Toggle notes
Chapter 1
Luke | BurCBCM | 1:1 | များစွာသောလူတို့သည် ငါတို့အကြားတွင် ပြီးမြောက်ခဲ့သောအကြောင်းအရာတို့ကို မှတ်တမ်းတင်ရန် အားထုတ်ခဲ့ကြ၏။- | |
Luke | BurCBCM | 1:2 | ထိုသို့အားထုတ်ရာ၌ အစဦးကပင် မျက်မြင်သက်သေများဖြစ်ကြပြီး နှုတ်တော်ထွက်စကားအတွက် အမှုတော်ဆောင် ဖြစ်ခဲ့သူများက ငါတို့အား လက်ဆင့်ကမ်းဟောပြောခဲ့သည့်အတိုင်း ရေး သားနိုင်ရန် ကြိုးပမ်းခဲ့ကြ၏။- | |
Luke | BurCBCM | 1:3 | ထို့ကြောင့် မွန်မြတ်သော သီအိုဖိလု၊ ငါသည်လည်း ထိုဖြစ်ရပ်အလုံးစုံတို့ကို အချိန်ယူ၍ သေချာစွာ လေ့လာခဲ့ပြီးနောက် သင့်အတွက် အစဉ်အတိုင်းရေးသားပေးလျှင် သင့်လျော်မည်ဟုငါယူဆ၏။- | |
Luke | BurCBCM | 1:4 | ဤသို့ဖြင့် သင်သည် သင်ကြားနာခဲ့ရသော အကြောင်းအရာများနှင့် သက်ဆိုင်သည့် အမှန်တရားကို သိရှိနားလည်နိုင်ပေ လိမ့်မည်။ | |
Luke | BurCBCM | 1:5 | ဂျုဒပြည်၏ဘုရင် ဟေရုဒ်မင်းလက်ထက်၌ အာဘီဂျရဟန်းအသင်းဝင်ဖြစ်သော ဇခါရိယအမည်ရှိသည့် ရဟန်း တစ်ပါးရှိ၏။ သူ၏ဇနီးသည်ကား အာရွန်အနွယ်ဝင်ဖြစ်ပြီး သူမ၏အမည်မှာ ဧလိဇဘက်ဖြစ်၏။- | |
Luke | BurCBCM | 1:6 | သူတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ဖြောင့်မတ်ကြပြီး ထာ၀ရဘုရားသခင်၏ပညတ်တော်များနှင့် ကျင့်ထုံးဥပဒေများကို အပြစ်တင်ခွင့်မရှိအောင် လိုက်နာခဲ့ကြ၏။- | |
Luke | BurCBCM | 1:7 | သို့ရာတွင် သူတို့၌ သားသမီးမထွန်းကားချေ။ အကြောင်းမူကား ဧလိဇဘက်သည် အမြုံဖြစ်ပြီး သူတို့နှစ်ဦးစလုံးမှာလည်း အသက်အရွယ် ကြီးရင့်လာကြသောကြောင့်ဖြစ်၏။ | |
Luke | BurCBCM | 1:8 | ထိုအချိန်၌ ဇခါရိယသည် မိမိ၏အဖွဲ့အလှည့်ကျသဖြင့် ဘုရားသခင်၏ရှေ့တော်တွင် ရဟန်းအမှုတော်ကို ဆောင်ရွက်နေစဉ်၊- | |
Luke | BurCBCM | 1:9 | ရဟန်းတို့၏ ဝိနည်းထုံးစံအရ ထာ၀ရဘုရားသခင်၏သန့်ရှင်းရာဌာနအတွင်းသို့ဝင်၍ လော်ဗန်နံ့သာကို မီးရှို့ပူဇော်ရန် သူ့အပေါ် မဲကျလေ၏။- | |
Luke | BurCBCM | 1:10 | ထိုသို့ လော်ဗန်နံ့သာပူဇော်နေချိန်တွင် များစွာသောလူအပေါင်းတို့သည် အပြင်၌ ဆုတောင်းနေကြ၏။- | |
Luke | BurCBCM | 1:11 | ထိုအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်သည် လော်ဗန်နံ့သာမီးရှို့ပူဇော်ရာယဇ်ပလ္လင်၏ လက်ယာဘက်၌ ရပ်လျက် သူ့အား ထင်ရှားပြလေ၏။- | |
Luke | BurCBCM | 1:12 | ဇခါရိယသည်လည်း ကောင်းကင်တမန်တော်ကိုမြင်သောအခါ စိတ်နှလုံးမငြိမ်မသက်ဖြစ်လျက် ကြောက်ရွံ့တုန်လှုပ် လေ၏။- | |
Luke | BurCBCM | 1:13 | သို့သော်ကောင်းကင်တမန်တော်က ဇခါရိယ၊ မကြောက်ရွံ့နှင့်။ အကြောင်းမူကား သင်၏ဆုတောင်းပတ္ထနာမှာ နား ညောင်းတော်မူခြင်းခံရလေပြီ။ သင်၏ဇနီး ဧလိဇဘက်သည် သင့်အတွက် သားယောက်ျားကို ဖွားမြင်ပေးလိမ့်မည်။ သူ၏ အမည်ကို ယောဟန်ဟု သင်မည့်ခေါ်ရလိမ့်မည်။- | |
Luke | BurCBCM | 1:14 | ထိုအခါ သင်သည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိလိမ့်မည်။ လူတို့သည်လည်း သူ၏ဖွားမြင်ခြင်း၌ ဝမ်းမြောက်ကြလိမ့်မည်။- | |
Luke | BurCBCM | 1:15 | အကြောင်းမူကား သူသည် ထာ၀ရဘုရားသခင်၏ရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ သူသည် စပျစ်ရည်နှင့် သေရည်သေရက်တို့ကိုမသောက်ရ။ သူသည် အမိဝမ်းထဲကပင် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လိမ့်မည်။- | |
Luke | BurCBCM | 1:16 | သူသည် များစွာသောအစ္စရာအဲလ်လူမျိုးတို့ကို ၎င်းတို့၏အရှင် ထာ၀ရဘုရားသခင်ထံတော်သို့ ပြန်လည်ခေါ်ဆောင် လိမ့်မည်။- | |
Luke | BurCBCM | 1:17 | သူသည် အဖတို့ကို သားသမီးတို့နှင့် ပြန်လည်သင့်မြတ်စေ၍ နာခံခြင်းမရှိသော သူတို့ကို ဖြောင့်မတ်သောသူတို့၏ ပညာတရားလမ်းသို့ ပြောင်းလဲစေရန်နှင့် အသင့်ပြင်ဆင်ထားသော လူမျိုးတော်ကို ထာ၀ရဘုရားသခင်အတွက် အဆင်သင့်ဖြစ် စေရန် ဧလိယ၏စိတ်သဘောနှင့် တန်ခိုးတို့ဖြင့် ကိုယ် တော်၏ရှေ့တော်မှ သွားလိမ့်မည်ဟု မိန့်ဆိုလေ၏။ | |
Luke | BurCBCM | 1:18 | ထိုအခါ ဇခါရိယက ဤအရာကို အကျွန်ုပ်မည်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သူ တစ်ယောက် ဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အရွယ်လွန်ပါပြီဟု ကောင်းကင်တမန်တော်အား ပြန်ပြော၏။- | |
Luke | BurCBCM | 1:19 | ကောင်းကင်တမန်တော်ကလည်း ငါသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ခစားသော ဂါဘရီအဲလ်ဖြစ်၏။ သင့်အား ဝမ်းမြောက်စရာသတင်းကို ကြားပြောရန် ငါသည် စေလွှတ်ခြင်းခံရ၏။- | |
Luke | BurCBCM | 1:20 | ကြည့်လော့၊ အချိန်တန်လျှင် ပြည့်စုံခြင်းသို့ရောက်မည့် ငါ၏စကားကို သင်မယုံကြည်သောကြောင့် ဤအကြောင်းအရာ များဖြစ်ပေါ်လာသည့်တိုင်အောင် သင်သည် စကားမပြောနိုင်ဘဲ ဆွံ့အနေလိမ့်မည်ဟုမိန့်ဆိုလေ၏။- | |
Luke | BurCBCM | 1:21 | လူတို့သည် ဇခါရိယကိုစောင့်မျှော်နေကြ၍ သူသည် ဗိမာန်တော်ထဲ၌ ကြန့်ကြာနေသည့်အတွက် အံ့ဩခြင်းရှိကြ၏။- | |
Luke | BurCBCM | 1:22 | ဇခါရိယသည် ဗိမာန်တော်ထဲမှ ထွက်လာသောအခါ သူတို့အား စကားမပြောနိုင်သဖြင့် သူသည် ဗိမာန်တော်ထဲတွင် နိမိတ်ရူပါရုံမြင်ခဲ့ရကြောင်းကို သူတို့သိရှိကြ၏။ ဇခါရိယသည်လည်း သူတို့အား ကိုယ်လက်အမူအရာဖြင့်သာပြောပြနိုင်ပြီး ဆွံ့အ လျက်နေ၏။- | |
Luke | BurCBCM | 1:23 | ထို့နောက် သူသည် မိမိအမှုတော်ထမ်းရသည့်ကာလပြီးဆုံးသောအခါ မိမိ၏အိမ်သို့ ပြန်သွားလေ၏။- | |
Luke | BurCBCM | 1:24 | ထိုနေ့ရက်များကုန်လွန်သောအခါ သူ၏ဇနီး ဧလိဇဘက်သည် ပဋိသန္ဓေစွဲ၍ ငါးလပတ်လုံး လူတို့၏မျက်ကွယ်တွင် နေလျက် ဆိုသည်ကား၊- | |
Luke | BurCBCM | 1:25 | ထာ၀ရဘုရားသခင်သည် လူတို့ရှေ့၌ ငါ၏ရှက်ဖွယ်သောအမှုကိုဖယ်ရှားရန် ငါ့ကိုကြည့်ရှုတော်မူ၍ ဤသို့ပြုတော်မူပြီ ဟူ၍ဖြစ်၏။ | |
Luke | BurCBCM | 1:26 | ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်တော် ဂါဘရီအဲလ်ကို ဂါလေလေးယပြည်၊ နာဇရက်မြို့ရှိ၊- | |
Luke | BurCBCM | 1:27 | ဒါဝိဒ်မျိုးနွယ်ဝင် ဂျိုးဇက်အမည်ရှိသောသူနှင့် စေ့စပ်ထားသည့်အပျိုကညာတစ်ဦးထံသို့ စေလွှတ်တော်မူ၏။ အပျိုကညာ၏အမည်ကား မာရိယာ ဖြစ်သတည်း။- | |
Luke | BurCBCM | 1:28 | ထိုအခါ ကောင်းကင်တမန်တော်သည် သူမထံသို့လာ၍ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံသော သခင်မ၊ သင်၌ မင်္ဂလာရှိ စေသတည်း။ ထာ၀ရဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏ဟု နှုတ်ခွန်းဆက်လေ၏။- | |
Luke | BurCBCM | 1:29 | သို့သော် သူမသည် အလွန်စိတ်ဇဝေဇဝါဖြစ်၍ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့ဖြစ်မည်နည်းဟု တွေးတောဆင်ခြင် လျက်နေ၏။- | |
Luke | BurCBCM | 1:30 | ကောင်းကင်တမန်တော်ကလည်း မာရိယာ၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ။- | |
Luke | BurCBCM | 1:31 | သင်၏ဝမ်း၌ ပဋိသန္ဓေစွဲ၍ သင်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေဇူးဟုမှည့်ခေါ်ရမည်။- | |
Luke | BurCBCM | 1:32 | သူသည် ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောအရှင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုလည်း ခံရလိမ့်မည်။ ထာ၀ရအရှင် ဘုရားသခင်သည် သူ့အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပေးအပ်တော်မူလိမ့်မည်။- | |
Luke | BurCBCM | 1:33 | ထိုအခါ သူသည် ယာကုပ်၏ အမျိုးအနွယ်ကို အစဉ်အမြဲအုပ်စိုးတော်မူလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ အစဉ်တည်နေလိမ့်မည်ဟု မိန့်ဆိုလေ၏။- | |
Luke | BurCBCM | 1:34 | မာရိယာကလည်း ဤအမှုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမူကား ကျွန်မ၌ ခင်ပွန်းမရှိပါဟု ကောင်းကင်တမန်တော်အား ဆိုလေ၏။- | |
Luke | BurCBCM | 1:35 | ထိုအခါ ကောင်းကင်တမန်တော်က ဝိညာဉ်တော်မြတ်သည် သင့်အပေါ်သို့ဆင်းသက်လိမ့်မည်။ အမြင့်ဆုံးသော အရှင်၏ တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။ ထို့ကြောင့် သင်မှဖွားမြင်လတ္တံ့သောသူငယ်သည် သန့်ရှင်းမွန်မြတ်ပြီး ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ် ခြင်းခံရလိမ့်မည်။ | |
Luke | BurCBCM | 1:36 | ထို့ပြင် ကြည့်လော့။ သင်၏ဆွေမျိုး ဧလိဇဘက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲ၍ အမြုံမဟု အခေါ်ခံရသော သူမသည် ယခု ဆဋ္ဌမလရှိလေပြီ။- | |
Luke | BurCBCM | 1:38 | မာရိယာကလည်း ကျွန်မသည် ထာ၀ရဘုရားသခင်၏ အစေခံဖြစ်ပါ၏။ သင်၏စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေဟုဆို၏။ ထို့နောက် ကောင်းကင်တမန်တော်သည် သူမထံမှ ထွက်ခွာသွားလေ၏။ | |
Luke | BurCBCM | 1:39 | ထိုနေ့ရက်တို့၌ မာရိယာသည် ထ၍ တောင်ကုန်းအရပ်ရှိ ဂျုဒမြို့တစ်မြို့သို့ အလျင်အမြန်သွားပြီးလျှင်၊- | |
Luke | BurCBCM | 1:41 | ဧလိဇဘက်သည်လည်း မာရိယာ၏နှုတ်ဆက်သံကို ကြားသောအခါ သူမ၏သားငယ်သည် ဝမ်းတွင်း၌ခုန်မြူးလေ၏။ ထိုအခါ ဧလိဇဘက်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက်၊- | |
Luke | BurCBCM | 1:42 | ကျယ်သောအသံဖြင့် ကြွေးကြော်သည်ကား သင်သည် မိန်းမတကာတို့တွင် မြတ်သောမင်္ဂလာရှိသူဖြစ်၏။ သင်၏ဝမ်းတွင်းမှ အသီးတော်သည်လည်း မင်္ဂလာရှိတော်မူ၏။- | |
Luke | BurCBCM | 1:43 | ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ကြွလာသောကျေးဇူးတော်ကို ကျွန်မသည် အဘယ်ကြောင့် ခံထိုက်ပါသနည်း။- | |
Luke | BurCBCM | 1:44 | အကြောင်းမူကား သင်၏နှုတ်ဆက်စကားသံသည် ကျွန်မ၏နားသို့ရောက် သည်နှင့် ကျွန်မ၏ဝမ်းတွင်းမှ သားငယ်သည် ဝမ်းမြောက်ခြင်းဖြင့် ခုန်မြူးလေပြီ။- | |
Luke | BurCBCM | 1:45 | မိမိအား ထာ၀ရဘုရားသခင် မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏ဟု ဆိုလေ၏။ | |
Luke | BurCBCM | 1:48 | အကြောင်းမူကား ကိုယ်တော်သည် မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူလေပြီ။ ယခုမှစ၍ ခပ်သိမ်းသော လူမျိုးအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလ ရှိသောသူဟု ခေါ်ဝေါ် ကြလိမ့်မည်။ | |
Luke | BurCBCM | 1:49 | အကြောင်းမူကား တန်ခိုးကြီးတော်မူသော သခင်သည် ငါ့အဖို့ ကြီးမြတ်သောအမှုအရာတို့ကို ပြုတော်မူပြီ။ ကိုယ်တော်၏ နာမတော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။ | |
Luke | BurCBCM | 1:50 | ကိုယ်တော်၏ကရုဏာတော်သည်လည်း မိမိကို ကြောက်ရွံ့ရိုသေသော သူတို့အပေါ်သို့ သားစဉ်မြေးဆက် သက်ရောက် လေ၏။ | |
Luke | BurCBCM | 1:51 | ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် ခွန်အားတန်ခိုးကိုပြတော်မူ၍ စိတ်၌ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေ တော်မူပြီ။ | |
Luke | BurCBCM | 1:52 | ကိုယ်တော်သည် အင်အားကြီးသောသူတို့ကို အရိုက်အရာမှချတော်မူ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။ | |
Luke | BurCBCM | 1:53 | ကိုယ်တော်သည် ငတ်မွတ်သောသူတို့ကို ကောင်းသောအရာတို့နှင့်ပြည့်၀စေ၍ ကြွယ်၀သောသူတို့ကို လက်ချည်း သက်သက် လွှတ်လိုက်တော်မူပြီ။ | |
Luke | BurCBCM | 1:54 | ကိုယ်တော်သည် မိမိ၏ကရုဏာတော်ကို အောက်မေ့တော်မူသဖြင့် မိမိ၏အစေခံ အစ္စရာအဲလ်ကို ကူညီစောင်မတော်မူပြီ။- | |
Luke | BurCBCM | 1:55 | ငါတို့၏ဘိုးဘေးများဖြစ်သော အာဘရာဟံမှစ၍ သူ၏မျိုးနွယ်အစဉ်အဆက်တို့၌ ထားခဲ့သော ကတိတော်အတိုင်း ကိုယ်တော်သည် အစဉ်ထာ၀ရ ကူညီစောင်မတော်မူလေပြီဟု မြွက်ဆိုလေ၏။ | |
Luke | BurCBCM | 1:58 | သခင်ဘုရားသည် ဧလိဇဘက်အား မိမိ၏မဟာကရုဏာတော်ကို ပြတော်မူကြောင်း အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ ကြားကြသောအခါ သူမနှင့်အတူဝမ်းမြောက်ကြ၏။- | |
Luke | BurCBCM | 1:59 | ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ သူငယ်ကို အရေဖျားလှီးခြင်း မင်္ဂလာပေးခြင်းငှာ သူတို့သည် လာကြ၍ သူငယ်၏ အမည်ကိုလည်း အဖ၏အမည်အတိုင်း ဇခါရိယဟု မှည့်ခေါ်မည်ပြုကြ၏။- | |
Luke | BurCBCM | 1:61 | သူတို့ကလည်း သင်၏ဆွေမျိုးတို့တွင် တစ်ယောက်မျှဤ အမည်ဖြင့်မှည့်ခေါ်ထားခြင်းမရှိပါဟု သူမအား ပြန်ပြောကြ၏။- | |
Luke | BurCBCM | 1:62 | ထို့နောက် သူငယ်ကို မည်ကဲ့သို့မှည့်ခေါ်စေလို ကြောင်း ဖခင်ဖြစ်သူအား ကိုယ်လက်အမူအရာဖြင့် မေးမြန်းကြ၏။- | |
Luke | BurCBCM | 1:63 | ထိုအခါ ဇခါရိယသည် သင်ပုန်းတစ်ချပ်ကို တောင်းပြီးလျှင် သူငယ်၏အမည်ကား ယောဟန်ဖြစ်သည်ဟု ရေးလေ၏။ ထိုသူတို့သည်လည်း အံ့ဩကြလေ၏။- | |
Luke | BurCBCM | 1:64 | ထိုခဏချင်းတွင်ပင် ဇခါရိယ၏နှုတ်သည် ပွင့်၍ သူ၏လျှာသည်လည်း အနှောင်အဖွဲ့မှ ကင်းလွတ်ကာ သူသည် ဘုရားသခင် ကိုချီးမွမ်းထောမနာပြုလေ၏။- | |
Luke | BurCBCM | 1:65 | သူတို့၏အိမ်နီးချင်းတို့သည်လည်း ကြောက်ရွံ့ထိတ်လန့်ကြကုန်၏။ ဤအကြောင်းအရာအလုံးစုံကို ဂျူဒေးယပြည် တောင်ကုန်းဒေသအနှံ့အပြားတွင် ပြောဆိုကြလေ၏။- | |
Luke | BurCBCM | 1:66 | ကြားသိကြသောသူအပေါင်းတို့သည်လည်း ထိုအဖြစ်အပျက်များကိုနှလုံးသွင်းကြ၍ သို့ဖြစ်လျှင် ဤသူငယ်သည်ကား မည်ကဲ့သို့သောသူ ဖြစ်လာလိမ့်မည်နည်းဟုဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်၏လက်တော်သည် သူနှင့်အတူရှိတော်မူ သောကြောင့်တည်း။ | |
Luke | BurCBCM | 1:68 | အစ္စရာအဲလ်လူမျိုး၏ ထာ၀ရအရှင် ဘုရားသခင်အား မင်္ဂလာရှိစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် မိမိ၏ လူမျိုးတော် ကို အကြည့်အရှုပြုရန် ကြွလာတော်မူ၍ သူတို့ကို ကယ်တင်တော်မူလေပြီ။ | |
Luke | BurCBCM | 1:69 | ကိုယ်တော်သည် မိမိ၏အစေခံ ဒါဝိဒ်အမျိုးအနွယ်တွင် ကယ်တင်ခြင်း၏ဦးချိုကို ပေါ်ထွန်းစေတော်မူပြီ။ | |
Luke | BurCBCM | 1:71 | ငါတို့သည်လည်း ငါတို့၏ရန်သူတို့ လက်မှလည်းကောင်း၊ ငါတို့ကို မုန်းတီးသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်ခြင်းခံရလိမ့်မည်။ | |
Luke | BurCBCM | 1:72 | ဤသို့ဖြင့် ကိုယ်တော်သည် ငါတို့၏ဘိုးဘေးတို့အား ကတိထားတော်မူခဲ့သည့် ကရုဏာတော်ကို ပြသ၍ မိမိ၏ပဋိညာဉ် တော်မြတ်ကို သတိရအောက်မေ့တော်မူလေပြီ။ | |
Luke | BurCBCM | 1:75 | ကိုယ်တော်၏မျက်မှောက်တော်တွင် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တစ်သက်ပတ်လုံး အစေခံကြရန် ဖြစ်သတည်း။ | |
Luke | BurCBCM | 1:76 | အချင်းသူငယ်၊ သင်သည် အမြင့်ဆုံးသောအရှင်၏ ပရောဖက်ဟု ခေါ်ဝေါ် ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် သခင်ဘုရား၏ လမ်းများကို ပြင်ဆင်ရန်နှင့်၊- | |
Luke | BurCBCM | 1:77 | ကိုယ်တော်၏လူမျိုးတော်အား သူတို့၏အပြစ်များမှ ခွင့်လွှတ်ခြင်းအားဖြင့် ကယ်တင်ခြင်း၏အသိတရားကို ပေးရန် ကိုယ်တော်၏ရှေ့တော်မှ သွားရလိမ့်မည်။ | |
Luke | BurCBCM | 1:78 | ငါတို့ဘုရားသခင်၏ ကြင်နာတတ်သောကရုဏာတော်အားဖြင့် ကောင်းကင်မှပေါ်ထွက်လာသော အရုဏ်ဦး၏ အလင်းရောင်သည် ငါတို့အပေါ်သို့ သက်ရောက်ပြီးလျှင်၊- | |
Luke | BurCBCM | 1:79 | မှောင်မိုက်နှင့် သေမင်း၏အရိပ်တွင် ထိုင်နေကြသောသူတို့ကို အလင်းပေး၍ ငါတို့အား ငြိမ်းချမ်းသာယာခြင်း လမ်းစဉ်ကို ပြတော်မူလိမ့်မည်ဟု ပရောဖက်ဉာဏ်ဖြင့်ဟောပြောလေ၏။ | |
Chapter 2
Luke | BurCBCM | 2:1 | ထိုကာလ၌ ဆီဇာဪဂုစ္စတုသည် နိုင်ငံတော် တစ်ဝန်းလုံး၌ သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။- | |
Luke | BurCBCM | 2:2 | ဤသန်းခေါင်စာရင်း ကောက်ယူခြင်းသည် ဆီးရိယဘုရင်ခံ ကွီရီနီဦးလက်ထက်၌ ပထမဆုံးအကြိမ်ဖြစ်၏။- | |
Luke | BurCBCM | 2:3 | ထိုအခါ လူအားလုံးတို့သည် စာရင်းဝင်ခြင်းငှာ မိမိတို့၏ဇာတိမြို့ ရွာများသို့ အသီးသီးသွားကြ၏။- ၄-၅။ ဂျိုးဇက်သည်လည်း မိမိနှင့်ထိမ်းမြားရန် ကတိပြုထားပြီး ပဋိသန္ဓေအရင့်အမာရှိသောမာရိယာနှင့်အတူ စာရင်းဝင်ခြင်းငှာ ဂါလေလေးယပြည်၊ နာဇရက်မြို့ မှထွက်ခွာ၍ ဂျုဒပြည်ရှိ ဘက်သလေဟင်မြို့ဟု အမည်တွင်သော ဒါဝိဒ် ၏မြို့သို့သွားလေ၏။ အကြောင်းမူကား သူသည် ဒါဝိဒ်၏ အမျိုးအနွယ်ဖြစ်သောကြောင့်တည်း။- | |
Luke | BurCBCM | 2:7 | ထိုအခါ သူမသည် မိမိ၏သားဦး ကိုဖွားမြင်၍ အနှီးနှင့်ရစ်ပတ်ပြီး နွားစားခွက်ထဲတွင် သိပ်ထားလေ၏။ အကြောင်းမူကား တည်းခိုခန်းတွင် သူတို့ အဖို့ နေရာမရှိသောကြောင့်ဖြစ်၏။ | |
Luke | BurCBCM | 2:8 | ထိုအရပ်ဒေသ၌ ညအခါတွင် မိမိတို့၏သိုးများကို စောင့်နေကြသောသိုးထိန်းတို့သည် ကွင်းပြင်ထဲ၌ရှိကြ၏။- | |
Luke | BurCBCM | 2:9 | ထိုအခါ ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်တစ်ပါးသည် သူတို့အား ထင်ရှားပြလေ၏။ ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်သည်လည်း သူတို့ပတ်လည်တွင် ထွန်းတောက်သဖြင့် သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြ၏။- | |
Luke | BurCBCM | 2:10 | ကောင်းကင်တမန်တော်ကလည်း မကြောက်ကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်ရာဖြစ်စေမည့် သတင်း ကောင်းကို ငါသည် သင်တို့ထံသို့ယူဆောင်လာ၏။- | |
Luke | BurCBCM | 2:11 | အကြောင်းမူကား ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင်သည် ဒါဝိဒ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင်ဖွားမြင် တော်မူပြီ။- | |
Luke | BurCBCM | 2:12 | သင်တို့သိရှိနိုင်မည့်အမှတ်အသားသည်ကား အနှီးနှင့်ပတ်လျက် နွားစားခွက်၌ သိပ်ထားသောသူငယ်ကို သင်တို့ တွေ့ရ လိမ့်မည်ဟု မိန့်ဆိုလေ၏။- | |
Luke | BurCBCM | 2:13 | ထို့နောက် ထိုကောင်းကင်တမန်တော်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ရုတ်တရက်ပေါ်လာ၍ ဘုရားသခင် အား ချီးမွမ်းသီဆိုလျက် ကြွေးကြော်ကြသည်မှာ၊- | |
Luke | BurCBCM | 2:14 | အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ မြေကြီးပေါ်၌လည်း ဘုရားသခင်နှစ်သက် မြတ်နိုးသောသူတို့အား ငြိမ်းချမ်းခြင်းရှိစေသတည်းဟူ၍ဖြစ်၏။ | |
Luke | BurCBCM | 2:15 | ကောင်းကင်တမန်တော်တို့သည် သူတို့ထံမှထွက်ခွာ၍ ကောင်းကင်သို့တက်သွားကြသောအခါ သိုးထိန်းတို့က ဘက်သလေဟင်မြို့သို့ သွားကြစို့၊ ငါတို့အား ထာ၀ရဘုရားသခင် ဗျာဒိတ်တော်ပေးသည့် ဤအဖြစ်အပျက်ကို သွား၍ ကြည့်ကြစို့ဟု အချင်းချင်းပြောဆိုကြလေ၏။- | |
Luke | BurCBCM | 2:16 | ထို့နောက် သူတို့သည် အလျင်အမြန်သွားကြလျှင် မာရိယာနှင့် ဂျိုးဇက်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသော သူငယ်တော်ကိုလည်းကောင်း တွေ့ ကြ၏။- | |
Luke | BurCBCM | 2:17 | သိုးထိန်းတို့သည် ဤဖြစ်ရပ်ကိုတွေ့မြင်ကြသောအခါ သူငယ်တော်နှင့်စပ်လျဉ်း၍ မိမိတို့အား ဗျာဒိတ်တော်ပေးသည့် မိန့်ကြားချက်ကို ပြန်ပြောကြ၏။- | |
Luke | BurCBCM | 2:18 | ကြားရသောသူ အပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြော သည့်အကြောင်းအရာများ၌ အံ့ဩကြ၏။- | |
Luke | BurCBCM | 2:19 | မာရိယာမူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိ၏စိတ်နှလုံး တွင် စဉ်းစားဆင်ခြင်လျက် သိမ်းထားလေ၏။- | |
Luke | BurCBCM | 2:20 | သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောပြထားသည့်အတိုင်း မြင်ရကြားရသောကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြလေ၏။ | |
Luke | BurCBCM | 2:21 | ထို့နောက် ရှစ်ရက်မြောက်သောနေ့တွင် သူငယ်တော်ကို အရေဖျားလှီးခြင်းမင်္ဂလာပေးသောအခါ အမိဝမ်း၌ ပဋိသန္ဓေ မစွဲမီကပင် ကောင်းကင်တမန်တော်က ပေးထားသည့် ယေဇူးအမည်ဖြင့် သူ့ကိုမှည့်ခေါ် ကြ၏။ | |
Luke | BurCBCM | 2:22 | ထို့နောက် မိုးဇက်၏ပညတ်ဥပဒေနှင့်အညီ သန့်ရှင်းစင်ကြယ်ခြင်း ဝိနည်းကို ပြုအပ်သောနေ့ရက် ရောက်လာသောအခါ သူတို့သည် သူငယ်တော်ကို ထာ၀ရဘုရားသခင်အား ဆက်ကပ်ပူဇော်ရန် ဂျေရုဆလင်မြို့သို့ခေါ် ဆောင်ခဲ့ကြ၏။- | |
Luke | BurCBCM | 2:23 | ထာ၀ရဘုရားသခင်၏ ပညတ်တရားကျမ်းတွင် သားဦးဟူသမျှကို ထာ၀ရဘုရားသခင်အား ဆက်ကပ်ပူဇော်ရမည် ဟူ၍လည်းကောင်း၊- | |
Luke | BurCBCM | 2:24 | ချိုးငှက်တစ်စုံ၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရမည်ဟူ၍လည်းကောင်း ရေးသားထားသည့်အတိုင်း သူတို့သည် သူငယ်တော်နှင့် ပူဇော်သကာတို့ကို ဆက်ကပ်ပူဇော်ရန် ရောက်လာကြခြင်းဖြစ်၏။ | |
Luke | BurCBCM | 2:25 | ထိုအချိန်၌ စီမေအွန်အမည်ရှိသော သူတစ်ဦးသည် ဂျေရုဆလင်မြို့တွင်ရှိလေ၏။ ဤသူသည် ဖြောင့်မတ်၍ ဘုရားတရား ကြည်ညိုသောသူဖြစ်ပြီး အစ္စရာအဲလ်လူမျိုးတို့ နှစ်သိမ့်ခြင်းခံရမည်ကို မျှော်လင့်စောင့်စားနေသောသူဖြစ်၏။ ဝိညာဉ်တော်မြတ် သည်လည်း သူ့အပေါ် ၌ တည်တော်မူ၏။- | |
Luke | BurCBCM | 2:26 | သူသည် ထာ၀ရဘုရားသခင်၏ ခရစ်တော်ကို မဖူးမြင်ရမီ သေခြင်းသို့မရောက်ရဟူ၍ ဝိညာဉ်တော်မြတ်ထံမှ ဗျာဒိတ် တော်ကို ရရှိထားသောသူလည်းဖြစ်၏။- | |
Luke | BurCBCM | 2:27 | စီမေအွန်သည် ဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရ၍ ဗိမာန်တော်ထဲသို့ဝင်ရောက်လာလေ၏။ မိဘတို့သည်လည်း ပညတ်တရားထုံးစံရှိသည့်အတိုင်း ဆောင်ရွက်ရန် သူငယ်တော်ယေဇူးကို ဗိမာန်တော်အတွင်းသို့ ခေါ်ဆောင်လာသောအခါ၊- | |
Luke | BurCBCM | 2:29 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ကတိထားတော်မူသည့်အတိုင်း ကိုယ်တော်၏အစေခံကို ယခုအခါ၌ ငြိမ်သက်စွာ သွားခွင့်ပြုတော်မူပါ။- | |
Luke | BurCBCM | 2:32 | ၎င်းသည် လူမျိုးခြားတို့အား ဖော်ပြတော်မူ သောအလင်းနှင့် ကိုယ်တော်၏လူမျိုးဖြစ်သော အစ္စရာအဲလ်လူမျိုးတို့အတွက် ဂုဏ်ကျက်သရေဖြစ်ပေသည်ဟူ ၍ မြွက်ဆိုလေ၏။ | |
Luke | BurCBCM | 2:33 | သူငယ်တော်၏ ဖခင်နှင့် မိခင်တို့သည်လည်း ကိုယ်တော်၏အကြောင်းနှင့်ပတ်သက်၍ ပြောဆိုသောစကားတို့ကို အံ့ဩကြ၏။- | |
Luke | BurCBCM | 2:34 | ထို့နောက် စီမေအွန်သည် သူတို့ကို ကောင်းချီးပေး၍ သူငယ်တော်၏မယ်တော် မာရိယာအား ဆိုသည်မှာ ဤသူငယ်သည် အစ္စရာအဲလ်လူမျိုးတွင် လူအများ၏ပျက်စီးခြင်းအတွက်လည်းကောင်း၊ ထမြောက်ခြင်းအတွက်လည်းကောင်း၊ ဆန့်ကျင်ဘက် ပြုခြင်းခံရသည့် အမှတ်လက္ခဏာအဖြစ်လည်းကောင်း ခန့်ထားခြင်းခံရသောသူဖြစ်၏။- | |
Luke | BurCBCM | 2:35 | ဤသို့ဖြင့် များစွာသောလူတို့၏ စိတ်နှလုံးအတွင်းမှ အကြံအစည်များသည် ဖော်ထုတ်ပြသခြင်းခံရလိမ့်မည်။ သင်၏နှလုံးကိုလည်း သန်လျက် ထိုးဖောက်လိမ့်မည်ဟု ဆိုလေ၏။ | |
Luke | BurCBCM | 2:36 | ထိုနေရာ၌ အာရှဲအမျိုးအနွယ်ဝင် ဖာနူအဲလ်၏သမီး အန္နာအမည်ရှိသေ ာပရောဖက်မတစ်ဦးရှိပြီး သူမသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၏။ သူမသည် ပျိုရွယ်သော အချိန်မှစ၍ ခင်ပွန်းသည်နှင့် ခုနစ်နှစ်သာပေါင်းသင်းခဲ့ပြီး၊- | |
Luke | BurCBCM | 2:37 | အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင် မုဆိုးမဘ၀ဖြင့် နေထိုင်ခဲ့၏။ သူမသည် ဗိမာန်တော်မှ မည်သည့်အခါမျှ ထွက်ခွာခြင်း မရှိဘဲ ဝတ်ပြုကိုးကွယ်လျက် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို နေ့ညမပြတ်ပြုလုပ်လေ၏။- | |
Luke | BurCBCM | 2:38 | သူမသည်လည်း ထိုအချိန်နာရီ၌ ရောက်လာ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကာ ဂျေရုဆလင်၏ ကယ်တင်ခြင်းကို မျှော်လင့်နေကြသော လူအပေါင်းတို့အား သူငယ်တော်၏အကြောင်းကို ပြောကြားလေ၏။ | |
Luke | BurCBCM | 2:39 | သူတို့သည်လည်း ထာ၀ရဘုရားသခင်၏ ပညတ်တရားထုံးစံများကို ပြည့်စုံစွာဆောင်ရွက်ပြီးသောအခါ ဂါလေလေးယ နယ်ရှိ မိမိတို့၏မြို့ဖြစ်သော နာဇရက်မြို့သို့ ပြန်သွားကြ၏။- | |
Luke | BurCBCM | 2:40 | သူငယ်တော်သည် ကြီးထွားသန်စွမ်းလာ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီးလျှင် ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌ သက်ရောက်လေ၏။ | |
Luke | BurCBCM | 2:41 | ကိုယ်တော်၏ မိဘနှစ်ပါးတို့သည် နှစ်စဉ်နှစ်တိုင်း ပါစကားပွဲတော်တွင် ဂျေရုဆလင်မြို့သို့သွားကြ၏။- | |
Luke | BurCBCM | 2:42 | ကိုယ်တော်သည် တစ်ဆယ့်နှစ်နှစ်အရွယ်ရောက်သောအခါ ပါစကားထုံးစံရှိသည့်အတိုင်း သူတို့သည် ဂျေရုဆလင်မြို့ သို့တက်သွားကြလေ၏။- | |
Luke | BurCBCM | 2:43 | ထို့နောက် ပွဲတော်ရက်များ ပြီးဆုံး၍ သူတို့ပြန်လာကြသောအခါ သူငယ်တော်ယေဇူးသည် ဂျေရုဆလင်မြို့၌ နေရစ်ခဲ့ လေ၏။ ကိုယ်တော်၏ မိဘတို့သည် ထိုအကြောင်းကိုမသိကြချေ။- | |
Luke | BurCBCM | 2:44 | သူတို့သည် အပေါင်းအဖော်အစုအဝေးတို့တွင် ကိုယ်တော်ပါရှိသည်ဟု ထင်မှတ်၍ တစ်နေ့တာခရီး ပြုကြပြီးမှ မိမိတို့၏ ဆွေမျိုးအသိအကျွမ်းများထဲတွင် ကိုယ်တော့်ကိုရှာကြ၏။- | |
Luke | BurCBCM | 2:46 | သုံးရက်လွန်သောအခါ သူတို့သည် ကိုယ်တော့်ကို ဗိမာန်တော်ထဲ၌ ကျမ်းတတ်ဆရာများနှင့် အတူထိုင်ကာ သူတို့ပြောသော စကားများကို နားထောင်၍ မေးခွန်းများ မေးမြန်းလျက်ရှိသည်ကို တွေ့ကြ၏။- | |
Luke | BurCBCM | 2:47 | ကိုယ်တော်၏စကားကို ကြားကြသောသူအပေါင်းတို့သည် ကိုယ်တော်၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့ဩ ကြလေ၏။- | |
Luke | BurCBCM | 2:48 | မိဘတို့သည်လည်း ကိုယ်တော့်ကိုတွေ့လျှင် အံ့အားသင့်လျက် မယ်တော်က ကိုယ်တော်အား ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုသနည်း။ သင့်ဖခင်နှင့် ငါသည် စိတ်ပူပန်လျက် သင့်ကိုရှာခဲ့ကြရပြီ ဟုဆိုလေ၏။- | |
Luke | BurCBCM | 2:49 | ထိုအခါ ကိုယ်တော်က အဘယ်ကြောင့် ကျွန်ုပ်ကို ရှာကြပါသနည်း။ ကျွန်ုပ်သည် ခမည်းတော်၏ အိမ်တော်တွင် ရှိနေရ မည်ကို မသိကြသလောဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 2:51 | ထို့နောက် ကိုယ်တော်သည် မိဘတို့နှင့်အတူလိုက်ပါသွား၍ နာဇရက်မြို့သို့ရောက်သော် သူတို့ကို နာခံလျက်နေထိုင်လေ၏။ ကိုယ်တော်၏ မယ်တော်သည်လည်း ထိုဖြစ်ရပ်အလုံးစုံတို့ကို နှလုံးသွင်းထားလေ၏။ | |
Chapter 3
Luke | BurCBCM | 3:1 | တိဘေးရီဦးဆီဇာဘုရင်၏နန်းသက်တစ် ဆယ့်ငါးနှစ်မြောက်တွင် ဂျုဒပြည်၌ ပုံစီဦးပီလာတုမင်းသည် ဘုရင်ခံဖြစ်၏။ ဟေရုဒ်သည် ဂါလေလေးယပြည်တွင်လည်းကောင်း၊ သူ၏ညီဖိလိပုသည် အီတုရိယနှင့် တြာကိုနစ်တီဒေသတို့တွင် လည်းကောင်း၊ လီစာနိယသည် အာဘီလန်းပြည်တွင်လည်းကောင်း အသီးသီး အုပ်ချုပ်ကြသောဘုရင်ခံများဖြစ်ကြ၏။- | |
Luke | BurCBCM | 3:2 | အန္နားနှင့် ကာအိဖတို့သည်လည်း ရဟန်းအကြီးအကဲများ ဖြစ်နေကြ၏။ ထိုအချိန်တွင် ဘုရားသခင်၏ဗျာဒိတ်တော်သည် တောကန္တာရ၌ရှိနေသော ဇခါရိယ၏သား ယောဟန်ထံသို့ ရောက်လာ၏။- | |
Luke | BurCBCM | 3:3 | ထိုအခါ သူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရရန် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းအကြောင်းကို ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်တွင် ဟောပြောလေ၏။- | |
Luke | BurCBCM | 3:4 | ပရောဖက်အီဇာယ ဟောထားသောကျမ်းချက်တွင် ပါရှိသည့်အတိုင်း တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား ထာ၀ရဘုရားသခင်၏ လမ်းကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းတို့ကို ဖြောင့်တန်းစေကြလော့။- | |
Luke | BurCBCM | 3:5 | ချိုင့်ဝှမ်းရှိသမျှတို့ကို ဖို့ကြရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုကြရမည်။ ကွေ့ကောက်သောလမ်းများကို ဖြောင့်တန်းစေကြရမည်။ ကြမ်းတမ်းသောလမ်းများကိုလည်း ညီညာစေရမည်။- | |
Luke | BurCBCM | 3:6 | ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင် ခြင်းကို တွေ့ မြင်ကြရလိမ့်မည်ဟူ၍ဖြစ်သတည်း။ | |
Luke | BurCBCM | 3:7 | ထို့ကြောင့် သူသည် မိမိအားဖြင့် ဆေးကြောခြင်းကိုခံယူရန် လာကြသောလူအစုအဝေးတို့အား ဆိုသည်မှာ အချင်း မြွေဆိုးမျိုးတို့၊ ကျရောက်လာမည့် အမျက်တော်မှ တိမ်းရှောင်ရန်အတွက် သင်တို့အား မည်သူသတိပေးသနည်း။- | |
Luke | BurCBCM | 3:8 | နောင်တတရားနှင့် ထိုက်တန်သော အသီးများကို သီးကြလော့။ ငါတို့၌ ငါတို့၏အဖ အာဘရာဟံရှိသည်ဟု သင်တို့ကိုယ် သင်တို့မဆိုကြနှင့်။ အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ဘုရားသခင်သည် အာဘရာဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှ ပေါ်ထွန်းလာစေရန် တတ်နိုင်တော်မူ၏။- | |
Luke | BurCBCM | 3:9 | ယခုတွင်ပင် သစ်ပင်၏အမြစ်နား၌ ပုဆိန်ကိုချိန်ရွယ်ထားလျက် ရှိပြီဖြစ်သောကြောင့် ကောင်းသောအသီးကို မသီးသော အပင်ရှိ သမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ပစ်ချမည်ဟု ဆိုလေ၏။ | |
Luke | BurCBCM | 3:10 | လူအစုအဝေးတို့ကလည်း ဤသို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မည်သည့်အရာကိုပြုရမည်နည်းဟု သူ့အား မေးကြသော်၊- | |
Luke | BurCBCM | 3:11 | သူက အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအား တစ်ထည်ပေးစေ။ အစားအစာရှိသောသူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြောလေ၏။- | |
Luke | BurCBCM | 3:12 | အခွန်ခံသူတို့သည်လည်း ဆေးကြောခြင်းခံအံ့သောငှာ ရောက်လာကြ၍ ဆရာသခင်၊ အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်းဟု သူ့အား မေးကြလျှင်၊- | |
Luke | BurCBCM | 3:14 | စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် မည်သည့်အရာကိုပြုရပါမည်နည်းဟု သူ့အား မေးမြန်းကြသော် သူက သင်တို့သည် အနိုင်အထက်ပြုခြင်းဖြင့် လည်းကောင်း၊ မတရားစွပ်စွဲခြင်းဖြင့်လည်းကောင်း သူတစ်ပါးထံမှ လုယူခြင်းကိုမပြုကြနှင့်။ သင်တို့ရရှိသော လစာဖြင့် ကျေနပ်ကြလော့ဟု ပြန်ဖြေလေ၏။ | |
Luke | BurCBCM | 3:15 | လူတို့သည်ကား မျှော်လင့်တကြီးစောင့်စားနေကြသည်ဖြစ်၍ ယောဟန်သည် ခရစ်တော်ဖြစ်မည်လောဟု မိမိတို့၏ စိတ်နှလုံးတွင် အသီးသီး တွေးတောဆင်ခြင်လျက်ရှိကြ၏။- | |
Luke | BurCBCM | 3:16 | ထိုအခါ ယောဟန်က ငါသည် သင်တို့ကို ရေဖြင့်ဆေးကြော၏။ ငါ့ထက်ကြီးမြတ်သောသူသည် ကြွလာလိမ့်မည်။ သူ၏ ခြေနင်းတော်ကြိုးကိုမျှဖြေခြင်းငှာ ငါမထိုက်တန်။ သူသည် သင်တို့ကို ဝိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့် လည်းကောင်း ဆေးကြောတော်မူလိမ့်မည်။- | |
Luke | BurCBCM | 3:17 | ကိုယ်တော်၏လက်တော်တွင် ဆန်ကောပါလျက် မိမိ၏တလင်းကို ရှင်းလင်းစေတော်မူပြီး ဂျုံစပါးကို ကျီ၌ စုသိမ်း တော်မူလိမ့်မည်။ အဖျင်းကိုမူကား သူသည် မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်ဟု ဟောပြောလေ၏။ | |
Luke | BurCBCM | 3:18 | ယောဟန်သည် အခြားသောအကြောင်းအရာ များစွာတို့ဖြင့် နှိုးဆော်သတိပေးလျက် ဧဝံဂေလိသတင်းကောင်းကို လူတို့အား ဟောပြောလေ၏။- | |
Luke | BurCBCM | 3:19 | ထိုအချိန်၌ ဘုရင်ခံဟေရုဒ်သည် မိမိညီ၏ဇနီး ဟေရုဒ္ဒိယကို သိမ်းပိုက်ခြင်းနှင့် အခြားသောအပြစ်ဒုစရိုက်များကို ကျူးလွန် ခြင်းတို့ကြောင့် ယောဟန်၏ ပြစ်တင်ရှုတ်ချခြင်းကိုခံရလေ၏။- | |
Luke | BurCBCM | 3:20 | သို့ရာတွင် သူသည် ယောဟန်အား ထောင်ထဲ၌ချုပ်နှောင်ခြင်းအားဖြင့် မိမိ၏အပြစ်မကောင်းမှုများကို ပို၍ပင် တိုးပွားစေခဲ့၏။ | |
Luke | BurCBCM | 3:21 | လူအပေါင်းတို့သည် ဆေးကြောခြင်းခံယူကြပြီးသောအခါ ယေဇူးသည်လည်း ဆေးကြောခြင်းကိုခံယူ၍ ဆုတောင်း တော်မူစဉ် ကောင်းကင်သည် ပွင့်လာပြီး၊- | |
Luke | BurCBCM | 3:22 | ဝိညာဉ်တော်မြတ်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ကိုယ်တော့်အပေါ်သို့ ဆင်းသက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ အသံထွက်ပေါ်လာသည်ကား သင်သည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟူ၍ဖြစ်လေ၏။ | |
Luke | BurCBCM | 3:23 | ယေဇူးသည် သူ၏တရားတော်ကို စတင်ဟောပြော သွန်သင်တော်မူသောအချိန်၌ အသက်သုံးဆယ်ရှိပြီဖြစ်၏။ လူတို့သည် ကိုယ်တော့်ကို ဂျိုးဇက်၏သားဟူ၍ လက်ခံထားကြ၏။ ဂျိုးဇက်သည် ဟေလိ၏သား၊- | |
Luke | BurCBCM | 3:24 | ဟေလိသည် မာသတ်၏သား၊ မာသတ်သည် လေဝိ၏သား၊ လေဝိသည် မေလခိ၏သား၊ မေလခိသည် ဂျန်နိုင်၏သား၊ ဂျန်နိုင်သည် ဂျိုးဇက်၏သား၊- | |
