Site uses cookies to provide basic functionality.

OK
Toggle notes
Chapter 1
Psal BurCBCM 1:1  ဆိုးယုတ်သောသူတို့၏ အကြံဉာဏ်ကို ငြင်းပယ်လျက် အပြစ်ကျူးလွန်သော သူတို့၏လမ်းစဉ်ကို မလိုက်သည့်အပြင် ဘုရားမဲ့သူတို့နှင့်လည်း မိတ်ဖွဲ့ခြင်း မပြုသောသူသည် မင်္ဂလာရှိ၏။-
Psal BurCBCM 1:2  သူသည် ထာ၀ရဘုရားသခင်၏ ပညတ်တရား၌မွေ့လျော်၍ ကိုယ်တော်၏ ပညတ်တရားကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့ တတ်၏။-
Psal BurCBCM 1:3  ဤသူသည်ကား စမ်းချောင်းအနီးတွင် စိုက်ထား၍ အသီးသီးချိန်တန်လျှင် အသီးကိုသီးပြီး အရွက် မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ဤသူပြုလုပ်သမျှသော အမှုကိစ္စတို့သည် အောင်မြင်တတ်၏။
Psal BurCBCM 1:4  ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်ဘဲ လေတိုက်ရာတွင် လွင့်ပါသွားတတ်သော ကောက်ရိုးမျှင်နှင့် တူကြ၏။-
Psal BurCBCM 1:5  ထို့ကြောင့် အပြစ်ကျူးလွန်သူတို့သည် တရားစီရင်ဆုံးဖြတ်တော်မူသော ကာလ၌ ရပ်တည်နိုင်ကြလိမ့်မည်မဟုတ်။ သူတို့သည် ဖြောင့်မတ်သောသူတို့၏ အစုအဝေးတွင် ပါဝင်ကြရလိမ့်မည်မဟုတ်။-
Psal BurCBCM 1:6  အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သူဆိုးယုတ် တို့၏ လမ်းစဉ်မူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
Chapter 2
Psal BurCBCM 2:1  တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် လျှို့ဝှက်စွာ ပူးပေါင်းကြံစည်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အကျိုးမဲ့ လျှို့ဝှက်ကြံစည်ကြသနည်း။-
Psal BurCBCM 2:2  လောကီဘုရင်တို့သည် ပုန်ကန်ထကြွကြ၍ မင်းညီမင်းသားတို့သည်လည်း ထာ၀ရဘုရားသခင်နှင့် ကိုယ်တော် ဘိသိက် ပေးတော်မူသောအရှင်ကို ပုန်ကန်ရန် လျှို့ဝှက်စွာ ကြံစည်ကြလျက် ပြောဆိုကြသည်မှာ၊-
Psal BurCBCM 2:3  သူတို့၏ချုပ်နှောင်မှုကို ငါတို့ချိုးဖျက်ကြစို့၊ သူတို့၏ချုပ်ကိုင်မှုကို ဖယ်ရှားပစ်ကြစို့ ဟူ၍ဖြစ်၏။
Psal BurCBCM 2:4  ကောင်းကင်ဘုံရှိ ပလ္လင်တော်ပေါ်၌ ထိုင်နေတော်မူသောအရှင်သည် ပြုံးရယ်တော်မူ၏။ ထာ၀ရဘုရားသခင်သည် သူတို့ကို ပြက်ရယ်ပြုတော်မူ၏။-
Psal BurCBCM 2:5  ထို့နောက် ကိုယ်တော်သည် သူတို့ကို အမျက်တော်နှင့် ဆုံးမ၍ မိမိ၏အမျက်တော်အရှိန်ဖြင့် သူတို့ကို ကြောက်ရွံ့တုန်လှုပ် စေလျက် မိန့်တော်မူသည်ကား၊-
Psal BurCBCM 2:6  ငါ၏သန့်ရှင်းမြင့်မြတ်သော ဇီအွန်တောင်ပေါ်တွင် ငါ၏ဘုရင်ကို ငါကိုယ်တော်တိုင် တင်မြှောက်တော်မူပြီဟူ၍ဖြစ်၏။
Psal BurCBCM 2:7  ထာ၀ရဘုရားသခင်၏ အမိန့်တော်ကို ငါကြေညာမည်။ ကိုယ်တော်က ငါ့အား သင်သည် ငါ၏သားဖြစ်၏၊ ယနေ့ပင် သင့်ကိုငါဖွားမြင်လေပြီ။-
Psal BurCBCM 2:8  ငါ့ထံမှတောင်းလော့။ ငါသည် လူမျိုးအပေါင်းတို့ကို သင်၏အမွေအနှစ်ဖြစ်စေမည်။ သင်သည် ကမ္ဘာမြေကြီးစွန်းတိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။-
Psal BurCBCM 2:9  သင်သည် ထိုသူတို့ကို သံတောင်ဝှေးဖြင့် အုပ်စိုးလိမ့်မည်။ သင်သည် မြေအိုးကိုခွဲသကဲ့သို့ သူတို့အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေမည်ဟု မိန့်တော်မူ၏။
Psal BurCBCM 2:10  ထို့ကြောင့် အချင်းရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဤသတိပေးချက်ကို နားထောင်ကြလော့။-
Psal BurCBCM 2:11  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောစိတ်ဖြင့် အစေခံကြလော့။-
Psal BurCBCM 2:12  ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် ရှေ့တော်၌ ပျပ်ဝပ်ဦးညွတ်ကြလော့။ ထိုသို့မပြုလုပ်လျှင် ထာ၀ရဘုရားသခင်သည် အမျက်တော်ထွက်၍ သင်တို့သည် လမ်း၌ သေကြေပျက်စီးကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကြာမီပင် အမျက်ထွက်တော်မူလိမ့်မည်။ ကိုယ်တော်၌ ခိုလှုံအားကိုးသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
Chapter 3
Psal BurCBCM 3:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ အကျွန်ုပ်ကို ဆန့်ကျင်သော သူတို့သည် များပြားလှပါ၏။-
Psal BurCBCM 3:2  ဘုရားသခင်သည် သူ့ကို ကယ်တင်လိမ့်မည်မဟုတ်ဟု အများက အကျွန်ုပ်နှင့် ပတ်သက်၍ ပြောဆိုကြပါ၏။
Psal BurCBCM 3:3  သို့ရာတွင် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်အတွက် ဒိုင်းလွှားသဖွယ် ဖြစ်တော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဂုဏ်ကျက်သရေဖြစ်ပြီး အကျွန်ုပ်၏ဦးခေါင်းကိုလည်း အထက်သို့ မော့ထားစေတော်မူပါ၏။-
Psal BurCBCM 3:4  ငါသည် ထာ၀ရဘုရားသခင်ထံတော်သို့ အော်ဟစ်အသနားခံသောအခါ ကိုယ်တော်သည် ငါ့ကို သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှ နားညောင်းတော်မူ၏။-
Psal BurCBCM 3:5  ငါသည် လဲလျောင်း၍ အိပ်ပျော်သွားပြီး တစ်ဖန်ပြန်၍နိုးလာ၏။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ငါ့ကို စောင့်ရှောက်တော်မူ၏။-
Psal BurCBCM 3:6  ငါ့ကို ဝန်းရံလျက်ရှိသော ရန်သူထောင်ပေါင်းများစွာတို့ကို ငါမကြောက်။
Psal BurCBCM 3:7  အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ရန်သူ၏ မျက်နှာကိုရိုက်၍ မတရားသော သူတို့၏ သွားကို ချိုးတော်မူပြီ။
Psal BurCBCM 3:8  ကယ်တင်ခြင်းသည် ထာ၀ရဘုရားသခင် ထံတော်မှလာ၏။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာသည် မိမိ၏လူမျိုးတော် အပေါ်သို့ သက်ရောက်ပါစေသော်။
Chapter 4
Psal BurCBCM 4:1  အကျွန်ုပ်၏ ဖြောင့်မတ်တော်မူသောဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ကို ခေါ်တသောအခါ အကျွန်ုပ်အား ထူးတော်မူပါ။ အကျွန်ုပ်ကို ဒုက္ခဆင်းရဲမှ လွတ်မြောက်စေတော်မူပါ။ အကျွန်ုပ်ကို သနားတော်မူ၍ အကျွန်ုပ်၏ ဆုတောင်းသံကို နားညောင်း တော်မူပါ။
Psal BurCBCM 4:2  အချင်းလူတို့၊ ငါ၏ဂုဏ်ကျက်သရေကို မည်မျှကြာ အောင် ရှုတ်ချကြမည်နည်း။ အကျိုးမရှိသော အရာများကို နှစ်သက်ပြီး လိမ်ညာလှည့်ဖြားခြင်းနောက်သို့ မည်မျှကြာအောင် လိုက်ကြမည်နည်း။
Psal BurCBCM 4:3  ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သူတို့အား မိမိအတွက် ရွေးချယ်ထားတော်မူသည်ကို သိမှတ်ကြလော့။ ငါသည် ထာ၀ရဘုရားသခင်ကို ခေါ်တသောအခါ ကိုယ်တော်သည် နားညောင်းတော်မူ၏။
Psal BurCBCM 4:4  သင်တို့သည် အမျက်ဒေါသထွက်သောအခါ အပြစ်မပြုကြနှင့်။ သင်တို့သည် အိပ်ရာပေါ်၌ လဲလျောင်း၍ ကိုယ်စိတ်နှလုံးဖြင့် စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေလော့။
Psal BurCBCM 4:5  ထိုက်တန်သော ပူဇော်သကာများကို ဆက်ကပ်ပူဇော်၍ ကိုယ်တော်၌ ယုံကြည်အားကိုးကြလော့။
Psal BurCBCM 4:6  ကောင်းမြတ်သောအရာကို မည်သူသည် ငါတို့အား ပြသနိုင်မည်နည်းဟု လူတို့က ဆိုကြ၏။ အိုထာ၀ရ ဘုရားသခင်၊ ရွှေမျက်နှာတော်၏ အလင်းကို အကျွန်ုပ်တို့အပေါ်၌ ထွန်းလင်းစေတော်မူပါ။-
Psal BurCBCM 4:7  သို့ရာတွင် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော ဝမ်းမြောက်ခြင်းသည် ဂျုံ၊ စပါးနှင့် စပျစ်ရည်များကိုရရှိသော သူတို့၏ဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။
Psal BurCBCM 4:8  အကျွန်ုပ်သည် ငြိမ်းချမ်းသာယာစွာ လဲလျောင်း၍ အိပ်စက်ပါမည်။ အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ ကိုယ်တော် တစ်ပါးတည်းသာလျှင် အကျွန်ုပ်အား လုံခြုံစွာနားနေခွင့်ကို ပေးသောအရှင် ဖြစ်တော်မူပါ၏။
Chapter 5
Psal BurCBCM 5:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏စကားကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ ညည်းညူသံကို သတိပြုတော်မူပါ။-
Psal BurCBCM 5:2  အကျွန်ုပ်၏ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ အော်ဟစ်သံကို နားညောင်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ ဆုတောင်းပတ္ထနာပြုပါ၏။-
Psal BurCBCM 5:3  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ၏။ နေထွက်ချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် အသနားခံလျက် စောင့်မျှော်နေပါ၏။
Psal BurCBCM 5:4  အကြောင်းမူကား ကိုယ်တော်သည် မကောင်းမှုဒုစရိုက်ကို နှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ ဆိုးယုတ်သူသည် ကိုယ်တော်နှင့်အတူ ရှိလိမ့်မည်မဟုတ်ပါ။-
Psal BurCBCM 5:5  မောက်မာသောသူသည် ကိုယ်တော်၏ရှေ့တော်သို့ မဝင်ရပါ။ ကိုယ်တော်သည် ဆိုးယုတ်သော သူတို့ကို မုန်းတီး တော်မူပါ၏။-
Psal BurCBCM 5:6  ကိုယ်တော်သည် လိမ်ညာသူအပေါင်းတို့ကို ဖျက်ဆီး၍ အကြမ်းဖက်သူနှင့် ကောက်ကျစ်သူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
Psal BurCBCM 5:7  သို့ရာတွင် ကိုယ်တော်၏ ကြီးမားလှသော မေတ္တာတော်ကြောင့် အကျွန်ုပ်သည် အိမ်တော်အတွင်းသို့ ဝင်နိုင်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အား ရိုသေလေးမြတ်စွာ ဦးညွတ်ရှိခိုးနိုင်ပါလိမ့်မည်။-
Psal BurCBCM 5:8  အို ထာ၀ရဘုရားသခင်၊ ရန်သူများ ဝိုင်းရံထားသောကြောင့် အကျွန်ုပ်ကို ဖြောင့်မတ်ခြင်းတရား၌ ဦးဆောင်လမ်းပြတော်မူပါ။ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်ရှေ့တွင် သာယာဖြောင့်ဖြူးစေတော်မူပါ။
Psal BurCBCM 5:9  သူတို့၏ နှုတ်ထွက်စကားများ၌ သမ္မာတရားမရှိပါ။ သူတို့၏ စိတ်နှလုံးသည် ပျက်စီးခြင်းကိုသာ လိုလားပါ၏။ သူတို့၏ လည်ချောင်းသည် ပွင့်နေသော သခင်္ျိုင်းတွင်းပမာ ဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ကြပါ၏။-
Psal BurCBCM 5:10  အိုဘုရားသခင်၊ သူတို့၏အပြစ်များအတွက် ဒဏ်ခတ်တော်မူပါ။ သူတို့သည် မိမိတို့၏အကြံအစည်များ အားဖြင့် ကျဆုံးကြပါစေ။ သူတို့၏ များပြားလှသော အပြစ်များအတွက် သူတို့ကို နှင်ထုတ်တော်မူပါ။ အကြောင်းမူကား သူတို့သည် ကိုယ်တော့်ကို ပုန်ကန်ခဲ့ကြသောကြောင့် ဖြစ်ပါ၏။
Psal BurCBCM 5:11  သို့ရာတွင် ကိုယ်တော်၌ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းကြပါစေ။ သူတို့သည် ဝမ်းမြောက်ခြင်းဖြင့် သီချင်းသီဆိုကြပါစေ။ ကိုယ်တော်၏ နာမတော်ကို ချစ်မြတ်နိုးသောသူတို့သည် ကိုယ်တော်၌ ဝမ်းမြောက်နိုင်ကြရန် သူတို့ကို ကာကွယ်တော်မူပါ။-
Psal BurCBCM 5:12  အကြောင်းမူကား ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို ကောင်းချီးပေးတော်မူပါ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် သူတို့ကို ဒိုင်းလွှားသဖွယ် ကာကွယ်စောင့်ရှောက်တော်မူပါ၏။
Chapter 6
Psal BurCBCM 6:1  အိုထာ၀ရဘုရားသခင်၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ကိုယ်တော်၏ အမျက်တော်၌ အကျွန်ုပ်ကို အပြစ်ဒဏ်ပေးတော် မမူပါနှင့်။-
Psal BurCBCM 6:2  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ပင်ပန်းနွမ်းနယ်လျက်ရှိသည်ဖြစ်၍ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်ကို ရောဂါပျောက်ကင်းစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏ အရိုးတို့သည် တုန်လှုပ်လျက်ရှိပါ၏။ အိုထာ၀ရဘုရားသခင်၊-
Psal BurCBCM 6:3  အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာပူပင်သောက ရောက်လျက်ရှိပါ၏။ အိုထာ၀ရဘုရားသခင်၊ မည်မျှကြာအောင် စောင့်ဆိုင်းနေတော်မူပါမည်နည်း။
Psal BurCBCM 6:4  အိုထာ၀ရဘုရားသခင်၊ ရွှေမျက်နှာတော်ကိုလှည့်၍ အကျွန်ုပ်၏အသက်ကို ကယ်တော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကို ထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။-
Psal BurCBCM 6:5  အကြောင်းမူကား သေလွန်သူတို့အလယ်၌ ကိုယ်တော့်ကို အောက်မေ့သတိရသောသူ မရှိပါ။ မရဏနိုင်ငံတွင် ကိုယ်တော့်အား မည်သူချီးမွမ်းထောမနာပြုနိုင်မည်နည်း။
Psal BurCBCM 6:6  အကျွန်ုပ်သည် ဝမ်းနည်းကြေကွဲခြင်းဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညစဉ်ညတိုင်း ငိုကြွေးရသဖြင့် အကျွန်ုပ်၏ အိပ်ရာသည် မျက်ရည်များဖြင့် အိုင်ထွန်းလျက်ရှိပါ၏။ အကျွန်ုပ်၏ခုတင်သည်လည်း မျက်ရည်တို့ဖြင့် စိုစွတ်လျက်ရှိပါ၏။-
Psal BurCBCM 6:7  ဝမ်းနည်းပူဆွေးခြင်းကြောင့် အကျွန်ုပ်၏မျက်စိများသည် မှုန်ဝါးလျက်ရှိပါ၏။ အကျွန်ုပ်၏ ရန်သူများကြောင့် ငိုကြွေးရသဖြင့် အကျွန်ုပ်၏ မျက်စိများသည် အားနည်းလျက်ရှိပါ၏။
Psal BurCBCM 6:8  မကောင်းမှုကိုပြုကျင့်သူတို့၊ ငါ့ထံမှ ထွက်သွားကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ငါ၏ငိုကြွေးသံကို ကြားတော်မူပြီ။-
Psal BurCBCM 6:9  ထာ၀ရဘုရားသခင်သည် ငါ၏တောင်းလျှောက်သံကို နားညောင်းတော်မူပြီ။ ထာ၀ရဘုရားသခင်သည် ငါ၏ဆုတောင်း ပတ္ထနာကို လက်ခံတော်မူပြီ။-
Psal BurCBCM 6:10  ငါ၏ရန်သူ ရှိသမျှတို့သည် အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည် တစ်ခဏချင်းတွင် ကစဉ့်ကလျားဖြစ်လျက် နောက်သို့ လှည့်ပြေးကြရလိမ့်မည်။
Chapter 7
Psal BurCBCM 7:1  အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံ အားကိုးပါ၏။ အကျွန်ုပ်ကို လိုက်လံဖမ်းဆီးသူ အပေါင်းတို့၏လက်မှ အကျွန်ုပ်အား ကယ်တော်မူပါ။-
Psal BurCBCM 7:2  သို့မဟုတ်လျှင် သူတို့သည် အကျွန်ုပ်ကို သယ်ဆောင်ကာ ခြင်္သေ့ကဲ့သို့ အပိုင်းပိုင်း ကိုက်ဖြတ်ကြပါလိမ့်မည်။ အကျွန်ုပ်ကို ကယ်တင်ရန် မည်သူမျှ ရှိလိမ့်မည်မဟုတ်ပါ။
Psal BurCBCM 7:3  အိုအကျွန်ုပ်အရှင် ထာ၀ရဘုရားသခင်၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုအရာကို ပြုခဲ့လျှင်သော်လည်းကောင်း၊ အကျွန်ုပ်၏ လက်များသည် မကောင်းမှုကိုပြုခဲ့ မိလျှင်သော်လည်းကောင်း၊-
Psal BurCBCM 7:4  အကျွန်ုပ်သည် မိတ်ဆွေအပေါ် သစ္စာဖောက်ခဲ့မိလျှင် သော်လည်းကောင်း၊ ရန်သူအပေါ် အကြောင်းမဲ့ အကြမ်းဖက်ခဲ့မိလျှင် သော်လည်းကောင်း၊ ထိုသို့သော အမှုအရာများကို ကျူးလွန်မိလျှင်၊-
Psal BurCBCM 7:5  ရန်သူတို့သည် အကျွန်ုပ်ကို လိုက်လံဖမ်းဆီးလျက် မြေ ပေါ်တွင် နင်းချေသတ်ဖြတ်ကာ မြေမှုန့်ထဲတွင် စွန့်ပစ်ထားကြပါစေ။
Psal BurCBCM 7:6  အိုထာ၀ရဘုရားသခင်၊ အမျက်တော်နှင့် ကြွလာတော်မူပါ။ အကျွန်ုပ်အား ရန်ပြုသူများ၏ အမျက်ဒေါသကို တုံ့ပြန်တော်မူပါ။ အကျွန်ုပ်၏ဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ချက်ကို သတ်မှတ်တော်မူလေပြီ။-
Psal BurCBCM 7:7  လူအပေါင်းတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် စုဝေးကြပါစေ။ သူတို့ကို အထက်အရပ်မှ အုပ်စိုးတော်မူပါ။-
Psal BurCBCM 7:8  ထာ၀ရဘုရားသခင်သည် လူမျိုးအပေါင်းတို့ကို တရားစီရင်တော်မူ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဖြောင့်မတ်မှု အတိုင်း အကျွန်ုပ်ကို တရားစီရင်တော်မူပါ။
Psal BurCBCM 7:9  ဆိုးယုတ်သောသူတို့၏ မကောင်းမှုများကို အဆုံးသတ်တော်မူ၍ ဖြောင့်မတ်သောသူတို့ကို အားဖြည့်ပေးတော်မူပါ။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ်တော်သည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်တို့ကို စစ်ဆေးသိမြင်တော်မူပါ၏။-
Psal BurCBCM 7:10  စိတ်နှလုံးဖြောင့်မတ်သော သူတို့ကို ကယ်တင်တော်မူသော ဘုရားသခင်သည် ငါ၏အကာအကွယ်ဖြစ်တော်မူ၏။-
Psal BurCBCM 7:11  ဘုရားသခင်သည် ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူ၍ မကောင်းမှုပြုသော သူတို့ကို နေ့စဉ်ပြစ်တင်ရှုတ်ချ တော်မူ၏။
Psal BurCBCM 7:12  အကယ်၍ လူတို့သည် နောင်တမရကြလျှင် ဘုရားသခင်သည် ဓားကိုသွေး၍ လေးကိုအဆင်သင့် ချိန်ရွယ်တော်မူလိမ့်မည်။-
Psal BurCBCM 7:13  ကိုယ်တော်သည် သေစေတတ်သော လက်နက်များကိုကိုင်ဆောင်၍ မီးတောက်ပါသောမြားတို့ကို ပြုလုပ်တော်မူ၏။-
Psal BurCBCM 7:14  ကြည့်လော့၊ ဆိုးယုတ်သောသူသည် မကောင်းမှုကို သန္ဓေတည်စေ၍ ဆင်းရဲဒုက္ခကို ဝမ်း၌လွယ်ထားပြီး လိမ်လည် လှည့်ဖြားခြင်းကိုလည်း မွေးထုတ်လေ၏။-
Psal BurCBCM 7:15  သူသည် မြေတွင်းကို နက်စွာတူးပြီး မိမိတူးထားသော တွင်းထဲသို့ပင် ပြန်ကျလေ၏။-
Psal BurCBCM 7:16  သူ၏ ဆိုးသွမ်းမှုသည် သူ၏ဦးခေါင်းပေါ်သို့ ပြန်ကျလာပြီး သူပြုလုပ်ခဲ့သော အကြမ်းဖက်မှုသည်လည်း သူ့အပေါ်သို့ ပြန်လည် သက်ရောက်လေ၏။
Psal BurCBCM 7:17  ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်တော်မူသောကြောင့် ငါသည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းမည်။ ငါသည် အမြင့်ဆုံးသောအရှင် ထာ၀ရဘုရားသခင်၏ နာမတော်ကို သီဆိုချီးမွမ်းပါမည်။
Chapter 8
Psal BurCBCM 8:1  အိုအကျွန်ုပ်တို့၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာတစ်ဝန်းလုံး၌ အလွန်ကြီးမြတ်တော်မူပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်ကို ကောင်းကင်အထက်၌ တည်စေတော်မူ၏။-
Psal BurCBCM 8:2  ကိုယ်တော်သည် ရန်သူများနှင့် လက်စားချေသူတို့ကို နှုတ်ဆိတ်သွားစေရန် ကလေးများနှင့် နို့စို့သူငယ်တို့၏ နှုတ်အားဖြင့် အကာအကွယ်ကို စီရင်တော်မူ၏။
Psal BurCBCM 8:3  ကိုယ်တော်၏ လက်ညှိုးတော်မှဖြစ်သည့် အမှုအရာတည်းဟူသော ကိုယ်တော်၏ ကောင်းကင်များကိုလည်းကောင်း၊ ကိုယ်တော်စီမံထားတော်မူသည့် လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ် ကြည့်ရှုဆင်ခြင်သောအခါ၊-
Psal BurCBCM 8:4  လူသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရပါသနည်း။ လူသားသက်သက်မျှသာ ဖြစ်သောသူကို ကိုယ်တော်သည် အဘယ်ကြောင့် စောင့်ရှောက်တော်မူရပါသနည်း။
Psal BurCBCM 8:5  သို့ရာတွင် ကိုယ်တော်သည် သူ့ကို ဘုရားသခင်ထက် အနည်းငယ်သာ နိမ့်ကျစေလျက် ဂုဏ်ကျက်သရေဖြင့် သရဖူဆောင်းပေးတော်မူ၏။-
Psal BurCBCM 8:6  သူ့အား ကိုယ်တော်၏ ရွှေလက်တော်ဖြင့် ဖန်ဆင်းထားသော အရာတို့အပေါ် အုပ်ချုပ်သူအဖြစ် ကိုယ်တော် ခန့်အပ်ထား တော်မူ၏။ ကိုယ်တော်သည် အရာအားလုံးတို့ကို သူ၏ခြေဖဝါးအောက်သို့ ရောက်စေတော်မူ၏။-
Psal BurCBCM 8:7  ထိုအရာခပ်သိမ်းတို့သည်ကား သိုး၊ နွားနှင့် တောတိရစ္ဆာန်များ၊-
Psal BurCBCM 8:8  လေတွင်ပျံသန်းသောငှက်များ၊ ပင်လယ်ထဲမှငါးများနှင့် ပင်လယ်ရေတွင် ဖြတ်သန်းသွားကြသော သတ္တဝါတို့ပင်ဖြစ်ကြ၏။
Psal BurCBCM 8:9  အိုအကျွန်ုပ်တို့၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ နာမတော်သည် ကမ္ဘာတစ်ဝန်းလုံး၌ ကြီးမြတ်တော်မူ၍ ချီးမွမ်းဖွယ်ဖြစ်ပါ၏။
Chapter 9
Psal BurCBCM 9:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းပါမည်။ အကျွန်ုပ်သည် ကိုယ်တော် လုပ်ဆောင်တော်မူသော အံ့ဖွယ်ရာ အမှုအရာတို့၏အကြောင်းကို ပြောဆိုပါမည်။-
Psal BurCBCM 9:2  အကျွန်ုပ်သည် ဝမ်းမြောက်ရွှင်လန်း၍ ကိုယ်တော်၌ ချီးမွမ်းပါမည်။ အကျွန်ုပ်တို့၏ အမြင့်ဆုံးသော ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို သီဆိုချီးမွမ်းပါမည်။
Psal BurCBCM 9:3  အကျွန်ုပ်၏ရန်သူများ ပြန်လှည့်လာကြသောအခါ သူတို့သည် ကိုယ်တော်၏ ရှေ့မျက်မှောက်တော်၌ လဲကျ၍ သေဆုံးကြ လေပြီ။-
Psal BurCBCM 9:4  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ဘက်မှရပ်တည်၍ တရားစီရင်တော်မူ လေပြီ။ ကိုယ်တော်သည် ပလ္လင်တော်ပေါ်တွင် ထိုင်လျက် ဖြောင့်မတ်စွာ တရားစီရင်တော်မူ၏။
Psal BurCBCM 9:5  ကိုယ်တော်သည် ဘုရားတရားမဲ့သော လူမျိုးတို့ကို ပြစ်တင်ရှုတ်ချတော်မူ၍ ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးတော်မူခဲ့ပြီ။ ကိုယ်တော်သည် သူတို့၏အမည်များကို အစဉ်ထာ၀ရ ပယ်ဖျက်တော်မူလေပြီ။-
Psal BurCBCM 9:6  ရန်သူတို့သည် အဆုံးမသတ်နိုင်သော ပျက်စီးခြင်း၌ ကွယ်ပျောက်သွားကြလေပြီ။ ကိုယ်တော်သည် သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူ၍ ၎င်းတို့ကို မည်သူကမျ ှအောက်မေ့သတိရတော့မည် မဟုတ်ပေ။
Psal BurCBCM 9:7  သို့သော်လည်း ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် စိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ရန် ပလ္လင်တော်ကို တည်တော်မူလေပြီ။-
Psal BurCBCM 9:8  ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မှန်စွာစီရင်တော်မူ၍ လူမျိုးအပေါင်းတို့ကို တရားမျှတစွာ စီရင်တော်မူလေပြီ။
Psal BurCBCM 9:9  ကိုယ်တော်သည် ဖိနှိပ်ချုပ်ချယ်ခြင်း ခံရသူတို့၏ ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်သော အချိန်များ၌ ဘေးကင်းလုံခြုံရာလည်း ဖြစ်တော်မူ၏။-
Psal BurCBCM 9:10  ကိုယ်တော်၏နာမတော်ကို သိရှိသောသူတို့သည် ကိုယ်တော်၌ ယုံကြည်အားကိုးကြလိမ့်မည်။ အကြောင်းမူကား အိုထာ၀ရ ဘုရားသခင်၊ ကိုယ်တော်သည် မိမိကိုရှာဖွေသောသူတို့အား စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။
Psal BurCBCM 9:11  ဇီအွန်မြို့တွင် စိုးစံတော်မူသေ ာထာ၀ရဘုရားသခင်အား သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသော အမှုအရာ တို့အား လူမျိုးတကာတို့အလယ်တွင် ဟောပြောကြလော့။-
Psal BurCBCM 9:12  အကြောင်းမူကား သွေးအတွက် လက်စားချေသော ကိုယ်တော်သည် ထိုသူတို့ကို အောက်မေ့တော်မူ၏။ ကိုယ်တော်သည် ညှဉ်းပန်းနှိပ်စက်ခံရသော သူတို့၏ငိုကြွးသံကိုလည်း လျစ်လျူရှုတော်မမူပေ။
Psal BurCBCM 9:13  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ ရန်သူများသည် အကျွန်ုပ်အား မည်မျှညှဉ်းဆဲသည်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ကို သေခြင်းတံခါးမှ ကယ်တင်တော်မူသော အိုအရှင်ဘုရား၊-
Psal BurCBCM 9:14  ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်အပေါင်းတို့ကို ချီးမွမ်းဖော်ပြနိုင်၍ ကိုယ်တော် ပေးသနားတော်မူသော ကယ်တင်ခြင်း အတွက်ကြောင့် အကျွန်ုပ်သည် ဇီအွန်သမီး၏ တံခါးများ၌ ရွှင်လန်းဝမ်းမြောက်နိုင်ပါလိမ့်မည်။
Psal BurCBCM 9:15  လူမျိုးခြားတို့သည် မိမိတို့တူးထားသော ကျင်းထဲသို့ ကျကြလိမ့်မည်။ သူတို့၏ ခြေများသည်လည်း သူတို့ ထောင်ထားသော ကျော့ကွင်း၌ ပြန်၍မိကြလိမ့်မည်။-
Psal BurCBCM 9:16  ထာ၀ရဘုရားသခင်သည် ဖြောင့်မှန်စွာတရားစီရင်ခြင်းအားဖြင့် မိမိကိုယ်ကို ထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သော သူတို့သည် မိမိတို့ပြုလုပ်ထားသော ကျော့ကွင်း၌ ပြန်၍မိကြလေပြီ။
Psal BurCBCM 9:17  ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော လူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ သွားကြရလိမ့်မည်။
Psal BurCBCM 9:18  အကြောင်းမူကား ချို့တဲ့နွမ်းပါးသော သူတို့သည် အစဉ်ထာ၀ရ မေ့လျော့ခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဆင်းရဲသားတို့၏ မျှော်လင့်ချက်သည်လည်း အစဉ်ထာ ၀ရပျောက်ဆုံးသွားလိမ့်မည်မဟုတ်။
Psal BurCBCM 9:19  အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ လူတို့အား အနိုင်မယူပါစေနှင့်။ လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ရှေ့တော်၌ တရားစီရင်ခြင်းခံကြရပါစေ။-
Psal BurCBCM 9:20  အို ထာ၀ရဘုရားသခင်၊ သူတို့ကို ကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသားသက်သက်သာ ဖြစ်ကြောင်းကို လူမျိုးအပေါင်းတို့အား သိစေတော်မူပါ။
Chapter 10
Psal BurCBCM 10:1  အိုထာ၀ရဘုရားသခင်၊ အဘယ်ကြောင့် ကိုယ်တော်သည် အဝေး၌ ရပ်နေတော်မူပါသနည်း။ ဒုက္ခရောက်သော အချိန်၌ ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာတော် လွှဲထားတော်မူပါသနည်း။-
Psal BurCBCM 10:2  ဆိုးယုတ်သော သူတို့သည် ဆင်းရဲသောသူတို့ကို မောက်မာရိုင်းပျစွာဖြင့် လိုက်လံညှဉ်းဆဲကြ၏။ ထိုသူတို့သည် မိမိ တို့ဉာဏ်ဆင်၍ ထောင်ထားသော ပရိယာယ်ကျော့ကွင်း၌ ပြန်မိကြပါစေ။
Psal BurCBCM 10:3  အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိတို့ စိတ်နှလုံး၏ လိုအင်ဆန္ဒများကို ကြွားဝါပြောဆိုတတ်၍ လောဘကြီးသော သူသည် ထာ၀ရဘုရားသခင်ကို ကျိန်ဆဲရှုတ်ချပါ၏။-
Psal BurCBCM 10:4  ဆိုးယုတ်သောသူသည် မောက်မာခက်ထန်သော မျက်နှာထားနှင့် ထာ၀ရဘုရားသခင်ကို ရှာဖွေခြင်းမရှိပေ။ သူသည် ဘုရားသခင် မရှိဟူ၍ အစဉ်တွေးတောလေ၏။
Psal BurCBCM 10:5  သူပြုလုပ်လေသမျှတို့သည် အောင်မြင်တတ်၏။ သူသည် အထက်အရပ်၌ရှိသော ကိုယ်တော်၏ တရားစီရင်ချက်တို့ကို မတွေ့ပေ။ သူသည် မိမိ၏ရန်သူများကို ပြက်ရယ်ပြု၏။-
Psal BurCBCM 10:6  သူ၏စိတ်နှလုံး၌ ငါသည် မည်သည့်အခါမျှ ရှုံးနိမ့်လိမ့်မည်မဟုတ်၊ ငါသည် သားစဉ်မြေးဆက် မည်သည့်အခါမျှ ဒုက္ခရောက်လိမ့်မည် မဟုတ်ဟု တွေးထင်လေ၏။
Psal BurCBCM 10:7  သူ၏နှုတ်သည် ကျိန်ဆိုခြင်း၊ လှည့်ဖြားခြင်းနှင့် အနိုင်အထက်ပြုခြင်းတို့ဖြင့် ပြည့်လျှံနေလေ၏။ သူ၏ လျှာအောက်၌ ဆိုးသွမ်းခြင်းနှင့် မကောင်းမှုဒုစရိုက်တို့ သာရှိကြ၏။-
Psal BurCBCM 10:8  သူသည် ရွာများ၏အနီးတွင် ချုံခို၍ စောင့်နေတတ်ပြီး အပြစ်ကင်းမဲ့သောသူကို ဆိတ်ကွယ်ရာ အရပ်တို့၌ သတ်ဖြတ် တတ်ပါ၏။ သူ၏မျက်လုံးများသည် မိမိ၏လက်တွင်းသို့ကျ ရောက်လာမည့်သားကောင်ကို စောင့်ကြည့်နေတတ် ၏။-
Psal BurCBCM 10:9  သူသည် ပုန်းအောင်းနေသော ခြင်္သေ့ကဲ့သို့ ဆိတ်ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ သူသည် ဆင်းရဲသားများကို အမိဖမ်းရန် ချောင်းမြောင်းနေ၏။ သူသည် ဆင်းရဲသားများကို မိမိ၏ပိုက်ကွန်တွင် အမိအရဖမ်း၍ ဆွဲခေါ်သွားလေ၏။
Psal BurCBCM 10:10  သူ၏ခွန်အားကြောင့် သားကောင်သည် ချေမှုန်းခြင်းခံရ၍ ပြိုလဲကာ အရှုံးပေးလိုက်ရ၏။-
Psal BurCBCM 10:11  သူက ဘုရားသခင်သည် မေ့လျော့ထားတော်မူပြီ။ ကိုယ်တော်သည် မိမိ၏မျက်နှာတော်ကို ဖုံးကွယ်ထားသဖြင့် ဤအမှုကို မည်သည့်အခါမျှ မြင်တွေ့လိမ့်မည်မဟုတ်ဟု မိမိစိတ်ထဲ ၌ဆိုလေ၏။
Psal BurCBCM 10:12  အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ အိုဘုရားသခင်၊ ကိုယ်တော်၏လက်တော်ကို မြှောက်တော်မူပါ။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။-
Psal BurCBCM 10:13  ဆိုးယုတ်သောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါမည်နည်း။ ကိုယ်တော်သည် အပြစ်စီရင်တော် မူလိမ့်မည် မဟုတ်ဟု အဘယ်ကြောင့် သူ့စိတ်ထဲ၌ ထင်မှတ်ရပါသနည်း။
Psal BurCBCM 10:14  သို့သော် ကိုယ်တော်သည် အမှန်တကယ်ပင် ြင်တော်မူပြီ။ ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် ပူပန်သောကတို့ကို ဂရုပြုတော်မူ၏။ ကိုယ်တော်သည် ဤအမှုအရာတို့ကို ကိုယ်တော်တိုင် ကိုင်တွယ်ဖြေရှင်းတော်မူ၏။ ခိုကိုးရာမဲ့သောသူသည် မိမိကိုယ်ကို ကိုယ်တော်၏လက်တော်သို့ အပ်နှံလေ၏။ ကိုယ်တော်သည် မိဘမရှိသူတို့ကို ကူညီစောင့်ရှောက်သောသူ ဖြစ်တော်မူ၏။
Psal BurCBCM 10:15  ဆိုးယုတ်၍ ဒုစရိုက်ကျူးလွန်သောသူ၏လက်ရုံးကို ချိုးတော်မူပါ။ သူ၏မကောင်းမှုများကို တစ်ခုမကျန်ရှာဖွေ စစ်ဆေးတော်မူပါ။-
Psal BurCBCM 10:16  ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် ဘုရင်ဖြစ်တော်မူပါ၏။ လူမျိုးခြားတို့သည် ကိုယ်တော်၏ နိုင်ငံတော်မှ ကွယ်ပျောက်ကြပါလိမ့်မည်။
Psal BurCBCM 10:17  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် နှိမ့်ချသောသူတို့၏ လိုလားတောင့်တချက်ကို လက်ခံတော်မူ၏။ ကိုယ်တော်သည် သူတို့၏စိတ်နှလုံးကို အားဖြည့်ပေးတော်မူ၏။-
Psal BurCBCM 10:18  ကိုယ်တော်သည် မိဘမရှိသူတို့နှင့် ဖိနှိပ်ခြင်းခံရသော သူတို့အတွက် တရားမျှတမှုရှိစေရန် ကိုယ်တော်၏နားကို စွင့်တော်မူ၏။ ဤသို့ဖြင့် မြေကြီးမှဖြစ်လာသော ထိုသူသည် အကြမ်းဖက်မှုကို နောက်တစ်ဖန်ကျူးလွန် တော့မည်မဟုတ်ပေ။
Chapter 11
Psal BurCBCM 11:1  ငါသည် ထာ၀ရဘုရားသခင်၌ ခိုလှုံအားကိုးပါ၏။ ငှက်ကဲ့သို့ တောင်တန်းများဆီသို့ ပျံပြေးပါလော့ဟု သင်တို့သည် ငါ့အား မည်သို့ဆိုနိုင်သနည်း။-
Psal BurCBCM 11:2  ဆိုးယုတ်သောသူတို့သည် မှောင်ရိပ်ခိုပြီး သူတော်ကောင်းတို့ကို ပစ်ခတ်ရန် လေးကိုတင်၍ မြားကိုချိန်ရွယ်လျက် နေကြလေပြီ။-
Psal BurCBCM 11:3  မှီခိုအားထားရာ အခြေအမြစ်တို့သည် ပြိုပျက်သောအခါ သူတော်ကောင်းတစ်ဦးသည် မည်သို့ တတ်နိုင်ပါမည်နည်း။
Psal BurCBCM 11:4  ထာ၀ရဘုရားသခင်သည် မိမိ၏သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်တွင် စံပယ်တော်မူ၏။ ထာ၀ရဘုရားသခင်၏ ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် လူသားမျိုးနွယ်တို့ကို ကြည့်ရှု၍ မျက်စိတော်ဖြင့် ၎င်းတို့ကို စစ်ဆေး သိမြင်တော်မူ၏။-
Psal BurCBCM 11:5  ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူတို့ကို စစ်ဆေးသိမြင်တော်မူ၏။ ကိုယ်တော်၏ ဝိညာဉ်သည် အကြမ်းဖက်ခြင်းကို ခုံမင်သောသူအား မုန်းတီးတော်မူ၏။-
Psal BurCBCM 11:6  ကိုယ်တော်သည် ဆိုးယုတ်သောသူတို့အပေါ်သို့ မီးကျီးခဲနှင့် ကန့်ငရဲမီးကို ရွာသွန်းစေတော်မူ၏။ ပူလောင်သော လေပြင်းသည် သူတို့၏ဝေစုဖြစ်၏။-
Psal BurCBCM 11:7  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်၍ တရားမျှတမှုကို မြတ်နိုးတော်မူ၏။ ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏ ရွှေမျက်နှာတော်ကို ဖူးမြင်ကြရလိမ့်မည်။
Chapter 12
Psal BurCBCM 12:1  အိုထာ၀ရဘုရားသခင်၊ ကူညီတော်မူပါ။ ဘုရားတရားရှိသူဟူ၍ တစ်ယောက်မျှ မကျန်တော့ပါ။ အကြောင်းမူကား သစ္စာရှိသော သူတို့သည် လူသားတို့အလယ်မှ ပျောက်ကွယ်သွားကြကုန်လေပြီ။-
Psal BurCBCM 12:2  လူတိုင်းသည် မိမိနှင့်နီးစပ်သောသူအပေါ် မုသားသုံး၍ မြှောက်ပင့်ပြောဆိုတတ်သောနှုတ်ဖြင့် မရိုးမသား လှည့်စားပြောဆို ကြပါ၏။
Psal BurCBCM 12:3  ထာ၀ရဘုရားသခင်သည် မြှောက်ပင့်ပြောဆိုသောနှုတ်များနှင့် အလွန်ဝါကြွားပြောဆိုသော လျှာများကို ဖြတ်တောက်ပစ် တော်မူပါစေ။-
Psal BurCBCM 12:4  သူတို့က ငါတို့၏နှုတ်လျှာဖြင့် ငါတို့သည် အနိုင်ရလိမ့်မည်။ ငါတို့၏နှုတ်များကို ငါတို့ပိုင်ဆိုင်သည်ဖြစ်၍ မည်သူသည် ငါတို့၏ဆရာဖြစ် သနည်းဟု ပြောဆိုကြပါ၏။
Psal BurCBCM 12:5  ဆင်းရဲသားတို့သည် ဖိနှိပ်အနိုင်ကျင့်ခံရပြီး ချို့တဲ့သူတို့သည် ညည်းတွားကြသောကြောင့် ယခုပင် ငါကြွလာတော်မူမည်၊ လုံခြုံရာအရပ်ကို လိုလားတမ်းတသောသူတို့အား ထိုအရပ်ကို ငါပေးမည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏။-
Psal BurCBCM 12:6  ထာ၀ရဘုရားသခင်၏ ကတိတော်များသည် ဖြူစင်သန့်ရှင်းသော ကတိတော်များဖြစ်ပြီး မီးဖို၌ ခုနစ်ကြိမ်သန့်စင်ထားသော ငွေစင်ကဲ့သို့ဖြစ်ပါ၏။
Psal BurCBCM 12:7  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ဤလူမျိုးဆက်မှ အစဉ်ကာကွယ်၍ စောင့်ရှောက်တော်မူပါ။-
Psal BurCBCM 12:8  မကောင်းမှုသည် လူအပေါင်းတို့အလယ်တွင် ချီးမြှောက်ခြင်း ခံရပါသောကြောင့် ဆိုးယုတ်သော သူတို့သည် အရပ်ရပ်သို့ လှည့်လည်သွားလာလျက်ရှိကြပါ၏။
Chapter 13
Psal BurCBCM 13:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်မျှကြာအောင် မေ့လျော့ထားတော်မူပါမည်နည်း။ ထာ၀ရ အဆက်ဆက်လော။ ကိုယ်တော်သည် မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် ဝှက်ကွယ်ထားတော်မူပါမည်နည်း။-
Psal BurCBCM 13:2  အကျွန်ုပ်၏ ဝိညာဉ်၌ ဝေဒနာကို မည်မျှကြာအောင် ခံစားရပါမည်နည်း။ အကျွန်ုပ်၏စိတ်နှလုံးတွင် တစ်နေ့လုံး ခံစားရသော ဝမ်းနည်းပူဆွေးခြင်းကို မည်မျှကြာအောင် ခံစားရပါမည်နည်း။ အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အပေါ် မည်မျှကြာအောင် အနိုင်ယူပါမည်နည်း။
Psal BurCBCM 13:3  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကြည့်ရှု၍ ဖြေကြားတော်မူပါ။ အကျွန်ုပ်သည် သေခြင်း၌ အိပ်ပျော်မသွားစေရန် အကျွန်ုပ်၏ မျက်စိတို့ကို အလင်းပေးတော်မူပါ။-
Psal BurCBCM 13:4  အကျွန်ုပ်၏ ရန်သူကလည်း ငါသည် သူ့ကိုအနိုင်ရပြီဟု ဆိုလိမ့်မည်။ အကျွန်ုပ်သည် တုန်လှုပ်ချောက်ချားသောအခါ အကျွန်ုပ်၏ ရန်သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြပါလိမ့်မည်။
Psal BurCBCM 13:5  သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏ ခိုင်မြဲသောချစ်ခြင်းမေတ္တာတော်၌ အားထားပါ၏။ အကျွန်ုပ်၏နှလုံးသည် ကိုယ်တော်၏ ကယ်တင်တော်မူခြင်း၌ ရွှင်လန်းဝမ်းမြောက်ပါမည်။-
Psal BurCBCM 13:6  ထာ၀ရဘုရားသခင်သည် ငါ့အပေါ် အလွန်ပင်ကောင်းမြတ်တော်မူသောကြောင့် ငါသည် ကိုယ်တော့်ထံတော်သို့ သီဆိုကျူးအေးပါမည်။
Chapter 14
Psal BurCBCM 14:1  ရူးမိုက်သောသူက ဘုရားမရှိဟု မိမိ၏စိတ်ထဲ၌ ပြောဆို၏။ သူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသော အမှုတို့ကို ပြုကြလေပြီ။ ကောင်းသောအရာကို ပြုကျင့်သူတစ်ယောက်မျှမရှိချေ။
Psal BurCBCM 14:2  ထာ၀ရဘုရားသခင်သည် သတိပညာရှိစွာ ပြုမူသူများနှင့် မိမိအား ရှာဖွေသူများရှိ၊ မရှိကို သိမြင်ရန်အတွက် ကောင်းကင်မှငုံ့၍ လူသားတို့ကို ကြည့်တော်မူ၏။
Psal BurCBCM 14:3  သို့သော် လူအားလုံးတို့သည် လမ်းလွဲကြလေပြီ။ သူတို့အားလုံးသည် အတူတကွ ပျက်စီးနေကြ၏။ သူတို့တွင် ကောင်းမှုပြုသူ မရှိပေ။ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
Psal BurCBCM 14:4  မကောင်းမှုပြုသော ထိုသူအပေါင်းတို့သည် အသိပညာ မရှိကြသလော။ သူတို့သည် ငါ၏လူမျိုးတော်ကို ပေါင်မုန့်စားသကဲ့သို့ ဝါးမျိုကြ၍ ထာ၀ရဘုရားသခင်ထံတော်သို့လည်း ဆုတောင်းပတ္ထနာမပြုကြ။
Psal BurCBCM 14:5  သူတို့သည် ကြောက်ရွံ့စိတ်၏ လွှမ်းမိုးမှုကို ခံကြရ၏။ အကြောင်းမူကား ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဆက်နှင့်အတူ ရှိတော်မူသောကြောင့်ပင်ဖြစ်၏။-
Psal BurCBCM 14:6  မကောင်းမှုကို ပြုသောသင်တို့သည် ဆင်းရဲသူ၏ အစီအစဉ်များကို ပျက်ပြားစေသော်လည်း ထာ၀ရဘုရားသခင်သည် သူ၏ခိုလှုံရာဖြစ်တော်မူ၏။
Psal BurCBCM 14:7  အစ္စရာအဲလ်လူမျိုး၏ လွတ်မြောက်ခြင်းသည် ဇီအွန်တောင်ပေါ်မှ ထွက်ပေါ်လာလျှင် ကောင်းပေစွ။ ထာ၀ရဘုရား သခင်သည် မိမိ၏လူမျိုးတော်အား တစ်ဖန်ပြန်၍ စည်ပင်၀ပြောစေသောအခါ ယာကုပ်သည် ရွှင်လန်းဝမ်းမြောက်၍ အစ္စရာအဲလ်သည် ပျော်ရွှင်ချမ်းမြေ့လိမ့်မည်။
Chapter 15
Psal BurCBCM 15:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏သန့်ရှင်းရာဌာနတွင် မည်သူတည်းခိုမည်နည်း။ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော တောင်တော်ပေါ်တွင် မည်သူနေထိုင်မည်နည်း။
Psal BurCBCM 15:2  အပြစ်တင်ခွင့်ကင်းစွာ လျှောက်လှမ်းသောသူ၊ ဖြောင့်မှန်ရာကိုပြုကျင့်သောသူ၊ မိမိ၏နှလုံးသားမှ အမှန်တရားကို ပြောဆိုသောသူ၊-
Psal BurCBCM 15:3  မိမိ၏နှုတ်ဖြင့် သူတစ်ပါး၏ အသရေကို မဖျက်တတ်သောသူ၊ မိမိ၏မိတ်ဆွေတို့အား မပြစ်မှားသောသူ၊ မိမိနှင့်နီးစပ်သူအား ကဲ့ရဲ့ရှုတ်ချခြင်းမပြုသောသူ၊-
Psal BurCBCM 15:4  ဆိုးယုတ်သောသူကို မိမိ၏မျက်စိထဲတွင် ယုတ်မာသောသူဟုမြင်လျက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့ကိုမူ ဂုဏ်ပြုချီးမြှောက်သောသူ၊ မိမိ၏အကျိုးထိခိုက်နစ်နာသည်အထိ ကတိတည်ကြည်သောသူ၊ အတိုးမယူဘဲ မိမိ၏ငွေကို ချေးငှါးသောသူ၊-
Psal BurCBCM 15:5  အပြစ်မဲ့သူကို ဆန့်ကျင်ဘက်ပြု၍ သက်သေခံရန် တံစိုးလက်ဆောင်ကို လက်မခံသောသူသည် ထိုအရပ်တွင် နေထိုင်ရလိမ့်မည်။ ဤအရာများကို ပြုကျင့်သောသူသည် မည်သည့်အခါမျှ တုန်လှုပ်ချောက်ချားရလိမ့်မည်မဟုတ်။
Chapter 16
Psal BurCBCM 16:1  အိုဘုရားသခင်၊ အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၌ အကျွန်ုပ် ခိုလှုံအားထားပါ၏၊-
Psal BurCBCM 16:2  ကိုယ်တော်သည် အကျွန်ုပ်၏ထာ၀ရဘုရားသခင် ဖြစ်တော်မူပါ၏၊ အကျွန်ုပ်ခံစားရသော ကောင်းကျိုးချမ်းသာဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသော အရာများသာဖြစ်ပါ၏ဟူ၍ ငါသည် ထာ၀ရဘုရားသခင်အား လျှောက်ထား၏။
Psal BurCBCM 16:3  ကမ္ဘာပေါ်ရှိ သူတော်သူမြတ်တို့သည် အလွန်မြင့်မြတ်ကြ၏။ သူတို့ကို ငါအလွန်နှစ်သက်မြတ်နိုး၏။
Psal BurCBCM 16:4  အခြားသောဘုရားကို ရွေးချယ်သောသူတို့သည် မိမိတို့၏ပူပင်သောကကို တိုးပွားစေကြ၏။ လူတို့သွန်းလောင်းသော အသွေးပူဇော်သကာကို ငါမဆက်ကပ်လို။ သူတို့၏ အမည်နာမများကိုလည်း ငါ၏နှုတ်ဖျားဖြင့် ရွတ်ဆိုခြင်းမပြုလို။
Psal BurCBCM 16:5  ထာ၀ရဘုရားသခင်သည် ငါ၏အမွေတော်နှင့် ငါ၏ခွက်ဖလားဖြစ်တော်မူ၏။-
Psal BurCBCM 16:6  ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင် ကျရောက်လေပြီ။ ငါခံရသောအမွေသည် ကောင်းမြတ်လှပေ၏။
Psal BurCBCM 16:7  ငါ့ကို အကြံပေးတော်မူသော ထာ၀ရဘုရားသခင်ကို ငါကောင်းချီးပေးပါ၏။ ညဉ့်အခါ၌လည်း ငါ၏နှလုံးသားသည် ငါ့ကို လမ်းညွန်လျက်ရှိ၏။-
Psal BurCBCM 16:8  ငါသည် ထာ၀ရဘုရားသခင်ကို အမြဲမပြတ်မျက်မှောက်ပြုပါ၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်တွင် ရှိတော်မူသော ကြောင့် ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
Psal BurCBCM 16:9  ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ဝမ်းမြောက်၍ ငါ၏ဝိညာဉ်သည် ရွှင်လန်းအားရခြင်းရှိ၏။ ငါ၏ခန္ဓာကိုယ်သည်လည်း လုံခြုံမှုကို ခံစားရ၏။-
Psal BurCBCM 16:10  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်၏ သန့်ရှင်းသောသူကိုလည်း ပုပ်စပ်ပျက်စီးခြင်းသို့ ရောက်စေတော်မူလိမ့်မည်မဟုတ်။
Psal BurCBCM 16:11  ကိုယ်တော်သည် အကျွန်ုပ်အား အသက်၏လမ်းကို ညွန်ပြတော်မူလိမ့်မည်။ ကိုယ်တော်၏ အထံတော်၌ ဝမ်းမြောက် ရွှင်လန်းခြင်းနှင့် ပြည့်နှက်လျက်ရှိ၏။ ကိုယ်တော်၏လက်ယာတော်ဘက်၌ အစဉ်ထာ၀ရတည်သော စည်းစိမ်ချမ်းသာရှိပါ၏။
Chapter 17
Psal BurCBCM 17:1  အိုထာ၀ရဘုရားသခင်၊ တရားသောဘက်မှရပ်တည်၍ အကျွန်ုပ်၏အော်ဟစ်သံကို နားညောင်းတော်မူပါ။ လှည့်စားခြင်းနှင့် ကင်းသော အကျွန်ုပ်၏နှုတ်မှ ဆုတောင်းပတ္ထနာကို ကြားနာတော်မူပါ။-
Psal BurCBCM 17:2  အကျွန်ုပ်အတွက် တရားစီရင်ချက်သည် ကိုယ်တော့်ထံမှ လာပါစေသော်။ ဖြောင့်မှန်ရာကို ကိုယ်တော်တိုင်မျက်စိဖြင့် ကြည့်တော်မူပါ။
Psal BurCBCM 17:3  ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို စစ်ဆေးခြင်းသော်လည်းကောင်း၊ ညအချိန်၌ အကျွန်ုပ်ထံသို့ အကြည့်အရှု ကြွလာခြင်းသော်လည်းကောင်း၊ အကျွန်ုပ်အား စမ်းသပ်ခြင်းသော်လည်းကောင်း ပြုလုပ်ပါလျှင် အကျွန်ုပ်၌ မည်သည့် မကောင်းမှုကိုမျှ တွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် ပြစ်မှုကျူးလွန်ခြင်းမရှိပါ။-
Psal BurCBCM 17:4  လူတို့ပြုမူတတ်သော အမှုများနှင့် စပ်လျဉ်း၍ဆိုရလျှင် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အကြမ်းဖက်သူတို့၏ နည်းလမ်းများကို အကျွန်ုပ်ရှောင်ရှားခဲ့လေပြီ။-
Psal BurCBCM 17:5  အကျွန်ုပ်၏ ခြေလှမ်းများသည် ကိုယ်တော်၏ လမ်းစဉ်အတိုင်း မြဲမြံစွာ လျှောက်လှမ်းပါ၏။ အကျွန်ုပ်သည် ခြေမချော်ခဲ့ပါ။
Psal BurCBCM 17:6  အိုဘုရားသခင်၊ ကိုယ်တော်နားညောင်းတော်မူမည်ဖြစ်သောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ကို ခေါ်တပါ၏။ ကိုယ်တော်၏ ရွှေနားတော်ကို စွင့်တော်မူ၍ အကျွန်ုပ်၏စကားများကို နားညောင်းတော်မူပါ။-
Psal BurCBCM 17:7  ကိုယ်တော်၏ လက်ယာလက်တော်၌ ခိုလှုံအားကိုးသောသူတို့အား သူတို့၏ရန်သူများလက်မှ ကယ်တင်တော်မူသောအရှင်၊ ကိုယ်တော်၏ခိုင်မြဲသော သနားကရုဏာတော်ကို အံ့ဖွယ်ကောင်းလောက်အောင် ပြတော်မူပါ။
Psal BurCBCM 17:8  အကျွန်ုပ်အား ဝန်းရံ၍ လုယူသတ်ဖြတ်လိုသော သူယုတ်မာတို့၏ ရှေ့မျက်မှောက်တွင် အကျွန်ုပ်ကို ကိုယ်တော်၏ မျက်ဆံတော်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်များအရိပ်အောက်တွင် အကျွန်ုပ်ကို ဝှက်ကွယ်ထား တော်မူပါ။-
Psal BurCBCM 17:9  အကျွန်ုပ်အား ဖိနှိပ်သောသူတို့၏ လက်မှလည်းကောင်း၊ အကျွန်ုပ်ကို ဝိုင်းရံထားကြသည့် အကျွန်ုပ်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရန်သူတို့၏လက်မှလည်းကောင်း အကျွန်ုပ်ကို ကယ်တော်မူပါ။
Psal BurCBCM 17:10  သူတို့၏စိတ်နှလုံးသည် သနားကြင်နာခြင်းကင်းမဲ့လျက် သူတို့၏နှုတ်သည် မောက်မာစွာ ပြောဆိုကြပါ၏။-
Psal BurCBCM 17:11  သူတို့သည် အကျွန်ုပ်ကို နောက်ယောင်ခံလိုက်လာကြပြီး ယခုအကျွန်ုပ်ကို ဝန်းရံထားကြပါပြီ။ သူတို့သည် အကျွန်ုပ်ကို မြေပေါ်သို့အလဲထိုးနိုင်ရန် အခွင့်ကောင်းကို စောင့်နေကြပါ၏။-
