Toggle notes
Chapter 1
Prov | BurCBCM | 1:2 | လူတို့အား ဉာဏ်ပညာနှင့် စည်းကမ်းကျင့်ဝတ်များအကြောင်းကို သိရှိစေပြီး လေးနက်သောအဓိပ္ပာယ်ရှိသည့်စကားလုံး များကိုနားလည်စေရန်လည်းကောင်း၊- | |
Prov | BurCBCM | 1:3 | သမ္မာသတိရှိ ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် မျှတစွာ ပေါင်းသင်းဆက်ဆံခြင်းများရရှိစေရန်လည်းကောင်း၊- | |
Prov | BurCBCM | 1:4 | အသိပညာနည်းသူတို့အား မှန်ကန်စွာ ဆုံးဖြတ်တတ်စေရန် သင်ကြားပေး၍ လူငယ်များအား အသိပညာနှင့် သမ္မာသတိရှိ စေရန်လည်းကောင်းဖြစ်ကြ၏။- | |
Prov | BurCBCM | 1:6 | ပိုင်းခြားဝေဖန်သိမြင်တတ်သောသူသည် စကားပုံများ၊ အဓိပ္ပာယ်နက်နဲသည့်ဆိုရိုးစကားများ၊ ပညာရှိသုခမိန်တို့၏အဆို အမိန့်များနှင့် ပဟေဠိစကား၊ စကားထာများ၏ အနက်အဓိပ္ပာယ်များကို နားလည် သဘောပေါက်စေသည့်အသိပညာ ကိုရရှိ ပါစေ။ | |
Prov | BurCBCM | 1:7 | ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အစမူလပင်ဖြစ်၏။ လူမိုက်တို့သည် ဉာဏ်ပညာနှင့် စည်းကမ်းကျင့်ဝတ်များကို မထီမဲ့မြင်ပြုတတ် ကြ၏။ | |
Prov | BurCBCM | 1:8 | ငါ့သား၊ သင့်ဖခင်၏ဆုံးမပြောဆိုချက်များကို နားထောင်၍ သင့်မိခင်၏သွန်သင်ချက်များကိုလည်း မပစ်ပယ်လေနှင့်။- | |
Prov | BurCBCM | 1:9 | ထိုဆုံးမသွန်သင်ချက်တို့သည် သင်၏ဦးခေါင်းအတွက် လှပသောဦးရစ်နှင့်လည်ပင်းအတွက် တင့်တယ်သောလည်ဆွဲ တန်ဆာဖြစ်ကြလိမ့်မည်။- | |
Prov | BurCBCM | 1:10 | ငါ့သား၊ အပြစ်ကျူးလွန်သူတို့သည် သင့်ကိုဖြားယောင်း သွေးဆောင်သောအခါ သူတို့၏အလိုသို့မလိုက်လျော လေနှင့်။- | |
Prov | BurCBCM | 1:11 | အကယ်၍ သူတို့က သင့်အား ငါတို့နှင့်အတူ လိုက်လော့။ လူ့အသက်ကိုသတ်ရန် အခွင့်ကောင်းကို စောင့်ကြစို့။ အပြစ်မဲ့ သူတို့ကို မညှာမတာချောင်းမြောင်း တိုက်ခိုက်ကြစို့။- | |
Prov | BurCBCM | 1:12 | သေတွင်းထဲသို့ ဆွဲချလိုက်သကဲ့သို့လည်းကောင်း၊ သေခြင်းတရားက ရုတ်တရက်အသက် နုတ်ယူလိုက်သကဲ့သို့လည်း ကောင်း သူတို့ကို အသေ သတ်ကြစို့။- | |
Prov | BurCBCM | 1:13 | ငါတို့သည် အဖိုးတန်ဘဏ္ဍာအမျိုးမျိုးကို ရရှိကြ၍ ငါတို့လုယူရရှိသောဥစ္စာဘဏ္ဍာတို့နှင့် ငါတို့၏ အိမ်များကို ပြည့်စေမည်။- | |
Prov | BurCBCM | 1:14 | သင်သည် ငါတို့နှင့်အတူပါ ဝင်ပါလော့။ ငါတို့ရရှိသမျှသောဥစ္စာရွှေငွေများကို ညီတူ ညီမျှဝေခွဲသုံးစွဲမည်ဟု ဆိုခဲ့သော်၊- | |
Prov | BurCBCM | 1:16 | အကြောင်းမူကား သူတို့သည် မကောင်းမှု ကျူးလွန်ရန်လည်း ဝန်မလေးကြ။ လူ့အသက်ကိုသတ်ရန်လည်း လက်မရွံ့ကြ ချေ။- | |
Prov | BurCBCM | 1:18 | အမှန်စင်စစ် ထိုသူတို့သည် မိမိတို့၏ အသက်ကို မိမိတို့ထောင်ချောက်ဆင်ထားကြခြင်းဖြစ်၏။ သူတို့သည် မိမိတို့ကိုယ်ကို ချောင်းမြောင်းတိုက်ခိုက် ခြင်းသာဖြစ်၏။- | |
Prov | BurCBCM | 1:19 | ဤသည်ကား မသမာသောနည်းဖြင့် စီးပွားရှာသူတို့၏လမ်းစဉ်ပင်ဖြစ်၏။ မသမာသောနည်းဖြင့် ကြီးပွားချမ်းသာလိုသူ တို့သည် မိမိတို့၏အသက်ကို စတေးကြရလိမ့်မည်။ | |
Prov | BurCBCM | 1:21 | သူမသည် လမ်းဆုံလမ်းခွများ၌ ကြွေးကြော်၍ မြို့အဝင်တံခါး၀များ၌လည်း မိမိ၏သတင်းကို ကြေညာသည်မှာ၊- | |
Prov | BurCBCM | 1:22 | အို အသိဉာဏ်နည်းပါးသောသူတို့၊ သင်တို့သည် အသိဉာဏ်နည်းပါးခြင်းကို မည်မျှကြာအောင်နှစ်သက်ကြဦး မည်နည်း။ ကဲ့ရဲ့လှောင်ပြောင်တတ်သောသူတို့သည် ကဲ့ရဲ့လှောင်ပြောင်ခြင်းအမှု၌ မည်မျှကြာအောင် ပျော်မွေ့၍ မိုက်မဲသူတို့သည် အသိပညာကို မည်မျှကြာအောင် မထီမဲ့မြင်ပြုနေကြမည်နည်း။- | |
Prov | BurCBCM | 1:23 | ငါ၏သတိပေးဆုံးမစကားကို နားထောင်လော့။ ငါသည် သင်တို့အား ငါ၏စိတ်နှလုံးကိုပေးမည်။ ငါ၏စကားတို့ကို သင်တို့သိစေမည်။- | |
Prov | BurCBCM | 1:24 | သို့သော် သင်တို့ကို ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ခဲ့ကြ၏။ ငါသည် လက်ကမ်း၍ခေါ်သောအခါ မည်သူမျှ အရေးမစိုက်ကြ။- | |
Prov | BurCBCM | 1:25 | သင်တို့သည် ငါပေးသောအကြံဉာဏ် အားလုံးကိုလျစ်လျူရှု၍ ငါ၏သတိပေးချက်အားလုံးကို ငြင်းပယ်ကြသောကြောင့်၊- | |
Prov | BurCBCM | 1:27 | ကြောက်မက်ဖွယ်ရာများသည် မုန်တိုင်းကျသကဲ့သို့ သင်တို့အပေါ် သက်ရောက်သော အခါ၌လည်းကောင်း၊ ကြောက်ရွံ့ တုန်လှုပ်ဖွယ်ရာဖြစ်ရပ် များသည် လေပွေတိုက်ခတ်သကဲ့သို့ ရောက်လာကြ သောအခါ၌လည်းကောင်း၊ သင်တို့ပူပန်သောက ဖိစီးခံ ရသောအခါ၌လည်းကောင်း ငါပြက်ရယ်ပြုမည်။- | |
Prov | BurCBCM | 1:28 | ထိုအခါ သူတို့သည် ငါ့ကိုခေါ်တကြလိမ့်မည်။ သို့သော် ငါသည် သူတို့အား ပြန်ထူးလိမ့်မည်မဟုတ်။ သူတို့သည် ငါ့ကို ရှာဖွေကြသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 1:29 | သူတို့သည် အသိပညာကို မုန်းတီးခဲ့ကြပြီး ထာ၀ရဘုရား သခင်ကို ကြောက်ရွံ့ရိုသေသောစိတ်မရှိကြချေ။- | |
Prov | BurCBCM | 1:30 | သူတို့သည် ငါ၏အကြံဉာဏ်များကိုအရေးမစိုက်ခဲ့ကြ။ ငါ၏ သတိပေးဆုံးမစကားများကို မထီမဲ့မြင်ပြုခဲ့ကြ၏။- | |
Prov | BurCBCM | 1:31 | ထို့ကြောင့် သူတို့သည် မိမိတို့ဘ၀လမ်းစဉ်၏အကျိုးဆက် ကိုခံစားကြရ၍ မိမိတို့၏အတတ်ဖြင့် မိမိတို့စူးရသည့် အဖြစ်မျိုးနှင့်ကြုံရလိမ့်မည်။- | |
Prov | BurCBCM | 1:32 | အကြောင်းမူကား အသိဉာဏ်ခေါင်းပါးသူတို့၏လွဲမှားမှုသည် သူတို့အား သေတွင်းသို့ပို့ဆောင်လေ၏။ မိုက်မဲသော သူတို့သည် မိမိတို့ ကိုယ်ကိုအားရကျေနပ်သဖြင့် ပျက်စီးခြင်းသို့ရောက်ရ ၏။- | |
Chapter 2
Prov | BurCBCM | 2:2 | ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဂရုတစိုက်နားထောင်ပြီး သင့်နှလုံးသားက နားလည်လက်ခံလာသည်အထိ ကြိုးစားလျှင် သော်လည်းကောင်း၊- | |
Prov | BurCBCM | 2:3 | အသိဉာဏ်ရရှိရန် အသနားခံလျက် သိမြင်နိုင်စွမ်းရှိရန် တောင်းလျှောက် လျှင်သော်လည်းကောင်း၊- | |
Prov | BurCBCM | 2:4 | သင်သည် ငွေကိုဖြစ်စေ၊ ဝှက်ထားသည့်ဘဏ္ဍာကိုဖြစ်စေ ရှာဖွေသကဲ့သို့ အသိပညာကို ကြိုးစား၍ ရှာဖွေလျှင်သော် လည်းကောင်း၊- | |
Prov | BurCBCM | 2:5 | သင်သည် ထာ၀ရဘုရားသခင်အား ကြောက်ရွံ့ရိုသေခြင်း၏ အနက်အဓိပ္ပာယ်ကို နားလည်လာ၍ ဘုရားသခင်၏ အကြောင်းကို သိမြင်နိုင်လိမ့်မည်။- | |
Prov | BurCBCM | 2:6 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဉာဏ်ပညာကိုပေးသောအရှင် ဖြစ်တော်မူ၍ အသိပညာနှင့် နားလည်နိုင်သော ဉာဏ်တို့သည် ကိုယ်တော်၏နှုတ်တော်မှ ထွက်ပေါ်လာ၏။- | |
Prov | BurCBCM | 2:7 | ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့အတွက် စစ်မှန်သောဉာဏ်ပညာကိုစုဆောင်းထား၍ တရားသဖြင့် ကျင့်သော သူတို့အတွက် အကာအကွယ်ဖြစ်တော်မူ၏။- | |
Prov | BurCBCM | 2:8 | ကိုယ်တော်သည် တရားမျှတခြင်းလမ်းစဉ်များကို စောင့်ထိန်း၍ မိမိအပေါ်သစ္စာရှိသောသူတို့၏လမ်းခရီးကို လုံခြုံစေတော် မူ၏။- | |
Prov | BurCBCM | 2:9 | ထိုအခါ သင်သည် ဖြောင့်မတ် မှန်ကန်ခြင်း၊ တရားမျှတစွာကျင့်ကြံခြင်း၊ မျှတစွာပေါင်း သင်းဆက်ဆံခြင်းနှင့် ကောင်းသည့် နည်းလမ်းရှိသမျှတို့ကို နားလည်သဘောပေါက်လာလိမ့်မည်။- | |
Prov | BurCBCM | 2:10 | ဉာဏ်ပညာသည် သင်၏နှလုံးသားထဲသို့ဝင်ရောက်လာ၍ အသိပညာသည် သင်၏စိတ်ဝိညာဉ်ကို အားရကျေနပ် စေလိမ့် မည်။- | |
Prov | BurCBCM | 2:11 | ထိုအခါ အသိတရားသည် သင့်ကို ကြည့် ရှုစောင့်ရှောက်၍ နားလည်နိုင်စွမ်းရှိသောတရားသည် လည်း သင်၏အုပ်ထိန်းသူ ဖြစ်လာလိမ့်မည်။- | |
Prov | BurCBCM | 2:12 | သင့်အား မကောင်းသောဒုစရိုက်လမ်းမှလည်းကောင်း၊ လိမ်လည် လှည့်ဖြားသောစကားကိုပြောဆိုသောသူတို့ထံမှလည်း ကောင်း၊- | |
Prov | BurCBCM | 2:14 | မကောင်းမှုကိုပြုရန် နှစ်သက်၍ လိမ်လည်လှည့်စားခြင်း၌ ပျော်မွေ့သူတို့ ထံမှလည်းကောင်း ကင်းဝေးစေလိမ့်မည်။- | |
Prov | BurCBCM | 2:15 | ထိုသူတို့၏ လမ်းစဉ်များသည် ကွေ့ကောက်၍ သူတို့သည် မိမိတို့၏ ဘ၀အသက်တာ၌ ရိုးသားဖြောင့်မတ်ခြင်းမရှိကြပေ။ ဉာဏ်ပညာသည် သင့်အား စာရိတ္တပျက်ပြားသော မိန်းမနှင့်လည်းကောင်း၊ ဖောက်ပြန်တတ်သောမိန်းမ၏ မြူဆွယ်သည် စကားများနှင့်လည်းကောင်း ကင်းဝေးစေလိမ့်မည်။- | |
Prov | BurCBCM | 2:16 | သူမသည် ငယ်စဉ်က ပေါင်းခဲ့သော ခင်ပွန်းအား စွန့်လွှတ်၍ မိမိဘုရားသခင်၏ပဋိညာဉ်တရားတော် ကို မေ့လျော့ခဲ့လေပြီ။- | |
Prov | BurCBCM | 2:17 | အကြောင်းမူကား သူမ၏နေအိမ် သည် သေမင်းဘက်သို့ ယိမ်းယိုင်နေ၍ သူမ၏ဘ၀လမ်းသည်လည်း မရဏနိုင်ငံသို့ ဦးတည်နေ၏။- | |
Prov | BurCBCM | 2:18 | သူမ၏နေ အိမ်သို့ရောက်သွားသောသူများသည် ဘယ်သောအခါ မျှပြန်မလာကြတော့သဖြင့် အသက်၏လမ်းကြောင်းပေါ် သို့ ပြန်လည်မရောက်ရှိကြတော့ချေ။ | |
Prov | BurCBCM | 2:19 | ထို့ကြောင့်သင်သည် ကောင်းမြတ်သောသူတို့ ၏လမ်းစဉ်ကိုလိုက်၍ ဖြောင့်မတ်သောသူတို့၏လမ်း ကြောင်းအတိုင်း မြဲမြံစွာလျှောက်လှမ်းရမည်။- | |
Prov | BurCBCM | 2:20 | အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူတို့သည် နိုင်ငံတော်၌ နေထိုင်ကြ၍ အပြစ်ကင်းမဲ့သူတို့သည် ထိုနိုင်ငံတွင် ဆက်လက်တည်ရှိကြလိမ့်မည်။- | |
Chapter 3
Prov | BurCBCM | 3:1 | ငါ့သား၊ ငါ၏သွန်သင်ချက်တရားတို့ကို မမေ့လျော့လေနှင့်။ ငါ၏ပညတ်တို့ကို သင်၏စိတ် နှလုံးထဲ၌ မှတ်သားထားလော့။- | |
Prov | BurCBCM | 3:2 | အကြောင်းမူကား ငါ၏ ပညတ်တရားသည် သင်၏သက်တမ်းကိုရှည်စေ၍ သင် ၏ဘ၀ကို ကြီးပွားချမ်းသာစေလိမ့်မည်။ | |
Prov | BurCBCM | 3:3 | ခိုင်မြဲသောမေတ္တာနှင့် သစ္စာတရားကို မည်သည့် အခါမျှ လက်မလွတ်စေနှင့်။ ထိုတရားတို့ကို သင်၏လည် တွင် ဆွဲ၍ထားလော့။ သင်၏နှလုံးသားပေါ်တွင်လည်း ၎င်းတို့ကို ရေးမှတ်၍ထားလော့။- | |
Prov | BurCBCM | 3:4 | ထိုသို့ပြုလုပ်လျှင် သင်သည် ဘုရားသခင်၏ရှေ့၊ လူတို့၏ရှေ့တွင် မျက်နှာရ၍ ကောင်းကျိုးကျေးဇူးကိုခံစားရလိမ့်မည်။ | |
Prov | BurCBCM | 3:5 | ထာ၀ရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ယုံ ကြည်အားကိုးလော့။ သင်၏ကိုယ်ပိုင်သိနားလည်ခြင်း ကို မှီခိုအားထားခြင်း မပြုလေနှင့်။- | |
Prov | BurCBCM | 3:6 | သင်ပြုမူလုပ်ဆောင် သမျှသောအရာတို့၌ ကိုယ်တော့်ကို သိမှတ်ဝန်ခံလော့။ ထိုသို့ပြုလျှင် ကိုယ်တော်သည် သင်၏ဘ၀ လမ်းခရီးကို ဖြောင့်ဖြူးစေလိမ့်မည်။- | |
Prov | BurCBCM | 3:7 | သင်သည် ပညာရှိသည်ဟူ၍ ကိုယ့်ကိုယ်ကိုယ်အထင်မကြီးနှင့်။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ မကောင်းမှု ဒုစရိုက်ကို ရှောင်ကြဉ်လော့။- | |
Prov | BurCBCM | 3:8 | ဤကဲ့သို့ပြုလုပ်ခြင်းသည် သင်၏ကိုယ်ခန္ဓာ အတွက် ဆေးဝါးဖြစ်၍ သင်၏အရိုးများအတွက်လည်း ခွန်အားဖြစ်လိမ့်မည်။ | |
Prov | BurCBCM | 3:9 | သင်ပိုင်ဆိုင်သောဥစ္စာဓနနှင့် လယ်ယာထွက်သီး ဦးသီးဖျားများဖြင့် ထာ၀ရဘုရားသခင်ကို ပူဇော်ဂုဏ်ပြုလော့။- | |
Prov | BurCBCM | 3:10 | ဤသို့ပြုလျှင် သင်၏စပါးကျီတို့သည် သီးနှံများဖြင့်ပြည့်လျက် စပျစ်ရည်သိုလှောင်သောစည်တို့သည်လည်း စပျစ်ရည်သစ် နှင့်ပြည့်လျှံလျက်ရှိလိမ့်မည်။ | |
Prov | BurCBCM | 3:11 | ငါ့သား၊ သင်သည် ထာ၀ရဘုရားသခင်၏သွန်သင် ချက်တို့ကို မထီမဲ့မြင်မပြုလေနှင့်။ ကိုယ်တော်၏ဆုံးမပဲ့ပြင်တော်မူခြင်း ကိုလည်း လျစ်လျူမရှုနှင့်။- | |
Prov | BurCBCM | 3:12 | အကြောင်း မူကား ဖခင်သည် မိမိချစ်သောသားကို ဆုံးမပဲ့ပြင်သကဲ့ သို့ ထာ၀ရဘုရားသခင်သည် မိမိချစ်မြတ်နိုးသောသူတို့ ကို ဆုံးမပဲ့ပြင်တော်မူ၏။ | |
Prov | BurCBCM | 3:15 | ဉာဏ်ပညာသည် ရတနာများထက် ပို၍အဖိုး ထိုက်၏။ သင်နှစ်သက်သောအရာဟူသမျှတို့ကို သူမနှင့် နှိုင်းယှဉ်၍ မရနိုင် ချေ။- | |
Prov | BurCBCM | 3:16 | သူမ၏လက်ယာလက်၌ အသက်ရှည်ခြင်း၊ လက်ဝဲလက်၌ ဥစ္စာကြွယ်၀ချမ်းသာခြင်းနှင့် ဂုဏ်ကျက်သရေတို့ရှိကြ၏။- | |
Prov | BurCBCM | 3:18 | ဉာဏ်ပညာကို ထွေးပိုက်သောသူတို့အဖို့ သူမသည် အသက်၏အပင်ဖြစ်၍ သူမကို မြဲမြံစွာလက်ကိုင်ထားသော သူတို့သည် မင်္ဂလာရှိကြ၏။ | |
Prov | BurCBCM | 3:19 | ထာ၀ရဘုရားသခင်သည် ဉာဏ်ပညာတော်အားဖြင့် ကမ္ဘာမြေကိုတည်ထောင်၍ သိနားလည်ခြင်းအားဖြင့် မိုးကောင်းကင် ကို ခိုင်မြဲစေတော်မူ၏။- | |
Prov | BurCBCM | 3:20 | ကိုယ်တော်သည် အသိပညာအားဖြင့် နက်ရှိုင်းသောအရပ်များကို ပိုင်းခြား ၍ မိုးတိမ်မှနှင်းရည်များကို ရွာသွန်းစေတော် မူ၏။ | |
Prov | BurCBCM | 3:21 | ငါ့သား၊ သမ္မာသတိနှင့် ဆင်ခြင်ထိုးထွင်းဉာဏ်တို့ ကို ထိန်းသိမ်း၍ထားလော့။ ယင်းတို့ကို မည်သည့်အခါမျှ သင့်မျက်စိ အောက်မှ မကွယ်ပျောက်စေနှင့်။- | |
Prov | BurCBCM | 3:22 | ယင်းတို့ သည် သင်၏ဝိညာဉ်အတွက် အသက်ဖြစ်၍ သင့်လည် ပင်းအတွက် လည်ဆွဲတန်ဆာဖြစ်ကြလိမ့်မည်။- | |
Prov | BurCBCM | 3:23 | ထိုအခါ သင်သည် ခရီးသွားရာ၌ ဘေးကင်းလုံခြုံ၍ သင်၏ ခြေသည်လည်း ခလုတ်မထိဘဲ သွားလာနိုင်လိမ့်မည်။- | |
Prov | BurCBCM | 3:24 | သင်သည် လဲလျောင်းသောအခါ ကြောက်ရွံ့ ခြင်းရှိလိမ့်မည်မဟုတ်။ သင်သည် အိပ်စက်အနားယူသောအခါ ကောင်းမွန် နှစ်ခြိုက်စွာအိပ်ပျော်ရလိမ့်မည်။- | |
Prov | BurCBCM | 3:25 | ရုတ်တရက် ကျရောက်လာမည့်ဘေးဒုက္ခကိုဖြစ်စေ၊ မသမာသော သူတို့၏အန္တရာယ်ပြုတိုက်ခိုက်ခြင်းကိုဖြစ်စေကြောက် ရွံ့စိုးရိမ်ခြင်းမရှိနှင့်။- | |
Prov | BurCBCM | 3:26 | အကြောင်းမူကား ထာ၀ရဘုရား သခင်သည် သင်ယုံကြည်အားထားရာဖြစ်၍ သင်၏ခြေကို ကျော့ကွင်းတွင်မမိစေရန် စောင့်ရှောက်တော်မူလိမ့် မည်။ | |
Prov | BurCBCM | 3:27 | သင့်ထံ အကူအညီတောင်းခံလာသူအား သင်ကူညီနိုင်စွမ်းရှိပါလျက်နှင့် နှောင့်နှေးပျက်ကွက်ခြင်းမရှိစေနှင့်။- | |
Prov | BurCBCM | 3:28 | သင်၏အိမ်နီးချင်းအား ယခုကူညီနိုင်စွမ်းရှိပါလျက် နှင့် နောက်မှပြန်လာလော့၊ မနက်ဖြန်မှ ငါကူညီမည်ဟု မပြောဆိုနှင့်။- | |
Prov | BurCBCM | 3:29 | သင်၏အနီးတွင် ယုံကြည်စိတ်ချစွာနေ ထိုင်သောအိမ်နီးချင်းအပေါ် မကောင်းကြံစည်ခြင်းမပြုနှင့်။- | |
Prov | BurCBCM | 3:30 | သင့်အပေါ် မကောင်းမှုတစ်စုံတစ်ရာမပြုဖူးသောသူ တစ်ဦးအား အကြောင်းမဲ့မတိုက်ခိုက်နှင့်။- | |
Prov | BurCBCM | 3:32 | အကြောင်းမူကား ထာ၀ရ ဘုရားသခင်သည် မကောင်းမှုပြုသူတို့အား စက်ဆုပ်ရွံရှာပြီး ရိုးသားဖြောင့်မတ်သောသူတို့ကိုမူကား ယုံကြည် စိတ်ချတော်မူ၏။- | |
Prov | BurCBCM | 3:33 | ထာ၀ရဘုရားသခင်၏ကျိန်ဆိုတော် မူခြင်းသည် ဆိုးယုတ်သူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့ရာတွင် ကိုယ်တော်သည် ဖြောင့်မတ်သူ၏အိမ်ကို ကောင်းချီးပေးတော်မူ၏။- | |
Prov | BurCBCM | 3:34 | ကိုယ်တော်သည် ကဲ့ရဲ့လှောင်ပြောင်တတ်သောသူတို့အား ပြန်လည်၍ ကဲ့ရဲ့လှောင်ပြောင်တော်မူ၏။ သို့သော် ကိုယ်တော်သည် စိတ် နှလုံးနှိမ့်ချသောသူတို့အား ဆုကျေးဇူးပေးတော်မူ၏။- | |
Chapter 4
Prov | BurCBCM | 4:1 | ငါ့သားတို့၊ ဖခင်တစ်ဦး၏ဆုံးမပြောဆိုချက်များကို နားထောင်ကြလော့။ သင်တို့တွင် ထိုးထွင်း သိနိုင်သောဉာဏ်ကိုရရှိရန် အာရုံစူးစိုက်၍နားထောင်ကြလော့။- | |
Prov | BurCBCM | 4:2 | ငါသည် သင်တို့အား ခိုင်လုံသောသွန်သင် ချက်တို့ကိုပေးသည်ဖြစ်၍ ယင်းတို့ကိုမစွန့်ပယ်ကြနှင့်။- | |
Prov | BurCBCM | 4:3 | ငါသည် ငယ်စဉ်အခါက ငါ၏ဖခင်နှင့်အတူရှိနေခဲ့ပြီး ငါ၏ မိခင်အတွက် ငါသည် နုနယ်၍ ချစ်မ၀နိုင်သောရင်သွေး ဖြစ်ခဲ့သော အခါ၊- | |
Prov | BurCBCM | 4:4 | ငါ၏ဖခင်က ငါ့အားဆိုဆုံးမသည်မှာ ငါ၏စကားများကို သင်၏စိတ်နှလုံးထဲ၌ စွဲမြဲစွာ မှတ်သားလော့။ ငါ၏လမ်းညွှန် ချက်များကို နာခံလော့။ သို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်။- | |
Prov | BurCBCM | 4:5 | ဉာဏ်ပညာနှင့် ထိုးထွင်းဉာဏ်ကို ဆည်းပူးလော့။ ငါ၏စကားများကို မမေ့လျော့နှင့်။ ယင်းတို့ကို မဖယ်ရှားနှင့်။- | |
Prov | BurCBCM | 4:6 | ဉာဏ်ပညာကို မစွန့်ပယ်နှင့်။ သူမသည် သင့်ကို ကြည့်ရှုထိန်းသိမ်းလိမ့်မည်။ သူမကို နှစ်သက်မြတ်နိုးလော့။ သူမသည် သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မည်။- | |
Prov | BurCBCM | 4:7 | ဉာဏ်ပညာ၏အစသည်ကား ဤသို့တည်း။ ဉာဏ်ပညာကို ရယူဆည်းပူးလော့။ ထိုးထွင်းဉာဏ်ကိုရနိုင်သမျှ အားသွန်ခွန် စိုက်ဆည်းပူးလော့။- | |
Prov | BurCBCM | 4:8 | ဉာဏ်ပညာကို တန်ဖိုးထား၍ နှစ်သက်မြတ်နိုးလော့။ သူမသည် သင့်အားချီးမြှောက်လိမ့်မည်။ သင်သည် သူမအားပွေ့ပိုက် ပါလော့။ သူမသည် သင့်ကို ဂုဏ် သရေရှိစေလိမ့်မည်။- | |
Prov | BurCBCM | 4:9 | သူမသည် သင်၏ဦးခေါင်းထက်၌ တင့်တယ်သောဦးရစ်ကိုတင်၍ ဘုန်းကြီးသောသရဖူကို ဆောင်းပေးလိမ့်မည်ဟု သွန်သင် ပေးခဲ့၏။ | |
Prov | BurCBCM | 4:10 | ငါ့သား၊ ငါ၏စကားများကို ကောင်းစွာနာယူလော့။ ဤသို့ပြုလျှင် သင်သည် ကာလကြာရှည်စွာ အသက်ရှင် လိမ့်မည်။- | |
Prov | BurCBCM | 4:11 | ငါသည် သင့်ကို ဉာဏ်ပညာလမ်း၌ လျှောက်လှမ်းရန် သင်ကြားပေးခဲ့၍ ဖြောင့်မတ်သောခရီးလမ်းကို လျှောက်စေရန် ညွှန်ပြပေးခဲ့ပြီ။- | |
Prov | BurCBCM | 4:12 | သင်လျှောက်လှမ်းသွားချိန်၌ သင်၏ခြေလှမ်းတို့သည် ဆီးတားနှောင့်ယှက်ခြင်း ခံရလိမ့်မည်မဟုတ်။ သင်ပြေးသွားချိန်၌ လည်း သင်သည် တိုက်မိ၍ လဲလိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 4:13 | သွန်သင်ချက်ကို လက်ကိုင်ထားလော့။ သူမကို လက်မလွတ်စေနှင့်။ သူမသည် သင်၏အသက်ဖြစ်သောကြောင့် သူမကို ကောင်းမွန်စွာ စောင့်ထိန်းလော့။- | |
Prov | BurCBCM | 4:14 | မိုက်မဲသောသူတို့၏လမ်းပေါ်၌ သင်၏ခြေကိုမချလေနှင့်။ ဆိုးသွမ်းသောသူတို့၏လမ်း၌ မလျှောက်လှမ်းလေနှင့်။- | |
Prov | BurCBCM | 4:15 | သူတို့၏လမ်းကို ရှောင်ကြဉ်လော့။ သူတို့နှင့်အတူ လိုက်ပါမသွားဘဲ မိမိသွားရမည့် လမ်းကိုသာ လျှောက်လော့။- | |
Prov | BurCBCM | 4:16 | အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုမပြုလုပ်ရလျှင် အိပ်မပျော်နိုင်ကြ။ သူတို့သည် တစ်စုံတစ်ယောက်သော သူကိုမလဲစေလျှင် အိပ်မပျော်နိုင်ကြ။- | |
Prov | BurCBCM | 4:17 | အကြောင်းမူကား သူတို့သည် ကောက်ကျစ်ယုတ်မာခြင်း၏ပေါင်မုန့်ကိုစား၍ အကြမ်းဖက်ခြင်း၏စပျစ်ရည်ကို သောက် ကြ၏။- | |
Prov | BurCBCM | 4:18 | ဖြောင့်မတ်မှန် ကန်သောသူတို့၏လမ်းသည်ကား နံနက်အရုဏ်ဦး၏ လင်းရောင်ခြည်ကဲ့သို့ဖြစ်၍ နေထွက်သည့်တိုင်အောင် အစဉ်ထွန်းလင်းတောက်ပကြ၏။- | |
Prov | BurCBCM | 4:19 | ဆိုးညစ်သော သူတို့၏လမ်းမှာမူ မှောင်မိုက်ကဲ့သို့ဖြစ်ကြ၏။ သူတို့ခလုတ် တိုက်မိသောအချိန်တွင်လည်း မည်သည့်အရာ နှင့်တိုက် မိသည်ကို သူတို့မသိရှိကြ။ | |
Prov | BurCBCM | 4:20 | ငါ့သား၊ ငါပြောသောစကားများကို အာရုံစိုက်၍ နား ထောင်လော့။ ငါ၏သွန်သင်ချက်တို့ကို သေချာစွာ နား ထောင်လော့။- | |
Prov | BurCBCM | 4:21 | ထိုစကားတို့ကို သင်၏မျက်မှောက်မှ ကွယ်ပျောက်မသွားစေနှင့်။ သင်၏နှလုံးအတွင်း၌ မှတ်ယူထားလော့။- | |
Prov | BurCBCM | 4:22 | အကြောင်းမူကား တရားစကားတို့ကို တွေ့ရှိသောသူတို့အတွက် ယင်းတို့သည် အသက်ရှင် ခြင်းဖြစ်၍ သူတို့၏ ကိုယ်ခန္ဓာ အတွက် ကျန်းမာခြင်းဖြစ်၏။- | |
Prov | BurCBCM | 4:23 | သင်၏စိတ်နှလုံးကို အရာရာထက်ပို၍စောင့်ရှောက် ပါလော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်း အမြစ်ဖြစ်သော ကြောင့်တည်း။- | |
Prov | BurCBCM | 4:24 | သင်၏နှုတ်ကိုဖောက် ပြန်ခြင်းနှင့်ကင်းစင်စေလော့။ မကောင်းသောလှည့်ဖြားသည့်စကားပြောဆိုခြင်းကို သင့်ထံမှ ကင်းဝေးစေလော့။- | |
Prov | BurCBCM | 4:26 | သင်လျှောက်လှမ်းရ မည့်လမ်းကို ညီညာချောမွေ့စေရန် သတိပြုလော့။ ဤ သို့ဖြင့် သင်၏ခရီးလမ်းအားလုံးတို့သည် လုံခြုံစိတ်ချရလိမ့်မည်။- | |
Chapter 5
Prov | BurCBCM | 5:2 | ဤသို့ပြုလျှင် သင်သည် မှန်ကန်လျောက်ပတ် စွာကျင့်ကြံ၍ သင်၏နှုတ်သည်လည်း အသိပညာကို စောင့်ထိန်းပြော ဆိုနိုင် လိမ့်မည်။- | |
Prov | BurCBCM | 5:3 | အကြောင်းမူကား ကိုယ်ကျင့်တရားဖောက်ပြန်သောအမျိုးသမီး၏နှုတ်ခမ်းသည် ပျားရည်ကဲ့သို့ချိုမြ၍ သူမ၏စကား များသည်လည်း သံလွင်ဆီထက် ချောမွတ်ကြ၏။- | |