Luke | BurCBCM | 3:25 | ဂျိုးဇက်သည် မာတာသိယ၏သား၊ မာတာသိယသည် အာမော့၏သား၊ အာမော့သည် နာဟုမ်၏သား၊ နာဟုမ်သည် ဧစလိ၏သား၊ ဧစလိသည် နဂ္ဂဲ၏သား၊- | |
Luke | BurCBCM | 3:26 | နဂ္ဂဲသည် မာသ၏သား၊ မာသသည် မာတာသိယ၏သား၊ မာတာသိယသည် ဆေမိန်၏သား၊ ဆေမိန်သည် ဂျိုဆက်၏သား၊ ဂျိုဆက်သည် ဂျိုဒ၏သား၊- | |
Luke | BurCBCM | 3:27 | ဂျိုဒသည် ဂျိုအာနာ၏သား၊ ဂျိုအာနာသည် ရေဇာ၏သား၊ ရေဇာသည် ဇေရုဘာဘဲလ်၏သား၊ ဇေရုဘာဘဲလ်သည် ရှီအာတီအဲလ်၏သား၊ ရှီအာတီအဲလ်သည် နေရီ၏ သား၊- | |
Luke | BurCBCM | 3:28 | နေရီသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒီ၏သား၊ အဒ္ဒီသည် ကိုဆမ်၏သား၊ ကိုဆမ်သည် အဲလ်မဒမ်၏သား၊ အဲလ်မဒမ်သည် ဧရ၏သား၊- | |
Luke | BurCBCM | 3:29 | ဧရသည် ဂျိုဆွာ၏သား၊ ဂျိုဆွာသည် ဧလိအဲဇာ၏သား၊ ဧလိအဲဇာသည် ဂျော်ရိမ်၏သား၊ ဂျော်ရိမ်သည် မာသတ်၏သား၊ မာသတ်သည် လေဝိ၏သား၊- | |
Luke | BurCBCM | 3:30 | လေဝိသည် စီမေအွန်၏သား၊ စီမေအွန်သည် ဂျုဒ၏သား၊ ဂျုဒသည် ဂျိုးဇက်၏သား၊ ဂျိုးဇက်သည် ဂျိုနမ်၏သား၊ ဂျိုနမ်သည် ဧလိယကိမ်၏ သား၊- | |
Luke | BurCBCM | 3:31 | ဧလိယကိမ်သည် မေလိယာ၏သား၊ မေလိယာသည် မဲနာ၏သား၊ မဲနာသည် မတ္တသာ၏သား၊ မတ္တသာသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား၊- | |
Luke | BurCBCM | 3:32 | ဒါဝိဒ်သည် ဂျက်ဆေ၏သား၊ ဂျက်ဆေသည် အိုဘက်၏သား၊ အိုဘက်သည် ဘို့ဇ်၏သား၊ ဘို့ဇ်သည် ဆာလမွန်၏သား၊ ဆာလမွန်သည် နာရွှန်၏သား၊- | |
Luke | BurCBCM | 3:33 | နာရွှန်သည် အာမိနာဒဗ် ၏သား၊ အာမိနာဒဗ်သည် အဒ်မင်၏သား၊ အဒ်မင်သည် အာနီ၏သား၊ အာနီသည် ဟေဇရွန်၏သား၊ ဟေဇရွန်သည် ပေရက်၏သား၊ ပေရက်သည် ဂျုဒ၏သား၊- | |
Luke | BurCBCM | 3:34 | ဂျုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် အီဇတ်၏သား၊ အီဇတ်သည် အာဘရာဟံ၏သား၊ အာဘရာဟံသည် တေရ၏သား၊ တေရသည် နာဟော်၏သား၊- | |
Luke | BurCBCM | 3:35 | နာဟော်သည် ဆေရု၏သား၊ ဆေရုသည် ရီဥ၏သား၊ ရီဥသည် ပေလက်၏သား၊ ပေလက်သည် ဟေဘာ၏သား၊ ဟေ ဘာသည် စာလ၏သား၊- | |
Luke | BurCBCM | 3:36 | စာလသည် ကိန္နန်၏သား၊ ကိန္နန်သည် အာဖာဇတ်၏သား၊ အာဖာဇတ်သည် ဆမ်၏သား၊ ဆမ်သည် နောဧ၏သား၊ နောဧသည် လာမက်၏သား၊- | |
Luke | BurCBCM | 3:37 | လာမက်သည် မေသုဆေလ၏သား၊ မေသုဆေလသည် ဧနော့၏သား၊ ဧနော့သည် ဂျာရက်၏သား၊ ဂျာရက်သည် မဟာလာလီအဲလ်၏သား၊ မဟာလာလီ အဲလ်သည် ကိန္နန်၏သား၊- | |
Chapter 4
Luke | BurCBCM | 4:1 | ယေဇူးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက် ဂျော်ဒန်မြစ်မှပြန်ကြွတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။- | |
Luke | BurCBCM | 4:2 | ထိုအရပ်တွင် ကိုယ်တော်သည် ရက် ပေါင်းလေးဆယ်တိုင်တိုင် နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်သည် ထိုကာလအတွင်း၌ မည်သည့်အစားအစာကိုမျှ သုံးဆောင်တော်မမူချေ။ ထိုနေ့ရက်များကုန်လွန်သောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။- | |
Luke | BurCBCM | 4:3 | ထိုအခါ နတ်ဆိုးက သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို ပေါင်မုန့်ဖြစ်လာစေရန် အမိန့်ပေးပါ လော့ဟု ကိုယ်တော်အား ဆိုလေ၏။- | |
Luke | BurCBCM | 4:4 | ယေဇူးကလည်း လူသည် အစားအစာအားဖြင့်သာ မဟုတ်၊ ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့်လည်း အသက်ရှင်ရမည့်အကြောင်း ကျမ်းစာတော်မြတ်တွင် ရေးထားလျက်ရှိသည်ဟု သူ့အား ပြန်ဖြေတော်မူ၏။ | |
Luke | BurCBCM | 4:5 | ထို့နောက် နတ်ဆိုးသည် ကိုယ်တော့်ကို မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွားပြီးလျှင် လောကတိုင်းနိုင်ငံအပေါင်း တို့အား တစ်ခဏချင်းညွန်ပြလျက်၊- | |
Luke | BurCBCM | 4:6 | ငါသည် သင့်အား ဤအရာအားလုံးအပေါ် အစိုးရခြင်းနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်များကိုပေးမည်။ အကြောင်းမူကား ဤအရာများကို ငါပိုင်ဆိုင်၍ ငါပေးလိုသောသူအား ပေးနိုင်၏။- | |
Luke | BurCBCM | 4:8 | ယေဇူးကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရ မည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားထားသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 4:9 | တစ်ဖန် နတ်ဆိုးသည် ကိုယ်တော့်ကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်၏ထိပ်ဖျားတွင် ထားလျက် ကိုယ်တော်အား သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို ဤနေရာမှ အောက်သို့ပစ်ချပါလော့။- | |
Luke | BurCBCM | 4:10 | အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ ကိုယ်တော်သည် သင့်ကိုစောင့်ရှောက်ရန် ကောင်းကင်တမန် တော်တို့အား မိန့်မှာထားတော်မူသည်ဖြစ်၍၊- | |
Luke | BurCBCM | 4:11 | သင်၏ခြေကိုကျောက်ခဲတစ်လုံးနှင့်မျှ မထိခိုက်စေခြင်းငှာ သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ထားကြလိမ့်မည်ဟုဆို၏။- | |
Luke | BurCBCM | 4:12 | ယေဇူးကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို စုံစမ်းခြင်းမပြုရဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးထားသည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 4:13 | နတ်ဆိုးသည် နှောင့်ယှက်ခြင်းအလုံးစုံကိုပြုပြီးသောအခါ နောက်တစ်ဖန် အခွင့်ကောင်းရသည့်အချိန်တိုင်အောင် ကိုယ်တော်၏အထံတော်မှဆုတ်ခွာသွားလေ၏။ | |
Luke | BurCBCM | 4:14 | ထိုအခါ ယေဇူးသည် ဝိညာဉ်တော်၏တန်ခိုးနှင့်ပြည့်၀လျက် ဂါလေလေးယနယ်သို့ ပြန်လာတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည်လည်း ထိုဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွားလေ၏။- | |
Luke | BurCBCM | 4:15 | ကိုယ်တော်သည် သူတို့၏ တရားဇရပ်များ၌ သွန်သင်တော်မူ၍ လူအပေါင်းတို့သည် ကိုယ်တော့်ကိုချီးမွမ်းကြ၏။ | |
Luke | BurCBCM | 4:16 | ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းခဲ့သော နာဇရက်မြို့သို့ကြွလာတော်မူသောအခါ မိမိ၏ထုံးစံအတိုင်း ဥပုသ်နေ့၌ တရားဇရပ်ထဲသို့ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာဖတ်ရှုခြင်းငှာ ထတော်မူလျှင်၊- | |
Luke | BurCBCM | 4:17 | သူတို့သည် ကိုယ်တော်အား ပရောဖက်အီဇာယ၏ကျမ်းကို ပေးကြ၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်လျှင် တွေ့တော်မူသောကျမ်းချက်မူကား၊- | |
Luke | BurCBCM | 4:18 | ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ရှိတော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကို ဆီဖြင့်လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသောသူတို့အား လွတ်ငြိမ်း ခြင်းကို ကြေညာရန်နှင့် မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကိုပေးရန်လည်းကောင်း၊ ဖိနှိပ်ခံရသောသူတို့အား ကယ်တင် စေခြင်းငှာလည်းကောင်း၊- | |
Luke | BurCBCM | 4:19 | ထာ၀ရဘုရားသခင်၏ကျေးဇူးတော်မင်္ဂလာနှစ်ကို ကြေညာရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူ ၏ဟူသောကျမ်းပိုဒ်ကိုဖတ်ကြားတော်မူ၏။- | |
Luke | BurCBCM | 4:20 | ထို့နောက် ယေဇူးသည် ကျမ်းစာကိုလိပ်ပြီးလျှင် ယင်းကို တရားဇရပ်မှူးအား ပြန်ပေး၍ ထိုင်တော်မူ၏။ တရားဇရပ်၌ ရှိသောလူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို စေ့စေ့ကြည့်နေကြ၏။- | |
Luke | BurCBCM | 4:21 | ထိုအခါ ကိုယ်တော်က ယခုသင်တို့ကြားရ သောကျမ်းစကားသည် ယနေ့ပင် ပြည့်စုံခြင်းသို့ရောက် လေပြီဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 4:22 | လူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို ချီးမွမ်းပြောဆိုကြ၍ ကိုယ်တော်၏နှုတ်တော်မှထွက်လာသည့် သိမ်မွေ့သော စကားများကို အံ့ဩကြလျက် ဤသူသည် ဂျိုးဇက်၏သားမဟုတ်လောဟု မေးကြ၏။- | |
Luke | BurCBCM | 4:23 | ကိုယ်တော်ကလည်း သင်တို့သည် ငါ့အား အချင်းဆေးဆရာ၊ သင့်ကိုယ်သင်ကုသပါလော့ ဟူသောဆိုရိုးစကားဖြင့် လည်းကောင်း၊ ကာဖာနာအုမ်မြို့၌ သင်ပြုခဲ့သောအမှုတို့ကို ငါတို့ကြားသိပြီးဖြစ်၍ သင်၏နေရင်းမြို့၌လည်း ထိုနည်းတူပြုလော့ ဟူ၍လည်းကောင်း အမှန်ပင် ပြောဆိုကြလိမ့်မည်။- | |
Luke | BurCBCM | 4:24 | သို့သော် သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရချေ။- | |
Luke | BurCBCM | 4:25 | အမှန်ဆိုရလျှင် ပရောဖက်ဧလိယ လက်ထက်၌ ကောင်းကင်သည် သုံးနှစ်နှင့် ခြောက်လပတ်လုံး ပိတ်လျက်ရှိ၍ နိုင်ငံ တစ်ဝန်းလုံး၌ ကြီးစွာသော အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သည့်ကာလ၌ အစ္စရာအဲလ်ပြည်တွင် မုဆိုးမ များစွာရှိကြ၏။- | |
Luke | BurCBCM | 4:26 | သို့ရာတွင် ပရောဖက်ဧလိယသည် စီဒွန်နယ်၊ ဇာရေဖတ်မြို့ရှိ မုဆိုးမတစ်ဦးမှတစ်ပါး အခြားမည်သူ့ထံသို့မျှ စေလွှတ်ခြင်း မခံခဲ့ရပေ။- | |
Luke | BurCBCM | 4:27 | ပရောဖက်ဧလိဇေးဦးလက်ထက်၌ အစ္စရာအဲလ်ပြည်တွင် အနာကြီးရောဂါစွဲသောသူများစွာရှိ သော်လည်း ဆီးရိယပြည်သား နာမန်မှတစ်ပါး မည်သူမျှ ပျောက်ကင်းစင်ကြယ်ခွင့်မရခဲ့ကြဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 4:29 | ထိုအခါ သူတို့သည် ထ၍ ကိုယ်တော့်ကိုမြို့ ပြင်သို့ထုတ်ပြီးလျှင် မြို့တည်ရှိရာတောင်ထိပ်စွန်းမှ တွန်းချခြင်းငှာ ခေါ်ဆောင် သွားကြ၏။- | |
Luke | BurCBCM | 4:31 | ကိုယ်တော်သည် ဂါလေလေးယနယ်၊ ကာဖာနာအုမ်မြို့သို့ ကြွသွား၍ ဥပုသ်နေ့တွင် သွန်သင်ဟောပြောတော်မူ၏။- | |
Luke | BurCBCM | 4:32 | ကိုယ်တော်သည် အခွင့်အာဏာနှင့် ဟောပြောတော်မူသောကြောင့် သူတို့သည် ကိုယ်တော်၏ တရားတော်ကို အံ့ဩကြ လေ၏။- | |
Luke | BurCBCM | 4:33 | ထိုအခါ တရားဇရပ်၌ ညစ်ညူးသောနတ်ဆိုးစီးခံရသူတစ်ယောက်ရှိ၍ ထိုသူသည် ကြီးစွာသောအသံဖြင့် ဟစ်အော် သည်ကား၊- | |
Luke | BurCBCM | 4:34 | အို နာဇရက်မြို့သား ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်တို့ နှင့် မည်သို့သက်ဆိုင်ပါသနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော် မည်သူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းသောသူဖြစ်ပါ သည်ဟု ဆိုလေ၏။- | |
Luke | BurCBCM | 4:35 | သို့ရာတွင် ယေဇူးက တိတ်ဆိတ်စွာနေလော့။ ဤသူ့ထံမှ ထွက်သွားလော့ဟု သူ့အား ကြိမ်းမောင်းတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချပြီးမှ ဘေးဥပဒ်တစ်စုံတစ်ခုမျှမပြုဘဲ သူ့ထံမှ ထွက်သွားလေ၏။- | |
Luke | BurCBCM | 4:36 | လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤ သူ၏အမိန့်စကားသည် မည်သို့ဖြစ်မည်နည်း။ အကြောင်းမူကား သူသည် ညစ်ညူးသောနတ်ဆိုးတို့ကို အာဏာတန်ခိုးဖြင့် အမိန့်ပေးလျှင် သူတို့သည် ထွက်သွားကြရပေသည်တကားဟု အချင်းချင်း ပြောဆိုကြ၏။- | |
Luke | BurCBCM | 4:38 | ကိုယ်တော်သည် ထ၍ တရားဇရပ်မှ ထွက်ခွာပြီးလျှင် စီမွန်၏အိမ်သို့ဝင်တော်မူ၏။ ထိုအချိန်တွင် စီမွန်၏ ယောက္ခမ သည် ပြင်းထန်သောအဖျားရောဂါခံစားနေရ သောကြောင့် သူတို့သည် သူမအတွက် ကိုယ်တော့်ကို တောင်းလျှောက်ပေးကြ၏။- | |
Luke | BurCBCM | 4:39 | ကိုယ်တော်သည် သူမ၏အနီးတွင်ရပ်လျက် အဖျားရောဂါပျောက်ကင်းစေရန် အမိန့်ပေးတော်မူလျှင် သူမသည် ရောဂါပျောက်ကင်း၍ ချက်ချင်းထကာ သူတို့ကိုဧည့်ဝတ်ပြုလေ၏။ | |
Luke | BurCBCM | 4:40 | နေဝင်ချိန်ရောက်သောအခါ အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူတို့၏ ဆွေမျိုးအပေါင်းတို့သည် လူနာများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်လည်း လူနာအသီးသီးအပေါ်၌ မိမိ၏လက်တော်ကိုတင်လျက် သူတို့၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။- | |
Luke | BurCBCM | 4:41 | နတ်ဆိုးတို့သည်လည်း ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်ဟု ဟစ်အော်လျက် များစွာသော လူတို့ထဲမှ ထွက်သွားကြ၏။ သို့သော် ကိုယ်တော်သည် သူတို့အား ဟန့်တား၍ ထိုသို့ပြောဆိုခြင်းကို ခွင့်ပြုတော် မမူချေ။ အကြောင်းမူကား ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို ၎င်းတို့သိကြသောကြောင့်ဖြစ်၏။ | |
Luke | BurCBCM | 4:42 | နောက်တစ်နေ့တွင် ကိုယ်တော်သည် ထွက်ခွာ၍ လူသူကင်းဝေးရာအရပ်သို့ ကြွသွားတော်မူ၏။ ထိုအခါ လူတို့သည် ကိုယ်တော့်ကိုရှာကြပြီး အထံတော်သို့လာ ကြလျက် မိမိတို့ထံမှ ထွက်ခွာမသွားပါရန် ကိုယ်တော့်ကို တောင်းပန်ကြလေ၏။- | |
Luke | BurCBCM | 4:43 | သို့သော် ကိုယ်တော်က ငါသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်ရာသတင်းကောင်းကို အခြားသောမြို့များတွင်လည်း ဟောပြောကြေညာရမည်။ အကြောင်းမူကား ငါသည် ဤအကြောင်းကြောင့် စေလွှတ်ခြင်းခံရသည်ဟု မိန့်တော်မူ၏။- | |
Chapter 5
Luke | BurCBCM | 5:1 | ကိုယ်တော်သည် ဂျေနားဇရက်အိုင်အနီးတွင် ရပ်နေတော်မူစဉ် လူအစုအဝေးတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကိုကြားနာခြင်းငှာ အထံတော်သို့ တိုးဝှေ့လာကြ၏။- | |
Luke | BurCBCM | 5:2 | ကိုယ်တော်သည်လည်း ကမ်းနားတွင် ဆိုက်ကပ်ထားသော လှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့မူကား လှေများ ပေါ်မှဆင်းကြပြီးလျှင် မိမိတို့၏ပိုက်ကွန်များကို ဆေးလျက်နေကြ၏။- | |
Luke | BurCBCM | 5:3 | ထိုအခါ ကိုယ်တော်သည် လှေနှစ်စင်းရှိသည့်အနက် စီမွန် ၏လှေပေါ်သို့တက်၍ လှေကိုကမ်းမှ အနည်းငယ်ခွာစေပြီးနောက် ထိုင်လျက် လူအစုအဝေးတို့ကို လှေပေါ်မှ သွန်သင်တော်မူ၏။- | |
Luke | BurCBCM | 5:4 | ထိုသို့ သွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က ရေနက်ရာသို့ရွှေ့လော့၊ ငါးဖမ်းရန် သင်တို့၏ ပိုက်ကွန်များကို ချကြ လော့ဟု စီမွန်အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:5 | စီမွန်ကလည်း ဆရာသခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံး ကြိုးစားပါသော်လည်း ငါးတစ်ကောင်ကိုမျှ မဖမ်းမိခဲ့ကြပါ။ သို့ရာတွင် ကိုယ်တော်အမိန့်ရှိသည့်အတိုင်း ပိုက်ကွန်ကို အကျွန်ုပ်ချပါမည်ဟု ပြန်၍လျှောက်လေ၏။- | |
Luke | BurCBCM | 5:6 | ထို့နောက် သူတို့သည် အမိန့်တော်အတိုင်းပြုကြသောအခါ များစွာသော ငါးတို့ကို ဖမ်းမိသဖြင့် ပိုက်ကွန်တို့မှာ စုတ်ပြဲ စပြုလေ၏။- | |
Luke | BurCBCM | 5:7 | ထို့ကြောင့် သူတို့သည် အခြားသောလှေ တစ်စင်းပေါ်ရှိ မိမိတို့၏အဖော်များအား မိမိတို့ကိုလာ၍ ကူညီစေခြင်းငှာ အချက်ပြ၍ ခေါ်ကြ၏။ ထိုသူတို့သည် လည်း လာကြ၍ လှေနှစ်စင်းလုံး၌ ငါးများဖြင့်ပြည့်စေသဖြင့် လှေတို့သည် နစ်လုမတတ်ရှိလေ၏။- | |
Luke | BurCBCM | 5:8 | စီမွန်ပေတရုမူကား ထိုအခြင်းအရာကိုမြင်လျှင် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် သခင်ဘုရား၊ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် အပြစ်ရှိသောသူဖြစ်ပါသည်ဟူ၍လျှောက်လေ၏။- | |
Luke | BurCBCM | 5:9 | အကြောင်း မူကား စီမွန်မှစ၍ သူနှင့်အတူရှိသောသူအပေါင်းတို့သည် ဖမ်းမိသောငါးများကြောင့် အံ့အားသင့်လျက်ရှိကြသော ကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 5:10 | ထိုနည်းတူပင် စီမွန်၏အဖော်များဖြစ်ကြသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေဇူးကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ယခုမှစ၍ သင်တို့သည် လူကိုဖမ်းကြရလိမ့်မည်ဟု စီမွန်အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:11 | သူတို့သည်လည်း လှေတို့ကို ကမ်းနားတွင် ဆိုက်ကပ်ထားပြီးနောက် ရှိသမျှအရာတို့ကို စွန့်ခဲ့၍ နောက်တော်သို့ လိုက်ကြလေ၏။ | |
Luke | BurCBCM | 5:12 | ကိုယ်တော်သည် မြို့တစ်မြို့၌ ရှိတော်မူစဉ်တွင် တစ်ကိုယ်လုံး၌ အနာကြီးရောဂါစွဲသောသူတစ်ဦးသည် လာ၍ ကိုယ်တော့်ကိုမြင်သောအခါ ပျပ်ဝပ်လျက် သခင်အလိုတော်ရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစေနိုင်ပါသည်ဟု တောင်းပန် လျှောက်ထားလေ၏။- | |
Luke | BurCBCM | 5:13 | ထိုအခါ ကိုယ်တော်သည် လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၌ အနာကြီးရောဂါမရှိတော့ချေ။- | |
Luke | BurCBCM | 5:14 | ကိုယ်တော်ကလည်း သူ့အား မည်သူ့ကိုမျှမပြောရန် မိန့်မှာပြီးနောက် ဆက်လက်၍မိန့်ဆိုသည်မှာ သို့သော် သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြလော့။ လူတို့ရှေ့၌ သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားခဲ့သည့်အတိုင်း လှူဖွယ်ဝတ္ထုကို ဆက်သပူဇော်လော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:15 | သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပိုမိုပျံ့နှံ့သွားသဖြင့် များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ တရားတော်ကို ကြားနာခြင်းငှာလည်းကောင်း၊ မိမိတို့၏အနာရောဂါများကို ပျောက်ကင်းစေရန်လည်းကောင်း စုဝေးလာကြ၏။- | |
Luke | BurCBCM | 5:17 | တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူစဉ် ဂါလေလေးယနှင့် ဂျူဒေးယပြည်ရှိ ကျေးရွာအသီးသီးမှ လည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့သည် မလှမ်းမကမ်းတွင် ထိုင်လျက်ရှိကြ၏။ ရောဂါဝေဒ နာများကို ပျောက်ကင်းစေခြင်းငှာ ထာ၀ရဘုရားသခင် ၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။- | |
Luke | BurCBCM | 5:18 | ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ယောက်ကို အိပ်ရာပေါ်တွင်တင်၍ ကိုယ်တော်၏ရှေ့တော်သို့ခေါ် ဆောင်ခဲ့ရန် ကြိုးစားကြ၏။- | |
Luke | BurCBCM | 5:19 | သို့ရာတွင် သူတို့သည် လူအစုအဝေးတို့ကြောင့် သူ့အားအတွင်းသို့ သယ်ဆောင်ရန်လမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့ တက်ပြီးမှ လူတို့၏အလယ်၌ရှိသော ယေဇူး၏ရှေ့တော်သို့ ထိုသူ့ကို အုတ်ပြားများကြားမှ အိပ်ရာနှင့်တကွ လျှောချကြ၏။- | |
Luke | BurCBCM | 5:20 | ကိုယ်တော်သည် လည်း ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူလျှင် လေဖြတ်နေသောသူအား အချင်းလူ၊ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:21 | ထိုအခါ ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့က ဘုရားသခင်ကို ထိခိုက်ပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌ တွေးတောကြ၏။- | |
Luke | BurCBCM | 5:22 | ယေဇူးသည် သူတို့၏စိတ်ထဲမှတွေးတောချက်ကို သိမြင်သဖြင့် သူတို့အား ပြန်ဖြေတော်မူသည်ကား အဘယ်ကြောင့် သင်တို့၏ စိတ်နှလုံးထဲ၌မေးမြန်းကြသနည်း။- | |
Luke | BurCBCM | 5:23 | မည်သည့်စကားသည် ပြောရန်သာ၍ လွယ်ကူသနည်း။ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု ဆိုခြင်းလော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟုဆိုခြင်းလော။- | |
Luke | BurCBCM | 5:24 | သို့သော် လူသားသည် ကမ္ဘာပေါ်တွင် အပြစ်များကို ဖြေလွှတ်ပိုင်ကြောင်းကို သင်တို့သိမြင်စေမည်ဟုဆိုလျက် လေဖြတ်နေသောသူကို သင့်အား ငါဆိုသည်ကား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:25 | ထိုခဏချင်းတွင်ပင် သူသည် ထိုသူတို့၏ရှေ့ ၌ ထ၍ မိမိလျောင်းနေ သောအိပ်ရာကိုယူပြီးလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် အိမ်သို့ပြန်သွားလေ၏။- | |
Luke | BurCBCM | 5:26 | လူအပေါင်းတို့သည်လည်း အလွန်အံ့ဩကြလျက် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၍ ဤယနေ့၌ ငါတို့သည် ထူးဆန်းအံ့ဩဖွယ်သောအရာများကို တွေ့ မြင်ကြရပြီဟု အံ့ဩစိတ်ဖြင့် ပြောဆိုကြလေ၏။ | |
Luke | BurCBCM | 5:27 | ထို့နောက် ကိုယ်တော်သည် ထိုမြို့မှ ထွက်တော်မူသောအခါ လေဝိအမည်ရှိသောအခွန်ခံသူသည် အခွန်ရုံး၌ ထိုင်လျက် ရှိသည်ကိုမြင်လျှင် သူ့အား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:29 | လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော့်အတွက် ကြီးကျယ်သောစားသောက်ပွဲကို ကျင်းပလေ၏။ ထိုအခါ များစွာသော အခွန်ခံသူတို့နှင့် အခြားသောသူတို့သည် သူတို့နှင့်အတူ စားပွဲ၌ထိုင်၍ စားသောက်ကြ၏။- | |
Luke | BurCBCM | 5:30 | ဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့က သင်တို့သည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ကြသနည်းဟု ကိုယ်တော်၏တပည့်တော်တို့အား တီးတိုး ပြစ်တင်ကြ၏။- | |
Luke | BurCBCM | 5:31 | ယေဇူးကလည်း ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ပေ။ ဖျားနာသောသူတို့မူကား လိုအပ်၏။- | |
Luke | BurCBCM | 5:32 | ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကို နောင်တရစေရန်သာ ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 5:33 | ထိုအခါ သူတို့က ယောဟန်၏တပည့်များသည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို မကြာခဏ ပြုကြ၏။ ဖာရီဇေးဦးတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြ၏။ ကိုယ်တော်၏တပည့်များမှာမူ စားသောက်လျက် နေကြပါသည် တကားဟု ကိုယ်တော်အား လျှောက်ကြ၏။- | |
Luke | BurCBCM | 5:34 | ယေဇူးကလည်း မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များအား သူတို့နှင့်အတူ သတို့သားရှိနေစဉ် အစာရှောင်ခိုင်း၍ ရမည်လော။- | |
Luke | BurCBCM | 5:35 | သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြ လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 5:36 | ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်ကြားတော်မူ၏။ မည်သူမျှ အဝတ်သစ်မှအစကိုဖြတ်ယူ၍ အဝတ်ဟောင်းတွင် ဖာထေးလေ့မရှိ။ ထိုသို့ပြုလုပ်ပါလျှင် အဝတ်သစ်သည် ပျက်စီး၍ အဝတ်စအသစ်နှင့် အဝတ်ဟောင်း တို့သည်လည်း လိုက်ဖက်မညီဖြစ်လိမ့်မည်။- | |
Luke | BurCBCM | 5:37 | ထိုနည်းတူပင် မည်သူမျှ စပျစ်ရည်အသစ်ကို သားရေဘူးဟောင်းများတွင် ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ် သည် သားရေဘူး များကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးများ လည်း ပျက်စီးတတ်၏။- | |
Chapter 6
Luke | BurCBCM | 6:1 | ဥပုသ်နေ့တစ်နေ့တွင် ယေဇူးသည် ဂျုံခင်းများကို ဖြတ်လျှောက်၍ သွားစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံအနှံ များကို ဆွတ်ခူးကာ လက်ဖြင့်ပွတ်နယ်၍ စားကြ၏။- | |
Luke | BurCBCM | 6:2 | သို့သော် အချို့သောဖာရီဇေးဦးတို့က သင်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို အဘယ်ကြောင့် ပြုကြသနည်းဟု ဆိုကြ၏။- | |
Luke | BurCBCM | 6:3 | ထိုအခါ ယေဇူးကလည်း ဒါဝိဒ်မင်းကြီးသည် ဆာလောင်သောအခါ မိမိနှင့်အတူပါလာသော သူတို့နှင့်တကွ မည်သို့ပြုမူ ခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြသလော။- | |
Luke | BurCBCM | 6:4 | သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ရဟန်းများမှတစ်ပါး မည်သူမျှမစားအပ်သော ရှေ့တော်တင်မုန့်ကိုယူ၍ စားပြီးလျှင် ၎င်းကို မိမိနှင့်ပါလာသောသူတို့အားလည်း ဝေပေးခဲ့ကြောင်းကို သင်တို့ မဖတ်ဖူးကြသလောဟု ပြန်လည်မိန့်တော်မူ ၏။- | |
Luke | BurCBCM | 6:6 | အခြားသော ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ဝင်၍ ဟောပြောသွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေနေသော သူတစ်ယောက်ရှိလေ၏။- | |
Luke | BurCBCM | 6:7 | ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည်လည်း ကိုယ်တော့်ကို အပြစ်တင်စွပ်စွဲလိုသဖြင့် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါကို ပျောက်ကင်းစေတော်မူမည်လောဟု စောင့်ကြည့်နေကြ၏။- | |
Luke | BurCBCM | 6:8 | သို့သော် ကိုယ်တော်သည် သူတို့၏အကြံအစည်ကို သိမြင်တော်မူသဖြင့် လက်တစ်ဖက်သေနေသောသူအား လာ၍ ဤ နေရာ၌ရပ်လော့ဟု မိန့်တော်မူ၏။ သူသည်လည်း ထ၍ ရှေ့တော်၌ရပ်နေလေ၏။- | |
Luke | BurCBCM | 6:9 | ယေဇူးကလည်း သင်တို့အား ငါမေးမြန်းလို၏။ ဥပုသ်နေ့၌ ကောင်းမှုကိုပြုအပ်သလော၊ သို့မဟုတ် မကောင်းမှုကို ပြုအပ်သလော။ လူ၏အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် ဖျက်ဆီးအပ်သလော ဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 6:10 | ထို့နောက် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို လှည့်ကြည့်တော်မူပြီးလျှင် လက်သေနေသောသူအား သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက် ရာ သူ၏လက်သည် အကောင်းပကတိပြန်ဖြစ်သွားလေ၏။- | |
Luke | BurCBCM | 6:11 | သူတို့မူကား ဒေါသဖြစ်ကြလျက် ယေဇူးအား မည်သို့ပြုမူရမည့်အကြောင်းကို အချင်းချင်းတိုင်ပင်ကြ၏။ | |
Luke | BurCBCM | 6:12 | ထိုနေ့ရက်တို့၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်၍ တစ်ညလုံး ဘုရားသခင်ထံသို့ ဆုတောင်း ပတ္ထနာပြုလျက် နေတော်မူ၏။- | |
Luke | BurCBCM | 6:13 | နေ့အချိန်ရောက်သောအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကိုခေါ်ပြီးလျှင် သူတို့အထဲမှ တစ်ဆယ့်နှစ်ပါးကို ရွေးချယ်၍ ၎င်းတို့အား တမန်တော်အဖြစ် ခန့်အပ်တော်မူ၏။- | |
Luke | BurCBCM | 6:14 | ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော်မှည့်ခေါ်သော စီမွန်နှင့် သူ၏ညီ အန္ဒြေးယ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပုနှင့် ဘာသိုလိုမေးဦး၊- | |
Luke | BurCBCM | 6:16 | ယာကုပ်၏သား ဂျုဒနှင့် ကိုယ်တော့်အပေါ်သစ္စာဖောက်မည့် ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြလေ၏။ | |
Luke | BurCBCM | 6:17 | ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ခြေသို့ ဆင်းပြီးလျှင် မြေညီရာကွင်းပြင်၌ရပ်တော်မူ၏။ ကိုယ်တော်နှင့်အတူ တပည့်တော်တို့၏အစုအဝေးအပြင် ဂျူဒေးယပြည်အရပ်ရပ်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တီရာနှင့် စီဒွန်မြို့တို့မှလည်းကောင်း လာကြသောသူ အမြောက်အမြားရှိကြ၏။ ထိုသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာ ရန်နှင့် မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန် လာရောက်ကြခြင်းဖြစ်၏။- | |
Luke | BurCBCM | 6:19 | လူအစုအဝေးတို့သည်လည်း ကိုယ်တော့်ကို တို့ထိနိုင်ရန် ကြိုးစားကြလေ၏။ အကြောင်းမူကား ကိုယ်တော့်ထံမှ တန်ခိုးတော်ထွက်၍ လူခပ်သိမ်းတို့ကို ပျောက်ကင်း ချမ်းသာစေသောကြောင့်ဖြစ်၏။ | |
Luke | BurCBCM | 6:20 | ထို့နောက် ကိုယ်တော်သည် သူတို့ကို စေ့စေ့ကြည့်လျက် မိန့်တော်မူသည်ကား ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။ | |
Luke | BurCBCM | 6:21 | ယခု ဆာလောင်မွတ်သိပ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပြည့်၀ကြလိမ့်မည်။ ယခုငိုကြွေးကြသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြရလိမ့်မည်။ | |
Luke | BurCBCM | 6:22 | လူသားကို အကြောင်းပြု၍ သင်တို့အား လူတို့က မုန်းတီးကြသောအခါ၌လည်းကောင်း၊ ပစ်ပယ်၍ကဲ့ရဲ့ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏အသရေကို ဖျက်ကြသောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။- | |
Luke | BurCBCM | 6:23 | ထိုနေ့ရက်၌ ဝမ်းမြောက်ကြလော့။ ပျော်ရွှင်သောစိတ်ဖြင့် ခုန်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်နိုင်ငံ၌ သင်တို့ခံစားရမည့် ဆုလာဘ်သည် ဧကန်ကြီးမားလှပေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘိုးဘေးတို့သည်လည်း ပရောဖက် များကို ဤသို့ပြုခဲ့ကြ၏။ | |
Luke | BurCBCM | 6:24 | သို့ရာတွင် ကြွယ်၀ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏စိတ်နှစ်သိမ့်မှုကို ရရှိခဲ့ကြလေပြီ။ | |
Luke | BurCBCM | 6:25 | ယခုအခါ၌ ၀လင်စွာစားသုံးရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာငတ်ကြလိမ့်မည်။ ယခု ရယ်မောကြသော သင်တို့သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သင်တို့သည် ငိုကြွေးပူဆွေး ကြရလိမ့်မည်။ | |
Luke | BurCBCM | 6:26 | လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့၏ ဘိုးဘေးတို့သည် ပရောဖက်အတုအယောင်များကို ဤသို့ပြုခဲ့ကြလေပြီ။ | |
Luke | BurCBCM | 6:27 | သို့ရာတွင် ငါ၏တရားကို ကြားနာကြသောသင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူများကို ချစ်ကြလော့။ သင်တို့ကို မုန်းတီးသောသူတို့အား ကောင်းကျိုးပြုကြလော့။- | |
Luke | BurCBCM | 6:28 | သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးမင်္ဂလာပေးကြလော့။ သင်တို့ကို စော်ကားသောသူတို့အတွက် မေတ္တာပို့ ကြလော့။- | |
Luke | BurCBCM | 6:29 | သင်၏ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်၍ပေးဦးလော့။ သင်၏ဝတ်ရုံကို သိမ်းယူ သွားသောသူအား သင်၏အင်္ကျီကို ထုတ်မပေးဘဲမထားနှင့်။- | |
Luke | BurCBCM | 6:30 | သင့်ထံမှ တောင်း ခံသောသူအား ပေးကမ်းလော့။ သင့်ထံမှ ဥစ္စာပစ္စည်း များကိုသိမ်းယူသွားသောသူထံမှလည်း ၎င်းတို့ကို ပြန်၍ မတောင်းနှင့်။- | |
Luke | BurCBCM | 6:32 | သင်တို့သည် မိမိတို့အား ချစ်သောသူများကိုသာ ချစ်ခင်ကြပါမူ မည်သည့်အကျိုးကို သင်တို့ခံစားရမည်နည်း။ အပြစ်ရှိသူ များပင်လျှင် မိမိတို့ကိုချစ်သောသူများအား ချစ်ကြသည်မဟုတ်လော။- | |
Luke | BurCBCM | 6:33 | သင်တို့သည် မိမိတို့အား ကောင်းကျိုးပြုသောသူများကိုသာ ကောင်းကျိုးပြုကြပါလျှင် မည်သည့်အကျိုးကို သင်တို့ ခံစားရ မည်နည်း။ အပြစ်ရှိသူများပင်လျှင် ဤသို့ပြုမူကြ၏။- | |
Luke | BurCBCM | 6:34 | သင်တို့သည် ပြန်လည်ပေးဆပ်မည်ဟု မျှော်လင့်ရသောသူများကိုသာ ချေးငှားကြပါလျှင် မည်သည့်အကျိုးကို သင်တို့ခံစားရမည်နည်း။ အပြစ်ရှိသူများပင်လျှင် တူညီသောပမာဏကို ပြန်လည်ရရှိရန် အပြစ်သားများကို ချေးငှားကြ၏။- | |
Luke | BurCBCM | 6:35 | သင်တို့မူကား သင်တို့၏ရန်သူများကို ချစ်ကြလော့။ သူတို့ကို ကောင်းကျိုးပြုကြလော့။ ပြန်ရမည်ဟု မမျှော်လင့်ဘဲ ချေး ငှားကြလော့။ ထိုအခါ သင်တို့ရရှိမည့်ဆုလာဘ်သည် ကြီးမားလိမ့်မည်။ သင်တို့သည်လည်း အမြင့်ဆုံးသော အရှင်၏သားသမီး များဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးမသိတတ်သောသူများနှင့် တစ်ကိုယ်ကောင်းဆန်သော သူများကို သနားတတ်၏။- | |
Luke | BurCBCM | 6:36 | သင်တို့၏အဖခမည်းတော်သည် သနားကြင်န တော်မူသည့်နည်းတူ သင်တို့သည်လည်း သနားကြင်နာ ခြင်းရှိကြလော့။ | |
Luke | BurCBCM | 6:37 | သူတစ်ပါး၏အမှုကို စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ သို့ဖြစ်လျှင် သင်တို့သည်လည်း စီရင်ဆုံးဖြတ်ခြင်းကို ခံကြရ လိမ့်မည်မဟုတ်။ ပြစ်တင်ရှုတ်ချခြင်းကိုမပြုကြနှင့်။ သို့ဖြစ်လျှင် သင်တို့သည်လည်း ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည် မဟုတ်။ ခွင့်လွှတ်ကြလော့။ သို့ဖြစ်လျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းခံရလိမ့်မည်။- | |
Luke | BurCBCM | 6:38 | ပေးကမ်းကြလော့။ ထိုအခါ သင်တို့ကိုလည်း ပေးကမ်းကြလိမ့်မည်။ လှုပ်ခါ၍ ဖိသိပ်ထည့်ထားပြီး ပြည့်လျှံနေသည့် ကောင်းသောပမာဏကို သင်တို့၏ရင်ခွင်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့ပေးခဲ့သော ပမာဏအတိုင်း သင်တို့ပြန်လည်ရရှိကြလိမ့်မည်ဟု မိန့် တော်မူ၏။ | |
Luke | BurCBCM | 6:39 | ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကိုလည်း မိန့်တော်မူ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြနိုင်သလော။ ဤသို့ပြုလျှင် ထိုသူနှစ်ဦးစလုံး တွင်းထဲသို့ကျကြလိမ့်မည်မဟုတ်လော။- | |
Luke | BurCBCM | 6:40 | တပည့်သည် ဆရာထက် မကြီးမြတ်နိုင်။ သို့သော် လူတိုင်းသည် ပြီးပြည့်စုံအောင် သင်ယူပြီးသောအခါ ဆရာကဲ့သို့ဖြစ် လိမ့်မည်။- | |