Psal BurCBCM 17:12  သူတို့သည် သားကောင်ကို ကိုက်ဖြတ်လိုသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ချောင်းမြောင်း စောင့်ဆိုင်းနေသော ခြင်္သေ့ပျို ကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။
Psal BurCBCM 17:13  အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ သူတို့ကို ရင်ဆိုင်၍ တွန်းလှန်နှိမ်နင်းတော်မူပါ။ ကိုယ်တော်၏ ဓားဖြင့် အကျွန်ုပ်၏အသက်ကို သူယုတ်မာတို့၏လက်မှ ကယ်တင်တော်မူပါ။-
Psal BurCBCM 17:14  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ဤလောက၏ အမွေကိုသာ ခံစားကြသော ထိုသူတို့၏လက်မှ ကိုယ်တော်၏ လက်တော်ဖြင့် ကယ်တော်မူပါ။ သူတို့အတွက် ကိုယ်တော်စုဆောင်း ပေးသနားတော်မူသော ကောင်းမြတ်သည့် လောကီအရာ များဖြင့် သူတို့၏ဝမ်းကို ပြည့်၀စေတော်မူပါ။ သူတို့၏ သားသမီးတို့သည်လည်း လိုအပ်သည်ထက် ပိုလျှံစွာ ပြည့်စုံကြွယ်၀ ကြလျက် မိမိတို့၏ ရင်သွေးငယ်များအတွက်လည်း ချန်ထားနိုင်ကြပါစေ။
Psal BurCBCM 17:15  အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်း၌ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို ဖူးမြင်ရပါစေ။ အကျွန်ုပ်သည် အိပ်ရာမှနိုးထ သောအခါ ကိုယ်တော်၏ ရွှေပုံသဏ္ဌာန်တော်ကို ဖူးမြင်ရသောကြောင့် အကျွန်ုပ်၏အလိုဆန္ဒ ပြည့်၀ရပါလိမ့်မည်။
Chapter 18
Psal BurCBCM 18:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ခွန်အားဖြစ်တော်မူသော ကိုယ်တော့်ကို အကျွန်ုပ်ချစ်မြတ်နိုးပါ၏။-
Psal BurCBCM 18:2  ကိုယ်တော်သည် အကျွန်ုပ်ကို ကာကွယ်တော်မူသော ကျောက်ဆောင်၊ အကျွန်ုပ်၏ ခိုင်ခံ့သောခံတပ်နှင့် အကျွန်ုပ်၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ကျောက်ဆောင် ဖြစ်တော်မူသော ကိုယ်တော့်ကို အကျွန်ုပ်ခိုလှုံအားကိုးပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဒိုင်းလွှား၊ အကျွန်ုပ်၏ကယ်တင် ခြင်းဦးချိုနှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်တော်မူပါ၏။-
Psal BurCBCM 18:3  ချီးမွမ်းခြင်းကို ခံထိုက်သော ထာ၀ရဘုရားသခင်ကို အကျွန်ုပ် ခေါ်တသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ရန်သူတို့၏ လက်မှ ကယ်တင်တော်မူ၏။
Psal BurCBCM 18:4  သေခြင်း၏ နှောင်ကြိုးတို့သည် ငါ့ကိုဝိုင်းရံထား၍ ပျက်စီးခြင်း၏ ရေလှိုင်းလုံးများသည် ငါ့ကိုဖုံးလွှမ်းကြ၏။-
Psal BurCBCM 18:5  မရဏနိုင်ငံ၏ နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်ကြ၍ သေခြင်း၏ ကျော့ကွင်းတို့ကိုလည်း ငါ့ရှေ့၌ ချထားကြ၏။
Psal BurCBCM 18:6  ငါသည် ဒုက္ခဆင်းရဲရောက်သောအချိန်၌ ထာ၀ရဘုရားသခင်ကိုခေါ်တပါ၏။ ငါ့ကိုကူညီတော်မူပါရန် ငါ၏ဘုရားသခင်ထံ ငါအော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှကြားတော်မူ၍ ငါ၏အော်ဟစ်သံသည် ကိုယ်တော်၏ ရွှေနားတော်သို့ ရောက်လေ၏။
Psal BurCBCM 18:7  ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် ကမ္ဘာမြေကြီးသည် တုန်ခါ၍ တောင်တန်းများ၏ အခြေအမြစ် တို့သည် လှုပ်ယမ်းလေ၏။-
Psal BurCBCM 18:8  ကိုယ်တော်၏ နှာခေါင်းတော်မှ မီးခိုးများထွက်၍ နှုတ်တော်မှလည်း မီးတောက်များ ထွက်လာပြီးလျှင် တောက်လောင် နေသော မီးကျီးခဲများသည် ကိုယ်တော့်ထံမှထွက်လာလေ၏။-
Psal BurCBCM 18:9  ကိုယ်တော်သည် ကောင်းကင်ကို ညွတ်စေ၍ ဆင်းကြွလာတော်မူ၏။ ထူထပ်သော အမှောင်ထုသည် ကိုယ်တော်၏ ခြေဖဝါးအောက်တွင်ရှိ၏။-
Psal BurCBCM 18:10  ကိုယ်တော်သည် ခေရုဘိမ်ကိုစီး၍ ပျံသန်းလျက် လေ၏တောင်ပံများပေါ်မှ လျင်မြန်စွာကြွလာတော်မူ၏။-
Psal BurCBCM 18:11  ကိုယ်တော်သည် မိမိကိုယ်ကို အမှောင်ထုဖြင့် ဖုံးလွှမ်းစေတော်မူ၏။ ရေဖြင့်ပြည့်သော ထူထပ်သည့်မိုးတိမ်သည် ကိုယ်တော့်ကို ကာရံလျက်ရှိ၏။-
Psal BurCBCM 18:12  ကိုယ်တော်၏ရှေ့မှောက်ရှိ အလင်းထွန်းတောက်သောနေရာမှ မိုးသီးများနှင့် မီးကျီးခဲများသည် မိုးတိမ်များအကြားမှ ထိုးဖောက်ထွက်ပေါ်လာကြ၏။-
Psal BurCBCM 18:13  ထာ၀ရဘုရားသခင်သည်လည်း ကောင်းကင်၌ မိုးထစ်ချုန်းစေတော်မူ၍ အမြင့်ဆုံးသော အရှင်၏အသံတော်သည် ထွက်ပေါ်လာလေ၏။-
Psal BurCBCM 18:14  ကိုယ်တော်သည် မိမိ၏မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးရောင်ဝင်းလက်ခြင်းအားဖြင့် ကိုယ်တော်သည် သူတို့ကို အရေးနိမ့်စေတော်မူ၏။-
Psal BurCBCM 18:15  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမသံနှင့် နှာခေါင်းတော်မှ ပြင်းစွာရှူထုတ်သော လေတို့ကြောင့် ပင်လယ်ကြမ်းပြင်နှင့် ကမ္ဘာမြေကြီး၏ အောက်ခြေတို့သည် ပွင့်ဟထွက်ပေါ်လာကြပါ၏။
Psal BurCBCM 18:16  ကိုယ်တော်သည် အထက်အရပ်မှ လက်တော်ကို ဆန့်တန်းပြီး ငါ့ကိုဆုပ်ကိုင်လျက် ငါ့အား နက်ရှိုင်းသော ရေများထဲမှ ဆွဲတင်တော်မူ၏။-
Psal BurCBCM 18:17  ကိုယ်တော်သည် ငါ့ကို ခွန်အားကြီးမားသော ရန်သူ၏လက်မှလည်းကောင်း၊ မုန်းတီးသောသူတို့၏ လက်မှလည်းကောင်း ကယ်တင်တော်မူ၏။ အကြောင်းမူကား သူတို့သည် ငါ့အတွက် အလွန်အင်အားကြီးမားလှသောကြောင့်တည်း။-
Psal BurCBCM 18:18  သူတို့သည် ငါဒုက္ခရောက်ချိန်တွင် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့ရာတွင် ထာ၀ရဘုရားသခင်သည် ငါနှင့်အတူရှိတော်မူ၏။-
Psal BurCBCM 18:19  ကိုယ်တော်သည် ငါ့ကို ကျယ်ဝန်းသောအရပ်သို့ ခေါ်ထုတ်တော်မူ၏။ ကိုယ်တော်သည် ငါ့ကိုနှစ်သက်သောကြောင့် ကယ်တင်တော်မူခဲ့၏။
Psal BurCBCM 18:20  ထာ၀ရဘုရားသခင်သည် ငါ၏ဖြောင့်မတ်ခြင်းနှင့်အညီ ငါ့ကိုဆုချီးမြှင့်တော်မူ၏။ ကိုယ်တော်သည် ငါ့လက်များ၏ အပြစ်ကင်းစင်မှုနှင့်အညီ ငါ့ကို ချီးမြှင့်တော်မူ၏။-
Psal BurCBCM 18:21  အကြောင်းမူကား ငါသည် ထာ၀ရဘုရားသခင်၏ လမ်းစဉ်တို့ကို စောင့်ထိန်း၍ ငါ၏ဘုရားသခင်အထံတော်မှ ဆိုးသွမ်းစွာ ထွက်ခွာမသွားခဲ့ပေ။-
Psal BurCBCM 18:22  အကြောင်းမူကား ကိုယ်တော်၏ ပြဋ္ဌာန်းချက်များသည် ငါ၏ရှေ့မှောက်တွင်ရှိပြီး ငါသည် ကိုယ်တော်၏ တရားဥပဒေ များကိုလည်း မပစ်ပယ်ခဲ့ပေ။-
Psal BurCBCM 18:23  ငါသည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် အပြစ်တင်ခွင့်ကင်းခဲ့ပြီး မိမိကိုယ်ကိုလည်း အပြစ်မကျူးလွန်မိစေရန် စောင့်ထိန်းခဲ့၏။-
Psal BurCBCM 18:24  ထာ၀ရဘုရားသခင်သည် ငါ၏ဖြောင့်မတ်ခြင်းနှင့်အညီ ငါ့ကိုပြန်လည် ပေးသနားတော်မူ၏။ ကိုယ်တော်သည် ရှေ့တော်မှောက်၌ ငါ့လက်များ၏ အပြစ်ကင်းစင်မှုနှင့်အညီ ငါ့ကို ပြန်လည် ပေးသနားတော်မူ၏။
Psal BurCBCM 18:25  သစ္စာရှိသူတို့အပေါ် ကိုယ်တော်သည် မိမိကိုယ်တိုင် သစ္စာရှိကြောင်းကို ပြသ၍ အပြစ်တင်ခွင့် ကင်းသူတို့အပေါ်၌လည်း မိမိကိုယ်တော်တိုင် အပြစ်တင်ခွင့်ကင်းကြောင်းကို ပြတော်မူ၏။-
Psal BurCBCM 18:26  စိတ်နှလုံးဖြူစင်သူတို့အပေါ် ကိုယ်တော်သည် မိမိကိုယ်တိုင် စိတ်နှလုံးဖြူစင်ကြောင်း ပြတော်မူ၍ ကောက်ကျစ်သူတို့ အပေါ်၌မူကား မိမိကိုယ်တော်တိုင် ပါးနပ်ကြောင်းကိုပြတော်မူ၏။-
Psal BurCBCM 18:27  အကြောင်းမူကား ကိုယ်တော်သည် နှိမ့်ချသောလူမျိုးစုကို ကယ်ဆယ်၍ မာနထောင်လွှားသော မျက်စိများကို နိမ့်ကျစေတော်မူ၏။-
Psal BurCBCM 18:28  ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းညှိတော်မူ၏။ အကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်သည် အကျွန်ုပ်၏ အမိုက်မှောင်ကို လင်းစေတော်မူပြီ။-
Psal BurCBCM 18:29  ကိုယ်တော်အားဖြင့် အကျွန်ုပ်သည် စစ်တပ်တစ်တပ်ကို ချေမှုန်းနိုင်ပါ၏။ အကျွန်ုပ်၏ ဘုရားသခင်အားဖြင့် အကျွန်ုပ်သည် တံတိုင်းကို ကျော်လွှားနိုင်ပါ၏။-
Psal BurCBCM 18:30  ဤဘုရား၏လမ်းစဉ်သည် ပြည့်စုံကောင်းမွန်ပေ၏။ ထာ၀ရဘုရားသခင်၏ ကတိတော်သည် မှန်ကန်ကြောင်း သက်သေခံ လေ၏။ ကိုယ်တော်သည် မိမိအထံတော်၌ ခိုလှုံသော သူအပေါင်းတို့အတွက် ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
Psal BurCBCM 18:31  အကြောင်းမူကား ထာ၀ရဘုရားသခင်မှတစ်ပါး မည်သူသည် ဘုရားဖြစ်တော်မူသနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး အဘယ်သူသည် ကျောက်ဆောင်ဖြစ်သနည်း။-
Psal BurCBCM 18:32  ထိုဘုရားသခင်သည် ငါ့ကိုခွန်အားဖြင့် သန်စွမ်းစေသောဘုရား၊ ငါလျှောက်ရာလမ်းကို ဘေးကင်းလုံခြုံစေသော ဘုရားပင်ဖြစ်တော်မူ၏။-
Psal BurCBCM 18:33  ကိုယ်တော်သည် ငါ၏ခြေများကို သမင်၏ခြေကဲ့သို့ ဖြစ်စေ၍ မြင့်သောအရပ်များ၌ ငါ့ကို ဘေးအန္တရာယ်ကင်းစွာ တည်ရှိစေတော်မူ၏။-
Psal BurCBCM 18:34  ငါ၏လက်ရုံးများသည် ကြေးဝါဖြင့်ပြုလုပ်ထားသော လေးကို ကိုင်းညွတ်နိုင်စေရန် ငါ၏လက်များကို စစ်ပွဲအတွက် လေ့ကျင့်ပေးတော်မူ၏။-
Psal BurCBCM 18:35  ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အား ပေးတော်မူခဲ့၏။ ကိုယ်တော်၏ ညာလက်ရုံးတော်သည် အကျွန်ုပ်ကို ပံ့ပိုးတော်မူခဲ့ပြီ။ ကိုယ်တော်၏ ကူညီစောင်မတော်မူခြင်းသည် အကျွန်ုပ်ကို ကြီးမြတ်စေတော်မူပြီ။-
Psal BurCBCM 18:36  ကိုယ်တော်သည် အကျွန်ုပ်၏ ခြေလှမ်းများအတွက် ကျယ်ပြန့်သောနေရာကို ပေးတော်မူခဲ့သောကြောင့် အကျွန်ုပ်၏ခြေတို့ သည်လည်း လမ်းမချော်ခဲ့ပါ။-
Psal BurCBCM 18:37  အကျွန်ုပ်သည် ရန်သူများနောက်သို့ အမီလိုက်နိုင်ခဲ့ပါ၏။ သူတို့ကို ချေမှုန်းပြီးသည့်တိုင်အောင် နောက်သို့မလှည့်ခဲ့ပါ။-
Psal BurCBCM 18:38  အကျွန်ုပ်သည် ရန်သူများကို မထနိုင်အောင် ထိုးနှက်လှဲချလိုက်ပါ၏။ သူတို့သည် အကျွန်ုပ်၏ ခြေဖဝါးအောက်တွင် လဲကျကြပါ၏။-
Psal BurCBCM 18:39  ကိုယ်တော်သည် အကျွန်ုပ်ကို စစ်တိုက်ရန်အတွက် ခွန်အားဖြင့် သန်စွမ်းစေတော်မူ၏။ အကျွန်ုပ်၏ ပြိုင်ဘက်များကို အကျွန်ုပ်၏ ခြေရင်းတွင် ပျပ်ဝပ်စေတော်မူ၏။-
Psal BurCBCM 18:40  ကိုယ်တော်သည် အကျွန်ုပ်၏ရန်သူများကို အကျွန်ုပ်အား ကျောခိုင်းစေတော်မူ၏။ အကျွန်ုပ်ကို မုန်းတီးသော သူတို့ကိုလည်း အကျွန်ုပ်ချေမှုန်းပါ၏။-
Psal BurCBCM 18:41  သူတို့သည် အော်ဟစ်အကူအညီ တောင်းကြသော်လည်း သူတို့ကို ကယ်တင်မည့်သူမရှိပါ။ သူတို့သည် ထာ၀ရဘုရားသခင်ထံတော်သို့ အော်ဟစ်ကြသော်လည်း ကိုယ်တော်သည် သူတို့ကို ထူးတော်မမူပါ။-
Psal BurCBCM 18:42  အကျွန်ုပ်သည် ရန်သူများအား လေတိုက်၍ လွင့်ပါသွားသော မြေမှုန့်များကဲ့သို့ ချေမှုန်းပါ၏။ လမ်းပေါ်မှ ရွှံ့သဖွယ် သူတို့အား အကျွန်ုပ်နင်းချေပါ၏။
Psal BurCBCM 18:43  ကိုယ်တော်သည် အကျွန်ုပ်ကို လူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းမှ ကယ်ဆယ်တော်မူပြီ။ ကိုယ်တော်သည် အကျွန်ုပ်အား လူမျိုးတကာတို့ကို ဦးဆောင်သူ ဖြစ်စေတော်မူပြီ။ အကျွန်ုပ်မသိခဲ့ဖူးသူများသည် အကျွန်ုပ်ကို အစေခံကြပါ၏။-
Psal BurCBCM 18:44  သူတို့သည် အကျွန်ုပ်၏အကြောင်းကို ကြားသည်နှင့်တစ်ပြိုင်နက် အကျွန်ုပ်ကို နာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ထံတွင် ခယညွတ်တွားကြပါ၏။-
Psal BurCBCM 18:45  တိုင်းတစ်ပါးသားတို့သည် စိတ်လျှော့ကြကာ မိမိတို့၏ခံတပ်များထဲမှ ထိတ်လန့်တုန်လှုပ်စွာ ထွက်လာကြပါ၏။
Psal BurCBCM 18:46  ထာ၀ရဘုရားသခင်သည် အသက်ရှင်တော်မူ၏။ အကျွန်ုပ်၏ ကျောက်ဆောင်တော်အားလည်း ကောင်းချီးမင်္ဂလာရှိပါစေ။ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်သည် ချီးမြှောက်ခြင်းခံရပါစေသော်။-
Psal BurCBCM 18:47  ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတစွာစီရင်၍ လူမျိုးတကာတို့ကို အကျွန်ုပ်၏ လက်အောက်ခံ ဖြစ်စေတော် မူ၏။-
Psal BurCBCM 18:48  ကိုယ်တော်သည် အကျွန်ုပ်ကို ရန်သူတို့၏လက်မှ ကယ်တင်တော်မူ၏။ မှန်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်၏ ရန်သူများအထက်၌ ချီးမြှောက်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အား အကြမ်းဖက်သော သူတို့၏လက်မှ လွတ်မြောက် စေတော်မူ၏။
Psal BurCBCM 18:49  အိုထာ၀ရဘုရားသခင်၊ ဤအတွက် အကျွန်ုပ်သည် ကိုယ်တော့်ကို လူမျိုးတကာတို့အလယ်တွင် ချီးမွမ်းထောမနာပြု၍ ကိုယ်တော်၏ နာမတော်အား သီဆိုချီးမွမ်းပါမည်။-
Psal BurCBCM 18:50  ကိုယ်တော်သည် မိမိခန့်ထားသော ဘုရင်အား ကြီးမားသော အောင်ပွဲများခံစေပြီး မိမိဘိသိက် ပေးထားတော်မူသော ဒါဝိဒ်နှင့် သူ၏သားစဉ်မြေးဆက်တို့အား ခိုင်မြဲသော မေတ္တာတော်ကို အစဉ်အမြဲပြတော်မူ၏။
Chapter 19
Psal BurCBCM 19:1  ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ပြောကြားလျက်ရှိ၏။ မိုးမျက်နှာကြက်သည် ကိုယ်တော်၏ လက်ရာတော်ကို ထုတ်ဖော်ကြေညာလျက်ရှိ၏။-
Psal BurCBCM 19:2  ၎င်းတို့သည် ဤအကြောင်းကို တစ်နေ့ပြီးတစ်နေ့ ပြောဆို၍ တစ်ညပြီးတစ်ည အသိပေးကြေညာကြ၏။-
Psal BurCBCM 19:3  ၎င်းတို့သည် နှုတ်ဖြင့်လည်း မမြွက်ဆို၊ စကားလည်းမပြော၊ သူတို့၏အသံကိုလည်း မကြားရပေ။-
Psal BurCBCM 19:4  သို့ပင်သော်လည်း သူတို့၏အသံသည် ကမ္ဘာမြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလျက် သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏။ ကိုယ်တော်သည် မိုးကောင်းကင်၌ နေအတွက် ဗိမာန်ကို တည်ဆောက်လေ၏။-
Psal BurCBCM 19:5  နေသည် မိမိအိပ်ခန်းမှထွက်လာသော မင်္ဂလာသတို့သားကဲ့သို့လည်းကောင်း၊ မိမိ၏ပြေးလမ်းတွင် ဝမ်းမြောက်ဝမ်းသာ ပြေးသည့် သန်မာသော လူတစ်ဦးကဲ့သို့လည်းကောင်းဖြစ်၏။-
Psal BurCBCM 19:6  ၎င်းသည် မိုးကောင်းကင်တစ်ဖက်စွန်းမှ ထွက်လာ၍ အခြားတစ်ဖက်စွန်းတိုင်အောင် လှည့်သောကြောင့် နေ၏အပူရှိန်မှ တိမ်းရှောင်နိုင်သော အရာတစ်စုံတစ်ခုမျှမရှိ။
Psal BurCBCM 19:7  ထာ၀ရဘုရားသခင်၏ ပညတ်တရားသည် ပြည့်စုံ၍ ဝိညာဉ်အား ခွန်အားသစ်ကို ပေးလေ၏။ ထာ၀ရဘုရားသခင်၏ သွန်သင်ချက်တို့သည် ယုံကြည်စိတ်ချရ၍ အသိပညာမဲ့သူတို့အား ဉာဏ်ပညာကို ပေးလေ၏။-
Psal BurCBCM 19:8  ထာ၀ရဘုရားသခင်၏ ဥပဒေတို့သည် မှန်ကန်ကြ၍ စိတ်နှလုံးအား ဝမ်းမြောက်ရွှင်လန်းစေ၏။ ထာ၀ရဘုရားသခင်၏ ပညတ်တော်သည် စင်ကြယ်၍ မျက်စိတို့ကို အလင်းပေးလေ၏။-
Psal BurCBCM 19:9  ထာ၀ရဘုရားသခင်ကိ ုကြောက်ရွံ့ရိုသေခြင်းသည် သန့်ရှင်း၍အစဉ်အမြဲ တည်လေ၏။ ကိုယ်တော်၏ စီရင်ချက် အလုံးစုံသည် သစ္စာတရားနှင့်ညီ၍ ဖြောင့်မတ်မှန်ကန်ကြ၏။-
Psal BurCBCM 19:10  ၎င်းတို့သည် ရွှေထက်မက အသန့်စင်ဆုံးသော ရွှေထက်ပင် နှစ်လိုဖွယ်ဖြစ်၏။ ၎င်းတို့သည် သာမန်ပျားရည်ထက်မက ပျားလပို့မှ ယိုစီးကျနေသော ပျားရည်ထက်ပင် ပို၍ချိုမြ၏။
Psal BurCBCM 19:11  ထိုမျှမက ၎င်းတို့ကို လိုက်နာခြင်းအားဖြင့် ကြီးစွာသော ဆုလာဘ်ကိုရမည်ဟု ကိုယ်တော်၏ အစေခံသည် သွန်သင်ခြင်း ခံရပါ၏။-
Psal BurCBCM 19:12  သို့ရာတွင် မည်သူသည် မိမိ၏အမှားများကို ခွဲခြားသိမြင်နိုင်မည်နည်း။ ဝှက်ကွယ်နေသော အမှားအယွင်းများမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။-
Psal BurCBCM 19:13  အတင့်ရဲစွာပြုမူသော အပြစ်များမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ၎င်းတို့အား အကျွန်ုပ်အပေါ်တွင် လွှမ်းမိုးစေတော်မမူပါနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်၍ ကြီးမားသော အပြစ်ကျူးလွန်ခြင်းမှ ကင်းစင်သောသူ ဖြစ်လာပါလိမ့်မည်။
Psal BurCBCM 19:14  အကျွန်ုပ်၏ ကျောက်ဆောင်တော်နှင့် အကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်မှ ထွက်သောစကားများနှင့် အကျွန်ုပ်၏စိတ်နှလုံးမှ အကြံအစည်များသည် ကိုယ်တော်၏ မျက်မှောက်တော်၌ လက်ခံဖွယ်ရာ ဖြစ်ပါစေ။
Chapter 20
Psal BurCBCM 20:1  ထာ၀ရဘုရားသခင်သည် သင်ဒုက္ခရောက်ချိန်တွင် သင့်ကိုနားညောင်းတော်မူပါစေ။ ယာကုပ်၏ ဘုရားသခင်နာမတော်သည် သင့်ကို ကာကွယ်စောင့် ရှောက်တော်မူပါစေ။-
Psal BurCBCM 20:2  ကိုယ်တော်သည် သင့်ကို သန့်ရှင်းရာဌာနမှ အကူအညီပေး၍ ဇီအွန်တောင်တော်ပေါ်မှ အထောက်အကူပေးတော်မူပါစေ။-
Psal BurCBCM 20:3  ကိုယ်တော်သည် သင်၏ပူဇော်သကာအားလုံးကို သတိရတော်မူလျက် သင်၏မီးရှို့ပူဇော်ရာယဇ်များကိုလည်း နှစ်သက်စွာ ကြည့်ရှုတော်မူပါစေ။
Psal BurCBCM 20:4  ကိုယ်တော်သည် သင့်စိတ်နှလုံး၏ လိုအင်ဆန္ဒများကို ပေးသနားပြီး သင်၏စီမံကိန်းများကို ဖြည့်ဆည်းပေးတော်မူပါစေ။-
Psal BurCBCM 20:5  ငါတို့သည် သင်၏အောင်မြင်ခြင်းအပေါ် ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်၍ ငါတို့ဘုရားသခင်၏ နာမတော်၌ ငါတို့၏အောင်လံများကို စိုက်ထူနိုင်ကြပါစေ။ ထာ၀ရဘုရားသခင်သည် သင်တောင်းလျှောက်သမျှကို ဖြည့်ဆည်းပေး တော်မူပါစေ။
Psal BurCBCM 20:6  ထာ၀ရဘုရားသခင်သည် မိမိဘိသိက်ပေးထားသောသူကို ကူညီမည်ဖြစ်ကြောင်း ယခုငါသိရလေပြီ။ ကိုယ်တော်သည် မိမိ၏ညာလက်ရုံးတော်ဖြင့် ကြီးမားသောအောင်ပွဲများကို ပေးသနားကာ မိမိ၏သန့်ရှင်းသော ကောင်းကင်မှနေ၍ သူ့ကို နားညောင်းတော်မူလိမ့်မည်။-
Psal BurCBCM 20:7  အချို့သောသူတို့သည် မိမိတို့၏ စစ်ရထားများအတွက် ဂုဏ်ယူကြ၏။ အချို့မှာမူ မိမိတို့၏ မြင်းများအတွက် ဂုဏ်ယူ တတ်ကြ၏။ ငါတို့မူကား ငါတို့၏ အရှင်ထာ၀ရဘုရား သခင်၏နာမတော်အတွက် ဂုဏ်ယူကြ၏။-
Psal BurCBCM 20:8  သူတို့သည် ရုတ်တရက်အားကုန်၍ လဲကျလိမ့်မည်။ ငါတို့မူကား ထ၍ မားမားမတ်မတ်ရပ်တည်ကြလိမ့်မည်။
Psal BurCBCM 20:9  အိုထာ၀ရဘုရားသခင်၊ ဘုရင်မင်းမြတ်အား အောင်ပွဲကိုပေးသနားတော်မူပါ။ အကျွန်ုပ်တို့ တောင်းလျှောက်သော အခါ၌လည်း အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။
Chapter 21
Psal BurCBCM 21:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခွန်အားတော်၌ ဘုရင်မင်းမြတ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။ ကိုယ်တော်၏ စောင်မတော်မူခြင်း၌ သူသည် လွန်စွာအားရရွှင်လန်းလျက်ရှိပါ၏။-
Psal BurCBCM 21:2  ကိုယ်တော်သည် သူ့နှလုံးသား၏ လိုအင်ဆန္ဒများကို ပေးသနားတော်မူပြီ။ သူ့နှုတ်ခမ်းများ၏ တောင်းဆိုချက်များကိုလည်း ငြင်းပယ်တော်မမူပေ။-
Psal BurCBCM 21:3  အကြောင်းမူကား ကိုယ်တော်သည် သူ့အား ကြွယ်၀သော ကောင်းချီးမင်္ဂလာများနှင့် ထိုက်တန်စေတော်မူပြီ။ ကိုယ်တော်သည် သူ၏ဦးခေါင်းပေါ်တွင် သန့်စင်သောရွှေဖြင့် ပြုလုပ်ထားသည့်သရဖူကို တင်တော်မူလေပြီ။-
Psal BurCBCM 21:4  သူသည် ကိုယ်တော့်ထံမှ အသက်ကိုတောင်း၍ ကိုယ်တော်သည် သူ့အား ထိုအသက်ကို ပေးသနားပြီး ရှည်လျားသော နေ့ရက်များကိုလည်း ကာလအဆက်ဆက် ပေးတော်မူလေပြီ။-
Psal BurCBCM 21:5  ကိုယ်တော်၏ ကူညီစောင်မတော်မူခြင်းကြောင့် သူ၏ဘုန်းတန်ခိုးသည် ကြီးမားလေ၏။ ကိုယ်တော်သည် သူ့အား ဂုဏ်ကျက်သရေနှင့် ခန့်ညားတင့်တယ်ခြင်းကို ပေးသနားတော်မူ၏။-
Psal BurCBCM 21:6  ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာကို ကာလအဆက်ဆက် ပေးသနားတော်မူ၏။ ကိုယ်တော်၏မျက်မှောက်တော်၌ တည်ရှိစေခြင်းဖြင့် ကိုယ်တော်သည် သူ့ကို ပျော်ရွှင်ဝမ်းမြောက်စေတော်မူ၏။-
Psal BurCBCM 21:7  အကြောင်းမူကား ဘုရင်မင်းမြတ်သည် ထာ၀ရဘုရားသခင်၌ ယုံကြည်ကိုးစားသောကြောင့်ဖြစ်၏။ အမြင့်ဆုံးသော အရှင် သခင်၏ တည်မြဲသော မေတ္တာတော်အားဖြင့် သူသည် ကြောက်ရွံ့တုန်လှုပ်လိမ့်မည်မဟုတ်။
Psal BurCBCM 21:8  ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ ရန်သူရှိသမျှတို့ကို ရှာဖွေတော်မူလိမ့်မည်။ ကိုယ်တော်၏ လက်ယာလက်သည် ကိုယ်တော့်အား မုန်းတီးသူတို့ကို ရှာဖွေလိမ့်မည်။-
Psal BurCBCM 21:9  ကိုယ်တော်ရှင် ကြွလာတော်မူသောအခါ သူတို့အား တောက်လောင်နေသော မီးဖိုထဲသို့ ပစ်ချတော်မူလိမ့်မည်။ ထာ၀ရဘုရားသခင်သည် အမျက်တော်၌ သူတို့ကို ဝါးမျိုတော်မူ၍ မီးတောက်တို့သည် သူတို့အား လောင်ကျွမ်းကြလိမ့်မည်။-
Psal BurCBCM 21:10  ကိုယ်တော်သည် သူတို့၏အမျိုးအနွယ်တို့ကို ကမ္ဘာမြေပေါ်မှလည်းကောင်း၊ သူတို့၏သားမြေးများကို လူသားတို့ အလယ်မှလည်းကောင်း သုတ်သင်ဖယ်ရှားတော်မူလိမ့်မည်။-
Psal BurCBCM 21:11  သူတို့သည် ကိုယ်တော့်အပေါ် မကောင်းကြံ၍ ထိခိုက်နစ်နာစေရန် ပြုလုပ်ကြပါလျှင်လည်း အောင်မြင်ကြလိမ့်မည် မဟုတ်။-
Psal BurCBCM 21:12  အကြောင်းမူကား ကိုယ်တော်သည် သူတို့ကို ထွက်ပြေးစေတော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ မျက်နှာများကို ကိုယ်တော်၏ လေးမြားဖြင့် ချိန်ရွယ်တော်မူလိမ့်မည်။
Psal BurCBCM 21:13  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခွန်အား၌ ချီးမြှောက်ခြင်းခံရပါစေသော်။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို သီဆိုချီးမွမ်းကြပါလိမ့်မည်။
Chapter 22
Psal BurCBCM 22:1  အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်း။ အကျွန်ုပ်ကိုကူညီခြင်းမှ လည်းကောင်း၊ အကျွန်ုပ် ညည်းတွားသော စကားသံမှလည်းကောင်း အဘယ်ကြောင့် ဝေးကွာစွာ နေတော်မူပါသနည်း။-
Psal BurCBCM 22:2  အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် နေ့အချိန်၌ အော်ဟစ်အသနားခံပါသော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌ အော်ဟစ်ပါသော်လည်း သက်သာရာမရပါ။
Psal BurCBCM 22:3  သို့သော်လည်း ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်တော်မူသော အရှင်ဟူ၍ ပလ္လင်တင်ခံရလျက် အစ္စရာအဲလ်လူမျိုး၏ ချီးမွမ်းထောမနာပြုခြင်းကို ခံရတော်မူသော အရှင်ဖြစ်တော်မူ၏။-
Psal BurCBCM 22:4  အကျွန်ုပ်တို့၏ ဘိုးဘေးများသည် ကိုယ်တော်၌ ယုံကြည်အားကိုးခဲ့ကြပါ၏။ သူတို့ယုံကြည်အားကိုးသည့်အတိုင်း ကိုယ်တော်သည်လည်း သူတို့ကို ရွေးနုတ်ကယ်တင်တော်မူခဲ့ပါ၏။-
Psal BurCBCM 22:5  သူတို့သည် ကိုယ်တော့်ထံသို့ ဟစ်အော်တောင်းလျှောက်ကြသဖြင့် ကယ်တင်ခြင်းခံခဲ့ကြရပါ၏။ သူတို့သည် ကိုယ်တော်၌ ယုံကြည်ကိုးစားကြသဖြင့် စိတ်ပျက်အားငယ်ခြင်း မဖြစ်ခဲ့ကြရပေ။
Psal BurCBCM 22:6  သို့သော် အကျွန်ုပ်သည် လူမဟုတ်ဘဲ ပိုးကောင်တစ်ကောင်မျှသာဖြစ်ပါ၏။ လူတို့သည် အကျွန်ုပ်ကို ကဲ့ရဲ့၍ မထီလေးစား ပြုကြပါ၏။-
Psal BurCBCM 22:7  အကျွန်ုပ်ကို မြင်ကြသူတိုင်းက ပြက်ရယ်ပြုကြပါ၏။ သူတို့သည် မဲ့ရွဲ့ကာ ခေါင်းကိုယမ်းလျက်၊-
Psal BurCBCM 22:8  ဤသူသည် ထာ၀ရဘုရားသခင်ကို ခိုလှုံ ကိုးစားသောသူဖြစ်၏။ သူ၏ဘုရားသည် သူ့ကိုကယ် တင်ပါစေ၊ သူ့ကိုရွေးနုတ်ပါစေ၊ အကြောင်းမူကား သူ၏ ဘုရားသည် သူ့ကိုနှစ်သက်မြတ်နိုး၏ဟုဆိုကြပါ၏။
Psal BurCBCM 22:9  သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲကပင် ခေါ်ယူတော်မူခဲ့၏။ အကျွန်ုပ်၏ မိခင်ရင်ခွင်တွင် နို့စို့သူငယ်ဘ၀၌ ကိုယ်တော်သည် အကျွန်ုပ်ကို ဘေးကင်းလုံခြုံစွာထားတော်မူ၏။-
Psal BurCBCM 22:10  အကျွန်ုပ်သည် မွေးဖွားစဉ်ကပင် ကိုယ်တော့်အပေါ် ခိုလှုံအားကိုးခဲ့ပါ၏။ အကျွန်ုပ်အမိ၏ ဝမ်းထဲ၌ ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။-
Psal BurCBCM 22:11  အကျွန်ုပ်ထံမှ ဝေးလံစွာ နေတော်မမူပါနှင့်။ အကြောင်းမူကား အန္တရာယ်သည် နီးကပ်လာလေပြီ။ အကျွန်ုပ်ကို ကူညီမည့်သူ ဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပါ။
Psal BurCBCM 22:12  နွားသိုးများသည် အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိကြပြီး ဘာရှန်၏အင်အားကြီးသော နွားများသည် အကျွန်ုပ်ကို ဝန်းရံထား ကြပါ၏။-
Psal BurCBCM 22:13  ၎င်းတို့သည် ကိုက်ဖြတ်ရန် ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ရှေ့တွင် ပါးစပ်များကို အစွမ်းကုန်ဖွင့်ဟ ထားကြပါ၏။
Psal BurCBCM 22:14  အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏ အရိုးရှိသမျှတို့သည် ပြုတ်နေကြပါပြီ။ အကျွန်ုပ်၏ နှလုံးသားသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်၏ရင်ထဲတွင် အရည်ပျော်နေပါပြီ။-
Psal BurCBCM 22:15  အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ ခြောက်ကပ်၍ အကျွန်ုပ်၏ လျှာသည်လည်း မေးရိုးများတွင် ကပ်နေပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်း၏ ဖုံမှုန့်များထဲ၌ ထားခဲ့တော်မူပါပြီ။
Psal BurCBCM 22:16  မှန်ပါ၏။ ခွေးများသည် အကျွန်ုပ်၏ပတ်လည်တွင် ရှိနေကြပါ၏။ မကောင်းမှုကို ကျုးလွန်သော သူတစ်စုသည်လည်း အကျွန်ုပ်ကို ဝန်းရံထားပါ၏။ သူတို့သည် အကျွန်ုပ်၏လက်များနှင့် ခြေများကို ထိုးဖောက်ကြလေပြီ။-
Psal BurCBCM 22:17  အကျွန်ုပ်သည် အကျွန်ုပ်၏အရိုး ရှိသမျှတို့ကို ရေတွက်နိုင်ပါပြီ။ သူတို့သည် အကျွန်ုပ်ကို စိုက်ကြည့်၍ အားရဝမ်းသာ ဖြစ်နေကြပါပြီ။-
Psal BurCBCM 22:18  သူတို့သည် အကျွန်ုပ်၏ အဝတ်များကိုအချင်းချင်း ခွဲဝေယူကြလျက် အကျွန်ုပ်၏ ဝတ်ရုံကို မဲချယူကြလေပြီ။
Psal BurCBCM 22:19  သို့သော် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ထံမှ ဝေးလံစွာနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ခွန်အားဖြစ်တော်မူသော ကိုယ်တော်ဘုရား၊ အကျွန်ုပ်ကို ကူညီစောင်မရန် အလျင်အမြန်ကြွလာတော်မူပါ။-
Psal BurCBCM 22:20  အကျွန်ုပ်၏ ဝိညာဉ်ကို ဓား၏ဘေးရန်မှလည်းကောင်း၊ အကျွန်ုပ်၏ အသက်ကို ခွေး၏ဘေးရန်မှလည်းကောင်း ကယ်တင်တော်မူပါ။-
Psal BurCBCM 22:21  အကျွန်ုပ်ကို ခြင်္သေ့၏ ခံတွင်းမှလည်းကောင်း၊ ဝေဒနာခံစားနေသော အကျွန်ုပ်၏ ဝိညာဉ်ကို နွားရိုင်း၏ ဦးချိုရန်မှ လည်းကောင်း ကယ်တော်မူပါ။
Psal BurCBCM 22:22  ကိုယ်တော်၏ နာမတော်အကြောင်းကို အကျွန်ုပ်၏ ညီအစ်ကိုမောင်နှမတို့အား အကျွန်ုပ်ပြောကြားပါမည်။ လူတို့၏ အစည်းအဝေး၌ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 22:23  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာ ပြုကြလော့။ ယာကုပ်၏ သားမြေးတို့၊ ကိုယ်တော်အား ဂုဏ်ပြုချီးမွမ်းကြလော့။ အစ္စရာအဲလ်လူမျိုးအပေါင်းတို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြလော့။-
Psal BurCBCM 22:24  အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူအား ပစ်ပယ်ထားတော်မူခဲ့သည်မဟုတ်။ ထိုသူခံရသော ဆင်းရဲ ဒုက္ခများကိုလည်း လျစ်လျူရှုတော်မမူပေ။ မျက်နှာတော်ကိုလည်း သူ့ထံမှ လွှဲတော်မမူဘဲ သူအော်ဟစ် တောင်းလျှောက်သော အခါတွင် နားညောင်းတော်မူ၏။
Psal BurCBCM 22:25  များပြားလှသော လူပရိသတ်အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ် ချီးမွမ်းထောမနာ ပြုပါမည်။ ကိုယ်တော်အား ကြောက်ရွံ့ရိုသေသူတို့၏ အရှေ့တွင် အကျွန်ုပ်၏ ကတိသစ္စာများကို တည်စေပါမည်။-
Psal BurCBCM 22:26  ဆင်းရဲသားတို့သည် ၀လင်စွာ စားကြရပါလိမ့်မည်။ ထာ၀ရဘုရားသခင်ကို ရှာဖွေကြသော သူတို့သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာ ပြုကြပါလိမ့်မည်။ သင်တို့၏ စိတ်နှလုံးများသည် အစဉ်ထာ၀ရ အသက်ရှင်ကြပါလိမ့်မည်။
Psal BurCBCM 22:27  ကမ္ဘာမြေကြီးအစွန်း ရှိသမျှတို့သည် ကိုယ်တော့်ကို သတိရကြ၍ ကိုယ်တော့်ထံတော်သို့ လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံအသီးသီးမှ မိသားစုအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့မှောက်တွင် ပျပ်ဝပ်ကိုးကွယ်ကြ လိမ့်မည်။-
Psal BurCBCM 22:28  အကြောင်းမူကား အုပ်ချုပ်ပိုင်ခွင့်အာဏာသည် ထာ၀ရဘုရားသခင် ပိုင်ဆိုင်ရာဖြစ်တော်မူ၍ ကိုယ်တော်သည် လူမျိုးတကာ တို့ကို အုပ်စိုးတော်မူ၏။
Psal BurCBCM 22:29  ကမ္ဘာပေါ်ရှိ ပြည့်စုံကြွယ်၀သော သူအပေါင်းတို့သည် ကိုယ်တော့်ကို ဦးညွတ်ရှိခိုးကြလိမ့်မည်။ မြေမှုန့်သို့ ပြန်သွားရမည့် သူများနှင့် မိမိ၏ဝိညာဉ်ကို ဆက်လက်အသက် မရှင်နိုင်စေသော သူများသည် ကိုယ်တော်၏ ရှေ့မှောက်တော်တွင် ပျပ်ဝပ်ကြ လိမ့်မည်။-
Psal BurCBCM 22:30  အကျွန်ုပ်၏ အမျိုးအနွယ်သည် ကိုယ်တော်၏ အမှုတော်ကို ထမ်းဆောင်ကြပြီး နောင်လာမည့် လူမျိုးဆက်တို့အား ကိုယ်တော်၏ အကြောင်းကို ပြောကြားကြလိမ့်မည်။-
Psal BurCBCM 22:31  သူတို့သည် မွေးဖွားခြင်း မခံရသေးသော လူမျိုးဆက်အား ကိုယ်တော်၏ ကယ်တင်တော်မူခြင်း အကြောင်းကို ကြွေးကြော်လျက် ကိုယ်တော်သည် ဤအမှုအရာကို လုပ်ဆောင်တော်မူခဲ့လေပြီဟု ဆိုကြလိမ့်မည်။
Chapter 23
Psal BurCBCM 23:1  ထာ၀ရဘုရားသခင်သည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌ မည်သည့်အရာမျှ လိုလေသေး ရှိမည်မဟုတ်။-
Psal BurCBCM 23:2  ကိုယ်တော်သည် ငါ့အား စိမ်းလန်းသော စားကျက်များ၌ နားစေတော်မူ၍ ငြိမ်သက်သာယာသော မြစ်ချောင်းများအနီးသို့ လမ်းပြခေါ်ဆောင်တော်မူ၏။-
Psal BurCBCM 23:3  ကိုယ်တော်သည် ငါ၏ဝိညာဉ်ကို အားသစ်လောင်းတော်မူ၍ ကိုယ်တော်၏ နာမတော်အတွက် ငါ့အား ဖြောင့်မတ်သော လမ်းအတိုင်း ခေါ်ဆောင်တော်မူ၏။
Psal BurCBCM 23:4  အကျွန်ုပ်သည် သေခြင်း၏အရိပ် လွှမ်းမိုးသော ချိုင့်ဝှမ်းအတွင်း၌ လျှောက်လှမ်းရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ရွံ့ပါ။အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၍ ကိုယ်တော်၏ လှံတံတော်နှင့် တောင်ဝှေး တော်တို့သည် အကျွန်ုပ်ကို နှစ်သိမ့်မှုပေးပါ၏။
Psal BurCBCM 23:5  ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူအပေါင်းတို့ ရှေ့မှောက်တွင် အကျွန်ုပ်အတွက် စားပွဲကို တည်ခင်းတော်မူပြီ။ အကျွန်ုပ်၏ ဦးခေါင်းကို ဆီနှင့် သွန်းလောင်း၍ ဘိသိက်ပေးတော်မူပြီ။ အကျွန်ုပ်၏ ဖလားသည်လည်း ပြည့်လျှံလျက်ရှိပါ၏။
Psal BurCBCM 23:6  အကျွန်ုပ်အသက်ရှင်သည့် နေ့ရက်များအားလုံး၌ ကိုယ်တော်၏ ကောင်းမြတ်ခြင်းနှင့် သနားကရုဏာတော်သည် အကျွန်ုပ်နှင့်အတူ ဧကန်မုချရှိပါလိမ့်မည်။ အကျွန်ုပ်သည်လည်း ထာ၀ရဘုရားသခင်၏ အိမ်တော်၌ ကာလအဆက်ဆက် နေရပါလိမ့်မည်။
Chapter 24
Psal BurCBCM 24:1  ထာ၀ရဘုရားသခင်သည် မြေကြီးနှင့်မြေကြီးပေါ်ရှိ လူသတ္တဝါတို့ကိုလည်းကောင်း၊ လောကနှင့် လောကတွင်ရှိသော အရာတို့ကိုလည်းကောင်း စိုးပိုင်တော်မူ၏။-
Psal BurCBCM 24:2  အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ပင်လယ်များပေါ်တွင် အုတ်မြစ်ချ၍ မြစ်များပေါ်တွင် ၎င်းကို တည်ဆောက်တော်မူ၏။
Psal BurCBCM 24:3  ထာ၀ရဘုရားသခင်၏ တောင်တော်ပေါ်သို့ မည်သူတက်ရလိမ့်မည်နည်း။ ကိုယ်တော်၏ သန့်ရှင်းရာဌာနတွင် မည်သူ နေရလိမ့်မည်နည်း။-
Psal BurCBCM 24:4  အပြစ်ကင်းစင်သော လက်များနှင့် စင်ကြယ်သော နှလုံးသားရှိသူ၊ မှားယွင်းသည့် အရာများကို မိမိ၏ဝိညာဉ်ဖြင့် မဆည်းကပ်သူနှင့် ကောက်ကျစ်စဉ်းလဲစွာ ကျိန်ဆိုခြင်း မပြုသူပင်ဖြစ်၏။-
Psal BurCBCM 24:5  ထိုသူသည် ထာ၀ရဘုရားသခင်ထံတော်မှ ကောင်းချီးမင်္ဂလာနှင့် ကယ်တင်တော်မူသော ဘုရားသခင်အထံတော်မှ အပြစ်ကင်းစင်ကြောင်း အာမခံချက်တို့ကို ရရှိလိမ့်မည်။-
Psal BurCBCM 24:6  ထိုသို့သောလူမျိုးသည် ဘုရားသခင်ကို ရှာဖွေသောသူ၊ ယာကုပ်၏ ဘုရားသခင်မျက်နှာတော်ကို ရှာဖွေသောသူပင်ဖြစ်၏။
Psal BurCBCM 24:7  အချင်းတံခါးတို့၊ သင်တို့၏ တံခါးမုခ်များကို ကြွလိုက်ကြလော့။ ရှေးဟောင်းတံခါးတို့၊ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။-
Psal BurCBCM 24:8  ဘုန်းကြီးတော်မူသော ဘုရင်ကား မည်သူနည်း။ ထိုအရှင်ကား ခွန်အားတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာ၀ရဘုရားသခင်၊ စစ်တိုက်ခြင်း၌ တန်ခိုးကြီးတော်မူသော ထာ၀ရဘုရားသခင်ပင် ဖြစ်တော်မူ၏။-
Psal BurCBCM 24:9  အချင်းတံခါးတို့၊ သင်တို့၏တံခါးမုခ်များကို ကြွလိုက်ကြလော့။ ရှေးဟောင်းတံခါးတို့၊ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။-
Psal BurCBCM 24:10  ဘုန်းကြီးတော်မူသော ဘုရင်ကား မည်သူနည်း။ ထိုအရှင်ကား ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုန်းကြီးတော်မူသော ဘုရင်ဖြစ်တော်မူ၏။
Chapter 25
Psal BurCBCM 25:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်၏ အထံတော်သို့ ဆက်ကပ်ပါ၏။-
Psal BurCBCM 25:2  အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော့်ကို အကျွန်ုပ်ယုံ ကြည်ကိုးစားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်အပေါ် အောင်ပွဲမခံပါစေနှင့်။-
Psal BurCBCM 25:3  ကိုယ်တော်အား စောင့်ငံ့မျှော်လင့်သူ တစ်ဦးတစ်ယောက်ကိုမျှ အရှက်တကွဲမဖြစ်ပါစေနှင့်။ သစ္စာမဲ့သော သူတို့သာလျှင် ရှက်ကြောက်ခြင်းသို့ ရောက်ကြရပါစေ။
Psal BurCBCM 25:4  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လမ်းတော်များကိုသိရှိရန် အကျွန်ုပ်အား ညွန်ပြပေးတော်မူပါ။ ကိုယ်တော်၏ လမ်းစဉ်ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။-
Psal BurCBCM 25:5  ကိုယ်တော်၏သစ္စာ၊ သမ္မာတရားတော်၌ အကျွန်ုပ်ကို ဦးဆောင်၍ သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို တစ်နေ့လုံးစောင့်မျှော်နေပါ၏။
Psal BurCBCM 25:6  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ကရုဏာတော်ကို သတိရတော်မူပါ။ အကြောင်းမူကား ယင်းတို့သည် ရှေးကာလကပင် တည်ရှိခဲ့ပါ၏။-
Psal BurCBCM 25:7  အကျွန်ုပ်ငယ်ရွယ်စဉ်က ပြုခဲ့သောအပြစ်များနှင့် ကျူးလွန်ခဲ့ခြင်းများကို အောက်မေ့တော်မမူပါနှင့်။ အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းကိုထောက်၍ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်နှင့်အညီ အကျွန်ုပ်ကို သတိရ တော်မူပါ။
Psal BurCBCM 25:8  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်၍ ဖြောင့်မတ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် အပြစ်သားများကို မိမိ၏လမ်းတော်၌ သွန်သင်တော်မူ၏။-
Psal BurCBCM 25:9  ကိုယ်တော်သည် နှိမ့်ချသောသူတို့အား တရားလမ်းမှန်သို့ပို့ ဆောင်၍ မိမိ၏လမ်းတော်တို့ကို သွန်သင်တော်မူ၏။-
Psal BurCBCM 25:10  ထာ၀ရဘုရားသခင်၏ ပဋိညာဉ်တော်နှင့် ပညတ်တော်တို့ကို စောင့်ထိန်းသော သူအပေါင်းတို့အတွက် ကိုယ်တော်၏ လမ်းခရီးရှိသမျှတို့သည် ခိုင်မြဲသောမေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံတော်မူပါ၏။
Psal BurCBCM 25:11  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အပြစ်သည် ကြီးမားလှပါသောကြောင့် ကိုယ်တော်၏ နာမတော်ကိုထောက်၍ ထိုအပြစ်ကို အခွင့်လွှတ်တော်မူပါ။-
Psal BurCBCM 25:12  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူကား မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့် လမ်းစဉ်အတိုင်း သူ့ကို သွန်သင်တော်မူလိမ့်မည်။-
Psal BurCBCM 25:13  ထိုသူသည် ကြွယ်၀ချမ်းသာစွာ အသက်ရှင်နေထိုင်၍ သူ၏သားသမီးများသည် ပြည်တော်ကို အမွေခံရလိမ့်မည်။-
Psal BurCBCM 25:14  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော် ကိုသိရသောအခွင့်ကို ရရှိကြ၏။-
Psal BurCBCM 25:15  အကျွန်ုပ်၏ မျက်စိတို့သည် ထာ၀ရဘုရားသခင်ထံသို့ အစဉ်မျှော်ကြည့်ကြပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲမှ နုတ်ယူတော်မူမည် ဖြစ်သောကြောင့်တည်း။
Psal BurCBCM 25:16  အကျွန်ုပ်ဘက်သို့လှည့်၍ သနားကရုဏာတော်ကို ပြတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တစ်ယောက်တည်း အထီးကျန်ဖြစ်၍ ဆင်းရဲဒုက္ခခံနေရပါ၏။-
Psal BurCBCM 25:17  အကျွန်ုပ်၏ စိတ်နှလုံးပူပန်ခြင်းများကို သက်သာစေတော်မူပါ။ အကျွန်ုပ်၏ စိတ်ဒုက္ခခံစားရခြင်းမှလည်း အကျွန်ုပ်ကို လွတ်မြောက်စေတော်မူပါ။-
Psal BurCBCM 25:18  အကျွန်ုပ်ခံစားရသောဒုက္ခ ဆင်းရဲများနှင့် ဝေဒနာအပေါင်းတို့ကို အောက်မေ့တော်မူ၍ အကျွန်ုပ်၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူပါ။
Psal BurCBCM 25:19  အကျွန်ုပ်၏ ရန်သူများသည် မည်မျှလောက် များပြားကြောင်းကိုလည်းကောင်း၊ သူတို့သည် အကျွန်ုပ်ကို မည်မျှခါးသီးစွာ မုန်းတီးကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့တော်မူပါ။-
Psal BurCBCM 25:20  အကျွန်ုပ်၏အသက်ကို ကာကွယ်စောင့်ရှောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်ကို အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် ကိုယ်တော်၌ ခိုလှုံအားကိုးပါ၏။-
Psal BurCBCM 25:21  အပြစ်ကင်းစင်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့သည် အကျွန်ုပ်ကို ထိန်းသိမ်းစောင့်ရှောက်ကြပါစေ။ အကြောင်း မူကား အကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်ငံ့မျှော်လင့်လျက်ရှိပါ၏။
Psal BurCBCM 25:22  အိုဘုရားသခင်၊ အစ္စရာအဲလ်လူမျိုးတို့ကို ခပ်သိမ်းသော ဆင်းရဲဒုက္ခတို့မှ ရွေးနုတ်ကယ်တင်တော်မူပါ။
Chapter 26
Psal BurCBCM 26:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ဖြောင့်မတ်သောလမ်းကို လျှောက်လှမ်းသူဖြစ်သောကြောင့် အကျွန်ုပ်ဘက်မှ တရားစီရင်သူ ဖြစ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်ကို အကြွင်းမဲ့ယုံကြည်အား ကိုးသူဖြစ်ပါ၏။-
Psal BurCBCM 26:2  အို ထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို စမ်းသပ်စစ်ဆေးတော်မူပါ။ အကျွန်ုပ်၏စိတ်နှလုံးနှင့် အကြံအစည်ကို သိမြင်တော်မူပါ။-
Psal BurCBCM 26:3  အကြောင်းမူကား ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အကျွန်ုပ်၏ ရှေ့မှောက်တွင် ရှိနေပါ၏။ အကျွန်ုပ်သည် သစ္စာစောင့်သိခြင်းဖြင့် ကိုယ်တော့်ထံတော်သို့ လျှောက်လှမ်းပါ၏။
Psal BurCBCM 26:4  အကျွန်ုပ်သည် ကောက်ကျစ်သော သူတို့နှင့်အတူ မထိုင်ပါ။ သူတော်ကောင်းယောင်ဆောင်သူတို့နှင့်လည်း အပေါင်းအဖော် မလုပ်ပါ။-
Psal BurCBCM 26:5  အကျွန်ုပ်သည် ဆိုးမိုက်သောသူတို့နှင့် ပေါင်းဖော်ခြင်းကို မုန်းတီးပါ၏။ ဆိုးယုတ်သောသူတို့နှင့်လည်း အကျွန်ုပ်အတူ ထိုင်လိမ့်မည်မဟုတ်ပါ။
Psal BurCBCM 26:6  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် အပြစ်ကင်းစင်ကြောင်းကို ပြရန်အတွက် မိမိ၏လက်ကို ဆေးကြောပြီးလျှင် ကိုယ်တော်၏ ယဇ်ပလ္လင်ကို လှည့်ပတ်၍ သွားကာ၊-
Psal BurCBCM 26:7  ကျေးဇူးတင် ချီးမွမ်းခြင်းသီချင်းကို ကျယ်လောင်စွာ သီဆိုပြီး ကိုယ်တော်၏ အံ့ဖွယ်အမှု ရှိသမျှတို့ကို ပြောကြားပါ၏။
Psal BurCBCM 26:8  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ဘုန်းတော်တည်ရှိရာဖြစ်သည့် ကိုယ်တော်စံပယ်ရာ အိမ်တော်ကို အကျွန်ုပ် နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 26:9  အပြစ်သားများနှင့်အတူ အကျွန်ုပ်ကိုလည်းကောင်း၊ သွေးဆာသောသူတို့နှင့်အတူ အကျွန်ုပ်အသက်ကိုလည်းကောင်း ပယ်ရှင်းတော်မမူပါနှင့်။-
Psal BurCBCM 26:10  ထိုသူတို့၏ လက်များသည် မကောင်းမှုများကိုပြုလုပ်ကြ၍ သူတို့၏ လက်ယာလက်များသည်လည်း တံစိုးလက်ဆောင် များနှင့် ပြည့်လျက်ရှိနေ၏။
Psal BurCBCM 26:11  အကျွန်ုပ်မူကား ရိုးသားဖြောင့်မတ်စွာ လျှောက်လှမ်းပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူ၍ သနားကရုဏာပြတော်မူပါ။-
Psal BurCBCM 26:12  အကျွန်ုပ်၏ခြေသည် မြေညီသောနေရာ၌ ရပ်လျက်ရှိနေပါ၏။ အကျွန်ုပ်သည် ကြီးမားသော လူထုပရိသတ်တို့အလယ်တွင် ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးပါမည်။
Chapter 27
Psal BurCBCM 27:1  ထာ၀ရဘုရားသခင်သည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရပါ အံ့နည်း။ ထာ၀ရဘုရားသခင်သည် ငါ့အသက်၏ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရွံ့ရ မည်နည်း။
Psal BurCBCM 27:2  မကောင်းမှု ပြုသူများဖြစ်သည့် ငါ၏ပြိုင်ဘက်များနှင့် ငါ၏ရန်သူများသည် ငါ့အသားကို ကိုက်စားရန် လာကြသောအခါ သူတို့သည် ခြေချော်၍ လဲကျကြလိမ့်မည်။
Psal BurCBCM 27:3  ငါ့ကိုတိုက်ခိုက်ရန် တပ်ချထားသော်လည်း ငါ့နှလုံးသားသည် မကြောက်ရွံ့ပေ။ ငါ့ထံသို့ စစ်ချီလာကြသော်လည်း ငါသည် ယုံကြည်စိတ်ချလျက်သာရှိနေလိမ့်မည်။
Psal BurCBCM 27:4  ထာ၀ရဘုရားသခင်ထံတော်၌ တစ်ခုတည်းသောဆုကို ငါတောင်းလျှောက်၏။ ငါလိုလားတောင့်တသော ဆုသည်ကား ထာ၀ရဘုရားသခင်၏ အိမ်တော်တွင် ငါ၏ဘ၀တစ်သက်တာလုံးနေထိုင်၍ ထာ၀ရဘုရားသခင် ၏တင့်တယ်လှပခြင်းကို ဖူးမြော်ရန်နှင့် ဗိမာန်တော်၌ ကိုယ်တော့်ကိုရှာဖွေရန်ပင် ဖြစ်၏။
Psal BurCBCM 27:5  အကြောင်းမူကား ဘေးအန္တရာယ် ကျရောက်သောကာလ၌ ကိုယ်တော်သည် ငါ့ကို ကာကွယ်စောင့်ရှောက် တော်မူလိမ့်မည်။ ကိုယ်တော်၏ တဲတော်အောက်၌ ငါ့ကိုဝှက်ကွယ်ထားတော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကို ကျောက်ဆောင်ပေါ်၌ တင်ထားတော်မူလိမ့်မည်။