Prov | BurCBCM | 5:4 | သို့သော် နောက်ဆုံး၌ သူမသည် သည်းခြေကဲ့သို့ခါး၍ အသွားနှစ် ဖက်ရှိသောသံလျက်ကဲ့သို့ ထက်လှပေ၏။- | |
Prov | BurCBCM | 5:5 | သူမ၏ခြေ တို့သည် သေတွင်းသို့ဆင်းသက်၍ သူမ၏ခြေလှမ်းများ သည် မရဏနိုင်ငံသို့ ဦးတည်လိမ့်မည်။- | |
Prov | BurCBCM | 5:6 | သူမသည် အသက်ရှင်ရာလမ်းသို့မလိုက်။ သူမသည် ခြေဦးတည့် ရာသို့ လျှောက်လှမ်းနေမိမှန်းလည်း မသိချေ။ | |
Prov | BurCBCM | 5:7 | သို့ဖြစ်၍ ငါ့သားတို့၊ ငါ၏စကားကို နားထောင်ကြ လော့။ ငါဟောပြောသည့်စကားတို့မှ လမ်းလွဲမသွားကြလေနှင့်။- | |
Prov | BurCBCM | 5:8 | ထိုအမျိုးသမီးထံမှ ဝေးစွာရှောင်ရှားကြလော့။ သူမနေထိုင်ရာအိမ်၏တံခါး၀အနီးသို့ပင် မချဉ်းကပ် ကြနှင့်။- | |
Prov | BurCBCM | 5:9 | သို့မဟုတ်လျှင် သင်တို့သည် လူပုံအလယ်တွင် ဂုဏ်သိက္ခာကျဆင်းရလိမ့်မည်။ ရက်စက်ကြမ်းကြုတ် သူတို့၏လက်ဝယ်တွင် သင့်ဘ၀အသက် တာ၏အချိန်များကို ပေးအပ်ရလိမ့်မည်။- | |
Prov | BurCBCM | 5:10 | သူစိမ်းတို့သည် သင်၏စည်း စိမ်ဥစ္စာတို့ကို သိမ်းယူခံစားကြလိမ့်မည်။ သင်ရှာဖွေစု ဆောင်းထားသောဥစ္စာပစ္စည်းတို့သည် သင်မသိသော သူတို့၏အိမ်သို့ရောက်ရလိမ့်မည်။- | |
Prov | BurCBCM | 5:11 | သင်၏အသက် ကုန်ဆုံးချိန်၌ သင်၏ခန္ဓာကိုယ်တွင် အင်အားကုန်ခန်း၍ သွေးသားများဆုတ်ယုတ်လာသောအခါ သင်သည် ညည်းတွားလိမ့်မည်။- | |
Prov | BurCBCM | 5:12 | သင်က ငါသည် သွန်သင်မှုကို မုန်းတီးရွံရှာခဲ့လေပြီတကား။ ငါ၏စိတ်နှလုံးသည် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုခဲ့မိ လေပြီတကား။- | |
Prov | BurCBCM | 5:13 | ငါသည် ငါ့ဆရာသမားတို့၏စကားကို နားမထောင်ဘဲ နေခဲ့မိလေ ပြီတကား။ ငါ့ကိုသွန်သင်သောသူတို့ကို မနာခံဘဲနေခဲ့ လေပြီ။- | |
Prov | BurCBCM | 5:18 | သင်၏စမ်းရေသည် မင်္ဂလာရှိပါစေ။ သင်ငယ်စဉ်ကတည်းက ပေါင်းသင်းခဲ့သောမယား၌ ရွှင်လန်းဝမ်းမြောက်ပါလော့။- | |
Prov | BurCBCM | 5:19 | သူမသည် မြတ်နိုးဖွယ်သမင်မကဲ့သို့လည်းကောင်း၊ နှစ်လိုဖွယ်ဒရယ်မကဲ့သို့လည်း ကောင်းဖြစ်၍ သင်သည် သူမ၏ ရင်ခွင်၌ အစဉ်အားရ ကျေနပ်လျက် သူမ၏မေတ္တာ၌ အစဉ်သာယာမိန်းမောနေပါစေ။- | |
Prov | BurCBCM | 5:20 | ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့် ပျက်သောအမျိုးသမီးနှင့်ယစ်မူးပျော်ပါးရမည်နည်း။ အခြားအမျိုးသမီးကို အဘယ်ကြောင့်ပွေ့ဖက်ထားရပါမည်နည်း။- | |
Prov | BurCBCM | 5:21 | အကြောင်းမူကား လူတစ်ဦး၏သွားရာလမ်း ဟူသမျှတို့သည် ထာ၀ရဘုရားသခင်၏မျက်မှောက် တော်တွင်တည်ရှိ၍ ကိုယ်တော်သည် သူသွားလာသမျှ အားလုံးကို ကြည့်ရှုတော်မူ၏။- | |
Prov | BurCBCM | 5:22 | ဆိုးယုတ်သောသူတစ်ဦးပြုမူသည့် ဆိုးညစ်သောအမှုတို့သည် ထိုသူ့ကို ထောင်ဖမ်း၍ သူသည် ချည်နှောင်ခြင်းခံရလိမ့်မည်။- | |
Chapter 6
Prov | BurCBCM | 6:1 | ငါ့သား၊ သင်သည် အိမ်နီးချင်းအတွက်ဖြစ်စေ၊ သူစိမ်းတစ်ယောက်၏ကတိစကားအတွက် ဖြစ်စေ အာမခံခဲ့မိ၍၊- | |
Prov | BurCBCM | 6:2 | သင်ကိုယ်တိုင်က နှုတ်ကတိထားခဲ့မိပြီး သင်သည် ကိုယ့်စကားနှင့်ကိုယ် ချည်နှောင်မိခဲ့လျှင်၊- | |
Prov | BurCBCM | 6:3 | ငါ့သား၊ ဤကဲ့သို့လုပ်ဆောင်လော့။ သင့်ကိုယ် သင်ကယ်တင်ပါလော့။ အကြောင်းမူကား သင်သည် အိမ်နီးချင်း၏ လက်တွင်းသို့ ကျရောက်နေလေပြီ။ အိမ်နီးချင်းထံ အမြန်သွား၍ မိမိကိုယ်ကိုနှိမ့်ချလျက် အသနားခံပါလော့။- | |
Prov | BurCBCM | 6:5 | သင့်ကိုယ်သင် ကျော့ကွင်းထဲမှ ဒရယ်ကဲ့သို့လည်းကောင်း၊ ငှက်ပစ်သူ ၏လက်ထဲမှ ငှက်ကဲ့သို့လည်းကောင်း ကယ်တင်ပါ လေလော့။ | |
Prov | BurCBCM | 6:6 | အသင်လူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွားလော့။ ၎င်း ၏အပြုအမူတို့ကို ချင့်ချိန်သုံးသပ်၍ ပညာအမြော်အမြင် ရှိပါလော့။- | |
Prov | BurCBCM | 6:8 | သို့ပင်သော်လည်း ၎င်းသည် စားနပ်ရိက္ခာကို နွေကာလ၌ ပြင်ဆင်ထား၍ ကောက်ရိတ်ချိန်၌ မိမိ၏အစာကို စုဆောင်း ထား၏။- | |
Prov | BurCBCM | 6:9 | အသင် လူပျင်း၊ သင်သည် မည်မျှကြာအောင် ထိုနေရာ၌ လဲလျောင်းလျက်နေမည်နည်း။ မည်သည့်အချိန်တွင် သင် အိပ်ရာ ထမည်နည်း။- | |
Prov | BurCBCM | 6:10 | တစ်ခဏတာအိပ်စက်မည်၊ တစ် ခဏတာငိုက်မျဉ်းမည်၊ တစ်ခဏတာ လက်များကိုပိုက် လျက်နားမည်ဟု သင်ဆိုတတ်၏။- | |
Prov | BurCBCM | 6:11 | သို့သော် ဆင်းရဲခြင်း သည် ဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့ခေါင်းပါးခြင်းသည် လက်နက်ကိုင်စစ်သူရဲကဲ့သို့လည်းကောင်း သင့်အပေါ်သို့ရောက်လာလိမ့်မည်။ | |
Prov | BurCBCM | 6:14 | သူသည် ကောက်ကျစ်စဉ်းလဲသောစိတ်နှင့်လျှို့ဝှက်ကြံစည်တတ်၍ စိတ်ဝမ်းကွဲပြားအောင် အမြဲဆွပေးတတ်၏။- | |
Prov | BurCBCM | 6:15 | ထို့ကြောင့် ဘေးအန္တရာယ်ဆိုးသည် ရုတ်တရက်သူ့အပေါ်သို့ ရောက်ရှိလာလိမ့်မည်။ သူသည် သက်သာရာမရဘဲ ရုတ်တရက်ဖျက်ဆီးခြင်းခံရလိမ့် မည်။ | |
Prov | BurCBCM | 6:16 | ထာ၀ရဘုရားသခင်မုန်းတီးသောအရာခြောက်မျိုးနှင့် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်မျိုးရှိ၏။- | |
Prov | BurCBCM | 6:17 | ယင်းတို့မှာ ထောင်လွှားသောမျက်စိများ၊ မုသားပြော တတ်သောလျှာ၊ အပြစ်ကင်းသူကို သတ်ဖြတ်တတ် သောလက်၊- | |
Prov | BurCBCM | 6:18 | ဆိုးယုတ်သောအကြံအစည်ကို ဖန်တီး တတ်သောနှလုံး၊ မကောင်းမှုထဲသို့ လျင်မြန်စွာတိုးဝင် သောခြေထောက်များ၊- | |
Prov | BurCBCM | 6:19 | မုသားစကားပြော၍ မမှန်မကန် သက်သေခံသောသူနှင့် မိတ်ဆွေအချင်းချင်းစိတ်ဝမ်းကွဲ စေရန် သွေးထိုးသူတို့ဖြစ်ကြ၏။ | |
Prov | BurCBCM | 6:20 | ငါ့သား၊ သင့်ဖခင်၏ပညတ်တို့ကိုစောင့်ထိန်းလော့။ သင့်မိခင်၏သွန်သင်ချက်ကို မမေ့လျော့နှင့်။- | |
Prov | BurCBCM | 6:21 | ယင်းတို့ကို သင်၏စိတ်နှလုံးထဲ၌ ထာ၀စဉ်စွဲမှတ်၍ သင်၏လည်ပင်း ၌ ခိုင်မြဲစွာ ဆွဲထားလော့။- | |
Prov | BurCBCM | 6:22 | သင်ခရီးပြုသောအခါ ယင်းတို့သည် သင့်ကိုလမ်းပြ၍ သင်အိပ်စက်သောအခါ သင့်ကို စောင့်ရှောက်ပြီး သင်နိုးသောအခါ သင့်ကို အကြံပေးကြလိမ့်မည်။- | |
Prov | BurCBCM | 6:23 | အကြောင်းမူကား ပညတ်တော်သည် မီးအိမ် ဖြစ်၏။ ဤသွန်သင်ချက်သည် အလင်းဖြစ်၏။ စည်းကမ်း နှင့်လျော်ညီစွာပြု ပြင်ဆုံးမပေးခြင်းတို့သည် အသက်၏ လမ်းစဉ်ဖြစ်ကြ၏။- | |
Prov | BurCBCM | 6:24 | ယင်းတို့သည် သင့်ကို ကိုယ်ကျင့် တရားဖောက်ပြန်သောအမျိုးသမီး၏ရန်မှလည်း ကောင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီး၏ချော့မြှူ သွေးဆောင်မှုမှလည်းကောင်း ကာကွယ်နိုင်၏။- | |
Prov | BurCBCM | 6:25 | သင်သည် သူမ၏လှပသောအဆင်းကို မတပ်မက်လေနှင့်။ သူမ၏မျက်စိကစားခြင်းတို့ဖြင့် သင့်ကို မဖမ်းမိစေနှင့်။- | |
Prov | BurCBCM | 6:26 | အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို ပေါင်မုန့်တစ်လုံး၏တန်ဖိုးဖြင့်ရနိုင်၏။ သို့သော် အိမ်ထောင် ရေးဖောက်ပြန်သောအမျိုးသမီးမူကား လူ၏အသက် ကိုပင် ရယူနိုင်လေ၏။- | |
Prov | BurCBCM | 6:27 | လူတစ်ယောက်သည် အဝတ် များကို မလောင်ကျွမ်းစေဘဲ မီးကို ရင်ခွင်တွင် ပွေ့ပိုက် ထားနိုင်သလော။- | |
Prov | BurCBCM | 6:29 | သူတစ်ပါး၏ဇနီးနှင့် အိပ်စက်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ သူမကိုတို့ထိသူမည်သူမဆို အပြစ်ဒဏ်မှ ကင်းလွတ်လိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 6:30 | ဆာလောင်မွတ်သိပ်ခြင်းကို ဖြေသိမ့်ရန် အစား အစာကို ခိုးသောသူအား လူတို့စက်ဆုပ်ရွံရှာကြသည် မဟုတ်ပေ။- | |
Prov | BurCBCM | 6:31 | သို့သော် ထိုသူ့ကိုပင် ဖမ်းမိလျှင် ခုနစ်ဆပေးလျော်စေတတ်ကြ၏။ ထိုသူခိုးသည် မိမိ၏အိမ်၌ရှိ သမျှသောဥစ္စာတို့ကို ပေးလျော်ရလိမ့်မည်။- | |
Prov | BurCBCM | 6:32 | သူတစ်ပါး ၏သားမယားကို ပြစ်မှားသောသူသည် ချင့်ချိန်သုံးသပ် နိုင်စွမ်းရှိသူမဟုတ်။ သူသည် မိမိကိုယ်ကို ဖျက်ဆီးသူ သာဖြစ်၏။- | |
Prov | BurCBCM | 6:33 | သူသည် ထိခိုက်ဒဏ်ရာရခြင်းနှင့်ကဲ့ရဲ့ရှုတ်ချခြင်းတို့ကို ခံရလိမ့်မည်။ သူ၏ရှက်ဖွယ်ရာအမှုသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 6:34 | အကြောင်းမူကား ခင်ပွန်းဖြစ်သူသည် သဝန်တိုမှုကြောင့် ဒေါသမီးတောက်လောင်သဖြင့် လက်စားချေရာတွင် သနားညှာတာခြင်းကို ပြလိမ့်မည်မဟုတ်။- | |
Chapter 7
Prov | BurCBCM | 7:1 | ငါ့သား၊ ငါ့စကားကို မှတ်သားထားပါလော့။ ငါ၏သွန်သင်ချက်တို့ကို အစဉ်ထိန်းသိမ်းလိုက်နာလော့။- | |
Prov | BurCBCM | 7:2 | ငါ၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်း၍ အသက်ရှင်ပါလော့။ ငါ၏သွန်သင်ချက်များကို သင်၏ မျက်စိထဲမှ မျက်လုံးကဲ့သို့စောင့်ရှောက်ပါလော့။- | |
Prov | BurCBCM | 7:3 | ပညတ်တော်တို့ကို သင်၏လက်ချောင်းတို့၌ချည်နှောင်ထား၍ သင့်နှလုံးသားပေါ်၌ ရေးမှတ်ထားလော့။- | |
Prov | BurCBCM | 7:4 | ဉာဏ်ပညာကို သင်၏နှမကဲ့သို့လည်းကောင်း၊ ထိုးထွင်းဉာဏ်ကို သင် ၏မိတ်ဆွေကဲ့သို့လည်းကောင်း သဘောထားလော့။- | |
Prov | BurCBCM | 7:5 | ယင်းတို့သည် သင့်အား ကိုယ်ကျင့်တရားဖောက်ပြန် သောအမျိုးသမီး၏ဘေးမှလည်းကောင်း၊ ချိုသာသော စကားလုံးများ ဖြင့် သွေးဆောင်ဖြားယောင်းတတ်သည့် အမျိုးသမီး၏အန္တရာယ်မှလည်းကောင်း ကာကွယ်စောင့် ရှောက်လိမ့်မည်။ | |
Prov | BurCBCM | 7:6 | အကြောင်းမူကား ငါ၏အိမ်ပြတင်းပေါက်သံတိုင် များအကြားမှ အပြင်သို့ ငါလှမ်းကြည့်လိုက်ရာ၊- | |
Prov | BurCBCM | 7:7 | လူငယ် လူရွယ်တို့ အကြားတွင် ရိုးသားပွင့်လင်းပြီး ကိုယ်ပိုင် အသိဉာဏ်ကင်းမဲ့သောလူငယ်တစ်ယောက်ကို ငါတွေ့ မြင်ခဲ့၏။- | |
Prov | BurCBCM | 7:10 | ထိုအချိန်တွင် ပြည့်တန်ဆာမတစ်ဦးကဲ့သို့ဝတ်စား ဆင်ယင်ထားသောအမျိုးသမီးတစ်ဦးသည် အပြင်သို့ ထွက်လာပြီးလျှင် ဆွဲဆောင်ချော့မြှူလျက် ထိုလူငယ်ကို ကြိုဆိုလေ၏။- | |
Prov | BurCBCM | 7:12 | သူမသည် ယခုတွင်ပင် လမ်းပေါ် ၌၊ ယခုတွင်ပင် ဈေးလယ်၌ ရောက် နေတတ်ပြီး လမ်းထောင့်တိုင်း၌ အခါမလပ်စောင့်မျှော် ကြည့်ရှုနေတတ်၏။- | |
Prov | BurCBCM | 7:14 | ကျွန်မသည် အိမ်တွင် မိတ်သဟာယယဇ်ကိုပူဇော်ခဲ့ပါပြီ။ ယနေ့ ကျွန်မ၏ အဓိဋ္ဌာန်ကိုလည်း ပြုခဲ့ပြီးပါပြီ။- | |
Prov | BurCBCM | 7:15 | ထို့ကြောင့် ကျွန်မသည် သင့်ကိုတွေ့လိုသောကြောင့် ထွက်၍ သင့်ကိုရှာနေခဲ့ရာ ယခုတွေ့ပါပြီ။- | |
Prov | BurCBCM | 7:16 | ကျွန်မသည် ကျွန်မ၏အိပ်ရာကို အီဂျစ် ပြည်မှ အကောင်းဆုံးအိပ်ရာခင်းဖြင့် ဖုံးအုပ်ထားပါ၏။- | |
Prov | BurCBCM | 7:18 | လာပါလော့၊ ကျွန်မတို့သည် နံနက်မိုးလင်းသည့်အထိ ချစ်တင်းနှော၍ မွေ့လျော်ကြကုန်အံ့။ တစ်ဦးနှင့် တစ်ဦးဖက်ယမ်းလျက် ပျော်ကြကုန်အံ့။- | |
Prov | BurCBCM | 7:20 | သူသည် ပိုက်ဆံအပြည့်ပါသောငွေအိတ်ကို ယူဆောင်သွားသည် ဖြစ်၍ လပြည့်နေ့အထိ ပြန်လာလိမ့်မည်မဟုတ်ဟုဆို၏။ | |
Prov | BurCBCM | 7:21 | သူမသည် ထိုလူငယ်ကို သာယာမိန်းမောသွားစေမည့်စကားများဖြင့် ဆွဲဆောင်၍ ချိုမြချောမွေ့သောစကားတို့ဖြင့် သွေးဆောင်ဖြားယောင်းလေရာ၊- | |
Prov | BurCBCM | 7:22 | ထိုသူသည် သားသတ်သမားရှိရာသို့သွားနေသည့် နွားကဲ့သို့လည်းကောင်း၊ မိမိ၏အသည်းနှလုံးများကို မြားဖြင့် ဖောက်ထွင်း ခံရန် ကွင်းလျောထဲသို့ ခုန်ပေါက်ဝင်သွားသည့် သမင် ကဲ့သို့လည်းကောင်း၊- | |
Prov | BurCBCM | 7:23 | ကျော့ကွင်းထဲသို့ တစ်ဟုန်ထိုး တိုးဝင်သည့်ငှက်ငယ်ကဲ့သို့လည်းကောင်း မိမိ၏အသက် အန္တရာယ်ကိုပင် အမှုမထားနိုင်အား ဘဲ ထိုအမျိုးသမီး နောက်သို့ မဆိုင်းမတွပင် လိုက်သွားလေ၏။ | |
Prov | BurCBCM | 7:24 | သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါပြောမည့်စကားကို အလေးထားကြလော့။- | |
Prov | BurCBCM | 7:25 | ဤ ကဲ့သို့သောအမျိုးသမီးကို စွဲလမ်းခြင်းမရှိလေနှင့်။ သူမ၏နောက်သို့လည်း မလိုက်ကြလေနှင့်။- | |
Prov | BurCBCM | 7:26 | သူမသည် လူ ပေါင်းများစွာကို ဖျက်ဆီးခဲ့လေပြီ။ အားကောင်းမောင်း သန်ယောက်ျားပေါင်းများစွာတို့သည် သူမကြောင့် သေ ကြေပျက်စီးခဲ့ကြရလေပြီ။- | |
Chapter 8
Prov | BurCBCM | 8:1 | ဉာဏ်ပညာသည် ခေါ်သံကိုပြုလျက် နားလည်တတ်ခြင်းသည် မိမိ၏အသံကိုလွှင့်လျက်နေသည်မဟုတ်ပါလော။- | |
Prov | BurCBCM | 8:4 | အိုအသင် လူသားတို့၊ သင်တို့ကို ငါခေါ်၏။ လူသားအားလုံးတို့ထံ သို့ ငါ့အသံကို ငါလွှင့်၏။- | |
Prov | BurCBCM | 8:5 | ဉာဏ်တိမ်သောသင်တို့၊ မြော်မြင်ဆင်ခြင်တတ်ခြင်းကို လေ့လာသင်ယူကြလော့။ မိုက်မဲသောသင်တို့၊ ဆင်ခြင်သတိရှိ ကြလော့။- | |
Prov | BurCBCM | 8:6 | ငါသည် မွန်မြတ်သောစကားကို မြွက်ဆိုမည်။ နားထောင်ကြ လော့။ မှန်သောတရားစကားတို့သည် ငါ၏နှုတ်မှထွက် လာလိမ့်မည်။- | |
Prov | BurCBCM | 8:7 | ငါ၏နှုတ်သည် သစ္စာတရားကိုသာ မြွက် ဆို၏။ အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။- | |
Prov | BurCBCM | 8:8 | ငါ၏နှုတ်မှထွက်လာသော စကားအားလုံးတို့သည် ဖြောင့်မတ်မှန်ကန်၍ ကောက်ကျစ်လှည့်ဖြားခြင်းနှင့်ကင်း၏။- | |
Prov | BurCBCM | 8:10 | ငွေစင်အစား ငါ၏သွန်သင်ချက်များ ကိုလည်းကောင်း၊ ရွှေစင်အစား အသိပညာကိုလည်းကောင်း ရွေးချယ်ကြလော့။- | |
Prov | BurCBCM | 8:11 | အကြောင်းမူကား ဉာဏ်ပညာတော်သည် ရတနာများစွာထက် အဖိုးထိုက်တန်၏။ သင်နှစ်သက်သော အရာရှိသမျှ တို့နှင့်လည်း နှိုင်းယှဉ် ၍မရနိုင်။- | |
Prov | BurCBCM | 8:12 | ဉာဏ်ပညာတော်တည်းဟူသော ငါသည် အမြော်အမြင်နှင့်အတူ အသက်ရှင်၏။ ငါသည် အသိပညာနှင့် အပြောအဆို လိမ္မာသိုသိပ်မှုကိုပိုင်ဆိုင်၏။- | |
Prov | BurCBCM | 8:13 | ထာ၀ရဘုရားသခင်ကိုကြောက်ရွံ့ခြင်းကား ဒုစရိုက်ကို မုန်းတီးခြင်းပေတည်း။ မာနထောင်လွှားခြင်းနှင့် မောက်မာသော စိတ်ရှိခြင်း၊ ဆိုးညစ်သောအပြုအမူနှင့် ကောက်ကျစ်သောအပြောအဆိုတို့ကို ငါမုန်း၏။- | |
Prov | BurCBCM | 8:14 | အကြံဉာဏ်နှင့် မှန်ကန်သောစီရင်ချက်တို့သည် ငါ၌တည်၏။ နားလည် တတ်ခြင်းနှင့်ခွန်အားတန်ခိုးကို ငါပိုင်ဆိုင်၏။- | |
Prov | BurCBCM | 8:15 | ငါ့အားဖြင့် ရှင်ဘုရင်တို့သည် အုပ်ချုပ်နန်းစံကြ၍ အစိုးရမင်းတို့သည် တရားမျှတသောဥပဒေများကို အတည်ပြုနိုင်ကြ၏။- | |
Prov | BurCBCM | 8:16 | ငါ့အားဖြင့် မင်းညီမင်းသားတို့သည် အုပ်ချုပ်ခွင့်ရကြ၍ မှူးမတ်အပေါင်းတို့သည်လည်း ဖြောင့်မတ်စွာအုပ်စိုးနိုင်ကြ၏။- | |
Prov | BurCBCM | 8:17 | ငါ့ကိုနှစ်သက်မြတ်နိုးသူတို့ကို ငါနှစ်သက်မြတ်နိုး၏။ ငါ့ကို စိတ်အားထက်သန်စွာရှာသောသူတို့သည် ငါ့ကိုတွေ့ကြ၏။- | |
Prov | BurCBCM | 8:18 | စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေသည် ငါနှင့်အတူရှိ၏။ တည်မြဲသောကြွယ်၀မှုနှင့် ကြီးပွားချမ်းသာခြင်းသည်လည်း ငါ၌ရှိ၏။- | |
Prov | BurCBCM | 8:20 | ငါသည် ဖြောင့်မတ်သော တရားလမ်းစဉ်၌ လျှောက်လှမ်း၏။ တရားမျှတမှုနှင့်ယှဉ် လျက် ငါလျှောက်လှမ်း၏။- | |
Prov | BurCBCM | 8:21 | ငါသည် ငါ့ကိုနှစ်သက်မြတ်နိုးသူတို့အား စည်းစိမ်ချမ်းသာကို ပိုင်ဆိုင်စေ၏။ သူတို့၏ဘဏ္ဍာတိုက်များကိုလည်း ပြည့်၀ စေ၏။ | |
Prov | BurCBCM | 8:22 | ထာ၀ရဘုရားသခင်သည် မည်သည့်အရာကိုမျှ မဖန်ဆင်းမီ ငါ့အား အစဦးကတည်းက ဖန်ဆင်းတော်မူ၏။ ငါသည် ကိုယ်တော်၏ပထမဦးဆုံးသောလက်ရာတော်ဖြစ်၏။- | |
Prov | BurCBCM | 8:24 | နက်သော ပင်လယ်သမုဒ္ဒရာများမရှိမီ၊ ရေအလွန်ပေါများသော စမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုရှိနှင့်စေတော်မူခဲ့၏။- | |
Prov | BurCBCM | 8:26 | ကမ္ဘာမြေကြီးနှင့် လယ် ကွင်းများ မဖြစ်ပေါ်မီ၊ ပထမဦးဆုံးသောမြေမှုန့်ကိုပင် ကိုယ်တော်မဖန်ဆင်းမီ ငါ့ကို တည်ရှိစေတော်မူခဲ့၏။- | |
Prov | BurCBCM | 8:27 | မိုးကောင်းကင်ကို ကိုယ်တော်နေရာတကျတည်ရှိစေသော အချိန်၌လည်းကောင်း၊ မိုးကုတ်စက်ဝိုင်းကို မိုးမျက်နှာ ကြက်တွင် မှတ်သားသောအချိန်၌လည်းကောင်း၊- | |
Prov | BurCBCM | 8:28 | ကောင်းကင်ပြင်၌ တိမ်တိုက်များကို နေရာချထားသော အချိန်၌လည်းကောင်း၊ သမုဒ္ဒရာစမ်းရေတွင်းများဖြစ်ပေါ် ချိန်၌လည်းကောင်း၊- | |
Prov | BurCBCM | 8:29 | ပင်လယ်ရေလွှမ်းမိုးခြင်းမရှိစေရန် အမိန့်ပေးတော်မူသောအချိန်၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အောက်ခြေ အုတ်မြစ်များ ကိုချမှတ်သောအချိန်၌ လည်းကောင်း ငါတည်ရှိခဲ့၏။- | |
Prov | BurCBCM | 8:30 | ထိုအခါ ငါသည် အတူပါဝင်တည်ဆောက်သူတစ်ဦးကဲ့သို့ ကိုယ်တော်၏ထံ တော်ပါး၌ ရှိနေခဲ့၏။ ငါသည် နေ့စဉ်နေ့တိုင်း ကိုယ်တော် ၏မျက်မှောက်တော်၌ ဝမ်းမြောက်ပျော်ရွှင်လျက် ကိုယ် တော်နှစ်သက်မြတ်နိုးရာအဖြစ်ရှိနေခဲ့ပြီး၊- | |
Prov | BurCBCM | 8:32 | သို့ဖြစ်၍ ငါ့သားတို့၊ ငါ၏စကားကို နားထောင်ကြ လော့၊ ငါ၏လမ်းစဉ်ကိုလိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။- | |
Prov | BurCBCM | 8:33 | ငါ၏သွန်သင်ချက်များကို နားထောင်ကြလော့။ ဉာဏ်ပညာအမြော်အမြင်ရှိကြလော့။ ငါ၏သွန် သင်ချက်များကို လျစ်လျူ မရှုကြနှင့်။- | |
Prov | BurCBCM | 8:34 | ငါ၏စကားကို နားထောင်၍ ငါ၏အိမ်တံခါး၌ နေ့စဉ်စောင့်နေတတ်ပြီး တံခါး၀တွင် မျှော်လင့်နေတတ်သောသူသည် မင်္ဂလာရှိ၏။- | |
Prov | BurCBCM | 8:35 | အကြောင်းမူကား ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၍ ထာ၀ရဘုရားသခင်၏အထံတော်မှ ကျေးဇူးတော်များကို လည်း ခံစားရ၏။- | |
Chapter 9
Prov | BurCBCM | 9:2 | သူမသည် မိမိ၏တိရစ္ဆာန်များကိုသတ်ဖြတ်ပြင်ဆင်၍ စပျစ်ရည်ကို ရောစပ်ပြီးလျှင် စားပွဲကိုလည်း ခင်းကျင်းထား၏။- | |
Prov | BurCBCM | 9:3 | သူမသည် မိမိ၏အစေခံအမျိုးသမီးတို့ကို စေလွှတ်ကာမြို့အတွင်းရှိ အမြင့်ဆုံးသောအရပ်များမှနေ၍၊- | |
Prov | BurCBCM | 9:4 | အသိဉာဏ် နည်းပါးသောသူတို့၊ ဤနေရာသို့လာကြလော့ဟု ဟစ်ခေါ်စေ၏။ ဆင်ခြင်တုံတရားကင်းမဲ့သောသူတို့အား လည်း ဆိုသည်မှာ၊- | |
Prov | BurCBCM | 9:7 | လှောင်ပြောင်သရော်တတ်သူတို့ကို ဆုံးမပဲ့ပြင်သူသည် စော်ကားခြင်းခံရလိမ့်မည်။ ဆိုးညစ်သူကို ပြစ်တင် ကြိမ်းမောင်းသော သူသည် ထိခိုက်ဒဏ်ရာရလိမ့်မည်။- | |
Prov | BurCBCM | 9:8 | လှောင်ပြောင်သရော်တတ်သောသူကို ဆုံးမပဲ့ပြင်ပေးလျှင် ထိုသူသည် သင့်ကို မုန်းတီးလိမ့်မည်။ ဉာဏ်ပညာ ရှိသူကို ဆုံးမပဲ့ပြင်လျှင် သူသည် သင့်ကိုချစ်လိမ့်မည်။- | |
Prov | BurCBCM | 9:9 | ဉာဏ်ပညာရှိသူကို သွန်သင်လော့။ ထိုသူသည် ပို၍ပင် ဉာဏ်ပညာရှိလာပေလိမ့်မည်။ ဖြောင့်မတ်သောသူတို့ကို သွန်သင်လော့။ ထိုသူတို့သည် ပိုမိုလေ့လာသင်ယူလိမ့်မည်။- | |
Prov | BurCBCM | 9:10 | ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏မူလအစဖြစ်၏။ သန့်ရှင်းမြင့်မြတ်တော် မူသောအရှင်၏ အသိပညာသည် နားလည်တတ်ခြင်းဖြစ်၏။- | |
Prov | BurCBCM | 9:11 | အကြောင်းမူကား ငါ့အားဖြင့် သင်၏အသက် တာနေ့ရက်တို့သည် တိုးပွားများပြားလိမ့်မည်။ နှစ်ကာလ တို့သည်လည်း ထပ်မံတိုးပေးခြင်းခံရ၍ သင်၏အသက်ကို ပို၍ရှည်စေလိမ့်မည်။- | |
Prov | BurCBCM | 9:12 | သင်သည် ဉာဏ်ပညာရှိပါလျှင် သင်၏ဉာဏ်ပညာသည် သင့်အတွက်ဖြစ်လိမ့်မည်။ သင်သည် လှောင်ပြောင်သရော်သူဖြစ် ပါမူ သင်သာလျှင် ဒုက္ခဝေဒနာခံစားရလိမ့်မည်။ | |
Prov | BurCBCM | 9:13 | မိုက်မဲသောအမျိုးသမီး၏အသံသည် ဆူညံကျယ်လောင်၏။ သူမသည် အသိဉာဏ်အလွန်နည်း၍ ရှက်ကြောက်ခြင်းမရှိ။- | |
Prov | BurCBCM | 9:14 | သူမသည် မိမိ၏အိမ်တံခါး၀၌လည်းကောင်း၊ မြို့၏အမြင့်ဆုံးသောအငူ၏အခင်းပြင်၌လည်းကောင်း ထိုင်လျက်၊- | |
Prov | BurCBCM | 9:17 | ဆင်ခြင်တုံတရားကင်းမဲ့သောသူအား သူမဆိုသည်ကား ခိုး၍ သောက်ရသောရေသည်ချို၏၊ တိတ် တဆိတ်စားရသော မုန့်သည် ပို၍အရသာရှိ၏ဟူ၍ဖြစ်သတည်း။- | |
Chapter 10
Prov | BurCBCM | 10:1 | ပညာရှိသောသားသည် မိမိ၏ဖခင်အား ကြည်နူးဝမ်းမြောက်ဖွယ်ရာအကြောင်းဖြစ်စေတတ်၏။ သို့သော် မိုက်မဲသော သားသည် မိမိ၏မိခင်အား ပူဆွေးသောကရောက်စေတတ်၏။- | |
