဖက်ကိုလည်း သူ့ထံသို့လှည့်ပေးဦးလော့။-
Matt BurCBCM 5:40  တစ်စုံတစ်ယောက်သည် သင်၏ အင်္ကျီကိုရယူလို၍ သင့်ကိုတရားစွဲလျှင် သူ့အား သင်၏ဝတ်ရုံကိုလည်း ယူစေလော့။-
Matt BurCBCM 5:41  တစ်စုံတစ်ယောက်သည် သင့်ကိုအနိုင်အထက်ပြု၍ ခရီးတစ်မိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်မိုင်သွားလော့။-
Matt BurCBCM 5:42  သင့်ထံ၌ တောင်းခံ သောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသော သူကိုလည်း မငြင်းပယ်လေနှင့်။
Matt BurCBCM 5:43  သင်နှင့် နီးစပ်သောသူကိုချစ်လော့။ သင်၏ရန်သူ ကိုမုန်းလော့ဟူသောပညတ်စကားရှိသည်ကို သင်တို့ကြားခဲ့ရလေပြီ။-
Matt BurCBCM 5:44  သို့သော် သင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှိပ်စက် ညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။-
Matt BurCBCM 5:45  သို့မှသာ သင်တို့သည် ဆိုးသူနှင့် ကောင်းသူတို့အပေါ်၌ မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သူ၊ မဖြောင့် မတ်သူတို့အပေါ်သို့ မိုးကို ရွာစေတော်မူသော၊ ကောင်း ကင်ဘုံ၌ ရှိတော်မူသည့် သင်တို့အဖ၏သားသမီးများဖြစ်ကြလိမ့်မည်။-
Matt BurCBCM 5:46  အကြောင်းမူကား သင်တို့သည် မိမိ တို့အား ချစ်သောသူများကိုသာ ချစ်ကြပါမူ အဘယ်အကျိုးကိုခံစားရမည်နည်း။ အခွန်ခံ သောသူများပင်လျှင် ထိုနည်းတူပြုမူကြသည်မဟုတ်လော။-
Matt BurCBCM 5:47  သင်တို့၏ညီ အစ်ကိုများကိုသာ သင်တို့နှုတ်ဆက်ကြလျှင် သင်တို့ သည် အခြားသူများထက် မည်သည့်ထူးခြားချက်ကိုပြု သနည်း။ လူမျိုးခြားတို့ပင်လျှင် ထိုနည်းတူပြုမူကြသည် မဟုတ်လော။-
Matt BurCBCM 5:48  ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသော သင်တို့၏အဖသည် ကောင်းမွန်ပြည့်စုံတော်မူသည့်နည်းတူ သင်တို့သည် လည်း ကောင်းမွန် ပြည့်စုံခြင်းရှိကြလော့။
Chapter 6
Matt BurCBCM 6:1  သင်တို့၏ကုသိုလ်ကောင်းမှုကို လူအများမြင်စေ ခြင်းငှာ ၎င်းကိုသူတို့၏ရှေ့မျက်မှောက်တွင် မပြု လုပ်ရန်သတိပြုကြလော့။ သို့မဟုတ်လျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖထံတော် မှ ဆုကျေးဇူးမခံစားရဘဲရှိလိမ့်မည်။
Matt BurCBCM 6:2  ထို့ကြောင့် သင်တို့သည် လှှူဒါန်းကြသောအခါ လူ တို့၏ချီးမွမ်းခြင်းခံရစေရန် တရားဇရပ်များနှင့် လမ်းများပေါ်တွင် လှူဒါန်း ကြသောသူတော်ကောင်းယောင်ဆောင် သူတို့ပြုလုပ်သကဲ့သို့ သင်တို့၏ရှေ့၌ တံပိုးခရာမမှုတ်စေ နှင့်။ သင်တို့အား ငါအမှန်ဆို သည် ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။-
Matt BurCBCM 6:3  သင်တို့မူကား လှူဒါန်း ပေးကမ်းသောအခါ သင်တို့၏လက်ယာလက်ပြုသော အမှုကို လက်ဝဲလက်မသိစေနှင့်။-
Matt BurCBCM 6:4  ဤသို့ဖြင့် သင်တို့၏ အလှူသည် မထင်မရှားရှိ၍ မထင်မရှားပြုမူသည့်အမှုတို့ ကို မြင်တော်မ ူသော သင်တို့၏အဖသည် သင်တို့အား ဆု ကျေးဇူးပေးသနားတော်မူလိမ့်မည်။
Matt BurCBCM 6:5  သင်တို့သည် ဆုတောင်းပတ္ထနာပြုသောအခါ လူ တို့မြင်စေခြင်းငှာ တရားဇရပ်များနှင့် လမ်းဆုံလမ်းခွများ တွင်ရပ်လျက် ဆုတောင်းခြင်းအမှုကိုပြုလိုကြသော သူ တော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မဖြစ်စေကြနှင့်။ သင်တို့အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။-
Matt BurCBCM 6:6  သင်တို့မူကား ဆုတောင်း သောအခါ သင်တို့၏အခန်းတွင်းသို့ဝင်၍ တံခါးကိုပိတ် ပြီးမှ ဆိတ်ကွယ်ရာ၌ရှိတော်မူသော သင်တို့၏အဖထံသို့ ဆုတောင်းလော့။ ဆိတ်ကွယ်ရာ၌ ပြုမူသောအမှုကိုမြင် တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေး ဇူးပေးသနားတော်မူလိမ့်မည်။
Matt BurCBCM 6:7  သင်တို့သည် ဆုတောင်းကြသောအခါ လူမျိုးခြား တို့နည်းတူ အနှစ်သာရမဲ့သောစကားလုံးအမြောက်အ မြားကိုမရွတ်ဆိုကြနှင့်။ အကြောင်းမူကား သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုခြင်းဖြင့် မိမိတို့တောင်း လျှောက်သောဆုကိုရလိမ့်မည်ဟု ထင်မှတ် ကြ၏။-
Matt BurCBCM 6:8  သင်တို့မူကား သူတို့ကဲ့သို့ မပြုလုပ်ကြနှင့်။ အကြောင်းမူကား သင်တို့လို အပ်သောအရာကို သင်တို့မတောင်းမီကပင် သင်တို့၏ အဖသည် သိတော်မူ၏။
Matt BurCBCM 6:9  ထို့ကြောင့် သင်တို့သည် ဤသို့ဆုတောင်းကြရ မည်။ ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့ ၏အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။-
Matt BurCBCM 6:10  ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော် သည် ပြည့်စုံပါစေသော်။-
Matt BurCBCM 6:11  နေ့စဉ်မပြတ် အလိုရှိအပ်သောအစားအစာကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။-
Matt BurCBCM 6:12  ကျွန်ုပ်တို့ ကို ထိခိုက် ကျူးလွန်သောသူတို့အား ကျွန်ုပ်တို့ခွင့်လွှတ် သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော် မူပါ။-
Matt BurCBCM 6:13  နှောင့်ယှက်ခြင်းအမှုတို့၌ ကျွန်ုပ်တို့ကို ပါဝင် ခြင်းမရှိ စေဘဲလျက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေတော်မူပါဟူ၍ ဆုတောင်းကြရမည်။-
Matt BurCBCM 6:14  အကြောင်းမူကား သင်တို့သည် လူတို့၏အပြစ်များကို ခွင့်လွှတ်ကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။-
Matt BurCBCM 6:15  သို့သော် သင်တို့သည် လူတို့၏အပြစ်များကို ခွင့်မလွှတ်ကြလျှင် သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူ လိမ့်မည်မဟုတ်။
Matt BurCBCM 6:16  သင်တို့သည် အစာရှောင်ခြင်းအမှုကိုပြုကြသော အခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာ ညှိုးငယ်ခြင်း မရှိစေ ကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြသည်ကို လူအများမြင်စေခြင်းငှာ ညှိုးငယ်သောမျက်နှာအသွင်ကို ဆောင်ကြ၏။ သင်တို့ အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ရရှိကြလေပြီ။-
Matt BurCBCM 6:17  သင်တို့မူကား အစာရှောင်သောအခါ သင်တို့၏ဦးခေါင်းကို ဆီလိမ်းကျံ၍ သင်တို့၏မျက်နှာကို သစ်လော့။-
Matt BurCBCM 6:18  သင်တို့အစာရှောင်နေသည်ကို လူတို့ မြင်စေရန်မဟုတ်ဘဲ မျက်စိနှင့်မမြင်နိုင်သော သင်တို့၏အဖမြင်စေရန်ဖြစ်၏။ ဆိတ်ကွယ် ရာ၌ပြုမူသောအရာ တို့ကို မြင်တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေးဇူးပေး သနားတော် မူလိမ့်မည်။
Matt BurCBCM 6:19  သံချေးပိုးရွတို့ဖျက်ဆီးနိုင်၍ သူခိုးများဖောက်ထွင်း ခိုးယူနိုင်သော လောကီဥစ္စာရတနာများကို သင်တို့အဖို့ မစုဆောင်းကြနှင့်။-
Matt BurCBCM 6:20  သို့သော် သံချေးပိုးရွတို့မဖျက်ဆီး နိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်းမပြုနိုင်သော ကောင်းကင်ဘဏ္ဍာ များကိုသာ သင်တို့အဖို့ စုဆောင်း ကြလော့။-
Matt BurCBCM 6:21  အကြောင်းမူကား သင်တို့၏ဘဏ္ဍာရှိရာ အရပ်၌ သင်တို့၏စိတ်နှလုံးလည်းရှိသောကြောင့်တည်း။
Matt BurCBCM 6:22  မျက်စိသည် ခန္ဓာကိုယ်၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိသည်အကောင်းပကတိဖြစ်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံး သည် အလင်းဖြင့်ပြည့်၀လိမ့်မည်။-
Matt BurCBCM 6:23  သင်၏မျက်စိမကောင်းလျှင်မူကား သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် မှောင်အတိဖြစ်လိမ့်မည်။ အကယ်၍ သင်၌ရှိသော အလင်း သည် မှောင်မိုက်ဖြစ်လာလျှင် ထို မှောင်မိုက်သည် အလွန်တရာကြီးမားပေလိမ့်မည်။
Matt BurCBCM 6:24  မည်သူမျှ သခင်နှစ်ပါးကိုအစေမခံနိုင်။ အကြောင်း မူကား သူသည် သခင်တစ်ပါးကိုမုန်းပြီး ကျန်တစ်ပါးကို ချစ်၍သော်လည်းကောင်း၊ သခင်တစ်ပါးကိုသစ္စာခံပြီး ကျန်တစ်ပါးကို မထီမဲ့မြင်ပြု၍သော်လည်းကောင်း ရှိလိမ့် မည်။ သင်တို့သည် ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံး ကို အစေမခံနိုင်။
Matt BurCBCM 6:25  ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား သင်တို့ ၏ဘ၀အသက်ရှင်ရေးအတွက် မည်သည့်အရာကို စား သောက်ရမည် ဟူ၍လည်းကောင်း၊ သင်တို့၏ခန္ဓာကိုယ် အတွက် မည်သည့်အရာကို ဝတ်ဆင်ရမည်ဟူ၍လည်း ကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အသက်သည် အစာ ထက် မြတ်သည်မဟုတ်လော။ ခန္ဓာကိုယ်သည် အဝတ် ထက်မြတ်သည်မဟုတ်လော။-
Matt BurCBCM 6:26  မိုးကောင်းကင်ငှက်တို့ ကိုကြည့်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့လည်းမကြဲ၊ ကောက်နှံများ ကိုလည်းမရိတ်သိမ်း၊ ကျီများ တွင်လည်း သိုလှောင်ခြင်းမပြုကြချေ။ သို့သော် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေး မွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် သာ၍ မြတ်ကြသည်မဟုတ်လော။-
Matt BurCBCM 6:27  သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိဘ၀သက်တမ်းကို အနည်းငယ်မျှတိုးစေနိုင်သနည်း။-
Matt BurCBCM 6:28  သင်တို့သည် အဘယ်ကြောင့် အဝတ်အထည်အဖို့ စိုးရိမ်ကြောင့်ကြနေကြသနည်း။ လယ်ကွင်းပြင်ရှီ တောနှင်းပန်းတို့ မည်ကဲ့သို့ရှင်သန်နေ ကြသည်ကို ဆင်ခြင်သုံးသပ်ကြလော့။ ၎င်းတို့သည်
Matt BurCBCM 6:29  အလုပ်လည်းမလုပ်၊ ဗိုင်းလည်း မငင်ကြချေ။- သို့သော် လည်း သင်တို့အား ငါဆိုသည်မှာ ဘုန်းတန်ခိုးကြီးသော ဆောလမွန်ဘုရင်သည်ပင်လျှင် ထိုပန်းပင်တစ်ပင်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။-
Matt BurCBCM 6:30  ယုံကြည်ခြင်းအားနည်းသောသင် တို့၊ ယနေ့ရှင်သန်လျက် မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်း ခံရသော လယ်ကွင်းပြင်မှတော မြက်တို့ကိုပင် ဘုရား သခင်သည် ဤသို့ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မူကား ထိုထက်မက အဆပေါင်းများစွာ ဆင်ယင်ပေး တော်မူမည်မဟုတ်လော။-
Matt BurCBCM 6:31  ထို့ကြောင့် အကျွန်ုပ်တို့မည် သည့်အရာကို စားသောက်ကြရမည်နည်း၊ မည်သည့် အရာကိုဝတ်ဆင်ကြရမည်နည်းဟုဆို၍ စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။-
Matt BurCBCM 6:32  အကြောင်းမူကား ဘုရားမဲ့သောသူတို့သာ လျှင် ဤအရာခပ်သိမ်းတို့ကို ရှာဖွေတတ်ကြ၏။ ကောင်း ကင်ဘုံရှင် သင်တို့အဖသည် ဤအရာအလုံးစုံကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။-
Matt BurCBCM 6:33  ဘုရားသခင်၏နိုင်ငံ တော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားကို ရှေးဦး စွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံ ကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်။
Matt BurCBCM 6:34  ထို့ကြောင့် မနက်ဖြန်နေ့အတွက် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။ အကြောင်းမူကား မနက်ဖြန်နေ့သည် ၎င်း အတွက် စိုးရိမ်လိမ့်မည်။ တစ်နေ့တာကြုံတွေ့ရသည့် စိုး ရိမ်ပူပန်မှုများသည် ထိုနေ့အတွက် လုံလောက်ပေ၏။
Chapter 7
Matt BurCBCM 7:1  သင်တို့သည် စီရင်ဆုံးဖြတ်ခြင်းမခံရစေရန် သူတစ်ပါးကို စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။-
Matt BurCBCM 7:2  အကြောင်းမူကား သင်တို့စီရင်ဆုံးဖြတ်သည့်အတိုင်း သင်တို့သည်လည်း စီရင်ဆုံးဖြတ်ခြင်းခံကြရလိမ့်မည်။ သင်တို့တိုင်း တာ သော ပမာဏဖြင့် သင်တို့သည် တိုင်း တာခြင်းခံကြရလိမ့်မည်။-
Matt BurCBCM 7:3  အဘယ်ကြောင့် သင်သည် သင်၏မျက်စိအတွင်းရှိ သစ်တုံးကိုသတိမမူဘဲ သင့်ညီ အစ်ကို၏မျက်စိအတွင်းရှိ သစ်သားစကို မြင်သနည်း။-
Matt BurCBCM 7:4  သင်သည် မိမိ၏မျက်စိထဲတွင် သစ်တုံးရှိနေပါလျက်နှင့် မိမိ၏ညီအစ်ကိုအား သင်၏မျက်စိထဲမှသစ်သားစကို ထုတ်ပေးပါရစေဟု မည်သို့ဆိုနိုင်မည်နည်း။-
Matt BurCBCM 7:5  အသင် သူတော်ကောင်းယောင်ဆောင်သူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်ညီအစ်ကို၏ မျက်စိထဲမှ သစ်သားစကိုထုတ်ပစ်ရန် ကောင်းစွာမြင် နိုင်ပေလိမ့်မည်။ သန့်ရှင်းမွန်မြတ်သောအရာများကို မညစ်ညူးစေအပ်ကြောင်း
Matt BurCBCM 7:6  သန့်ရှင်းမွန်မြတ်သောအရာများကို ခွေးတို့အား မပေးကြနှင့်။ သင်တို့၏ပုလဲရတနာများကိုလည်း ဝက် တို့၏ရှေ့တွင် ပစ်ချမထားကြနှင့်။ ထိုသို့ပြုခဲ့လျှင် ၎င်းတို့ သည် ထိုအရာများကို ခြေဖြင့်နင်းခြေပြီးနောက် လှည့်၍ သင်တို့ကို ရန်ပြုကြလိမ့်မည်။
Matt BurCBCM 7:7  တောင်းကြလော့၊ တောင်းလျှင် သင်တို့အား ပေး လိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့သည် တွေ့ ကြ လိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် သင်တို့ အား တံခါးဖွင့်ပေးလိမ့်မည်။-
Matt BurCBCM 7:8  အကြောင်းမူကား တောင်း သောသူတိုင်းသည် ရ၏။ ရှာသောသူသည်လည်း တွေ့ ၏။ တံခါးခေါက်သောသူအားလည်း ဖွင့်ပေးလိမ့်မည်။-
Matt BurCBCM 7:9  သင်တို့တွင် မည်သူသည် မိမိ၏သားက မုန့်ကိုတောင်း
Matt BurCBCM 7:10  လျှင် သူ့အား ကျောက်ခဲကိုပေးမည်နည်း။- ငါးကိုတောင်း လျှင် မည်သူသည် သူ့အား မြွေကိုပေးမည်နည်း။-
Matt BurCBCM 7:11  ဆိုးမိုက်သော သင်တို့ပင်လျှင် မိမိတို့၏သားသမီးများအား ကောင်းသောအရာများကို ပေးတတ်ကြလျှင် ကောင်း ကင်ဘုံ၌ရှ ိတော်မူသော သင်တို့၏အဖသည်လည်း မိမိ ထံတောင်းလျှောက်သူတို့အား ကောင်းသောအရာများ ကို ထိုထက်မက ပို၍ပေးတော်မူမည်မဟုတ်လော။
Matt BurCBCM 7:12  သင်တို့အား သူတစ်ပါးတို့ပြုမူစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမူကြလော့။ ဤ သည်ကား ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့ ပင်ဖြစ်သတည်း။
Matt BurCBCM 7:13  ကျဉ်းမြောင်းသောတံခါးမှဝင်ကြလော့။ အကြောင်း မူကား ပျက်စီးခြင်းသို့ပို့ဆောင်သောလမ်းသည် လိုက်ရန် လွယ်ကူ၍ တံခါးသည်လည်း ကျယ်ဝန်းသဖြင့် ထိုလမ်းမှ ဝင်ရောက်သောသူတို့သည် များပြားလှ၏။-
Matt BurCBCM 7:14  သို့သော် ထာ၀ရအသက်သို့ပို့ဆောင်သောလမ်းသည် ခက်ခဲ၍ တံခါးသည်လည်း ကျဉ်းမြောင်းသဖြင့် ထိုလမ်းကိုတွေ့ ရှိသောသူတို့သည် နည်းကြ၏။
Matt BurCBCM 7:15  အယောင်ဆောင်ပရောဖက်များကို သတိပြုကြလော့။ သူတို့သည် အတွင်း၌လုယက်စားသောက်တတ် သောဝံပုလွေ များဖြစ်သော်လည်း သိုးရေကိုခြုံကာ သင်တို့ထံသို့ လာကြ၏။-
Matt BurCBCM 7:16  ထိုသူတို့၏အကျင့်များကိုကြည့်၍ သူတို့သည် မည်သို့သော သူများဖြစ်သည်ကို သင်တို့သိကြလိမ့်မည်။ စပျစ်သီးကို ဆူးပင်တို့မှ လည်းကောင်း၊ တည်သီးများကို အနှစ်မဲ့ဆူးပင်င ယ်တို့မှလည်းကောင်း ခူးဆွတ်ရရှိကြသလော။-
Matt BurCBCM 7:17  ဤနည်းတူပင် မျိုးကောင်း သောအပင်သည် ကောင်းသောအသီးကို သီးတတ်၏။ မျိုးညံ့သောအပင်မူကား မကောင်းသောအသီးကို သီးတတ်၏။-
Matt BurCBCM 7:18  မျိုးကောင်းသောအပင်သည် မကောင်းသော အသီးကိုမသီးနိုင်။ မျိုးညံ့သောအပင်သည်လည်းကောင်း သောအသီးကို မသီးနိုင်ပေ။-
Matt BurCBCM 7:19  ကောင်းသောအသီးကို မသီးသောအပင်မှန်သမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။-
Matt BurCBCM 7:20  သို့ဖြစ်၍ သင်တို့သည် သူတို့၏ အကျင့်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် မည်သို့ သောသူများ ဖြစ်သည်ကို သိကြလိမ့်မည်။
Matt BurCBCM 7:21  ငါ့ကို သခင်၊ သခင်ဟုခေါ်သောသူတိုင်း ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလို တော်ကိုဆောင်ရွက်သောသူသာလျှင် ဝင်ရလိမ့်မည်။-
Matt BurCBCM 7:22  ထိုနေ့ရက်ကျ ရောက်သောအခါ များစွာသောသူတို့က ငါ့အား သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်၌ ဟောပြောခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ များစွာ သောတန်ခိုးတို့ကိုပြသခြင်း အစရှိသည်တို့ကိုပြုခဲ့ကြသည်မဟုတ်ပါလောဟု လျှောက်ကြလိမ့်မည်။-
Matt BurCBCM 7:23  ထိုအခါ ငါက သင်တို့ကို ငါလုံး၀မသိ၊ မတရားသောအမှုကိုပြု သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့ဟူ၍ သူတို့အား အတိအလင်းပြောဆိုမည်။
Matt BurCBCM 7:24  ငါ၏စကားကိုကြား၍ ကျင့်သောသူဟူသမျှသည် ကျောက်ပေါ်၌ မိမိ၏အိမ်ကိုဆောက်ထားသောပညာရှိနှင့်တူလိမ့်မည်။-
Matt BurCBCM 7:25  မိုးရွာ၍ ရေကြီးပြီး မုန်တိုင်းထန်သဖြင့် ထိုအိမ်ကို ရိုက်ခတ်သော်လည်း ၎င်းမှာ ကျောက်ပေါ်၌ တည်ဆောက်ထားသောကြောင့် မပြိုလဲချေ။-
Matt BurCBCM 7:26  ဤငါ၏ စကားများကိုကြား၍ မကျင့်ဘဲနေသောသူဟူသမျှသည် သဲပေါ်၌ မိမိ၏အိမ်ကိုဆောက်ထားသောလူမိုက်နှင့်တူ လိမ့်မည်။-
Matt BurCBCM 7:27  မိုးရွာ၍ ရေကြီးပြီး မုန်တိုင်းထန်သဖြင့် ထိုအိမ် ကို ရိုက်ခတ်သောအခါ ၎င်းသည် ပြိုလဲ၍ ၎င်း၏ပျက်စီးခြင်းမှာ လည်း ကြီးမားလှပေသည်ဟုမိန့်တော်မူလေ၏။
Matt BurCBCM 7:28  ယေဇူးသည် ဤအကြောင်းအရာများကို ဟော ပြောတော်မူပြီးသောအခါ လူပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ချက်များ ကို လွန်စွာအံ့ဩကြကုန်၏။-
Matt BurCBCM 7:29  အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ်ဆရာ တို့ကဲ့သို့မဟုတ်ဘဲ ဩဇာအာဏာရှိသူတစ်ဦးကဲ့သို့ ထို သူတို့အား ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
Chapter 8
Matt BurCBCM 8:1  ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွလာတော် မူသောအခါ များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြ၏။-
Matt BurCBCM 8:2  ထိုအခါ အနာကြီးရောဂါစွဲကပ်နေသူတစ်ယောက်သည် လာ၍ ကိုယ်တော့်ရှေ့မှောက်၌ ဒူးထောက်လျက် သခင်၊ ကိုယ် တော်အလိုရှိတော်မူလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ် စေနိုင်ပါသည်ဟု လျှောက်ထား၏။-
Matt BurCBCM 8:3  ထိုအခါ ကိုယ်တော် သည် မိမိ၏လက်တော်ကိုဆန့်၍ သူ့အား တို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့် တော်မူလျှင် သူ၏အနာကြီးရောဂါသည် ချက်ချင်းပျောက်ကင်းသွားလေ၏။-
Matt BurCBCM 8:4  ထို့နောက် ယေဇူးက သူ့အား ဤအကြောင်းကို မည်သူ့အားမျှ မပြောမိစေရန် သတိပြု လော့၊ ယခုပင်သွား၍သင့်ကိုယ်ကို ရဟန်းအား ပြသပြီး လျှင် လူတို့အတွက် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့် မှာထားသည့်အတိုင်း လှူဖွယ်ဝတ္ထုကို ပူဇော်ဆက်သ လော့ဟု မိန့်တော်မူ၏။
Matt BurCBCM 8:5  ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ကြွဝင်တော် မူသောအခါ လူတစ်ရာတပ်မှူးတစ်ယောက်သည် အထံ
Matt BurCBCM 8:6  တော်သို့ချဉ်း ကပ်ပြီး လျှင်၊- သခင်၊ အကျွန်ုပ်၏အစေခံ တစ်ယောက်သည် လေဖြတ်သည့်ရောဂါဖြင့် ဝေဒနာပြင်း ထန်စွာ ခံစားလျက် အိမ်တွင် လဲလျောင်းနေပါသည်ဟု လျှောက်ထားလေ၏။-
Matt BurCBCM 8:7  ထိုအခါ ကိုယ်တော်က ငါလာ၍ ထိုသူကို ကုသပျောက်ကင်းစေမည်ဟု သူ့အား မိန့်တော်
Matt BurCBCM 8:8  မူ၏။- သို့သော် လူတစ်ရာတပ်မှူးက ပြန်၍လျှောက်သည် မှာ သခင်၊ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွ ဝင်တော်မူခြင်းကို အကျွန်ုပ်မခံထိုက်ပါ။ သို့သော် တစ်ခွန်း မျှသာ အမိန့်ရှိတော်မူပါလျှင် အကျွန်ုပ်၏အစေခံသည် ရောဂါ ပျောက် ကင်းပါလိမ့်မည်။-
Matt BurCBCM 8:9  အဘယ်ကြောင့်ဆို သော် အကျွန်ုပ်သည် မင်းအာဏာစက်အောက်တွင်နေ ရသူဖြစ်ပြီး အကျွန်ုပ်၏ လက်အောက်တွင်လည်း စစ် သားများရှိပါ၏။ အကျွန်ုပ်က တစ်ယောက်ကိုသွားလော့ ဟုဆိုလျှင် ထိုသူသည် သွားပါ၏။ အခြားတစ်ယောက် ကို လာခဲ့ဟုဆိုလျှင် ထိုသူသည် လာပါ၏။ အကျွန်ုပ်၏ အစေခံကိုလည်း ဤအမှုကိုပြုလော့ဟုဆိုလျှင် သူသည် ပြုလုပ်ပါ၏ဟု လျှောက်လေ၏။-
Matt BurCBCM 8:10  သူ၏စကားကို ယေဇူး ကြားလျှင် အံ့ဩ၍ မိမိနောက်တော်တွင်လိုက်ပါလာကြ သောသူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန် ဆိုသည်ကား ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေး။-
Matt BurCBCM 8:11  သင်တို့အား ငါဆိုသည်ကား အရှေ့နှင့် အနောက်အရပ်တို့မှ လူများစွာ တို့သည် လာကြ၍ ကောင်းကင်နိုင်ငံတော်၌ အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲတွင်ထိုင်ကြလိမ့်မည်။-
Matt BurCBCM 8:12  နိုင်ငံတော်၏သားသမီးတို့မူကား အပြင်ဘက်မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံကြရလိမ့် မည်။ ထိုအရပ်၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့် မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 8:13  ထို့နောက် ယေဇူးက လူတစ်ရာ တပ်မှူးအား သွားလော့၊ သင်ယုံကြည်သည့်အတိုင်း သင် ၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် အစေခံ သည် ရောဂါပျောက်ကင်းလေ၏။
Matt BurCBCM 8:14  ယေဇူးသည် ပေတရု၏အိမ်သို့ကြွဝင်သောအခါ သူ၏ယောက္ခမသည် ဖျား၍ အိပ်ရာထဲတွင် လဲနေသည်ကို မြင်တော်မူ၏။-
Matt BurCBCM 8:15  ကိုယ်တော်သည် သူမ၏လက်ကို တို့ထိတော်မူလျှင် သူမသည် အဖျားပျောက်ကင်းသဖြင့် ထ၍ ကိုယ်တော် အား ဧည့်ဝတ်ပြု လေ၏။
Matt BurCBCM 8:16  ထိုညနေတွင် လူတို့သည် နတ်ဆိုးစီးခြင်းခံရသူ များစွာတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ် တော်သည် အမိန့်တော် တစ်ခွန်းမျှဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်၍ မကျန်းမာသူအားလုံးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 8:17  ထိုအကြောင်း အရာသည်ကား သူ သည် ငါတို့၏ဖျားနာခြင်းများကို ယူဆောင်တော်မူ၍ ငါ တို့၏ရောဂါဝေ ဒနာများကို ခံထမ်းတော်မူ၏ဟူသော ပရောဖက်အီဇာယ၏ဟောထားချက်ပြည့်စုံစေမည့် အကြောင်းဖြစ်သတည်း။
Matt BurCBCM 8:18  ယေဇူးသည် မိမိအနီးတွင် ဝိုင်းရံလျက်ရှိသောလူ အစုအဝေးတို့ကိုမြင်လျှင် တစ်ဖက်ကမ်းသို့ကူးသွားရန် အမိန့်ပေးတော်မူ၏။-
Matt BurCBCM 8:19  ထိုအခါ ကျမ်းတတ်ဆရာတစ်ဦး သည် အထံတော်သို့ချဉ်းကပ်လာ၍ ဆရာသခင်၊ အရှင်ကြွသွားမည့်နေရာတိုင်းသို့ အကျွန်ုပ် လိုက်ပါမည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
Matt BurCBCM 8:20  ယေဇူးကလည်း မြေခွေးတို့၌ တွင်းများရှိကြ၏။ ကောင်းကင်ငှက်တို့၌ အသိုက်များရှိကြ၏။ လူသား၌မူကား မိမိ၏ခေါင်းချစရာ နေရာပင်မရှိဟု သူ့အား မိန့်တော်မူ၏။-
Matt BurCBCM 8:21  တပည့်တော်တို့ ထဲမှ အခြားတစ်ယောက်ကလည်း သခင်၊ ပထမဦးစွာ သွား၍ အကျွန်ုပ်၏အဖကိုသဂြိုဟ်ပါရစေဟု ကိုယ်တော် အား လျှောက်လေ၏။-
Matt BurCBCM 8:22  သို့သော် ယေဇူးက ငါ့နောက်သို့ လိုက်လော့၊ လူသေတို့သည် မိမိတို့၏လူသေများကို သဂြိုဟ်ကြပါစေဟု မိန့်တော်မူ၏။
Matt BurCBCM 8:23  ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူသော အခါ တပည့်တော်တို့သည်လည်း ကိုယ်တော်၏နောက် တော်သို့လိုက်ကြ၏။-
Matt BurCBCM 8:24  ထိုအခါ ပင်လယ်တွင် ရုတ်တ ရက် မုန်တိုင်းပြင်းထန်စွာကျရောက်သဖြင့် လှေသည် လှိုင်းတံပိုးများအကြားတွင် နစ်မြုပ်လုမတတ်ဖြစ်လေ၏။ ကိုယ်တော်မူကား ကျိန်းစက်လျက်ရှိတော်မူ၏။-
Matt BurCBCM 8:25  တပည့် တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ကိုယ်တော့်ကို နှိုးပြီးလျှင် သခင်၊ ကယ်တော်မူပါ၊ တပည့်တော်တို့သည် ပျက်စီးခြင်းသို့ရောက်ရပါတော့မည်ဟု အသနားခံကြ၏။-
Matt BurCBCM 8:26  ကိုယ်တော်ကလည်း ယုံကြည်ခြင်းအားနည်းသော သူတို့၊ အဘယ်ကြောင့်ကြောက်ရွံ့ ကြသနည်းဟု သူတို့ အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထ၍ လေနှင့် ပင်လယ်ကို ကြိမ်းမောင်းတော်မူသောအခါ ထို နေရာသည် လွန်စွာငြိမ်သက် သာယာ လာလေ၏။-
Matt BurCBCM 8:27  သူတို့သည်လည်း အံ့ဩကြ၍ ဤသူသည် မည်သို့သော သူဖြစ်သနည်း။ လေနှင့် ပင်လယ်တို့ပင်လျှင် သူ့ကို နာခံ ကြပါသည်တကားဟု ဆိုကြလေ၏။
Matt BurCBCM 8:28  ကိုယ်တော်သည် တစ်ဖက်ကမ်းရှိ ဂါဒါရာနယ်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစီးခြင်းခံရသောသူ နှစ်ဦးတို့သည် သချိုင်းဂူများ အကြားမှထွက်လာပြီးလျှင် ကိုယ်တော့်ထံသို့လာကြ၏။ သူတို့သည် လွန်စွာကြမ်း တမ်းခက်ထန်ကြသောကြောင့် ထိုလမ်းကို မည်သူမျှ ဖြတ်သန်းမသွားဝံ့ကြချေ။-
Matt BurCBCM 8:29  ထိုသူတို့က ဘုရားသခင်၏ သားတော်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြု လိုပါသနည်း။ အချိန်မကျမီ အကျွန်ုပ်တို့ကို ဒဏ်ခတ်ရန် ဤအရပ်သို့ကြွလာတော်မူပါသလောဟု အော်ဟစ်ကြ၏။-
Matt BurCBCM 8:30  ထိုသူတို့နှင့်မနီးမဝေးတွင် ဝက်အုပ်ကြီးတစ်အုပ်သည် အစာစားလျက်ရှိ၏။-
Matt BurCBCM 8:31  ထိုအခါ နတ်ဆိုးတို့က ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်တော်မူလျှင် ဝက် အုပ်ထဲသို့ဝင်ပါရစေဟု တောင်းပန်ကြ၏။-
Matt BurCBCM 8:32  ကိုယ်တော် ကလည်း သွားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ ထို အခါ သူတို့သည် ထွက်၍ ဝက်များထဲသို့ဝင်ကြသဖြင့် ဝက်အုပ်တစ်အုပ်လုံးသည် ချောက်ကမ်းပါးအတိုင်း ပင် လယ်ထဲသို့ ပြေးဆင်းကာ ရေတွင်နစ်မြုပ်သေဆုံးကြ
Matt BurCBCM 8:33  ကုန်၏။- ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး ၍မြို့တွင်းသို့ဝင်ပြီးလျှင် နတ်ဆိုးစီးခံရသောသူတို့၏ အကြောင်းမှစ၍ ဖြစ်ပျက်သမျှအလုံးစုံတို့ကို ပြောပြကြလေ၏။-
Matt BurCBCM 8:34  သို့ဖြစ်၍ တစ်မြို့လုံးသည် ယေဇူးကိုတွေ့ရန် ထွက်လာကြ၏။ သူတို့သည် ကိုယ်တော့်ကို တွေ့ ကြ သောအခါ မိမိတို့၏ဒေသမှ ထွက်ခွာသွားတော်မူပါမည့် အကြောင်း ကိုယ်တော်အား တောင်းပန်ကြ၏။
Chapter 9
Matt BurCBCM 9:1  ကိုယ်တော်သည် လှေပေါ်သို့ တက်တော်မူ၍ ပင်လယ်ကိုဖြတ်ကူးပြီးနောက် မိမိ၏နေရင်းမြို့ သို့ရောက်တော်မူ၏။-
Matt BurCBCM 9:2  ထိုအခါ အိပ်ရာပေါ်တွင်လဲနေသည့် လေဖြတ်နေသောသူတစ်ဦးကို ကိုယ်တော့်ထံသို့ သယ်ဆောင်လာကြလေ၏။ ယေဇူးသည်လည်း ထို သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေ သောသူအား ငါ့သား၊ အားမငယ်နှင့်၊ သင်၏အပြစ်များ ခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။-
Matt BurCBCM 9:3  ထိုအခါ ကျမ်း တတ်ဆရာအချို့တို့က ဤသူသည် ဘုရားသခင်ကို ထိခိုက်၍ပြောဆိုသည်ဟု မိမိတို့စိတ်ထဲ၌ဆိုကြ၏။-
Matt BurCBCM 9:4  သို့ ရာတွင် ယေဇူးသည် ထိုသူတို့၏စိတ်ထဲမှအတွေးကို သိမြင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ အဆိုးမြင်ကြ သနည်း။-
Matt BurCBCM 9:5  မည်သည့်စကားသည် ပြောရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များ ခွင့်လွှတ်ခြင်း ခံရပြီဟု ဆိုခြင်း လော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟု ဆိုခြင်းလော။-
Matt BurCBCM 9:6  သို့ရာတွင် လူသားသည် လောက တွင် အပြစ်များကိုခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိ မြင်စေရမည်ဟု ဆိုပြီးမှ လေဖြတ်နေသောသူအား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 9:7  ထိုသူသည်လည်း ထ၍ မိမိ၏အိမ်သို့ ပြန်သွားလေ၏။-
Matt BurCBCM 9:8  လူအစုအဝေးတို့သည် ထိုအခြင်းအရာ ကိုမြင်သောအခါ ထိတ်လန့်ကြ၍ လူသားတို့အား ဤသို့ သောအခွင့် အာဏာကိုပေး တော်မူသည့် ဘုရားသခင် ၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြလေ၏။