Luke | BurCBCM | 6:41 | အဘယ်ကြောင့် သင်သည် မိမိ၏မျက်စိထဲ၌ ရှိသောသစ်တုံးကို မမြင်ဘဲ သင့်ညီအစ်ကို၏မျက်စိထဲရှိ သစ်သားစကို မြင်ရသနည်း။- | |
Luke | BurCBCM | 6:42 | မိမိ၏မျက်စိထဲတွင် ရှိနေသည့်သစ်တုံးကိုမမြင်ပါဘဲလျက် မိမိ၏ညီအစ်ကိုအား သင်၏မျက်စိထဲမှ သစ်သားစကို ထုတ်ပေး ပါရစေဟု သင်မည်သို့ဆိုနိုင်မည်နည်း။ အသင် သူတော်ကောင်းယောင် ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာ ထုတ်ပစ်လော့။ သို့မှသာ သင်သည် သင့်ညီအစ်ကို၏ မျက်စိထဲမှသစ်သားစကို ထုတ်ပစ်ရန် ကောင်းစွာမြင်နိုင်ပေလိမ့်မည်။ | |
Luke | BurCBCM | 6:43 | ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။- | |
Luke | BurCBCM | 6:44 | အကြောင်းမူကား အသီးကိုကြည့်၍ အပင်ကိုသိရ၏။ သဖန်းသီးကို ဆူးပင်မှ ဆွတ်ခူးလေ့မရှိ။ စပျစ်သီးကိုလည်း ဆူးချုံမှဆွတ်ခူးလေ့မရှိ။- | |
Luke | BurCBCM | 6:45 | ကောင်းသောသူသည် မိမိ၏စိတ်နှလုံးတွင် သိမ်းဆည်းထားသည့် ကောင်းသောအရာများထဲမှ အကောင်းကို ထုတ်ဖော် တတ်၏။ မကောင်းသောသူသည်လည်း သူ၏ မကောင်းသောအရာများထဲမှ မကောင်းမှုကို ထုတ်ဖော်တတ်၏။ အကြောင်း မူကား စိတ်နှလုံး၌ပြည့်လျှံနေသော အရာများကို နှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။ | |
Luke | BurCBCM | 6:47 | ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားနာပြီး လိုက်နာကျင့်ကြံသောသူ ဟူသမျှသည် မည်သူနှင့်တူကြောင်းကို သင်တို့အား ငါ ခိုင်းနှိုင်းပြမည်။- | |
Luke | BurCBCM | 6:48 | ဤသူသည်ကား မြေကိုနက်စွာတူး၍ ကျောက်ပေါ်၌ အုတ်မြစ်ချပြီးမှ အိမ်ကိုဆောက်သော သူနှင့်တူ၏။ ရေလွှမ်းမိုး သောအခါ မြစ်ရေစီးကြောင်းသည် အိမ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ခတ်သော်လည်း ၎င်းကို လှုပ်ခါစေနိုင်ခြင်းမရှိချေ။ အကြောင်းမူကား ထိုအိမ်သည် ကျောက်ပေါ်တွင် တည်ဆောက်ထားသောကြောင့်ဖြစ်၏။- | |
Chapter 7
Luke | BurCBCM | 7:1 | ကိုယ်တော်သည် မိမိ၏တရားတော်ကို လူတို့ ကြားနာကြစေရန် ဟောပြောသွန်သင်ပြီးသောအခါ ကာဖာနာအုမ်မြို့သို့ ဝင်တော်မူ၏။- | |
Luke | BurCBCM | 7:2 | ထိုအခါ ထိုမြို့၌ရှိသော လူတစ်ရာတပ်မှူးတွင် သူအလွန်အားထားရသောအစေခံတစ်ဦးရှိပြီး ထိုသူသည် သေလုနီးပါးဖျား နာလျက်ရှိ၏။- | |
Luke | BurCBCM | 7:3 | လူတစ်ရာတပ်မှူးသည် ယေဇူးသခင်၏ အကြောင်းကိုကြားသောအခါ ဂျူးလူမျိုးသက်ကြီးဝါကြီးတို့ကို အထံတော်သို့ စေလွှတ်၍ မိမိ၏အစေခံအား လာရောက်ကုသပေးပါမည့်အကြောင်း လျှောက်ထားလေ၏။- | |
Luke | BurCBCM | 7:4 | ထိုသူတို့သည်လည်း ယေဇူးထံတော်သို့ ရောက်ကြသောအခါ ကိုယ်တော်အား အသနားခံတောင်းလျှောက်ကြသည်မှာ ကိုယ်တော်သည် သူ့အတွက် ဤအရာကို ပြုလုပ်ပေးရန် သူသည် ထိုက်တန်ပါသည်။- | |
Luke | BurCBCM | 7:5 | အကြောင်းမူကား သူသည် အကျွန်ုပ်တို့၏လူမျိုးကို ချစ်မြတ်နိုး၍ အကျွန်ုပ်တို့အတွက် တရားဇရပ်ကိုဆောက်လုပ်ပေး ထားပါသည်ဟုဆိုကြ၏။- | |
Luke | BurCBCM | 7:6 | ယေဇူးသည်လည်း ထိုသူတို့နှင့်အတူ လိုက်ပါသွား၍ အိမ်နှင့်မလှမ်းမကမ်းအရပ်သို့ ရောက်တော်မူသောအခါ လူတစ်ရာ တပ်မှူးသည် မိတ်ဆွေတို့ကို အထံတော်သို့စေလွှတ်၍ ကိုယ်တော်အား လျှောက်ထားစေသည်ကား သခင်၊ အပင်ပန်းခံတော်မမူ ပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူသည်ကို အကျွန်ုပ်မခံထိုက်ပါ။- | |
Luke | BurCBCM | 7:7 | ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ ကိုယ်တိုင်လာထိုက်သူဟူ၍ မခံယူပါ။ သို့ရာတွင် တစ်ခွန်းမျှသာ အမိန့်ရှိ တော်မူ၍ အကျွန်ုပ်၏အစေခံကိုရောဂါပျောက် ကင်းစေတော်မူပါ။- | |
Luke | BurCBCM | 7:8 | အကြောင်းမူကား အကျွန်ုပ်သည်လည်း မင်းအာဏာစက်အောက်၌ရှိသူဖြစ်၍ အကျွန်ုပ်၏လက်အောက်တွင် စစ်သူရဲများ ရှိပါ၏။ တစ်ယောက်ကို သွားလော့ဟု အကျွန်ုပ်ဆိုလျှင် သူသည် သွားပါ၏။ အခြားတစ်ယောက်ကို လာခဲ့ဟု အကျွန်ုပ်ဆိုလျှင် သူသည် လာပါ၏။ အကျွန်ုပ်၏အစေခံကိုလည်း ဤအမှုကို လုပ်လော့ဟုဆိုလျှင် သူသည် ၎င်းကိုလုပ်ပါ၏ဟု လျှောက် ထားလေ၏။- | |
Luke | BurCBCM | 7:9 | ယေဇူးသည် ထိုစကားကိုကြားရလျှင် သူ့၌အံ့ဩ၍ မိမိ၏နောက်တော်တွင် လိုက်ပါလာကြသော လူအစုအဝေးဘက်သို့ လှည့်ပြီးလျှင် သင်တို့အား ငါဆိုသည်ကား ဤသို့သောယုံကြည်ခြင်းမျိုးကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 7:10 | စေလွှတ်ခြင်းခံရသော သူတို့သည်လည်း အိမ်သို့ပြန်ရောက်ကြသောအခါ အစေခံဖြစ်သူမှာ ကျန်းမာလျက်ရှိနေသည်ကို တွေ့ ကြလေ၏။ | |
Luke | BurCBCM | 7:11 | ထို့နောက် ကိုယ်တော်သည် နာအိမ်ဟုခေါ်သော မြို့သို့ကြွတော်မူသောအခါ တပည့်တော်တို့နှင့် များစွာသော လူအစုအဝေး တို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါသွားကြ၏။- | |
Luke | BurCBCM | 7:12 | ကိုယ်တော်သည် မြို့တံခါးအနီးသို့ ချဉ်းကပ်တော်မူစဉ် သေပြီးသောသူတစ်ယောက်ကို ထုတ်ဆောင်လာကြ၏။ သေသောသူသည်ကား မိခင်မုဆိုးမ၏ တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့ သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါလာကြ ၏။- | |
Luke | BurCBCM | 7:13 | ကိုယ်တော်သည်လည်း သူမကိုမြင်လျှင် သူမအပေါ် သနားစိတ်ဖြစ်ပေါ်သဖြင့် မငိုကြွေးလေနှင့်ဟု သူမအား မိန့်တော်မူ၏။- | |
Luke | BurCBCM | 7:14 | ထို့နောက် ကိုယ်တော်သည် ချဉ်းကပ်လျက် အလောင်းစင်ကိုတို့ထိတော်မူသဖြင့် ထမ်းထားသောသူတို့သည်လည်း ရပ်နေကြလေ၏။ ကိုယ်တော်ကလည်း အချင်းလူငယ်၊ သင့်ကို ငါအမိန့်ပေး၏၊ ထလော့ဟု မိန့်တော်မူလျှင်၊- | |
Luke | BurCBCM | 7:15 | သေသောသူသည် ထထိုင်၍ စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ၏မိခင် ထံသို့ပြန်အပ်လိုက်လေ၏။- | |
Luke | BurCBCM | 7:16 | ရှိသမျှသောလူတို့သည်လည်း ကြောက်ရွံ့တုန်လှုပ်ကြ၍ ဘုရားသခင်ကိုချီးမွမ်းကြလျက် ငါတို့အလယ်တွင် ကြီးမြတ်သော ပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ကြည့်ရှုတော်မူပြီဟုဆိုကြ၏။- | |
Luke | BurCBCM | 7:17 | ကိုယ်တော်၏ သတင်းတော်သည်လည်း ဂျုဒပြည်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်အရပ်ရပ်တို့တွင် ပျံ့နှံ့သွားလေ၏။ | |
Luke | BurCBCM | 7:19 | ထိုအခါ ယောဟန်သည် မိမိ၏တပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေဇူးထံတော်သို့စေလွှတ်၍ ကိုယ်တော်သည် ကြွလာတော်မူမည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသောသူကို စောင့်မျှော်ရမည်လောဟု မေးမြန်းစေ၏။- | |
Luke | BurCBCM | 7:20 | သူတို့သည်လည်း အထံတော်သို့ ရောက်ကြသောအခါ ယောဟန်ဘတ္တိဇံက အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ဤသို့မေးလျှောက်စေပါသည်။ ကိုယ်တော်သည် ကြွလာတော်မူမည့်သူ ဖြစ်ပါသလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသော သူကို စောင့်မျှော်ရမည်လောဟု လျှောက်ထားကြ၏။- | |
Luke | BurCBCM | 7:21 | ထိုအချိန်နာရီ၌ ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးပူးခြင်းတို့မှ ပျောက်ကင်းချမ်းသာ စေတော်မူပြီး မျက်စိမမြင်သူများစွာတို့ကိုလည်း မျက်စိအလင်းပြန်ရစေ ခဲ့ပြီးဖြစ်၏။- | |
Luke | BurCBCM | 7:22 | ကိုယ်တော်ကလည်း ထိုသူတို့အား သင်တို့ မြင်ရ၊ ကြားရသမျှတို့ကို ယောဟန်ထံသို့သွား၍ ပြောကြားလော့။ မျက်စိ မမြင်သောသူတို့သည် မျက်စိမြင်ကြ ရပြီ။ ခြေမသန်သောသူတို့သည် လျှောက်လှမ်းသွားကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြ ပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြား နာကြရပြီ။- | |
Luke | BurCBCM | 7:24 | ယောဟန်စေလွှတ်လိုက်သောသူတို့ ထွက်သွားကြသောအခါ ကိုယ်တော်သည် ယောဟန်ကိုအကြောင်းပြု၍ လူအစုအဝေး တို့အား မိန့်တော်မူသည်ကား သင်တို့သည် မည်သည့်အရာကို ကြည့်ရှုအံ့သောငှာ တောအရပ်သို့ ထွက်သွားကြသနည်း။ လေအလာတွင် လှုပ်ခါယိမ်းထိုးနေသော ကျူပင်ကိုလော။- | |
Luke | BurCBCM | 7:25 | သို့ဖြစ်လျှင် မည်သည့်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ နူးညံ့သောဝတ်ရုံကို ဝတ်ဆင်ထားသော သူကိုလော။ လှပတင့်တယ်စွာဝတ်ဆင်၍ စည်းစိမ်ခံစားကြသော သူတို့သည်ကား ဘုရင့်နန်းတော်များ၌နေတတ်ကြ၏။- | |
Luke | BurCBCM | 7:26 | သို့ဖြစ်လျှင် မည်သည့်အရာကို ကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရော ဖက်ထက် ကြီးမြတ်သောသူပင်ဖြစ်သည်ဟု သင်တို့အား ငါဆို၏။- | |
Luke | BurCBCM | 7:27 | ကြည့်လော့။ သင်သွားရန်လမ်းကို ပြင်ဆင်မည့် ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားချက်သည် ဤသူကိုဆိုလို ခြင်းဖြစ်၏။- | |
Luke | BurCBCM | 7:28 | သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ ဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ပို၍ကြီးမြတ်သောသူမရှိချေ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် ၌ အနိမ့်ကျဆုံးသောသူသည်ကား ယောဟန်ထက်ပို၍ ကြီးမြတ်၏။- | |
Luke | BurCBCM | 7:29 | လူအပေါင်းတို့နှင့် အခွန်ခံသူတို့သည် ယောဟန်ထံမှ ဆေးကြောခြင်းကို ခံယူခဲ့ကြရသောကြောင့် ထိုစကားကို ကြားကြ သောအခါ ဘုရားသခင်၏ တရားမျှတခြင်းကို သိမှတ်ဝန်ခံကြ၏။- | |
Luke | BurCBCM | 7:30 | ဖာရီဇေးဦးများနှင့် ကျမ်းတတ်ဆရာတို့မူကား ယောဟန်ထံမှဆေးကြော ခြင်းကို မခံယူခဲ့ကြသဖြင့် မိမိတို့အတွက်ဖြစ်သော ဘုရားသခင်၏အစီအမံတော်ကို ငြင်းပယ်ကြလေ၏။ | |
Luke | BurCBCM | 7:31 | ထို့နောက် ကိုယ်တော်က သို့ဖြစ်လျှင် ငါသည် ဤလူမျိုးဆက်ကို မည်သည့်အရာနှင့် ပုံခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။- | |
Luke | BurCBCM | 7:32 | ဤသူတို့သည် ဈေးအလယ်၌ထိုင်နေကြလျက် ငါတို့သည် သီဆိုတီးမှုတ်ပေးကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ ညည်းတွားမြည်တမ်းသော်လည်း သင်တို့မငိုကြဟု အချင်းချင်းပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။- | |
Luke | BurCBCM | 7:33 | အကြောင်းမူကား ယောဟန်ဘတ္တိဇံသည် အစားအစာကိုမစား၊ စပျစ်ရည်ကိုလည်း မသောက်ဘဲ လာသောအခါ သင်တို့က သူသည် နတ်ဆိုးပူးနေသည် ဟုဆိုကြ၏။- | |
Luke | BurCBCM | 7:34 | လူသားသည် စားသောက်လျက်လာသောအခါ သင်တို့က ကြည့်လော့၊ ဤသူသည် အစားကြူးသောသူ၊ သေရည် သောက်ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူတို့၏ မိတ်ဆွေပင်ဖြစ်သည်ဟု ဆိုကြ၏။- | |
Luke | BurCBCM | 7:36 | ဖာရီဇေးဦးတစ်ယောက်သည် မိမိနှင့်အတူ အစာသုံးဆောင်ရန် ကိုယ်တော့်ကိုခေါ်ဖိတ်သဖြင့် ကိုယ်တော်သည် ထိုဖာရီဇေးဦး၏ အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူလေ၏။- | |
Luke | BurCBCM | 7:37 | ထိုအချိန်၌ မြို့ထဲမှအပြစ်ရှိသူ အမျိုးသမီးတစ်ဦးသည် ဖာရီဇေးဦး၏ အိမ်ရှိစားပွဲ၌ ကိုယ်တော် ထိုင်နေတော်မူကြောင်းကို ကြားသိလျှင် ကျောက်ဖြူဘူးတစ်လုံးဖြင့် ဆီမွှေးကို ယူဆောင်လာ၏။- | |
Luke | BurCBCM | 7:38 | ထို့နောက် သူမသည် ကိုယ်တော်၏ အနောက်ဘက်၊ ခြေတော်ရင်း၌ရပ်ကာ ငိုကြွေးလျက် ကိုယ်တော်၏ ခြေတို့ကို သူမ၏မျက်ရည်တို့ဖြင့် စိုစွတ်စေပြီးမှ ယင်းတို့ကို သူမ၏ဦးခေါင်းရှိဆံပင်ဖြင့် သုတ်လေ၏။ သူမသည် ကိုယ်တော်၏ ခြေတို့ကိုလည်း နမ်းပြီးလျှင် ဆီမွှေးဖြင့် လိမ်းကျံလေ၏။- | |
Luke | BurCBCM | 7:39 | ကိုယ်တော့်ကို ခေါ်ဖိတ်သော ဖာရီဇေးဦးသည်လည်း ဤအခြင်းအရာကို မြင်လေသော် ဤသူသည် ပရောဖက်ဖြစ်ပါလျှင် မိမိ၏ ခြေကိုကိုင်သောအမျိုးသမီးသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ သူမသည် မည်ကဲ့သို့သောအမျိုးသမီးဖြစ်သည် ကိုလည်းကောင်း သိပေလိမ့်မည်။ အကြောင်းမူကား သူမသည် အပြစ်ရှိသောသူဖြစ်သည်ဟု စိတ်ထဲ၌ဆိုလေ၏။- | |
Luke | BurCBCM | 7:40 | ယေဇူးကလည်း စီမွန်၊ သင့်အား ငါပြောစရာ တစ်ခုရှိသည်ဟု သူ့အား မိန့်တော်မူလျှင် သူက အမိန့်ရှိတော်မူပါ ဆရာသခင်ဟု ပြန်ဖြေလေ၏။- | |
Luke | BurCBCM | 7:41 | ကိုယ်တော်က ငွေချေးသောသူတစ်ဦးထံ၌ အကြွေးတင်နေသူနှစ်ဦးရှိ ၏။ တစ်ဦးသည် ငွေဒေနာရီငါးရာ၊ အခြားတစ်ဦးသည် ကား ငါးဆယ်အကြွေးတင်လျက်ရှိကြ၏။- | |
Luke | BurCBCM | 7:42 | သူတို့သည် အကြွေးမဆပ်နိုင်ကြသဖြင့် ငွေချေးသူသည်လည်း သူတို့နှစ်ဦးစလုံး၏ အကြွေးများကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်းဟု မေးတော်မူ၏။- | |
Luke | BurCBCM | 7:43 | စီမွန်ကလည်း အကြွေးများစွာလျှော်ပစ်ခြင်းခံရသူသည် ပို၍ချစ်မည်ထင်ပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း သင်သည် မှန်ကန်စွာဖြေဆိုလေပြီဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 7:44 | ထို့နောက် ကိုယ်တော်သည် အမျိုးသမီးဘက်သို့ လှည့်၍ စီမွန်အား မိန့်တော်မူသည်မှာ ဤအမျိုးသမီးကို သင်မြင်သလော။ ငါသည် သင်၏အိမ်ထဲသို့ဝင်လာသောအခါ ငါ၏ခြေတို့ကိုဆေးရန် သင်သည် ငါ့အား ရေကိုမပေး။ သို့သော် သူမသည် မျက်ရည်ဖြင့် ငါ၏ခြေကိုဆေး ပြီးမှ သူမ၏ဆံပင်နှင့် သုတ်လေ၏။- | |
Luke | BurCBCM | 7:45 | သင်သည် ငါ့ကို မနမ်း။ သူမသည်ကား ငါဝင်လာသည့်အချိန်မှစ၍ ငါ၏ခြေတို့ကို အဆက်မပြတ်နမ်း၏။- | |
Luke | BurCBCM | 7:47 | ထို့ကြောင့် သင့်အား ငါဆိုသည်ကား များပြားလှသောသူမ၏အပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရလေပြီ။ အကြောင်းမူကား သူမသည် များစွာချစ်၏။ အနည်းငယ်သာ အပြစ်လွှတ်ခြင်းခံရသူသည် အနည်းငယ်သာချစ်၏ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 7:49 | ထိုအခါ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေကြသောသူတို့က အပြစ်များကိုပင် ဖြေလွှတ်သောဤသူသည် မည်သူနည်းဟု အချင်းချင်းပြောဆိုကြလေ၏။- | |
Chapter 8
Luke | BurCBCM | 8:1 | ထို့နောက် ကိုယ်တော်သည် မြို့ ရွာများသို့ လှည့်လည်တော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောသွန်သင်တော်မူ၏။ တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။- | |
Luke | BurCBCM | 8:2 | နတ်ဆိုးပူးခြင်းနှင့် အနာရောဂါများမှ ပျောက်ကင်းချမ်းသာရာရခဲ့သောအမျိုးသမီးအချို့တို့သည်လည်း လိုက်ပါလာကြ၏။ သူတို့သည်ကား နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဒလေးနာခေါ် မာရိယာ၊- | |
Luke | BurCBCM | 8:3 | ဟေရုဒ်၏ဘဏ္ဍာစိုးဖြစ်သော ခုဇာ၏ဇနီး ဂျိုအန္နာ၊ ဇူဇားနာနှင့် အခြားသူများဖြစ်ပြီး ၎င်းတို့သည် မိမိတို့ ပိုင်ဆိုင်သမျှသော ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့် တပည့်တော်တို့အား အလုပ်အကျွေးပြုကြ၏။ | |
Luke | BurCBCM | 8:4 | များစွာသောလူအစုအဝေးတို့သည် စုဝေးလာကြပြီး မြို့ရွာအသီးသီးတို့မှလူတို့သည် အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် ပုံဥပမာဖြင့် မိန့်တော်မူသည်ကား၊- | |
Luke | BurCBCM | 8:5 | မျိုးစေ့ကြဲသောသူတစ်ဦးသည် မိမိမျိုးစေ့ကိုကြဲရန် ထွက်သွားလေ၏။ သူသည် မျိုးစေ့ကြဲသောအခါ အချို့သော မျိုးစေ့တို့သည် လမ်းပေါ်၌ကျသဖြင့် ခြေဖြင့်နင်းခြေခြင်းခံကြရပြီး ကောင်းကင်ငှက်တို့သည် ၎င်းတို့ကို လာစားကြ၏။- | |
Luke | BurCBCM | 8:6 | အချို့မျိုးစေ့တို့သည်လည်း ကျောက်ဆောင်ပေါ်၌ကျသဖြင့် အပင်ပေါက်လာပြီးနောက် အစိုဓာတ် ကင်းမဲ့သဖြင့် ညှိုးခြောက် သွားကြလေ၏။- | |
Luke | BurCBCM | 8:7 | အချို့မျိုးစေ့တို့သည် ဆူးပင်တို့အလယ်တွင် ကျ၍ ဆူးပင်တို့သည် အတူကြီးထွားသောကြောင့် ၎င်းတို့ကို လွှမ်းမိုးကြ၏။- | |
Luke | BurCBCM | 8:8 | အချို့သောမျိုးစေ့တို့သည်ကား ကောင်းသောမြေပေါ်တွင် ကျသဖြင့် ကြီးထွားပြီးလျှင် အသီးအဆတစ်ရာ သီးကြလေ၏။ ကိုယ်တော်သည် ဤသို့မိန့်တော်မူပြီးမှ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု ကြွေးကြော်တော်မူ၏။ | |
Luke | BurCBCM | 8:9 | ထို့နောက် တပည့်တော်တို့သည် ဤပုံဥပမာ၏ အဓိပ္ပာယ်ကို ကိုယ်တော်အား မေးလျှောက်ကြသောအခါ၊- | |
Luke | BurCBCM | 8:10 | ကိုယ်တော်က သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသော အကြောင်းအရာကို သိခွင့်ရကြ၏။ အခြား သူတို့မူကား မြင်လျက်နှင့် မတွေ့နိုင်စေရန်၊ ကြားလျက်နှင့် နားမလည်နိုင်ကြစေရန် သူတို့ကို ပုံဥပမာဖြင့် ဟောပြောရခြင်း ဖြစ်၏။ | |
Luke | BurCBCM | 8:11 | ပုံဥပမာ၏ အနက်အဓိပ္ပာယ်သည်ကား ဤသို့ဖြစ်၏။ မျိုးစေ့သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားဖြစ်၏။- | |
Luke | BurCBCM | 8:12 | လမ်းပေါ်၌ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာခဲ့ကြသူများဖြစ်၏။ ထို့နောက် ထိုသူတို့ ယုံကြည်၍ ကယ်တင်ခြင်းမခံရအောင် နတ်ဆိုးသည်လာ၍ သူတို့၏စိတ်နှလုံးထဲမှ နှုတ်တော်ထွက်စကားကို နုတ်ယူသွား လေ၏။- | |
Luke | BurCBCM | 8:13 | ကျောက်ဆောင်ပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာရလျှင် ဝမ်းမြောက်ဝမ်းသာ လက်ခံကြသော်လည်း အမြစ်မတွယ်နိုင်သောကြောင့် ခေတ္တခဏသာ ယုံကြည်သဖြင့် နှောင့်ယှက်ခြင်းခံရသောအခါ တရား တော်ကို စွန့်ခွာသွားသောသူတို့ကိုဆိုလို၏။- | |
Luke | BurCBCM | 8:14 | တစ်ဖန် ဆူးပင်တို့အလယ်တွင် ကျရောက်သောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာရသော်လည်း မိမိတို့ဘ၀တွင် လောကီရေးရာတို့၌ စိုးရိမ်ကြောင့်ကြခြင်း၊ ချမ်းသာကြွယ်၀ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့က လွှမ်းမိုး သောကြောင့် အသီးမသီးနိုင်သော သူတို့ကို ဆိုလို၏။- | |
Luke | BurCBCM | 8:15 | ကောင်းသောမြေပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကိုကြားနာ၍ ဖြောင့်မတ်စင်ကြယ်သော နှလုံးဖြင့် စွဲမြဲစွာခံယူသောကြောင့် အဆုံးတိုင်အောင် တည်တံ့လျက် အသီးသီးသောသူများကို ဆိုလိုခြင်းဖြစ်၏။ | |
Luke | BurCBCM | 8:16 | ထို့ပြင် မည်သူမျှ ဆီမီးကိုထွန်း၍ တောင်းဖြင့်အုပ်ထားလေ့မရှိ။ အိပ်ရာအောက်တွင်လည်း ထားလေ့မရှိ။ ဝင်လာသော သူတို့သည် အလင်းကိုမြင်နိုင်စေရန် ဆီမီးကို မီးခုံပေါ်၌တင်ထားလေ့ရှိကြ၏။- | |
Luke | BurCBCM | 8:17 | အကြောင်းမူကား ဝှက်ကွယ်ထားသဖြင့် အထင်အရှားမဖော်ပြနိုင်သည့် အရာဟူ၍မရှိချေ။ လျှို့ဝှက်ထားသဖြင့် မသိမမြင်ရဘဲ အလင်းသို့မရောက်မည့်အရာဟူ၍လည်းမရှိချေ။- | |
Luke | BurCBCM | 8:18 | သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှ သူ့တွင်ရှိသည်ဟု ထင်ရသော အရာကိုပင် သိမ်းယူလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 8:19 | ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီတော်တို့သည် အထံတော်သို့လာကြ၏။ သို့သော် သူတို့သည် လူအစုအဝေး တို့ကြောင့် အထံတော်သို့ မချဉ်းကပ်နိုင်ကြချေ။- | |
Luke | BurCBCM | 8:20 | တစ်စုံတစ်ယောက်က ကိုယ်တော်၏မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော့်ကိုတွေ့လို၍ အပြင်၌ရပ်နေ ကြပါသည်ဟု ကိုယ်တော်အား လျှောက်သော်၊- | |
Luke | BurCBCM | 8:21 | ကိုယ်တော်က ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်ကို ကြားနာ၍ လိုက်နာကျင့်သုံးသောသူတို့သည် ငါ၏အမိနှင့် ငါ၏ညီများဖြစ်ကြ၏ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 8:22 | တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်တော်မူ၍ အိုင်တစ်ဖက်ကမ်းသို့ ကူးကြစို့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ရွက်လွှင့်သွားကြလေ၏။- | |
Luke | BurCBCM | 8:23 | ထိုသို့ သူတို့သွားကြစဉ်တွင် ကိုယ်တော်သည် ကျိန်းစက်တော်မူ၏။ ထိုအချိန်၌ အိုင်တွင် လေမုန်တိုင်းကျသဖြင့် လှေအတွင်း၌ ရေပြည့်လာသောကြောင့် တပည့်တော်တို့သည် အန္တရာယ်နှင့်တွေ့ကြုံကြ၏။- | |
Luke | BurCBCM | 8:24 | ထိုအခါ သူတို့သည် သွား၍ ကိုယ်တော့်ကိုနှိုးလျက် သခင်၊ သခင်၊ တပည့်တော်တို့ သေကြရပါတော့မည်ဟု လျှောက်ကြ၏။ ကိုယ်တော်သည်လည်း ထ၍ လေနှင့်လှိုင်းတံပိုးတို့ကို ကြိမ်းမောင်းတော်မူသောအခါ လှိုင်းလေတို့သည် ရပ်တန့်သွားပြီး ထိုနေရာ၌ ငြိမ်သက်သွားလေ၏။- | |
Luke | BurCBCM | 8:25 | ကိုယ်တော်ကလည်း သင်တို့၏ယုံကြည်ခြင်း သည် အဘယ်မှာရှိသနည်းဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့အံ့ဩကြ၍ ဤသူကား မည်သူဖြစ်သနည်း၊ သူသည် လေနှင့်လှိုင်းတံပိုးတို့ကို အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည် တကားဟု အချင်းချင်းပြောဆိုကြ၏။ | |
Luke | BurCBCM | 8:26 | ထို့နောက် သူတို့သည် ဂါလေလေးယပြည်မှ အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ ရောက်ကြလေ၏။- | |
Luke | BurCBCM | 8:27 | ကိုယ်တော်သည် ကုန်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးဝင်နေသောလူတစ်ယောက် သည် ကိုယ်တော့်ထံသို့ လာလေ၏။ သူသည် ထိုမြို့မှဖြစ်၍ ကာလကြာမြင့်စွာကပင် အဝတ်အစားမဝတ်၊ အိမ်တွင်လည်းမနေဘဲ သခင်္ျိုင်းဂူများအကြား တွင် နေထိုင်ခဲ့၏။- | |
Luke | BurCBCM | 8:28 | ထိုသူသည် ယေဇူးကိုမြင်သောအခါ အော်ဟစ်၍ ရှေ့တော်၌ပျပ်ဝပ်လျက် အမြင့်မြတ်ဆုံးသောဘုရား၏သား တော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်၌ မည်သည့် အရာကို ပြုလုပ်လိုပါသနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲ တော်မမူရန် တောင်းပန်ပါသည်ဟု ကျယ်လောင်သော အသံဖြင့် အသနားခံလေ၏။- | |
Luke | BurCBCM | 8:29 | အကြောင်းမူကား ကိုယ်တော်သည် ညစ်ညူးသောနတ်ဆိုးကို ထိုသူ့ထံမှ ထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့် တည်း။ နတ်ဆိုးသည်ကား ထိုသူ့ကို ကြိမ်ဖန်များစွာပူးဝင်ခဲ့၏။ သူ၏ခြေလက်တို့ကို သံကြိုးဖြင့်ချည်နှောင်၍ အစောင့် အကြပ်ဖြင့် ထားကြသော်လည်း သူသည် သံကြိုးများကိုချိုးဖြတ်ပြီး နတ်ဆိုးသည် သူ့ကို တောကန္တာရသို့မောင်းထုတ်တတ် လေ၏။- | |
Luke | BurCBCM | 8:30 | ယေဇူးကလည်း သင်၏အမည်ကား မည်သူနည်းဟု သူ့ကိုမေးတော်မူလျှင် သူက လေဂျင်ဖြစ်ပါသည်ဟု ပြန်ဖြေလေ၏။ အကြောင်းမူကား သူ့ ၌ နတ်ဆိုးများစွာ ပူးဝင်နေသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 8:31 | နတ်ဆိုးတို့ကလည်း မိမိတို့ကို နက်ရှိုင်းသောငရဲထဲသို့စေလွှတ်ခြင်းမပြုပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။ | |
Luke | BurCBCM | 8:32 | ထိုအချိန်၌ ကြီးမားသော ဝက်အုပ်တစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။ နတ်ဆိုးတို့က မိမိတို့ကို ဝက်များ၌ ပူးဝင်ခွင့်ပြုပါရန် တောင်းပန်ကြလျှင် ကိုယ်တော်သည် သူတို့ကို အခွင့်ပေးတော်မူ၏။- | |
Luke | BurCBCM | 8:33 | ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်ခွာ၍ ဝက်များထဲသို့ ဝင်ကြသဖြင့် ဝက်အုပ်တစ်အုပ်လုံးသည် မတ်စောက်သော ကမ်းပါးအတိုင်း ရေအိုင်တွင်းသို့ တစ်ဟုန်ထိုးပြေးဆင်းလေရာ ရေတွင်နစ်မြုပ်၍ သေဆုံးကြကုန်၏။ | |
Luke | BurCBCM | 8:34 | ဝက်များကို ထိန်းကျောင်းနေသောသူတို့သည် ဖြစ်ပျက်သမျှ ကိုမြင်ကြသောအခါ ထွက်ပြေးကြ၍ မြို့တွင်း၊ မြို့ ပြင်အနှံ့ ဤအကြောင်းကို ပြောပြကြ၏။- | |
Luke | BurCBCM | 8:35 | ထိုအခါ လူတို့သည် ဖြစ်ပျက်သမျှကိုကြည့်ရှုရန် ထွက်လာကြ၏။ သူတို့သည် ယေဇူး၏အထံတော်သို့ရောက်လာကြလျှင် နတ်ဆိုးတို့စွန့်ခွာသွားသောသူမှာ အဝတ်များဝတ်ဆင် လျက် မူမှန်သောစိတ်ဖြင့် ယေဇူး၏ခြေတော်ရင်း၌ ထိုင် လျက်ရှိသည်ကို တွေ့မြင်ကြသောကြောင့် ကြောက်ရွံ့တုန်လှုပ်ကြ၏။- | |
Luke | BurCBCM | 8:36 | အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူများကလည်း နတ်ဆိုးများပူးနေခဲ့သောသူသည် မည်ကဲ့သို့ ပျောက်ကင်းချမ်းသာရာ ရခဲ့သည်ကို သူတို့အား ပြောပြကြလေ၏။- | |
Luke | BurCBCM | 8:37 | ထိုအခါ ဂျေရာဇင်နယ်တစ်ခုလုံးမှ လူအပေါင်းတို့သည် လွန်စွာကြောက်ရွံ့တုန်လှုပ်ကြသဖြင့် မိမိတို့၏ဒေသမှ ထွက်ခွာ သွားတော်မူပါရန် ကိုယ်တော့်ကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်ကြွသွားတော်မူ၏။- | |
Luke | BurCBCM | 8:38 | နတ်ဆိုးများ စွန့်ခွာသွားခဲ့သောသူကလည်း ကိုယ်တော်နှင့် လိုက်ပါခွင့်ပြုပါရန် တောင်းပန်လေ၏။ သို့သော် ကိုယ်တော် သည် သူ့ကိုပြန်လွှတ်ပြီးလျှင်၊- | |
Luke | BurCBCM | 8:39 | သင်၏အိမ်သို့ပြန်၍ သင့်၌ ဘုရားသခင်ပြုတော်မူသမျှကို ပြောကြားလော့ဟု မိန့်တော်မူ၏။ သူသည်လည်း ထွက်သွား၍ မိမိအတွက် ယေဇူးပြုတော်မူခဲ့သမျှကို တစ်မြို့လုံးတွင် ကြေညာလေ၏။ | |
Luke | BurCBCM | 8:40 | ယေဇူးပြန်ကြွလာတော်မူသောအခါ လူအစုအဝေးတို့သည် ကိုယ်တော့်ကို ကြိုဆိုကြလေ၏။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် ကိုယ်တော့်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 8:41 | ထိုအခါ ဂျိုင်ရုအမည်ရှိသော တရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ရောက်လာ၍ ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် မိမိအိမ်သို့ ကြွလာတော်မူပါမည့်အကြောင်း အသနားခံတောင်းလျှောက်လေ၏။- | |
Luke | BurCBCM | 8:42 | အကြောင်းမူကား သူ၏တစ်ဦးတည်းသော တစ်ဆယ့်နှစ်နှစ်အရွယ်သမီးငယ်သည် သေလုဆဲဆဲဖြစ်နေသောကြောင့်တည်း။ ကိုယ်တော်ကြွသွားတော်မူစဉ် လူအစုအဝေးတို့သည် ကိုယ်တော့်ကို ထိလုမတတ်တိုးဝှေ့နေကြ၏။- | |
Luke | BurCBCM | 8:43 | ထိုအချိန်၌ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ် နေသောအမျိုးသမီးတစ်ဦးရှိ၏။ သူမသည် မိမိ၌ရှိသမျှ ငွေကြေးဥစ္စာများကို ဆေးဆရာများအတွက် အကုန်အကျခံသော်လည်း မည်သူကမျှ သူမကိုပျောက်ကင်းစေရန် ကုသနိုင်ခြင်း မရှိချေ။- | |
Luke | BurCBCM | 8:44 | သူမသည်လည်း ကိုယ်တော်၏နောက်တော်မှ ချဉ်းကပ်လျက် ဝတ်ရုံတော်၏ ပန်းပွားစကို တို့ထိသည်နှင့်တစ်ပြိုင်နက် သူမ ခံစားနေရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။- | |
Luke | BurCBCM | 8:45 | ထိုအခါ ယေဇူးက မည်သူသည် ငါ့ကိုတို့ထိသနည်းဟု မေးတော်မူလျှင် လူအားလုံးက ငြင်းဆိုကြ၏။ ပေတရုက သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်ဟု လျှောက်လေ၏။- | |
Luke | BurCBCM | 8:46 | သို့သော် ကိုယ်တော်က တစ်စုံတစ်ယောက်သည် ငါ့ကိုတို့ထိခဲ့လေပြီ။ အကြောင်းမူကား ငါ၏ကိုယ်မှ တန်ခိုးထွက်သွား သည်ကို ငါသိလိုက်၏ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 8:47 | ထိုအမျိုးသမီးသည်လည်း မိမိမှာ ပုန်းကွယ်၍ မရနိုင်ကြောင်းကို သိရှိသဖြင့် ကြောက်ရွံ့တုန်လှုပ်စွာလာ၍ ရှေ့တော်၌ ပျပ်ဝပ်လျက် အဘယ်ကြောင့် ကိုယ်တော့်ကို တို့ထိရကြောင်းနှင့် ရုတ်တရက် ရောဂါပျောက်ကင်းသွားကြောင်းကို လူအပေါင်း တို့ရှေ့တွင် ဝန်ခံပြောဆိုလေ၏။- | |
Luke | BurCBCM | 8:48 | ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ၊ ငြိမ်ချမ်းသာယာခြင်းနှင့် သွားလော့ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 8:49 | ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တရားဇရပ်မှူး၏ အိမ်မှလူတစ်ယောက်သည် ရောက်လာ၍ သင်၏သမီး သေဆုံးလေပြီ။ ဆရာသခင်ကို ဆက်၍ဒုက္ခမပေးပါနှင့်ဟု တရားဇရပ်မှူးအား ဆိုလေ၏။- | |
Luke | BurCBCM | 8:50 | ယေဇူးသည်ကား ဤစကားကိုကြားသောအခါ မကြောက်လေနှင့်။ ယုံကြည်ခြင်းသာရှိလော့။ သူငယ်မသည် ကျန်းမာ လာလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 8:51 | ကိုယ်တော်သည်လည်း ထိုအိမ်သို့ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဘများမှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်အတွင်းသို့ဝင်ရန်ခွင့်ပြုတော်မမူချေ။- | |
Luke | BurCBCM | 8:52 | လူအပေါင်း တို့သည်လည်း သူငယ်မအတွက် ပူဆွေးငိုကြွေးလျက် ရှိကြ၏။ သို့သော် ကိုယ်တော်က မငိုကြနှင့်။ သူငယ်မ သေဆုံးသည် မဟုတ်။ အိပ်ပျော်နေသည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 8:55 | ထိုအခါ သူငယ်မ၏ အသက်ဝိညာဉ်ပြန်ဝင်လာပြီးလျှင် သူမသည် ချက်ချင်းထလေ၏။ ကိုယ်တော်သည် စားစရာ တစ်စုံတစ်ခုကို သူငယ်မအား ပေးရန် မိန့်တော်မူ၏။- | |
Chapter 9
Luke | BurCBCM | 9:1 | ကိုယ်တော်သည် တမန်တော် တစ်ဆယ့်နှစ်ပါးတို့ကို အတူတကွခေါ်ပြီးလျှင် နတ်ဆိုးအပေါင်းတို့ကို နှင်ထုတ်နိုင်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစေနိုင်ရန် တန်ခိုးအာဏာတို့ကို သူတို့အား ပေးတော်မူ၏။- | |
Luke | BurCBCM | 9:2 | ထို့နောက် ကိုယ်တော်သည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကုသ ပျောက်ကင်းစေရန် သူတို့ကို စေလွှတ်တော်မူ၏။- | |
Luke | BurCBCM | 9:3 | ကိုယ်တော်က သင်တို့သွားရမည့်လမ်းခရီးအတွက် မည်သည့်အရာကိုမျှ ယူဆောင်မသွားကြလေနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ စားစရာနှင့် ငွေကြေးတို့ကို သယ်ဆောင်မသွားကြနှင့်။ ဝတ်ရုံကိုလည်း နှစ်ထည်ယူမသွားလေနှင့်။- | |
Luke | BurCBCM | 9:4 | မည်သည့်အိမ်ကိုမဆို သင်တို့ဝင်ကြလျှင် ထိုအိမ်၌နေထိုင်၍ ထိုနေရာမှပင် ပြန်လည်ထွက်ခွာကြလော့။- | |
Luke | BurCBCM | 9:5 | သင်တို့ကို လက်မခံသူများရှိလျှင် ထိုမြို့မှထွက်ခွာသောအခါ ထိုသူတို့အတွက် သက်သေခံဖြစ်စေခြင်းငှာ သင်တို့၏ ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 9:6 | သူတို့သည်လည်း ထွက်သွားကြ၍ မြို့ရွာများသို့ လှည့်လည်ကာ အရပ်ရပ်၌ ဧဝံဂေလိသတင်းကောင်းကို ဟောပြောလျက် အနာရောဂါများကို ပျောက်ကင်းစေကြ၏။ | |
Luke | BurCBCM | 9:7 | ဘုရင်ခံဟေရုဒ်မင်းသည် ဖြစ်ပျက်သမျှအားလုံးကို ကြားလျှင် သူ့စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်လေ၏။ အကြောင်း မူကား အချို့က ယောဟန်သည် သေရာမှပြန်ရှင်လေပြီဟု ဆိုကြ၏။- | |
Luke | BurCBCM | 9:8 | အချို့က ဧလိယပေါ်ထွန်းလာပြီ ဟူ၍လည်းကောင်း၊ အချို့က ရှေးကပရောဖက်တစ်ပါးပါး ရှင်ပြန်ထမြောက်လေပြီ ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 9:9 | ဟေရုဒ်မင်းက ငါသည် ယောဟန်၏ ဦးခေါင်းကိုဖြတ်ခဲ့ပြီဖြစ်၏။ သို့သော် ငါကြားနေရသော ဤသူသည်ကား မည်သူ ဖြစ်မည်နည်းဟုဆိုလျက် ကိုယ်တော့်ကိုတွေ့ မြင်ရန် ကြိုးစားလျက်နေလေ၏။ | |
Luke | BurCBCM | 9:10 | တမန်တော်တို့သည် အထံတော်သို့ ပြန်လာကြသောအခါ မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကို ကိုယ်တော်အား လျှောက်ထား ကြ၏။ ကိုယ်တော်သည်လည်း သူတို့ကိုခေါ်၍ ဘက်ဇိုင်းဒါမြို့သို့ ထွက်ခွာသွားတော်မူ၏။- | |
Luke | BurCBCM | 9:11 | လူအစုအဝေးတို့သည် ဤအကြောင်းကိုကြားသိသောအခါ ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့ကို လက်ခံ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်လျက် ကုသခြင်းကို လိုအပ်သောသူတို့အား ကုသပျောက်ကင်းစေတော်မူ၏။- | |
Luke | BurCBCM | 9:12 | ထိုအချိန်တွင် ညနေစောင်းပြီဖြစ်သောကြောင့် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည် ကိုယ်တော့်ထံသို့ ချဉ်းကပ်ကြလျက် လူအစုအဝေးတို့အား အနီးအနားရှိ ကျေးရွာများသို့သွား၍ တည်းခိုရန်နှင့် အစားအစာများကို ရှာဖွေနိုင်ရန် စေလွှတ်တော်မူပါ။ အကြောင်းမူကား တပည့်တော်တို့ ရောက်ရှိနေသော ဤနေရာသည် လူသူကင်းဝေးသည့်အရပ် ဖြစ်ပါသည်ဟုလျှောက်ကြ၏။- | |
Luke | BurCBCM | 9:13 | သို့သော် ကိုယ်တော်က သင်တို့သည် သူတို့အား စားစရာကို ပေးကြလော့ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ သူတို့က လည်း ဤလူအားလုံးတို့အတွက် စားစရာကို တပည့်တော်တို့ သွား၍မဝယ်ပါက တပည့်တော်တို့၌ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ထက် ပို၍မရှိပါဟု လျှောက်ကြ၏။- | |