Prov | BurCBCM | 10:2 | မတရားသောနည်းလမ်းဖြင့်ရရှိသည့် ဥစ္စာဘဏ္ဍာသည် တန်ဖိုးမရှိ။ သို့သော် ဖြောင့်မတ်ခြင်းသည် သေခြင်းမှ ကယ်ဆယ် တတ်၏။- | |
Prov | BurCBCM | 10:3 | ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်မှန်ကန်သူတို့ကို ငတ်မွတ်သည့်အခြေအနေသို့ ရောက်စေတော်မမူချေ။ သို့ရာတွင် ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏လို အင်ဆန္ဒများကို တားဆီးတော်မူ၏။- | |
Prov | BurCBCM | 10:4 | ပျင်းရိသောလက်များသည် လူတစ်ယောက်ကို ဆင်းရဲမွဲတေစေ၏။ လုံ့လဝီရိယရှိသောလက်များသည်ကား ကြွယ်၀ခြင်းကို ဖြစ်စေ၏။- | |
Prov | BurCBCM | 10:5 | နွေရာသီ၌ သီးနှံများကို စုသိမ်းသောသားသည် ပညာသတိရှိသူဖြစ်၏။ ကောက်ရိတ်ချိန်၌ အိပ်စက်နေ တတ်သောသားမူကား ရှက်ဖွယ်ကောင်းသောသူဖြစ်၏။- | |
Prov | BurCBCM | 10:6 | ကောင်းချီးမင်္ဂလာသည် ဖြောင့်မတ်သောသူတို့၏ ဦးခေါင်းပေါ် ၌ တည်လျက်ရှိ၏။ ဆိုးယုတ်သောသူတို့ ၏နှုတ်ကိုမူကား အကြမ်းဖက်မှု ဖုံးလွှမ်းလိမ့်မည်။- | |
Prov | BurCBCM | 10:7 | ဖြောင့်မတ်သောသူတို့ကို အောက်မေ့သတိရခြင်းကား ကောင်းချီးမင်္ဂလာတစ်ပါးပေတည်း။ သို့ရာတွင် ဆိုးယုတ် သောသူ၏ အမည်ကား မေ့ပျောက်ခြင်းခံရလိမ့်မည်။- | |
Prov | BurCBCM | 10:8 | စိတ်နှလုံး၌ ပညာရှိသူသည် ပညတ်တရားကို လက်ခံတတ်၏။ သို့ရာတွင် စကားမဆင်မခြင်ပြောတတ်သည့် မိုက်မဲသော သူသည် ဆုံးပါးပျက်စီးရလိမ့်မည်။- | |
Prov | BurCBCM | 10:9 | ဖြောင့် မတ်သောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရ ၏။ ကောက်ကျစ်သောလမ်းကိုလိုက်သောသူ၏လမ်း စဉ်သည် ပေါ်လွင်ထင်ရှားလာလိမ့်မည်။- | |
Prov | BurCBCM | 10:10 | မလိုတမာစိတ် နှင့် မျက်စိမှိတ်ပြသောသူသည် ပူဆွေးသောကရောက်ရ ၏။ ပွင့်လင်းစွာဝေဖန်ပြောဆိုတတ်သောသူမူကား ငြိမ်း ချမ်းမှုကိုပြုစုပေးသောသူဖြစ်၏။- | |
Prov | BurCBCM | 10:11 | ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရှင်ခြင်း၏စမ်းရေတွင်းသဖွယ်ဖြစ်၏။ သို့ရာတွင် အကြမ်းဖက်မှုသည် ဆိုးယုတ်သော သူ၏နှုတ်ကို လွှမ်းမိုးထားတတ်၏။ | |
Prov | BurCBCM | 10:12 | မုန်းတီးခြင်းသည် ပဋိပက္ခကို လှုံ့ဆော်ပေးတတ်၏။ မေတ္တာတရားမူကား အပြစ်တို့ကို ဖုံးအုပ်တတ်၏။- | |
Prov | BurCBCM | 10:13 | သိမြင်နားလည်တတ်သူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရှိရ၏။ သို့ရာတွင် စဉ်းစားဉာဏ်ကင်းမဲ့သောသူ၏ ကျောကုန်း အတွက် ကြိမ်လုံးသာရှိ၏။- | |
Prov | BurCBCM | 10:14 | ဉာဏ်ပညာရှိ သူသည် အသိပညာကို ဆည်းပူးတတ်၏။ မိုက်မဲသော သူတို့၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။- | |
Prov | BurCBCM | 10:15 | ကြွယ်၀ သူတို့၏စည်းစိမ်ကား သူတို့၏ခိုင်ခံ့သောမြို့တော်ဖြစ်၏။ ဆင်းရဲသားတို့၏မွဲတေခြင်းကား သူတို့၏ပျက်စီးခြင်းပင် ဖြစ်၏။- | |
Prov | BurCBCM | 10:16 | ဖြောင့်မတ်သောသူတို့၏လုပ်ခသည် သူတို့အား အသက်ရှင်ခြင်းသို့ပို့ဆောင်၏။ ဆိုးယုတ်သောသူတို့၏ အကျိုးအမြတ် မူကား အပြစ်ဒဏ်ဖြစ်၏။- | |
Prov | BurCBCM | 10:17 | ပဲ့ပြင်သွန်သင်မှုကို ခံယူတတ်သူတို့သည် အသက်ရှင်ခြင်းလမ်းပေါ်၌ ရှိကြ၏။ ဆုံးမပဲ့ပြင်မှုကို ငြင်းပယ်သူတို့သည် လမ်းလွဲသွား တတ်ကြ၏။- | |
Prov | BurCBCM | 10:18 | မုန်းတီးခြင်းကို ဖုံးကွယ်ထားသောသူ၌ မုသားစကားပြောတတ်သောနှုတ်ခမ်းများရှိ၏။ အသရေပျက်အောင် ပြောတတ် သော သူသည် မိုက်မဲသောသူဖြစ်၏။- | |
Prov | BurCBCM | 10:19 | စကားများများပြောသောအခါ အပြစ်ပါလာတတ်၏။ သို့ရာတွင် မိမိ၏နှုတ်ကိုချုပ်တည်းသော သူသည် ပညာရှိဖြစ်၏။- | |
Prov | BurCBCM | 10:20 | ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးယုတ်သောသူ၏စိတ်အကြံအစည်မူကား တန်ဖိုးမရှိပေ။- | |
Prov | BurCBCM | 10:21 | ဖြောင့်မတ်သောသူ၏နှုတ်ခမ်းတို့သည် လူအမြောက်အမြားတို့အား ကျွေးမွေးတတ်၏။ သို့ရာ တွင် ဆိုးယုတ်သော သူတို့သည် စဉ်းစားဉာဏ်ကင်းမဲ့ သောကြောင့် သေကြလိမ့်မည်။- | |
Prov | BurCBCM | 10:22 | ထာ၀ရဘုရားသခင်၏ ကောင်းချီးတော်သည် ချမ်းသာကြွယ်၀ခြင်းကို ဖြစ်စေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်၀ခြင်း ကို ဝမ်းနည်းပူ ဆွေးခြင်းနှင့် ရောနှောတော်မမူ။- | |
Prov | BurCBCM | 10:23 | မိုက်မဲသောသူသည် အပြစ်ပြုခြင်း၌ ပျော်မွေ့တတ်၏။ သို့ရာတွင် နားလည် တတ်သောသူသည် ဉာဏ်ပညာတော်၌ ကြည်နူးဝမ်းမြောက်တတ်၏။- | |
Prov | BurCBCM | 10:24 | ကြောက်မက်ဖွယ်ကောင်းသောအမှုသည် ဆိုးယုတ်သောသူတို့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် မိမိတို့၏အလိုဆန္ဒများ ပြည့်၀ကြလိမ့်မည်။- | |
Prov | BurCBCM | 10:25 | မုန်တိုင်းကျပြီးသောအခါ ယုတ်မာသောသူတို့သည် မရှိကြတော့ချေ။ ဖြောင့်မတ်သောသူ တို့မူကား ထာ၀စဉ်ခိုင်မြဲစွာ ရပ်တည်ကြလိမ့်မည်။- | |
Prov | BurCBCM | 10:26 | ပုန်းရည်သည် သွားကိုလည်းကောင်း၊ မီးခိုးသည် မျက်စိကိုလည်းကောင်း ကျိန်းစပ်စေသကဲ့သို့ လူပျင်းသည် မိမိ ၏ အလုပ်ရှင်အား အနှောင့်အယှက်ဖြစ်စေ၏။- | |
Prov | BurCBCM | 10:27 | ထာ၀ရ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေ၏။ သူယုတ်မာတို့၏နှစ်ကာလမူကား တိုတောင်း လိမ့်မည်။- | |
Prov | BurCBCM | 10:28 | ဖြောင့်မတ်သောသူ၏မျှော်လင့်ချက်သည် ဝမ်းမြောက်ခြင်းဖြစ်၏။ သူယုတ်မာတို့၏မျှော်မှန်းချက် မူကား ကွယ်ပျောက်ရ လိမ့်မည်။- | |
Prov | BurCBCM | 10:29 | ထာ၀ရဘုရားသခင်၏ လမ်းစဉ်သည် ဖြောင့်မတ်သောသူတို့အတွက် အကာ အကွယ်ဖြစ်၍ ဒုစရိုက်သားများအတွက်မူကား ပျက်စီးခြင်းသာဖြစ်၏။- | |
Prov | BurCBCM | 10:30 | ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှ ဖယ်ရှားပစ်ခြင်းခံရလိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား နိုင်ငံတော်တွင် အစဉ်နေကြရလိမ့် မည်မဟုတ်။- | |
Prov | BurCBCM | 10:31 | ဖြောင့်မတ်သောသူတို့၏နှုတ်သည် ဉာဏ် ပညာတော်ကို မြွက်ဆိုတတ်၏။ ကောက်ကျစ်သော သူတို့၏လျှာများမူကား ဖြတ်တောက်ပစ်ခြင်းခံရလိမ့် မည်။- | |
Chapter 11
Prov | BurCBCM | 11:1 | မမှန်ကန်သောချိန်ခွင်သည် ထာ၀ရဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ တရားမျှတ သောအလေးချိန်သည်ကား ကိုယ်တော်ကျေနပ်နှစ် သက်ဖွယ်ရာဖြစ်၏။- | |
Prov | BurCBCM | 11:2 | မာနထောင်လွှားခြင်းရောက်လာ သောအခါ အသရေပျက်ခြင်းသည်လည်း လိုက်ပါလာ၏။ ဉာဏ်ပညာမူကား နှိမ့်ချသော သူတို့နှင့်အတူလာ ၏။- | |
Prov | BurCBCM | 11:3 | ဖြောင့်မတ်သူတို့၏အပြစ်ကင်းစင်မှုသည် သူတို့ကို ဦးဆောင်လမ်းညွှန်၏။ သစ္စာဖောက်သူတို့၏ကောက် ကျစ်မှုသည်ကား သူတို့ကိုဖျက်ဆီးလေ၏။- | |
Prov | BurCBCM | 11:4 | အမျက်တော်သင့်သည့်နေ့တွင် ချမ်းသာကြွယ်၀မှုသည် အကျိုးပြုမည်မဟုတ်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်းသည် သေခြင်းမှလွတ်မြောက်စေ၏။- | |
Prov | BurCBCM | 11:5 | အပြစ်တင်ခွင့်ကင်းသူ တို့၏ဖြောင့်မတ်မှန်ကန်မှုသည် သူတို့၏လမ်းစဉ်ကို ဖြောင့်တန်းစေ၏။ ဆိုးယုတ်သောသူတို့မူကား မိမိတို့ ၏ဆိုးယုတ်မှုကြောင့်ပင် ပြိုလဲရ၏။- | |
Prov | BurCBCM | 11:6 | ဘဖြောင့်မတ်သူတို့၏ ဖြောင့်မတ်မှန်ကန်မှုသည် သူတို့ကို ကယ်တင်၏။ သစ္စာ ဖောက်သောသူတို့မူကား မိမိတို့မကောင်းစိတ် ၏ကျောကွင်း၌ ဖမ်းဆီးခြင်းခံကြရ၏။ | |
Prov | BurCBCM | 11:7 | ဆိုးယုတ်သောသူတစ်ဦးသေသောအခါ သူ၏မျှော်လင့်ခြင်းသည် ပျောက်ကွယ်သွား၏။ ဘုရားတရား မဲ့သူ၏မျှော်လင့် ချက်သည် အချည်းနှီးသာဖြစ်လာရ၏။- | |
Prov | BurCBCM | 11:8 | ဖြောင့်မတ်သောသူသည် ဒုက္ခဆင်းရဲမှလွတ်မြောက်ပြီး သူ့နေရာ၌ ဆိုးယုတ်သောသူသည် အစားထိုးဝင်ရောက်ရ၏။- | |
Prov | BurCBCM | 11:9 | ဘုရားမဲ့သူသည် မိမိ၏နှုတ်ဖြင့် အိမ်နီးချင်းတို့ကို ဖျက်ဆီး၏။ သို့သော် ဖြောင့်မတ်သူတို့သည် အသိပညာအားဖြင့် လွတ်မြောက်ကြ၏။- | |
Prov | BurCBCM | 11:10 | ဖြောင့်မတ်သောသူတို့ ကောင်းစားသောအခါ တစ်မြို့လုံးရွှင်လန်းဝမ်းမြောက်ကြ၏။ ဆိုးယုတ်သော သူတို့ပျက်စီးသော အခါ၌လည်း မြူးထူးအော်ဟစ်ကြ၏။- | |
Prov | BurCBCM | 11:11 | ဖြောင့်မတ်သောသူ၏ကောင်း ချီးမင်္ဂလာအားဖြင့် မြို့တစ်မြို့သည် ချီးမြှင့်ခြင်းခံရ၏။ သို့သော် ဆိုးယုတ်သော သူ၏ နှုတ်အားဖြင့်မြို့သည် ဖျက်ဆီး ခြင်းခံရ၏။- | |
Prov | BurCBCM | 11:12 | စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့သူသည် မိမိ နှင့်နီးစပ်သောသူကို လှောင်ပြောင်ကဲ့ရဲ့တတ်၏။ ဉာဏ် အမြော်အမြင်ရှိသူမူကား မိမိ၏နှုတ်လျှာကိုထိန်း၏။- | |
Prov | BurCBCM | 11:13 | အတင်းအဖျင်းပြောတတ်သူသည် ယုံကြည်စိတ်ချစွာ အသိပေးထားသည့်အမှုကို သစ္စာဖောက်တတ်၏။ ယုံကြည်ထိုက် သော သူမူကား လျှို့ဝှက်ချက်ကို စောင့်ထိန်းတတ်၏။- | |
Prov | BurCBCM | 11:14 | လမ်းညွှန်မှုကင်းမဲ့ခြင်းကြောင့် လူမျိုးတစ်မျိုးသည် ကျဆုံးရ၏။ အကြံဉာဏ်ပေးနိုင်သူအမြောက် အမြားရှိခြင်းသည်ကား ဘေးကင်းလုံခြုံမှုကို ဆောင်ကြဉ်းပေး၏။- | |
Prov | BurCBCM | 11:15 | သူစိမ်းတစ်ဦးအတွက် အာမခံပေးသူသည် ဒုက္ခခံစားရမည်မှာ သေချာ၏။ အာမခံပေးရန် ငြင်းဆိုသောသူမူကား ဘေးကင်း လုံခြုံ၏။- | |
Prov | BurCBCM | 11:17 | ရက်စက်ကြမ်းကြုတ်သောသူတို့သည် ကြွယ်၀ချမ်းသာကြ၏။ သနားကြင်နာတတ်သောသူတို့သည် မိမိတို့ကိုယ်ကို အကျိုးပြု၏။ ရက်စက်ကြမ်းကြုတ်သော သူမူကား မိမိကိုယ်ကို အန္တရာယ်ပြုတတ်၏။- | |
Prov | BurCBCM | 11:18 | ဆိုးယုတ် သောသူသည် မတည်မြဲသောဥစ္စာဓနကို ခံစားရ၏။ ရိုးသားဖြောင့်မတ်သူမူကား သေချာသောကောင်းကျိုး ချမ်းသာကို ဧကန်မုချခံစားရ၏။- | |
Prov | BurCBCM | 11:19 | ရိုးသားဖြောင့်မတ်စွာ နေထိုင်သောသူသည် အသက်ရှင်ရလိမ့်မည်။ သို့သော် ဒုစရိုက်လမ်းအတိုင်းလိုက်သောသူမူကား သေဘေးနှင့် ကြုံရမည်။- | |
Prov | BurCBCM | 11:20 | ထာ၀ရဘုရားသခင်သည် စိတ်ထားယုတ် ညံ့သူများကို မုန်းတီးစက်ဆုပ်တော်မူ၏။ သို့သော် ကိုယ် တော်သည် ရိုးသား ဖြောင့်မတ်စွာ နေထိုင်သူတို့ကို နှစ်သက်အားရတော်မူ၏။- | |
Prov | BurCBCM | 11:21 | ဆိုးယုတ်သောသူတို့သည် အပြစ်ဒဏ်မခံရဘဲ နေမည်မဟုတ်သော်လည်း ဖြောင့် မတ်သောသူတို့မူကား ကယ်တင်ခြင်းခံရ မည်မှာ ဧကန် အမှန်ပင်ဖြစ်၏။- | |
Prov | BurCBCM | 11:22 | ဆင်ခြင်တုံတရားကင်းမဲ့သည့် လှပ သောအမျိုးသမီးသည် ဝက်နှုတ်သီးတွင် တပ်ထားသည့် ရွှေလက်စွပ်နှင့်တူ၏။- | |
Prov | BurCBCM | 11:23 | ဖြောင့်မတ်သောသူတို့သည် ကုသိုလ်ကောင်းမှုပြုရန်သာ အလိုရှိကြ၏။ သူယုတ်မာ တို့၏လိုလားတောင့်တမှုသည်ကား အမျက်ဒေါသဖြစ်၏။- | |
Prov | BurCBCM | 11:24 | လူတစ်ဦးသည် ရက်ရောစွာပေးကမ်းသော်လည်း ဥစ္စာတိုးပွား၏။ အခြားတစ်ဦးမှာ ပေးကမ်းရမည်ကို လွန်စွာနှမြော တွန့်တိုသောကြောင့် ဆင်းရဲခြင်းသို့သာရောက်ရ၏။- | |
Prov | BurCBCM | 11:25 | ရက်ရောစွာ ပေးကမ်းသောသူသည် ကြီးပွားတိုးတက်လိမ့်မည်။ သူတစ်ပါးတို့အား စိတ်ရွှင်လန်းစေသော သူသည် မိမိကိုယ်တိုင်စိတ်ရွှင်လန်းလိမ့်မည်။- | |
Prov | BurCBCM | 11:26 | လူတို့သည် ကောက်ပဲသီးနှံသိုလှောင်ထားသောသူကိုကျိန်ဆဲကြ၏။ လိုလိုလားလားရောင်းချပေးသူကိုမူကား ဘုရား သခင်သည် ကောင်းချီးမင်္ဂလာဖြင့် ပြည့်စုံစေ၏။- | |
Prov | BurCBCM | 11:27 | ကောင်း မှုပြုရန် ကြိုးစားသောသူသည် ကောင်းကျိုးကို ခံစားရ၏။ မကောင်းမှုပြုရန် အားသန်သူသည်ကား ထိုမကောင်းမှု ၏အကျိုးဆက်ကို ခံရတတ်၏။- | |
Prov | BurCBCM | 11:28 | မိမိ၏ဥစ္စာကြွယ်၀မှုကို အားကိုးအားထားပြုသူသည် ကျရှုံးရလိမ့်မည်။ ဖြောင့်မတ်သောသူမူကား ရွက်သစ်များ ဖြာထွက် သကဲ့သို့ ကြီး ပွားလိမ့်မည်။- | |
Prov | BurCBCM | 11:29 | မိမိ၏မိသားစုကို ဒုက္ခပေးသောသူသည် လေကိုသာလျှင် အမွေခံရလိမ့်မည်။ ပညာမဲ့သူသည်လည်း ပညာရှိသူ၏အစေခံ ဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 11:30 | ဖြောင့်မတ်သူ ရရှိသည့်အကျိုးမှာ အသက်၏သစ်ပင်ဖြစ်၏။ ဆိုးယုတ် သူတို့မှာမူ အသက်ကို ဖယ်ရှားပစ်ကြ၏။- | |
Chapter 12
Prov | BurCBCM | 12:1 | သွန်သင်ဆုံးမမှုကို ချစ်မြတ်နိုးသူမှန်သမျှသည် အသိပညာကိုချစ်မြတ်နိုး၏။ ဆုံးမပဲ့ပြင်မှုကို လက်မခံသူမူကား မိုက်မဲ သူဖြစ်၏။- | |
Prov | BurCBCM | 12:2 | ရိုးသားသောသူသည် ထာ၀ရဘုရားသခင်၏ရှေ့တော်၌မျက်နှာရလေ၏။ သို့သော် ကိုယ်တော်သည် ကောက်ကျစ်စဉ်းလဲသော သူကို ပြစ်ဒဏ်စီရင်တော်မူ၏။- | |
Prov | BurCBCM | 12:3 | ဆိုးယုတ်သူတစ်ဦး၏ ဘ၀သည် ခိုင်ခံ့လုံခြုံမှုမရှိပေ။ သို့သော် ဖြောင့်မတ်သော သူတစ်ဦး၏ဘ၀သည် မည်သည့်အခါ မျှပြိုလဲလိမ့်မည် မဟုတ်။- | |
Prov | BurCBCM | 12:4 | ကောင်းမြတ်သောဇနီးမယားသည် မိမိလင် ယောက်ျား၏သရဖူဖြစ်၏။ အရှက်အကြောက်ကင်းမဲ့ သောဇနီးမယားမူကား လင်ယောက်ျား၏အရိုးထဲတွင် ဆွေးမြည့်ခြင်းကိုဖြစ်စေ၏။- | |
Prov | BurCBCM | 12:5 | ဖြောင့်မတ်သောသူတို့၏ အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူ တို့၏အကြံအစည်တို့သည်ကား ကောက်ကျစ်စဉ်းလဲလေ၏။- | |
Prov | BurCBCM | 12:6 | ဆိုးယုတ်သောသူတို့၏နှုတ်ထွက်စကားများသည် သွေးထွက်သံယိုဖြစ်စေရန် ချောင်းမြောင်းနေ၏။ ဖြောင့်မတ်သော သူတို့၏နှုတ်သည်ကား လူတို့ကို ကယ်တင်၏။- | |
Prov | BurCBCM | 12:7 | ဆိုးယုတ်သောသူတို့သည် နှိမ်နင်းခံရသောအခါ ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား အစဉ်အမြဲတည်နေလိမ့်မည်။- | |
Prov | BurCBCM | 12:8 | လူတစ်ဦးသည် မိမိ၏ဉာဏ်ပညာနှင့်ထိုက်တန်လျော်ညီစွာ ချီးမွမ်းခံရ၏။ စိတ်ထားယုတ်ညံ့သူတို့မှာမူကား ကဲ့ရဲ့ ပြစ် တင်ခြင်းခံရ၏။- | |
Prov | BurCBCM | 12:9 | ဂုဏ်သရေရှိဟန်ဆောင်ပြီး စားစရာ မရှိသောသူထက် နှိမ့်ချစွာလုပ်ကိုင်စားသောက်သောသူ သည် သာ၍ကောင်း၏။- | |
Prov | BurCBCM | 12:10 | ဖြောင့်မတ်သောသူသည် မိမိ၏တိရစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်၏။ ဆိုးယုတ် သောသူတို့မူကား ကြမ်းတမ်းရက်စက် ကြ၏။- | |
Prov | BurCBCM | 12:11 | မိမိ၏ မြေယာကို ထွန်ယက်လုပ်ကိုင်သောသူသည် အစာရေစာကြွယ်၀လိမ့်မည်။ မိမိစိတ်ကူးပေါက်ရာကို လုပ်ကိုင်သော သူသည် ရူးမိုက်သောသူဖြစ်၏။- | |
Prov | BurCBCM | 12:12 | ဆိုးယုတ်သော သူတို့သည် လူဆိုးလူမိုက်တို့၏ကျော့ကွင်းကို လိုလား တပ်မက်၏။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား အသီးကို ဖြစ်ထွန်းစေ၏။- | |
Prov | BurCBCM | 12:13 | ဆိုးယုတ်သောသူသည် မိမိပရိယာယ်ဆင်ထားသည့်စကားတို့ဖြင့် ပြန်၍ချည်တုပ် ခံရတတ်၏။ ဖြောင့်မတ်သောသူမူကား ဘေးဒုက္ခမှ လွတ်မြောက်၏။- | |
Prov | BurCBCM | 12:14 | လူသည် မိမိပြောသောစကားတို့၏ အကျိုးကျေးဇူးကို ကောင်းစွာခံစားရလိမ့်မည်။ လူတစ်ဦး ၏လုပ်ရပ်မှန်သမျှသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။ | |
Prov | BurCBCM | 12:15 | မိုက်မဲသူသည် မိမိလုပ်သမျှမှန်သည်ဟု ယူဆလေ့ရှိ၏။ ပညာရှိမူကား အကြံပေးချက်ကို နားထောင်၏။- | |
Prov | BurCBCM | 12:16 | မိုက်မဲသူသည် မိမိစိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို ချက်ချင်းပြတတ်၏။ ပညာအလိမ္မာရှိသူမူကား မိမိအား စော်ကားသည် ကို လျစ်လျူရှုတတ်၏။- | |
Prov | BurCBCM | 12:17 | အမှန်တရားကို ပြောဆိုသောသူသည် ရိုးသားစွာသက်သေခံ၏။ မုသား သက်သေခံသောသူကား လှည့်ဖြားပြောဆို တတ်၏။- | |
Prov | BurCBCM | 12:18 | မဆင်မခြင်ပြောလေ့ရှိသူ၏စကားများသည် ဓားနှင့်ထိုးသကဲ့သို့ စူးနစ်နာကျင်စေ၏။ ပညာရှိ၏နှုတ်မှထွက်သော စကားမူကား ဝေဒနာကိုသက်သာပျောက်ကင်းစေ၏။- | |
Prov | BurCBCM | 12:20 | မကောင်းကြံ စည်သူတို့၏ နှလုံးသားတွင် လိမ်လည်လှည့်ဖြားမှုရှိ၏။ ငြိမ်းချမ်းရေးကို အကြံပြုကြသောသူတို့မူကား ပျော်ရွှင် ချမ်းမြေ့မှုကိုရကြ၏။- | |
Prov | BurCBCM | 12:21 | ဖြောင့်မတ်သောသူတို့အပေါ်သို့ မည်သည့်အန္တရာယ်မျှမကျရောက်ပေ။ ဆိုးယုတ်သော သူတို့မှာမူကား ဘေးဒုက္ခကို အပြည့်အဝခံစားကြရ၏။- | |
Prov | BurCBCM | 12:22 | ထာ၀ရဘုရားသခင်သည် လိမ်ညာသောနှုတ်ခမ်းများကို စက်ဆုပ်မုန်းတီးတော်မူ၏။ သို့သော် ကိုယ်တော်သည် မှန်ကန်စွာပြောဆိုကျင့်ကြံသောသူတို့ကို နှစ်သက်မြတ် နိုးတော်မူ၏။- | |
Prov | BurCBCM | 12:23 | အမြော်အမြင်ရှိသူသည် မိမိ၏အသိပညာကို လျှို့ဝှက်ထား၏။ မိုက်မဲသူတို့မူကား မိမိတို့၏အသိ ဉာဏ်ခေါင်းပါးခြင်းကို အများသိအောင်ထုတ်ဖော်ပြတတ်၏။- | |
Prov | BurCBCM | 12:25 | ပူပင်တတ်သော နှလုံးသားသည် လူတစ်ဦးကို ဝန်လေးပင်ပန်းစေ၏။ သို့သော် ကြင်နာသောစကားတစ်ခွန်းသည် ထိုသူကို ရွှင်လန်းစေ၏။- | |
Prov | BurCBCM | 12:26 | ဖြောင့်မတ်သူသည် မိမိ၏အဆွေခင်ပွန်းအား ကောင်းရာကို ညွှန်ပြ၏။ ဆိုးယုတ်သောသူမူကား မိမိ၏မိတ်ဆွေတို့ကို လမ်းမှားသို့ တွန်းပို့တတ်၏။- | |
Prov | BurCBCM | 12:27 | ပျင်းရိသောသူသည် အမဲလိုက်ရာတွင် မိမိအတွက် သားကောင်ကိုမဖမ်းနိုင်ပေ။ လုံ့လဝီရိယရှိသူသည် ချမ်းသာ ကြွယ်၀မှုကို ပိုင်ဆိုင်လိမ့်မည်။- | |
Chapter 13
Prov | BurCBCM | 13:1 | ဉာဏ်ပညာရှိသောသားသည် ဖခင်၏သွန်သင်ဆုံးမမှုကို နာယူ၏။ မခန့်လေးစားလုပ်တတ်သော သူမူကား သွန်သင်ပဲ့ပြင်မှု ကိုနားမထောင်ပေ။- | |
Prov | BurCBCM | 13:2 | ကောင်းသောသူသည် မိမိနှုတ်မှထွက်သောစကား၏ ကောင်းကျိုးကျေးဇူးကိုခံစားရ၏။ သစ္စာဖောက်သောသူ တို့မူကား အကြမ်းဖက်ခြင်းကိုလိုလားကြ၏။- | |
Prov | BurCBCM | 13:3 | နှုတ်ကို စောင့်စည်းသူသည် မိမိ၏အသက်ကို ထိန်းသိမ်းစောင့် ရှောက်၏။ နှုတ်ဖွာသောသူမူကား ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။- | |
Prov | BurCBCM | 13:4 | ပျင်းရိသောသူသည် တပ်မက်သည့်စိတ်သာ ရှိပြီးလုံ့လမစိုက်ထုတ်သဖြင့် မည်သည့်အရာကိုမျှမရရှိပေ။ လုံ့လစိုက်ထုတ် သူတို့မူကား လိုအင်ဆန္ဒမှန်သမျှ ပြည့်၀ရ၏။- | |
Prov | BurCBCM | 13:5 | ဖြောင့်မတ်သောသူတို့သည် လိမ်လည်၍ ပြောဆိုခြင်းကို မုန်းတီးကြ၏။ ဆိုးယုတ်သူတို့မူကား အရှက်ကင်းမဲ့၍ ဂုဏ်သရေ မဲ့စွာပြုမူကြ၏။- | |
Prov | BurCBCM | 13:6 | ဖြောင့်မတ် မှန်ကန်မှုသည် ရိုးသားစွာနေထိုင်သူတို့ကို စောင့်ရှောက် ၏။ သို့သော် အပြစ်မကောင်းမှုသည် အပြစ်ကျူးလွန်သူ ၏ဘ၀ကို ပျက်စီးစေ၏။- | |
Prov | BurCBCM | 13:7 | လူတစ်ဦးသည် ဘာမျှမရှိဘဲလျက် ချမ်းသာဟန်ဆောင်၏။ အခြားတစ်ဦးမူကား အလွန်ချမ်းသာကြွယ်၀သော်လည်း ဆင်းရဲဟန်ဆောင်၏။- | |
Prov | BurCBCM | 13:8 | လူတစ်ဦး၏ချမ်းသာကြွယ်၀မှုသည် သူ၏အသက်ကို ရွေးနုတ်ကယ်တင်ရန်ဖြစ်၏။ ဆင်းရဲသားတစ်ဦးမှာမူ မည်သည့် ခြိမ်းခြောက် သံကိုမျှမကြားရပေ။- | |
Prov | BurCBCM | 13:9 | ဖြောင့်မတ် သောသူတို့၏အလင်းရောင်သည် ဝမ်းမြောက်ဝမ်းသာ ထွန်းလင်း၏။ ဆိုးယုတ်သူတို့၏မီးခွက်မှာမူကား ငြှိမ်း သတ်ခြင်းခံရ၏။- | |
Prov | BurCBCM | 13:10 | မာနထောင်လွှားခြင်းသည် ခိုက်ရန်ဖြစ် ပွားခြင်းကို ဖြစ်ပေါ်စေ၏။ အကြံဉာဏ်ကို လက်ခံသော သူတို့၌ ဉာဏ်ပညာတည် ရှိ၏။- | |
Prov | BurCBCM | 13:11 | အလျင်အမြန်ရရှိသော ဥစ္စာဓနသည် လျော့ပါးသွားတတ်၏။ ငွေကြေးကို တစ်စ တစ်စစုဆောင်းသောသူမူကား ငွေပမာဏ ကို တိုးပွား စေ၏။- | |
Prov | BurCBCM | 13:12 | မျှော်လင့်ချက်ကို ရွှေ့ဆိုင်းခြင်းသည် နှလုံးသားအား နာမကျန်းဖြစ်စေ၏။ အလိုဆန္ဒပြည့်၀ခြင်းသည်ကား အသက်ပေး သော သစ်ပင်တစ်ပင်ဖြစ်သတည်း။ | |
Prov | BurCBCM | 13:13 | ဆုံးမသွန်သင်ခြင်းကို အရေးမစိုက်သူသည် မိမိကိုယ်ကိုဖျက်ဆီးခြင်းပင်ဖြစ်၏။ ပညတ်တော်ကို ရိုသေလေးစားသူမူကား ဆုလာဘ်ကိုရလိမ့်မည်။- | |
Prov | BurCBCM | 13:14 | ပညာရှိ၏ သွန်သင်ချက်သည် အသက်၏စမ်းအိုင်တစ်ခုဖြစ်ပြီး လူတစ်ယောက်ကို သေခြင်း၏ကျော့ကွင်းများမှ လွတ် မြောက်စေ၏။- | |
Prov | BurCBCM | 13:15 | ကောင်းစွာနားလည်တတ်ခြင်းသည် မျက်နှာပွင့်လန်းစေ၏။ သစ္စာမဲ့သူတို့၏ဘ၀လမ်းခရီးကား ခက်ခဲ၏။- | |