Matt BurCBCM 9:9  ယေဇူးသည် ထိုနေရာမှ ကြွသွားစဉ် မာတေးဦး အမည်ရှိသောသူတစ်ယောက်သည် အခွန်ရုံးတွင် ထိုင် နေသည်ကိုမြင်၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့် တော်မူ၏။ သူသည်လည်း ထ၍ နောက်တော်သို့လိုက် လေ၏။
Matt BurCBCM 9:10  ကိုယ်တော်သည် အိမ်တွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသော အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် လာကြ ၍ တပည့်တော်တို့ နှင့်တကွ ယေဇူးနှင့်အတူ ထိုင်ကြလေ၏။-
Matt BurCBCM 9:11  ထိုအခါ ဖာရီဇေးဦးတို့သည် ဤအခြင်းအရာ ကိုမြင်ကြလျှင် သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော်တို့အား ဆိုကြ၏။-
Matt BurCBCM 9:12  သို့ရာတွင် ထိုစကားကို ကိုယ်တော်ကြားတော်မူသောအခါ သူတို့အား မိန့်တော်မူ သည်ကား ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်၊ ဖျားနာသောသူတို့သာလျှင် လိုအပ်၏။-
Matt BurCBCM 9:13  ငါအလိုရှိသည်ကား ယဇ်ပူဇော်ခြင်းမဟုတ်၊ ကရုဏာသနားခြင်းသာဖြစ်၏ဟူသော ကျမ်းစကားသည် မည်သည့်အရာကို ဆိုလိုကြောင်း သွား၍ သင်ယူ ကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကို ခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူ တို့ကို ခေါ် ရန်သာ ငါလာသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 9:14  ထိုအခါ ယောဟန်၏တပည့်တို့သည် ကိုယ်တော့် ထံသို့ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရီဇေးဦးတို့သည် ကြိမ်ဖန်များစွာ အစာရှောင်ကြ၍ ကိုယ်တော်၏တပည့် တော်တို့မူကား အဘယ်ကြောင့် အစာမရှောင်ဘဲနေကြပါသနည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 9:15  ထိုအခါ ယေဇူးက မင်္ဂလာဆောင်သတို့သား၏အပေါင်းအဖော်တို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေစဉ် ဝမ်းနည်းပူဆွေးကြ ပါမည်လော။ သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွား မည့်နေ့ရက်များရောက်လာသောအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။-
Matt BurCBCM 9:16  မည်သူမျှ အဝတ်ဟောင်းကို ပိတ်စ သစ်နှင့် ဖာ ထေးလေ့မရှိ။ ထိုသို့ပြုလျှင် ပိတ်စသစ်သည် အဝတ်မှရုန်းသဖြင့် စုတ်ပြဲသည့်နေရာမှာ ပို၍ကျယ်လာတတ်၏။-
Matt BurCBCM 9:17  ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူး ဟောင်းတွင် ထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် သားရေဘူး ပေါက်သဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးလည်း ပျက်စီးတတ်၏။ စပျစ်ရည်သစ်ကို သားရေဘူးသစ်၌ ထည့်သောအခါတွင်မူကား နှစ်မျိုး စလုံးမပျက်စီးဘဲ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 9:18  ကိုယ်တော်သည် သူတို့အား ထိုသို့မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ရှေ့ တော်၌ပျပ်ဝပ်လျက် အကျွန်ုပ်၏သမီးသည် ယခုပင်သေ ဆုံးသွားပါပြီ၊ သို့သော် ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ ကိုယ်တော်၏ လက်တော် ကိုတင်တော်မူ ပါလျှင် သူမသည် အသက်ပြန်ရှင်လာပါလိမ့်မည်ဟုလျှောက်ထားလေ၏။-
Matt BurCBCM 9:19  ယေဇူးသည်လည်း ထ၍ တပည့် တော်တို့နှင့်အတူ ထိုသူ၏နောက်သို့လိုက်တော်မူ၏။
Matt BurCBCM 9:20  ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲ ကပ်နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်မှချဉ်းကပ်၍ ဝတ်ရုံတော်၏အနားစကို တို့လေ၏။-
Matt BurCBCM 9:21  အကြောင်းမူကား သူမက ငါသည် ကိုယ်တော် ၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ကျန်းမာလာလိမ့် မည်ဟု မိမိစိတ်ထဲတွင် ဆိုသောကြောင့်ဖြစ်၏။-
Matt BurCBCM 9:22  ယေဇူးသည် လှည့်၍ကြည့်တော်မူလျှင် သူမကို မြင်သဖြင့် သမီး၊ အားမငယ်နှင့်၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်း မာစေပြီဟု မိန့်တော်မူ၏။ ထိုအချိန်နာရီမှစ၍ ထိုအမျိုး သမီးသည် ရောဂါပျောက်ကင်းသွားလေ၏။
Matt BurCBCM 9:23  ယေဇူးသည် အရာရှိ၏အိမ်သို့ရောက်သောအခါ တီးမှုတ်သောသူများနှင့်အတူ အုတ်အုတ်ကျက်ကျက် ဖြစ်နေသော လူပရိသတ် ကို မြင်တော်မူ၏။-
Matt BurCBCM 9:24  ထိုအခါ ကိုယ် တော်က နောက်ဆုတ်ကြလော့၊ သူငယ်မသည် သေ သည်မဟုတ်၊ အိပ်ပျော်လျက်သာရှိသည်ဟု မိန့်တော် မူလျှင် ထိုသူတို့သည် ကိုယ်တော့်ကို လှောင်ပြောင်ရယ် မောကြ၏။-
Matt BurCBCM 9:25  သို့သော် လူအစုအဝေးတို့ကို အပြင်ဘက် သို့ ထွက်စေပြီးသောအခါ ကိုယ်တော်သည် အခန်းတွင်း သို့ဝင်၍ သူငယ်မကို လက်မှကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူငယ်မသည် ထလေ၏။-
Matt BurCBCM 9:26  ဤသတင်းသည် လည်း ထိုဒေသအတွင်း ပျံ့နှံ့သွားလေ၏။
Matt BurCBCM 9:27  ယေဇူးသည် ထိုအရပ်မှ ထွက်ကြွသွားတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် နောက်တော်မှလိုက်ကြ၍ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်စွာဟစ်အော်ကြ၏။-
Matt BurCBCM 9:28  ကိုယ်တော်သည် အိမ်သို့ဝင်တော်မူသောအခါ ထိုမျက်မမြင်နှစ်ယောက် တို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေဇူးကလည်း ဤအမှုကို ငါတတ်နိုင်သည်ဟု သင်တို့ယုံကြည်ကြပါ သလောဟု သူတို့အား မေးတော်မူလျှင် သူတို့က ယုံကြည်ပါသည်သခင်ဟု လျှောက်ကြ၏။-
Matt BurCBCM 9:29  ထိုအခါ ကိုယ် တော်သည် သူတို့၏မျက်စိများကိုတို့ထိတော်မူ၍ သင်တို့ ၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ ဖြစ်စေဟု မိန့်တော်မူ ၏။-
Matt BurCBCM 9:30  ထိုအခါ သူတို့၏မျက်စိများပွင့်လာကြ၏။ ယေဇူးကလည်း ဤအမှုကို မည်သူမျှ မသိစေနှင့်ဟု ကြပ်တည်း စွာတားမြစ် တော်မူ၏။-
Matt BurCBCM 9:31  သို့ရာတွင်ထိုသူတို့သည် အထံ တော်မှထွက်သွားကြပြီး ကိုယ်တော်၏သတင်းတော် ကို ထိုဒေသတစ်ခုလုံး၌ ပျံ့နှံ့ကျော်ကြားစေကြ၏။
Matt BurCBCM 9:32  ထိုသူတို့ထွက်သွားကြပြီးနောက်၊ နတ်ဆိုးစီးခံရ၍ ဆွံ့အနေသောသူတစ်ဦးကို လူတို့သည် အထံတော်သို့ ခေါ်ဆောင်ခဲ့ကြပြီး၊-
Matt BurCBCM 9:33  နတ်ဆိုးကို နှင်ထုတ်သောအခါတွင် ဆွံ့အသောသူသည် စကားပြောလေ၏။ လူအစုအဝေး သည်လည်း လွန်စွာအံ့ဩကြလျက် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို အစ္စရာအဲလ်ပြည်၌ တစ်ခါမျှမမြင် ဖူးပါဟုဆိုကြ၏။-
Matt BurCBCM 9:34  ဖာရီဇေးဦးတို့မူကား သူသည် နတ်ဆိုး တို့၏အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးများကို နှင်ထုတ် သည်ဟု ဆိုကြ၏။
Matt BurCBCM 9:35  ယေဇူးသည် မြို့ရွာရှိသမျှတို့ကို လှည့်လည်ကာ ၎င်းတို့၏တရားဇရပ်များတွင် သွန်သင်တော်မူ၍ နိုင်ငံ တော်၏သတင်းကောင်း ကို ဟောကြားလျက် အနာရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 9:36  ကိုယ် တော်သည် လူအစုအဝေးတို့ကို မြင်တော်မူသောအခါ သူတို့အပေါ် ကရုဏာသက်တော်မူလေ၏။ အကြောင်း မူကား ထိုသူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ အားကိုးရာမဲ့၍ ပူပင်သောကရောက်နေကြသောကြောင့်ဖြစ်၏။-
Matt BurCBCM 9:37  ထိုအခါ ကိုယ်တော်က အသီးအနှံရိတ်သိမ်းစရာ များစွာရှိ၏။ လုပ်ဆောင်သောသူတို့မူကား နည်းပါးကြ၏။-
Matt BurCBCM 9:38  ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို မိမိ၏လယ် ကွင်းသို့ စေလွှတ်တော်မူမည့်အကြောင်း လယ်ပိုင်ရှင်ထံ သို့ တောင်းလျှောက် ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
Chapter 10
Matt BurCBCM 10:1  ကိုယ်တော်သည် တပည့်တော်ကြီးတစ်ဆယ့် နှစ်ပါးတို့ကို အထံတော်သို့ ခေါ်ဆောင်တော်မူ ပြီးနောက် ညစ်ညူးသော နတ်ဆိုးများကို နှင်ထုတ်နိုင်ရန် နှင့် အနာရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်ရန်အခွင့်အာဏာကို ပေးအပ်တော်မူ၏။ -
Matt BurCBCM 10:2  တပည့်တော်ကြီးတစ် ဆယ့်နှစ်ပါးတို့၏အမည်များကား ပထမဦးစွာ ပေတရုဟု ခေါ်သော စီမွန်နှင့် သူ၏ညီ အန္ဒြေးယ၊ ဇေဘေဒေးဦး၏ သားဖြစ်သော ယာကုပ်နှင့် သူ၏ညီ ယောဟန်၊-
Matt BurCBCM 10:3  ဖိလိပု နှင့် ဘာသိုလိုမေးဦး၊ သောမနှင့် အခွန်ခံသူ မာတေးဦး၊ အာလ်ဖေးဦး၏သား ယာကုပ်နှင့် သာဒေးဦး၊ -
Matt BurCBCM 10:4  ကာနန် နယ်သား စီမွန်နှင့် ကိုယ်တော့်ကိုအပ်နှံသော ဂျုဒအစ္စ ကာရီယုဒ် တို့ဖြစ် ကြသတည်း။
Matt BurCBCM 10:5  ယေဇူးသည် ထိုတပည့်တော်ကြီးတစ်ဆယ့်နှစ်ပါး တို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား လူမျိုးခြားတို့ ၏နယ်များသို့ မသွားကြနှင့်။ ဆမာရိယလူမျိုးတို့၏မြို့ရွာ များကိုလည်း မဝင်ကြနှင့်။-
Matt BurCBCM 10:6  အစ္စရာအဲလ်လူမျိုးများထဲမှ လမ်းမှားပျောက်ဆုံးနေသောသိုးများထံသို့သာ သွားကြလော့။ -
Matt BurCBCM 10:7  သင်တို့သွားကြစဉ်တွင် ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟု ဟောပြောကြလော့။ -
Matt BurCBCM 10:8  ဖျားနာ သောသူတို့ကို ကုသပေးကြလော့။ သေသောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင် ကြယ်ပျောက်ကင်းစေကြလော့။ နတ်ဆိုးများကို နှင် ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဘဲ ခံယူရ ရှိကြသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။-
Matt BurCBCM 10:9  သင်တို့၏ခါးပိုက်ဆောင်အိတ်၌ ရွှေ၊ ငွေနှင့် ကြေးနီပြားတို့ ကိုလည်းကောင်း၊-
Matt BurCBCM 10:10  လမ်းခရီးအတွက် လွယ်အိတ်၊ ဝတ်ရုံနှစ်ထည်၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်းကောင်း သယ်ဆောင်မသွားကြနှင့်။ အကြောင်း မူကား အလုပ် လုပ်သောသူသည် မိမိနှင့်ထိုက်သင့်သောရိက္ခာကိုရထိုက်၏။-
Matt BurCBCM 10:11  မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်၌ ယုံကြည်လေးစားထိုက်သူကို မေးမြန်း ရှာဖွေ၍ သင်တို့ အခြား အရပ်သို့ထွက်ခွာမသွားမချင်းထိုသူနှင့် အတူနေထိုင်ကြလော့။ -
Matt BurCBCM 10:12  အိမ်သို့ဝင်သောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု နှုတ်ဆက်ကြလော့။-
Matt BurCBCM 10:13  အကယ်၍ ထိုအိမ်ထောင်စုသည် ခံစားထိုက် လျှင် သင်တို့၏ငြိမ်းချမ်းခြင်းမင်္ဂလာသည် သူတို့အပေါ် သို့သက်ရောက် လိမ့်မည်။ ထိုသူတို့မခံစားထိုက်လျှင်မူ ကား ထိုငြိမ်းချမ်းခြင်းမင်္ဂလာသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။-
Matt BurCBCM 10:14  အကြင်သူသည် သင်တို့ကို လက်မခံသည့် အပြင် သင်တို့၏စကားကိုလည်း နားမထောင်ပါက ထိုအိမ်၊ သို့မဟုတ် ထိုမြို့မ ှထွက်ခွာသွားလျက် သင်တို့၏ ခြေမှ မြေမှုန့်ကို ခါချပစ်ခဲ့ကြလော့။-
Matt BurCBCM 10:15  သင်တို့အား ငါအမှန် ဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ ဆောဒိုမာမြို့နှင့် ဂေါ်မော ရာမြို့တို့သည် ထိုမြို့ထက် ပို၍ခံသာကြလိမ့် မည်။-
Matt BurCBCM 10:16  ဝံပုလွေများအလယ်သို့ သိုးများကိုစေလွှတ်သကဲ့ သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေတို့ကဲ့သို့ပါးနပ် လျက်ချိုးငှက်တို့ကဲ့သို့အပြစ်ကင်း စင်ကြလော့။-
Matt BurCBCM 10:17  လူတို့ကို သတိပြုကြလော့။ အကြောင်း မူကား သူတို့သည် သင်တို့ကို တရားရုံး၌အပ်နှံကြ၍ သူတို့၏တရားဇရပ် များ၌ ရိုက်နှက်ကြလိမ့်မည်။-
Matt BurCBCM 10:18  သင်တို့ သည် ငါ့အတွက်ကြောင့် မြို့ဝန်များနှင့် ရှင်ဘုရင်များရှေ့ မှောက်သို့ ဆွဲငင်ပို့ဆောင်ခြင်းခံကြရလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့် လူမျိုးခြားတို့ရှေ့တွင် သက်သေခံကြရလိမ့်မည်။-
Matt BurCBCM 10:19  ထိုသူတို့သည် သင်တို့ကို အပ်နှံ ကြသောအခါ သင်တို့မည်ကဲ့သို့ပြောဆိုရမည်၊ မည်သည့် အရာကိုပြောဆိုရမည်ဟူ၍ မစိုးရိမ် ကြနှင့်။ အကြောင်း မူကား သင်တို့ပြောဆိုရမည့်စကားများကို ထိုအချိန်နာရီ ၌ပင် သင်တို့သိရလိမ့်မည်။-
Matt BurCBCM 10:20  အဘယ်ကြောင့်ဆိုသော် ပြောဆိုမည့်သူသည် သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့် ပြောဆိုတော်မူသော သင်တို့အဖ၏ ဝိညာဉ်တော်ဖြစ်၏။
Matt BurCBCM 10:21  ညီအစ်ကိုချင်းတစ်ယောက်ကို တစ်ယောက် သေစေရန် အပ်နှံကြလိမ့်မည်။ အဖသည်လည်း သားကို သေစေ ခြင်းငှာ အပ်နှံလိမ့်မည်။ သားသမီးတို့သည်လည်း မိဘ တို့ကို ဆန့်ကျင်ပုန်ကန်၍ သူတို့ကို သတ်စေကြလိမ့် မည်။-
Matt BurCBCM 10:22  သင်တို့သည် ငါ၏နာမအတွက် လူအပေါင်းတို့၏ မုန်းတီးခြင်းကို ခံကြရလိမ့်မည်။ သို့ရာတွင် အဆုံးတိုင် အောင် တည်ကြည်ခိုင်မြဲသောသူသည် ကယ်တင်ခြင်းခံ ရလိမ့်မည်။-
Matt BurCBCM 10:23  သူတို့သည် မြို့တစ်မြို့ ၌ သင်တို့ကို လိုက်လံ ညှဉ်းဆဲကြလျှင် အခြားတစ်မြို့သို့ ထွက်ပြေးတိမ်းရှောင် ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား လူသား ကြွလာတော်မူသည့်တိုင်အောင် အစ္စရာအဲလ်ပြည်၏ မြို့ရှိသမျှသို့သင်တို့ရောက်ရှိကြလိမ့်မည်မဟုတ်။
Matt BurCBCM 10:24  တပည့်သည် ဆရာထက် မသာ၊ ကျွန်သည်လည်း သခင်ထက် မကြီးမြတ်နိုင်။-
Matt BurCBCM 10:25  တပည့်သည် ဆရာကဲ့သို့ လည်းကောင်း၊ ကျွန်သည် သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် လုံလောက်လေပြီ။ သူတို့သည် အိမ်၏အရှင်သခင်ကို ဘဲလ်ဇေဘုလ်ဟုခေါ်ဝေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ဆိုးရွားသောအမည်များဖြင့် ခေါ်ဝေါ်ကြ ပေလိမ့်မည်။
Matt BurCBCM 10:26  ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ထုတ်ဖော် ပြောခြင်းမခံရစေရန် ဖုံးကွယ်ထားနိုင်သည့်အရာမရှိ။ လူမသိစေရန် လျှို့ဝှက်ထားနိုင်သည့်အရာဟူ၍လည်းမရှိ။-
Matt BurCBCM 10:27  အမှောင်တွင် သင်တို့အား ငါပြောသောအရာကို အလင်း၌ ပြောကြားကြလော့။ သင်တို့တီးတိုးကြားကြ ရသောအရာကိုလည်း အိမ်ခေါင်မိုးထက်မှ ကြေညာကြ လော့။-
Matt BurCBCM 10:28  ကိုယ်ခန္ဓာကိုသတ်၍ ဝိညာဉ်ကို မသတ်နိုင် သောသူတို့အား မကြောက်ကြနှင့်။ ဝိညာဉ်နှင့် ကိုယ် ခန္ဓာကိုပါ ငရဲ၌ဖျက်ဆီးနိုင် သောသူကိုသာ ကြောက်ကြ လော့။-
Matt BurCBCM 10:29  စာငှက်နှစ်ကောင်ကို ငွေတစ်ပဲဖြင့် ရောင်းရ သည်မဟုတ်လော။ သင်တို့၏အဖအလိုတော်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။-
Matt BurCBCM 10:30  သင်တို့၏ဦးခေါင်းရှိ ဆံပင်တို့ကိုပင်လျှင် ရေတွက်ထား တော်မူ၏။-
Matt BurCBCM 10:31  ထို့ကြောင့် ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သင်တို့သည် စာငှက်များစွာတို့ထက် ပို၍တန်ဖိုးရှိကြ၏။-
Matt BurCBCM 10:32  သို့ဖြစ်၍ လူတို့ရှေ့ ၌ ငါ့အားသိမှတ်ဝန်ခံသောသူ တိုင်းကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော် ရှေ့တွင် သိမှတ်ဝန်ခံမည်။-
Matt BurCBCM 10:33  လူတို့ရှေ့ ၌ ငါ့အား ငြင်းပယ်သောသူတိုင်းကို ငါသည်လည်း ကောင်း ကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်ရှေ့တွင် ငြင်း ပယ်မည်။
Matt BurCBCM 10:34  ကမ္ဘာပေါ်သို့ ငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန် ငါလာသည်ဟုမထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကိုဆောင် ကြဉ်းပေးရန် ငါလာသည်မဟုတ်။ ဓားကိုဆောင်ကြဉ်း ပေးရန်သာ ငါလာ၏။
Matt BurCBCM 10:35  အကြောင်းမူကား သားနှင့် အဖ၊ သမီးနှင့် အမိ၊ ချွေးမနှင့် ယောက္ခမအချင်းချင်းစိတ်ဝမ်းကွဲ စေအံ့သောငှာငါလာ၏။
Matt BurCBCM 10:36  လူတစ်ဦး၏ရန်သူတို့မှာ လည်း သူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။
Matt BurCBCM 10:37  အဖ၊ သို့မဟုတ် အမိကို ငါ့ထက်ပို၍ချစ်သောသူ သည် ငါနှင့်မထိုက်တန်။ သား၊ သို့မဟုတ် သမီးကို ငါ့ ထက် ပို၍ချစ်သော သူသည် ငါနှင့်မထိုက်တန်။
Matt BurCBCM 10:38  မိမိ၏ လက်ဝါးကပ်တိုင်ကို မထမ်းဘဲ ငါ့နောက်သို့လိုက်သော သူသည် ငါနှင့်မထိုက်တန်။
Matt BurCBCM 10:39  မိမိ၏အသက်ကို ရှာဖွေတွေ့ရှိသောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့် မိမိ၏အသက်ကို အဆုံးရှုံးခံသော သူသည် ထို အသက်ကိုရလိမ့်မည်။
Matt BurCBCM 10:40  သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူ သောသူကို လက်ခံ၏။
Matt BurCBCM 10:41  လူတစ်ဦးသည် ပရောဖက်တစ် ပါးဖြစ်ခြင်းကြောင့် ထိုပရောဖက်ကိုလက်ခံသောသူသည် ပရောဖက်၏ဆုလာဘ်ကို ရလိမ့်မည်။ ထို့အတူ လူတစ်ဦးသည် ဖြောင့်မတ်သောသူဖြစ်ခြင်းကြောင့် ထို ဖြောင့်မတ်သူကို လက်ခံသောသူသည် ဖြောင့်မတ်သူ၏ ဆုလာဘ်ကို ရလိမ့်မည်။
Matt BurCBCM 10:42  သင်တို့အား ငါအမှန်ဆိုသည်ကား ဤအငယ်ဆုံးသောသူတို့တွင် တစ်ယောက်အား ငါ၏တပည့်ဖြစ်ခြင်းကြောင့် ရေအေးတစ် ခွက်မျှပင် ပေး သောသူသည် ထိုသူ၏ဆုလာဘ်ကို ဆုံးရှုံးလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
Chapter 11
Matt BurCBCM 11:1  ယေဇူးသည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား သွန်သင်မိန့်မှာတော်မူပြီးသောအခါ သူတို့ ၏မြို့များတွင် ဟောပြောသွန်သင် ခြင်းငှာ ထိုအရပ်မှ ကြွ သွားတော်မူ၏။
Matt BurCBCM 11:2  ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှု အရာတို့ကို ထောင်တွင်းမှကြားရသောအခါ မိမိတပည့် တို့ဖြင့် စကားပါး၍၊
Matt BurCBCM 11:3  ကိုယ်တော်သည် ကြွလာတော်မူ မည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြား သူတစ်ဦးကိုစောင့်မျှော် ရမည်လော ဟု ကိုယ်တော်အား မေးလျှောက်လေ၏။
Matt BurCBCM 11:4  ထိုအခါ ယေဇူးက ထိုသူတို့အား သင်တို့မြင်ရကြားရသမျှကို ယောဟန်ထံသွား၍ ပြော ကြားကြလော့။
Matt BurCBCM 11:5  မျက်မမြင်တို့သည် မျက်စိပြန်မြင်ကြ ရ၏။ ခြေမသန်စွမ်းသောသူတို့သည် လျှောက်လှမ်းနိုင် ကြ၏။ အနာကြီးရောဂါသည် တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ နားမကြားသောသူတို့သည် နားကြား ကြ၏။ သေသောသူတို့သည် အသက်ပြန်ရှင်လာကြ ၏။ ဆင်းရဲသောသူတို့သည်လည်း ဧဝံဂေလိသတင်း ကောင်းကို ကြားနာကြရ၏။
Matt BurCBCM 11:6  ငါ့၌ စိတ်ပျက်ခြင်းမရှိသော သူသည် မင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
Matt BurCBCM 11:7  ထိုသူတို့ထွက်သွားကြလျှင် ယေဇူးသည် ယော ဟန်ကိုအကြောင်းပြု၍ လူပရိသတ်တို့အား မိန့်တော်မူ သည်မှာ သင်တို့သည် အဘယ်အရာကိုကြည့်အံ့သော ငှာ တောအရပ်သို့သွားကြသနည်း။ လေတိုက်၍ လှုပ် ရှားသောကျူပင်ကိုလော။
Matt BurCBCM 11:8  ထိုသို့မဟုတ်လျှင် သင် တို့သည် အဘယ်ကြောင့်သွားကြသနည်း။ ဝတ်ကောင်း စားလှဆင်မြန်းထားသောသူအား တွေ့ရန်လော။ ကြည့် လော့၊ ဝတ်ကောင်းစားလှဆင်မြန်းသူတို့သည် ဘုရင်တို့ ၏နန်းတော်များတွင် နေတတ်ကြ၏။
Matt BurCBCM 11:9  ထိုသို့ဖြစ်လျှင် အဘယ်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြ သနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ပရောဖက်ထက်ပင် ကြီးမြတ်သောသူ ဖြစ်၏။
Matt BurCBCM 11:10  ကြည့်လော့၊ သင်သွားရာလမ်းကို ပြင်ဆင်အံ့ သောငှာ ငါ၏တမန်ကို သင်၏အရှေ့၌ ငါစေလွှတ်မည် ဟူသောရေးထား ချက် သည် ဤသူကိုပင် ဆိုလိုခြင်းဖြစ် သတည်း။
Matt BurCBCM 11:11  သင်တို့အား ငါအမှန်ဆိုသည်ကား မိန်းမ တို့မှဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ကြီးမြတ်သောသူ မပေါ်ထွန်းသေး။ သို့သော် ကောင်း ကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် သာ၍ ကြီးမြတ်၏။
Matt BurCBCM 11:12  ယောဟန်ဘတ္တိဇံ၏လက်ထက်မှ စ၍ ယနေ့တိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အကြမ်းဖက်တိုက်ခိုက်ခြင်းကိုခံရ၏။ ရက်စက်ကြမ်း တမ်းသူတို့သည် နိုင်ငံတော်ကိုအဓမ္မရယူကြလေ၏။
Matt BurCBCM 11:13  အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့် အချိန်တိုင်အောင် ပရောဖက်ကျမ်းနှင့် ပညတ်တရား ကျမ်းတို့သည် ကြိုတင်ဟောကြားထားခဲ့ကြ၏။
Matt BurCBCM 11:14  သင် တို့သည် ထိုဟောကြားချက်ကို လက်ခံကြမည်ဆိုပါလျှင် ဤသူသည်ကား ကြွလာလတ္တံ့သော ဧလိယပင်ဖြစ်သ တည်း။
Matt BurCBCM 11:15  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေ။
Matt BurCBCM 11:16  သို့သော် ငါသည် ဤလူမျိုးဆက်ကို မည်သည့် အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် ဈေးအလယ် ၌ ထိုင်နေသော ကလေး သူငယ်များနှင့်တူ၏။ ထိုသူငယ် တို့သည် မိမိတို့၏ကစားဖော်များအား ဟစ်အော်ပြော ဆိုကြသည်ကား၊
Matt BurCBCM 11:17  ငါတို့သည် သင်တို့အတွက် တီးမှုတ် ကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ငိုချင်းချ သော်လည်း သင်တို့မငိုကြွေးကြဟူ၍ဖြစ်၏။
Matt BurCBCM 11:18  အကြောင်း မူကား ယောဟန်သည် စားသောက်ခြင်းမပြုဘဲလာသော အခါ ထိုသူတို့က ဤသူ၌ နတ်ဆိုးစီးနေသည်ဟုဆိုကြ ၏။
Matt BurCBCM 11:19  လူသားသည် စားသောက်လျက်လာသောအခါ ထိုသူတို့က ကြည့်လော့၊ ဤသူသည် အစားအသောက် ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူ တို့၏မိတ်ဆွေဖြစ်သည်ဟု ဆိုကြ၏။ သို့သော် ဉာဏ်ပညာသည်ကား ယင်း၏လုပ်ဆောင် ချက်များအားဖြင့် တရားမျှတကြောင်းကိုပြလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 11:20  ထို့နောက် ကိုယ်တော်သည် မိမိ၏အံ့ဖွယ်တန်ခိုး အများစုကို ပြုလုပ်တော်မူခဲ့သောမြို့တို့မှာ နောင်တမရကြ သောကြောင့် ထိုမြို့တို့ကို စတင်အပြစ်တင်တော်မူ၏။-
Matt BurCBCM 11:21  ကိုယ်တော်က ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဘက်ဇိုင်းဒါမြို့၊ သင်သည်လည်း အမင်္ဂလာရှိ၏။ အဘယ် ကြောင့်ဆိုသော် သင်တို့တွင် ပြုလုပ်ခဲ့သောတန်ခိုးလက္ခ ဏာများကို တီရာနှင့် စီဒွန်မြို့တို့၌ ပြုလုပ်ခဲ့ပါမူ သူတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာနှင့်လူးလျက် ကြာမြင့်စွာ ကပင် နောင်တရခဲ့ကြပေလိမ့်မည်။-
Matt BurCBCM 11:22  သို့ရာတွင် သင်တို့ အား ငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ တီရာနှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ သက်သာရာရ ကြ လိမ့်မည်။-
Matt BurCBCM 11:23  အသင်ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်း ကင်တိုင်အောင် မြှောက်စားခြင်းခံရလိမ့်မည်လော။ သင် သည် ငရဲသို့တိုင်အောင် ချထားခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်၌ပြသောတန်ခိုးလက္ခဏာတို့ကို ဆောဒိုမာမြို့ ၌ ပြခဲ့ပါမူ ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိနေပေလိမ့်မည်။-
Matt BurCBCM 11:24  သို့သော် သင့်အား ငါဆိုသည် ကား တရားစီရင်တော်မူသောနေ့၌ ဆောဒိုမာမြို့သည် သင့်ထက် ပို၍သက်သာရာရလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 11:25  ထိုအချိန်ကာလ၌ ယေဇူးမိန့်တော်မူသည်ကား ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသော အဖ၊ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများ ကိုထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော် ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏။-
Matt BurCBCM 11:26  မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏မြတ်သော အလိုတော်ပေတည်းဟုဆိုပြီးမှ၊-
Matt BurCBCM 11:27  ငါ၏ခမည်းတော်သည် ခပ်သိမ်းသော အရာတို့ကို ငါ့အား လွှဲအပ်တော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူကမျှ သားတော်က ိုမသိ၊ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြ လိုသောသူများမှတစ်ပါး အခြားမည်သူမျှမသိ။
Matt BurCBCM 11:28  ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။-
Matt BurCBCM 11:29  ငါ၏ထမ်းပိုးကိုယူ၍ ထမ်းလျက် ငါ့ထံမှ သင်ယူကြ လော့။ အကြောင်းမူကား ငါသည် သိမ်မွေ့ ၍ နှိမ့်ချသော စိတ်နှလုံးရှိ၏။ သင်တို့၏စိတ်ဝိညာဉ်သည်လည်း သက် သာရာရလိမ့်မည်။-
Matt BurCBCM 11:30  အကြောင်းမူကား ငါ၏ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ၏ဝန်သည်လည်း ပေါ့၏ဟု မိန့်တော်မူ၏။
Chapter 12
Matt BurCBCM 12:1  ထိုအချိန်၌ ယေဇူးသည် ဥပုသ်နေ့တွင် ဂျုံခင်းများကိုဖြတ်လျှောက်၍ သွားစဉ် တပည့်တော် တို့သည် ဆာလောင်သောကြောင့် ဂျုံပင်မှ အနှံများကို ဆွတ်ခူး၍ စားကြလေ၏။-
Matt BurCBCM 12:2  သို့သော် ဤအခြင်းအရာကို ဖာရီဇေးဦးတို့မြင်ကြလျှင် သူတို့က ကြည့်ပါ၊ ကိုယ်တော် ၏တပည့်တော်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအရာ ကိုပြုနေကြပါသည်တကားဟု ကိုယ်တော်အား လျှောက် ကြ၏။-
Matt BurCBCM 12:3  ကိုယ်တော်ကလည်း ထိုသူတို့အား မိန့်တော်မူ သည်ကား ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူပါသောသူတို့ သည် ဆာလောင်သောအခါ သူသည် မည်သို့ပြု သည်ကို သင်တို့မဖတ်ဖူးကြသလော။-
Matt BurCBCM 12:4  သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ရဟန်းတို့မှတစ်ပါး မိမိသော်လည်း ကောင်း၊ မိမိနှင့်အတူပါသော သူတို့သော် လည်းကောင်း မစားအပ်သော ရှေ့တော်တင်မုန့်ကို စားခဲ့ကြသည်ကို မဖတ်ဖူးကြသလော။-
Matt BurCBCM 12:5  ထို့ပြင် ရဟန်းတို့သည် ဗိမာန် တော်၌ ဥပုသ်ကို ချိုးဖောက်သော်လည်း အပြစ်မသင့် ကြောင်းကို ပညတ်တရားကျမ်း၌ သင်တို့ မဖတ်ဖူးကြသလော။-
Matt BurCBCM 12:6  သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက် ကြီးမြတ်သောအရာသည် ဤနေရာ၌ ရှိသတည်း။-
Matt BurCBCM 12:7  ငါ အလိုရှိသည်ကား ကရုဏာသနားခြင်းဖြစ်၏၊ ယဇ်ပူဇော် ခြင်းမဟုတ်ဟူသောစကားကို နားလည်ကြလျှင် သင်တို့ သည် အပြစ်ကင်းသောသူတို့ကို အပြစ်စီရင်ကြလိမ့်မည် မဟုတ်။-
Matt BurCBCM 12:8  အကြောင်းမူကား လူသားသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
Matt BurCBCM 12:9  ကိုယ်တော်သည် ထိုအရပ်မှကြွတော်မူ၍ သူတို့၏ တရားဇရပ်သို့ ဝင်တော်မူ၏။-
Matt BurCBCM 12:10  ထိုနေရာ၌ လက်တစ်ဖက် သေသောသူတစ်ယောက်ရှိ၏။ သူတို့သည် ကိုယ်တော့် ကို အပြစ်တင်စွပ်စွဲလိုကြသောကြောင့် ဥပုသ်နေ့၌ ရောဂါ ကို ပျောက်ကင်းစေအပ်သလောဟု မေးလျှောက်ကြလေ ၏။-
Matt BurCBCM 12:11  ကိုယ်တော်ကလည်း သင်တို့တွင် မည်သူသည် မိမိ ၌ သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲ သို့ကျခဲ့လျှင် ဆွဲမတင်ဘဲနေမည်နည်း။-
Matt BurCBCM 12:12  လူသည် သိုးတစ်ကောင်ထက် များစွာအဖိုးထိုက်သည်မဟုတ်လော။ သို့ဖြစ်၍ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်ပေ၏ဟု မိန့်တော်မူ၏။-
Matt BurCBCM 12:13  ထို့နောက် ကိုယ်တော်သည် ထိုသူအား သင်၏လက်ကိုဆန့်လော့ဟု မိန့်တော်မူလျှင် ထိုသူ သည် မိမိ၏လက်ကိုဆန့်လိုက်ရာ ထိုလက်သည် အခြား လက်တစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်သွားလေ ၏။-
Matt BurCBCM 12:14  ဖာရီဇေးဦးတို့သည်လည်း ထွက်သွားကြ၍ ကိုယ် တော့်ကို မည်ကဲ့သို့လုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင် ကြ၏။