Luke | BurCBCM | 9:14 | အကြောင်းမူကား ထိုနေရာ၌ ယောက်ျားဦးရေ ငါးထောင်ခန့်ရှိသောကြောင့်ဖြစ်၏။ ကိုယ်တော်ကလည်း ဤသူတို့ကို တစ်စုလျှင် လူငါးဆယ်စီစု၍ ထိုင်စေလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 9:16 | ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့မျှော်ကြည့်လျက် ကောင်းချီးပေးပြီးမှ ဖဲ့၍ ၎င်းတို့ကို လူအများရှေ့တွင် တည်ခင်းစေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။- | |
Luke | BurCBCM | 9:17 | လူအပေါင်းတို့သည်လည်း စား၍၀ကြပြီးမှ တပည့်တော်တို့သည် ကြွင်းကျန်သော မုန့်အကျိုးအပဲ့များကို ကောက်သိမ်း ကြရာ တစ်ဆယ့်နှစ်တောင်းအပြည့် ရကြလေ၏။ | |
Luke | BurCBCM | 9:18 | တစ်နေ့သ၌ ကိုယ်တော်သည် မိမိတစ်ပါးတည်း ဆုတောင်းနေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူ ရှိကြ၏။ ထိုအခါ ကိုယ်တော်က လူအစုအဝေး တို့သည် ငါမည်သူဖြစ်ကြောင်း ပြောဆိုကြသနည်းဟု သူ တို့အား မေးတော်မူ၏။- | |
Luke | BurCBCM | 9:19 | သူတို့ကလည်း အချို့က ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အခြားသူတို့က ရှေးပရော ဖက်တစ်ပါးပါး ပြန်ရှင်လာ သည်ဟူ၍ ပြောဆိုကြပါသည်ဟု ပြန်ဖြေကြ၏။- | |
Luke | BurCBCM | 9:20 | ကိုယ်တော်ကလည်း သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ပြောဆိုကြသနည်းဟု မေးတော်မူလျှင် ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော် ဖြစ်ပါသည်ဟု လျှောက်လေ၏။ | |
Luke | BurCBCM | 9:21 | သို့သော် ကိုယ်တော်က ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား ကြပ်တည်းစွာ တားမြစ်တော်မူလျက်၊- | |
Luke | BurCBCM | 9:22 | လူသားသည် ဒုက္ခများစွာခံရပြီး သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုခံရလိမ့်မည်။ သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 9:23 | ထို့နောက် ကိုယ်တော်က မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကို ငြင်းပယ်စေ။ မိမိလက်ဝါးကပ်တိုင်ကိုလည်း နေ့စဉ်ထမ်းယူ၍ ငါ့နောက်သို့လိုက်စေ။- | |
Luke | BurCBCM | 9:24 | အကြောင်းမူကား မိမိအသက်ကို ကယ်ဆယ်လိုသောသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသော သူသည် အသက်ကိုရလိမ့်မည်။- | |
Luke | BurCBCM | 9:25 | လူသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိကိုယ်မိမိဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။- | |
Luke | BurCBCM | 9:26 | မည်သူမဆို ငါ့အတွက်ကြောင့်သော်လည်းကောင်း၊ ငါ့စကားအတွက်သော်လည်းကောင်း ရှက်လျှင် လူသားသည် မိမိ အဖခမည်းတော်၏ ဘုန်းဂုဏ်တော်ကိုဆောင်၍ သန့်ရှင်းသော ကောင်းကင်တမန်တော်များ ခြံရံလျက် ကြွလာသောအခါ ထိုသူ့အတွက် ရှက်တော်မူလိမ့်မည်။- | |
Luke | BurCBCM | 9:27 | သို့ရာတွင် သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ ရပ်နေကြသောသူ အချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မီ သေကြရလိမ့်မည် မဟုတ်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 9:28 | ထိုသို့မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့ကြွတော်မူ၏။- | |
Luke | BurCBCM | 9:29 | ထို့နောက် ကိုယ်တော်သည် ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်၏ အသွင်သဏ္ဌာန်သည် ပြောင်းလဲ၍ အဝတ်တော် သည်လည်း ဖြူဖွေးတောက်ပလာလေ၏။- | |
Luke | BurCBCM | 9:30 | ထိုအချိန်တွင် လူနှစ်ယောက်သည် ကိုယ်တော်နှင့် စကားပြောလျက် ရှိကြ၏။ ထိုသူတို့သည်ကား မိုးဇက်နှင့်ဧလိယတို့ ဖြစ်ကြ၏။- | |
Luke | BurCBCM | 9:31 | သူတို့သည် ဘုန်းတန်ခိုးနှင့် ထင်ရှားစွာပေါ်လာ၍ ဂျေရုဆလင်မြို့၌ ဖြစ်လတ္တံ့သော ကိုယ်တော်၏ အသေခံတော်မူခြင်း အကြောင်းကိုပြောဆိုကြလေ၏။- | |
Luke | BurCBCM | 9:32 | ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည်ကား မျက်စိများလေးလံ၍ ငိုက်မျဉ်းနေကြ၏။ သို့ရာတွင် သူတို့ နိုးလာကြ သောအခါ ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေကြသော သူနှစ်ဦးကိုလည်းကောင်း မြင်ကြ၏။- | |
Luke | BurCBCM | 9:33 | ထိုသူတို့သည် ကိုယ်တော့်ထံတော်မှ ထွက်ခွာအံ့ဆဲဆဲအချိန်တွင် ပေတရုက ဆရာသခင်၊ ဤအရပ်သည် တပည့်တော်တို့အဖို့ နေရန်အလွန်ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင် ဆောက်ကြပါစို့ဟူ၍ မိမိပြောဆိုသည့်အရာကို မသိဘဲ ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 9:34 | သူသည် ဤသို့လျှောက်ထားစဉ် မိုးတိမ်တစ်ခုသည် ပေါ်လာ၍ သူတို့အပေါ်၌လွှမ်းမိုးလေ၏။ သူတို့သည်လည်း မိုးတိမ် တိုက်ထဲသို့ရောက်ရှိသောအခါ ကြောက်ရွံ့လျက်ရှိကြ ၏။- | |
Luke | BurCBCM | 9:35 | ထို့နောက် ဤသူသည် ငါ၏ချစ်သား၊ ငါရွေးချယ်ထားသောသူဖြစ်၏။ သူ့ကိုနားထောင်ကြလော့ဟူ၍ မိုးတိမ်ထဲမှအသံ ထွက်ပေါ်လာလေ၏။- | |
Luke | BurCBCM | 9:36 | ထိုအသံ ထွက်ပေါ်လာပြီးသည့်နောက် သူတို့သည် ယေဇူးတစ်ပါးတည်းကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့ သည်လည်း မိမိတို့ တွေ့မြင်ခဲ့သည့် အကြောင်းအရာများကို ထိုနေ့ရက်တို့၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။ | |
Luke | BurCBCM | 9:37 | နောက်တစ်နေ့၌ သူတို့သည် တောင်ပေါ်မှ ဆင်းလာကြသောအခါ များစွာသော လူအစုအဝေးသည် ကိုယ်တော့်ကို လာရောက်တွေ့ဆုံကြ၏။- | |
Luke | BurCBCM | 9:38 | ထိုအချိန်တွင် လူအစုအဝေးတို့ထဲမှ တစ်ယောက်က ဟစ်အော်သည်မှာ ဆရာသခင်၊ အကျွန်ုပ်၏သားကိုကြည့်ရှုပါရန် တောင်းပန်ပါသည်။ အကြောင်းမူကား သူသည် အကျွန်ုပ်၏ တစ်ဦးတည်းသောသား ဖြစ်ပါ၏။- | |
Luke | BurCBCM | 9:39 | နတ်ဆိုးသည် သူ၌ပူးဝင်သောကြောင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါသည်။ ၎င်းသည် သူ၏ပါးစပ်မှ အမြှုပ် ထွက်သည့်တိုင်အောင် သူ့ကို အပြင်းအထန်လှုပ်ခါ၍ နာကျင်စေပြီးမှသာ ခက်ခက်ခဲခဲထွက်သွားပါသည်။- | |
Luke | BurCBCM | 9:40 | ကိုယ်တော်၏ တပည့်တော်တို့အား နတ်ဆိုးကိုနှင်ထုတ်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါသော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်လေ၏။- | |
Luke | BurCBCM | 9:41 | ယေဇူးကလည်း ယုံကြည်ခြင်းကင်းမဲ့၍ ဖောက်ပြန်တတ်သော လူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှကြာအောင်နေ၍ သင်တို့ကို သည်းခံရမည်နည်းဟုဆိုလျက် သင်၏သားကို ဤနေရာသို့ ခေါ်ခဲ့လော့ဟု ထိုသူအား မိန့်တော်မူ၏။- | |
Luke | BurCBCM | 9:42 | ထိုသူငယ် ချဉ်းကပ်လာစဉ် နတ်ဆိုးသည် သူ့ကိုတွန်းလှဲပြီးမှ လှုပ်ခါ၍ တက်စေ၏။ သို့ရာတွင် ယေဇူးသည် ညစ်ညူးသော နတ်ဆိုးကို ကြိမ်းမောင်း၍ သူငယ်ကို ကုသပျောက်ကင်းစေပြီးမှ သူ့အား သူ၏ဖခင်ထံသို့ပြန်အပ်တော်မူ၏။- | |
Luke | BurCBCM | 9:43 | လူအပေါင်းတို့သည်ကား ဘုရားသခင်၏ ကြီးမြတ်သော ဘုန်းတန်ခိုးတော်ကို မြင်ရသောကြောင့် အံ့ဩကြလေ၏။ | |
Luke | BurCBCM | 9:44 | သင်တို့သည် ဤစကားများကို ကောင်းစွာမှတ်သားကြလော့။ အကြောင်းမူကား လူသားသည် လူတို့၏လက်တွင် အပ်နှံခြင်း ခံရလိမ့်မည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 9:45 | သို့ရာတွင် သူတို့သည် ဤစကားကို နားမလည်ကြ။ ဤစကားကို သူတို့မသိနိုင်အောင် ဖုံးကွယ်ထားလျက်ရှိ၏။ သူတို့သည်လည်း ကိုယ်တော်အား ဤအကြောင်းကိုမေးရန် ကြောက်ရွံ့ ကြ၏။ | |
Luke | BurCBCM | 9:46 | တပည့်တော်တို့သည် မိမိတို့ထဲတွင် မည်သူသည် အကြီးမြတ်ဆုံးနည်းဟူ၍ အချင်းချင်းငြင်းခုံနေကြ၏။- | |
Luke | BurCBCM | 9:47 | သို့ရာတွင် ယေဇူးသည် သူတို့၏စိတ်နှလုံးထဲမှ ထင်မြင်ခံစားချက်ကို သိမြင်တော်မူသဖြင့် သူငယ်တစ်ဦးကို မိမိ၏ အနီးတွင်ထားပြီးမှ၊- | |
Luke | BurCBCM | 9:48 | ငါ၏နာမ၌ ဤသူငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း လက်ခံ၏။ အကြောင်းမူကား သင်တို့တွင် အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 9:49 | ယောဟန်က ဆရာသခင်၊ ကိုယ်တော်၏နာမ၌ နတ်ဆိုးများကို နှင်ထုတ်သောသူတစ်ဦးကို တပည့်တော်တို့တွေ့ခဲ့ပါသည်။ သူသည် တပည့်တော်တို့နှင့်အတူ မလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်ဟု လျှောက်လေ၏။- | |
Luke | BurCBCM | 9:50 | သို့သော် ယေဇူးက ထိုသူ့ကို မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့နှင့် ဆန့်ကျင်ဘက် မပြုသောသူသည် သင်တို့ဘက်၌ ရှိသည်ဟု သူ့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 9:51 | ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရမည့်အချိန် နီးလာသောအခါ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။- | |
Luke | BurCBCM | 9:52 | ကိုယ်တော်သည် တမန်များကို ရှေ့တော်သို့ ကြိုတင်စေလွှတ်တော်မူသဖြင့် သူတို့သည် ကိုယ်တော့်အတွက် ပြင်ဆင်ခြင်းငှာ ဆမာရိယလူမျိုးတို့၏ ရွာတစ်ရွာသို့ဝင်ကြ၏။- | |
Luke | BurCBCM | 9:53 | သို့သော် ထိုရွာမှ လူတို့သည် ကိုယ်တော့်ကိုလက်မခံကြ။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 9:54 | ကိုယ်တော်၏ တပည့်တော်များ ဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်လည်း ဤအခြင်းအရာကို မြင်ကြသောအခါ သခင်ဘုရား၊ ကောင်းကင်မှမီး ကျလာ၍ သူတို့ကို လောင်ကျွမ်းပါစေဟူ၍ တပည့်တော်တို့အား ပြောစေရန် အလိုရှိပါသလောဟု မေးလျှောက်ကြ၏။- | |
Luke | BurCBCM | 9:57 | သူတို့သည် လမ်း၌သွားနေကြစဉ် လူတစ်ယောက်က ကိုယ်တော်ကြွသွားမည့် နေရာအရပ်ရပ်သို့ အကျွန်ုပ် လိုက်ပါမည်ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 9:58 | ထိုအခါ ယေဇူးက မြေခွေးတို့၌ တွင်းရှိ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူသား၌မူကား မိမိ၏ ခေါင်းချစရာ နေရာမရှိဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 9:59 | ကိုယ်တော်သည် အခြားသော သူတစ်ဦးအား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ သို့သော်လည်း ထိုသူက သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို သင်္ဂြိုဟ်ရန် ဦးစွာသွားပါရစေဟု လျှောက်လေ၏။- | |
Luke | BurCBCM | 9:60 | ထိုအခါ ကိုယ်တော်က လူသေတို့သည် မိမိတို့လူသေများကို သင်္ဂြိုဟ်ကြပါစေ။ သင်မူကား သွား၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောလော့ဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 9:61 | အခြားသော သူတစ်ဦးကလည်း သခင်ဘုရား၊ ကိုယ်တော်၏နောက်တော်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော် အကျွန်ုပ်၏ အိမ်တွင်ရှိသော သူတို့ကို ဦးစွာနှုတ်ဆက်ပါရစေဟု လျှောက်လေ၏။- | |
Chapter 10
Luke | BurCBCM | 10:1 | ထို့နောက် ကိုယ်တော်သည် အခြားသောတပည့်တော် အပါးခုနစ်ဆယ်တို့ကို ရွေးကောက်ပြီးလျှင် ကိုယ်တော်တိုင် ကြွရောက်မည့် မြို့ရွာအသီးသီးသို့ နှစ်ပါးစီကြိုတင် စေလွှတ်တော်မူ၏။- | |
Luke | BurCBCM | 10:2 | ထိုအခါ ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ရိတ်သိမ်းစရာအသီးအနှံ များစွာရှိ၏။ လုပ်ဆောင်သော သူတို့မူကား နည်းကြ၏။ ထို့ကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများကို စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက် ကြလော့။- | |
Luke | BurCBCM | 10:4 | ပိုက်ဆံအိတ်ကို လည်းကောင်း၊ လွယ်အိတ်ကိုလည်းကောင်း၊ ဖိနပ်ကိုလည်းကောင်း သင်တို့ယူဆောင်မသွားကြနှင့်။ လမ်း၌ လည်း မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။- | |
Luke | BurCBCM | 10:5 | မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ဦးစွာနှုတ်ဆက်ကြလော့။- | |
Luke | BurCBCM | 10:6 | ငြိမ်းချမ်းသာယာခြင်းကို လိုလားသောသူသည် ထိုနေရာ၌ရှိလျှင် သင်တို့၏ငြိမ်းချမ်းသာယာခြင်းသည် သူ့အပေါ်သို့ သက် ရောက်လိမ့်မည်။ သို့မဟုတ်လျှင် ၎င်းသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။- | |
Luke | BurCBCM | 10:7 | သင်တို့သည် ထိုအိမ်တွင်နေပြီးလျှင် သူတို့တည်ခင်းကျွေးမွေးသမျှကို စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်၏။ တစ်အိမ်မှတစ်အိမ်သို့ မရွှေ့ပြောင်းကြနှင့်။- | |
Luke | BurCBCM | 10:8 | မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကိုလက်ခံကြလျှင် သင်တို့ရှေ့တွင် တည်ခင်းကျွေးမွေးသမျှကို သင်တို့စားကြလော့။- | |
Luke | BurCBCM | 10:9 | ထိုအရပ်၌ရှိသော လူနာများကို ရောဂါပျောက်ကင်းစေကြ၍ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့နှင့်နီးလာပြီဟု သူတို့ အား ဆိုကြလော့။- | |
Luke | BurCBCM | 10:10 | သို့ရာတွင် မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကို လက်မခံကြလျှင် လမ်းများပေါ်သို့ထွက်ပြီး ဆိုရမည်မှာ၊- | |
Luke | BurCBCM | 10:11 | သင်တို့ကို ဆန့်ကျင်သည့်အနေဖြင့် ငါတို့၏ခြေတွင်ကပ်ပါလာသော သင်တို့မြို့မှမြေမှုန့်ကို ငါတို့ခါချလေပြီ၊ သို့သော် ဘုရား သခင်၏ နိုင်ငံတော်သည် နီးလာပြီကို သိမှတ်ကြလော့ ဟူ၍ဖြစ်၏။- | |
Luke | BurCBCM | 10:12 | သင်တို့အား ငါဆိုသည်မှာ တရားစီရင်သောနေ့၌ ဆောဒိုမာမြို့သည် ထိုမြို့ထက်ပို၍ ခံသာလိမ့်မည်။ | |
Luke | BurCBCM | 10:13 | အို ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဘက်ဇိုင်းဒါမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့တွင် ပြုခဲ့သောတန်ခိုးလက္ခဏာများကို တီရာနှင့်စီဒွန်မြို့တို့၌ ပြုခဲ့ပါမူ ထိုမြို့တို့သည် ကာလကြာမြင့်စွာကပင် လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ထိုင်လျက် နောင် တရခဲ့ကြပေလိမ့်မည်။- | |
Luke | BurCBCM | 10:14 | သို့ရာတွင် တရားစီရင်တော်မူသောနေ့၌ တီရာမြို့နှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ခံသာကြလိမ့်မည်။- | |
Luke | BurCBCM | 10:15 | အသင် ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်းကင်သို့တိုင်အောင် မြှောက်စားခြင်း ခံရမည်လော။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ | |
Luke | BurCBCM | 10:16 | သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ငြင်းပယ်သည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 10:17 | တပည့်တော်အပါး ခုနစ်ဆယ်တို့သည် ဝမ်းမြောက် ဝမ်းသာပြန်လာကြ၍ သခင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကြောင့် နတ်ဆိုးတို့ပင်လျှင် တပည့်တော်တို့ကို နာခံကြပါသည်ဟု လျှောက်ကြ၏။- | |
Luke | BurCBCM | 10:18 | ထိုအခါ ကိုယ်တော်က စာတန်သည် လျှပ်ပြက်သကဲ့သို့ ကောင်းကင်မှကျလာသည်ကို ငါမြင်ခဲ့ပြီ။- | |
Luke | BurCBCM | 10:19 | ကြည့်လော့၊ မြွေဆိုးများ၊ ကင်းမြီးကောက်များနှင့် ရန်သူ၏အစွမ်း ရှိသမျှတို့ကို နင်းခြေနိုင်သည့် အခွင့်အာဏာကို သင်တို့အား ငါပေးအပ်ထားသောကြောင့် မည်သည့်အရာကမျှ သင်တို့ကို ထိခိုက်စေလိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 10:20 | သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံသဖြင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြလေနှင့်။ သင်တို့၏ အမည်နာမများကို ကောင်းကင်၌ ရေးမှတ်ထားလျက်ရှိသောကြောင့်သာ ဝမ်းမြောက်ကြလော့ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 10:21 | ထိုအချိန်နာရီ၌ပင် ကိုယ်တော်သည် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်တော်မူသဖြင့် မြွက်ဆိုသည်ကား မိုးနှင့် မြေကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ပညာသတိနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏ ကောင်းမြတ်သောအလိုတော်ဖြစ်ပါ၏။- | |
Luke | BurCBCM | 10:22 | ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ့အား အပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်က ဖော်ပြရန် ရွေးချယ်ထားသူတို့ မှတစ်ပါး မည်သူမျ ှခမည်းတော်ကို မသိကြဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 10:23 | ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့လှည့်၍ သင်တို့ မြင်တွေ့ရသော အရာများကို မြင်ရသော မျက်စိတို့သည် မင်္ဂလာရှိကြ၏။- | |
Luke | BurCBCM | 10:24 | အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသေ ာပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့အား သီးခြားမိန့်တော်မူ၏။ | |
Luke | BurCBCM | 10:25 | ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ထ၍ ဆရာသခင်၊ ထာ၀ရအသက်ကို ပိုင်ဆိုင်ရန် မည်သည့်အရာကို အကျွန်ုပ်ပြုရပါမည်နည်း ဟုမေးလျှောက်လေ၏။- | |
Luke | BurCBCM | 10:26 | ကိုယ်တော်ကလည်း ပညတ်တရားကျမ်း၌ မည်ကဲ့သို့ရေးသားထားသနည်း၊ သင်မည်သို့ ဖတ်ရသနည်းဟု သူ့အား မေးတော်မူ၏။- | |
Luke | BurCBCM | 10:27 | သူကလည်း သင်၏အရှင်၊ ထာ၀ရဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်အစွမ်း ရှိသမျှ ချစ် လော့။ သင်နှင့်နီးစပ်သောသူကိုလည်း သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ ချစ်လော့ဟု ရေးထားကြောင်း ဖြေကြားလေ၏။- | |
Luke | BurCBCM | 10:28 | ထိုအခါ ကိုယ်တော်က သင်သည် မှန်ကန်စွာ ဖြေကြားလေပြီ။ ဤကဲ့သို့ပြုလျှင် သင်သည် အသက်ရှင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 10:29 | သို့သော် ထိုသူသည် မိမိကိုယ်မိမိ ဖြောင့်မတ်သူဖြစ်ကြောင်း ဖော်ပြလိုသဖြင့် အကျွန်ုပ်နှင့် နီးစပ်သောသူကား မည်သူနည်းဟု ယေဇူးအား မေးလေ၏။- | |
Luke | BurCBCM | 10:30 | ထိုအခါ ယေဇူးက ပြန်ဖြေတော်မူသည်မှာ လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရီခိုမြို့သို့သွားစဉ် လမ်းခရီး၌ ဓါးပြများ၏ လက်တွင်းသို့ ကျရောက်ခဲ့၏။ ထိုသူတို့သည်လည်း သူ၏အဝတ်များကိုချွတ်ယူ၍ သူ့ကိုရိုက်နှက်ကြပြီး သေလုမြောပါး အခြေအနေ၌ ထားခဲ့လျက် ထွက်သွားကြ၏။- | |
Luke | BurCBCM | 10:31 | ထိုအချိန်၌ ရဟန်းတစ်ပါးသည် ထိုလမ်းအတိုင်းဆင်းလာ၍ သူ့ကိုမြင်သောအခါ လမ်း၏အခြားတစ်ဖက်မှ ရှောင်၍ သွားလေ၏။- | |
Luke | BurCBCM | 10:32 | ထိုနည်းတူပင် လေဝိအမျိုးအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ ရောက်လာလျှင် သူ့ကိုမြင်သည်နှင့် လမ်း၏ အခြားတစ်ဖက်မှ ရှောင်သွားလေ၏။- | |
Luke | BurCBCM | 10:33 | သို့သော် ဆမာရိယလူမျိုးတစ်ဦးသည် ခရီးထွက်လာစဉ် ထိုသူရှိသောနေရာသို့ရောက်လာပြီး သူ့ကိုမြင်သောအခါ ကရုဏာသက်သဖြင့်၊- | |
Luke | BurCBCM | 10:34 | သူ့ထံသို့ချဉ်းကပ်၍ ဒဏ်ရာများပေါ်သို့ဆီနှင့် စပျစ်ရည်လောင်းပြီးမှ အဝတ်ဖြင့် စည်းထားပေးလေ၏။ ထို့နောက် သူသည် ထိုသူ့ကို မိမိ၏မြည်းပေါ်တွင်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွားကာ ပြုစုလေ၏။- | |
Luke | BurCBCM | 10:35 | နောက်တစ်နေ့၌ သူသည် ဒေနာရီနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အား ပေးလျက် သူ့ကို ပြုစုစောင့်ရှောက်ပါလော့။ နောက်ထပ်ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ ပေးပါမည်ဟု မှာထားခဲ့၏။- | |
Luke | BurCBCM | 10:36 | ဤသုံးဦးတွင် မည်သူသည် ဓားပြတို့၏လက်တွင်းကျ ရောက်သောသူနှင့် နီးစပ်သောသူဖြစ်သည်ဟု သင်ထင်သနည်းဟူ၍ မေးလေ၏။- | |
Luke | BurCBCM | 10:37 | ကျမ်းတတ်ဆရာကလည်း လူနာအပေါ် သနားကရုဏာစိတ် ပြသောသူဖြစ်ပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက သွား၍ ထိုနည်းတူပြုလော့ဟု သူ့ အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 10:38 | သူတို့သည် ခရီးဆက်ကြစဉ် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်သဖြင့် မာဿအမည်ရှိသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော့်ကို မိမိ၏အိမ်၌ လက်ခံကြိုဆိုလေ၏။- | |
Luke | BurCBCM | 10:39 | မာဿတွင် မာရိယာအမည်ရှိသော ညီမတစ်ဦးရှိ၍ သူမသည် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏ သွန်သင်ချက်များကို နားထောင်နေလေ၏။- | |
Luke | BurCBCM | 10:40 | မာဿမူကား ဧည့်ခံခြင်းအမှု၌ အလုပ်များလျက်ရှိသဖြင့် ကိုယ်တော်၏အထံတော်သို့ချဉ်းကပ်၍ သခင်ဘုရား၊ ကျွန်မ၏ ညီမဖြစ်သူသည် ကျွန်မတစ်ဦးတည်း ဧည့်ခံခြင်းအမှုဆောင်ရွက်ရန် ပစ်ထားသည်ကို သတိမမူပါသလော။ သို့ဖြစ်၍ ကျွန်မကို ကူညီစေရန် သူမအား အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- | |
Luke | BurCBCM | 10:41 | သို့သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင်သည် များစွာသော အမှုကိစ္စတို့အတွက် စိုးရိမ်ပူပန်ခြင်းရှိ၏။- | |
Chapter 11
Luke | BurCBCM | 11:1 | ကိုယ်တော်သည် တစ်နေရာ၌ ဆုတောင်းပတ္ထနာ ပြုလျက်ရှိတော်မူ၏။ ဆုတောင်း၍ ပြီးဆုံးသောအခါ ကိုယ်တော်၏ တပည့်တော်တစ်ဦးက သခင်ဘုရား၊ ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ တပည့်တော်တို့ ကိုလည်း သင်ပေးတော်မူ ပါဟု လျှောက်ထားလေ၏။- | |
Luke | BurCBCM | 11:2 | ကိုယ်တော်ကလည်း သင်တို့ဆုတောင်းသောအခါ ရွတ်ဆိုကြရမည်ကား၊ အိုအဖ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါ စေသော်။- | |
Luke | BurCBCM | 11:4 | အကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့၏အပြစ်ကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ နှောင့်ယှက်ခြင်း၌ အကျွန်ုပ်တို့ကို ကျရောက်စေတော်မမူပါနှင့် ဟူ၍ရွတ်ဆိုကြလော့ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:5 | ထို့နောက် ကိုယ်တော်က သင်တို့တွင် တစ်စုံတစ်ယောက်၌ မိတ်ဆွေရှိ၍ သူသည် ထိုမိတ်ဆွေထံသို့ ညသန်းခေါင်ယံအချိန်၌ သွားပြီးလျှင် အဆွေ၊ အကျွန်ုပ်အား ပေါင်မုန့်သုံးလုံးချေးငှားပါ။- | |
Luke | BurCBCM | 11:6 | အကြောင်းမူကား အကျွန်ုပ်၏ ဧည့်သည်တစ်ယောက်သည် ခရီးဝေးမှရောက်လာ၍ အကျွန်ုပ်၌ သူ့ကို တည်ခင်းဧည့်ခံစရာ မရှိပါဟုဆိုလျှင်၊- | |
Luke | BurCBCM | 11:7 | အိမ်ရှင်က ငါ့ကို မနှောင့်ယှက်ပါနှင့်။ ယခုတံခါးပိတ်ထားလေပြီ။ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူ အိပ်ရာဝင်ကြ ကုန်ပြီ။ ငါသည် အိပ်ရာမှထ၍ သင့်အား မည်သည့်အရာကိုမျှ မပေးနိုင်ပါဟု အိမ်အတွင်းမှပြန်ဖြေလိမ့်မည်။- | |
Luke | BurCBCM | 11:8 | သို့သော် သင်တို့အား ငါဆိုသည်ကား ထိုသူသည် သူ၏မိတ်ဆွေဖြစ်ခြင်းကြောင့် အိမ်ရှင်သည် အိပ်ရာမှထ၍ သူ့ကို တစ်စုံတစ်ခုပေးမည်မဟုတ်သော်လည်း ထိုသူ၏ ထပ်တလဲလဲတောင်းခံမှုကြောင့် အိမ်ရှင်သည် အိပ်ရာမှထ၍ ထိုသူအလိုရှိရာ မှန်သမျှကို သူ့အား ပေးလိမ့်မည်။- | |
Luke | BurCBCM | 11:9 | ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား တောင်းကြလော့။ တောင်းလျှင် သင်တို့အား ထိုအရာကိုပေးလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ ခေါက်ကြလော့။ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်။- | |
Luke | BurCBCM | 11:10 | အကြောင်းမူကား တောင်းသောသူတိုင်းသည် ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သော သူအားလည်း ဖွင့်ပေးလိမ့်မည်။- | |
Luke | BurCBCM | 11:13 | သို့ဖြစ်၍ ဆိုးမိုက်သောသင်တို့ပင်လျှင် ကောင်းသောအရာများကို သင်တို့၏သားသမီးများအား ပေးတတ်ကြပါက ကောင်းကင်ဘုံရှင်၊ သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သူတို့အား ဝိညာဉ်တော်မြတ်ကို ပို၍ပင် ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:14 | တစ်ချိန်တွင် ကိုယ်တော်သည် ဆွံ့အစေသော နတ်ဆိုးကိုနှင်ထုတ်တော်မူသဖြင့် နတ်ဆိုးထွက်သွားသောအခါ ဆွံ့အသောသူသည် စကားပြန်ပြောနိုင်လေ၏။ လူအစုအဝေးတို့သည်လည်း အံ့ဩကြ၏။- | |
Luke | BurCBCM | 11:15 | သို့သော် ထိုသူတို့တွင် အချို့က သူသည် နတ်ဆိုးတို့၏အကြီးအကဲ ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း ဖြစ်သည်ဟု ဆိုကြ၏။- | |
Luke | BurCBCM | 11:16 | အခြားသော သူတို့ကလည်း ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာ ကိုတောင်းခံကြ၏။- | |
Luke | BurCBCM | 11:17 | သို့သော် ကိုယ်တော်သည် သူတို့၏အတွင်းစိတ်ကိုသိသဖြင့် သူတို့အား မိန့်တော်မူသည်ကား မည်သည့်တိုင်းနိုင်ငံမဆို မိမိအတွင်း၌ စိတ်ဝမ်းကွဲ ပြားခြင်းရှိလျှင် ပြိုကွဲပျက်စီးလိမ့်မည်။ အိမ်ထောင်စုသည်လည်း အတွင်း၌ မသင့်မတင့်ဖြစ်ပါက ပြိုကွဲပျက်စီးလိမ့်မည်။- | |
Luke | BurCBCM | 11:18 | စာတန်သည်လည်း မိမိကိုယ်မိမိဆန့်ကျင်၍ ကွဲပြားလျှင် သူ၏နိုင်ငံသည် မည်ကဲ့သို့ ရပ်တည်နိုင်ပါမည်နည်း။ အကြောင်းမူကား ငါသည် ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုးများကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြ၏။- | |
Luke | BurCBCM | 11:19 | အကယ်၍ ငါသည် ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်လျှင် သင်တို့၏လူများသည် မည်သူ့ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သောသူများ ဖြစ်ကြလိမ့်မည်။- | |
Luke | BurCBCM | 11:20 | သို့ရာတွင် အကယ်၍ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်သည်ဖြစ်လျှင် ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အပေါ် ကျရောက်လေပြီ။- | |
Luke | BurCBCM | 11:21 | ခွန်အားကြီးသူတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကိုစောင့်ရှောက်လျှင် သူ၏ဥစ္စာပစ္စည်းတို့သည် လုံခြုံစွာရှိ၏။- | |
Luke | BurCBCM | 11:22 | သို့သော် သူ့ထက် ခွန်အားကြီးသူပေါ်လာသောအခါ သူ့ကို တိုက်ခိုက်အနိုင်ယူ၍ သူအားထားသော လက်နက်တန်ဆာတို့ကို ယူပြီးလျှင် သိမ်းဆည်းရမိသောပစ္စည်းတို့ကို ခွဲဝေယူလိမ့်မည်။- | |
Luke | BurCBCM | 11:23 | ငါ့ဘက်၌ မရှိသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူ မစုသိမ်းသောသူသည် ကြဲဖြန့်သူဖြစ်၏။ | |
Luke | BurCBCM | 11:24 | ညစ်ညူးသောနတ်ဆိုးသည် လူတစ်ဦးထံမှထွက်သွား၍ ခြောက်သွေ့သော လွင်ပြင်များတွင် လှည့်လည်ပြီး နားခိုရန် နေရာရှာသော်လည်း မတွေ့သဖြင့် ငါထွက်လာခဲ့သော အိမ်သို့ပြန်သွားမည်ဟု ဆိုလေ၏။- | |
Luke | BurCBCM | 11:26 | ထိုအခါ သူသည် သွား၍ မိမိထက်ဆိုးသွမ်းသော နတ်ဆိုးခုနစ်ကောင်ကို ခေါ်ဆောင်လာပြီးလျှင် သူတို့သည် ထိုလူ၌ ဝင်၍နေကြ၏။ ဤသို့ဖြင့် ထိုလူ၏ နောက်ဆုံးအဖြစ်သည် ယခင်အဖြစ်ထက် ပို၍ဆိုးလာသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:27 | ကိုယ်တော်သည် ဤအကြောင်းကိုမိန့်တော်မူစဉ် လူအစုအဝေးထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုမြှင့်၍ ကိုယ်တော့်ကို လွယ်သောဝမ်းနှင့် ကိုယ်တော်စို့တော် မူသောသားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 11:28 | သို့သော် ကိုယ်တော်က အမှန်ဆိုရလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို ကြားနာ၍ လိုက်နာကျင့်ကြံသော သူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:29 | လူအစုအဝေးသည် ပို၍များပြားလာသောအခါ ကိုယ်တော်သည် စတင်၍မိန့်တော်မူသည်ကား ဤလူမျိုးဆက်သည် ဆိုးညစ်သော လူမျိုးဆက်ဖြစ်၍ နိမိတ်လက္ခဏာကို တောင်း၏။ သို့သော် ယောန၏ နိမိတ်လက္ခဏာ မှတစ်ပါး မည်သည့် နိမိတ်လက္ခဏာကိုမျှ သူတို့အား ပေးလိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 11:30 | အကြောင်းမူကား ယောနသည် နီးနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်လည်း ဤလူမျိုးဆက်အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။- | |
Luke | BurCBCM | 11:31 | တရားစီရင်တော်မူသောနေ့၌ တောင်ဘက်တိုင်းပြည်၏ဘုရင်မသည် ထ၍ ဤလူမျိုးဆက်ကို အပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား သူမသည် ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကိုကြားနာရန် ကမ္ဘာအစွန်းမှလာရောက်ခဲ့၏။ ကြည့်လော့၊ ဤနေရာတွင်မူကား ဆောလမွန်မင်းကြီးထက် ကြီးမြတ်သောသူ ရှိ၏။- | |
Luke | BurCBCM | 11:32 | တရားစီရင်တော်မူသောနေ့၌ နီးနေဝေမြို့သားတို့သည် ထ၍ ဤလူမျိုးဆက်ကို အပြစ်စီရင်ကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောခြင်းကြောင့် နောင်တရခဲ့ကြ၏။ ကြည့်လော့၊ ဤနေရာတွင်မူကား ယောနထက် ကြီးမြတ်သော သူရှိ၏။ | |
Luke | BurCBCM | 11:33 | မည်သူကမျှ ဆီမီးကိုထွန်းပြီးလျှင် ကွယ်ရာ၌လည်းကောင်း၊ တောင်းဇလားအောက်၌လည်းကောင်း ထားလေ့မရှိ။ အိမ်အတွင်းသို့ ဝင်လာသောသူများ အလင်းကို မြင်နိုင်ရန် ဆီမီးကို မီးတင်ခုံပေါ်၌သာ တင်ထားလေ့ရှိကြ၏။- | |
Luke | BurCBCM | 11:34 | သင်၏မျက်စိသည် သင့်ခန္ဓာကိုယ်၏ ဆီမီးဖြစ်၏။ သင်၏မျက်စိအမြင်ကြည်လင်လျှင် သင်၏ခန္ဓာကိုယ် တစ်ခုလုံး အလင်းဖြင့် ပြည့်၀လိမ့်မည်။ သို့သော် သင်၏ မျက်စိအမြင် မကြည်လင်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံး မှောင်မိုက်ဖြင့် ဖုံးလွှမ်းလိမ့်မည်။- | |
Luke | BurCBCM | 11:36 | သို့ဖြစ်၍ သင်၏ကိုယ်ခန္ဓာတစ်ခုလုံး အလင်းနှင့်ပြည့်လျက် မှောင်မိုက်လုံး၀မရှိပါလျှင် ဆီမီးအလင်းရောင်သည် သင့်ကို အလင်းပေးသကဲ့သို့ သင့်ခန္ခာကိုယ်တစ်ခု လုံး ပြည့်၀စွာ ထွန်းလင်းတောက်ပလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:37 | ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် ဖာရီဇေးဦးတစ်ဦးသည် ကိုယ်တော့်ကို မိမိနှင့်အတူ ညစာသုံးဆောင်ရန် ဖိတ်သဖြင့် ကိုယ်တော်သည် ကြွဝင်၍ စားပွဲ၌ထိုင်တော်မူ ၏။- | |
Luke | BurCBCM | 11:38 | ကိုယ်တော်သည် အစာမစားမီ ရှေးဦးစွာ ဆေးကြောသန့်စင်ခြင်း မပြုသည်ကို မြင်သောအခါ ထိုဖာရီဇေးဦးသည် အံ့ဩလေ၏။- | |
Luke | BurCBCM | 11:39 | ကိုယ်တော်ကလည်း သူ့အား မိန့်တော်မူသည်ကား သင်တို့ဖာရီဇေးဦးများသည် ခွက်ဖလားနှင့် ပန်းကန်တို့၏ အပြင်ပိုင်းကို ဆေးကြောသန့်စင်ကြ၏။ သို့သော် သင်တို့၏အတွင်းစိတ်၌မူကား လုယက်ခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်းတို့ဖြင့် ပြည့်နေကြ၏။- | |
Luke | BurCBCM | 11:40 | အသင်လူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကို ဖန်ဆင်းသောအရှင် သည် အတွင်းစိတ်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။- | |
Luke | BurCBCM | 11:41 | သို့ဖြစ်၍ သင်တို့အတွင်းစိတ်၌ ရှိသည့်အတိုင်း ပေးကမ်းစွန့်ကြဲခြင်းအမှုကို ပြုကြလော့။ ထိုအခါ အရာရာတိုင်းသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။ | |
Luke | BurCBCM | 11:42 | သို့သော် အသင်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ ရူရွက်နှင့် အရွက်ရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့လှူကြလျက် တရားမျှတခြင်းနှင့် ဘုရားသခင်အား ချစ်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြ၏။ သင်တို့သည် အခြားသောအရာများကို လစ်ဟင်းခြင်းမရှိစေဘဲ ဤအချက်များကိုလည်း လိုက်နာကျင့်ကြံအပ်သည်။- | |
Luke | BurCBCM | 11:43 | အသင်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် တရားဇရပ်များ၌ အကောင်းဆုံး နေရာများကိုလည်းကောင်း၊ ဈေး၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။- | |
Luke | BurCBCM | 11:44 | သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အမှတ်အသားမရှိသည့် သခင်္ျိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းတို့ကို မသိသဖြင့် အပေါ်မှ ဖြတ်လျှောက်သွားကြ၏ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:45 | ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးက ဆရာသခင်၊ ကိုယ်တော်သည် ဤသို့ဆိုခြင်းအားဖြင့် အကျွန်ုပ်တို့ကိုလည်း ပြစ်တင်ရှုတ်ချရာ ရောက်ပါသည်ဟု လျှောက်လေ၏။- | |