Prov | BurCBCM | 13:16 | အမြော်အမြင်ရှိသောသူသည် အသိတရားဖြင့် အရာရာကိုပြုမူလုပ်ကိုင်ကြ၏။ မိုက်မဲသူမူကား မိမိ၏မိုက်မဲမှုကို ထုတ်ဖော် ပြ၏။- | |
Prov | BurCBCM | 13:17 | ဆိုးယုတ်သော စေတမန်တစ်ဦးသည် လူများကို ဘေးဒုက္ခသို့ကျရောက် စေတတ်၏။ ယုံကြည်စိတ်ချရသောသံတမန်မူကား ပြေလည်သင့်မြတ်ခြင်းကို ဆောင်ကြဉ်းတတ်၏။- | |
Prov | BurCBCM | 13:18 | သွန်သင်ထိန်းကျောင်းမှုကို လျစ်လျူရှုသောသူသည် ဆင်းရဲ ခြင်းနှင့် အသရေပျက်ခြင်းသို့ရောက်လိမ့်မည်။ ပဲ့ပြင် ဆုံးမမှုကို နာယူသောသူမူကား ဂုဏ်ပြုချီးမြှင့်ခြင်းခံရ လိမ့်မည်။- | |
Prov | BurCBCM | 13:19 | အလိုဆန္ဒတစ်ခုပြည့်၀ခြင်းသည် စိတ်ဝိညာဉ်အတွက် ချိုမြသာယာ၏။ သို့သော် ရူးမိုက်သူတို့သည် မကောင်းမှုကို ရှောင်ကြဉ်ရန် မုန်းတီးစက်ဆုပ်ကြ၏။- | |
Prov | BurCBCM | 13:20 | ပညာရှိကို မှီဝဲဆည်းကပ်သူသည် ပညာရှိဖြစ်လာ၏။ လူမိုက်တို့နှင့် မိတ်ဆွေဖွဲ့သူတို့မူကား ပျက်စီးဆုံးရှုံးခြင်းသို့ရောက် လိမ့်မည်။- | |
Prov | BurCBCM | 13:21 | ကြမ္မာဆိုးသည် အပြစ်ကျူးလွန် သူ၏နောက်သို့ လိုက်၏။ ကြီးပွားတိုးတက်ခြင်းသည်ကား ဖြောင့်မတ်သောသူ၏ ဆုလာဘ်ဖြစ်၏။- | |
Prov | BurCBCM | 13:22 | သူတော် ကောင်းတစ်ဦးသည် မိမိ၏သားမြေးများအတွက် အမွေကို ချန်ထား၏။ အပြစ်ကျူးလွန်သူတစ်ဦး၏ပစ္စည်းဥစ္စာ သည်ကား ဖြောင့်မတ်သောသူတို့အတွက် စုဆောင်းထားခြင်းဖြစ်၏။- | |
Prov | BurCBCM | 13:23 | ဆင်းရဲသားတစ်ဦး၏လယ်ယာသည် အစာရေစာများစွာ ထုတ်လုပ်ပေးသော်လည်း မတရားမှုသည် ယင်းတို့ကို ဖယ်ရှား ပစ်၏။- | |
Prov | BurCBCM | 13:24 | ကြိမ်လုံးဖြင့် ရိုက် နှက်ဆုံးမခြင်းမပြုသောသူသည် မိမိ၏သားသမီးကို ချစ်ရာမရောက်ပေ။ မိမိ၏သားကိုချစ်သောသူမူကား သူ့ကို ဂရုတစိုက်ပဲ့ပြင်ဆုံးမလေ၏။- | |
Chapter 14
Prov | BurCBCM | 14:1 | ဉာဏ်ပညာသည် မိမိအတွက် အိမ်ကိုတည်ဆောက်၏။ မိုက်မဲခြင်းသည်ကား မိမိ၏အိမ်ကို မိမိကိုယ်တိုင်ဖြိုဖျက်၏။- | |
Prov | BurCBCM | 14:2 | ဖြောင့်မတ်သောလမ်းကို လျှောက်လှမ်းသောသူသည် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၏။ မရိုးသားသော လမ်းစဉ် များကို ကျင့်သုံးသူသည်ကား ကိုယ်တော့်ကို မထီမဲ့မြင်ပြု၏။- | |
Prov | BurCBCM | 14:3 | လူမိုက်၏မောက်မာထောင်လွှားသောစကားများသည် သူ့ကိုပင် ပြန်၍ဘေးသင့်စေ၏။ ပညာရှိသူ၏စကားများသည်ကား သူ့ကိုကာကွယ်စောင့်ရှောက်၏။- | |
Prov | BurCBCM | 14:4 | ခိုင်းနွားများ မရှိသည့်လယ်သမား၌ ဝမ်းစာစပါးပင်မရှိချေ။ ခိုင်းနွား၏ ခွန်အားဖြင့် ကောက်ပဲသီးနှံများစွာကို ရိတ်သိမ်းရ၏။- | |
Prov | BurCBCM | 14:5 | ဖြောင့်မတ်မှန်ကန်သောသက်သေတစ်ဦးသည် လိမ်လည်ပြောဆိုခြင်းမပြုပေ။ မမှန်သောသက်သေတစ်ဦးမူကား မုသား စကားများကို အသက်ရှူသွင်းတိုင်း ထွက်ဆိုတတ်၏။- | |
Prov | BurCBCM | 14:6 | သူတစ်ပါးကို ပြက်ရယ်ပြုတတ်သောသူ သည် ဉာဏ်ပညာကို ရှာဖွေမတွေ့နိုင်ချေ။ ပညာ၏တန် ဖိုးကို နားလည်သူသည်ကား အသိပညာကို လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်၏။- | |
Prov | BurCBCM | 14:7 | လူမိုက်နှင့်မပေါင်းသင်း လေနှင့်။ အကြောင်းမူကား သူပြောသမျှစကားများထဲ တွင် အသိပညာရစရာတစ်ခွန်းမျှမပါပေ။- | |
Prov | BurCBCM | 14:8 | အမြော်အမြင် ရှိသူတို့သည် မိမိတို့၏ဉာဏ်ပညာကို အသုံးချခြင်းဖြင့် မိမိတို့၏ဘ၀ခရီးလမ်းကိုနားလည်သဘောပေါက်ကြ ၏။ ပညာမဲ့သူတို့၏မိုက်မဲမှုသည်ကား သူတို့အား လှည့်ဖြားခြင်းပေတည်း။- | |
Prov | BurCBCM | 14:9 | မိုက်မဲသောသူတို့သည် အပြစ် မကောင်းမှုကို လှောင်ပြောင်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား ဘုရားသခင်၏ရှေ့တော်၌ မျက်နှာရ၏။- | |
Prov | BurCBCM | 14:10 | လူ၏စိတ်နှလုံးသည် မိမိ၏ခါးသီးနာကြည်းမှုကိုသိ၏။ မည်သည့်သူစိမ်းတရံကမျှ ၎င်း၏ပျော်ရွှင်ခြင်းကို ဝေမျှခံစားခြင်း မရှိချေ။- | |
Prov | BurCBCM | 14:11 | ဆိုးယုတ်သောသူ၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏တဲမူကား ကြီးပွားတိုးတက်လိမ့်မည်။- | |
Prov | BurCBCM | 14:12 | လမ်းစဉ်တစ်ခုသည် လူတစ်ဦးအတွက် မှန်နေဟန်ရှိသော်လည်း အဆုံးတွင်မူ သေမင်းနှင့်ရင်ဆိုင်ရမည့်လမ်းစဉ်ဖြစ်နေ တတ်၏။- | |
Prov | BurCBCM | 14:13 | ရယ်မောနေစဉ်တွင်ပင် နှလုံးသားသည် ဝမ်းနည်းပူဆွေးလျက် ရှိပြီး ရွှင်လန်းချမ်းမြေ့ခြင်းသည်လည်း ပူဆွေးဝမ်းနည်း ခြင်းနှင့် အဆုံးသတ်ရ၏။- | |
Prov | BurCBCM | 14:14 | ဖောက်ပြန်သောသူသည် မိမိ၏လမ်းစဉ်များအတွက် အပြည့်အဝပြန်လည်ပေးဆပ်ရလိမ့်မည်။ သူတော်ကောင်း တစ်ဦးသည်လည်း မိမိ၏ကောင်းမှုများအတွက် ထိုက်တန်သောဆုလာဘ်ကို ရရှိလိမ့်မည်။- | |
Prov | BurCBCM | 14:15 | ရိုးအသောသူသည် မည်သည့်အရာကို မဆို ယုံကြည်၏။ အမြော်အမြင်ရှိသူမူကား မိမိ၏ခြေ လှမ်းများကိုဆင်ခြင်၏။- | |
Prov | BurCBCM | 14:16 | ပညာရှိသူသည် သတိရှိပြီး မကောင်းမှုကို ရှောင်ကြဉ်၏။ ရူးမိုက်သောသူမူကား မိမိ၏စိတ်အလိုကိုလိုက်လျက် ပေါ့ဆစွာ နေတတ်၏။ | |
Prov | BurCBCM | 14:17 | စိတ်တိုသောသူသည် မိုက်မဲသောအရာများကို လုပ်ဆောင်၏။ ကောက်ကျစ်စဉ်းလဲသောသူသည်လည်း မုန်းတီးခြင်း ခံရ၏။- | |
Prov | BurCBCM | 14:18 | ရိုးအသောသူတို့သည် မိုက်မဲမှုကိုအမွေခံကြရ၏။ အမြော်အမြင်ရှိသောသူတို့မူကား အသိပညာကို သရဖူဆောင်းကြရ လိမ့်မည်။- | |
Prov | BurCBCM | 14:19 | ဆိုးသွမ်း သောသူတို့သည် ကောင်းမြတ်သောသူတို့၏ရှေ့မှောက် တွင်လည်းကောင်း၊ ဆိုးယုတ်သောသူတို့သည် ဖြောင့် မတ်သောသူတို့၏တံခါး၀တွင်လည်းကောင်း ဦးညွတ် ကြရလိမ့်မည်။- | |
Prov | BurCBCM | 14:20 | ဆင်းရဲသောသူတို့ကို မိမိတို့၏အိမ်နီး ချင်းများကပင် မုန်းတီးကြ၏။ ချမ်းသာသောသူတို့တွင်မူကား မိတ်ဆွေများ စွာရှိကြ၏။- | |
Prov | BurCBCM | 14:21 | မိမိ၏အိမ်နီးချင်းကို ပြက်ရယ်ပြုသောသူသည် အပြစ်ကျူးလွန်သူဖြစ်၏။ ချို့တဲ့သူတို့အပေါ် သနားကြင်နာသူသည်ကား မင်္ဂလာရှိ၏။- | |
Prov | BurCBCM | 14:22 | မကောင်းမှုကို ကြံစည်သောသူတို့သည် လမ်းလွဲ သွားကြသည်မဟုတ်လော။ ကောင်းရာကို ကြံစည်ကြ သူတို့သည်ကား သနားကရုဏာနှင့် သစ္စာတရားကို တွေ့ရှိကြ၏။- | |
Prov | BurCBCM | 14:23 | ပင်ပန်းစွာလုပ်ကိုင်ရသောအလုပ်မှန်သမျှသည် အကျိုးအမြတ်ကိုရစေ၏။ အပြောသက်သက်မူကား ဆင်းရဲခြင်းသို့ ပို့ဆောင်၏။- | |
Prov | BurCBCM | 14:24 | ပညာရှိတို့၏သရဖူသည် သူတို့၏စည်းစိမ်ဥစ္စာဖြစ်၏။ ရူးမိုက်သူတို့၏မိုက်မဲမှုကား ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်းဖြစ်၏။- | |
Prov | BurCBCM | 14:25 | မှန်ကန်သော သက်သေတစ်ဦးသည် အသက်များစွာကို ကယ်ဆယ် ၏။ မမှန်သောသက်သေမူကား လှည့်ဖြားသောသူဖြစ် ၏။- | |
Prov | BurCBCM | 14:26 | ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ ၌လုံခြုံသောခိုလှုံရာရှိ၏။ သူသည် မိမိ၏သားသမီးများ အတွက်လည်း ခိုလှုံရာဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 14:27 | ထာ၀ရဘုရား သခင်ကိုကြောက်ရွံ့ရိုသေခြင်းသည် အသက်၏စမ်းအိုင် တစ်ခုဖြစ်၍ လူတစ်ဦးအား သေခြင်း၏ကျော့ကွင်း တို့မှ ရှောင်လွှဲစေနိုင်၏။- | |
Prov | BurCBCM | 14:28 | လူဦးရေများပြားခြင်းသည် ဘုရင် တစ်ပါး၏ဘုန်းကျက်သရေဖြစ်၏။ လက်အောက်ခံများ မရှိသောမင်းသားတစ်ပါးသည် ပျက်စီးခြင်းသို့ရောက်ရ၏။- | |
Prov | BurCBCM | 14:29 | စိတ်ရှည်သည်းခံတတ်သောသူသည် လွန်စွာနားလည်တတ်၏။ စိတ်တိုတတ်သောသူမူကား မိုက်မဲမှုကိုပြ၏။- | |
Prov | BurCBCM | 14:30 | တည်ငြိမ်အေးချမ်းသောစိတ်သည် ကိုယ်ခန္ဓာ၏ အသက်ဖြစ်၏။ သို့သော် အလိုရမ္မက်ကြီးခြင်းသည် အရိုး များကို ပုပ်ဆွေးစေ၏။- | |
Prov | BurCBCM | 14:31 | ဆင်းရဲသားတို့ကို ဖိနှိပ်သူသည် မိမိ၏ဖန်ဆင်းရှင်အား စော်ကားခြင်းဖြစ်၏။ ချို့တဲ့သူတို့ အပေါ် သနားကြင်နာတတ်သူ သည် ဘုရားသခင်ကို ဂုဏ်ပြုခြင်းဖြစ်၏။- | |
Prov | BurCBCM | 14:32 | ယုတ်မာသောသူသည် မိမိပြုလုပ်ခဲ့ သည့်မကောင်းမှုကြောင့် ဘေးသင့်ရ၏။ ဖြောင့်မတ်သော သူမူကား သေသောအခါ၌ လည်း ခိုလှုံရာရှိလိမ့်မည်။- | |
Prov | BurCBCM | 14:33 | ဉာဏ်ပညာသည် စဉ်းစားချင့်ချိန်တတ်သောနှလုံးသားတွင် ကိန်းအောင်း၍ ရူးမိုက်သောသူတို့၏နှလုံးသားတွင် မတွေ့ရချေ။- | |
Prov | BurCBCM | 14:34 | ဖြောင့်မတ်မှန်ကန်မှုသည် လူမျိုးတစ်မျိုးကို ချီးမြှောက်၏။ အပြစ်ဒုစရိုက်သည်ကား မည်သည့် လူမျိုးအတွက်မဆို ရှက်ဖွယ် ရာဖြစ်၏။- | |
Chapter 15
Prov | BurCBCM | 15:1 | နူးညံ့သိမ်မွေ့သောအဖြေတစ်ခုသည် အမျက်ဒေါသကို ဖယ်ရှားပစ်၏။ ကြမ်းတမ်းပြင်းထန် သောစကားတစ်ခွန်းမူကား အမျက်ဒေါသကို လှုံ့ဆော်ပေး၏။- | |
Prov | BurCBCM | 15:2 | ပညာရှိ၏လျှာသည် အသိပညာကို ချီးကျူး၏။ ရူးမိုက်သူ၏နှုတ်မူကား မိုက်မဲသောအရာများကို ထုတ် ဖော်ပြ၏။- | |
Prov | BurCBCM | 15:3 | ထာ၀ရဘုရားသခင်၏မျက်စိတော်များသည် နေရာတိုင်းတွင်ရှိပြီး လူဆိုးနှင့် လူကောင်းတို့ကိုအခါ မလပ်စောင့်ကြည့်လျက် နေတော်မူ၏။- | |
Prov | BurCBCM | 15:4 | နူးညံ့သိမ်မွေ့ စွာပြောဆိုတတ်သောလျှာသည် အသက်၏သစ်ပင် ဖြစ်၏။ လိမ်လည်လှည့်ဖြားတတ်သောလျှာမူကား စိတ် နှလုံးကိုပျက်ပြားစေ၏။- | |
Prov | BurCBCM | 15:5 | ရူးမိုက်သူတစ်ဦးသည် မိမိဖခင်၏ဆုံးမသွန်သင်မှုကို မထီလေးစားပြု၏။ သို့သော် ဆုံးမ ပဲ့ပြင်မှုကိုနာယူသူဟူသမျှသည် ပညာအမြော်အမြင်ရှိ ခြင်းကိုပြ၏။- | |
Prov | BurCBCM | 15:6 | ဖြောင့်မတ်သောသူ၏အိမ်တွင် အဖိုးတန်ရတနာများစွာရှိ၏။ ယုတ်မာသောသူတို့၏ဥစ္စာသည်ကား သူတို့ကို ဘေးဒုက္ခ ရောက်စေ၏။- | |
Prov | BurCBCM | 15:7 | ပညာအမြော်အမြင်ရှိသောသူ၏နှုတ်ခမ်းများသည် အသိပညာကိုပျံ့နှံ့စေ၏။ ရူးမိုက်သောသူတို့၏နှလုံးသားမူကား ထိုသို့ မဟုတ်ပေ။- | |
Prov | BurCBCM | 15:8 | ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သော သူတို့၏ယဇ်ပူဇော်ခြင်းကို ရွံရှာမုန်းတီးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ဆုတောင်း ပတ္ထနာသည်ကား ကိုယ်တော့်ကိုကျေနပ်နှစ်သက်စေ၏။- | |
Prov | BurCBCM | 15:9 | ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူ၏လမ်းစဉ်ကို ရွံရှာမုန်းတီးတော်မူ၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ် မှန်ကန်မှုနောက် သို့လိုက်သောသူကို ချစ်မြတ်နိုးတော်မူ၏။- | |
Prov | BurCBCM | 15:10 | လမ်းမှန်ကို စွန့်ခွာသူအတွက် တင်းကျပ်သောထိန်းကျောင်းသွန်သင်ခြင်းရှိ၏။ ဆုံးမပဲ့ပြင်မှုကို မုန်းတီးသူသည် သေရလိမ့် မည်။- | |
Prov | BurCBCM | 15:11 | သေခြင်းနှင့် ပျက်စီးခြင်းတို့သည် ထာ၀ရဘုရား သခင်၏မျက်မှောက်တော်တွင် သိသာထင်ရှားစွာရှိနေ သည်ဖြစ်၍ လူသားတို့၏နှလုံးသားများအတွက် မည်မျှလောက်ပို၍ သိသာထင်ရှားပါမည်နည်း။- | |
Prov | BurCBCM | 15:12 | မထီလေးစား ပြုသောသူသည် ဆုံးမပဲ့ပြင်မှုကို မခံယူလိုချေ။ သူသည် ပညာရှိတို့ထံ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။- | |
Prov | BurCBCM | 15:13 | ပျော်ရွှင် သောနှလုံးသားသည် မျက်နှာကို ရွှင်လန်းစေ၏။ သို့သော် စိတ်နှလုံးကြေကွဲမှုကြောင့် စိတ်ဓာတ်ပျက်ပြားရ၏။- | |
Prov | BurCBCM | 15:14 | အသိဉာဏ်ရှိသောနှလုံးသားသည် အသိတရားကို ရှာ ဖွေ၏။ ရူးမိုက်သောသူ၏နှုတ်မူကား မိုက်မဲမှုကိုသာ မှီ၍ ရှင်သန်၏။- | |
Prov | BurCBCM | 15:15 | ဆင်းရဲဒုက္ခရောက်သော သူတို့၏နေ့ရက်တိုင်းသည် မကောင်းချေ။ အစဉ်ပျော်ရွှင်တတ်သောသူ ၏စိတ်နှလုံး၌မူကား အမြဲတစေပွဲကျင်းပလျက်ရှိ၏။- | |
Prov | BurCBCM | 15:16 | ပစ္စည်းဥစ္စာအနည်းငယ်သာရှိပြီး ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ပစ္စည်းဥစ္စာကြွယ်၀ပြီး ပူပင်သောကရောက် နေသည့်ဘ၀ထက် ပို၍ကောင်း၏။- | |
Prov | BurCBCM | 15:17 | မိမိအပေါ် မေတ္တာထားသူများနှင့်အတူ အသီးအရွက်ဟင်းကိုစား ရခြင်းသည် မိမိအပေါ် ရန်လိုမုန်းထားသူများနှင့်အတူ အမဲဟင်းလျာကိုစားရခြင်းထက် ပို၍ကောင်း၏။- | |
Prov | BurCBCM | 15:18 | ဒေါသကြီးသူသည် ပြင်းထန်သောသဘောကွဲလွဲမှုများဖြစ် ပေါ်စေရန် နှိုးဆွပေး၏။ စိတ်ရှည်သည်းခံသောသူသည် ကား အငြင်းပွားမှုကို ချုပ်ငြိမ်းစေ၏။ | |
Prov | BurCBCM | 15:19 | ပျင်းရိသောသူ၏ခရီးလမ်းသည် ဆူးညှောင့်ပေါများ လှ၏။ ဖြောင့်မတ်သောသူ၏ခရီးလမ်းမူကား ညီညာပြန့်ပြူးသော လမ်းမကြီးပင်ဖြစ်သတည်း။- | |
Prov | BurCBCM | 15:20 | ပညာရှိသော သားသည် မိမိဖခင်၏ပျော်ရွှင်ခြင်းဖြစ်၏။ ရူးမိုက်သော သားမူကား မိမိ၏မိခင်ကို ရှုတ်ချပစ်ပယ်၏။- | |
Prov | BurCBCM | 15:21 | ရူးမိုက်သော အရာသည် အသိဉာဏ်ကင်းမဲ့သူကို အားရနှစ်သက်စေ ၏။ နားလည်သိမြင်တတ်သူမူကား ဖြောင့်မတ်သော လမ်းစဉ်အတိုင်း လျှောက်လှမ်း၏။- | |
Prov | BurCBCM | 15:22 | အကြံဉာဏ်ပေးမှု မရှိသောစီမံကိန်းများသည် ပျက်ပြားတတ်ပြီး အကြံပေး သူအမြောက်အမြားရှိပါက အောင်မြင်တတ်၏။- | |
Prov | BurCBCM | 15:23 | ဆီလျော်သောအဖြေကို ပေးနိုင်သူတစ်ဦးသည် ဝမ်းသာကြည်နူးမှုကိုတွေ့ရှိသည်ဖြစ်၍ အချိန်အခါနှင့်ကိုက်ညီ စွာထွက်ဆို သော စကားတစ်ခွန်းသည် ကောင်းမွန်လှပေ၏။- | |
Prov | BurCBCM | 15:24 | ပညာရှိသည် ဘ၀လမ်းကြောင်းရွေးချယ်ရာ၌ သူ့အား မရဏနိုင်ငံသို့ သက်ဆင်းစေမည့်လမ်းကို ရှောင် ကွင်းနိုင်ခြင်းငှာ အထက်သို့ရောက်စေမည့်လမ်းကိုသာ လိုက်လေ့ရှိ၏။- | |
Prov | BurCBCM | 15:25 | ထာ၀ရဘုရားသခင်သည် မာနထောင် လွှားသူ၏အိမ်ကို ဖြိုချတော်မူ၏။ သို့သော် ကိုယ်တော် သည် မုဆိုးမ၏အိုးအိမ်ကို ကာကွယ်စောင့်ရှောက်တော်မူ၏။- | |
Prov | BurCBCM | 15:26 | ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့၏ အကြံအစည်များကို ရွံရှာမုန်းတီးတော်မူ၏။ ဖြူစင်သန့်ရှင်းသော သူတို့၏အကြံအစည်တို့သည်ကား ကိုယ်တော့်ကို နှစ်သက်ကျေနပ်စေ၏။- | |
Prov | BurCBCM | 15:27 | မတရားသဖြင့်ရသော အကျိုးအမြတ်၌ လောဘကြီးသူများသည် မိမိတို့၏အိမ်ထောင်စုကိုဒုက္ခရောက်စေ၏။ တံစိုး လက်ဆောင်များကို လက်မခံလိုသောသူသည်ကား အသက်ရှင်လိမ့်မည်။- | |
Prov | BurCBCM | 15:28 | ဖြောင့်မတ်သောသူသည် အဖြေပေးရန် စဉ်းစားချင့်ချိန်၏။ ဆိုးယုတ်သောသူသည်ကား အကျိုးယုတ်စေမည့်စကား များထွက်လာတတ်၏။- | |
Prov | BurCBCM | 15:29 | ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့နှင့် လွန်စွာပင် ဝေးကွာတော်မူ၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏ဆု တောင်းသံကို နားညောင်းတော်မူ၏။- | |
Prov | BurCBCM | 15:30 | မျက်စိအလင်းသည် နှလုံးသားကို ရွှင်လန်းဝမ်းမြောက်စေပြီး သတင်းကောင်းသည်လည်း အရိုးများကိုအား ဖြည့်တင်း ပေး၏။- | |
Prov | BurCBCM | 15:32 | ဆုံးမသွန် သင်မှုကိုဥပေက္ခာပြုသူသည် မိမိကိုယ်ကို မလေးမစား ပြုရာရောက်၏။ ပဲ့ပြင်ဆုံးမမှုကို နာခံသောသူမူကား သိ နားလည်ခြင်းကိုရ၏။- | |
Chapter 16
Prov | BurCBCM | 16:1 | လူသည် စိတ်နှလုံး၏အကြံအစည်များကို ပိုင်ဆိုင်၏။ သို့သော် နှုတ်ဖြင့်တုံ့ပြန်ခြင်းသည်ကား ထာ၀ရဘုရားသခင်အထံတော် မှလာ၏။- | |
Prov | BurCBCM | 16:2 | လူတစ်ဦး သည် မိမိပြုမူလုပ်ဆောင်သောအရာများမှာ အပြစ်ကင်း သည်ဟု ထင်နေလေ့ရှိ၏။ သို့သော် ထာ၀ရဘုရားသခင် သည် အတွင်းစိတ်ကိုစစ်ကြောတော်မူ၏။- | |
Prov | BurCBCM | 16:3 | သင်ပြုလုပ် သမျှသောအမှုတို့ကို ထာ၀ရဘုရားသခင်အထံတော်၌ အပ်နှံလော့။ ဤသို့ပြုလျှင် သင်၏အကြံအစည်တို့သည် ထမြောက်အောင်မြင်လိမ့်မည်။- | |
Prov | BurCBCM | 16:4 | ထာ၀ရဘုရားသခင် သည် ခပ်သိမ်းသောအရာတို့ကို ရည်ရွယ်ချက်အသီးသီး အတွက် ဖန်ဆင်းတော်မူ၏။ ဆိုးသွမ်းသော သူကိုပင်လျှင် ဘေးဒဏ်ခံရသောနေ့ရက်အတွက် ဖန်ဆင်းတော်မူ၏။- | |
Prov | BurCBCM | 16:5 | ထာ၀ရဘုရားသခင်သည် စိတ်နှလုံး၌ မာန်မာနကြီးသောသူအပေါင်းတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အပြစ်ဒဏ်မခံရဘဲနေရလိမ့်မည်မဟုတ်။ ဤအချက်သည် သေချာ၏။- | |
Prov | BurCBCM | 16:6 | မေတ္တာနှင့် သစ္စာတရားအား ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုခံရ၏။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့် လူသည် ဒုစရိုက်မကောင်းမှုကို ရှောင်ရှားတတ်၏။- | |
Prov | BurCBCM | 16:7 | ထာ၀ရဘုရားသခင်သည် လူ၏ပြု မူကျင့်ကြံချက်များကို နှစ်သက်မြတ်နိုးသောအခါ သူ၏ ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။- | |
Prov | BurCBCM | 16:8 | ဖြောင့်မတ်ခြင်းဖြင့်ရရှိသောငွေကြေးဥစ္စာအနည်းငယ်သည် မတရားသဖြင့်ရရှိသောငွေကြေးဥစ္စာများစွာထက် ပို၍ ကောင်း မြတ်၏။- | |
Prov | BurCBCM | 16:9 | လူသည် မိမိသွားရမည့်ခရီးလမ်းကို သူ၏အတွင်းစိတ်ထဲ၌ ကြံစည်၏။ သို့သော် ဘုရားသခင် သည် သူ၏ခြေလှမ်းများကို သတ်မှတ်ပေးတော်မူ၏။- | |
Prov | BurCBCM | 16:10 | ရှင်ဘုရင်တို့၏နှုတ်မှ ပြောဆိုချက်များသည် ဗျာဒိတ် တော်ကဲ့သို့ဖြစ်၍ သူ၏နှုတ်သည် တရားစီရင်ခြင်း၌ သစ္စာ မဖောက်ပေ။- | |
Prov | BurCBCM | 16:11 | မှန်ကန်သောအလေးနှင့် မှန်ကန်သော ချိန်ခွင်သည် ထာ၀ရဘုရားသခင်ထံတော်မှဖြစ်ကြ၏။ အလေးအိတ်၌ ပါရှိသမျှသော အလေးတို့သည် ကိုယ်တော်စီရင်တော်မူသည့်အရာများဖြစ်ကြ၏။- | |
Prov | BurCBCM | 16:12 | ရှင်ဘုရင် တို့သည် မကောင်းသောအမှုများကို စက်ဆုပ်ရွံရှာကြ၏။ အကြောင်းမူကား ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း တရားအားဖြင့် တည်ထားသောကြောင့်ဖြစ်၏။- | |
Prov | BurCBCM | 16:13 | ရှင်ဘုရင်သည် ဖြောင့်မတ်သောနှုတ်တို့ကို နှစ်သက်၏။ မှန် ရာကိုပြောဆိုလေ့ရှိသူတို့ကို ရှင်ဘုရင်သည် တန်ဖိုးထား၏။- | |
Prov | BurCBCM | 16:14 | ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ဖြစ်၏။ သို့ရာတွင် ပညာသတိရှိသောသူသည် အမျက်တော်ကို ပြေငြိမ်းစေလိမ့်မည်။- | |
Prov | BurCBCM | 16:15 | ရှင်ဘုရင်၏မျက်နှာရွှင်လန်း တောက်ပခြင်း၌ အသက်ရှင်ခြင်းတည်ရှိ၏။ သူ၏ချီးမြှောက်ခြင်းသည် နွေဦးရာသီတွင် မိုးရွာစေသောတိမ် တိုက်နှင့်တူ၏။ | |
Prov | BurCBCM | 16:16 | ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် သာ၍ကောင်းမွန်၏။ ငွေထက် အသိတရားကို ရွေးချယ် ခြင်းသည် သာ၍ကောင်းမွန်၏။- | |
Prov | BurCBCM | 16:17 | ဖြောင့်မတ်သောသူတို့ လျှောက်လှမ်းသောလမ်းမူကား ဒုစရိုက်အမှုကို ရှောင်ရှားခြင်းပင်ဖြစ်လေ၏။ ထိုလမ်းအတိုင်း လျှောက်လှမ်း သောသူသည် မိမိ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်၏။- | |
Prov | BurCBCM | 16:18 | မာန်မာနသည် ပျက်စီးဆုံးပါးခြင်း၏အကြောင်းတရားဖြစ်၏။ မောက်မာခြင်းသည်လည်း ပြိုလဲပျက်စီး ခြင်း၏အကြောင်း တရားပင်ဖြစ်၏။- | |
Prov | BurCBCM | 16:19 | ဆင်းရဲသားတို့ အလယ် တွင် စိတ်နှလုံးနှိမ့်ချစွာနေရခြင်းသည် လုယက် ၍ရသောဥစ္စာတို့ကို မာန်မာနထောင်လွှားသူတို့နှင့် အတူ ခွဲဝေယူရခြင်းထက် သာ၍ကောင်း၏။- | |
Prov | BurCBCM | 16:20 | သွန်သင်ဆုံးမ ခြင်းကို ဂရုပြုတတ်သောသူတို့သည် တိုးတက်အောင် မြင်လိမ့်မည်။ ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစား သောသူသည်လည်း မင်္ဂလာရှိ၏။- | |
Prov | BurCBCM | 16:21 | ဉာဏ်ပညာရှိသော သူသည် ပညာသတိရှိသောသူဟူ၍ ထင်ပေါ်ကျော်ကြား လိမ့်မည်။ နားဝင်ချိုစေသောစကား ကိုပြော တတ်ခြင်း သည်လည်း လေ့လာသင်ယူနိုင်စွမ်းကို မြှင့်တင်ပေး၏။- | |
Prov | BurCBCM | 16:22 | ဉာဏ်ပညာကိုရရှိသောသူသည် အသက်၏စမ်းရေတွင်း ကိုပိုင်ဆိုင်၏။ မိုက်မဲခြင်းသည်ကား လူမိုက်များအတွက် အပြစ်ဒဏ်စီရင်ခြင်းကို ယူဆောင်ပေး၏။- | |
Prov | BurCBCM | 16:23 | ပညာဉာဏ် ရှိသူသည် ချင့်ချိန်ပြီးမှ စကားပြောလေ့ရှိ၏။ သူ၏စကား များသည် ပို၍ဆွဲဆောင်နိုင်စွမ်းရှိကြ၏။- | |
Prov | BurCBCM | 16:24 | သာယာနာ ပျော်ဖွယ်စကားလုံးတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ ကြားရ သူတို့အား ကာယနှင့် ဝိညာဉ်ကိုကျန်းမာချမ်းသာ စေကြ ၏။ | |