Matt BurCBCM 12:15  ယေဇူးသည်ကား ဤအကြောင်းကိုသိသောအခါ ထိုအရပ်မှ ထွက်ခွာသွားတော်မူ၏။ များစွာသောလူ တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ် တော်သည် ထိုသူတို့၌ရှိသမျှသောရောဂါဝေဒနာများကို ပျောက်ကင်းစေတော်မူ၍၊-
Matt BurCBCM 12:16  မိမိ၏သတင်းတော်ကို မပျံ့နှံ့ စေရန် သူတို့အား မိန့်မှာတော်မူ၏။-
Matt BurCBCM 12:17  ဤအကြောင်းအရာ သည်ကား ပရောဖက်အီဇာယ၏ဟောထားချက်ပြည့်စုံ စေမည့်အကြောင်းတည်း။-
Matt BurCBCM 12:18  ဟောထားချက်သည်ကား ငါရွေးကောက်သော ငါ၏အစေခံ၊ ငါအလွန်နှစ်သက်၍ ချစ်မြတ်နိုးရသောသူကို ကြည့်လော့။ သူ့အပေါ် ၌ ငါ၏ ဝိညာဉ်တော်ကို သက်ရောက်စေသဖြင့် သူသည် တရား စီရင်တော်မူခြင်းအကြောင်းကို လူမျိုးခြားတို့အား ဟော ကြားလိမ့်မည်။-
Matt BurCBCM 12:19  သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်း တို့ကိုပြုလိမ့်မည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမ များ၌ မည်သူမျှကြားရ လိမ့်မည် မဟုတ်။-
Matt BurCBCM 12:20  သူသည် တရား မျှတမှုစိုးမိုးလာသည့်တိုင်အောင် ကြေနေသည့်ကျူပင် ကို မချိုး၊ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်း သတ်လိမ့်မည်မဟုတ်။-
Matt BurCBCM 12:21  လူမျိုးခြားတို့သည်လည်း သူ၏ နာမတော်၌ မျှော်လင့်အားထားကြလိမ့်မည်ဟူ၍ လာ သတည်း။
Matt BurCBCM 12:22  ထိုအခါ နတ်ဆိုးစီးခြင်းခံရသောကြောင့် ဆွံ့အ၍ မျက်စိမမြင်သောသူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင် ကိုယ်တော်သည် သူ့ကို ကုသပျောက် ကင်းစေတော်မူသဖြင့် ဆွံ့အသောသူသည် စကားပြော ကာ မျက်စိလည်းမြင်လေ၏။-
Matt BurCBCM 12:23  လူအပေါင်းတို့သည် လည်း အံ့အားသင့်ကြ၍ ဤသူသည် ဒါဝိဒ်၏သားဖြစ်နိုင် ပါသလောဟုမေးကြ၏။-
Matt BurCBCM 12:24  သို့သော် ဖာရီဇေးဦးတို့သည် ထိုအကြောင်းကိုကြားကြလျှင် ဤသူသည် နတ်ဆိုးတို့ ၏အကြီးအကဲ ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းဖြစ်သည်ဟု ဆိုကြ၏။-
Matt BurCBCM 12:25  ကိုယ်တော်သည် သူတို့၏စိတ်ထဲမှအတွေးကို သိတော်မူသောကြောင့် သူတို့အား မိန့်တော်မူသည်မှာ မည်သည့်တိုင်းနိုင်ငံတွင် မဆို အချင်းချင်းဆန့်ကျင်ကွဲပြားကြလျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ ကွဲပြားလျက်ရှိသော မြို့၊ သို့မဟုတ် အိမ်ထောင်စုသည်လည်း မတည်တံ့နိုင်ရာ။-
Matt BurCBCM 12:26  နတ်ဆိုးသည်လည်း နတ်ဆိုးကို နှင်ထုတ်သည်မှန်လျှင် သူသည် မိမိကိုယ်ကိုဆန့်ကျင်၍ ကွဲပြားခြင်းဖြစ်သော ကြောင့် သူ၏နိုင်ငံသည် မည်သို့တည်တံ့နိုင်မည်နည်း။-
Matt BurCBCM 12:27  အကယ်၍ ငါသည် ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုး တို့ကို နှင်ထုတ်သည်မှန်လျှင် သင်တို့၏သားတို့သည် မည်သူ့က ိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို စီရင်ဆုံးဖြတ်ပေးသော သူများဖြစ်ကြလိမ့်မည်။-
Matt BurCBCM 12:28  သို့သော် ငါသည် ဘုရားသခင် ၏ဝိညာဉ်တော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အပေါ် ၌ ရောက် လေပြီ။
Matt BurCBCM 12:29  မည်သူသည် ခွန်အားကြီးသူကို ဦးစွာမချည်နှောင် ဘဲ ထိုသူ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကို လုယူနိုင်ပါ မည်နည်း။ ထိုသူ့ကိုချည်နှောင်ပြီးမှသာလျှင် သူသည် ထို သူ၏အိမ်ကို လုယက်နိုင်မည်ဖြစ်၏။
Matt BurCBCM 12:30  ငါနှင့်အတူမရှိသောသူသည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ငါနှင့်အတူမစုစည်းသောသူသည် ကွဲလွင့်စေ သောသူဖြစ်၏။
Matt BurCBCM 12:31  ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား အပြစ်ဟူ သမျှနှင့် ဘုရားသခင်ကို ထိခိုက်စော်ကားမှုများအားလုံး အတွက် လူတို့သည် ခွင့်လွှတ်ခြင်းခံကြရလိမ့်မည်။ သို့ သော် ဝိညာဉ်တော်ကို ထိခိုက်သောအပြစ်သည်ကား ခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။-
Matt BurCBCM 12:32  ထို့အတူ လူသားကို ထိခိုက်စကားပြောဆိုသောသူ မည်သူမဆို ခွင့်လွှတ် ခြင်းခံရလိမ့်မည်။ သို့သော် ဝိညာဉ်တော်မြတ်အား ထိ ခိုက်ပြောဆိုသောသူ မည်သူမျှ ယခုဘ၀၌သော်လည်း ကောင်း၊ နောင်ဘ၀၌သော်လည်းကောင်း ခွင့်လွှတ်ခြင်း ခံရလိမ့်မည်မဟုတ်။
Matt BurCBCM 12:33  အပင်ကို ကောင်းအောင်ပြုစုလျှင် ၎င်း၏အသီး သည် ကောင်းလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ အပင်ကို မကောင်းအောင်ပြုလုပ်ပါက ၎င်း၏အသီးသည် ကောင်း လိမ့်မည်မဟုတ်။ အကြောင်းမူကား အသီးကိုကြည့်ခြင်း အားဖြင့် အပင်ကိုသိရ၏။-
Matt BurCBCM 12:34  အချင်း မြွေဆိုးအမျိုးတို့၊ သင် တို့သည် ဆိုးယုတ်သူများဖြစ်လျက် ကောင်းသောစကား ကို မည်သို့ပြောနိုင်ကြသနည်း။ အကြောင်းမူကား စိတ် နှလုံး၌ ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ် ၏။-
Matt BurCBCM 12:35  ကောင်းမြတ်သောသူသည် မိမိ၏ကောင်းသော ဘဏ္ဍာထဲမှ ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ ဆိုးယုတ်သော သူသည်လည်း မိမိ၏ဆိုးယုတ်သော ဘဏ္ဍာထဲမှ ဆိုးယုတ်သောအရာကို ထုတ်ဖော်တတ်၏။-
Matt BurCBCM 12:36  သင်တို့အား ငါဆိုသည်ကား တရားစီရင်တော်မူ သောနေ့၌ လူတို့သည် မိမိတို့သတိလက်လွတ်ပြောဆို မိသမျှစကားလုံး တိုင်းအတွက် စီရင်ခြင်းခံရလိမ့်မည်။-
Matt BurCBCM 12:37  အကြောင်းမူကား သင်တို့၏စကားများနှင့်အညီ သင်တို့သည် ဖြောင့်မတ်ခြင်းသို့ရောက်ကြရလိမ့်မည်။ ထို့အတူ သင်တို့၏ စကားများနှင့်အညီ သင်တို့သည် အပြစ်စီရင် ခြင်းကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 12:38  ထို့နောက် အချို့သောကျမ်းတတ်ဆရာများနှင့် ဖာရီ ဇေးဦးတို့က ဆရာသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့် ထံမှ နိမိတ်လက္ခဏာတစ်ခုကို မြင်လိုပါသည်ဟု လျှောက် ကြ၏။-
Matt BurCBCM 12:39  သို့ရာတွင် ကိုယ်တော်က သူတို့အား ပြန်ပြော တော်မူသည်မှာ ဆိုးညစ်၍ ဖောက်ပြန်သောလူမျိုးဆက် သည် နိမိတ်လက္ခဏာ ကိုတောင်းတတ်၏။ သို့သော် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့် လက္ခဏာကိုမျှ သူတို့အား ပေးမည်မဟုတ်။-
Matt BurCBCM 12:40  အကြောင်း မူကား ယောနသည် ဝေလငါး၏ဝမ်းထဲ၌ သုံးနေ့နှင့် သုံး ညနေခဲ့ရသကဲ့သို့ လူသားသည်လည်း မြေကြီးအတွင်း ၌ သုံးနေ့နှင့် သုံးညနေလိမ့်မည်။-
Matt BurCBCM 12:41  တရားစီရင်တော်မူ သောနေ့၌ နီးနေဝေမြို့သားတို့သည် ဤလူမျိုးဆက်နှင့် တရားပြိုင်ပြုကာ သူတို့ကို ပြစ်တင်ရှုတ်ချ ကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက် ၌ နောင်တတရားရခဲ့ကြသောကြောင့်ဖြစ်၏။ ဤနေရာ ၌မူကား ယောနထက် သာ၍ကြီးမြတ်သောသူရှိ၏။-
Matt BurCBCM 12:42  တရားစီရင်တော်မူသောနေ့၌ တောင်ဘက်တိုင်းပြည်၏ ဘုရင်မသည် ဤလူမျိုးဆက်နှင့် တရားပြိုင်ပြုကာ သူတို့ ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ အကြောင်းမူကား သူမသည် ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကို ကြားသိခြင်းငှာ ကမ္ဘာ၏ဝေးလ ံသောအရပ်မှ လာရောက်ခဲ့၏။ ဤ နေရာ၌မူကား ဆောလမွန်မင်းကြီးထက် သာ၍ကြီးမြတ် သောသူရှိ၏။
Matt BurCBCM 12:43  ညစ်ညူးသောနတ်ဆိုးသည် လူတစ်ဦးထံမှ ထွက် ခွာသွားသောအခါ ခြောက်သွေ့သောလွင်ပြင်များတွင် လှည့်လည်၍ နားခိုရန်နေရာရှာသော်လည်း မတွေ့ဘဲရှိ ၏။-
Matt BurCBCM 12:44  ထိုအခါ နတ်ဆိုးက ငါထွက်လာခဲ့သော ငါ၏အိမ် သို့ပြန်မည်ဟုဆို၍ ပြန်သွားရာ ထိုအိမ်သည် လစ်လပ် ပြီး လှဲကျင်းထား၍ သပ်ရပ်လျက်ရှိသည်ကိုတွေ့ရ၏။-
Matt BurCBCM 12:45  ထိုအခါ သူသည် မိမိထက်ညစ်ညူးသော အခြားနတ်ဆိုး ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်ခဲ့ပြီးလျှင် ထိုလူ ၌ဝင်နေကြ သဖြင့် ထိုလူ၏နောက်အဖြစ်သည် ယခင်က အဖြစ်ထက် ပို၍ဆိုးလေ၏။ ဤဆိုးညစ်သောလူမျိုး ဆက်၌လည်း ထိုနည်းတူဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 12:46  ကိုယ်တော်သည် လူအစုအဝေးကို ဟောပြောနေ တော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့ သည် ကိုယ်တော်နှင့် စကားပြောလို၍ အပြင်တွင် ရပ်နေကြ၏။-
Matt BurCBCM 12:47  ထိုအခါ လူတစ်ဦးက ကိုယ်တော်၏မယ်တော် နှင့် ညီအစ်ကိုတို့သည် ကိုယ်တော်နှင့် စကားပြောလို၍ အပြင်ဘက်၌ ရပ်နေကြပါ သည်ဟုလျှောက်လေ၏။-
Matt BurCBCM 12:48  သို့ သော် ကိုယ်တော်က ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများကား မည်သူတို့နည်းဟု မိမိအား ပြောသောသူကို မေးတော် မူပြီးလျှင်၊-
Matt BurCBCM 12:49  တပည့်တော်များဘက်သို့ မိမိ၏လက်တော် ကိုဆန့်တန်းလျက် ဤသူတို့ကား ငါ၏အမိနှင့် ငါ့ညီ အစ်ကိုများပေတည်း။-
Matt BurCBCM 12:50  အကြောင်းမူကား ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူဟူသမျှသည် ငါ၏ ညီအစ်ကို၊ ငါ၏ နှမနှင့် ငါ၏အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။
Chapter 13
Matt BurCBCM 13:1  ထိုနေ့၌ ယေဇူးသည် အိမ်မှထွက်လာပြီးလျှင် ပင်လယ်ကမ်းခြေအနီး၌ ထိုင်နေတော်မူ၏။-
Matt BurCBCM 13:2  ထိုအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့လာကြသောကြောင့် ကိုယ်တော်သည် လှေပေါ်သို့ တက်၍ ထိုင်တော်မူ၏။ လူအပေါင်းတို့သည်ကား ကမ်း ခြေတွင် ရပ်နေကြ၏။-
Matt BurCBCM 13:3  ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာတို့ကို ပုံဥပမာများဖြင့် သွန်သင် တော်မူလျက်ဆိုသည်မှာ မျိုးကြဲသူ တစ်ယောက်သည် မျိုးစေ့ကြဲအံ့သောငှာ ထွက်သွားလေ၏။-
Matt BurCBCM 13:4  သူသည် မျိုးစေ့ ကြဲရာတွင် အချို့သောမျိုးစေ့တို့သည် လမ်းပေါ်၌ကျ သဖြင့် ငှက်တို့သည် လာ၍ ၎င်းတို့ကို စားကြ၏။-
Matt BurCBCM 13:5  အချို့ သောမျိုးစေ့တို့သည် မြေဆီလွှာပါးသောကျောက်ခံမြေ ပေါ်တွင်ကျသဖြင့် မြေသားတိမ်၍ လျင်မြန်စွာအပင်ပေါက် လာကြ၏၊-
Matt BurCBCM 13:6  သို့သော် နေထွက်သောအခါ ၎င်းတို့သည် ပူလောင်၍ အမြစ်လည်းမတွယ်နိုင်သောကြောင့် ညှိုး ခြောက်သွားကြလေ၏။-
Matt BurCBCM 13:7  အချို့သောမျိုးစေ့တို့သည် ဆူး ပင်များအကြားတွင်ကျသဖြင့် ဆူးပင်တို့သည် ကြီးထွား လာပြီး ၎င်းတို့ကို ဖုံးပိတ်ကြကုန်၏။-
Matt BurCBCM 13:8  အချို့သောမျိုးစေ့ တို့မူကား ကောင်းသောမြေပေါ်တွင်ကျသဖြင့် အပင် ပေါက်လာကြသောအခါ အချို့သည် အဆတစ်ရာ၊ အချို့ သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ်စီ အသီးသီးကြ၏။-
Matt BurCBCM 13:9  ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
Matt BurCBCM 13:10  ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသူတို့ ကို ပုံဥပမာများဖြင့် ဟောတော်မူသနည်းဟုမေးလျှောက် ကြလျှင်၊-
Matt BurCBCM 13:11  ကိုယ်တော်က သူတို့အား ပြန်ဖြေတော်မူ သည်ကား သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက် နဲသောအကြောင်း အရာများ ကိုသိခွင့်ရကြ၏။ ထိုသူတို့မူ ကား သိခွင့်မရကြ။-
Matt BurCBCM 13:12  အကြောင်းမူကား ရှိသောသူအား ထပ်မံ၍ပေးသဖြင့် သူ့၌အလျှံပယ်ရှိလိမ့်မည်။ မရှိသော သူထံမှမူကား သူ့၌ရှိသမျှကိုပင် ရုပ်သိမ်းလိမ့်မည်။-
Matt BurCBCM 13:13  သူ တို့အား ပုံဥပမာများဖြင့် ငါပြောရသည့်အကြောင်းမှာ သူတို့သည် ကြည့်လျက်နှင့် မမြင်၊ နားထောင်လျက်နှင့် မကြား၊ နားလည်းမလည်ကြသောကြောင့်ပင်ဖြစ်၏။-
Matt BurCBCM 13:14  ပရောဖက်အီဇာယ၏ဟောထားချက်သည် ထိုသူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်မူကား သင်တို့သည် ကြားကြရသော်လည်း မည်သည့်အခါမျှ နားလည်ကြလိမ့်မည်မဟုတ်။ ထို့အတူ သင်တို့သည် မြင်ကြရသော်လည်း မည်သည့်အခါမျှ သဘောပေါက် ကြလိမ့်မည်မဟုတ်။-
Matt BurCBCM 13:15  အကြောင်းမူကား ဤလူမျိုးသည် မိမိတို့၏မျက်စိတို့ဖြင့်မြင်၍ နားတို့ဖြင့် ကြားရပြီး စိတ် နှလုံးဖြင့် နားလည်ကြသောအခါ မိမိတို့၏အနာရောဂါ ပျောက်ကင်းစေခြင်းငှာ ငါ့ထံသို့ပြန်လာရမည်ကို စိုးရိမ် သောကြောင့် မိမိတို့၏စိတ်နှလုံးကို ထိုင်းမှိုင်းစေ ကြပြီး နားတို့ကို လေးစေကြလျက် မျက်စိတို့ကိုလည်း ပိတ် ထားကြ၏ဟု လာသတည်း။
Matt BurCBCM 13:16  သင်တို့၏မျက်စိတို့သည် မြင်၍ သင်တို့၏နားတို့ သည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။-
Matt BurCBCM 13:17  သင်တို့ အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်ရသောအရာများ ကို မြင်လိုကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရ သောအရာများကိုကြားလိုကြသော်လည်း မကြားခဲ့ကြရ။
Matt BurCBCM 13:18  ထို့ကြောင့် မျိုးစေ့ကြဲသောသူ၏ပုံဥပမာကို နား ထောင်ကြလော့။-
Matt BurCBCM 13:19  တစ်စုံတစ်ယောက်သည် နိုင်ငံတော် နှင့်ဆိုင်သောနှုတ်တော်ထွက်စကားကိုကြား၍ နားမလည် ဘဲနေသောအခါ နတ်ဆိုးသည် လာ၍ သူ၏စိတ်နှလုံးထဲ၌ ကြဲထားသည့်မျိုးစေ့ကိုနုတ်ယူသွားလေ၏။ ထိုသူသည် လမ်းပေါ်တွင်ကျသောမျိုးစေ့ဖြစ်၏။-
Matt BurCBCM 13:20  ကျောက်ခံမြေပေါ် တွင် ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကို ကြားသောအခါ ဝမ်းမြောက်ခြင်းဖြင့် ချက်ချင်းခံယူသူ ဖြစ်၏။-
Matt BurCBCM 13:21  သို့သော် သူ့၌ အမြစ်မတွယ်သောကြောင့် ခေတ္တ ခဏသာတည်မြဲလေ၏။ နှုတ်တော်ထွက်တရားတော် ကြောင့် ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော အခါ ထိုသူသည် ချက်ချင်းပင်စွန့်ခွာသွားတတ်၏။-
Matt BurCBCM 13:22  ဆူးပင်များအကြားတွင် ကျရောက်သောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကို ကြားရသော်လည်း လောကီ ရေးရာ၌ စိုးရိမ် ကြောင့်ကြခြင်းနှင့် ချမ်းသာကြွယ်၀မှုတို့၌ သာယာခြင်းတို့က နှုတ်တော်ထွက်စကားကို လွှမ်းမိုး သဖြင့် အသီးမသီးနိုင် သောသူ နှင့်တူ၏။-
Matt BurCBCM 13:23  ကောင်းသော မြေပေါ်၌ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကား ကိုကြား၍ နားလည်သဖြင့် အသီးသီးရာတွင် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ်ပွားစေသောသူဖြစ်သတည်းဟု မိန့်တော် မူ၏။
Matt BurCBCM 13:24  ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်အား မိမိ၏လယ်၌ ကောင်းသောမျိုးစေ့ကိုကြဲသောသူနှင့်ခိုင်း နှိုင်းနိုင်၏။-
Matt BurCBCM 13:25  သို့သော် လူတို့အိပ်ပျော်နေချိန်တွင် သူ၏ရန် သူသည်လာ၍ တောမျိုးစေ့များကို ဂျုံစပါးအလယ်၌ကြဲ ၍ထွက်သွားလေ၏။-
Matt BurCBCM 13:26  အပင်များပေါက်လာပြီး အနှံထွက် သည့်အချိန်တွင် ပေါင်းပင်များသည်လည်း ပေါ်ထွက်လာ လေ၏။-
Matt BurCBCM 13:27  ထိုအခါ အစေခံတို့သည် လယ်ပိုင်ရှင်ထံလာ၍ သခင်၊ ကောင်းသောမျိုးစေ့ကို သခင်၏လယ်၌ကြဲခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်လျှင် ပေါင်းပင်တို့သည် မည်သို့ ရောက်လာသနည်းဟု မေးကြ၏။-
Matt BurCBCM 13:28  လယ်ပိုင်ရှင်က ရန်သူ သည် ဤအမှုကိုပြုခဲ့ပြီဟု သူတို့အား ဆို၏။ အစေခံတို့ ကလည်း ဤသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ ၎င်းတို့ကို စုသိမ်းရန် သခင်အလိုရှိပါသလောဟုမေးမြန်းကြ၏။-
Matt BurCBCM 13:29  သို့သော် လယ်ပိုင်ရှင်က ငါအလိုမရှိ၊ ပေါင်းပင်တို့ကို စု သိမ်းရာတွင် သင်တို့သည် ၎င်းတို့နှင့်အတူ ဂျုံစပါးတို့ကို လည်း နုတ်မိမည်ကိုစိုးရိမ်ရ၏။-
Matt BurCBCM 13:30  ဂျုံစပါးရိတ်သည့်ကာလ တိုင်အောင် နှစ်မျိုးစလုံးကြီးထွားပါစေ။ ရိတ်သိမ်းချိန်၌ ပေါင်းပင်တို့ကိုဦးစွာနုတ်၍ မီးရှို့ရန် စည်းထားကြလော့၊ ဂျုံစပါးကိုမူ ငါ၏ကျီထဲ၌လှောင်ထားကြလော့ဟု ရိတ် သိမ်းသူတို့အား ငါမှာထားမည်ဟူ၍ မိန့်တော်မူ၏။
Matt BurCBCM 13:31  ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ကား လူတစ်ဦးသည် ယူလာ၍ မိမိ၏ယာခင်း၌စိုက်သော မုန်ညင်းစေ့တစ်စေ့နှင့်တူလေ၏။-
Matt BurCBCM 13:32  ထိုမုန်ညင်းစေ့သည် အစေ့တကာတို့တွင် အငယ်ဆုံးဖြစ်သော်လည်း ကြီး ထွားလာသောအခါ စားပင်တို့တွင် အကြီးဆုံးဖြစ်ပြီး မိုးကောင်းကင်ငှက်တို့သည် လာကြ၍ ၎င်း၏အကိုင်း အခက်တို့၌ အသိုက်များပြုလုပ်နိုင်လောက်သောအပင် တစ်ပင်ဖြစ်လာသ ည်ဟု မိန့်တော်မူ၏။
Matt BurCBCM 13:33  ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ကား မိန်းမတစ်ဦးသည် ယူ၍ မုန့်ညက်သုံးတင်း၌ထည့် သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသောတဆေးနှင့် တူသည်ဟုမိန့်တော်မူ၏။
Matt BurCBCM 13:34  ယေဇူးသည် ဤအကြောင်းအရာအားလုံးတို့ကို ပုံဥပမာများအားဖြင့် လူအစုအဝေးတို့အား ဟောပြော တော်မူ၏။ ကိုယ်တော်သည် ပုံဥပမာမပါဘဲ သူတို့အား မည်သည့်အကြောင်းအရာကိုမျှ ဟောတော်မမူ။-
Matt BurCBCM 13:35  ဤ သည်ကား ငါသည် ပုံဥပမာတို့ဖြင့် ငါ၏နှုတ်ကို ဖွင့်ဟ မည်၊ ကမ္ဘာတည်စကပင် ဖုံးကွယ်လျက်ရှိသောအရာများ ကို ငါထုတ ်ဖော်ပြောဆိုမည်ဟူသော ပရောဖက်၏ဟော ထားချက်ပြည့်စုံစေမည့်အကြောင်းဖြစ်သတည်း။
Matt BurCBCM 13:36  ထို့နောက် ကိုယ်တော်သည် လူအစုအဝေးထံမှ ထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော် တို့သည် အထံတော်သို့ချဉ်းကပ်၍ လယ်ထဲရှိပေါင်းပင် များ၏ပုံဥပမာကို မိမိတို့အား ရှင်းပြတော်မူပါဟု လျှောက် ထားကြ၏။-
Matt BurCBCM 13:37  ကိုယ်တော်ကလည်း ကောင်းသောမျိုးစေ့ ကိုကြဲသောသူသည် လူသားဖြစ်၏။-
Matt BurCBCM 13:38  လယ်ကွင်းကား ဤကမ္ဘာလောကပေတည်း။ ကောင်းသောမျိုးစေ့သည် ကား နိုင်ငံတော်သားများဖြစ်ကြ၏။ ပေါင်းပင်များကား နတ်ဆိုး၏သားများဖြစ်ကြ၏။-
Matt BurCBCM 13:39  ယင်းမျိုးစေ့များကိုကြဲ သောရန်သူကား နတ်ဆိုးပင်ဖြစ်၏။ စပါးရိတ်သိမ်းချိန် ကား ဤကမ္ဘာကုန်သောအချိန်ဖြစ်၏။ ရိတ်သိမ်းသော သူများသည်ကား ကောင်းကင်တမန်တော်များဖြစ်၏။-
Matt BurCBCM 13:40  ပေါင်းပင်များကိုစုသိမ်းပြီး မီးရှို့ရသကဲ့သို့ ကမ္ဘာကုန်သော ကာလ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။-
Matt BurCBCM 13:41  လူသားသည် မိမိ၏ကောင်းကင်တမန်တော်တို့ကိုစေလွှတ်တော်မူ၍ သူတို့သည် မှားယွင်းစေသောအရာရှိသမျှနှင့် အပြစ်ကျူး လွန်သူအားလုံးတို့ကို ကိုယ်တော်၏နိုင်ငံတော်မှ ထုတ် ပယ်ပြီး၊-
Matt BurCBCM 13:42  ၎င်းတို့ကို တောက်လောင်နေသောမီးဖိုထဲသို့ ပစ်ချလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ် ကြလိမ့်မည်။-
Matt BurCBCM 13:43  ထို့နောက် ဖြောင့်မတ်သောသူတို့သည် မိမိတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့် မည်။ ကြားခြင်းငှာ နားရှိသော သူသည် ကြားပါစေ။
Matt BurCBCM 13:44  ကောင်းကင်နိုင်ငံတော်သည် လယ်မြေ၌ဝှက်ထား သောရတနာနှင့်တူ၏။ ထိုရတနာကိုတွေ့သောသူသည် ၎င်းကို ပြန်လည်ဝှက်ထားပြီး ဝမ်းသာအားရဖြင့် သွားကာ လျှင် မိမိ၌ရှိသမျှကိုရောင်းချ၍ ထိုလယ်မြေကို ဝယ်ယူ လေ၏။
Matt BurCBCM 13:45  တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် အရည် အသွေးကောင်းသောပုလဲများကို ရှာသောကုန်သည် တစ်ဦးနှင့်တူ၏။-
Matt BurCBCM 13:46  သူသည် တန်ဖိုးကြီးသောပုလဲတစ်လုံး ကိုတွေ့သောအခါ သွား၍ မိမိ၌ရှိသမျှတို့ကို ရောင်းပြီး လျှင် ထိုပုလဲကို ဝယ်ယူလေ၏။
Matt BurCBCM 13:47  တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချထား၍ ငါးအမျိုးမျိုးတို့ကိုအုပ်မိသော ပိုက်ကွန်နှင့်တူ ၏။-
Matt BurCBCM 13:48  ပိုက်ကွန်သည် ငါးများနှင့်ပြည့်သောအခါ တံငါတို့ သည် ၎င်းကို ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက် ကောင်း သောငါးများ ကိုရွေးချယ်ကာ တောင်းများထဲသို့ထည့် ထားပြီး မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ ၏။-
Matt BurCBCM 13:49  ထို့အတူ ကမ္ဘာကုန်သောအခါ ဤသို့ဖြစ်လိမ့်မည်။ ကောင်းကင်တမန်တော်တို့သည် ထွက်လာ၍ မကောင်း သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ ခွဲထုတ်ပြီး၊-
Matt BurCBCM 13:50  သူတို့အား တောက်လောင်နေသောမီးဖိုတွင်းသို့ပစ်ချ ကြလိမ့်မည်။ ထိုအရပ်၌ ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။
Matt BurCBCM 13:51  ဤအကြောင်းအရာအလုံးစုံကို သင်တို့နားလည် ကြသလောဟုမေးတော်မူလျှင် သူတို့က နားလည်ပါသည်ဟု လျှောက် ထားကြ၏။-
Matt BurCBCM 13:52  ကိုယ်တော်ကလည်း ထို့ ကြောင့် ကောင်းကင်နိုင်ငံတော်၏အကြောင်းအရာတို့ကို သင်ကြားတတ်မြောက်ပြီးသော ကျမ်းတတ် ဆရာမည် သည်ကား မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာပစ္စည်းအသစ်နှင့် အဟောင်းတို့ကို ထုတ်ဖော်ပြသောအိမ်ရှင်နှင့်တူသည် ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 13:53  ယေဇူးသည် ထိုပုံဥပမာများကို မိန့်မြွက်တော်မူ ပြီးသောအခါ ထိုအရပ်မှ ကြွသွားတော်မူ၏။-
Matt BurCBCM 13:54  မိမိ၏နေ ရင်းမြို့သို့ရောက်တော်မူလျှင် ကိုယ်တော်သည် လူတို့ကို သူတို့၏တရားဇရပ်၌ သွန်သင်တော်မူသဖြင့် သူတို့သည် လွန်စွာအံ့ဩကြလျက် ဤသူသည် ဤပညာနှင့် ဤ အံ့ဖွယ်တန်ခိုးများကို အဘယ်ကရသနည်း။-
Matt BurCBCM 13:55  သူသည် လက်သမား၏သားမဟုတ်လော။ သူ၏အမိကို မာရိယာ ဟုခေါ်သည်မဟုတ်ပါလော။ ယာကုပ်၊ ဂျိုးဇက်၊ စီမွန်နှင့် ဂျုဒတို့သည် သူ၏ညီများမဟုတ်သလော။-
Matt BurCBCM 13:56  သူ၏နှမ တို့သည်လည်း ငါတို့အနီးအနားတွင် နေထိုင်ကြသည် မဟုတ် လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာအားလုံး တို့ကို အဘယ်ကရသနည်းဟု ဆိုကြ၍၊-
Matt BurCBCM 13:57  ကိုယ်တော့်ကို လက်မခံလိုကြချေ။ ယေဇူးကလည်း ပရောဖက်သည် မိမိ၏မြို့နှင့် မိမိ၏အိမ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ် သရေမဲ့သည်ဟူ၍မရှိဟု မိန့်တော်မူ၏။-
Matt BurCBCM 13:58  ကိုယ်တော် သည်လည်း ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ထိုအရပ်၌ တန်ခိုးလက္ခဏာများစွာပြတော်မမူချေ။
Chapter 14
Matt BurCBCM 14:1  ထိုကာလ၌ ဘုရင်ခံဟေရုဒ်သည် ယေဇူး၏ သတင်းတော်ကိုကြားလျှင်၊-
Matt BurCBCM 14:2  ဤသူသည်ကား ယောဟန်ဘတ္တိဇံ ပင်ဖြစ်သတည်း။ သူသည် သေရာမှ ပြန်ရှင်လေပြီ။ ထို့ကြောင့် သူသည် ဤတန်ခိုးလက္ခဏာ များကိုပြနိုင်ခြင်းဖြစ်သည်ဟု မိမိငယ်သားတို့အား ဆို၏။
Matt BurCBCM 14:3  အကြောင်းမူကား ဟေရုဒ်သည် မိမိညီ ဖိလိပု၏ဇနီး ဟေရုဒ္ဒိယနှင့်ပတ်သက်၍ ယောဟန်ကိုဖမ်းဆီးချုပ် နှောင်ကာ အကျဉ်းချထားခဲ့၏။-
Matt BurCBCM 14:4  အဘယ်ကြောင့်ဆို သော် ယောဟန်က သူ့အား သင်သည် ထိုမိန်းမကို မယူ သင့်ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
Matt BurCBCM 14:5  ဟေရုဒ်သည် သူ့အား သတ်လိုသော်လည်း လူအပေါင်းတို့ကို ကြောက်ရွံ့သော ကြောင့် မသတ်ဝံ့ဘဲရှိ၏။ အကြောင်းမူကား လူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ်ခံယူထားကြသော ကြောင့်ဖြစ်၏။-
Matt BurCBCM 14:6  သို့သော် ဟေရုဒ်၏မွေးနေ့ကျရောက် သောအခါ ဟေရုဒ္ဒိယ၏သမီးသည် ဧည့်သည်တော်များ ၏မျက်မှောက်၌ ကပြဖျော်ဖြေရာ၊-
Matt BurCBCM 14:7  ဟေရုဒ်ကိုကြည်နူး စေသဖြင့် သူသည် သူမ တောင်းသမျှကို ပေးသနားမည့် အကြောင်း ကျိန်ဆို၍ ကတိပြုလေ၏။-
Matt BurCBCM 14:8  သူမသည်လည်း ယောဟန်ဘတ္တိဇံ၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍ ဤနေရာ၌ပင် ကျွန်မအား ပေးတော်မူပါဟု မိမိ၏မိခင် တိုက်တွန်းထားသည့်အတိုင်း တောင်းခံလေ၏။-
Matt BurCBCM 14:9  မင်း ကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း မိမိ ကျိန်ဆိုထားသောကတိနှင့် မိမိ၏ဧည့်သည်တော်များရှိ သောကြောင့် သူမ တောင်းလျှောက်သည်ကို ပေးစေရန် အမိန့်ချမှတ်ပြီး၊-
Matt BurCBCM 14:10  လူလွှတ်ကာ ထောင်ထဲ၌ ယောဟန်၏ ဦးခေါင်းကို ဖြတ်စေ၏။-
Matt BurCBCM 14:11  ထို့နောက် ဦးခေါင်းကို လင်ပန်း ပေါ်၌တင်၍ ထိုအမျိုးသမီးငယ်အား ပေးသဖြင့် သူမသည် လည်း ၎င်းကိုသူမ၏မိခင်ထံ သို့ယူ ဆောင်သွားလေ၏။-
Matt BurCBCM 14:12  ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ယူဆောင်ကာ သဂြိုဟ်ပြီးမှ ယေဇူးထံတော်သို့ သွား ရောက်လျှောက် ထားကြ၏။
Matt BurCBCM 14:13  ယေဇူးသည် ဤသတင်းကို ကြားသောအခါ ထို အရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့်ကြွတော် မူ၏။ သို့သော် လူအစုအဝေးတို့သည် ဤအကြောင်း ကိုကြားသိကြလျှင် မြို့ရွာတို့မှထွက်၍ နောက်တော်သို့ ခြေကျင်လိုက်ကြ၏။-
Matt BurCBCM 14:14  ကိုယ်တော်သည် ကမ်းပေါ်သို့ တက်တော်မူသောအခါ များပြားသောလူအစုအဝေးကို မြင်သဖြင့် သူတို့အပေါ်ကရုဏာသက်၍ အနာရောဂါရှိ သောသူများကို ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 14:15  ညနေစောင်း သောအခါ တပည့်တော်တို့သည် ကိုယ်တော်၏အထံ တော်သို့ချဉ်းကပ်ကြ၍ ဤအရပ်သည် လူသူကင်းဝေး သောအရပ်ဖြစ်ပါ၏။ အချိန်လည်း လွန်ပါပြီ။ ကျေးရွာများ သို့သွား၍ ၎င်းတို့အတွက် စားစရာဝယ်ယူစေခြင်းငှာ လူ အစုအဝေးတို့ကို စေလွှတ်တော်မူပါဟု လျှောက်ကြ၏။-
Matt BurCBCM 14:16  သို့သော် ယေဇူးက ထိုသူတို့သွားရန်အကြောင်းမရှိ၊ သင် တို့သည် သူတို့အား စားစရာတစ်စုံတစ်ခုကိုပေးကြလော့ ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
Matt BurCBCM 14:17  သူတို့ကလည်း တပည့်တော်တို့တွင် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ဤနေရာ၌ ရှိပါသည်ဟု လျှောက်ထားကြ၏။-
Matt BurCBCM 14:18  ထိုအခါ ကိုယ်တော်က ၎င်းတို့ကို ငါ့ထံသို့ယူခဲ့ကြလော့ဟု မိန့် တော်မူ၏။-
Matt BurCBCM 14:19  ထို့နောက် ကိုယ်တော်သည် လူအစုအဝေး တို့ကို မြက်ခင်းပေါ်တွင် ထိုင်စေရန် အမိန့်ပေးတော်မူပြီး ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထို့ နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုဖဲ့၍ တပည့်တော်တို့ အား ပေးတော်မူသဖြင့် တပည့်တော်တို့သည်လည်း ၎င်း တို့ကို လူအပေါင်းတို့အား ဝေငှပေးကြ၏။-
Matt BurCBCM 14:20  လူအပေါင်း တို့သည်လည်း စား၍ ၀ကြပြီးမှ ကြွင်းကျန်သောအကျိုး အပဲ့များကိုကောက်သိမ်းရာ တစ်ဆယ့်နှစ်တောင်းအပြည့် ရကြလေ၏။-
Matt BurCBCM 14:21  စားသောသူတို့မူကား မိန်းမနှင့် သူငယ် တို့ကို မရေတွက်ဘဲ ယောက်ျားဦးရေ ငါးထောင်ခန့်မျှရှိ သတည်း။
Matt BurCBCM 14:22  ထို့နောက် ယေဇူးသည် ချက်ချင်းပင် လူအစု အဝေးတို့အား ပြန်လွှတ်တော်မူစဉ်တွင် တပည့်တော် တို့ကို လှေပေါ်သို့တက် စေ၍ ကမ်းတစ်ဖက်သို့ ဦးစွာ ကူးစေတော်မူ၏။-
Matt BurCBCM 14:23  လူအစုအဝေးတို့ကို ပြန်သွားစေပြီး နောက် ကိုယ်တော်သည် ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်သို့ တစ်ပါးတည်း တက်တော်မူ၏။ ညဉ့်ဦး ယံအချိန်ရောက်သောအခါ ထိုနေရာတွင် ကိုယ်တော် တစ်ပါးတည်းရှိတော်မူ၏။-
Matt BurCBCM 14:24  တပည့်တော်တို့၏လှေမူ ကား ကမ်းမှ များစွာဝေးကွာသွားစဉ် လေဆန်ကျသော ကြောင့် လှိုင်းတံပိုးများသည် လှေကို ပြင်းထန်စွာ ရိုက် ခတ်လျက်ရှိ၏။-
Matt BurCBCM 14:25  မိုးသောက်ယံအချိန်၌ ကိုယ်တော် သည် ပင်လယ်ရေပြင်ပေါ်၌ လျှောက်လှမ်းလျက် သူတို့ ထံသို့ကြွလာတော်မူ၏။-