Luke | BurCBCM | 11:46 | ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်ကား အသင်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်း မူကား သင်တို့သည် ထမ်းရန် ခက်ခဲသောဝန်ထုပ်များကို လူတို့အပေါ် တင်ကြလျက် သင်တို့ ကိုယ်တိုင်ကမူ ထိုဝန်ထုပ်များကို လက်ဖျားနှင့်ပင် မထိကြ။- | |
Luke | BurCBCM | 11:47 | သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ ဘိုးဘေးများ သတ်ဖြတ်ခဲ့သော ပရောဖက်တို့၏ သခင်္ျိုင်းဂူများကို တည်ဆောက်ကြ၏။- | |
Luke | BurCBCM | 11:48 | ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးတို့၏ လုပ်ရပ်များကိုသဘောတူ၍ ယင်းတို့ကို သက်သေခံသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကို သတ်ဖြတ်ကြ၍ သင်တို့သည် ထိုသူတို့၏ သခင်္ျိုင်းများကို တည်ဆောက်ကြ၏။- | |
Luke | BurCBCM | 11:49 | ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာတော်က မိန့်ဆိုသည်ကား ငါသည် သူတို့ထံသို့ ပရောဖက်များနှင့် တမန်တော်များကို စေလွှတ်မည်။ သူတို့မူကား အချို့ကိုသတ်ဖြတ်၍ အချို့ကို ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်ဟူ၍တည်း။- | |
Luke | BurCBCM | 11:50 | ဤသို့ဖြင့် ကမ္ဘာတည်ချိန်မှ စ၍ သွန်းလောင်းခဲ့ကြရသော ပရောဖက်အပေါင်းတို့၏ သွေးအတွက် ဤလူမျိုးဆက်သည် ပေးဆပ်ရလိမ့်မည်။- | |
Luke | BurCBCM | 11:51 | သင်တို့အား ငါအမှန်ဆိုသည်ကား အာဘေးလ်၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် သန့်ရှင်းသောဌာနအကြား၌ အသက် ဆုံးရှုံးရသော ဇခါရိယ၏ သွေးတိုင်အောင် ဤလူမျိုးဆက် သည် ပေးဆပ်ရလိမ့်မည်။- | |
Luke | BurCBCM | 11:52 | အသင်ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အသိပညာ၏ တံခါးသော့ကို သိမ်းယူထားကြပြီး သင်တို့ကိုယ်တိုင်လည်းမဝင်ကြ၊ ဝင်လိုသောသူများကိုလည်း သင်တို့ဟန့်တားကြပြီဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 11:53 | ထိုအရပ်မှ ကိုယ်တော်ကြွသွားတော်မူသောအခါ ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ကိုယ်တော်အား စတင်၍ အပြင်းအထန် ဆန့်ကျင်လာကြပြီး များစွာသောအကြောင်းအရာများကို ပြောဆိုစေရန် နှိုးဆွကြ၏။- | |
Chapter 12
Luke | BurCBCM | 12:1 | ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူအစုအဝေးသည် စုရုံးလာကြသဖြင့် တစ်ဦးကိုတစ်ဦး နင်းမိကြလေ၏။ ထိုအချိန်တွင် ကိုယ်တော်သည် စတင်၍ တပည့်တော်တို့အား ပထမဦးစွာ မိန့်တော်မူသည်မှာ သူတော်ကောင်းယောင် ဆောင်ခြင်းတည်း ဟူသော ဖာရီဇေးဦးတို့၏ တဆေးကို သတိထားကြလော့။- | |
Luke | BurCBCM | 12:2 | ထုတ်ဖော် ပြောခြင်းမခံရစေရန် ဖုံးကွယ်ထားနိုင်သောအရာမရှိ။ လူမသိစေရန် လျှို့ဝှက်ထားနိုင်သောအရာဟူ၍လည်းမရှိ။- | |
Luke | BurCBCM | 12:3 | ထို့ကြောင့် မှောင်မိုက်တွင် သင်တို့ပြောဆိုသော စကားများကို လူတို့သည် အလင်း၌ ကြားကြလိမ့်မည်။ အိပ်ခန်းအတွင်း၌ သင်တို့ တီးတိုးပြောဆိုသော အရာကို အိမ်ခေါင်မိုးပေါ်မှ ကြေညာကြလိမ့်မည်။ | |
Luke | BurCBCM | 12:4 | ငါ၏မိတ်ဆွေတို့၊ သင်တို့အား ငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီး နောက်ထပ်မည်သို့မျှ မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။- | |
Luke | BurCBCM | 12:5 | သို့သော် မည်သူ့ကို ကြောက်ရမည့်အကြောင်း သင်တို့အား ငါဖော်ပြမည်။ ကိုယ်ခန္ဓာကို သတ်ပြီး ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ထိုသူကို ကြောက်ကြလော့။- | |
Luke | BurCBCM | 12:6 | စာငှက်ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့် ရောင်းချသည်မဟုတ်လော။ ယင်းတို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ ရှေ့တော်တွင် မေ့လျော့ထားခြင်းမခံရ။- | |
Luke | BurCBCM | 12:7 | သင်တို့၏ဦးခေါင်း၌ရှိသမျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်မြောက်မြားစွာတို့ထက် ပို၍ တန်ဖိုးရှိကြ၏။ | |
Luke | BurCBCM | 12:8 | သင်တို့အား ငါဆိုသည်ကား လူတို့ရှေ့၌ ငါ့ကို သိမှတ်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ ကောင်းကင်တမန် တော်တို့ရှေ့မှောက်၌ သိမှတ်ဝန်ခံမည်။- | |
Luke | BurCBCM | 12:9 | လူတို့ရှေ့၌ ငါ့ကို ငြင်းပယ်သောသူသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့ ရှေ့မှောက်၌ ငြင်းပယ်ခြင်း ခံရလိမ့်မည်။- | |
Luke | BurCBCM | 12:10 | လူသားကို နှုတ်ဖြင့်ပြောဆို ပြစ်မှားသောသူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ်တော်မြတ်ကို ထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 12:11 | လူတို့သည် သင်တို့ကို တရားဇရပ်များသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အစိုးရတို့၏ရှေ့မှောက်သို့လည်းကောင်း ခေါ်ဆောင်ကြသောအခါ သင်တို့သည် မည်သို့ပြန်ဖြေရမည်၊ မည်သည့်အရာအား ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။- | |
Luke | BurCBCM | 12:12 | အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် သင်တို့အား ထိုအချိန်နာရီ၌ မည်သည့်အရာကိုပြောဆိုရမည့် အကြောင်း သွန်သင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:13 | ထိုအခါ လူအစုအဝေးထဲမှ လူတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်ကို အမွေခွဲဝေပေးပါရန် အကျွန်ုပ်၏ အစ်ကိုအား မိန့်ကြားတော်မူပါဟု လျှောက်လေ၏။- | |
Luke | BurCBCM | 12:14 | သို့သော် ကိုယ်တော်က အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့အတွက် တရားသူကြီး၊ သို့မဟုတ် အမွေခွဲဝေသူအဖြစ် ခန့်ထားသနည်းဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 12:15 | ထို့နောက် ကိုယ်တော်က လောဘစိတ်လွန်ကြူးခြင်းကို သတိပြု၍ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက် သည် ဥစ္စာဓနကြွယ်၀ခြင်း၌ တည်သည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:16 | ထို့နောက် ကိုယ်တော်သည် ပုံဥပမာတစ်ခုကိုလည်း သူတို့အား ပြောပြတော်မူ၏။ တစ်ခါက သူဌေးတစ်ဦး၏ လယ်မြေသည် အသီးအနှံများစွာထွက်ရှိသဖြင့်၊- | |
Luke | BurCBCM | 12:17 | သူက ငါမည်သို့ပြုရမည်နည်း။ အကြောင်းမူကား ငါ၏အသီးအနှံများကို သိုလှောင်ရန် ငါ၌နေရာမရှိဟု မိမိစိတ်ထဲတွင် ပြောဆိုလျက်နေ၏။- | |
Luke | BurCBCM | 12:18 | ထို့နောက် သူက ဤသို့ငါပြုမည်။ ငါ၏ကျီများကို ဖြိုဖျက်၍ ပိုမိုကြီးမားသော ကျီများကို တည်ဆောက်လျက် ငါ၏ အသီးအနှံများနှင့် ဥစ္စာရှိသမျှတို့ကို ငါသိုလှောင်မည်။- | |
Luke | BurCBCM | 12:19 | ငါ၏ဝိညာဉ်ကိုလည်း အိုငါ့ဝိညာဉ်၊ သင်၌များပြားသော ဥစ္စာပစ္စည်းများကို နှစ်ပေါင်းများစွာအတွက် သိုလှောင်ထား လျက်ရှိပြီ။ စိတ်သက်သာစွာနေ၍ သောက်စားလျက် ပျော်ရွှင်စွာနေလော့ဟူ၍ ငါဆိုမည် ဟုတွေးတောလေ၏။- | |
Luke | BurCBCM | 12:20 | သို့သော် ဘုရားသခင်က အသင်လူမိုက်၊ ဤည၌ သင်၏ဝိညာဉ်ကို သင့်ထံမှ ပြန်တောင်းလိမ့်မည်။ ထိုအခါ သင်စုဆောင်းထားသော အရာများသည် မည်သူ့အတွက်ဖြစ်မည်နည်းဟု သူ့အား မိန့်တော် မူလေ၏။- | |
Luke | BurCBCM | 12:21 | ထို့ကြောင့် မိမိအတွက် ဥစ္စာဘဏ္ဍာများကို စုဆောင်းသော်လည်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ပြည့်စုံကြွယ်၀ခြင်း မရှိသောသူသည် ဤသူကဲ့သို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:22 | ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်မှာ သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား သင်တို့ အသက်ရှင်ရန်အတွက် မည်သည့်အရာကို စားသောက်ရမည်ဟူ၍လည်းကောင်း၊ သင်တို့၏ ခန္ဓာကိုယ်အတွက် မည်သည့် အရာကို ဝတ်ဆင်ရမည်ဟူ၍လည်းကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။- | |
Luke | BurCBCM | 12:24 | ကျီးကန်းတို့ကို ကြည့်ကြလော့။ ၎င်းတို့သည် မျိုးစေ့လည်းမကြဲ၊ အသီးအနှံများကိုလည်း မရိတ်သိမ်းကြ။ ၎င်းတို့၌ သိုလှောင်ရုံ၊ သို့မဟုတ် ကျီလည်း မရှိကြ။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်များထက် များစွာ တန်ဖိုးရှိကြသည်မဟုတ်လော။- | |
Luke | BurCBCM | 12:25 | သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိ၏ဘ၀သက်တမ်းကို အနည်းငယ်ပို၍ ရှည်စေနိုင်သနည်း။- | |
Luke | BurCBCM | 12:26 | ထို့ကြောင့် သင်တို့သည် ထိုကဲ့သို့သေးငယ်သောအမှုအရာကိုပင် မတတ်နိုင်ကြပါလျှင် အဘယ်ကြောင့် အခြားသော အမှုကိစ္စများ အတွက် စိုးရိမ်ပူပန်ကြသနည်း။ | |
Luke | BurCBCM | 12:27 | တောနှင်းပန်းများ မည်ကဲ့သို့ ရှင်သန်ကြီးထွားကြသည်ကို သတိပြုကြလော့။ ယင်းတို့သည် ချည်ငင်ခြင်းမရှိ၊ ရက်ကန်း လည်း မရက်ကြ။ သို့သော်လည်း သင်တို့အား ငါဆိုသည်ကား ဘုန်းကျက်သရေရှိလှသော ဆောလမွန်မင်းကြီးပင်လျှင် ဤနှင်းပန်းပင်ကဲ့သို့ လှပစွာ မဆင်မြန်းခဲ့ရချေ။- | |
Luke | BurCBCM | 12:28 | ယနေ့ကွင်းပြင်ထဲတွင် အသက်ရှင်၍ မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်းခံရသော မြက်ရိုင်းပင်များကို ဘုရားသခင်သည် ဤကဲ့သို့ အလှဆင်ပေးတော်မူလျှင် သင်တို့ကို ထိုထက်မက ပို၍ဆင်မြန်းပေးတော်မူမည် မဟုတ်လော။ ယုံကြည်ခြင်း အားနည်းသောသင်တို့၊- | |
Luke | BurCBCM | 12:29 | မည်သည့်အရာကို စားသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။- | |
Luke | BurCBCM | 12:30 | အကြောင်းမူကား ကမ္ဘာပေါ် ရှိလူမျိုးအပေါင်းတို့သည် ဤအရာများကို ရှာဖွေတတ်ကြ၏။ သင်တို့သည် ဤအရာများကို လိုအပ်ကြောင်း သင်တို့၏အဖသိတော်မူ၏။- | |
Luke | BurCBCM | 12:31 | သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာများကိုလည်း ပေးတော်မူလိမ့်မည်။ | |
Luke | BurCBCM | 12:32 | သိုးစုငယ်၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် နိုင်ငံတော်ကို သင်တို့အား ပေးရန် နှစ်သက် တော်မူ၏။- | |
Luke | BurCBCM | 12:33 | သင်တို့ပိုင်ဆိုင်သော အရာများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဟောင်းမဆွေးနိုင်သော ပိုက်ဆံအိတ်များ ကိုလည်းကောင်း၊ သူခိုးလည်း မခိုးနိုင်၊ ပိုးလည်းမဖောက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်းကြလော့။- | |
Luke | BurCBCM | 12:36 | မိမိတို့၏သခင်သည် မင်္ဂလာဧည့်ခံပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် အလို့ငှာ သူလာမည့် အချိန်ကို စောင့်မျှော်နေကြသော အစေခံများကဲ့သို့ အသင့်ရှိကြလော့။- | |
Luke | BurCBCM | 12:37 | သခင် ပြန်လာသောအခါ နိုးကြားစွာ စောင့်နေကြသည်ကို တွေ့ရသော အစေခံတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ခါးကိုစည်းလျက် ထိုအစေခံတို့ကို စားပွဲ၌ထိုင်စေပြီးမှ ကိုယ်တိုင်ကျွေးမွေးလိမ့်မည်။- | |
Luke | BurCBCM | 12:38 | သခင်သည် ဒုတိယညၣ့်ယံ၌ဖြစ်စေ၊ တတိယ ညၣ့်ယံ၌ဖြစ်စေ ပြန်လာသောအခါ ၎င်းတို့အား ထိုကဲ့သို့ တွေ့ရလျှင် ထိုအစေခံတို့သည် မင်္ဂလာရှိကြ၏။- | |
Luke | BurCBCM | 12:39 | သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကိုမဖောက် ထွင်းစေရန် သူသည် မအိပ်ဘဲ စောင့်နေလိမ့်မည်ဆိုသည်ကိုမူ သိမှတ်ကြလော့။- | |
Luke | BurCBCM | 12:40 | သင်တို့သည်လည်း အဆင်သင့် ရှိကြလော့။ အကြောင်းမူကား သင်တို့ မမျှော်လင့်သော အချိန်၌ လူသားသည် ကြွလာ လိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:41 | ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် ဤပုံဥပမာကို တပည့်တော်တို့အတွက် မိန့်တော်မူပါသလော၊ သို့မဟုတ် လူအားလုံးတို့အတွက်လောဟု မေးလေ၏။- | |
Luke | BurCBCM | 12:42 | ကိုယ်တော်ကလည်း အချိန်တန်လျှင် အိမ်သူအိမ်သားတို့ကို စားစရာများ တည်ခင်းကျွေးမွေးခြင်းငှာ ၎င်းတို့အပေါ် အုပ်ချုပ်ရန် အရှင်သခင်က ခန့်ထားသည့် သစ္စာရှိ၍ ပညာနှင့်ပြည့်စုံသော အစေခံသည် မည်သူနည်း။- | |
Luke | BurCBCM | 12:44 | သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုအစေခံအား မိမိဥစ္စာ ပစ္စည်းအားလုံးကို စီမံကွပ်ကဲရန် အပ်နှင်းလိမ့်မည်။- | |
Luke | BurCBCM | 12:45 | သို့သော် ထိုအစေခံက ငါ၏အရှင်သခင်ပြန်လာရန် ကြန့်ကြာလိမ့်မည်ဟု မိမိကိုယ်မိမိပြောဆို၍ အစေခံယောက်ျား၊ မိန်းမတို့ကိုရိုက်နှက်လျက် သောက်စားမူးယစ်နေလေ၏။- | |
Luke | BurCBCM | 12:46 | သူမျှော်လင့်မထားသော နေ့ရက်နှင့် သူမသိသော အချိန်နာရီ၌ သူ၏အရှင်သခင်ပြန်ရောက်လာသောအခါ သူ့ကိုဒဏ်ခတ်၍ သစ္စာမဲ့သူတို့နှင့်အတူ နေရာချထားလိမ့်မည်။- | |
Luke | BurCBCM | 12:47 | မိမိသခင်၏ အလိုဆန္ဒကိုသိသော်လည်း သူ၏အလိုအတိုင်း ပြင်ဆင်ဆောင်ရွက်မထားသော အစေခံသည် ပြင်းထန်စွာ ရိုက်နှက်ဒဏ်ပေးခြင်းခံရလိမ့်မည်။- | |
Luke | BurCBCM | 12:48 | သို့သော် ရိုက်နှက်ခြင်း ပြစ်ဒဏ်ခံရမည့်အမှုကို မသိဘဲ ပြုမိသောအစေခံသည် အနည်းငယ် ရိုက်နှက်ခြင်းခံရလိမ့်မည်။ ကျေးဇူးများစွာ ခံစားရသောသူတိုင်းသည် များစွာပေးဆပ်ရလိမ့်မည်။ ထို့အတူ များစွာအပ်နှံထားခြင်းခံရသော သူထံမှ သူတို့သည် များစွာတောင်းခံကြလိမ့်မည်။ | |
Luke | BurCBCM | 12:49 | ကမ္ဘာမြေပေါ်တွင် မီးတောက်လောင်စေခြင်းငှာ ငါလာ၏။ ယခုပင် မီးတောက်လောင်နေစေရန် ငါအလိုရှိ လေပြီ။- | |
Luke | BurCBCM | 12:50 | ငါခံယူမည့်ဆေးကြောခြင်းတစ်ပါးရှိ၏။ ငါသည် ဤအမှုကို ပြီးစီးအောင်မဆောင်ရွက်ရမချင်း စိတ်ဒုက္ခ ခံစားရ၏။- | |
Luke | BurCBCM | 12:51 | ငါသည် ဤကမ္ဘာမြေပေါ်သို့ ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာသည်ဟု သင်တို့ထင်မှတ်ကြသလော။ ထိုသို့မဟုတ်။ သင်တို့အား ငါဆိုသည်ကား စိတ်ဝမ်းကွဲပြားစေခြင်းငှာ ငါလာ၏။- | |
Luke | BurCBCM | 12:52 | အကြောင်းမူကား ယခုအချိန်မှစ၍ လူငါးယောက်ရှိသောအိမ်ထောင်စု၌ စိတ်ဝမ်းကွဲပြားခြင်းရှိ၍ သုံးယောက်နှင့် နှစ်ယောက်၊ နှစ်ယောက်နှင့် သုံးယောက် တစ်ဖက်စီစိတ်ဝမ်းကွဲကြလိမ့်မည်။- | |
Luke | BurCBCM | 12:53 | ဖခင်သည် သားကို၊ သားသည်လည်း ဖခင်ကို၊ မိခင်သည် သမီးကို၊ သမီးသည်လည်း သူမ၏မိခင်ကို၊ ယောက္ခမသည် မိမိ၏ချွေးမကို၊ ချွေးမသည်လည်း မိမိ၏ယောက္ခမကို ဆန့်ကျင်ဘက်ပြုကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:54 | ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကိုလည်း မိန့်တော်မူသည်ကား အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကို သင်တို့မြင်ကြသောအခါ မိုးရွာလိမ့်မည်ဟု သင်တို့ချက်ချင်း ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်၏။- | |
Luke | BurCBCM | 12:55 | တောင်လေ တိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟု သင်တို့ ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်လေ၏။- | |
Luke | BurCBCM | 12:56 | အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။ | |
Luke | BurCBCM | 12:58 | သင်သည် သင်၏ တရားပြိုင်ဘက်နှင့်အတူ တရားသူကြီးထံသို့သွားနေစဉ် သူနှင့်ကြေအေးမှုရအောင် လမ်းတွင် ကြိုးပမ်း အားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်း မှုထမ်း၏ လက်သို့အပ်လိမ့်မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။- | |
Chapter 13
Luke | BurCBCM | 13:1 | ထိုအချိန်တွင် အထံတော်၌ ရှိနေကြသော သူအချို့က ပီလာတုမင်းသည် ဂါလေလေးယနယ်သားအချို့၏ သွေးကို ၎င်းတို့၏ ပူဇော်သကာများနှင့် ရောနှောစေခဲ့ကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။- | |
Luke | BurCBCM | 13:2 | ကိုယ်တော်ကလည်း ဤဂါလေလေးယနယ်သားတို့သည် ဤသို့ခံရခြင်းကြောင့် အခြားသောဂါလေလေး ယနယ်သားတို့ထက် ပို၍အပြစ်ကြီးသူများ ဖြစ်ကြသည်ဟု သင်တို့ထင်မှတ်ကြသလော။- | |
Luke | BurCBCM | 13:3 | ဤကဲ့သို့မဟုတ်ဟု သင်တို့အား ငါဆို၏။ သို့သော် သင်တို့သည် နောင်တမရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက်စီး ကြလိမ့်မည်။- | |
Luke | BurCBCM | 13:4 | ထို့အတူ စီလွမ်ရဲတိုက်ပြိုကျ၍ သေဆုံးကြသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော အခြားသူများထက် အပြစ်ကြီးသည်ဟု သင်တို့ထင်မှတ်ကြသလော။- | |
Luke | BurCBCM | 13:5 | ထိုသို့မဟုတ်ဟု သင်တို့အားငါဆို၏။ သို့သော် သင်တို့သည် နောင်တ မရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက် စီးကြရလိမ့်မည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။ | |
Luke | BurCBCM | 13:6 | ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်တော်မူ၏။ လူတစ်ယောက်သည် မိမိ၏ စပျစ်ဥယျာဉ်ထဲတွင် သဖန်းပင်တစ်ပင်ကို စိုက်ပျိုးထား၏။ ထို့နောက် သူသည် လာ၍ သဖန်းပင်မှအသီးကို ရှာသော်လည်း မတွေ့ ချေ။- | |
Luke | BurCBCM | 13:7 | ထိုအခါ သူက ငါသည်လာ၍ ဤသဖန်းပင်ပေါ်မှ အသီးကိုရှာသည်မှာ သုံးနှစ်ရှိလေပြီ။ သို့ရာတွင် အသီးတစ်လုံးကိုမျှ မတွေ့ရ။ ၎င်းကို ခုတ်ပစ်လော့။ အဘယ်ကြောင့် ၎င်းကို မြေပေါ်တွင် အကျိုးမဲ့နေရာယူစေမည်နည်းဟု စပျစ်ဥယျာဉ်မှူးအား ဆိုလေ၏။- | |
Luke | BurCBCM | 13:8 | ထိုသူကလည်း သခင်၊ ယခုနှစ်တွင်လည်း ဤအပင်ကို မည်သို့မျှမပြုပါနှင့်။ အကျွန်ုပ်သည် အပင်ပတ်လည်၌ တူးဆွ၍ မြေဩဇာ ထည့်ပါမည်။- | |
Luke | BurCBCM | 13:9 | နောင်နှစ်တွင် အသီးသီးကောင်း သီးပါလိမ့်မည်။ ထိုသို့မသီးလျှင်မူ သခင်သည် ၎င်းကို ခုတ်ပစ်နိုင်ပါသည်ဟူ၍ သူ့အား ပြန်ပြောသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 13:11 | ထိုနေရာတွင် နတ်ဆိုးပူးခြင်းကြောင့် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မသန်မစွမ်းဖြစ်နေသော အမျိုးသမီးတစ်ယောက်ရှိ၏။ သူမသည် ခါးကုန်းနေသဖြင့် ကိုယ်ကိုကောင်းစွာမမတ်နိုင်ချေ။- | |
Luke | BurCBCM | 13:12 | ယေဇူးသည်လည်း သူမကို မြင်သောအခါ ခေါ်ပြီးလျှင် အချင်းအမျိုးသမီး၊ သင်သည် ရောဂါဝေဒနာမှကင်းလွတ်ပြီဟု သူမအား မိန့်တော်မူ၏။- | |
Luke | BurCBCM | 13:13 | ထို့နောက် ကိုယ်တော်သည် သူမအပေါ် မိမိ၏လက်ကိုတင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးပြန်ဆန့်သွားပြီးလျှင် ဘုရားသခင်၏ဂုဏ် တော်ကို ချီးမွမ်းလေ၏။- | |
Luke | BurCBCM | 13:14 | ယေဇူးသည် ဥပုသ်နေ့၌ အနာရောဂါများကိုပျောက်ကင်းချမ်းသာစေသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍ အလုပ်လုပ်အပ်သောနေ့ ခြောက်ရက်ရှိ၏။ ထိုနေ့ရက်များ၌ လာ၍ အနာရောဂါများကို ကုသပျောက်ကင်းစေကြလော့။ ဥပုသ်နေ့၌ မလာကြနှင့်ဟု လူတို့အား ဆို၏။- | |
Luke | BurCBCM | 13:15 | ထိုအခါ ကိုယ်တော်က အသင် သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိ၏နွား၊ သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန် ခေါ်ဆောင်သွားတတ်ကြသည် မဟုတ်လော။- | |
Luke | BurCBCM | 13:16 | အာဘရာဟံ၏သမီးဖြစ် သူ ဤအမျိုးသမီးသည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းကို ခံခဲ့ရ သောကြောင့် ဥပုသ်နေ့၌ သူမကို ဤအနှောင်အဖွဲ့မှ မလွှတ်အပ်သလောဟု ထိုသူအား ပြန်ပြောတော်မူ၏။- | |
Luke | BurCBCM | 13:17 | ဤသို့ ကိုယ်တော်မိန့်တော်မူသဖြင့် ကိုယ်တော့်ကို ဆန့်ကျင်ကြသောသူအားလုံးတို့သည် အရှက်တကွဲဖြစ်ကြလေ၏။ လူအပေါင်းတို့သည်လည်း ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်အမှုအလုံးစုံတို့အတွက် ရွှင်လန်းဝမ်းမြောက်ကြ၏။ | |
Luke | BurCBCM | 13:18 | ထို့ကြောင့် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့် ငါနှိုင်းယှဉ်ပြရမည်နည်း။- | |
Luke | BurCBCM | 13:19 | ၎င်းသည် လူတစ်ဦးက မိမိဥယျာဉ်၌ယူ၍ စိုက်ထားသော မုန်ညင်းစေ့နှင့်တူ၏။ ထိုမုန်ညင်းစေ့သည် အပင်ပေါက်၍ ကြီးလာသောအခါ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းအခက်တို့၌ အသိုက်ပြုလုပ်ကြသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 13:20 | တစ်ဖန် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါနှိုင်းယှဉ်ပြရမည်နည်း။- | |
Luke | BurCBCM | 13:21 | ၎င်းသည် အမျိုးသမီးတစ်ဦးက ယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသော တဆေးနှင့် တူသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 13:22 | ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးဆက်စဉ်လမ်း၌ မြို့ရွာများကိုဖြတ်သွားလျက် ဟောပြောသွန်သင်တော်မူ၏။- | |
Luke | BurCBCM | 13:23 | ထိုအချိန်တွင် တစ်စုံတစ်ယောက်က သခင်ဘုရား၊ ကယ်တင်ခြင်းခံရမည့် သူတို့သည် နည်းကြပါသလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်ကား၊- | |
Luke | BurCBCM | 13:24 | ကျဉ်းမြောင်းသော တံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား သင်တို့အား ငါဆို သည်မှာ များစွာသောလူတို့သည် ဝင်ရန်ကြိုးစားကြသော်လည်း မဝင်နိုင်ကြ။- | |
Luke | BurCBCM | 13:25 | အိမ်ရှင်သည်ထ၍ တံခါးကို ပိတ်လိုက်ပြီးသောအခါ သင်တို့သည် အပြင်၌ ရပ်ကြလျက် တံခါးကိုခေါက်၍ သခင်၊ အကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါဟု တောင်းလျှောက်ကြသော်လည်း သူက သင်တို့မည် သည့်အရပ်ကလာသည်ကို ငါမသိဟု ပြန်ဖြေလိမ့်မည်။- | |
Luke | BurCBCM | 13:26 | ထိုအခါ သင်တို့က အကျွန်ုပ်တို့သည် ကိုယ်တော်နှင့် အတူစားသောက်ခဲ့ကြပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ လမ်းများပေါ်တွင် သွန်သင်ခဲ့ပါသည်ဟု ဆိုကြလိမ့်မည်။- | |
Luke | BurCBCM | 13:27 | သို့သော် သူက သင်တို့ မည်သည့်အရပ်မှ လာသည်ကို ငါမသိ။ မကောင်းမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ထွက်သွားကြလော့ဟုပြောလိမ့်မည်။- | |
Luke | BurCBCM | 13:28 | ထိုအခါ သင်တို့သည် အာဘရာဟံ၊ အီဇတ်၊ ယာကုပ်မှစ၍ ပရော ဖက်အပေါင်းတို့ကို ဘုရားသခင်၏နိုင်ငံတော်တွင် မြင်ကြ ရပြီး သင်တို့မူကား အပြင်သို့ နှင်ထုတ်ခြင်းခံကြရသဖြင့် ထိုနေရာ၌ ငိုကြွေး၍ အံကြိတ်ကြရလိမ့်မည်။- | |
Luke | BurCBCM | 13:29 | အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရပ်တို့မှ လူတို့သည်လည်း လာကြ၍ ဘုရားသခင်၏နိုင်ငံတော်၌ စားပွဲတွင် ထိုင်ကြလိမ့်မည်။- | |
Luke | BurCBCM | 13:30 | ထိုအခါ နောက်ဆုံးသောသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ပထမဦးဆုံးသော သူတို့သည်လည်း နောက်ဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 13:31 | ထိုအချိန်နာရီ၌ ဖာရီဇေးဦးအချို့သည် ချဉ်းကပ်ကြပြီးလျှင် ကိုယ်တော်အား ဤအရပ်မှကြွသွားပါ၊ အဘယ်ကြောင့် ဆိုသော် ဟေရုဒ်သည် ကိုယ်တော့်ကိုသတ်ရန် ကြံစည်နေပါသည်ဟု လျှောက်ကြ၏။- | |
Luke | BurCBCM | 13:32 | ကိုယ်တော်ကလည်း သင်တို့သွားကြ၍ ထိုမြေခွေးအား ပြောကြလော့။ ငါသည် ယနေ့နှင့် မနက်ဖြန်၌ နတ်ဆိုးများကို နှင်ထုတ်၍ အနာရောဂါများကိုပျောက်ကင်းစေမည်။ တတိယနေ့တွင် ငါ၏လုပ်ငန်းကို အဆုံးသတ်မည်။- | |
Luke | BurCBCM | 13:33 | သို့သော်လည်း ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့၌ ငါသည် ခရီးဆက်ရမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့ အပြင်၌ အသေခံရန်မဖြစ်နိုင်။- | |
Luke | BurCBCM | 13:34 | အိုဂျေရုဆလင်၊ ဂျေရုဆလင်၊ သင်သည် ပရောဖက်များကိုသတ်၍ သင့်ထံသို့ စေလွှတ်သောသူများကိုလည်း ကျောက်ခဲနှင့် ပေါက်သတ်ခဲ့၏။ ကြက်မသည် မိမိ၏ကြက်ငယ်များကို မိမိအတောင်အောက်၌ စုစည်းထားသကဲ့သို့ သင်၏သားသမီးများကို စုစည်းခြင်းငှာ အကြိမ်ကြိမ်ငါအလိုရှိခဲ့သော်လည်း သင်သည် လက်မခံခဲ့ပေ။- | |
Chapter 14
Luke | BurCBCM | 14:1 | ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဖာရီဇေးဦး အကြီးအကဲတစ်ဦး၏အိမ်တွင် ညစာစားရန် ကြွတော်မူသောအခါ သူတို့ သည် ကိုယ်တော့်ကိုစောင့်ကြည့် နေကြ၏။- | |
Luke | BurCBCM | 14:3 | ထိုအခါ ယေဇူးက ဥပုသ်နေ့၌ အနာရောဂါကို ပျောက်ကင်းစေနိုင်သလောဟု ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့အား မေးတော်မူ၏။- | |
Luke | BurCBCM | 14:4 | သူတို့သည်ကား တိတ်ဆိတ်စွာနေကြလေ၏။ ထိုအခါကိုယ်တော်သည် ထိုသူ့ကိုခေါ်လျက် ဝေဒနာပျောက် ကင်းစေပြီးလျှင် ပြန်လွှတ်လိုက်တော်မူ၏။- | |
Luke | BurCBCM | 14:5 | ထို့နောက် ကိုယ်တော်က သင်တို့တွင် မည်သူသည် မိမိ၏မြည်းဖြစ် စေ၊ နွားဖြစ်စေ ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျခဲ့သော် ချက် ချင်းမဆွဲတင်ဘဲနေမည်နည်းဟု သူတို့အား မိန့်တော်မူ ၏။- | |
Luke | BurCBCM | 14:7 | ထို့နောက် ဖိတ်ကြားထားခြင်းခံရသော ဧည့်သည်တို့သည် အကောင်းဆုံးသောနေရာများအား ရွေးချယ်ကြသည်ကို ကိုယ်တော်မြင်တော်မူသောအခါ သူတို့အား ဤပုံဥပမာစကားကို မိန့်တော်မူ၏။- | |
Luke | BurCBCM | 14:8 | သင်တို့သည် မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားခြင်းခံရသောအခါ အကောင်းဆုံးသော နေရာများတွင် မထိုင်ကြနှင့်။ အကယ်၍ သင့်ထက်ပို၍ ဂုဏ်ရှိသောသူကိုလည်း ဖိတ်ကြားထားခဲ့ပါလျှင်၊- | |
Luke | BurCBCM | 14:9 | သင်တို့နှစ်ဦးစလုံးကို ဖိတ်ကြားခဲ့သောပွဲရှင်သည် သင့်ထံသို့လာ၍ ဤသူ့အတွက် သင်၏နေရာကိုပေးပါဟု သင့်အား ဆိုလိမ့်မည်။ ထိုအခါ သင်သည် အရှက်ရပြီး အဆင့်အနိမ့်ဆုံးသောနေရာကို ယူရလိမ့်မည်။- | |
Luke | BurCBCM | 14:10 | သင်မူကား ဖိတ်ကြားခြင်းခံရသောအခါ အဆင့်အနိမ့်ဆုံးသော နေရာတွင် သွား၍ ထိုင်လော့။ ထိုအခါ ဖိတ်ကြားသောသူ သည် သင့်ထံသို့လာ၍ မိတ်ဆွေ၊ ပို၍ကောင်းသောနေရာ သို့ကြွပါဟု သင့်ကိုပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သင်နှင့်အတူ စားပွဲ၌ထိုင်သောသူတို့ရှေ့တွင် ဂုဏ်သရေရှိလိမ့်မည်။- | |
Luke | BurCBCM | 14:11 | အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက် သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသောသူသည်လည်း ချီးမြှောက်ခြင်းခံရလိမ့်မည်။ | |
Luke | BurCBCM | 14:12 | ထို့နောက် ကိုယ်တော်က မိမိအား ဖိတ်ကြားထားသောသူကိုလည်း မိန့်တော်မူသည်ကား သင်သည် ညစာဖြစ်စေ၊ စားသောက်ပွဲဖြစ်စေ ကျွေးမွေးတည်ခင်းသောအခါ သင်၏မိတ်ဆွေ၊ ညီအစ်ကို၊ ဆွေမျိုးနှင့်ချမ်းသာ ကြွယ်၀သော အိမ်နီးချင်း များကို မဖိတ်ကြားလေနှင့်။ ထိုသို့ဖိတ်ကြားလျှင် သူတို့သည်လည်း သင့်ကိုပြန်လည် ဖိတ်ကြား၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။- | |
Luke | BurCBCM | 14:13 | သင်မူကား ပွဲကျင်းပသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမသန်သောသူ၊ မျက်စိမမြင်သောသူတို့ကို ဖိတ်ကြား လော့။- | |
Luke | BurCBCM | 14:14 | ထိုသို့ဖိတ်ကြားလျှင် သင်သည် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် သင့်ကို ကျေးဇူးတုံ့ပြန်ခြင်း မပြုနိုင်ကြ သောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူတို့ရှင်ပြန်သောအခါ၌ သင်သည် ကျေးဇူးတုံ့ ပြန်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 14:15 | ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်သောသူတစ်ဦးသည် ဤစကားကိုကြားသောအခါ ဘုရားသခင်၏ နိုင်ငံတော်၌ ပါဝင်စားသောက်ရမည့်သူသည် မင်္ဂလာရှိ၏ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 14:16 | သို့သော် ကိုယ်တော်က သူ့အား မိန့်တော်မူသည်ကား တစ်ခါက လူတစ်ဦးသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲ တည်ခင်း၍ လူများစွာတို့ကို ဖိတ်ကြားလေ၏။- | |
Luke | BurCBCM | 14:17 | စားသောက်ပွဲအချိန် ရောက်သောအခါ သူသည် ဖိတ်ကြားထားသူတို့ထံသို့ မိမိအစေခံကိုစေလွှတ်၍ အားလုံး အဆင့်သင့် ဖြစ်ပါပြီ၊ ကြွလာကြပါဟု မှာလိုက်လေ၏။- | |
Luke | BurCBCM | 14:18 | သို့သော် ထိုသူအားလုံးတို့သည် မလာနိုင်ကြောင်း အသီးသီးအကြောင်း ပြချက်ပေးကြ၏။ ပထမတစ်ယောက်က အကျွန်ုပ်သည် လယ်မြေတစ်ကွက်ကိုဝယ်ထားသဖြင့် သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည် ဟုဆို၏။- | |
Luke | BurCBCM | 14:19 | အခြားတစ်ယောက်ကလည်း အကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ထားသဖြင့် ကြည့်ရှုရန်သွားရပါမည်။ အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်ဟုဆို၏။- | |
Luke | BurCBCM | 14:21 | သို့ဖြစ်၍ အစေခံသည် ပြန်လာပြီးလျှင် ထိုအကြောင်းကို မိမိ၏ သခင်အား ပြောပြလေ၏။ ထိုအခါ အိမ်ရှင်သည် အမျက် ထွက်၍ မြို့တွင်းရှိ လမ်းမလမ်းသွယ်များသို့ အလျင်အမြန်သွားလော့။ ဆင်းရဲသောသူ၊ ကိုယ်အင်္ဂါချို့တဲ့သောသူ၊ မျက်စိမမြင် သောသူ၊ ခြေမသန်သောသူတို့ကို ဤနေရာသို့ ခေါ်ဆောင်ခဲ့လော့ဟု မိမိ၏အစေခံအား ဆိုလေ၏။- | |
Luke | BurCBCM | 14:22 | ထို့နောက် အစေခံက သခင်အမိန့်ရှိသည့်အရာကိုဆောင် ရွက်ပြီးပါပြီ။ သို့သော်လည်း နေရာလွတ်ရှိပါသေးသည်ဟု လျှောက်၏။- | |
Luke | BurCBCM | 14:23 | ထိုအခါ သခင်က မိမိ၏အစေခံအား မြို့ပြင်လမ်းမများနှင့် ရွာရိုးများသို့သွား၍ လူတို့ကို မဖြစ်မနေ ခေါ်ဆောင်လျက် ငါ၏အိမ်ကိုပြည့်စေလော့။- | |
Luke | BurCBCM | 14:24 | အကြောင်းမူကား ဖိတ်ကြားခြင်းခံရသော သူတို့အနက်မှ မည်သူမျှ ငါ၏စားသောက်ပွဲကို မမြည်းစမ်းရဟူ၍ သင့်အား ငါဆို ၏ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 14:25 | များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ ကိုယ်တော်သည်လည်း လှည့်၍ သူတို့အား မိန့်တော်မူသည်ကား၊- | |
Luke | BurCBCM | 14:26 | ငါ့ထံသို့လာသော သူသည် မိမိ၏မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး၊ ညီအစ်ကို မောင်နှမစသည်တို့ကိုဖြစ်စေ၊ မိမိအသက်ကိုပင်ဖြစ်စေ မမုန်းလျှင် ငါ၏တပည့်မဖြစ်နိုင်ရာ။- | |
Luke | BurCBCM | 14:27 | မိမိလက်ဝါးကပ်တိုင်ကို မထမ်းဘဲ ငါ့နောက်သို့လိုက်သောသူသည်လည်း ငါ၏ တပည့်မဖြစ်နိုင်ရာ။- | |
Luke | BurCBCM | 14:28 | အကြောင်းမူကား သင်တို့တွင် မည်သူသည် ရဲတိုက်ကို ဆောက်လုပ်မည်ဟုဆန္ဒရှိလျှင် မိမိ၌ပြီးစီးအောင် ဆောက်လုပ်ရန် ကုန်ကျစရိတ် အလုံအလောက်ရှိ၊ မရှိကို ရှေးဦးစွာထိုင်၍ မတွက်ချက်ဘဲ နေမည်နည်း။- | |
Luke | BurCBCM | 14:29 | ထိုသို့မဟုတ်ဘဲ အုတ်မြစ်ချပြီးမှ ပြီးစီးအောင် မဆောက်လုပ်နိုင်ပါက မြင်ရသူအပေါင်းသည် သူ့ကို စတင်၍ ကဲ့ရဲ့ကြ ကုန်လျက်၊- | |
Luke | BurCBCM | 14:31 | တစ်နည်းဆိုရသော် မည်သည့်ရှင်ဘုရင်သည် အခြားရှင်ဘုရင်တစ်ပါးနှင့် စစ်ပြိုင်မည်ရှိသော် စစ်သည်နှစ်သောင်းနှင့် မိမိထံသို့ချီတက်လာသောသူကို မိမိ၏ စစ်သည်တစ်သောင်းဖြင့် ခုခံနိုင်ပါမည်လောဟု ရှေးဦးစွာ ထိုင်၍ မစဉ်းစားမဆင်ခြင်ဘဲ နေမည်နည်း။- | |
Luke | BurCBCM | 14:32 | အကယ်၍ သူသည် မခုခံနိုင်ပါလျှင် ထိုဘုရင်အဝေး၌ရှိနေစဉ်တွင် သံတမန်များစေလွှတ်၍ စစ်ပြေငြိမ်းမည့်အကြောင်း တောင်းပန်လိမ့်မည်။- | |
Luke | BurCBCM | 14:33 | ထိုနည်းတူပင် သင်တို့တွင်လည်း မည်သူမဆို မိမိ၌ရှိသမျှကို မစွန့်လွှတ်လျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်ရာ။ | |
Luke | BurCBCM | 14:34 | ဆားသည် ကောင်းပေ၏။ သို့သော်လည်း ဆား၌ငန်သောအရသာ ပျောက်ကွယ်ခဲ့လျှင် ထိုအငန်ဓာတ်ကို မည်ကဲ့သို့ ပြန်လည်ရရှိနိုင်မည်နည်း။- | |
Chapter 15
Luke | BurCBCM | 15:1 | ထိုအချိန်တွင် အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာရန် အထံတော်သို့ ချဉ်းကပ် လာကြ၏။- | |
Luke | BurCBCM | 15:2 | ထိုအခါ ဖာရီဇေးဦးတို့နှင့် ကျမ်းတတ်ဆရာတို့က ဤသူသည် အပြစ်ရှိသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားသောက် ပါသည် တကားဟု ပြစ်တင်ပြောဆိုကြ၏။ | |
Luke | BurCBCM | 15:4 | သင်တို့တွင် မည်သူသည် သိုးအကောင်တစ်ရာရှိ၍ ၎င်းတို့ထဲမှ သိုးတစ်ကောင်ပျောက်ဆုံးသွားလျှင် ကိုးဆယ့်ကိုးကောင်ကို တော၌ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို တွေ့သည့်တိုင်အောင် သွား၍မရှာဘဲ နေမည်နည်း။- | |