Psal BurCBCM 27:6  ယခုမူကား ငါ၏ဦးခေါင်းသည် ငါ၏ပတ်လည်ရှိ ရန်သူတို့အထက်၌ ချီးမြှောက်ထားခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏ ဗိမာန်တော်တွင် ဝမ်းမြောက်ဖွယ်သော ကြွေးကြော်သံများနှင့်အတူ ပူဇော်ရာယဇ်ကောင်များကို ပူဇော်ပါမည်။ ငါသည် ထာ၀ရဘုရားသခင်ထံတော်၌ တီးမှုတ်သီဆိုပါမည်။
Psal BurCBCM 27:7  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်ကို သနားကရုဏာထား၍ ထူးတော်မူပါ။-
Psal BurCBCM 27:8  ကိုယ်တော်က ငါ၏ရွှေမျက်နှာတော်ကို ရှာကြလော့ဟု မိန့်တော်မူသဖြင့် အကျွန်ုပ်၏ နှလုံးသားကလည်း အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို အကျွန်ုပ်ရှာပါသည်ဟု ပြန်လည်လျှောက်တင်ပါ၏။-
Psal BurCBCM 27:9  ရွှေမျက်နှာတော်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစဖူးပါ၏။ အမျက်တော် ထွက်၍ ကိုယ်တော်၏ ကျွန်အစေခံကို ငြင်းပယ်တော်မမူပါနှင့်။ အကျွန်ုပ်၏ကယ်တင်ရှင် ဖြစ်တော်မူသော အိုဘုရားသခင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ပစ်ပယ်ထားတော်မမူပါနှင့်။-
Psal BurCBCM 27:10  ငါ၏အမိနှင့် အဖတို့သည် ငါ့ကိုစွန့်ပစ်ကြသော်လည်း ထာ၀ရဘုရားသခင်သည် ငါ့ကိုလက်ခံတော်မူလိမ့်မည်။
Psal BurCBCM 27:11  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လမ်းစဉ်ကို အကျွန်ုပ်အား သင်ပြပေးတော်မူပါ။ အကျွန်ုပ်၏ရန်သူများ ရှိသောကြောင့် အကျွန်ုပ်အား ဖြောင့်မှန်ရာလမ်းသို့ ညွန်ပြတော်မူပါ။-
Psal BurCBCM 27:12  အကျွန်ုပ်၏ရန်သူများ အလိုရှိသည့်အတိုင်း ပြုမူစေရန် အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်ကို ဆန့်ကျင်၍ မမှန်ကန်သော သက်သေခံသူများ ထွက်ပေါ်လာကြပြီး ထိုသူတို့သည် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေကြပါ၏။
Psal BurCBCM 27:13  အသက်ရှင်သူတို့ နေထိုင်ရာအရပ်တွင် ထာ၀ရဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းကိုတွေ့ မြင်ရလိမ့်မည်ဟု ငါယုံကြည်ပါ၏။-
Psal BurCBCM 27:14  ထာ၀ရဘုရားသခင်အား စောင့်ငံ့လျက်နေကြလော့။ ခွန်အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိကြလော့။ ထာ၀ရဘုရားသခင်အား စောင့်ငံ့လျက်နေကြလော့။
Chapter 28
Psal BurCBCM 28:1  အကျွန်ုပ်၏ ကျောက်ဆောင်ဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်အထံတော်သို့ အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်၏အသံကို နားညောင်းတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် ဆိတ်ဆိတ်နေပါလျှင် အကျွန်ုပ်သည် သခင်္ျိုင်းဂူတွင်းထဲသို့ ဆင်းသူတို့ကဲ့သို့ ဖြစ်ရပါလိမ့်မည်။-
Psal BurCBCM 28:2  ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်ကိုဦးတည်၍ လက်များကိုမြှောက်လျက် ကူညီမစတော်မူရန် အော်ဟစ် တောင်းလျှောက်သော အကျွန်ုပ်၏အသံကို နားညောင်းတော်မူပါ။
Psal BurCBCM 28:3  မကောင်းမှုကိုပြုသော သူယုတ်မာတို့နှင့်အတူ အကျွန်ုပ်ကို ဆွဲခေါ်တော်မမူပါနှင့်။ ထိုသူတို့သည် နီးစပ်သောသူတို့အား ငြိမ်းချမ်းသောစကားကို ပြောကြသော်လည်း စိတ်နှလုံး၌မူကား မကောင်းမှုများရှိနေကြပါ၏။-
Psal BurCBCM 28:4  ထိုသူတို့ပြုကျင့်ခဲ့သော အပြုအမူများအတိုင်း သူတို့ကို ဒဏ်ခတ်တော်မူပါ။ ထိုသူတို့ပြုကျင့်ခဲ့သော မကောင်းမှုများအတိုင်း သူတို့ကို တုံ့ပြန်တော်မူပါ။ သူတို့လက်များ၏ ဆောင်ရွက်ချက်များနှင့်အညီ သူတို့ကို တုံ့ပြန်တော်မူပါ။ သူတို့နှင့် ထိုက်တန်သော အရာကို ပေးအပ်တော်မူပါ။-
Psal BurCBCM 28:5  အကြောင်းမူကား သူတို့သည် ထာ၀ရဘုရားသခင် ပြုလုပ်တော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ ကိုယ်တော်၏ လက်ရာတော်များကိုလည်းကောင်း ဂရုမစိုက်ကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဖြိုဖျက်၍ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော် မူလိမ့်မည် မဟုတ်ပေ။
Psal BurCBCM 28:6  ထာ၀ရဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏ တောင်းလျှောက်သံကို နားညောင်းတော်မူလေပြီ။-
Psal BurCBCM 28:7  ထာ၀ရဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏ဒိုင်းလွှား ဖြစ်တော်မူ၏။ ငါ၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်ကို ကိုးစား၍ ကိုယ်တော်သည် ငါ့ကိုစောင်မတော်မူခဲ့သောကြောင့် ငါ၏စိတ်နှလုံးသည် ဝမ်းမြောက်ရွှင်လန်းလျက်ရှိပါ၏။ ငါသည် သီချင်း ဆိုလျက် ကိုယ်တော်အား ကျေးဇူးဆပ်တင်ပါမည်။
Psal BurCBCM 28:8  ထာ၀ရဘုရားသခင်သည် မိမိလူမျိုးတော်၏ ခွန်အားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိဘိသိက်ပေးသောသူအတွက် ကယ်တင်ခြင်း၏ ရဲတိုက်ဖြစ်တော်မူ၏။-
Psal BurCBCM 28:9  ကိုယ်တော်၏လူမျိုးတော်ကို ကယ်တော်မူပါ။ ကိုယ်တော်၏အမွေအနှစ်ကို ကောင်းချီးပေးတော်မူပါ။ ကိုယ်တော်သည် သူတို့၏သိုးထိန်း ဖြစ်တော်မူလျက် သူတို့ကို ထာ၀စဉ်ကြည့်ရှုစောင့်ရှောက်တော်မူပါ။
Chapter 29
Psal BurCBCM 29:1  အိုကောင်းကင်သားတို့၊ ထာ၀ရဘုရားသခင်ကို အသိအမှတ်ပြုကြလော့။ ဘုန်းဂုဏ်တော်နှင့် ခွန်အားတို့သည် ထာ၀ရ ဘုရားသခင်နှင့်သာ သက်ဆိုင်ကြောင်း အသိအမှတ်ပြုကြလော့။-
Psal BurCBCM 29:2  နာမတော်၏ ဘုန်းဂုဏ်တော်သည် ထာ၀ရဘုရားသခင်နှင့်သာ သက်ဆိုင်ကြောင်း အသိအမှတ်ပြုကြလော့။ သန့်ရှင်းမြင့်မြတ်သော ဂုဏ်သရေတော်နှင့် တင့်တယ်တော်မူသော ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ကြလော့။
Psal BurCBCM 29:3  ထာ၀ရဘုရားသခင်၏ အသံတော်သည် ရေပြင်ပေါ်တွင် တည်ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးထစ်ချုန်းသကဲ့သို့ မြည်ဟည်းတော်မူ၏။ ထာ၀ရဘုရားသခင်သည် ရေများပေါ်တွင် တည်ရှိတော်မူ၏။-
Psal BurCBCM 29:4  ထာ၀ရဘုရားသခင်၏ အသံတော်သည် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူ၏။ ထာ၀ရဘုရားသခင်၏ အသံတော်သည် ဂုဏ်ကျက်သရေနှင့် ပြည့်၀လျက်ရှိ၏။
Psal BurCBCM 29:5  ထာ၀ရဘုရားသခင်၏ အသံတော်သည် ထင်းရှူးမွှေးပင်တို့ကို ကျိုးစေတော်မူ၏။ ထာ၀ရဘုရားသခင်သည် လေဘနွန်မှ ထင်းရှူးမွှေးပင်တို့ကို ချိုးဖဲ့တော်မူ၏။-
Psal BurCBCM 29:6  ကိုယ်တော်သည် လေဘနွန်ကို နွားသူငယ်ကဲ့သို့လည်းကောင်း၊ ဆီရီအုံကိုလည်း ပျိုရွယ်သော နွားသိုးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။
Psal BurCBCM 29:7  ထာ၀ရဘုရားသခင်၏ အသံတော်သည် မီးတောက်မီးလျှံများကို ထွက်ပေါ်လာစေတော်မူ၏။-
Psal BurCBCM 29:8  ထာ၀ရဘုရားသခင်၏ အသံတော်သည် တောကန္တာရများကို တုန်လှုပ်စေတော်မူ၏။ ထာ၀ရဘုရားသခင်သည် ကာဒက်တော ကန္တာရကို တုန်လှုပ်စေတော်မူ၏။
Psal BurCBCM 29:9  ထာ၀ရဘုရားသခင်၏ အသံတော်သည် ဝက်သစ်ချပင်တို့ကို ချာချာလည်စေ၍ သစ်တောများကိုလည်း ပြုန်းတီး စေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်တွင် လူအပေါင်းတို့က ဘုန်းတော်ဂုဏ်တော်ရှိစေသတည်းဟု ကြွေးကြော်ကြ၏။
Psal BurCBCM 29:10  ထာ၀ရဘုရားသခင်သည် ရေလှိုင်းလုံးများအထက်တွင် စံပယ်တော်မူ၏။ ကိုယ်တော်သည် ဘုရင်မင်းမြတ်အဖြစ် ပလ္လင်တော်ပေါ်တွင် အစဉ်ထာ၀ရထိုင်တော်မူ၏။-
Psal BurCBCM 29:11  ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား ခွန်အားကို ပေးတော်မူပါစေ။ ထာ၀ရဘုရားသခင်သည် မိမိ၏ လူမျိုးတော်အား ငြိမ်းချမ်းသာယာစေခြင်းဖြင့် ကောင်းချီးမင်္ဂလာ ပေးတော်မူပါစေ။
Chapter 30
Psal BurCBCM 30:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ အကြောင်းမူကား ကိုယ်တော်သည် နက်ရှိုင်းရာအရပ်မှ အကျွန်ုပ်ကို ဆွဲတင်တော်မူပြီး ရန်သူများအား အကျွန်ုပ်အပေါ်၌ ဝမ်းမြောက်စေတော် မမူခဲ့ပေ။-
Psal BurCBCM 30:2  အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကယ်တော်မူပါရန် ကိုယ်တော့်ထံသို့ အကျွန်ုပ်အော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ပျောက်ကင်းချမ်းသာ စေတော်မူခဲ့လေပြီ။-
Psal BurCBCM 30:3  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏသခင်္ျိုင်းတွင်းမှ ဆွဲတင်တော်မူ၍ နက်ရှိုင်းသော အရပ်သို့ သက်ဆင်းရသူများအလယ်မှ ပြန်လည်ရှင်သန် စေတော်မူခဲ့လေပြီ။
Psal BurCBCM 30:4  ကိုယ်တော့်အပေါ် သစ္စာစောင့်သိသော သင်တို့၊ ထာ၀ရဘုရားသခင်အား သီဆိုချီးမွမ်းကြလော့။ သန့်ရှင်းမြင့်မြတ် တော်မူသော နာမတော်ကို ချီးမွမ်းကြလော့။-
Psal BurCBCM 30:5  အကြောင်းမူကား ကိုယ်တော်၏ အမျက်ဒေါသသည် တစ်ခဏမျှသာဖြစ်၏။ ကျေးဇူးပြုတော်မူခြင်းသည်ကား တစ်သက်လုံး ဖြစ်လေ၏။ ငိုကြွေးခြင်းသည် ညအချိန်၌ ရောက်လာပြီး နံနက်အချိန်၌မူကား ဝမ်းမြောက်ခြင်းရှိ၏။
Psal BurCBCM 30:6  ငါသည် မည်သည့်အခါမျှ တုန်လှုပ်လိမ့်မည်မဟုတ်ဟူ၍ ကြွယ်၀ချမ်းသာမှုကို ခံစားရသည့်အချိန်တွင် ငါပြောဆိုခဲ့၏။-
Psal BurCBCM 30:7  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် အကျွန်ုပ်သည် ခိုင်ခံ့သောတောင်ကဲ့သို့ တည်နေပါပြီ။ သို့သော် ကိုယ်တော်၏ မျက်နှာလွှဲတော်မူသောအခါ၌ အကျွန်ုပ်သည် အလွန်ကြောက်လန့် တုန်လှုပ်ခဲ့ရပါ၏။
Psal BurCBCM 30:8  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်ဟစ်အော်ခဲ့ပါ၏။-
Psal BurCBCM 30:9  ထာ၀ရဘုရားသခင်ထံတော်သို့ အကျွန်ုပ်အသနားခံ၍ ပြောဆိုသည်ကား အကျွန်ုပ်သည် သေဆုံးလျက် သခင်္ျိုင်းတွင်းသို့ ရောက်ခြင်းဖြင့် မည်သည့်အကျိုးကို ခံစားရပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော့်ကို ချီးမွမ်းပါမည်လော။ ၎င်းသည် ကိုယ်တော်၏ သစ္စာတော်ကို ဖော်ပြပြောဆိုပါမည်လော။-
Psal BurCBCM 30:10  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို နားညောင်း၍ ကျေးဇူးပြုတော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ကူညီမစသူ ဖြစ်တော်မူပါ။
Psal BurCBCM 30:11  ကိုယ်တော်သည် အကျွန်ုပ်၏ ဝမ်းနည်းပူဆွေးခြင်းကို ပျော်ရွှင်ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူခဲ့ပြီ။ အကျွန်ုပ်၏ လျှော်တေအဝတ်ကို ချွတ်ခွာပေး၍ ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့် ဖုံးလွှမ်းခဲ့လေပြီ။-
Psal BurCBCM 30:12  ဤသို့ဖြင့် အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော့်ကို သီဆိုချီးမွမ်းနိုင်လိမ့်မည်။ အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်ထာ၀ရချီးမွမ်းပါမည်။
Chapter 31
Psal BurCBCM 31:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို မည်သည့်အခါမျှ အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းဖြင့် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။-
Psal BurCBCM 31:2  ကိုယ်တော်၏ ရွှေနားတော်ကို အကျွန်ုပ်ဘက်သို့ လှည့်တော်မူ၍ အကျွန်ုပ်ကို အလျင်အမြန်ကယ်တော်မူပါ။ အကျွန်ုပ်၏ ခိုလှုံရာ ကျောက်ဆောင်နှင့် အကျွန်ုပ်ကို ကယ်တင်မည့် ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူပါ။
Psal BurCBCM 31:3  ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ဆောင်နှင့် အကျွန်ုပ်၏ရဲတိုက် အမှန်စင်စစ်ဖြစ်တော်မူ၏။ ကိုယ်တော်၏ နာမတော်ကို ထောက်၍ အကျွန်ုပ်ကို ဦးဆောင်လမ်းညွန်တော်မူပါ။-
Psal BurCBCM 31:4  အကျွန်ုပ်အတွက် ထောင်ထားသော ကျော့ကွင်းမှ အကျွန်ုပ်ကို လွတ်မြောက်စေတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာရဲတိုက် ဖြစ်တော်မူပါ၏။-
Psal BurCBCM 31:5  ကိုယ်တော်၏ လက်တော်သို့ အကျွန်ုပ်၏ဝိညာဉ်ကို အပ်နှံပါ၏။ သစ္စာရှိသောဘုရား ဖြစ်တော်မူသည့် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူခဲ့လေပြီ။
Psal BurCBCM 31:6  အကျွန်ုပ်သည် တန်ဖိုးမဲ့သောရုပ်တုများအား ဆည်းကပ်သောသူတို့ကို မုန်းတီးပါ၏။ ထာ၀ရဘုရားသခင်၌ အကျွန်ုပ် ယုံကြည်အားကိုးပါ၏။-
Psal BurCBCM 31:7  အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ရှိပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဒုက္ခဝေဒနာကို တွေ့မြင်၍ အကျွန်ုပ်ဝိညာဉ်၏ ဝမ်းနည်းပူဆွေးခြင်းကို သိရှိတော်မူပါ၏။-
Psal BurCBCM 31:8  အကျွန်ုပ်ကို ရန်သူ၏လက်တွင်းသို့အပ်နှံတော်မမူဘဲ ကျယ်ဝန်းသောနေရာအရပ်၌ အခြေကျစေတော်မူပါ၏။
Psal BurCBCM 31:9  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် စိတ်ဒုက္ခရောက်လျက်ရှိသောကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်၏ မျက်စိများသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည်လည်း ပူဆွေးခြင်းဖြင့်လည်းကောင်း အင်အားကုန်ခန်းလျက်ရှိပပြီ။-
Psal BurCBCM 31:10  အကြောင်းမူကား အကျွန်ုပ်၏ ဘ၀အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ သက်တမ်းကာလ သည်လည်း သက်ပြင်းချရခြင်းဖြင့်လည်းကောင်း အချိန်ကုန်လွန်ခဲ့လေပြီ။ အကျွန်ုပ်၏ ဒုက္ခဆင်းရဲကြောင့် အကျွန်ုပ်၏ ခွန်အားများ ချည့်နဲ့လာပြီး အရိုးများသည်လည်း ဆွေးမြည့်လာကြပါပြီ။
Psal BurCBCM 31:11  အကျွန်ုပ်သည် ရန်သူများအတွက် ကဲ့ရဲ့စရာ၊ အိမ်နီးချင်းများအတွက် ရွံရှာစရာနှင့် မိတ်ဆွေများအတွက် ကြောက်ရွံ့စရာ ဖြစ်လေပြီ။ လမ်း၌ အကျွန်ုပ်ကို မြင်တွေ့ကြသောသူတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြပါ၏။-
Psal BurCBCM 31:12  သူတို့သည် အကျွန်ုပ်ကို သေလွန်ပြီးသောသူကဲ့သို့ မေ့လျော့ကြပါပြီ။ အကျွန်ုပ်သည် စွန့်ပစ်ခြင်းခံရသည့် အိုးခြမ်းပဲ့ကဲ့သို့ ဖြစ်ပါ၏။-
Psal BurCBCM 31:13  အကြောင်းမူကား အကျွန်ုပ်သည် လူတို့၏အသရေဖျက်သော စကားများကို ကြားရပါ၏။ ကြောက်မက်ဖွယ်ရာများလည်း ပတ်လည်ဝိုင်း၍နေပါ၏။ သူတို့သည် အကျွန်ုပ်ကိုသတ်ရန် လျှို့ဝှက်ပူးပေါင်း ကြံစည်ကြပါ၏။
Psal BurCBCM 31:14  သို့သော် အကျွန်ုပ်သည် ကိုယ်တော်၌ ယုံကြည်အားကိုးပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်ပါသည်ဟု အကျွန်ုပ်ဆိုပါ၏။-
Psal BurCBCM 31:15  အကျွန်ုပ်၏ နေ့ရက်ကာလများသည် ကိုယ်တော်၏ ရွှေလက်တော်ထဲ၌ရှိပါ၏။ ရန်သူများနှင့် ညှဉ်းပန်းနှိပ်စက်သော သူတို့၏လက်မှ အကျွန်ုပ်ကိုကယ်တော်မူပါ။-
Psal BurCBCM 31:16  ကိုယ်တော်၏ ရွှေမျက်နှာတော်အလင်းကို ကိုယ်တော်၏အစေခံ အကျွန်ုပ်အပေါ်သို့ ထွန်းလင်းစေတော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်ကိုကယ်တော်မူပါ။-
Psal BurCBCM 31:17  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ တောင်းလျှောက်သည်ဖြစ်၍ အကျွန်ုပ်ကို အရှက်ကွဲစေတော်မမူ ပါနှင့်။ ဆိုးယုတ်သောသူတို့သည် အရှက်ကွဲကြရပါစေ။ သူတို့သည် နှုတ်ဆိတ်လျက် မရဏနိုင်ငံသို့သွားကြရပါစေ။-
Psal BurCBCM 31:18  လိမ်ညာပြောဆိုတတ်သော နှုတ်ခမ်းများသည် ဆွံ့အကြပါစေသော်။ အကြောင်းမူကား သူတို့သည် ဖြောင့်မတ်သော သူအား မခန့်လေးစားပြု၍ မာနနှင့် မောက်မာစွာ ပြောဆိုကြပါ၏။
Psal BurCBCM 31:19  ကိုယ်တော့်ကို ကြောက်ရွံ့သောသူတို့အဖို့ သိုမှီးထားတော်မူသော ကောင်းမြတ်ခြင်းနှင့် ကိုယ်တော့်ကို ခိုလှုံသောသူတို့အဖို့ လူအပေါင်းတို့၏ ရှေ့မှောက်၌ ကိုယ်တော်ဆောင်ရွက်ပေးတော်မူသော ကောင်းမြတ်ခြင်းတို့ကား များပြားလှပေ၏။-
Psal BurCBCM 31:20  ကိုယ်တော်သည် သူတို့အား လူတို့၏ လျှို့ဝှက်ကြံစည်ခြင်းမှ ကင်းလွတ်စေရန် မိမိ၏ တည်ရှိတော်မူခြင်းတည်းဟူသော အရိပ်အောက်၌ ဝှက်ထားတော်မူ၏။ စော်ကားပြောဆိုသော လျှာများ၏ဘေးရန်မှ ကင်းဝေးစေရန် ကိုယ်တော်၏တဲတော်တွင် သူတို့ကို ထိန်းသိမ်းထားတော်မူ၏။
Psal BurCBCM 31:21  ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာရှိပါစေ။ အကြောင်းမူကား ငါသည် ရန်သူ၏လက်သို့ ကျရောက်သော မြို့တွင်း၌ ရှိခဲ့စဉ် ကိုယ်တော်သည် ငါ့အား မိမိ၏ခိုင်မြဲသော မေတ္တာတော်ကို အံ့ဖွယ်ကောင်းစွာ ပြသတော်မူခဲ့သောကြောင့်တည်း။-
Psal BurCBCM 31:22  ငါသည် ထိတ်လန့်၍ ပြောဆိုခဲ့သည်မှာ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်မှောက်တော်မှ ဝေးကွာခဲ့ရပါပြီ။ သို့သော် ကယ်တင်တော်မူပါမည့်အကြောင်း ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်ဟစ်အော်သောအခါ ကိုယ်တော်သည် အကျွန်ုပ် တောင်းလျှောက်သောအသံကို နားညောင်းတော်မူခဲ့ပါသည် ဟူ၍ဖြစ်၏။
Psal BurCBCM 31:23  ထာ၀ရဘုရားသခင်ကို ချစ်မြတ်နိုးကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူအပေါင်းတို့၊ ထာ၀ရဘုရားသခင်သည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၍ မာနထောင်လွှားသော သူတို့ကိုမူကား အပြည့်အဝ ဒဏ်ခတ် တော်မူ၏။-
Psal BurCBCM 31:24  ထာ၀ရဘုရားသခင်ကို ကိုးစားသူအပေါင်းတို့၊ သတ္တိရှိကြလော့။ ရဲရင့်သောစိတ် ရှိကြလော့။
Chapter 32
Psal BurCBCM 32:1  မိမိ၏အပြစ်များမှ ဖြေလွှတ်ခြင်းခံရ၍ ကျူးလွန်သောအပြစ်များ ဖယ်ရှားခြင်းခံရသောသူသည် မင်္ဂလာရှိ၏။-
Psal BurCBCM 32:2  ထာ၀ရဘုရားသခင်၏ အပြစ်တင်တော်မူခြင်းနှင့် ကင်းလွတ်၍ လိမ်လည်လှည့်စားမှုကင်းသည့် စိတ်ထားရှိသောသူသည် မင်္ဂလာရှိ၏။
Psal BurCBCM 32:3  အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်များကို ဖော်ပြဝန်ခံခြင်း မပြုသောအခါ တစ်နေ့လုံး ညည်းတွားရခြင်းကြောင့် အကျွန်ုပ်၏ ခန္ဓာကိုယ်သည် အင်အားကုန်ခန်းခဲ့ရပါ၏။-
Psal BurCBCM 32:4  ကိုယ်တော်၏ ရွှေလက်တော်သည် အကျွန်ုပ်အပေါ်တွင် နေ့ရောညပါ လေးလံစွာရှိခဲ့ပါ၏။ သို့ဖြစ်၍ နွေရာသီအပူရှိန်ကြောင့် အစိုဓာတ်သည် ခန်းခြောက်သကဲ့သို့ အကျွန်ုပ်၏ ခွန်အားသည်လည်း ခန်းခြောက်ခဲ့ရပါ၏။
Psal BurCBCM 32:5  အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော့်ထံတွင် ဝန်ခံခဲ့ပါ၏။ အကျွန်ုပ်၏မကောင်းမှုကို ဖုံးကွယ်၍ မထားခဲ့ပါ။ ငါ၏အပြစ်ကျူးလွန်မှုများအတွက် ထာ၀ရဘုရားသခင်ထံတော်သို့ ငါဝန်ချတောင်းပန်မည်ဟု မိမိကိုယ်ကိုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို အပြစ်၏အနှောင်အဖွဲ့မှဖြေလွှတ်တော်မူ၏။
Psal BurCBCM 32:6  သို့ဖြစ်၍ ကိုယ်တော့်အပေါ် သစ္စာရှိသူတိုင်းသည် အခက်အခဲကြုံသောအခါ အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြပါစေ။ သို့မှသာလျှင် ဒုက္ခဆင်းရဲရောက်ချိန်၌ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသောရေတို့သည် သူတို့ထံသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။-
Psal BurCBCM 32:7  ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ ဖြစ်တော်မူ၍ အကျွန်ုပ်ကို ဘေးဒုက္ခမှကင်းလွတ်စေရန် ကာကွယ်စောင့်ရှောက် တော်မူ၏။ ကိုယ်တော်သည် ကယ်တင်ခြင်းနှင့်ဆိုင်သော သီချင်းများဖြင့် အကျွန်ုပ်ကိုခြံရံစေတော်မူ၏။
Psal BurCBCM 32:8  ထာ၀ရဘုရားသခင်က ငါသည် သင့်ကို သွန်သင်မည်။ သင်လျှောက်လှမ်းရမည့်လမ်းကိုညွှန်ပြမည်။ ငါသည် သင့်ကို မျက်ခြည်မပြတ်စောင့်ကြည့်၍ အကြံဉာဏ်ပေးမည်။-
Psal BurCBCM 32:9  ဉာဏ်မဲ့သောမြင်း၊ သို့မဟုတ် လားကဲ့သို့ မဖြစ်စေနှင့်။ ၎င်း၏ဒေါသကို ပါးစပ်တွင် ဇက်ခွံ့ ၍ ဇက်ကြိုးဖြင့် ထိန်းထားရ၏။ သို့မဟုတ်လျှင် ၎င်းသည် သင်၏အနီးသို့ လာလိမ့်မည်မဟုတ်။
Psal BurCBCM 32:10  ဆိုးယုတ်သောသူတို့သည် များစွာသောညှဉ်းပန်း နှိပ်စက်မှုဒဏ်ကိုခံကြရ၏။ ထာ၀ရဘုရားသခင်ကို ခိုလှုံကိုးစားသော သူတို့မူကား ခိုင်မြဲသော မေတ္တာတရားဖြင့် လွှမ်းခြုံခြင်းကိုခံရ၏။-
Psal BurCBCM 32:11  ဖြောင့်မတ်သူအပေါင်းတို့၊ ထာ၀ရဘုရားသခင်၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ စိတ်နှလုံးဖြူစင်သောသူတို့၊ ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
Chapter 33
Psal BurCBCM 33:1  ဖြောင့်မတ်သောသင်တို့၊ ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြလော့။ ထောမနာပြုခြင်းသည် ဖြောင့်မတ်သူတို့ အတွက် သင့်လျော်လှပေ၏။-
Psal BurCBCM 33:2  စောင်းတီး၍ ထာ၀ရဘုရားသခင်အား ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော စောင်းကိုတီး၍ ထာ၀ရဘုရားသခင်ကို သီဆိုကျူးအေးကြလော့။-
Psal BurCBCM 33:3  ကိုယ်တော်၏ရှေ့တော်၌ သီချင်းအသစ်ကို သီဆိုကြလော့။ ကြိုးတပ်တူရိယာတို့ကို ကျွမ်းကျင်စွာ တီးခတ်၍ ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
Psal BurCBCM 33:4  အကြောင်းမူကား ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် မှန်ကန်ဖြောင့်မတ်ပေ၏။ ကိုယ်တော် လုပ်ဆောင် တော်မူသမျှတို့သည် သစ္စာတရားနှင့် လျော်ညီကြ၏။-
Psal BurCBCM 33:5  ထာ၀ရဘုရားသခင်သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်မှန်ကန်ခြင်းတို့ကို နှစ်သက်မြတ်နိုးတော်မူ၏။ ကမ္ဘာမြေကြီးသည် ထာ၀ရဘုရားသခင်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ပြည့်၀လျက်ရှိ၏။
Psal BurCBCM 33:6  ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားအားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်မှ ဝင်သက်ထွက်သက် အားဖြင့် များပြားလှသော ကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။-
Psal BurCBCM 33:7  ကိုယ်တော်သည် သမုဒ္ဒရာရေရှိသမျှတို့ကို တစ်နေရာတည်းတွင် စုဝေးစေ၍ နက်ရှိုင်းသော သမုဒ္ဒရာများကိုလည်း လုံခြုံသောအရပ်တွင် သိုလှောင်ထားတော်မူ၏။
Psal BurCBCM 33:8  ကမ္ဘာတစ်ဝန်းလုံးသည် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြပါစေ။ ကမ္ဘာပေါ်တွင် နေထိုင်ကြသူ အပေါင်းတို့သည် ထာ၀ရဘုရားသခင်အား ကြောက်ရွံ့ရိုသေကြပါစေ။-
Psal BurCBCM 33:9  အကြောင်းမူကား ထာ၀ရဘုရားသခင် မိန့်မြွက်တော်မူသောအခါ ကမ္ဘာလောကသည် ဖြစ်ပေါ်လာ၏။ ကိုယ်တော် အမိန့်ပေး တော်မူသောအခါ ခပ်သိမ်းသော အရာတို့သည် ခိုင်ခံ့စွာ ပေါ်ပေါက်လာကြ၏။
Psal BurCBCM 33:10  ထာ၀ရဘုရားသခင်သည် လူမျိုးတကာတို့၏ ရည်မှန်းချက်များကို ပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည် များကိုလည်း အထမမြောက်စေရန် ဆီးတားတော်မူ၏။-
Psal BurCBCM 33:11  သို့သော် ထာ၀ရဘုရားသခင်၏ အကြံဉာဏ်သည် ထာ၀စဉ်တည်၍ ကိုယ်တော့်စိတ်နှလုံး၏ အကြံအစည်တို့သည်လည်း လူမျိုးအဆက်ဆက်၌ သက်ရောက်လေ၏။-
Psal BurCBCM 33:12  ထာ၀ရဘုရားသခင်ကို မိမိတို့၏ဘုရားအဖြစ် ခံယူသောလူမျိုးသည် မင်္ဂလာရှိ၏။ ကိုယ်တော်သည် ထိုလူမျိုးကို မိမိ၏အမွေခံအဖြစ် ရွေးချယ်တော်မူ၏။
Psal BurCBCM 33:13  ထာ၀ရဘုရားသခင်သည် ကောင်းကင်မှ ကြည့်ရှုတော်မူရာတွင် လူသားအပေါင်းတို့ကို မြင်တော်မူ၏။-
Psal BurCBCM 33:14  ကိုယ်တော်သည် မိမိစံမြန်းတော်မူသော နေရာမှ ကမ္ဘာပေါ်တွင် နေထိုင်သူအပေါင်းတို့ကို စောင့်ထိန်းကြည့်ရှုတော်မူ၏။-
Psal BurCBCM 33:15  ကိုယ်တော်သည် သူတို့၏စိတ်နှလုံးများကို ပုံသွင်းတော်မူ၍ သူတို့ကျင့်ကြံသမျှတို့ကို ကြည့်ရှုလေ့လာတော်မူ၏။-
Psal BurCBCM 33:16  ရှင်ဘုရင်တစ်ပါးသည် မိမိ၏ခွန်အားကြောင့် စစ်အောင်နိုင်သည်မဟုတ်။ စစ်သူရဲသည် မိမိ၏ ကြီးမားသောခွန်အားကြောင့် အသက်ချမ်းသာရာရ သည်မဟုတ်။-
Psal BurCBCM 33:17  စစ်မြင်းမှာလည်း အောင်မြင်မှုအတွက် မျှော်လင့်ချက်မဟုတ်။ ၎င်း၏ခွန်အားကြီးမားမှုဖြင့် ကယ်တင်နိုင်မည်မဟုတ်။
Psal BurCBCM 33:18  သို့သော်လည်း ထာ၀ရဘုရားသခင်သည် မိမိအား ကြောက်ရွံ့ကြသော သူအပေါင်းတို့နှင့် မိမိ၏ခိုင်မြဲသော မေတ္တာတော်ကို မျှော်လင့်ကိုးစားကြသော သူအပေါင်းတို့ အား၊-
Psal BurCBCM 33:19  သေဘေးမှကင်းလွတ်စေပြီး အစာခေါင်းပါးသည့် ကာလ၌ အသက်ရှင်စေရန် ကြည့်ရှုလျက်ရှိတော်မူ၏။
Psal BurCBCM 33:20  ငါတို့သည် ထာ၀ရဘုရားသခင်ကို စောင့်ငံ့လျက်ရှိပါ၏။ ကိုယ်တော်သည် ငါတို့အား ကူညီမစသူနှင့် အကာအကွယ်ပေးသူ ဖြစ်တော်မူ၏။-
Psal BurCBCM 33:21  အကြောင်းမူကား ငါတို့၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြ၍ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ငါတို့ကိုးစားကြပါ၏။-
Psal BurCBCM 33:22  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မျှော်လင့်ကိုးစားကြသည်နှင့်အညီ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကို အကျွန်ုပ်တို့အပေါ် သက်ရောက်စေတော်မူပါ။
Chapter 34
Psal BurCBCM 34:1  ငါသည် ထာ၀ရဘုရားသခင်ကို အစဉ်ချီးမွမ်းထောမနာပြုပါမည်။ ငါ၏နှုတ်ဖျားသည် ကိုယ်တော့်ကို အမြဲမပြတ် ချီးမွမ်းပါမည်။-
Psal BurCBCM 34:2  ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၌ ဂုဏ်ယူဝံ့ကြွားပါမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေ။-
Psal BurCBCM 34:3  ငါနှင့်အတူ ထာ၀ရဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြကုန်စို့။
Psal BurCBCM 34:4  ငါသည် ထာ၀ရဘုရားသခင်ကို ရှာသောအခါ ကိုယ်တော်သည် ငါ့ကိုတုံ့ပြန်တော်မူ၍ ငါ၏ကြောက်ရွံ့စိုးရိမ်ဖွယ်ရာ ဟူသမျှမှ ငါ့ကို လွတ်မြောက်စေတော်မူ၏။-
Psal BurCBCM 34:5  ကိုယ်တော့်ကို မျှော်ကြည့်ကြလော့။ သင်တို့သည် ပျော်ရွှင်မှုဖြင့် ထွန်းလင်းကြလိမ့်မည်။ သင်တို့၏မျက်နှာများသည် မည်သည့်အခါမျှ ရှက်ကြောက်ခြင်းနှင့် ဖုံးလွှမ်းခံရလိမ့်မည်မဟုတ်။-
Psal BurCBCM 34:6  ဆင်းရဲသောသူသည် အော်ဟစ်၍ ထာ၀ရဘုရားသခင်သည် သူ့ကို နားညောင်းပြီးလျှင် ဘေးဒုက္ခအပေါင်းမှကယ်တော်မူ၏။-
Psal BurCBCM 34:7  ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် ကိုယ်တော့်ကို ကြောက်ရွံ့သောသူတို့အား ဝန်းရံစောင့်ရှောက်၍ ကယ်တင်တော်မူ၏။-
Psal BurCBCM 34:8  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်းကို မြည်းစမ်း၍ ကြည့်ကြလော့။ ကိုယ်တော်၏ အထံတော်၌ ခိုလှုံသောသူတို့သည် မင်္ဂလာရှိကြ၏။-
Psal BurCBCM 34:9  ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းသူအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြလော့။ ထာ၀ရဘုရားသခင်အား ကြောက်ရွံ့သူတို့သည် မည်သည့်အရာကိုမျှ လိုအပ်လိမ့်မည်မဟုတ်။-
Psal BurCBCM 34:10  ပျိုရွယ်သော ခြင်္သေ့များပင်လျှင် အစာချို့တဲ့၍ ငတ်မွတ်ကြလိမ့်မည်။ ထာ၀ရဘုရားသခင်ကို ရှာသောသူတို့မူကား ကောင်းသည့်အရာ တစ်စုံတစ်ခုမျှ ချို့တဲ့ကြလိမ့်မည်မဟုတ်။
Psal BurCBCM 34:11  ငါ၏သားသမီးတို့၊ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြရန် သင်တို့အား ငါသင်ကြားပေးမည်။-
Psal BurCBCM 34:12  သင်တို့တွင် မည်သူသည် လူ့ဘ၀ကို မြတ်နိုးပါသနည်း။ မည်သူသည် ကောင်းမြတ်သော နေ့ရက်ကာလတို့ကို လိုလားပါ သနည်း။-
Psal BurCBCM 34:13  သင်၏လျှာကို မကောင်းမှုမှ ကင်းဝေးစေ၍ သင်၏နှုတ်ခမ်းများသည်လည်း မုသားစကားပြောခြင်းမှ ရှောင်ကြဉ်လော့။-
Psal BurCBCM 34:14  မကောင်းမှုကိုစွန့်ခွာ၍ ကောင်းမှုကို ပြုကျင့်လော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ လိုက်နာကျင့်သုံးလော့။
Psal BurCBCM 34:15  ထာ၀ရဘုရားသခင်၏ မျက်စိတော်တို့သည် ဖြောင့်မတ်သော သူတို့အပေါ်တွင်ရှိ၍ ရွှေနားတော်တို့သည်လည်း သူတို့၏ အော်ဟစ်သံကို နားညောင်းတော်မူ၏။-
Psal BurCBCM 34:16  ထာ၀ရဘုရားသခင်သည် မကောင်းမှုပြုသူတို့ကို မျက်နှာလွှဲခြင်းဖြင့် ကမ္ဘာလောကတွင် သူတို့အား သတိရခြင်းကို ဖြတ်တောက်တော်မူ၏။-
Psal BurCBCM 34:17  ဖြောင့်မတ်သောသူတို့သည် ထာ၀ရဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်သောအခါ ကိုယ်တော်သည် သူတို့ကို နားညောင်းတော်မူ၍ သူတို့အား ဆင်းရဲဒုက္ခအပေါင်းတို့မှ ကယ်ဆယ်တော်မူ၏။-
Psal BurCBCM 34:18  ထာ၀ရဘုရားသခင်သည် စိတ်နှလုံးကြေကွဲသော သူတို့၏အနီးတွင် ရှိတော်မူ၍ စိတ်နှလုံးကျိုးပဲ့ကြွေမွသော သူတို့ကို ကယ်တင်တော်မူ၏။
Psal BurCBCM 34:19  ဖြောင့်မတ်သောသူတို့ ခံထမ်းရသော ညှဉ်းပန်းနှိပ်စက်မှုများသည် များပြားသော်လည်း ထာ၀ရဘုရားသခင်သည် ခပ်သိမ်းသော ဆင်းရဲဒုက္ခတို့မှ သူတို့ကို ကယ်နုတ်တော်မူ၏။-
Psal BurCBCM 34:20  ကိုယ်တော်သည် သူတို့၏အရိုးရှိသမျှတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသည်ဖြစ်၍ သူတို့၏အရိုးတစ်ချောင်းမျှပင် ကျိုးပဲ့ရလိမ့်မည်မဟုတ်။-
Psal BurCBCM 34:21  အပြစ်ဒုစရိုက်သည် ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးပြီး ဖြောင့်မတ်သောသူတို့၏ ရန်သူတို့သည်လည်း အပြစ်ဒဏ်စီရင်ခြင်း ခံရလိမ့်မည်။-
Psal BurCBCM 34:22  ထာ၀ရဘုရားသခင်သည် မိမိ၏အစေခံတို့ကို ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော့်ကို မှီခိုအားထားသောသူ တစ်ဦးတစ်ယောက်မျှ အပြစ်စီရင်ခြင်း ခံရလိမ့်မည်မဟုတ်။
Chapter 35
Psal BurCBCM 35:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ပြိုင်ဆိုင်သူတို့နှင့် ပြိုင်ဆိုင်တော်မူပါ။ အကျွန်ုပ်အား တိုက်ခိုက်သူတို့ကိုလည်း တိုက်ခိုက်တော်မူပါ။-
Psal BurCBCM 35:2  ဒိုင်းကြီး၊ ဒိုင်းငယ်တို့ကို ကိုင်ဆောင်၍ အကျွန်ုပ်ကိုကူညီရန် ကြွလာတော်မူပါ။-
Psal BurCBCM 35:3  အကျွန်ုပ်ကို လိုက်လံဖမ်းဆီးသော သူတို့အား လှံတို၊ လှံရှည်နှင့် ချိန်ရွယ်၍ တားဆီးတော်မူပါ။ ငါသည် သင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော်မူပါ။
Psal BurCBCM 35:4  အကျွန်ုပ်၏ အသက်အန္တရာယ်ကို ရန်ရှာသောသူတို့သည် အသရေပျက်၍ အရှက်ကွဲကြရပါစေ။ အကျွန်ုပ်ကို ပျက်စီးရန် ရှာကြံကြသောသူတို့သည် ကြောက်လန့်၍ နောက်ဆုတ်ထွက်ပြေးကြရပါစေ။-
Psal BurCBCM 35:5  ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူတို့ကို မောင်းထုတ်လျက် သူတို့သည် လေတွင်လွင့်ပါသွားသောဖွဲကဲ့ သို့ဖြစ်ကြရပါစေ။-
Psal BurCBCM 35:6  ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူတို့ကိုတိုက်ခိုက်လျက် သူတို့ပြေးရာလမ်းသည် မှောင်မိုက်ပြီး ချော်လဲစေသောလမ်း ဖြစ်ပါစေ။
Psal BurCBCM 35:7  အဘယ်ကြောင့်ဆိုသော် သူတို့သည် အကြောင်းမရှိဘဲလျက် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်၍ အကျွန်ုပ်၏ဘ၀ ပျက်စီးရန် တွင်းကိုတူးကြပါ၏။-
Psal BurCBCM 35:8  ပျက်စီးခြင်းသည် သူတို့အပေါ်သို့ အမှတ်တမဲ့ကျရောက်ပါစေ။ သူတို့သည် မိမိတို့ထောင်သည့် ကျော့ကွင်း၌ ပြန်မိကြလျက် မိမိတို့တူးသော တွင်းထဲသို့ကျ၍ ပျက်စီးဆုံးရှုံးကြပါစေ။
Psal BurCBCM 35:9  ထိုအခါ ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်၍ ကိုယ်တော်၏ ကယ်တင်တော်မူခြင်း၌ ပျော်မွေ့ရပါလိမ့်မည်။-
Psal BurCBCM 35:10  ငါ၏အရိုးများက အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်နှင့် မည်သူတူပါသနည်း။ ကိုယ်တော်သည် အားငယ်သောသူကို အားကြီးသူ၏ ဘေးရန်မှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူတို့ကို လုယက်တတ်သူတို့၏ ဘေးရန်မှလည်းကောင်း ကယ်နုတ် တော်မူပါ၏ဟု ကြွေးကြော်ကြလိမ့်မည်။
Psal BurCBCM 35:11  ဆိုးညစ်လျက် မမှန်ကန်သော သက်သေတို့သည် ပေါ်ထွက်လာကြ၍ အကျွန်ုပ်စိုးစဉ်းမျှပင် မသိရှိသော အကြောင်း အရာများကို စစ်ဆေးမေးမြန်းကြပါ၏။-
Psal BurCBCM 35:12  သူတို့သည် ငါ့အား အကောင်းကို မကောင်းနှင့်တုံ့ပြန်ကြ၍ ငါ၏ဝိညာဉ်သည် မျှော်လင့်ခြင်းကင်းမဲ့လျက်ရှိ၏။-
Psal BurCBCM 35:13  ငါမူကား ထိုသူတို့ ဖျားနာသောအခါ လျှော်တေအဝတ်ကို ဝတ်ဆင်၍ အစာရှောင်လျက် ခြိုးခြံစွာကျင့်ခဲ့၏။ ငါသည် ဦးခေါင်းကိုညွှတ်ကာ စိတ်အားထက်သန်စွာ ဆုတောင်းပေးခဲ့၏။-
Psal BurCBCM 35:14  ငါသည် သူတို့ကို ငါ၏မိတ်ဆွေ၊ သို့မဟုတ် ညီအစ်ကိုကဲ့သို့ သဘောထား၍ မိမိ၏မိခင် သေဆုံးသည့်အတွက် ပူဆွေးငိုကြွေးနေသော သူတစ်ဦးပမာ ခေါင်းငိုက်စိုက်ချလျက် ဝမ်းနည်းခြင်းဖြင့် သွားလာခဲ့၏။
Psal BurCBCM 35:15  သို့သော် ငါဒုက္ခရောက်သောအခါ သူတို့အားလုံးသည် ဝမ်းသာပျော်ရွှင်ခြင်းနှင့် စုဝေးကြ၏။ သူတို့သည် အတူတကွစုရုံး၍ ငါ့ကိုဆန့်ကျင်ကြ၏။ တိုက်ခိုက်သူတို့သည် အမှတ်တမဲ့စုရုံးရောက်ရှိလာ၍ ငါ့ကို အသရေပျက်အောင် အဆက်မပြတ်ပြုကြ၏။-
Psal BurCBCM 35:16  ဘုရားတရားမဲ့သူတို့ ကဲ့သို့ သူတို့သည် ငါ့ကို အငြိုးနှင့်လှောင်ပြောင်ကဲ့ရဲ့ ကြ၍ အံကြိတ်ကြ၏။
Psal BurCBCM 35:17  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မည်မျှကြာသည်အထိ ဆက်၍ကြည့်နေတော်မူမည်နည်း။ အကျွန်ုပ်ကို သူတို့၏ အပြင်းအထန်တိုက်ခိုက်မှုများမှလည်းကောင်း၊ အကျွန်ုပ်၏အသက်ကို ခြင်္သေ့တို့၏ လက်မှလည်းကောင်း ကယ်တင်တော်မူပါ။-
Psal BurCBCM 35:18  ထိုအခါ အကျွန်ုပ်သည် ကြီးမားသော လူအစုအဝေးထဲတွင် ကိုယ်တော့်ကို ကျေးဇူးဆပ်တင်ပါမည်။ ကြီးမားသော ပရိသတ်ကြီး အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီး မွမ်းဩဘာပေးပါမည်။
Psal BurCBCM 35:19  အကျွန်ုပ်၏ ကောက်ကျစ်သော ရန်သူတို့သည် အကျွန်ုပ်အရေးနိမ့်ရသည့်အတွက် ဝမ်းမြောက်ရွှင်လန်းသော အခွင့်ကို ပေးတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းတီးသောသူတို့အားလည်း အကြောင်းမဲ့လှောင်ပြောင်ခွင့်ကို ပေးတော်မမူပါနှင့်။-
Psal BurCBCM 35:20  အကြောင်းမူကား သူတို့သည် ငြိမ်းချမ်းရေးစကားကို မပြောကြဘဲ အေးချမ်းစွာနေထိုင်သော သူတို့ကို ဆန့်ကျင်၍ မဟုတ်မမှန် စွပ်စွဲလျက် လုပ်ကြံပြောဆိုကြ၏။-
Psal BurCBCM 35:21  သူတို့သည် မိမိတို့၏နှုတ်ကို ကျယ်စွာဖွင့်လျက် ဟားတိုက်ကာ သင်ပြုသောအမှုကို ငါတို့၏မျက်စိနှင့် မြင်ခဲ့ကြရပြီဟု ဆိုကြပါ၏။
Psal BurCBCM 35:22  အိုထာ၀ရဘုရားသခင်၊ ဤအမှုကို ကိုယ်တော်မြင်တော်မူခဲ့သည်ဖြစ်၍ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ အို ထာ၀ရ ဘုရားသခင်၊ အကျွန်ုပ်နှင့်လည်း ဝေးစွာနေတော်မမူပါနှင့်။-
Psal BurCBCM 35:23  အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ထာ၀ရဘုရားသခင်၊ နိုးထတော်မူပါ။ အကျွန်ုပ် ဖြောင့်မတ်မှန်ကန်သည့်အကြောင်းကို ခုခံရန် ကာကွယ်ပြောဆိုတော်မူပါ။-
Psal BurCBCM 35:24  အို အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ တရားမျှတတော်မူခြင်းနှင့်အညီ အကျွန်ုပ်ကို စီရင်တော်မူပါ။ အကျွန်ုပ်ရန်သူများသည် အကျွန်ုပ်အပေါ် အနိုင်ယူဝမ်းမြောက်ခြင်း မဖြစ်ပါစေနှင့်။-
Psal BurCBCM 35:25  ငါတို့၏အလို ဆန္ဒပြည့်ပြီ။ သင့်ကို ငါတို့အနိုင်ရပြီဟူ၍ ပြောဆိုခွင့်ကို သူတို့အား ပေးတော်မမူပါနှင့်။
Psal BurCBCM 35:26  အကျွန်ုပ် ဘေးဒုက္ခရောက်သောကြောင့် ဝမ်းသာအားရဖြစ်ကြသော သူတို့သည် အရှက်ကွဲ၍ တွေဝေကြပါစေ။ အကျွန်ုပ်အပေါ် အနိုင်ယူ၍ မိမိကိုယ်ကို ချီးမြှောက်ကြသော သူတို့သည် အရှက်ကွဲမှု၊ အသရေပျက်မှုတို့နှင့် လွှမ်းခြုံခြင်း ခံကြရပါစေ။
Psal BurCBCM 35:27  အကျွန်ုပ်၏အပြစ်ကင်းခြင်းအတွက် ပျော်ရွှင်ဝမ်းမြောက်သောသူတို့သည် ဝမ်းသာအားရ အော်ဟစ်ကြ၍ မိမိအစေခံ၏ ကောင်းစားခြင်းကို နှစ်သက်တော်မူသော ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူပေ၏ဟု အစဉ်မပြတ် ကြွေးကြော် ကြပါစေ။-
Psal BurCBCM 35:28  ထိုအခါ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ထုတ်ဖော်ကြေညာ၍ ကိုယ်တော်ရှင်အား တစ်နေ့လုံး ချီးမွမ်းထောမနာပြုပါမည်။
Chapter 36
Psal BurCBCM 36:1  အပြစ်သည် လူယုတ်မာ၏ နက်ရှိုင်းသော နှလုံးသားအတွင်း၌ တီးတိုးစကား ပြောဆိုလျက်နေ၏။ သူ၏အမြင်၌ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမှန်း မသိပေ။-
Psal BurCBCM 36:2  အကြောင်းမူကား သူသည် သူ၏အမြင်၌ မိမိကိုယ်ကို အထင်ကြီးလွန်းသဖြင့် အပြစ်ကို မတွေ့မြင်နိုင်၊ မမုန်းတီးနိုင်ချေ။-
Psal BurCBCM 36:3  သူပြောဆိုသမျှတို့သည် ဆိုးညစ်၍ မုသားအတိပြီး၏။ သူသည် ပညာရှိသူ၊ ကောင်းမှုပြုသူ မဟုတ်တော့ပေ။-
Psal BurCBCM 36:4  သူသည် အိပ်ရာပေါ်တွင် ရှိနေစဉ်ပင် မကောင်းမှုကိုကြံစည်ပြီး အပြစ်ဒုစရိုက်လမ်းစဉ်ကို ကျင့်သုံး၍ မကောင်းမှုကို မစွန့်ပစ်ပေ။
Psal BurCBCM 36:5  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် ကောင်းကင်သို့ တိုင်အောင်လည်းကောင်း၊ ကိုယ်တော်၏ သစ္စာတော်သည် မိုးတိမ်သို့တိုင်အောင်လည်းကောင်း ရောက်ပါ၏။-
Psal BurCBCM 36:6  ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းသည် ကြီးမားသော တောင်တန်းများကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏ တရားစီရင်တော်မူချက်တို့သည် နက်ရှိုင်းသော သမုဒ္ဒရာကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ ကိုယ်တော်သည် လူသားနှင့် သားရဲ တိရစ္ဆာန်တို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။
Psal BurCBCM 36:7  အိုဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာအဖိုးထိုက်တန်ပါ၏။ လူသားတို့သည် ကိုယ်တော့် အတောင်တော်များ၏ အရိပ်အောက်တွင် ခိုလှုံကြပါ၏။-
Psal BurCBCM 36:8  သူတို့သည် ကိုယ်တော့်အိမ်တော်၏ ကြွယ်၀ခြင်း၌ ပွဲခံကြလျက် ကိုယ်တော်သည် သူတို့အား ဝမ်းမြောက်ရွှင်လန်းခြင်း၏ စမ်းရေကို သောက်သုံးရန် ပေးတော်မူ၏။-
Psal BurCBCM 36:9  အကြောင်းမူကား ကိုယ်တော်သာလျှင် အသက်ရှင်ခြင်းစမ်းရေ ဖြစ်တော်မူ၍ ကိုယ်တော်၏ အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကိုမြင်ကြရပါ၏။
Psal BurCBCM 36:10  ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ စိတ်နှလုံး ဖြောင့်မတ်သောသူတို့အား ကိုယ်တော်၏ ကယ်တင်ခြင်းကို ပေးတော်မူပါ။-
Psal BurCBCM 36:11  မာနထောင်လွှားသူတို့၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ ဆိုးယုတ်သူတို့၏လက်သည် အကျွန်ုပ်ကို နှင်ထုတ်ခွင့် မရပါစေနှင့်။-
Psal BurCBCM 36:12  ဒုစရိုက်ကိုပြုသော သူတို့သည် မည်ကဲ့သို့ လဲကျသည်ကို ကြည့်ကြလော့။ သူတို့သည် လဲကျပြီး ထိုနေရာမှ တစ်ဖန်ပြန်၍ မထနိုင်ကြတော့ပေ။
Chapter 37
Psal BurCBCM 37:1  ဆိုးယုတ်သော သူတို့ကြောင့် စိတ်ပူပန်ခြင်းမရှိကြနှင့်။ မကောင်းမှုကိုပြုသော သူတို့ကို မငြူစူကြနှင့်။-
Psal BurCBCM 37:2  အကြောင်းမူကား သူတို့သည် မြက်ပင်ကဲ့သို့ လျင်မြန်စွာ ခြောက်သွေ့၍ စိမ်းလန်းသော အပင်ငယ် ညှိုးနွမ်းသွားသကဲ့သို့ ညှိုးနွမ်းသွားကြလိမ့်မည်။
Psal BurCBCM 37:3  ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုကြလော့။ သင်သည် ပြည်တော်တွင် နေထိုင်ရ၍ လုံခြုံစိတ်ချစွာ အသက်ရှင်ရလိမ့်မည်။-
Psal BurCBCM 37:4  ထာ၀ရဘုရားသခင်၌ မွေ့လျော်ခြင်းရှိလော့။ ကိုယ်တော်သည် သင့်စိတ်နှလုံး၏အလိုဆန္ဒများကို ပေးသနားတော် မူလိမ့်မည်။
Psal BurCBCM 37:5  သင်၏ဘ၀လမ်းစဉ်ကို ထာ၀ရဘုရားသခင်ထံသို့ အပ်နှံလော့။ ကိုယ်တော့်အပေါ် ယုံကြည်ကိုးစားလော့။ ထိုအခါ ကိုယ်တော်သည် တာဝန်ယူ ဆောင်ရွက်တော်မူလိမ့်မည်။-
Psal BurCBCM 37:6  ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတစွာ ပြုမူခြင်းကို မွန်းတည့်နေရောင်ခြည် ကဲ့သို့လည်းကောင်း ထွန်းလင်းတောက်ပစေလိမ့်မည်။
Psal BurCBCM 37:7  ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ ဆိတ်ငြိမ်စွာနေ၍ စိတ်ရှည်စွာ စောင့်ငံ့နေလော့။ မကောင်းသော နည်းလမ်း အကြံအစည်များကို အသုံးပြု၍ ဆောင်ရွက်လေသမျှတို့၌ ကြီးပွားအောင်မြင်သူတို့ကြောင့် ပူပန်သောကမရောက်စေနှင့်။
Psal BurCBCM 37:8  အမျက်ဒေါသမထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပစ်လော့။ ပူပန်သောကမရှိနှင့်။ ပူပန်သောကသည် ဆိုးကျိုးကိုသာ ပေးတတ်၏။-
Psal BurCBCM 37:9  ဒုစရိုက်ကို ပြုသောသူတို့သည် ပယ်ရှင်းဖြတ်တောက်ခြင်းကို ခံရလိမ့်မည်။ ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစားသော သူတို့မူကား ပြည်တော်ကို အမွေခံကြရလိမ့်မည်။
Psal BurCBCM 37:10  တစ်ခဏတာအချိန်အတွင်း၌ ဆိုးယုတ်သောသူတို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။ သင်သည် သူတို့ကို စေ့စေ့ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။-
Psal BurCBCM 37:11  စိတ်နှိမ့်ချသော သူတို့မူကား ပြည်တော်ကို အမွေခံရ၍ ကြွယ်၀ချမ်းသာခြင်း၌ မွေ့လျော်ကြလိမ့်မည်။
Psal BurCBCM 37:12  ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအား မကောင်းကြံစည်လျက် အံကြိတ်၍ ကြည့်တတ်၏။-