Matt BurCBCM 14:26  ထိုအခါ တပည့်တော်တို့သည် ပင်လယ်ရေပြင်ပေါ်၌ ကိုယ်တော်လမ်းလျှောက်လာ သည်ကိုမြင်ကြလျှင် ထိတ်လန့်၍ တစ္ဆေဖြစ်သည်ဟုဆို ကြလျက် ကြောက်လန့်တကြားအော်ဟစ်ကြ၏။-
Matt BurCBCM 14:27  သို့ရာ တွင် ကိုယ်တော်က ရဲရင့်ခြင်းရှိကြလော့၊ ငါပင်ဖြစ်သည်၊ မကြောက်ကြနှင့်ဟု သူတို့အား ချက်ချင်းပင်မိန့်တော်မူ ၏။
Matt BurCBCM 14:28  ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်ဖြစ် တော်မူပါလျှင် တပည့်တော်သည် ရေပေါ်တွင် လျှောက် လှမ်း၍ အထံတော်သို့လာရမည့်အကြောင်း အမိန့်ရှိ တော်မူပါဟု လျှောက်လေ၏။-
Matt BurCBCM 14:29  ယေဇူးက လာခဲ့လော့ ဟု မိန့်တော်မူလျှင် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်တွင် လျှောက်ကာ ယေဇူးထံတော် သို့သွား လေ၏။-
Matt BurCBCM 14:30  သို့သော် လေပြင်းထန်သည်ကိုမြင်လျှင် သူသည် ကြောက်ရွံ့ ပြီး နစ်မြုပ်စပြုသဖြင့် သခင်ဘုရား၊ တပည့်တော်ကို ကယ်တော် မူပါဟု ဟစ်အော်၍ လျှောက်လေ ၏။-
Matt BurCBCM 14:31  ယေဇူးသည်လည်း ချက်ချင်းပင် လက်လှမ်း၍ သူ့ကို ဆွဲမပြီးလျှင် အိုယုံကြည်ခြင်းအားနည်းသူ၊ အဘယ် ကြောင့် သင်သည် ယုံမှားသံသယရှိသနည်းဟု မိန့်တော် မူ၏။-
Matt BurCBCM 14:32  လှေပေါ်သို့ သူတို့ရောက်ကြသောအခါ လေသည် လည်း ငြိမ်သွားလေ၏။-
Matt BurCBCM 14:33  လှေပေါ်တွင်ရှိကြသောသူတို့ သည်လည်း ကိုယ်တော့်ကို ဦးချရှိခိုးလျက် အမှန်စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ပါသည်ဟု ဆိုကြ၏။
Matt BurCBCM 14:34  ကိုယ်တော်နှင့် တပည့်တော်တို့သည် တစ်ဖက် ကမ်းသို့ကူးလာပြီးသောအခါ ဂျေနားဇရက်တွင် လှေကို ဆိုက်ကပ်ကြ၏။-
Matt BurCBCM 14:35  ထိုအရပ်မှ လူတို့သည် ကိုယ်တော့် ကို မှတ်မိကြသောအခါ ပတ်ဝန်းကျင်အရပ်ရပ်သို့ လူ များစေလွှတ်၍ လူနာရှိသမျှတို့ကို အထံတော်သို့ ခေါ် ဆောင်စေခဲ့ကြ၏။-
Matt BurCBCM 14:36  သူတို့သည် ဝတ်ရုံတော်၏အနားစ အမြိတ်ကိုမျှ တို့ထိရပါမည့်အကြောင်း တောင်းလျှောက် ကြ၏။ ထိုသို့တို့ထိသမျှသောသူ တို့တွင်လည်း အနာ ရောဂါများပျောက်ကင်းကြကုန်၏။
Chapter 15
Matt BurCBCM 15:1  ထိုအခါ ဂျေရုဆလင်မြို့ မှ ကျမ်းတတ်ဆရာတို့ နှင့် ဖာရီဇေးဦးတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၍၊-
Matt BurCBCM 15:2  ကိုယ်တော်၏တပည့်တော်တို့သည် အဘယ် ကြောင့် ရှေးထုံးစဉ်လာများကိုချိုးဖောက်ကြပါသနည်း။ အကြောင်းမူကား သူတို့ သည် အစာစားသောအခါ သူတို့ ၏လက်များကို မဆေးကြပါဟု လျှောက်ထားကြ၏။-
Matt BurCBCM 15:3  ကိုယ်တော်ကလည်း သူတို့အား ပြန်၍ မိန့်တော်မူသည် မှာ သင်တို့သည် သင်တို့၏ရှေးထုံးစဉ်လာများကိုလိုက် နာရန်အတွက် အဘယ်ကြောင့် ဘုရားသခင်၏ပညတ် တော်များကို ကျူးလွန်ကြသနည်း။-
Matt BurCBCM 15:4  အကြောင်းမူကား သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့၊ မိဘတို့အား ကျိန်ဆိုသူသည် အသေသတ်ခြင်းကိုခံစေဟု ဘုရား သခင်ပညတ်ထားတော်မူခဲ့၏။-
Matt BurCBCM 15:5  သို့သော် သင်တို့က အကယ်၍ အကြင်သူသည် သူ၏အဖ၊ သို့မဟုတ် အမိ အား ကျွန်ုပ်ထံမှ သင်တို့ရရှိမည့်အရာမှာ လှူဖွယ် ဝတ္ထုဖြစ် လေပြီဟုဆိုလျှင် ထိုသူသည် သူ၏မိဘတို့အား ပြုရမည့် ဝတ္တရားကို ပြုရန်မလိုဟု သွန်သင်ကြ၏။-
Matt BurCBCM 15:6  ဤနည်းအား ဖြင့် သင်တို့သည် သင်တို့၏ရှေးထုံးစဉ်လာများကို လိုက် နာရန်အတွက် ဘုရားသခင်၏ပညတ်တော်ကို လျစ်လျူ ရှုကြ၏။-
Matt BurCBCM 15:7  အချင်းသူတော်ကောင်းယောင်ဆောင်သူတို့၊ အီဇာယသည် သင်တို့ကို ရညွှန်း၍၊-
Matt BurCBCM 15:8  ဤလူမျိုးသည် ငါ့အား နှုတ်ဖျားမှသာ ရိုသေဂုဏ်ပြုကြ၏။ သူတို့၏စိတ် နှလုံးမူကား ငါနှင့်ဝေးလှပေ၏။-
Matt BurCBCM 15:9  သူတို့သည် လူတို့၏ထုံး တမ်းစဉ်လာများကို အယူဝါဒများကဲ့သို့ သင်ကြားလျက် ရှိသဖြင့် ငါ့အား သူတို့ဝတ်ပြု ကိုးကွယ်ခြင်း သည် အချည်း နှီးဖြစ်ပေ၏ဟူ၍ဟောထားသည်မှာ မှန်ကန်လှပေသည် ဟု မိန့်တော်မူလေ၏။
Matt BurCBCM 15:10  ကိုယ်တော်သည် လူအစုအဝေးတို့ကို အထံတော် သို့ခေါ်ဆောင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့ ကြားနာ၍ နားလည်ကြလော့။-
Matt BurCBCM 15:11  လူကို ညစ်ညူးစေသည့် အရာမှာ ခံတွင်းသို့ဝင်သောအရာမဟုတ်၊ ခံတွင်းမှထွက် သောအရာသည်သာလျှင် ဖြစ်သည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 15:12  ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ဤစကားကိုကြားရသဖြင့် ဖာရီဇေးဦးတို့မကျေမနပ် ဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလောဟု လျှောက်ကြ၏။-
Matt BurCBCM 15:13  ကိုယ်တော်ကလည်း ကောင်းကင်ဘုံ ရှင် ငါ၏ခမည်းတော်မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် နုတ်ပစ်ခြင်းခံရလိမ့်မည်။-
Matt BurCBCM 15:14  သူတို့၏အဖြစ်နှင့်သူတို့ရှိပါ စေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသောမျက်မမြင် များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင် တစ်ဦးကို လမ်းပြလျှင် နှစ်ဦးစလုံးတွင်းထဲသို့ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 15:15  ထိုအခါ ပေတရုက ထိုပုံဥပမာကို တပည့်တော်တို့ အား ရှင်းပြတော်မူပါဟုလျှောက်၏။-
Matt BurCBCM 15:16  ကိုယ်တော်က သင်တို့သည်လည်း ယခုတိုင်အောင် နားမလည်နိုင်ကြ သလော။-
Matt BurCBCM 15:17  ခံတွင်းသို့ဝင်သောအရာဟူသမျှသည် ဝမ်း ထဲသို့ရောက်၍ ပြင်ပသို့စွန့်ပစ်သည်ကို သင်တို့မသိကြ သလော။-
Matt BurCBCM 15:18  ခံတွင်းမှ ထွက်လာသောအရာမူကား စိတ် နှလုံးအတွင်းမှထွက်လာသဖြင့် ၎င်းသည် လူကိုညစ် ညူးစေ၏။-
Matt BurCBCM 15:19  အကြောင်းမူကား လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေခံခြင်း၊ သူ့အသရေ ကိုဖျက်ခြင်းစသည့် ဆိုးယုတ်သောအကြံအစည်များ သည် စိတ်နှလုံးအတွင်းမှ ထွက်ပေါ် လာကြ၏။-
Matt BurCBCM 15:20  ဤ အရာတို့သည် လူကိုညစ်ညူးစေကြ၏။ ဆေးကြောသန့် စင်ထားခြင်းမရှိသောလက်ဖြင့် အစာစားခြင်းမူကား လူ ကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။
Matt BurCBCM 15:21  ယေဇူးသည် ထိုအရပ်မှ ထွက်ခွာသွားပြီးလျှင် တီ ရာနှင့် စီဒွန်နယ်များသို့ကြွတော်မူ၏။-
Matt BurCBCM 15:22  ထိုအရပ်ဒေသမှ ကာနန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ အိုသခင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ ၏သမီးသည် နတ်ဆိုးညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံနေ ရပါသည်ဟု ဟစ်အော်လျှောက်ထားလေ၏။- ၂၃၊ သို့သော် ကိုယ်တော်သည် သူမအား စကားတစ်ခွန်းမျှ ဖြေကြား တော်မမူ။ တပည့်တော်တို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍ ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှ လိုက်၍ ဟစ်အော်နေသဖြင့် သူမအား ထွက်သွားစေ တော်မူပါဟု တောင်းပန်လျှောက်ထားကြ၏။-
Matt BurCBCM 15:24  ကိုယ် တော်က ငါသည် အစ္စရာအဲလ်အမျိုးအနွယ်မှ ပျောက်ဆုံး နေသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရသည်ဟု မိန့်တော် မူ၏။-
Matt BurCBCM 15:25  သို့သော် ထိုအမျိုးသမီးသည် ကိုယ် တော်၏ရှေ့တော်သို့ လာရောက်ပျပ်ဝပ်လျက် သခင်၊ ကျွန်မကို ကူညီမစတော်မူပါဟု လျှောက်လေ၏။-
Matt BurCBCM 15:26  ကိုယ် တော်ကလည်း သားသမီးတို့၏အစားအစာကိုယူ၍ ခွေး တို့အား ချမကျွေးသင့်ဟု ပြန်ဖြေတော်မူ၏။-
Matt BurCBCM 15:27  အမျိုးသမီး ကလည်း မှန်ပါ၏သခင်၊ ခွေးတို့ပင်လျှင် မိမိတို့သခင်၏ စားပွဲမှကျသောမုန့်အစအနများကို စားကြရပါသေးသည် ဟုလျှောက်ထားလေ၏။-
Matt BurCBCM 15:28  ထိုအခါ ယေဇူးက အိုအမျိုး သမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင် ဆန္ဒရှိသည့်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထို အချိန်နာရီမှစ၍ သူမ၏သမီးသည် ရောဂါပျောက်ကင်း လေ၏။
Matt BurCBCM 15:29  ယေဇူးသည် ထိုအရပ်မှ ထွက်ခွာပြီးလျှင် ဂါလေ လေးယပင်လယ်ကမ်းခြေတစ်လျှောက်ဖြတ်သွားတော် မူ၏။ ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုနေရာ၌ထိုင်တော်မူ၏။-
Matt BurCBCM 15:30  ထိုအခါ များစွာသောလူအစု အဝေးတို့သည် ခြေမသန်စွမ်းသောသူ၊ ကိုယ်အင်္ဂါချို့တဲ့ သောသူ၊ မျက်စိမမြင်သောသူ၊ ဆွံ့အသောသူနှင့် အခြား သောရောဂါသည်များကို မိမိတို့နှင့်တစ်ပါတည်းခေါ်လာ ခဲ့ကြ၏။ သူတို့သည် ထိုသူတို့ကို ကိုယ်တော်၏ခြေရင်း ၌ထားသဖြင့် ကိုယ်တော်သည် ထိုသူတို့အား ရောဂါ ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 15:31  ဤသို့ဖြင့် လူအစုအဝေးတို့ သည် ဆွံ့အသောသူများစကားပြောနိုင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သောသူများ ကိုယ်အင်္ဂါသန်စွမ်း ပြည့်စုံလာခြင်း၊ ခြေမသန်စွမ်းသောသူများ လမ်းလျှောက်နိုင်ခြင်း၊ မျက်စိ မမြင်သောသူများ မျက်စိမြင်လာခြင်းစသည်တို့ကို မြင် လျှင် အံ့ဩကြ၍ အစ္စရာအဲလ်လူမျိုး၏ဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်းကြလေ၏။
Matt BurCBCM 15:32  ယေဇူးသည်လည်း တပည့်တော်တို့ကို အထံတော် သို့ခေါ်၍ မိန့်တော်မူသည်ကား ငါသည် ဤလူပရိသတ်တို့ ကိုသနား၏။ အကြောင်းမူကား သူတို့သည် ငါနှင့်အတူ သုံးရက်ပတ်လုံးနေခဲ့ကြပြီး စားစရာလည်းမရှိကြ။ သူတို့ အား ဆာလောင်မွတ်သိပ်လျက် ပြန်စေခြင်းငှာ ငါအလို မရှိ။ အကြောင်းမူကား သူတို့သည် လမ်းခရီး၌ အားပြတ် ကြမည်ကို စိုးရိမ်ရ၏ဟု မိန့်တော်မူ၏။-
Matt BurCBCM 15:33  ထိုအခါ တပည့် တော်တို့က ဤမျှများပြားသောလူအစုအဝေးကိုကျွေးရန် လုံလောက်သောအစားအစာများကို တောကန္တာရတွင် အဘယ်ကရနိုင်ပါမည်နည်းဟု ကိုယ်တော်အား လျှောက် ကြ၏။-
Matt BurCBCM 15:34  ယေဇူးကလည်း သင်တို့တွင် ပေါင်မုန့်မည်မျှ ရှိသနည်းဟုမေးတော်မူလျှင် သူတို့က ပေါင်မုန့်ခုနစ်လုံး နှင့် ငါးကလေးအနည်းငယ်ရှိပါသည်ဟု ပြန်ဖြေကြလေ ၏။-
Matt BurCBCM 15:35  ထိုအခါ ကိုယ်တော်သည် လူအစုအဝေးတို့အား မြေပေါ်၌ထိုင်ကြစေရန် အမိန့်ပေးတော်မူလျက်၊-
Matt BurCBCM 15:36  ပေါင် မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်း တော်မူပြီးမှ ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေး တော်မူ၏။ တပည့်တော်တို့ သည်လည်း ၎င်းတို့ကို လူ အစုအဝေးတို့အား ဝေငှကြလေ၏။-
Matt BurCBCM 15:37  လူအပေါင်းတို့ သည် ၀အောင်စားကြပြီးမှ ကြွင်းကျန်သောအစအနတို့ ကိုစုသိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။-
Matt BurCBCM 15:38  စားကြ သောသူတို့ကား အမျိုးသမီးများနှင့် သူငယ်များကို မရေ တွက်ဘဲ ယောက်ျားဦးရေလေးထောင်ရှိသတည်း။-
Matt BurCBCM 15:39  ထို့ နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကို ပြန်လွှတ် ပြီးလျှင် လှေပေါ်သို့တက်၍ မာဂျေဒန်နယ်သို့ ထွက်ကြွ တော်မူ၏။
Chapter 16
Matt BurCBCM 16:1  ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့သည် အထံတော်သို့ ချဉ်းကပ်၍ ကိုယ်တော်အား စုံစမ်းရန်အလို့ငှာ ကောင်းကင်မှ နိမိတ်လက္ခဏာ ကို သူတို့အားပြရန် ကိုယ် တော့်ကို တောင်းဆိုကြ၏။-
Matt BurCBCM 16:2  ကိုယ်တော်ကလည်း သင် တို့သည် ညနေစောင်းချိန်၌ ပြောလေ့ရှိသည်မှာ ရာသီ ဥတုသာယာလိမ့်မည်၊ အကြောင်းမူကား ကောင်းကင် ယံသည် နီနေသည်ဟူ၍လည်းကောင်း၊-
Matt BurCBCM 16:3  တစ်ဖန် နံနက် အချိန်ရောက်လျှင်လည်း ယနေ့မိုးသက်မုန်တိုင်းကျလိမ့် မည်၊ အကြောင်းမူကား ကောင်းကင်သည်နီ၍ အုံ့မှိုင်း နေသည်ဟူ၍လည်းကောင်း ဆိုတတ်ကြ၏။ ထိုကဲ့သို့ ကောင်းကင်၏အသွင်အပြင်ကို ကြည့်၍ ရာသီဥတုကို သင်တို့သိကြပါလျှင် ခေတ်ကာလ၏နိမိတ်လက္ခဏာ တို့ကိုမူကား အဘယ်ကြောင့် အဓိပ္ပာယ်မဖွင့်ဆိုနိုင်ကြ သနည်း။-
Matt BurCBCM 16:4  ဆိုးယုတ်၍ ဖောက်ပြန်တတ်သောလူမျိုး ဆက်သည် နိမိတ်လက္ခဏာကို တောင်းကြသော်လည်း ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာကိုမျှ သူတို့အား ပေးလိမ့်မည်မဟုတ်ဟု သူတို့ အား မိန့်ဆိုပြီး သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
Matt BurCBCM 16:5  တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့ရောက် ကြသောအခါ ပေါင်မုန့်ကိုယူဆောင်လာရန်မေ့လျော့ ခဲ့ကြ၏။-
Matt BurCBCM 16:6  ယေဇူးကလည်း သူတို့အား ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့၏တဆေးကို သတိပြု၍ ရှောင်ကြဉ်ကြ လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 16:7  တပည့်တော်တို့ကမူကား ငါတို့ သည် ပေါင်မုန့်ကိုမယူလာခဲ့သောကြောင့် ဤသို့ပြော ခြင်းဖြစ်တန်ရာသည်ဟု အချင်းချင်းပြော ဆိုဆွေးနွေးကြ ၏။-
Matt BurCBCM 16:8  ထိုသို့ပြောဆိုနေကြသည်ကို ယေဇူးသိသောအခါ မိန့်တော်မူသည်ကား ယုံကြည်ခြင်းအားနည်းသူတို့၊ သင်တို့၌ပေါင်မုန့် မပါလာသည့်အကြောင်းကို အဘယ် ကြောင့် ဆွေးနွေးနေကြသနည်း။-
Matt BurCBCM 16:9  ယခုတိုင်အောင် သင် တို့နားမလည်နိုင်ကြသလော။ ပေါင်မုန့်ငါးလုံးကို လူငါး ထောင်စား၍ တောင်းမည်မျှကောက်သိမ်းရသည်ကို လည်းကောင်း၊-
Matt BurCBCM 16:10  ပေါင်မုန့်ခုနစ်လုံးကို လူလေးထောင် စား၍ တောင်းမည်မျှကောက်သိမ်းရသည်ကိုလည်း ကောင်း သင်တို့သတိမရကြသလော။-
Matt BurCBCM 16:11  ငါသည် ပေါင်မုန့် နှင့်ပတ်သက်၍ ပြောဆိုနေခြင်းမဟုတ်ကြောင်းကို သင် တို့အဘယ်ကြောင့်နားမလည်ကြသနည်း။ ဖာရီဇေးဦး နှင့် ဇာဒူခေးဦးတို့၏တဆေးကို သတိနှင့် ရှောင်ကြဉ်ကြ လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 16:12  ထိုအခါတွင်မှ တပည့်တော်တို့ သည် ပေါင်မုန့်၏တဆေးကိုမဟုတ်ဘဲ ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့၏သွန်သင်ချက်များကို သတိနှင့် ရှောင်ရှားကြ ရန် ကိုယ်တော်မိန့်မှာတော်မူခြင်းဖြစ်ကြောင်း နားလည် ကြလေ၏။
Matt BurCBCM 16:13  ယေဇူးသည် ဆီဇားရိယ ဖိလိပိနယ်သို့ရောက် သောအခါ လူအပေါင်းတို့သည် လူသားကို မည်သူဖြစ် သည်ဟူ၍ ဆိုကြသနည်း ဟု သူ၏တပည့်တော်တို့အား မေးတော်မူ၏။-
Matt BurCBCM 16:14  သူတို့ကလည်း လူအချို့က ကိုယ်တော် သည် ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အချို့က ဂျေ ရေမိယ၊ သို့မဟုတ် ပရောဖက် တစ်ပါးပါးဖြစ်ကြောင်း ပြောဆိုကြပါသည်ဟု လျှောက်ကြ၏။-
Matt BurCBCM 16:15  ကိုယ်တော်က လည်း သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြ သနည်း ဟု သူတို့အား မေးတော်မူလျှင်၊-
Matt BurCBCM 16:16  စီမွန်ပေတရုက ကိုယ်တော်သည် အသက်ရှင်တော်မူသည့်ဘုရားသခင် ၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်ဟု လျှောက်လေ၏။-
Matt BurCBCM 16:17  ယေဇူးကလည်း ယောန၏သား စီမွန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို သင့်အား အသွေးအသားက ဖော်ပြခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်က ဖော်ပြတော်မူခြင်းသာဖြစ်၏။-
Matt BurCBCM 16:18  သင့်အား ငါဆိုသည်မှာ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော် ကို ငရဲ၏တံခါးတို့သည် မအောင်နိုင်ရာ။-
Matt BurCBCM 16:19  ကောင်းကင်နိုင် ငံတော်၏သော့ကိုလည်း သင့်အား ငါပေးမည်။ ကမ္ဘာမြေ ပေါ်တွင် သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည် နှောင်လျက်ရှိလိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်ဖြေလွှတ် သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့် မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 16:20  ထို့နောက် ကိုယ်တော်က မိမိ သည် ခရစ်တော်ဖြစ်ကြောင်းကို မည်သူ့အားမျှမပြောရန် တပည့်တော်တို့အား ကြပ်တည်း စွာတားမြစ်တော်မူ၏။
Matt BurCBCM 16:21  ထိုအချိန်မှစ၍ ယေဇူးက မိမိသည် ဂျေရုဆလင် မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများ နှင့် ရဟန်းအကြီးအကဲတို့၏လက်တွင် ဒုက္ခဝေဒနာ များစွာခံစားရပြီး အသတ်ခံရမည့်အကြောင်းကိုလည်း ကောင်း၊ တတိယနေ့၌ သေခြင်းမှရှင်ပြန်ထမြောက်မည့် အကြောင်းကိုလည်းကောင်း တပည့်တော်တို့အား ဖော် ပြတော်မူ၏။-
Matt BurCBCM 16:22  ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိ နှင့်အတူ တစ်နေရာသို့ခေါ်ဆောင်၍ သခင်ဘုရား၊ ဤ အဖြစ်အပျက်သည် ကိုယ်တော့်အပေါ် မကျရောက်စေ ရန် ဘုရားသခင်တားမြစ်တော်မူပါစေဟု ကန့်ကွက်ပြော ဆိုလေ၏။-
Matt BurCBCM 16:23  သို့သော် ကိုယ်တော်သည် လှည့်၍ ပေတရု အား အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် အတားအဆီး ဖြစ်၏။ အကြောင်းမူကား သင် သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မတွေး တောဘဲ လူနှင့်ဆိုင်သောအရာများကိုသာ တွေးတော လျက်ရှိသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 16:24  ထိုအခါ ယေဇူးက တပည့်တော်တို့အား ငါ့နောက် သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်၍ မိမိ ၏လက်ဝါးကပ်တိုင် ကိုထမ်းကာ ငါ့နောက်သို့လိုက် စေ။-
Matt BurCBCM 16:25  အကြောင်းမူကား မိမိ၏အသက်ကို ကယ်လိုသော သူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက် ဆုံးရှုံးသူသည် အသက်ကို ပြန်၍ရလိမ့်မည်။-
Matt BurCBCM 16:26  လူသည် ကား ဤစကြ၀ဠာတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏ အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း၊ သို့မဟုတ် မိမိ၏အသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်မည်နည်း။-
Matt BurCBCM 16:27  အကြောင်းမူကား လူသားသည် မိမိအဖခမည်းတော်၏ဘုန်းဂုဏ်တော်၌ ကောင်းကင် တမန်တော်များခြံရံလျက် ကြွလာ တော် မူ သောအခါ လူ အသီးသီးတို့အား မိမိတို့ပြုကျင့်ခဲ့သည့်အတိုင်း ပြန်၍ပေး တော်မူလိမ့်မည်။-
Matt BurCBCM 16:28  သင်တို့အား ငါအမှန်ဆိုသည်ကား လူသားသည် မိမိ၏နိုင်ငံတော်နှင့်အတူကြွလာတော်မူ သည်ကို မြင်ရသည့်တိုင်အောင် အသက်မသေဘဲနေရ မည့်သူအချို့သည် ဤနေရာတွင် ရပ်နေကြသည်ဟုမိန့် တော်မူ၏။
Chapter 17
Matt BurCBCM 17:1  ထိုမှခြောက်ရက်လွန်မြောက်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် သူ၏ညီ ယောဟန် တို့ကို မိမိနှင့်အတူခေါ် ၍ ဆုတောင်းရန် မြင့်မားသော တောင်ပေါ် ရှိ ဆိတ်ကွယ်ရာအရပ်သို့ တက်တော်မူ၏။-
Matt BurCBCM 17:2  ကိုယ်တော်သည် သူတို့ရှေ့တွင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူသဖြင့် မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်း တောက်ပ၍ အဝတ်တော်တို့သည် စူးရှသောအလင်းကဲ့ သို့ ဖြူဖွေးနေ၏။-
Matt BurCBCM 17:3  ထို့နောက် မိုးဇက်နှင့် ဧလိယတို့သည် သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောနေ ကြ၏။-
Matt BurCBCM 17:4  ထိုအခါ ပေတရုက ယေဇူးအား သခင်ဘုရား၊ ဤအရပ်သည် တပည့်တော်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ ကိုယ်တော် အလိုတော်ရှိလျှင် ကိုယ်တော် အတွက် တဲတစ်ဆောင်၊ မိုးဇက်အတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်ကို တပည့် တော်ဆောက် လုပ်ပါမည်ဟု လျှောက်လေ၏။-
Matt BurCBCM 17:5  ဤသို့လျှောက်ထားစဉ် တွင် တောက်ပသောတိမ်တိုက်တစ်ခုသည် သူတို့ကိုဖုံး လွှမ်း၍ တိမ်တိုက်ထဲမှအသံ ထွက်ပေါ်လာသည် ကား ဤသူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သား ပေတည်း၊ သူ့ကို နာခံကြလော့ဟူ၍ဖြစ်၏။-
Matt BurCBCM 17:6  တပည့် တော်တို့သည်လည်း ထိုအသံကိုကြားသောအခါ လွန်စွာ ကြောက်ရွံ့သဖြင့် မြေပေါ်တွင် ပျပ်ဝပ်နေကြ၏။-
Matt BurCBCM 17:7  သို့ရာ တွင် ယေဇူးသည် ချဉ်းကပ်၍ သူတို့အား တို့ထိလျက် ထကြလော့၊ မကြောက်ကြနှင့်ဟု မိန့်တော်မူ၏။-
Matt BurCBCM 17:8  သူတို့ သည် မော်၍ကြည့်ကြသောအခါ ယေဇူးမှတစ်ပါး မည် သူ့ကိုမျှ မမြင်ကြချေ။
Matt BurCBCM 17:9  သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ယေဇူးက လူသားသည် သေခြင်းမှထမြောက်သည့်တိုင် အောင် ဤအခြင်းအရာ ကို မည်သူ့အားမျှ မပြောကြနှင့် ဟု တပည့်တော်တို့အား မိန့်မှာတော်မူ၏။
Matt BurCBCM 17:10  တပည့်တော်တို့ကလည်း ဤသို့ဖြစ်လျှင် ဧလိယသည် ဦးစွာပထမလာရမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုပါ သနည်းဟု ကိုယ်တော်အား မေး လျှောက်ကြလျှင်၊-
Matt BurCBCM 17:11  ကိုယ်တော်က ဧလိယသည် ဦးစွာ လာ၍ ခပ်သိမ်းသောအရာတို့ကိုပြန်လည်တည်ထောင် ရမည်မှာ မှန်၏။-
Matt BurCBCM 17:12  သင်တို့အား ငါဆိုသည်ကား ဧလိယ သည် ကြွလာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြ သဖြင့် သူ့အား မိမိတို့ပြုချင်ရာ ပြုခဲ့ကြလေပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုသူတို့၏လက်တွင် ဒုက္ခဝေဒနာ ခံရလိမ့်မည်ဟုမိန့်တော်မူလေ၏။-
Matt BurCBCM 17:13  ထိုအခါ ကိုယ်တော် သည် ယောဟန်ဘတ္တိဇံအား ရည်မှတ်၍ မိန့်တော်မူ ကြောင်းကို တပည့်တော်တို့နားလည်လာကြလေ၏။
Matt BurCBCM 17:14  ကိုယ်တော်နှင့် တပည့်တော်တို့သည် လူအစုအဝေး ရှိရာသို့ရောက်လာကြသောအခါ လူတစ်ယောက်သည် အထံတော်သို့ ရောက်လာ၍ ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက်၊-
Matt BurCBCM 17:15  သခင်ဘုရား၊ အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးနာစွဲသူတစ်ယောက် ဖြစ်၍ ထိုရောဂါကို ပြင်းထန်စွာ ခံစားနေရပါ၏။ သူသည် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ် ကြိမ်ကျပါ၏။-
Matt BurCBCM 17:16  အကျွန်ုပ်သည် သူ့ကို ကိုယ်တော်၏ တပည့်တော်များထံသို့ ခေါ်ဆောင်ခဲ့သော်လည်း သူတို့သည် သူ၏ရောဂါပျောက် ကင်းစေ ရန် မတတ်စွမ်းနိုင်ကြ ပါဟု လျှောက်လေ၏။-
Matt BurCBCM 17:17  ထိုအခါ ယေဇူးက အိုယုံကြည် ခြင်းကင်းမဲ့၍ ဆိုးမိုက်သောလူမျိုးဆက်၊ ငါသည် သင်တို့ နှင့် မည်မျှကြာအောင်နေရမည်နည်း၊ မည်မျှကြာအောင် သင်တို့ကို သည်းခံရမည်နည်းဟုဆိုပြီးမှ သူ့ကို ငါ့ထံသို့ ခေါ်ဆောင်ခဲ့လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 17:18  ယေဇူးသည်လည်း သူ့အား ကြိမ်းမောင်းတော်မူလျှင် နတ်ဆိုးသည် သူ့ထံမှ ထွက်ခွာသွားသဖြင့် လူငယ်သည် ချက်ချင်းပင် ရောဂါ ပျောက်ကင်းလေ၏။
Matt BurCBCM 17:19  ထိုအခါ တပည့်တော်တို့သည် ယေဇူးထံသို့ တိတ်တဆိတ်ချဉ်းကပ်၍ တပည့်တော်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် နှင်ထုတ်၍ မရနိုင်ပါသနည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 17:20  ယေဇူးကလည်း သင်တို့၌ ယုံကြည် ခြင်းအားနည်းသောကြောင့်တည်း။ သင်တို့အား ငါအမှန် ဆိုသည်ကား သင်တို့တွင် မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိပါလျှင် ဤတောင်ကို ဤနေရာမှ ထိုနေရာ သို့ ပြောင်းရွှေ့လော့ဟုဆိုလျှင် ၎င်းသည် ပြောင်းရွှေ့လိမ့် မည်။ သင်တို့မတတ်နိုင်သောအရာလည်း ရှိလိမ့်မည် မဟုတ်။-
Matt BurCBCM 17:21  သို့သော် ဤနတ်ဆိုးမျိုးကိုမူကား ဆုတောင်း ခြင်းနှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည် ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 17:22  သူတို့သည် ဂါလေလေးယနယ်တွင်ရှိကြစဉ် ယေဇူး က လူသားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရလိမ့် မည်။-
Matt BurCBCM 17:23  သူတို့သည် သူ့ကိုသတ်ကြလိမ့်မည်။ ထို့နောက် သူသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ ၏။ တပည့်တော်တို့သည်လည်း အလွန်ဝမ်းနည်းကြ၏။
Matt BurCBCM 17:24  သူတို့သည် ကာဖာနာအုမ်မြို့သို့ရောက်ကြသော အခါ ဗိမာန်တော်အတွက် အခွန်ကောက်ခံသူများသည် ပေတရုထံသို့လာ၍ သင်တို့၏ဆရာသည် ဗိမာန်တော် ခွန်ကို မပေးဆောင်သလောဟု မေးကြ၏။-
Matt BurCBCM 17:25  ပေတရုက လည်း ပေးဆောင်ပါသည်ဟုဆို၏။ ထို့နောက် ပေတရု သည် အိမ်ထဲသို့ဝင်သောအခါ ယေဇူးက စတင်၍ စီမွန်၊ သင်မည်သို့ထင်မြင်သနည်း။ လောကီဘုရင်တို့သည် မည်သူ့ထံမှ အခွန်ကောက်ခံကြသနည်း။ သူတို့၏သား များထံမှလော၊ သူတစ်ပါးတို့ထံမှလောဟု မေးတော်မူ လျှင်၊-
Matt BurCBCM 17:26  ပေတရုက သူတစ်ပါးတို့ထံမှ ကောက်ခံကြပါ သည်ဟု ပြန်လျှောက်လေ၏။ ယေဇူးက ဤသို့ဖြစ်လျှင် သားတို့သည် အခွန်လွတ်ငြိမ်းခွင့်ရကြ၏။-
Matt BurCBCM 17:27  သို့သော် သူတို့၏စိတ်မငြိုငြင်စေရန် သင်သည် ပင်လယ်သို့သွား ၍ ငါးကိုမျှားလော့။ ဦးစွာမိသောငါး၏ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကိုတွေ့ရလိမ့်မည်။ ထိုငွေကို ယူ၍ သင် နှင့် ငါ့အတွက် အခွန်တော်ကို သူတို့အား ပေးဆောင် လော့ဟု မိန့်တော်မူ၏။
Chapter 18
Matt BurCBCM 18:1  ထိုအချိန်၌ တပည့်တော်တို့သည် ယေဇူးအထံတော်သို့ ချဉ်းကပ်၍ အဘယ်သူသည် ကောင်း ကင်နိုင်ငံတော်တွင် အကြီးမြတ် ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 18:2  ထိုအခါ ကိုယ်တော်သည် သူငယ် တစ်ယောက်ကို အထံတော်သို့ခေါ်၍ သူတို့၏အလယ် တွင်ထားလျက် မိန့်တော်မူသည်မှာ သင်တို့ အား ငါအမှန် ဆိုသည်ကား၊-
Matt BurCBCM 18:3  သင်တို့သည် အကျင့်ပြောင်းလဲ၍ သူ ငယ်များကဲ့သို့မဖြစ်ကြလျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ကြရလိမ့်မည် မဟုတ်။-
Matt BurCBCM 18:4  ဤသူငယ် ကဲ့သို့ စိတ်နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော် တွင် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။- ဤကဲ့သို့သောသူငယ် တစ်ယောက် ကို ငါ၏နာမတော်၌ လက်ခံသောသူ သည် ငါ့ကို လက်ခံ၏။
Matt BurCBCM 18:6  ငါ့ကိုယုံကြည်သော ဤသူငယ်တို့တွင် တစ်စုံတစ် ယောက်ကို မှားယွင်းစေသောသူသည် မိမိ၏လည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ရေနက်ထဲသို့ ပစ်ချခြင်းခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
Matt BurCBCM 18:7  အပြစ်မကောင်းမှုသို့ ရောက်စေသောအကြောင်း များကြောင့် ကမ္ဘာလောကသည် အမင်္ဂလာရှိ၏။ အပြစ် မကောင်းမှုသို့ သွေးဆောင်ခြင်းများသည် ရောက်လာရ လိမ့်မည်။ သို့သော် ထိုသို့သွေးဆောင်မှားယွင်းခြင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။-
Matt BurCBCM 18:8  သင်၏လက်၊ သို့မဟုတ် ခြေသည် သင့်အား မှားယွင်းစေလျှင် ၎င်းကို ဖြတ်ပစ်လော့။ ခြေလက်နှစ်ဖက်အစုံအလင်ဖြင့် ထာ၀ရ မီးထဲသို့ပစ်ချခံရသည်ထက် ကိုယ်အင်္ဂါချို့တဲ့စွာဖြင့် ထာ၀ရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ ကောင်း ၏။-
Matt BurCBCM 18:9  သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကို ထုတ်၍ သင့်ထံမှ စွန့်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲမီးထဲသို့ချခြင်း ခံရသည်ထက် မျက်စိတစ်လုံးချို့တဲ့ လျက် ထာ၀ရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ ကောင်း၏။
Matt BurCBCM 18:10  သင်တို့သည် ဤသူငယ်တို့တွင်တစ်ဦးကိုမျှ မထီ မဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား သင်တို့အား ငါအမှန်ဆိုသည်မှာ ဤသူငယ်တို့၏ကောင်း ကင်တမန်တော်တို့သည် ကောင်းကင်ဘုံရှင် ငါ့ခမည်း တော်ကို အစဉ်မပြတ်ဖူး မြော်လျက်ရှိကြ၏။-