Prov | BurCBCM | 16:25 | လူတစ်ယောက်အတွက် မှန်ကန်သည်ဟု ထင်မှတ် ထားသောလမ်းတစ်လမ်းရှိသော်လည်း နောက်ဆုံး၌ ထို လမ်းသည် သေခြင်းသို့ရောက်မည့်လမ်းဖြစ်၏။- | |
Prov | BurCBCM | 16:26 | အလုပ်သမားတစ်ဦး၏အလိုဆန္ဒသည် မိမိအတွက် အလုပ်ကို လုပ်ဆောင်စေ၏။ သူ၏ဆာလောင်ခြင်းသည် သူ့ကို တွန်းအား ပေး၏။- | |
Prov | BurCBCM | 16:27 | ဆိုးယုတ်သောသူသည် မကောင်းသောအမှုကိုကြံစည်တတ်၏။ သူ၏စကားများသည် ခြစ်ခြစ်တောက်ပူလောင်သော မီးကဲ့သို့ဖြစ်၏။- | |
Prov | BurCBCM | 16:28 | စဉ်းလဲဖောက်ပြန်သောသူသည် ရန်မျိုးစေ့ကိုကြဲတတ်၏။ ရန်တိုက်ပေးသောသူသည်လည်း ရင်းနှီးသောမိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။- | |
Prov | BurCBCM | 16:29 | ရက်စက်ကြမ်းတမ်းသော သူသည် မိမိ၏အိမ်နီးချင်းကို ချော့မော့၍ မကောင်းသော လမ်းအတွင်းသို့ သွေးဆောင်တတ်၏။- | |
Prov | BurCBCM | 16:30 | မျက်စပစ်သော သူသည် ကောက်ကျစ်သောအကြံအစည်ကို ကြံစည်နေ၏။ နှုတ်ခမ်းများကို စေ့ထားသောသူသည်လည်း မကောင်းမှုပြုလုပ်ပြီးဖြစ်၏။- | |
Prov | BurCBCM | 16:31 | ဆံပင်ဖြူခြင်းသည် ဘုန်းကျက်သရေနှင့်ပြည့်စုံသောသရဖူပင်ဖြစ်၏။ ထိုအရာကို ဖြောင့်မတ်စွာ အသက်မွေးခြင်းဖြင့်သာ ရယူနိုင်ခြင်းဖြစ်၏။- | |
Prov | BurCBCM | 16:32 | စိတ်ရှည်သည်းခံသောသူသည် ခွန်အားကြီးသော သူထက်လည်းကောင်း၊ မိမိ၏စိတ်ကိုချုပ်တည်းသော သူသည် မြို့ကိုသိမ်းယူသောသူထက်လည်းကောင်း ပို၍ကောင်းမြတ်၏။- | |
Chapter 17
Prov | BurCBCM | 17:1 | ခမ်းနားစွာကျင်းပသောစားသောက်ပွဲတွင် ခိုက်ရန်ဖြစ်လျက် စားရခြင်းထက် ပေါင်မုန့်ခြောက် တစ်ခုကို အေးချမ်းငြိမ်သက် စွာ စားရခြင်းက ပို၍ကောင်း၏။- | |
Prov | BurCBCM | 17:2 | ဉာဏ်ပညာရှိသောအစေခံသည် အရှက်မရှိသော သားကို အုပ်ချုပ်ရလိမ့်မည်။ သူသည် ပစ္စည်းဥစ္စာတို့ကို လည်း အိမ်သား တစ်ဦးနည်းတူ အမွေခံရတတ်၏။- | |
Prov | BurCBCM | 17:3 | ငွေကို လုံဖြင့်လည်းကောင်း၊ ရွှေကို မီးဖြင့်လည်းကောင်း စမ်းသပ်စစ်ဆေးရ၏။ စိတ်နှလုံးကိုမူကား ထာ၀ရဘုရား သခင်စစ်ဆေးတော်မူ၏။- | |
Prov | BurCBCM | 17:4 | မကောင်းမှုကိုကျူးလွန်သော သူသည် မုသားစကားကိုယုံကြည်တတ်၏။ မုသားသုံးသောသူသည်လည်း အကျိုးမဲ့ပျက်စီး စေသောစကား တို့ကိုနားထောင်တတ်၏။- | |
Prov | BurCBCM | 17:5 | ဆင်းရဲသောသူတို့ကို ပြက်ရယ်ပြုသူများသည် မိမိတို့၏ဖန်ဆင်းရှင်ကို စော်ကားခြင်းဖြစ်၏။ သူတစ်ပါးဘေးဒုက္ခ ရောက်သည် ကိုဝမ်းမြောက် သူတို့သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည် မဟုတ်။- | |
Prov | BurCBCM | 17:6 | မြေးတို့သည် သက်ကြီးရွယ်အိုတို့၏သရဖူဖြစ်၏။ မိဘတို့သည် သားသမီးတို့အတွက် ဂုဏ်ယူဝင့်ကြွားရာဖြစ်၏။- | |
Prov | BurCBCM | 17:7 | လူမိုက်တစ်ဦး၏နှုတ်မှကောင်းသောစကား များထွက်လာလေ့မရှိ။ မြင့်မြတ်သူသည်ကား မုသား စကားကို ပြောဆိုခဲ၏။- | |
Prov | BurCBCM | 17:8 | တံစိုးလက်ဆောင်သည် မျက်လှည့်ပြသကဲ့သို့အောင်မြင်စေနိုင်သည်ဟု ပေးသူတို့ကမြင်ကြ၏။ ထိုသူတို့သည် မိမိတို့ သွားလေရာရာတွင် အောင်မြင်မည်ဟု ထင်မှတ်ကြ၏။- | |
Prov | BurCBCM | 17:9 | သူတစ်ပါး၏အပြစ်ကို ခွင့်လွှတ်တတ်သူသည် မေတ္တာတရားကို တိုးပွားစေ၏။ ထိုအပြစ်ကို ထပ်တလဲလဲထုတ်ဖော် တတ်သူမူကား ရင်းနှီးသောမိတ်ဆွေတို့ကို ကွဲစေတတ်၏။- | |
Prov | BurCBCM | 17:10 | အသိဉာဏ် ရှိသူကို အပြစ်တင်ဆုံးမခြင်းသည် လူမိုက်တစ်ယောက် ကို ကြိမ်ဒဏ်အချက်တစ်ရာရိုက်သည်ထက်ပင် ပို၍ ထိရောက်၏။- | |
Prov | BurCBCM | 17:11 | ဆိုးယုတ်သောသူသည် ပုန်ကန်တော် လှန်ရန်ကိုသာ အာရုံစူးစိုက်တတ်၏။ ထို့ကြောင့် သနား ညှာတာခြင်းကင်းမဲ့သော စေတမန်သည် သူ့ထံသို့ စေလွှတ်ခြင်းခံရလိမ့်မည်။- | |
Prov | BurCBCM | 17:12 | မိမိ၏သားငယ်များလုယူခြင်းခံ ရသောဝက်ဝံမနှင့် တွေ့ဆုံရခြင်းက ဆိုးမိုက်နေဆဲဖြစ် သောလူမိုက်နှင့် ထိပ်တိုက်တွေ့ ရခြင်းထက်ပို၍ကောင်း၏။- | |
Prov | BurCBCM | 17:13 | အကယ်၍ လူတစ်ဦးသည် အကောင်းကို အဆိုးဖြင့် တုံ့ပြန်ပါက အဆိုးသည် သူ၏အိမ်မှ မည်သည့်အခါမျှ ထွက်ခွာ လိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 17:14 | ရန်ပွဲကိုစတင်ခြင်းသည် တာတမံတစ်ခုကျိုးပေါက်ခြင်းနှင့်တူသောကြောင့် ရန်ပွဲ မဖြစ်မီကပင် ရှောင်ရှားလော့။- | |
Prov | BurCBCM | 17:15 | မတရားသောသူတို့ကို အပြစ်ဒဏ်မှလွတ်စေသောသူနှင့် တရားဖြောင့်မတ်သောသူတို့ကို ပြစ်ဒဏ်စီရင်သောသူနှစ်ဦး စလုံးကို ထာ၀ရဘုရားသခင်စက်ဆုပ်ရွံရှာတော်မူ၏။ | |
Prov | BurCBCM | 17:16 | မိုက်မဲသောသူသည် ဉာဏ်ပညာကိုအလိုမရှိသောကြောင့် ထိုသူ၏လက်ထဲ၌ ငွေကြေးရှိခြင်းမှာ အဘယ်အကျိုးရှိသနည်း။- | |
Prov | BurCBCM | 17:17 | အဆွေခင်ပွန်းသည် အချိန်အခါမရွေးချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခဆင်းရဲကို မျှဝေခံစားရန် မွေးဖွားလာခြင်းဖြစ်၏။- | |
Prov | BurCBCM | 17:19 | မကောင်းမှုကို နှစ်သက်သော သူသည် ခိုက် ရန်ဖြစ်ပွားခြင်းကိုလည်း နှစ်သက်၏။ မိမိ၏အိမ်အဝင် တံခါးခုံကို မြင့်မားစွာ တည်ဆောက်သောသူသည် ထိခိုက်ပျက်စီးခြင်းကိုရှာခြင်းဖြစ်၏။- | |
Prov | BurCBCM | 17:20 | ကောက်ကျစ်စဉ်းလဲ သောသူသည် ကြီးပွားချမ်းသာမည်မဟုတ်။ လိမ်ညာလှည့်ဖြားသောသူသည်လည်း ဘေးဥပဒ် အန္တရာယ် တွင်းသို့ သက်ဆင်းရတတ်၏။- | |
Prov | BurCBCM | 17:21 | ဆိုးမိုက်သောသားသည် ဖခင်ကို ဝမ်းနည်းစေ၏။ ရူးမိုက်သူ၏ဖခင်သည်လည်း ရွှင်လန်းချမ်းမြေ့မှုမရှိနိုင်။- | |
Prov | BurCBCM | 17:22 | စိတ်နှလုံးရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဆေးကောင်းတစ်ခွက်ဖြစ်၏။ စိတ်ဖိစီးနှိပ်စက်ခြင်းခံရသောသူသည် အရိုးများကို သွေ့ ခြောက်စေတတ်၏။- | |
Prov | BurCBCM | 17:23 | ဆိုးညစ်သောသူသည် တရားမျှတစွာစီရင်ခြင်းလမ်းမှသွေဖည်စေရန်အတွက် တံစိုးလက်ဆောင်များကို လျှို့ဝှက်စွာ လက်ခံ၏။- | |
Prov | BurCBCM | 17:24 | အသိဉာဏ်ရှိ သောသူသည် ဉာဏ်ပညာကို အစဉ်မျက်မှောက်ပြုတတ်၏။ ရူးမိုက်သောသူ၏မျက်စိတို့သည် ကမ္ဘာမြေကြီး စွန်းတိုင်အောင် ကြည့်ရှု၏။- | |
Prov | BurCBCM | 17:25 | သားမိုက်သည် သူ၏ဖခင်အား ပူဆွေးသောကရောက်စေသကဲ့သို့ မွေးထုတ်ပေးသော မိခင်အားလည်း ရင်နာစေတတ်၏။- | |
Prov | BurCBCM | 17:26 | ဖြောင့်မတ်သူတို့အား ဒဏ်ငွေတပ်ခြင်းသည် တရားမျှတမှုမရှိ။ မြင့်မြတ် သောသူတို့အား ကြိမ်ဒဏ်စီရင်ခြင်းသည်လည်း မှန်ကန် မှုမရှိချေ။- | |
Prov | BurCBCM | 17:27 | မိမိ၏စကားများကို ထိန်းချုပ်ပြောဆိုသော သူသည် ပညာသတိရှိသူဖြစ်၍ တည်ငြိမ်အေးဆေးစွာ နေထိုင်သောသူသည် သိမြင်နားလည်တတ်သောသူ ဖြစ်၏။- | |
Chapter 18
Prov | BurCBCM | 18:1 | တစ်ကိုယ်တည်းနေလေ့ရှိသောသူသည် မိမိ၏အလိုဆန္ဒကိုလိုက်၏။ သူသည် ကျိုးကြောင်းညီညွတ်သောဆုံးဖြတ် ချက်မှန် သမျှကို လက်မခံတတ်။- | |
Prov | BurCBCM | 18:2 | မိုက်မဲသောသူသည် သိနားလည်ခြင်းကို မနှစ်သက်ဘဲ မိမိ၏သဘောထားကို ထုတ်ဖော်ပြောဆိုရန်သာ စိတ်အားထက် သန်၏။- | |
Prov | BurCBCM | 18:3 | ဆိုးညစ်ယုတ်မာခြင်းရောက်လာ သည့်အခါ မထီမဲ့မြင်ပြုခြင်းလည်း ပါလာစမြဲဖြစ်၏။ ဂုဏ် ကျက်သရေကင်းမဲ့လာသည့်အခါ အရှက်ကွဲစရာလည်း ကြုံလာရစမြဲဖြစ်၏။- | |
Prov | BurCBCM | 18:4 | လူ၏နှုတ်မှထွက်သောစကားများသည် သမုဒ္ဒရာရေကဲ့သို့ နက်သော်လည်း ဉာဏ်ပညာ၏ စမ်းရေတွင်းသည် ရေစီးနေသော ချောင်းကဲ့သို့ဖြစ်၏။- | |
Prov | BurCBCM | 18:5 | တရားစီရင်ရာတွင် ဆိုးသွမ်းသောသူဘက်သို့ မျက်နှာ လိုက်ပြီး အပြစ်မဲ့သူအား တရားရှုံးစေခြင်းသည် မလုပ် ထိုက်သည့် အရာဖြစ်၏။- | |
Prov | BurCBCM | 18:6 | မိုက်မဲသူ၏နှုတ်ခမ်းများသည် ခိုက်ရန်ဒေါသကို လှုံ့ဆော်ပေး၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကိုဖိတ်ခေါ်၏။- | |
Prov | BurCBCM | 18:7 | မိုက်မဲသူသည် နှုတ်ကြောင့် ဘ၀ပျက်ရသကဲ့သို့ သူ၏နှုတ်ခမ်းသည်လည်း မိမိကိုယ်ကို ပြန်၍ကျော့ကွင်းထောင်မိလေ၏။- | |
Prov | BurCBCM | 18:8 | ရန်တိုက်ပေး သောသူ၏စကားတို့သည် ချိုမြိန်သောစားဖွယ်ခဲဖွယ်ကဲ့ သို့ဖြစ်၍ ယင်းတို့သည် လူတစ်ဦး၏ခန္ဓာကိုယ်အတွင်း သို့ဝင်ရောက်၏။- | |
Prov | BurCBCM | 18:10 | ထာ၀ရဘုရားသခင်၏နာမတော်သည် ခိုင်ခန့်သော ရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်အတွင်း သို့ပြေးဝင်သောကြောင့် လုံခြုံစွာနေထိုင်ရ၏။- | |
Prov | BurCBCM | 18:11 | ချမ်းသာ ကြွယ်၀သူ၏စည်းစိမ်ဥစ္စာသည် သူ၏အင်အားတောင့်တင်းသောမြို့ ဖြစ်၍ ခိုင်ခံ့မြင့်မားသောမြို့တံတိုင်းဖြင့် သူ့ ကိုကာကွယ်ထား၏။- | |
Prov | BurCBCM | 18:12 | လူသည် ပျက်စီးခြင်းသို့မရောက် မီတွင် သူ၏စိတ်နှလုံးသည် မောက်မာတတ်၏။ သို့သော် ဂုဏ်ပြုခြင်းကိုခံယူလိုလျှင် မိမိ၏စိတ်ကိုနှိမ့်ချရ၏။- | |
Prov | BurCBCM | 18:13 | မေးခွန်းကိုကောင်းစွာနားထောင်ခြင်းမပြုဘဲ အဖြေပေးခြင်းသည် မိုက်မဲခြင်းနှင့် အရှက်ကွဲခြင်းပင်ဖြစ်၏။- | |
Prov | BurCBCM | 18:14 | လူတစ် ဦး၏စိတ်ဓာတ်သည် ရောဂါဝေဒနာဖိစီးမှုကို ကြံ့ကြံ့ခံနိုင်၏။ ကြေကွဲဝမ်းနည်းသောစိတ်ကိုမူကား မည်သူခံနိုင် မည်နည်း။- | |
Prov | BurCBCM | 18:15 | သမ္မာသတိရှိသောသူ၏စိတ်နှလုံးသည် အတတ်ပညာကို ရယူဆည်းပူး၏။ ပညာရှိသောသူ၏ နားတို့သည်လည်း အသိပညာကိုရှာဖွေတတ်၏။- | |
Prov | BurCBCM | 18:16 | လူကြီးထံသို့ဝင်လိုသောအခါ လက်ဆောင်ယူသွားသော သူသည် ထိုလက်ဆောင်အားဖြင့် လူကြီး၏ရှေ့မှောက် သို့ရောက် ရာ၏။- | |
Prov | BurCBCM | 18:17 | တရားရုံးတွင် ဦးစွာထွက်ဆိုသောသူ သည် မှန်ကန်သည်ဟု ထင်ရတတ်၏။ သို့သော် သူ၏ တရားပြိုင်ရောက်လာ၍ ပြန်လည်မေးခွန်းထုတ်သော အချိန်အထိသာဖြစ်၏။- | |
Prov | BurCBCM | 18:18 | မဲပေးခြင်းသည် အငြင်းပွားမှုများကို အဆုံးသတ်စေ၍ အင်အားကြီးသောပြိုင်ဘက်များကို ပြေငြိမ်းစေ၏။- | |
Prov | BurCBCM | 18:19 | စော်ကားခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ရိုးထက်ပင် ပိုမိုကြံ့ခိုင်၍ သင့်ကိုဟန့်တားလိမ့်မည်။ သူနှင့်အချင်းများခြင်း သည်လည်း ရဲတိုက်၏ သံတိုင်များနှင့်တူ၏။- | |
Prov | BurCBCM | 18:20 | စကားပြောဆိုခြင်း၏ရလဒ်သည် လူတစ်ယောက်၏ဝမ်းကိုပြည့်စေ၏။ သူ၏နှုတ်ချိုမှုက သူ့ကိုအလိုပြည့်စေလိမ့်မည်။- | |
Prov | BurCBCM | 18:21 | လျှာသည် အသက်ရှင် ခြင်းနှင့် သေခြင်းကို အစိုးရ၏။ လျှာကို နှစ်သက်သောသူတို့သည် ထိုလျှာ၏အကျိုးကျေးဇူးကို ခံစားကြရလိမ့် မည်။- | |
Prov | BurCBCM | 18:22 | မယားတစ်ယောက်ကိုရသောသူသည် ပျော်ရွှင် ချမ်းမြေ့ခြင်းကို ရှာဖွေတွေ့ရှိသောသူဖြစ်၍ ထာ၀ရဘုရား သခင်ထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။- | |
Prov | BurCBCM | 18:23 | ဆင်းရဲသောသူသည် သနားခြင်းကို တောင်းခံတတ်၏။ ချမ်းသာ ကြွယ်၀သောသူမူကား ကြမ်းတမ်းစွာ တုံ့ပြန်ပြောဆို တတ်၏။- | |
Chapter 19
Prov | BurCBCM | 19:2 | အသိပညာမရှိသော စိတ်အားထက်သန်မှုသည် မည်သို့မျှအကျိုးမပေးတတ်။ အလျင်စလိုပြုမူသော သူသည်လည်း လမ်းမှားတတ်၏။- | |
Prov | BurCBCM | 19:3 | လူတစ်ဦးသည် မိမိ၏မိုက်မဲမှုကြောင့် လမ်းမှားသို့ရောက်သောအခါ၌ သူသည် စိတ်ထဲတွင် ထာ၀ရဘုရားသခင်ကို ပြစ်မှား မိ၏။- | |
Prov | BurCBCM | 19:4 | ချမ်းသာကြွယ်၀ခြင်းသည် မိတ်ဆွေများစွာကိုရရှိစေ၏။ သို့သော် ဆင်းရဲသောသူသည် မိတ်ဆွေများ၏စွန့်ခွာ ခြင်းကိုခံရ၏။- | |
Prov | BurCBCM | 19:5 | မုသားသက်သေခံသူသည် အပြစ်ဒဏ် မခံရဘဲ နေလိမ့်မည်မဟုတ်။ လိမ်ညာပြောဆိုသောသူ သည်လည်း လွတ်မြောက်လိမ့် မည်မဟုတ်။- | |
Prov | BurCBCM | 19:6 | များစွာ သောသူတို့သည် အုပ်ချုပ်သောမင်းထံမှ အခွင့်အရေး ရရန်ကြိုးစားကြ၏။ လက်ဆောင်ပေးသောသူကိုလည်း လူတိုင်းက မိတ်ဆွေဖွဲ့တတ်ကြ၏။- | |
Prov | BurCBCM | 19:7 | ဆင်းရဲနွမ်းပါးသူကို သူ၏ညီအစ်ကိုများကပင် ရှောင်ကြဉ်ကြပါလျှင် သူ၏ မိတ်ဆွေများသည် သူ့ကိုမည်မျှပို၍ ရှောင်ဖယ် ကြလိမ့် မည်နည်း။ သူသည် မည်မျှပင်ကြိုးစား၍မိတ်ဖွဲ့ပါသော်လည်း မိတ်ဆွေတစ်ဦးတစ်လေမျှပင်ရလိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 19:8 | ပညာကိုဆည်းပူးသူသည် မိမိကိုယ်ကို ချစ်ရာရောက်၏။ အသိတရားရှိသူသည်လည်း ကောင်းစားလိမ့်မည်။- | |
Prov | BurCBCM | 19:9 | မုသားသက်သေခံသောသူသည် အပြစ်ဒဏ်မခံရဘဲ နေလိမ့်မည်မဟုတ်။ လိမ်လည်ပြောဆိုသူသည်လည်း ပျက်စီးဆုံးရှုံး ရလိမ့်မည်။- | |
Prov | BurCBCM | 19:10 | မိုက်မဲသောသူသည် စည်းစိမ် ချမ်းသာကို ခံစားရန် မသင့်ချေ။ ကျေးကျွန်သည် မင်း အမတ်တို့အပေါ် စီမံအုပ်ချုပ်ရန်ကား ပို၍ပင်မသင့်ချေ။- | |
Prov | BurCBCM | 19:11 | အသိဉာဏ်ရှိသူသည် အမျက်ဒေါသကိုချုပ်တီးနိုင်၏။ မိမိအား စော်ကားသည့်အပြုအမူတစ်ခုကို မသိကျိုးကျွံ ပြုခြင်းသည် သူ့အတွက် ဂုဏ်ရှိစေ၏။- | |
Prov | BurCBCM | 19:12 | ရှင်ဘုရင်၏ အမျက်ဒေါသသည် ခြင်္သေ့ဟောက်သကဲ့သို့ဖြစ်၏။ သို့ သော် သူ၏ကျေးဇူးပြုခြင်းသည်ကား မြက်ခင်းပေါ်တွင် ကျသောနှင်းရည်စက်ကဲ့သို့ဖြစ်၏။- | |
Prov | BurCBCM | 19:13 | သားမိုက်တစ်ဦးသည် သူ့ဖခင်၏ပျက်စီးရာအကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် ယိုကျနေ သောမိုးပေါက်များနှင့်တူ၏။- | |
Prov | BurCBCM | 19:14 | နေအိမ်နှင့် ဥစ္စာပစ္စည်းတို့ သည် မိဘများထံမှရသောအမွေခံပစ္စည်းများဖြစ်ကြ၏။ သို့သော် အသိပညာရှိသောဇနီးကိုမူကား ထာ၀ရဘုရား သခင်ထံတော်မှသာရရှိ၏။ | |
Prov | BurCBCM | 19:15 | ပျင်းရိခြင်းသည် နှစ်ခြိုက်စွာ အိပ်မောကျစေ၍ ပျင်းရိသူသည် ဆာလောင်ငတ်မွတ်ရလိမ့်မည်။- | |
Prov | BurCBCM | 19:16 | ပညတ်တော်တို့ကို စောင့်ထိန်းသူသည် မိမိ၏အသက်ကို စောင့်ထိန်း၏။ သွန်သင်မှုကို ဂရုမစိုက်တတ်သူမူကား သေရ လိမ့်မည်။- | |
Prov | BurCBCM | 19:17 | ဆင်းရဲသားတို့ကို ကြင်နာသနားသောသူသည် ထာ၀ရဘုရားသခင်ကို ကျေးဇူးပြုသောသူဖြစ်ပြီး ကိုယ်တော်သည် သူပြုသောအမှု၏အကျိုးကို ပြန်လည် ၍ ပေးဆပ်တော်မူလိမ့်မည်။- | |
Prov | BurCBCM | 19:18 | မျှော်လင့်ချက်ရှိစဉ်အခိုက် သင်၏သားကို ဆုံးမပဲ့ပြင်လော့။ ပျက်စီးဆုံးရှုံးရသည် အထိ သူ့ကို အလိုမလိုက်မိပါစေနှင့်။- | |
Prov | BurCBCM | 19:19 | ဒေါသအမျက်ကြီး သောသူသည် အပြစ်ဒဏ်ကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် သူ့ကိုကယ်နုတ်လျှင် နောက်တစ်ဖန် ကယ်နုတ်ရလိမ့်ဦးမည်။- | |
Prov | BurCBCM | 19:20 | အကြံဉာဏ်ပေးသည်ကို နားထောင်၍ သွန်သင်ချက်တို့ကိုလက်ခံလော့။ နောက်ဆုံး၌ သင်သည် ပညာရှိသော သူဖြစ်လာ လိမ့်မည်။- | |
Prov | BurCBCM | 19:21 | လူ၏စိတ် နှလုံးအတွင်း၌ အကြံအစည်များစွာရှိသော်လည်း ထာ၀ရ ဘုရားသခင်၏အလိုတော်သာလျှင် တည်မြဲလိမ့်မည်။- | |
Prov | BurCBCM | 19:22 | လူတစ်ဦးတောင့်တတတ်သောအရာမှာ သစ္စာစောင့်သိမှုဖြစ်၏။ ဆင်းရဲသောသူဖြစ်ရခြင်းသည် လိမ်ညာသော သူဖြစ်ရ ခြင်းထက် သာ၍ကောင်း၏။- | |
Prov | BurCBCM | 19:23 | ထာ၀ရဘုရား သခင်ကိုကြောက်ရွံ့ ရိုသေခြင်းသည် အသက်ရှင်ခြင်းသို့ ပို့ဆောင်၏။ ထိုစိတ်သဘောရှိသူ၏ဘ၀သည် အားရ ကျေနပ်စွာဖြင့် နေထိုင်ရပြီး ဘေးအန္တရာယ်နှင့် ကင်းဝေး လိမ့်မည်။- | |
Prov | BurCBCM | 19:24 | ပျင်းရိသူသည် ပန်းကန်ထဲရောက်နေသော မိမိ၏လက်ကိုပင် မိမိပါးစပ်ထဲသို့ထည့်ရန် ဝန်လေး၏။- | |
Prov | BurCBCM | 19:25 | မထီမဲ့မြင်ပြုသောသူကို ရိုက်နှက်လော့။ ဤသို့ဖြင့် ရိုးအသောသူသည် အသိတရားရလိမ့်မည်။ သိနားလည် တတ်သောသူကို ဆုံးမလျှင် သူသည် အသိပညာကို ရလိမ့်မည်။- | |
Prov | BurCBCM | 19:26 | မိမိ၏ဖခင်ကို ရိုင်းပျစော်ကား၍ မိမိ၏မိခင်ကို နှင်ထုတ်သောသားသည် အရှက်ကွဲခြင်းနှင့် အသရေ ပျက်ခြင်းကို ယူဆောင် လာသောသားဖြစ်၏။- | |
Prov | BurCBCM | 19:27 | ငါ့သား၊ သင်သည် ပညာသင်ယူမှုကို ရပ်တန့်လိုက်ပါက မိမိ၌ ရှိ ထားပြီးသောအသိပညာတို့ကိုပင် မေ့ပျောက်သွားလိမ့် မည်။- | |
Prov | BurCBCM | 19:28 | တရားမဲ့သောသက်သေသည် ဖြောင့်မတ်သော တရားကို ပြက်ရယ်ပြုတတ်၏။ မတရားသောသူ၏နှုတ် သည်လည်း ဒုစရိုက်ကို ဝါးမျိုတတ်၏။- | |
Chapter 20
Prov | BurCBCM | 20:1 | စပျစ်ရည်သည် မထီမဲ့မြင်ပြုတတ်၏။ သေရည်သေရက်သည် ရုန်းရင်းဆန်ခတ်ဖြစ်စေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူသည် အသိပညာမရှိပေ။- | |
Prov | BurCBCM | 20:2 | ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့တစ်ကောင်၏ဟိန်းဟောက်သံနှင့်တူ၏။ ရှင်ဘုရင်ကိုအမျက်ထွက်စေသော သူသည် လည်း မိမိ၏အသက်ကိုဆုံးရှုံးရ၏။- | |
Prov | BurCBCM | 20:3 | ခိုက်ရန်ဒေါသကို ရှောင်ရှားနိုင်သောသူသည် ဂုဏ်သရေရှိ၏။ မိုက်မဲသောသူတိုင်းသည် ခိုက်ရန်ဒေါသဖြစ်လွယ်၏။- | |
Prov | BurCBCM | 20:4 | ပျင်းရိသူသည် ဆောင်းရာသီတွင် မထွန်ယက်။ သို့ဖြစ်၍ ကောက်ရိတ်သိမ်းချိန်တွင် သူသည် မည်သည့် အသီးအနှံကို မျှမရချေ။- | |
Prov | BurCBCM | 20:5 | လူ၏အတွင်းစိတ်ထဲရှိ အကြံအစည်တို့သည် နက်ရှိုင်းသောသမုဒ္ဒရာရေနှင့်တူ၏။ သို့သော် အသိဉာဏ်ရှိသောသူသည် ၎င်းတို့ကို ခပ်ယူ၏။- | |
Prov | BurCBCM | 20:6 | များစွာသောလူတို့သည် မိမိကိုယ်မိမိ သစ္စာရှိသည်ဟု ကြွေးကြော်တတ်ကြ၏။ ယုံကြည်ထိုက်သောသူကိုမူကား မည်သူရှာဖွေ တွေ့ရှိနိုင်ပါသနည်း။- | |
Prov | BurCBCM | 20:7 | ဖြောင့်မတ် သောသူသည် အပြစ်ကင်းမဲ့စွာနေထိုင်၏။ သူ၏သားစဉ် မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။- | |
Prov | BurCBCM | 20:8 | ရှင်ဘုရင်သည် တရားပလ္လင်ပေါ်တွင်ထိုင်သောအခါ မကောင်းသောအမှု မှန်သမျှတို့ကို မိမိ၏မျက်စိများဖြင့် ဖယ်ရှားတတ် ၏။- | |
Prov | BurCBCM | 20:9 | ငါသည် ငါ၏စိတ်နှလုံးကို စင်ကြယ်စေပြီ။ ငါသည် အပြစ် နှင့်ကင်းလွတ်သောသူဖြစ်၏ဟူ၍ မည်သူဆိုနိုင်မည်နည်း။- | |
Prov | BurCBCM | 20:10 | မမှန်ကန်သောအလေးချိန်ခွင်များနှင့် မမှန်ကန်သောအတိုင်းအတာများကို ထာ၀ရဘုရားသခင်စက် ဆုပ်ရွံရှာတော်မူ၏။- | |
Prov | BurCBCM | 20:11 | ကလေးသူငယ်တစ်ဦးပင်လျှင် မိမိ ၏အကျင့်စာရိတ္တဖြူစင်ခြင်းရှိ၊ မရှိကို မိမိ၏အပြုအမူအား ဖြင့်သိနိုင်၏။- | |
Prov | BurCBCM | 20:13 | အအိပ်မက်သောသူသည် ဆင်းရဲဒုက္ခရောက်လိမ့်မည်။ နိုးကြားစွာနေလော့။ သင့်တွင် ဝမ်းစာအလျှံပယ်ပေါများ လိမ့်မည်။- | |
Prov | BurCBCM | 20:14 | ပစ္စည်းမကောင်းပါ၊ မကောင်းပါဟု ဈေးဝယ် သူက ဆိုတတ်၏။ သို့သော် သူသည် ဈေးဝယ်ပြီး ပြန်သောအခါ မိမိဝယ်ယူ သောပစ္စည်းမည်မျှကောင်းကြောင်း ကို ဝါကြွားပြောဆိုတတ်၏။- | |
Prov | BurCBCM | 20:15 | ရွှေရှိ၏။ အဖိုးတန်ရတနာ များလည်းများစွာရှိ၏။ သို့ရာတွင် ပညာသတိနှင့်ပြည့်စုံ သောနှုတ်သည် ရှားပါးသော အဖိုးတန် ရတနာတစ်ပါးဖြစ်၏။- | |
Prov | BurCBCM | 20:16 | သူစိမ်းအတွက် အာမခံသောသူ၏ဝတ်ရုံကို ယူထားလော့။ လူမျိုးခြားတို့အတွက် အာမခံခြင်းဖြစ်လျှင် ယင်းကို အပေါင် ပစ္စည်းအဖြစ်သိမ်းထားလော့။ | |
Prov | BurCBCM | 20:17 | မသမာသောနည်းဖြင့်ရရှိသောအစားအစာသည် စားသောက်သူအတွက် ချိုမြိန်သော်လည်း အဆုံးတွင် ထိုသူ၏ခံတွင်းသည် ကျောက်စရစ်ခဲများနှင့်ပြည့်နှက် နေလိမ့်မည်။- | |
Prov | BurCBCM | 20:18 | အကြံကောင်းဉာဏ်ကောင်းကို ရှာဖွေခြင်းအားဖြင့် စီမံကိန်းများပြုလုပ်လော့။ ကောင်းသော လမ်းညွှန်ခြင်းကို ရယူပြီးမှ စစ်ခင်းလော့။- | |
Prov | BurCBCM | 20:19 | အတင်းအဖျင်း ပြောဆိုတတ်သူသည် လျှို့ဝှက်သောအရာတို့ကိုဖော်ထုတ်၏။ ထို့ကြောင့် မိုက်မဲစွာစကားပြောဆိုသော သူကို ရှောင်ကြဉ်လော့။- | |
Prov | BurCBCM | 20:20 | လူတစ်ဦးသည် မိမိ၏အမိ၊ သို့မဟုတ် အဖအား ကျိန်ဆဲလျှင် ထိုသူ၏မီးခွက်သည် ထူထပ်သောအမှောင်ထုတွင် ငြိမ်းသွား ရလိမ့်မည်။- | |
Prov | BurCBCM | 20:22 | ငါရန်တုံ့ပြန်မည်ဟူ၍ မဆိုလေနှင့်။ ထာ၀ရဘုရားသခင်ကို စောင့်ငံ့လော့။ ကိုယ်တော်သည် သင့်ကိုကယ်တင်တော် မူလိမ့်မည်။- | |