Psal BurCBCM 37:13  သို့သော် ထာ၀ရဘုရားသခင်သည် သူ့ကိုကြည့်၍ ပြုံးရယ်တော်မူ၏။ အကြောင်းမူကား သူတို့၏နေ့ရက်သည် ကျရောက်တော့မည် ဖြစ်ကြောင်းကို ကိုယ်တော် သိမြင်တော်မူသောကြောင့်တည်း။
Psal BurCBCM 37:14  ဆိုးယုတ်သောသူသည် ဆင်းရဲနွမ်းပါးသောသူတို့အား ပြိုလဲပျက်စီးစေရန်လည်းကောင်း၊ ဖြောင့်မတ်စွာ လျှောက်လှမ်းသော သူတို့အား သတ်ဖြတ်ရန်လည်းကောင်း ဓားများကိုထုတ်၍ လေးများကိုတင်ကြ၏။-
Psal BurCBCM 37:15  သူတို့၏ဓားများသည် သူတို့၏နှလုံးကိုသာလျှင် ထိုးဖောက်၍ သူတို့၏ လေးမြားတို့သည်လည်း ကျိုးပဲ့ကြလိမ့်မည်။
Psal BurCBCM 37:16  ဖြောင့်မတ်သော သူ၏ဥစ္စာပစ္စည်းအနည်းငယ်သည် ဆိုးယုတ်သောသူတို့၏ ကြွယ်၀သော ပစ္စည်းဥစ္စာထက် ပို၍ တန်ဖိုးရှိ၏။-
Psal BurCBCM 37:17  အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့၏ ခွန်အားကို ချိုးဖျက်၍ ဖြောင့်မတ်သော သူတို့အား ကူညီမစတော်မူသောကြောင့်တည်း။
Psal BurCBCM 37:18  ထာ၀ရဘုရားသခင်သည် အပြစ်တင်ခွင့်ကင်းသူ တို့၏နေ့ရက်များကို သိတော်မူ၍ ထိုသူတို့၏ အမွေအနှစ်သည်လည်း ကာလအစဉ်အဆက် တည်လေ၏။-
Psal BurCBCM 37:19  သူတို့သည် ဘေးအန္တရာယ်နှင့် ကြုံရသည့်အခါ၌ အရှက်တကွဲ ဖြစ်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးသော အချိန်ကာလ၌ သူတို့တွင် အစာရေစာ ပေါများကြလိမ့်မည်။
Psal BurCBCM 37:20  သို့ရာတွင် ဆိုးယုတ်သောသူတို့မူကား ပျက်စီးခြင်းသို့ ရောက်ကြရမည်။ ထာ၀ရဘုရားသခင်၏ ရန်သူတို့မှာမူ ကွင်းပြင်၌ရှိသော မြက်စိမ်းပင်များကဲ့သို့ ခြောက်သွေ့ကာ မီးခိုးအဖြစ် ပျောက်ကွယ်သွားကြလိမ့်မည်။
Psal BurCBCM 37:21  ဆိုးယုတ်သောသူတို့သည် ချေးငှားပြီး နောက်ပြန်၍ မပေးဆပ်တတ်။ ဖြောင့်မတ်သော သူတို့မူကား ရက်ရောသောစိတ်ရှိ၍ အစဉ်အမြဲပေးကမ်းတတ်လေ၏။-
Psal BurCBCM 37:22  ထာ၀ရဘုရားသခင်၏ ကောင်းချီးတော်ကို ခံရသောသူတို့သည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကိုယ်တော်၏ ကျိန်ဆိုတော်မူခြင်းကို ခံရသော သူတို့မူကား ဖယ်ရှားဖြတ်တောက်ခြင်း ခံကြရလိမ့်မည်။
Psal BurCBCM 37:23  ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူ၏ ခြေလှမ်းများကို ခိုင်မြဲစေတော်မူ၏။ ကိုယ်တော်သည် ထိုသူတို့ကို မိမိမြတ်နိုးတော်မူသော လမ်းစဉ်၌ ခိုင်မြဲစေတော်မူ၏။-
Psal BurCBCM 37:24  ထာ၀ရဘုရားသခင်သည် သူ့အား လက်တော်ဖြင့် ကူညီမစတော်မူသောကြောင့် သူသည် ခြေချော်သော်လည်း လဲကျ လိမ့်မည်မဟုတ်။
Psal BurCBCM 37:25  ငါသည် ငယ်ရွယ်သောသူဖြစ်ခဲ့ပြီး ယခုအခါ၌မူ အသက်ကြီးရင့်လေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် ထာ၀ရ ဘုရားသခင်၏ စွန့်ပစ်ခြင်းခံရသည်ကို လည်းကောင်း၊ သူ၏သားမြေးတို့သည် တောင်းရမ်းစားသောက်ကြရသည်ကို လည်းကောင်း မတွေ့မမြင်ဖူးခဲ့ပေ။-
Psal BurCBCM 37:26  သူသည် အစဉ်ရက်ရောစွာ ပေးကမ်းချေးငှား၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာဖြစ်ကြ၏။
Psal BurCBCM 37:27  မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုများကို ပြုကျင့်လော့။ ဤသို့ပြုကျင့်လျှင် သင်သည် အစဉ်အမြဲ တည်နေလိမ့်မည်။-
Psal BurCBCM 37:28  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် တရားမျှတမှုကို နှစ်သက်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် မိမိအပေါ် သစ္စာရှိသူတို့အား စွန့်ပစ်ထားတော်မမူ။ ဖြောင့်မတ်သော သူတို့သည် ဘေးရန်ကင်းစွာ စောင့်ရှောက်ခြင်း ခံကြရလိမ့်မည်။ ဆိုးယုတ်သောသူ၏ သားမြေးတို့သည်ကား ပယ်ရှင်းပစ်ခြင်း ခံကြရလိမ့်မည်။-
Psal BurCBCM 37:29  ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံကြရ၍ ပြည်တော်၌ အစဉ်အမြဲနေထိုင်ကြရလိမ့်မည်။
Psal BurCBCM 37:30  ဖြောင့်မတ်သော သူ၏နှုတ်သည် ပညာအမြော်အမြင်ရှိသော စကားကို ရေရွတ်တတ်၏။ သူ၏လျှာသည်လည်း တရားမျှတသော စကားကိုသာ ပြောဆိုလေ၏။-
Psal BurCBCM 37:31  ထာ၀ရဘုရားသခင်၏ ပညတ်တရားတော်သည် သူ၏စိတ်နှလုံးထဲ၌ရှိ၍ သူ၏ခြေလှမ်းများသည် မည်သည့်အခါမျှ ချော်၍သွားလိမ့်မည်မဟုတ်။
Psal BurCBCM 37:32  ဆိုးယုတ်သူတို့သည် ဖြောင့်မတ်သူတို့ကို ချောင်းမြောင်း၍သတ်ရန် ကြံစည်ကြ၏။-
Psal BurCBCM 37:33  သို့ရာတွင် ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သူအား ရန်သူ၏ အာဏာအောက်၌ ထားတော်မူမည်မဟုတ်။ သူသည် တရားရုံး၌ စစ်ဆေးခံရသောအခါ အပြစ်ဒဏ်ခံရလိမ့်မည်မဟုတ်။
Psal BurCBCM 37:34  ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစား၍ ကိုယ်တော်၏ တရားလမ်းကို ထိန်းသိမ်းစောင့်ရှောက်လော့။ ကိုယ်တော်သည် သင့်အား ပြည်တော်ကို ပိုင်ဆိုင်သောအခွင့်သို့ ချီးမြှင့်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့၏ ပျက်စီးခြင်းကို သင်မြင်ရ လိမ့်မည်။
Psal BurCBCM 37:35  ဆိုးယုတ်သောသူသည် လေဘနွန်၌ပေါက်သော ထင်းရှူးမွှေးပင်ကဲ့သို့ ကြီးထွားလျက်ရှိသည်ကို ငါမြင်ရ၏။-
Psal BurCBCM 37:36  သို့သော် နောက်တစ်ကြိမ် ငါဖြတ်သွားသောအခါ ထိုအရပ်တွင် သူမရှိတော့ပေ။ သူ့ကိုရှာသော်လည်း မတွေ့နိုင်တော့ပေ။
Psal BurCBCM 37:37  အပြစ်တင်ခွင့်ကင်းသောသူကို ထောက်ရှုလော့။ ဖြောင့်မတ်သောသူကို ကြည့်ရှုဆင်ခြင်လော့။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသာယာခြင်းကို လိုလားသူတို့တွင် အမျိုးအနွယ်ထွန်းကား၏။-
Psal BurCBCM 37:38  အပြစ်ကျူးလွန်သော သူတို့မူကား တစ်ယောက်မကျန် ဖျက်ဆီးခြင်းခံရလိမ့်မည်။ သူတို့၏ အမျိုးအနွယ်တို့သည်လည်း ပယ်ရှင်းခြင်း ခံရလိမ့်မည်။
Psal BurCBCM 37:39  ဖြောင့်မတ်သောသူ၏ ကယ်တင်ခြင်းသည် ထာ၀ရဘုရားသခင်ထံတော်မှလာ၍ ဘေးဒုက္ခရောက်ချိန်တွင် ကိုယ်တော်သည် သူတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။-
Psal BurCBCM 37:40  ထာ၀ရဘုရားသခင်သည် သူတို့ကိုကူညီ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၏ အထံတော်တွင် ခိုလှုံကိုးစား ကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
Chapter 38
Psal BurCBCM 38:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏အမျက်တော်၌ အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်။ အမျက်ဒေါသထွက်၍ အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။-
Psal BurCBCM 38:2  အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌ စူးဝင်၍ ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်လျက်ရှိပါ၏။
Psal BurCBCM 38:3  ကိုယ်တော်၏ အမျက်တော်ကြောင့် အကျွန်ုပ်၏ ကိုယ်ခန္ဓာ၌ ကျန်းမာခြင်း ကင်းမဲ့ပါ၏။ အကျွန်ုပ်၏ အပြစ်ဒုစရိုက် များကြောင့် အကျွန်ုပ်၏ အရိုးများသည် သန်စွမ်းခြင်းမရှိပါ။-
Psal BurCBCM 38:4  အကြောင်းမူကား အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်များသည် အကျွန်ုပ်အပေါ်၌ရှိကြ၍ ၎င်းတို့သည် အကျွန်ုပ် မထမ်းနိုင်လောက်အောင် လေးလံသောဝန်ထုပ်ကဲ့သို့ အကျွန်ုပ်ကို ဖိစီးလျက်ရှိပါ၏။
Psal BurCBCM 38:5  အကျွန်ုပ်၏မိုက်မဲမှုကြောင့် ရရှိသောဒဏ်ရာများသည် ပုပ်စပ်၍ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လာပါ၏။-
Psal BurCBCM 38:6  အကျွန်ုပ်သည် ပြင်းထန်စွာခံရပြီး အလွန်သိမ်ငယ်ရကာ တစ်နေ့လုံး ငိုကြွေးမြည်တမ်းလျက် သွားလာရပါ၏။-
Psal BurCBCM 38:7  အကြောင်းမူကား အကျွန်ုပ်၏ ခါးတစ်ပြင်လုံးသည် ပူလောင်လျက် ခန္ဓာကိုယ်သည်လည်း ကျန်းမာခြင်းမရှိပါ။-
Psal BurCBCM 38:8  အကျွန်ုပ်သည် ခွန်အားကုန်ခန်း၍ နွမ်းလျနေပါ၏။ အကျွန်ုပ်စိတ်နှလုံး၏ ပူဆွေးမှုကြောင့် ညည်းညူနေရပါ၏။
Psal BurCBCM 38:9  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ အလိုဆန္ဒဟူသမျှကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏ ညည်းတွားခြင်းသည်လည်း ကိုယ်တော့်ထံမှ ဝှက်ကွယ်လျက်မရှိပါ။-
Psal BurCBCM 38:10  အကျွန်ုပ်၏နှလုံးသည် ပြင်းစွာရိုက်ခတ်၍ ခွန်အားလည်း ကုန်ခန်းနေပါပြီ။ အကျွန်ုပ်၏ မျက်စိအလင်းသည်လည်း အကျွန်ုပ်ထံမှ ကွယ်ပျောက်သွားပါပြီ။-
Psal BurCBCM 38:11  အကျွန်ုပ်၏ မိတ်ဆွေများနှင့် အပေါင်းအသင်းများသည် အကျွန်ုပ်၏ အနာရောဂါကြောင့် အကျွန်ုပ်ကို တိမ်းရှောင် နေကြပါ၏။ အကျွန်ုပ်၏ အိမ်နီးနားချင်းတို့သည်လည်း အကျွန်ုပ်ထံမှ ဝေးဝေးနေကြပါ၏။
Psal BurCBCM 38:12  အကျွန်ုပ်၏ အသက်ကို ရန်ရှာကြသော သူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်ကို ဘေးဥပဒ် ပြုလိုသော သူတို့သည် အကျွန်ုပ်၏ ပျက်စီးရာပျက်စီးကြောင်းကို ပြောဆိုကြပါ၏။ သူတို့သည် ကောက်ကျစ်စဉ်းလဲခြင်းအမှုကို တစ်နေကုန် ကြံစည်နေကြပါ၏။
Psal BurCBCM 38:13  သို့သော် အကျွန်ုပ်သည် နားပင်းနေသူကဲ့သို့ မည်သည့်အရာကိုမျှ မကြားရပါ။ ဆွံ့အနေသူကဲ့သို့ စကားတစ်ခွန်းကိုမျှ မပြောနိုင်ပါ။-
Psal BurCBCM 38:14  အမှန်စင်စစ် အကျွန်ုပ်သည် နားမကြားသောသူကဲ့သို့ဖြစ်ပြီး အကျွန်ုပ်၏နှုတ်သည်လည်း ပြန်ပြောနိုင်စွမ်းမရှိပါ။
Psal BurCBCM 38:15  သို့ရာတွင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်မျှော်နေပါ၏။ အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ပြန်ထူးတော်မူမည်သာဖြစ်၏။-
Psal BurCBCM 38:16  အကြောင်းမူကား အကျွန်ုပ်က အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်အပေါ် ဝမ်းသာအားရမရှိပါစေနှင့်။ အကျွန်ုပ်၏ ခြေချော်ကျမှုကို အကြောင်းပြု၍ ရန်သူတို့ကို ကြွားဝါခွင့် ပြုတော်မမူပါနှင့်ဟု တောင်းလျှောက်သောကြောင့်ဖြစ်ပါ၏။
Psal BurCBCM 38:17  အကျွန်ုပ်သည် ပြိုလဲလုနီးပြီဖြစ်၍ ဝေဒနာကို အမြဲခံစားနေရပါ၏။-
Psal BurCBCM 38:18  အကျွန်ုပ်၏ ပြစ်မှားမှုများကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏ အပြစ်များအတွက် ဝမ်းနည်းခြင်းရှိပါ၏။-
Psal BurCBCM 38:19  အကျွန်ုပ်ကို အကြောင်းမဲ့ဆန့်ကျင်ကြသော သူတို့သည် ခွန်အားကြီးမားကြပါ၏။ အကျွန်ုပ်အား မတရားသဖြင့် မုန်းတီးကြသော သူတို့သည်လည်း များပြားလှပါ၏။-
Psal BurCBCM 38:20  အကောင်းကို အဆိုးဖြင့် တုံ့ပြန်ကြသောသူတို့သည် အကျွန်ုပ်ကောင်းသော အမှုကိုပြုလုပ်ရန် ကြိုးစားသောအခါ အသရေဖျက်ကြပါ၏။
Psal BurCBCM 38:21  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို စွန့်ပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးလံစွာ နေတော် မမူပါနှင့်။-
Psal BurCBCM 38:22  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ကယ်တင်ရှင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန် ကြွလာတော်မူပါ။
Chapter 39
Psal BurCBCM 39:1  ငါသည်နှုတ်၊ လျှာဖြင့် မပြစ်မှားမိစေရန် ငါ၏အပြုအမူများကို စောင့်ထိန်းပါမည်။ ငါ၏အနီး၌ ဆိုးယုတ်သော သူတို့ရှိနေစဉ် ငါ၏နှုတ်ကို ချုပ်တည်းပါမည်။-
Psal BurCBCM 39:2  ငါသည် နှုတ်ဆိတ်၍ ငြိမ်သက်နေလျက် အကောင်းကိုပင် မပြောဆိုခဲ့ရပေ။ ငါ၏ဝမ်းနည်းပူဆွေးမှုသည် ပိုမိုကြီး ထွားလာခဲ့၏။-
Psal BurCBCM 39:3  ငါ၏နှလုံးသားသည် ငါ့ရင်ထဲ၌ ပို၍ပူလောင်လာ၏။ ငါသည် ပြန်ပြောင်းစဉ်းစားသောအခါ သောကမီးတောက်လောင်လာ၏။ ထိုအခါ ငါ၏နှုတ်လျှာဖြင့် ပြောဆိုခဲ့သည်မှာ၊
Psal BurCBCM 39:4  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဘ၀လမ်းဆုံးကို သိမြင်ခွင့်ပေးတော်မူပါ။ အကျွန်ုပ်နေထိုင်ရမည့် နေ့ရက်များ၏ အရေအတွက်ကိုလည်းကောင်း၊ အကျွန်ုပ်၏ ဘ၀အသက်တာသည် မတည်မြဲကြောင်းကိုလည်းကောင်း သိမြင်ခွင့် ပေးတော်မူပါ။-
Psal BurCBCM 39:5  ကိုယ်တော်သည် အကျွန်ုပ်၏ နေ့ရက်များကို တစ်မိုက်မျှသာ ရှည်လျားစေတော်မူလေပြီ။ အကျွန်ုပ်၏ အသက်တာသည် ကိုယ်တော်၏ ရှေ့မှောက်တော်တွင် အချည်းနှီးသက်သက်သာ ဖြစ်ပါ၏။ အမှန်စင်စစ် လူသားတိုင်းသည် အသက်တစ်ချက် ရှူရှိုက်ရုံမျှသာ တည်ရှိကြရပါ၏။-
Psal BurCBCM 39:6  အမှန်စင်စစ် လူသားတိုင်းသည် အရိပ်သဖွယ်သွားလာရပါ၏။ သူတို့သည် အကျိုးမဲ့ရှုပ်ထွေးနေကြပါ၏။ လူသည် ဥစ္စာပစ္စည်းကို စုဆောင်းသော်လည်း မည်သူစံစားရမည်ကို မသိရပေ။
Psal BurCBCM 39:7  သို့ဖြစ်၍ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် မည်သည့်အရာကို မျှော်ကိုးရပါမည်နည်း။ အကျွန်ုပ်၏ မျှော်လင့်ချက်သည် ကိုယ်တော်၌ရှိပါ၏။-
Psal BurCBCM 39:8  အကျွန်ုပ်ကို အပြစ်ကျူးလွန်ခြင်းတို့မှ ကယ်တော်မူပါ။ အကျွန်ုပ်ကို ရူးမိုက်သူ၏ လှောင်ပြောင်စရာ ဖြစ်စေတော်မမူပါနှင့်။-
Psal BurCBCM 39:9  အကျွန်ုပ်သည် တိတ်ဆိတ်စွာနေခဲ့၍ နှုတ်ကိုမဖွင့်ခဲ့ပါ။ အကြောင်းမူကား ဤအရာကို ပြုလုပ်ခဲ့သောသူမှာ ကိုယ်တော်တိုင်ပင် ဖြစ်သောကြောင့်တည်း။-
Psal BurCBCM 39:10  ကိုယ်တော်၏ ပြစ်ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ ကိုယ်တော့်လက်တော်၏ ရိုက်ခတ်မှုများသည် အကျွန်ုပ်ကို အားကုန်နွမ်းလျစေပါ၏။-
Psal BurCBCM 39:11  ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အပြစ်ဒဏ်ခတ်ခြင်းဖြင့် သူတို့ကို ဆုံးမတော်မူ၏။ ကိုယ်တော်သည် လူတို့နှစ်သက်သည့် အရာများကို ပိုးဖလံကဲ့သို့ ဖျက်ဆီးတော်မူ၏။ အကယ်စင်စစ် လူသည် ထွက်သက်ဝင်သက်မျှသာဖြစ်ပါ၏။
Psal BurCBCM 39:12  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက် သံကို နားညောင်းတော်မူပါ။ အကျွန်ုပ် ငိုကြွေးအသနားခံသောအခါ လျစ်လျူရှုတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ဘိုးဘေးတို့ကဲ့သို့ သူစိမ်းဧည့်သည်အာဂန္တုမျှသာဖြစ်ပါ၏။-
Psal BurCBCM 39:13  အကျွန်ုပ်သေဆုံး၍ ပျောက်ကွယ်မသွားမီ ဝမ်းမြောက်ရွှင်လန်းခြင်းရှိရန် အကျွန်ုပ်၏ အပြစ်များကို မျက်နှာလွှဲတော်မူပါ။
Chapter 40
Psal BurCBCM 40:1  ငါသည် ထာ၀ရဘုရားသခင်ကို စိတ်ရှည်သည်းခံခြင်းနှင့် စောင့်ငံ့လျက်နေ၏။ ကိုယ်တော်သည် ရွှေနားတော်စွင့်၍ ငါ၏အော်ဟစ်သံကို ကြားနာတော်မူ၏။-
Psal BurCBCM 40:2  ကိုယ်တော်သည် ငါ့ကို ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်နှင့် ရွှံ့နွံထဲမှ ဆယ်ထုတ်တော်မူပြီးလျှင် ငါ၏ခြေတို့ကို ကျောက်ဆောင်ပေါ်တင်၍ ငါ၏ခြေလှမ်းများကို ခိုင်မြဲစေတော်မူခဲ့၏။-
Psal BurCBCM 40:3  ငါတို့၏ဘုရားသခင်အား ချီးမွမ်းရာသီချင်းသစ်ကို ကိုယ်တော်သည် ငါ၏နှုတ်တွင် သွင်းပေးတော်မူ၏။ လူအများတို့သည် မြင်ကြရသဖြင့် ကြောက်ရွံ့ကြလျက် ထာ၀ရဘုရားသခင်အား ကိုးစားကြလိမ့်မည်။
Psal BurCBCM 40:4  ထာ၀ရဘုရားသခင်ကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။ သူသည် မာနထောင်လွှားသော သူတို့ဘက်သို့ မလိုက်သကဲ့သို့ မဟုတ်မမှန်သော ဘုရားများနောက်သို့လည်း လမ်းမှားသွေဖည်မသွားပေ။-
Psal BurCBCM 40:5  အိုအကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဖို့ လုပ်ဆောင်တော်မူသော ကိုယ်တော်၏ အံ့ဖွယ်အမှုတို့နှင့် အကြံအစည်တော်တို့ကို တိုးပွားစေတော်မူခဲ့ပါ၏။ ကိုယ်တော်နှင့် မည်သူမျှ မယှဉ်ပြိုင်နိုင်ပါ။ ထိုအမှုအရာတို့ကို အကျွန်ုပ်ထုတ်ဖော်ပြောရမည်ဆိုလျှင် ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏။
Psal BurCBCM 40:6  ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူ။ သို့သော် ကိုယ်တော်သည် နာယူရန် ဖွင့်ထားသော နားကို အကျွန်ုပ်အား ပေးတော်မူခဲ့၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို တောင်းတော်မမူ။-
Psal BurCBCM 40:7  ထိုအခါ အကျွန်ုပ်က ကျမ်းစာတော်မြတ်တွင် အကျွန်ုပ်ကို ရည်ညွန်း၍ ရေးသားထားသည့်အတိုင်း အကျွန်ုပ်အသင့်ရှိပါပြီ၊ အကျွန်ုပ်ရောက်လာပါပြီ။-
Psal BurCBCM 40:8  အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကိုဆောင်ရွက်ရန် နှစ်သက်ပါ၏။ ကိုယ်တော်၏ ပညတ်တရားတော်ကို အကျွန်ုပ်၏စိတ်နှလုံးတွင် သိမ်းပိုက်ထားပါသည်ဟု လျှောက်ထားခဲ့၏။
Psal BurCBCM 40:9  ဖြောင့်မတ်ခြင်းတရားတော်ကို လူအစုအဝေးကြီးအလယ်တွင် အကျွန်ုပ်ဟောပြောပါပြီ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် မိမိ၏နှုတ်ကိုပိတ်၍ မနေကြောင်း ကိုယ်တော်သိပါ၏။-
Psal BurCBCM 40:10  ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ဝှက်မထားပါ။ ကိုယ်တော်၏ သစ္စာစောင့်သိ တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းအကြောင်းတို့ကို အကျွန်ုပ်ဟောကြားပါပြီ။ ကိုယ်တော်၏ မေတ္တာတော်နှင့် သစ္စာတော်ကို လူအစုအဝေးကြီးအလယ်တွင် အကျွန်ုပ်မထိမ်ဝှက်ပါ။
Psal BurCBCM 40:11  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အပေါ်ထားရှိသော သနားကရုဏာတော်ကို ချုပ်တည်းထားတော်မမူပါနှင့်။ ကိုယ်တော်၏ မေတ္တာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်ရှောက်ပါစေသော်။-
Psal BurCBCM 40:12  အကြောင်းမူကား ဘေးဒုက္ခအပေါင်းတို့သည် ရေတွက်၍ပင်မရနိုင်လောက်အောင် အကျွန်ုပ်ကို ဝန်းရံလျက်ရှိပါ၏။ အကျွန်ုပ်၏အပြစ်များသည် အကျွန်ုပ်ကို လွှမ်းမိုးနေသည်ဖြစ်၍ အကျွန်ုပ်သည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည် အကျွန်ုပ်၏ ဦးခေါင်းမှ ဆံပင်ထက် များပြား၍ အကျွန်ုပ်သည် စိတ်ဓာတ်ကျလျက်ရှိပါ၏။
Psal BurCBCM 40:13  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်ရန် လိုလားတော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။-
Psal BurCBCM 40:14  အကျွန်ုပ်၏ အသက်ကို ရန်ရှာကြသော သူတို့သည် အရှက်ကွဲ၍ ကစဉ့်ကလျားဖြစ်ကြပါစေ။ အကျွန်ုပ်၏ပျက်စီးခြင်းကို ရှာကြံကြသောသူတို့သည် ဂုဏ်သရေပျက်၍ ဆုတ်ခွာသွားကြပါစေ။-
Psal BurCBCM 40:15  အကျွန်ုပ်ကို ဟားတိုက်ရယ်မောသူတို့သည် အရှက်ကွဲခြင်းကြောင့် ကြောက်လန့်တုန်လှုပ်ကြပါစေ။
Psal BurCBCM 40:16  သို့သော် ကိုယ်တော့်ကို ရှာဖွေသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေ။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို နှစ်သက်မြတ်နိုးသူအပေါင်းတို့က ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူပေ၏ဟု အဆက်မပြတ် ကြွေးကြော်ကြပါစေ။-
Psal BurCBCM 40:17  အကျွန်ုပ်သည် ဆင်းရဲချို့တဲ့သူဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို အောက်မေ့သတိရတော်မူ၏။ အိုအကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကိုကူညီမစသောအရှင်နှင့် အကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်သောကြောင့် နှောင့်နှေးခြင်း ရှိတော်မမူပါနှင့်။
Chapter 41
Psal BurCBCM 41:1  ဆင်းရဲနွမ်းပါးသောသူကို စာနာထောက်ထားသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခဆင်းရဲရောက်ချိန်၌ ထာ၀ရဘုရားသခင်သည် သူတို့ကို ကယ်ဆယ်တော်မူလိမ့်မည်။-
Psal BurCBCM 41:2  ထာ၀ရဘုရားသခင်သည် ထိုသူ့ကို ကာကွယ်စောင့်ရှောက်တော်မူ၍ သူ၏အသက်ကို ချမ်းသာပေးတော်မူလိမ့်မည်။ မြေပေါ်တွင် သူသည် မင်္ဂလာရှိသူဟု အခေါ်ခံရလိမ့်မည်။ ထိုသူ့ကို ရန်သူတို့အလိုကျ ပြုမူကြစေရန် အပ်တော်မူလိမ့်မည်မဟုတ်။-
Psal BurCBCM 41:3  သူသည် ဖျားနာသောအခါ ကိုယ်တော်သည် သူ့ကို အားပေးနှစ်သိမ့်တော်မူ၏။ အိပ်ရာပေါ်တွင် မကျန်းမမာဖြစ်နေစဉ် ကိုယ်တော်သည် သူ့ကို ပြန်လည်၍ ကျန်းမာစေတော်မူ၏။
Psal BurCBCM 41:4  ငါမူကား အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားကြည်ဖြူတော်မူပါ၊ အကျွန်ုပ်သည် ကိုယ်တော့်ကို ထိခိုက်ပြစ်မှားခဲ့သည့် အတွက် ချမ်းသာပေးတော်မူပါဟု လျှောက်ထားခဲ့၏။-
Psal BurCBCM 41:5  ငါ၏ရန်သူတို့သည် ငါ့ကိုအငြိုးထား၍ သူသည် မည်သည့်အချိန်တွင် သေမည်နည်း၊ သူ၏အမည်သည်လည်း မည်သည့် အချိန်တွင် ပျောက်ကွယ်သွားမည်နည်းဟု ပြောဆိုကြ၏။-
Psal BurCBCM 41:6  တစ်စုံတစ်ယောက်သည် ငါ့ကိုလာကြည့်သည့်အခါတိုင်း မဟုတ်မမှန်ပြောဆို၍ သူ၏နှလုံးသားတွင်ကား မကောင်းသတင်းကို စုဆောင်းထားပြီး သူထွက်ခွာသွားသောအခါ နေရာအနှံ့အပြား၌ ထိုအကြောင်းကို သတင်းလွှင့်လေ၏။-
Psal BurCBCM 41:7  ငါ့ကိုမုန်းတီးသော သူအပေါင်းတို့သည် ငါ့အကြောင်းကို အတူတကွ တီးတိုးပြောဆိုကြ၏။ သူတို့သည် ငါ့အတွက် အဆိုးဆုံး ကိုသာ တွေးဆကြ၏။
Psal BurCBCM 41:8  သူတို့က ဤသူ၌ ရောဂါဆိုးတစ်ခု စွဲကပ်လျက်ရှိ၏။ သူသည် လဲလျောင်းနေရာမှ မည်သည့်အခါမျှ နောက်တစ်ဖန် ထနိုင်တော့မည်မဟုတ်ဟု ဆိုကြ၏။-
Psal BurCBCM 41:9  ငါ့အချစ်ဆုံးမိတ်ဆွေဖြစ်၍ ငါအားအကိုးရဆုံးနှင့် ငါနှင့်အတူစားသောက်သော ငါ၏မိတ်ဆွေကပင်လျှင် ငါ့ကိုခြေဖြင့် ကန်ကျောက်လေပြီ။-
Psal BurCBCM 41:10  သို့ရာတွင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ ရန်သူတို့ကို လက်စားချေနိုင်ရန် အကျွန်ုပ်ကို ထူမတော်မူပါ။
Psal BurCBCM 41:11  ရန်သူတို့သည် အကျွန်ုပ်အပေါ် အနိုင်မရသည်ကို ထောက်ရှုခြင်းအားဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို မြတ်နိုးတော် မူကြောင်းကို အကျွန်ုပ်သိပါ၏။-
Psal BurCBCM 41:12  အကျွန်ုပ်၏ တည်ကြည်ဖြောင့်မတ်မှုကြောင့် ကိုယ်တော်သည် အကျွန်ုပ်ကို ထိန်းသိမ်းစောင့်ရှောက်၍ ရှေ့တော်မှောက်တွင် စံစားစေတော်မူပြီ။
Psal BurCBCM 41:13  အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားဖြစ်သော ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ကောင်းချီးမင်္ဂလာရှိပါစေသော်။ အာမင်၊ အာမင်။
Chapter 42
Psal BurCBCM 42:1  သမင်ဒရယ်သည် စီးဆင်းနေသော စမ်းချောင်းကို တမ်းတသကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည်လည်း ကိုယ်တော့်ကို တမ်းတပါ၏။-
Psal BurCBCM 42:2  ငါ၏ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသည့် ဘုရားကို တောင့်တပါ၏။ ငါသည် မည်သည့်အခါတွင် ကိုယ်တော်၏ ရွှေမျက်နှာတော်ကို လာရောက်ဖူးမြင်ရပါမည်နည်း။-
Psal BurCBCM 42:3  လူတို့က သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်မပြတ် ပြောဆိုကြသဖြင့် ငါ၏မျက်ရည်တို့သည် နေ့ညမပြတ် ငါ၏စားစရာဖြစ်ရပါ၏။
Psal BurCBCM 42:4  ဘုရားသခင်၏ ကျေးဇူးတော်ကို ရွှင်လန်းစွာသီဆိုကာ ချီးမွမ်းလျက် ပွဲတော်ကျင်းပကြသော လူအစုအဝေးကို ဦးဆောင်၍ ဘုရားသခင်၏ အိမ်တော်သို့ စီတန်းလှည့်လည် သွားခဲ့ရခြင်းကို ငါရင်ဖွင့်သောအခါ ၎င်းတို့ကို ငါသတိရပါ၏။-
Psal BurCBCM 42:5  အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်နေပါသနည်း။ ငါ၏ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက် ဖြစ်နေပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ငါ့ကိုကူညီမစတော်မူသော အရှင်ဖြစ်သည့် ငါ၏ ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထောမနာပြုမည်။
Psal BurCBCM 42:6  အကျွန်ုပ်၏ဝိညာဉ်သည် အကျွန်ုပ်၏ရင်တွင်း၌ ညှိုးငယ်လျက်ရှိ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်ပြည်နှင့် ဟေမွန်ပြည်တို့မှလည်းကောင်း၊ မစ်ဇာတောင်မှလည်းကောင်း ကိုယ်တော့်ကို အောက်မေ့သတိရပါ၏။-
Psal BurCBCM 42:7  ကိုယ်တော့်ရေတံခွန်များ၏ မြည်ဟည်းသံများနှင့်အတူ ဝဲဩဃတို့သည် တစ်ခုကိုတစ်ခု ဟစ်အော်ခေါ်ကြပါ၏။ ကိုယ်တော်၏ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်အပေါ် လွှမ်းမိုးကြလေပြီ။-
Psal BurCBCM 42:8  ထာ၀ရဘုရားသခင်သည် နေ့အချိန်၌ ကရုဏာမေတ္တာတော်ကို ပြတော်မူ၍ ညအချိန်၌ ငါသည်ဂုဏ်တော်ကို ကျူးအေးလျက် ငါ၏ အသက်သခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။
Psal BurCBCM 42:9  ကိုယ်တော်သည် အကျွန်ုပ်ကို အဘယ်ကြောင့်မေ့လျော့၍ နေတော်မူပါသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ ဖိနှိပ်မှုကိုခံရပြီး ဝမ်းနည်းကြေကွဲစွာ သွားလာရပါမည်နည်းဟူ၍ ငါ၏ကျောက်ဆောင်တော်ဖြစ်သော ဘုရားသခင်ထံသို့ ငါလျှောက်ထားပါ၏။-
Psal BurCBCM 42:10  ငါ၏ရန်သူတို့က သင်၏ဘုရားသခင် အဘယ်မှာရှိသနည်းဟု ငါ့အား နေ့စဉ်ပြောဆိုကြလျက် ငါ၏အရိုးများ ကွဲလုမတတ် ကဲ့ရဲ့စော်ကားကြ၏။
Psal BurCBCM 42:11  အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်နေပါသနည်း။ ငါ့ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်နေ ပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ငါ့ကို ကူညီမစတော်မူသောအရှင် ငါ၏ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထောမနာပြုပါမည်။
Chapter 43
Psal BurCBCM 43:1  အိုဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းကို ဖော်ထုတ်ပေးတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကို ဆန့်ကျင်လျက် အကျွန်ုပ်ဘက်မှ ကာကွယ်တော်မူပါ။ လိမ်လည်ကောက်ကျစ်၍ မတရားသောသူတို့၏လက်မှ အကျွန်ုပ်ကို လွတ်မြောက် စေတော်မူပါ။-
Psal BurCBCM 43:2  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ ဘုရားသခင်ဖြစ်တော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထား တော်မူပါသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ ဖိနှိပ်မှုကိုခံရပြီး ဝမ်းနည်းကြေကွဲစွာ သွားလာရပါမည်နည်း။
Psal BurCBCM 43:3  ကိုယ်တော်၏ အလင်းတော်နှင့် သစ္စာတော်တို့ကို စေလွှတ်တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်ကို ဦးဆောင်လမ်းညွှန်ကြပါစေ။ ၎င်းတို့သည် အကျွန်ုပ်အား ကိုယ်တော်၏ သန့်ရှင်းသောတောင်တော်သို့ လည်းကောင်း၊ ကိုယ်တော်စံပယ်ရာဌာနသို့ လည်းကောင်း ပို့ဆောင်ကြပါစေ။-
Psal BurCBCM 43:4  ထိုအခါ အကျွန်ုပ်သည် အတိုင်းမသိရွှင်လန်းစေသော ဘုရားသခင်၏ ပလ္လင်တော်သို့သွားမည်။ အိုဘုရားသခင်၊ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စောင်းတီး၍ ချီးမွမ်းထောမနာပြုပါမည်။
Psal BurCBCM 43:5  အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်နေပါသနည်း။ ငါ့ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက် ဖြစ်နေပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားပါလော့။ အကြောင်းမူကား ငါ့ကိုကူညီမစတော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထော မနာပြုပါမည်။
Chapter 44
Psal BurCBCM 44:1  အိုဘုရားသခင်၊ ရှေးကာလဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူသော အမှုအရာများအကြောင်းကို သူတို့ပြောပြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားခဲ့ရပါပြီ။-
Psal BurCBCM 44:2  ကိုယ်တော်သည် ကိုယ်တော်၏လက်တော်ဖြင့် တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေစိုက်နေထိုင် စေတော်မူခဲ့၏။ ကိုယ်တော်သည် တစ်ပါးအမျိုးသားတို့ကို နှိမ်နင်း၍ ဘိုးဘေးတို့ကို တိုးပွားစေတော်မူခဲ့၏။-
Psal BurCBCM 44:3  အကြောင်းမူကား ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့၏ ဓားလက်နက်ဖြင့် သိမ်းပိုက်ခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် မိမိတို့၏ စွမ်းအားကြောင့် အောင်နိုင်ခြင်းလည်းမဟုတ်ဘဲ ကိုယ်တော်၏ညာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ရွှေမျက်နှာတော် ၏အလင်းတော်တို့ဖြင့်သာလျှင် ကယ်တင်ခြင်းခံခဲ့ရခြင်းဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကို နှစ်သက်မြတ်နိုး တော်မူသောကြောင့်ဖြစ်၏။
Psal BurCBCM 44:4  ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရင်နှင့် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် ယာကုပ်အား အောင်ပွဲများကို ပေးသနားတော်မူ၏။-
Psal BurCBCM 44:5  အကျွန်ုပ်တို့သည် ကိုယ်တော်အားဖြင့် ရန်သူတို့ကို တွန်းလှန်ကြပါ၏။ ကိုယ်တော်၏ နာမတော်အားဖြင့် ရန်သူတို့ကို နင်းခြေ ကြပါ၏။-
Psal BurCBCM 44:6  အကျွန်ုပ်၏လေးကို အကျွန်ုပ်အားမကိုးပါ။ အကျွန်ုပ်၏ဓားသည် အကျွန်ုပ်အား အောင်မြင်ခြင်းကို ယူဆောင်ပေးသည် မဟုတ်ပါ။-
Psal BurCBCM 44:7  သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့အား ရန်သူတို့အပေါ် အောင်မြင်ခွင့်ကို ပေးသနားတော်မူ၍ အကျွန်ုပ်တို့အား မုန်းတီးသူများကို အရှက်ကွဲစေတော်မူပါ၏။-
Psal BurCBCM 44:8  ငါတို့သည် ဘုရားသခင်၌ အဆက်မပြတ် ဂုဏ်ယူဝါကြွားကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ နာမတော်ကို အစဉ်ချီးမွမ်းကြပါမည်။
Psal BurCBCM 44:9  ယခုတွင်မူ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူ၍ ရှုံးနိမ့်စေခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ စစ်တပ်များနှင့်အတူ ချီတက်ခြင်းမပြုတော့ပါ။-
Psal BurCBCM 44:10  ကိုယ်တော်သည် အကျွန်ုပ်တို့အား ရန်သူတို့၏ရှေ့တွင် တပ်လန်စေခဲ့ပြီး ရန်သူများအား အကျွန်ုပ်တို့ကို လုယက် တိုက်ခိုက်စေခဲ့ပါ၏။-
Psal BurCBCM 44:11  ကိုယ်တော်သည် အကျွန်ုပ်တို့အား သတ်ဖြတ်ခံရမည့် သိုးများကဲ့သို့ ဖြစ်စေကာ လူမျိုးတကာတို့အလယ်တွင် ကွဲလွင့် စေခဲ့ပါ၏။-
Psal BurCBCM 44:12  ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား အဖိုးအနည်းငယ်နှင့် ရောင်းချခဲ့ပြီး မည်သည့်အမြတ်အစွန်းမျှလည်း ရရှိတော်မမူခဲ့ပါ။
Psal BurCBCM 44:13  ကိုယ်တော်သည် အကျွန်ုပ်တို့အား အိမ်နီးချင်းများ၏ ကဲ့ရဲ့ဖွယ်ရာ၊ ပတ်ဝန်းကျင်၌ နေထိုင်သူတို့၏ ရှုတ်ချပြက်ရယ် ပြုဖွယ်ရာ ဖြစ်စေတော်မူခဲ့ပါ၏။-
Psal BurCBCM 44:14  ကိုယ်တော်သည် အကျွန်ုပ်တို့အား တိုင်းနိုင်ငံတို့အလယ်တွင် ရှုတ်ချပြစ်တင်စရာဖြစ်စေခဲ့ပြီး လူများအလယ်တွင် ရယ်မော လှောင်ပြောင်စရာလည်း ဖြစ်စေခဲ့ပါ၏။-
Psal BurCBCM 44:15  အကျွန်ုပ်သည် အကျွန်ုပ်၏ အသရေပျက်မှုကို တစ်နေ့လုံးမျက်မှောက် ပြုနေရပြီး-
Psal BurCBCM 44:16  အကျွန်ုပ်၏ မျက်နှာသည်လည်း ကဲ့ရဲ့ပြစ်တင်သူများနှင့် ဆဲရေးတိုင်းထွာသူများ၏ စကားများကြောင့်လည်းကောင်း၊ ရန်သူနှင့် လက်စားချေသူတို့၏ မျက်နှာကို မြင်ရသောကြောင့်လည်းကောင်း အရှက်နှင့်ဖုံးလျက်ရှိပါ၏။
Psal BurCBCM 44:17  အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့လျော့ခဲ့ကြပါ။ ကိုယ်တော်၏ ပဋိညာဉ်တော်ကိုလည်း အကျွန်ုပ်တို့ မချိုးဖောက်ခဲ့ကြပါဘဲလျက် ဤအရာတို့သည် အကျွန်ုပ် တို့အပေါ်သို့ ကျရောက်ခဲ့လေပြီ။-
Psal BurCBCM 44:18  အကျွန်ုပ်တို့၏စိတ်နှလုံးသည် ကိုယ်တော့်ကို ကျောမခိုင်းခဲ့ပါ။ အကျွန်ုပ်တို့၏ ခြေလှမ်းများသည်လည်း ကိုယ်တော်၏ တရားလမ်းမှ သွေဖည်၍မသွားခဲ့ကြပါ။-
Psal BurCBCM 44:19  သို့သော် ကိုယ်တော်သည် မြေခွေးတို့ ကျက်စားရာအရပ်တွင် အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်ခဲ့ပြီး သေခြင်း၏ အမှောင်ထုဖြင့် အကျွန်ုပ်တို့ကို ဖုံးလွှမ်းတော်မူခဲ့လေပြီ။
Psal BurCBCM 44:20  အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မေ့လျော့ခဲ့လျှင်သော်လည်းကောင်း၊ အခြားဘုရားထံသို့ အကျွန်ုပ်တို့၏ လက်များကို ဆန့်တန်းခဲ့လျှင်သော်လည်းကောင်း၊-
Psal BurCBCM 44:21  ဤအမှုကို ဘုရားသခင်သည် မတွေ့ရှိဘဲနေပါမည်လော။ အကြောင်းမူကား ကိုယ်တော်သည် နှလုံးသား၏ လျှို့ဝှက်ချက် များကို သိရှိတော်မူ၏။-
Psal BurCBCM 44:22  ကိုယ်တော့်အတွက်ကြောင့်ပင်လျှင် အကျွန်ုပ်တို့သည် တစ်နေ့လုံး အသေသတ်ခြင်းကို ခံနေကြရပြီး အသတ်ခံရမည့် သိုးများကဲ့သို့ သတ်မှတ်ခံကြရပါ၏။
Psal BurCBCM 44:23  အိုထာ၀ရဘုရားသခင်၊ နိုးထတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူပါသနည်း။ နိုးထတော်မူပါ။ အကျွန်ုပ်တို့ကို ထာ၀စဉ် စွန့်ပစ်တော်မမူပါနှင့်။-
Psal BurCBCM 44:24  အဘယ်ကြောင့် ကိုယ်တော်သည် ရွှေမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ အဘယ်ကြောင့် အကျွန်ုပ်တို့၏ ဝေဒနာ ခံစားရမှုနှင့် ဖိနှိပ်ခံရမှုတို့ကို မေ့လျော့ထားတော်မူပါသနည်း။-
Psal BurCBCM 44:25  အကြောင်းမူကား အကျွန်ုပ်တို့သည် နှိမ့်ချခြင်းခံရပြီး အကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည်လည်း မြေကြီးပေါ်တွင် တွယ်ကပ်နေရပါ၏။-
Psal BurCBCM 44:26  ထတော်မူ၍ အကျွန်ုပ်တို့ကို ကယ်တင်ရန် ကြွလာတော်မူပါ။ ကိုယ်တော်၏ ကရုဏာမေတ္တာတော်ကို ထောက်၍ အကျွန်ုပ်တို့ကို ရွေးနုတ်တော်မူပါ။
Chapter 45
Psal BurCBCM 45:1  အရှင်မင်းကြီးအတွက် လင်္ကာပုဒ်များကို ငါရွတ်ဆိုနေစဉ် ငါ၏နှလုံးသားသည် မွန်မြတ်သော အကြောင်းအရာတို့နှင့် ပြည့်လျှံလျက်ရှိပြီး ငါ၏လျှာသည်လည်း ကျွမ်းကျင်သည့် ကျမ်းတတ်ဆရာတစ်ဦး၏ ကလောင်တံနှင့်တူ၏။
Psal BurCBCM 45:2  သင်သည် လူတကာတို့ထက် သာလွန်ကောင်းမွန်ပါ၏။သင်၏နှုတ်ခမ်းများသည်လည်း ကျေးဇူးတော်ဖြင့် သွန်းလောင်းခြင်း ခံထားရပါ၏။ အကြောင်းမူကား ဘုရားသခင်သည် မင်းကြီးကို အစဉ်ထာ၀ရ ကောင်းချီးပေးတော်မူလေပြီ။-
Psal BurCBCM 45:3  တန်ခိုးကြီးတော်မူသော အရှင်မင်းကြီး၊ အရှင်၏ဘုန်းကျက်သရေနှင့် တောက်ပမှုတို့ဖြင့် အရှင်၏ဓားလွယ်ကို ခါးတွင် စည်းတော်မူပါ။-
Psal BurCBCM 45:4  အမှန်တရား၊ ကောင်းမြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကာကွယ်ရန်အတွက် အရှင်၏ ဘုန်းကျက်သရေ၌ အောင်မြင်ခြင်းဖြင့် စီးနင်းကြွလာတော်မူပါ။ အရှင်၏ညာလက်ရုံးသည် အံ့ဖွယ်ရာအမှုတို့ကို အရှင့်အား ပြသပါစေ။-
Psal BurCBCM 45:5  အရှင်၏ချွန်ထက်သော မြားတို့သည် အရှင်မင်းကြီး၏ ရန်သူတို့၏ နှလုံးသားများကို ထိုးဖောက်ပါစေ။ လူမျိုးတကာတို့သည် လည်း အရှင်၏ ခြေတော်အောက်တွင် ကျရှုံးကြပါစေ။
Psal BurCBCM 45:6  အိုဘုရားသခင်၊ ကိုယ်တော့်ရာဇပလ္လင်တော်သည် အစဉ်ထာ၀ရတည်ပါ၏။ ကိုယ်တော့်နိုင်ငံတော်၏ အာဏာစက်သည် တရားမျှတသော အာဏာစက်ဖြစ်ပါ၏။-
Psal BurCBCM 45:7  အရှင်သည် ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်မြတ်နိုး၍ ဆိုးယုတ်မှုကို မုန်းတီးပါ၏။ ထို့ကြောင့် အရှင်၏ဘုရားဖြစ်သော ထာ၀ရဘုရားသခင်သည် အရှင်မင်းကြီးကို ရွှင်လန်းခြင်း၏ဆီနှင့် ဘိသိက်သွန်းလောင်းခြင်းဖြင့် အရှင်၏အပေါင်းအဖော်တို့ အထက်တွင် တည်ရှိစေတော်မူလေပြီ။-
Psal BurCBCM 45:8  အရှင်မင်းကြီး၏ ဝတ်ရုံတော်တို့သည် မုရန်၊ အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်ဖြင့် တန်ဆာဆင်ထားသော နန်းတော်များမှ ကြိုးတပ်တူရိယာတို့၏ တေးဂီတသံသည် အရှင်မင်းကြီးအား ရွှင်လန်းဝမ်းမြောက် စေပါ၏။-
Psal BurCBCM 45:9  အရှင်မင်းကြီး၏ မောင်းမတော်တို့တွင် ရှင်ဘုရင်တို့၏ သမီးတော်များ ပါဝင်ကြ၏။ အရှင်၏လက်ယာဘက်တွင် ဩဖိပြည်မ ှရွှေဖြင့်တန်ဆာ ဆင်ထားသော မိဖုရားကြီးရှိပါ၏။
Psal BurCBCM 45:10  အိုသမီးတော်၊ ကြားနာပါလော့။ ဆင်ခြင်သုံးသပ်၍ နားထောင်ပါလော့။ သင်၏လူမျိုးတို့နှင့် သင့်ဖခင်၏အိမ်ကို မေ့ပစ်ပါလော့။-
Psal BurCBCM 45:11  အရှင်မင်းကြီးသည် သင်၏လှပတင့်တယ်မှုကို စွဲလမ်းငြိတွယ်လေပြီ။ သူ့ကို ရိုသေလေးစားပါလော့။ အကြောင်းမူကား သူသည် သင်၏ အရှင်သခင်ဖြစ်၏။-
Psal BurCBCM 45:12  တီရာမြို့သူမြို့သားတို့သည် လက်ဆောင်ပဏ္ဏာများ ယူဆောင်၍ လာကြလိမ့်မည်။ ချမ်းသာကြွယ်၀သော သူတို့သည် သင့်ထံ၌ မျက်နှာရရန် ကြိုးစားကြလိမ့်မည်။
Psal BurCBCM 45:13  မင်းသမီးသည် သူမ၏အိပ်ခန်းတွင် ကျက်သရေဖြင့် ပြည့်လျက်ရှိ၏။ သူမ၏ဝတ်ရုံသည်လည်း ရွှေချည်ဖြင့် ရောစပ် ရက်လုပ်ထား၏။-
Psal BurCBCM 45:14  သူမကို ရောင်စုံခြယ်သထားသော ဝတ်ရုံများဝတ်ဆင်စေ၍ မင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ သူမ၏အပေါင်းအဖော်များ ဖြစ်ကြသော အပျိုကညာတို့သည်လည်း သူမ၏နောက်မှ လိုက်ပါလာကြ၏။-
Psal BurCBCM 45:15  သူတို့သည် ရွှင်လန်းဝမ်းမြောက်စွာ လိုက်ပါလာကြပြီး ဘုရင်မင်းမြတ်၏ နန်းတော်အတွင်းသို့ ဝင်ရောက် ကြလေ၏။
Psal BurCBCM 45:16  အရှင်မင်းကြီး၏ သားရတနာတို့သည် ဘိုးဘေးတို့၏ အရိုက်အရာကို ဆက်ခံကြပါလိမ့်မည်။ အရှင်မင်းကြီးသည်လည်း သူတို့ကို ကမ္ဘာတစ်ဝန်းလုံးတွင် အုပ်ချုပ်သူ မင်းညီမင်းသားများ ဖြစ်စေတော်မူလိမ့်မည်။-
Psal BurCBCM 45:17  အကျွန်ုပ်သည် အရှင်မင်းကြီး၏ နာမတော်ကို လူမျိုးအစဉ်အဆက် အောက်မေ့ကျော်စောစေမည်။ ထို့ကြောင့် လူမျိုးတကာ တို့သည်လည်း အရှင်မင်းကြီးအား ကာလအဆက်ဆက် ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။
Chapter 46
Psal BurCBCM 46:1  ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် ခွန်အားဖြစ်တော်မူ၍ ဘေးဒုက္ခရောက်ချိန်၌ ကူညီမစရန် အဆင်သင့်ရှိတော်မူ၏။-
Psal BurCBCM 46:2  ထို့ကြောင့် ကမ္ဘာမြေကြီးသည် အသွင်ပြောင်း၍ တောင်တို့သည်လည်း တုန်လှုပ်လျက် ပင်လယ်ရေနက်ထဲသို့ ပြိုကျခဲ့လျှင်သော်လည်းကောင်း၊-
Psal BurCBCM 46:3  ပင်လယ်ရေတို့သည် မြည်ဟည်းပွက်ထလျက် တောင်တို့သည်လည်း ဆူညံကာ တုန်လှုပ်ခဲ့လျှင်သော်လည်းကောင်း ငါတို့သည် ကြောက်ရွံ့လိမ့်မည်မဟုတ်။
Psal BurCBCM 46:4  အမြင့်ဆုံးသောဘုရား ကိန်းဝပ်စံပယ်တော်မူရာ သန့်ရှင်းသောမြို့တော်ကို ရွှင်လန်းဝမ်းမြောက်စေသည့် ရေစီးကြောင်းများ ရှိသော မြစ်တစ်ခုရှိ၏။-
Psal BurCBCM 46:5  ဘုရားသခင်သည် ထိုမြို့တော်အလယ်တွင် ကိန်းဝပ်စံပယ်တော်မူသောကြောင့် ယင်းသည် ဖယ်ရှားခံရလိမ့်မည်မဟုတ်။ နံနက်မိုးသောက်ချိန်၌ ဘုရားသခင်သည် ထိုမြို့ကိုကူညီ မစတော်မူလိမ့်မည်။-
Psal BurCBCM 46:6  လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြ၏။ တိုင်းနိုင်ငံတို့သည် ယိမ်းယိုင်ပြိုလဲသွားကြ၏။ ကိုယ်တော်သည် ဗျာဒိတ်တော်အသံကို မိန့်ဆိုတော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။-
Psal BurCBCM 46:7  ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။
Psal BurCBCM 46:8  လာကြ၊ ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုတို့ကို ထောက်ရှုကြလော့။ ကမ္ဘာမြေပေါ်တွင် ကိုယ်တော် လုပ်ဆောင်တော်မူခဲ့သည့်၊ အလွန်အံ့အားသင့်ဖွယ်ကောင်းသော အမှုတို့နှင့် ဘုရားသခင် ကျရောက်စေတော်မူခဲ့သော ဖျက်ဆီးခြင်းတို့ကို ကြည့်ရှုကြလော့။-
Psal BurCBCM 46:9  ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် စစ်ကိုငြိမ်းစေတော်မူ၏။ လေးကိုချိုးလျက် လှံတို့ကို အပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကို မီးရှို့တော်မူ၏။-
Psal BurCBCM 46:10  ငြိမ်သက်စွာနေကြလော့။ ငါသည် ဘုရားသခင် ဖြစ်တော်မူသည်ကို သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့ တွင်လည်းကောင်း၊ မြေကြီးပေါ်တွင်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ဟု ဘုရားသခင်မိန့်တော်မူ၏။-
Psal BurCBCM 46:11  ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။
Chapter 47
Psal BurCBCM 47:1  လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်အား ကျယ်လောင်သောသီချင်းသံနှင့် ရွှင်လန်းစွာ ဩဘာပေး ကြလော့။-
Psal BurCBCM 47:2  အကြောင်းမူကား အမြင့်မြတ်ဆုံးသော ထာ၀ရဘုရားသခင်သည် ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ကိုယ်တော်သည် ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးသော ဘုရင်မင်းမြတ်ဖြစ်တော်မူ၏။-
Psal BurCBCM 47:3  ကိုယ်တော်သည် လူအပေါင်းတို့ကို ငါတို့၏လက်အောက်ခံအ ဖြစ်လည်းကောင်း၊ လူမျိုးတို့ကို ငါတို့၏ခြေဖဝါးအောက်၌ လည်းကောင်း ကျိုးနွံစေ၏။-
Psal BurCBCM 47:4  ကိုယ်တော်သည် မိမိချစ်တော်မူသော ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာကို ငါတို့၏ အမွေအနှစ်အဖြစ် ရွေးချယ်တော်မူ၏။
Psal BurCBCM 47:5  ဘုရားသခင်သည် ကြွေးကြော်သံများဖြင့် အထက်သို့တက်ကြွတော်မူ၏။ ထာ၀ရဘုရားသခင်သည် တံပိုးခရာမှုတ်သံများဖြင့် တက်ကြွတော်မူ၏။-
Psal BurCBCM 47:6  ဘုရားသခင်အား ချီးမွမ်းဧကျူးကြလော့။ ငါတို့၏ ဘုရင်မင်းမြတ်အား ချီးမွမ်းဧကျူးကြလော့။ ချီးမွမ်းဧကျူးကြလော့။-
Psal BurCBCM 47:7  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကမ္ဘာတစ်ဝန်းလုံး၏ ဘုရင်ဖြစ်တော်မူ၏။ ဆာလံသီချင်းဖြင့် ချီးမွမ်းဧကျူး ကြလော့။
Psal BurCBCM 47:8  ဘုရားသခင်သည် လူမျိုးတကာတို့ကို အုပ်စိုးတော်မူ၏။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းမွန်မြတ်သော ရာဇပလ္လင်တော် ပေါ်တွင် ထိုင်တော်မူ၏။-