Matt BurCBCM 18:11  အကြောင်း မူကား လူသားသည် ပျောက်ဆုံးနေသောသူတို့ကိုကယ် တင်ရန် ကြွလာတော်မူခြင်းဖြစ်သတည်း။-
Matt BurCBCM 18:12  သင်တို့မည် သို့ထင်မှတ်ကြသနည်း။ လူတစ်ဦးတွင် သိုးအကောင် တစ်ရာရှိပြီး ယင်းတို့အထဲမှတစ်ကောင်သည် လမ်းလွဲ၍ ပျောက်ဆုံးသွားလျှင် သူသည် ကိုးဆယ့်ကိုးကောင်တို့ကို တောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသောသိုးကို သွား၍ရှာမည် မဟုတ်လော။-
Matt BurCBCM 18:13  သူသည် ထိုသိုးကိုရှာ၍ တွေ့ခဲ့လျှင် မပျောက်ဆုံးသောကိုးဆယ့်ကိုးကောင်တို့ ထက် ထိုတစ်ကောင်၌ ပို၍ဝမ်းမြောက်ခြင်း ရှိလိမ့်မည်ဟု သင်တို့အား ငါအမှန်ဆို၏။-
Matt BurCBCM 18:14  ဤနည်းတူပင် ကောင်း ကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤသူငယ် တို့တွင် တစ်ဦးကိုမျှ ပျက်စီးစေခြင်းငှာ အလိုရှိ တော်မမူ။
Matt BurCBCM 18:15  သင်၏ညီအစ်ကိုသည် သင့်ကို ထိခိုက်ပြစ်မှားမိ လျှင် သူ့ထံသို့သွား၍ နှစ်ဦးတည်းတွေ့ဆုံဆုံးမလော့။ သင်၏စကားကို သူနားထောင်လျှင် သင်သည် သင်၏ ညီအစ်ကိုကို ပြန်ရလေပြီ။-
Matt BurCBCM 18:16  သို့သော် သူသည် စကားကို နားမထောင်လျှင် အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကို သင်နှင့်အတူခေါ်သွားလော့။ သို့မှသာ နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏သက်သေအားဖြင့် သင်ပြောသမျှစကားတို့ သည် အတည်ဖြစ်လိမ့်မည်။-
Matt BurCBCM 18:17  အကယ်၍ သူသည် ထိုသူ တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအကြောင်းကို အသင်းတော်အား ပြောကြားလော့။ သူသည် အသင်း တော်၏စကားကိုလည်း နားမထောင်လျှင် သူ့အား လူမျိုး ခြားတစ်ယောက်၊ သို့မဟုတ် အခွန်ခံသူတစ်ယောက်ကဲ့ သို့သတ်မှတ်လော့။-
Matt BurCBCM 18:18  သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာမြေပေါ်တွင် သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိ လိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေ လွှတ်လျက်ရှိလိမ့်မည်။
Matt BurCBCM 18:19  တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် နှစ်ဦးသည် ကမ္ဘာမြေပေါ်၌ မည်သည့်အရာကိုမဆို စိတ်တူသဘော တူတောင်းခံကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် သင်တို့အား ပေးတော်မူလိမ့်မည်။-
Matt BurCBCM 18:20  အကြောင်းမူကား လူနှစ်ဦး၊ သို့ မဟုတ် သုံးဦးတို့သည် ငါ၏နာမ၌စုဝေးကြလျှင် ထိုအရပ် ၌ သူတို့အလယ်တွင် ငါရှိသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 18:21  ထိုအခါ ပေတရုသည် အထံတော်သို့ ချဉ်းကပ်၍ သခင်ဘုရား၊ တပည့်တော်၏ညီအစ်ကိုသည် တပည့် တော်ကိုပြစ်မှားလျှင် သူ၏အပြစ်ကို အကြိမ်မည်မျှခွင့် လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လောဟု မေးလျှောက်လေ၏။-
Matt BurCBCM 18:22  ယေဇူးက ခုနစ်ကြိမ်တိုင်အောင် မဟုတ်၊ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင် ခွင့်လွှတ် ရမည်ဟု သင့်အား ငါဆို၏။
Matt BurCBCM 18:23  ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ကို မိမိအစေခံ များနှင့် စာရင်းရှင်းလိုသည့် ဘုရင်တစ်ပါးနှင့် ပုံဥပမာခိုင်း နှိုင်းနိုင်၏။-
Matt BurCBCM 18:24  သူသည် စာရင်းစတင်ရှင်းသောအခါ တာ လင်တစ်သောင်းအကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ ခေါ်ဆောင် ခဲ့ကြ၏။-
Matt BurCBCM 18:25  ထိုသူသည် အကြွေး မပေးဆပ်နိုင်သောကြောင့် သူ၏သခင်က ထိုသူနှင့်အတူ သူ၏သားမယားနှင့် ဥစ္စာပစ္စည်းရှိသမျှတို့ကို ရောင်းချ၍ အကြွေးကိုဆပ်ရမည်ဟု သူ့အား အမိန့်ချမှတ်လေ၏။-
Matt BurCBCM 18:26  ထိုအခါ ထိုအစေခံသည် ဒူးတုပ်ပျပ်ဝပ်လျက် သူ့အား အကျွန်ုပ်ကို သည်းခံတော်မူပါ၊ ရှိသမျှကို အကျွန်ုပ်ပေး ဆပ်ပါမည်ဟု တောင်းပန်လေ၏။-
Matt BurCBCM 18:27  ထိုအစေခံ၏သခင် သည်လည်း သနားသောစိတ်ဖြင့် သူ့ကိုလွှတ်ကာ သူ၏ အကြွေးကိုလည်း စာရင်းမှပယ်ဖျက်လိုက်လေ၏။-
Matt BurCBCM 18:28  ထို အစေခံသည်ကား ထွက်သွားစဉ် မိမိအပေါ် ၌ ဒေနာရီ တစ်ရာအကြွေးတင်သော အစေခံအဖော်တစ်ယောက် ကိုတွေ့လျှင် ထိုသူ၏လည်ပင်းကိုညှစ်လျက် ငါ့အား သင် ပေးဆပ်ရန်ရှိသည်ကို ပေးလော့ဟုဆို၏။-
Matt BurCBCM 18:29  ထိုအခါ သူ ၏အစေခံအဖော်ကလည်း ပျပ်ဝပ်လျက် အကျွန်ုပ်ကို သည်းခံပါ၊ အကြွေးရှိသမျှကို အကျွန်ုပ်ဆပ်ပါမည်ဟု သူ့အား တောင်းပန်လေ၏။-
Matt BurCBCM 18:30  သို့သော် သူသည် လက်မခံ ဘဲ ထိုသူအကြွေးဆပ်သည့်တိုင်အောင် သူ့ကို ထောင် ထဲ၌ အကျဉ်းချထားလေ၏။-
Matt BurCBCM 18:31  ဤဖြစ်ရပ်ကို သူ၏အခြား အစေခံအဖော်တို့မြင်သောအခါ အလွန်ဝမ်းနည်းကြသဖြင့် မိမိတို့၏သခင်ထံသို့သွားပြီးလျှင် ဖြစ်ပျက်သမျှကို လျှောက်ထားကြလေ၏။-
Matt BurCBCM 18:32  ထိုအခါ သူ၏သခင်သည် သူ့ကိုခေါ်၍ ဆိုးယုတ်သောကျွန်၊ သင်သည် ငါ့ကို တောင်း ပန်သောကြောင့် ငါသည် သင်၏အကြွေး ကိုလွှတ်ခဲ့လေပြီ။-
Matt BurCBCM 18:33  ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း သင်၏အစေခံအဖော်ကို မသနားအပ်သလောဟု မိန့် တော်မူ၏။-
Matt BurCBCM 18:34  ထို့နောက် သူ၏သခင်သည် အမျက်ထွက်၍ ထိုအစေခံအား သူ၏အကြွေးအားလုံးပေးဆပ်သည့် တိုင်အောင် အကျဉ်းချထားရန် အာဏာသားတို့၏လက် သို့အပ်လိုက်လေ၏။-
Matt BurCBCM 18:35  သင်တို့သည်လည်း မိမိညီအစ်ကို တို့၏အပြစ်ကို အတွင်းစိတ်မှခွင့်မလွှတ်လျှင် ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ၏အဖသည် လည်း သင်တို့အသီး သီးကို ထိုနည်းတူစီရင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
Chapter 19
Matt BurCBCM 19:1  ယေဇူးသည် ဤသို့မိန့်တော်မူပြီးသောအခါဂါလေလေးယနယ်မှထွက်ခွာ၍ ဂျော်ဒန်မြစ်၏တစ်ဖက်ကမ်းရှိ ဂျူဒေးယနယ်သို့ ရောက်တော်မူ၏။-
Matt BurCBCM 19:2  များစွာသောလူအစုအဝေးတို့သည်လည်း နောက်တော် သို့လိုက်ကြ၍ ကိုယ်တော်သည် ထိုအရပ်၌ သူတို့၏ အနာရောဂါများကို ပျောက်ကင်းစေတော်မူ၏။
Matt BurCBCM 19:3  ထိုအခါ ဖာရီဇေးဦးတို့သည် ကိုယ်တော့်ကိုစမ်းသပ် လိုသောကြောင့် အထံတော်သို့ချဉ်းကပ်ကြ၍ လူတစ်ဦးသည် မည်သည့် အကြောင်းကြောင့်မဆို မိမိ၏ဇနီးနှင့် ကွာရှင်းအပ်ပါသလောဟု မေးလျှောက်ကြ၏။-
Matt BurCBCM 19:4  ကိုယ် တော်ကလည်း အစဦး၌ လူကို ဖန်ဆင်းသောအရှင်သည် ယောက်ျားနှင့် မိန်းမအဖြစ်ဖန်ဆင်းတော်မူ၏ဟုဆိုထား သည်ကို သင်တို့မဖတ်ဖူးကြသလော။-
Matt BurCBCM 19:5  ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘတို့ကိုစွန့်ခွာ၍ မိမိ၏ ဇနီးနှင့်ပေါင်းသင်းနေထိုင်ရလိမ့်မည်။ ထိုအခါ ထိုသူနှစ် ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြရလိမ့်မည်။-
Matt BurCBCM 19:6  သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်ကြတော့ဘဲ တစ်ဦး တည်းဖြစ်၏။ ဘုရားသခင်ပေါင်းဖက်ပေးထားတော်မူ သောအရာကို လူသည် မခွဲခွာစေနှင့်ဟုမိန့်တော်မူ၏။-
Matt BurCBCM 19:7  သူ တို့ကလည်း သို့ဖြစ်လျှင် လူတစ်ဦးသည် မိမိ၏ဇနီးကို ကွာရှင်းစာချုပ်ပေး၍ စွန့်ခွာနိုင်ကြောင်း အဘယ်ကြောင့် မိုးဇက်က ပညတ်ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြသော်၊-
Matt BurCBCM 19:8  ကိုယ်တော်က သင်တို့၏စိတ်နှလုံး ခက်ထန်ခြင်းကြောင့် မိုးဇက်သည် သင်တို့ကို မိမိတို့၏ ဇနီးနှင့်ကွာရှင်းရန် အခွင့်ပြုခဲ့ခြင်း ဖြစ်၏။ အစဦး၌မူကား ဤကဲ့သို့မဟုတ်။-
Matt BurCBCM 19:9  သင်တို့အား ငါအမှန်ဆိုသည်ကား မိမိဇနီး၏အကျင့်ဖောက်ပြားခြင်းအပြစ်မှတစ်ပါး အခြား မည်သည့်အကြောင်းကြောင့်မဆို မိမိ၏ဇနီးအား ကွာရှင်း၍ အခြားအမျိုးသမီးတစ်ယောက်နှင့်ပေါင်းသင်းနေထိုင် သူသည် ဖောက်ပြားရာရောက်၏။ ကွာရှင်းထား သော အမျိုးသမီးကို လက်ထပ်ပေါင်းသင်းသူသည်လည်း သူ့ မယားကို ပြစ်မှားရာရောက်၏ဟု မိန့်တော်မူ၏။
Matt BurCBCM 19:10  တပည့်တော်တို့ကလည်း ဇနီးနှင့် ခင်ပွန်းသည်တို့ ၏ပေါင်းသင်းခြင်းသည် ဤသို့ဖြစ်ပါလျှင် အိမ်ထောင်မပြု ဘဲနေခြင်းသည် သာ၍ကောင်းပါသည်ဟုလျှောက်ကြ၏။-
Matt BurCBCM 19:11  သို့သော် ကိုယ်တော်က ဤစကားကို လူတိုင်းလက် ခံနိုင်ကြသည်မဟုတ်။ ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိသူများသာလျှင် လက်ခံနိုင်ကြ၏။-
Matt BurCBCM 19:12  အချို့သောသူတို့သည် အမိဝမ်းမှမွေးစကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိကြ။ အချို့တို့မှာ လူတို့၏ဖန်တီးမှုကြောင့် အိမ်ထောင်ပြု ရန်မစွမ်းနိုင်ကြ။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်မပြုဘဲနေကြ၏။ ဤသွန်သင်ချက် ကို လက်ခံနိုင်သူ သာ လက်ခံပါစေဟု မိန့်တော်မူ၏။
Matt BurCBCM 19:13  ထိုအခါ ကလေးသူငယ်တို့အပေါ်တွင်လက်တော်တင်၍ ဆုတောင်းစေရန် သူတို့ကို ကိုယ်တော်၏အထံတော်သို့ခေါ် ဆောင်လာ ကြသောအခါ တပည့်တော်တို့သည် ထိုသူတို့ကို တားမြစ်ငေါက်ငမ်းကြ၏။-
Matt BurCBCM 19:14  သို့သော် ယေဇူးက ကလေးသူငယ်တို့ကို ငါ့ထံသို့လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်း ကင်နိုင်ငံ တော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 19:15  ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့အပေါ်တွင် မိမိ၏လက်တော်ကိုတင် ပြီးနောက် ထိုအရပ်မှထွက်ကြွတော်မူ၏။
Matt BurCBCM 19:16  ထိုအခါ လူတစ်ယောက်သည် အထံတော်သို့ချဉ်း ကပ်၍ ဆရာသခင်၊ ထာ၀ရအသက်ကိုရနိုင်ရန်အလို့ငှာ အကျွန်ုပ်သည် မည်သည့်ကောင်းမှုကိုပြုရပါမည်နည်းဟု မေးလျှောက်လေ၏။-
Matt BurCBCM 19:17  ကိုယ်တော်ကလည်း သင်သည် အဘယ်ကြောင့် ငါ့အား ကောင်းမှုပြုခြင်းအကြောင်းကို မေးသနည်း။ ကောင်းမြတ်သောအရှင် တစ်ပါးတည်းသာ ရှိ၏။ သင်သည် ထာ၀ရအသက်ကိုရလိုလျှင် ပညတ် တော်များကို စောင့်ထိန်းလော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 19:18  ထိုသူ ကလည်း အဘယ်ပညတ်များနည်းဟု ကိုယ်တော်အား မေးလျှောက်လျှင် ယေဇူးက သူ့အသက်ကို မသတ်နှင့်၊ သူ့မယား ကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုးယူနှင့်၊ မမှန် သောသက်သေမခံနှင့်၊-
Matt BurCBCM 19:19  သင်၏မိဘတို့အား ရိုသေ လော့၊ သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 19:20  ထိုလူငယ်ကလည်း ဤပညတ်အားလုံးကို အကျွန်ုပ်စောင့်ထိန်းခဲ့ပါပြီ၊ မည် သည့်အရာလိုပါသေးသနည်းဟု ပြန်လည်လျှောက် ထား၏။-
Matt BurCBCM 19:21  ယေဇူးက သင်သည် စုံလင်ခြင်းသို့ရောက်လို လျှင် သွား၍ သင်၌ရှိသည့်ဥစ္စာကို ရောင်းချပြီးလျှင် ဆင်း ရဲသားတို့အား ပေးကမ်း လော့။ ဤသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် ငါ့ နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ ၏။-
Matt BurCBCM 19:22  ထိုလူငယ်သည် ဤစကားတို့ကိုကြားလျှင် စိတ်ညှိုးငယ်စွာဖြင့် ထွက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဥစ္စာများ စွာကြွယ်၀သောသူဖြစ်၍ပင်တည်း။
Matt BurCBCM 19:23  ယေဇူးကလည်း တပည့်တော်တို့အား မိန့်တော်မူ သည်မှာ သင်တို့အား ငါအမှန်ဆိုသည်ကား ဥစ္စာကြွယ်၀ သောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှ၏။-
Matt BurCBCM 19:24  တစ်ဖန် ငါဆိုသည်ကား ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ခြင်းထက် ကုလား အုပ်သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်ကူ၏ ဟု မိန့်တော်မူ၏။-
Matt BurCBCM 19:25  တပည့်တော်တို့သည် ဤစကားကို ကြားကြသောအခါ အလွန်အံ့ဩကြလျက် သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်း ရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 19:26  သို့သော် ယေဇူးသည် သူတို့ကို ကြည့် ၍ မိန့်တော်မူသည်ကား ဤအရာကို လူတို့မတတ်နိုင်၊ ဘုရားသခင်မူကား ခပ်သိမ်းသော အရာတို့ကို တတ်နိုင် တော်မူ၏ဟု မိန့်တော်မူ၏။
Matt BurCBCM 19:27  ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှ ကိုစွန့်၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့ကြပါပြီ။ သို့ဖြစ်လျှင် တပည့်တော်တို့သည် မည်သည့်အကျိုးကျေး ဇူးကို ရရှိကြပါမည်နည်းဟုမေးလျှောက်လေ၏။-
Matt BurCBCM 19:28  ယေဇူး ကလည်း သင်တို့အား ငါအမှန်ဆိုသည်ကား အရာအား လုံးအသစ်ဖြစ်လာမည့်ကာလ၌ လူသားသည် ဘုန်း ကျက်သရေ နှင့်ပြည့်စုံသောပလ္လင်ပေါ်တွင် ထိုင်တော် မူသောအခါ ငါ၏နောက်သို့လိုက်သောသင်တို့သည် လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ် ၌ ထိုင်ကြလျက် အစ္စရာ အဲလ်လူမျိုးတစ်ဆယ့်နှစ်မျိုးကို တရားစီရင်ကြရလိမ့် မည်။-
Matt BurCBCM 19:29  ငါ၏နာမအတွက်ကြောင့် အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘနှင့် သားသမီးတို့ကို စွန့်လွှတ်ခဲ့သောသူဟူ သမျှသည် အဆတစ်ရာသောအကျိုးကိုရရှိပြီး ထာ၀ရ အသက်ရှင်ခြင်းကိုလည်း အမွေခံရလိမ့်မည်။-
Matt BurCBCM 19:30  ပထမဦး ဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြ၍ နောက် ဆုံးသောသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။
Chapter 20
Matt BurCBCM 20:1  ကောင်းကင်နိုင်ငံတော်သည်ကား မိမိ၏စပျစ်ဥယျာဉ်အတွက် အလုပ်သမားတို့ကိုငှားရန် နံနက်စောစော ထွက်သွားသော ဥယျာဉ်ပိုင်ရှင်နှင့်တူ၏။-
Matt BurCBCM 20:2  သူသည် အလုပ်သမားများအား တစ်နေ့လျှင် ဒေနာရီ တစ်ပြားစီပေးရန် သဘောတူပြီးနောက် သူတို့ကို မိမိ၏ စပျစ်ဥယျာဉ်သို့စေလွှတ်လိုက်၏။-
Matt BurCBCM 20:3  ထို့နောက် သူသည် ကိုးနာရီခန့်တွင် ထွက်သွားသောအခါ ဈေးအပြင်ဘက်၌ အခြားသူများအလုပ်မရှိဘဲ ရပ်နေသည်ကိုမြင်လျှင်၊-
Matt BurCBCM 20:4  သူတို့အား သင်တို့သည်လည်း ငါ့စပျစ်ဥယျာဉ်သို့ သွား ကြလော့၊ ထိုက်သင့်သောအခကို ငါပေးမည်ဟုဆိုသဖြင့် ထိုသူတို့သည်လည်း သွားကြ၏။-
Matt BurCBCM 20:5  တစ်ဖန် သူသည် မွန်း တည့်ချိန်၌လည်းကောင်း၊ သုံးနာရီအချိန်၌လည်းကောင်း ထွက်သွားပြန်၍ ထိုနည်းတူပြုလေ၏။-
Matt BurCBCM 20:6  ငါးနာရီအချိန်၌ လည်း သူသည် ထွက်သွားပြန်လျှင် အခြားသောသူတို့ ရပ်နေသည်ကို တွေ့၍ သင်တို့သည် တစ်နေ့လုံးအလုပ် မလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်ရပ်နေကြသနည်း ဟုမေးလေ၏။-
Matt BurCBCM 20:7  ထိုသူတို့က အကျွန်ုပ်တို့ကို မည်သူက မျှ မငှားသောကြောင့်ဖြစ်ပါသည်ဟုဖြေကြသော် သူက သင်တို့ သည်လည်း ငါ့စပျစ်ဥယျာဉ် သို့သွားကြလော့ဟု ဆိုလေ၏။
Matt BurCBCM 20:8  ညနေအချိန်ရောက်သောအခါ ဥယျာဉ်ရှင်က မိမိ ၏ဘဏ္ဍာစိုးအား အလုပ်သမားတို့ကိုခေါ်လော့၊ နောက် ဆုံးအလုပ်ဝင်သူ တို့မှစ၍ ပထမဆုံးအလုပ်ဝင်သူတို့တိုင် အောင် ၎င်းတို့၏လုပ်ခကို ပေးလော့ဟုဆိုလေ၏။-
Matt BurCBCM 20:9  သို့ဖြစ်၍ ညနေငါးနာရီခန့်တွင် အလုပ်ဝင်သောသူတို့လာ ကြသောအခါ ထိုသူတို့သည် ဒေနာရီတစ်ပြားစီရရှိကြ၏။-
Matt BurCBCM 20:10  ပထမဆုံးအလုပ်ဝင်သောသူတို့လာကြသောအခါ ထိုသူတို့က မိမိတို့သည် ပို၍ရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ရာတွင် သူတို့သည်လည်း ဒေနာရီတစ်ပြားစီသာ ရရှိကြလေ၏။-
Matt BurCBCM 20:11  ထိုအခါ သူတို့ သည် လုပ်ခရရှိပြီးနောက် ဥယျာဉ်ပိုင်ရှင်အပေါ် မကျေမနပ်ညည်းညူကြသည်မှာ၊-
Matt BurCBCM 20:12  နောက်ဆုံးမှအလုပ်ဝင်သော ဤသူတို့သည် တစ်နာရီမျှ သာအလုပ်လုပ်ကြသော်လည်း အရှင်သည် သူတို့အား တစ်နေ့လုံး နေပူထဲတွင် အပင်ပန်းခံရသော အကျွန်ုပ်တို့ နှင့် တန်းတူပေးလေပြီတကားဟုဆိုကြ၏။-
Matt BurCBCM 20:13  သို့ရာတွင် ဥယျာဉ်ပိုင်ရှင်က ထိုသူတို့ထဲမှ တစ်ဦးအား ပြန်ပြော သည်ကား မိတ်ဆွေ၊ ငါသည် သင့်အပေါ် မတရားသော အမှုကိုမပြု။ သင်သည် ငါနှင့် ဒေနာရီတစ်ပြား၌ သဘော တူခဲ့သည်မဟုတ်ပါလော။-
Matt BurCBCM 20:14  သင်၏လုပ်အားခကိုယူ၍ သွားလော့။ နောက်ဆုံး၌ဝင်သော ဤသူအားလည်း သင့် ကို ပေးသကဲ့သို့ ပေးခြင်းငှာ ငါအလိုရှိ၏။-
Matt BurCBCM 20:15  ငါပိုင်ဆိုင်သော အရာကို ငါအလိုရှိသည့်အတိုင်း ပြုလုပ်ပိုင်ခွင့်မရှိပါသ လော။ ငါသည် ရက်ရောသောကြောင့် သင်သည် မနာလို စိတ်ရှိသလောဟုဆို၏။-
Matt BurCBCM 20:16  ထိုနည်းတူ နောက်ဆုံးသော သူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ပထမဦးဆုံး သောသူတို့သည်လည်း နောက်ဆုံးဖြစ် ကြလိမ့်မည်။
Matt BurCBCM 20:17  ယေဇူးသည် ဂျေရုဆလင်မြို့သို့ကြွသွားစဉ် တပည့် တော်တစ်ဆယ့်နှစ်ပါးတို့ကို သီးခြားခေါ်တော်မူ၍ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ခရီးပြုနေကြ၏။-
Matt BurCBCM 20:18  ထိုမြို့တွင် လူသားသည် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြလိမ့်မည်။-
Matt BurCBCM 20:19  ထို့နောက် သူတို့ သည် သူ့အား ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါး ကပ်တိုင်တင်ခြင်းစသည်တို့ကို ပြုလုပ်စေခြင်းငှာ လူမျိုး ခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ သုံးရက်မြောက် သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။
Matt BurCBCM 20:20  ထို့နောက် ဇေဘေဒေးဦး သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ ချဉ်းကပ်၍ ပျပ်ဝပ် လျက် ကိုယ်တော့်ထံမှ ဆုကျေးဇူးကို တောင်းလျှောက် လေ၏။-
Matt BurCBCM 20:21  ကိုယ်တော်ကလည်း မည်သည့်အရာကို သင် အလိုရှိသနည်းဟု မေးတော်မူလျှင် သူမက ကိုယ်တော် ၏နိုင်ငံတော်တွင် ကျွန်မ၏သား ဤသူနှစ်ယောက်တို့ သည် ကိုယ်တော်၏လက်ယာဘက်၌တစ်ယောက်၊ ကိုယ်တော်၏လက်ဝဲဘက်၌ တစ်ယောက် ထိုင်ခွင့်ရစေ ရန် အမိန့်ရှိတော်မူပါဟု တောင်းလျှောက်လေ၏။-
Matt BurCBCM 20:22  သို့ သော် ယေဇူးက သင်တို့တောင်းသောအရာကို သင်တို့ မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက် နိုင်ကြသလော ဟုမေးတော်မူလျှင် သူတို့က သောက်နိုင်ပါ၏ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
Matt BurCBCM 20:23  ကိုယ် တော်ကလည်း ငါ၏ခွက်ကို သင်တို့သောက်ကြရလိမ့် မည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲ ဘက်တွင် ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ဤအခွင့်သည် ငါ၏ခမည်းတော်ပြင်ဆင်ထားပြီးသော သူတို့အတွက်သာဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 20:24  တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြလျှင် ထိုညီအစ်ကိုနှစ်ယောက်အပေါ် အမျက် ထွက်ကြ၏။-
Matt BurCBCM 20:25  သို့သော် ယေဇူးက သူတို့ကို အထံတော် သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့၏ဘုရင်တို့ သည် တိုင်းသူပြည်သား များအပေါ် အနိုင်အထက်ပြု တတ်ကြသည်ကိုလည်းကောင်း၊ အကြီးအကဲဖြစ်သူ တို့သည် မိမိတို့လက်အောက်ခံများအပေါ် အာဏာဖြင့် ဖိနှိပ်တတ်ကြသည်ကိုလည်းကောင်း သင်တို့သိကြ၏။-
Matt BurCBCM 20:26  သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ။ သင်တို့ထဲတွင် ကြီး မြတ် လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
Matt BurCBCM 20:27  သင်တို့တွင် အကြီးအမှူးဖြစ်လိုသောသူသည် သင်တို့၏ကျွန် ဖြစ်ရမည်။-
Matt BurCBCM 20:28  လူသားသည် သူတစ်ပါးကို စေခိုင်းခြင်းငှာ မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက်ကိုစွန့်၍ လူအများကို ကယ်တင်ခြင်း ငှာလည်းကောင်း ကြွလာတော်မူသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 20:29  ယေဇူးနှင့် တပည့်တော်တို့သည် ဂျေရီခိုမြို့မှ ထွက် ခွာလာကြစဉ်တွင် များစွာသောလူအစုအဝေးတို့သည် နောက်တော်သို့လိုက်ကြ၏။-
Matt BurCBCM 20:30  ထိုအခါ လမ်းဘေးတွင် ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့သည် ယေဇူး ကြွလာတော်မူကြောင်းကို ကြားကြလျှင် ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါဟု အော်ဟစ်ကြ၏။-
Matt BurCBCM 20:31  လူအစုအဝေးတို့သည် သူတို့အား ဆိတ်ဆိတ်နေ ရန် ငေါက်ငမ်းပြောဆိုကြသော်လည်း သူတို့က အိုသခင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ပို၍ကျယ်လောင်စွာ အော်ဟစ်ကြ၏။-
Matt BurCBCM 20:32  ယေဇူးသည် လည်း ရပ်၍ ထိုသူတို့အား အထံတော်သို့ခေါ် ပြီးလျှင် သင်တို့အတွက် မည်သည့်အရာကို ငါ့အား ပြုလုပ်စေ လိုသနည်းဟု မေးတော်မူ၏၊-
Matt BurCBCM 20:33  ထိုအခါ သူတို့က သခင်၊ အကျွန်ုပ်တို့၏မျက်စိများကို မြင်စေတော်မူပါဟု လျှောက် ကြ၏။-
Matt BurCBCM 20:34  ယေဇူးသည်လည်း ကရုဏာသက်၍ ထိုသူတို့ ၏မျက်စိများကို တို့ထိတော်မူ၏။ ထိုခဏချင်းတွင် သူတို့ ၏မျက်စိများမြင်ကြ၍ သူတို့သည် ကိုယ်တော်၏နောက် တော်သို့လိုက်ကြလေ၏။
Chapter 21
Matt BurCBCM 21:1  သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ ချဉ်းကပ်လာ ကြရာ သံလွင်တောင်ခြေရှိ ဘက်ဖာဂျေရွာသို့ ရောက်ကြ လေ၏။ ထိုအခါ ယေဇူးသည် တပည့်တော် နှစ်ပါးကို စေလွှတ်၍၊-
Matt BurCBCM 21:2  သူတို့အား မိန့်တော်မူသည်ကား သင်တို့၏ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ သင်တို့သည် တိုင်တွင်ချည်ထားသောမြည်း မတစ်ကောင်ကို မြည်းကလေးနှင့်အတူ ချက်ချင်းတွေ့ရလိမ့်မည်။ ၎င်း တို့ကိုကြိုးဖြေ၍ ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။-
Matt BurCBCM 21:3  အကယ် ၍ တစ်ဦးတစ်ယောက်က သင်တို့အား တစ်စုံတစ်ရာ ပြောဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ဖြေကြလော့။ ထို အခါ သူသည် ၎င်းတို့ကို ချက်ချင်းလွှတ်လိုက်လိမ့်မည် ဟူ၍ မိန့်မှာတော်မူ၏။-
Matt BurCBCM 21:4  ဤဖြစ်ရပ်မှာ ပရောဖက်ဟော ထားချက်ပြည့်စုံမည့် အကြောင်းဖြစ်သတည်း။-
Matt BurCBCM 21:5  ဟောထားချက်သည်ကား ဇီအွန်၏သမီးအား ပြောကြားလော့။ သင်၏ရှင်ဘုရင်သည် နှိမ့်ချစွာဖြင့် မြည်းမနှင့် ဝန်စည် တင်သောမြည်း၏သားငယ်မြည်းကလေးကိုစီးလျက် သင့်ထံသို့လာသည်ကို ကြည့်လော့ဟူ၍ဖြစ်သတည်း။
Matt BurCBCM 21:6  တပည့်တော်တို့သည်လည်း သွားကြ၍ မိမိတို့ကို ယေဇူးမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။-
Matt BurCBCM 21:7  သူတို့သည် မြည်းမနှင့် မြည်းကလေးကို ဆွဲခဲ့ပြီးမှ ၎င်းတို့အပေါ်တွင် မိမိတို့၏အဝတ်များကို ခင်းကြလေ၏။ ထို့ နောက် ကိုယ်တော်သည် ၎င်းတို့အပေါ်တွင် ထိုင်တော်မူ၏။-
Matt BurCBCM 21:8  များစွာသောလူအစုအဝေးတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ဖြန့်ခင်းကြ၍ အချို့တို့မှာမူ သစ်ပင်တို့မှ အခက်အလက် များကို ခုတ်ဖြတ်ပြီး လမ်းပေါ်တွင် ဖြန့် ထားကြ၏။-
Matt BurCBCM 21:9  ကိုယ်တော်၏ရှေ့နှင့်နောက်တော်မှ လိုက် ပါလာသောလူအပေါင်းတို့ကလည်း ဒါဝိဒ်၏သားတော် အား ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရားသခင်၏ နာမတော်မြတ်၌ ကြွလာသောသူသည် မင်္ဂလာရှိတော် မူ၏၊ အမြင့်ဆုံးသောကောင်းကင်အရပ်၌ ဟိုဇားနာ ဖြစ် စေသတည်းဟု ကြွေးကြော်ကြလေ၏။
Matt BurCBCM 21:10  ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ဝင် တော်မူသောအခါ တစ်မြို့လုံးရုတ်ရုတ်သဲသဲဖြစ်ပြီးလျှင် ဤသူကား မည်သူ ဖြစ်သနည်းဟုမေးကြ၏။-
Matt BurCBCM 21:11  လူအစု အဝေးတို့ကလည်း ဤသူသည် ဂါလေလေးယနယ်၊ နာ ဇရက်မြို့မှ ပရောဖက်ယေဇူးဖြစ်သည်ဟု ဖြေကြလေ၏။
Matt BurCBCM 21:12  ယေဇူးသည် ဗိမာန်တော်သို့ဝင်ပြီးလျှင် ဗိမာန်တော် အတွင်း၌ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင် ထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သော သူတို့၏စားပွဲများနှင့် ခိုငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
Matt BurCBCM 21:13  ထို့နောက် ကိုယ်တော်က ငါ၏အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ အခေါ်ခံရလိမ့် မည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထား၏။ သို့သော် သင်တို့သည် ငါ၏ အိမ်ကို သူခိုးဓားပြခိုအောင်းရာနေရာ ဖြစ်စေပြီတကားဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 21:14  ထို့နောက် မျက်မမြင်များနှင့် ခြေမသန်စွမ်းသောသူ များသည် ကိုယ်တော်ရှိရာ ဗိမာန်တော်သို့လာကြသဖြင့် ကိုယ်တော်သည် သူတို့ကို ကုသပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 21:15  သို့သော် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ် ဆရာတို့သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်အမှု တို့ကိုလည်းကောင်း၊ ဒါဝိဒ်၏သားတော်အား ဟိုဇားနာ ဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်နေသော ကလေးသူငယ်တို့ကိုလည်းကောင်း တွေ့မြင်ကြသော အခါ အမျက်ထွက်ကြ၍၊-
Matt BurCBCM 21:16  ဤသူတို့သည် အဘယ်အရာ အား ကြွေးကြော်နေကြသည်ကို ကြားပါသလောဟု ကိုယ်တော်အား လျှောက်ကြ၏။ ယေဇူးက လည်း ငါကြား၏။ ကိုယ်တော်သည် သူငယ်တို့နှင့် နို့စို့ကလေးတို့၏နှုတ် မှ မွန်မြတ်သောချီးမွမ်းခြင်းကို ခံယူတော်မူပြီ ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလောဟု သူတို့ အား မိန့်တော်မူ၏။
Matt BurCBCM 21:17  ကိုယ်တော်သည် ထိုသူတို့ကို ထားခဲ့၍ မြို့တွင်းမှ ထွက်ခွာပြီးလျှင် ဘက်သနီရွာသို့ကြွကာ ထိုအရပ်တွင် တည်းခိုတော်မူ၏။
Matt BurCBCM 21:18  နံနက်အချိန်၌ မြို့သို့ပြန်လည်ကြွလာစဉ် ကိုယ် တော်သည် ဆာလောင်တော်မူ၏။-
Matt BurCBCM 21:19  ကိုယ်တော်သည် လမ်းဘေးတစ်ဖက်၌ သဖန်းပင်တစ်ပင်ကို မြင်တော်မူ လျှင် ထိုအပင်ရှိရာသို့ ကြွသွားတော်မူ၏။ ဤတွင် အပင် ပေါ်၌အရွက်များမှတစ်ပါး အဘယ်အရာကိုမျှမတွေ့ရ သဖြင့် ကိုယ်တော်က သင်၌ မည်သည့်အခါမျှ နောက် တစ်ဖန်အသီး မသီးစေရဟု ထိုအပင်အား ကျိန်ဆိုလေ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးခြောက်သွား လေ၏။-
Matt BurCBCM 21:20  တပည့်တော်တို့သည် ထိုအခြင်းအရာကို မြင် ကြသောအခါ အလွန်အံ့ဩကြလျက် သဖန်းပင်သည် မည်ကဲ့သို့ ချက်ချင်းညှိုး ခြောက်သွားရသနည်းဟု မေးမြန်းကြ၏။-
Matt BurCBCM 21:21  ယေဇူးကလည်း သင်တို့အား ငါအမှန်ဆို သည်ကား သင်တို့သည် သံသယကင်းမဲ့စွာယုံကြည်ကြ လျှင် ဤသဖန်းပင်၌ ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်သာ မက ဤတောင်ကိုလည်း သင်သည် ဤနေရာမှရွှေ့သွား၍ ပင်လယ်ထဲသို့ဆင်းသွား လော့ဟု ဆိုကြလျှင်ပင် ၎င်း သည် ဆိုသည့်အတိုင်းဖြစ်လိမ့်မည်။-
Matt BurCBCM 21:22  သင်တို့၌ ယုံကြည် ခြင်းရှိလျှင် သင်တို့ဆုတောင်းသမျှကို သင်တို့ရကြလိမ့် မည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 21:23  ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ကြွဝင်၍ သွန် သင်နေတော်မူစဉ် ရဟန်းအကြီးအကဲတို့နှင့် လူတို့ထဲမှ သက်ကြီး ဝါကြီးတို့သည် အထံတော်သို့ချဉ်းကပ်ကြ၍ သင်သည် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုသနည်း။ ထိုအခွင့်အာဏာကို သင့်အား မည်သူပေး အပ်ပါသနည်းဟု မေးမြန်းကြ၏။-