Prov | BurCBCM | 20:23 | မမှန်ကန်သောအလေးများကို ထာ၀ရဘုရားသခင်စက်ဆုပ် ရွံရှာ၍ မဖြောင့်မတ်သောချိန်ခွင်များကိုလည်း ကိုယ်တော် နှစ်သက်တော်မမူ။- | |
Prov | BurCBCM | 20:24 | လူတစ်ဦးလျှောက်လှမ်းရမည့် လမ်းတို့ကို ထာ၀ရဘုရားသခင်စီရင်တော်မူသည်ဖြစ်၍ လူသည် မိမိလျှောက်လှမ်းရာလမ်းကို မည်သို့နားလည် နိုင်မည်နည်း။- | |
Prov | BurCBCM | 20:25 | တစ်စုံတစ်ခုကို မဆင်ခြင်ဘဲ ဘုရားသခင်အား ဆက်ကပ်ပူဇော်ပြီးမှ မိမိ၏ကတိသစ္စာများကို ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ကျော့ကွင်းတစ်ခုသဖွယ်ဖြစ်၏။- | |
Prov | BurCBCM | 20:26 | ပညာရှိသောရှင်ဘုရင်သည် လူမိုက်တို့ကိုခွဲခြားနုတ်ပယ်၍ သူတို့အား စပါးလှေ့သော ဘီးနှင့်ဖိနင်းလိမ့်မည်။- | |
Prov | BurCBCM | 20:27 | လူသား၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၏မီးခွက်ဖြစ်၏။ ၎င်းသည် လူ၏အတွင်း စိတ်ထဲ၌ရှိသမျှတို့ကို မတွေ့တွေ့ အောင်ရှာဖွေတတ်၏။- | |
Prov | BurCBCM | 20:28 | မေတ္တာနှင့်သစ္စာတရားသည် ရှင်ဘုရင်ကို စောင့်ရှောက်၏။ သူသည် မိမိ၏ရာဇပလ္လင်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့် ပိုမိုခိုင်မြဲစေ၏။- | |
Prov | BurCBCM | 20:29 | လူငယ်တို့၏ဘုန်းသည်ကား သူတို့၏လက်ရုံးရည်ဖြစ်ပြီး လူအိုတို့၏လှပတင့်တယ်ခြင်းကား သူတို့၏ဆံဖြူခြင်း ပေတည်း။- | |
Chapter 21
Prov | BurCBCM | 21:1 | ရှင်ဘုရင်၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်၏လက်တော်တွင်ရှိသော ရေစီးသည့်ချောင်း ကဲ့သို့ဖြစ်၍ ကိုယ်တော်သည် မိမိအလိုရှိသောနေရာသို့ ယင်းကို လှည့်စေတော်မူ၏။- | |
Prov | BurCBCM | 21:2 | လူသည် မိမိပြုလုပ်သမျှ မှန်ကန်သည်ဟုမြင်တတ်၏။ ထာ၀ရဘုရားသခင်သည် ကား စိတ်နှလုံးကို တိုင်းတာတော်မူ၏။- | |
Prov | BurCBCM | 21:3 | ထာ၀ရဘုရား သခင်သည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်မှန်ကန်ခြင်း နှင့် တရားမျှတစွာကျင့်ကြံခြင်းကို ပို၍နှစ်သက် တော်မူ၏။- | |
Prov | BurCBCM | 21:4 | ယုတ်မာသောသူတို့၏အလင်းတည်းဟူသော မောက်မာထောင်လွှားသည့်အကြည့်နှင့် မာနကြီးသော နှလုံးသားတို့သည် အပြစ်ဒုစရိုက်ဖြစ်၏။- | |
Prov | BurCBCM | 21:5 | သတိဝီရိယ ရှိသူ၏အကြံအစည်တို့သည် ကြွယ်၀ချမ်းသာခြင်းသို့ မလွဲမသွေရောက်စေ၍ စိတ်လိုက်မာန်ပါပြုတတ်သူမှန် သမျှသည် ချို့တဲ့နွမ်းပါးနေမည်သာဖြစ်၏။- | |
Prov | BurCBCM | 21:6 | လိမ်လည်၍ ရှာဖွေစုဆောင်းထားသောစီးပွားဥစ္စာသည် တစ်ခဏအတွင်း လွင့်ပြယ်သွားသောရေခိုးရေငွေ့နှင့် သေမင်း၏ ကျော့ကွင်းဖြစ်၏။- | |
Prov | BurCBCM | 21:7 | လူယုတ်မာတို့သည် တရားမျှတသည့်လုပ်ရပ်ကိုပြုမူရန် ငြင်းဆန်သောကြောင့် သူတို့၏ ဆိုးသွမ်းရမ်းကားခြင်းသည် သူတို့ကို ပြန်၍သုတ်သင် ဖယ်ရှားပစ်လိမ့်မည်။- | |
Prov | BurCBCM | 21:9 | ရန်တွေ့တတ်သော မိန်းမတစ်ဦးနှင့် တစ်အိမ် တည်းအတူနေရခြင်းထက် အိမ်အမိုးပေါ်ရှိ ထောင့်တစ် နေရာ၌ နေရသည်က ပို၍ကောင်း၏။- | |
Prov | BurCBCM | 21:10 | လူယုတ်မာတို့၏ စိတ်နှလုံးသည် မကောင်းမှုကို အလိုရှိ၏။ သူ၏အိမ်နီး ချင်းသည် သူ၏မျက်လုံးများထဲတွင် သနားကြင်နာခြင်းကို ရှာမတွေ့ချေ။- | |
Prov | BurCBCM | 21:11 | မထီမဲ့မြင်ပြုသောသူတစ်ဦး အပြစ်ပေးခံရသောအခါ အသိတရားနည်းသောသူသည် ပညာသတိရှိလာ၏။ ပညာရှိသော သူသည် သွန်သင်ခြင်းခံရ သောအခါ သူ၌ အသိပညာတိုးပွားလာ၏။- | |
Prov | BurCBCM | 21:12 | ဖြောင့်မတ် သောသူသည် ဆိုးယုတ်သောသူ၏အိမ်ကိုကြည့်ရှုအကဲ ခတ်ပြီး ထိုဆိုးယုတ်သောသူတို့ကို ပျက်စီးခြင်းသို့ရောက် စေ၏။- | |
Prov | BurCBCM | 21:13 | ဆင်းရဲသားတို့၏အော်ဟစ်သံကို မကြားလို၍ မိမိ၏နားကိုပိတ်ထားသောသူသည် ကိုယ်တိုင်အော် ဟစ်ရလိမ့်မည်။ သို့သော် သူ၏အော်ဟစ်သံကို မည်သူ မျှကြားလိမ့်မည်မဟုတ်ချေ။- | |
Prov | BurCBCM | 21:14 | တိတ်တဆိတ်ပေးသော လက်ဆောင်သည် ဒေါသကိုပြေပျောက်စေ၍ လျှို့ဝှက်စွာ ပေးသောတံစိုးလက်ဆောင်သည်လည်း ပြင်းထန်သော အမျက်ကိုငြိမ်းစေ၏။- | |
Prov | BurCBCM | 21:15 | တရားသဖြင့် စီရင်သောအခါ ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်ကြ၍ မကောင်း မှုကျူးလွန်သူတို့မူကား စိတ်ပျက်ကြ၏။- | |
Prov | BurCBCM | 21:17 | အပျော်အပါးလိုက်စားသောသူသည် ဆင်းရဲချို့တဲ့လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို စွဲလမ်းသောသူသည် ကြွယ်၀ချမ်းသာ လိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 21:18 | ဆိုးယုတ်သောသူသည် တရားမျှတသူတို့အတွက်လည်းကောင်း၊ သစ္စာမရှိသောသူသည် ဖြောင့်မတ်သူအတွက် လည်းကောင်း ရွေးနုတ်ရန်အဖိုးအခဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 21:19 | ရန်လို၍ နားပူနားဆာလုပ်လေ့ရှိသောမိန်းမနှင့် အတူနေရခြင်းထက် လူသူကင်းဝေးရာအရပ်တွင် နေရခြင်းက ပို၍ကောင်း၏။- | |
Prov | BurCBCM | 21:20 | ပညာရှိ၏အိမ်တွင်ရှိသောအဖိုးတန်ပစ္စည်းဥစ္စာသည် တည်မြဲ၏။ မိုက်မဲသူသည်ကား ပစ္စည်းဥစ္စာကို ကုန်ခန်း စေတတ်၏။- | |
Prov | BurCBCM | 21:21 | ဖြောင့်မတ်ခြင်းတရားနှင့် ကရုဏာတရား ကိုရှာဖွေသောသူသည် အသက်နှင့် ဂုဏ်ကျက်သရေ ကိုတွေ့လိမ့်မည်။- | |
Prov | BurCBCM | 21:22 | ပညာရှိသောသူသည် အင်အားကြီး သူတို့၏မြို့ကိုချီတက်တိုက်ခိုက်၍ ထိုသူတို့အားထား သောခံတပ်ကို ဖြိုဖျက်တတ်၏။- | |
Prov | BurCBCM | 21:24 | မောက်မာထောင်လွှားသဖြင့် မထီမဲ့မြင်ပြုသူဟု အမည်တွင်သောသူသည် ခက်ထန်သောမာနဖြင့် ပြုမူဆက်ဆံ၏။- | |
Prov | BurCBCM | 21:25 | ပျင်းရိသောသူ၏အလိုဆန္ဒသည် သူ့ကိုသေစေ၏။ အကြောင်းမူကား သူ၏လက်တို့သည် အလုပ်လုပ်ရန် ငြင်းဆန်ကြ သောကြောင့်တည်း။- | |
Prov | BurCBCM | 21:26 | ဆိုးယုတ်သောသူတို့သည် တစ်နေကုန် သူတစ်ပါး၏ပစ္စည်း ဥစ္စာကို လိုချင်သောလောဘစိတ်ဖြင့် ပြည့်နှက်နေကြ၏။ ဖြောင့်မတ်သောသူသည်ကား နှမြောတွန့်တိုခြင်း ကင်းမဲ့စွာ ပေးကမ်းတတ်၏။- | |
Prov | BurCBCM | 21:27 | ဆိုးယုတ်သောသူတို့၏ ပူဇော်သကာသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ မကောင်းသောရည်ရွယ်ချက်ဖြင့် ပူဇော်သော အခါတွင်မူကား ပို၍ပင်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။- | |
Prov | BurCBCM | 21:28 | မမှန်ကန်သောသက် သေထွက်ဆိုချက်သည် ကွယ်ပျောက်လိမ့်မည်။ နာခံတတ်သောသူ၏စကားသည်ကား တည်လိမ့် မည်။- | |
Prov | BurCBCM | 21:29 | ဆိုးယုတ်သောသူသည် မျက်နှာကို တင်းထားတတ်၏။ ဖြောင့်မတ်သောသူမူကား မိမိ၏လမ်းစဉ်ကို စဉ်းစာဆင်ခြင်၏။- | |
Prov | BurCBCM | 21:30 | မည်သည့် ဉာဏ်ပညာ၊ အသိတရားနှင့် အကြံအစည်မျှ ထာ၀ရဘုရားသခင်ကို ဆန့်ကျင်အံတုခြင်းမပြုနိုင်ပေ။- | |
Chapter 22
Prov | BurCBCM | 22:1 | စည်းစိမ်ဥစ္စာများစွာတို့ထက် နာမည်ကောင်းရရှိရေးကို ဦးစားပေးသင့်၏။ သူတစ်ပါး၏လေးစား ချစ်ခင်မှုကိုခံရခြင်းသည် ရွှေနှင့် ငွေတို့ထက် ပို၍ကောင်း ၏။- | |
Prov | BurCBCM | 22:2 | ချမ်းသာကြွယ်၀သူနှင့် ဆင်းရဲနွမ်းပါးသူတို့ အတူတကွတွေ့ဆုံကြ၏။ ထာ၀ရဘုရားသခင်သည် သူတို့ အားလုံး၏ ဖန်ဆင်းရှင် ဖြစ်တော်မူ၏။- | |
Prov | BurCBCM | 22:3 | လိမ္မာပါးနပ်သော သူသည် ဘေးအန္တရာယ်ကို ကြိုတင်မြင်တတ်၍ ပုန်း ရှောင်တတ်၏။ ရိုးအသောသူမူကား မတိမ်းရှောင် သောကြောင့် ဘေးဒုက္ခရောက်ရ၏။- | |
Prov | BurCBCM | 22:4 | စိတ်နှိမ့်ချခြင်းနှင့် ထာ၀ရ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းတို့၏ဆုလာဘ်သည်ကား ချမ်းသာကြွယ်၀ခြင်း၊ ဂုဏ်ရှိခြင်းနှင့် အသက်ရှင်ခြင်းတို့ဖြစ်၏။- | |
Prov | BurCBCM | 22:5 | ကောက်ကျစ်သောသူသွားရာလမ်း၌ ဆူးပင်များနှင့် ကျော့ကွင်းများရှိကြ၏။ မိမိကိုယ်ကို ထိန်း သိမ်းစောင့်ရှောက်သော သူသည် ယင်းတို့ကို အဝေးမှ ရှောင်ကွင်းသွားလိမ့်မည်။- | |
Prov | BurCBCM | 22:6 | ကလေးသူငယ်ကို လမ်းမှန် သို့ရောက်အောင် ဆုံးမသွန်သင်ပါလော့။ သို့မှသာ သူသည် ကြီးပြင်းလာသောအခါ လမ်းမှားသို့ မရောက်ဘဲ နေလိမ့်မည်။- | |
Prov | BurCBCM | 22:7 | ချမ်းသာကြွယ်၀သောသူသည် ဆင်းရဲသောသူကို အုပ်စိုး၏။ ချေးငှားသောသူသည် ချေးငှားပေးသောသူ၏ကျွန်ဖြစ်၏။- | |
Prov | BurCBCM | 22:8 | မတရားမှုကို မျိုးကြဲသောသူသည် ဘေးဒုက္ခကို ရိတ်သိမ်းရလိမ့်မည်။ သူ့အမျက် ဒေါသ၏အာဏာစက်သည် ပျောက်ကွယ်လိမ့်မည်။- | |
Prov | BurCBCM | 22:9 | သဒ္ဓါတရားထက်သန်သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် မိမိ၏အစာကို ဆင်းရဲသားတို့အား မျှဝေပေးသော ကြောင့်တည်း။- | |
Prov | BurCBCM | 22:10 | မောက်မာစော်ကားသောသူကို မောင်းထုတ်ကြလော့။ ခိုက်ရန်ဒေါသဖြစ်ပွားခြင်းနှင့် စော်ကားခြင်းများလည်း ရပ်စဲသွား လိမ့်မည်။- | |
Prov | BurCBCM | 22:11 | စိတ်နှလုံး ဖြူစင်ပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်သူတို့ သည် ဘုရင်မင်းမြတ်၏မိတ်ဆွေဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 22:12 | ထာ၀ရ ဘုရားသခင်သည် အသိပညာကို အမြဲစောင့်ကြည့်တော်မူ၏။ ကိုယ်တော်သည် သစ္စာမဲ့သူတို့၏စကားကိုဖယ် ရှားတော်မူ၏။- | |
Prov | BurCBCM | 22:13 | ပျင်းရိသောသူက အိမ်အပြင်၌ ခြင်္သေ့ရှိ၏၊ ငါသည် လမ်းပေါ်တွင် သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟုဆို၏။- | |
Prov | BurCBCM | 22:14 | စာရိတ္တပျက်ပြားသောမိန်းမ၏နှုတ်သည် နက်ရှိုင်းသောတွင်းဖြစ်၏။ ထာ၀ရဘုရားသခင်၏အမျက် တော်သင့်သော သူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။- | |
Prov | BurCBCM | 22:15 | မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံး၌ နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် စည်းကမ်းဥပဒေ၏ကြိမ်လုံးသည် ယင်းကို သူ့ထံမှ ဝေးရာသို့ နှင်ထုတ်လိမ့်မည်။- | |
Prov | BurCBCM | 22:16 | မိမိ၏ စည်းစိမ်ဥစ္စာတိုးပွားစေရန် ဆင်းရဲသားတို့ကို ဖိနှိပ်ပြီး ချမ်းသာကြွယ်၀သူများကို တံစိုးလက်ဆောင်ပေးကမ်း သောသူသည် ဆင်းရဲချို့တဲ့ရလိမ့်မည်။ | |
Prov | BurCBCM | 22:17 | သင်၏နားကိုစွင့်၍ ပညာရှိတို့၏ဆိုရိုးစကားများ ကိုနားထောင်ပါလော့။ ငါ၏အသိပညာကိုလည်း သင်၏ စိတ်နှလုံးဖြင့် ချင့်ချိန်၍ ကျင့်ကြံပါလော့။- | |
Prov | BurCBCM | 22:18 | အကြောင်းမူကား သင်သည် ဤအကြောင်းအရာတို့ကို မြဲမြံစွာ မှတ် သား၍ သင်၏နှုတ်၌ အသင့်ရှိသောအခါ စိတ်ချမ်းမြေ့ရ လိမ့်မည်။- | |
Prov | BurCBCM | 22:19 | သင်သည် ထာ၀ရဘုရားသခင်ကို ယုံကြည် အားကိုးမည့်အကြောင်း ငါသည် ယနေ့ပင် သင့်ကို ဤအကြောင်းအရာများနှင့် ပတ်သက်၍ သွန်သင်လေပြီ။ | |
Prov | BurCBCM | 22:20 | သတိပေးဆုံးမခြင်းနှင့် အသိပညာနှင့်ဆိုင်ရာဆိုရိုး စကားအခွန်းသုံးဆယ်တို့ကို သင့်အတွက် ငါရေးထားခဲ့သည် မဟုတ်လော။- | |
Prov | BurCBCM | 22:21 | သို့မှသာ သင်သည် ဖြောင့်မတ်မှန် ကန်ရာကိုသိမြင်နိုင်၍ သင့်ကိုစေလွှတ်သောသူတို့အား မှန်ကန်သောအဖြေကိုပေး နိုင်မည် မဟုတ်လော။ | |
Prov | BurCBCM | 22:22 | ဆင်းရဲသောသူထံမှ လုယူခြင်းမပြုလေနှင့်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆင်းရဲချို့တဲ့သောကြောင့်တည်း။ အတိဒုက္ခရောက်လာသူကို တံခါး၀၌ပင် နှိပ်စက်ခြင်းကိုမပြုလေနှင့်။- | |
Prov | BurCBCM | 22:23 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် သူတို့ဘက်တွင် ရပ်တည်တော်မူလိမ့်မည်။ ကိုယ်တော်သည် ထိုသူတို့ထံမှ လုယက်သောသူတို့၏ အသက်ကို လုယူတော်မူလိမ့်မည်။- | |
Prov | BurCBCM | 22:24 | ဒေါသကြီးသော သူတို့နှင့်မိတ်ဆွေမဖွဲ့လေနှင့်။ ဒေါသရှေ့ထားတတ်သူ တို့နှင့်အတူ မပေါင်းသင်းလေနှင့်။- | |
Prov | BurCBCM | 22:25 | ဤသို့ပြုလျှင် သင် တို့သည် သူ၏လမ်းစဉ်အတိုင်းလိုက်မိ၍ သင်ကိုယ်တိုင် ကျော့ကွင်းအတွင်းသို့ ကျရောက်လိမ့်မည်။- | |
Prov | BurCBCM | 22:26 | သူတစ်ပါး ၏ကြွေးမြီများအတွက် အာမခံသူများ၊ ကတိကဝတ်ပြု သူများထဲတွင် သင်မပါဝင်စေနှင့်။- | |
Chapter 23
Prov | BurCBCM | 23:1 | သင်သည် ဘုရင်နှင့်အတူထိုင်၍ စားသောက်ရသောအခါ သင်၏ရှေ့တွင်ရှိသောအရာတို့ကို သတိပြုဆင်ခြင်ပါလော့။- | |
Prov | BurCBCM | 23:3 | သူတည် ခင်းသောစားကောင်းသောက်ဖွယ်များကို မမက်မောလေနှင့်။ အကြောင်းမူကား ယင်းတို့သည် လှည့်ဖြား တတ်သောအစာများဖြစ်၏။- | |
Prov | BurCBCM | 23:4 | ဥစ္စာဓနကြွယ်၀ချမ်းသာ ရန် ပင်ပန်းကြီးစွာကြိုးစားအားထုတ်ခြင်းမပြုနှင့်။ ထိုသို့ ကြိုးစားခြင်းမှ ရပ်တန့်နိုင်ရန် ပညာသတိ ရှိလော့။- | |
Prov | BurCBCM | 23:5 | သင့်မျက်စိနှင့်စိုက်ကြည့်ရုံမျှနှင့်ပင် ထိုအရာတို့သည် ပျောက် ကွယ်သွားကြလိမ့်မည်။ အကြောင်းမူကား လင်းယုန် ငှက်သည် ကောင်းကင်ယံသို့ ပျံတက်သကဲ့သို့ သင်၏ ဥစ္စာပစ္စည်းတို့သည်လည်း ရုတ်တရက်အတောင်ပေါက် ၍ ပျံသန်းပျောက်ကွယ်သွား လိမ့်မည်။- | |
Prov | BurCBCM | 23:6 | နှမြောတွန့်တို သောသူ၏အစားအစာကို မစားလေနှင့်။ ထိုသူ၏စား ကောင်းသောက်ဖွယ်တို့ကိုလည်း မမက်မောလေနှင့်။- | |
Prov | BurCBCM | 23:7 | အကြောင်းမူကား သူသည် အတွင်းစိတ်ထဲတွင် တွက်ချက်နေသောသူဖြစ်၏။ စားပါသောက်ပါဟု သင့်ကိုပြော ဆိုနေသော်လည်း သူ၏စိတ်ရင်းအမှန်ဖြင့် ပြောဆိုသော စကားမဟုတ်။- | |
Prov | BurCBCM | 23:8 | သင်စားသောက်ခဲ့သောအစာတို့ကို အန်ထုတ်ရလိမ့်မည်။ သင်၏ချိုသာသောစကားတို့ သည်လည်း အချည်းနှီးဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 23:9 | မိုက်မဲသောသူကို စကားမပြောလေနှင့်။ သူသည် ဉာဏ်ပညာနှင့်ယှဉ်သော သင်၏စကားများကို မထီမဲ့မြင်ပြုလိမ့်မည်။- | |
Prov | BurCBCM | 23:10 | ရှေးယခင်က စိုက်ထားသော မြေပုံမှတ်တိုင်ကို မဖယ်ရှားလေနှင့်။ မိဘမဲ့သူတို့၏လယ်ယာသို့လည်း ကျူးကျော်ဝင်ရောက် ခြင်းမပြုနှင့်။- | |
Prov | BurCBCM | 23:11 | အကြောင်းမူကား သူတို့၏ကယ်တင်ရှင် သည် အင်အားကြီးမားသောကြောင့် ကိုယ်တော်သည် သူတို့ဘက်မှရပ်တည်လျက် သင့်ကို ဆန့်ကျင်တော်မူ လိမ့်မည်။- | |
Prov | BurCBCM | 23:12 | ဆုံးမသွန်သင်ချက်များကို သင်၏စိတ်နှလုံး ၌စွဲမြဲစေ၍ အသိပညာစကားတို့ကိုနားထောင်ပါလော့။- | |
Prov | BurCBCM | 23:13 | ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ရန် မနှောင့်နှေးလေနှင့်။ သူငယ်ကို ကြိမ်ဖြင့် ရိုက်နှက်ဆုံးမသော်လည်း သူမသေ နိုင်ပေ။- | |
Prov | BurCBCM | 23:15 | ငါ့သား၊ သင်၏စိတ်နှလုံးသည် ပညာသတိနှင့်ပြည့်စုံလျှင် ငါသည်လည်း ဝမ်းမြောက်ရ လိမ့်မည်။- | |
Prov | BurCBCM | 23:16 | သင်၏နှုတ်က မှန်ကန်သောစကားတို့ကို ပြောဆိုသောအခါ ငါ၏ဝိညာဉ်သည် ဝမ်းမြောက်ရွှင် လန်းခြင်းရှိလိမ့်မည်။- | |
Prov | BurCBCM | 23:17 | သင်သည် အပြစ်သားတို့အပေါ် မနာလိုမရှုစိမ့်မဖြစ်လေနှင့်။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းရှိရန် နေ့ရှိသရွေ့ လုံ့လစိုက်လော့။- | |
Prov | BurCBCM | 23:18 | သင့်အတွက် သာယာလှပသောအနာဂတ်တစ်ခု ဧကန် အမှန်ရှိနေ၏။ သင်၏မျှော်လင့်ချက်လမ်းစသည် ပျောက် ကွယ်သွားလိမ့်မည်မဟုတ်။ | |
Prov | BurCBCM | 23:19 | ငါ့သား၊ ငါ၏စကားကို နားထောင်၍ ပညာသတိရှိလော့။ မှန်ကန်သောလမ်းကိုလျှောက်ရန် သင်၏စိတ်ကို လမ်းညွှန်ဦး ဆောင် ပါလော့။- | |
Prov | BurCBCM | 23:21 | သောက်စားမူးယစ်သူနှင့် အစားကြူးသူတို့သည် ဆင်းရဲ မွဲတေရလိမ့်မည်။ အအိပ်မက်သောသူသည် အဝတ်စုတ် များကိုသာ ဝတ်ဆင်ရလိမ့်မည်။ | |
Prov | BurCBCM | 23:22 | သင့်ဖခင်၏စကားကို နားထောင်လော့။ သင်သည် သူ့ကြောင့် လူဖြစ်လာရ၏။ သင်၏မိခင်အသက်ကြီးလာ ချိန်တွင် သူမကို မထီမဲ့မြင်မပြုနှင့်။- | |
Prov | BurCBCM | 23:23 | သမ္မာတရားကို ဝယ် ယူလော့။ ယင်းကိုပြန်၍ မရောင်းလေနှင့်။ ဉာဏ်ပညာ၊ ဆုံးမသွန်သင်ခြင်းနှင့် အသိတရားတို့ကိုလည်း ရယူပါလော့။- | |
Prov | BurCBCM | 23:24 | ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသောသားကို မွေးထားသော ဖခင်သည် သားဖြစ်သူ အတွက် ရွှင်လန်းဝမ်းမြောက်ရ လိမ့်မည်။- | |
Prov | BurCBCM | 23:25 | သင်၏မိဘတို့သည် ဝမ်းမြောက်ပျော်ရွှင် ကြပါစေ။ သင့်ကို မွေးဖွားသောသူမသည် ရွှင်လန်းဝမ်း မြောက်နိုင်ပါစေ။ | |
Prov | BurCBCM | 23:26 | ငါ့သား၊ သင်၏နှလုံးသားကို ငါ့အား ပေးပါလော့။ သင်၏မျက်စိတို့သည် ငါ၏လမ်းစဉ်များကို လေ့လာအကဲ ခတ်နိုင်ပါစေ။- | |
Prov | BurCBCM | 23:27 | ပြည့်တန်ဆာမသည် နက်ရှိုင်းသောတွင်း ကဲ့သို့လည်းကောင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော မိန်းမသည် ကျဉ်းမြောင်း သောရေတွင်းကဲ့သို့လည်းကောင်း ဖြစ်ကြ၏။- | |
Prov | BurCBCM | 23:29 | မည်သူသည် သောကရောက်နေသနည်း။ မည်သူသည် ဝမ်းနည်းကြေကွဲနေရသနည်း။ မည်သူသည် ခိုက် ရန်ဖြစ်ပွား သနည်း။ မည်သူ၌ မကျေမချမ်းဖြစ်စရာရှိ သနည်း။ မည်သူသည် အကြောင်းမဲ့ထိခိုက်ဒဏ်ရာရ သနည်း။ မည်သူသည် ဒေါသထွက်နေသနည်း။- | |
Prov | BurCBCM | 23:30 | စပျစ် ရည်ကိုအလွန်အကျွံယစ်မူးသောသူနှင့် သေရည်မျိုးစုံကို မြည်းစမ်းသောက်သုံးသောသူတို့သာဖြစ်ကြ၏။- | |
Prov | BurCBCM | 23:31 | နီရဲနေလျက် ခွက်ဖလား၌ အရောင်တောက်ပနေပြီး ချိုမြိန်၍ သောက်ရန်ကောင်းသောစပျစ်ရည်ကို ငေးမောမကြည့် လေနှင့်။- | |
Prov | BurCBCM | 23:32 | ယင်းသည် အဆုံး၌ မြွေဆိုးကဲ့သို့ သင့် ကိုကိုက်၍ မြွေပွေးကဲ့သို့ အဆိပ်တက်စေလိမ့်မည်။- | |
Prov | BurCBCM | 23:33 | သင်၏မျက်စိတို့သည် ထူးဆန်းသောအရာတို့ကို မြင် လိမ့်မည်။ ဖောက်ပြန်သောအကြောင်းအရာတို့ကို သင် ၏စိတ်ထဲမှ ပြောဆိုနေလိမ့်မည်။- | |
Prov | BurCBCM | 23:34 | သင်သည် ပင်လယ် ပြင်၏အလယ်တွင် အိပ်နေသောသူ၊ သင်္ဘောရွက်တိုင် ထိပ်ဖျားတွင် အိပ်နေသောသူကဲ့သို့ဖြစ်လိမ့်မည်။- | |
Chapter 24
Prov | BurCBCM | 24:1 | ဆိုးယုတ်သောသူများကို မနာလိုမရှုစိမ့်မဖြစ်လေနှင့်။ သူတို့နှင့် မိတ်ဖွဲ့ရန်လည်း မကြိုးစား လေနှင့်။- | |
Prov | BurCBCM | 24:2 | အကြောင်းမူကား သူတို့သည် ရန်မူအကြမ်း ဖက်ခြင်းကိုသာ စိတ်ထဲ၌ကြံစည်ကြ၍ နှုတ်မှလည်း သူ နစ်နာမည့်စကားကိုသာ ပြောဆိုကြ၏။ | |
Prov | BurCBCM | 24:3 | ဉာဏ်ပညာဖြင့် အိမ်တစ်ဆောင်တည်ဆောက်၍ သိနားလည်ခြင်းဖြင့် ယင်းကို ခိုင်ခံ့အောင်ထိန်းသိမ်းရ၏။- | |
Prov | BurCBCM | 24:4 | အသိအမြင်ဗဟုသုတအားဖြင့် အိမ်ခန်းတို့ကို တန်ဖိုးကြီး၍ နှစ်သက်ဖွယ်ဖြစ်သောကြွယ်၀မှုတို့ဖြင့် ပြည့်စေကြ၏။- | |
Prov | BurCBCM | 24:5 | ပညာသတိရှိသူသည် ခွန်အားကြီးသူထက် ပို၍ကြံ့ခိုင်၏။ အသိအမြင်ဗဟုသုတကြွယ်၀သူသည် ခွန်အားရှိသူထက် ပို၍စွမ်း ဆောင်နိုင်၏။- | |
Prov | BurCBCM | 24:6 | အကြောင်း မူကား ပညာသတိရှိသူ၏လမ်းညွှန်မှုဖြင့် သင်သည် စစ်ပွဲကို ပြင်ဆင်နိုင်၏။ အကြံပေးနိုင်သူမြောက်မြားစွာရှိခြင်း ကြောင့် အောင်ပွဲခံရ၏။- | |
Prov | BurCBCM | 24:7 | မိုက်မဲသောသူအတွက် ဉာဏ်ပညာသည် လက်လှမ်းမီရန် ခဲယဉ်းလှ၏။ သူသည် မြို့တံခါး၀ရောက်လျှင်ပင် ပါးစပ်မဟ တော့ပေ။ | |
Prov | BurCBCM | 24:9 | ဆိုးသွမ်းမိုက်မဲမှုကိုကြံ စည်ခြင်းသည် အပြစ်ဖြစ်၏။ မထီမဲ့မြင်ပြုလေ့ရှိသော သူကိုလည်း လူအများက ရွံရှာမုန်းတီးကြ၏။ | |
Prov | BurCBCM | 24:10 | ဘေးအန္တရာယ်နှင့်ကြုံရသောအချိန်တွင် ချည့်နဲ့ ယိမ်းယိုင်နေပါက သင်သည် အမှန်ပင် အင်အားမရှိပျော့ ညံ့သူဖြစ်၏။- | |
Prov | BurCBCM | 24:11 | အသေသတ်ရန် ဆွဲခေါ်သွားခြင်းခံရသူ တို့ကိုကယ်တင်လော့။ သေဒဏ်စီရင်ခြင်းခံရသူတို့ကို ကယ်တင်ရန် မနှောင့်နှေး နှင့်။- | |
Prov | BurCBCM | 24:12 | ဤအမှုကို ငါတို့မသိဟု သင်ဆိုသော်လည်း စိတ်နှလုံးကို စမ်းသပ်သိမြင်တော်မူ သောအရှင်သည် သိမြင်တော်မူသည် မဟုတ်လော။ သင်၏စိတ်ဝိညာဉ်ကို စောင့်ကြည့်တော်မူသောကိုယ် တော်သည် သိမြင်သဖြင့် လူတစ်ဦးစီကို သူတို့၏အကျင့် အကြံအတိုင်း စီရင်တော်မူမည်မဟုတ်လော။ | |