Psal BurCBCM 47:9  လူမျိုးတကာတို့၏ မင်းညီမင်းသားတို့သည် အာဘရာဟံကိုးကွယ်သော ဘုရားသခင်၏ လူမျိုးတော်အဖြစ် စုရုံးလာကြ၏။ အကြောင်းမူကား ကမ္ဘာမြေကြီး၏ ဒိုင်းလွှားများကို ဘုရားသခင် ပိုင်ဆိုင်တော်မူ၏။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ အမြင့်ဆုံးဖြစ်တော်မူ၏။
Chapter 48
Psal BurCBCM 48:1  ထာ၀ရဘုရားသခင်သည် မြင့်မြတ်တော်မူ၍ ငါတို့ဘုရားသခင်၏ မြို့တော်၌ ကိုယ်တော်အား အလွန်ချီးမွမ်းထောမနာ ပြုထိုက်ပေ၏။-
Psal BurCBCM 48:2  ကိုယ်တော်၏ သန့်ရှင်းမွန်မြတ်သောတောင်သည် မြင့်မားတင့်တယ်စွာ တည်ရှိလျက် ကမ္ဘာမြေပြင်တစ်ဝန်းလုံးအား ရွှင်လန်း စေ၏။ မြောက်အရပ်စွန်းရှိ ဇီအွန်တောင်သည် မဟာဘုရင်မင်းမြတ်၏ မြို့တော်ဖြစ်၏။-
Psal BurCBCM 48:3  ထိုမြို့တော်၏ ခံတပ်များအတွင်း၌ ဘုရားသခင်သည် ကိုယ်တော်တိုင် စိတ်ချလုံခြုံမှုပေးနိုင်သူဖြစ်ကြောင်း ပြတော်မူ၏။
Psal BurCBCM 48:4  ရှင်ဘုရင်တို့သည် စုဝေးကြ၍ အတူတကွချီတက်လာကြပြီး၊-
Psal BurCBCM 48:5  ထိုတောင်ကို မြင်ကြရသည်နှင့် တစ်ပြိုင်နက် အလွန်အံ့အားသင့်ကြ၏။ သူတို့သည် ထိတ်လန့်ကြ၍ ထွက်ပြေးကြလေ၏။-
Psal BurCBCM 48:6  ထိုအရပ်၌ သူတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်ကြ၍ သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့ နာကျင်မှုကို ခံစားကြရ၏။-
Psal BurCBCM 48:7  အရှေ့လေထန်မှုကြောင့် ချိုးဖျက်ခြင်းခံရသော တာရှစ်သင်္ဘောကြီးများကဲ့သို့ ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးတော်မူ၏။-
Psal BurCBCM 48:8  ဗိုလ်ခြေတို့၏ အရှင်ထာ၀ရဘုရားသခင်တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင် ငါတို့သည် ကြားခဲ့ရသည့်အတိုင်း မြင်တွေ့ကြရလေပြီ။ ကိုယ်တော်သည် ထိုမြို့တော်ကို အစဉ်ထာ၀ရ တည်ထားတော်မူ၏။
Psal BurCBCM 48:9  အိုဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကို ကိုယ်တော်၏ ဗိမာန်တော်အလယ်၌ အကျွန်ုပ်တို့ အောက်မေ့ ဆင်ခြင်ကြပါ၏။-
Psal BurCBCM 48:10  အိုဘုရားသခင်၊ ကိုယ်တော်၏နာမတော်အား ထောမနာပြုခြင်းသည် မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့လျက်ရှိပါ၏။ ကိုယ်တော်၏ လက်ယာလက်တော်သည် အောင်မြင်မှုနှင့် ပြည့်၀လျက်ရှိပါ၏။-
Psal BurCBCM 48:11  ကိုယ်တော်၏ စီရင်တော်မူချက်များကြောင့် ဇီအွန်တောင်သည် ဝမ်းမြောက်၍ ဂျုဒပြည်၏ သမီးကညာတို့သည်လည်း ရွှင်လန်းကြပါစေ။
Psal BurCBCM 48:12  ဇီအွန်မြို့တော်အနှံ့ လှည့်ပတ်သွားလာ၍ ၎င်း၏ရဲ တိုက်တို့ကိုရေတွက်လော့။-
Psal BurCBCM 48:13  ထိုမြို့တော်၏ ကတုတ်၊ ရင် တားများကို သေချာစွာမှတ်သား၍ ခံတပ်များကိုစစ်ဆေး ကြည့်ရှုလော့။-
Psal BurCBCM 48:14  အကြောင်းမူကား ဤဘုရားသခင်သည် ကာလအဆက်ဆက် ငါတို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အဆုံးတိုင်အောင် ငါတို့ကို ဦးဆောင် လမ်းညွန်သူ ဖြစ်တော်မူလိမ့်မည်။
Chapter 49
Psal BurCBCM 49:1  လူမျိုးအပေါင်းတို့၊ ဤစကားကို နာယူကြလော့။ ကမ္ဘာပေါ်၌ နေထိုင်သူအပေါင်းတို့၊ နားထောင်ကြလော့။-
Psal BurCBCM 49:2  အယုတ်အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အတူတကွ နားထောင်ကြလော့။-
Psal BurCBCM 49:3  ငါ၏နှုတ်သည် ဉာဏ်ပညာတော်ကို မြွက်ဆိုမည်။ ငါ၏နှလုံးသားသည် သိမြင်နားလည်တတ်ခြင်းကို တွေးတော ဆင်ခြင်မည်။-
Psal BurCBCM 49:4  ငါသည် စကားပုံများကို နားထောင်မည်။ ငါသည် စောင်းတီး၍ ငါ၏ပဟေဠိပုစ္ဆာကို ဖော်ထုတ်မည်။
Psal BurCBCM 49:5  ငါသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်သူတို့၏ ဆိုးယုတ်မှုဖြင့် ဝန်းရံခံရ၍ ဒုက္ခရောက်သောအချိန်၌ အဘယ်ကြောင့် ကြောက်လန့် ရမည်နည်း။-
Psal BurCBCM 49:6  ထိုသူတို့သည် မိမိတို့၏ စည်းစိမ်ဥစ္စာကို အားထား၍ မိမိတို့၏ ချမ်းသာကြွယ်၀မှုတို့ကို ကြွားဝါသူများဖြစ်ကြ၏။-
Psal BurCBCM 49:7  အကယ်စင်စစ် မည်သူမျှ မိမိညီအစ်ကို၏ အသက်ကို မကယ်နိုင်။ သို့တည်းမဟုတ် မည်သူမျှ ထိုသူ့အတွက် အသက်၏ တန်ဖိုးကို ဘုရားသခင်အား မပေးဆပ်နိုင်ပေ။-
Psal BurCBCM 49:8  အဘယ်ကြောင့်ဆိုသော် လူ့အသက်၏တန်ဖိုးသည် အလွန်ကြီး၏။ သူ၌ မည်သည့်အခါမျှ အသက်ဖိုးပေးနိုင်စွမ်းမရှိသဖြင့်၊-
Psal BurCBCM 49:9  လူတစ်ဦးသည် ပုပ်ပျက်ဆွေးမြေ့ခြင်းကို မမြင်ရဘဲ အစဉ်ထာ၀ရ အသက်ရှင်လျက် မနေနိုင်ပေ။
Psal BurCBCM 49:10  ပညာရှိတို့သည် သေကြရသည်ကိုလည်းကောင်း၊ ထို့အတူ မိုက်မဲသောသူတို့နှင့် အသိဉာဏ်နည်းသော သူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြသည်ကိုလည်းကောင်း သူမြင်တွေ့နိုင်ပေ၏။ သူတို့၏ ဥစ္စာပစ္စည်းများကို သူတစ်ပါးတို့အတွက် ထားခဲ့ကြရ၏။-
Psal BurCBCM 49:11  သူတို့သည် တိုင်းပြည်များကို အမည်တပ်၍ ပိုင်ဆိုင်ခဲ့ကြသော်လည်း သူတို့၏ သခင်္ျိုင်းဂူများသာလျှင် သူတို့၏ ထာ၀ရ နေအိမ်များ၊ သူတို့၏ ဆွေစဉ်မျိုးဆက်တို့အတွက် ထာ၀ရနေထိုင်ရာ အရပ်များဖြစ်ကြ၏။-
Psal BurCBCM 49:12  လူသားသည် ချမ်းသာကြွယ်၀ပါသော်လည်း မတည်မြဲပေ။ သူသည် သေကြေပျက်စီးတတ်သော တိရစ္ဆာန်များ ကဲ့သို့သာဖြစ်၏။
Psal BurCBCM 49:13  ဤသည်ကား မိမိတို့ကိုယ်ကို ယုံကြည်အားထားတတ်သော သူတို့၏ကံကြမ္မာဖြစ်ပြီး မိမိတို့၏ဘ၀ကို ကျေနပ်နှစ်သက် နေသူတို့၏ လမ်းဆုံးဖြစ်သတည်း။-
Psal BurCBCM 49:14  သူတို့သည် သိုးများကဲ့သို့ သခင်္ျိုင်းဂူအတွက် ရည်ရွယ်ထားခြင်းခံရလိမ့်မည်။ သေခြင်းတရားသည် သူတို့၏သိုးထိန်းဖြစ်၏။ သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ သက်ဆင်းရပြီး ဖြောင့်မတ်သောသူတို့သည် သူတို့အပေါ် အုပ်စိုးကြလိမ့်မည်။ သူတို့၏ ရုပ်သဏ္ဌာန်များသည် ပုပ်ပျက်၍ ငရဲသည် သူတို့၏နေအိမ် ဖြစ်လိမ့်မည်။-
Psal BurCBCM 49:15  သို့သော် ဘုရားသခင်သည် ငါ၏ဝိညာဉ်ကို သခင်္ျိုင်းမှ ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကို အထံတော်သို့ အမှန်ပင် ခေါ်ဆောင်တော်မူလိမ့်မည်။
Psal BurCBCM 49:16  လူတစ်ဦးသည် ချမ်းသာကြွယ်၀လာ၍ သူ၏စည်းစိမ်ဥစ္စာ တိုးပွားလာသောအခါ ကြောက်ရွံ့ခြင်းမရှိနှင့်။-
Psal BurCBCM 49:17  အကြောင်းမူကား သူသေဆုံးချိန်တွင် သူသည် မည်သည့်အရာကိုမျှ ယူဆောင်သွားလိမ့်မည်မဟုတ်။ သူ၏ဂုဏ်သရေသည် သူ၏နောက်သို့ လိုက်ပါသွားလိမ့်မည်မဟုတ်။-
Psal BurCBCM 49:18  သူသည် အသက်ရှင်နေစဉ်အတွင်း၌ မိမိတို့ကိုယ်ကို ကောင်းချီးခံရသည်ဟု သတ်မှတ်ကြ၏။ ထို့အတူ မိမိကိုယ်ကို ကြီးပွားတိုးတက်စေလျှင် လူတို့၏ချီးမွမ်းခြင်း ခံရလင့်ကစား၊-
Psal BurCBCM 49:19  သူတို့သည် မိမိတို့ဘိုးဘေးများ၏ အသင်းအပင်းတည်ရှိရာ မှောင်မိုက်သောအရပ်သို့ ဝင်ကြရလိမ့်မည်။-
Psal BurCBCM 49:20  လူသားသည် ချမ်းသာကြွယ်၀သော်လည်း သေကြေပျက်စီးတတ်သော တိရစ္ဆာန်များကဲ့သို့သာ ဖြစ်သည်ကို နားမလည်ချေ။
Chapter 50
Psal BurCBCM 50:1  တန်ခိုးကြီးသောအရှင် ထာ၀ရဘုရားသခင်သည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးကို ဆင့်ခေါ်တော်မူ၏။-
Psal BurCBCM 50:2  ဘုရားသခင်၏ ရောင်ခြည်တော်သည် တင့်တယ်သော အသရေနှင့်ပြည့်စုံသည့် ဇီအွန်တောင်ပေါ်မှ ထွန်းတောက်လေ၏။
Psal BurCBCM 50:3  ငါတို့၏ ဘုရားသခင်သည် ကြွလာပြီး တိတ်ဆိတ်စွာ နေတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်၏ ရှေ့တော်တွင် မီးပြင်းထန်စွာ လောင်ကျွမ်းလျက်ရှိပြီး ကိုယ်တော့်ထံတော်ပါး၌လည်း မုန်တိုင်းထန်လျက်ရှိ၏။-
Psal BurCBCM 50:4  ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို တရားစီရင်ရန် အထက်ကောင်းကင်ယံတို့နှင့် ကမ္ဘာမြေကြီးကို ဆင့်ခေါ်တော်မူ သည်မှာ၊-
Psal BurCBCM 50:5  ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ပြုပြီး ဆက်ကပ်ထားသော သူတို့ကို ငါ့ထံသို့ စုရုံးစေကြလော့ ဟူ၍ဖြစ်၏။-
Psal BurCBCM 50:6  ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကြွေးကြော်ကြ၏။ အကြောင်းမူကား ဘုရားသခင် ကိုယ်တော်တိုင် တရားသူကြီး ဖြစ်တော်မူသောကြောင့်တည်း။
Psal BurCBCM 50:7  ကိုယ်တော်က ငါ၏လူမျိုးတော်တို့၊ နားထောင်ကြလော့။ ငါသည် မိန့်မြွက်တော်မူမည်။ အိုအစ္စရာအဲလ် အမျိုးသားတို့၊ ငါသည် သင်တို့ကို စွဲချက်တင်မည်။ ငါသည် ဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ ဘုရားသခင်လည်း ဖြစ်တော်မူ၏။-
Psal BurCBCM 50:8  သင်တို့၏ ပူဇော်သကာများအတွက် ငါသည် သင်တို့ကို အပြစ်မတင်ပေ။ သင်တို့၏ မီးရှို့ပူဇော်ရာများသည်လည်း ငါ၏မျက်မှောက်တွင် အစဉ်မပြတ်ရှိကြ၏။-
Psal BurCBCM 50:9  ငါသည် သင်တို့၏ခြံထဲမှ နွားကိုလည်းကောင်း၊ သင်တို့၏ဆိတ်အုပ်ထဲမှ ဆိတ်တို့ကိုလည်းကောင်း အလိုမရှိပေ။-
Psal BurCBCM 50:10  တောတိရစ္ဆာန်တိုင်းနှင့် ထောင်ပေါင်းများစွာသော တောင်ကုန်းများပေါ်ရှိ နွားအုပ်များသည် ငါပိုင်ဆိုင်သော အရာများဖြစ်၏။-
Psal BurCBCM 50:11  တောင်တန်းများရှိ ကျေးငှက်အပေါင်းကို ငါသိ၏။ လယ်ကွင်းပြင်ရှိ ဖန်ဆင်းခံသတ္တဝါများသည်လည်း ငါပိုင်ဆိုင်သော အရာများဖြစ်ကြ၏။
Psal BurCBCM 50:12  အကယ်၍ ငါသည် ဆာမွတ်ခဲ့ပါလျှင် သင်တို့ကို ပြောလိမ့်မည်မဟုတ်။ အကြောင်းမူကား ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်တွင် ရှိသမျှတို့သည် ငါ၏ပိုင်ဆိုင်ရာများသာ ဖြစ်သောကြောင့်တည်း။-
Psal BurCBCM 50:13  ငါသည် နွားတို့၏အသားကို စားသလော။ သို့တည်းမဟုတ် ဆိတ်တို့၏အသွေးကို သောက်သုံးသလော။-
Psal BurCBCM 50:14  ကျေးဇူးတင်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ အမြင့်ဆုံးသော အရှင်ထံ သင်တို့ပြုထားသည့် ကတိသစ္စာ တို့ကို ဖြည့်ဆည်းကြလော့။-
Psal BurCBCM 50:15  ဒုက္ခရောက်ချိန်၌ ငါ့အားတမ်းတကြလော့။ ငါသည် သင်တို့ကို ကယ်တင်မည်။ သင်တို့သည်လည်း ငါ၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
Psal BurCBCM 50:16  သို့ရာတွင် သူယုတ်မာတို့အား ထာ၀ရဘုရားသခင် မိန့်တော်မူသည်မှာ ငါ၏ပညတ်များကို ရွတ်ဆိုရန်၊ သို့မဟုတ် ငါ၏ပဋိညာဉ်တော်ကို သင်တို့၏ နှုတ်ဖျားတွင်ရှိစေရန် သင်တို့၌ မည်သို့အခွင့်ရှိသနည်း။-
Psal BurCBCM 50:17  အကြောင်းမူကား သင်တို့သည် ငါ၏သွန်သင်ဆုံးမမှုကို မုန်းတီးကြပြီး ငါ၏စကားများကို ကျောခိုင်းကြ၏။-
Psal BurCBCM 50:18  သင်တို့သည် တွေ့သမျှသော သူခိုးတိုင်းနှင့် မိတ်ဖွဲ့ကြပြီး အိမ်ထောင်ရေး ဖောက်ပြန်သူများနှင့် အပေါင်းအသင်းပြုကြသော ကြောင့်ဖြစ်၏။
Psal BurCBCM 50:19  သင်သည် သင်၏နှုတ်ကို မကောင်းပြောရန် အသုံးပြုပြီး သင်၏လျှာကိုလည်း လိမ်လည်လှည့်စားရန် အသင့်ပြင်ဆင် ထား၏။-
Psal BurCBCM 50:20  သင်သည် ထိုင်လျက် မိမိ၏ညီအစ်ကိုကို ဆန့်ကျင်ပြောဆိုတတ်၏။ သင်သည် သင့်မိခင်၏သားကို အသရေဖျက်၏။-
Psal BurCBCM 50:21  သင်သည် ဤအမှုတို့ကို ပြုမူပြီးနောက် ငါသည် တိတ်ဆိတ်စွာနေရမည်လော။ ငါ့အား သင်ကဲ့သို့သော လူတစ်ဦးဟူ၍ သင်ထင်မှတ်သလော။ သို့ရာတွင် ယခုငါသည် သင့်အား ပြစ်တင်ဆုံးမ၍ သင်၏ အပြစ်ကို စွဲချက်တင်မည်။
Psal BurCBCM 50:22  ဘုရားသခင်ကို မေ့လျော့သော အသင်တို့၊ ဤအချက်ကို ဆင်ခြင်ကြလော့။ ထိုသို့မဟုတ်လျှင် ငါသည် သင်တို့ကို အစိတ်စိတ်အမြွှာမြွှာ ပျက်စီးစေမည်။ သင်တို့ကို ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်။-
Psal BurCBCM 50:23  ကျေးဇူးတင်ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူတို့သည် ငါ့ကိုရိုသေဂုဏ်ပြုကြ၏။ ထာ၀ရဘုရားသခင်၏ ကယ်တင် တော်မူခြင်း ကျေးဇူးကို သူတို့အား ငါပြသမည်။
Chapter 51
Psal BurCBCM 51:1  အိုဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် အကျွန်ုပ်၏ အပြစ်ကျူးလွန်မှုများကိုလည်း ပယ်ဖျက်တော်မူပါ။-
Psal BurCBCM 51:2  အကျွန်ုပ်၏ အပြစ်ဒုစရိုက်ကို အကုန်အစင် ဆေးကြောတော်မူပါ။ အကျွန်ုပ်ကိုအပြစ်မှ စင်ကြယ်စေတော်မူပါ။
Psal BurCBCM 51:3  အကျွန်ုပ်သည် အကျွန်ုပ်၏ ပြစ်မှားကျူးလွန်မှုများကို သိမှတ်ဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်သည် အကျွန်ုပ်၏ ရှေ့မှောက်တွင် အမြဲရှိပါ၏။-
Psal BurCBCM 51:4  အကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားမိပါ၏။ ကိုယ်တော်ကိုသာ ပြစ်မှားမိခြင်း ဖြစ်ပါ၏။ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ဒုစရိုက်အမှုကို အကျွန်ုပ်ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်တော်မူသည်မှာ လျော်ကန် သင့်မြတ်ပါ၏။ အကျွန်ုပ်အား ဒဏ်ခတ်တော်မူသည်မှာလည်း အပြစ်ဆိုဖွယ်မရှိပါ။-
Psal BurCBCM 51:5  အကျွန်ုပ်သည် မွေးဖွားချိန်မှစ၍ အပြစ်ကျူးလွန်သူ ဖြစ်ခဲ့ပါ၏။ အမိဝမ်းတွင်း သန္ဓေတည်သည့် အချိန်မှစ၍ အပြစ်အတွင်း၌ ကျရောက်လျက်ရှိပါ၏။
Psal BurCBCM 51:6  အမှန်စင်စစ် ကိုယ်တော်သည် အတွင်းစိတ်၌ ရိုးသားဖြောင့်မတ်ခြင်းကို လိုလားတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်၏ အတွင်းစိတ်နှလုံး၌ ဉာဏ်ပညာတော်ကို သွန်သင်ပေးတော်မူပါ။-
Psal BurCBCM 51:7  အကျွန်ုပ်ကို ဟစ်ဆုပ်ပင်အခက်နှင့် ဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် သန့်ရှင်းစင် ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကို ဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက်ပင် ပို၍ဖြူလာပါလိမ့်မည်။-
Psal BurCBCM 51:8  ရွှင်လန်းခြင်းနှင့် ပျော်ရွှင်မြူးထူးသံများကို ကြားခွင့်ပြုတော်မူပါ။ ကိုယ်တော်ချေမွခဲ့သည့် အရိုးများကို ရွှင်လန်းဝမ်းမြောက် စေတော်မူပါ။-
Psal BurCBCM 51:9  အကျွန်ုပ်၏ အပြစ်များကို မျက်ကွယ်ပြုတော်မူ၍ အကျွန်ုပ်၏ ဒုစရိုက်များအားလုံးကို ဖယ်ရှားတော်မူပါ။
Psal BurCBCM 51:10  အိုဘုရားသခင်၊ အကျွန်ုပ်၏ အတွင်းစိတ်၌ ဖြူစင်သောနှလုံးသားကို ဖန်ဆင်းတော်မူပါ။ ခိုင်မာသော စိတ်ဓာတ်သစ်ကို အကျွန်ုပ်၌ ထည့်သွင်းပေးတော်မူပါ။-
Psal BurCBCM 51:11  ရှေ့တော်မှောက်မှ အကျွန်ုပ်ကို နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဝိညာဉ်တော်မြတ်ကို အကျွန်ုပ်ထံမှ ရုပ်သိမ်းတော် မမူပါနှင့်။-
Psal BurCBCM 51:12  ကိုယ်တော်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကြောင့် ခံစားရသည့် ရွှင်လန်းခြင်းကို အကျွန်ုပ်အား ပြန်လည် ပေးသနားတော်မူပါ။ စေတနာထက်သန်သောစိတ်ကို အကျွန်ုပ်၌ ဆက်လက်ထိန်းသိမ်းထားတော်မူပါ။
Psal BurCBCM 51:13  ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သူတို့အား ကိုယ်တော်၏ တရားလမ်းတို့ကို သင်ကြားပေးပါမည်။ အပြစ်သားတို့ သည်လည်း ကိုယ်တော့်အထံတော်သို့ ပြန်လာကြပါလိမ့်မည်။-
Psal BurCBCM 51:14  အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ သွေးထွက်သံယိုဖြစ်ပွားမှုမှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏ လျှာသည်လည်း ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို သီဆိုကျူးအေးပါမည်။
Psal BurCBCM 51:15  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်ခမ်းများကို ဖွင့်တော်မူပါ။ အကျွန်ုပ်၏နှုတ်သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါမည်။-
Psal BurCBCM 51:16  ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို နှစ်မြို့တော်မမူပေ။ အကျွန်ုပ်သည် မီးရှို့ပူဇော်ရာယဇ်ကို ယူဆောင်လာလျှင်လည်း ကိုယ်တော်နှစ်သက်တော်မူမည်မဟုတ်။-
Psal BurCBCM 51:17  ဘုရားသခင် နှစ်သက်တော်မူသောယဇ်သည်ကား ကြေကွဲသောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကြေကွဲ၍ နောင်တရသော စိတ်နှလုံးကို ပစ်ပယ်တော်မူလိမ့်မည်မဟုတ်ပါ။
Psal BurCBCM 51:18  ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းအားဖြင့် ဇီအွန်မြို့ကို ကြီးပွားတိုးတက်စေတော်မူပါ။ ဂျေရုဆလင်၏ မြို့ရိုးများကိုလည်း ပြန်လည်တည်ဆောက်တော်မူပါ။-
Psal BurCBCM 51:19  ထိုအခါ ကိုယ်တော်သည် စစ်မှန်သောယဇ်၊ မီးရှို့ပူဇော်ရာယဇ်များနှင့် တစ်ကိုယ်လုံး မီးရှို့ပူဇော်သောယဇ်များကို နှစ်သက်တော်မူပေလိမ့်မည်။ ထို့နောက် နွားလားများကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပေလိမ့်မည်။
Chapter 52
Psal BurCBCM 52:1  အိုခွန်အားကြီးသောလူသား၊ ဘုရားတရားရှိသူအပေါ် ကျူးလွန်သော ဒုစရိုက်အတွက် အဘယ်ကြောင့် ကြွားဝါနေ ပါသနည်း။-
Psal BurCBCM 52:2  သင်သည် ဖျက်ဆီးရန်အတွက်သာ တစ်နေ့လုံး လျှို့ဝှက်ကြံစည်တတ်၍ သင်၏လျှာသည် ထက်မြက်သော သင်တုန်းဓားနှင့်တူ၏။ သင်သည် လိမ်လည်လှည့်စားလျက်ရှိ၏။-
Psal BurCBCM 52:3  သင်သည် အဆိုးကို အကောင်းထက်လည်းကောင်း၊ မုသားစကားကို သစ္စာစကားထက်လည်းကောင်း နှစ်သက်မြတ်နိုး၏။-
Psal BurCBCM 52:4  အိုလှည့်စားတတ်သောလျှာ၊ သင်သည် ထိခိုက်စေသော စကားမှန်သမျှကို နှစ်သက်တတ်၏။
Psal BurCBCM 52:5  အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာ၀ရပျက်စီးခြင်းသို့ ရောက်စေလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းကိုင်၍ သင်နေထိုင်ရာတဲမှ ဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့ နေထိုင်ရာအရပ်မှ သင့်ကိုနုတ်ပစ်တော်မူလိမ့်မည်။-
Psal BurCBCM 52:6  ဖြောင့်မတ်သောသူတို့သည် မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ သူတို့သည် သူ့ကိုပြက်ရယ်ပြု၍ ပြောဆိုကြသည်မှာ၊-
Psal BurCBCM 52:7  ဘုရားသခင်ကို မိမိ၏ခိုလှုံရာအဖြစ် လက်မခံဘဲလျက် မိမိ၏စည်းစိမ်ချမ်းသာအပေါ် အားထားသူကိုကြည့်ကြလော့။ သူသည် ဆိုးယုတ်ခြင်းအားဖြင့် ခွန်အားကြီးလာခဲ့သည်ဟူ၍ဖြစ်၏။
Psal BurCBCM 52:8  အကျွန်ုပ်မူကား ထာ၀ရဘုရားသခင်၏ အိမ်တော်တွင် ရှင်သန်ကြီးထွားနေသော သံလွင်ပင်တစ်ပင်ကဲ့သို့ဖြစ်၏။ အကျွန်ုပ်သည် ထာ၀ရဘုရားသခင်၏ ခိုင်မြဲသောမေတ္တာတော်ကို ကာလအဆက်ဆက် ယုံကြည်အားကိုးပါ၏။-
Psal BurCBCM 52:9  အကျွန်ုပ်သည် ကိုယ်တော်လုပ်ဆောင်တော်မူသော အမှုအတွက် ကိုယ်တော့်ကို ကာလအစဉ်အဆက် ချီးမွမ်းထောမနာ ပြုပါမည်။ ကိုယ်တော်၏ နာမတော်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်၏ သူတော်သူမြတ်တို့ ရှေ့မှောက်တွင် အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို မျှော်လင့်ကိုးစားပါမည်။
Chapter 53
Psal BurCBCM 53:1  မိုက်မဲသူတို့က ဘုရားမရှိဟု မိမိတို့၏ စိတ်နှလုံးအတွင်း၌ ဆိုကြ၏။ သူတို့အားလုံးပင် အဂတိလိုက်စားကြပြီး စက်ဆုပ်ဖွယ်အမှုတို့ကို ကျူးလွန်ကြ၏။ ကောင်းမြတ်သည့်အရာကို ပြုလုပ်သူဟူ၍ တစ်ဦးမျှ မရှိကြပေ။
Psal BurCBCM 53:2  ဘုရားသခင်သည် မိမိအား ရှာဖွေသူများ၊ သိမြင် နားလည်တတ်သူများရှိ၊ မရှိသိမြင်နိုင်ရန် လူသားတို့ကို ကောင်းကင်မှ ငုံ့ကြည့်တော်မူ၏။
Psal BurCBCM 53:3  သို့သော် လူတိုင်းပင် လမ်းလွဲခဲ့ကြလေပြီ။ သူတို့အားလုံး အကျင့်စာရိတ္တပျက်ပြားကြ၏။ ကောင်းမြတ်သည့်အရာကို ပြုလုပ်သူဟူ၍ တစ်ဦးမျှမရှိပေ။ တစ်ဦးမျှပင်မရှိပေ။
Psal BurCBCM 53:4  မကောင်းမှုကို ပြုသူတို့သည် အသိတရားမရှိကြပါသလော။ သူတို့သည် ငါ၏လူမျိုးတော်ကို ပေါင်မုန့်စားသကဲ့သို့ စားကြပြီး ဘုရားသခင်ကိုလည်း မတမ်းတကြပေ။
Psal BurCBCM 53:5  သူတို့မူကား တစ်ကြိမ်မျှမကြုံဖူးသော ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်လျက်ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့အား တိုက်ခိုက်သူတို့၏ အရိုးများကို ကွဲလွင့်စေခဲ့၏။ ထိုသူတို့သည် အရှက်တကွဲဖြစ်ကြရလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူတို့ကို ငြင်းပယ်တော်မူလေပြီ။
Psal BurCBCM 53:6  အစ္စရာအဲလ်လူမျိုးတို့၏ ကယ်တင်ခြင်းသည် ဇီအွန်တောင်ပေါ်မှ ထွက်ပေါ်လာပါစေသော်။ ဘုရားသခင်သည် မိမိလူမျိုးတော်၏ စည်းစိမ်ဥစ္စာကို ပြန်လည်ပေးအပ်တော်မူသောအခါ ယာကုပ်သည် ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ အစ္စရာအဲလ်သည်လည်း ပျော်ရွှင်မြူးထူးပါလိမ့်မည်။
Chapter 54
Psal BurCBCM 54:1  အိုဘုရားသခင်၊ ကိုယ်တော်၏ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တော်မူပါ။ ကိုယ်တော်၏ ခွန်အားတန်ခိုးတော်ဖြင့် အကျွန်ုပ်၌ အပြစ်မရှိကြောင်း ထင်ရှားစေတော်မူပါ။-
Psal BurCBCM 54:2  အိုဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏နှုတ်မှ ထွက်သောစကားများကို နားထောင်တော်မူပါ။
Psal BurCBCM 54:3  မောက်မာရိုင်းပျသော သူတို့သည် အကျွန်ုပ်ကို တိုက်ခိုက်နေကြပါ၏။ ရက်စက်ကြမ်းကြုတ်သော သူတို့သည် အကျွန်ုပ်၏ အသက်ဘေးကို ရန်ရှာကြပါ၏။ သူတို့သည် ဘုရားသခင်ကို ဂရုမစိုက်ကြပါ။
Psal BurCBCM 54:4  အမှန်စင်စစ် ဘုရားသခင်သည် ငါ့ကိုကူညီစောင်မသော အရှင်ဖြစ်တော်မူ၏။ ထာ၀ရဘုရားသခင်သည်သာလျှင် ငါ့ကို ထိန်းသိမ်းစောင့်ရှောက်ထားသူ ဖြစ်တော်မူ၏။-
Psal BurCBCM 54:5  ကိုယ်တော်သည် ငါ့ကို အသရေဖျက်သူတို့အပေါ် ဆိုးကျိုးသက်ရောက် စေတော်မူလိမ့်မည်။ ကိုယ်တော်၏ သစ္စာတရား၌ ထိုသူတို့ကို ဖျက်ဆီးတော်မူပါ။
Psal BurCBCM 54:6  အကျွန်ုပ်သည် အားရဝမ်းသာစွာဖြင့် ပူဇော်သောယဇ်ကို ကိုယ်တော့်ထံသို့ ဆက်ကပ်ပါမည်။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ နာမတော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကြောင်းမူကား ထိုအမှုအရာသည် ကောင်းမြတ်တော်မူပေ၏။-
Psal BurCBCM 54:7  အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှ ကယ်တင်တော်မူခဲ့ပြီဖြစ်၍ အကျွန်ုပ်၏ မျက်စိများသည်လည်း ရန်သူတို့အပေါ် အောင်မြင်ခြင်းဖြင့် ကြည့်နိုင်ခဲ့လေပြီ။
Chapter 55
Psal BurCBCM 55:1  အိုဘုရားသခင်၊ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသနားခံချက်ကို လျစ်လျူရှုတော်မမူပါနှင့်။-
Psal BurCBCM 55:2  အကျွန်ုပ်ကို နားညောင်း၍ ပြန်ကြားတော်မူပါ။ အကျွန်ုပ်၏ တွေးဆချက်များသည် အကျွန်ုပ်ကို စိုးရိမ်ပူပန်စေပြီး အကျွန်ုပ်သည်လည်း စိတ်ရှုပ်ထွေးနေပါ၏။-
Psal BurCBCM 55:3  ရန်သူတို့၏ ဆူညံသံနှင့် ဆိုးယုတ်သောသူတို့၏ အော်ဟစ်သံကြောင့် အကျွန်ုပ်သည် စိတ်ရှုပ်ထွေးလျက်ရှိပါ၏။ သူတို့သည် အကျွန်ုပ်အပေါ်သို့ ဆင်းရဲဒုက္ခသက်ရောက်စေကြပြီး အမျက်ဒေါ သနှင့် အကျွန်ုပ်ကို မုန်းတီးရန်ရှာကြပါ၏။
Psal BurCBCM 55:4  အကျွန်ုပ်၏စိတ်နှလုံးသည် အတွင်း၌ကြိတ်၍ ပူဆွေးနေရပါ၏။ သေခြင်း၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို စိတ်ချောက်ချားစေပါ၏။-
Psal BurCBCM 55:5  ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းတို့သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်နေကြပါ၏။ စက်ဆုပ်ဖွယ်ရာတို့သည် လည်း အကျွန်ုပ်ကို ဖိစီးလျက်နေပါ၏။-
Psal BurCBCM 55:6  သို့ဖြစ်၍ ငါဆိုသည်ကား ငါ၌ ငှက်တစ်ကောင်၏ အတောင်များရှိခဲ့ပါလျှင် ငါသည် အဝေးသို့ပျံသန်း၍ နားနေမည်။-
Psal BurCBCM 55:7  ငါသည် အလွန်ဝေးသော အရပ်သို့ ပျံသန်းပြီး တောကန္တာရတွင် နားနေမည်။-
Psal BurCBCM 55:8  ငါသည် လေပြင်းနှင့် မုန်တိုင်းတို့ထံမှဝေးသည့် ငါ၏ခိုလှုံရာဌာနသို့ လျင်မြန်စွာ သွားပေလိမ့်မည် ဟူ၍ဖြစ်၏။
Psal BurCBCM 55:9  အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏ အကြံအစည်များကို ဖျက်ဆီးတော်မူပါ။ သူတို့၏စကားများကို ရှုပ်ထွေးစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် မြို့တွင်း၌ အကြမ်းဖက်မှုနှင့် ဘက်ပြိုင်မှုများကို မြင်တွေ့ရပါ၏။-
Psal BurCBCM 55:10  သူတို့သည် နေ့ညမပြတ် မြို့ရိုးများပေါ်တွင် ချောင်းမြောင်းလှည့်လည် နေကြပါ၏။ ရန်ငြိုးထားခြင်း၊ ဆဲရေးတိုင်းထွာခြင်း များသည်လည်း မြို့တွင်း၌ရှိနေကြပါ၏။-
Psal BurCBCM 55:11  မြို့တွင်း၌ ပျက်စီးလျက်ရှိပါ၏။ ခြိမ်းခြောက်မှုများနှင့် လိမ်လည်လှည့်ဖြားခြင်း များသည်လည်း မြို့၏ဈေးလယ်ခေါင်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားသည် ဟူ၍မရှိပါ။
Psal BurCBCM 55:12  အကယ်၍ ရန်သူတစ်ဦးက ငါ့ကိုပြက်ရယ်ပြုခဲ့လျှင် ငါသည်ခံနိုင်၏။ ထိုသူသည် ငါ့ကို ဆန့်ကျင်သောသူဖြစ်လျှင် ငါသည်သူ့ကို မျက်နှာလွှဲဖယ်ထားနိုင်၏။-
Psal BurCBCM 55:13  သို့သော် ထိုသူသည် ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပြီး ငါ၏အပေါင်းအဖော်၊ ငါ၏ရင်းနှီးသော မိတ်ဆွေဖြစ်သည့် အသင်ဖြစ်နေပါသည်တကား။-
Psal BurCBCM 55:14  တစ်ချိန်က ငါတို့သည် ရင်းနှီးစွာပြောဆိုခဲ့ကြပြီး ဘုရားသခင်၏အိမ်တော်သို့ အပေါင်းအဖော်ပြုလျက် သွားခဲ့ကြ၏။-
Psal BurCBCM 55:15  သေခြင်းသည် ငါ၏ရန်သူများအပေါ်သို့ ကျရောက်ပါစေ။ သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ အရှင်လတ်လတ် ဆင်းကြ ရပါစေ။ အကြောင်းမူကား မကောင်းမှုသည် ထိုသူတို့အလယ်တွင် ခိုဝင်နေသောကြောင့်ဖြစ်ပါ၏။
Psal BurCBCM 55:16  သို့သော် ငါသည် သခင်ဘုရားကို တမ်းတပါ၏။ ထာ၀ရဘုရားသခင်သည်လည်း ငါ့ကို ကယ်တင်တော်မူ၏။-
Psal BurCBCM 55:17  ညနေ၊ နံနက်နှင့် နေ့လယ်အချိန်တို့တွင် ငါသည် ပူပင်သောကရောက်၍ အော်ဟစ်ရာ၌ ကိုယ်တော်သည် ငါ၏အသံကို ကြားတော်မူလိမ့်မည်။-
Psal BurCBCM 55:18  ငါသည် ရန်သူများစွာနှင့် တိုက်ခိုက်ရသော်လည်း ကိုယ်တော်သည် စစ်ပွဲများမှ ငါ့ကိုဘေးကင်းလုံခြုံစွာ ရွေးနုတ်တော်မူ၏။-
Psal BurCBCM 55:19  ရာဇပလ္လင်တော်ပေါ်၌ ထာ၀ရကပင် စံပယ်တော်မူသော ဘုရားသခင်သည် နားညောင်း၍ သူတို့ကို နှိမ့်ချတော်မူလိမ့်မည်။ အကြောင်းမူကား ရန်သူတို့သည် မိမိတို့၏လမ်းစဉ်များကို မည်သည့်အခါမျှ မပြောင်းလဲကြသည်သာမက ဘုရားသခင်အား ကြောက်ရွံ့ ခြင်းလည်း မရှိကြချေ။
Psal BurCBCM 55:20  ငါ၏အပေါင်းအဖော်သည် သူ၏မိတ်ဆွေများကို တိုက်ခိုက်၍ သူ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ။-
Psal BurCBCM 55:21  သူ၏စကားတို့သည် ထောပတ်ကဲ့သို့ ချောမွတ်သော်လည်း သူ၏နှလုံးအတွင်း၌မူကား စစ်မက်လိုလားလေ၏။ သူ၏ စကားတို့သည် ဆီကဲ့သို့ ညက်ညောသော်လည်း ချိန် ရွယ်ထားသော ဓားများသာဖြစ်၏။
Psal BurCBCM 55:22  ထာ၀ရဘုရားသခင်ထံတွင် သင်၏ပူပန်သောကများကို ပုံအပ်ပါလော့။ ကိုယ်တော်သည် သင့်ကို အားပေးထောက်မ တော်မူလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို မည်သည့်အခါမျှ ရှုံးနိမ့်စေတော်မူ လိမ့်မည်မဟုတ်။
Psal BurCBCM 55:23  အိုဘုရားသခင်၊ ကိုယ်တော်သည်ကား ဆိုးယုတ်သောသူတို့ကို ပျက်စီးရာတွင်းထဲသို့ ချတော်မူလိမ့်မည်။ သွေးဆာသောသူ၊ လှည့်စားတတ်သောသူတို့သည် မိမိတို့ဘ၀သက်တမ်း၏ ထက်ဝက်မျှပင် အသက်ရှင်ကြရလိမ့်မည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော့်ကို ယုံကြည်အားကိုးပါ၏။
Chapter 56
Psal BurCBCM 56:1  အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အကျွန်ုပ်၏ နောက်သို့ အပြင်းအထန်လိုက်၍ တစ်နေ့လုံး အနိုင်အထက်ပြု၍ တိုက်ခိုက်ကြပါ၏။-
Psal BurCBCM 56:2  အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်၏နောက်သို့ တစ်နေ့လုံးလိုက်၍ ဝင့်ကြွားစွာဖြင့် အကျွန်ုပ်ကို တိုက်ခိုက်ကြပါ၏။-
Psal BurCBCM 56:3  အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော့်ကို ယုံကြည်အားထားပါမည်။-
Psal BurCBCM 56:4  ငါချီးမွမ်းထောမနာပြုသော ကတိတော်ရှင်ဖြစ်တော်မူသည့် ထာ၀ရဘုရားသခင်ကို ငါယုံကြည်အားထားပါ၏။ ငါသည် ကြောက်လန့်ခြင်းမရှိဘဲ ထာ၀ရဘုရားသခင်၌ ယုံကြည်အားကိုးပါမည်။ သေမျိုးဖြစ်သောသူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။
Psal BurCBCM 56:5  သူတို့သည် တစ်နေ့လုံး ငါ၏စကားများကို လိမ်ညာလှည့်ပတ်၍ ပြန်လည်ပြောဆိုကြ၏။ သူတို့သည် ငါ့ကိုအန္တရာယ်ပြုရန် အမြဲကြံစည်နေကြ၏။-
Psal BurCBCM 56:6  သူတို့သည် ပူးပေါင်းကြံစည်ကြပြီး ငါ၏ခြေလှမ်းများကို ချောင်းမြောင်းလျက်ရှိကြ၏။ သူတို့သည် ငါ၏အသက်ကို သတ်လိုစိတ် ပြင်းပြနေကြ၏။-
Psal BurCBCM 56:7  သူတို့၏အပြစ်များအတွက် သူတို့ကိုဒဏ်ခတ်တော်မူပါ။ အိုဘုရားသခင်၊ ကိုယ်တော်၏ အမျက်တော်၌ လူမျိုးတကာတို့ကို အရေးနိမ့်စေတော်မူပါ။
Psal BurCBCM 56:8  ကိုယ်တော်သည် အကျွန်ုပ်၏ ငိုကြွေးမြည်တမ်းသံကို မှတ်ထားတော်မူပါ၏။ အကျွန်ုပ်၏ မျက်ရည်များကို ကိုယ်တော်၏ ပေရွက်လိပ်ပေါ်တွင် စာရင်းပြုတော်မူပါ။ ထိုမျက်ရည်များသည် ကိုယ်တော်၏ မှတ်တမ်းတွင် ရှိသည်မဟုတ်လော။-
Psal BurCBCM 56:9  ကယ်တင်တော်မူပါရန် ငါတောင်းလျှောက်သောနေ့၌ ငါ၏ရန်သူများသည် လှည့်ပြေးကြရလိမ့်မည်။ ဤအချက်အားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ ရှိသည်ကို ငါသိပါ၏။-
Psal BurCBCM 56:10  ကိုယ်တော်၏ ကတိတော်ကို ဘုရားသခင်၌ ငါချီးမွမ်းထောမနာပြုပါမည်။ ထာ၀ရဘုရားသခင်၌ ကတိတော်ကို ငါချီးမွမ်းပါမည်။-
Psal BurCBCM 56:11  ဘုရားသခင်ကို ငါယုံကြည်အားကိုးပါ၏။ ငါသည် ကြောက်လန့်လိမ့်မည် မဟုတ်။ လူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။
Psal BurCBCM 56:12  အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ ကတိသစ္စာပြုထားသောသူ ဖြစ်ပါ၏။ အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ကိုယ်တော်အား ဆက်ကပ်ပါမည်။-
Psal BurCBCM 56:13  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ချော်လဲခြင်းမှ လည်းကောင်း ကယ်တင်တော်မူခဲ့လေပြီ။ ဤနည်းဖြင့် အကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့တော်တွင် အသက်၏ အလင်းတော်၌ လျှောက်လှမ်းနိုင်ပေလိမ့်မည်။
Chapter 57
Psal BurCBCM 57:1  အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်ကို သနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော့်ထံ၌ ခိုလှုံပါ၏။ ပျက်စီးစေတတ်သော မုန်တိုင်းကြီး ပြီးဆုံးသည်အထိ အကျွန်ုပ်သည် ကိုယ်တော့်အတောင် တော်များ၏ အရိပ်အောက်တွင် ခိုလှုံပါမည်။-
Psal BurCBCM 57:2  ငါ့အတွက် ခပ်သိမ်းသော အရာတို့ကို လုပ်ဆောင်ပေးတော်မူသော ဘုရားဖြစ်သည့် အမြင့်ဆုံးသော ဘုရားသခင်ထံတော်သို့ ငါအော်ဟစ်ပါ၏။-
Psal BurCBCM 57:3  ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကိုပြင်းထန်စွာ လိုက်လံနှိမ်နင်းသူတို့အား ပြစ်တင်ဆုံးမ တော်မူလိမ့်မည်။ ဘုရားသခင်သည် မိမိ၏ခိုင်မြဲသော မေတ္တာတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူလိမ့်မည်။
Psal BurCBCM 57:4  ငါသည် လူတို့ကို ဝါးမျိုစားသောက်တတ်သော ခြင်္သေ့များအလယ်၌ လဲလျောင်းနေရ၏။ ၎င်းတို့၏ သွားများသည် လှံများ၊ မြားများကဲ့သို့ဖြစ်ပြီး သူတို့၏ လျှာများသည်လည်း ထက်သောဓားများကဲ့သို့ ဖြစ်ကြပါ၏။
Psal BurCBCM 57:5  အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်ယံအထက်တွင် ချီးမြှောက်ခြင်း ခံရပါစေသော်။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည်လည်း ကမ္ဘာမြေတစ်ဝန်းလုံးသို့ ပျံ့နှံ့ပါစေသော်။
Psal BurCBCM 57:6  သူတို့သည် ငါ၏ခြေများအတွက် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ ငါသည် စိတ်ဒုက္ခဖိစီးမှုကို ခံနေရပါ၏။ သူတို့သည် ငါသွားရာလမ်းတွင် တွင်းတူးထားကြ၏။ သို့ရာတွင် သူတို့သာလျှင် ထိုတွင်းထဲသို့ကျကြ၏။
Psal BurCBCM 57:7  အိုဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာပါ၏။ အကျွန်ုပ်သည် သီဆိုကျူးအေး၍ တေးသံကို ဖန်တီးပါမည်။-
Psal BurCBCM 57:8  ငါ၏ဝိညာဉ်၊ အိပ်စက်ရာမှထလော့။ စောင်းကြီး၊ စောင်းငယ်တို့၊ နိုးကြားကြလော့။ ငါသည် မိုးသောက်ချိန်ကို နိုးကြားစေမည်။-
Psal BurCBCM 57:9  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော့်ကို ချီးမွမ်း၍ လူမျိုးအပေါင်းတို့အလယ်တွင် ကိုယ်တော်၏ အကြောင်းကို သီဆိုကျူးအေးပါမည်။-
Psal BurCBCM 57:10  ကိုယ်တော်၏ မေတ္တာတော်သည် မိုးထိအောင်ကြီးမား၍ ကိုယ်တော်၏ သစ္စာတော်သည်လည်း ကောင်းကင်ယံသို့ပင် ဆိုက်ရောက်ပါ၏။
Psal BurCBCM 57:11  အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်တွင် ချီးမြှောက်ခြင်း ခံရပါစေသော်။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည်လည်း ကမ္ဘာမြေတစ်ဝန်းလုံး၌ ပျံ့နှံ့ပါစေသော်။
Chapter 58
Psal BurCBCM 58:1  အုပ်ချုပ်သူတို့၊ သင်တို့သည် အကယ်စင်စစ် တရားမျှတစွာ ပြောဆိုကြပါသလော။ သင်တို့သည် လူတို့အလယ်တွင် ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်ကြပါသလော။-
Psal BurCBCM 58:2  သင်တို့မပြုလုပ်ကြပေ။ သင်တို့၏စိတ်နှလုံးတွင် သင်တို့သည် မတရားသော အမှုကိုကြံစည်ကြ၏။ သင်တို့၏ လက်များသည်လည်း ကမ္ဘာမြေကြီးပေါ်တွင် အကြမ်းဖက်မှုကို ကျူးလွန်ကြ၏။
Psal BurCBCM 58:3  ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် လမ်းလွဲခဲ့ကြ၏။ သူတို့သည် မွေးစကပင် အမှားကိုပြုလုပ်တတ်ပြီး မုသားကို ပြောဆိုတတ်၏။-
Psal BurCBCM 58:4  သူတို့၌ မြွေဆိပ်ကဲ့သို့သော အဆိပ်ရှိပြီး သူတို့သည် မိမိ၏နားများကို ပိတ်ထားသော မြွေဟောက်ကဲ့သို့ဖြစ်ကြ၏။-
Psal BurCBCM 58:5  သို့ဖြစ်၍ ထိုမြွေဟောက်သည် အလမ္ပာယ်ဆရာ၏အသံ၊ သို့မဟုတ် စဉ်းလဲသော မျက်လှည့်ဆရာ၏အသံကို နားမထောင်ပေ။
Psal BurCBCM 58:6  အိုဘုရားသခင်၊ ထိုသူတို့၏ ပါးစပ်အတွင်းရှိ သွားများကို ချိုးပစ်တော်မူပါ။ အိုထာ၀ရဘုရားသခင်၊ ပျိုရွယ်သော ခြင်္သေ့တို့၏ အစွယ်များကို ဆွဲနုတ်တော်မူပါ။-
Psal BurCBCM 58:7  သူတို့သည် ခန်းခြောက်သွားသော ရေကဲ့သို့ ပျောက်ကွယ်သွား၍ မြက်ပင်များကဲ့သို့ အနင်းခံရပြီး ညှိုးခြောက်သွားကြပါစေ။-
Psal BurCBCM 58:8  သူတို့သည် သွားလာရင်း အရည်ပျော်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ အသေမွေးလာသော ကလေးငယ်ကဲ့သို့ လည်းကောင်း နေရောင်ခြည်ကို မမြင်တွေ့ ကြရပါစေနှင့်။-
Psal BurCBCM 58:9  သင်တို့၏ အိုးများသည် ဆူးခက်များ၏ အပူဒဏ်ကို မခံရမီပင် သူသည် ထိုဆူးခက်များကို စိမ်းလန်းသည်ဖြစ်စေ၊ ခြောက်သွေ့သည်ဖြစ်စေ ဖယ်ရှားလိမ့်မည်။
Psal BurCBCM 58:10  ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကို မြင်ရသည့်အခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ သူသည် မိမိ၏ခြေတို့ကို ဆိုးယုတ်သောသူတို့၏ သွေးတွင် ဆေးလိမ့်မည်။-
Psal BurCBCM 58:11  သို့ဖြစ်၍ လူတို့က ဆိုကြသည်မှာ အကယ်စင်စစ် ဖြောင့်မတ်သောသူတို့သည် ဆုလာဘ်ကို ရရှိကြလိမ့်မည်၊ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်တစ်ပါး အမှန်စင်စစ်ရှိတော်မူ၏ ဟူ၍ဖြစ်သတည်း။
Chapter 59
Psal BurCBCM 59:1  အိုဘုရားသခင်၊ ရန်သူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တော်မူပါ။ ပုန်ကန်ထကြွသူတို့၏ဘေးမှ အကျွန်ုပ်ကို ကာကွယ် တော်မူပါ။-
Psal BurCBCM 59:2  ဒုစရိုက်အမှုကို ကျူးလွန်သူတို့၏ဘေးမှ အကျွန်ုပ်ကို ကယ်ဆယ်တော်မူပါ။ သွေးဆာသော လူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တော်မူပါ။
Psal BurCBCM 59:3  သူတို့သည် အကျွန်ုပ်ကို မည်ကဲ့သို့ ချောင်းမြောင်းလျက် ရှိကြသည်ကို ကြည့်တော်မူပါ။ ခွန်အားကြီးသူတို့သည် အကျွန်ုပ်ကို တိုက်ခိုက်ရန် ပူးပေါင်းကြံစည်ကြပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ကျူးလွန်မှုနှင့် အကျွန်ုပ်၏အပြစ်ဟူ၍ အလျှင်းမရှိပါသော်လည်း၊-
Psal BurCBCM 59:4  အကျွန်ုပ်၌ မည်သည့်မှားယွင်းမှုမျှ မရှိခဲ့ပါသော်လည်း သူတို့သည် အကျွန်ုပ်ကို တိုက်ခိုက်ရန် အဆင်သင့်ရှိကြပါ၏။ အကျွန်ုပ်ကိုကူညီရန် ကြွလာတော်မူပါ။ အကျွန်ုပ်၏အဖြစ်ကို ကြည့်တော်မူပါ။-
Psal BurCBCM 59:5  ကိုယ်တော်သည် ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်နှင့် အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏။ လူမျိုးတကာတို့ကို အပြစ်ဒဏ်ခတ်ရန် နိုးကြားတော်မူပါ။ ယုတ်မာသော သစ္စာဖောက်တို့အား သနားကရုဏာ တော်ကို ပြတော်မမူပါနှင့်။
Psal BurCBCM 59:6  သူတို့သည် ညဉ့်ဦးယံ၌ ခွေးများကဲ့သို့ မာန်ဖီ၍ ဟိန်းဟောက်ကာပြန်လာကြပြီး မြို့ထဲတွင် လှည့်လည်သွားလာကြပါ၏။-
Psal BurCBCM 59:7  သူတို့၏ပါးစပ်များမှ ထွေးထုတ်သည့်အရာများကို ကြည့်တော်မူပါ။ သူတို့သည် မိမိတို့၏နှုတ်ခမ်းများမှ ဓားများကို ထွေးထုတ်ကြပါ၏။ သူတို့က ငါတို့ကို မည်သူကြားနိုင်သနည်းဟု တွေးထင်ကြပါ၏။
Psal BurCBCM 59:8  သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား သူတို့ကို ပြက်ရယ်ပြုတော်မူ၏။ ကိုယ်တော်သည် ထိုလူမျိုးအားလုံးတို့ကို လှောင်ပြောင်တော်မူ၏။-
Psal BurCBCM 59:9  အို အကျွန်ုပ်၏ ခွန်အားတန်ခိုးတော်ရှင်၊ ကိုယ်တော့်ကို အကျွန်ုပ် ချီးမွမ်းပါမည်။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခံတပ်ဖြစ်ပါ၏။-
Psal BurCBCM 59:10  အကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ခိုင်မြဲသော မေတ္တာတော်ဖြင့် အကျွန်ုပ်ကို ကြိုဆို၍ အကျွန်ုပ်အား အကျွန်ုပ်၏ ရန်သူတို့အပေါ် အောင်နိုင်ခွင့်ကို ပေးတော်မူလိမ့်မည်။
Psal BurCBCM 59:11  အကျွန်ုပ်တို့၏ ဒိုင်းလွှားဖြစ်တော်မူသော အိုဘုရားသခင်၊ အကျွန်ုပ်၏ လူမျိုးတို့သည် သူတို့အား မမေ့လျော့စေခြင်းငှာ ထိုသူတို့ကို သတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ခွန်အားတန်ခိုးတော်အားဖြင့် သူတို့ကို လှည့်လည်သွားလာစေပြီး အရေးနိမ့်စေတော်မူပါ။-
Psal BurCBCM 59:12  သူတို့နှုတ်များ၏အပြစ်နှင့် သူတို့၏နှုတ်ထွက်စကားတို့ အတွက်ကြောင့် သူတို့သည် မိမိတို့၏ မာန်မာန၌ ရုန်းထွက်မရဘဲ ပိတ်မိကြပါစေ။ သူတို့ရေရွတ်သော ကျိန်ဆဲမှုများနှင့် မုသားစကားများ အတွက်ကြောင့်လည်း ထိုကဲ့သို့ဖြစ်ပါစေ။-
Psal BurCBCM 59:13  အမျက်တော်နှင့် သူတို့ကို ဖျက်ဆီးတော်မူပါ။ သူတို့လုံး၀ပျောက်ကွယ်သွားသည်အထိ သူတို့ကို ဖျက်ဆီးတော်မူပါ။ ဤသို့ဖြင့် ဘုရားသခင်သည် ယာကုပ်အမျိုးအနွယ်ကို အုပ်စိုးကြောင်း မြေကြီးစွန်းတိုင်အောင် သိကြပါလိမ့်မည်။
Psal BurCBCM 59:14  သူတို့သည် ညဉ့်ဦးယံ၌ ခွေးများကဲ့သို့ မာန်ဖီ၍ ဟိန်းဟောက်ကာ ပြန်လာကြပြီး မြို့ထဲ၌ လှည့်လည်သွားလာ ကြပါ၏။-
Psal BurCBCM 59:15  သူတို့သည် စားစရာအတွက် လှည့်လည်ကြပြီး အစာမ၀ပါက ကျယ်လောင်စွာ အူကြပါ၏။
Psal BurCBCM 59:16  သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏ ခွန်အားတန်ခိုးကို သီဆိုကျူးအေးပါမည်။ နံနက်အချိန်တွင် ကိုယ်တော်၏ ကရုဏာတော်ကို အကျွန်ုပ် သီဆိုကျူးအေးပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် အကာအကွယ် ရဲတိုက်သဖွယ်ဖြစ်၍ အကျွန်ုပ် ဒုက္ခရောက်ချိန်တွင် ခိုလှုံရာဖြစ်ပါ၏။-
Psal BurCBCM 59:17  အိုအကျွန်ုပ်၏ ခွန်အားတန်ခိုးတော်ရှင်၊ ကိုယ်တော့်ကို အကျွန်ုပ် ချီးမွမ်းဧကျူးပါမည်။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ အကာအကွယ်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ခိုင်မြဲသော မေတ္တာတော်ကို ပြသသော ဘုရားသခင် ဖြစ်တော်မူပါ၏။
Chapter 60
Psal BurCBCM 60:1  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူခဲ့ပါ၏။ အကျွန်ုပ်တို့ကို အရပ်ရပ်သို့ ကွဲလွင့်စေခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော် ထွက်နေခဲ့ပါ၏။ ယခု အကျွန်ုပ်တို့ကို ပြန်လည်ထူထောင် ပေးတော်မူပါ။
Psal BurCBCM 60:2  ကိုယ်တော်သည် မြေကြီးကို လှုပ်ခါခဲ့၍ ကွဲအက်စေခဲ့ပါ၏။ ၎င်း၏ကွဲအက်ရာများကို ပြုပြင်ပေးတော်မူပါ။ အကြောင်းမူကား မြေကြီးသည် ယိမ်းယိုင်လျက်ရှိနေပါ၏။-
Psal BurCBCM 60:3  ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား ဆိုးရွားသောအရာများကို ရင်ဆိုင်စေခဲ့ပြီ။ ကိုယ်တော်သည် အကျွန်ုပ်တို့အား ဒယီးဒယိုင်ဖြစ်စေသော သေရည်သေရက်ကို သောက်စေခဲ့လေပြီ။
Psal BurCBCM 60:4  ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သော သူတို့အား မြားထိသည့်ရန်မှ လွတ်မြောက်စေရန် သူတို့အတွက် အလံကို လွှင့်ထူပေးခဲ့လေပြီ။-
Psal BurCBCM 60:5  အကျွန်ုပ်တို့ကို ကိုယ်တော်၏ ညာလက်ရုံးတော်ဖြင့် ကယ်တင်၍ နားညောင်းတော်မူပါ။ ဤသို့ဖြင့် ကိုယ်တော်ချစ်မြတ်နိုးသော သူတို့သည် ကယ်တင်ခြင်း ခံရပါလိမ့်မည်။