Matt BurCBCM 21:24  ယေဇူးကလည်း သူ တို့အား ပြန်၍မိန့်တော်မူသည်ကား ငါသည်လည်း သင် တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ဤမေးခွန်းကို သင်တို့ ငါ့အား ဖြေကြလျှင် ဤအရာများကို မည်သည့်အခွင့်အာ ဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောပြမည်။-
Matt BurCBCM 21:25  ယောဟန်၏ဆေးကြောခြင်းသည် အဘယ်ကလာသနည်း။ ကောင်းကင်မှလာသလော၊ လူတို့ထံမှလာသလောဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေး ပြောဆိုကြ၍ ကောင်းကင်မှဟု ငါတို့ဆိုကြလျှင် သူ့ကို အဘယ်ကြောင့် မယုံကြသနည်းဟု ငါတို့အား သူဆိုလိမ့် မည်။-
Matt BurCBCM 21:26  သို့သော် လူတို့ထံမှဟု ငါတို့ဆိုပြန်လျှင်လည်း လူ အစုအဝေးတို့ကို ကြောက်ရ၏။ အကြောင်းမူကား အား လုံးက ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ်လက်ခံထား ကြသည်ဟုဆိုကြ၏။-
Matt BurCBCM 21:27  ထို့ကြောင့် သူတို့က အကျွန်ုပ် တို့မသိပါဟု ယေဇူးအား ပြန်လည်ဖြေကြားကြ၏။ ထို အခါ ကိုယ်တော်က ငါပြုသည့်အမှ ုအရာများကိုလည်း မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကို သင်တို့အား ငါပြောလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 21:28  သင်တို့မူကား မည်သို့ထင်ကြသနည်း။ လူတစ်ဦး ၌ သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား ကာ ငါ့သား၊ ယနေ့ စပျစ်ဥယျာဉ်သို့သွား၍ အလုပ်လုပ် ပါလော့ဟုဆိုလျှင်၊-
Matt BurCBCM 21:29  သူက အကျွန်ုပ်သွားမည်မဟုတ် ဟုဆိုသော်လည်း နောက်မှနောင်တရသဖြင့် သွားလေ ၏။-
Matt BurCBCM 21:30  ဖခင်သည် ဒုတိယသားထံသို့သွား၍ ထိုနည်းတူဆို ပြန်လျှင် သူက အကျွန်ုပ်သွားပါမည်အဖဟုဆိုပြီးမှ မသွား ဘဲနေ၏။-
Matt BurCBCM 21:31  ဤသူနှစ်ဦးတို့တွင် မည်သူသည် ဖခင်၏အလို ကို ဆောင်ရွက်ခဲ့သနည်းဟုမေးတော်မူလျှင် သူတို့က ပထမသားဖြစ် ပါသည် ဟုဖြေကြားကြ၏။ ထိုအခါ ယေဇူး က သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ခံသူတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့ထက် အလျင်ဦးစွာ ဘုရား သခင်၏နိုင်ငံတော်သို့ဝင်ရောက်ကြလိမ့်မည်။-
Matt BurCBCM 21:32  အဘယ် ကြောင့်ဆိုသော် ယောဟန်သည် ဖြောင့်မတ်သောတရား လမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ ကိုမယုံကြည်ကြ။ အခွန်ခံသူတို့နှင့် ပြည့်တန်ဆာတို့မူ ကား သူ့ ကိုယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့ မြင် သောအခါ၌ပင်လျှင် သင်တို့သည် စိတ်ပြောင်းလဲ၍ သူ့ကို ယုံကြည်ခြင်းမရှိခဲ့ကြဟု မိန့်တော်မူ၏။
Matt BurCBCM 21:33  အခြားပုံဥပမာတစ်ခုကို နားထောင်ကြလော့။ မြေ ပိုင်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ ခြံဝင်း ကာရံပြီးလျှင် အတွင်း၌ စပျစ်ရည်ညှစ်သောကျင်းကို တူးလေ၏။ သူသည် လင့်စင်ကိုလည်း ဆောက်ထားပြီး သီးစားလုပ်သူတို့အား ငှားရမ်းထားခဲ့၍ အခြားတိုင်းပြည် သို့ထွက်သွားလေ၏။-
Matt BurCBCM 21:34  စပျစ်သီးဆွတ်ခူးချိန်နီးလာသော အခါ သူသည် သီးစားခရယူရန် အစေခံများကို သီးစား လုပ်သူတို့ထံသို့ စေလွှတ်လိုက်၏။-
Matt BurCBCM 21:35  ထိုအခါ သီးစား လုပ်သူတို့သည် ထိုအစေခံများကိုဖမ်းပြီးလျှင် တစ်ဦး ကိုရိုက်ကြပြီး တစ်ဦးကိုသတ်ကာ နောက်တစ်ဦးကို ကျောက်ခဲနှင့် ပစ်ပေါက်ကြ၏။-
Matt BurCBCM 21:36  တစ်ဖန် သူသည် ယခင် ထက် အရေအတွက်ပိုများသောအစေခံတို့ကို စေလွှတ် ပြန်လျှင် သီးစားလုပ်သူတို့သည် သူတို့ကိုလည်း ထိုနည်း တူပြုကြ၏။-
Matt BurCBCM 21:37  နောက်ဆုံး၌မူ သူက ထိုသူတို့သည် ငါ၏ သားကို လေးစားကြလိမ့်မည်ဟုဆို၍ မိမိ၏သားကို သူ တို့ထံသို့စေလွှတ်လေ၏။-
Matt BurCBCM 21:38  သို့သော် သီးစားလုပ်သူတို့သည် သားဖြစ်သူကိုမြင်ကြလျှင် ဤသူသည် အမွေခံသားဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုယူကြ ကုန်အံ့ဟု အချင်းချင်းပြောဆိုကြလေ၏။-
Matt BurCBCM 21:39  ထို့နောက် သူ တို့သည် သူ့ကိုဖမ်းပြီးလျှင် ဥယျာဉ်အပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။-
Matt BurCBCM 21:40  သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ပိုင်ရှင်လာ သောအခါ သူသည် ထိုသီးစားလုပ်သူတို့အား မည်သို့ပြု လိမ့်မည်နည်းဟု မေးတော်မူလျှင်၊-
Matt BurCBCM 21:41  သူတို့က သူသည် ဆိုးယုတ်သောသူတို့ကို အသေဆိုးနှင့်သေစေလိမ့်မည်။ မိမိ၏ဥယျာဉ်ကိုလည်း စပျစ်သီးပေါ်သည့်ရာသီများ၌ သီးစားခပေးမည့် အခြားသောသီးစားလုပ်သူတို့အား ငှားရမ်းပါ လိမ့်မည်ဟု ဖြေကြားကြ၏။
Matt BurCBCM 21:42  ယေဇူးကလည်း တိုက်ကိုဆောက်သောသူတို့ ပယ်ထားသောကျောက်သည် အဓိကကျသည့်ထောင့် ချုပ်ကျောက်ဖြစ်လေပြီ။ ဤအမှုသည် ထာ၀ရဘုရား သခင်ပြုတော်မူသောအမှုဖြစ်၍ ငါတို့မျက်မှောက်၌ အံ့ဖွယ်ရာဖြစ်လေပြီဟူသော ကျမ်းစကားကို သင်တို့ မဖတ်ဖူးကြသလော။-
Matt BurCBCM 21:43  ထို့ကြောင့် သင်တို့အား ငါဆိုသည် ကား ဘုရား သခင်၏နိုင်ငံတော်ကို သင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ဆိုင်သော အသီးအပွင့်တို့ကို သီးပွင့်စေမည့် လူမျိုးအား ပေးအပ်လိမ့်မည်။-
Matt BurCBCM 21:44  ဤကျောက်အပေါ်သို့ကျ သောသူသည် အပိုင်းပိုင်းကျိုးပဲ့လိမ့်မည်။ သို့သော် ထို ကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ ကျလျှင် လည်း ၎င်း သည် ထိုသူကို ကြေမွစေလိမ့်မည်ဟု မိန့်တော်မူ၏။
Matt BurCBCM 21:45  ရဟန်းအကြီးအကဲနှင့် ဖာရီဇေးဦးတို့သည် ကိုယ် တော်၏ဥပမာစကားများကိုကြားကြသောအခါ ကိုယ် တော်သည် မိမိတို့ကိုရညွှန်း၍ မိန့်ဆိုကြောင်းကိုသိ ကြသဖြင့်၊-
Matt BurCBCM 21:46  ကိုယ်တော့်ကို ဖမ်းဆီးရန် ရှာကြံကြသော် လည်း လူအစုအဝေးတို့ကိုကြောက်ရွံ့ ကြ၏။ အဘယ် ကြောင့်ဆိုသော် ထိုသူတို့သည် ကိုယ်တော့်ကို ပရော ဖက်တစ်ပါးအဖြစ် လက်ခံထားကြသောကြောင့်ဖြစ်၏။
Chapter 22
Matt BurCBCM 22:1  တစ်ဖန် ယေဇူးသည် ပုံဥပမာများအားဖြင့် သူ တို့အား မိန့်တော်မူသည်မှာ၊-
Matt BurCBCM 22:2  ကောင်းကင်နိုင်ငံ တော်ကို မိမိသားအတွက် မင်္ဂလာဆောင်ပွဲကျင်းပပေး သောရှင်ဘုရင်နှင့်ပုံခိုင်းနှိုင်းနိုင်၏။-
Matt BurCBCM 22:3  ဘုရင်သည် မင်္ဂလာ ဆောင်ပွဲသို့ ဖိတ်ကြားထားသူတို့အား ခေါ်ဆောင်လာရန် မိမိ၏အစေခံများကို စေလွှတ်လိုက်သော်လည်း ထိုသူ တို့သည် လိုက်မလာဘဲနေကြ၏။-
Matt BurCBCM 22:4  တစ်ဖန် အခြားသော အစေခံများကိုစေလွှတ်လျက် ဖိတ်ကြားထားသူတို့အား ပြောကြားလော့၊ ငါသည် ငါ၏ညစာစားပွဲကို ခင်းကျင်းပြီး လေပြီ၊ ငါ၏နွားများနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ် ထားလေပြီ၊ အစစအရာရာအသင့်ရှိပြီဖြစ်၍ မင်္ဂလာပွဲသို့ ကြွကြပါဟု ပြောရန်မှာလိုက်လေ၏။-
Matt BurCBCM 22:5  သို့သော် ထိုသူတို့ သည် ဤအမှုကိုအလေးမထားကြဘဲ တစ်ဦးသည် မိမိ ၏လယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည်လည်း မိမိ လုပ်ငန်းရှိရာသို့လည်းကောင်း ထွက်သွားကြ၏။-
Matt BurCBCM 22:6  ကျန် သောသူတို့မူကား သူ၏အစေခံတို့ကိုဖမ်းဆီး၍ အရှက် တကွဲဖြစ်အောင်ပြုမူကြပြီးလျှင် သတ်ဖြတ်ကြလေ၏။-
Matt BurCBCM 22:7  ဘုရင်သည် အမျက်ထွက်သဖြင့် မိမိ၏တပ်များကို စေ လွှတ်၍ ထိုလူသတ်သမားတို့ကို သုတ်သင်ပြီးလျှင် သူ တို့၏မြို့ကို မီးရှို့ ဖျက်ဆီးလေ၏။-
Matt BurCBCM 22:8  ထို့နောက် သူက မိမိ၏ အစေခံတို့အား ဆိုသည်မှာ မင်္ဂလာပွဲသည် အသင့်ရှိပြီ။ သို့သော် ခေါ်ဖိတ်ခြင်းခံရသောသူတို့သည် ပွဲနှင့်မထိုက် တန်ကြ။-
Matt BurCBCM 22:9  ထို့ကြောင့် လမ်းဆုံလမ်းမများသို့ သင်တို့ သွားကြ၍ တွေ့လေသမျှသောသူတို့ကို မင်္ဂလာပွဲသို့ခေါ် ဖိတ်ကြလော့ဟုဆို၏။-
Matt BurCBCM 22:10  ထိုအစေခံတို့သည်လည်း လမ်း များပေါ်သို့ထွက်သွားကြ၍ အဆိုးအကောင်းမခွဲခြားဘဲ တွေ့သမျှသောလူတို့ကို စုရုံးခေါ်ဆောင်ခဲ့ကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်လျက်ရှိ၏။
Matt BurCBCM 22:11  သို့သော် ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာအခမ်းအနားဝတ်စုံ ကို ဝတ်ဆင် မထားသောသူတစ်ဦးကိုမြင်လျှင်၊-
Matt BurCBCM 22:12  ထိုသူ အား မိတ်ဆွေ၊ မင်္ဂလာပွဲဝတ်စုံမဝတ်ဆင်ဘဲ အဘယ် ကြောင့်ဤနေရာသို့ဝင်လာသနည်းဟု မေးလေ၏။ ထို သူသည် စကားတစ်ခွန်းကိုမျှ ပြန်၍မပြောနိုင်ချေ။-
Matt BurCBCM 22:13  ထို အခါ ဘုရင်က မင်းလုလင်တို့အား ဤသူ၏ခြေနှင့် လက် တို့ကို ချည်နှောင်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်ချကြ လော့။ ထိုနေရာ၌ ငိုကြွေး၍ အံကြိတ်ရလိမ့်မည်ဟု ဆို လေ၏။-
Matt BurCBCM 22:14  အကြောင်းမူကား ခေါ်တော်မူခြင်းခံရသောသူ တို့မှာ များပြားသော်လည်း ရွေးကောက်ခြင်းခံရသော သူတို့မူကား နည်းကြ၏ဟု မိန့်တော်မူ၏။
Matt BurCBCM 22:15  ထို့နောက် ဖာရီဇေးဦးတို့သည် ထွက်သွားပြီးလျှင် ကိုယ်တော်ပြောဆိုသောစကားအပေါ် မည်သို့အပြစ် ရှာရမည့်အကြောင်း တိုင်ပင်ကြ၏။-
Matt BurCBCM 22:16  သူတို့သည် မိမိတို့ ၏တပည့်များကို ဟေရုဒ်၏ဘက်တော်သားများနှင့်အတူ အထံတော်သို့စေလွှတ်ကြ၍ ဆရာသခင်၊ ကိုယ်တော် သည် သစ္စာသမာဓိရှိသူဖြစ်ပြီး လူ့မျက်နှာကိုမထောက်၊ အဆင့်အတန်းလည်း မခွဲခြားဘဲ ဘုရားသခင်၏တရား တော်ကို မှန်ကန်စွာ သွန်သင်သောသူဖြစ်ကြောင်းကို အကျွန်ုပ်တို့သိရှိကြပါ၏။-
Matt BurCBCM 22:17  သို့ဖြစ်၍ ကိုယ်တော်သည် မည်သို့ထင်မြင်ပါသနည်း။ ဆီဇာဘုရင်အား အခွန်တော် ဆက်သအပ်သလော၊ မဆက်သအပ် သလော၊ အကျွန်ုပ် တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။-
Matt BurCBCM 22:18  သို့သော် ယေဇူးသည် သူတို့၏ကောက်ကျစ်သောအကြံအစည် ကိုသိမြင်သဖြင့် မိန့်တော်မူသည်ကား သူတော်ကောင်း ယောင်ဆောင်သူတို့၊ အဘယ်ကြောင့် ငါ့ကို ကောက်ကျစ်စွာစမ်းသပ်ကြသနည်း။-
Matt BurCBCM 22:19  အခွန်ဆောင်သောဒင်္ဂါး တစ်ပြားကို ငါ့အားပြကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်အား ဒေနာရီတစ်ပြား ကို ထုတ်ပေးကြ၏။-
Matt BurCBCM 22:20  ယေဇူးကလည်း ဤပုံနှင့် ကမ္ပည်းစာသည် မည်သူ၏ပုံနှင့် မည်သူ၏ကမ္ပည်းစာဖြစ်သနည်းဟု သူ တို့အား မေးတော်မူ၏။-
Matt BurCBCM 22:21  ထိုသူတို့ကလည်း ဆီဇာဘုရင် ၏ပုံနှင့် သူ၏ကမ္ပည်းစာဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အားလည်းကောင်း ပေးဆက်ကြလော့ဟု မိန့်တော်မူ၏။-
Matt BurCBCM 22:22  ထိုသူတို့သည် ဤစကားကိုကြားလျှင် အံ့ဩကြ၍ အထံတော်မှ ထွက်သွားကြလေ၏။
Matt BurCBCM 22:23  သေရာမှ ရှင်ပြန်ထမြောက်ခြင်းကို လက်မခံကြ သောဇာဒူခေးဦးတို့သည် ထိုနေ့၌ပင် အထံတော်သို့ ချဉ်း ကပ်ကြ၍ ကိုယ်တော့်ကို မေးလျှောက်ကြသည်ကား၊-
Matt BurCBCM 22:24  ဆရာသခင်၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏အမျိုးအနွယ်ဆက်လက်တည်တံ့ စေခြင်းငှာ သူ၏ညီဖြစ်သူသည် ထိုမုဆိုးမကိုယူစေဟု မိုးဇက်သွန်သင်ခဲ့ပါ၏။-
Matt BurCBCM 22:25  အကျွန်ုပ်တို့အလယ်တွင် ညီ အစ်ကိုခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး သားသမီးမရဘဲ သေဆုံးသွားသော ကြောင့် သူ၏ဇနီးကို ညီဖြစ်သူနှင့်အိမ်ထောင်ဆက်စေ ခဲ့ပါ၏။-
Matt BurCBCM 22:26  ဒုတိယညီနှင့် တတိယညီမှစ၍ သတ္တမညီတိုင် အောင် ထိုနည်းအတိုင်းသေဆုံးခဲ့ကြပါ၏။-
Matt BurCBCM 22:27  နောက်ဆုံး ၌ ထိုမိန်းမသည်လည်း သေဆုံးခဲ့ပါ၏။-
Matt BurCBCM 22:28  သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောကာလ၌ သူမသည် ထိုသူခုနစ် ယောက်တို့အနက် မည်သူ၏ဇနီးဖြစ်မည်နည်း။ အဘယ် ကြောင့်ဆိုသော် ထိုသူအားလုံးတို့သည် သူမနှင့်စုံဖက်ခဲ့ ကြပါပြီဟု လျှောက်ကြ၏။
Matt BurCBCM 22:29  ယေဇူးကလည်း သင်တို့သည် ကျမ်းစာတော်မြတ် ကိုလည်း နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို လည်း မသိကြ သောကြောင့် အယူလွဲမှားကြ၏။-
Matt BurCBCM 22:30  အ ကြောင်းမူကား ရှင်ပြန်ထမြောက်သောကာလ၌ လူတို့ သည် ထိမ်းမြားခြင်းလည်းမပြု၊ ပေးစားခြင်းလည်း မခံကြ ရဘဲ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ကောင်းကင်တမန် တော်များကဲ့သို့ဖြစ်ကြလိမ့်မည်။-
Matt BurCBCM 22:31  သေလွန်သောသူတို့ ၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင် တို့အား ဘုရားသခင်မိန့်မှာတော်မူချက်ကို သင်တို့မဖတ် ဖူးကြသလော။-
Matt BurCBCM 22:32  မိန့်မှာတော်မူချက်ကား ငါသည် အာဘ ရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ် တော်မူ၏ ဟူသတည်း။ ကိုယ်တော်သည် သေသောသူ တို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်၏ဟု ပြန်လည်မိန့်ကြားတော်မူ၏။-
Matt BurCBCM 22:33  လူအစုအဝေးတို့ သည်လည်း ထိုစကားကိုကြားသောအခါ ကိုယ်တော်၏ သွန်သင်တော်မူချက်ကို အလွန်အံ့အားသင့်ကြလေ၏။
Matt BurCBCM 22:34  ယေဇူးသည် ဇာဒူခေးဦးတို့မချေပနိုင်အောင် ဤသို့ ဖြေကြားတော်မူသည်ကို ဖာရီဇေးဦးတို့ ကြားလျှင် အထံ တော်သို့စုဝေး လာကြ၏။-
Matt BurCBCM 22:35  ၎င်းတို့အထဲမှ ကျမ်းတတ် ဆရာတစ်ဦးသည် ကိုယ်တော့်ကို စမ်းသပ်လိုသဖြင့်၊-
Matt BurCBCM 22:36  ဆရာသခင်၊ ပညတ်တရားကျမ်း၌ အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟု ကိုယ်တော်အား မေး လျှောက်လေ၏။-
Matt BurCBCM 22:37  ကိုယ်တော်ကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အား ရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်လော့။-
Matt BurCBCM 22:38  ဤသည်ကား အကြီးမြတ်ဆုံးနှင့် ပထမပညတ်ဖြစ်၏။-
Matt BurCBCM 22:39  ဒုတိယပညတ် သည်ကား ပထမပညတ်နည်းတူဖြစ်၍ သင်နှင့်နီးစပ် သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟု လာ၏။-
Matt BurCBCM 22:40  ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းရှိသမျှ တို့သည် ဤပညတ်နှစ်ပါးအပေါ်တွင် အခြေခံသည်ဟု သူ့အား မိန့်တော်မူ၏။
Matt BurCBCM 22:41  ဖာရီဇေးဦးတို့သည် စုဝေးလျက်ရှိကြစဉ် ယေဇူး က သူတို့အား၊-
Matt BurCBCM 22:42  သင်တို့သည် ခရစ်တော်ကို မည်ကဲ့သို့ ထင်မြင်ယူဆ ကြသနည်း၊ သူသည် မည်သူ၏သားဖြစ် သနည်းဟူသောမေးခွန်းကိုမေးတော်မူလျှင် သူတို့က ဒါဝိဒ်၏သားတော်ဖြစ်ပါသည်ဟု ပြန်ဖြေကြ၏။-
Matt BurCBCM 22:43  ကိုယ် တော်ကလည်း သို့ဖြစ်လျှင် ဒါဝိဒ်သည် ဝိညာဉ်တော်၏ နှိုးဆော်ခြင်းအားဖြင့် သူ့အား သခင်ဟုအဘယ်ကြောင့် ခေါ်သနည်း။-
Matt BurCBCM 22:44  သူကဆိုခဲ့သည်မှာ ထာ၀ရဘုရားသခင် က ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါး အောက်၌ ငါမချထားမီ တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟု မိန့်တော်မူသည်ဟူ၍ဖြစ်သတည်း။-
Matt BurCBCM 22:45  ဤသို့ဖြင့် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် သူသည် မည်ကဲ့သို့ သူ၏သားတော်ဖြစ်မည်နည်းဟု မေး တော်မူလေ၏။-
Matt BurCBCM 22:46  ထိုအခါ မည်သူမျှ ကိုယ်တော်အား စကားတစ်ခွန်းကိုမျှ ပြန်မဖြေနိုင်ကြ။ ထိုနေ့မှစ၍ မည်သူ ကမျှ ကိုယ်တော့်ကို နောက်တစ်ဖန် မေးခွန်းများမမေးဝံ့ တော့ချေ။
Chapter 23
Matt BurCBCM 23:1  ထိုအခါ ယေဇူးသည် လူအစုအဝေးတို့နှင့် မိမိ၏ တပည့်တော်တို့အား ဟောပြောတော်မူသည် ကား၊-
Matt BurCBCM 23:2  ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့သည် မိုးဇက် ၏တရားပလ္လင်ပေါ်၌ နေရာယူထားကြ၏။-
Matt BurCBCM 23:3  ထို့ကြောင့် သင်တို့အား သူတို့ဟောပြောသမျှကို လိုက်နာကျင့်ကြံ ကြလော့။ သို့သော် သူတို့ကျင့်သောအကျင့်ပုံစံကို အတု မယူကြနှင့်။ အကြောင်းမူကား သူတို့သည် ဟောပြော ကြသော်လည်း မကျင့်ကြံကြ။-
Matt BurCBCM 23:4  သူတို့သည် လေးလံ၍ ထမ်းရန်ခက်ခဲသောဝန်တို့ကိုထုပ်ပိုးပြီး လူတို့၏ပခုံးပေါ် တွင် တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ လက်ဖျား နှင့်မျှ မရွှေ့လိုကြ။-
Matt BurCBCM 23:5  သူတို့သည် မိမိတို့ပြုသမျှကို လူတို့ မြင်စေခြင်းငှာပြုကြ၏။ သူတို့သည် ကျမ်းပိုဒ်စာလွှာချပ် များကို အပြားကျယ်သော နဖူးစီးများ၌ တပ်၍လည်း ကောင်း၊ ၎င်းတို့၏ပန်းဖွားများကို ရှည်လျားစွာချုပ်၍ လည်းကောင်း ဆင်ယင်ကြ၏။-
Matt BurCBCM 23:6  သူတို့သည် ဧည့်ခံပွဲများတွင် ဦးစားပေးခံရသောနေရာများကိုလည်းကောင်း၊ တရားဇရပ်များတွင် အထွတ်အမြတ်ထား သော ထိုင်ခုံ များကိုလည်းကောင်း၊-
Matt BurCBCM 23:7  ဈေးလယ်၌ နှုတ်ဆက်ခံရခြင်း ကိုလည်းကောင်း၊ ဆရာသခင်ဟု ခေါ်ဝေါ်ခံရခြင်းကို လည်းကောင်း နှစ်သက်ကြ၏။-
Matt BurCBCM 23:8  သင်တို့မူကား ဆရာဟု ခေါ်ဝေါ် ခြင်းကို မခံလိုကြနှင့်။ အကြောင်းမူ ကား သင်တို့၌ ဆရာတစ်ပါးတည်းသာရှိ၏။ သင်တို့အားလုံး သည် ညီအစ်ကိုချင်းသာဖြစ်ကြ၏။-
Matt BurCBCM 23:9  ဤကမ္ဘာပေါ်တွင် မည်သူ့ကိုမျှ သင်တို့၏အဖဟု မခေါ် ကြနှင့်။ အကြောင်းမူကား ကောင်းကင် ဘုံ၌ ကိန်းဝပ်တော်မူသော အဖခမည်း တော်တစ်ပါးတည်းသာလျှင် သင်တို့၏အဖဖြစ်၏။-
Matt BurCBCM 23:10  ဆရာဟုခေါ်ဝေါ်ခြင်းကိုလည်း မခံလိုကြနှင့်။ အကြောင်း မူကား ခရစ်တော်တစ်ပါးတည်းသာလျှင် သင်တို့၏ဆရာ သခင်ဖြစ်၏။-
Matt BurCBCM 23:11  သင်တို့တွင် အကြီးမြတ်ဆုံးသောသူ သည် သင်တို့၏အစေခံဖြစ်ရလိမ့်မည်။-
Matt BurCBCM 23:12  မိမိကိုယ်ကို ချီး မြှောက်သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ် ကို နှိမ့် ချသောသူသည်ကား ချီးမြှောက်ခြင်းခံ ရလိမ့်မည်။
Matt BurCBCM 23:13  သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော် ၏တံခါးတို့ကို လူများအတွက် ပိတ်ထားပြီး သင်တို့ကိုယ် တိုင်လည်း မဝင်ကြ၊ ဝင်လိုသောသူများအားလည်း ဝင် ခွင့်မပေးကြ။-
Matt BurCBCM 23:14  သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂ လာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့ ၏အိမ်ရာပစ္စည်းများကို သိမ်းယူကြပြီး ဆုတောင်းမေတ္တာ များကို ဟန်ဆောင်၍ ကြာမြင့်စွာ ရွတ်ဆိုတတ်ကြ၏။ ထို့ အတွက်ကြောင့် သင်တို့သည် ပိုမိုပြင်းထန်သောအပြစ် ဒဏ်စီရင်ခြင်းကိုခံကြရလိမ့်မည်။-
Matt BurCBCM 23:15  သူတော်ကောင်း ယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင် တို့သည် ဘာသာအယူပြောင်းလဲလာသူတစ်ဦးရရှိရေး အတွက် ကုန်းကြောင်း၊ ရေကြောင်း လှည့်လည်ကြပြီး ဘာသာအယူ ပြောင်းလဲလာ ပါကလည်း ထိုသူကို သင် တို့ထက် နှစ်ဆပို၍ ငရဲသားအဖြစ်သို့ရောက်စေကြ၏။
Matt BurCBCM 23:16  မျက်ကန်းလမ်းပြတို့၊ သင်တို့သည် အမင်္ဂလာရှိကြ ၏။ တစ်စုံတစ်ယောက်သည် ဗိမာန်တော်ကို တိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်၊ ဗိမာန်တော်၏ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင်မူကား တည်၏ဟု သင်တို့ဆိုတတ်ကြ၏။-
Matt BurCBCM 23:17  မျက်ကန်းလူမိုက်တို့၊ အဘယ် အရာသည် သာ၍ မြတ်သနည်း။ ရွှေလော၊ သို့မဟုတ် ရွှေ ကိုသန့် ရှင်းမြင့်မြတ်စေ သော ဗိမာန်တော်လော။-
Matt BurCBCM 23:18  ထို့ပြင် တစ်စုံတစ်ယောက်သည် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန် ဆိုလျှင် မတည်၊ ထိုယဇ်ပလ္လင်ပေါ်တွင်ရှိသောလှူဖွယ် ပစ္စည်းကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်၏ဟု သင်တို့ဆိုကြ၏။-
Matt BurCBCM 23:19  မျက်ကန်းလူမိုက်တို့၊ အဘယ်အရာ သည် သာ၍မြတ်သနည်း။ လှူဖွယ်ပစ္စည်းလော၊ သို့ မဟုတ် လှူဖွယ်ပစ္စည်းကို သန့်ရှင်းမြင့်မြတ်စေသော ယဇ်ပလ္လင်လော။-
Matt BurCBCM 23:20  သို့ဖြစ်၍ ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန် ဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ၎င်းပေါ်၌ ရှိသမျှ တို့ကိုတိုင်တည်၍ ကျိန်ဆိုသတည်း။-
Matt BurCBCM 23:21  ထို့အတူ ဗိမာန် တော်ကိုတိုင်တည်၍ ကျိန်ဆိုသူသည် ဗိမာန်တော်နှင့် တကွ ဗိမာန်တော်၌ ကိန်းဝပ်တော်မူသောအရှင်ကိုပါ တိုင်တည်၍ ကျိန်ဆိုသတည်း။-
Matt BurCBCM 23:22  ကောင်းကင်ဘုံကို တိုင် တည်၍ ကျိန်ဆိုသောသူသည်လည်း ဘုရားသခင်၏ ပလ္လင်တော်နှင့်တကွ ၎င်းပေါ်တွင် စံပယ်တော် မူသော အရှင်ကိုတိုင်တည်၍ ကျိန်ဆိုသတည်း။
Matt BurCBCM 23:23  သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊ စမြိတ်နှင့် ဇီယာတို့ကို ဆယ်ဖို့တစ်ဖို့ လှူကြလျက် တရားကျမ်းတွင် ပို၍အရေးပါသော တရား မျှတခြင်း၊ သနားကြင်နာခြင်း၊ ယုံကြည်ခြင်း စသည့်သွန် သင်ချက်တို့ကိုမူကား လျစ်လျူရှုကြ၏။ ဤအချက်များ ကို သင်တို့လိုက်နာကျင့်ကြံအပ်သကဲ့သို့ အထက်တွင် ဆိုခဲ့သောအရာများကိုလည်း မလစ်ဟင်းစေရပေ။-
Matt BurCBCM 23:24  မျက် ကန်းလမ်းပြတို့၊ သင်တို့သည် ခြင်၊ ယင်တစ်ကောင်မျှ မပါ စေရန် ရေကိုစစ်ကြလျက် ကုလားအုပ်ကိုမူကား မျိုချ တတ်ကြ၏။
Matt BurCBCM 23:25  သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်ဖလားနှင့် လင်ပန်း တို့ကို ပြင်ပ၌ ဆေးကြောကြ၏။ သင်တို့၏အတွင်း၌မူ ကား အဓမ္မသိမ်းယူခြင်းနှင့် မစင်ကြယ်ခြင်းတို့အပြည့်ရှိ ကြ၏။-
Matt BurCBCM 23:26  မျက်ကန်းဖာရီဇေးဦးတို့၊ ခွက်ဖလားနှင့် လင်ပန်း ကို အတွင်း၌ ရှေးဦးစွာ ဆေးကြောလော့။ ထိုသို့ပြုလျှင် ပြင်ပသည်လည်း သန့်ရှင်းစင်ကြယ်လာလိမ့်မည်။
Matt BurCBCM 23:27  သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသော သချိုင်းဂူများနှင့်တူကြ၏။ ထိုသချိုင်းဂူတို့သည် ပြင်ပသဏ္ဌာန်အားဖြင့် လှပတင့်တယ်သော် လည်း အတွင်း၌ မူကား လူသေအရိုးများနှင့် အညစ်အကြေးအမျိုးမျိုးတို့ ဖြင့် ပြည့်နှက်လျက်ရှိ၏။-
Matt BurCBCM 23:28  ထိုနည်းတူ သင်တို့သည် ပြင်ပ ၌ လူတို့ရှေ့တွင် ဖြောင့်မတ်ဟန်ရှိကြ၏။ အတွင်း၌မူကား အယောင်ဆောင်ခြင်း၊ မတရားပြုခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။
Matt BurCBCM 23:29  သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပရောဖက်တို့၏သချိုင်း များကိုတည်ဆောက်ပေးကြ၍ ဖြောင့်မတ်သောသူတို့၏ အထိမ်းအမှတ်ကျောက်တိုင် များကို တန်ဆာဆင်ကြ လျက်၊-
Matt BurCBCM 23:30  ဆိုကြသည်ကား ငါတို့သည် ဘိုးဘေးတို့လက် ထက်၌ အသက်ရှင်ခဲ့ကြပါလျှင် ပရောဖက်တို့၏သွေး မြေကျရသည့်အဖြစ်၌ ပါဝင်ခဲ့ကြလိမ့်မည်မဟုတ်ဟု ဆို ကြ၏။-
Matt BurCBCM 23:31  ထို့ကြောင့် သင်တို့သည် ပရောဖက်များကို သတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ကြောင်း သင်တို့ ကိုယ်တိုင်သက်သေ ခံကြ လေပြီ။-
Matt BurCBCM 23:32  ထို့ကြောင့် သင်တို့ ဘိုးဘေးတို့၏အကျင့်ဆိုးများအတိုင်း ပြီးပြည့်စုံအောင် ပြုမူကြလော့။-
Matt BurCBCM 23:33  မြွေဆိုးတို့၊ မြွေပွေးမျိုးတို့၊ သင်တို့သည် ငရဲဒဏ်စီရင်ခံရခြင်းမှ မည်သို့လွတ်မြောက်နိုင်ကြမည် နည်း။-
Matt BurCBCM 23:34  ထို့ကြောင့် သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိ များနှင့် ကျမ်းတတ်ဆရာများကို ငါစေလွှတ်၏။ သင်တို့ သည် ထိုသူတို့ထဲမှ အချို့ကို အသေသတ်ခြင်း၊ လက်ဝါး ကပ်တိုင်တင်ခြင်း၊ အချို့ကို သင်တို့၏တရားဇရပ်များ၌ ကြိမ်ဖြင့်ရိုက်နှက်ခြင်း၊ တစ်မြို့မှ တစ်မြို့သို့လိုက်လံညှဉ်း ဆဲခြင်းအမှုတို့ကို ပြုကြလိမ့်မည်။-
Matt BurCBCM 23:35  ဖြောင့်မတ်သောအာ ဘေးလ်၏သွေးမှစ၍ သန့်ရှင်းရာဌာနနှင့် ယဇ်ပလ္လင် အကြားတွင် သင်တို့သတ်ခဲ့ကြသည့်၊ ဘာရာကိယ၏ သား ဇခါရိယ၏သွေးတိုင်အောင် မြေသို့ကျခဲ့ရသော ဖြောင့်မတ်သူတို့၏သွေးရှိသမျှအားလုံးသည် သင်တို့ အပေါ်သို့ ကျရောက် လိမ့်မည်။-
Matt BurCBCM 23:36  သင်တို့အား ငါအမှန်ဆို သည်ကား ဤအရာအားလုံးတို့သည် ဤလူမျိုးဆက် အပေါ်သို့ ကျရောက်လိမ့်မည်။
Matt BurCBCM 23:37  အိုဂျေရုဆလင်၊ ဂျေရုဆလင်၊ သင်သည် ပရောဖက် များကိုသတ်၍ သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူတို့ ကို ကျောက်ခဲနှင့်ပေါက်သတ်လေ၏။ ကြက်မသည် မိမိ၏ကြက်ငယ်များကို အတောင်အောက်၌ စုသွင်းထားသကဲ့သို့ သင်၏သားသမီး တို့ကိုလည်း စုရုံးခြင်းငှာ ငါ အကြိမ်ကြိမ်အလိုရှိခဲ့၏။ သင်မူကား အလိုမရှိခဲ့။-
Matt BurCBCM 23:38  သင် ၏အိမ်တော်သည် စွန့်ပစ်ခြင်းခံရ၍ လူသူကင်းမဲ့လျက်ရှိ ၏။-
Matt BurCBCM 23:39  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ထာ၀ရဘုရားသခင်၏နာမတော်၌ ကြွလာသောသူ သည် မင်္ဂလာရှိတော်မူ၏ဟု သင်တို့ဆိုသည့်အချိန်တိုင်အောင် သင်တို့သည် နောက်တစ်ဖန် ငါ့ကို မြင်ကြရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
Chapter 24
Matt BurCBCM 24:1  ယေဇူးသည် ဗိမာန်တော်မှထွက်ခွာတော်မူသောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်အား ဗိမာန်တော်၏ အဆောက်အအုံများကို ညွှန်ပြကြ၏။-
Matt BurCBCM 24:2  သို့သော် ကိုယ်တော်က ဤအရာအား လုံးတို့ကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့ အား ငါအမှန်ဆိုသည်ကား ဤနေရာ တွင် ကျောက်တုံး တစ်တုံးပေါ် တစ်တုံးတင်၍ မကျန်ရစ်သည်အထိ အရာ အားလုံးပြိုပျက်လိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 24:3  ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ထိုင်နေတော်မူသောအခါ တပည့်တော်တို့သည် အခြား သူများမပါဘဲ အထံတော်သို့ချဉ်းကပ်ကြ၍ ဤအမှုအရာ သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ကိုယ် တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်ကဲ့သို့သောနိမိတ်လက္ခဏာများဖြစ်ပေါ်မည်နည်း၊ တပည့်တော်တို့ကို မိန့်တော်မူပါဟု ကိုယ်တော် အား မေးလျှောက်ကြ၏။-
Matt BurCBCM 24:4  ယေဇူးကလည်း သူတို့အားမိန့်မှာတော်မူသည်ကား သင်တို့ကို မည်သူမျှမလှည့်စားစေ ခြင်းငှာသတိပြုကြလော့။-
Matt BurCBCM 24:5  အကြောင်းမူကား များစွာ သောသူတို့သည် ငါ၏နာမ၌လာကြ၍ ငါသည် ခရစ်တော် ဖြစ်သည်ဟုဆိုကာ လူများစွာတို့ကို လှည့်ဖြားကြလိမ့် မည်။-
Matt BurCBCM 24:6  သင်တို့သည် စစ်ပွဲများနှင့် စစ်မက်သတင်းများကို ကြားကြရလိမ့်မည်။ သင်တို့သည် ထိတ်လန့်ခြင်းမရှိစေ ရန် သတိပြုကြလော့။ အကြောင်းမူကား ဤအမှုအရာတို့သည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသောကာလမှာမူ မရောက်ရှိသေး။-
Matt BurCBCM 24:7  လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။ အမျိုးမျိုးသောအရပ်ဒေသ တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် မြေငလျင်လှုပ်ခြင်းများဖြစ် ကြလိမ့်မည်။-
Matt BurCBCM 24:8  ဤအရာအားလုံးတို့သည် ဆင်းရဲဒုက္ခ ရောက်ခြင်းများ၏အစမျှသာဖြစ်၏။
Matt BurCBCM 24:9  ထိုအခါ လူတို့သည် သင်တို့ကိုညှဉ်းပန်းနှိပ်စက် ခြင်းခံရစေရန် အပ်နှံကြ၍ သတ်ဖြတ်ကြလိမ့်မည်။ ငါ၏ နာမကြောင့်လည်း သင်တို့သည် လူမျိုးတကာတို့၏မုန်း တီးခြင်းကို ခံကြရလိမ့်မည်။-
Matt BurCBCM 24:10  ထို့နောက် များစွာသောလူ တို့သည် လမ်းမှားသို့ရောက်ကြ၍ အချင်းချင်းသစ္စာ ဖောက်ကြသဖြင့် တစ်ဦးကိုတစ်ဦးမုန်း တီးကြ လိမ့်မည်။-