Luke | BurCBCM | 15:6 | ထို့နောက် သူသည် အိမ်သို့ပြန်ရောက်လျှင် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်၍ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သောသိုးကို ငါပြန်တွေ့ပြီဟု သူတို့အား ဆိုလိမ့်မည်။- | |
Luke | BurCBCM | 15:7 | ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား နောင်တရရန် မလိုအပ်သောဖြောင့်မတ် သူကိုးဆယ့်ကိုးယောက်တို့ထက် နောင်တရလာသော အပြစ်သားတစ်ယောက်အတွက်ကြောင့် ကောင်းကင်ဘုံ၌ ပို၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ | |
Luke | BurCBCM | 15:8 | တစ်နည်းဆိုရသော် မည်သည့်အမျိုးသမီးသည် ငွေဒင်္ဂါးပြားဆယ်ပြားရှိ၍ တစ်ပြားပျောက်သွားလျှင် ဆီမီးခွက်ကိုထွန်းပြီး အိမ်ကိုလှည်းကျင်းလျက် ထိုဒင်္ဂါးကို ပြန်မတွေ့မချင်း လုံ့လဝီရိယဖြင့်လိုက်မရှာဘဲနေမည်နည်း။- | |
Luke | BurCBCM | 15:9 | သူမသည် ထိုငွေဒင်္ဂါးကိုတွေ့သောအခါ သူမ၏မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ် ပြီးမှ ငါနှင့်အတူဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သွားသောငွေဒင်္ဂါးကို ငါပြန်တွေ့ ပြီဟုဆိုလိမ့်မည်။- | |
Luke | BurCBCM | 15:10 | ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့သည် နောင်တရသော အပြစ်သား တစ်ယောက်အတွက် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 15:12 | သူတို့နှစ်ယောက်တွင် သားငယ်က အဖ၊ အကျွန်ုပ်နှင့်ဆိုင်သောအမွေကို အကျွန်ုပ်အား ပေးပါဟုဆိုလျှင် ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။- | |
Luke | BurCBCM | 15:13 | ရက်များမကြာမီ သားငယ်သည် မိမိရရှိသမျှဥစ္စာတို့ကို စုသိမ်းပြီးလျှင် ဝေးလံသော တိုင်းတစ်ပါးသို့ထွက်သွား၍ ထိုအရပ်တွင် အပျော်အပါးလိုက်စားလျက် မိမိဥစ္စာပစ္စည်းတို့ကို ဖြုန်းတီးလေ၏။- | |
Luke | BurCBCM | 15:14 | သူ၌ရှိသမျှဥစ္စာတို့ကို သုံးဖြုန်း၍ကုန်သောအခါ ထိုတိုင်းပြည်၌ ဆိုးရွားသော ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက် သဖြင့် သူသည်လည်း ဆင်းရဲချွတ်ခြုံကျလေ၏။- | |
Luke | BurCBCM | 15:15 | ထို့ကြောင့် သူသည် ထိုပြည်သားတစ်ဦးထံ သွားရောက်လုပ်ကိုင်ရာ ထိုသူက သူ့အား မိမိ၏ဝက်များကို ထိန်းကျောင်း အစာကျွေးရန် မိမိ၏လယ်တောသို့ စေလွှတ်လေ၏။- | |
Luke | BurCBCM | 15:16 | သူသည် ဝက်များစားနေသော ပဲတောင့်များကိုပင် စားလိုသော ဆန္ဒရှိသော်လည်း မည်သူကမျှ သူ့အား စားစရာ မပေးကြချေ။- | |
Luke | BurCBCM | 15:17 | ထိုအခါ သူသည် အမြင်မှန်ရ၍ ရေ ရွတ်သည်မှာ ငါ့အဖ၏အစေခံများသည် ၀လင်စွာစားရ လျက် ပိုလျှံနေကြ၏။ ငါမူကား ဤအရပ်တွင် အစာငတ်၍ သေရတော့မည်။- | |
Luke | BurCBCM | 15:18 | ငါသည် ထ၍ ငါ၏အဖထံသို့သွားပြီးလျှင် အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။- | |
Luke | BurCBCM | 15:19 | အကျွန်ုပ်သည် အဖ၏သားဟူ၍ အခေါ်ခံရန် မထိုက်တန်ပါ။ အဖ၏ အစေခံတစ်ဦးကဲ့သို့ အကျွန်ုပ်ကိုထားပါဟူ၍ သူ့အား ပြောမည်ဟု ဆိုလေ၏။- | |
Luke | BurCBCM | 15:20 | ထို့နောက် သူသည်ထ၍ သူ၏အဖထံသို့ ပြန်သွားလေ၏။ သို့သော် သူသည် အဝေး၌ရှိစဉ်ပင် သူ၏အဖသည် သူ့ကိုတွေ့သဖြင့် သနားခြင်းစိတ်ရှိ၍ ပြေးသွားပြီးလျှင် သူ့ကိုပွေ့ဖက်၍ နမ်းရှုပ်လေ၏။- | |
Luke | BurCBCM | 15:21 | သားဖြစ်သူကလည်း အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။ အကျွန်ုပ်သည် အဖ၏သားဟူ၍ပင် အခေါ်ခံရန်မထိုက် တန်တော့ပါဟု ပြောလေ၏။- | |
Luke | BurCBCM | 15:22 | သို့ရာတွင် အဖက မိမိ၏ အစေခံတို့အား ဆိုသည်ကား အကောင်းဆုံးသောဝတ်ရုံကို အလျင်အမြန်ယူလာ၍ သူ့ကို ဝတ်ဆင်ပေးကြလော့။ သူ၏လက်၌ လက်စွပ်ကိုလည်းကောင်း၊ သူ၏ခြေတို့၌ ဖိနပ်ကိုလည်းကောင်း ဆင်မြန်းပေးကြလော့။- | |
Luke | BurCBCM | 15:23 | ဆူဖြိုးသော နွားငယ်ကိုယူခဲ့၍ သတ်ကြလော့။ ငါတို့သည် စားသောက်ပွဲကျင်းပ၍ ပျော်ရွှင်ဝမ်းမြောက်ကြကုန်အံ့။- | |
Luke | BurCBCM | 15:24 | အကြောင်းမူကား ငါ၏သား၊ ဤသူသည် သေပြီးမှ ယခု အသက်ပြန်ရှင်လေပြီ။ သူသည် ပျောက်ဆုံးပြီးမှ ယခု သူ့ကို ပြန်တွေ့ရလေပြီဟုဆို၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကို စတင်ကျင်းပကြလေ၏။ | |
Luke | BurCBCM | 15:25 | ထိုအချိန်၌ သားကြီးဖြစ်သူသည် လယ်တောတွင်ရှိနေ၏။ သူသည် ပြန်လာ၍ အိမ်အနီးသို့ရောက်သောအခါ တီးမှုတ်သံနှင့် ကခုန်သံတို့ကို ကြားရလေ၏။- | |
Luke | BurCBCM | 15:26 | ထို့ကြောင့် သူသည် အစေခံတစ်ဦးကိုခေါ်ပြီးလျှင် မည်သည့်အကြောင်းအရာဖြစ်သည်ကို မေးလေ၏။- | |
Luke | BurCBCM | 15:27 | ထိုအစေခံကလည်း သင်၏ညီပြန်ရောက်လေပြီ။ သူ့ကို ဘေးကင်းစွာ ပြန်တွေ့ရသောကြောင့် သင်၏အဖသည် ဆူဖြိုးသော နွားငယ်ကို သတ်လေပြီဟုဆိုလေ၏။- | |
Luke | BurCBCM | 15:28 | သားကြီးဖြစ်သူသည်ကား အမျက်ထွက်သောကြောင့် အိမ်တွင်းသို့ဝင်ရန် ငြင်းဆန်လေ၏။ ထိုအခါ သူ၏အဖသည် အပြင်သို့ ထွက်လာပြီးလျှင် သူ့ကိုဖျောင်းဖျပြောဆိုလေ၏။- | |
Luke | BurCBCM | 15:29 | သို့ရာတွင် သူက မိမိ၏အဖအား ပြန်ပြောသည်မှာ အကျွန်ုပ် သည် အဖကို နှစ်ပေါင်းများစွာလုပ်ကျွေးခဲ့ပါပြီ။ အကျွန်ုပ် သည် အဖ၏ဩဇာကိုတစ်ခါမျှမလွန်ဆန်ခဲ့ဖူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အကျွန်ုပ်၏ မိတ်ဆွေများနှင့်အတူ ပျော်ရွှင်စွာ စားသောက်ခြင်းငှာ အဖသည် အကျွန်ုပ်အား ဆိတ်ကလေးတစ်ကောင်ကိုမျှ မပေးဖူးပါ။- | |
Luke | BurCBCM | 15:30 | အဖ၏ ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့် ပျော်ပါးဖြုန်းတီးပစ်ခဲ့သည့် ဤသား ပြန်လာသောအခါ အဖသည် သူ့အတွက် ဆူဖြိုးသောနွားငယ်ကိုသတ်လေပြီဟု ဆိုလေ၏။- | |
Luke | BurCBCM | 15:31 | အဖကလည်း ငါ့သား၊ သင်သည် ငါနှင့်အတူ အစဉ်နေထိုင်၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- | |
Chapter 16
Luke | BurCBCM | 16:1 | တစ်ဖန် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ တစ်ခါက သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၍ ထိုဘဏ္ဍာစိုးသည် သူဌေး၏ ဥစ္စာပစ္စည်းတို့ကိုဖြုန်းတီးသည့်အကြောင်း စွပ်စွဲတိုင်ကြားချက်များ သူ့ထံသို့ရောက်လာလေ၏။- | |
Luke | BurCBCM | 16:2 | ထိုအခါ သူသည် ဘဏ္ဍာစိုးကိုခေါ်၍ သင်၏အကြောင်းကို ငါကြားရသည်မှာ မည်သို့နည်း။ သင်၏အလုပ်နှင့် သက်ဆိုင်သောငွေ စာရင်းကိုပေးလော့။ အကြောင်းမူကား ယခုမှစ၍ သင်သည် ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။- | |
Luke | BurCBCM | 16:3 | ထိုအခါ ဘဏ္ဍာစိုးက ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှ ဖယ်ရှားလေပြီ။ ငါမည်ကဲ့သို့ပြုရမည်နည်း။ မြေတူးခြင်းငှာ ငါမတတ်နိုင်။ တောင်းစားရန်လည်း ငါရှက်၏။- | |
Luke | BurCBCM | 16:4 | ငါသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရပြီးနောက် လူတို့သည် သူတို့၏အိမ်များတွင် ငါ့ကိုလက်ခံကြစေရန် မည်သို့ ပြုရမည်ကို ငါသိ၏ဟု မိမိစိတ်ထဲ၌ ဆိုလေ၏။- | |
Luke | BurCBCM | 16:5 | ထို့ကြောင့် သူသည် မိမိ၏သခင်အပေါ် အကြွေးတင်နေသောသူများကို တစ်ဦးစီခေါ်၍ ပထမတစ်ဦးအား သင်သည် ငါ့သခင်ကို မည်မျှပေးဆပ်ရ မည်နည်းဟုဆိုလျှင်၊- | |
Luke | BurCBCM | 16:6 | ထိုသူက ဆီအချိန်တစ်ရာရှိပါသည် ဟုဆိုလေ၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ အလျင်အမြန်ထိုင်ပြီးလျှင် ငါးဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။- | |
Luke | BurCBCM | 16:7 | ထို့နောက် သူသည် အခြားသူတစ်ယောက်အား သင်သည် မည်မျှပေးဆပ်ရမည်နည်း ဟုမေးလျှင် ထိုသူက ဂျုံစပါးတင်းတစ်ရာ ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ ရှစ်ဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။- | |
Luke | BurCBCM | 16:8 | သူ၏သခင်သည်ကား မရိုးသားသော ထိုဘဏ္ဍာစိုး၏ ဆင်ခြင်မြော်မြင်ဉာဏ်ကို ချီးကျူးလေ၏။ အကြောင်းမူကား လောကီသားတို့သည် လောကီအမှုကိစ္စတို့ကို ဆောင်ရွက်ကြရာ၌ အလင်း၏သားများထက် ပို၍ကျွမ်းကျင်ပါးနပ်ကြ၏။- | |
Luke | BurCBCM | 16:9 | ငါသည်လည်း သင်တို့အား ဆိုသည်မှာ မတရားသောလောကီစည်းစိမ်အားဖြင့် မိတ်ဆွေများရအောင် ပြုကြလော့။ သို့မှသာ စည်းစိမ်ချမ်းသာတို့ ကုန်ဆုံးသည့်အခါ၌ ထိုမိတ်ဆွေတို့သည် သင်တို့အား ထာ၀ရတည်သောအိမ်တော်တွင် ကြိုဆိုလက်ခံကြ လိမ့်မည်။ | |
Luke | BurCBCM | 16:10 | ငယ်သောအမှုကိစ္စ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စ၌လည်း သစ္စာရှိ၏။ ငယ်သောအမှုကိစ္စ၌ မရိုးသားသော သူသည် ကြီးသောအမှုကိစ္စ၌လည်း ရိုးသားဖြောင့်မတ်လိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 16:11 | သို့ဖြစ်၍ သင်တို့သည် မစင်ကြယ်သောဥစ္စာစည်းစိမ်၌ သစ္စာမရှိကြလျှင် မည်သူသည် စစ်မှန်သောဥစ္စာစည်းစိမ်ကို သင်တို့၌ အပ်နှံထားမည်နည်း။- | |
Luke | BurCBCM | 16:12 | သင်တို့သည် သူတစ်ပါး၏ ဥစ္စာပစ္စည်းအပေါ်၌ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို သင်တို့အား ပေးအပ်မည်နည်း။- | |
Luke | BurCBCM | 16:13 | မည်သည့်အစေခံမျှ သခင်နှစ်ပါး၏အစေကိုမခံနိုင်ပေ။ အကြောင်းမူကား သူသည် တစ်ပါးကိုမုန်း၍ တစ်ပါးကို ချစ်လိမ့်မည်။ တစ်ပါးကိုသစ္စာခံ၍ တစ်ပါးကို မထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့် လောကီစည်းစိမ် နှစ်ဘက်စလုံးကို အစေမခံနိုင်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 16:14 | ငွေကိုမက်မောသော ဖာရီဇေးဦးတို့သည် ဤစကားများကိုကြားလျှင် ကိုယ်တော့်ကို ပြက်ရယ်ပြုကြ၏။- | |
Luke | BurCBCM | 16:15 | သို့သော် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် လူတို့ရှေ့၌ သင်တို့ကိုယ်ကို ဖြောင့်မတ်ကြောင်း ဖော်ပြလိုကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးကို သိမြင်တော်မူ၏။ အကြောင်းမူကား လူတို့အလယ်၌ အမြတ်တနိုး မြှောက်စားခြင်းခံရသောအရာသည် ဘုရားသခင်၏ ရှေ့တော်တွင်မူ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ | |
Luke | BurCBCM | 16:16 | ပညတ်တရားကျမ်းများနှင့် ပရောဖက်ကျမ်းတို့သည် ယောဟန်ပေါ်ထွန်းလာသည့်တိုင်အောင် တည်ရှိခဲ့ကြ၏။ ထိုအချိန် မှစ၍ ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောလျက်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် နိုင်ငံတော်သို့ အတင်းအကျပ်ဝင်ရောက်ကြကုန်၏။- | |
Luke | BurCBCM | 16:17 | သို့ရာတွင် ပညတ်တရားကျမ်းမှ စာလုံးတစ်လုံး၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ကွယ်ပျောက်သည်ထက် ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်ရသည်က ပို၍လွယ်ကူ၏။ | |
Luke | BurCBCM | 16:18 | မည်သူမဆို မိမိ၏မယားကို ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် ဖောက်ပြန်ခြင်းသို့ရောက်၏။ သူမ၏ခင်ပွန်းက ကွာရှင်းထားသော မယားကို ပေါင်းသင်းသော သူသည်လည်း သူ့မယားကို ပြစ်မှား၏။ | |
Luke | BurCBCM | 16:19 | တစ်ခါက ခရမ်းရောင်ပိတ်ချောထည်များကို ဝတ်ဆင်လျက် စားသောက်ပွဲကို နေ့စဉ်ခမ်းနားစွာ ကျင်းပ၍ စည်းစိမ် ခံစားတတ်သော သူဌေးတစ်ဦးရှိ၏။- | |
Luke | BurCBCM | 16:20 | သူ၏အိမ်တံခါးအနီးတွင် လာဇရုအမည်ရှိသော သူတောင်းစားတစ်ယောက်သည် အနာစိမ်းများနှင့် တစ်ကိုယ်လုံးပြည့် လျက် လဲလျောင်းနေလေ၏။- | |
Luke | BurCBCM | 16:21 | သူသည် သူဌေး၏စားပွဲမှ ကျသည့်စားစရာအပိုင်းအစများကို စားခွင့်ရရန် အလိုရှိခဲ့၏။ ထို့ပြင် ခွေးတို့သည်လည်း လာ၍ သူ၏အနာစိမ်းများကို လျက်ကြ၏။- | |
Luke | BurCBCM | 16:22 | ထိုသူတောင်းစား သေဆုံးသောအခါ ကောင်းကင်တမန်တော်တို့သည် သူ့ကို အာဘရာဟံ၏ ရင်ခွင်သို့ သယ်ဆောင် သွားကြ၏။ သူဌေးသည်လည်း သေဆုံး၍ သင်္ဂြိုဟ်ခြင်းခံရ၏။ | |
Luke | BurCBCM | 16:23 | သူသည် မရဏနိုင်ငံ၌ ပြင်းထန်စွာ ဒဏ်ခံနေရစဉ် အထက်သို့မော်၍ကြည့်လျှင် အဝေး၌ အာဘရာဟံကိုလည်းကောင်း၊ အာဘရာဟံ၏ရင်ခွင်၌ လာဇရုကို လည်းကောင်း မြင်လေ၏။- | |
Luke | BurCBCM | 16:24 | ထိုအခါ သူက အိုအဖ အာဘရာဟံ၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲ၌ ပြင်းထန်စွာ ဒဏ်ခံနေ ရပါသောကြောင့် လာဇရုသည် သူ၏လက်ချောင်းများကို ရေတွင်နှစ်၍ အကျွန်ုပ်၏လျှာကို အေးစေခြင်းငှာ သူ့ကိုစေလွှတ် တော်မူပါဟုအော်ဟစ် အသနားခံလေ၏။- | |
Luke | BurCBCM | 16:25 | သို့သော် အာဘရာဟံက ငါ့သား၊ သင်အသက်ရှင်စဉ်အခါက စည်းစိမ်ချမ်းသာခံစားခဲ့ရသည်ကိုလည်းကောင်း၊ လာဇရုသည်ကား ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်းကောင်း သတိရလော့။ ယခုမှာမူ သူသည် နှစ်သိမ့်ခြင်းခံရ၍ သင်သည် ပြင်းထန်စွာ ဒဏ်ခံရပြီ။- | |
Luke | BurCBCM | 16:26 | ထို့ပြင် ငါတို့နှင့် သင်တို့အကြားတွင် နက်ရှိုင်းသော ချောက်ကြီးတစ်ခုကိုထားရှိသည်ဖြစ်၍ ဤနေရာမှ သင်တို့ ဘက်သို့လည်းကောင်း၊ သင်တို့၏နေရာမှ ငါတို့ဘက် သို့လည်းကောင်း ကူးဖြတ်လိုသူတို့သည် မတတ်နိုင်ကြဟု ပြန်ပြောလေ၏။ | |
Luke | BurCBCM | 16:27 | ထိုအခါ သူက အဖ၊ ဤသို့ဖြစ်လျှင် လာဇရုအား အကျွန်ုပ်၏အဖအိမ်သို့ စေလွှတ်ပါရန် တောင်းပန်ပါသည်။- | |
Luke | BurCBCM | 16:28 | အကြောင်းမူကား အကျွန်ုပ်၌ ညီငါးယောက်ရှိ၍ သူတို့သည်လည်း ဒဏ်ခံရမည့် ဤအရပ်သို့ မရောက်ကြစေခြင်းငှာ လာဇရုသည် သူတို့ကို သတိပေးနိုင်ပါသည်ဟုဆို၏။- | |
Luke | BurCBCM | 16:29 | သို့ရာတွင် အာဘရာဟံက သူတို့၌ မိုးဇက်နှင့် ပရောဖက်များရှိကြ၏။ ထိုသူတို့၏ စကားကို သူတို့ နားထောင်ကြပါစေ ဟုဆို၏။- | |
Luke | BurCBCM | 16:30 | ထိုအခါ သူက ထိုသို့ မဟုတ်ပါ၊ အဖ အာဘရာဟံ။ သေလွန်ပြီးသောသူတို့ထဲမှ တစ်ယောက်သည် သူတို့ထံသို့သွားလျှင်မူ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုပြန်၏။- | |
Chapter 17
Luke | BurCBCM | 17:1 | ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ အပြစ်သို့ကျရောက်စေ နိုင်သော အကြောင်းရင်း များသည် ဧကန်မုချ ဖြစ်ပေါ်တတ်၏။ သို့သော် အပြစ်သို့ကျစေမည့်အကြောင်းရင်းကိုဖြစ် ပေါ်စေသောသူသည် အမင်္ဂလာရှိ၏။- | |
Luke | BurCBCM | 17:2 | ထိုသူသည် ငယ်ရွယ်သော ဤသူငယ်တို့တွင် တစ်ယောက်ကို အပြစ်သို့ရောက်စေခြင်းထက် မိမိလည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းက သူ့အတွက် ပို၍ကောင်းလိမ့်မည်။- | |
Luke | BurCBCM | 17:3 | သို့ဖြစ်၍ သင်တို့သည် သတိနှင့် ဆင်ခြင်ကြလော့။ သင်၏ညီအစ်ကိုသည် အပြစ်ကျူးလွန်လျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ့ ကိုခွင့်လွှတ်လော့။- | |
Luke | BurCBCM | 17:4 | သူသည် တစ်နေ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင် သင့်ထံသို့လာလျက် အကျွန်ုပ် နောင်တရပါပြီဟုဆိုလျှင် သင်သည် သူ့ကိုခွင့်လွှတ်ရမည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 17:5 | ထိုအခါ တမန်တော်တို့က သခင်ဘုရားအား တပည့်တော်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဟု လျှောက်ကြ၏။- | |
Luke | BurCBCM | 17:6 | သခင်ဘုရားကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား အမြစ်ပါနုတ်၍ ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည် သင်တို့၏စကားကို နာခံလိမ့်မည်။ | |
Luke | BurCBCM | 17:7 | သင်တို့တွင် မည်သူသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ လယ်ကွင်းမှပြန်လာသော မိမိ၏အစေခံအား သင်ချက်ချင်းလာ၍ စားပွဲ၌ထိုင်လော့ဟု ဆိုမည်နည်း။- | |
Luke | BurCBCM | 17:8 | ထိုသို့မဟုတ်ဘဲ သူသည် မိမိ၏အစေခံအား ငါ့အဖို့ ညစာကိုပြင်လော့။ ငါစားသောက်နေစဉ် ခါးကိုစည်း၍ ငါအလိုရှိရာကို ဆောင်ရွက်ပေးလော့။ ထို့နောက်မှ သင်စားသောက်ရမည်ဟူ၍ ဆိုမည်မဟုတ်လော။- | |
Luke | BurCBCM | 17:9 | အစေခံသည် မိမိစေခိုင်းသည့်အတိုင်း ဆောင်ရွက်သောကြောင့် သူသည် ထိုအစေခံကို ကျေးဇူးတင်သလော။- | |
Luke | BurCBCM | 17:10 | ထိုနည်းတူ သင်တို့သည်လည်း မိမိတို့အား စေခိုင်းသည့်အရာ အားလုံးကို ဆောင်ရွက်ပြီးသောအခါ ငါတို့သည် မထိုက်တန်သော အစေခံများသာဖြစ်ပြီး ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟု ဝန်ခံကြလော့ဟူ၍ မိန့်တော်မူ၏။ | |
Luke | BurCBCM | 17:11 | ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူစဉ် ဆမာရိယနှင့် ဂါလေလေးယ နယ်စပ်တစ်လျှောက်ကို ဖြတ်သွားတော်မူ၏။- | |
Luke | BurCBCM | 17:12 | ရွာတစ်ရွာသို့ ကိုယ်တော်ဝင်တော်မူသောအခါ အနာကြီးရောဂါသည် ဆယ်ဦးနှင့် တွေ့ဆုံ၍ သူတို့သည် အဝေးတွင် ရပ်နေကြလျက်၊- | |
Luke | BurCBCM | 17:13 | ဆရာသခင် ယေဇူး၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်သောအသံဖြင့် တောင်းလျှောက်ကြ၏။- | |
Luke | BurCBCM | 17:14 | ကိုယ်တော်သည် သူတို့ကိုမြင်တော်မူသောအခါ သင်တို့သွား ကြ၍ သင်တို့ကိုယ်ကို ရဟန်းတို့အား ပြကြလော့ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း ရဟန်းတို့ထံသို့သွားကြစဉ် စင်ကြယ်ခြင်းသို့ရောက်ကြလေ၏။- | |
Luke | BurCBCM | 17:15 | ထိုသူတို့တွင် တစ်ယောက်သည် မိမိပျောက်ကင်းချမ်းသာ ရကြောင်းကိုမြင်သောအခါ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ကျယ်လောင်စွာ အော်ဟစ်ချီးမွမ်းလျက် ပြန်လှည့်လာ၏။- | |
Luke | BurCBCM | 17:16 | ထို့နောက် သူသည် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ကိုယ်တော်အား ကျေးဇူးတင်လေ၏။ ဤသူသည်ကား ဆမာရိယလူမျိုးဖြစ်၏။- | |
Luke | BurCBCM | 17:17 | ယေဇူးကလည်း ဆယ်ယောက်သောသူတို့သည် ပျောက်ကင်းစင်ကြယ်ခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကျန်သော ကိုးယောက်တို့သည် အဘယ်မှာရှိကြသနည်း။- | |
Luke | BurCBCM | 17:18 | ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါး ပြန်လာသူတစ်ယောက်မျှ မရှိသလောဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 17:19 | ထို့နောက် ကိုယ်တော်က ထိုသူအား သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 17:20 | ဖာရီဇေးဦးတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် မြင်နိုင်သော နိမိတ်လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။- | |
Luke | BurCBCM | 17:21 | ကြည့်ကြ၊ ၎င်းသည် ဤအရပ်၌ရှိ၏။ သို့မဟုတ် ထိုအရပ်၌ရှိ၏ဟူ၍လည်း သူတို့မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 17:22 | ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသား၏နေ့ရက်များထဲမှ တစ်ရက်ကို မြင်တွေ့လိုသော အချိန်ရောက်လာလိမ့်မည်။ သို့သော်လည်း ထိုနေ့ရက်ကို သင်တို့မြင်ကြရလိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 17:23 | ထိုအခါ လူတို့က ကြည့်လော့။ ထိုအရပ်တွင်ရှိ၏။ သို့မဟုတ် ဤအရပ်တွင်ရှိ၏ဟု သင်တို့အား ဆိုကြလိမ့်မည်။ သို့သော် မသွားကြနှင့်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။- | |
Luke | BurCBCM | 17:24 | အကြောင်းမူကား ကောင်းကင်တစ်ဖက်မှ ထွက်ပေါ်လာသော လျှပ်စီးလက်ခြင်းသည် ကောင်းကင် အခြားတစ်ဖက် တိုင်အောင် လင်းဖြာသကဲ့သို့ လူသားသည် မိမိ၏နေ့ရက်တွင် ကြွလာသောအခါ၌လည်း ထိုနည်းအတိုင်းဖြစ်လိမ့်မည်။- | |
Luke | BurCBCM | 17:25 | သို့ရာတွင် သူသည် ပထမဦးစွာ ဒုက္ခဆင်းရဲများကိုခံယူ၍ ဤလူမျိုး ဆက်၏ငြင်းပယ်ခြင်းကိုလည်း ခံရလိမ့်မည်။ | |
Luke | BurCBCM | 17:27 | နောဧသည် သင်္ဘောထဲသို့ဝင်ပြီးနောက် ရေလွှမ်းမိုးခြင်း ကျရောက်သဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြသည့် နေ့ရက် တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်း မြားပေးစားလျက် နေခဲ့ကြ၏။- | |
Luke | BurCBCM | 17:28 | ထိုနည်းတူပင် လောတ၏လက်ထက်၌လည်း လူတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ တည်ဆောက် လျက်နေခဲ့ကြ ၏။- | |
Luke | BurCBCM | 17:29 | သို့ရာတွင် လောတသည် ဆောဒိုမာမြို့မှ ထွက်ခွာသွားသောနေ့၌ ကောင်းကင်မှ မီးနှင့်ကန့်မိုးတို့ ရွာသွန်းသဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြ၏။- | |
Luke | BurCBCM | 17:31 | ထိုနေ့၌ အိမ်ခေါင်မိုးပေါ်တွင် ရှိသောသူသည် အိမ်ထဲ၌ရှိသော မိမိပစ္စည်းဥစ္စာတို့ကိုယူခြင်းငှာ အောက်သို့မဆင်းလေနှင့်။ ထိုနည်းတူ လယ်ထဲ၌ ရှိသောသူသည်လည်း အိမ်သို့မပြန်လေနှင့်။- | |
Luke | BurCBCM | 17:33 | မိမိ၏အသက်ကို ကယ်တင်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ မိမိ၏အသက် ကိုဆုံးရှုံးသောသူသည် အသက်ကို ကယ်တင်နိုင်လိမ့်မည်။- | |
Luke | BurCBCM | 17:34 | သင်တို့အား ငါဆိုသည်ကား ထိုည၌ အိပ်ရာတစ်ခုထဲတွင် ရှိနေသော လူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။- | |
Luke | BurCBCM | 17:35 | ကြိတ်ဆုံအတူကြိတ်လျက်ရှိသော အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။- | |
Luke | BurCBCM | 17:36 | လယ်ထဲ၌ရှိသောသူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ် လိမ့်မည်ဟု မိန့်တော်မူ၏။- | |
Chapter 18
Luke | BurCBCM | 18:1 | ထို့နောက် စိတ်အားမလျှော့ဘဲလျက် အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာဆောင်၍ သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 18:2 | ကိုယ်တော်က သူတို့အား ဆိုသည်ကား မြို့တစ်မြို့၌ ဘုရားသခင်ကိုလည်း မကြောက်၊ လူ့မျက်နှာကိုလည်း မထောက်ထား သောတရားသူကြီးတစ်ယောက်ရှိ၏။- | |
Luke | BurCBCM | 18:3 | ထိုမြို့၌ မုဆိုးမတစ်ယောက်ရှိ၍ သူမသည် တရားသူကြီးထံသို့ အကြိမ်ကြိမ်လာပြီးလျှင် ကျွန်မ၏ တရားပြိုင်ဘက်နှင့် ပတ်သက်၍ ကျွန်မအတွက် မျှတစွာတရားစီရင်ပါဟု တောင်းဆိုလေ၏။- | |
Luke | BurCBCM | 18:4 | တရားသူကြီးသည် သူမ၏တောင်းဆိုချက်ကို ကြာမြင့်စွာ ငြင်းဆန်နေခဲ့၏။ နောက်ဆုံးတွင် သူက မိမိကိုယ်မိမိ ပြောသည်မှာ ငါသည် ဘုရားကို မကြောက်၊ လူ၏မျက်နှာကို မထောက်ထားသော်လည်း၊- | |
Luke | BurCBCM | 18:5 | ဤမုဆိုးမသည် ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် သူမ၏ရပိုင်ခွင့်ကို ငါစီရင်ပေးမည်။ ထိုသို့မဟုတ်လျှင် သူမ သည် ငါ့ထံသို့ အဆက်မပြတ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့် မည်ဟုဆိုလေ၏။ | |
Luke | BurCBCM | 18:7 | ဘုရားသခင်သည်လည်း မိမိရွေးကောက်တော်မူသောသူတို့က နေ့ညမပြတ် မိမိထံဟစ်အော်တောင်းလျှောက်ကြလျှင် သူတို့ဘက်မှ တရားမျှတစွာမပြုမူဘဲနေမည်လော။ ကိုယ်တော်သည် သူတို့ကိုကူညီမစရန် နှောင့်နှေးတော်မူမည်လော။- | |
Luke | BurCBCM | 18:8 | သင်တို့အား ငါဆိုသည်ကား ဘုရားသခင် သည် သူတို့အတွက် အလျင်အမြန်ပင် တရားမျှတစွာပြု တော်မူလိမ့်မည်။ သို့သော် လူသားကြွလာတော်မူသောအခါ သူသည် ကမ္ဘာမြေပေါ်တွင် ယုံကြည်ခြင်းကို တွေ့ရ ပါမည်လောဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 18:9 | မိမိကိုယ်ကို ဖြောင့်မတ်သောသူဟုခံယူလျက် သူတစ်ပါးတို့ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကို မိန့်တော်မူ၏။- | |
Luke | BurCBCM | 18:10 | လူနှစ်ယောက်သည် ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်သည် ဖာရီဇေးဦးဖြစ်၍ အခြားတစ်ယောက်သည် အခွန်ခံသူဖြစ်၏။- | |
Luke | BurCBCM | 18:11 | ဖာရီဇေးဦးသည် မတ်တတ်ရပ်လျက် မိမိစိတ်ထဲ၌ ဤသို့ဆုတောင်းလေ၏။ အိုဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယက်သောသူ၊ မတရားသောသူ၊ သူတစ်ပါး၏မယားကိုပြစ်မှားသော သူမဟုတ်သည့်အပြင် ဤအခွန်ခံသူ ကဲ့သို့လည်းမဟုတ်သောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- | |
Luke | BurCBCM | 18:12 | အကျွန်ုပ်သည် တစ်ပတ်တွင်နှစ်ကြိမ် အစာရှောင်ပါ၏။ အကျွန်ုပ်ရရှိသမျှဥစ္စာပစ္စည်းတို့မှ ဆယ်ဖို့တစ်ဖို့ကို လှူဒါန်းပါ၏ဟူ၍ ဆုတောင်းလေ၏။- | |
Luke | BurCBCM | 18:13 | အခွန်ခံသူမူကား အဝေး၌ရပ်နေလျက် ကောင်းကင်သို့ပင် မော်မကြည့်ဝံ့ဘဲ မိမိ၏ရင်ဘတ်ကိုပုတ်ကာ အိုဘုရားသခင်၊ အပြစ်ရှိသူ အကျွန်ုပ်ကိုသနားတော်မူပါဟု ဆုတောင်းလေ၏။- | |
Luke | BurCBCM | 18:14 | သင်တို့အား ငါဆိုသည်ကား ဤသူသည် အခြားသူတစ်ယောက်ထက် ဖြောင့်မတ်သန့်ရှင်းခွင့်ကို ပို၍ခံရလျက် အိမ်သို့ပြန်သွားရ၏။ မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသောသူမူကား ချီးမြှောက်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 18:15 | ကိုယ်တော်၏လက်တော်ဖြင့် တို့ထိစေခြင်းငှာ လူတို့သည် ကလေးသူငယ်များအား အထံတော်သို့ ခေါ် ဆောင်ခဲ့ကြသည်ကို တပည့်တော်တို့မြင်လျှင် သူတို့ကို ပြစ်တင်ကြိမ်းမောင်းကြ၏။- | |
Luke | BurCBCM | 18:16 | သို့ရာတွင် ယေဇူးသည် ကလေးသူငယ်တို့ကို မိမိအထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ ကလေးသူငယ်များ ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင် ၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ်၏။- | |
Luke | BurCBCM | 18:17 | သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ကလေးသူငယ်တစ်ယောက်ကဲ့သို့ မခံယူသောသူသည် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 18:18 | အရာရှိတစ်ဦးက ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရန် အကျွန်ုပ်သည် မည်သည့်အရာကို ပြုရမည် နည်းဟု မေးလျှောက်လေ၏။- | |
Luke | BurCBCM | 18:19 | ယေဇူးကလည်း အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သောသူဟု ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှကောင်း မြတ်သည်မဟုတ်။- | |
Luke | BurCBCM | 18:20 | သင်သည် ပညတ်တော်များကိုသိ၏။ သူ့မယားကို မပြစ်မှားနှင့်။ သူ့အသက်ကို မသတ်နှင့်။ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို မခိုးနှင့်။ မဟုတ်မမှန် သက်သေခံခြင်းကို မပြုနှင့်။ သင်၏မိဘများကိုရိုသေလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 18:21 | ထိုသူကလည်း အကျွန်ုပ်သည် ငယ်စဉ် အရွယ်မှစ၍ ဤပညတ်တော်များကို လိုက်နာစောင့်ထိန်း ခဲ့ပါပြီဟု လျှောက်လေ၏။- | |
Luke | BurCBCM | 18:22 | ထိုစကားကို ယေဇူးကြားတော်မူလျှင် သင်ကျင့်ကြံရန် တစ်ခုလိုအပ်နေသေး၏။ သင်၌ရှိသမျှသော ဥစ္စာပစ္စည်းများကို ရောင်းချ၍ ဆင်းရဲသားတို့အား ဝေငှပေးကမ်းလော့။ ဤသို့ပြုလျှင် သင်သည် ကောင်းကင်၌ ဘဏ္ဍာကို ပိုင်ဆိုင်ရလိမ့်မည်။ ထို့ နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 18:23 | သို့သော် ထိုသူသည် ဤစကားကိုကြားရလျှင် ဝမ်းနည်းလေ၏။ အကြောင်းမူကား သူသည် လွန်စွာ ကြွယ်၀ချမ်းသာသောသူ ဖြစ်သောကြောင့်တည်း။- | |
Luke | BurCBCM | 18:24 | ယေဇူးသည် ထိုသူ့ကိုကြည့်လျက် ဥစ္စာကြွယ်၀သော သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရန် ခဲယဉ်းလှပေသည် တကား။- | |
Luke | BurCBCM | 18:25 | အကြောင်းမူကား ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခြင်းထက် ကုလားအုတ်သည် အပ်နှဖားအတွင်း လျှိုဝင်ရသည်က ပို၍လွယ်လိမ့်မည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 18:26 | ဤအကြောင်းကို ကြားရသူတို့ကလည်း ဤသို့ဆိုလျှင် မည်သူသည် ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်းဟု ဆိုကြ၏။- | |
Luke | BurCBCM | 18:27 | သို့သော် ကိုယ်တော် က လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင် တော်မူသည်ဟု မိန့်တော်မူလေ၏။ | |
Luke | BurCBCM | 18:28 | ထိုအခါ ပေတရုက တပည့်တော်တို့သည် မိမိတို့၏ အိုးအိမ်တို့ကို စွန့်ခွာ၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေသော်၊- | |
Luke | BurCBCM | 18:29 | ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိ၏အိမ်၊ ဇနီး၊ ညီအစ်ကို၊ မိဘ၊ သားသမီးတို့ကို စွန့်လွှတ်သောသူသည်၊- | |
Luke | BurCBCM | 18:30 | ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ကာလ၌လည်း ထာ၀ရအသက်ကိုလည်းကောင်း မခံစားရဘဲမနေရဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 18:31 | ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူ၍ ယခုငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသား၏အကြောင်းနှင့် ပတ်သက်၍ ပရောဖက်များရေးထားခဲ့သမျှသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။- | |
Luke | BurCBCM | 18:32 | အကြောင်းမူကား သူသည် လူမျိုးခြားတို့လက်သို့ အပ်နှံခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းတို့ကိုလည်း ခံရလိမ့်မည်။- | |
Luke | BurCBCM | 18:33 | ထိုသူတို့သည် သူ့ကိုကြိမ်နှင့်ရိုက်ပြီးနောက် အသေသတ်ကြလိမ့်မည်။ သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 18:34 | သို့ရာတွင် တပည့်တော်တို့သည် ဤအကြောင်းအရာများထဲမှ တစ်ခုကိုမျှနားမလည်ကြ။ ဤအကြောင်းအရာများကို သူတို့ထံမှ ဖုံးကွယ်ထားသောကြောင့် သူတို့သည် ကိုယ်တော်မိန့်တော်မူသော အကြောင်းအရာကို သဘောမပေါက်ကြချေ။ | |
Luke | BurCBCM | 18:35 | ကိုယ်တော်သည် ဂျေရီခိုမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦးသည် လမ်းဘေးတွင်ထိုင်၍ တောင်းစားလျက်နေ၏။- | |
Luke | BurCBCM | 18:36 | ထိုသူသည် လူအစုအဝေးတို့ ဖြတ်သွားကြသော အသံကိုကြားလျှင် ဖြစ်ပျက်နေသည့် အကြောင်းအရာကို မေးမြန်းလေ၏။- | |
Luke | BurCBCM | 18:39 | ရှေ့မှသွားနေ ကြသောသူတို့သည်လည်း ထိုသူကို တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြသော်လည်း သူက ဒါဝိဒ်၏ သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်လေ၏။- | |
Luke | BurCBCM | 18:40 | ယေဇူးသည်လည်း ရပ်၍ ထိုသူ့ကို အထံတော်သို့ ခေါ်ဆောင်လာစေရန် အမိန့်ပေးတော်မူ၏။ ထိုသူသည် အနီးသို့ ရောက်လာသောအခါ၊- | |
Luke | BurCBCM | 18:41 | ကိုယ်တော်က ငါ့အား သင့်အတွက် မည်သည့်အရာကိုပြုစေလိုသနည်းဟု သူ့အားမေးတော်မူလျှင် သူက သခင်၊ အကျွန်ုပ် မျက်စိပြန်မြင်လိုပါသည်ဟု လျှောက်လေ၏။- | |
Luke | BurCBCM | 18:42 | ထိုအခါ ယေဇူးက သင်၏ မျက်စိအလင်းကို ခံယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု သူ့အား မိန့်တော်မူ၏။- | |
Chapter 19
Luke | BurCBCM | 19:2 | ထိုအရပ်တွင် ဇာခေးဦး အမည်ရှိသောသူတစ်ဦးရှိလေ၏။ သူသည် အခွန်ခံသော သူတို့၏ အကြီးအကဲဖြစ်၍ ကြွယ်၀ ချမ်းသာ၏။- | |
Luke | BurCBCM | 19:3 | သူသည် ယေဇူး အဘယ်သူဖြစ်ကြောင်းကို ကြည့်လိုသော်လည်း လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကို မမြင်နိုင်ချေ။ အကြောင်းမူကား သူသည် အရပ်နိမ့်သောသူဖြစ်၍ပင် တည်း။- | |
Luke | BurCBCM | 19:4 | ထို့ကြောင့် သူသည် ကိုယ်တော့်ကိုမြင်နိုင်ရန် ရှေ့မှကြိုပြေးလျက် သဖန်းပင်တစ်ပင်ပေါ်သို့ တက်လေ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်သည် ထိုနေရာ မှဖြတ်သွားမည်ဖြစ်သောကြောင့်တည်း။- | |
Luke | BurCBCM | 19:5 | ယေဇူးသည်လည်း ထိုနေရာသို့ရောက်သောအခါ မော့ကြည့်၍ ဇာခေးဦး၊ အမြန်ဆင်းခဲ့လော့။ အကြောင်းမူကား သင်၏အိမ်၌ ယနေ့ငါတည်းခိုမည်ဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 19:7 | ဤအခြင်းအရာကို လူအပေါင်းတို့မြင်ကြသောအခါ သူသည် အပြစ်ရှိသူတစ်ဦး၏ အိမ်၌ဝင်၍ တည်းခိုလေပြီတကားဟု တီးတိုးပြစ်တင်ကြ၏။- | |