Prov | BurCBCM | 24:13 | ငါ့သား၊ ပျားရည်ကို စားသုံးလော့။ အကြောင်းမူကား ယင်းသည် ကောင်းသောအရသာရှိ၏။ ပျားလပို့မှ ကျလာသော ပျားရည်စက်တို့သည်လည်း သင့်အား ချိုမြိန်သောအရသာကို ပေး၏။- | |
Prov | BurCBCM | 24:14 | ထိုနည်းတူပင် ဉာဏ်ပညာသည် သင်၏ ဝိညာဉ်အတွက်အရသာနှင့်ပြည့်စုံကြောင်း သင်သိပါလော့။ သင်သည် ဉာဏ်ပညာကိုတွေ့ရှိသောအခါ သင်၏အနာဂတ်ကို သာယာစေမည်။ သင်၏မျှော် လင့်ချက်သည်လည်း ပျောက်ကွယ် လိမ့်မည်မဟုတ်။ | |
Prov | BurCBCM | 24:15 | သင်သည် ဒုစရိုက်သားတစ်ဦးကဲ့သို့ ဖြောင့်မတ်သူ ၏အိမ်ကိုချောင်းမြောင်း၍ တိုက်ခိုက်လုယက်ရန် မကြံ စည်လေနှင့်။ သူ၏အိမ်ကို အကြမ်းဖက်ခြင်းမပြုနှင့်။- | |
Prov | BurCBCM | 24:16 | အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲကျသော်လည်း ပြန်ထလိမ့်မည်။ ဆိုးယုတ်သောသူမူ ကား ဘေးဒုက္ခရောက်သောအခါ ပြိုလဲကျရှုံးလိမ့်မည်။ | |
Prov | BurCBCM | 24:17 | သင်၏ရန်သူကျရှုံးသောအခါ ဝမ်းမြောက်ပျော်ရွှင် ခြင်းမဖြစ်လေနှင့်။ သူပြိုလဲသောအခါ သင်၏စိတ်နှလုံးထဲ၌ ရွှင်လန်း အားရ ခြင်းမဖြစ်လေနှင့်။- | |
Prov | BurCBCM | 24:18 | ထိုသို့ပြုလုပ်လျှင် ထာ၀ရဘုရားသခင်သိမြင်တော်မူသဖြင့် နှစ်သက်မည် မဟုတ်ဘဲ ထိုသူ့ထံမှလည်း မိမိ၏အမျက်တော် ကိုလွှဲ ဖယ်တော်မူလိမ့်မည်။ | |
Prov | BurCBCM | 24:19 | မကောင်းမှုကိုပြုသောသူတို့ကြောင့် အမျက်ဒေါသ မထွက်နှင့်။ ဆိုးယုတ်သောသူတို့အပေါ် မနာလိုမရှုစိမ့် မဖြစ်နှင့်။- | |
Prov | BurCBCM | 24:20 | အကြောင်းမူကား မကောင်းမှုကိုပြုသောသူ အတွက် အနာဂတ်ဟူ၍မရှိချေ။ ဆိုးမိုက်သောသူ၏မီး ခွက်သည် ငြှိမ်းသတ် ခြင်းခံရလိမ့်မည်။ | |
Prov | BurCBCM | 24:21 | ငါ့သား၊ ထာ၀ရဘုရားသခင်နှင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေပါလော့။ ထိုနှစ်ပါးစလုံးကို မနာခံဘဲမနေ လေနှင့်။- | |
Prov | BurCBCM | 24:22 | အကြောင်းမူကား သူတို့ထံမှ ဘေးအန္တရာယ်သည် ရုတ်တရက်ကျရောက်တတ်၏။ ထိုနှစ်ပါးစလုံး ထံမှရောက်ရှိလာမည့် ဘေးဒုက္ခကို မည်သူသိနိုင်ပါသ နည်း။ ပညာရှိတို့၏အခြားသောဆိုရိုးစကားများ | |
Prov | BurCBCM | 24:23 | ဤသည်တို့ကား ပညာရှိတို့၏ဆုံးမစကားများဖြစ် ကြသတည်း။ တရားစီရင်ရာ၌ ဘက်လိုက်ခြင်းသည် မကောင်း ပေ။- | |
Prov | BurCBCM | 24:24 | အပြစ်ရှိသူအားသင်သည် အပြစ်ကင်းစင်သည် ဟုဆိုသူတိုင်းကို လူအများက ကျိန်ဆဲကြ၍ တိုင်းနိုင်ငံ များကလည်း ရွံရှာမုန်းတီးကြလိမ့်မည်။- | |
Prov | BurCBCM | 24:25 | အပြစ်ရှိသူကို ပြစ်တင်ရှုတ်ချသောသူတို့ကိုမူကား ရွှင်လန်းဝမ်းမြောက်စေလျက် ကောင်းချီးမင်္ဂလာသည် သူတို့အပေါ်သို့ သက်ရောက်လိမ့်မည်။- | |
Prov | BurCBCM | 24:27 | သင်၏လုပ်ငန်းကို ကွင်းပြင်၌ ကြိုတင်ပြင်ဆင်ပါလော့။ သင်၏လယ်ကွင်းထဲတွင် အရာရာကို အသင့်ပြင် ဆင်ထားပါလော့။ ထို့နောက် သင်နေထိုင်ရန် အိမ်ကို ဆောက်လုပ်ပါလော့။ | |
Prov | BurCBCM | 24:28 | သင်၏အိမ်နီးချင်းကို ဆန့်ကျင်၍ သက်သေထွက်ဆိုခြင်းကိုလည်း မပြုလေနှင့်။ သင်၏နှုတ်ဖြင့် လိမ်လည်ထွက်ဆိုခြင်း မပြုနှင့်။- | |
Prov | BurCBCM | 24:29 | ငါ့အပေါ် သူပြုမူခဲ့သည့်အတိုင်း သူ့အပေါ် ငါပြုမူမည်၊ ငါခံစားခဲ့ရသည်နှင့် ထပ်တူထပ်မျှ သူ့ကို ခံစားစေမည်ဟု မဆို လေနှင့်။ | |
Prov | BurCBCM | 24:30 | ငါသည် ပျင်းရိသောသူ၏လယ်အနီးမှလည်းကောင်း၊ စဉ်းစားဉာဏ်မရှိသောသူ၏စပျစ်ခြံအနီးမှလည်းကောင်း ဖြတ်သန်း လာခဲ့၏။- | |
Prov | BurCBCM | 24:31 | ယင်းတို့သည် ဆူးချုံများ အောက်တွင် ပျောက်ကွယ်နေပြီး မြေပြင်သည်လည်း ပေါင်းပင်များနှင့် ဖုံးအုပ်လျက်ရှိကာ ယင်း၏ကျောက်တံတိုင်းသည်လည်း ပြိုလဲလျက်ရှိသည်ကို ငါတွေ့ခဲ့ရ ၏။- | |
Prov | BurCBCM | 24:32 | ထိုအခါ ငါသည် ကြည့်ရှု၍ ဤအဖြစ်ကို ဆင်ခြင်သုံးသပ်ကြည့်သောအခါ သင်ခန်းစာကို ရခဲ့ပါ၏။- | |
Prov | BurCBCM | 24:33 | တစ်ခဏမျှအိပ်စက်ခြင်း၊ တစ်ခဏမျှငိုက်မျဉ်းခြင်း၊ တစ်ခဏမျှ လက်ပိုက်အနားယူခြင်းတို့ကြောင့်၊- | |
Chapter 25
Prov | BurCBCM | 25:1 | ဂျုဒရှင်ဘုရင် ဟေဇက္ကိယ၏အမှုထမ်းများကူးရေးထားသော ဆောလမွန်မင်းကြီး၏စကားပုံများသည်ကား ဤသို့ဖြစ် သတည်း။ | |
Prov | BurCBCM | 25:2 | အမှုအရာတို့ကို နက်နဲစေခြင်းသည် ဘုရားသခင်၏ဘုန်းဂုဏ်တော်ဖြစ်၏။ သို့သော် နက်နဲသောအမှုအရာတို့ကို ဖော်ထုတ်ခြင်းဖြင့် ဘုရင်တို့သည် ဘုန်းအရှိန်အဝါ ကိုထင်ရှားစေကြ၏။- | |
Prov | BurCBCM | 25:3 | ကောင်းကင်တို့၏အမြင့်ကိုလည်း ကောင်း၊ ကမ္ဘာမြေထု ၏ အနက်ကိုလည်းကောင်း ခန့်မှန်း ၍မရနိုင်သကဲ့သို့ ဘုရင်တို့၏ စိတ်သဘောကိုလည်း ခန့် မှန်း၍မရနိုင်ပေ။- | |
Prov | BurCBCM | 25:4 | ငွေသတ္တုမှ ချော်ကို ဖယ်ထုတ်လျှင် ပန်းထိမ်သမားသည် ငွေဖလားပြုလုပ်ရန် ငွေစင်ကိုရလိမ့်မည်။- | |
Prov | BurCBCM | 25:5 | ဆိုးယုတ်သူတို့ကို ဘုရင်၏ရှေ့တော်မှ ဖယ်ရှားလျှင် ဘုရင်၏ထီးနန်းသည် တရားမျှတခြင်း၌ တည်လိမ့်မည်။- | |
Prov | BurCBCM | 25:6 | ဘုရင်၏ရှေ့တော်၌ သင့်ကိုယ်သင် ဂုဏ်မဖော် လေနှင့်။ အရေးပါသူတို့၏နေရာကိုလည်း မယူလေနှင့်။- | |
Prov | BurCBCM | 25:7 | အကြောင်းမူကား မိမိထက်မြင့်သူရှိနေ၍ နိမ့်သောနေရာ သို့ ဖယ်ပေးရသည်ထက် မြင့်သောနေရာသို့တက်လာ ပါဟူ၍ မင်းညီမင်းသား၏ရှေ့မှောက်၌ ဖိတ်ခေါ်ခံရသည် ကပို၍ကောင်း၏။ | |
Prov | BurCBCM | 25:8 | သင်၏မျက်စိဖြင့် မြင်ရသောအမှုအရာကို၊- တရားရုံးသို့ အလျင်စလိုမတိုင်တန်းလေနှင့်။ အကြောင်းမူကား နောင်တွင် သင်၏အိမ်နီးချင်းသည် သင့်ကို အရှက်ကွဲ စေသောအခါ သင်မည်ကဲ့သို့တုံ့ပြန်မည်နည်း။- | |
Prov | BurCBCM | 25:9 | သင်၏ အမှုကို သင်၏အိမ်နီးချင်းနှင့် မျက်နှာချင်းဆိုင်၍ ဆွေးနွေးပါလော့။ သို့သော် သူတစ်ပါး၏လျှို့ဝှက်ချက်ကို မဖော် ထုတ်မိစေနှင့်။- | |
Prov | BurCBCM | 25:10 | သို့မဟုတ်လျှင် ထိုလျှို့ဝှက်ချက်ကိုကြားသောသူသည် သင့်ကိုအရှက်ကွဲစေသောကြောင့် သင်၏အမည်ဆိုးသည် မည်သည့် အခါမှ ပျောက်ကွယ်လိမ့် မည်မဟုတ်။ | |
Prov | BurCBCM | 25:11 | သင့်တင့်လျောက်ပတ်စွာပြောဆိုသောစကားတို့သည် ငွေထည်ပေါ်တွင်စီခြယ်ထားသည့် ရွှေပန်းသီးများနှင့်တူ၏။- | |
Prov | BurCBCM | 25:12 | ပညာသတိနှင့်ပြည့်စုံသောဆုံးမသတိပေးစကားများသည် သတိနှင့်နားထောင်သောသူ၏နားထဲတွင် ရွှေနားကွင်းများ ကဲ့သို့လည်းကောင်း၊ ရွှေစင်ဖြင့်ပြုလုပ်ထားသောလက်ဝတ်တန်ဆာများကဲ့သို့လည်းကောင်း အဖိုးထိုက်လှပေ၏။- | |
Prov | BurCBCM | 25:13 | စပါးရိတ်သိမ်းချိန်၌ကျသောနှင်းပွင့်တို့ကြောင့် အေးချမ်းသကဲ့သို့ စိတ်ချယုံကြည်ရသောစေတမန်သည် သူ့အား စေလွှတ် သောသူများကို အေးချမ်းစေ၍ မိမိသခင်တို့၏စိတ်ကို လန်းဆန်းစေ၏။- | |
Prov | BurCBCM | 25:14 | လက်ဆောင်ပေးမည်ဟု ကြွားဝါပြောဆိုပြီးမှ မပေးသောသူသည် မိုးရေမပါသောတိမ်နှင့် လေကဲ့သို့ ဖြစ်၏။ | |
Prov | BurCBCM | 25:15 | အုပ်ချုပ်သောဘုရင်ကို သည်းခံခြင်းဖြင့် ဖျောင်းဖျနိုင်၏။ ညင်သာသိမ်မွေ့စွာပြောဆိုသောစကားသည် အရိုးကိုပင် ကျိုးစေနိုင်၏။- | |
Prov | BurCBCM | 25:16 | ပျားရည်ကိုတွေ့ရှိပါလျှင် သင့်အတွက် လုံလောက်ရုံမျှသာ စားသုံးပါလော့။ သို့မဟုတ်လျှင် သင်၌ရင်ပြည့်၍ အော့အန်ရ လိမ့်မည်။- | |
Prov | BurCBCM | 25:17 | သင်၏အိမ်နီးချင်းအိမ်သို့ တစ်ခါတစ်ရံသာလည်ပတ်လော့။ ထိုသို့ မဟုတ်လျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းတီးလာလိမ့် မည်။- | |
Prov | BurCBCM | 25:18 | မိမိ၏အိမ်နီးချင်းကို ဆန့်ကျင်၍ မုသားသက်သေ ခံသောသူသည် တင်းပုတ်၊ ဓား၊ သို့မဟုတ် ချွန်သောမြားနှင့်တူ၏။- | |
Prov | BurCBCM | 25:19 | ဒုက္ခရောက်နေချိန်၌ သစ္စာမဲ့သောသူကို မှီခိုအားကိုးခြင်းသည် ယိုင်နဲ့သောသွားဖြင့် အစာစားရခြင်း၊ သို့မဟုတ် မသန် သောခြေဖြင့် လျှောက်လှမ်းရခြင်းနှင့်တူ၏။- | |
Prov | BurCBCM | 25:20 | စိတ်နှလုံးလေးလံနေသူကို သီချင်းဆိုပြရသော သူသည် ချမ်းအေးသောနေ့တွင် အဝတ်ကို ချွတ်လိုက်သောသူကဲ့သို့ လည်းကောင်း၊ ဒဏ်ရာပေါ်တွင် ပုန်းရည် အလောင်းခံရသကဲ့သို့လည်းကောင်းဖြစ်၏။- | |
Prov | BurCBCM | 25:21 | သင်၏ ရန်သူသည် အစာငတ်နေလျှင် သူ့အား စားစရာကိုပေးလော့။ ရေငတ်နေလျှင် သူ့အား သောက်ရေပေးလော့။- | |
Prov | BurCBCM | 25:22 | ထိုသို့ပြုလုပ်လျှင် သင်သည် သူ၏ခေါင်းပေါ်တွင် မီးခဲများကိုပုံထားသကဲ့သို့ဖြစ်ပြီး ထာ၀ရဘုရားသခင်သည် သင့်ကို ဆုချတော်မူလိမ့်မည်။- | |
Prov | BurCBCM | 25:23 | မြောက်အရပ်မှလေသည် မိုးရေကို သယ်ဆောင်လာ၏။ ကုန်းချောတတ် သောလျှာသည် ဒေါသထွက်သောအကြည့် များကို ဖြစ်ပေါ်စေ၏။- | |
Prov | BurCBCM | 25:24 | ရန်လိုသောမိန်းမနှင့် အိမ်တွင်အတူနေရသည်ထက် အိမ်ခေါင်မိုးအထပ်ရှိ ထောင့်တစ်နေရာတွင် နေရခြင်းက ပို၍ကောင်း ၏။- | |
Prov | BurCBCM | 25:25 | ဝေးလံသောတိုင်းပြည်မှ သတင်းကောင်းကို ကြားရခြင်းသည် ရေငတ်နေသော အချိန်တွင် အေးမြသောရေကို သောက်ရ သကဲ့သို့ဖြစ်၏။- | |
Prov | BurCBCM | 25:26 | သူယုတ်မာကို အလျှော့ပေးလိုက်သောဖြောင့်မတ်သူသည် ရေနောက်သောစမ်းအိုင်၊ သို့မဟုတ် ညစ်ညူးသောစမ်းချောင်း နှင့်တူ၏။- | |
Prov | BurCBCM | 25:27 | ပျားရည်ကို လွန်ကြူးစွာ စားသုံးလျှင် မကောင်းသကဲ့သို့ မိမိကိုယ်ကို ထပ်တလဲလဲ ကိုယ်ရည်သွေးခြင်းမှာလည်း မကောင်း ပေ။- | |
Chapter 26
Prov | BurCBCM | 26:1 | ဆီးနှင်းသည် နွေရာသီနှင့်လည်းကောင်း၊ မိုးရေသည် စပါးရိတ်သိမ်းချိန်နှင့်လည်းကောင်း မဆီလျော်သကဲ့သို့ ချီးမွမ်း ဂုဏ်ပြုခံရခြင်းသည်လည်း မိုက်မဲသောသူနှင့်မသက်ဆိုင်ချေ။- | |
Prov | BurCBCM | 26:2 | စာငှက်သည် နေရာပြောင်း၍ နားသကဲ့သို့လည်းကောင်း၊ ပျံလွှားငှက်သည် လူးလားပျံသန်းသကဲ့သို့လည်းကောင်း အကြောင်း မဲ့ကျိန်ဆဲခြင်းတို့သည် မည်သို့မျှဖြစ်လာမည်မဟုတ်ချေ။- | |
Prov | BurCBCM | 26:3 | မြင်းအတွက် နှင်တံ၊ မြည်းအတွက် ဇက်ကြိုးနှင့် လူမိုက်၏ ကျောပြင်အတွက် ကြိမ်လုံးလိုအပ်ပေ၏။- | |
Prov | BurCBCM | 26:4 | လူမိုက်၏ မိုက်မဲမှုကိုလိုက်၍ သူ၏အမေးကို မဖြေကြားနှင့်။ ထိုသို့ ပြုပါလျှင် သင်ကိုယ်တိုင်သည်လည်း လူမိုက်ဖြစ်သွား လိမ့်မည်။- | |
Prov | BurCBCM | 26:5 | လူမိုက်၏မိုက်မဲမှုနှင့် ထိုက်တန်သည့်အဖြေ ကိုသာပေးလော့။ သို့မဟုတ်ပါက သူသည် မိမိကိုယ်ကို ပညာရှိသူဟု ထင်မြင် လိမ့်မည်။- | |
Prov | BurCBCM | 26:6 | မိုက်မဲသောသူမှ တစ်ဆင့် သတင်းစကားပါးလိုက်ခြင်းသည် မိမိ၏ခြေကို ဖြတ်၍ ရက်စက်ကြမ်းကြုတ်ခြင်းကို သောက်သုံး ခြင်းဖြစ်၏။- | |
Prov | BurCBCM | 26:7 | ခြေမသန်သောသူသည် မိမိ၏ခြေထောက်တို့ကို အသုံးမပြုနိုင်သကဲ့သို့ မိုက်မဲသောသူသည်လည်း စကားပုံကို အသုံးမပြု နိုင်ပေ။- | |
Prov | BurCBCM | 26:8 | မိုက်မဲသောသူကို ချီးမွမ်းစကားပြောကြားခြင်းသည် လောက်လွှဲတွင် ကျောက်ခဲကိုချည်နှောင်ထားခြင်းနှင့်တူ၏။- | |
Prov | BurCBCM | 26:9 | မိုက်မဲသောသူ၏နှုတ်မှထွက် သောစကားပုံများသည် သေရည်မူးသောသူ၏လက်ထဲ၌ရှိသောဆူးခက်နှင့်တူ၏။- | |
Prov | BurCBCM | 26:10 | လမ်းတွင်ကြုံရသည့်မိုက်မဲ သောသူ၊ သို့မဟုတ် သောက်စားမူးယစ်သူကို ငှားရမ်းစေခိုင်းသောသူသည် ကြုံရာလူကို မြား ဖြင့် ပစ်နေသောလေးသည်တော်နှင့်တူ၏။- | |
Prov | BurCBCM | 26:11 | မိုက်မဲမှုကို ထပ်မံပြုလုပ်သောလူမိုက်သည် မိမိ၏အန်ဖတ်ကိုပြန်၍ စားတတ်သောခွေးနှင့်တူ၏။- | |
Prov | BurCBCM | 26:12 | မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်သောသူကို သင်မြင်ရသလော။ မိုက်မဲသောသူသည် ထိုသူထက်ပို၍ မျှော်လင့်ချက်ရှိ၏။- | |
Prov | BurCBCM | 26:13 | ပျင်းရိသောသူက လမ်းပေါ်တွင် ခြင်္သေ့ရှိ၏။ လမ်းများပေါ်တွင် ခြင်္သေ့တစ်ကောင်ရှိ၏ဟုဆို၏။- | |
Prov | BurCBCM | 26:14 | တံခါးသည် ပတ္တာအားဖြင့် လှည်ပတ်သကဲ့သို့ ပျင်းရိသောသူသည် မိမိ၏အိပ်ရာပေါ်တွင် လူးလိမ့်နေတတ်၏။- | |
Prov | BurCBCM | 26:15 | ပျင်းရိသူသည် မိမိ၏လက်ကို အစားအစာထည့်သည့်ပန်းကန်တွင် ထည့်ထားပြီးမှ မိမိ၏ပါးစပ်ထဲ သို့သွင်းရန်ကိုပင် အလွန်ဝန်လေးနေ၏။- | |
Prov | BurCBCM | 26:16 | ပျင်းရိသူက မိမိသည် အကျိုးအကြောင်းသင့်လျော်စွာ ပြောဆိုတတ် သူခုနစ်ဦးထက်ပို၍ပညာရှိသည်ဟု ထင်မှတ်နေတတ် ၏။ | |
Prov | BurCBCM | 26:17 | မိမိနှင့်မသက်ဆိုင်သောအငြင်းပွားမှုတွင် ပါဝင်ပတ်သက်သောသူသည် လမ်းပေါ်တွင်ဖြတ်သွားသည့် ခွေး ၏နားရွက်များ ကိုကိုင်ဆွဲထားသောသူနှင့်တူ၏။- | |
Prov | BurCBCM | 26:18 | မိမိ၏ အိမ်နီးချင်းများကို လှည့်ဖြားပြီးမှ ငါသည် ကျီစားရုံမျှ သာပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသောသူသည် မီး တုတ်၊ မြားနှင့် သေခြင်းတို့ကို ပစ်ခတ်ကစားသည့်အရူး နှင့်တူ၏။- | |
Prov | BurCBCM | 26:19 | မိမိ၏ အိမ်နီးချင်းများကို လှည့်ဖြားပြီးမှ ငါသည် ကျီစားရုံမျှ သာပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသောသူသည် မီး တုတ်၊ မြားနှင့် သေခြင်းတို့ကို ပစ်ခတ်ကစားသည့်အရူး နှင့်တူ၏။- | |
Prov | BurCBCM | 26:20 | ထင်းမရှိလျှင် မီးသည် ငြိမ်းသွားသကဲ့သို့ ရန်တိုက်ပေးသော သူမရှိလျှင် ရန်ငြိမ်းသွားတတ်၏။- | |
Prov | BurCBCM | 26:21 | မီးကျီးခဲအတွက် မီးသွေး၊ မီးတောက်ရန်အတွက် ထင်းလိုအပ် သကဲ့သို့ ခိုက်ရန်ဖြစ်ပွားရန်အတွက် ရန်လိုသူရှိရန် လို အပ်၏။- | |
Prov | BurCBCM | 26:22 | ရန်တိုက်ပေးသောသူတို့၏စကားများသည် ချိုမြိန်သောစားသောက်ဖွယ်ရာများနှင့်တူ၍ ယင်းတို့သည် ခန္ဓာကိုယ် အတွင်း ပိုင်းအထိဝင်ရောက်တတ်၏။- | |
Prov | BurCBCM | 26:23 | စိတ်ကောင်းမရှိသူ၏နှုတ်ဖျားမှလာသည့် ချိုသာသော စကားလုံးများသည် မြေအိုးကို ကြွေရည်သုတ်ထားသည်နှင့်တူ၏။- | |
Prov | BurCBCM | 26:24 | ရန်လိုမုန်းထားသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်စကားဆိုလျက် စိတ်နှလုံးထဲ၌ လှည့်ဖြားခြင်းကို သိမ်းဆည်းထား၏။- | |
Prov | BurCBCM | 26:25 | သူသည် စကားကို ချိုသာစွာ ပြောဆိုသောအခါ သူ့ကို မယုံကြည်လေနှင့်။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာခုနစ်ခုရှိ၏။- | |
Prov | BurCBCM | 26:26 | သူ၏မုန်းတီးရန် လိုခြင်းမှာ ကောက်ကျစ်စွာဖုံးကွယ်ထားခြင်းခံရသော် လည်း သူ၏ယုတ်မာမှုသည် လူပရိသတ်တို့၏ ရှေ့တွင် ထင်ရှားလိမ့်မည်။- | |
Prov | BurCBCM | 26:27 | တွင်းကိုတူးသောသူသည် ထိုတွင်း ထဲသို့ကျလိမ့်မည်။ ကျောက်တုံးကို လှိမ့်သောသူအပေါ် သို့လည်း ကျောက်တုံးသည် ပြန်ကျလိမ့်မည်။- | |
Chapter 27
Prov | BurCBCM | 27:1 | မနက်ဖြန်အတွက် ကြွားဝါခြင်းမပြုလေနှင့်။ အ ကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ် လာမည်ကို သင်မသိနိုင်သော ကြောင့်ဖြစ်၏။- | |
Prov | BurCBCM | 27:2 | အခြားသူ တစ်ဦးက သင့်ကိုချီးမွမ်းပါစေ။ သင်၏နှုတ်မှ သင့်ကိုယ် သင်မချီးမွမ်းလေနှင့်။ သူစိမ်းတစ်ဦးက သင့်ကိုချီးမွမ်းပါ စေ။ မိမိကိုယ်ကိုမချီးမွမ်းလေနှင့်။- | |
Prov | BurCBCM | 27:3 | ကျောက်တုံးနှင့်သဲတို့သည် လေးလံကြ၏။ သို့သော် မိုက်မဲသောသူ၏ဒေါသသည် ထိုအရာနှစ်ခုလုံးထက် ပို၍လေးလံ၏။- | |
Prov | BurCBCM | 27:4 | အမျက်ဒေါသသည် ရက်စက်ကြမ်းကြုတ်၍ မခံမရပ်နိုင်လောက်အောင် ဖိစီးတတ်၏။ သို့သော် မနာလိုစိတ်ကို မည်သူခံ နိုင်ပါမည်နည်း။- | |
Prov | BurCBCM | 27:6 | မိတ်ဆွေဖြစ်သူက မိမိကိုထိခိုက်နာကျင်သွားသည်အထိ ပြစ်တင်ဆုံးမခြင်းသည် မိမိအပေါ် သစ္စာရှိသောစေတနာဖြင့် ပြုပြင် ပေးခြင်းဖြစ်၏။ ရန်သူက မိမိကိုနမ်းခြင်းသည်ကား လှည့်စားခြင်းဖြစ်၏။- | |
Prov | BurCBCM | 27:7 | အစာစားပြီး၍ အားရကျေနပ်နေသူသည် ပျားရည်ကို လှည့်မကြည့်လိုတော့ချေ။ ဆာလောင် မွတ်သိပ်နေသူအတွက်မူကား ခါးသီးသောအစားအစာသည်လည်း ချိုမြိန်သည်ဟု ခံစားရ၏။- | |
Prov | BurCBCM | 27:8 | မိမိ၏အိုးအိမ်နှင့် ဝေးကွာနေသောသူသည် မိမိ၏အသိုက်နှင့်ဝေးရာတွင် လမ်းမှားနေသောငှက်နှင့်တူ၏။- | |
Prov | BurCBCM | 27:9 | နံ့သာဆီနှင့် လော်ဗန်မွှေးသည် စိတ်နှလုံးကို ရွှင်လန်းစေ၏။ သို့သော် မိတ်ဆွေကောင်းတစ်ဦး၏အကြံဉာဏ်သည် မိမိ၏ကိုယ်ပိုင်စိတ်ကူးထက် ပို၍ချိုမြ၏။- | |
Prov | BurCBCM | 27:10 | သင့်မိတ်ဆွေနှင့် သင့်ဖခင်၏မိတ် ဆွေကို မစွန့်ခွာလေနှင့်။ ဆင်းရဲဒုက္ခရောက်သောနေ့၌ သင့်ညီအစ်ကို၏အိမ်သို့ မသွား လေနှင့်။ သင့်အနားရှိ အိမ်နီးချင်းသည် ရပ်ဝေး၌ရှိသောညီအစ်ကိုထက် ပို၍အားကိုးထိုက်၏။- | |
Prov | BurCBCM | 27:11 | ငါ့သား၊ ပညာသတိရှိလော့။ ငါ၏စိတ် နှလုံးကို ဝမ်းမြောက်ရွှင်လန်းစေလော့။ သို့မှသာလျှင် ငါ့ကိုဝေဖန်ပြောဆိုသော သူအား ငါပြန်လည်ချေပနိုင်လိမ့်မည်။- | |
Prov | BurCBCM | 27:12 | သမ္မာသတိရှိသောသူသည် ဘေးအန္တရာယ်ကို မြင်၍ တိမ်းရှောင်တတ်၏။ ရိုးအသောသူမူကား မတိမ်း ရှောင်တတ်သော ကြောင့် ဘေးဒုက္ခရောက်ရ၏။- | |
Prov | BurCBCM | 27:13 | ဧည့်သည်သူစိမ်းအတွက် တာဝန်ယူထားသောသူ၏အဝတ် အစားကို အာမခံပစ္စည်းအဖြစ်ယူလော့။ လူမျိုးခြားတို့ အတွက် အာမခံလျှင် ထိုသူ့ကို အာမခံပစ္စည်းအဖြစ် ထိန်းသိမ်းထားလေလော့။- | |
Prov | BurCBCM | 27:14 | နံနက်စောစောထ၍ မိမိ၏အိမ်နီးချင်းကို ကျယ်လောင်စွာ ကောင်းချီးပေးပါက ကျိန်ဆဲသည်ဟု သတ်မှတ်လိမ့်မည်။- | |
Prov | BurCBCM | 27:16 | သူမကိုထိန်းချုပ်ရခြင်းသည် လေကို ဖမ်းရသည်နှင့်တူ၏။ သို့မဟုတ် ဆီကို မိမိ၏လက်ယာ လက်ဖြင့်ဆုပ်ထားရသည် နှင့်တူ၏။- | |
Prov | BurCBCM | 27:17 | သံကို သံဖြင့် သွေးရင်း ချွန်ထက်လာစေသကဲ့သို့ လူတစ်ဦးသည်လည်း အခြားသူတစ်ဦး၏အားပေးကူညီမှုဖြင့် ထက်မြက် လာရ၏။- | |
Prov | BurCBCM | 27:18 | သဖန်းပင်ကို ပြုစုစောင့်ရှောက်သောသူသည် သဖန်းသီးကို စားရလိမ့်မည်။ မိမိ၏ဆရာသခင်ကို ပြုစု သောသူသည်လည်း ဂုဏ်ပြုချီးမြှင့်ခြင်းခံရလိမ့်မည်။- | |
Prov | BurCBCM | 27:19 | ရေပြင်ကိုကြည့်လျှင် မိမိ၏မျက်နှာကိုပြန်မြင်ရသကဲ့သို့ လူတစ်ဦး၏စိတ်ထားသည် အခြားလူတစ်ဦး၏စိတ်တွင် ထင်ဟပ် တတ်၏။- | |
Prov | BurCBCM | 27:20 | မရဏနိုင်ငံနှင့် အနိမ့်ဆုံးအရပ်တို့သည် မည်သည့်အခါ မျှအလိုဆန္ဒမပြည့်ကြသကဲ့သို့ လူ၏မျက်စိတို့သည်လည်း အလိုပြည့်လိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 27:21 | ငွေကို လုံတွင်လည်းကောင်း၊ ရွှေကို မီးဖိုတွင်လည်းကောင်း စမ်းသပ်စစ်ဆေးရသကဲ့သို့ လူကိုလည်း ချီး မွမ်းခြင်းဖြင့် စမ်းသပ်စစ်ဆေးနိုင်၏။- | |
Prov | BurCBCM | 27:22 | လူမိုက်ကို စပါးနှင့်အတူ ဆုံတွင်ထည့်၍ ကြိတ်ခွဲထုထောင်းပါသော်လည်း မိုက်မဲမှုကို သူ့ထံမှ ဖယ်ရှားနိုင်လိမ့်မည်မဟုတ်။ | |
Prov | BurCBCM | 27:23 | သင်၏သိုးအုပ်များအကြောင်းကို ကောင်းစွာသိနိုင်ရန် ကြိုးစားလော့။ ကျွဲ၊ နွားတို့ကိုလည်း ဂရုတစိုက်ကြည့်ရှုလော့။- | |
Prov | BurCBCM | 27:24 | အကြောင်းမူကား ဥစ္စာကြွယ်၀ချမ်းသာခြင်းသည် အစဉ်တည်မြဲတတ်သည်မဟုတ်။ သရဖူဆောင်း ရခြင်းသည်လည်း အမျိုးအနွယ်အဆက်ဆက်တည်တံ့သည်မဟုတ်။- | |
Prov | BurCBCM | 27:25 | မြက်ပင်များကုန်သွား၍ အပင်သစ် ပေါက်လာလျက် တောင်ကုန်းပေါ်မှမြက်ပင်များကိုရိတ် သိမ်းသောအခါ၊- | |
Prov | BurCBCM | 27:26 | သိုးတို့သည် သင့်အတွက် ဝတ်စရာ အဝတ်ကိုလည်းကောင်း၊ ဆိတ်တို့သည် လယ်မြေဝယ် ရန် အဖိုးအခကိုလည်းကောင်း သင့်အား ပေးလိမ့်မည်။- | |
Chapter 28
Prov | BurCBCM | 28:1 | ဆိုးယုတ်သောသူသည် နောက်မှလိုက်နေသူမရှိသော်လည်း ထွက်ပြေးတတ်၏။ ဖြောင့်မတ် သောသူမူကား ခြင်္သေ့ကဲ့ သို့ရဲရင့်၏။- | |
Prov | BurCBCM | 28:2 | တိုင်းနိုင်ငံတစ်ခု သည် ပုန်ကန်ထကြွသောအခါ အုပ်ချုပ်သူများပြားလာလိမ့်မည်။ သို့သော် အမြော်အမြင်ကြီးမားသည့် အုပ် ချုပ်သူတစ်ဦးရှိလျှင် ကြာရှည်စွာတည်ငြိမ်အေးချမ်းလိမ့်မည်။- | |
Prov | BurCBCM | 28:3 | ဆင်းရဲသားကို ဖိနှိပ်သောဆင်းရဲသားသည် ဝမ်းစာပင်မကျန်အောင် စိုက်ခင်းများကို ဖျက်ဆီးပစ်သော မိုးနှင့်တူ၏။- | |