Matt BurCBCM 24:11  ထိုအခါ ပရောဖက်အတုအယောင်များထွက်ပေါ်လာ၍ လူအများကိုလမ်းလွဲစေရန် ဖြားယောင်းကြလိမ့်မည်။-
Matt BurCBCM 24:12  မကောင်းမှုဒုစရိုက်ပွားများလာသောကြောင့် လူအများစု သည်လည်း မေတ္တာတရားခေါင်းပါးလာကြလိမ့်မည်။-
Matt BurCBCM 24:13  သို့သော် အဆုံးတိုင်အောင် တည်ကြည်ခိုင်မြဲသောသူ သည် ကယ်တင်ခြင်းခံရလိမ့်မည်။-
Matt BurCBCM 24:14  နိုင်ငံတော်၏ဧဝံဂေ လိတရားတော်သည် လူမျိုးတကာတို့အဖို့ သက်သေခံ အဖြစ် ကမ္ဘာအရပ်ရပ်၌ ဟောပြောခြင်းခံရလိမ့်မည်။ ထို့ နောက် အဆုံးကာလသည် ရောက်ရှိလာလိမ့်မည်။
Matt BurCBCM 24:15  ထို့ကြောင့် ပရောဖက်ဒါနီအဲလ်ဟောထားခဲ့သည့် အတိုင်း သန့်ရှင်းရာဌာန၌ စက်ဆုပ်ဖွယ်ကောင်းသော ဆိတ်သုဉ်းခြင်း ဆိုက်ရောက်နေသည်ကို သင်တို့မြင်ကြ ရလျှင် (ဖတ်ရှုသောသူသည် နားလည်ပါစေ)၊-
Matt BurCBCM 24:16  ဂျူဒေးယ ပြည်ရှိ လူတို့သည် တောင်များပေါ်သို့ထွက်ပြေးတိမ်းရှောင် ကြစေ။-
Matt BurCBCM 24:17  အိမ်ခေါင်မိုးပေါ်၌ရှိသောသူသည် သူ၏အိမ်ထဲ တွင်ရှိသည့်ပစ္စည်းဥစ္စာများကိုယူရန် အောက်သို့မဆင်း လေနှင့်။-
Matt BurCBCM 24:18  လယ်ထဲ၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံ ကိုယူရန် အိမ်သို့မပြန်လေနှင့်။-
Matt BurCBCM 24:19  ထိုနေ့ရက်တို့၌ ကိုယ်ဝန် ဆောင်သောမိန်းမတို့နှင့် နို့စို့သူငယ်ရှိသောမိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။-
Matt BurCBCM 24:20  သင်တို့ထွက်ပြေးကြရမည့် အချိန်ကာလသည် ဆောင်းရာသီ၌သော်လည်းကောင်း၊ ဥပုသ်နေ့၌သော်လည်းကောင်း မဖြစ်စေ မည့်အကြောင်း ဆုတောင်းကြလော့။-
Matt BurCBCM 24:21  အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း ဖြစ်ပျက်လိမ့် မည်မဟုတ်သောဆင်းရဲ ဒုက္ ခကြီးသည် ထိုအချိန်၌ ကျ ရောက်လိမ့်မည်။-
Matt BurCBCM 24:22  ထိုနေ့ရက်များကို တိုတောင်းစေခြင်း မရှိခဲ့ပါလျှင် မည် သူမျှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သို့သော် ရွေးကောက်ခြင်းခ ံထားရသောသူတို့အတွက် ထိုနေ့ရက်များကို တိုတောင်းစေလိမ့်မည်။-
Matt BurCBCM 24:23  ထိုကာလ၌ တစ်စုံတစ်ယောက်က ကြည့်လော့၊ ဤအရပ်တွင် ခရစ် တော်ရှိသည်၊ သို့မဟုတ် ထိုအရပ်တွင် ကိုယ်တော်ရှိ သည်ဟု သင်တို့အား ဆိုလျှင် မယုံကြနှင့်။-
Matt BurCBCM 24:24  အကြောင်းမူ ကား ခရစ်တော်အယောင်ဆောင်သူများနှင့် ပရောဖက် အတုအယောင်များပေါ်ပေါက်လာကြ၍ ကြီးကျယ်သော နိမိတ်လက္ခဏာများနှင့် တန်ခိုးအံ့ဖွယ်ရာများကို ပြကြ သဖြင့် ဖြစ်နိုင်ပါက ရွေးကောက်ခံရသောသူများကိုပင် လှည့်ဖြားနိုင်ကြသည် အထိဖြစ်လိမ့်မည်။-
Matt BurCBCM 24:25  ဤအကြောင်း အရာများကို သင်တို့အား ငါကြိုတင်သတိပေးထားလေ ပြီ။-
Matt BurCBCM 24:26  သို့ဖြစ်၍ သူတို့က ကိုယ်တော်သည် တောကန္တာရ၌ ရှိသည်ဟု သင်တို့အား ဆိုကြလျှင် ထွက်မသွားကြနှင့်။ ကိုယ်တော်သည် အိမ်ခန်းတွင်း၌ရှိသည်ဟုဆိုကြလျှင် လည်း မယုံကြနှင့်။-
Matt BurCBCM 24:27  အကြောင်းမူကား လျှပ်စီးလက်ခြင်းသည် အရှေ့အရပ်မှပေါ်ထွက်၍ အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်း သည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။-
Matt BurCBCM 24:28  အသေကောင်ရှိ ရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။
Matt BurCBCM 24:29  ဒုက္ခဆင်းရဲခြင်းကျရောက်သောနေ့ရက်များပြီး ဆုံး သောအခါ နေသည် ချက်ချင်းပင်မှောင်မိုက်လိမ့်မည်။ လ သည်လည်း အလင်းမပေးဘဲနေလိမ့်မည်။ ကြယ်များ သည်လည်း ကောင်းကင်မှကြွေကျကြလိမ့်မည်။ ကောင်း ကင်၏တန်ခိုးစွမ်းအင် တို့သည် လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။-
Matt BurCBCM 24:30  ထိုအခါ လူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ ပေါ်ထွန်းလာလိမ့်မည်။ ထို့နောက် ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ လိမ့်မည်။ လူသားသည် မိုးတိမ်ကိုစီးလျက် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် ကြွလာတော်မူသည်ကို သူ တို့မြင်ကြရလိမ့်မည်။-
Matt BurCBCM 24:31  ကိုယ်တော်သည် တံပိုးခရာမှုတ် သံနှင့်အတူ မိမိတမန်တော်များကိုစေလွှတ်တော်မူလိမ့် မည်။ သူတို့သည် အရပ်လေးမျက်နှာမှ ကိုယ်တော်ရွေး ကောက်ထားသောသူတို့ကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် စုရုံးထားကြလိမ့်မည်။
Matt BurCBCM 24:32  သဖန်းပင်မှသင်ခန်းစာကို သင်ယူကြလော့။ အပင် ၏အခက်အလက်များနု၍ ရွက်သစ်များထွက်လာသော အခါ နွေရာသီ ရောက်လုနီးပြီဟု သင်တို့သိကြ၏။-
Matt BurCBCM 24:33  ထို နည်းတူ သင်တို့သည်လည်း ဤအခြင်းအရာအားလုံးကို မြင်ကြသောအခါ ကိုယ်တော်သည် သင်တို့၏တံခါး၀သို့ ပင် ရောက်နေပြီဟု သိမှတ်ကြလော့။-
Matt BurCBCM 24:34  သင်တို့အား ငါ အမှန်ဆိုသည်ကား ဤအရာအားလုံးတို့ဖြစ်ပျက်သည့် တိုင်အောင် ဤလူမျိုးဆက်သည် မကွယ်မပျောက်ရာ။-
Matt BurCBCM 24:35  ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွားသော်လည်း ငါ၏နှုတ်တော်ထွက်စကားသည် မကွယ်မပျောက်ရာ။
Matt BurCBCM 24:36  သို့သော်လည်း ထိုနေ့ရက်နှင့် အချိန်နာရီကို ငါ၏ ခမည်းတော်မှတစ်ပါး မည်သူမျှမသိ၊ ကောင်းကင်တမန် တော်များလည်းမသိ၊ သားတော်ပင် မသိချေ။-
Matt BurCBCM 24:37  လူသား ၏ကြွလာတော်မူခြင်းသည် နောဧလက်ထက်ကကဲ့သို့ ပင်ဖြစ်လိမ့်မည်။-
Matt BurCBCM 24:38  အကြောင်းမူကား ရေမလွှမ်းမိုးမီကာ လ၌ နောဧသည် သင်္ဘောအတွင်းသို့ဝင်သည့်နေ့ရက် တိုင်အောင် လူတို့သည် စားသောက် ကြလျက် ထိမ်းမြား ပေးစားလျက် ရှိနေခဲ့ကြ၏။-
Matt BurCBCM 24:39  ရေလွှမ်းမိုးခြင်းရောက်လာ ၍ သူတို့အားလုံးကို သုတ်သင်ဖယ်ရှားသည့်တိုင်အောင် ထိုသူတို့သည် သတိမမူဘဲနေခဲ့ကြသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်းသည်လည်း ထိုသို့ဖြစ်လိမ့်မည်။-
Matt BurCBCM 24:40  ထို အခါ လယ်ထဲတွင်ရှိသောလူနှစ်ယောက်တို့အနက် တစ် ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်မှာ ကျန်ရစ်လိမ့်မည်။-
Matt BurCBCM 24:41  ကြိတ်ဆုံကြိတ်လျက်ရှိသောအမျိုး သမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင် သွားခြင်းခံရ၍ တစ်ယောက်မှာမူ ကျန်ရစ်လိမ့်မည်။-
Matt BurCBCM 24:42  ထို့ကြောင့် သတိနှင့်စောင့်နေကြလော့။ အကြောင်းမူ ကား သင်တို့၏သခင်ဘုရားကြွလာတော်မူမည့်အချိန်ကို သင်တို့မသိကြ။-
Matt BurCBCM 24:43  သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိ ပါလျှင် မိမိအိမ်ကိုမဖောက်ထွင်းစေရန် ဧကန်မုချစောင့် နေမည်ဖြစ်ကြောင်းကိုမူ သင်တို့သိမှတ်ကြလော့။-
Matt BurCBCM 24:44  ထို့ ကြောင့် သင်တို့သည်လည်း အသင့်ရှိကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
Matt BurCBCM 24:45  သို့ဖြစ်လျှင် အိမ်သူအိမ်သားအားလုံးအပေါ် ကြီးမှူး အုပ်ချုပ်ရန်နှင့် အချိန်တန်လျှင် ၎င်းတို့အား အစားအစာကို တည်ခင်း ကျွေးမွေးရန် သခင်က ခန့်ထားသော သစ္စာရှိ၍ ပညာသတိနှင့်ပြည့်စုံသည့်အစေခံကား မည်သူနည်း။-
Matt BurCBCM 24:46  ထိုသူသည် ဤကဲ့သို့ဆောင်ရွက်လျက်နေသည်ကို သူ ၏သခင်ပြန်လာသောအခါ တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
Matt BurCBCM 24:47  သင်တို့အား ငါအမှန်ဆိုသည်ကား သခင် သည် ထိုအစေခံအား မိမိ၏ဥစ္စာပစ္စည်းအားလုံးကို ထိန်း သိမ်းရန် အပ်နှင်းလိမ့်မည်။-
Matt BurCBCM 24:48  ဆိုးမိုက်သောအစေခံမူကား ငါ၏သခင်ပြန်လာရန်ကြာဦးမည်ဟု စိတ်ထဲ၌ဆို၍၊-
Matt BurCBCM 24:49  မိမိ ၏အစေခံအဖော်တို့ကို စတင်ရိုက်ပုတ်ကာ သေရည် သောက်ကြူးသူတို့နှင့် သောက်စားလျက်နေလေ၏။-
Matt BurCBCM 24:50  သူ၏သခင်သည် ထိုအစေခံမျှော်လင့်မထားသောနေ့ ရက်နှင့် မသိမှတ် သောအချိန်နာရီ၌ ပြန်ရောက်လာသော အခါ၊-
Matt BurCBCM 24:51  သူ့ကို ပြင်းထန်စွာဒဏ်ခတ်၍ သူတော်ကောင်း ယောင်ဆောင်သူတို့နှင့် အတူနေရာချထားလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။
Chapter 25
Matt BurCBCM 25:1  ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည်ကား မင်္ဂလာဆောင်သတို့သားအား ကြိုဆိုရန် မိမိတို့၏မီးခွက်များ ကိုယူ၍ ထွက်သွားကြသောသတို့သမီးအရံ ဆယ်ဦးနှင့် တူလိမ့်မည်။-
Matt BurCBCM 25:2  ထိုသူတို့ထဲတွင် ငါးဦးသည် မိုက်မဲ၍ ကျန်ငါးဦးသည် ပညာသတိရှိကြ၏။-
Matt BurCBCM 25:3  မိုက်မဲ သောသူငါးဦးတို့သည် မီးခွက်ကိုယူ၍ ဆီကိုမယူမိခဲ့ကြ ချေ။-
Matt BurCBCM 25:4  ပညာသတိရှိသောသူတို့မူကား မီးခွက်နှင့်တကွ ဆီကိုလည်း ဘူးတွင်ထည့်၍ ယူခဲ့ကြ၏။-
Matt BurCBCM 25:5  မင်္ဂလာဆောင် သတို့သားရောက်လာရန် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြကုန်၏။-
Matt BurCBCM 25:6  သို့ သော် သန်းခေါင်ယံ၌ မင်္ဂလာဆောင်သတို့သားရောက် လာပြီ၊ သူ့ကို ကြိုဆိုရန် ထွက်ခဲ့ကြလော့ဟူသော ကြွေး ကြော်သံထွက်ပေါ်လာလေ၏။-
Matt BurCBCM 25:7  ထိုအခါ သတို့သမီးအရံ အားလုံးတို့သည် ထကြ၍ မိမိတို့၏ဆီမီးခွက်များကို ပြင်ဆင်ကြ၏။-
Matt BurCBCM 25:8  မိုက်မဲသောသူတို့က ငါတို့၏ဆီမီးခွက် များငြိမ်းတော့မည်ဖြစ်၍ သင်တို့ ၏ဆီတချို့ကို ငါတို့အား ပေးကြပါဟု ပညာသတိရှိသောသူတို့ထံ တောင်းခံကြ ၏။-
Matt BurCBCM 25:9  သို့သော် ပညာသတိရှိသောသူတို့က ငါတို့နှင့် သင် တို့အတွက် ဆီမလုံမလောက်ဖြစ်ကောင်းဖြစ်လိမ့်မည်၊ ဆီရောင်းသူတို့ထံသာ သွားကြ၍ သင်တို့အတွက် ဝယ် ကြပါလော့ဟု ပြန်ပြောကြ၏။-
Matt BurCBCM 25:10  ထိုသူတို့သည်လည်း ဆီဝယ်ရန်သွားစဉ်တွင် မင်္ဂလာဆောင်သတို့သားရောက် လာသဖြင့် အသင့်ရှိနေသော သတို့သမီးအရ ံတို့သည် သူနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားကြပြီး တံခါး သည်လည်း ပိတ်သွားလေ၏။-
Matt BurCBCM 25:11  ထို့နောက် ကျန်နေသော သတို့သမီးအရံတို့သည် ရောက်လာကြ၍ သခင်၊ သခင်၊ အကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါဟု ဆိုကြ၏။-
Matt BurCBCM 25:12  သို့သော် သူက သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။-
Matt BurCBCM 25:13  ထို့ကြောင့် သတိနှင့်စောင့် နေကြလော့။ အကြောင်းမူကား သင်တို့သည် နေ့ရက်နှင့် အချိန်နာရီကို မသိကြ။
Matt BurCBCM 25:14  ကောင်းကင်နိုင်ငံတော်သည်ကား ခရီးမထွက်မီ အစေခံများကိုခေါ်၍ မိမိ၏ဥစ္စာများကို သူတို့ထံသို့အပ် နှံခဲ့သူတစ်ဦး နှင့်တူ၏။-
Matt BurCBCM 25:15  သူသည် အစေခံအသီးသီးတို့၏ အရည်အချင်းအလိုက် တစ်ဦးကိုငွေသားအချိန်ငါးတာ လင်၊ အခြားတစ်ဦးကို နှစ်တာလင်၊ ကျန်တစ်ဦးကို တစ် တာလင်ပေးအပ်ပြီးနောက် ခရီးထွက်သွားလေ၏။-
Matt BurCBCM 25:16  ငွေ အချိန်ငါးတာလင်ကို လက်ခံရရှိသောသူသည် ချက်ချင်း သွား၍ ကူးသန်း ရောင်းဝယ်ရာ နောက်ထပ်ငါးတာလင်ကို အမြတ်ရရှိလေ၏။-
Matt BurCBCM 25:17  ထို့အတူ နှစ်တာလင်ကိုလက်ခံရရှိ သောသူသည်လည်း နောက်ထပ်နှစ်တာလင် အမြတ်ရ ရှိလေ၏။-
Matt BurCBCM 25:18  ငွေအချိန်တစ်တာလင်ရရှိသောသူမူကား ထွက်သွားပြီးလျှင် မြေ၌ တွင်းတူး၍ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။-
Matt BurCBCM 25:19  ကာလအတန်ကြာသော် ထိုအစေခံ တို့၏သခင်သည် ပြန်လာ၍ သူတို့နှင့်စာရင်းရှင်းလေ၏။-
Matt BurCBCM 25:20  ငွေအချိန် ငါးတာလင်ကို လက်ခံရရှိခဲ့သောသူသည် နောက်ထပ်ငါးတာလင်ကို ယူဆောင်လာလျက် ချဉ်းကပ် ပြီး သခင်၊ အကျွန်ုပ်အား သခင်သည် ငွေအချိန်ငါးတာ လင်ပေးအပ်ခဲ့ပါ၏။ ကြည့်ပါ၊ အကျွန်ုပ်သည် နောက်ထပ် ငါးတာလင်ကို အမြတ်ရခဲ့ပါပြီဟု ပြောဆိုလေ၏။-
Matt BurCBCM 25:21  သူ၏ သခင်က ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အနည်းငယ်သောအမှုတို့၌ သစ္စာရှိသော ကြောင့် များစွာသောအမှုအရာတို့ကို သင့်အား ငါပေးအပ် မည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားလော့ဟု ဆိုလေ၏။-
Matt BurCBCM 25:22  ငွေအချိန်နှစ်တာလင်ကို ရရှိခဲ့သောသူသည် လည်း ချဉ်းကပ်၍ သခင်၊ အကျွန်ုပ်အား သခင်သည် ငွေ အချိန်နှစ်တာလင် ပေးအပ်ခဲ့ပါ၏။ ကြည့်ပါ၊ အကျွန်ုပ်သည် နောက်ထပ်နှစ်တာလင်ကို အမြတ်ရပါပြီဟုဆိုလေ၏။-
Matt BurCBCM 25:23  သူ၏သခင်ကလည်း ကောင်းလေစွ၊ သစ္စာရှိသောငယ် သားကောင်း၊ သင်သည် အနည်းငယ်သောအမှုတို့၌ သစ္စာရှိသောကြောင့် များစွာသောအမှုအရာတို့ကို သင့် အား ငါပေးအပ်မည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားလော့ဟု ဆိုလေ၏။-
Matt BurCBCM 25:24  ငွေအချိန်တစ်တာလင် ကို လက်ခံရရှိသောသူမူကား ချဉ်းကပ်၍ သခင်၊ သခင် သည် ခက်ထန်သောသူဖြစ်သည်နှင့်အညီ မိမိမစိုက်ပျိုး သောအရပ်၌ရိတ်သိမ်းတတ်ပြီး မိမိမကြဲသောအရပ်၌ စုသိမ်းတတ်ကြောင်းကို အကျွန်ုပ်သိသဖြင့်၊-
Matt BurCBCM 25:25  ကြောက် သောကြောင့် သခင်၏ငွေအချိန်တစ်တာလင်ကို မြေကြီး ထဲ၌ ဝှက်ထားပါသည်။ ကြည့်ပါ၊ သခင်၏ငွေရှိပါသည် ဟုဆိုလေ၏။-
Matt BurCBCM 25:26  သို့သော် သူ၏သခင်က ထိုသူအား ဆိုး မိုက်ပျင်းရိသောငယ်သား၊ ငါမစိုက်ပျိုးသောနေရာ၌ ငါရိတ်၍ ငါမကြဲသော နေရာ၌ ငါစုသိမ်းတတ်ကြောင်းကို သင်သိ၏။-
Matt BurCBCM 25:27  သို့ဖြစ်လျှင် သင်သည် ငါ၏ငွေကို ငွေတိုးပေး သူတို့၏လက်သို့ အပ်သင့်၏။ ဤနည်းဖြင့် ငါပြန်လာ သောအခါ ငါ၏ငွေရင်းနှင့် တကွ အတိုးကိုလည်း ငါရနိုင် လိမ့်မည်။-
Matt BurCBCM 25:28  ထို့ကြောင့် ငွေအချိန်တစ်တာလင်ကို ထိုသူ့ ထံမှပြန်ယူ၍ အချိန်တစ်ဆယ်တာ လင်ရှိသော သူအား ပေးကြလော့။-
Matt BurCBCM 25:29  အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် ထိုသူ၌ ပိုလျှံနေလိမ့်မည်။ မရှိသောသူ ထံမှမူကား သူ့ ၌ ရှိသမျှကိုပင် နုတ်ယူသွားလိမ့်မည်။-
Matt BurCBCM 25:30  အသုံးမကျသော ထိုအစေခံကိုလည်း အပြင်ဘက်မှောင် မှိက်ထဲသို့ ထုတ်လိုက်ကြလော့။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြရလိမ့်မည်ဟု ဆိုလေ၏။
Matt BurCBCM 25:31  လူသားသည် မိမိ၏ဘုန်းဂုဏ်တော်၌ ကောင်းကင် တမန်တော်များနှင့်အတူ ကြွလာသောအခါ သူသည် ဘုန်းကျက် သရေရှိသောပလ္လင်တော်ပေါ်၌ ထိုင်တော်မူ လိမ့်မည်။-
Matt BurCBCM 25:32  ထို့နောက် ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေပြီး သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့ထံမှ ခွဲခြား သကဲ့သို့ သူသည် ၎င်းတို့ကို သီးခြားစီခွဲထားတော်မူလိမ့် မည်။-
Matt BurCBCM 25:33  ထိုအခါ သူသည် သိုးတို့ကို မိမိ၏လက်ယာဘက် ၌လည်းကောင်း၊ ဆိတ်တို့ကိုမူ မိမိ၏လက်ဝဲဘက်၌ လည်းကောင်း ထားတော်မူလိမ့်မည်။-
Matt BurCBCM 25:34  ထို့နောက် ဘုရင် သည် မိမိ၏လက်ယာဘက်၌ရှိသောသူတို့အား ငါ၏ ခမည်းတော်ထံမှကောင်းချီးမင်္ဂလာခံရသောသူတို့၊ လာ ကြလော့။ ကမ္ဘာဦးကပင် သင်တို့အတွက် ပြင်ဆင်ထား သောနိုင်ငံတော်ကိုအမွေခံကြလော့။-
Matt BurCBCM 25:35  အကြောင်းမူ ကား ငါသည် ဆာလောင်သောအခါ သင်တို့ သည် ငါ့အား စားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့ သည် ငါ့အား သောက်ရေကိုပေးကြ၏။ ငါသည် သူစိမ်း ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့အား ပျူငှာစွာကြို ဆိုကြ၏။-
Matt BurCBCM 25:36  ငါ၌အဝတ်မရှိသောအခါ သင်တို့သည် ငါ့ကို အဝတ်နှင့် လွှမ်းခြုံပေးကြ၏။ ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့် တော်မူလိမ့်မည်။-
Matt BurCBCM 25:37  ထိုအခါ ဖြောင့်မတ်သောသူတို့က အရှင်၊ ကိုယ်တော်ဆာလောင်နေသည်ကို မည်သည့် အခါ၌ အကျွန်ုပ်တို့မြင်ရ၍ ကိုယ်တော့်ကို ကျွေးမွေးခဲ့ပါ သနည်း။ သို့မဟုတ် ကိုယ်တော်ရေငတ်နေသည်ကို မည် သည့်အခါ၌မြင်၍ ကိုယ်တော်အား သောက်စရာကိုပေး ခဲ့ပါသနည်း။-
Matt BurCBCM 25:38  ထို့အတူ ကိုယ်တော်ဧည့်သည်ဖြစ်သည် ကို မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်၍ ကိုယ်တော်အား ပျူငှာစွာကြိုဆိုခဲ့ပါသနည်း။ သို့မဟုတ် ကိုယ်တော်၌ အဝတ်မရှိသည်ကို မည်သည့်အခါ၌မြင်ရ၍ ကိုယ်တော် အား အဝတ်နှင့်လွှမ်းခြုံပေးခဲ့ပါသနည်း။-
Matt BurCBCM 25:39  ကိုယ်တော်ဖျား နာသည်ကိုလည်းကောင်း၊ ထောင်ထဲမှာနေရသည်ကို လည်းကောင်း မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်ရ၍ အထံတော်သို့လာရောက်ကြည့်ရှုကြပါသနည်းဟု ပြန် ၍လျှောက်ထားကြလိမ့်မည်။-
Matt BurCBCM 25:40  ထိုအခါ ဘုရင်က သင်တို့ အား ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသော ဤငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကို ပင် ပြုစုကြပြီဟု သူတို့အား ပြန်ပြောတော်မူလိမ့်မည်။
Matt BurCBCM 25:41  ထို့နောက် သူသည် မိမိ၏လက်ဝဲဘက်၌ ရှိသော သူတို့အား ကျိန်ဆိုခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ နတ်ဆိုးနှင့် သူ၏တမန်များအဖို့ ပြင်ထားသောထာ၀ရ မီးထဲသို့သွားကြ လော့။-
Matt BurCBCM 25:42  အကြောင်းမူကား ငါသည် ဆာ လောင်သောအခါ သင်တို့သည် ငါ့အား စားစရာမပေး။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အား သောက် စရာမပေး။-
Matt BurCBCM 25:43  ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင် တို့သည် ငါ့အား ပျူငှာစွာမကြိုဆိုကြ။ ငါ၌အဝတ်မရှိသော အခါ သင်တို့သည် ငါ့ကိုအဝတ်မပေးကြ။ ငါဖျားနာသော အခါနှင့်ငါထောင်ကျနေသောအခါတို့တွင်လည်း သင်တို့သည် ငါ့အား မကြည့်ရှုကြ ဟုမိန့်တော် မူလိမ့်မည်။-
Matt BurCBCM 25:44  ထို အခါ သူတို့ကလည်း အရှင်၊ ကိုယ်တော်သည် ဆာလောင် တော်မူသည်၊ ရေငတ်တော်မူသည်၊ သူစိမ်းဧည့်သည်ဖြစ် တော်မူ သည်၊ ကိုယ်၌အဝတ်ကင်းမဲ့တော်မူသည်၊ ဖျားနာ တော်မူသည်၊ ထောင်ကျတော်မူသည်တို့ကို အကျွန်ုပ်တို့ မည်သည့်အခါ၌မြင်ရ၍ ကိုယ်တော်အား မပြုစုဘဲနေပါ သနည်းဟု မေးလျှောက်ကြလိမ့်မည်။-
Matt BurCBCM 25:45  ထိုအခါ ဘုရင်က သင်တို့အား ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသော ဤသူတို့တွင် တစ်ဦးကိုမျှ သင်တို့သည် မပြုစုကြလျှင် ငါ့ကိုလည်း မပြုစုကြဟု မိန့်တော်မူလိမ့်မည်။-
Matt BurCBCM 25:46  ဤသူတို့ သည် ထာ၀ရအပြစ်ဒဏ်ခံကြရ၍ ဖြောင့်မတ်သောသူ တို့မူကား ထာ၀ရအသက်ရှင်ခြင်းသို့ ဝင်ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
Chapter 26
Matt BurCBCM 26:1  ယေဇူးသည် ဤတရားတော်များကို ဟောပြောပြီးနောက် တပည့်တော်တို့အား မိန့်တော်မူ သည်မှာ၊-
Matt BurCBCM 26:2  နောက်နှစ်ရက်လွန်လျှင် ပါစကားပွဲကျရောက် မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကို လက်ဝါး ကပ်တိုင်တင်၍ သတ်ခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့် တော်မူ၏။
Matt BurCBCM 26:3  ထိုအချိန်၌ ရဟန်းအကြီးအကဲများနှင့် သက်ကြီး ဝါကြီးတို့သည် ကာအိဖအမည်ရှိသောရဟန်းချုပ်၏အိမ် တော်တွင ်စုဝေးကြပြီးလျှင်၊-
Matt BurCBCM 26:4  ယေဇူးကို ပရိယာယ်ဖြင့် ဖမ်းဆီးသတ်ဖြတ်ရန် တိုင်ပင်ကြ၏။-
Matt BurCBCM 26:5  သို့သော် သူတို့ သည် လူအများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ကြ သဖြင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြ နှင့်ဟု ဆိုကြ၏။
Matt BurCBCM 26:6  ဘက်သနီရွာတွင် အနာကြီးရောဂါသည် စီမွန်၏ အိမ်၌ ယေဇူးရှိတော်မူစဉ်၊-
Matt BurCBCM 26:7  အမျိုးသမီးတစ်ဦးသည် တန် ဖိုးကြီးသောဆီမွှေးကျောက်ဖြူဘူးတစ်လုံးနှင့် အထံ တော်သို့ချဉ်းကပ်၍ စားပွဲတွင် ရှိနေသောကိုယ်တော်၏ ဦးခေါင်းပေါ်၌ ဆီမွှေးကိုသွန်းလောင်းလေ၏။-
Matt BurCBCM 26:8  တပည့် တော်တို့မူကား ဤအခြင်းအရာကိုမြင်ကြလျှင် အမျက် ထွက်ကြ၍ အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း၊-
Matt BurCBCM 26:9  ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်းချပြီး ဆင်းရဲသားတို့ အား ပေးကမ်းနိုင်သည်ဟုဆိုကြ၏။-
Matt BurCBCM 26:10  သို့သော် ယေဇူး သည် ဤအကြောင်းအရာကိုသတိပြုမိတော်မူ၍ သင်တို့ သည် အဘယ်ကြောင့် ဤအမျိုးသမီးအား စိတ်အနှောင့် အယှက်ဖြစ်စေကြသနည်း။ အကြောင်းမူကား သူမသည် ငါ့၌ ကောင်းသောအမှုကိုပြုလေပြီ။-
Matt BurCBCM 26:11  အဘယ်ကြောင့်ဆို သော် ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်ရှိကြ၏။ ငါမူ ကား သင်တို့နှင့်အစဉ်ရှိလိမ့်မည်မဟုတ်။-
Matt BurCBCM 26:12  ငါ၏ကိုယ် ပေါ်၌ ဆီမွှေးကိုသွန်းလောင်းခြင်းဖြင့် သူမသည် ငါ့ကို သင်္ဂြိုဟ်ရန်အလို့ငှာ ပြင်ဆင်ခြင်းဖြစ်၏။-
Matt BurCBCM 26:13  သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝန်းလုံးတွင် ဧဝံဂေလိ သတင်းကောင်းကိုဟောကြားသည့်နေရာတိုင်း၌ သူမ ကို အောက်မေ့သတိရကြစေရန် သူမ ပြုခဲ့သောကောင်းမှု သည် ကြေညာဟောပြောခြင်းခံရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 26:14  ထိုအခါ တစ်ဆယ့်နှစ်ပါးထဲမှတစ်ဦးဖြစ်သော ဂျုဒ အစ္စကာရီယုဒ်သည် ရဟန်းအကြီးအကဲများထံသို့ သွား၍၊-
Matt BurCBCM 26:15  ထိုသူကို သင်တို့လက်သို့ ငါအပ်လျှင် သင်တို့သည် ငါ့အား မည်သည့်အရာကိုပေးမည်နည်းဟုဆိုသော် သူ တို့သည် သူ့အား ငွေဒင်္ဂါးသုံးဆယ်ပေးလိုက်ကြ၏။-
Matt BurCBCM 26:16  ထို အချိန်မှစ၍ သူသည်လည်း ကိုယ်တော့်ကိုအပ်နှံခြင်းငှာ အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
Matt BurCBCM 26:17  တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့၌ တပည့်တော်တို့သည် ယေဇူးထံတော်သို့ ချဉ်းကပ်ကြပြီး လျှင် ကိုယ်တော်သည် ပါစကားပွဲညစာကိုသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလို သနည်းဟု မေးလျှောက်ကြ၏။-
Matt BurCBCM 26:18  ကိုယ်တော်ကလည်း မြို့ထဲရှိ ဤမည်သောသူထံသို့သွားကြ၍ ဆရာသခင်မှာ လိုက်သည်ကား ငါ၏အချိန်နီးပြီ၊ ငါ၏တပည့်တော်တို့ နှင့်အတူ သင်၏အိမ်၌ ပါစကားပွဲကိုကျင်းပမည်ဟူ၍ သူ့အား ပြောကြားကြလော့ဟုမိန့်တော်မူ၏။-
Matt BurCBCM 26:19  ထိုအခါ တပည့်တော်တို့သည် မိမိတို့အား ယေဇူးမိန့်မှာတော်မူ သည့်အတိုင်းပြုလုပ်ကြ၍ ပါစကားပွဲကိုကျင်းပရန် ပြင် ဆင်ကြလေ၏။
Matt BurCBCM 26:20  ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ထိုင် တော်မူ၏။-
Matt BurCBCM 26:21  ထို့နောက် သူတို့သည် ညစာစားလျက်နေ ကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား သင် တို့ထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 26:22  ထိုအခါ သူတို့သည် အလွန်ပင် ဝမ်းနည်းကြ သဖြင့် သခင်၊ တပည့်တော်ဖြစ်သလောဟု အသီးသီး မေးလျှောက်ကြ၏။-
Matt BurCBCM 26:23  ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကို သစ္စာဖောက် လိမ့်မည်။-
Matt BurCBCM 26:24  လူသားသည် မိမိနှင့်ပတ်သက်၍ ကျမ်းစာ တော်မြတ်၌ရေးထားသည့်အတိုင်း သွားရသည်မှန်၏။ သို့သော် လူသားအပေါ်၌ သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သာ၍ ကောင်း၏ဟုမိန့်တော်မူ၏။-
Matt BurCBCM 26:25  ကိုယ်တော်ကို သစ္စာ ဖောက်သော ဂျုဒကလည်း သခင်ဘုရား၊ တပည့်တော် ဖြစ်သလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူ့ အား သင်ဆိုလေပြီဟု မိန့်တော်မူ၏။
Matt BurCBCM 26:26  သူတို့ညစာစားနေကြစဉ်တွင် ယေဇူးသည် ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးတော်မူပြီးလျှင် ဖဲ့၍ မိမိ၏ တပည့်တော်ကြီးတို့အား ပေးလျက် ဤအရာသည် ငါ၏ ခန္ဓာကိုယ်ဖြစ်၏၊ ယူ၍ စားကြလော့ဟုမိန့်တော်မူ၏။-
Matt BurCBCM 26:27  ထို့နောက် ကိုယ်တော်သည် ခွက်တော်ကိုလည်း ယူတော်မူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် တပည့်တော်တို့ အား ပေးလျက် မိန့်တော်မူသည်ကား သင်တို့အားလုံး ဤ ခွက်မှသောက်ကြလော့။-
Matt BurCBCM 26:28  ဤသည်ကား လူအားလုံးတို့ အတွက် အပြစ်ဖြေလွှတ်ခြင်းငှာ သွန်းလောင်းခံရမည့် ပဋိညာဉ်သစ်နှင့်ဆိုင်သောငါ၏သွေးဖြစ်၏။-
Matt BurCBCM 26:29  သင်တို့ အားငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်တွင် ဤစပျစ်နွယ်၏အသီးမှ စပျစ်ရည်သစ်ကို သင်တို့နှင့် အတူသောက်ရသည့်နေ့တိုင်အောင် ၎င်းကို နောက် တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
Matt BurCBCM 26:30  ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆို ကြပြီးလျှင် သံလွင်တောင်သို့ထွက်သွားကြ၏။
Matt BurCBCM 26:31  ထို့နောက် ယေဇူးက တပည့်တော်တို့အား မိန့် တော်မူသည်မှာ ဤည၌ သင်တို့အားလုံးသည် ငါ့ကိုစွန့်ခွာ သွားကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ် ၌ ရေးထားသည်ကား သိုးထိန်းကို ငါတိုက်ခိုက်မည်။ ထို အခါ သိုးစုထဲမှ သိုးတို့သည် တကွဲတပြားဖြစ်ကြလိမ့် မည်ဟူ၍ဖြစ်သတည်း။-
Matt BurCBCM 26:32  သို့သော်လည်း ငါသည် သေ ခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သင်တို့ရှေ့မှကြို၍ ဂါလေလေးယနယ်သို့သွားနှင့်မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 26:33  ထိုအခါ ပေတရုက သူတို့အားလုံးသည် ကိုယ်တော့်ကို စွန့်ခွာသွားကြသော်လည်း တပည့်တော်သည် မည်သည့် အခါမျှစွန့်ခွာသွားလိမ့်မည်မဟုတ်ဟု လျှောက်လေ၏။-
Matt BurCBCM 26:34  ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား ဤည၌ ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်းပယ်လိမ့် မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 26:35  ပေတရုက အကယ်၍ တပည့် တော်သည် ကိုယ်တော်နှင့်အတူ အသက်သေရမည်ဆို လျှင်ပင် ကိုယ်တော့်ကို ငြင်းပယ်လိမ့်မည် မဟုတ်ပါဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
Matt BurCBCM 26:36  ထိုအခါ ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့ရောက်တော်မူ လျှင် သူတို့အား ငါသည် ထိုနေရာသို့သွား၍ ဆုတောင်း စဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့ဟု မိန့်တော်မူပြီးမှ၊-
Matt BurCBCM 26:37  ပေတရုနှင့် ဇေဘေဒေးဦး၏သားနှစ်ယောက်တို့ကို အတူ ခေါ်သွားတော်မူ၏။ ဤတွင် ကိုယ်တော်သည် ပူဆွေးညှိုး ငယ်၍ ပူပန်ခြင်းကို စတင်ခံစားရတော်မူ၏။-
Matt BurCBCM 26:38  ထိုအခါ ကိုယ်တော်က ငါ၏စိတ်နှလုံးသည် သေလုမတတ်ပူ ဆွေးခြင်းကို ခံစားရ၏။ သင်တို့ ဤအရပ်တွင်နေကြ၍ ငါနှင့်အတ ူနိုးကြားစွာ စောင့်နေကြလော့ဟု မိန့်တော် မူ၏။-
Matt BurCBCM 26:39  ထို့နောက် ကိုယ်တော်သည် ထိုနေရာမှ ရှေ့သို့ အနည်းငယ်ကြွတော်မူ၍ မျက်နှာကိုမြေတွင်အပ်ကာ ပျပ်ဝပ်လျက် ဆုတောင်း တော်မူသည်မှာ အိုအဖ၊ ဖြစ်နိုင် လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့ရာ တွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ၊ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်ပါစေသော်ဟု ဆုတောင်း တော်မူ၏။-