Luke | BurCBCM | 19:8 | ဇာခေးဦးသည်ကား ရပ်လျက် သခင်၊ အကျွန်ုပ် ၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အား ပေးပါသည်။ အကယ်၍ အကျွန်ုပ်သည် တစ်စုံတစ်ယောက်၏ ဥစ္စာပစ္စည်းကိုလိမ်လည်၍ ယူမိခဲ့လျှင် လေးဆပြန်ပေးပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 19:9 | ထိုအခါ ယေဇူးက သူ့အား ဤသူသည်လည်း အာဘရာဟံ၏သား ဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ ဤအိမ်သို့ ရောက်လာလေပြီ။- | |
Luke | BurCBCM | 19:10 | အကြောင်းမူကား လူသားသည် ပျောက်ဆုံးနေသော သူတို့ကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:11 | လူတို့သည် ဤအကြောင်းအရာများကို ကြားနာနေကြစဉ် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို ဆက်လက် မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ရောက်လုနီးပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပင် ပေါ်ထွန်းတော့မည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 19:12 | သို့ဖြစ်၍ ကိုယ်တော်က မိန့်တော်မူသည်မှာ မင်းသားတစ်ပါးသည် ဘုရင်အရိုက်အရာကိုခံယူ၍ ပြန်လာရန် ဝေးလံသော တိုင်းပြည်တစ်ပြည်သို့ ထွက်သွားလေ၏။- | |
Luke | BurCBCM | 19:13 | သူသည် မိမိအစေခံဆယ်ယောက်ကိုခေါ်၍ သူတို့အား ငွေ ဒင်္ဂါးပြားဆယ်ပြားကိုပေးပြီးလျှင် ငါပြန်လာသည့်တိုင် အောင် ကုန်သွယ်ကြလော့ဟု သူတို့အား ဆို၏။- | |
Luke | BurCBCM | 19:14 | သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းတီးကြသောကြောင့် ကိုယ်စားလှယ်အဖွဲ့ကို သူ၏နောက်မှ စေလွှတ်၍ ဤသူ၏အုပ်စိုးမှုကို ငါတို့အလိုမရှိဟု ဆိုကြ၏။ | |
Luke | BurCBCM | 19:15 | ထိုသူသည် ဘုရင်အရိုက်အရာကိုခံယူပြီး ပြန်လာသောအခါ မိမိငွေအပ်နှံထားခဲ့သော အစေခံများသည် ကုန်သွယ်ခြင်းမှ အကျိုးအမြတ် မည်မျှရသည်ကို သိလိုသဖြင့် သူတို့ကို မိမိထံသို့ဆင့်ခေါ် လေ၏။- | |
Luke | BurCBCM | 19:16 | ပထမအစေခံသည် သူ့ထံသို့လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါးပြား တစ်ပြားအားဖြင့် နောက်ထပ် ငွေဒင်္ဂါးပြား ဆယ်ပြား တိုးပွားစေခဲ့ပါပြီဟု ဆိုလေ၏။- | |
Luke | BurCBCM | 19:17 | သူကလည်း ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကို အုပ်စိုးရမည်ဟု ဆို၏။- | |
Luke | BurCBCM | 19:18 | ဒုတိယအစေခံသည်လည်း လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါး တစ်ပြားဖြင့် ငွေဒင်္ဂါးငါးပြားကိုတိုးပွားစေခဲ့ပါပြီဟုဆို၏။- | |
Luke | BurCBCM | 19:20 | ထို့နောက် အခြားသော အစေခံတစ်ဦးသည် လာ၍ သခင်၊ အရှင်ပေးခဲ့သောငွေဒင်္ဂါးတစ်ပြား ဤတွင် ရှိပါသည်။ အကျွန်ုပ်သည် ဤငွေကို ပုဝါနှင့်ထုပ်၍ သိမ်းထားပါသည်။- | |
Luke | BurCBCM | 19:21 | အကြောင်းမူကား သခင်သည် တိကျသေချာသော သူဖြစ်၍ သခင် သိုလှောင်မထားသော ဥစ္စာကိုသိမ်းယူပြီး သခင် မစိုက်ပျိုးသော အရာကို ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို ကြောက်ရွံ့ပါသည်ဟု ဆို၏။- | |
Luke | BurCBCM | 19:22 | သူကလည်း ထိုသူအား ဆိုးမိုက်သောအစေခံ၊ သင့်နှုတ်မှထွက်လာသောစကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် တိကျသေချာ၍ ငါမသိုလှောင်သောဥစ္စာကို သိမ်းယူပြီး ငါမစိုက်ပျိုးသောအရာကို ရိတ်သိမ်းတတ်ကြောင်း သင်သိပါလျှင်၊- | |
Luke | BurCBCM | 19:23 | အဘယ်ကြောင့် ငါ၏ငွေကို ဘဏ်တွင်ထည့်မထားပါသနည်း။ ဤသို့သင်ပြုခဲ့ပါလျှင် ငါပြန်လာသောအချိန်၌ ထိုငွေကို အရင်းနှင့်တကွ အတိုးကိုပါ ငါရနိုင်ပေလိမ့်မည်ဟု သူ့အား ဆို၏။- | |
Luke | BurCBCM | 19:24 | ထို့နောက် သခင်က အနီးတွင်ရပ်နေသောသူတို့အား ဤသူ့ထံမှ ငွေ ဒင်္ဂါးတစ်ပြားကိုယူ၍ ငွေဒင်္ဂါးဆယ်ပြားရသောသူအား ပေးကြလော့ဟုဆို၏။- | |
Luke | BurCBCM | 19:26 | သခင်က သင်တို့အား ငါဆိုသည်ကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ့၌ ရှိသမျှကိုပင် သိမ်းယူ လိမ့်မည်။- | |
Luke | BurCBCM | 19:27 | ငါ၏အုပ်စိုးခြင်းကို လက်မခံလိုသော ငါ့ရန်သူတို့ကိုမူကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မျက် မှောက်တွင် ကွပ်မျက်ကြလော့ဟူ၍ ဆိုသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:28 | ကိုယ်တော်သည် ထိုအကြောင်းအရာကို မိန့်တော်မူပြီးနောက် ဂျေရုဆလင်မြို့သို့ ခရီးဆက်ရန် ရှေ့မှ ကြွသွားတော်မူ၏။- | |
Luke | BurCBCM | 19:29 | ကိုယ်တော်သည် သံလွင်တောင်ဟုခေါ်သော တောင်အနီးရှိ ဘက်ဖာဂျေရွာနှင့် ဘက်သနီရွာများအနီးသို့ ရောက်လျှင် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊- | |
Luke | BurCBCM | 19:30 | သင်တို့၏ရှေ့တွင် ရှိသောရွာသို့ ဝင်သွားကြလော့။ ရွာတွင်းသို့ သင်တို့ဝင်သောအခါ မည်သူမျှ မစီးဖူးသေးသည့် မြည်း ကလေးတစ်ကောင်ချည်ထားလျက်ရှိသည်ကို တွေ့ရလိမ့်မည်။ ၎င်းကို ကြိုးဖြေ၍ ဤနေရာသို့ ယူဆောင်ခဲ့ကြလော့။- | |
Luke | BurCBCM | 19:31 | အကယ်၍ တစ်စုံတစ်ယောက်က သင်တို့အား အဘယ်ကြောင့်မြည်းကို ကြိုးဖြေကြသနည်းဟု မေးလျှင် သခင်အလိုရှိသည်ဟူ၍ ပြန်ဖြေကြလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 19:32 | ဤသို့ဖြင့် စေလွှတ်ခြင်းခံရသော သူတို့သည် သွားကြသောအခါ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့ကြလေ၏။- | |
Luke | BurCBCM | 19:33 | သူတို့သည် မြည်းကို ကြိုးဖြေနေစဉ် မြည်းပိုင်ရှင်က သင်တို့သည် အဘယ်ကြောင့် မြည်းကို ကြိုးဖြေ ကြသနည်းဟု သူတို့အား မေးလေ၏။- | |
Luke | BurCBCM | 19:35 | သူတို့သည် မြည်းကလေးကို ယေဇူးထံတော်သို့ ဆွဲလာခဲ့ကြပြီးမှ ယင်းအပေါ်တွင် မိမိတို့၏ အဝတ်များကိုခင်း၍ ကိုယ်တော်အား မြည်းကို စီးစေကြ၏။- | |
Luke | BurCBCM | 19:36 | ကိုယ်တော်သည်လည်း မြည်းကို စီးသွားတော်မူစဉ်တွင် သူတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ခင်းကြ၏။- | |
Luke | BurCBCM | 19:37 | ကိုယ်တော်သည် သံလွင် တောင်ခြေအနီးသို့ ရောက်လာတော်မူသောအခါ များစွာသော တပည့်အပေါင်းတို့သည် မိမိတို့ တွေ့မြင်ခဲ့ရသည့် အံ့ဖွယ်တန်ခိုး လက္ခဏာများအတွက် ဝမ်းမြောက်ကြလျက် ကျယ်သောအသံဖြင့် ဘုရားသခင်ကို ချီးမွမ်း ထောမနာပြုကြ၍၊- | |
Luke | BurCBCM | 19:38 | ထာ၀ရဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်အား မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဘုန်းတော်ဂုဏ်တော်ရှိစေသတည်းဟု ကြွေးကြော်ကြ၏။- | |
Luke | BurCBCM | 19:39 | လူအစုအဝေးထဲမှ ဖာရီဇေးဦးအချို့တို့က ဆရာသခင်၊ ကိုယ်တော်၏တပည့်များ ကို ဆုံးမတော်မူပါဟု ကိုယ်တော်အား လျှောက်ထားကြ ၏။- | |
Luke | BurCBCM | 19:40 | ကိုယ်တော်က သင်တို့အား ငါဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာ နေခဲ့ကြပါလျှင် ကျောက်တုံး ကျောက်ခဲများသည် ကြွေးကြော်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:41 | ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်လာ၍ မြို့ကိုမြင်တော်မူသောအခါ ၎င်းအတွက် ငိုကြွေးလျက် မိန့်ဆိုသည်ကား၊- | |
Luke | BurCBCM | 19:42 | သင်သည် ငြိမ်းချမ်းသာယာမှုကို ဖြစ်ပေါ်စေသည့်အကြောင်းများကို ယနေ့သိခဲ့လျှင်ပင် ကောင်းပေစွ။ သို့သော် ယခု ဤအရာတို့ကို သင်မမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏။- | |
Luke | BurCBCM | 19:43 | အကြောင်းမူကား ရန်သူတို့သည် သင့်ကို မြေရိုးတံတိုင်းတို့ဖြင့် ကာ ဆီးလျက် အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့မည့်နေ့ရက်ကာ လရောက်လာလိမ့်မည်။- | |
Luke | BurCBCM | 19:44 | ထိုအခါ သူတို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ရှိသော သင့်သားသမီးတို့ကို မြေပြင်နှင့် တညီတည်းဖြစ်စေရန် ဖျက်ဆီးကြလိမ့်မည်။ သူတို့သည် သင်၌ ကျောက်တုံးတစ်ခုအပေါ်တစ်ခုတင်၍ မကျန်စေခြင်းငှာ ပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကြွလာတော်မူမည့်အချိန် ကို မသိသောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:45 | ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်သို့ ဝင်ပြီးလျှင် အတွင်း၌ ရောင်းဝယ်နေသော သူများကို စတင်နှင်ထုတ် တော်မူ၏။- | |
Luke | BurCBCM | 19:46 | ကိုယ်တော်က ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားလျက်ရှိ၏။ သို့သော် သင်တို့သည် ဤအိမ်တော်ကို သူခိုး၊ ဓားပြခိုအောင်းသောနေရာဖြစ်စေကြပြီဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:47 | ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်ဟောပြောတော်မူ၏။ ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် လူတို့၏ခေါင်းဆောင်တို့သည် ကိုယ်တော့်ကိုသတ်ရန် အခွင့်အလမ်းရှာကြံကြ၏။- | |
Chapter 20
Luke | BurCBCM | 20:1 | တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို သွန်သင်ဆုံးမလျက် ဧဝံဂေလိတရားတော်ကို ဟောပြောတော် မူစဉ် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် သက်ကြီးဝါကြီးများနှင့်အတူ အထံတော်သို့လာကြ၏။- | |
Luke | BurCBCM | 20:2 | သူတို့က သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုလုပ်သနည်း၊ ထိုအခွင့်အာဏာကို သင့်အား မည်သူပေးထားသနည်း၊ ကျွန်ုပ်တို့အား ပြောပြပါဟု ကိုယ်တော့်ကို မေးမြန်းကြ၏။- | |
Luke | BurCBCM | 20:3 | ထိုအခါ ကိုယ်တော်က ငါသည်လည်း သင်တို့အား မေးခွန်းတစ်ခုမေးမည်။ ငါ့အား ဖြေကြားကြပါလော့။- | |
Luke | BurCBCM | 20:4 | ယောဟန်၏ ဆေးကြောခြင်းသည် ကောင်းကင်မှ လာသလော။ သို့မဟုတ် လူတို့ထံမှလောဟု သူတို့အား မေး တော်မူ၏။- | |
Luke | BurCBCM | 20:5 | ထိုသူတို့သည်လည်း အချင်းချင်း ပြောဆိုကြသည်ကား ကောင်းကင်မှလာသည်ဟုငါတို့ဖြေကြလျှင် အဘယ်ကြောင့် သင်တို့သည် သူ့ကိုမယုံခဲ့ကြသနည်းဟု သူက ဆိုလိမ့်မည်။- | |
Luke | BurCBCM | 20:6 | လူတို့ထံမှလာသည်ဟု ငါတို့ ပြောလျှင် လူအပေါင်းတို့သည် ငါတို့ကို ကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်။ အကြောင်းမူကား လူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် လက်ခံထားကြသောကြောင့်ဖြစ်သည်ဟု ဆိုကြ၏။- | |
Luke | BurCBCM | 20:8 | ထိုအခါ ယေဇူးက ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုလုပ်ကြောင်း သင်တို့အား ပြောလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 20:9 | ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာစကားကို စတင်ဟောကြားတော်မူ၏။ လူတစ်ဦးသည် စပျစ်ဥယျာဉ် တစ်ခြံကိုစိုက်ပျိုး၍ သီးစားလုပ်သူတို့အား ငှားရမ်းထားပြီးမှ ရပ်ဝေးသို့ထွက်သွားလျက် ကာလကြာမြင့်စွာ နေလေ၏။- | |
Luke | BurCBCM | 20:10 | အချိန်ကျရောက်သောအခါ သူသည် သီးစားချထားသောသူတို့ထံမှ သီးစားခအဖြစ် စပျစ်ခြံ ထွက်စပျစ်သီးအချို့ကိုရယူရန် အစေခံတစ်ဦးကို ထိုသူတို့ထံသို့ စေလွှတ်လိုက်လေ၏။ သို့သော် သီးစားလုပ်သူတို့သည် ထိုအစေခံကို ရိုက်နှက်ကြပြီး လက်ချည်းပြန် လွှတ်လိုက်ကြ၏။- | |
Luke | BurCBCM | 20:11 | ထို့နောက် သူသည် အခြားသော အစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် သီးစားလုပ်သူတို့သည် ထိုသူ့ကိုလည်း ရိုက်နှက်၍ အရှက်တကွဲဖြစ်စေပြီးမှ လက်ချည်းပင်ပြန်လွှတ်လိုက်ကြ၏။- | |
Luke | BurCBCM | 20:12 | နောက်တစ်ဖန် သူသည် တတိယအစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် ထိုသူတို့သည် သူ့ကို ဒဏ်ရာများရစေပြီး အပြင်သို့နှင်ထုတ်လိုက်ကြ၏။- | |
Luke | BurCBCM | 20:13 | ထိုအခါ စပျစ်ဥယျာဉ် ပိုင်ရှင်က ငါမည်ကဲ့သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့သည် သူ့ကို လေးစားကြပေလိမ့်မည်ဟုဆို၏။- | |
Luke | BurCBCM | 20:14 | သို့သော် သီးစားလုပ်သူတို့သည် သူ့ ကိုမြင်ကြလျှင် ဤသူသည် အမွေခံသားဖြစ်၏။ သူ့ကိုသတ်၍ သူ၏အမွေကိုယူကြစို့ဟု အချင်းချင်းပြောဆိုကြပြီးမှ၊- | |
Luke | BurCBCM | 20:15 | သူတို့သည် ထိုသူ့ကို စပျစ်ဥယျာဉ်အပြင်သို့ ထုတ်၍ သတ်ပစ်ကြလေ၏။ သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ရှင်သည် ထိုသူတို့ကို မည်ကဲ့သို့ပြုလိမ့်မည်နည်း။- | |
Luke | BurCBCM | 20:16 | သူသည် လာ၍ ထိုသီးစားလုပ်သူများကို သုတ်သင်ပြီးလျှင် ထိုစပျစ် ဥယျာဉ်ကို အခြားသူတို့အား ပေးအပ်လိမ့်မည်ဟု မိန့် တော်မူ၏။ ထိုအကြောင်းကို သူတို့ကြားလျှင် ဤသို့မဖြစ်ပါစေနှင့်ဟု ဆိုကြ၏။- | |
Luke | BurCBCM | 20:17 | သို့သော် ကိုယ်တော်သည် သူတို့ ကိုကြည့်လျက် သို့ဖြစ်လျှင် တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အဓိကကျသော ထောင့်ချုပ်ကျောက်ဖြစ်လေပြီဟူ၍ ရေးထားသော ကျမ်းချက်၏ အနက်အဓိပ္ပာယ်ကား မည်သည်ကို ဆိုလိုသနည်း။- | |
Luke | BurCBCM | 20:18 | ထိုကျောက်ပေါ်သို့ ကျသောသူသည် အပိုင်းပိုင်းကျိုးပဲ့လိမ့်မည်။ သို့သော် ၎င်းသည် တစ်စုံတစ်ယောက်ပေါ်သို့ ကျလျှင် လည်း ထိုသူကို ကြေမွစေလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 20:19 | ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့က ကိုယ်တော်သည် မိမိတို့အား ရည်ညွန်း၍ ဤဥပမာ စကားက ပြောဆိုတော်မူကြောင်း သိကြသဖြင့် ထိုအချိန်နာရီတွင် ကိုယ်တော့်ကို ဖမ်းဆီးရန် ကြိုးစားအားထုတ်ကြ၏။ သို့သော် သူတို့သည် လူအစုအဝေးကို ကြောက်ရွံ့ ကြလေ၏။ | |
Luke | BurCBCM | 20:20 | ထို့ကြောင့် သူတို့သည် အခွင့်ကောင်းကို စောင့်နေကြလျက် ကိုယ်တော်၏စကားတွင် အပြစ်ရှာ၍ ကိုယ်တော့်ကို အာဏာပိုင်နှင့် ဘုရင်ခံတို့၏လက်သို့ အပ်နိုင်ရန် လူရိုးလူကောင်းအယောင်ဆောင်ထားသောသူလျှိုများကို အထံတော်သို့ စေလွှတ်ကြ၏။- | |
Luke | BurCBCM | 20:21 | ထိုသူတို့ကလည်း ဆရာသခင်၊ ကိုယ်တော်သည် မှန်ကန်စွာဟောပြောသွန် သင်၍ မျက်နှာကြီးငယ်မလိုက်ဘဲ ဘုရားသခင်၏ တရားလမ်းတော်ကို ဖြောင့်မှန်စွာ သွန်သင်တော်မူကြောင်း အကျွန်ုပ်တို့သိရှိကြပါ၏။- | |
Luke | BurCBCM | 20:22 | သို့ဖြစ်၍ အကျွန်ုပ်တို့သည် ဆီဇာအား အခွန်တော်ကိုပေးသင့်သလော၊ မပေးသင့် သလောဟု ကိုယ်တော်အား မေးကြ၏။- | |
Luke | BurCBCM | 20:24 | ဒေနာရီတစ်ပြားကို ငါ့အားပြကြလော့။ မည်သူ၏ ရုပ်ပုံနှင့် ကမ္ပည်းလိပ်စာပါရှိသနည်းဟု သူတို့အား မေးတော်မူ၏။ သူတို့ကလည်း ဆီဇာ၏ပုံနှင့် သူ၏ကမ္ပည်းလိပ်စာ ပါရှိပါသည်ဟု ဆိုကြ၏။- | |
Luke | BurCBCM | 20:25 | ကိုယ်တော်က သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်သောအရာကို ဆီဇာအား ပေးကြလော့။ ဘုရားသခင်နှင့် ဆိုင်သောအရာကို ဘုရားသခင်အား ပေးဆက်ကြလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 20:26 | သူတို့သည်လည်း လူတို့ရှေ့တွင် ကိုယ်တော်၏ စကား၌ အပြစ်ရှာမတွေ့ နိုင်ကြသောကြောင့် ကိုယ်တော်၏ ဖြေကြားချက်ကို အံ့ဩလျက် တိတ်ဆိတ်စွာနေကြ၏။ | |
Luke | BurCBCM | 20:27 | ရှင်ပြန်ထမြောက်ခြင်း မရှိဟု ဆိုကြသော ဇာဒူခေးဦးအချို့တို့သည် အထံတော်သို့ချဉ်းကပ်၍၊- | |
Luke | BurCBCM | 20:28 | ကိုယ်တော်အား မေးလျှောက်ကြသည်မှာ ဆရာသခင်၊ လူတစ်ဦး ၏အစ်ကိုသည် မယားရှိလျက် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် ထိုသူသည် အစ်ကို၏မယားကို ထိမ်းမြား၍ အစ်ကို၏ အမျိုးအနွယ်ကို ဆက်လက်တည်တံ့စေရမည် ဟူ၍ မိုးဇက်သည် အကျွန်ုပ်တို့အား ရေးသားသွန်သင်ခဲ့ပါ၏။- | |
Luke | BurCBCM | 20:29 | တစ်ခါက ညီအစ်က ိုခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် မိန်းမတစ်ယောက်နှင့် အိမ်ထောင်ပြုပြီး သားသမီး မရဘဲ သေဆုံးသွားခဲ့ပါ၏။- | |
Luke | BurCBCM | 20:31 | ထို့နောက် တတိယတစ်ယောက်သည်လည်းကောင်း သူမနှင့် အိမ်ထောင်ဆက်ခဲ့ပါ၏။ ဤသို့ဖြင့် ညီအစ်ကို ခုနစ်ယောက်လုံးသည် ထိုနည်းတူပြု၍ သားသမီးမရဘဲ သေဆုံးကြလေ၏။- | |
Luke | BurCBCM | 20:33 | သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောနေ့၌ သူမသည် မည်သူ၏ဇနီး ဖြစ်မည်နည်း။ အကြောင်းမူကား ညီအစ်ကို ခုနစ်ယောက်တို့သည် သူမ၏ခင်ပွန်းဖြစ်ခဲ့ကြလေပြီဟု ကိုယ်တော်အား လျှောက်ကြ၏။ | |
Luke | BurCBCM | 20:34 | ထိုအခါ ယေဇူးက သူတို့အား မိန့်တော်မူသည်မှာ ဤလောက၏သားသမီးတို့သည် ထိမ်းမြားပေးစားခြင်း အမှုကိုပြုကြ၏။- | |
Luke | BurCBCM | 20:35 | သို့သော် နောင်ဘ၀ကိုလည်းကောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း ခံထိုက်သောသူတို့သည် ထိမ်းမြားပေးစားခြင်းမပြုကြပေ။- | |
Luke | BurCBCM | 20:36 | သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏ သားသမီးများဖြစ်ကြသဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြပြီးလျှင် ကောင်းကင်တမန်တော်တို့နှင့် တူညီကြသောကြောင့် မသေနိုင်ကြတော့ပေ။- | |
Luke | BurCBCM | 20:37 | သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍မူကား မိုးဇက်က မီးတောက်လောင်နေသော ချုံပုတ် အကြောင်းကိုရေးထားသည့် ကျမ်းပိုဒ်တွင် ထာ၀ရဘုရားသခင်ကို အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရား ဟူ၍ ခေါ်ဆိုကြောင်း ဖော်ပြထား၏။- | |
Luke | BurCBCM | 20:38 | ထို့ကြောင့် ဘုရားသခင်သည် သေသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ အကြောင်းမူကား ခပ်သိမ်းသော သူတို့သည် ကိုယ်တော်၌ အသက်ရှင်ကြသောကြောင့်ဖြစ် သတည်းဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 20:39 | ထိုအခါ ကျမ်းတတ်ဆရာ အချို့က ဆရာသခင်၊ ကိုယ်တော်သည် ကောင်းမွန်သင့်လျော်စွာပြောဆိုလေပြီဟု ပြန်ဖြေကြ၏။- | |
Luke | BurCBCM | 20:41 | ထို့နောက် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ခရစ်တော်သည် ဒါဝိဒ်၏သားတော်ဟု လူတို့သည် မည်သို့ ဆိုနိုင်ကြမည်နည်း။- | |
Luke | BurCBCM | 20:42 | အကြောင်းမူကား ဒါဝိဒ်မင်းကြီးကိုယ်တိုင် ဆာလံကျမ်း၌ ထာ၀ရဘုရားသခင်က ငါ၏သခင်အား မိန့်တော်မူသည်မှာ၊- | |
Luke | BurCBCM | 20:43 | ငါသည် သင်၏ရန်သူများကို သင့်ခြေတင်ခုံဖြစ်စေသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟူ၍ဖြစ်၏။- | |
Luke | BurCBCM | 20:44 | သို့ဖြစ်၍ ဒါဝိဒ်မင်းကြီးသည် ခရစ်တော်ကို သခင်ဟုခေါ်ဆိုလျှင် သူသည် ဒါဝိဒ်၏သားတော် မည်ကဲ့သို့ဖြစ်မည်နည်းဟု မေးတော်မူ၏။ | |
Luke | BurCBCM | 20:45 | လူအားလုံးတို့သည် နားထောင်လျက်ရှိစဉ် ကိုယ်တော်သည် မိမိ၏တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏။- | |
Luke | BurCBCM | 20:46 | ကျမ်းတတ်ဆရာများကို သတိနှင့် ရှောင်ကြဉ်ကြလော့။ သူတို့သည် ဝတ်ရုံရှည်များကိုဝတ်ဆင်၍ သွားလာလိုကြ၏။ သူတို့သည် ဈေးအလယ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ တရားဇရပ်များ၌ အကောင်းဆုံးနေရာများနှင့် စားသောက်ပွဲ များ၌ ဦးစားပေးခံရသော နေရာများကိုလည်းကောင်း နှစ်သက်ကြ၏။- | |
Chapter 21
Luke | BurCBCM | 21:1 | ကိုယ်တော်သည် လှမ်း၍ကြည့်လျှင် ဥစ္စာကြွယ်၀ချမ်းသာသော သူတို့သည် မိမိတို့၏အလှူငွေများကို ဘဏ္ဍာတော် သေတ္တာထဲသို့ ထည့်နေကြသည်ကို မြင်တော်မူ၏။- | |
Luke | BurCBCM | 21:2 | ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီပြားနှစ်ပြားထည့်နေသည်ကို ကိုယ်တော် မြင်တော်မူ၏။- | |
Luke | BurCBCM | 21:3 | ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးတို့ထက် ပို၍အလှူငွေ ထည့်ဝင်လေပြီ။- | |
Luke | BurCBCM | 21:4 | အကြောင်းမူကား ထိုသူအားလုံးတို့သည် မိမိတို့၌ ပိုလျှံသောငွေထဲမှ အလှူထည့်ဝင်ကြ၏။ သူမမူကား ဆင်းရဲနွမ်းပါးသည့် အထဲမှ မိမိအသက်မွေးစရာရှိသမျှကို လှူဒါန်းလေပြီဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 21:5 | အချို့သောသူများက ဗိမာန်တော်သည် လှပသော ကျောက်တုံးများနှင့်လည်းကောင်း၊ ဘုရားသခင်ကို ဆက်ကပ်ပူဇော် ထားသည့် လှူဖွယ်ပစ္စည်းများနှင့်လည်းကောင်း တန်ဆာဆင်ထားကြောင်း ပြောဆိုကြ၏။- | |
Luke | BurCBCM | 21:6 | ကိုယ်တော်က ယခုသင်တို့ မြင်တွေ့ကြရသော ဤအရာအားလုံးတို့သည် ကျောက်တုံး တစ်တုံးအပေါ် တစ်တုံး တင်၍ မကျန်ရစ်သည့်တိုင်အောင် အားလုံးပြိုပျက်သည့်နေ့များ ရောက်လာလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 21:7 | ထိုအခါ သူတို့က ဆရာသခင်၊ ဤအရာများသည် မည်သည့်အချိန်ကာလတွင် ဖြစ်ပျက်မည်နည်း။ ဤသို့ မဖြစ်မီ မည်သည့် နိမိတ်လက္ခဏာများ ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြလေ၏။- | |
Luke | BurCBCM | 21:8 | ကိုယ်တော်ကလည်း သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောလူတို့သည် ငါ၏နာမ၌ လာကြ၍ ငါသည် ခရစ်တော်ဖြစ်၏။ အချိန်ကာလသည် နီးလာလေပြီဟု ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့ မလိုက်ကြလေနှင့်။- | |
Luke | BurCBCM | 21:9 | သင်တို့သည် စစ်ပွဲများနှင့် ပုန်ကန် ထကြွခြင်းအကြောင်းများကို ကြားရသောအခါ ထိတ် လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤအမှုအရာများသည် ပထမဦးစွာ ဖြစ်ပျက်ရမည်။ သို့ရာတွင် နောက်ဆုံးသော ကာလသည် ချက်ချင်း ရောက်လာလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 21:10 | ထို့နောက် သူတို့အား မိန့်တော်မူသည်ကား လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။- | |
Luke | BurCBCM | 21:11 | နေရာအရပ်ရပ်တို့၌ မြေငလျင်ပြင်းစွာလှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါများ ကျရောက်ခြင်းတို့ ဖြစ်ပေါ် လိမ့်မည်။ ကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာနိမိတ်များနှင့် ကြီးကျယ်သော အမှတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။- | |
Luke | BurCBCM | 21:12 | သို့သော် ဤအခြင်းအရာများ အားလုံးမဖြစ်ပျက်မီ လူတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲကြလိမ့်မည်။ သူတို့သည် သင်တို့ကို တရားဇရပ်များနှင့် အကျဉ်းထောင်များတွင် အပ်နှံကြ၍ သင်တို့သည် ဘုရင်များနှင့် မြို့ဝန်များ၏ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံကြရလိမ့်မည်။- | |
Luke | BurCBCM | 21:14 | ထို့ကြောင့် သင်တို့မည်ကဲ့သို့ဖြေကြားရမည်ကို ကြိုတင်၍ တွေးဆမထားရန် စိတ်ပိုင်းဖြတ်ကြလော့။- | |
Luke | BurCBCM | 21:15 | အကြောင်းမူကား သင်တို့၏ ရန်သူများသည် သင်တို့ကို ငြင်းခုံဆန့်ကျင်ခြင်း မပြုနိုင်ရန် နှုတ်အစွမ်းနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်။- | |
Luke | BurCBCM | 21:16 | သင်တို့ကို သင်တို့၏ မိဘညီအစ်ကိုများ၊ ဆွေမျိုးနှင့် မိတ်ဆွေများကပင် အပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့ကို သူတို့သတ်ကြလိမ့်မည်။- | |
Luke | BurCBCM | 21:20 | သို့ရာတွင် ဂျေရုဆလင်မြို့အား စစ်သည်များ ဝိုင်းရံလျက်ရှိသည်ကို သင်တို့မြင်ရသောအခါ ထိုမြို့၏ ပျက်စီးဆိတ်သုဉ်း ခြင်းသည် နီးလာပြီဟု သိမှတ်ကြလော့။- | |
Luke | BurCBCM | 21:21 | ထိုအခါ ဂျူဒေးယပြည်တွင် ရှိသောသူတို့သည် တောင်ကုန်းများဆီသို့ ထွက်ပြေးကြစေ။ မြို့တွင်း၌ ရှိသောသူတို့သည် မြို့မှထွက်ခွာကြစေ။ တောအရပ်၌ ရှိကြသော သူတို့သည်လည်း မြို့တွင်းသို့မဝင်ကြစေနှင့်။- | |
Luke | BurCBCM | 21:22 | အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာတော်မြတ်၌ ရေးထားသမျှ ပြည့်စုံစေခြင်းငှာ အပြစ်ဒဏ်စီရင်မည့် နေ့ရက်များဖြစ် သောကြောင့်တည်း။- | |
Luke | BurCBCM | 21:23 | ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်သော မိန်းမတို့နှင့် နို့စို့သူငယ်ရှိသော မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။ အကြောင်း မူကား ကမ္ဘာမြေကြီးပေါ်၌ ဆင်းရဲဒုက္ခကြီးစွာ ကျရောက်၍ ဤလူမျိုးအပေါ်သို့လည်း အမျက်တော် သက်ရောက်လိမ့်မည်။- | |
Luke | BurCBCM | 21:24 | သူတို့သည် ဓားလက်နက်ဘေးဖြင့် သေဆုံးကြ၍ သုံ့ပန်းများအဖြစ် တိုင်းနိုင်ငံအပေါင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရလိမ့်မည်။ လူမျိုးခြားတို့ ကြီးစိုးသည့် အချိန်ကာလ မကုန်မချင်း ဂျေရုဆလင်မြို့သည် ထိုသူတို့၏ နင်းခြေခြင်းကို ခံရလိမ့်မည်။ | |
Luke | BurCBCM | 21:25 | နေ၊ လနှင့်ကြယ်များ၌ နိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်၌လည်း ပင်လယ်နှင့် လှိုင်းတံပိုးတို့၏ မြည်ဟီးသံကြောင့် စိတ်ရှုပ်ထွေးနေကြသော လူမျိုးအပေါင်းတို့သည် ပူပင်သောကရောက်ကြလိမ့်မည်။- | |
Luke | BurCBCM | 21:26 | လူတို့သည် ကမ္ဘာပေါ်၌ ဖြစ်လတ္တံ့သော ဘေးဒုက္ခများကို မျှော်တွေး၍ ကြောက်ရွံ့တုန်လှုပ်ကြလျက် မေ့မြောလဲကျ ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်၏စွမ်းအား တန်ခိုးတို့သည် တုန်ခါကြလိမ့်မည်။- | |
Luke | BurCBCM | 21:27 | ထို့နောက် လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်အတွင်းမှ ကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။- | |
Luke | BurCBCM | 21:28 | ဤအခြင်းအရာများ စတင်ဖြစ်ပေါ်လာသောအခါ သင်တို့သည် မျှော်ကြည့်ကြလျက် သင်တို့၏ဦးခေါင်းကို မော့ထား ကြလော့။ အကြောင်းမူကား သင်တို့၏ ကယ်တင်ခြင်းသည် နီးလာလေပြီဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 21:29 | ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်ကား သဖန်းပင်နှင့် သစ်ပင်ရှိသမျှကို ကြည့်ကြလော့။- | |
Luke | BurCBCM | 21:30 | ရွက်သစ်များ ထွက်လာသည်ကို သင်တို့မြင်သည်နှင့် နွေရာသီရောက်လုနီးပြီဟု သင်တို့သိကြလေပြီ။- | |
Luke | BurCBCM | 21:31 | ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်းအရာများ ဖြစ်ပျက်သည်ကို မြင်ရသောအခါ ဘုရားသခင်၏ နိုင်ငံတော်သည် နီးလာပြီဟု သိမှတ်ကြလော့။- | |
Luke | BurCBCM | 21:32 | သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာများအားလုံး ဖြစ်ပျက်ပြီးသည့်တိုင်အောင် ဤလူမျိုးဆက်သည် ကွယ်ပျောက် လိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 21:33 | ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်သွားသော်လည်း ငါ၏စကားများမူကား ကွယ်ပျောက်လိမ့်မည်မဟုတ်။ | |
Luke | BurCBCM | 21:34 | သို့သော်လည်း သင်တို့သည် သုံးဖြုန်းပျော်ပါးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် လောကီရေးရာအတွက် စိုးရိမ်ခြင်းတို့ဖြင့် စိတ်နှလုံး လေးလံဖိစီးမှု မရှိစေရန် သတိပြုကြလော့။ သို့မဟုတ်လျှင် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လိမ့်မည်။- | |
Luke | BurCBCM | 21:35 | အကြောင်းမူကား ထိုနေ့ရက်သည် မြေမျက်နှာပြင်တစ်ခုလုံးတွင် နေထိုင်ကြသော သူများအားလုံးအပေါ်သို့ ကျရောက် လိမ့်မည်။- | |
Luke | BurCBCM | 21:36 | သင်တို့မူကား သတိဝီရိယနှင့် အချိန်ပြည့် စောင့်နေကြလော့။ ဖြစ်လတ္တံ့သောဤအကြောင်း အရာအားလုံးတို့မှ လွတ်မြောက်နိုင်စွမ်း ရှိရန်နှင့် လူသား၏ ရှေ့မှောက်တွင် ရပ်တည်နိုင်ရန် ဆုတောင်းကြလော့ ဟုမိန့်တော်မူ၏။ | |
Luke | BurCBCM | 21:37 | ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်တော်မူလျက် ညအချိန်၌မူကား သံလွင်ဟုခေါ်သော တောင်ပေါ်သို့ သွား၍ သီတင်းသုံးတော်မူ၏။- | |
Chapter 22
Luke | BurCBCM | 22:1 | ထိုအချိန်တွင် ပါစကားဟုခေါ်သော တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့သည် နီးကပ်လာပြီဖြစ်၏။- | |
Luke | BurCBCM | 22:2 | ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြသောကြောင့်ဖြစ်၏။ | |
Luke | BurCBCM | 22:3 | ထိုအချိန်၌ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတွင် ပါဝင်သော ဂျုဒအစ္စကာရီယုဒ်၌ ဝင်လေ၏။- | |
Luke | BurCBCM | 22:4 | သူသည် ရဟန်းအကြီးအကဲများနှင့် ဗိမာန်တော်စောင့် အရာရှိများထံသို့ သွားပြီးလျှင် ကိုယ်တော့်ကို သူတို့လက်သို့ မည်ကဲ့သို့ အပ်နှံမည့်အကြောင်း တိုင်ပင်လေ၏။- | |
Luke | BurCBCM | 22:6 | ဤသို့ဖြင့် သူသည် သဘောတူလက်ခံ၍ လူအစုအဝေးမရှိသည့်အချိန်တွင် ကိုယ်တော့်ကို ထိုသူတို့လက်သို့ အပ်နှံနိုင်မည့် အခွင့်အလမ်းကို ရှာကြံလေ၏။ | |
Luke | BurCBCM | 22:7 | ထို့နောက် ပါစကားသိုးသူငယ်ကို သတ်၍ ပူဇော်ရသည့် တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့ ကျရောက်လေ၏။- | |
Luke | BurCBCM | 22:8 | ကိုယ်တော်က ငါတို့စားရန် ပါစကားပွဲညစာကို သွား၍ပြင်ဆင်ကြလော့ဟု မိန့်မှာလျက် ပေတရုနှင့် ယောဟန်တို့အား စေလွှတ်လိုက်၏။- | |
Luke | BurCBCM | 22:9 | ထိုအခါ သူတို့က ကိုယ်တော်သည် တပည့်တော်တို့အား မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြလေ၏။- | |
Luke | BurCBCM | 22:10 | ကိုယ်တော်ကလည်း ကြည့်လော့၊ သင်တို့သည် မြို့တွင်းသို့ဝင်ကြသောအခါ ရေအိုးသယ်ဆောင်လာသော လူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့် မည်။ ထိုသူဝင်သော အိမ်အတွင်းသို့လိုက်၍ ဝင်ကြ လော့။- | |
Luke | BurCBCM | 22:11 | ထို့နောက် ဆရာသခင်က ငါ၏တပည့်များနှင့်အတူ ငါညစာစားမည့်ဧည့်ခန်းကား အဘယ်မှာနည်းဟူ၍ သင်တို့ကို မေးတော်မူသည်ဟု အိမ်ရှင်အား ပြောကြားကြလော့။- | |
Luke | BurCBCM | 22:12 | ထိုအခါ သူသည် အပေါ်ထပ်တွင် ခင်းကျင်းထားသော အခန်းကျယ်ကြီးတစ်ခုကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာတွင် ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:13 | သူတို့သည်လည်း သွားကြ၍ ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွေ့ကြသဖြင့် ပါစကားပွဲ ညစာအတွက် အသင့် ပြင်ဆင်ကြ၏။ | |
Luke | BurCBCM | 22:15 | ကိုယ်တော်က ငါသည် ဒုက္ခဝေဒနာမခံမီ ပါစကားညစာကို သင်တို့နှင့်အတူစားရန် ပြင်းစွာသောအလိုဆန္ဒရှိခဲ့၏။- | |
Luke | BurCBCM | 22:16 | သင်တို့အား ငါဆိုသည်ကား ဤပါစကားသည် ဘုရားသခင် ၏နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ ရောက်သည့်တိုင်အောင် ၎င်းကို နောက်တစ်ဖန် ငါစားလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:17 | ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် မိန့်တော်မူသည်ကား ဤခွက်ကိုယူ၍ သင်တို့အချင်းချင်း ဝေမျှသောက်ကြလော့။- | |
Luke | BurCBCM | 22:18 | အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော် ရောက်လာမည့်တိုင်အောင် စပျစ်ပင်၏အသီးမှ စပျစ်ရည်ကို နောက်တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:19 | ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ၎င်းကိုဖဲ့ကာ သူတို့အား ပေးတော်မူလျက် ဤသည်ကား သင်တို့အဖို့ အပ်နှံခြင်း ခံရသည့် ငါ၏ခန္ဓာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:20 | ဤနည်းတူ ညစာစားပြီးနောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ဤခွက်သည်ကား သင်တို့အဖို့ သွန်းလောင်းခြင်း ခံရမည့်၊ ငါ၏အသွေးတော်၌တည်သော ပဋိညာဉ်အသစ်ဖြစ်၏ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:22 | အကြောင်းမူကား လူသားသည် သတ်မှတ်ထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် ငါ့ကို သစ္စာဖောက်၍ အပ်နှံသော သူသည်ကား ဘေးဒုက္ခရောက်လိမ့်မည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:23 | ထိုအခါ သူ တို့က ဤအမှုကိုပြုမည့်သူသည် မိမိတို့ထဲမှ မည်သူဖြစ်လိမ့်မည်နည်းဟု အချင်းချင်းစတင်မေးမြန်းကြ၏။ | |
Luke | BurCBCM | 22:24 | ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံး ဖြစ်မည်နည်းဟူ၍ အချင်းချင်း အငြင်းပွား နေကြ၏။- | |
Luke | BurCBCM | 22:25 | ထိုအခါ ကိုယ်တော်က လူမျိုးခြားတို့၏ ဘုရင်များသည် ပြည်သူပြည်သားတို့အပေါ် အုပ်စိုးမင်းမူကြ၏။ ထိုသူတို့ အပေါ်တွင် အုပ်ချုပ်သူများသည်လည်း ကျေးဇူးရှင်ဟု အခေါ်ခံကြ၏။- | |