Psal BurCBCM 60:6  ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနမှ မိန့်တော်မူသည်မှာ ငါသည် အောင်ပွဲခံ၍ ရှီကိမ်ကိုခွဲဝေမည်။ ဆုကော့မြစ်ဝှမ်းကို ပိုင်းခြားမည်။-
Psal BurCBCM 60:7  ဂိလတ်ပြည်ကို ငါပိုင်၏။ မာနားဆေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ဂျုဒပြည်သည် ငါ၏ရာဇလှံတံဖြစ်၏။-
Psal BurCBCM 60:8  မောဘပြည်သည် ငါ၏ဆေးကြော ရာဇလုံဖြစ်ပြီး ဧဒွမ်ပြည်ပေါ်တွင် ငါ၏ဖိနပ်ကို ငါချွတ်၏။ ဖိလစ္စတင်းပြည်ပေါ်တွင် အောင်မြင်ခြင်းဖြင့် ငါကြွေးကြော်၏ ဟူသတည်း။
Psal BurCBCM 60:9  မည်သူသည် အကျွန်ုပ်ကို ခိုင်မာစွာ တည်ဆောက်ထားသော မြို့တော်ကြီးသို့ ခေါ်ဆောင်သွားပါမည်နည်း။ မည်သူသည် အကျွန်ုပ်ကို ဧဒွမ်ပြည်သို့ ဦးဆောင်လမ်းညွန်ပါမည်နည်း။-
Psal BurCBCM 60:10  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ စစ်တပ်များနှင့် ဆက်လက်ချီတက်ခြင်း မပြုဘဲနေလေပြီ။-
Psal BurCBCM 60:11  ရန်သူကို ဆန့်ကျင်နိုင်ရန် အကျွန်ုပ်တို့ကို ကူညီတော်မူပါ။ အကြောင်းမူကား လူသားတို့၏ ကူညီမှုသည် အချည်းနှီးသာ ဖြစ်ပါ၏။-
Psal BurCBCM 60:12  ငါတို့ဘက်တွင် ဘုရားသခင်ရှိတော်မူလျှင် ငါတို့သည် အောင်ပွဲခံရလိမ့်မည်။ ကိုယ်တော်သည် ငါတို့၏ ရန်သူများကို ချေမှုန်းတော်မူလိမ့်မည်။
Chapter 61
Psal BurCBCM 61:1  အိုဘုရားသခင်၊ အကျွန်ုပ်၏အော်ဟစ်သံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ ဆုတောင်းသံကို နားညောင်းတော်မူပါ။-
Psal BurCBCM 61:2  အကျွန်ုပ်သည် စိတ်နှလုံးအားနည်းဖိစီးသောအခါ ကမ္ဘာမြေကြီးစွန်းမှနေ၍ ကိုယ်တော့်ထံတော်သို့ အော်ဟစ်ပါ၏။ အကျွန်ုပ်ထက်မြင့်သော ကျောက်ဆောင်တော်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။-
Psal BurCBCM 61:3  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာနှင့် ရန်သူ၏ဘေးရန်မှ အကာအကွယ်ပေးသည့် ခိုင်ခန့်သော ရဲတိုက်ဖြစ်ပါ၏။
Psal BurCBCM 61:4  ကိုယ်တော့်အတောင်တော်များ၏ အရိပ်၌ ခိုလှုံ၍ ကိုယ်တော်၏ တဲတော်တွင် အစဉ်ထာ၀ရ နေထိုင်ခွင့်ကို အကျွန်ုပ်အား ပေးတော်မူပါ။-
Psal BurCBCM 61:5  အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကတိသစ္စာများကို ကြားနာတော်မူ၍ ကိုယ်တော်၏ နာမတော်ကို ကြောက်ရွံ့ရိုသေသော သူတို့၏ အမွေအနှစ်ကို အကျွန်ုပ်အား ပေးသနားတော်မူလေပြီ။
Psal BurCBCM 61:6  ဘုရင်မင်းမြတ်၏ ဘ၀သက်တမ်းကို တိုးစေတော်မူပါ။ သူ၏သက်တမ်းကိုလည်း မျိုးဆက်ပေါင်းများစွာတိုင်အောင် တည်စေတော်မူပါ။-
Psal BurCBCM 61:7  ဘုရင်မင်းမြတ်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ထာ၀စဉ်နန်းစံနိုင်ပါစေ။ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်နှင့် သစ္စာတော်တို့ ကို ဘုရင်မင်းမြတ်အား ကာကွယ်စောင့်ထိန်းရန် ခန့်ထားတော်မူပါ။
Psal BurCBCM 61:8  ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းဧကျူးပါမည်။ အကျွန်ုပ်ပြုထားသည့် ကတိသစ္စာများကိုလည်း နေ့စဉ်ရက်ဆက် လိုက်နာစောင့်ထိန်းပါမည်။
Chapter 62
Psal BurCBCM 62:1  ငါ၏ဝိညာဉ်သည် ဘုရားသခင် တစ်ပါးတည်းကိုသာလျှင် ငြိမ်သက်စွာ စောင့်ငံ့လျက်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ကိုယ်တော့်ထံမှ လာ၏။-
Psal BurCBCM 62:2  ကိုယ်တော်တစ်ပါးတည်းသာလျှင် ငါ၏ကျောက်ဆောင်နှင့် ငါ၏ကယ်တင်ခြင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၏ ရဲတိုက်ဖြစ်၍ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
Psal BurCBCM 62:3  သင်တို့အားလုံးသည် တိမ်းစောင်းနေသော နံရံနှင့် ယိမ်းယိုင်နေသော ခြံစည်းရိုးကဲ့သို့ဖြစ်နေသည့် လူတစ်ဦးကို အစိတ်စိတ် အမြွှာမြွှာဖြစ်စေရန် မည်မျှကြာအောင် တိုက်ခိုက်ကြမည်နည်း။-
Psal BurCBCM 62:4  သူတို့သည် ထိုသူ့ကို အလွန်မြင့်သောနေရာမှ ဇောက်ထိုးကျစေရန် ကြံစည်ကြ၏။ သူတို့သည် မုသားပြောခြင်း၌ ကျေနပ် နှစ်သက်ကြ၏။ သူတို့သည် နှုတ်များဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့၏ စိတ်နှလုံးအတွင်း၌မူ ကျိန်ဆဲကြ၏။
Psal BurCBCM 62:5  ငါ၏ဝိညာဉ်သည် ဘုရားသခင်တစ်ပါးတည်းကိုသာလျှင် ငြိမ်သက်စွာစောင့်ငံ့လျက်ရှိ၏။ အကြောင်းမူကား ငါ၏ မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံတော်မှလာ၏။-
Psal BurCBCM 62:6  ကိုယ်တော်တစ်ပါးတည်းသာလျှင် ငါ၏ကျောက်ဆောင်၊ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ရဲတိုက်ဖြစ်၍ ငါသည် တုန်လှုပ်လိမ့်မည် မဟုတ်။-
Psal BurCBCM 62:7  ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဂုဏ်ကျက်သရေသည် ဘုရားသခင်ပေါ်တွင် တည်လျက်ရှိ၏။ ကိုယ်တော်သည် ငါ၏ အင်အားကြီးသော ကျောက်ဆောင်နှင့် ငါ၏ခိုလှုံရာ ဖြစ်တော်မူ၏။
Psal BurCBCM 62:8  အိုလူအပေါင်းတို့၊ ကိုယ်တော့်ကို အချိန်ကာလတိုင်း၌ ယုံကြည်အားထားကြလော့။ ကိုယ်တော့်အထံတော်သို့ သင်တို့၏ စိတ်နှလုံးများကို ဖွင့်လှစ်ထားကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ငါတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။
Psal BurCBCM 62:9  နိမ့်ကျသောသူတို့သည် ထွက်သက်ဝင်သက်မျှသာဖြစ်၍ ဂုဏ်သရေရှိသော သူတို့သည် လှည့်ဖြားမှုတစ်ခုသာဖြစ်၏။ ချိန်ခွင်တွင် ချိန်စက်ကြည့်လျှင် သူတို့သည် အချည်းနှီးပင်ဖြစ်ကြ၏။ သူတို့နှစ်ဦးပေါင်းလျှင် ထွက်သက်ဝင်သက်ထက် ပို၍ပေါ့လျက်ပင် ရှိသေး၏။-
Psal BurCBCM 62:10  အနိုင်အထက်လုယူမှုကို အားမထားကြနှင့်။ ခိုးယူထားသော ပစ္စည်းများအတွက်လည်း ဂုဏ်မယူကြနှင့်။ သင်တို့၏ ချမ်းသာကြွယ်၀မှု တိုးပွားလာသော်လည်း သင်တို့၏စိတ်နှလုံးကို ၎င်းတို့အပေါ်၌ ငြိတွယ်ခြင်းမရှိစေကြနှင့်။
Psal BurCBCM 62:11  ဘုရားသခင် တစ်ကြိမ်မိန့်မြွက်တော်မူသည့် အရာကို ငါနှစ်ကြိမ်ကြားရ၏။ ခွန်အားတန်ခိုးကို ဘုရားသခင် ပိုင်ဆိုင်တော်မူ၏။-
Psal BurCBCM 62:12  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ခိုင်မြဲသော ကရုဏာမေတ္တာကို ပိုင်ဆိုင်တော်မူ၏။ ကိုယ်တော်သည် လူအသီးသီးတို့အား ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်အညီ အမှန်ပင် တုံ့ပြန်ပေးအပ်တော်မူလိမ့်မည်။
Chapter 63
Psal BurCBCM 63:1  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ရှာဖွေပါ၏။ အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော့်ကို ဆာငတ်ပါ၏။ ရေမရှိသည့်မြေဆီလွှာသည် ခြောက်သွေ့နွမ်းလျနေ၍ ရေကိုတမ်းတ သကဲ့သို့ပင် အကျွန်ုပ်၏ကိုယ်ခန္ဓာသည်လည်း ကိုယ်တော့်ကို တမ်းတပါ၏။-
Psal BurCBCM 63:2  အကျွန်ုပ်သည် ကိုယ်တော့်ကို သန့်ရှင်းရာဌာနတွင် မျှော်ကြည့်ခဲ့ရပြီး ကိုယ်တော်၏ တန်ခိုးတော်နှင့် ဘုန်းဂုဏ်တော်ကို ဖူးမြင်ခဲ့ရပါပြီ။-
Psal BurCBCM 63:3  ကိုယ်တော်၏ ခိုင်မြဲသောချစ်မေတ္တာသည် အသက်ထက်ပင် သာလွန်သောကြောင့် အကျွန်ုပ်၏ နှုတ်ခမ်းများသည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါမည်။-
Psal BurCBCM 63:4  အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော့်ကို ကောင်းချီးပေးပါမည်။ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ခေါ်တ၍ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါမည်။
Psal BurCBCM 63:5  အကျွန်ုပ်၏ ဝိညာဉ်သည် ခဲဖွယ်ဘောဇဉ်တို့ကို စားသုံးရသကဲ့သို့ ပြည့်၀လျက်ရှိပြီး အကျွန်ုပ်၏နှုတ်သည်လည်း သီဆိုကျူးအေးသော နှုတ်ခမ်းများဖြင့် ကိုယ်တော့်ကို ချီးမွမ်းပါ၏။-
Psal BurCBCM 63:6  အကျွန်ုပ်သည် မိမိ၏အိပ်ရာပေါ်တွင် ကိုယ်တော့်ကို အောက်မေ့သတိရပါ၏။ ညကင်းစောင့်ချိန် တစ်လျှောက်လုံး၌ အကျွန်ုပ်သည် ကိုယ်တော့်ကို ထောက်ရှုဆင်ခြင်လျက်နေပါ၏။-
Psal BurCBCM 63:7  ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကူညီမစသူ ဖြစ်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်အတောင်တော်များ၏ အရိပ်၌ ဝမ်းမြောက်ဝမ်းသာ သီဆိုကျူးအေးပါ၏။-
Psal BurCBCM 63:8  အကျွန်ုပ်သည် ကိုယ်တော့်ကို ဖက်တွယ်ပါ၏။ ကိုယ်တော်၏ ညာလက်ရုံးတော်သည် အကျွန်ုပ်ကို ထောက်မတော်မူပါ၏။
Psal BurCBCM 63:9  အကျွန်ုပ်၏ အသက်ဘေးကို ရန်ရှာကြသောသူတို့သည် ဖျက်ဆီးခြင်းခံကြရလိမ့်မည်။ သူတို့သည် ကမ္ဘာမြေကြီး၏ အောက်နက်ရှိုင်းရာသို့ ဆင်းရကြလိမ့်မည်။-
Psal BurCBCM 63:10  သူတို့သည် ဓားဖြင့် အဆုံးစီရင်ခြင်းခံရန် အပ်နှံခံရပြီး တောခွေးတို့၏အစာ ဖြစ်ကြရလိမ့်မည်။-
Psal BurCBCM 63:11  ဘုရင်မင်းမြတ်မူကား ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ ကိုယ်တော့်ကို တိုင်တည်၍ ကျိန်ဆိုသူအပေါင်းတို့ သည်လည်း ထင်ပေါ်ကျော်ကြားကြလိမ့်မည်။ မုသားပြောသူတို့၏ နှုတ်များကိုလည်း ပိတ်စေလိမ့်မည်။
Chapter 64
Psal BurCBCM 64:1  အိုဘုရားသခင်၊ အကျွန်ုပ်၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြောရာတွင် အကျွန်ုပ်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသက်ကို ရန်သူ၏ခြိမ်းခြောက်မှုမှ ကာကွယ်တော်မူပါ။-
Psal BurCBCM 64:2  လူယုတ်မာတို့၏ ပူးပေါင်းကြံစည်မှုမှလည်းကောင်း၊ ဒုစရိုက်ကျူးလွန်သူတို့၏ ဆူပူအုံကြွမှုမှလည်းကောင်း အကျွန်ုပ်ကို ဝှက်ကွယ်ထားတော်မူပါ။-
Psal BurCBCM 64:3  သူတို့သည် မိမိတို့၏ လျှာများကို ဓားကဲ့သို့ထက်စေကြပြီး မိမိတို့၏စကားများကို သေစေတတ်သော မြားတို့ကဲ့သို့ ချိန်ရွယ်ကြ၏။-
Psal BurCBCM 64:4  သူတို့သည် အပြစ်မဲ့သောသူကို ချုံကွယ်မှပစ်ခတ်ကြ၏။ ကြောက်ရွံ့ခြင်းကင်းစွာဖြင့် သူတို့သည် ထိုသူ့ကို ရုတ်တရက် ပစ်ခတ်ကြခြင်းဖြစ်၏။-
Psal BurCBCM 64:5  သူတို့သည် မကောင်းကြံစည်မှုများ၌ အချင်းချင်းအားပေးကြ၏။ သူတို့သည် ထောင်ချောက်များကို လျှို့ဝှက်စွာချထားရန် ဆွေးနွေးကြပြီး ယင်းတို့ကို မည်သူမြင်လိမ့်မည်နည်း၊-
Psal BurCBCM 64:6  ငါတို့၏ ပြစ်မှုကို မည်သူရှာတွေ့နိုင်မည်နည်း၊ ငါတို့သည် ပြည့်စုံကောင်းမွန်သော လုပ်ကြံမှုကို ကြံစည်ပြီးကြလေပြီ ဟုဆိုကြ၏။ အကယ်စင်စစ် လူ၏စိတ်နှင့် နှလုံးသည် နက်ရှိုင်းလေ၏။
Psal BurCBCM 64:7  သို့သော် ဘုရားသခင်သည် သူတို့ကို မြားနှင့်ပစ်တော်မူ၍ သူတို့သည် ချက်ချင်းပင် ထိခိုက်အနာတရ ဖြစ်ကြလိမ့်မည်။-
Psal BurCBCM 64:8  ကိုယ်တော်သည် သူတို့၏လျှာကြောင့် သူတို့ကို ပျက်စီးခြင်းသို့ ရောက်စေမည်။ သူတို့ကို မြင်ရသူအပေါင်းတို့သည်လည်း မထီမဲ့မြင်ပြုကာ သူတို့၏ဦးခေါင်းများကို ခါကြလိမ့်မည်။-
Psal BurCBCM 64:9  ထိုအခါ လူသားအပေါင်းတို့သည် ကြောက်ရွံ့ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်များကို ကြွေးကြော်ကြ၍ ကိုယ်တော်၏ ဆောင်ရွက်ချက်ကို စဉ်းစားဆင်ခြင်ကြလိမ့်မည်။
Psal BurCBCM 64:10  ဖြောင့်မတ်သောသူတို့သည် ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြ၍ ကိုယ်တော့်ထံ ခိုလှုံကြပါစေ။ နှလုံးသား၌ ဖြောင့်မတ်သူ အပေါင်းတို့သည်လည်း ကိုယ်တော့်ကို ချီးမွမ်းကြပါစေ။
Chapter 65
Psal BurCBCM 65:1  အိုဘုရားသခင်၊ ကိုယ်တော့်ကို ဇီအွန်တောင်ပေါ်၌ ချီးမွမ်းထောမနာပြုရန် အချိန်ကျရောက်လေပြီ။ ကိုယ်တော့်ထံ၌ ပြုထားသော ကတိသစ္စာများကိုလည်း ဖြည့်ဆည်းကြလိမ့်မည်။-
Psal BurCBCM 65:2  ဆုတောင်းခြင်းကို နားညောင်းတော်မူသောအရှင်၊ လူအားလုံးတို့သည် အပြစ်များအတွက်ကြောင့် ကိုယ်တော့်အထံတော်သို့ လာကြလိမ့်မည်။-
Psal BurCBCM 65:3  အကျွန်ုပ်တို့သည် အပြစ်တို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ကျူးလွန်မှုများကို အခွင့်လွှတ် တော်မူခဲ့၏။-
Psal BurCBCM 65:4  ကိုယ်တော်၏ နန်းတော်များတွင် နေထိုင်ရန် ကိုယ်တော်ရွေးချယ်ဆောင်ကြဉ်းလာတော်မူသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏ အိမ်တော်မှ ကောင်းမြတ်သော အရာများဖြင့် ပြည့်၀ကြပါ၏။
Psal BurCBCM 65:5  ကိုယ်တော်သည် ကယ်တင်ခြင်းနှင့်အတူ ဖြောင့်မတ်ခြင်း၏ အံ့ဖွယ်ရာအမှုများဖြင့် အကျွန်ုပ်တို့ကို တုံ့ပြန်တော်မူလေ၏။ အကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သော အိုဘုရားသခင်၊ ကိုယ်တော်သည် မြေကြီးစွန်းများနှင့် ပင်လယ်ရပ်ဝေး၌ရှိသူ အပေါင်းတို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။-
Psal BurCBCM 65:6  ကိုယ်တော်သည် မိမိကိုယ်ကို ခွန်အားဖြင့် ပြည့်စေပြီး ကိုယ်တော်၏ တန်ခိုးတော်ဖြင့် တောင်တန်းများကို ပုံသွင်းတော်မူ ခဲ့လေပြီ။-
Psal BurCBCM 65:7  ကိုယ်တော်သည် ပင်လယ်ပြင်နှင့် ၎င်း၏လှိုင်းတံပိုးများ၏ မြည်ဟည်းသံတို့ကိုလည်းကောင်း၊ လူမျိုးအပေါင်းတို့၏ ဆူပူအုံကြွမှုများကိုလည်းကောင်း ငြိမ်သက်စေတော်မူခဲ့၏။-
Psal BurCBCM 65:8  ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ အဝေးဆုံးသော အရပ်တို့၌ နေထိုင်ကြသော သူတို့သည် ကိုယ်တော်၏ နိမိတ်လက္ခဏာများကို ထိတ်လန့် ကြောက်ရွံ့ကြကုန်၏။ ကိုယ်တော်သည် နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့၌ ရွှင်လန်းဝမ်းမြောက်ဖွယ် သီချင်းများကို ပေါ်ထွက်စေတော်မူ၏။
Psal BurCBCM 65:9  ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုပြုတော်မူ၍ ၎င်းကို မိုးရေဖြင့် သွန်းလောင်းပေးပြီး အတိုင်းထက်အလွန် ကြွယ်၀စေတော်မူ၏။ ဘုရားသခင်၏ မြစ်ချောင်းများသည်လည်း ရေဖြင့်ပြည့်လျက်ရှိ၏။ ကိုယ်တော်သည် လူတို့အား ကောက်ပဲသီးနှံများကို ပေးသနားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုကဲ့သို့ပင် ပြင်ဆင်ထားတော်မူ သောကြောင့်ဖြစ်၏။-
Psal BurCBCM 65:10  ကိုယ်တော်သည် ထွန်ကြောင်းများကို များစွာစိုစွတ်စေပြီး မြေကမူများကို ညီညာစေတော်မူ၏။ မိုးကိုလည်း အကြိမ်ကြိမ် ရွာသွန်းစေခြင်းဖြင့် မြေကြီးကိုပျော့စေပြီး ကောက်ပဲသီးနှံတို့ကို ကောင်းချီးပေးတော်မူပါ၏။-
Psal BurCBCM 65:11  ကိုယ်တော်သည် တစ်နှစ်တာကာလကို မိမိ၏ဆုကျေးဇူးဖြင့် ပြည့်စုံစေတော်မူ၏။ ကိုယ်တော်၏ ခရီးလမ်းတစ်လျှောက် ၌လည်း ပေါများကြွယ်၀ခြင်းများ ပြည့်လျှံနေ၏။-
Psal BurCBCM 65:12  တောကန္တာရရှိ မြက်ခင်းတို့သည်လည်း စိမ်းစိုနေကြ၏။ တောင်ကုန်းတို့သည်လည်း ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် လွှမ်းခြုံ လျက်ရှိကြ၏။-
Psal BurCBCM 65:13  မြက်ခင်းတို့သည်လည်း သိုးအုပ်တို့ဖြင့် ဖုံးအုပ်လျက်ရှိပြီး ချိုင့်ဝှမ်းတို့သည်လည်း အသီးအနှံတို့ဖြင့် လွှမ်းခြုံလျက်ရှိ၏။ ၎င်းတို့သည် ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် ကြွေးကြော်သီဆိုကြလေပြီ။
Chapter 66
Psal BurCBCM 66:1  ကမ္ဘာမြေတစ်ပြင်လုံး၊ ဘုရားသခင်ထံသို့ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် ကြွေးကြော်လော့။-
Psal BurCBCM 66:2  နာမတော်၏ဘုန်းဂုဏ်တော်ကို သီဆိုကျူးအေးလော့။ ကိုယ်တော်ရှင်အား ဘုန်းဂုဏ်တော်နှင့် ချီးမွမ်းထောမနာပြုခြင်းကို ဆက်ကပ်ပူဇော်လော့။-
Psal BurCBCM 66:3  ဘုရားသခင်အား လျှောက်ထားရမည်မှာ ကိုယ်တော်၏ အမှုတော်တို့သည် မည်မျှဆန်းကြယ်လှပါသနည်း။ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်သည် အလွန်ကြီးမြတ်သည်ဖြစ်၍ ရန်သူတို့သည် ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ကြောက်ရွံ့ဝပ်တွား ကြပါ၏။-
Psal BurCBCM 66:4  ကမ္ဘာတစ်ဝန်းလုံးသည် ကိုယ်တော့်ထံတော်တွင် ဦးညွတ်ဝပ်တွား၍ ကိုယ်တော်နှင့် ကိုယ်တော်၏ နာမတော်တို့ကို ချီးမွမ်းဧကျူးကြ၏ ဟူ၍ဖြစ်သတည်း။
Psal BurCBCM 66:5  ဘုရားသခင်လုပ်ဆောင်တော်မူသော အမှုတော်ကို လာ၍ကြည့်ကြလော့။ လူတို့အတွက် ကိုယ်တော်၏ ဆောင်ရွက်ချက် များသည် ဆန်းကြယ်လှပေ၏။-
Psal BurCBCM 66:6  ကိုယ်တော်သည် ပင်လယ်ကို ခြောက်သွေ့သော ကုန်းမြေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး လူတို့သည် မြစ်ကို ခြေကျင်ဖြတ် ကူးခဲ့ကြ၏။ လာကြ၊ ကိုယ်တော်၌ ရွှင်လန်းဝမ်းမြောက်ကြကုန်စို့။-
Psal BurCBCM 66:7  ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်နှင့် အစဉ်အမြဲအုပ် စိုးတော်မူ၏။ ကိုယ်တော်၏ မျက်စိတော်များသည် လူမျိုးတကာတို့ကို စောင့်ကြပ်ကြည့်ရှုတော်မူ၏။ ပုန်ကန်သောသူတို့အား ကိုယ်တော့်ကိုဆန့်ကျင်၍ ပုန်ကန်ထကြွခြင်း မပြုစေနှင့်။
Psal BurCBCM 66:8  အိုလူမျိုးအပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ကိုယ်တော်အား ချီးမွမ်းသံကို ကြားစေကြလော့။-
Psal BurCBCM 66:9  ကိုယ်တော်သည် ငါတို့၏အသက်များကို မပျက်စီးစေရန် ထိန်းသိမ်းထား၍ ငါတို့၏ခြေတို့ကိုလည်း ချော်လဲမကျစေရန် ထိန်းထားတော်မူခဲ့၏။-
Psal BurCBCM 66:10  အကြောင်းမူကား အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စမ်းသပ်တော်မူခဲ့လေပြီ။ ငွေထည်ကို မီးဖြင့်သန့်စင် စေသကဲ့သို့ အကျွန်ုပ်တို့ကို သန့်စင်စေတော်မူခဲ့ပြီ။-
Psal BurCBCM 66:11  ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကျော့ကွင်း၌ ကျစေခဲ့ပြီး အကျွန်ုပ်တို့၏ ကျောကုန်းများပေါ်တွင် ဝန်ထုပ်များကို တင်တော်မူခဲ့လေပြီ။-
Psal BurCBCM 66:12  ကိုယ်တော်သည် လူတို့ကို အကျွန်ုပ်တို့၏ ဦးခေါင်းများအပေါ်တွင် ကျော်နင်းစေတော်မူခဲ့ပါ၏။ အကျွန်ုပ်တို့သည် မီးဘေးနှင့် ရေဘေးတို့ကို ဖြတ်သန်းခဲ့ရပါပြီ။ သို့ပင်သော်လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို ပေါများကြွယ်၀သော အရပ်သို့ ခေါ် ဆောင်ခဲ့လေပြီ။
Psal BurCBCM 66:13  အကျွန်ုပ်သည် ကိုယ်တော်၏ဗိမာန်တော်သို့ မီးရှို့ရာယဇ်များဖြင့် လာပါမည်။ ကိုယ်တော့်ထံ၌ ပြုထားသော အကျွန်ုပ်၏ ကတိသစ္စာများကို အကျွန်ုပ်ဖြည့်ဆည်းပါမည်။-
Psal BurCBCM 66:14  အကျွန်ုပ်ဒုက္ခရောက်သော အချိန်က ထိုကတိသစ္စာများကို အကျွန်ုပ်၏ နှုတ်ခမ်းများဖြင့် ကတိပြုခဲ့ပြီး အကျွန်ုပ်၏နှုတ်ဖြင့် မြွက်ဆိုခဲ့ပါ၏။-
Psal BurCBCM 66:15  အကျွန်ုပ်သည် သိုးထီးနှင့် ဆူဖြိုးသော တိရစ္ဆာန်များကိုသတ်၍ ကိုယ်တော့်ထံသို့ မီးရှို့ပူဇော်ပါမည်။ နွားထီးများနှင့် ဆိတ်ထီးများကို လည်း အကျွန်ုပ်မီးရှို့ ပူဇော်ပါမည်။
Psal BurCBCM 66:16  ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ လာကြ၍ နားထောင်ကြလော့။ ကိုယ်တော်သည် ငါ့အတွက် မည်သို့ပြုတော်မူခဲ့ကြောင်းကို သင်တို့အား ငါပြောပြမည်။-
Psal BurCBCM 66:17  ငါသည် ကိုယ်တော်အား ကျယ်လောင်စွာ ဟစ်ခေါ်၍ ကိုယ်တော်အား ချီးမွမ်းခြင်းသည်လည်း ငါ၏လျှာပေါ်တွင် ရှိခဲ့၏။-
Psal BurCBCM 66:18  ငါ၏စိတ်နှလုံးအတွင်း၌ အမှားကို စွဲလန်းငြိတွယ်ခဲ့ပါလျှင် ထာ၀ရဘုရားသခင်သည် ငါ့ကို နားထောင်တော်မူခဲ့လိမ့်မည် မဟုတ်။-
Psal BurCBCM 66:19  သို့သော် ဘုရားသခင်သည် အမှန်တကယ် နားထောင်တော်မူခဲ့လေပြီ။ ကိုယ်တော်သည် ငါ၏ဆုတောင်းသံကို ကြားနာတော်မူခဲ့လေပြီ။
Psal BurCBCM 66:20  ကိုယ်တော်သည် ငါ၏ဆုတောင်းပတ္ထနာကို ငြင်းပယ်တော်မမူပေ။ ထို့အတူ ကိုယ်တော်သည် မိမိ၏ခိုင်မြဲသော မေတ္တာတော်ကို ငါ့ထံမှ ရုပ်သိမ်းတော်မမူခဲ့ပေ။ ဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိပါစေသော်။
Chapter 67
Psal BurCBCM 67:1  ဘုရားသခင်သည် ငါတို့အား ကရုဏာသက်၍ ကောင်းချီးပေးတော်မူပါစေ။ ကိုယ်တော်၏ ရွှေမျက်နှာတော်သည်လည်း ငါတို့အပေါ် ထွန်းတောက်ပါစေ။-
Psal BurCBCM 67:2  ကိုယ်တော်၏လမ်းစဉ်များကို ကမ္ဘာမြေကြီးပေါ်တွင်လည်းကောင်း၊ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို လူမျိုးတကာတို့ အလယ်တွင်လည်းကောင်း ထင်ရှားတော်မူပါစေ။-
Psal BurCBCM 67:3  အိုဘုရားသခင်၊ လူမျိုးတကာတို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။ လူအပေါင်းတို့သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါစေ။
Psal BurCBCM 67:4  လူမျိုးအပေါင်းတို့သည် ပျော်ရွှင်ကြလျက် ရွှင်လန်းခြင်းဖြင့် သီဆိုကျူးအေးကြပါစေ။ အကြောင်းမူကား ကိုယ်တော်သည် လူအပေါင်းတို့ကို တရားမျှတစွာ အုပ်စိုးတော်မူ၍ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံအသီးသီးတို့ကို ဦးဆောင်လမ်းညွန်တော်မူ၏။
Psal BurCBCM 67:5  အိုဘုရားသခင်၊ လူမျိုးတကာတို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။ လူမျိုးအပေါင်းတို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။-
Psal BurCBCM 67:6  မြေကြီးသည် ကောက်ပဲသီးနှံတို့ကို ဖြစ်ထွန်းစေခဲ့လေပြီ။ ငါတို့၏ ဘုရားဖြစ်တော်မူသော ဘုရားသခင်သည်လည်း ငါတို့ကို ကောင်းချီးပေးတော်မူလေပြီ။-
Psal BurCBCM 67:7  ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူလေပြီ။ ကမ္ဘာမြေကြီးစွန်း ရှိသမျှတို့သည်လည်း ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါစေ။
Chapter 68
Psal BurCBCM 68:1  ဘုရားသခင်သည် ကြွလာတော်မူပါစေ။ ကိုယ်တော်၏ ရန်သူတို့သည် ကွဲလွင့်သွားကြပါစေ။ ကိုယ်တော့်ကို ဆန့်ကျင်ကြသော သူတို့သည် ရှေ့တော်မှ ထွက်ပြေးကြရပါစေ။-
Psal BurCBCM 68:2  မီးခိုးသည် လေ၌လွင့်ပါသွားသကဲ့သို့ သူတို့ကို လွင့်သွားစေတော်မူပါ။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြပါစေ။-
Psal BurCBCM 68:3  ဖြောင့်မတ်သော သူတို့မူကား ပျော်ရွှင်ဝမ်းမြောက်ကြ၍ ဘုရားသခင်၏ ရှေ့တော်တွင် ရွှင်လန်းဝမ်းမြောက်ကြပါစေ။ သူတို့သည် ပျော်ရွှင်ကြည်နူး၍ ရွှင်လန်းကြပါစေ။
Psal BurCBCM 68:4  ဘုရားသခင်အား သီဆိုကျူးအေးကြလော့။ ကိုယ်တော်၏ နာမတော်အား ချီးမွမ်းသီဆိုကြလော့။ မိုးတိမ်များကို စီးတော်မူသော ကိုယ်တော်၏နာမတော်ကား ထာ၀ရဘုရားသခင်ဟူ၍ဖြစ်သတည်း။ ကိုယ်တော်၏ ရှေ့တော်တွင် ရွှင်လန်း ဝမ်းမြောက်ကြလော့။
Psal BurCBCM 68:5  ဖခင်မရှိသော သူတို့၏ဖခင်နှင့် မုဆိုးမတို့၏ ကွယ်ကာရာအရှင်ဖြစ်သူကား မိမိ၏သန့်ရှင်းရာဌာနတွင် စံပယ်တော်မူသော ဘုရားသခင်ပေတည်း။-
Psal BurCBCM 68:6  ဘုရားသခင်သည် အထီးကျန်ဖြစ်သူတို့အား အတူနေထိုင်ရန် မိသားစုကိုပေး၍ အကျဉ်းခံနေရသူများအား ကြွယ်၀ချမ်းသာ ခြင်းသို့ခေါ်ဆောင်လာတော်မူ၏။ ပုန်ကန်ထကြွသူတို့မှာမူကား ပူပြင်းသောအရပ်များတွင် နေထိုင်ကြရ၏။
Psal BurCBCM 68:7  အိုဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏လူမျိုးတော်အရှေ့မှ ထွက်သွားပြီးလျှင် လွင်ပြင်ကိုဖြတ်ကျော်၍ ချီတက်တော်မူ သောအခါ၊-
Psal BurCBCM 68:8  ဆီနိုင်တောင်၏ ဘုရားသခင်ရှေ့မှောက်၊ အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားတည်းဟူသော ဘုရားသခင်၏ရှေ့မှောက်တော်တွင် ကမ္ဘာမြေကြီးသည် တုန်လှုပ်ခဲ့၏။ ကောင်းကင်တို့သည်လည်း မိုးရွာသွန်းချကြ၏။-
Psal BurCBCM 68:9  အိုဘုရားသခင်၊ ကိုယ်တော်သည် မိုးများကို လှိုင်လှိုင်ရွာသွန်းစေခဲ့ပြီး ကိုယ်တော်၏ မောပန်းနွမ်းနယ်နေသော အမွေစားအမွေခံတို့ကို ပြန်လည်လန်းဆန်းစေခဲ့ပါ၏။-
Psal BurCBCM 68:10  ကိုယ်တော်၏ လူမျိုးတော်သည် ထိုအရပ်၌ အခြေချခဲ့ကြ၏။ အိုဘုရားသခင်၊ ကိုယ်တော်သည် ချို့တဲ့သောသူတို့အား ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းဖြင့် ကြည့်ရှုစောင့်ရှောက်တော်မူခဲ့၏။
Psal BurCBCM 68:11  ထာ၀ရဘုရားသခင်သည် နှုတ်တော်ထွက်စကားကို ကြေညာတော်မူ၏။ ထိုနှုတ်တော်ထွက်စကားကို ကြွေးကြော်သော သူတို့၏ အဖွဲ့အစည်းကား ကြီးမားလှပေ၏။-
Psal BurCBCM 68:12  စစ်သည်ဗိုလ်ခြေတို့၏ ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၏။ သူတို့သည် ထွက်ပြေးကြ၏။ အိမ်၌ရှိကြသော အမျိုးသမီးတို့သည်လည်း တပ်စခန်းများမှ တိုက်ခိုက်ရရှိထားသော ပစ္စည်းများကို ခွဲဝေယူကြ၏။-
Psal BurCBCM 68:13  သူတို့သည် စစ်ပွဲဝင်သောနေ့၌ သိုးခြံများတွင်ရှိနေကြသော်လည်း ငွေဖြင့်ဖုံးလွှမ်းလျက်ရှိသော ချိုးငှက်၏အတောင်များ ကဲ့သို့လည်းကောင်း၊ ရွှေဖြင့်တောက်ပလျက်ရှိသော ၎င်း၏အမွေးအတောင်များ ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်ဟု ကြွေးကြော်ကြ၏။-
Psal BurCBCM 68:14  အလုံးစုံကို တတ်နိုင်တော်မူသော အရှင်သည် မြေကြီးပေါ်ရှိ ဘုရင်တို့ကို ကွဲလွင့်စေတော်မူသည့်အချိန်၌ ဇာလမွန်တောင် ပေါ်တွင် ဆီးနှင်းကျသကဲ့သို့ဖြစ်၏။
Psal BurCBCM 68:15  ဘာရှန်တောင်တန်းတို့သည် တင့်တယ်ခန့်ညားသောတောင်တန်းများဖြစ်ကြ၏။ ဘာရှန်တောင်တန်းတို့တွင် တောင်ထိပ်များစွာရှိကြ၏။-
Psal BurCBCM 68:16  အိုတောင်ထိပ်များစွာရှိသော တောင်တန်းတို့၊ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင် စံပယ်တော်မူရန် ရွေးချယ်ထားသော တောင်တော်ကို မနာလိုစိတ်နှင့် ငေးစိုက်ကြည့်ကြပါသနည်း။ ထာ၀ရဘုရားသခင်သည် ထိုအရပ်တွင် ကိုယ်တော်တိုင် ကာလအဆက်ဆက် စံပယ်တော်မူလိမ့်မည်။
Psal BurCBCM 68:17  ဘုရားသခင်၏ စစ်ရထားတို့သည် ထောင်သောင်းများစွာရှိကြ၏။ ထာ၀ရဘုရားသခင်သည် ဆီနိုင်တောင်မှ သန့်ရှင်းရာဌာနသို့ ကြွလာတော်မူပြီ။-
Psal BurCBCM 68:18  ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွသွားသောအခါ သုံ့ပန်းများကို ဦးဆောင် ခေါ်သွားတော်မူ၍ လူတို့ထံမှသာမက ဆန့်ကျင်ပုန်ကန်သူများထံမှပင်လျှင် လက်ဆောင်ပဏ္ဏာများကို လက်ခံခဲ့၏။ ဤနည်းအားဖြင့် ထာ၀ရအရှင် ဘုရားသခင်သည် ထိုအရပ်တွင် ကာလအဆက်ဆက် စံပယ်တော်မူရန်အတွက် ဖြစ်လေ၏။
Psal BurCBCM 68:19  ငါတို့၏ဝန်ထုပ်များကို နေ့စဉ်ထမ်းတော်မူသော ထာ၀ရဘုရားသခင်အား ကောင်းချီးမင်္ဂလာ ရှိပါစေသော်။ ဘုရားသခင်သည် ငါတို့၏ကယ်တင်ခြင်း ဖြစ်တော်မူ၏။-
Psal BurCBCM 68:20  ဘုရားသခင်သည် ကယ်တင်တော်မူသော ဘုရားဖြစ်တော်မူ၏။ သေခြင်းမှ လွတ်မြောက်ခြင်းသည် ထာ၀ရ ဘုရားသခင်တည်းဟူသော ဘုရားသခင်ထံမှလာ၏။
Psal BurCBCM 68:21  သို့သော် ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းများကိုလည်းကောင်း၊ အပြစ်များကို ကျူးလွန်နေသူ၏ အမွေးထူထပ်သော သရဖူကိုလည်းကောင်း ချေမှုန်းတော်မူလိမ့်မည်။-
Psal BurCBCM 68:22  ထာ၀ရဘုရားသခင်က ငါသည် သူတို့ကို ဘာရှန်ပြည်မှ ခေါ်ဆောင်လာမည်။ ငါသည် သူတို့ကို ပင်လယ်ရေနက်ထဲမှ ခေါ်ဆောင်လာမည်။-
Psal BurCBCM 68:23  ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ခြေများကို သွေးတွင် ဆေးနိုင်ကြမည်ဖြစ်ပြီး သင်တို့ခွေးများ၏ လျှာတို့သည်လည်း သူတို့၏ဝေစုကို ရန်သူတို့ထံမှ ရကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
Psal BurCBCM 68:24  အိုဘုရားသခင်၊ ကိုယ်တော်၏ စီတန်းလှည့်လည်ခြင်းကို မြင်ကြရလေပြီ။ ထိုစီတန်းလှည့်လည်ခြင်းကား သန့်ရှင်းရာဌာန အတွင်းသို့ ဝင်တော်မူသော အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ ဘုရင်မင်းမြတ်၏ စီတန်းလှည့်လည်ခြင်းပေတည်း။-
Psal BurCBCM 68:25  သီချင်းသီဆိုသူတို့သည် ရှေ့မှ၊ တူရိယာတီးမှုတ်သူတို့သည် နောက်မှသွားကြလျက် ဗုံတီးသော မိန်းမပျိုတို့သည် ၎င်းတို့အလယ်မှ လိုက်ပါသွားကြ၏။-
Psal BurCBCM 68:26  ကြီးမားသော လူအစုအဝေး၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ အစ္စရာအဲလ်အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြလော့။-
Psal BurCBCM 68:27  ၎င်းတို့တွင် အငယ်ဆုံးဖြစ်သော ဘင်ဂျာမင်မျိုးနွယ်စုသည် သူတို့ကိုဦးဆောင်လျက် ဂျုဒ၏ မင်းညီမင်းသားများ၊ ဇေဘုလွမ်နှင့် နက်ဖတာလီတို့၏ မင်းညီမင်းသားများ ပါဝင်ကြ၏။
Psal BurCBCM 68:28  အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ဆင့်ခေါ်တော်မူပါ။ အိုဘုရားသခင်၊ ရှေးယခင်က ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အတိုင်း ကိုယ်တော်၏ ခွန်အားတန်ခိုးကို အကျွန်ုပ်တို့အား ပြတော်မူပါ။-
Psal BurCBCM 68:29  ဂျေရုဆလင်ရှိ ကိုယ်တော်၏ ဗိမာန်တော်ကြောင့် ဘုရင်မင်းမြတ်တို့သည် ကိုယ်တော့်ထံသို့ လက်ဆောင်ပဏ္ဏာများ ယူဆောင်လာကြပါလိမ့်မည်။-
Psal BurCBCM 68:30  ကျူပင်များအလယ်ရှိ သားရဲတိရစ္ဆာန်များကိုလည်းကောင်း၊ လူမျိုးတကာတို့၏ နွားသူငယ်များအလယ်ရှိ နွားအုပ်ကြီးကိုလည်းကောင်း ဆုံးမတော်မူပါ။ ငွေချောင်းများကို နှစ်သက်ကြသောသူများကို ခြေဖြင့်နင်းတော်မူပါ။ စစ်ပွဲကို နှစ်သက်သောသူတို့ကို ကွဲလွင့်စေတော်မူပါ။-
Psal BurCBCM 68:31  အီဂျစ်ပြည်မှ ကြေးဝါကိုယူ ဆောင်လာကြပါစေ။ အီသီယိုးပိယပြည်သည်လည်း မိမိကိုယ်ကို ဘုရားသခင်၏ရှေ့တော်၌ ကျိုးနွံပါစေ။
Psal BurCBCM 68:32  ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံအပေါင်းတို့၊ ဘုရားသခင်အား သီဆိုကျူးအေးကြလော့။ ထာ၀ရဘုရားသခင်အား ထောမနာပြုကြလော့။-
Psal BurCBCM 68:33  ရှေးအခါကပင် တည်ရှိခဲ့သော ကောင်းကင်ယံတို့ကို စီးတော်မူသည့် ကိုယ်တော်အား ကျူးအေးကြလော့။ ထိုအရပ်၌ ကိုယ်တော်သည် တန်ခိုးဩဇာရှိသောအသံဖြင့် မြွက်ဆိုတော်မူ၏။-
Psal BurCBCM 68:34  ဘုရားသခင်၏ တန်ခိုးတော်ကို သိမှတ်ဝန်ခံကြလော့။ ကိုယ်တော်၏ ဂုဏ်ကျက်သရေတော်သည် အစ္စရာအဲလ်လူမျိုးတို့ အပေါ်တွင်လွှမ်းမိုး၍ ကိုယ်တော်၏ တန်ခိုးတော်သည်လည်း ကောင်းကင်ယံတွင်တည်ရှိ၏။-
Psal BurCBCM 68:35  အိုဘုရားသခင်၊ သန့်ရှင်းရာဌာနတွင် ကိုယ်တော်သည် ကြောက်ရွံ့ရိုသေဖွယ်ဖြစ်ပါ၏။ အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားသည် မိမိ၏လူမျိုးအား တန်ခိုးအာဏာနှင့်ခွန်အားကို ပေးတော်မူ၏။ ဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိပါစေသော်။
Chapter 69
Psal BurCBCM 69:1  အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကြောင်းမူကား ရေများသည် အကျွန်ုပ်၏ လည်မျိုတိုင်အောင် တက်လာကြပါ၏။-
Psal BurCBCM 69:2  အကျွန်ုပ်သည် အနက်ဆုံးသော ရွှံ့နွံထဲတွင်နစ်၍နေပါပြီ။ အောက်ခံမြေမာလည်း မရှိပါ။ အကျွန်ုပ်သည် ရေနက်ထဲသို့ ခြေလှမ်းခဲ့ပါပြီ။ ဒီရေတို့သည် အကျွန်ုပ်ကို နစ်မြုပ်စေပါပြီ။-
Psal BurCBCM 69:3  ကယ်တော်မူပါရန် အော်ဟစ်ရသဖြင့် အကျွန်ုပ်သည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ အကျွန်ုပ်၏ လည်ချောင်းသည်လည်း ခြောက်သွေ့နေပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို မျှော်ကြည့်ရခြင်းကြောင့် အကျွန်ုပ်၏မျက်စိများသည်လည်း အားအင်ကုန်ခန်း နေပါပြီ။
Psal BurCBCM 69:4  အကျွန်ုပ်ကို အကြောင်းမဲ့မုန်းတီးကြသော သူတို့သည် အကျွန်ုပ်၏ဦးခေါင်းရှိ ဆံပင်အရေအတွက်ထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကို ဖျက်ဆီးရန်ရှာကြံသူတို့သည်လည်း ခွန်အားကြီးကြပါ၏။ သူတို့သည် မုသားသုံး၍ အကျွန်ုပ်ကို တိုက်ခိုက်ကြသော သူများဖြစ်ပါ၏။ အကျွန်ုပ်မခိုးယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်လည်ပေး ဆပ်ရပါမည်လော။-
Psal BurCBCM 69:5  အိုဘုရားသခင်၊ အကျွန်ုပ်၏မိုက်မဲမှုကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏အပြစ် ဒုစရိုက်တို့ကို ကိုယ်တော့်ထံမှ ဖုံးကွယ်ထား၍မရပါ။
Psal BurCBCM 69:6  ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရား သခင်၊ ကိုယ်တော့်ကို မျှော်လင့်ကိုးစားသောသူတို့သည် အကျွန်ုပ်အတွက်ကြောင့် ဂုဏ်သိက္ခာ မကျဆင်းကြရပါစေနှင့်။ အိုအစ္စရာအဲလ်လူမျိုးတို့၏ ဘုရားသခင်၊ ကိုယ်တော့်ကို ရှာဖွေကြသော သူတို့သည် အကျွန်ုပ်အတွက်ကြောင့် အရှက်မကွဲကြရပါစေနှင့်။-
Psal BurCBCM 69:7  အကြောင်းမူကား အကျွန်ုပ်သည် မထီမဲ့မြင်ပြုခြင်းကို ကိုယ်တော့်အတွက် ခံထမ်းပါ၏။ အကျွန်ုပ်၏မျက်နှာသည် အရှက်ဖြင့် ဖုံးလွှမ်းနေပါ၏။-
Psal BurCBCM 69:8  အကျွန်ုပ်သည် မိမိ၏ညီအစ်ကိုများနှင့် သူစိမ်းတစ်ရံတစ်ဦးကဲ့သို့ ဖြစ်နေပြီး အကျွန်ုပ်မိခင်၏ သားများနှင့်လည်း တစ်ကျွန်းတစ်နိုင်ငံသား တစ်ဦးကဲ့သို့ ဖြစ်နေပါ၏။
Psal BurCBCM 69:9  အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် စိတ်အားထက်သန်မှုသည် အကျွန်ုပ်ကိုဝါးမျိုလေပြီ။ ကိုယ်တော့်ကို ထိခိုက်စော်ကားသူတို့၏ စော်ကားမှုများသည် အကျွန်ုပ်အပေါ်သို့ ကျရောက်လေပြီ။-
Psal BurCBCM 69:10  အကျွန်ုပ်သည် ငိုကြွေး၍ အစာရှောင်သောအခါ မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏။-
Psal BurCBCM 69:11  အကျွန်ုပ်သည် လျှော်တေအဝတ်ကို ဝတ်ဆင်သောအခါ လူတို့သည် အကျွန်ုပ်ကိုသရော်ကြပါ၏။-
Psal BurCBCM 69:12  တံခါး၀တွင် ထိုင်နေကြသောသူတို့သည် အကျွန်ုပ်ကို လှောင်ပြောင်ကြပြီး အကျွန်ုပ်သည် အရက်မူးသူတို့၏ တေးဖွဲ့ဆိုစရာဖြစ်ပါ၏။
Psal BurCBCM 69:13  သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ကျေးဇူးပြုတော်မူသောအချိန်၌ ကိုယ်တော့်ထံသို့ အကျွန်ုပ် တောင်းလျှောက် ပါ၏။ အိုဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်၌ အကျွန်ုပ်တို့ကို ကိုယ်တော်၏ စစ်မှန်သောကယ်တင် တော်မူခြင်းဖြင့် ပြန်လည်ဖြေကြားတော်မူပါ။-
Psal BurCBCM 69:14  ရွှံ့နွံထဲသို့မနစ်မြုပ်စေရန် အကျွန်ုပ်ကို ကယ်တော်မူပါ။ အကျွန်ုပ်ကိုမုန်းသော သူတို့ထံမှလည်းကောင်း၊ ရေနက်ရာမှ လည်းကောင်း အကျွန်ုပ်ကိုကယ်တော်မူပါ။-
Psal BurCBCM 69:15  ဒီရေတို့ကို အကျွန်ုပ်အား လွှမ်းမိုးစေတော်မမူပါနှင့်။ ရေနက်ထဲတွင် အကျွန်ုပ်ကို မနှစ်မြုပ်ပါစေနှင့်။ တွင်းနက်၏ အဝသည်လည်း အကျွန်ုပ်အတွက် ပိတ်ဆို့ထားလျက် ရှိပါစေ။
Psal BurCBCM 69:16  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်မေတ္တာတော်၏ ကောင်းမြတ်ခြင်းဖြင့် အကျွန်ုပ်ကို နားညောင်းတော်မူပါ။ ကိုယ်တော်၏ ကြွယ်၀သော မေတ္တာတော်အတိုင်း အကျွန်ုပ်ဘက်သို့ လှည့်တော်မူပါ။-
Psal BurCBCM 69:17  ကိုယ်တော်၏အစေခံထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ကို အလျင်အမြန် နားညောင်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အတိဒုက္ခရောက်နေပါ၏။-
Psal BurCBCM 69:18  အကျွန်ုပ်၏အနီးသို့ ကြွလာတော်မူပြီး အကျွန်ုပ်ကိုကယ်တော်မူပါ။ အကျွန်ုပ်၏ ရန်ဘက်များရှိသောကြောင့် အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။
Psal BurCBCM 69:19  အကျွန်ုပ်သည် မည်မျှစော်ကားခံရသည်၊ သိက္ခာကျခဲ့ရသည်၊ အရှက်ကွဲခဲ့ရသည်တို့ကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏ ရန်သူအားလုံးကို ကိုယ်တော်သိတော်မူပါ၏။-
Psal BurCBCM 69:20  စော်ကားခြင်းသည် အကျွန်ုပ်၏နှလုံးသားကို ထိခိုက်ကြေကွဲစေသည်ဖြစ်၍ အကျွန်ုပ်သည် ခိုကိုးရာမဲ့ဖြစ်လေပြီ။ အကျွန်ုပ်သည် ကြင်နာသနားခြင်းကို ရှာခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ပါ၏။ နှစ်သိမ့်မည့်သူများကို အကျွန်ုပ်ရှာဖွေ ခဲ့သော်လည်း တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ပါ။-
Psal BurCBCM 69:21  သူတို့သည် အကျွန်ုပ်၏အစာအတွက် အဆိပ်ကိုပေးခဲ့ပါ၏။ အကျွန်ုပ်ရေငတ်သောအခါ၌လည်း ပုန်းရည်ကို ပေးခဲ့ကြပါ၏။
Psal BurCBCM 69:22  သူတို့၏ရှေ့တွင် တည်ခင်းသောစားပွဲသည် သူတို့အဖို့ ထောင်ချောက်တစ်ခု ဖြစ်လာပါစေ။ သူတို့၏ ယဇ်ပူဇော်ရာများသည် ကျော့ကွင်းဖြစ်ပါစေ။-
Psal BurCBCM 69:23  သူတို့၏မျက်စိများသည် မမြင်နိုင်သည်အထိ မှုန်ဝါးသွားကြပါစေ။ သူတို့၏ခါးများသည်လည်း ထာ၀စဉ်တုန်ရီချိနဲ့ နေကြပါစေ။-
Psal BurCBCM 69:24  ကိုယ်တော်၏အမျက်တော်ကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူပါ။ ကိုယ်တော်၏ ကြောက်မက်ဖွယ်သော အမျက်ဒေါသသည်လည်း သူတို့အပေါ်၌ လွှမ်းမိုးနေပါစေ။-
Psal BurCBCM 69:25  သူတို့၏နေထိုင်ရာအရပ်ကို လူသူကင်းမဲ့စေတော်မူပါ။ သူတို့၏တဲများတွင်လည်း နေထိုင်သူတစ်ဦးမျှ ရှိစေတော်မမူပါနှင့်။-
Psal BurCBCM 69:26  အကြောင်းမူကား သူတို့သည် ကိုယ်တော်ဒဏ်ခတ်တော်မူသောသူကို ညှဉ်းပန်းနှိပ်စက်ကြပြီး ကိုယ်တော် ဒဏ်ရာရစေ တော်မူသောသူကို ထပ်မံနာကျင်စေကြ၏။-
Psal BurCBCM 69:27  ထိုသူတို့အပေါ်သို့ အပြစ်ဒဏ်တစ်ခုပြီး တစ်ခုချမှတ်တော်မူပါ။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်း၌ သူတို့ကို ပါဝင်ခံစားခွင့်ပြုတော်မမူပါနှင့်။-
Psal BurCBCM 69:28  အသက်ရှင်သူတို့၏ စာရင်းစာအုပ်မှ သူတို့ကိုပယ်ဖျက်တော်မူပါ။ သူတို့ကို ဖြောင့်မတ်သောသူတို့နှင့်အတူ စာရင်းသွင်း တော်မမူပါနှင့်။
Psal BurCBCM 69:29  အကျွန်ုပ်မူကား နာကျင်မှုဖြင့် စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အိုဘုရားသခင်၊ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းသည် အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်တော်မူပါစေ။
Psal BurCBCM 69:30  ငါသည် ဘုရားသခင်၏နာမတော်ကို သီချင်းတစ်ပုဒ်ဖြင့် သီဆိုချီးမွမ်းမည်။ ငါသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ကိုယ်တော့်ကို ချီးမြှောက်ပါမည်။-
Psal BurCBCM 69:31  ဘုရားသခင်သည် ဤအမှုအရာကို နွားထီးတစ်ကောင်ထက်လည်းကောင်း၊ ချိုများနှင့် ခွာများဖြင့် ပြည့်စုံသည့်နွားလား တစ်ကောင်ထက်လည်းကောင်း ပို၍နှစ်သက်တော်မူလိမ့်မည်။-
Psal BurCBCM 69:32  ဖိနှိပ်ခံရသောသူတို့သည် မြင်ကြ၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသောသူတို့၊ သင်တို့၏နှလုံးသားများသည် ပြန်လည်အားပြည့်လာကြပါစေသော်။-
Psal BurCBCM 69:33  ထာ၀ရဘုရားသခင်သည် ချို့တဲ့သောသူတို့ကို နားညောင်းတော်မူ၍ အကျဉ်းခံနေရသော မိမိ၏လူတို့ကို စွန့်ပယ်တော် မမူပေ။
Psal BurCBCM 69:34  ကောင်းကင်၊ မြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့တွင် လှုပ်ရှားနေကြသော သူအပေါင်းတို့သည် ကိုယ်တော့်ကို ချီးမွမ်းကြ ပါစေ။-
Psal BurCBCM 69:35  အကြောင်းမူကား ဘုရားသခင်သည် ဇီအွန်တောင်ကို ကယ်တော်မူ၍ ဂျုဒ၏မြို့တော်များကိုလည်း ပြန်လည် တည်ဆောက်တော်မူလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ အစေခံတို့သည် ထိုအရပ်တွင် အခြေစိုက်ကြပြီး ယင်းကို ပိုင်ဆိုင်ကြ လိမ့်မည်။-
Psal BurCBCM 69:36  ကိုယ်တော့်အစေခံများ၏ သားမြေးတို့သည်လည်း ထိုနယ်မြေကို အမွေခံကြလိမ့်မည်။ ကိုယ်တော်၏ နာမတော်ကို ချစ်မြတ်နိုးသော သူတို့သည် ထိုအရပ်တွင် နေထိုင်ကြလိမ့်မည်။
Chapter 70
Psal BurCBCM 70:1  အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ကူညီရန် အလျင်အမြန်ကြွလာ တော်မူပါ။-
Psal BurCBCM 70:2  အကျွန်ုပ်ကို အသက်အန္တရာယ်ပြုရန် ကြိုးစားသောသူတို့ကို အရှက်ကွဲစေပြီး ကစဉ့်ကလျားဖြစ်စေတော်မူပါ။ အကျွန်ုပ်၏ အကျိုးစီးပွားပျက်စီးခြင်းများကို လိုလားသူများသည် အရှက်တကွဲဖြစ်ကာ တပ်လန်ကြပါစေ။-
Psal BurCBCM 70:3  အကျွန်ုပ်ကို လှောင်ပြောင်ပြက်ရယ်ပြုသူများသည် အရှက်ရသောကြောင့် ထွက်ပြေးကြရပါစေ။
Psal BurCBCM 70:4  ကိုယ်တော့်ကို ရှာသောသူတို့မူကား ရွှင်လန်းခြင်း၊ ပျော်ရွှင်ဝမ်းမြောက်ခြင်းတို့ကို ခံစားကြရပါစေ။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို ချစ်မြတ်နိုးသောသူတို့က ဘုရားသခင်သည် ကြီးမြတ်တော်မူပေ၏ဟူ၍ အဆက်မပြတ် ကြွေးကြော် နိုင်ကြပါစေ။-
Psal BurCBCM 70:5  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ဆင်းရဲချို့တဲ့လှပါသော်လည်း အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစတော်မူသောအရှင်နှင့် အကျွန်ုပ်၏ကယ်တင်ရှင် ဖြစ်ပါ၏။ အိုထာ၀ရ ဘုရားသခင်၊ နှောင့်နှေး ကြန့်ကြာတော်မမူပါနှင့် ။
Chapter 71
Psal BurCBCM 71:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်သည် မည်သည့်အခါမျှ အရှက်တကွဲမဖြစ်ရပါစေနှင့်။-
Psal BurCBCM 71:2  ကိုယ်တော်ရှင်၏ ဖြောင့်မတ်မှန်ကန်တော်မူခြင်း၌ အကျွန်ုပ်ကိုရွေးနုတ်၍ ကယ်တင်တော်မူပါ။ အကျွန်ုပ်ကိုနားညောင်း၍ ကယ်မတော်မူပါ။-
Psal BurCBCM 71:3  အကျွန်ုပ်အမြဲ ဝင်ရောက်နားခိုနိုင်သော ကျောက်ဆောင်ဖြစ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်ရန် အမိန့်ရှိတော်မူခဲ့လေပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ဆောင်နှင့် အကျွန်ုပ်၏ ရဲတိုက် ဖြစ်တော်မူပါ၏။
Psal BurCBCM 71:4  အိုအကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏ လက်မှလည်းကောင်း၊ မတရားရက်စက်ကြမ်းကြုတ်သောသူတို့၏ ချုပ်ကိုင်မှုမှလည်းကောင်း အကျွန်ုပ်ကို ကယ်တင်တော်မူပါ။-
Psal BurCBCM 71:5  အိုထာ၀ရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ငယ်ရွယ်စဉ်မှစ၍ အကျွန်ုပ်၏မျှော်လင့်ရာ၊ ယုံကြည်အားထားရာ ဖြစ်တော်မူပါ၏။-