Matt BurCBCM 26:40  ထို့နောက် ကိုယ်တော်သည် တပည့်တော် တို့ထံသို့လာတော်မူ၍ သူတို့အိပ်ပျော်လျက်ရှိကြသည် ကိုတွေ့လျှင် ပေတရုအား သင်တို့သည် တစ်နာရီမျှ မအိပ် ဘဲ ငါနှင့်အတူမစောင့်နိုင်ကြပြီလော။-
Matt BurCBCM 26:41  စုံစမ်းနှောင့်ယှက် ခြင်းသို့မပါဝင်ရစေရန် ဆုတောင်းလျက် နိုးကြားစွာ စောင့်နေကြလော့။ စိတ်ဆန္ဒသည် ပြင်းပြသော်လည်း ကိုယ်ခန္ဓာမူကား အားနည်းလှသည်ဟုမိန့်တော်မူ၏။-
Matt BurCBCM 26:42  တစ်ဖန် ကိုယ်တော်သည် ဒုတိယအကြိမ်ထွက်သွား တော်မူ၍ အကျွန်ုပ်၏အဖ၊ ဤခွက်ကိုလွှဲဖယ်ရန်မဖြစ်နိုင် ဘဲ အကျွန်ုပ် သောက်ရမည်ဆိုလျှင် ကိုယ်တော်၏အလို တော်အတိုင်းဖြစ်ပါစေဟု ဆုတောင်းပြန်၏။-
Matt BurCBCM 26:43  ထိုမှတစ်ဖန် ကိုယ်တော်သည် ပြန်လာသောအခါ တပည့်တော်တို့ အိပ်ပျော်လျက်ရှိကြသည်ကို တွေ့တော်မူ၏။ အကြောင်း မူကား သူတို့၏မျက်စိများသည် လေးလံသောကြောင့်ဖြစ်၏။-
Matt BurCBCM 26:44  ဤသို့ဖြင့် ကိုယ်တော်သည် သူတို့ကို တစ်ဖန် ထားခဲ့၍ ထွက်သွားပြီးလျှင် ယခင်ကမြွက်ဆိုခဲ့သည့် အတိုင်းပင် သုံးကြိမ်မြောက် ဆုတောင်းတော်မူ၏။-
Matt BurCBCM 26:45  ထို့ နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍ သင်တို့သည် အိပ်စက်အနားယူဆဲပင် ရှိသေးသလော။ လူသားကို အပြစ်သားတို့၏လက်သို့ အပ်နှံသောအချိန် နာရီရောက်လာပြီ။-
Matt BurCBCM 26:46  ထကြ၊ သွားကြစို့၊ ငါ့ကို အပ်နှံမည့် သူသည် အနီးသို့ရောက်လာပြီဟု မိန့်တော်မူ၏။
Matt BurCBCM 26:47  ထိုသို့ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါး တို့တွင်တစ်ဦးအပါအဝင်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက စေလွှတ် လိုက်သည့် များပြားသောလူအစုအဝေးတို့သည် တုတ်၊ ဓားများကိုကိုင်ဆောင် လျက် လာကြ၏။-
Matt BurCBCM 26:48  ကိုယ်တော့်ကို သစ္စာဖောက်သောသူက ငါနမ်း၍ နှုတ်ဆက်သောသူ သည် ထိုသူပင်ဖြစ်၏၊ သူ့ကိုဖမ်းကြလော့ဟု ကြိုတင်၍ အချက်ပေးထားလေ၏။-
Matt BurCBCM 26:49  ထို့နောက် ဂျုဒသည် ယေဇူး ထံတော်သို့ ချက်ချင်းပင် ချဉ်းကပ်၍ အာဝေ၊ ရဗ္ဗီဟုဆို လျက် ကိုယ်တော့်ကို နမ်းလေ၏။-
Matt BurCBCM 26:50  ယေဇူးကလည်း မိတ်ဆွေ၊ သင်ပြုလုပ်ရန်လာသည့်အမှုကိစ္စကို ပြုလုပ်ပါ လော့ဟုမိန့်တော်မူလျှင် သူတို့သည် လာကြ၍ ကိုယ် တော့်ကိုဖမ်းဆီးချုပ်နှောင်ကြ၏။-
Matt BurCBCM 26:51  ထိုအခါ ယေဇူးနှင့် အတူရှိနေသောသူတစ်ဦးသည် လက်ကိုဆန့်၍ ဓားကို ဆွဲထုတ်ပြီးလျှင် ရဟန်းချုပ်၏အစေခံတစ်ဦးကိုခုတ် သဖြင့် ထိုသူ၏နားရွက်ပြတ်လေ၏။-
Matt BurCBCM 26:52  ယေဇူးကလည်း ထိုသူအား သင့်ဓားကို ဓားအိမ်၌ ပြန်သွင်းထားလော့။ အကြောင်းမူကား ဓားကိုကိုင်သောသူတို့သည် ဓားဖြင့် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။-
Matt BurCBCM 26:53  ငါ့ထံသို့ ယခုချက်ချင်း ကောင်းကင်တမန်တော်တစ်ဆယ့်နှစ်တပ်မျှမက စေ လွှတ်ရန်အတွက် ငါ့ခမည်းတော်ထံ ငါမတောင်းခံ နိုင်ဟု သင်ထင်သလော။-
Matt BurCBCM 26:54  သို့ရာတွင် ထိုသို့ပြုပါက ဤကဲ့သို့ ဖြစ်ရမည်ဟု ဆိုထားသောကျမ်းချက်များသည် မည်သို့ ပြည့်စုံနိုင်ပါမည်နည်းဟု မိန့်တော်မူ၏။-
Matt BurCBCM 26:55  ထိုအချိန်နာရီ၌ ယေဇူးသည် လူအစုအဝေးတို့အား ဆိုသည်မှာ သင်တို့ သည် တုတ်၊ ဓားများကိုကိုင်ဆောင်လျက် ဓားပြဖမ်း သကဲ့သို့ ငါ့ကိုဖမ်းဆီးရန် ထွက်လာကြသလော။ ငါသည် ဗိမာန်တော်၌ ထိုင်၍ နေ့စဉ်နေ့တိုင်းသွန်သင်ဟောပြော နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။-
Matt BurCBCM 26:56  သို့ရာတွင် ဤ အဖြစ်အပျက်အားလုံးသည် ပရောဖက်ကျမ်းများပြည့်စုံ စေမည့် အကြောင်းဖြစ်သတည်းဟုမိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော့်ကိုထားခဲ့၍ ထွက်ပြေးကြလေ၏။
Matt BurCBCM 26:57  ထိုအခါ ယေဇူးကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော့်ကို ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါကြီး တို့စုဝေးလျက်ရှိသော ရဟန်းချုပ်ကာအိဖ၏အိမ်သို့ ခေါ် ဆောင်သွားကြ၏။-
Matt BurCBCM 26:58  ပေတရုမူကား ရဟန်းချုပ်၏အိမ် တော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှ လိုက်ပါလျက် အတွင်းသို့ဝင်ပြီးလျှင် ထိုအမှုအခင်းကို အဆုံးတိုင်အောင် သိမြင်နိုင်ရန် အစောင့်များနှင့်အတူ ထိုင်နေလေ၏။-
Matt BurCBCM 26:59  ရဟန်းအကြီးအကဲများနှင့် တရားစီရင် သောအဖွဲ့တစ်ခုလုံးသည် ယေဇူးကို သေဒဏ်စီရင်အံ့ သောငှာ မမှန်သောသက်သေ အထောက်အထားများ ကိုရှာကြ၏။-
Matt BurCBCM 26:60  မမှန်သောသက်သေခံသူများလာကြ သော်လည်း မည်သည့်သက်သေအထောက်အထားမျှ သူတို့မတွေ့ ကြချေ။ နောက်ဆုံး၌ ကား မမှန်သောသက် သေခံသူနှစ်ဦးလာကြ၍၊-
Matt BurCBCM 26:61  ဤသူက ငါသည် ဘုရားသခင် ၏ဗိမာန်တော်ကိုဖျက်ဆီး၍ ၎င်းကို သုံးရက်အတွင်း ပြန် လည်တည်ဆောက်နိုင်စွမ်းရှိသည်ဟု ပြောခဲ့ကြောင်း ထွက်ဆိုကြ၏။-
Matt BurCBCM 26:62  ထိုအခါ ရဟန်းချုပ်သည်ထ၍ သင်၌ ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲ၍ ထွက်ဆိုကြ သော ဤသူတို့၏သက်သေခ ံချက်များကား မည်သည့် အရာကိုဆိုလ်ိုသနည်းဟု ကိုယ်တော်အား မေးလေ၏။-
Matt BurCBCM 26:63  ယေဇူးမူကား တိတ်ဆိတ်စွာနေတော်မူ၏။ ရဟန်းချုပ်က လည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏သားတော်ဟုတ်၊ မဟုတ်ကို ငါတို့အား ပြောပြမည့်အ ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကိုတိုင် တည်၍ သင့်အား ငါအမိန့်ရှိသည်ဟုဆို၏။-
Matt BurCBCM 26:64  ယေဇူးက လည်း သင်ဆိုလေပြီ။ သို့သော် သင်တို့အား ငါဆိုသည် ကား လူသားသည် တန်ခိုးတော်ရှင်၏လက်ယာဘက်၌ ထိုင်လျက် မိုးတိမ်ပေါ်မှကြွလာသည်ကို နောင်ကာလ၌ သင်တို့မြင်ကြရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
Matt BurCBCM 26:65  ထို အခါ ရဟန်းချုပ်သည် မိမိ၏ဝတ်ရုံတို့ကိုဆုတ်လျက် သူသည်ဘုရားသခင်အား ထိခိုက်သောစကားကို ပြော ဆိုခဲ့လေပြီ။ မည်သည့်သက်သေများ ငါတို့လိုပါသေး သနည်း။ ဘုရားသခင်အားထိခိုက်သော သူ၏စကားကို ယခုပင် သင်တို့ကြားကြရလေပြီ။-
Matt BurCBCM 26:66  သင်တို့မည်သို့ထင် မြင်ကြသနည်းဟုဆိုလျှင် သူတို့က ဤသူသည် သေ ထိုက်၏ဟု ပြန်ဖြေကြ၏။-
Matt BurCBCM 26:67  ထို့နောက် သူတို့သည် ကိုယ် တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၍ ကိုယ် တော့်ကို လက်သီးနှင့်ထိုးကြ၏။ တချို့သည် ကိုယ်တော် ၏ပါးကိုရိုက်ကြလျက်၊-
Matt BurCBCM 26:68  အသင်ခရစ်တော်၊ သင့်အား မည်သူရိုက်သည်ကို အကျွန်ုပ်တို့အား ပရောဖက်ဉာဏ် နှင့်ဟောတော်မူပါဟုဆိုကြ၏။
Matt BurCBCM 26:69  ပေတရုမူကား အိမ်တော်ဝင်းအပြင်ဘက်၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် သူ့ထံသို့လာ၍ သင် သည်လည်း ဂါလေလေးယနယ်သား ယေဇူးနှင့်အတူရှိ ခဲ့သည်ဟု ဆို၏။-
Matt BurCBCM 26:70  သို့သော် သူက သင်မည်သည့်အရာ ကိုပြောဆိုကြောင်း ငါမသိဟုဆို၍ လူအပေါင်းတို့၏ရှေ့ ၌ ငြင်းဆိုလေ၏။-
Matt BurCBCM 26:71  ထို့နောက် သူသည် အိမ်တော်ဝင်းတံခါး ဆီသို့ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီး တစ်ဦးသည် သူ့ကိုမြင်၍ ထိုနေရာ ၌ရှိသောသူတို့အား ဤသူသည် နာဇရက်မြို့သားယေဇူးနှင့်အတူရှိခဲ့ပါသည် ဟုဆိုလျှင်၊-
Matt BurCBCM 26:72  သူက ထိုသူကို ငါမသိပါဟုကျိန်ဆို၍ တစ်ဖန်ငြင်းဆိုပြန်၏။-
Matt BurCBCM 26:73  အချိန်အနည်းငယ်ကြာပြီးနောက် အနီးတွင်ရပ်နေသောသူများသည် ပေတရုထံသို့ လာကြ ၍ အမှန်စင်စစ် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်၏။ အကြောင်းမူကား သင်ပြောဆိုသော စကားသံကပင် သိသာထင်ရှားစေသည်ဟုဆိုကြ၏။-
Matt BurCBCM 26:74  ထိုအခါ သူက ထိုသူကို ငါမသိဟု မိမိကိုယ်ကို ကျိန်တွယ် ပြောဆိုလေ၏။ ထိုခဏချင်းတွင်ပင် ကြက်တွန်လေ ၏။-
Matt BurCBCM 26:75  ဤတွင် ပေတရုသည် ကြက်မတွန်မီ သင်သည် ငါ့ အား သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်ဟု ယေဇူးမိန့် တော်မူသောစကား ကို အောက်မေ့သတိရသဖြင့် အပြင် သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
Chapter 27
Matt BurCBCM 27:1  နံနက်အချိန်ရောက်သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးအားလုံးတို့သည် ယေဇူးကို သေဒဏ်စီရင်ခြင်း ငှာ ဆွေးနွေးတိုင်ပင်ကြ၏။-
Matt BurCBCM 27:2  ထို့နောက် သူတို့သည် ကိုယ်တော့်ကိုချည်နှောင်လျက် ခေါ် ဆောင်သွားကြပြီးလျှင် ဘုရင်ခံ ပီလာတုမင်း၏လက်သို့ အပ်လိုက် ကြ၏။
Matt BurCBCM 27:3  ထိုအခါ ကိုယ်တော်သည် သေဒဏ်စီရင်ခြင်းခံရသည်ကို သစ္စာဖောက်သူဂျုဒမြင်လျှင် နောင်တရ၍ငွေ ဒင်္ဂါးသုံးဆယ်ကို ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါ ကြီးတို့ထံသို့ပြန်ယူခဲ့ပြီး၊-
Matt BurCBCM 27:4  အကျွန်ုပ်သည် အပြစ်ကင်းသူ ၏သွေးအပေါ် သစ္စာဖောက်ခြင်းဖြင့် အပြစ်ပြုမိခဲ့ပြီဟုဆို ၏။ သူတို့ကလည်း ငါတို့နှင့်အဘယ် သို့ဆိုင်သနည်း။ သင်၏အမှုကိစ္စကို သင်ဖြေရှင်းလော့ဟုဆိုကြ၏။-
Matt BurCBCM 27:5  ထိုအခါ သူသည် ဗိမာန်တော်အတွင်း၌ ထိုငွေများကို ပစ်ချ ခဲ့ပြီး ထွက်ခွာသွား၏။ ထို့နောက် သူသည် သွား၍ မိမိ ကိုယ်ကိုဆွဲကြိုး ချသေလေ၏။-
Matt BurCBCM 27:6  ရဟန်းအကြီးအကဲတို့ မူကား ထိုငွေကိုကောက်ယူ၍ ပြောကြသည်မှာ ဤငွေကို ဘဏ္ဍာတော်တိုက်၌ မထည့်အပ်။ အကြောင်းမူကား ယင်းသည် သွေး၏တန်ဖိုးငွေဖြစ်သည်ဟုဆိုကြ၏။-
Matt BurCBCM 27:7  ထို့ ကြောင့် သူတို့သည် တိုင်ပင်ကြပြီးမှ သူစိမ်းဧည့်သည်တို့အား သဂြိုဟ်ခြင်းငှာ အိုးထိန်းသည်၏မြေတစ်ကွက်ကို ထိုငွေဖြင့်ဝယ်ကြ၏။-
Matt BurCBCM 27:8  ထို့ကြောင့် ထိုမြေကွက်ကို ယနေ့ တိုင်အောင် သွေးဖြင့်ရင်းရသောမြေဟုခေါ်ဆိုကြ၏။-
Matt BurCBCM 27:9  ထို အခါ ပရောဖက်ဂျေရေမိယ၏ဟောထားချက်သည် ပြည့် စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်သည်ကား သူ တို့သည် ထိုသူ၏တန်ဖိုးအဖြစ် အစ္စရာအဲလ်လူမျိုးတချို့ တန်ဖိုးဖြတ်ထားသော ငွေဒင်္ဂါးသုံးဆယ်ကိုယူကြ၍၊-
Matt BurCBCM 27:10  ငါ့အား ထာ၀ရဘုရားသခင်ဗျာဒိတ်ထားတော်မူခဲ့သည့် အတိုင်း အိုးထိန်းသည်၏မြေကွက်အတွက် ပေးကြလေ ပြီဟုလာ သတည်း။
Matt BurCBCM 27:11  ယေဇူးသည် ဘုရင်ခံ၏ရှေ့မှောက်၌ ရပ်နေတော် မူသောအခါ ဘုရင်ခံက သင်သည် ဂျူးလူမျိုးတို့၏ဘုရင် ဖြစ်သလောဟု မေးလျှင် ယေဇူးက သင်ဆိုလေပြီဟု သူ့ အားမိန့်တော်မူ၏။-
Matt BurCBCM 27:12  သို့သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးတို့သည် ကိုယ်တော်အား စွပ်စွဲပြောဆို ကြသောအခါ ကိုယ်တော်သည် မည်သို့မျှပြန်ဖြေတော် မမူ။-
Matt BurCBCM 27:13  ထိုအခါ ပီလာတုမင်းက သင့်အပေါ်စွပ်စွဲထားသော ထွက်ဆိုချက်များ မည်မျှများပြားသည်ကို သင်မကြား သလောဟု မေးလေ၏။-
Matt BurCBCM 27:14  သို့သော် ကိုယ်တော်သည် စွပ်စွဲချက်တစ်ခုကိုမျှ ပြန်လည်ဖြေကြားခြင်းမပြုသော ကြောင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
Matt BurCBCM 27:15  ဘုရင်ခံသည် ပွဲတော်အချိန်အခါတွင် လူအများ တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်မြဲထုံးစံရှိ ၏။-
Matt BurCBCM 27:16  ထိုအချိန်တွင် ဆိုးသွမ်းခြင်း၌ ကျော်ကြားသော ဘာရဘဟုအမည်တွင်သည့် အကျဉ်းသားတစ်ယောက်ရှိ၏။-
Matt BurCBCM 27:17  လူအများစုရုံးလာကြသောအခါ ပီလာတုမင်းက သင်တို့အဖို့ မည်သူ့ကို ငါလွှတ်ပေးရန် သင်တို့အလိုရှိ ကြသနည်း။ ဘာရဘကိုလော၊ ခရစ်တော်ဟုခေါ်သော ယေဇူးကိုလောဟု သူတို့အား မေးလေ၏။-
Matt BurCBCM 27:18  အကြောင်းမူကား သူတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ်နှံခဲ့ကြကြောင်း သူသိ၏။-
Matt BurCBCM 27:19  ထို့ပြင် သူသည် တရား ပလ္လင်တွင်ထိုင်နေစဉ် သူ၏ဇနီးက သတင်းပို့သည်မှာ ထိုဖြောင့်မတ်သောသူ၏အမှု၌ မည်သို့မျှမပတ်သက်ပါ နှင့်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျွန်မသည် ထိုသူ ကြောင့် အိပ်မက်တွင် စိတ်ဒုက္ခများစွာခံစားခဲ့ရပြီဟု မှာ ကြားထားလေ၏။-
Matt BurCBCM 27:20  ရဟန်းအကြီးအကဲတို့နှင့် သက် ကြီးဝါကြီးတို့ကမူ ဘာရဘကိုလွှတ်၍ ယေဇူးကို သတ် စေမည့်အကြောင်း တောင်းဆိုရန် လူအစုအဝေးကို သွေး ဆောင်စည်းရုံးကြ၏။-
Matt BurCBCM 27:21  ဘုရင်ခံက သူတို့အား ဤသူ နှစ်ယောက်တို့တွင် မည်သူ့ကို သင်တို့အဖို့ လွှတ်စေ လိုကြသနည်းဟု မေးသောအခါ သူတို့က ဘာရဘဟု ဆိုကြ၏။-
Matt BurCBCM 27:22  ပီလာတုမင်းကလည်း သို့ဖြစ်လျှင် ခရစ်တော် ဟုခေါ်သောယေဇူးကို ငါမည်သို့ပြုရမည်နည်းဟု သူတို့ အား မေးသော် သူတို့အားလုံးက သူ့ကို လက်ဝါးကပ် တိုင်တင်၍ သတ်ပါဟုဆိုကြ၏။-
Matt BurCBCM 27:23  ထိုအခါ ဘုရင်ခံက အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်မကောင်းမှုကို ပြုခဲ့မိသနည်းဟုမေးလေ၏။ သို့သော် သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြ၏။
Matt BurCBCM 27:24  ပီလာတုမင်းသည်ကား မိမိ၏စကားအကျိုးသက် ရောက်မှုမရှိသည်သာမက စတင်၍ရုန်းရင်းဆန်ခတ်ဖြစ် လာသည်ကိုပင်မြင် သောအခါ ရေကိုယူ၍ လူအများရှေ့ တွင် မိမိ၏လက်များကိုဆေးလျက် ဤဖြောင့်မတ်သော သူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့၏အမှုကိစ္စကို သင်တို့သာလျှင် လုပ်ဆောင်ကြလော့ဟုဆို၏။-
Matt BurCBCM 27:25  လူ အပေါင်းတို့ကလည်း သူ၏သွေးသည် ငါတို့နှင့် ငါတို့၏ သားသမီးများအပေါ် ကျရောက်ပါစေဟု ပြန်ပြောကြ၏။-
Matt BurCBCM 27:26  ထို့နောက် သူသည် သူတို့အတွက် ဘာရဘကိုလွှတ်၍ ယေဇူးကိုမူကား ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေခြင်းငှာ အပ်လိုက်လေ၏။
Matt BurCBCM 27:27  ထိုအခါ ဘုရင်ခံ၏စစ်သူရဲများသည် ယေဇူးကို ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားကြ လျက် စစ်သူရဲတစ်တပ်လုံး ကိုလည်း အထံတော်၌စုရုံး စေကြ၏။-
Matt BurCBCM 27:28  ထို့နောက် သူတို့သည် ကိုယ်တော်၏အဝတ် များကိုချွတ်၍ ကိုယ်တော့်အပေါ်၌ နီသောဝတ်ရုံကိုခြုံ ပေးကြ၏။-
Matt BurCBCM 27:29  သူတို့သည် ဆူးခက်နှင့်ခွေထားသောဦးရစ် ကိုလည်းပြုလုပ်ကြ၍ ၎င်းကို ကိုယ်တော်၏ဦးခေါင်းတော် ပေါ်၌တင်ကြကာ ကျူရိုးတစ်ချောင်းကိုလည်း ကိုယ်တော် ၏လက်ယာလက်တော်၌ကိုင်စေပြီးလျှင် ရှေ့တော်၌ ဒူးထောက်ကြလျက် ဂျူးလူမျိုးတို့၏ဘုရင်အား မင်္ဂလာ ရှိစေသတည်းဟု ပြက်ရယ်ပြုကြ၏။-
Matt BurCBCM 27:30  ထို့နောက် သူတို့ သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြ၍ ကျူရိုးကို ယူပြီးလျှင် ဦးခေါင်းတော်ကို ရိုက်ကြ၏။-
Matt BurCBCM 27:31  သူတို့သည် ကိုယ်တော့်ကို ထိုသို့ပြက်ရယ်ပြုကြပြီးနောက် နီသော ဝတ်ရုံကိုချွတ်၍ ကိုယ်တော်၏အဝတ်များကို ပြန်ဝတ် စေပြီးလျှင် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ခြင်းငှာ ခေါ်ဆောင်သွားကြ၏။
Matt BurCBCM 27:32  သူတို့သည် ရုံးတော်မှထွက်ခွာလာကြစဉ် စီမွန် အမည်ရှိသော ဆီရီနေမြို့သားတစ်ဦးကိုတွေ့ကြသော အခါ ထိုသူ့ကိုအနိုင် အထက်ပြု၍ ကိုယ်တော်၏လက်ဝါး ကပ်တိုင်ကိုထမ်းစေကြ၏။-
Matt BurCBCM 27:33  ထို့နောက် ဦးခေါင်းခွံအရပ် ဟု အဓိပ္ပာယ်ရသော ဂေါလ်ဂေါသအရပ်သို့ရောက်ကြ သောအခါ၊-
Matt BurCBCM 27:34  သူတို့သည် ကိုယ်တော်အား သည်းခြေနှင့် ရောသောစပျစ်ရည်ကိုသောက်ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် ၎င်းကို မြည်းကြည့်ပြီးလျှင် မသောက် ဘဲနေတော်မူ၏။-
Matt BurCBCM 27:35  သူတို့သည်လည်း ကိုယ်တော့်ကို လက် ဝါးကပ်တိုင်တင်ပြီးသောအခါ ကိုယ်တော်၏အဝတ်များ ကို မိမိတို့အချင်းချင်း မဲချ၍ ခွဲဝေယူကြ၏။-
Matt BurCBCM 27:36  ထို့နောက် သူ တို့သည် ထိုင်၍ ကိုယ်တော့်ကို ထိုအရပ်မှ စောင့်ကြည့် နေကြလေ၏။-
Matt BurCBCM 27:37  ကိုယ်တော်၏ဦးခေါင်းတော်အပေါ်၌ လည်း ဤသူသည်ကား ဂျူးလူမျိုးတို့၏ဘုရင်၊ ယေဇူးဖြစ် သတည်းဟူသော ကိုယ်တော့်အပေါ် စွဲချက်တင်ထား သည့်စာတမ်းကို တပ်ထားကြ၏။-
Matt BurCBCM 27:38  ထိုအချိန်၌ ဓားပြနှစ် ယောက်တို့သည် ကိုယ်တော်နှင့်အတူ လက်ယာဘက် ၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် လက်ဝါးကပ် တိုင်တင်ထားခြင်း ခံကြရ၏။-
Matt BurCBCM 27:39  လမ်းသွားလမ်းလာတို့ သည်လည်း မိမိတို့ဦးခေါင်းများကိုယမ်းကြလျက် လှောင် ပြောင်ကာ၊-
Matt BurCBCM 27:40  ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊ သင့်ကိုယ်သင်ကယ်တင်ပါလော့။ သင်သည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် လက်ဝါး ကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
Matt BurCBCM 27:41  ထိုနည်းတူ ပင် ရဟန်းအကြီးအကဲတို့သည်လည်း ကျမ်းတတ်ဆရာ များ၊ သက်ကြီးဝါကြီးများတို့နှင့်အတူ ကိုယ်တော်အား လှောင်ပြောင်လျက်၊-
Matt BurCBCM 27:42  ဤသူသည်တခြားသောသူတို့ကို ကယ်တင်ခဲ့၏။ မိမိကိုယ်ကိုမူကား မကယ်တင်နိုင်။ သူ သည် အစ္စရာအဲလ်လူမျိုး၏ဘုရင် ဖြစ်လျှင် လက်ဝါးကပ် တိုင်ပေါ်မှ ယခုဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကို ယုံကြည်ပါတော့မည်။-
Matt BurCBCM 27:43  သူသည် ဘုရားသခင်ကို ယုံ ကြည်အားထားသောသူဖြစ်၏။ ဘုရားသခင်သည် သူ့ကို အလိုရှိတော်မူလျှင် ယခုပင် သူ့ကိုကယ်တင်တော်မူပါစေ။ အကြောင်းမူကား သူက ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏ဟုဆိုခဲ့သည်ဟူ၍ ပြောဆိုကြ လေ၏။-
Matt BurCBCM 27:44  ကိုယ် တော်နှင့်အတူ လက်ဝါးကပ်တိုင်တင်ခံကြရသော ဓားပြတို့သည်လည်း ကိုယ်တော့်ကို ထိုနည်းတူပုတ် ခတ်ပြော ဆိုကြ၏။
Matt BurCBCM 27:45  မွန်းတည့်အချိန်မှစ၍ မွန်းလွဲသုံးနာရီအချိန်တိုင် အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိကျရောက်လေ၏။-
Matt BurCBCM 27:46  သုံးနာရီအချိန်ခန့်တွင် ယေဇူးသည် ကျယ်လောင် သောအသံနှင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု ဟစ် အော်တော်မူ၏။ အဓိပ္ပာယ်ကား အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ် ထားတော်မူပါသနည်းဟု ဆိုလိုသ တည်း။-
Matt BurCBCM 27:47  ထိုနေရာ၌ ရပ်နေသူအချို့တို့သည် ထိုစကားကိုကြားကြလျှင် ဤသူ သည် ဧလိယကိုခေါ်နေသည်ဟု ဆိုကြ၏။-
Matt BurCBCM 27:48  ထိုသူတို့ တွင် တစ်ယောက်သည် ချက်ချင်းပြေးကာ ရေမြှုပ်တစ်ခု ကိုယူ၍ ပုန်းရည်ဖြင့်ပြည့်စေပြီးလျှင် ၎င်းကို ကျူရိုးတွင် တပ်လျက် ကိုယ်တော်အား သောက်စေခြင်းငှာ ပေးလေ ၏။-
Matt BurCBCM 27:49  သို့သော် အခြားသောသူတို့က ခေတ္တစောင့်ပါဦး၊ သူ့ အား ကယ်တင်ရန် ဧလိယလာ၊ မလာကိုကြည့်ကြစို့ဟု ဆိုကြ၏။-
Matt BurCBCM 27:50  ယေဇူးမူကား ကျယ်သောအသံဖြင့် တစ်ဖန် ဟစ်အော်တော်မူ၍ အသက်တော်ကို စွန့်လိုက်တော်မူ ၏။
Matt BurCBCM 27:51  ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်၍ နှစ်ခြမ်းကွဲ သွားလေ၏။ မြေငလျင်ကြီးစွာလှုပ်၍ ကျောက်ဆောင် များလည်း ကွဲအက်လေ၏။-
Matt BurCBCM 27:52  သင်္ချိုင်းဂူများသည်လည်း ပွင့်သဖြင့် သေလွန်ပြီးသောသူတော် ကောင်း တို့၏ခန္ဓာ ကိုယ်များသည် ပြန်ရှင်ကြ၏။- ထိုသူတို့ သည် ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူပြီးသည့်နောက်တွင် သင်္ချိုင်းဂူများမှထွက်လာကြ၍ သန့်ရှင်းသောမြို့တွင်းသို့ ဝင်ရောက် ကြကာ လူများစွာတို့အား ထင်ရှားပြကြလေ ၏။-
Matt BurCBCM 27:53  ယေဇူးကိုစောင့်ကြည့်လျက်ရှိကြသော လူတစ်ရာ တပ်မှူးနှင့် သူနှင့်အတူရှိသောသူတို့သည် ငလျင်လှုပ် ခြင်းနှင့် ဖြစ်ပျက်သမျှ အခြင်းအရာတို့ကို တွေ့မြင်ကြရ သောအခါ လွန်စွာထိတ်လန့်အံ့ဩကြ၍ ဤသူသည် ဘုရားသခင်၏သားတော် ဧကန်အမှန်ဖြစ် ပေသည်ဟု ဆိုကြ၏။
Matt BurCBCM 27:54  ယေဇူး၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်၍ အလုပ်အကျွေးပြုနေကြသည့်အမျိုးသမီးများစွာသည် ထိုနေရာတွင် ရှိနေကြပြီး ခပ်လှမ်းလှမ်းမှ ကြည့်ရှု နေကြ၏။-
Matt BurCBCM 27:55  ထိုသူတို့ထဲတွင် မာရိယာမာဒလေးနာ၊ ယာ ကုပ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သောမာရိယာနှင့် ဇေဘေ ဒေးဦး၏သားတို့၏ မိခင်သည်လည်း ပါရှိလေ၏။
Matt BurCBCM 27:56  ညနေအချိန်ရောက်လျှင် ယေဇူး၏တပည့်တစ်ဦး ဖြစ်သည့် အာရီမာတေးယမြို့သားဂျိုးဇက်အမည်ရှိသော ချမ်းသာကြွယ်၀ သူတစ်ဦးရောက်လာလေ၏။-
Matt BurCBCM 27:57  သူသည် ပီလာတုမင်းထံသို့သွားပြီးလျှင် ယေဇူး၏အလောင်း တော်ကို တောင်းလေ၏။ ထိုအခါ ပီလာတုမင်းက အလောင်း တော်ကို သူ့အား ပေးရန် အမိန့်ချလိုက်လေ၏။-
Matt BurCBCM 27:58  ဂျိုးဇက်သည်လည်း အလောင်းတော်ကိုယူဆောင် ၍ ဖြူစင်သောပိတ်အဝတ်ဖြင့် ပတ်ရစ်ပြီး၊-
Matt BurCBCM 27:59  ကျောက် ဆောင်တွင်ထွင်းထား သော၊ မိမိပိုင်ဆိုင်သည့်သင်္ချိုင်းဂူ အသစ်၌ ကိုယ်တော်၏အလောင်းတော်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သင်္ချိုင်းတွင်းအဝ၌ ကြီးမား သောကျောက်တုံးတစ်တုံးကို လှိမ့်၍ ပိတ်ထားခဲ့ပြီးမှ ထွက်ခွာသွားလေ၏။-
Matt BurCBCM 27:60  မာရိယာမာဒလေးနာနှင့် အခြား သော မာရိယာတို့သည် သင်္ချိုင်းတော်ကို မျက်နှာမူလျက် ထိုနေရာ၌ ထိုင်နေကြလေ၏။
Matt BurCBCM 27:62  ပွဲတော်အတွက် ပြင်ဆင်ရသောနေ့လွန်ပြီး နောက်တစ်ရက်တွင် ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့သည် ပီလာတုမင်း ရှေ့တွင် စုရုံးကြလျက်၊-
Matt BurCBCM 27:63  အရှင်မင်းကြီး၊ ထိုလှည့်ဖြားတတ်သောသူအသက်ရှင်စဉ်က ငါသည် သုံးရက်မြောက်သောနေ့၌ တစ်ဖန်ထမြောက်လိမ့်မည်ဟု ဆိုခဲ့ဖူးသည်ကို အကျွန်ုပ်တို့မှတ်မိပါသည်။-
Matt BurCBCM 27:64  ထို့ကြောင့် သူ၏တပည့်တို့သည် သွားကြ၍ သူ၏အလောင်းကို ခိုးယူကြပြီး သူသည် သေခြင်းမှ ရှင်ပြန်ထမြောက် လေပြီဟု လူတို့အား ပြောဆိုကြပါလျှင် ယခင်လှည့်ဖြားခြင်းထက် နောက်လှည့်ဖြားခြင်းက ပို၍ကြီးမည်ကို စိုးရိမ်ရပါသည်။ သို့ဖြစ်၍ သင်္ချိုင်းဂူကို သုံးရက်မြောက်သောနေ့တိုင်အောင် လုံခြုံစွာ စောင့်ကြပ်ပေးစေရန် အမိန့်ပေးတော်မူပါဟု လျှောက်ကြလေ၏။-
Matt BurCBCM 27:65  ပီလာတုမင်းက သင်တို့၌ အစောင့်တပ်ရှိ၏ ၊ သွား၍ သင်တို့တတ်နိုင်သမျှ လုံခြုံအောင် စောင့်ကြပ်ကြလော့ဟု သူတို့အား ဆိုလေ၏။-
Matt BurCBCM 27:66  ထို့ကြောင့် သူတို့သည်လည်း သွားကြ၍ ကျောက်တုံးကို တံဆိပ်ခတ်နှိပ်ကာ အစောင့်များချထားကြလျက် သင်္ချိုင်းဂူကို လုံခြုံအောင် စောင့်ကြပ်စေကြ၏။
Chapter 28
Matt BurCBCM 28:1  ။ ဥပုသ်နေ့လွန်ပြီးနောက် ရက်သတ္တပတ်၏ပထမနေ့ အရုဏ်တက်ချိန်၌ မာရိယာမာဒလေးနာနှင့် အခြားသော မာရိယာသည် သင်္ချိုင်းတော်ကို ကြည့်ရှုရန်လာကြ၏။-
Matt BurCBCM 28:2  ထိုအခါ ရုတ်တရက်မြေငလျင်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား ထာ၀ရဘုရားသခင်၏ကောင်း ကင်တမန်တော် တစ်ပါးသည် ကောင်းကင်မှဆင်းလာ၍ သင်္ချိုင်းဂူ၀ရှိကျောက်တုံးကို လှိမ့်ဖယ်ပြီး ၎င်းပေါ်၌ ထိုင် နေသောကြောင့်ဖြစ်၏။-
Matt BurCBCM 28:3  သူ၏အဆင်းသဏ္ဌာန်သည် လျှပ်စီးလက်သကဲ့သို့ဖြစ်၍ သူ၏အဝတ်မှာလည်း နှင်းကဲ့သို့ဖြူဖွေးလေ၏။-
Matt BurCBCM 28:4  အစောင့်တို့သည်လည်းကောင်း ကင်တမန်တော်ကို လွန်စွာကြောက်ရွံ့ကြသောကြောင့် တုန်လှုပ်ကာ လူသေကောင်များ ကဲ့သို့ဖြစ်ကြလေ၏။-
Matt BurCBCM 28:5  အမျိုးသမီးတို့ကိုမူ ကောင်းကင်တမန်တော်က ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား လက်ဝါးကပ်တိုင်ပေါ် တွင် အသတ်ခံရသောယေဇူးအား သင်တို့ရှာနေကြ သည်ကို ငါသိ၏။-
Matt BurCBCM 28:6  ကိုယ်တော်သည် ဤနေရာတွင်မရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိန့်တော်မူ ခဲ့သည့်အတိုင်း ရှင်ပြန်ထမြောက် တော်မူလေပြီ။ ကိုယ် တော်လျောင်းတော်မူခဲ့သောနေရာကို လာ၍ ကြည့်ကြလော့။-
Matt BurCBCM 28:7  ထို့နောက် သင်တို့အလျင်အမြန်သွားကြ၍ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ ကြောင်းကို ကိုယ်တော်၏ တပည့်တော်တို့အား ပြောကြားကြလော့။ ကိုယ်တော်သည် ဂါလေလေးယနယ်သို့ သင်တို့အလျင်ဦးစွာကြွတော်မူမည်ဖြစ်၍ ထိုနေရာ၌ ကိုယ်တော့်ကို သင်တို့ဖူးမြင်ကြရလိမ့်မည်ဖြစ်ကြောင်း သင်တို့အား ယခုငါပြောထားနှင့်ပြီဟု ဆိုလေ၏။-
Matt BurCBCM 28:8  သူတို့ သည်လည်း ကြောက်ရွံ့ ခြင်းနှင့် ကြီးစွာသောဝမ်းမြောက် ခြင်းတို့ဖြင့်ပြည့်လျက် သင်္ချိုင်းတော်မှ အလျင်အမြန် ထွက်သွား ကြ၍ ကိုယ်တော်၏တပည့်တော်တို့အား ပြောကြားရန် ပြေးသွားကြလေ၏။-
Matt BurCBCM 28:9  ထိုအခါ ယေဇူး သည် သူတို့နှင့်တွေ့ဆုံ၍ သင်တို့၌ မင်္ဂလာရှိပါစေဟု နှုတ်ဆက်လေ၏။ သူတို့သည်လည်း အထံတော်သို့ ချဉ်း ကပ်ကြ၍ ကိုယ်တော်၏ခြေတော်ကိုဖက်ကိုင်ကြလျက် ပျပ်ဝပ်ရှိခိုးကြ၏။-
Matt BurCBCM 28:10  ထို့နောက် ယေဇူးက မကြောက်ကြ နှင့်။ သွားကြ၍ ငါ၏ညီအစ်ကိုများအား ဂါလေလေးယ နယ် သို့ သွား ရန် ပြောကြားလော့။ ထိုအရပ်၌ သူတို့သည် ငါ့ကို မြင်တွေ့ ကြရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
Matt BurCBCM 28:11  သူတို့ထွက်သွားကြစဉ် အချို့သောအစောင့်များသည် မြို့တွင်းသို့ဝင်၍ ရဟန်းအကြီးအကဲတို့အား ဖြစ်ပျက်သမျှအကြောင်း စုံကို ပြောပြကြလေ၏။-
Matt BurCBCM 28:12  ထိုအခါ သူတို့သည် သက်ကြီးဝါကြီးများနှင့်အတူ စည်းဝေးတိုင်ပင်ကြပြီးနောက် စစ်သူရဲတို့အား ငွေအမြောက်အမြား ပေးလျက်၊-
Matt BurCBCM 28:13  ညအချိန်၌ ငါတို့အိပ်ပျော်နေကြစဉ် သူ၏ တပည့်တို့သည် လာကြ၍ သူ၏အလောင်းကို ခိုးယူသွား ကြပါသည်ဟု လူတို့အား ပြောကြလော့၊-
Matt BurCBCM 28:14  ဤအကြောင်း ကို ဘုရင်ခံကြားသိခဲ့လျှင် ငါတို့သည် သူကျေနပ်သည့် တိုင်အောင် ဖျောင်းဖျပြောဆို၍ သင်တို့ဒုက္ခမရောက်စေ ရန် ဆောင်ရွက်ပေးမည်ဟု သူတို့အား မှာထားကြ၏။-
Matt BurCBCM 28:15  သူတို့သည်လည်း ငွေကိုယူ၍ မိမိတို့အား ညွန်ကြားထားသည့်အတိုင်း ဆောင်ရွက်ကြ၏။ ဤစကားသည် ဂျူးလူ မျိုးများအကြားတွင် ယနေ့တိုင်အောင် ပျံ့နှံ့လျက်ရှိ၏။
Matt BurCBCM 28:16  တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည်လည်း ယေဇူးမှာကြားထားတော်မူသည့်အတိုင်း ဂါလေလေးယနယ်ရှိ တောင်ပေါ်သို့ သွားကြ၏။-
Matt BurCBCM 28:17  သူတို့သည် ကိုယ် တော့်ကိုတွေ့ မြင်ကြသောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ သော် အချို့မူကား သံသယရှိနေကြလေ၏။-
Matt BurCBCM 28:18  ထိုအခါ ယေဇူးသည် ချဉ်းကပ်တော်မူ၍ ကောင်းကင်ဘုံ၌လည်း ကောင်း၊ ကမ္ဘာမြေပေါ်၌လည်းကောင်း စီရင်ပိုင်ခွင့်အာ ဏာရှိသမျှတို့ကို ငါ့အားပေးအပ်ထားလျက်ရှိ၏။-
Matt BurCBCM 28:19  ထို့ ကြောင့် သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏ တပည့်များဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ သူတို့ကို ဆေးကြောကြလော့။-
Matt BurCBCM 28:20  သင်တို့အား ငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှာ သူတို့ကို သွန်သင်ကြလော့။ ငါသည်ကား ကမ္ဘာကုန်သည့် တိုင်အောင် သင်တို့ နှင့်အတူ အစဉ်ရှိမည်ဟု သူတို့အား မိန့်တော်မူလေ၏။