Luke | BurCBCM | 22:26 | သင်တို့တွင်မူကား ဤသို့မဖြစ်စေရ။ သင်တို့တွင် အကြီးမြတ်ဆုံးသောသူသည် အငယ်ဆုံးကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည်လည်း အစေခံကဲ့သို့ဖြစ်ရမည်။- | |
Luke | BurCBCM | 22:27 | အကြောင်းမူကား မည်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်သောသူလော၊ သို့မဟုတ် စားပွဲ၌ အစေခံသော သူလော။ စားပွဲ၌ ထိုင်သူသည် ကြီးမြတ်သောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် အစေခံသောသူဖြစ်၏။ | |
Luke | BurCBCM | 22:28 | သင်တို့သည် ငါစုံစမ်းနှောင့်ယှက်ခြင်းခံရသော အချိန်များ၌ ငါနှင့်အတူ သစ္စာရှိစွာ ရပ်တည်သူများဖြစ်ကြ၏။- | |
Luke | BurCBCM | 22:29 | ငါ၏ခမည်းတော်သည် ငါ့အား နိုင်ငံတော်ကို အပ် နှင်းတော်မူသကဲ့သို့ ငါသည်လည်း သင်တို့အား အပ်နှင်း၏။- | |
Luke | BurCBCM | 22:30 | သို့ဖြစ်၍ သင်တို့သည် ငါ၏နိုင်ငံတော်ရှိ ငါ၏စားပွဲတွင် စားသောက်ကြရလိမ့်မည်။ သင်တို့သည် ရာဇပလ္လင် များပေါ်၌ ထိုင်ကြလျက် အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုးတို့ကို တရားစီရင်ကြရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:31 | တစ်ဖန် ကိုယ်တော်က စီမွန်၊ စီမွန်၊ စာတန်သည် သင်တို့ကို ဂျုံစပါးကဲ့သို့ ဆန်ခါနှင့်ချရန် တောင်းဆို၏။- | |
Luke | BurCBCM | 22:32 | သို့သော် သင်၏ယုံကြည်ခြင်း မလျော့နည်းစေရန် ငါသည် သင့်အတွက်ဆုတောင်းခဲ့ပြီ။ သင်တစ်ဖန်ပြောင်းလဲလာ သောအခါ သင်၏ညီအစ်ကိုများကို ခွန်အားဖြည့်တင်း ပေးပါလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:33 | ထိုအခါ ပေတရုက သခင်ဘုရား၊ တပည့်တော်သည် ထောင်ထဲသို့လည်းကောင်း၊ သေခြင်းသို့လည်းကောင်း ကိုယ်တော်နှင့် အတူသွားရန် အသင့်ရှိပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 22:34 | ကိုယ်တော်ကလည်း ပေတရု၊ သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:35 | ထို့နောက် ကိုယ်တော်က သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ ငါစေလွှတ်သောအခါ သင်တို့၌ လိုအပ်ချက် တစ်စုံတစ်ရာရှိခဲ့သလောဟု တပည့်တော်တို့ကို မေးတော်မူ၏။ သူတို့ကလည်း တစ်ခုမျှမရှိပါဟုပြန် လျှောက်ကြ၏။- | |
Luke | BurCBCM | 22:36 | ကိုယ်တော်က ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည်လည်း ထိုနည်းတူပြုစေ။ ဓားလွယ်မရှိသော သူသည်လည်း မိမိ ၏ဝတ်ရုံကိုရောင်း၍ ဓားကိုဝယ်စေ။- | |
Luke | BurCBCM | 22:37 | အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ သူသည် ရာဇဝတ်သားတို့တွင် စာရင်းဝင်ပြီဟူသော ကျမ်းချက်သည် ငါ၌ ပြည့်စုံရလိမ့်မည်။ အမှန်စင်စစ် ငါ့ကိုရည်ညွန်း၍ ရေးထားသော အကြောင်းအရာသည် ပြည့်စုံခြင်းသို့ ရောက်လေပြီဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:38 | သူတို့ကလည်း သခင်ဘုရား၊ ကြည့်တော်မူပါ။ ဓားနှစ်လက်ရှိပါသည်ဟု လျှောက်ကြလေ၏။ ကိုယ်တော်ကလည်း လုံလောက်လေပြီဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:39 | ထို့နောက် ကိုယ်တော်သည် မိမိသွားလေ့ရှိသည့် အတိုင်း သံလွင်တောင်သို့ကြွသွားတော်မူရာ တပည့်တော်တို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။- | |
Luke | BurCBCM | 22:40 | ထိုနေရာသို့ရောက်ကြသောအခါ ကိုယ်တော်က စုံစမ်းနှောင့်ယှက်ခြင်း၌ သင်တို့မပါဝင်စေရမည့်အကြောင်း ဆုတောင်းကြလော့ဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:41 | ထို့နောက် ကိုယ်တော်သည် သူတို့နှင့် ကျောက်ခဲတစ်ပစ်စာခန့် ကွာဝေးသောနေရာသို့သွား၍ ဒူးထောက်လျက် ဆုတောင်း လေ၏။- | |
Luke | BurCBCM | 22:42 | ကိုယ်တော်က အိုအဖ၊ ကိုယ်တော် အလိုတော်ရှိပါလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေသော်ဟု ဆုတောင်းတော်မူ၏။- | |
Luke | BurCBCM | 22:43 | ထိုအခါ ကောင်းကင်မှ တမန်တော်တစ်ပါးသည် ကိုယ်ထင်ပြ၍ ကိုယ်တော့်ကို အားပေးနှစ်သိမ့်လေ၏။- | |
Luke | BurCBCM | 22:44 | ကိုယ်တော်သည်လည်း ကြီးစွာပူပင်သောကရောက်လျက် ပိုမိုပြင်းထန်စွာ ဆုတောင်းတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်၏ ချွေးစက်များသည် သွေးစက်သွေးပေါက်များသဖွယ် မြေပေါ်သို့ကျလေ၏။- | |
Luke | BurCBCM | 22:45 | ထို့နောက် ကိုယ်တော်သည် ဆုတောင်းနေရာမှ ထလာသောအခါ တပည့်တော်တို့သည် ဝမ်းနည်းပူဆွေးစိတ်ဖြင့် အိပ်ပျော်နေကြသည်ကို တွေ့တော်မူ၏။- | |
Luke | BurCBCM | 22:46 | ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့် အိပ်နေကြသနည်း။ ထကြ၊ နှောင့်ယှက်ခြင်းသို့ မပါဝင်စေရန် ဆုတောင်းကြ လော့ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:47 | ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် လူတစ်စုသည် ရုတ်တရက်ရောက်လာ၏။ တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သော ဂျုဒသည် သူတို့ကိုဦးဆောင်လာ၍ ယေဇူးကိုနမ်းရန် အထံတော်သို့ချဉ်းကပ်လာလေ၏။- | |
Luke | BurCBCM | 22:49 | ကိုယ်တော်၏ ထံပါးတွင်ရှိကြသော သူတို့သည် ဖြစ်လာမည့် အခြေအနေကိုမြင်လျှင် သခင်ဘုရား၊ တပည့်တော်တို့သည် ဓားဖြင့် ခုတ်ရမည်လောဟု မေးလျှောက်ကြ၏။- | |
Luke | BurCBCM | 22:50 | ထို့နောက် သူတို့တွင် တစ်ဦးသည် ရဟန်းအကြီးအကဲ၏ အစေခံကို ဓားနှင့်ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက်ပြတ် လေ၏။- | |
Luke | BurCBCM | 22:51 | သို့သော် ယေဇူးက နောက်တစ်ဖန် ဤသို့မပြုနှင့်ဟု မိန့်တော်မူပြီးမှ ထိုသူ၏နားရွက်ကိုတို့ထိ၍ သူ၏အနာကို ပျောက်ကင်း စေတော်မူ၏။ | |
Luke | BurCBCM | 22:52 | ထို့နောက် ယေဇူးသည် မိမိကို ဖမ်းဆီးရန် လာကြသော ရဟန်းအကြီးအကဲများ၊ ဗိမာန်တော်စောင့် အရာရှိများနှင့် သက်ကြီးဝါကြီးတို့အား သင်တို့သည် ဓားပြဖမ်းသကဲ့သို့ တုတ်များ၊ ဓားများကိုစွဲကိုင်လျက် လာကြသလော။- | |
Luke | BurCBCM | 22:53 | ငါသည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သင်တို့အလယ်တွင် ရှိနေသောအခါ ငါ့ကို သင်တို့ မဖမ်းဆီးကြ။ သို့သော် ဤအချိန်ကား သင်တို့၏အချိန်နှင့် အမိုက်မှောင် စိုးမိုးရာအချိန်ပေတည်းဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 22:54 | ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးပြီးလျှင် ရဟန်းအကြီးအကဲ၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ခပ်လှမ်းလှမ်းမှလိုက်ပါသွားလေ၏။- | |
Luke | BurCBCM | 22:55 | ထိုလူများသည် အိမ်တော်ဝင်းအလယ်၌ မီးဖို၍စုဝေးကာ ထိုင်နေကြချိန်တွင် ပေတရုသည်လည်း သူတို့နှင့်အတူ ထိုင်လေ၏။- | |
Luke | BurCBCM | 22:56 | ထိုအခါ အစေခံအမျိုးသမီးတစ်ဦးသည် မီးဖို၏အလင်း၌ ထိုင်နေသော သူ့ကိုမြင်လျှင် စိုက်ကြည့်လျက် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်ဟု ဆိုလေ၏။- | |
Luke | BurCBCM | 22:58 | တစ်ခဏမျှ ကြာသောအခါ အခြားသူတစ်ဦးသည် သူ့ကိုမြင်လျှင် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်သည်ဟုဆိုသော် ပေတရုက အချင်းလူ၊ ငါမဟုတ်ဟု ဆိုလေ၏။- | |
Luke | BurCBCM | 22:59 | တစ်နာရီခန့်ကြာပြီးနောက် အခြားသောသူတစ်ဦးက ထပ်မံပြောသည်မှာ အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူ ရှိခဲ့၏။ အကြောင်းမူကား သူသည် ဂါလေလေးယနယ်သား ဖြစ်သည်ဟုဆို၏။- | |
Luke | BurCBCM | 22:60 | သို့ရာတွင် ပေတရုက အချင်းလူ၊ သင်ပြောနေသော အကြောင်းအရာကို ငါမသိ ဟုဆို၏။ သူသည် ထိုကဲ့သို့ပြောနေစဉ်တွင် ချက်ချင်းပင် ကြက်ဖတွန်လေ၏။- | |
Luke | BurCBCM | 22:61 | သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် ယနေ့ ကြက်ဖမတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သော စကားကို သတိရလေ၏။- | |
Luke | BurCBCM | 22:63 | ကိုယ်တော့်ကို ဖမ်းဆီးချုပ်နှောင်ထားသော သူတို့ သည် ကိုယ်တော့်ကို ပြက်ရယ်ပြုကြလျက် ရိုက်ပုတ်ကြ၏။- | |
Luke | BurCBCM | 22:64 | သူတို့သည် ကိုယ်တော်၏ မျက်စိများကို ဖုံးအုပ်၍ မျက်နှာတော်ကို ရိုက်ပုတ်ကြပြီး သင့်ကိုမည်သူရိုက်ပုတ်သနည်း၊ ပရောဖက်ဉာဏ်နှင့် ဟောပါလော့ဟုဆိုကြ၏။- | |
Luke | BurCBCM | 22:65 | သူတို့သည် များစွာသောကဲ့ရဲ့စကားတို့ကိုလည်း ပြောဆို၍ ကိုယ်တော့်ကို ထိခိုက်စော်ကားကြ၏။ | |
Luke | BurCBCM | 22:66 | မိုးလင်းသောအခါ လူတို့ထဲမှ သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် စုဝေးကြ၍ ကိုယ်တော့်ကို မိမိတို့၏ ဘာသာရေးလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။- | |
Luke | BurCBCM | 22:67 | သူတို့က သင်သည် ခရစ်တော်ဖြစ်လျှင် ငါတို့အား ပြောပါလော့ဟုဆိုကြ၏။ သို့သော် ကိုယ်တော်က ငါပြောလျှင် သင်တို့ ယုံကြည်ကြလိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 22:69 | သို့သော် ယခုအချိန်မှစ၍ လူသားသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်လက်ယာဘက်၌ ထိုင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 22:70 | ထိုသူအားလုံးတို့က ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်သလောဟု မေးကြသော် ကိုယ်တော်က သင်တို့ဆိုသည့်အတိုင်း ငါဖြစ်သည်ဟု မိန့်တော်မူ၏။- | |
Chapter 23
Luke | BurCBCM | 23:1 | ထိုအခါ ဘာသာရေးလွှတ်တော်၌ ရှိသောသူအားလုံးတို့သည် ထ၍ ကိုယ်တော့်ကို ပီလာတု မင်းထံသို့ ခေါ်ဆောင် သွားကြ၏။- | |
Luke | BurCBCM | 23:2 | သူတို့က ဤသူသည် ဆီဇာဘုရင်အား အခွန်ဆက်သခြင်းကို တားမြစ်၍ မိမိကိုယ်ကို ခရစ်တော်တည်းဟူသော ဘုရင် ဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် အကျွန်ုပ်တို့လူမျိုးကို လမ်းမှားသို့ ပို့ဆောင်နေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်ဟု ဆိုလျက် ကိုယ်တော်အား စတင်စွပ်စွဲကြ၏။- | |
Luke | BurCBCM | 23:3 | ပီလာတုမင်းကလည်း သင်သည် ဂျူးလူမျိုးတို့၏ ဘုရင်ဖြစ်သလောဟု ကိုယ်တော်အား မေးသော် ကိုယ်တော်က သင်ဆိုလေပြီဟု ပြန်ဖြေတော်မူ၏။- | |
Luke | BurCBCM | 23:4 | ထိုအခါ ပီလာတုမင်းက ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါမတွေ့ဟု ရဟန်းအကြီးအကဲတို့နှင့် လူအစုအဝေးတို့အား ဆိုလေ၏။- | |
Luke | BurCBCM | 23:5 | သို့သော် ထိုသူတို့က ဤသူသည် ဂါလေလေးယနယ်မှစ၍ ဤအရပ်တိုင်အောင် ဂျူဒေးယပြည်အနှံ့အပြား၌ ဟောပြောသွန်သင် လျက် ပြည်သူပြည်သားများကို ရုန်းရင်းဆန်ခတ်ဖြစ်စေ ရန် လှုံ့ဆော်ပါသည်ဟု ဆက်လက်စွပ်စွဲကြလေ၏။ | |
Luke | BurCBCM | 23:7 | ကိုယ်တော်သည် ဟေရုဒ်မင်းအုပ်ချုပ်သောနယ်မြေမှဖြစ် ကြောင်းသိရလျှင် သူသည် ကိုယ်တော့်ကို ဟေရုဒ်ထံသို့ ပို့လေ၏။ ထိုအချိန်၌ ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့ ၌ရောက်ရှိနေ၏။- | |
Luke | BurCBCM | 23:8 | ဟေရုဒ်မင်းသည် ယေဇူးကို မြင်သောအခါ လွန်စွာဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်၏သတင်းကို များစွာကြားရသဖြင့် ကာလကြာမြင့်စွာကပင် ကိုယ်တော့်ကိုတွေ့ရန် အလိုရှိခဲ့၏။ သူသည် ကိုယ်တော်ပြုတော်မူမည့် တန်ခိုးလက္ခဏာ အချို့ကို မြင်ရလိမ့်မည်ဟူ၍လည်း မျှော်လင့်လျက်ရှိ၏။- | |
Luke | BurCBCM | 23:9 | သို့ဖြစ်၍ ဟေရုဒ်သည် ကိုယ်တော့်ကို မေးခွန်းများစွာ မေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှပြန်ဖြေ တော်မမူချေ။- | |
Luke | BurCBCM | 23:10 | ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည်ကား အနားတွင်ရပ်နေလျက် ကိုယ်တော့်ကို အပြင်းအထန် စွပ်စွဲပြောဆိုကြ၏။- | |
Luke | BurCBCM | 23:11 | ဟေရုဒ်မင်းသည်လည်း သူ၏စစ်သူရဲများနှင့်တကွ ကိုယ်တော့်ကို မခန့်လေးစားဖြင့် ပြက်ရယ်ပြုပြီးနောက် တင့်တယ်လှပသော ဝတ်ရုံကို ဝတ်ဆင်စေကာ ပီလာတုမင်းထံသို့ ပြန်ပို့လိုက် လေ၏။- | |
Luke | BurCBCM | 23:12 | ထိုနေ့၌ပင် ဟေရုဒ်နှင့် ပီလာတုတို့သည် မိတ်ဆွေများဖြစ်သွားကြ၏။ အကြောင်းမူကား သူတို့သည် ယခင်က ရန်ဘက်များ ဖြစ်ခဲ့ကြ၏။ | |
Luke | BurCBCM | 23:13 | ပီလာတုမင်းသည် ရဟန်းအကြီးအကဲများ၊ အုပ်ချုပ် သူအရာရှိများနှင့် လူအပေါင်းတို့ကိုခေါ်ယူစုရုံးစေ၍ သူ တို့အား ဆိုသည်မှာ၊- | |
Luke | BurCBCM | 23:14 | သင်တို့သည် ဤသူ့ကို လူတို့အား လမ်းလွဲစေသူအဖြစ် ငါ့ထံသို့ခေါ်ဆောင်လာခဲ့ကြ၏။ ငါသည် သင်တို့ရှေ့ မှောက်တွင် သူ့ကိုစစ်ဆေးသော်လည်း သင်တို့စွပ်စွဲသော အပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။- | |
Luke | BurCBCM | 23:15 | ဟေရုဒ်မင်းသည်လည်း အပြစ်မတွေ့သောကြောင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့ခဲ့၏။ အမှန်စင်စစ် ဤသူသည် သေဒဏ် ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ချေ။- | |
Luke | BurCBCM | 23:17 | ပီလာတုမင်းသည် ပါစကားပွဲ၌ အကျဉ်းသားတစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမြဲထုံးစံရှိ၏။- | |
Luke | BurCBCM | 23:18 | သို့သော် လူအပေါင်းတို့က ဤသူ့ကို အလိုမရှိ၊ ဘာရဘကို ငါတို့အတွက် လွှတ်ပေးပါဟု တညီတညွတ်တည်း အော်ဟစ်ကြ၏။- | |
Luke | BurCBCM | 23:19 | ဘာရဘသည်ကား မြို့တွင်းပုန်ကန်ထကြွ မှုနှင့် လူသတ်မှုအတွက် အကျဉ်းကျခံနေရသောသူဖြစ် ၏။- | |
Luke | BurCBCM | 23:20 | ပီလာတုမင်းသည် ယေဇူးကိုလွှတ်ပေးရန် အလိုရှိသောကြောင့် သူတို့အား တစ်ဖန်ပြောဆိုပြန်၏။- | |
Luke | BurCBCM | 23:21 | သို့ရာတွင် သူတို့သည် ဤသူ့ကို လက်ဝါးကပ်တိုင်တင်လော့၊ လက်ဝါးကပ်တိုင်တင်လော့ဟု အော်ဟစ်ကြ၏။- | |
Luke | BurCBCM | 23:22 | ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်အပြစ်ကို ပြုခဲ့မိသနည်း။ သေဒဏ်ပေးထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။ ထို့ကြောင့် ငါသည် သူ့ကို ရိုက်နှက်ဆုံးမ၍ လွှတ်လိုက်မည်ဟု တတိယအကြိမ် ပြောဆိုလေ၏။- | |
Luke | BurCBCM | 23:23 | သို့သော် သူတို့သည် ကိုယ်တော်အား လက်ဝါးကပ်တိုင်တင်ရန် ကျယ်လောင်စွာ အော်ဟစ်လျက် အတင်းအကျပ် တောင်းဆိုကြသဖြင့် သူတို့၏အော်သံများက ဖုံးလွှမ်းအနိုင်ရသွားလေ၏။- | |
Luke | BurCBCM | 23:25 | သူသည် ပုန်ကန်ထကြွမှု နှင့် လူသတ်မှုအတွက် အကျဉ်းကျနေသောသူကို သူတို့ တောင်းဆိုသည့်အတိုင်း လွှတ်ပေးလိုက်၍ ယေဇူးကိုမူကား သူတို့၏အလိုအတိုင်း ပြုကြစေရန် အပ်လိုက်လေ၏။ | |
Luke | BurCBCM | 23:26 | သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြစဉ် တောအရပ်မှလာသော စီမွန်အမည်ရှိ ဆီရီနေမြို့သားတစ်ဦးကို အဓမ္မခေါ်ဆောင်၍ ယေဇူး၏နောက်တော်မှ လက်ဝါးကပ်တိုင်ကိုထမ်းစေခြင်းငှာ သူ၏ပခုံးပေါ်တွင် လက်ဝါးကပ်တိုင်ကို တင်ကြလေ၏။- | |
Luke | BurCBCM | 23:27 | များစွာသောလူ အစုအဝေးတို့သည်လည်း ကိုယ်တော်၏ နောက်တော်မှ လိုက်ကြ၏။ ထိုသူတို့အထဲတွင် အမျိုးသမီး အချို့သည် ကိုယ်တော်အတွက် ဝမ်းနည်းပူဆွေး၍ ငိုကြွေးကာ လိုက်ပါလာကြ၏။- | |
Luke | BurCBCM | 23:28 | သို့သော်လည်း ယေဇူးသည် သူတို့ဘက်သို့လှည့်၍ မိန့်တော်မူသည်ကား ဂျေရုဆလင်မြို့၏ သမီးတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏ သားသမီးများအတွက်သာ ငိုကြွေးကြလော့။- | |
Luke | BurCBCM | 23:29 | အကြောင်းမူကား မြုံသောမိန်းမသည် မင်္ဂလာရှိ၏၊ ပဋိသန္ဓေ မတည်ဖူးသော ဝမ်းနှင့် နို့မတိုက်ဖူးသော သားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု လူတို့ဆိုကြမည့်နေ့ရက်ကာလများ မကြာမီကျရောက်တော့မည်။- | |
Luke | BurCBCM | 23:30 | ထိုအခါ သူတို့က တောင်များအား ငါတို့အပေါ်သို့ ပြိုကျကြပါလော့ဟူ၍ လည်းကောင်း၊ တောင်ကုန်းများအား ငါတို့ကို ဖုံးအုပ်ကြပါလော့ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။- | |
Luke | BurCBCM | 23:31 | အကြောင်းမူကား စိမ်းစိုသောအပင်၌ ဤအရာကို သူတို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သွားသောအခါ ၎င်းကို မည်ကဲ့သို့ ပြုကြမည်နည်းဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 23:33 | ဦးခေါင်းခွံဟုခေါ်သော အရပ်သို့ သူတို့ရောက်ကြသောအခါ ထိုအရပ်၌ ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြ၏။ ထို့အတူ ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကိုယ်တော်၏လက်ယာဘက်၌ တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ကြလေ၏။- | |
Luke | BurCBCM | 23:34 | ထိုအခါ ယေဇူးက အိုအဖ၊ သူတို့ကို ခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုလုပ်သောအရာကို သူတို့ မသိကြပါဟု မြွက်ဆိုတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေယူကြ၏။ | |
Luke | BurCBCM | 23:35 | လူတို့သည်လည်း အနီးတွင်ရပ်လျက် ကြည့်နေကြ၏။ အုပ်ချုပ်သူအရာရှိတို့က ဤသူသည် အခြားသူများကို ကယ်တင်ခဲ့၏။ အကယ်၍ သူသည် ဘုရားသခင် ရွေးကောက်တော်မူသော ခရစ်တော်ဖြစ်ပါလျှင် မိမိကိုယ်မိမိ ကယ်တင်ပါစေဟု လှောင်ပြောင်ပြောဆိုကြ၏။- | |
Luke | BurCBCM | 23:36 | စစ်သူရဲတို့သည်လည်း ပြက်ရယ်ပြုကြပြီး အထံတော်သို့ ချဉ်းကပ်ကြ၍ ကိုယ်တော်သောက်ရန် ပုံးရည်ကို ပေးကြလျက်၊- | |
Luke | BurCBCM | 23:38 | ဤသူသည်ကား ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သတည်းဟူ၍ ရေးထိုးထားသော ကမ္ပည်းစာသည်လည်း ကိုယ်တော်၏ ဦးခေါင်းအထက်တွင် ရှိလေ၏။ | |
Luke | BurCBCM | 23:39 | လက်ဝါးကပ်တိုင် တင်ခံရသော ရာဇဝတ်သားနှစ်ဦးတွင် တစ်ဦးက သင်သည် ခရစ်တော်မဟုတ်လော။ သို့ဖြစ်လျှင် သင့်ကိုယ်သင်နှင့် ငါတို့ကိုလည်း ကယ်တင်ပါလော့ဟု ကဲ့ရဲ့ပြောဆိုလေ၏။- | |
Luke | BurCBCM | 23:40 | သို့ရာတွင် အခြားတစ်ဦးသည် ထိုသူကိုပြစ်တင်ဆုံးမကာ သင်သည်လည်း တူညီသော စီရင်ချက်ကို ခံရပါလျက် ဘုရားသခင်ကို မကြောက်ရွံ့ပါသလော။- | |
Luke | BurCBCM | 23:41 | ငါတို့သည် တရားသဖြင့် အပြစ်ဒဏ်ခံကြရ၏။ အကြောင်းမူကား ငါတို့သည် ငါတို့ပြုမိသည့် လုပ်ရပ်များအတွက် ထိုက်သင့်စွာ ခံကြရ၏။ ဤသူသည်ကား မည်သည့်မကောင်းမှုကိုမျှ မကျူးလွန်ခဲ့ဟုဆိုပြီးမှ၊- | |
Luke | BurCBCM | 23:42 | အိုယေဇူး၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်သောအခါ အကျွန်ုပ်ကို သတိရတော်မူပါဟု လျှောက်လေ၏။- | |
Luke | BurCBCM | 23:43 | ကိုယ်တော်ကလည်း သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ သင်သည် ငါနှင့်အတူ ပါရာဒီးဇူး၌ ရှိလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 23:44 | ထိုအချိန်ကား မွန်းတည့်ချိန်ဖြစ်၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်အတိကျရောက်ပြီး၊- | |
Luke | BurCBCM | 23:45 | နေ၏အလင်းရောင်သည်လည်း ကွယ်ပျောက်လျက်ရှိ၏။ ဗိမာန်တော်၏ ကန့်လန့်ကာသည်လည်း နှစ်ခြမ်းကွဲလေ၏။- | |
Luke | BurCBCM | 23:46 | ထို့နောက် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် အိုအဖ၊ ကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်၌ အပ်လိုက်ပါပြီဟု မိန့်တော်မူ၏။ ဤသို့မြွက်ဆိုပြီးသောအခါ ကိုယ်တော်သည် အသက်တော်ကို စွန့်လိုက် တော်မူ၏။ | |
Luke | BurCBCM | 23:47 | လူတစ်ရာတပ်မှူးသည် ဖြစ်ပျက်ခဲ့သောအရာတို့ကို မြင်ရလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် ဤသူသည် အမှန်စင်စစ် ဖြောင့်မတ်သောသူဖြစ်သည်ဟုဆိုလေ၏။- | |
Luke | BurCBCM | 23:48 | ဤအဖြစ်အပျက်ကို ကြည့်ရှုရန် ထိုနေရာ၌ စုရုံးလာကြ သော လူအပေါင်းတို့သည်လည်း ဖြစ်ပျက်သမျှကိုမြင်ကြ သောအခါ မိမိတို့ရင်ဘတ်ကိုထုလျက် ပြန်သွားကြ၏။- | |
Luke | BurCBCM | 23:49 | ကိုယ်တော့်ကို သိကျွမ်းသောသူအပေါင်းတို့နှင့် ကိုယ်တော်၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်လာကြသော အမျိုးသမီးများသည်လည်း အဝေး၌ ရပ်နေကြ လျက် ဤအဖြစ်အပျက်များကို ကြည့်နေကြလေ၏။ | |
Luke | BurCBCM | 23:50 | ထိုအချိန်၌ ဂျုဒပြည်ရှိ အာရီမာတေးယမြို့သားဖြစ်သည့် ဂျိုးဇက်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူသည် လွှတ်တော်အရာရှိတစ်ဦးဖြစ်ပြီး ကောင်းမွန်ဖြောင့်မတ်၍၊- | |
Luke | BurCBCM | 23:51 | အခြားသူတို့၏စီရင်ချက်နှင့် လုပ်ရပ်များကို သဘောမတူညီခဲ့ချေ။ သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို စောင့်မျှော် နေသူလည်းဖြစ်၏။- | |
Luke | BurCBCM | 23:53 | ထို့နောက် သူသည် အလောင်းတော်ကို လက်ဝါးကပ်တိုင်မှချ၍ ပိတ်ဖြူဖြင့် ရစ်ပတ်ပြီးလျှင် ကျောက်ဆောင်၌ ထွင်းထားသည့်၊ မည်သူ့ကိုမျှ သင်္ဂြိုဟ်ခြင်း မပြုရသေးသော သခင်္ျိုင်းဂူ၌ ကိုယ်တော့်ကိုထားလေ ၏။- | |
Luke | BurCBCM | 23:54 | ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ပြင်ဆင်ရသော အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့သည်လည်း စတင်ရန် နီးလာပြီဖြစ်၏။- | |
Luke | BurCBCM | 23:55 | ဂါလေလေးယနယ်မှ ကိုယ်တော်နှင့်အတူပါ လာကြသော အမျိုးသမီးတို့သည်လည်း နောက်မှလိုက် သွားကြသဖြင့် သခင်္ျိုင်း တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ အလောင်းတော်ကို မည်ကဲ့သို့ထားသည်ကို လည်းကောင်း မြင်ကြလေ၏။- | |
Chapter 24
Luke | BurCBCM | 24:1 | ရက်သတ္တပတ်၏ ပထမနေ့ နံနက်စောစောတွင် အမျိုးသမီးများသည် မိမိတို့ပြင်ဆင်ထားသော နံ့သာမျိုးကို ယူဆောင် လျက် သခင်္ျိုင်းတော်သို့ သွားကြ လျှင်၊- | |
Luke | BurCBCM | 24:3 | သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ ဝင်ကြသောအခါ၌မူ ယေဇူးသခင်၏အလောင်းတော် ကိုမတွေ့ ကြရပေ။- | |
Luke | BurCBCM | 24:4 | သူတို့သည်လည်း ဤအဖြစ်အပျက် ကြောင့် စိတ်ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောဝတ် ရုံများကို ဝတ်ဆင်ထားသော လူနှစ်ဦးသည် ရုတ်တရက် ပေါ်လာပြီး သူတို့အနီး၌ ရပ်နေကြ၏။- | |
Luke | BurCBCM | 24:5 | အမျိုးသမီးတို့ သည် ကြောက်ရွံ့၍ မိမိတို့၏ မျက်နှာများကို မြေတွင်အပ်ကာ ပျပ်ဝပ်လျက်ရှိကြစဉ် ထိုသူတို့က သင်တို့သည် အသက်ရှင်သောသူကို သေသူတို့အစုတွင် အဘယ်ကြောင့်ရှာဖွေကြသနည်း။- | |
Luke | BurCBCM | 24:6 | ကိုယ်တော်သည် ဤနေရာတွင်မရှိ။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ဂါလေလေးယနယ်တွင် ကိုယ်တော်ရှိတော်မူခဲ့စဉ်က၊- | |
Luke | BurCBCM | 24:7 | လူသားသည် အပြစ်ရှိသူတို့၏လက်သို့ အပ်နှံခြင်းခံရမည်၊ လက်ဝါးကပ်တိုင်တင်ခံရပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ရမည်ဟူ၍ သင်တို့အား မိန့်တော်မူခဲ့သည်ကို သတိရကြလော့ဟု ဆိုလေ၏။- | |
Luke | BurCBCM | 24:9 | သခင်္ျိုင်းတော်မှ ပြန်လာကြပြီးလျှင် တစ်ကျိပ်တစ်ပါးတို့နှင့် အခြားသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။- | |
Luke | BurCBCM | 24:10 | တမန်တော်တို့အား ဤသတင်းတော်ကို ပြောကြားသောသူတို့မှာ မာရိယာမာဒလေးနာ၊ ဂျိုအန္နာ၊ ယာကုပ်၏အမိ မာရိယာနှင့် သူတို့နှင့်အတူပါသော အခြားအမျိုးသမီးများ ဖြစ်ကြ၏။- | |
Luke | BurCBCM | 24:11 | သို့ရာတွင် သူတို့ပြောသောစကားများမှာ တမန်တော်တို့အတွက် ယုတ္တိမရှိသောပုံပြင် သဖွယ်ဖြစ်သောကြောင့် တမန်တော်တို့သည် သူတို့ကို မယုံကြည်ကြချေ။- | |
Luke | BurCBCM | 24:12 | ပေတရုမူကား ထ၍ သခင်္ျိုင်းတော်သို့ ပြေးသွားလျက် အထဲသို့ ငုံ့ကြည့်သောအခါ ပိတ်အဝတ်များကိုသာ တွေ့ရလေ၏။ ထို့နောက် သူသည် ထိုအဖြစ်အပျက်ကြောင့် အံ့ဩလျက် အိမ်သို့ပြန်သွားလေ၏။ | |
Luke | BurCBCM | 24:13 | ထိုတစ်နေ့တည်းတွင်ပင် သူတို့အထဲမှ နှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသော ဧမာဦးရွာသို့ ခရီးသွားကြ၏။- | |
Luke | BurCBCM | 24:14 | လမ်းခရီးတွင် သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုကြလေ၏။- | |
Luke | BurCBCM | 24:15 | ထိုသို့သူတို့အချင်းချင်း ပြောဆိုဆွေးနွေးလျက်ရှိစဉ် ယေဇူးကိုယ်တော်တိုင် ချဉ်းကပ်လာ၍ သူတို့နှင့်အတူ ခရီးသွား တော်မူ၏။- | |
Luke | BurCBCM | 24:16 | သို့ရာတွင် ကိုယ်တော်ဖြစ်သည်ကို မမှတ်မိစေရန် သူတို့၏မျက်စိများသည် ထိန်း ချုပ်ခြင်းခံကြရ၏။- | |
Luke | BurCBCM | 24:17 | ကိုယ်တော်က သင်တို့သည် ခရီးသွားစဉ် မည်သည့်အကြောင်းအရာကို ဆွေးနွေးပြောဆို နေကြသနည်းဟု သူတို့အား မေးတော်မူ၏။ ထိုအခါ သူတို့သည် ဝမ်းနည်းကြေကွဲသေ ာမျက်နှာနှင့် ရပ်တန့်သွားကြလေ၏။- | |
Luke | BurCBCM | 24:18 | ထို့နောက် သူတို့တွင် ကလေအိုဖအမည်ရှိသောသူက ဂျေရုဆလင်မြို့၌ သင်တစ်ဦးတည်းသာ ဧည့်သည်ဖြစ်လျက် ဤနေ့ရက်များတွင် ဤမြို့ ၌ဖြစ်ပျက်ခဲ့ သည့် အကြောင်းအရာများကို မသိပါသလောဟု ပြန်မေး လေ၏။- | |
Luke | BurCBCM | 24:19 | ကိုယ်တော်ကလည်း မည်သည့်အကြောင်း အရာများနည်းဟုမေးတော်မူလျှင် သူတို့ကပြန်ဖြေသည်မှာ ဘုရားသခင်နှင့် လူအပေါင်းတို့၏ ရှေ့မျက်မှောက်တွင် အပြုအမူနှင့် ဟောပြောချက်တို့၌ တန်ခိုးကြီးသောပရော ဖက်ဖြစ်သည့် နာဇရက်မြို့သား ယေဇူး၏ အကြောင်းနှင့်၊- | |
Luke | BurCBCM | 24:20 | ကျွန်ုပ်တို့၏ရဟန်းအကြီးအကဲများနှင့် အုပ်ချုပ်သူအရာရှိတို့သည် သူ့ကိုသေဒဏ်စီရင်ရန် အပ်နှံကြ၍ လက်ဝါး ကပ်တိုင် တင်ကြသည့် အကြောင်းများပင်ဖြစ်ပါသည်။- | |
Luke | BurCBCM | 24:21 | ကျွန်ုပ်တို့မူကား သူသည် အစ္စရာအဲလ်လူမျိုးကို ကယ်တင်မည့်သူ ဖြစ်သည်ဟူ၍ မျှော်လင့်ထားခဲ့ကြ၏။ ထိုမျှမကသေး၊ ဤယနေ့သည် ထိုအကြောင်းအရာများဖြစ်ခဲ့ပြီး သုံးရက်မြောက်သောနေ့ဖြစ်ပါသည်။- | |
Luke | BurCBCM | 24:22 | ထို့ပြင် ကျွန်ုပ်တို့အထဲမှ အချို့သောအမျိုးသမီးများသည် ကျွန်ုပ်တို့ကို အံ့အားသင့်စေခဲ့ပါသည်။ သူတို့သည် ယနေ့နံနက်စောစောတွင် သခင်္ျိုင်းတော်သို့ သွားခဲ့ကြပြီး၊- | |
Luke | BurCBCM | 24:23 | ကိုယ်တော်၏ အလောင်းတော်ကို မတွေ့ခဲ့ကြပေ။ သူတို့သည် ပြန်လာ၍ ကိုယ်တော်သည် အသက်ရှင်လျက်ရှိသည်ဟု ပြောဆိုသော ကောင်းကင်တမန်တော်များကို တွေ့ မြင်ခဲ့ကြကြောင်း ပြောပြကြပါသည်။- | |
Luke | BurCBCM | 24:24 | ထိုအခါ ကျွန်ုပ်တို့နှင့်အတူ ရှိနေကြသောသူများထဲမှ အချို့သည် သခင်္ျိုင်းတော်သို့ သွားကြရာ အမျိုးသမီးများ ပြောခဲ့သည့်အတိုင်း တွေ့ မြင်ခဲ့ကြရသော်လည်း ကိုယ်တော့်ကိုမူ မတွေ့ခဲ့ကြပါဟု ဆိုကြလေ၏။ | |
Luke | BurCBCM | 24:25 | ထိုအခါ ကိုယ်တော်က အိုမိုက်မဲသောလူတို့၊ ပရောဖက်တို့ဟောပြောခဲ့သမျှကို သင်တို့ယုံကြည်ရန် နှောင့်နှေးကြ လေပြီတကား။- | |
Luke | BurCBCM | 24:26 | ခရစ်တော်သည် မိမိ၏ဘုန်း ဂုဏ်တော်သို့ ကြွဝင်တော်မူရန်အတွက် ဤအရာများကို ခံထမ်းရန် လိုအပ်သည် မဟုတ်လောဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 24:27 | ထို့နောက် ကိုယ်တော်သည် မိုးဇက်မှစ၍ ပရောဖက်ရှိသမျှတို့က မိမိကို အကြောင်းပြုလျက် ရေးထားသော ကျမ်းချက်များ၏ အဓိပ္ပာယ်ကို သူတို့အား ရှင်းလင်းဖော်ပြတော်မူ၏။ | |
Luke | BurCBCM | 24:28 | သူတို့ခရီးပြုနေသည့် ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ပြုတော်မူ၏။- | |
Luke | BurCBCM | 24:29 | သို့သော် သူတို့က ကျွန်ုပ်တို့နှင့်အတူတည်းခိုပါ။ အဘယ်ကြောင့်ဆိုသော် ညနေစောင်း၍ နေ့တာလည်း ကုန်လုနီးပါပြီဟု အနူးအညွတ်တောင်းပန်ကြသဖြင့် ကိုယ်တော်သည် သူတို့နှင့်အတူ ဝင်၍တည်းခိုတော်မူ၏။- | |
Luke | BurCBCM | 24:30 | ကိုယ်တော်သည် သူတို့နှင့်အတူ စားပွဲ၌ ရှိတော်မူသောအခါ ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးပြီးမှ ဖဲ့၍ ၎င်းကို သူတို့အား ပေးတော်မူ၏။- | |
Luke | BurCBCM | 24:31 | ထိုအခါ သူတို့၏မျက်စိများပွင့်လာကြ၍ သူတို့သည် ကိုယ်တော်ဖြစ်မှန်းသိကြလေ၏။ ကိုယ်တော်သည်လည်း သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော်မူ၏။- | |
Luke | BurCBCM | 24:32 | သူတို့က လမ်းခရီး၌ ကိုယ်တော်သည် ငါတို့နှင့်အတူစကားပြောလျက် ကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆို ပြတော်မူသောအခါ ငါတို့၏နှလုံးသားများသည် ငါတို့အတွင်း၌ မီးလျှံကဲ့သို့ တောက်လောင်နေခဲ့သည် မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။- | |
Luke | BurCBCM | 24:33 | သူတို့သည်လည်း ထိုအချိန်နာရီ၌ပင် ထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြပြီးလျှင် တစ်ကျိပ်တစ်ပါးနှင့် သူတို့၏အပေါင်း အဖော်များအတူ တကွစုဝေးနေသည်ကိုတွေ့ ကြ၏။- | |
Luke | BurCBCM | 24:34 | ထိုသူတို့က သခင်ဘုရားသည် ဧကန်အမှန်ရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည် စီမွန်ကို ထင်ရှားပြတော်မူပြီ ဟုဆိုကြ၏။- | |
Luke | BurCBCM | 24:35 | ထိုအခါ ထိုသူနှစ်ယောက်တို့သည်လည်း လမ်းခရီး၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကိုလည်းကောင်း၊ ပေါင်မုန့်ကို ဖဲ့တော်မူရာ၌ ကိုယ်တော်ဖြစ်ကြောင်း သိရ သည်ကိုလည်းကောင်း ပြောပြကြလေ၏။ | |
Luke | BurCBCM | 24:36 | သူတို့သည် ဤအကြောင်းအရာကိုပြောနေကြစဉ် ယေဇူးသည် ကိုယ်တော်တိုင် သူတို့အလယ်၌ရပ်လျက် သင်တို့၌ ငြိမ်ချမ်းသာယာခြင်း ရှိစေသတည်းဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 24:38 | ကိုယ်တော်က လည်း သင်တို့သည် အဘယ်ကြောင့် ကြောက်ရွံ့တုန် လှုပ်ကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံး ထဲ၌ ယုံမှားသံသယဖြစ်ကြသနည်း။- | |
Luke | BurCBCM | 24:39 | ငါ၏လက်နှင့် ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကို စမ်းသပ်ကြည့်ရှုကြလော့။ အကြောင်းမူကား ငါ၌ အရိုးနှင့်အသားရှိသည်ကို သင်တို့မြင်ကြရသကဲ့သို့ တစ္ဆေ၌ ထိုအရာများမရှိဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 24:40 | ထိုသို့မိန့် တော်မူပြီးမှ ကိုယ်တော်သည် မိမိ၏လက်တော်နှင့် ခြေ တော်တို့ကို သူတို့အား ပြတော်မူ၏။- | |
Luke | BurCBCM | 24:41 | သူတို့သည်ကား ဝမ်းမြောက်ကြလျက်ပင် မယုံကြည်နိုင်ဘဲ အံ့အားသင့်နေကြသောအခါ ကိုယ်တော်က ဤနေရာတွင် သင်တို့၌ စားစရာတစ်စုံတစ်ခုရှိသလောဟု မေးတော်မူ၏။- | |
Luke | BurCBCM | 24:44 | ထို့နောက် ကိုယ်တော်က မိုးဇက်၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းနှင့် ဆာလံကျမ်းတို့၌ ငါ့ကိုရည်ညွန်း၍ ရေးသားထားသမျှတို့သည် ပြည့်စုံရမည်ဟု သင်တို့နှင့်အတူ ငါရှိစဉ်က ပြောခဲ့သောစကားများသည် ဤအကြောင်းအရာများ ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 24:46 | သူတို့အား မိန့်တော်မူသည်ကား ကျမ်းစာတော်မြတ်၌ ဤသို့ရေးထားလျက်ရှိ၏။ ခရစ်တော်သည် ဒုက္ခခံထမ်း၍ သုံးရက်မြောက်သောနေ့၌ သေသူတို့အစုမှ ရှင်ပြန်ထမြောက်ရမည်။- | |
Luke | BurCBCM | 24:47 | ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား နောင်တတရားနှင့် အပြစ်မှခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဟောပြောရမည်။- | |
Luke | BurCBCM | 24:49 | ကြည့်လော့၊ ငါသည် ငါ၏ခမည်းတော်ကတိ ထားတော်မူရာကို သင်တို့အပေါ်သို့ စေလွှတ်မည်။ သို့ သော် သင်တို့သည် အထက်အရပ်မှလာသော တန်ခိုးတော်နှင့် ပြည့်စုံသည့်တိုင်အောင် ဤမြို့တွင်နေကြလော့ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 24:50 | ထို့နောက် ကိုယ်တော်သည် သူတို့ကို ဘက်သနီရွာသို့တိုင်အောင် ခေါ်ဆောင်သွားပြီးမှ မိမိ၏လက်တော်ကိုမြှောက်၍ သူတို့အား ကောင်းချီးပေးတော်မူ၏။- | |
Luke | BurCBCM | 24:51 | ဤသို့ ကောင်းချီးပေးတော်မူစဉ်တွင် ကိုယ်တော်သည် သူတို့ ထံမှထွက်ခွာ၍ ကောင်းကင်သို့ ပင့်ဆောင်ခြင်းကို ခံတော် မူ၏။- | |
Luke | BurCBCM | 24:52 | သူတို့သည်လည်း ကိုယ်တော့်ကို ရှိခိုးကြပြီးမှ ဝမ်းမြောက်ခြင်းကြီးစွာဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ ၍၊- | |