Psal BurCBCM 71:6  အကျွန်ုပ်သည် မွေးစကပင် ကိုယ်တော့်ကို မှီခိုအားထားခဲ့ပါပြီ။ အကျွန်ုပ်ကို အမိ၏ဝမ်းထဲမှ ခေါ်ဆောင်ခဲ့သူမှာ ကိုယ်တော်သာလျှင်ဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်မပြတ် ချီးမွမ်းထောမနာပြုပါမည်။
Psal BurCBCM 71:7  များစွာသောသူတို့အတွက် အကျွန်ုပ်သည် အံ့ဖွယ်ရာဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သော ခိုလှုံရာဖြစ်ပါ၏။-
Psal BurCBCM 71:8  အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်အား ချီးမွမ်းခြင်းနှင့် ပြည့်လျက်ရှိပြီး ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို တစ်နေ့လုံးချီးမွမ်းပါ၏။-
Psal BurCBCM 71:9  အသက်အရွယ်ကြီးရင့်လာချိန်၌ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အား ကုန်ဆုံးလာချိန်၌ အကျွန်ုပ်ကို စွန့်ပယ်ထားတော်မမူပါနှင့်။-
Psal BurCBCM 71:10  အကြောင်းမူကား အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။ အကျွန်ုပ်၏အသက်ဘေးကို ရန်ရှာသောသူတို့သည်လည်း အတူတကွကြံစည်တိုင်ပင်ကြပါ၏။-
Psal BurCBCM 71:11  သူတို့က ဘုရားသခင်သည် သူ့ကိုစွန့်ပစ်ထားလေပြီ။ သူ့ကို လိုက်လံဖမ်းဆီးကြလော့။ အကြောင်းမူကား သူ့ကို ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဟုဆိုကြပါ၏။
Psal BurCBCM 71:12  အိုဘုရားသခင်၊ အကျွန်ုပ်ထံမှ ဝေးစွာနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို မစရန် အလျင်အမြန် ကြွလာတော်မူပါ။-
Psal BurCBCM 71:13  အကျွန်ုပ်ကို မဟုတ်မမှန်စွပ်စွဲသော သူတို့သည် အရှက်တကွဲဖြစ်ပြီး ပျက်စီးကြပါစေ။ အကျွန်ုပ်ကို ထိခိုက်နာကျင်စေရန် ကြိုးစားကြသောသူတို့သည် ကဲ့ရဲ့ခြင်းနှင့် နစ်မွန်းကြပါစေ။-
Psal BurCBCM 71:14  သို့သော် အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်မပြတ် မျှော်လင့်လျက် ပို၍သာ ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 71:15  အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်း ကျေးဇူးတော်များကို တစ်နေ့လုံး ဟောကြားပါမည်။ ကျေးဇူးတော်များသည် ရေတွက်၍ မကုန်နိုင်ပါ။-
Psal BurCBCM 71:16  ထာ၀ရအရှင် ဘုရားသခင်၏ အားတန်ခိုးတော်များဖြင့် အကျွန်ုပ်လာရောက်ပါမည်။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း ကျေးဇူးကိုသာလျှင် အကျွန်ုပ် ချီးမွမ်းပါမည်။
Psal BurCBCM 71:17  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်ရွယ်စဉ်အခါမှစ၍ သွန်သင်တော်မူခဲ့ပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ အံ့ဖွယ်သောအမှုတော်တို့ကို ဆက်လက်ကြေညာဆဲပင်ရှိပါ၏။-
Psal BurCBCM 71:18  သို့ဖြစ်၍ အကျွန်ုပ်သည် အသက်ကြီးရင့်၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် နောင်လာလတ္တံ့သော သားစဉ်မြေးဆက်တို့အား ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ကြေညာဟောပြောပြီးသည့်တိုင်အောင် အကျွန်ုပ်ကို စွန့်ပယ်တော်မမူပါနှင့်။-
Psal BurCBCM 71:19  အိုဘုရား သခင်၊ ကိုယ်တော်၏တရားမျှတမှုသည် မိုးကောင်းကင် တိုင်အောင်ရောက်ရှိပါ၏။ ကြီးမြတ်သော အမှုအရာများကို ပြုတော်မူသော အို ဘုရားသခင်၊ အဘယ်သူသည် ကိုယ်တော်နှင့်တူပါသနည်း။-
Psal BurCBCM 71:20  အကျွန်ုပ်အား များစွာသောဆင်းရဲခြင်းများနှင့် ဘေးဒုက္ခတို့ကိုကြုံတွေ့စေတော်မူသော ကိုယ်တော်သည် အကျွန်ုပ်ကို ပြန်လည်အသက်သွင်းပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ကို ကမ္ဘာမြေကြီး၏ နက်ရှိုင်းရာအရပ်များမှ တစ်ဖန် ခေါ်ဆောင်တော်မူလိမ့်မည်။-
Psal BurCBCM 71:21  ကိုယ်တော်သည် အကျွန်ုပ်၏ဂုဏ်သတင်းကို တိုးပွားစေ၍ နှစ်သိမ့်မှုကိုထပ်မံ၍ ပေးတော်မူလိမ့်မည်။
Psal BurCBCM 71:22  အိုအကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ သစ္စာတော်ကို စောင်းတီး၍ ချီးမွမ်းထောမနာပြုပါမည်။ အကျွန်ုပ်သည် အစ္စရာအဲလ်လူမျိုးတို့၏ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်အား တယောတီး၍ ချီးမွမ်းသီဆိုပါမည်။-
Psal BurCBCM 71:23  ကိုယ်တော်၏ ရှေ့တော်တွင် ချီးမွမ်းသီဆိုသောအခါ အကျွန်ုပ်၏နှုတ်ခမ်းများသည် ဝမ်းမြောက်ခြင်းဖြင့် ဟစ်ကြွေးပါမည်။ ကိုယ်တော်ရွေးနုတ်ထားတော်မူသော အကျွန်ုပ်၏ဝိညာဉ်သည်လည်း ထိုနည်းတူပြုပါမည်။-
Psal BurCBCM 71:24  အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်သော ကူညီစောင်မခြင်းကို တစ်နေ့လုံးချီးမွမ်းမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ကို မကောင်းကြံသော သူတို့သည် အရှက်တကွဲဖြစ်၍ အသရေပျက်ကြလေပြီ။
Chapter 72
Psal BurCBCM 72:1  အိုဘုရားသခင်၊ ဘုရင်မင်းမြတ်အား ကိုယ်တော်၏ တရားမျှတမှုကိုလည်းကောင်း၊ ဘုရင်မင်းမြတ်၏သားတော်အား ကိုယ်တော်၏ ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ပေးတော်မူပါ။-
Psal BurCBCM 72:2  သူသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသောသူတို့ကို တရားမျှတမှုဖြင့်လည်းကောင်း စီရင်မှုပြုနိုင်ပါစေ။-
Psal BurCBCM 72:3  တောင်တန်းတို့သည် ကိုယ်တော်၏လူမျိုးတော်အတွက် ကြွယ်၀ချမ်းသာခြင်းကိုလည်းကောင်း၊ တောင်ငယ်တို့သည် ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ဖြစ်ထွန်းကြပါစေ။-
Psal BurCBCM 72:4  ထိုမင်းသည် ကိုယ်တော်၏ လူမျိုးတော်တွင် ဆင်းရဲသောသူတို့ဘက်၌ ကာကွယ်မှုပေးပြီး ချို့တဲ့နွမ်းပါးသောသူတို့ကို ကယ်တင်လျက် ဖိနှိပ်သူတို့ကို ချေမှုန်းတော်မူပါစေ။
Psal BurCBCM 72:5  နေသည် ထွန်းလင်း၍ လသည် အလင်းရောင်ပေးသမျှ ကာလပတ်လုံး သူသည် အစဉ်အဆက် အသက်ရှင်ပါစေသော်။-
Psal BurCBCM 72:6  သူသည် ရိတ်ထားသောမြက်ခင်းပေါ်သို့ ကျရောက်သော မိုးပေါက်များကဲ့သို့လည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် ရွာသွန်းသော မိုးကဲ့သို့လည်းကောင်းဖြစ်ပါစေ။-
Psal BurCBCM 72:7  သူ၏လက်ထက်တော်၌ ဖြောင့်မတ်မှန်ကန်ခြင်းတရား ထွန်းကားပါစေ။ လ၏အလင်း ကုန်ဆုံးသွားသည့်တိုင်အောင် ငြိမ်းချမ်းသာယာခြင်းသည် ကျယ်ပြန့်စွာ စိုးမိုးပါစေ။
Psal BurCBCM 72:8  သူသည် ပင်လယ်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေကြီးစွန်းတိုင်အောင်လည်းကောင်း စိုးမိုးအုပ်ချုပ်လိမ့်မည်။-
Psal BurCBCM 72:9  တောကန္တာရတွင်ရှိသော လူမျိုးအပေါင်းတို့သည် မင်းကြီး၏ရှေ့တော်၌ ဦးညွတ်ကြလိမ့်မည်။ သူ၏ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြရလိမ့်မည်။-
Psal BurCBCM 72:10  တာရှစ်မင်းတို့နှင့် ကျွန်းများမှဘုရင်တို့သည် သူ့အား အခွန်ဆက်သကြလိမ့်မည်။ ရှီဘမင်းနှင့် ဆေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြလိမ့်မည်။-
Psal BurCBCM 72:11  ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် သူ၏ရှေ့တော်တွင် ပျပ်ဝပ်ကြလိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည်လည်း သူ့ကို အစေခံကြလိမ့်မည်။
Psal BurCBCM 72:12  အကြောင်းမူကား မင်းကြီးသည် မိမိအား ဟစ်အော်တမ်းတသော ငတ်မွတ်သူတို့အားလည်းကောင်း၊ ခိုကိုးရာမဲ့ ဆင်းရဲသားတို့အားလည်းကောင်း ကယ်တင်တော်မူလေ၏။-
Psal BurCBCM 72:13  သူသည် အားနည်းနုံချာသည့် ဆင်းရဲသောသူတို့နှင့် နွမ်းပါးသောသူတို့ကို သနား၍ငတ်မွတ်သော သူတို့၏အသက်ကိုလည်း ကယ်တင်တော်မူ၏။-
Psal BurCBCM 72:14  သူသည် ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှုထဲမှ ထိုသူတို့ကို ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။ အကြောင်းမူကား သူတို့၏သွေးသည် သူ၏ရှေ့မျက်မှောက်တွင် အဖိုးထိုက်တန်လှပေ၏။
Psal BurCBCM 72:15  သူသည် သက်တော်ရှည်ပါစေသော်။ သူသည် ရှီဘပြည်မှရွှေများကို လက်ဆောင်ပဏ္ဏာအဖြစ် ရရှိပါစေသော်။ လူတို့သည် သူ့အတွက် ဆုတောင်းပတ္ထနာများကို နေ့စဉ်မပြတ်ပြုကြပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နေ့စဉ်နေ့တိုင်း ခံစားရစေရန် တောင်းလျှောက်ကြပါစေ။-
Psal BurCBCM 72:16  မြေပေါ်၌ ကောက်ပဲသီးနှံကြွယ်၀ပါစေ။ တောင်ထိပ်များပေါ်မှာ သီးနှံများယိမ်းနွဲ့လျက်ရှိပါစေ။ အသီးအပွင့်တို့သည်လည်း လေဘနွန်တောကဲ့သို့ဖြစ်ပါစေ။ လယ်ကွင်းပြင်ရှိ မြက်များကဲ့သို့ လူတို့သည် မြို့ကြီးများတွင် ဝေဆာတိုးပွားကြပါစေ။-
Psal BurCBCM 72:17  သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော်။ သူ၏ဂုဏ်သတင်းသည်လည်း နေမင်းကြီးတည်သရွေ့ ဆက်လက်တည်တံ့ ပါစေ။ လူအပေါင်းတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံကြရပါစေ။ လူမျိုးအပေါင်းတို့သည် သူ့ကို မင်္ဂလာရှိသူဟုခေါ်ဝေါ် ကြပါစေ။
Psal BurCBCM 72:18  အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင် အံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူ၏။-
Psal BurCBCM 72:19  ကိုယ်တော်၏ ဘုန်းတန်ခိုးကြီးတော်မူသောနာမတော်သည် ကာလအဆက်ဆက်မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် မြေတစ်ပြင်လုံး၌ ပြည့်နှက်လျက်ရှိ၏။ အာမင်၊ အာမင်။
Psal BurCBCM 72:20  ဂျက်ဆေ၏သား ဒါဝိဒ်မင်းကြီး၏ ဆုတောင်းပတ္ထနာများ ပြီးဆုံးလေပြီ။
Chapter 73
Psal BurCBCM 73:1  ဘုရားသခင်သည် စိတ်နှလုံးဖြူစင်သော အစ္စရာအဲလ်လူမျိုးတို့အပေါ်တွင် အမှန်တကယ်ပင် ကောင်းမြတ်တော်မူပေ၏။-
Psal BurCBCM 73:2  ငါ့အတွက်မူကား ငါ၏ခြေများသည် ခလုတ်တိုက်လုမတတ်ဖြစ်ကြ၍ ငါ၏ခြေလှမ်းများသည် ချော်လဲလုနီးနီးရှိလေပြီ။-
Psal BurCBCM 73:3  အကြောင်းမူကား မတရားသော သူတို့ကောင်းစားသည်ကို ငါမြင်ရသောအခါ သူတို့၏မောက်မာမှုကို ငါမရှုစိမ့်နိုင်သော ကြောင့်တည်း။
Psal BurCBCM 73:4  ထိုသူတို့သည် သေသည့်တိုင်အောင် နာကျင်ခြင်းဝေဒနာ မခံစားကြရပေ။ သူတို့၏ကိုယ်ခန္ဓာသည် ကျန်းမာသန်စွမ်း လျက်ရှိ၏။-
Psal BurCBCM 73:5  သူတို့သည် အခြားလူများကဲ့သို့ ဒုက္ခမရောက်ကြပေ။ သူတို့သည် အခြားသူများနည်းတူ ကပ်ဆိုက်ခြင်းကိုလည်း မကြုံကြရပေ။-
Psal BurCBCM 73:6  သို့ဖြစ်၍ မာနထောင်လွှားခြင်းသည် သူတို့၏လည်ဆွဲတန်ဆာဖြစ်ပြီး အကြမ်းဖက်ခြင်းသည် သူတို့ကို ဝတ်ရုံပမာ လွှမ်းခြုံထား၏။-
Psal BurCBCM 73:7  သူတို့၏မျက်စိများသည် ဆူ၀၍မို့မောက်လျက်ရှိ၏။ သူတို့၏စိတ်နှလုံးများတွင် ကောက်ကျစ်သော အကြံအစည်များ ပြည့်လျှံလျက်ရှိ၏။-
Psal BurCBCM 73:8  သူတို့သည် ဆိုးညစ်သောစကားများကို ပြောဆိုလျက် ပြက်ရယ်ပြုကြ၏။ သူတို့သည် အထက်မှနေ၍ ဖိနှိပ်ရန် ခြိမ်းခြောက်ကြ၏။-
Psal BurCBCM 73:9  သူတို့သည် သူတို့၏နှုတ်ကို ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြုစေပြီး သူတို့၏လျှာသည်လည်း မြေကြီးတစ်ခွင်၌ လှည့်လည်လေ၏။
Psal BurCBCM 73:10  ထို့ကြောင့် လူတို့သည် သူတို့ဘက်သို့လှည့်၍ ချီးမွမ်းကြပြီး ထိုသူတို့၌အပြစ်မမြင်နိုင်ကြချေ။-
Psal BurCBCM 73:11  သူတို့ကလည်း ဘုရားသခင်သည် မည်ကဲ့သို့သိနိုင်ပါသနည်း။ အမြင့်ဆုံးသောဘုရား၌ အသိပညာရှိပါသလောဟုဆို ကြ၏။-
Psal BurCBCM 73:12  ဆိုးယုတ်သောသူတို့သည်ကား ဤကဲ့သို့ဖြစ်ကြ၏။ သူတို့သည် အစဉ်ကောင်းစား၍ စည်းစိမ်ဥစ္စာများတိုးပွားကြ၏။-
Psal BurCBCM 73:13  ငါ၏နှလုံးသားကို သန့်စင်စွာထားခြင်းနှင့် ငါ၏လက်များကို အပြစ်ကင်းစင်မှုဖြင့် ဆေးကြောခြင်းသည် အချည်းနှီးသာဖြစ်၏။-
Psal BurCBCM 73:14  အကြောင်းမူကား ငါသည် တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်ရပြီး နံနက်တိုင်း အပြစ်တင်ဆုံးမခြင်းကို ခံရလေပြီ။
Psal BurCBCM 73:15  အကျွန်ုပ်သည် ဤသို့ပြောဆိုပါမည်ဟု အကျွန်ုပ်ဆိုခဲ့လျှင် ကိုယ်တော်၏သားစဉ်မြေးဆက်အပေါ် သစ္စာဖောက်ရာ ရောက်ပေလိမ့်မည်။-
Psal BurCBCM 73:16  ဤအရာကိုနားလည်ရန် အကျွန်ုပ်ကြိုးစားသောအခါ အကျွန်ုပ်သည် ဖိစီးမှုကို ခံစားရပါ၏။-
Psal BurCBCM 73:17  အကျွန်ုပ်သည် ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်ထဲသို့ ရောက်သည့်အချိန်ကျမှသာလျှင် သူတို့၏ ဘ၀နိဂုံး မည်သို့ ချုပ်ရမည်ကို နားလည်လာပါ၏။-
Psal BurCBCM 73:18  အမှန်စင်စစ် ကိုယ်တော်သည် သူတို့အား ခြေချော်ကျနိုင်သော နေရာတို့တွင် ချထား၍ ပျက်စီးခြင်းသို့ ကျရောက်စေခဲ့ပြီ။-
Psal BurCBCM 73:19  သူတို့သည် တစ်ခဏချင်းတွင် လျင်မြန်စွာ ဖျက်ဆီးခြင်းခံကြရပြီး ကြောက်မက်ဖွယ်အရာများအားဖြင့် လုံး၀ပျောက်ကွယ် သွားကြရပါသည်တကား။-
Psal BurCBCM 73:20  သူတို့သည် နိုးလာချိန်တွင် ပျောက်ကွယ်သွားတတ်သော အိပ်မက်ကဲ့သို့ဖြစ်၍ ကိုယ်တော်ကြွလာတော်မူချိန်တွင်လည်း ကိုယ်တော်သည် သူတို့၏ရုပ်ပုံလွှာကို စွန့်ပယ်တော်မူလိမ့်မည်။
Psal BurCBCM 73:21  အကျွန်ုပ်၏နှလုံးသားသည် ပူဆွေးဝမ်းနည်းပြီး အကျွန်ုပ်၏စိတ်သည် နာကြည်းသောအခါ၊-
Psal BurCBCM 73:22  အကျွန်ုပ်သည် မိုက်မဲ၍ ပညာမဲ့သောသူဖြစ်ပြီး ရှေ့တော်၌ သားရဲတိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။-
Psal BurCBCM 73:23  သို့ပင်သော်လည်း အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၏ လက်ယာလက်ကို ဆွဲကိုင်ထားတော်မူ၏။-
Psal BurCBCM 73:24  ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏အကြံဉာဏ်ဖြင့် လမ်းညွန်တော်မူပြီးနောက် ဘုန်းဂုဏ်တော်၌ လက်ခံတော်မူလိမ့်မည်။-
Psal BurCBCM 73:25  ကောင်းကင်တွင် ကိုယ်တော်မှတစ်ပါး အကျွန်ုပ်၌ မည်သူရှိပါသနည်း။ မြေကြီးပေါ်တွင်လည်း ကိုယ်တော်နှင့်အတူရှိပါလျှင် အကျွန်ုပ်သည် မည်သည့်အရာကိုမျှ မလိုလားတော့ပါ။-
Psal BurCBCM 73:26  အကျွန်ုပ်၏ စိတ်နှလုံးသည် အင်အားချည့်နဲ့၍လာသော်လည်း ကိုယ်တော်သည် အကျွန်ုပ်စိတ်နှလုံး၏ ခွန်အားဖြစ်ပြီး ကာလအဆက်ဆက် အကျွန်ုပ်၏ အမွေအနှစ်ဖြစ်တော်မူ၏။
Psal BurCBCM 73:27  ကိုယ်တော်နှင့်ဝေးကွာလျက် ရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ကိုယ်တော့်ကို သစ္စာ ဖောက်သော သူတို့အားလည်း ကိုယ်တော်သည် အဆုံးစီရင်တော်မူလိမ့်မည်။-
Psal BurCBCM 73:28  အကျွန်ုပ်အတွက်မူ ဘုရားသခင်၏ ထံတော်ပါးတွင် ရှိနေရခြင်းသည် ကောင်းမြတ်လှပေ၏။ အကျွန်ုပ်သည် ထာ၀ရအရှင် ဘုရားသခင်ကို အကျွန်ုပ်၏ခိုလှုံရာ ဖြစ်စေခဲ့ပါ၏။ ကိုယ်တော်၏ အမှုတော်များကို အကျွန်ုပ် ဟောပြောကြေညာပါမည်။
Chapter 74
Psal BurCBCM 74:1  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ထာ၀စဉ်စွန့်ပစ်ထားတော်မူပါသနည်း။ ကိုယ်တော်၏ စားကျက်၌ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။-
Psal BurCBCM 74:2  ရှေးယခင်က ကိုယ်တော်ရွေးနုတ်တော်မူခဲ့သော လူမျိုးတော်ဖြစ်၍ ကိုယ်တော်၏အမွေအနှစ်အဖြစ် ကယ်တင်တော်မူခဲ့သော လူမျိုးစုနှင့် ကိုယ်တော်စံပယ်တော်မူခဲ့သော ဇီအွန်တောင်ကို သတိရတော်မူပါ။-
Psal BurCBCM 74:3  ကိုယ်တော်၏ ခြေလှမ်းများကို ထာ၀ရပျက်စီးနေသော အရာများထံသို့ ဦးတည်တော်မူပါ။ ရန်သူတို့သည် သန့်ရှင်းရာဌာန၌ ရှိ သမျှသောအရာတို့ကို ဖျက်ဆီးကြလေပြီ။
Psal BurCBCM 74:4  ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်၌ ဟစ်အော်ကြွေးကြော်ပြီး သူတို့သည် မိမိတို့၏ အောင်လံများကို စိုက်ထူကြလေပြီ။-
Psal BurCBCM 74:5  သူတို့သည် သစ်တောထူထပ်ရာအရပ်တွင် ပုဆိန်များဖြင့် ခုတ်လှဲသောလူတို့ကဲ့သို့ဖြစ်ကြ၏။-
Psal BurCBCM 74:6  သူတို့သည် ဗိမာန်တော်၏ သစ်သားပန်းပုလက်ရာများကို ပုဆိန်တင်းပုတ်များဖြင့် ရိုက်ချိုးပစ်ကြ၏။-
Psal BurCBCM 74:7  သူတို့သည် ကိုယ်တော်၏ဗိမာန်တော်ကို မီးရှို့ဖျက်ဆီးကြ၍ ကိုယ်တော်၏နာမတော် တည်ရာဌာနကို မြေသို့ကျသည့် တိုင်အောင် ညစ်ညူးစေကြပါ၏။-
Psal BurCBCM 74:8  ထိုသူတို့က ငါတို့သည် သူတို့ကို အပြီးတိုင်ခြေမှုန်းမည်ဟု မိမိတို့၏စိတ်အတွင်း၌ဆိုကြပြီး မြေကြီးပေါ်၌ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့်ဌာနတိုင်းကို မီးရှို့ဖျက်ဆီးကြကုန်၏။
Psal BurCBCM 74:9  အကျွန်ုပ်တို့သည် နိမိတ်လက္ခဏာများကို မမြင်ကြရတော့ပါ။ ပရောဖက်များလည်း မရှိကြတော့ပါ။ မည်မျှကြာအောင် ဤသို့ဖြစ်နေမည်ကိုလည်း မည်သူမျှမသိပါ။-
Psal BurCBCM 74:10  အိုဘုရားသခင်၊ ရန်သူတို့သည် မည်မျှကြာအောင် ကိုယ်တော်အား မထီမဲ့မြင်ပြုကြလိမ့်မည်နည်း။ ရန်သူတို့သည် ကိုယ်တော်၏နာမတော်ကို အစဉ်ထိခိုက်စော်ကားနေကြမည်လော။-
Psal BurCBCM 74:11  ကိုယ်တော်သည် အဘယ်ကြောင့် ကိုယ်တော်၏လက်ယာလက်တော်ကို ထိန်းချုပ်ထားတော်မူပါသနည်း။ ကိုယ်တော်၏ လက်တော်ကို ဝတ်ရုံအောက်မှထုတ်၍ ထိုသူတို့ကို ဖျက်ဆီးတော်မူပါ။
Psal BurCBCM 74:12  အကြောင်းမူကား ဘုရားသခင်သည် ရှေးကာလကပင် ဘုရင်ဖြစ်တော်မူ၍ ကမ္ဘာမြေကြီးပေါ်တွင် ကယ်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်တော်မူပြီ။-
Psal BurCBCM 74:13  ကိုယ်တော်သည် မိမိ၏ မဟာတန်ခိုးတော်အားဖြင့် ပင်လယ်ရေကို ပိုင်းခြားတော်မူ၍ ရေထဲရှိနဂါးတို့၏ ဦးခေါင်းများကို နင်းချေတော်မူ၏။-
Psal BurCBCM 74:14  ကိုယ်တော်သည် လေဗိယသန်၏ ဦးခေါင်းများကို နင်းချေတော်မူ၏။ ကိုယ်တော်သည် ၎င်းကို တောကန္တာရရှိ သက်ရှိသတ္တဝါတို့၏ အစာဖြစ်စေတော်မူခဲ့ပြီ။-
Psal BurCBCM 74:15  ကိုယ်တော်သည် စမ်းအိုင်များနှင့်ချောင်းများကို ဖွင့်ချတော်မူ၍ ရေမပြတ်စီးဆင်းသော မြစ်များကို ခန်းခြောက်စေ တော်မူ၏။-
Psal BurCBCM 74:16  ကိုယ်တော်သည် နေ့နှင့်ညကို ပိုင်ဆိုင်တော်မူ၍ နေနှင့်တကွ အလင်းပေးသော အရာရှိသမျှတို့ကို နေရာချထားတော်မူ၏။-
Psal BurCBCM 74:17  ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ နယ်နိမိတ်ရှိသမျှကို သတ်မှတ်တော်မူ၍ နွေဥတုနှင့်ဆောင်းဥတုတို့ကို ဖန်ဆင်း တော်မူ၏။
Psal BurCBCM 74:18  အိုထာ၀ရဘုရားသခင်၊ ရန်သူတို့သည် ကိုယ်တော့်ကို ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ ဘုရားမဲ့သောသူတို့သည် ကိုယ်တော်၏ နာမတော်အား မထီမဲ့မြင်ပြုကြသည်ကိုလည်းကောင်း သတိရတော်မူပါ။-
Psal BurCBCM 74:19  ကိုယ်တော့်ချိုးငှက်ငယ်၏ အသက်ကို သားရဲတိရစ္ဆာန်တို့အား ပေးတော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့၏ ဘ၀အသက်တာကို မေ့လျော့ထားတော်မမူပါနှင့်။
Psal BurCBCM 74:20  ကိုယ်တော်၏ ပဋိညာဉ်တော်ကို ထောက်ရှုတော်မူပါ။ အကြောင်းမူကား မြေကြီးပေါ်ရှိ မှောင်မိုက်သောအရပ်များသည် အကြမ်းဖက်မှုဖြစ်ပေါ်ရာဌာနများဖြင့် ပြည့်နှက်လျက်ရှိပါ၏။-
Psal BurCBCM 74:21  ဖိစီးနှိပ်စက်ခြင်းကို ခံရသောသူတို့အား အရှက်တကွဲဖြစ်စေတော်မမူပါနှင့်။ ဆင်းရဲသောသူနှင့် ချို့တဲ့သောသူတို့သည် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။
Psal BurCBCM 74:22  အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ ကိုယ်တော်၏အမှုတော်အတွက် ရှေ့နေရှေ့ရပ်ပြုတော်မူပါ။ ဘာသာတရားမဲ့ သူတို့သည် ကိုယ်တော်အား တစ်နေ့လုံးမည်သို့ မထီမဲ့မြင်ပြုကြသည်ကို သတိရတော်မူပါ။-
Psal BurCBCM 74:23  ကိုယ်တော့်ရန်သူတို့၏ အော်ဟစ်သံကို မေ့ထားတော်မမူပါနှင့်။ ကိုယ်တော်ကို ဆန့်ကျင်သောသူတို့၏ အော်ဟစ်သံသည် အဆက်မပြတ်ထွက်ပေါ်နေပါ၏။
Chapter 75
Psal BurCBCM 75:1  အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ကြပါ၏။ ချီးမွမ်းထောမနာပြုကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို ခေါ်တ၍ အံ့ဖွယ်သောအမှုတော်တို့ကို ထုတ်ဖော်ပြောကြားကြပါ၏။
Psal BurCBCM 75:2  ငါရွေးချယ်သတ်မှတ်ထားသောအချိန်၌ ငါသည် ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်တော်မူမည်။-
Psal BurCBCM 75:3  ကမ္ဘာမြေကြီးနှင့် ၎င်း၏သက်ရှိသတ္တဝါအပေါင်းတို့ တုန်လှုပ်သောအခါ ငါသည်ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေတော်မူ၏။
Psal BurCBCM 75:4  ကြွားဝါသောသူတို့အား ကြွားဝါခြင်းကိုမပြုကြနှင့် ဟူ၍လည်းကောင်း၊ ဆိုးယုတ်သော သူတို့အား သူတို့၏ဦးချိုကို မြှောက်မထားကြနှင့်ဟူ၍လည်းကောင်း၊-
Psal BurCBCM 75:5  သူတို့၏ဦးချိုကို အမြင့်သို့ မြှောက်မထားကြနှင ့်ဟူ၍လည်းကောင်း၊ မောက်မာစော်ကားစွာ မပြောဆိုကြနှင့် ဟူ၍ လည်းကောင်း ငါမိန့်မှာထား၏။
Psal BurCBCM 75:6  အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ တောကန္တာရမှ လည်းကောင်း လာသည်မဟုတ်ပေ။-
Psal BurCBCM 75:7  တရားစီရင်တော်မူသော အရှင်သည်ကား ဘုရားသခင်ပင်ဖြစ်သတည်း။ ကိုယ်တော်သည် တစ်ဦးကိုနိမ့်ကျစေ၍ အခြားတစ်ဦးကိုမူ ချီးမြှောက်တော်မူ၏။-
Psal BurCBCM 75:8  အကြောင်းမူကား ထာ၀ရဘုရားသခင်၏ လက်တော်ရှိ ခွက်ဖလားတွင် ကောင်းမွန်စွာရောစပ်ထားသည့် အမြှုပ်ထွက် နေသော စပျစ်ရည်ရှိ၏။ ကိုယ်တော်သည် ထိုစပျစ်ရည်ကို သွန်ချတော်မူ၍ ကမ္ဘာပေါ်ရှိ သူယုတ်မာအပေါင်းတို့သည် ၎င်းကို ကုန်သည့်တိုင်အောင် သောက်ကြရကုန်၏။
Psal BurCBCM 75:9  ငါမူကား ယာကုပ်အမျိုး၏ ဘုရားသခင်ကို အစဉ်မပြတ် ချီးမွမ်းသီချင်းဆိုပါမည်။-
Psal BurCBCM 75:10  ကိုယ်တော်သည် ယုတ်မာသောသူတို့၏ ဦးချိုရှိသမျှတို့ကို ဖြတ်တောက်တော်မူလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏ ဦးချိုတို့မှာမူ ချီးမြှောက်ခြင်းခံရလိမ့်မည်။
Chapter 76
Psal BurCBCM 76:1  ဂျုဒပြည်၌ ဘုရားသခင်ကိုသိကြ၏။ ကိုယ်တော်၏နာမတော်သည် အစ္စရာအဲလ်တွင် အလွန်ကြီးမြတ်တော်မူ၏။-
Psal BurCBCM 76:2  ကိုယ်တော်၏အိမ်တော်ကို ဂျေရုဆလင်မြို့တွင် တည်ဆောက်ထားပြီး ကိုယ်တော်စံပယ်ရာဌာနသည် ဇီအွန်တောင်ပေါ်တွင် ဖြစ်၏။-
Psal BurCBCM 76:3  ထိုအရပ်တွင် ကိုယ်တော်သည် ဝင်းလက်နေသောလေး၊ မြား၊ ဒိုင်းလွှား၊ ဓားနှင့် လက်နက်တို့ကို ချိုးဖျက်တော်မူ၏။
Psal BurCBCM 76:4  ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် ပြည့်စုံတော်မူ၍ သားကောင်တို့ရှိသော တောင်တန်းများထက်ပို၍ တင့်တယ် တော်မူ၏။-
Psal BurCBCM 76:5  ခွန်အားကြီးသောသူတို့သည် မိမိတို့တိုက်ခိုက်ရရှိသော ပစ္စည်းများဆုံးရှုံးခဲ့ကြ၍ အိပ်ပျော်ခဲ့ကြပြီ။ စစ်သူရဲတို့သည်လည်း မိမိတို့၏လက်များကို အသုံးမပြုနိုင်ခဲ့ကြပေ။-
Psal BurCBCM 76:6  အိုယာကုပ်၏ဘုရားသခင်၊ ကိုယ်တော် ဆုံးမတော်မူသောအခါ မြင်းနှင့်ရထားတို့ သည် ရပ်ဆိုင်းသွားကြရ၏။
Psal BurCBCM 76:7  ကိုယ်တော်သည် ကြောက်မက်ဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ မည်သူသည် ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ရပ်နေနိုင်ပါမည်နည်း။-
Psal BurCBCM 76:8  ကိုယ်တော်သည် ကောင်းကင်မှ တရားစီရင်ချက်ကို ချမှတ်တော်မူသောအခါ ကမ္ဘာမြေကြီးသည် ကြောက်လန့်၍ ငြိမ်ဝပ်လျက်ရှိပါ၏။-
Psal BurCBCM 76:9  ဤသို့ဖြင့် ဘုရားသခင်သည် ကမ္ဘာပေါ်တွင် ဖိနှိပ်ခံရသောသူတို့ကို ကယ်တင်၍ စီရင်ချက်ကိုချမှတ်တော်မူ၏။
Psal BurCBCM 76:10  လူတို့၏အမျက်ဒေါသသည် ကိုယ်တော့်ကို အမှန်တကယ်ပင် ချီးမွမ်းထောမနာပြုပါလိမ့်မည်။ ကိုယ်တော်သည် အမျက်တော်မှ လွတ်မြောက်သောသူတို့ဖြင့် မိမိကိုယ်ကို ဆင်မြန်းပါလိမ့်မည်။-
Psal BurCBCM 76:11  သင်တို့၏ဘုရား ဖြစ်တော်မူသော ထာ၀ရဘုရားသခင်ထံတော်၌ ကတိသစ္စာပြုပြီး ထိုသစ္စာဝတ်ကို စောင့်ထိန်းကြလော့။ ကိုယ်တော်၏ထံတော်ပါး၌ ရှိသောသူအပေါင်းတို့အား ကြောက်ရွံ့ရိုသေဖွယ်သော အရှင်ထံတော်သို့ လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာစေကြလော့။-
Psal BurCBCM 76:12  ကိုယ်တော်သည် မင်းညီမင်းသားတို့၏ စိတ်ကိုနှိမ့်ချတော်မူ၍ လောကီရှင်ဘုရင်တို့အတွက် ကြောက်ရွံ့ရိုသေရသောသူ ဖြစ်တော်မူ၏။
Chapter 77
Psal BurCBCM 77:1  ငါသည် ဘုရားသခင်ထံတော်သို့ ကျယ်လောင်စွာ အော်ဟစ်ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ကြားတော်မူစေခြင်းငှာ ငါသည် ကျယ်လောင်စွာ အော်ဟစ်ပါ၏။-
Psal BurCBCM 77:2  ငါဘေးဒုက္ခရောက်သောနေ့၌ ငါသည် ကိုယ်တော့်ကိုရှာပါ၏။ ညအချိန်၌ ငါသည် လက်များကို မရပ်မနားဆန့်တန်းလျက် ဆုတောင်းပါ၏။ ငါ၏ဝိညာဉ်သည် စိတ်သက်သာနှစ်သိမ့်ခြင်းကို လက်မခံခဲ့ပေ။
Psal BurCBCM 77:3  ငါသည် ဘုရားသခင်ကို အောက်မေ့ဆင်ခြင်၍ စိတ်ညှိုးငယ်ပူပန်ခြင်းရှိ၏။ ငါသည် လေးနက်စွာထောက်ရှုသောအခါ ငါ၏ဝိညာဉ်သည် စိတ်ပျက်အားငယ်လေ၏။
Psal BurCBCM 77:4  ကိုယ်တော်သည် ငါ့အား အိပ်ပျော်ခွင့်ကိုပေးတော် မမူပေ။ ငါသည် စိတ်ပူပန်သောက ရောက်သောကြောင့် စကားပင် မပြောနိုင်ပေ။-
Psal BurCBCM 77:5  ငါသည် ကုန်လွန်သွားသော နေ့ရက်များအကြောင်းကို စဉ်းစား၍ ရှေးလွန်လေပြီးသောနှစ်များကို အောက်မေ့သတိရပါ၏။-
Psal BurCBCM 77:6  ငါသည် ညအချိန်၌ အောက်မေ့သတိရ၍ စဉ်းစားဆင်ခြင်လျက် ငါ၏စိတ်နှလုံးကိုရှာဖွေ၏။-
Psal BurCBCM 77:7  ထာ၀ရဘုရားသခင်သည် ငါ့ကို အစဉ်စွန့်ပစ်ထားတော်မူမည်လော။ ကိုယ်တော်သည် နောက်တစ်ဖန် ကျေးဇူးမပြုဘဲ နေတော်မူမည်လော။-
Psal BurCBCM 77:8  ကိုယ်တော်၏ တည်မြဲသောကရုဏာတော်သည် ရပ်ဆိုင်းသွားပြီလော။ ကိုယ်တော်၏ ကတိတော်များသည်လည်း ထာ၀ရ အဆက်ဆက်အချည်းနှီးဖြစ်ကြပြီလော။-
Psal BurCBCM 77:9  ဘုရားသခင်သည် သနားကြင်နာခြင်းရှိရန် မေ့လျော့တော်မူပြီလော။ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် သနားကရုဏာတော်ကို ချုပ်တည်းထားတော်မူ ပြီလော။-
Psal BurCBCM 77:10  အမြင့်ဆုံးသောဘုရားသခင်၏ လက်ယာလက်တော်သည် ငါတို့ကို စွန့်ပစ်တော်မူသောကြောင့် ငါဝမ်းနည်းကြေကွဲ ရသည်ကို ငါဝန်ခံပါ၏။
Psal BurCBCM 77:11  ငါသည် ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုအရာတို့ကို အောက်မေ့သတိရပါမည်။ ရှေးကာလက ကိုယ်တော် လုပ်ဆောင်တော်မူသော အံ့ဖွယ်ရာတို့ကို ပြန်လည်သတိရပါမည်။-
Psal BurCBCM 77:12  ငါသည် ကိုယ်တော် လုပ်ဆောင်တော်မူသော အမှုတို့ကို ထောက်ရှုစဉ်းစား၍ ကိုယ်တော်၏ကြီးမြတ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။-
Psal BurCBCM 77:13  အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းတော်သည် သန့်ရှင်းတော်မူပါ၏။ မည်သည့်ဘုရားသည် ငါတို့၏ဘုရားသခင်ကဲ့သို့ ကြီးမြတ်တော်မူသနည်း။-
Psal BurCBCM 77:14  ကိုယ်တော်သည် ထူးဆန်းအံ့ဖွယ်သော အမှုတို့ကိုလုပ်ဆောင်၍ လူမျိုးအပေါင်းတို့အလယ်တွင် မိမိ၏ဘုန်းတန်ခိုးတော်ကို ထင်ရှားပြတော်မူသော ဘုရားသခင်ဖြစ်တော်မူပါ၏။-
Psal BurCBCM 77:15  ကိုယ်တော်သည် မိမိ၏လူမျိုးတည်းဟူသော ယာကုပ်နှင့်ဂျိုးဇက်တို့၏ သားသမီးများကို လက်ရုံးတော်ဖြင့် ကယ်တင် တော်မူခဲ့ပြီ။
Psal BurCBCM 77:16  အိုဘုရားသခင်၊ ရေတို့သည် ကိုယ်တော့်ကို မြင်ကြပါ၏။ ရေတို့သည် ကိုယ်တော့်ကို မြင်ကြသောအခါ ကြောက်ရွံ့ကြပါ၏။ ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။-
Psal BurCBCM 77:17  မိုးတိမ်တို့သည် ရေများကိုသွန်းလောင်း၍ မိုးကောင်းကင်တို့သည် မိုးထစ်ချုန်းသံကို ပြုကြပါ၏။ ကိုယ်တော်၏လေး၊ မြားတို့သည် အရပ်လေးမျက်နှာတို့တွင် ဝင်းလက်လျက်ရှိပါ၏။-
Psal BurCBCM 77:18  ကိုယ်တော်၏ မိုးကြိုးသံကို လေပွေထဲတွင် ကြားရပါ၏။ ကိုယ်တော်၏ လျှပ်ပန်းလျှပ်နွယ်တို့သည် ကမ္ဘာတစ်ဝန်းလုံးကို ထွန်းလင်းစေပါ၏။ ကမ္ဘာမြေကြီးသည်လည်း ထိတ်လန့်တုန်လှုပ်လျက်ရှိပါ၏။-
Psal BurCBCM 77:19  ကိုယ်တော်၏လမ်းတော်သည် ပင်လယ်သမုဒ္ဒရာကိုဖြတ်၍ ကျယ်ဝန်းသောရေထုကို ဖြတ်သန်းသွားပါ၏။ သို့သော် ကိုယ်တော်၏ ခြေရာတော်များကို မတွေ့မြင်ကြရပါ။-
Psal BurCBCM 77:20  ကိုယ်တော်သည် မိုးဇက်နှင့် အာရွန်တို့၏လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးစုသဖွယ် ဦးဆောင်တော်မူ၏။
Chapter 78
Psal BurCBCM 78:1  အိုငါ၏လူမျိုး၊ ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါ၏နှုတ်မှမြွက်ဆိုသော စကားတို့ကို အာရုံစိုက်ကြလော့။-
Psal BurCBCM 78:2  ငါသည် ငါ၏နှုတ်ကိုဖွင့်၍ ပုံဥပမာစကားဖြင့် မြွက်ဆိုမည်။ ရှေးကာလမှ နက်နဲသောစကားများကို ငါဖွင့်ဟပြောဆိုမည်။-
Psal BurCBCM 78:3  ထိုအရာတို့သည် ငါတို့၏ ဘိုးဘေးများက ငါတို့အား ပြောပြခဲ့ကြ၍ ငါတို့ကြားသိခဲ့ရသော အကြောင်းအရာများဖြစ်ကြ၏။-
Psal BurCBCM 78:4  ငါတို့သည် ထိုအရာများကို သူတို့၏သားမြေးတို့မသိစေခြင်းငှာ ထိမ်ဝှက်ထားမည်မဟုတ်။ ငါတို့သည် ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်၊ ကိုယ်တော်၏တန်ခိုးတော်နှင့် ကိုယ်တော်လုပ်ဆောင်တော်မူခဲ့သောအံ့ဖွယ်ရာတို့ကို နောင်လာလတ္တံ့သော လူမျိုးအစဉ်အဆက်တို့အား ပြောကြားမည်။
Psal BurCBCM 78:5  ကိုယ်တော်သည် ယာကုပ်၌ ပညတ်တော်ကို စီရင်၍ အစ္စရာအဲလ်လူမျိုး၌ ဥပဒေကိုပြဋ္ဌာန်းပေးခဲ့ခြင်းဖြင့် ငါတို့ဘိုးဘေးတို့အား ၎င်းတို့၏သားသမီးများကို သင်ကြားပေးရန် ပညတ်ထားတော်မူခဲ့၏။-
Psal BurCBCM 78:6  ဤသို့ဖြင့် နောက်လူမျိုးဆက်သည် ဤပညတ်ဥပဒေတို့ကို သိရှိနားလည်ကြပြီးလျှင် မမွေးဖွားသေးသော ကလေးသူငယ် များပင် နောင်တစ်ချိန်၌ သူတို့၏သားသမီးများကို ပြောပြနိုင်ကြပေလိမ့်မည်။-
Psal BurCBCM 78:7  သို့မှသာလျှင် သူတို့သည် ဘုရားသခင်ကို ယုံကြည်အားကိုးကြလျက် ကိုယ်တော်၏ အမှုတော်တို့ကို မမေ့လျော့ကြဘဲ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းကြပေလိမ့်မည်။-
Psal BurCBCM 78:8  ဤသို့ဖြင့် သားမြေးတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည် မဟုတ်ပေ။ သူတို့၏ဘိုးဘေးတို့မူကား ခေါင်းမာ၍ ဆန့်ကျင်ပုန်ကန်တတ်ကြသော လူမျိုးဆက်ဖြစ်၏။ ထိုလူမျိုးဆက်၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာခြင်းမရှိကြ။ သူတို့၏ စိတ်ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ်၌ သစ္စာမရှိကြချေ။
Psal BurCBCM 78:9  ဧဖရိမ်အမျိုးသားတို့သည် စစ်တိုက်သောနေ့တွင် လေး၊ မြားလက်နက်ကိုစွဲကိုင်လျက် နောက်ဆုတ်လာခဲ့ကြ၏။-
Psal BurCBCM 78:10  သူတို့သည် ဘုရားသခင်၏ ပဋိညာဉ်တော်ကို မစောင့်ထိန်းကြသည့်အပြင် ကိုယ်တော်၏ ပညတ်ဥပဒေတို့ကိုလည်း လိုက်နာကျင့်ကြံရန် ငြင်းဆန်ခဲ့ကြ၏။-
Psal BurCBCM 78:11  သူတို့သည် ကိုယ်တော်လုပ်ဆောင်တော်မူခဲ့သည့် အမှုတော်များနှင့် ပြတော်မူခဲ့သော တန်ခိုးအံ့ဖွယ်တို့ကို မေ့လျော့ခဲ့ကြ၏။-
Psal BurCBCM 78:12  အီဂျစ်ပြည် ဇိုအန်လယ်ကွင်းပြင်များ၌ သူတို့၏ဘိုးဘေးများရှေ့မှောက်တွင် ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို လုပ်ဆောင်တော်မူခဲ့၏။-
Psal BurCBCM 78:13  ကိုယ်တော်သည် ပင်လယ်ရေကို နှစ်ခြမ်းခွဲ၍ ရေတို့ကိုစုပုံထားပြီးလျှင် သူတို့အား ဖြတ်ကူးစေတော်မူခဲ့၏။-
Psal BurCBCM 78:14  ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုက်အားဖြင့်လည်းကောင်း၊ ညအချိန်တစ်လျှောက်လုံး၌လည်း မီးတောက်အလင်း ရောင်အားဖြင့်လည်းကောင်း သူတို့ကိုလမ်းပြခေါ်ဆောင်တော်မူ၏။-
Psal BurCBCM 78:15  ကိုယ်တော်သည် တောကန္တာရ၌ ကျောက်ဆောင်များကို ထက်ခြမ်းခွဲပြီး စမ်းရေကဲ့သို့ ထွက်လာသောရေတို့ကို သူတို့အား ပေါများစွာ ပေးသနားတော်မူ၏။-
Psal BurCBCM 78:16  ကိုယ်တော်သည် ကျောက်ဆောင်တို့မှ စမ်းရေကိုထွက်စေလျက် မြစ်များကဲ့သို့ စီးဆင်းစေတော်မူ၏။
Psal BurCBCM 78:17  သို့ရာတွင် သူတို့သည် ဆက်လက်အပြစ်ကျူးလွန်ကြ၍ ကိုယ်တော်အား ဆန့်ကျင်ခြင်းဖြင့် အမြင့်ဆုံးသော အရှင်အား သဲကန္တာရတွင် အမျက်ထွက်စေခဲ့ကြ၏။-
Psal BurCBCM 78:18  သူတို့သည် မိမိတို့တောင့်တသောအစာကို တောင်းခံခြင်းဖြင့် မိမိတို့၏စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား စုံစမ်းခဲ့ကြ၏။-
Psal BurCBCM 78:19  သူတို့သည် ဘုရားသခင်ကို ထိခိုက်ပြောဆိုခဲ့ကြသည်ကား ဘုရားသခင်သည် တောကန္တာရတွင် စားပွဲကို ခင်းနိုင်ပါမည်လော၊-
Psal BurCBCM 78:20  ကိုယ်တော်သည် ကျောက်ဆောင်ကို ရိုက်သည့်အခါ ရေတို့သည် အရှိန်အဟုန်ဖြင့် တသွင်သွင် စီးဆင်းခဲ့ပါသော်လည်း ကိုယ်တော်သည် မုန့်ကိုပေးနိုင်ပါမည်လော၊ ကိုယ်တော်၏ လူမျိုးတော်အတွက် စားစရာအသားကို ဖြည့်ဆည်းပေးနိုင်ပါမည် လောဟူ၍ဖြစ်၏။
Psal BurCBCM 78:21  သို့ဖြစ်၍ ထာ၀ရဘုရားသခင်သည် ထိုစကားကို ကြားတော်မူသောအခါ ယာကုပ်အမျိုးအနွယ်အား မီးဘေးသင့်စေ၍ အစ္စရာအဲလ်လူမျိုးအပေါ် လွန်စွာအမျက်ထွက်တော်မူ၏။-
Psal BurCBCM 78:22  အကြောင်းမူကား သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းမရှိသည့်အပြင် ကယ်တင်ခြင်းပေးသော ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကိုလည်း ယုံကြည်အားထားခြင်း မရှိကြသောကြောင့်တည်း။-
Psal BurCBCM 78:23  သို့ပင်သော်လည်း ကိုယ်တော်သည် အထက်ကောင်းကင်ကို အမိန့်ပေး၍ မိုးကောင်းကင်၏ တံခါးများကို ဖွင့်တော်မူခဲ့၏။-
Psal BurCBCM 78:24  ကိုယ်တော်သည် သူတို့စားသုံးရန် မန္နာမုန့်ကိုရွာချစေခဲ့ပြီး ကောင်းကင်မှ ကောက်ပဲသီးနှံကို သူတို့အား ပေးတော်မူခဲ့၏။-
Psal BurCBCM 78:25  သေမျိုးဖြစ်သောလူတို့သည် ကောင်းကင်တမန် တော်များ၏အစားအစာကို စားသုံးခဲ့ကြရပြီး ကိုယ်တော်သည် သူတို့အား အစားအစာကို ကြွယ်၀စွာ ပေးသနားတော်မူခဲ့၏။-
Psal BurCBCM 78:26  ကိုယ်တော်သည် ကောင်းကင်တွင် အရှေ့လေကို တိုက်စေပြီး မိမိ၏တန်ခိုးတော်အားဖြင့် တောင်လေကိုဆောင် တော်မူခဲ့၏။-
Psal BurCBCM 78:27  ကိုယ်တော်သည် မြေမှုန့်ကဲ့သို့များပြားသော အသားကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးတမျှ များပြားသည့် ပျံတတ်သော ငှက်တို့ကိုလည်းကောင်း သူတို့အပေါ် ရွာကျစေတော်မူ၏။-
Psal BurCBCM 78:28  ကိုယ်တော်သည် ထိုအရာများကို သူတို့၏တပ်စခန်းအတွင်း၌လည်းကောင်း၊ သူတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တစ်ဝိုက် တွင်လည်းကောင်း ကျစေတော်မူခဲ့၏။-
Psal BurCBCM 78:29  ကိုယ်တော်သည် သူတို့တောင့်တသောအစာကို ပေးသနားတော်မူခဲ့သောကြောင့် သူတို့သည် စားသောက်ကြပြီး ၀လင်ခဲ့ ကြ၏။-
Psal BurCBCM 78:30  သို့ရာတွင် သူတို့၏အစာသည် သူတို့၏ပါးစပ်တွင်း၌ရှိစဉ် သူတို့၏တောင့်တမှုကို မရောင့်ရဲစေနိုင်မီ၊-
Psal BurCBCM 78:31  ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့သက်ရောက်ပြီး သူတို့တွင် အသန်မာဆုံးသောသူတို့ကို သတ်ဖြတ်၍ အစ္စရာအဲလ်လူမျိုး၏ လက်ရွေးစင်တို့ကို ကျဆုံးစေတော်မူ၏။
Psal BurCBCM 78:32  ဤအရာများ ဖြစ်ပျက်ခဲ့သော်လည်း သူတို့သည် ဆက်လက်၍ အပြစ်ကျူးလွန်ခဲ့ကြပြီး ကိုယ်တော်၏ အံ့ဖွယ်လက္ခဏာ များကို မယုံကြည်ခဲ့ကြပေ။-
Psal BurCBCM 78:33  ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို ထွက်သက်ပမာ ပျောက်ကွယ်သွားစေပြီး သူတို့၏နှစ်များကိုလည်း ကြောက်ရွံ့ထိတ်လန့်ခြင်း၌ ကုန်လွန်စေခဲ့၏။-
Psal BurCBCM 78:34  ကိုယ်တော်သည် သူတို့ကို ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော့်ကိုရှာကြ၏။ သူတို့သည် နောင်တရ ကြပြီးနောက် ကိုယ်တော့်ကို စိတ်အားထက်သန်စွာ ရှာဖွေကြ၏။-
Psal BurCBCM 78:35  ဘုရားသခင်သည် သူတို့၏ခိုလှုံရာကျောက်ဆောင်၊ သူတို့၏ကယ်တင်ရှင်၊ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သူတို့သတိရကြ၏။-
Psal BurCBCM 78:36  သို့သော် သူတို့သည် နှုတ်အားဖြင့် ကိုယ်တော့်ကို မြှောက်ပင့်ပြောဆိုကြပြီးလျှင် လျှာအားဖြင့် ကိုယ်တော့်ကိုလိမ်လည် ကြ၏။-
Psal BurCBCM 78:37  သူတို့၏စိတ်နှလုံးသည် ကိုယ်တော်၏ရှေ့တော်၌ တည်ကြည်ခိုင်မာမှုမရှိပေ။ သူတို့သည် ကိုယ်တော်နှင့် ပြုလုပ်ထားသော ပဋိညာဉ်တော်အပေါ်တွင် သစ္စာမရှိကြပေ။-
Psal BurCBCM 78:38  ကိုယ်တော်မူကား ကရုဏာမေတ္တာစိတ်နှင့် ပြည့်၀သောအရှင်ဖြစ်၍ သူတို့၏မိုက်မှားမှုများကို ခွင့်လွှတ်ပြီး သူတို့ကို ဖျက်ဆီးတော်မမူခဲ့ပေ။ ကိုယ်တော်သည် မိမိ၏ဒေါသကို မကြာခဏချုပ်တည်း၍ အမျက်တော်လည်း ထွက်တော်မမူခဲ့ချေ။-
Psal BurCBCM 78:39  သူတို့သည် သွေးသားမျှသာဖြစ်ကြောင်းနှင့် ဖြတ်သန်းတိုက်ခတ်သွားပြီး နောက်တစ်ဖန် ပြန်မလာသော လေကဲ့သို့သာ ဖြစ်ကြောင်း ကိုယ်တော် သတိရတော်မူ၏။
Psal BurCBCM 78:40  သူတို့သည် တောကန္တာရ၌ ကိုယ်တော့်ကို ပုန်ကန်ခဲ့ကြပြီး သဲကန္တာရ၌ ကိုယ်တော့်ကို ထိခိုက်ကြေကွဲစေခဲ့သည်မှာ အကြိမ်ပေါင်းမည်မျှရှိခဲ့ပါသနည်း။-
Psal BurCBCM 78:41  သူတို့သည် ကိုယ်တော့်ကို ကြိမ်ဖန်များစွာစုံစမ်းကြပြီး အစ္စရာအဲလ်လူမျိုး၏ သန့်ရှင်းသောသခင်ကို အမျက်တော်ထွက်စေ ခဲ့ကြ၏။-
Psal BurCBCM 78:42  သူတို့သည် မိမိတို့စိတ်၏အတွင်း၌ ကိုယ်တော်၏ တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့အား ရန်သူတို့၏လက်မှ ကယ်တင်တော်မူခဲ့သော နေ့ရက်ကိုလည်းကောင်း၊-
Psal BurCBCM 78:43  အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇိုအန်လယ်ကွင်းများ၌ အံ့ဖွယ်အမှုတို့ကို လုပ်ဆောင်ခဲ့သည့် အချိန်ကိုလည်းကောင်း မှတ်သားမထားကြပေ။-
Psal BurCBCM 78:44  ကိုယ်တော်သည် ထိုသူတို့၏မြစ်များကို သွေးများအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြင့် သူတို့သည် မိမိတို့၏မြစ်ချောင်းများမှ ရေကိုမသောက်နိုင်ခဲ့ကြပေ။-
Psal BurCBCM 78:45  ကိုယ်တော်သည် သူတို့အားဝါးမျိုရန် ယင်ရိုင်းအုပ်ကြီးများကိုလည်းကောင်း၊ သူတို့အား ဖျက်ဆီးရန် ဖားများကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။-
Psal BurCBCM 78:46  ကိုယ်တော်သည် သူတို့၏ကောက်ပဲသီးနှံများကို ခူကောင်တို့အားလည်းကောင်း၊ သူတို့၏လုပ်အားမှရရှိသော အသီးအနှံများကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူ၏။-
Psal BurCBCM 78:47  ကိုယ်တော်သည် သူတို့၏ စပျစ်နွယ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သဖန်းပင်များကို ဆီးနှင်းဖြင့်လည်း ကောင်း ဖျက်ဆီးတော်မူခဲ့၏။-
Psal BurCBCM 78:48  ကိုယ်တော်သည် သူတို့၏ကျွဲနွားများကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သိုးဆိတ်များကို မိုးကြိုးပစ်ခြင်းဖြင့် လည်းကောင်း ဖျက်ဆီးတော်မူခဲ့၏။-
Psal BurCBCM 78:49  ကိုယ်တော်သည် သူတို့အပေါ် ပြင်းစွာအမျက်တော်ထွက်လျက် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တော်တစ်စုကို စေလွှတ်ခြင်းဖြင့် မိမိ၏အမျက်ဒေါသ၊ မခံမရပ်နိုင်ဖြစ်မှုနှင့် မကျေနပ်မှုတို့ကို သူတို့အပေါ်သို့ သက်ရောက်စေတော်မူ၏။-
Psal BurCBCM 78:50  ကိုယ်တော်သည် မိမိ၏အမျက်တော်အတွက် လမ်းကိုပြင်ဆင်ပြီးလျှင် သူတို့ကို အသက်ချမ်းသာမပေးဘဲ ကပ်ရောဂါအားဖြင့် သေကြေပျက်စီးစေတော်မူခဲ့၏။-
Psal BurCBCM 78:51  ကိုယ်တော်သည် ဟမ်နေထိုင်ရာအရပ်တွင် သူတို့ခွန်အား၏ သီးဦးသီးဖျားများတည်းဟူသော အီဂျစ်ပြည်ရှိသားဦးရှိသမျှကို သတ်ဖြတ်တော်မူခဲ့၏။-
Psal BurCBCM 78:52  သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို သိုးစုကဲ့သို့ခေါ်ဆောင်ခဲ့ပြီး သဲကန္တာရကိုဖြတ်ကျော်၍ သိုးများပမာ သူတို့ကို ဦးဆောင်လမ်းပြတော်မူခဲ့၏။-
Psal BurCBCM 78:53  ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာ လမ်းပြခဲ့သောကြောင့် သူတို့သည် ကြောက်ရွံ့ခြင်းမရှိကြပေ။ ပင်လယ်ရေမူကား သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။-
Psal BurCBCM 78:54  ဤနည်းဖြင့် ကိုယ်တော်သည် သူတို့ကို မိမိ၏သန့်ရှင်းမြင့်မြတ်သော ပြည်၏နယ်စပ်သို့လည်းကောင်း၊ ညာလက်ရုံး တော်ဖြင့် သိမ်းယူထားသော တောင်ကုန်းနိုင်ငံသို့လည်းကောင်း ခေါ်ဆောင်ခဲ့လေ၏။-
Psal BurCBCM 78:55  ကိုယ်တော်သည် သူတို့၏ရှေ့မှောက်တွင် အခြားအမျိုးသားတို့ကို နှင်ထုတ်ပြီး ထိုသူတို့၏နယ်ပယ်ကို သူတို့အား အမွေ အနှစ်အဖြစ် ခွဲဝေပေး၍ အစ္စရာအဲလ်လူမျိုးစုတို့အား မိမိ တို့၏နေအိမ်များတွင် အတည်တကျဖြစ်စေတော်မူ၏။
Psal BurCBCM 78:56  သို့ရာတွင် သူတို့သည် အမြင့်မြတ်ဆုံးသောဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်၍ စုံစမ်းကြ၏။ သူတို့သည် ကိုယ်တော်၏ ပညတ်တော်များကို လိုက်နာစောင့်ထိန်းခြင်း မပြုခဲ့ကြပေ။-
Psal BurCBCM 78:57  သူတို့သည် မိမိတို့၏ဘိုးဘေးများကဲ့သို့ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ပြီး ချို့ယွင်းသောမြားကဲ့သို့ စိတ်မချရသူများ ဖြစ်ကြ၏။-