Prov | BurCBCM | 28:4 | ပညတ်တရားကို ပစ်ပယ်သူတို့သည် ဆိုးယုတ်သောသူတို့ကို ချီးမွမ်း၏။ ပညတ်တရားကိုလိုက်နာစောင့်ထိန်းသူတို့မူကား ဆိုးယုတ်သောသူတို့ကို ဆန့်ကျင်ကြ၏။- | |
Prov | BurCBCM | 28:5 | မကောင်းမှုပြုသောသူတို့သည် တရားမျှတခြင်းကို နားမလည်ကြချေ။ ထာ၀ရဘုရားသခင်ကို ရှာဖွေကြသောသူတို့မူကား တရားမျှတခြင်းကို အပြည့်အဝနားလည်ကြ၏။- | |
Prov | BurCBCM | 28:6 | ရိုးသားဖြောင့်မှန်သောလမ်း၌ လျှောက်လှမ်းသောဆင်းရဲသားသည် ဖောက်ပြန်သောလမ်းကို လျှောက်သောသူဌေးထက် ပို၍မြတ်၏။- | |
Prov | BurCBCM | 28:7 | ပညတ်တရား ကိုစောင့်ထိန်းသောသားသည် ပညာသတိရှိ၍ အစား ကြူးသောသူတို့နှင့်ပေါင်းဖော်သောသူသည်ကား မိမိ၏ ဖခင်ကို အရှက်ရစေ၏။- | |
Prov | BurCBCM | 28:8 | ငွေတိုးပေးစား၍ ကြွယ်၀ချမ်းသာလာသူသည် ဆင်းရဲသားတို့အပေါ် သနားတတ်သူအတွက် စုဆောင်းရှာဖွေပေးခြင်း သာဖြစ်၏။- | |
Prov | BurCBCM | 28:9 | အကြင်သူသည် ပညတ်တရားကို နားမထောင်ဘဲနေပါလျှင် ထိုသူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။- | |
Prov | BurCBCM | 28:10 | ဖြောင့်မတ်သောသူကို လမ်းလွဲစေ၍ မကောင်းသောလမ်းသို့ သွေးဆောင်သောသူသည် မိမိတူးထားသောတွင်းထဲသို့ ကျလိမ့်မည်။ အပြစ်ကင်းသောသူမူကား ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။- | |
Prov | BurCBCM | 28:11 | ချမ်းသာကြွယ်၀သောသူသည် မိမိကိုယ်ကို ပညာရှိဖြစ်သည်၏ဟု ထင်တတ်၏။ ပညာရှိသောဆင်းရဲသားသည်ကား သူ၏ဇာတိအမှန်ကို ဖော်ထုတ်လိမ့်မည်။- | |
Prov | BurCBCM | 28:12 | ဖြောင့်မတ်သောသူတို့အောင်ပွဲခံသောအခါ လွန်စွာဝမ်းမြောက်ကြလိမ့်မည်။ မတရားသောသူတို့အုပ်စိုးသောအခါ လူတို့ သည် ပုန်းရှောင်ကြလိမ့်မည်။- | |
Prov | BurCBCM | 28:13 | မိမိ၏အပြစ်နှင့်မကောင်းမှုကို ဖုံးကွယ်ထားသောသူသည် ကြီးပွားချမ်းသာလိမ့်မည်မဟုတ်။ မိမိ၏အပြစ်ကိုဝန်ခံ၍ စွန့်လွှတ်သောသူသည် သနားကရုဏာကို ခံစားရလိမ့်မည်။- | |
Prov | BurCBCM | 28:14 | ထာ၀ရဘုရားသခင်ကို အစဉ်မပြတ်ကြောက်ရွံ့ရိုသေသောသူသည် မင်္ဂလာရှိ၏။ ညှာတာစိတ်ကင်းမဲ့သူမူကား ဘေးဒုက္ခသို့ ကျရောက်လိမ့်မည်။- | |
Prov | BurCBCM | 28:15 | ဆင်းရဲသားတို့ကို ဖိနှိပ်အုပ်ချုပ်သောမင်းဆိုးမင်းယုတ်သည် ဟိန်းဟောက်နေသောခြင်္သေ့၊ သို့မဟုတ် ရန်လိုနေသော ဝက်ဝံတစ်ကောင်နှင့်တူ၏။- | |
Prov | BurCBCM | 28:16 | အသိတရားမရှိသောမင်းသည် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သူဖြစ်၏။ မတရားသဖြင့်ရသောအကျိုးအမြတ်တို့ကို ရွံရှာမုန်းတီးသူမူကား အသက်ရှည်လိမ့်မည်။- | |
Prov | BurCBCM | 28:17 | သူတစ်ပါး၏သွေးဖြင့် စွန်းထင်းသောသူသည် သေသည့်တိုင်အောင် ထွက်ပြေးနေရပါစေ။ မည်သူမျှလည်း သူ့ကို မကူညီ စေနှင့်။ | |
Prov | BurCBCM | 28:18 | ဖြောင့်မှန်သောလမ်း၌ လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဖောက်ပြန်သောသူတို့၏လမ်းကို လိုက်သူသည် တွင်းထဲသို့ကျလိမ့်မည်။- | |
Prov | BurCBCM | 28:19 | မိမိ၏လယ်တွင် ထွန်ယက်စိုက်ပျိုးသောသူသည် စားစရာပေါများလိမ့်မည်။ အကျိုးမဲ့သောဥစ္စာစည်းစိမ်ကို မဆင်မခြင် လိုက်လံရှာဖွေသောသူသည်ကား ဆင်းရဲမွဲတေရလိမ့်မည်။- | |
Prov | BurCBCM | 28:20 | သစ္စာစောင့်သိသောသူသည် ကောင်း ချီးမင်္ဂလာများစွာခံစားရလိမ့်မည်။ ချမ်းသာကြွယ်၀ရန် ဖြတ်လမ်းမှ ကြိုးစားသူသည် အပြစ်ဒဏ်မှ ကင်းလွတ်လိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 28:21 | မျက်နှာလိုက်ခြင်းသည် ကောင်းသောအမှုမဟုတ်ပေ။ သို့သော် လူသည် မုန့်တစ်ဖဲ့အတွက်ပင် အမှားပြုမိတတ်၏။- | |
Prov | BurCBCM | 28:22 | နှမြောတွန့်တိုသောသူသည် အချိန်တိုတိုနှင့် ကြွယ်၀ချမ်းသာလာရန် ကြိုးစားတတ်ပြီး သူ့အပေါ်သို့ ဆင်းရဲမွဲတေခြင်း ကျရောက်မည် ကိုမသိချေ။- | |
Prov | BurCBCM | 28:23 | လူတစ်ယောက်ကို ပြစ်တင်ဆုံးမသောသူ သည် ထိုသူကိုပင် နှုတ်ဖြင့် မြှောက်ပင့်ပြောဆိုသော သူထက် နောင်တစ်ချိန်တွင် ပိုမိုအရေးပေးခံရမည်။- | |
Prov | BurCBCM | 28:24 | မိဘ၏ပစ္စည်းကိုခိုးယူပြီးနောက် ဤအမှုသည် ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဟု ပြောဆိုသောသူသည် ခိုးဆိုးလု ယက်တတ် သော သူ၏အပေါင်းအဖော်ဖြစ်၏။- | |
Prov | BurCBCM | 28:25 | လောဘ ကြီးသောသူသည် ခိုက်ရန်ဖြစ်ပွားစေရန် လှုံ့ဆော်တတ်၏။ ထာ၀ရဘုရားသခင်၌ ယုံကြည်အားကိုးသောသူမူ ကား ချမ်းသာကြွယ်၀လိမ့်မည်။- | |
Prov | BurCBCM | 28:26 | မိမိ၏စိတ်နှလုံးကိုသာ ယုံကြည်အားကိုးသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ် ပညာကို အားကိုးလျှောက်လှမ်းသော သူမူကား ဘေးအန္တရာယ်ကင်းလိမ့်မည်။- | |
Prov | BurCBCM | 28:27 | ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲသောသူသည် နွမ်းပါးချို့တဲ့လိမ့်မည်မဟုတ်။ ဆင်းရဲသားတို့ကို မျက်နှာလွှဲသော သူမူကား လူအများ၏ကျိန် ဆဲခြင်းကို ခံရလိမ့်မည်။- | |
Chapter 29
Prov | BurCBCM | 29:1 | ဆုံးမသွန်သင်ခြင်းကို အကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာစွာဖြင့်မပြုပြင်ဘဲနေသူသည် ကုရန်ဆေးမရှိသဖြင့် ရုတ်တရက် ပင်ပြိုလဲပျက်စီးရလိမ့်မည်။- | |
Prov | BurCBCM | 29:2 | ဖြောင့်မတ်သောသူတို့အုပ်ချုပ်သောအခါ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သူယုတ်မာတို့အုပ်ချုပ် သောအခါတွင်မူကား ပြည်သူပြည်သား တို့သည် ညည်းတွားကြရလိမ့်မည်။- | |
Prov | BurCBCM | 29:3 | ဉာဏ်ပညာကို နှစ်သက်မြတ်နိုးသောသားကြောင့် ဖခင်သည် ဝမ်းမြောက်ရ၏။ ပြည့်တန်ဆာမများနှင့် ပေါင်းဖော်သော သူသည်ကား မိမိ၏စည်းစိမ်ဥစ္စာကိုဖြုန်းတီးခြင်းဖြစ်၏။- | |
Prov | BurCBCM | 29:4 | တရားမျှတစွာစီရင်အုပ်ချုပ်သောဘုရင်သည် တိုင်းပြည်ကိုတည်ငြိမ်အေးချမ်းစေ၏။ တံစိုးလက်ဆောင်များတောင်း ခံသော ဘုရင်သည်ကား တိုင်းပြည်ကို ပျက်စီးစေ၏။- | |
Prov | BurCBCM | 29:5 | မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသူသည် အိမ်နီးချင်း၏ခြေများကို ကျော့ကွင်းထောင်ခြင်းပင်ဖြစ်၏။- | |
Prov | BurCBCM | 29:6 | ဆိုးမိုက်သောသူသည် မကောင်းမှုကိုကျူးလွန်ခြင်းဖြင့် ထောင်ချောက်တစ်ခုထောင်ထား၏။ ဖြောင့်မတ်သော သူသည်ကား ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုနိုင်၏။- | |
Prov | BurCBCM | 29:7 | ဖြောင့်မတ်သောသူသည် ဆင်းရဲသားတို့၏ရပိုင်ခွင့်များကိုနားလည်၏။ ဆိုးယုတ်သောသူသည်ကား ဤသို့နား လည်မှုမရှိ၀ ချေ။- | |
Prov | BurCBCM | 29:8 | မောက်မာစော်ကားသောသူတို့သည် မြို့ကိုမီးတောက်လောင်စေ၏။ ဉာဏ်ပညာရှိသူတို့မူကား လူတို့အား အမျက်ဒေါသမှ ငြိမ်းအေးစေ၏။- | |
Prov | BurCBCM | 29:9 | ပညာရှိ သောသူသည် မိုက်မဲသောသူနှင့် အမှုအခင်းဖြစ်လျှင် မိုက်မဲသောသူသည် ဒေါသအမျက်ထွက်၍ ရယ်မော လှောင်ပြောင်သဖြင့် အေးချမ်းစွာ ဖြေရှင်းနိုင်မည်မဟုတ်ချေ။- | |
Prov | BurCBCM | 29:11 | မိုက်မဲသောသူသည် မိမိ၏အမျက်ဒေါသကို အစွမ်း ကုန်တောက်လောင်စေ၏။ ပညာရှိသူမူကား မိမိ၏ဒေါသ ကို မျိုသိပ်ထားတတ်၏။- | |
Prov | BurCBCM | 29:12 | အုပ်ချုပ်သောဘုရင်သည် မုသားစကားကိုနှစ်သက်ပါလျှင် သူ၏မှူးမတ်တို့သည် လူယုတ်မာများဖြစ်ကြလိမ့်မည်။- | |
Prov | BurCBCM | 29:13 | ဆင်းရဲသားနှင့် ဖိနှိပ်အုပ်ချုပ်သူတို့ အတူတွေ့ဆုံကြ၏။ ထာ၀ရဘုရားသခင် သည် သူတို့နှစ်ဦးစလုံး၏မျက်စိများကို အလင်းပေးတော်မူ၏။- | |
Prov | BurCBCM | 29:14 | ဘုရင်သည် ဆင်းရဲသားတို့အပေါ် တရားမျှတစွာ စီရင်ပါလျှင် သူ၏ထီးနန်းသည် အစဉ်တည်မြဲလိမ့်မည်။ | |
Prov | BurCBCM | 29:15 | ကြိမ်နှင့်လည်းကောင်း၊ ဆုံးမသွန်သင်ခြင်းဖြင့်လည်းကောင်း ဉာဏ်ပညာကိုပေးနိုင်၏။ သို့သော် မိမိ၏ ကလေးငယ်ကို ဆုံးမသွန်သင်ခြင်းမရှိသောမိခင်သည် အရှက်ရတတ်၏။- | |
Prov | BurCBCM | 29:16 | သူယုတ်မာတို့အုပ်ချုပ်သောအခါ မကောင်းမှုဒုစရိုက်တို့များပြားလာ၏။ ဖြောင့်မတ်သော သူတို့သည်ကား သူယုတ်မာတို့၏ ကျဆုံးခန်းကို မြင်တွေ့ ကြရလိမ့်မည်။- | |
Prov | BurCBCM | 29:17 | သင်၏သားကို ဆုံးမသွန်သင်လော့။ သူသည် သင့်ကို စိတ်အေးစေလိမ့်မည်။ သူသည် သင်၏စိတ်နှလုံးကို ရွှင်လန်းဝမ်း မြောက်စေလိမ့်မည်။- | |
Prov | BurCBCM | 29:18 | ဗျာဒိတ် တော်မရှိလျှင် လူတို့သည် အထိန်းအကွပ်မရှိကြတော့ ချေ။ သို့သော် ပညတ်တရားတော်ကို စောင့်ထိန်းသော သူတို့သည် မင်္ဂလာရှိကြ၏။- | |
Prov | BurCBCM | 29:19 | အစေခံကို နှုတ်အားဖြင့်သာ ဆုံးမသွန်သင်၍ မရနိုင်ချေ။ အကြောင်းမူကား သူသည် နားလည်သော်လည်း ဂရုမစိုက်တတ် ချေ။- | |
Prov | BurCBCM | 29:20 | စကားပြောရာတွင် မစဉ်းစားမဆင်ခြင်ဘဲ အလျင်စလိုပြော တတ်သူကို သင်မြင်ဖူးပါသလော။ မိုက်မဲသောသူသည် ထိုသူထက် ပို၍မျှော်လင့်ချက်ရှိ၏။- | |
Prov | BurCBCM | 29:21 | မိမိ၏အစေခံကို ငယ်ရွယ်စဉ်ကတည်းက အလိုလိုက်မိသောသူသည် နောက်ဆုံး၌ အမွေခံသားအရာကို သူ့အား ပေးရလိမ့် မည်။- | |
Prov | BurCBCM | 29:22 | အမျက်ဒေါသကြီးသောသူသည် ခိုက်ရန်ဖြစ်ပွားခြင်းကို ဖြစ်ပေါ်စေတတ်၏။ အရာရာကို စိတ်လိုက်မာန် ပါလုပ်လေ့ရှိသူ သည် မကောင်းမှုဒုစရိုက်များစွာကို ကျူး လွန်မိလိမ့်မည်။- | |
Prov | BurCBCM | 29:23 | မာနကြီးသူသည် ဂုဏ်သိက္ခာကျဆင်းရလိမ့်မည်။ မိမိ၏စိတ်နှလုံးကို နှိမ့်ချသူသည်ကား ဂုဏ်သရေကိုရလိမ့်မည်။- | |
Prov | BurCBCM | 29:24 | သူခိုးသူဝှက်ကို အပေါင်းအဖော် လုပ်သူသည် မိမိ၏အသက်ကို မုန်းတီးသူဖြစ်၏။ သူသည် ဒုက္ခရောက်သူ၏ ကျိန်ဆိုသံ ကိုကြားသော်လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။- | |
Prov | BurCBCM | 29:25 | လူကိုကြောက်ရွံ့တတ်ခြင်းသည် မိမိအတွက် ကျော့ကွင်း ထောင်ထားခြင်းဖြစ်၏။ ထာ၀ရဘုရားသခင်ကို ယုံကြည် ကိုးစားသောသူမူကား ဘေးကင်းလုံခြုံ၏။- | |
Prov | BurCBCM | 29:26 | လူအများ အပြားသည် ရှင်ဘုရင်ထံမှ မျက်နှာသာပေးမှုကို ရလိုကြ ၏။ သို့သော် လူသည် တရားမျှတမှုကို ထာ၀ရဘုရား သခင်ထံတော်မှ ရရှိ၏။- | |
Chapter 30
Prov | BurCBCM | 30:1 | အောက်ပါတို့သည် မာဆာပြည်မှ ဂျာကဲ၏သားအာဂူး၏စကားပုံများဖြစ်ကြ၏။ ဤသူသည် အီသီအဲလ်အား ပြောဆိုခြင်းဖြစ် ၏။ သူသည် အီသီအဲလ်နှင့် အူကာလ်တို့အား ပြောဆိုခြင်းဖြစ်၏။- | |
Prov | BurCBCM | 30:4 | မည်သူသည် ကောင်းကင်သို့ တက်၍ ကောင်းကင်မှ ပြန်ဆင်းလာပါသနည်း။ မည်သူသည် လေကို မိမိ၏လက်ဖြင့် ဆုပ်ယူထားသနည်း။ မည်သူသည် ရေကို မိမိ၏အဝတ်ဖြင့်ထုပ်ထားသနည်း။ မည်သူသည် ကမ္ဘာမြေကြီး၏နယ်နိမိတ်ကို သတ်မှတ်ပေးထားပါသနည်း။ သူ၏အမည်ကား မည်သူနည်း။ သူ၏သားအမည်ကား မည်သူနည်း။ သင်သိလျှင် ပြောပါလော့။ | |
Prov | BurCBCM | 30:5 | ဘုရားသခင်၏နှုတ်တော်ထွက်စကားမှန်သမျှသည် မှန်ကန်တော်မူပါ၏။ ကိုယ်တော်သည် မိမိ၌ ခိုလှုံအားကိုးသော သူတို့ အတွက် အကာအကွယ်ဒိုင်းလွှား သဖွယ်ဖြစ်တော်မူ၏။- | |
Prov | BurCBCM | 30:6 | ကိုယ်တော်၏နှုတ်တော်ထွက် စကားကို ထပ်လောင်းဖြည့်စွက်ခြင်းမပြုလေနှင့်။ ဤသို့ ပြုလျှင် သင်သည် ပြစ်တင်ဆုံးမခံရ၍ လူလိမ်ဟု သတ် မှတ်ခြင်းခံရလိမ့်မည်။ | |
Prov | BurCBCM | 30:7 | အကျွန်ုပ်သည် ဤအရာနှစ်ခုကို တောင်းလျှောက်ပါ၏။ အကျွန်ုပ်မသေမီ ဤအရာများကို ငြင်းပယ်တော်မမူပါနှင့်။- | |
Prov | BurCBCM | 30:8 | မှားယွင်းခြင်းနှင့် မုသားပြောခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ အကျွန်ုပ်အား ဆင်းရဲနွမ်းပါးခြင်းကိုလည်းကောင်း၊ ချမ်းသာကြွယ်၀ခြင်းကိုလည်းကောင်း ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက် လိုအပ်သောအစားအစာကိုသာ ပေးသနားတော် မူပါ။- | |
Prov | BurCBCM | 30:9 | သို့မဟုတ် ပါလျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်၀လာ၍ ကိုယ်တော့်ကို ငြင်းပယ်ရုံသာမက ထာ၀ရဘုရားသခင်သည် အဘယ်သူနည်းဟု မေးလာပါလိမ့်မည်။ သို့မဟုတ်လျှင် လည်း အကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသောကြောင့် ခိုးဝှက် ခြင်းဖြင့် ဘုရားသခင်၏နာမတော်ကို ထိခိုက်စော်ကား မိပါလိမ့်မည်။ | |
Prov | BurCBCM | 30:10 | အစေခံ၏မကောင်းကြောင်းကို သူ၏သခင်ဖြစ်သူအား မပြောလေနှင့်။ ထိုသို့ပြုလျှင် အစေခံသည် သင့်ကို ကျိန်ဆဲ၍ သင်၏ အပြစ်ဖြစ်လိမ့်မည်။ | |
Prov | BurCBCM | 30:11 | မိမိတို့၏ဖခင်တို့ကို ကျိန်ဆဲ၍ မိမိတို့၏မိခင်တို့ကိုလည်းကောင်းချီးမပေးသောသူများရှိကြ၏။- | |
Prov | BurCBCM | 30:12 | မိမိတို့ကိုယ်ကို စင်ကြယ်သည်ဟုမြင်ကြသော်လည်း မကောင်းသော အညစ်အကြေးနှင့်မကင်းစင်သေးသောသူများလည်း ရှိကြ၏။- | |
Prov | BurCBCM | 30:13 | အလွန်မောက်မာသောမျက်လုံးများနှင့် အထင်အမြင်သေးသောအကြည့်များကိုပိုင်ဆိုင်သူများလည်းရှိကြ၏။- | |
Prov | BurCBCM | 30:14 | ဆင်းရဲသောသူတို့ကို ကမ္ဘာမြေကြီးမှလည်းကောင်း၊ ချို့တဲ့သောသူတို့ကို လူသားတို့အလယ်မှလည်းကောင်း ဝါးမျိုဖယ်ရှား ပစ်ရန်အတွက် ဓားပါသော ခံတွင်းနှင့် သန်လျက်နှင့်တူသောသွားများပါရှိသည့်သူ များလည်းရှိကြ၏။ | |
Prov | BurCBCM | 30:15 | မျှော့၌ သမီးနှစ်ယောက်ရှိ၏။ ပေးပါ၊ ပေးပါဟု သူတို့ ဟစ်အော်ကြ၏။ မည်သည့်အခါမျှ ဆန္ဒမပြည့်နိုင်သော အရာသုံးမျိုး ရှိ၍တော်ပြီဟု မည်သည့်အခါမျှမဆိုနိုင် သောအရာလေးမျိုးမူကား၊- | |
Prov | BurCBCM | 30:16 | သချုင်း၊ မြုံသောမိန်းမ၏ ဝမ်း၊ ရေငတ်သည့်မြေ၊ တော်ပြီဟု မဆိုတတ်သောမီးတို့ ပင်ဖြစ်သတည်း။ | |
Prov | BurCBCM | 30:17 | ဖခင်ကို ပြက်ရယ်ပြုသောမျက်စိ၊ မိခင်ကိုမနာခံဘဲ မထီမဲ့မြင်ပြုသောမျက်စိကို ချိုင့်ဝှမ်းအတွင်းရှိ ကျီးကန်း တို့ထိုးဆိတ်ကြ ၍ လင်းတတို့က စားကြလိမ့်မည်။ | |
Prov | BurCBCM | 30:19 | ကောင်းကင်ယံ တွင် သိန်းငှက်သွားရာလမ်း၊ ကျောက်ဆောင်ပေါ်တွင် မြွေသွားရာလမ်း၊ ပင်လယ်ရေနက်တွင် သင်္ဘောသွား ရာလမ်း၊ ယောက်ျားတစ်ဦးနှင့် မိန်းမပျိုတို့သွားရာလမ်းတို့ ပင်ဖြစ်သတည်း။ | |
Prov | BurCBCM | 30:20 | အိမ်ထောင်ရေးဖောက်ပြန်သောအမျိုးသမီး၏ လမ်းစဉ်သည်ဤသို့ဖြစ်၏။ သူမသည် အစာစားပြီးနောက် မိမိ၏ပါးစပ်ကို သုတ်လျက် ငါသည် မည်သည့် အမှားကိုမျှမပြုဟုဆို၏။ | |
Prov | BurCBCM | 30:21 | ကမ္ဘာမြေကြီးကို တုန်လှုပ်စေသောအကြောင်းသုံးမျိုးနှင့် ကမ္ဘာမြေကြီးကလက်မခံနိုင်သောအရာလေးမျိုးမူကား၊- | |
Prov | BurCBCM | 30:23 | လင်ယောက်ျား၏ချစ်ခင်ကြင်နာမှုကို မရရှိသောအမျိုးသမီး၊ မိမိသခင်မ၏အရိုက်အရာကို ဆက်ခံရသည့်အစေခံမတို့ပင် ဖြစ်သတည်း။ | |
Prov | BurCBCM | 30:25 | ခွန်အားနည်းသောသတ္တဝါများဖြစ်သော်လည်း နွေရာသီတွင် မိမိတို့၏အစာကို သိုလှောင်လေ့ရှိသောပုရွက်ဆိတ်များ၊- | |
Prov | BurCBCM | 30:26 | စွမ်းအားမကြီးသော်လည်း မိမိတို့နေထိုင်ရန်တွင်းများကို ကျောက်ဆောင်များတွင် တူးတတ်သောယုန်များ၊- | |
Prov | BurCBCM | 30:28 | လက်တစ်ဆုပ်စာမျှသာ ရှိသော်လည်း ဘုရင့်နန်းတော်များတွင် တွေ့ရှိရသည့် အိမ်မြှောင်တို့ပင်ဖြစ်သတည်း။ | |
Prov | BurCBCM | 30:29 | လမ်းလျှောက်ရာတွင် မဟာဆန်သည့်အရာသုံး မျိုးနှင့်ရွေ့လျားရာတွင် ကျက်သရေရှိသောအရာလေးမျိုးကား၊- | |
Prov | BurCBCM | 30:30 | တိရစ္ဆာန်တို့တွင် ခွန်အားအကြီးဆုံးဖြစ်၍ မည်သည့်အရာ၏ရှေ့တွင်မျှ မတွန့်ဆုတ်သည့်ခြင်္သေ့၊- | |
Prov | BurCBCM | 30:32 | သင်သည် သူရူးကဲ့သို့ပြုကျင့်၍ မိမိကိုယ်ကိုချီးမြှောက်ခဲ့လျှင်သော်လည်းကောင်း၊ မကောင်းကြံစည်ခဲ့လျှင်သော် လည်းကောင်း သင်၏နှုတ်ကိုလက်ဖြင့် ပိတ်ထားလော့။- | |
Chapter 31
Prov | BurCBCM | 31:1 | မိမိ၏မိခင်ဖြစ်သူက မိမိအား သွန်သင်ပေးခဲ့သော မာဆာပြည်၏ဘုရင် လေမူအဲလ်၏ဆိုရိုးစကားများသည်ကား ဤသို့ဖြစ် သတည်း။ | |
Prov | BurCBCM | 31:3 | သင်၏ ခွန်အားကို မိန်းမများအတွက် အသုံးမပြုနှင့်။ သင်၏အား မာန်ကို ဘုရင်များကိုဖျက်ဆီးသူတို့အတွက် မသုံးနှင့်။- | |
Prov | BurCBCM | 31:4 | အိုလေမူအဲလ်၊ စပျစ်ရည်ကိုသောက်ခြင်းသည် ဘုရင် တို့အတွက်မဟုတ်ပါ။ သေရည်သေရက်ကို တောင့်တ ခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက်မဟုတ်။- | |
Prov | BurCBCM | 31:5 | ထိုသို့ပြုလျှင် သူတို့သည် သောက်စားကြ၍ ဥပဒေထုတ်ပြန် ထားသည့်အရာတို့ကို မေ့လျော့တတ်ကြပြီး ဖိနှိပ်ခံရသူ အပေါင်း တို့၏အခွင့်အရေးများကိုလည်း မျက်ကွယ်ပြုလိမ့်မည်။- | |
Prov | BurCBCM | 31:6 | ပျက်စီးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသူအား စပျစ်ရည်ကိုလည်းကောင်း ပေးလော့။- | |
Prov | BurCBCM | 31:7 | ထိုသူတို့ကိုသောက်စေ၍ သူတို့၏ဆင်းရဲခြင်းကို မေ့လျော့သွားပါစေ။ သူတို့၏ ပူပင်သောကကို ထပ်မံသတိမရပါစေနှင့်။- | |
Prov | BurCBCM | 31:8 | ဆွံ့အသောသူများနှင့် ပစ်ပယ်ထားခြင်းခံရသူတို့၏အခွင့်အရေးအတွက် သင်၏နှုတ်ကိုဖွင့်၍ ပြောဆိုပါလော့။- | |
Prov | BurCBCM | 31:9 | ဆင်းရဲ သားများနှင့် ချို့တဲ့သူများ၏အခွင့်အရေးများကို ကာကွယ်ပြောဆို၍ ဖြောင့်မှန်စွာတရားစီရင်ပါလော့။ | |
Prov | BurCBCM | 31:10 | မြင့်မြတ်သောအကျင့်စာရိတ္တရှိသည့်ဇနီးမယား ကိုမည်သူရှာတွေ့နိုင်သနည်း။ သူမသည် ကျောက်သံ ပတ္တမြားထက် ပို၍တန်ဖိုးရှိ၏။- | |
Prov | BurCBCM | 31:11 | သူမ၏ခင်ပွန်းသည် သူမအပေါ်အပြည့်အဝယုံကြည်ထားသည်ဖြစ်၍ သူ့အတွက် အကျိုးအမြတ်မခံစားရသည်ဟူ၍ မရှိချေ။- | |
Prov | BurCBCM | 31:12 | သူမ၏ဘ၀ တစ်လျှောက်လုံးတွင် ခင်ပွန်းသည်အား ကောင်းကျိုးကို သာပြု၍ ဆိုးကျိုးမပြုတတ်ပေ။- | |
Prov | BurCBCM | 31:14 | သူမသည် ကုန်သည်တို့၏သင်္ဘောများနှင့်တူ၍ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင် လာ၏။- | |
Prov | BurCBCM | 31:15 | သူမသည် မိုးမလင်းမီ အိပ်ရာမှထ၍ မိမိ၏အိမ် သူအိမ်သားများအတွက် အစားအစာများကိုချက်ပြုတ်၍ အစေခံအမျိုးသမီး တို့အား အလုပ်များကို စီမံခန့်ခွဲပေးတတ်၏။- | |
Prov | BurCBCM | 31:16 | သူမသည် လယ်တစ်ကွက်ကို ရွေးချယ်၍ ဝယ်ယူ၏။ သူမသည် မိမိ၏ဝင်ငွေနှင့် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၏။- | |
Prov | BurCBCM | 31:18 | သူမ သည် မိမိ၏ကုန်စည်များမှ အမြတ်အစွန်းရမည်ဟုမြင်၍ ညအချိန်၌ သူမ၏မီးခွက်သည် မငြိမ်းဘဲရှိ၏။- | |
Prov | BurCBCM | 31:19 | သူမသည် မိမိ၏လက်ဖြင့် ဗိုင်းတောင့်ကိုကိုင်၍ မိမိ၏လက်ချောင်း များဖြင့် လွန်းဆံကိုကိုင်တွယ်၏။- | |
Prov | BurCBCM | 31:21 | ဆီးနှင်းကျသောအခါ သူမသည် မိမိ၏မိသားစုအတွက် စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမူကား အိမ်သူအိမ်သားအပေါင်းတို့ကို ကတ္တီပါအနီဖြင့် ဆင်မြန်းပေးထားပြီးဖြစ်သောကြောင့်ဖြစ်၏။- | |
Prov | BurCBCM | 31:22 | သူမသည် အိပ်ရာခင်းများကိုရက်လုပ်၍ မိမိကိုယ်ကို ခရမ်းရောင်ပိတ်ချောများဖြင့် ဆင်ယင်၏။ | |
Prov | BurCBCM | 31:23 | သူမ၏ခင်ပွန်းသည်သည် မြို့တံခါး၀၌ သက်ကြီးဝါကြီးများအလယ်တွင် ထိုင်သောအခါ ရိုသေလေးစားခြင်းခံရ၏။- | |
Prov | BurCBCM | 31:24 | သူမသည် ချည်ချောထည်များကိုရက်လုပ်၍ ရောင်းချ၏။ သူမသည် ကုန်သည်များအတွက်လည်း ခါးစည်းများ ထုတ်လုပ် ပေး၏။- | |
Prov | BurCBCM | 31:25 | သူမသည် ခွန်အားနှင့် ဂုဏ်ကျက်သရေတို့ဖြင့်လွှမ်းခြုံ၍ အနာဂတ်ကာလ၌ ရယ်မောနေနိုင်လေ၏။- | |
Prov | BurCBCM | 31:27 | သူမသည် အိမ်သူအိမ်သားတို့၏ကိစ္စအဝ၀ကိုကြည့်ရှုစောင့်ရှောက်၍ အလုပ်မလုပ်ဘဲရသည့်အစာ ကိုမစားတတ်။- | |
Prov | BurCBCM | 31:28 | သူမ၏သားသမီးတို့သည် ထကြ၍ သူမကို မင်္ဂလာရှိသူဟုခေါ်ဆိုကြ၏။ သူမ၏ခင်ပွန်းသည်လည်း ထိုနည်းတူပြုလျက် သူမကိုချီးမွမ်းသည်မှာ၊- | |
Prov | BurCBCM | 31:29 | အမျိုးသမီးများစွာတို့သည် မွန်မြတ်သောအရာတို့ကို ပြုကြပြီ။ သင်မူကား ထိုသူအားလုံးတို့ထက် သာလွန် ပေ၏ဟုဆို လေ၏။- | |
Prov | BurCBCM | 31:30 | ဆွဲဆောင်မှုရှိခြင်းသည် လှည့်စားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ သော အမျိုးသမီးမူကား ချီးမွမ်းခံထိုက်ပေ၏။- | |