Psal BurCBCM 78:58  အကြောင်းမူကား သူတို့သည် မိမိတို့အထွတ်အမြတ်ထားသည့်အရာများဖြင့် ကိုယ်တော့်ကို အမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုဆင်းတုများဖြင့် ကိုယ်တော့်ကို သဝန်တိုစေကြ၏။-
Psal BurCBCM 78:59  ဤအကြောင်းကို ဘုရားသခင်ကြားတော်မူသောအခါ ကိုယ်တော်သည် အမျက်ဒေါသဖြင့် ဖုံးလွှမ်းလျက်ရှိပြီး အစ္စရာအဲလ်လူမျိုးကို လုံးလုံးလျားလျား စွန့်ပယ်တော်မူခဲ့လေ၏။-
Psal BurCBCM 78:60  ကိုယ်တော်သည် သူတို့၏အလယ်၌ တည်ဆောက်ထားသည့် ရှိလောအရပ်ရှိ စံပယ်ရာတဲတော်ကို စွန့်ခွာတော်မူ၏။-
Psal BurCBCM 78:61  ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်ကို သုံ့ပန်းဖြစ်စေပြီး မိမိ၏ဘုန်းအရှိန်အဝါကို ရန်သူတို့၏လက်သို့ ရောက်စေတော်မူ၏။-
Psal BurCBCM 78:62  ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဓားဖြင့်စီရင်စေတော်မူပြီးလျှင် မိမိ၏အမွေအနှစ်အပေါ် လွန်စွာဒေါသအမျက် ထွက်တော်မူခဲ့၏။-
Psal BurCBCM 78:63  သူတို့၏လူငယ်လူရွယ်တို့သည် မီးလောင်ကျွမ်းခြင်းခံရ၍ သူတို့၏အမျိုးသမီးငယ်တို့သည် လက်ထပ်မင်္ဂလာသီချင်းများကို ဆိုခွင့်မရခဲ့ကြပေ။-
Psal BurCBCM 78:64  သူတို့၏ရဟန်းများသည် ဓားဖြင့်ကွပ်မျက်ခြင်းခံကြရပြီး သူတို့၏မုဆိုးမတို့သည်လည်း ငိုကြွေးခြင်းမပြုနိုင်ခဲ့ကြပေ။-
Psal BurCBCM 78:65  ထို့နောက် ထာ၀ရဘုရားသခင်သည် အိပ်ပျော်ရာမှ နိုးလာသကဲ့သို့လည်းကောင်း၊ စပျစ်ရည်အရှိန်ဖြင့် ကြုံးဝါးနေသော စစ်သည်ကဲ့သို့လည်းကောင်း နိုးထလာတော်မူ၏။-
Psal BurCBCM 78:66  ကိုယ်တော်သည် မိမိ၏ရန်သူတို့ကိုနှိမ်နင်းပြီးနောက် သူတို့ကို အစဉ်ထာ၀ရအရှက်ကွဲစေတော်မူ၏။
Psal BurCBCM 78:67  ကိုယ်တော်သည် ဂျိုးဇက်၏တဲတော်ကို ငြင်းပယ်တော်မူ၏။ ကိုယ်တော်သည် ဧဖရိမ်အမျိုးအနွယ်ကို ရွေးကောက်တော် မမူခဲ့ပေ။-
Psal BurCBCM 78:68  သို့ရာတွင် ကိုယ်တော်သည် ဂျုဒအမျိုးအနွယ်နှင့် ကိုယ်တော်ချစ်တော်မူသော ဇီအွန်တောင်ကို ရွေးချယ်တော်မူ၏။-
Psal BurCBCM 78:69  ကိုယ်တော်သည် မိမိ၏သန့်ရှင်းရာဌာနကို ကောင်းကင်အထွတ်အထိပ် ကဲ့သို့လည်းကောင်း၊ အစဉ်ထာ၀ရတည်တံ့စေရန် ဖန်ဆင်းထားသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူ၏။-
Psal BurCBCM 78:70  ကိုယ်တော်သည် မိမိ၏အစေခံဒါဝိဒ်ကိုရွေးကောက်၍ သူ့အားသိုးခြံများထဲမှ ခေါ်ဆောင်လာတော်မူ၏။-
Psal BurCBCM 78:71  ကိုယ်တော်သည် သူ့အား သားငယ်ရှိသော သိုးမများကို ထိန်းကျောင်းရာမှ မိမိ၏အမျိုးအနွယ်ဖြစ်သည့် အစ္စရာအဲလ်တည်း ဟူသော ယာကုပ်အမျိုးအနွယ်၏ သိုးထိန်းဖြစ်စေရန် ခေါ်ဆောင်လာတော်မူခဲ့၏။-
Psal BurCBCM 78:72  ဒါဝိဒ်မင်းကြီးသည် ဖြူစင်သောနှလုံးသားဖြင့် သူတို့ကိုထိန်းကျောင်းခဲ့ပြီး ကျွမ်းကျင်သောလက်များဖြင့် သူတို့ကို ဦးဆောင် လမ်းညွန်ခဲ့လေ၏။
Chapter 79
Psal BurCBCM 79:1  အိုဘုရားသခင်၊ တိုင်းတစ်ပါးသားတို့သည် ကိုယ်တော်၏အမွေတော်ရှိရာသို့ ဝင်ရောက်ကြပြီး သန့်ရှင်းရာဌာနကို ညစ်ညူးစေကြပါပြီ။ သူတို့သည် ဂျေရုဆလင်မြို့တော်ကိုလည်း အုတ်ကျိုးအုတ်ပဲ့များအဖြစ်သို့ ရောက်သည်အထိ ဖျက်ဆီးခဲ့ကြပါပြီ။-
Psal BurCBCM 79:2  သူတို့သည် ကိုယ်တော့်အစေခံတို့၏ အသက်မဲ့သောကိုယ်ခန္ဓာများကို လေထဲရှိငှက်များအတွက် အစာအဖြစ်လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသော သူတို့၏အသားကို ကမ္ဘာပေါ်ရှိ သားရဲတိရစ္ဆာန်တို့အားလည်းကောင်း ပေးခဲ့ကြလေပြီ။-
Psal BurCBCM 79:3  သူတို့သည် ဂျေရုဆလင်မြို့ပတ်ဝန်းကျင်တွင် သွေးချောင်းစီးစေခဲ့ပြီး သေသူတို့ကို မြှုပ်နှံမည့်သူလည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။-
Psal BurCBCM 79:4  အကျွန်ုပ်တို့သည်လည်း မိမိတို့အိမ်နီးချင်းများ၏ ကဲ့ရဲ့ရှုတ်ချဖွယ်ရာနှင့် ပတ်ဝန်းကျင်၌ရှိသော သူတို့၏ လှောင်ပြောင် ပြက်ရယ်ပြုဖွယ်ရာများ ဖြစ်ခဲ့ကြပါပြီ။
Psal BurCBCM 79:5  အိုထာ၀ရဘုရားသခင်၊ မည်မျှကြာပါဦးမည်နည်း။ ကိုယ်တော်သည် အစဉ်ထာ၀ရ အမျက်ထွက်၍နေပါမည်လော။ ကိုယ်တော်၏ အမျက်တော်သည် မည်မျှကြာအောင် မီးကဲ့သို့လောင်ကျွမ်းနေမည်နည်း။-
Psal BurCBCM 79:6  ကိုယ်တော့်ကို အသိအမှတ်မပြုကြသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို ခေါ်တခြင်း မပြုကြသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။-
Psal BurCBCM 79:7  အကြောင်းမူကား သူတို့သည် ယာကုပ်၏အမျိုးအနွယ်ကိုဝါးမျို၍ သူ၏ဇာတိမွေးရပ်မြေကို ဖျက်ဆီးခဲ့ကြပါပြီ။
Psal BurCBCM 79:8  အကျွန်ုပ်တို့၏ ဘိုးဘေးတို့ ကျူးလွန်ခဲ့ကြသော အပြစ်အမှားများကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ကရုဏာတော်သည် အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာတော်မူပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် မျှော်လင့်ခြင်း ကင်းမဲ့နေပါ၏။-
Psal BurCBCM 79:9  အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ နာမတော်၏ ဂုဏ်တော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီတော်မူပါ။ ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကယ်ဆယ်ပြီး အကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။-
Psal BurCBCM 79:10  သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တိုင်းတစ်ပါးသားတို့က အဘယ်ကြောင့်ဆိုကြရမည်နည်း။ ကိုယ်တော်၏ အစေခံများသွန်းလောင်းခဲ့ရသည့်သွေးအတွက် ကိုယ်တော်သည် လက်စားချေကြောင်းကို အကျွန်ုပ်တို့၏ ရှေ့မှောက်တွင် တိုင်းတစ်ပါးသားတို့အား သိစေတော်မူပါ။
Psal BurCBCM 79:11  အကျဉ်းခံနေရသူတို့၏ ညည်းတွားသံများသည် ကိုယ်တော်၏ ရှေ့တော်မှောက်သို့ရောက်ပါစေ။ လက်ရုံးတော်၏ ခွန်အားတန်ခိုးတော်အားဖြင့် သေဒဏ်စီရင်ခြင်းခံရသောသူတို့ကို ကယ်တင်တော်မူပါ။-
Psal BurCBCM 79:12  အိုဘုရားသခင်၊ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ထိခိုက်ပြစ်မှားသည့် ကဲ့ရဲ့ရှုတ်ချခြင်းမျိုးကို သူတို့၌ ခုနစ်ဆပို၍ကျ ရောက်စေတော်မူပါ။-
Psal BurCBCM 79:13  ထိုအခါ ကိုယ်တော်၏ လူမျိုးတော်နှင့် ကိုယ်တော်၏စားကျက်မှ သိုးများဖြစ်သည့် အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကာလအဆက်ဆက် ချီးမွမ်းကြပါလိမ့်မည်။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို လူမျိုးအဆက်ဆက်တို့အား ပြောကြားပါမည်။
Chapter 80
Psal BurCBCM 80:1  ဂျိုးဇက်၏အမျိုးအနွယ်ကို သိုးစုကဲ့သို့ ဦးဆောင်လမ်းပြခဲ့သောအရှင်၊ အိုအစ္စရာအဲလ်လူမျိုး၏ သိုးထိန်းတော်မြတ်၊ အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။ ခေရုဘိမ်တို့အလယ်ရှိ ပလ္လင်ထက်၌ စံပယ်တော်မူသောအရှင်၊-
Psal BurCBCM 80:2  ကိုယ်တော်၏ အလင်းတော်ကို ဧဖရိမ်၊ ဘင်ဂျာမင်နှင့် မာနားဆေတို့၏ရှေ့တွင် ထွန်းတောက်စေတော်မူပါ။ ကိုယ်တော်၏ ခွန်အားတန်ခိုးကို လှုံ့ဆော်၍ အကျွန်ုပ်တို့ကို လာရောက်ကယ်တင်တော်မူပါ။
Psal BurCBCM 80:3  အိုဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်၍ ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ် ထွန်းတောက်စေတော်မူပါ။
Psal BurCBCM 80:4  ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် လူမျိုးတော်၏ ဆုတောင်းသံကို မနာယူဘဲ မည်မျှကြာအောင် အမျက်ထွက်တော်မူမည်နည်း။-
Psal BurCBCM 80:5  ကိုယ်တော်သည် သူတို့အား မျက်ရည်ကို စားစရာအဖြစ် ကျွေးတော်မူခဲ့၏။ ကိုယ်တော်သည် မျက်ရည်ကို သောက်စရာအဖြစ် သူတို့အား အပြည့်အဝပေးတော်မူခဲ့ပြီ။-
Psal BurCBCM 80:6  ကိုယ်တော်သည် အကျွန်ုပ်တို့အား အိမ်နီးချင်းတို့၏ အငြင်းပွားရာအကြောင်းရင်းဖြစ်စေပြီး ရန်သူတို့သည်လည်း အကျွန်ုပ်တို့ကို လှောင်ပြောင်ကြပါ၏။
Psal BurCBCM 80:7  ကောင်းကင်ဗိုလ်ခြေတို့၏ဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ်၌ ထွန်းတောက်စေတော်မူပါ။
Psal BurCBCM 80:8  ကိုယ်တော်သည် စပျစ်နွယ်တစ်ပင်ကို အီဂျစ်ပြည်မှ ဆောင်ယူခဲ့၍ တိုင်းတစ်ပါးသားတို့အား နှင်ထုတ်ပြီးလျှင် ထိုစပျစ်နွယ်ကို စိုက်ပျိုးတော်မူခဲ့၏။-
Psal BurCBCM 80:9  ကိုယ်တော်သည် ထိုစပျစ်နွယ်အတွက် မြေနေရာကို ရှင်းလင်းပေးခဲ့၏။ စပျစ်နွယ်သည်လည်း အမြစ်တွယ်၍ မြေတစ်ပြင်လုံး ကို ပြည့်စေခဲ့၏။-
Psal BurCBCM 80:10  တောင်တန်းများသည် စပျစ်နွယ်၏အရိပ်ဖြင့် ဖုံးလွှမ်းလျက်ရှိလေ၏။ စပျစ်နွယ်၏ အခက်အလက်တို့သည် ကြီးမားသော ထင်းရှူးပင်များကို ဖုံးလွှမ်းခဲ့ကြ၏။-
Psal BurCBCM 80:11  စပျစ်နွယ်၏အကိုင်းအခက်တို့သည် ပင်လယ်သို့တိုင်အောင်လည်းကောင်း၊ ယင်း၏အညွန့်တို့သည် မြစ်ကြီးသို့တိုင်အောင် လည်းကောင်း ဖြာထွက်ကြ၏။-
Psal BurCBCM 80:12  ယခုမှာမူ ဖြတ်သန်းသွားလာသူအားလုံးတို့သည် စပျစ်သီးများကို ခူးယူနိုင်ကြစေရန် ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏နံရံတံတိုင်းတို့ကို ဖြိုဖျက်တော်မူပါသနည်း။-
Psal BurCBCM 80:13  တောဝက်တို့သည် စပျစ်နွယ်ကိုဖျက်ဆီးကြ၍ လယ်ကွင်းပြင်ရှိ သတ္တဝါတို့သည်လည်း ယင်းကို မှီဝဲစားသောက်ကြ၏။
Psal BurCBCM 80:14  ကောင်းကင်ဗိုလ်ခြေတို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့ထံသို့ ပြန်လည်ကြွလာတော်မူပါ။ အထက်ကောင်းကင်ဘုံမှ အောက်သို့ငုံ့ကြည့်၍ ရှုမြင်တော်မူပါ။ ဤစပျစ်နွယ်ကို စောင့်ရှောက်ထိန်းသိမ်းတော်မူပါ။-
Psal BurCBCM 80:15  ညာလက်ရုံးတော်ဖြင့် စိုက်ပျိုးထားသောပျိုးပင်နှင့် မိမိကိုယ်တော်တိုင်အတွက် ကိုယ်တော်ပျိုးထောင်ထားသော အပင်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။-
Psal BurCBCM 80:16  သူတို့သည် ကိုယ်တော်၏ စပျစ်နွယ်ကိုခုတ်လှဲပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါပြီ။ ကိုယ်တော်၏ ဆုံးမခြင်းကြောင့် ကိုယ်တော်၏လူမျိုးတော်သည် ပျက်စီးကြရပါ၏။-
Psal BurCBCM 80:17  ကိုယ်တော်၏လက်ယာဘက်၌ ရှိသောလူဖြစ်သည့် ကိုယ်တော်တိုင်ပျိုးထောင်ခဲ့သော လူသားအပေါ်တွင် ကိုယ်တော်၏ လက်တော်ကို တင်တော်မူပါ။-
Psal BurCBCM 80:18  ထိုအခါ အကျွန်ုပ်တို့သည် ကိုယ်တော်၏ထံပါးမှ ကျောခိုင်းသွားကြလိမ့်မည်မဟုတ်ပါ။ အကျွန်ုပ်တို့အား အသက်ကို ပေးသနားတော်မူပါ။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ခေါ်တပါမည်။
Psal BurCBCM 80:19  ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ် ထွန်းတောက်စေတော်မူပါ။
Chapter 81
Psal BurCBCM 81:1  ငါတို့၏ခွန်အားဖြစ်တော်မူသော ဘုရားသခင်ထံသို့ ကျယ်လောင်စွာ သီဆိုကြလော့။ ယာကုပ်၏ ဘုရားသခင်ထံသို့ ရွှင်လန်းစွာဟစ်ကြွေးကြလော့။-
Psal BurCBCM 81:2  သီချင်းတစ်ပုဒ်ကို သီဆို၍ ချူတပ်ဗုံနှင့် အသံချိုသော စောင်းကြီးစောင်းငယ်တို့၏ အသံတို့ကို ထွက်ပေါ်လာစေလော့။-
Psal BurCBCM 81:3  ငါတို့၏ပွဲတော်နေ့၌လည်းကောင်း၊ လဆန်းရက်၊ လပြည့်ရက်တို့၌လည်းကောင်း တံပိုးခရာကိုမှုတ်ကြ လော့။-
Psal BurCBCM 81:4  ဤသည်ကား အစ္စရာအဲလ်လူမျိုးတို့အတွက် ဥပဒေဖြစ်ပြီး ယာကုပ်၏ဘုရားသခင်၏ အမိန့်တော်လည်းဖြစ်၏။-
Psal BurCBCM 81:5  ဂျိုးဇက်သည် အီဂျစ်ပြည်ကို တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့စဉ်က ကိုယ်တော်သည် ထိုဥပဒေကို သူ့အပေါ်၌ ချမှတ်ပေး တော်မူခဲ့ခြင်းဖြစ်၏။ ငါနားမလည်သော ဘာသာစကားကို ငါကြားခဲ့ရ၏။-
Psal BurCBCM 81:6  ထိုစကားသည်ကား သင်တို့၏ပခုံးပေါ်က ဝန်ထုပ်ကို ငါဖယ်ရှားပစ်ခဲ့၏။ သင်တို့၏လက်များကိုလည်း ခြင်းတောင်းဆွဲရခြင်း မှလွတ်မြောက်စေခဲ့၏။-
Psal BurCBCM 81:7  သင်တို့သည် ဒုက္ခရောက်စဉ်အခါက ငါ့ကိုခေါ်တ၍ ငါသည် သင်တို့အား ကယ်တင်ခဲ့၏။ မိုးကြိုးထစ်ချုန်းသံထဲမှ သင်တို့ကို ငါဖြေကြားခဲ့၏။ မေရိဘစမ်းချောင်းတွင် သင်တို့ကို ငါစုံစမ်းခဲ့၏။-
Psal BurCBCM 81:8  အိုငါ၏လူမျိုး၊ နားထောင်လော့။ ငါသည် သင်တို့ကို သတိပေးမည်။ အိုအစ္စရာအဲလ်လူမျိုးတို့၊ သင်တို့သည် ငါ၏စကားကို နားထောင်ကြရန် ငါအလိုရှိပါ၏။-
Psal BurCBCM 81:9  သင်တို့အလယ်တွင် အခြားသောဘုရား မရှိစေရ။ သင်တို့သည် အခြားသောဘုရား၏ရှေ့တွင် မပျပ်ဝပ်ရ။-
Psal BurCBCM 81:10  ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏အရှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ပါးစပ်ကို ကျယ်စွာဖွင့်လော့။ ယင်းကို ငါဖြည့်ပေးမည်။
Psal BurCBCM 81:11  သို့ရာတွင် ငါ၏လူမျိုးတော်သည် ငါ့စကားကို နားမထောင်ခဲ့ပေ။ အစ္စရာအဲလ်လူမျိုးသည် ငါ့အမိန့်ကို မနာခံခဲ့။-
Psal BurCBCM 81:12  သို့ဖြစ်၍ သူတို့သည် မိမိတို့၏ အကြံအစည်အတိုင်း ပြုလုပ်ကြစေရန် သူတို့အား တင်းမာသောနှလုံးသားများကို ငါပေးအပ်ခဲ့၏။-
Psal BurCBCM 81:13  ငါ၏လူမျိုးတော်သည် ငါ၏စကားကို နားထောင်ကြစေရန် ငါလိုလား၏။ အစ္စရာအဲလ်လူမျိုးတို့သည် ငါ၏အမှုတော်တို့ကို လိုက်နာကြစေရန် ငါလိုလား၏။-
Psal BurCBCM 81:14  ထိုအခါ ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာနှိမ်နင်းမည်။ ငါ၏လက်တော်ကိုလည်း သူတို့၏ရန်သူများအား ဆန့်ကျင်၍တိုက်ခိုက်စေမည်။-
Psal BurCBCM 81:15  ထာ၀ရဘုရားသခင်ကို မုန်းတီးကြသောသူတို့သည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် ကြောက်ရွံ့၍ ပျပ်ဝပ်ကြလိမ့်မည်။ သူတို့၏အပြစ်ဒဏ်သည်လည်း ထာ၀ရတည်လိမ့်မည်။-
Psal BurCBCM 81:16  ငါသည် သင်တို့အား အကောင်းဆုံးဂျုံဖြင့် ကျွေးမွေးပြီး ကျောက်ဆောင်မှ စီးထွက်သောပျားရည်ဖြင့် သင်တို့ကို ကျေနပ်ရောင့်ရဲစေမည် ဟူ၍ဖြစ်သတည်း။
Chapter 82
Psal BurCBCM 82:1  ဘုရားသခင်သည် ဓမ္မညီလာခံကြီးတွင် နေရာယူတော်မူ၏။ ကိုယ်တော်သည် ဘုရားများ၏အလယ်တွင် စီရင်ဆုံးဖြတ် တော်မူ၏။-
Psal BurCBCM 82:2  သင်တို့သည် မည်မျှကြာသည်အထိ မတရားစီရင်ဆုံးဖြတ်ကြ၍ ဆိုး ယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။
Psal BurCBCM 82:3  အားနည်းသောသူတို့နှင့် ဖခင်မဲ့သောသူတို့ကို ကာကွယ်ကြလော့။ ဆင်းရဲသားတို့နှင့် ဖိနှိပ်ခံရသောသူတို့၏ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ကြလော့။-
Psal BurCBCM 82:4  အားနည်းသူတို့နှင့် ချို့တဲ့သူတို့ကို ကယ်ဆယ်ကြလော့။ ဆိုးယုတ်သောသူတို့၏လက်မှ သူတို့ကို လွတ်မြောက်စေကြလော့။
Psal BurCBCM 82:5  သူတို့သည် မည်သည့်အရာကိုမျှ မသိကြသကဲ့သို့ မည်သည့်အရာကိုမျှလည်း နားမလည်ကြပေ။ သူတို့သည် မှောင်မိုက်ထဲတွင် သွားလာလျက်ရှိကြ၏။ ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်အပေါင်းသည် တုန်လှုပ်ခဲ့လေပြီ။
Psal BurCBCM 82:6  ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားများဖြစ်ကြ၏။-
Psal BurCBCM 82:7  သို့သော် သင်တို့သည် သာမန်လူသားများနည်းတူ သေကြရလိမ့်မည်။ အခြားသောအုပ်စိုးသူများနည်းတူ သင်တို့သည်လည်း ကျဆုံးကြရလိမ့်မည်။
Psal BurCBCM 82:8  အိုဘုရားသခင်၊ ကြွလာတော်မူ၍ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူပါ။ အကြောင်းမူကား လူမျိုးအပေါင်းတို့ကို ကိုယ်တော်ပိုင်ဆိုင်တော်မူပါ၏။
Chapter 83
Psal BurCBCM 83:1  အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ ငြိမ်ဝပ်လျက် မလှုပ်မယှက်နေတော်မမူပါနှင့်၊ အိုဘုရားသခင်။-
Psal BurCBCM 83:2  အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ရန်သူတို့သည် ပုန်ကန်ထကြွလျက် ရှိကြပါ၏။ ကိုယ်တော့်ကို မုန်းတီးသောသူတို့သည် ခေါင်းထောင် လျက်ရှိကြပါ၏။-
Psal BurCBCM 83:3  သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို ရန်မူရန် ကောက်ကျစ်စွာ ကြံစည်ကြပါ၏။ သူတို့သည် ကိုယ်တော် ကာကွယ်ပေးတော်မူသော သူတို့ကို ဆန့်ကျင်ရန် အတူတိုင်ပင်နေကြပါ၏။-
Psal BurCBCM 83:4  သူတို့က လာကြ၊ ဤလူမျိုးကို သုတ်သင်ပစ်ကြစို့။ အစ္စရာအဲလ်၏ အမည်နာမကို လုံး၀ပျောက်ကွယ်စေကြစို့ဟု ဆိုကြပါ၏။-
Psal BurCBCM 83:5  သူတို့သည် တညီတညွတ်တည်း တိုင်ပင်ကြ၍ ကိုယ်တော့်ကို ဆန့်ကျင်ရန် မဟာမိတ်ဖွဲ့ကြပါ၏။-
Psal BurCBCM 83:6  ထိုမဟာမိတ်အဖွဲ့တွင် ဧဒွမ်နှင့်အစ်ရှမာအဲလ်လူမျိုး၊ မောဘနှင့် ဟာဂါလူမျိုး၊-
Psal BurCBCM 83:7  ဂျေဘာလ်၊ အာမွန်နှင့် အာမလက်လူမျိုး၊ ဖိလစ္စတင်းနှင့် တီရာတွင် နေထိုင်ကြသောလူမျိုးများ ပါဝင်ကြပါ၏။-
Psal BurCBCM 83:8  အာဆီးရိယလူမျိုးများသည်လည်း ပါဝင်ကြလျက် လော့တ၏အမျိုးအနွယ်များအား အင်အားဖြည့်ပေးကြပါ၏။
Psal BurCBCM 83:9  ထိုမဟာမိတ်တို့ကို မီဒိယလူမျိုး၌ ကိုယ်တော်ပြုသကဲ့သို့လည်းကောင်း၊ ကီရွှန်မြစ်အနီး၌ ဆီဆေရာနှင့် ဂျာဘင်မင်းတို့၌ ကိုယ်တော်ပြုသကဲ့သို့လည်းကောင်း ပြုလုပ်တော်မူပါ။-
Psal BurCBCM 83:10  ထိုသူတို့သည် အန်ဒေါအရပ်၌ ဖျက်ဆီးသုတ်သင်ခြင်းခံရ၍ စစ်တလင်းတွင် နောက်ချေးပုံကဲ့သို့ဖြစ်ခဲ့ကြ၏။-
Psal BurCBCM 83:11  သူတို့၏ မှူးမတ်များအား ဩရပ်နှင့် ဇီဘမင်းတို့ကဲ့သို့ ဖြစ်စေတော်မူပါ။ သူတို့၏ မင်းညီမင်းသားများအားလည်း ဇေဘမင်းနှင့် ဇာမုနာမင်းတို့ကဲ့သို့ ဖြစ်စေတော်မူပါ။-
Psal BurCBCM 83:12  သူတို့က ဘုရားသခင်ပိုင်ဆိုင်တော်မူသော စားကျက်များကို ငါတို့သိမ်းယူကြကုန်စို့ဟု ဆိုကြပါ၏။
Psal BurCBCM 83:13  အိုအကျွန်ုပ်၏ ဘုရားသခင်၊ သူတို့အား လေပွေ၌ လွင့်ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာသို့ လွင့်ပါသွားတတ်သည့် ကောက်ရိုးမျှင်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။-
Psal BurCBCM 83:14  မီးသည် သစ်တောကို လောင်ကျွမ်းစေသကဲ့သို့လည်းကောင်း၊ မီးတောက်မီးလျှံသည် တောင်တန်းများကို တောက်လောင်စေသကဲ့သို့လည်းကောင်း၊-
Psal BurCBCM 83:15  ကိုယ်တော်၏ မိုးသက်မုန်တိုင်းအားဖြင့် သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ကိုယ်တော်၏ပြင်းထန်သော လေမုန်တိုင်းအားဖြင့် သူတို့ကို ကြောက်လန့်စေတော်မူပါ။-
Psal BurCBCM 83:16  အိုထာ၀ရဘုရားသခင်၊ သူတို့၏မျက်နှာများကို အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းစေတော်မူပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် လူတို့သည် ကိုယ်တော်၏ နာမတော်ကို ရှာဖွေကြပါလိမ့်မည်။-
Psal BurCBCM 83:17  သူတို့သည် အစဉ်အမြဲအရှက်ရကြ၍ ထိတ်လန့်ကြရပါစေ။ သူတို့သည် အသရေပျက်ခြင်း၌ ပျက်စီးကြရပါစေ။-
Psal BurCBCM 83:18  သူတို့သည် ထာ၀ရဘုရားသခင်တည်းဟူသော ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာတစ်ဝန်းလုံး၌ အမြင့်မြတ်ဆုံး ဖြစ်ကြောင်းကို သိကြပါစေ။
Chapter 84
Psal BurCBCM 84:1  ကောင်းကင်ဗိုလ်ခြေတို့၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်စံပယ်တော်မူရာဌာနသည် မြတ်နိုးဖွယ်ကောင်းလှပါ၏။-
Psal BurCBCM 84:2  ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၏ နန်းတော်တို့ကို မေ့မြောလုမတတ်တမ်းတပါ၏။ ငါ၏နှလုံးနှင့် ငါ၏ကိုယ်ခန္ဓာ တို့သည် အသက်ရှင်တော်မူသော ဘုရားကို ဝမ်းမြောက်ဝမ်းသာ သီဆိုချီးကျူးပါ၏။
Psal BurCBCM 84:3  စာငှက်ပင်လျှင် မိမိနေရာအရပ်ကိုလည်းကောင်း၊ ဇရက်သည်လည်း သားငယ်မွေးရန် အသိုက်ကိုလည်းကောင်း ကိုယ်တော်၏ ယဇ်ပလ္လင်တော်အနီးတွင် တွေ့ရှိကြပါ၏။ အိုကောင်းကင်ဗိုလ်ခြေတို့၏ ထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဘုရင်နှင့် အကျွန်ုပ်၏ဘုရားသခင်၊-
Psal BurCBCM 84:4  ကိုယ်တော်အား အစဉ်မပြတ်သီဆိုချီးမွမ်းလျက် ကိုယ်တော်၏အိမ်တော်တွင် နေထိုင်သူတို့သည် မင်္ဂလာရှိကြပါ၏။
Psal BurCBCM 84:5  ကိုယ်တော်၌ ခွန်အားယူကြသောသူတို့သည် မင်္ဂလာရှိကြ၏။ သူတို့သည် ဇီအွန်တောင်သို့သွားရန် နှလုံးသွင်းထားကြပါ၏။-
Psal BurCBCM 84:6  သူတို့သည် ဘာကာချိုင့်ဝှမ်းကို ဖြတ်သွားကြစဉ် ထိုနေရာကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ မိုးဦးရွာသွန်းသဖြင့် အိုင်များလည်း ပေါ်ထွန်းလာပါ၏။-
Psal BurCBCM 84:7  သူတို့တစ်ဦးစီသည် ဇီအွန်တောင်ပေါ်တွင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ရောက်သည့်တိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် ခွန်အားယူလျက် သွားကြပါ၏။
Psal BurCBCM 84:8  ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အိုယာကုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို နားထောင်တော်မူပါ။-
Psal BurCBCM 84:9  အကျွန်ုပ်တို့၏ ဒိုင်းလွှားဖြစ်တော်မူသော အိုဘုရားသခင်၊ ကိုယ်တော် ဘိသိက်ပေးထားတော်မူသည့် အရှင်၏ မျက်နှာတော်ကို ကြည်ဖြူစွာရှုတော်မူပါ။
Psal BurCBCM 84:10  ကိုယ်တော်၏ ဗိမာန်တော်တွင် တစ်ရက်တာမျှနေရခြင်းသည် အခြားသောအရပ်တွင် ရက်ပေါင်းတစ်ထောင် နေရခြင်းထက် ပို၍မြတ်ပါ၏။ သူယုတ်မာတို့၏ အိမ်တွင်နေရခြင်းထက် အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့် ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။-
Psal BurCBCM 84:11  အကြောင်းမူကား ထာ၀ရအရှင် ဘုရားသခင်သည် နေမင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် အကွယ်အကာဒိုင်းလွှားလည်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျေးဇူးတော်နှင့် ဂုဏ်သရေကို ပေးသနားတော်မူ၏။ ကိုယ်တော်သည် ဖြောင့်မှန်ရာကို ကျင့်ကြံသောသူတို့အား ကောင်းမြတ်သောအရာကိုပေးရန် နှောင့်နှေးတော်မမူပေ။-
Psal BurCBCM 84:12  အိုကောင်းကင်ဗိုလ်ခြေတို့၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။
Chapter 85
Psal BurCBCM 85:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏တိုင်းနိုင်ငံကို ကျေးဇူးပြုတော်မူ၍ ယာကုပ်အမျိုးသားတို့အား ပြန်လည်ကြီးပွား ချမ်းသာစေတော်မူ၏။-
Psal BurCBCM 85:2  ကိုယ်တော်သည် မိမိလူမျိုး၏ မကောင်းဒုစရိုက်များကို ဖြေလွှတ်၍ သူတို့၏အပြစ်များအားလုံးကို အခွင့်ချမ်းသာ ပေးတော်မူ၏။-
Psal BurCBCM 85:3  ကိုယ်တော်သည် မိမိ၏အမျက်တော်အားလုံးကို ပြန်လည်ရုပ်သိမ်း၍ မိမိ၏ပြင်းထန်သော အမျက်တော်ကို ပြေစေ တော်မူ၏။
Psal BurCBCM 85:4  အကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သော အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့အပေါ် မကျေနပ်မှုကို ဖယ်ရှားတော်မူပါ။-
Psal BurCBCM 85:5  ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် အစဉ်အမြဲအမျက်တော် ထွက်နေပါမည်လော။ ကိုယ်တော်၏ အမျက်တော်ကို လူမျိုးအဆက်ဆက်တိုင်အောင် ကြာရှည်စေတော်မူမည်လော။-
Psal BurCBCM 85:6  ကိုယ်တော်၏ လူမျိုးတော်သည် ကိုယ်တော်၌ ရွှင်လန်းဝမ်းမြောက်နိုင်ရန် အကျွန်ုပ်တို့အား ပြန်လည်အသက်မသွင်းဘဲ နေတော်မူမည်လော။-
Psal BurCBCM 85:7  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်ကို အကျွန်ုပ်တို့အားပြသ၍ ကိုယ်တော်၏ကယ်တင်ခြင်းကို အကျွန်ုပ်တို့အား ပေးသနားတော်မူပါ။
Psal BurCBCM 85:8  ငါသည် ထာ၀ရဘုရားသခင်မိန့်တော်မူရာကို နားထောင်မည်။ အကြောင်းမူကား ကိုယ်တော်သည် မိမိထံသို့ပြန်လာကြသည့် မိမိ၏သန့်ရှင်းသူများတည်းဟူသော မိမိ၏လူမျိုးအား ငြိမ်းချမ်းရေးကို ကတိထားတော်မူပြီ။-
Psal BurCBCM 85:9  ကိုယ်တော်၏ ကယ်တင်တော်မူခြင်းသည် ကိုယ်တော့်ကို ကြောက်ရွံ့သော သူတို့အနီးတွင် အမှန်စင်စစ်တည်ရှိတော်မူ၏။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် ငါတို့၏ပြည်တွင် တည်နေလိမ့်မည်။
Psal BurCBCM 85:10  ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိခြင်းတို့သည် တွေ့ဆုံကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားနှင့် ငြိမ်းချမ်းသာယာခြင်း တို့သည် အချင်းချင်းနမ်းကြလိမ့်မည်။-
Psal BurCBCM 85:11  သစ္စာစောင့်သိခြင်းသည် မြေကြီးမှထွက်ပေါ်လာလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားသည် ကောင်းကင်မှငုံ့ကြည့်ပေ လိမ့်မည်။-
Psal BurCBCM 85:12  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်ရာကို ပေးသနားတော်မူသဖြင့် ငါတို့၏ပြည်သည် အသီးအပွင့်တို့ကို ဖြစ်ထွန်း စေလိမ့်မည်။-
Psal BurCBCM 85:13  ဖြောင့်မတ်ခြင်းတရားသည် ကိုယ်တော်၏ ရှေ့တော်မှသွား၍ ကိုယ်တော်၏ ခြေလှမ်းများအတွက် လမ်းခင်းပေးလိမ့်မည်။
Chapter 86
Psal BurCBCM 86:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏စကားကို နားညောင်း၍ ဖြေကြားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ဆင်းရဲနွမ်းပါး၍ ချို့တဲ့နေပါ၏။-
Psal BurCBCM 86:2  အကျွန်ုပ်သည် ကိုယ်တော့်ကို ကြည်ညိုလေးစားသူဖြစ်၍ အကျွန်ုပ်၏အသက်ကို စောင့်ရှောက်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော့်ကို ယုံကြည်အားကိုးသော ကိုယ်တော်၏အစေခံကို ကယ်တော်မူပါ။-
Psal BurCBCM 86:3  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တစ်နေ့လုံး ကိုယ်တော့်ကို တမ်းတပါ၏။-
Psal BurCBCM 86:4  ကိုယ်တော့် အစေခံ၏ဝိညာဉ်ကို ဝမ်းမြောက်စေတော်မူပါ။ အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော့်ထံသို့ ဆက်ကပ်ပူဇော်ပါ၏။-
Psal BurCBCM 86:5  အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူသောအရှင်ဖြစ်ပြီး ကိုယ်တော့်ကိုချဉ်းကပ်သော သူအပေါင်းတို့အား တည်ကြည်ခိုင်မြဲသော မေတ္တာတော်ဖြင့် အပြည့်အဝချစ်တော်မူ၏။-
Psal BurCBCM 86:6  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို ကြားနာတော်မူပါ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။-
Psal BurCBCM 86:7  ကိုယ်တော်သည် အကျွန်ုပ်ကို ဖြေကြားတော်မူမည်ဖြစ်သောကြောင့် ဒုက္ခရောက်ချိန်တွင် ကိုယ်တော့်ကို ခေါ်တပါမည်။
Psal BurCBCM 86:8  အိုထာ၀ရဘုရားသခင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့် တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာများနှင့် နှိုင်းယှဉ်နိုင်သည့်အမှုအရာများလည်း မရှိပါ။-
Psal BurCBCM 86:9  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ရှေ့တော်သို့ လာရောက်၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်အား ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။-
Psal BurCBCM 86:10  အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ အံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူပါ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင် ဘုရားဖြစ်တော်မူပါ၏။-
Psal BurCBCM 86:11  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ သမ္မာတရားလမ်း၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေသော စိတ်နှလုံးကို ပေးသနားတော်မူပါ။-
Psal BurCBCM 86:12  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ချီးမွမ်း ပါ၏။ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်အစဉ်ထာ၀ရ ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 86:13  အကြောင်းမူကား အကျွန်ုပ်အပေါ်ထားရှိသော ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၏ နက်ရှိုင်းရာအရပ်မှ ကယ်နုတ်တော်မူခဲ့ပါ၏။
Psal BurCBCM 86:14  အိုဘုရားသခင်၊ မောက်မာထောင်လွှားသောသူတို့သည် အကျွန်ုပ်ကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိကြပါ၏။ ရက်စက် ကြမ်းကြုတ်သော လူတစ်စုသည် ကိုယ်တော့်ကို ဥပေက္ခာပြုကာ အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။-
Psal BurCBCM 86:15  သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် သနားကြင်နာတတ်သော၊ ကျေးဇူးပြုတတ်သော၊ စိတ်ရှည်သည်းခံ တတ်သော၊ မေတ္တာတရားနှင့်ပြည့်၀သော၊ သစ္စာရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။-
Psal BurCBCM 86:16  အကျွန်ုပ်ကို လှည့်ကြည့်၍ သနားတော်မူပါ။ ကိုယ်တော်၏အစေခံကို ခွန်အားဖြည့်ပေးတော်မူပါ။ ကိုယ်တော့်အစေခံမ၏ သားကို ကယ်တော်မူပါ။-
Psal BurCBCM 86:17  အိုထာ၀ရဘုရားသခင်၊ ကောင်းမြတ်ခြင်း၏ အမှတ်လက္ခဏာကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်ကိုမုန်းသော သူတို့သည် ၎င်းကိုမြင်ကြ၍ ရှက်ကြောက်ကြပါစေ။ အဘယ်ကြောင့်ဆိုသော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစပြီး နှစ်သိမ့်တော်မူခဲ့လေပြီ။
Chapter 87
Psal BurCBCM 87:1  ကိုယ်တော် တည်ဆောက်တော်မူသော ဗိမာန်တော်၏ အုတ်မြစ်သည် သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်တွင် တည်ရှိတော်မူ၏။-
Psal BurCBCM 87:2  ထာ၀ရဘုရားသခင်သည် ယာကုပ်နေထိုင်ရာ အခြားသောအရပ်အားလုံးထက် ဇီအွန်၏တံခါးများကို ပို၍နှစ်သက်မြတ်နိုး တော်မူ၏။-
Psal BurCBCM 87:3  အိုဘုရားသခင်၏မြို့တော်၊ သင်၏ဘုန်းဂုဏ်တော် ကြီးမားခြင်းအကြောင်းကို ပြောဆိုလျက်ရှိကြလေပြီ။
Psal BurCBCM 87:4  ငါ့ကို အသိအမှတ်ပြုသောသူတို့တွင် ရာဟပ်နှင့် ဘာဘီလွန်တို့ကို မှတ်တမ်းတင်ထား၏။ ဖိလစ္စတင်း၊ တီရာနှင့် ကုရှပြည်တို့ကိုကြည့်လော့။ သူတို့က ဤသူသည် ထိုအရပ်၌ ဖွားမြင်သည်ဟု ဆိုကြ၏။-
Psal BurCBCM 87:5  ဇီအွန်နှင့် ပတ်သက်၍ သူတို့ဆိုကြမည်မှာ ဤသူနှင့် ထိုသူသည် သူမ၌ ဖွားမြင်ခဲ့ကြ၏။ အကြောင်းမူကား အမြင့်ဆုံးသော အရှင်သည် သူမကို တည်ထောင်တော်မူလိမ့်မည်ဟူ၍ ဖြစ်၏။-
Psal BurCBCM 87:6  ထာ၀ရဘုရားသခင်သည် လူတို့၏မှတ်တမ်း တွင် ရေးတော်မူမည်မှာ ဤသူသည် ဇီအွန်တွင် ဖွားမြင်ခဲ့ သည်ဟူ၍ဖြစ်လေ၏။
Psal BurCBCM 87:7  သီချင်းသီဆိုသူများနှင့် ကချေသည်များက ဆိုကြသည်မှာ ငါ၏စမ်းရေအိုင်အပေါင်းတို့သည် သင်၌ရှိကြ၏ဟူ၍ဖြစ်သတည်း။
Chapter 88
Psal BurCBCM 88:1  အကျွန်ုပ်၏ဘုရားဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ် တောင်းလျှောက်ပါ၏။-
Psal BurCBCM 88:2  အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။
Psal BurCBCM 88:3  အကြောင်းမူကား အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခဆင်းရဲခြင်းများဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်၏ ဘ၀အသက်တာ သည်လည်း မရဏသေခြင်းသို့ ချဉ်းကပ်နေပါပြီ။-
Psal BurCBCM 88:4  အကျွန်ုပ်သည် တွင်းနက်ထဲသို့ ဆင်းသောသူများနှင့်အတူ ရေးမှတ်ခံရပြီး ခွန်အားမရှိသောသူကဲ့သို့ ဖြစ်နေပါပြီ။-
Psal BurCBCM 88:5  အကျွန်ုပ်သည် သေသူတို့အလယ်တွင် စွန့်ပစ်ခံရသူကဲ့သို့လည်းကောင်း၊ အသတ်ခံရပြီး သခင်္ျိုင်းတွင် လဲလျောင်းနေသူ ကဲ့သို့လည်းကောင်း၊ ကိုယ်တော် လုံး၀မေ့လျော့နေသော သူတို့ကဲ့သို့လည်းကောင်းဖြစ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏လက်တော်မှ ဝေးကွာနေကြပါ၏။-
Psal BurCBCM 88:6  ကိုယ်တော်သည် အကျွန်ုပ်ကို မှောင်မဲ၍ နက်ရှိုင်းလှသောတွင်းကြီးထဲသို့ ချတော်မူခဲ့လေပြီ။-
Psal BurCBCM 88:7  ကိုယ်တော်၏အမျက်တော်သည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းတံပိုးတော်များဖြင့် အကျွန်ုပ်ကို နစ်မြုပ်စေပါပြီ။
Psal BurCBCM 88:8  ကိုယ်တော်သည် အကျွန်ုပ်၏ အရင်းနှီးဆုံးမိတ်ဆွေများကို အကျွန်ုပ်ထံမှ ခေါ်ယူသွားခဲ့ပြီ။ အကျွန်ုပ်ကို သူတို့အတွက် ရွံရှာဖွယ်ဖြစ်စေတော်မူခဲ့ပြီ။ အကျွန်ုပ်သည် လှောင်ပိတ်ခြင်းခံရ၍ ထွက်မပြေးနိုင်တော့ပါ။-
Psal BurCBCM 88:9  အကျွန်ုပ်၏မျက်စိများသည် ပူဆွေးဝမ်းနည်းရခြင်းဖြင့် မှုန်ဝါးနေပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော်ထံတောင်းလျှောက်၍ အထံတော်သို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါ၏။-
Psal BurCBCM 88:10  ကိုယ်တော်သည် သေသောသူတို့အတွက် ကိုယ်တော်၏အံ့ဖွယ်အမှုတို့ကို ပြုလုပ်ပါသလော။ သေသောသူတို့သည် ထ၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါသလော။
Psal BurCBCM 88:11  ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို သခင်္ျိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော် အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်း ထုတ်ဖော်ပြောဆိုကြပါသလော။-
Psal BurCBCM 88:12  ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးလက္ခဏာများသည် မှောင်မိုက်သောနေရာ၌လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ် မှန်ကန်သော အမှုများသည် မေ့ပျောက်ခံရသော ဒေသ၌လည်းကောင်း အသိအမှတ်ပြုခြင်း ခံရပါသလော။
Psal BurCBCM 88:13  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကူညီမစတော်မူပါရန် ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်အော်ဟစ် တောင်းလျှောက်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ ရှေ့တော်သို့ရောက်ပါ၏။-
Psal BurCBCM 88:14  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထားတော်မူသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။-
Psal BurCBCM 88:15  အကျွန်ုပ်သည် ငယ်စဉ်ကပင် ဝေဒနာခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်၏ထိတ် လန့်ဖွယ်ရာများကို တွေ့ကြုံခံစားရသဖြင့် အကျွန်ုပ်သည် စိတ်ပျက်အားငယ်လျက်ရှိပါ၏။-
Psal BurCBCM 88:16  ကိုယ်တော်၏ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါ၏။ ကိုယ်တော်၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖျက်ဆီးခဲ့ကြပါ၏။-
Psal BurCBCM 88:17  ယင်းတို့သည် မြစ်ရေလျှံသကဲ့သို့ တစ်နေ့လုံး အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပြီးလျှင် အဘက်ဘက်မှနေ၍ အကျွန်ုပ်အနီးသို့ ချဉ်းကပ်လာကြပါ၏။-
Psal BurCBCM 88:18  ကိုယ်တော်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့် အိမ်နီးချင်းများအား အကျွန်ုပ်ကို ရှောင်ရှားစေခဲ့ပါပြီ။ မှောင်မိုက်ခြင်းသာလျှင် အကျွန်ုပ်၏အရင်းနှီးဆုံးသော မိတ်ဆွေဖြစ်ပါ၏။
Chapter 89
Psal BurCBCM 89:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်ကို ကာလအဆက်ဆက် သီဆိုချီးမွမ်းပါမည်။ အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏သစ္စာတော်ကို လူမျိုးအဆက်ဆက်တို့အား ထုတ်ဖော်ကြေညာပါမည်။-
Psal BurCBCM 89:2  အကြောင်းမူကား ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် ကာလအစဉ်အဆက် တည်တော်မူ၍ ကိုယ်တော်၏ သစ္စာတော်သည်လည်း ကောင်းကင်ကဲ့သို့ တည်မြဲတော်မူသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 89:3  ကိုယ်တော်က ငါသည် ငါရွေးချယ်တော်မူသောသူနှင့် ပဋိညာဉ်ပြုခဲ့လေပြီ။ ငါ၏အစေခံဖြစ်သော ဒါဝိဒ်မင်းကြီးအားလည်း ကျိန်ဆိုကတိပေးခဲ့သည်မှာ၊-
Psal BurCBCM 89:4  ငါသည် သင်၏အမျိုးအနွယ်ကို ထာ၀စဉ်တည်နေစေမည်။ သင်၏ရာဇပလ္လင်ကိုလည်း သားစဉ်မြေးဆက် ခိုင်မြဲစေမည်ဟူ၍ ဖြစ်သည်ဟု မိန့်တော်မူ၏။
Psal BurCBCM 89:5  အိုထာ၀ရဘုရားသခင်၊ ကောင်းကင်တို့သည် ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်ရာတို့ကို ချီးမွမ်းထောမနာပြုကြပါစေ။ သူတော်သူမြတ်တို့၏ စုဝေးရာတွင်လည်း ကိုယ်တော်၏သစ္စာတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။-
Psal BurCBCM 89:6  အိုထာ၀ရဘုရားသခင်၊ ကောင်းကင်တွင် မည်သူသည် ကိုယ်တော်နှင့် နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့ အလယ်တွင် မည်သူသည် ထာ၀ရဘုရားသခင်နှင့်တူပါသနည်း။-
Psal BurCBCM 89:7  ကိုယ်တော်သည် သူတော်သူမြတ်တို့၏အစုအဝေးတွင် ကြောက်ရွံ့ရိုသေခြင်းခံရသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်၏ ပတ်ဝန်းကျင်တွင်ရှိသည့် အရာအားလုံးထက် ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်ပါ၏။-
Psal BurCBCM 89:8  ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော့်ကို ဝိုင်းရံလျက်ရှိပါ၏။-
Psal BurCBCM 89:9  ကိုယ်တော်သည် လှိုင်းကြီးသောပင်လယ်ကို အစိုးရတော်မူပါ၏။ လှိုင်းတံပိုးတို့ထလာသောအခါ ကိုယ်တော်သည် ၎င်းတို့ကို ငြိမ်စေတော်မူ၏။-
Psal BurCBCM 89:10  ကိုယ်တော်သည် ရာဟပ်ကို အသေကောင်ကဲ့သို့ ချေမုန်းခဲ့ပါ၏။ ကိုယ်တော်၏ ခွန်အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို ကွဲလွင့်စေခဲ့ပါ၏။-
Psal BurCBCM 89:11  မိုးကောင်ကင်သည်လည်းကောင်း၊ ကမ္ဘာမြေကြီးသည်လည်းကောင်း ကိုယ်တော်ပိုင်ဆိုင်ရာများဖြစ်ကြ၏။ ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်တွင်ရှိသမျှတို့ကို ကိုယ်တော်တည်ဆောက်ထားတော်မူ၏။-
Psal BurCBCM 89:12  ကိုယ်တော်သည် မြောက်အရပ်နှင့် တောင်အရပ်တို့ကို ဖန်ဆင်းထားတော်မူ၏။ တာဘော်နှင့် ဟေမွန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာသီဆိုကျူးအေးကြပါ၏။-
Psal BurCBCM 89:13  ကိုယ်တော်၏လက်ရုံးတော်သည် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်၏လက်တော်သည် သန်စွမ်း၍ လက်ယာ လက်တော်သည် ချီးမြှောက်ခြင်းခံရပါ၏။-
Psal BurCBCM 89:14  ဖြောင့်မတ်မှန်ကန်မှုနှင့် တရားမျှတမှုတို့သည် ကိုယ်တော့်ရာဇပလ္လင်တော်၏ အခြေခံအုတ်မြစ်ဖြစ်ကြပါ၏။ ခိုင်မြဲသော မေတ္တာနှင့်သစ္စာတော်သည် ကိုယ်တော်၏ရှေ့တော်မှ သွားကြပါ၏။-
Psal BurCBCM 89:15  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို ချီးမွမ်းဩဘာပေးတတ်သော သူတို့သည် မင်္ဂလာရှိကြပါ၏။ သူတို့သည် ရွှေမျက်နှာတော်၏ အလင်းတွင် သွားလာကြကုန်၏။-
Psal BurCBCM 89:16  သူတို့သည် ကိုယ်တော်၏ နာမတော်၌ တစ်နေ့လုံး ရွှင်လန်းဝမ်းမြောက်ကြ၍ ကိုယ်တော်၏ ဖြောင့်မတ်မှန်ကန်မှု၌ အားရဝမ်းသာကြပါ၏။-
Psal BurCBCM 89:17  အကြောင်းမူကား ကိုယ်တော်သည် သူတို့၏ခွန်အားတန်ခိုးအတွက် ဘုန်းဂုဏ်တော်ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ ကျေးဇူးပြုတော်မူခြင်းအားဖြင့် အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်ခြင်းခံရပါ၏။-
Psal BurCBCM 89:18  အကြောင်းမူကား အကျွန်ုပ်တို့၏ အကာအကွယ်ဒိုင်းလွှားသည် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး အကျွန်ုပ်တို့၏ ဘုရင်သည်လည်း အစ္စရာအဲလ်လူမျိုး၏ သန့်ရှင်းသောသူနှင့် သက်ဆိုင်လေ၏။
Psal BurCBCM 89:19  ရှေးကာလက ကိုယ်တော့်ကို သစ္စာစောင့်သိသော သူအားရူပါရုံ၌ မိန့်မြွက်ခဲ့သည်မှာ ငါသည် ခွန်အားကြီးသောသူတစ်ဦး အပေါ်၌ သရဖူကို အပ်နှင်းလေပြီ။ လူတို့အလယ်မှ ရွေးချယ်ထားသော သူတစ်ဦးကို ငါချီးမွမ်းလေ ပြီဟူ၍ဖြစ်၏။-
Psal BurCBCM 89:20  ငါ၏အစေခံဒါဝိဒ်ကို ငါရှာတွေ့ခဲ့ပြီး ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးခဲ့ပြီ။-
Psal BurCBCM 89:21  ငါ၏လက်တော်သည် သူ့ကိုထောက်မတော်မူ၍ ငါ၏လက်ရုံးတော်သည်လည်း သူ့ကို အားဖြည့်ပေးတော်မူလိမ့်မည်။-
Psal BurCBCM 89:22  မည်သည့်ရန်သူကမျှ သူ့ကို မအောင်နိုင်စေရ။ ဆိုးယုတ်သောသူ မည်သူမျှလည်း သူ့ကိုမဖိနှိပ်စေရ။-
Psal BurCBCM 89:23  ငါသည် သူ၏ရန်ဘက်များကို သူ၏ရှေ့မှောက်တွင် ချေမှုန်းတော်မူမည်။ သူ့ကိုမုန်းတီးသောသူတို့ကို ကျဆုံးစေ တော်မူမည်။-
Psal BurCBCM 89:24  ငါ၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်သည် သူနှင့်အတူရှိမည်။ ငါ၏နာမတော်အားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်ခြင်းခံရလိမ့်မည်။-
Psal BurCBCM 89:25  ငါသည် သူ၏လက်ကို ပင်လယ်ပြင်ပေါ်တွင်လည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်များပေါ်တွင်လည်းကောင်း တည်စေမည်။-
Psal BurCBCM 89:26  သူသည် ငါ့ထံသို့ ကြွေးကြော်မည်မှာ ကိုယ်တော်သည် အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ဘုရားနှင့် အကျွန်ုပ်၏ကယ်တင်ခြင်း ကျောက်ဆောင်ဖြစ်တော်မူပါ၏ ဟူ၍ဖြစ်၏။-
Psal BurCBCM 89:27  ငါသည် သူ့အား ငါ၏သားဦးအဖြစ်လည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိ ဘုရင်အပေါင်းတို့တွင် အမြင့်မြတ်ဆုံးအဖြစ် လည်းကောင်း ခန့်ထားတော်မူမည်။-
Psal BurCBCM 89:28  သူ့အပေါ်ထားရှိသော ငါ၏မေတ္တာတော်ကို ငါအစဉ်ထာ၀ရထိန်းသိမ်းမည်။ သူနှင့်ပြုထားသော ငါ၏ပဋိညာဉ်သည်လည်း အစဉ်တည်တံ့လိမ့်မည်။-
Psal BurCBCM 89:29  ငါသည် သူ၏မျိုးဆက်ကို ထာ၀ရအစဉ်အဆက်တည်ထောင်မည်။ သူ၏ရာဇပလ္လင်ကိုလည်း ကောင်းကင်တည်သရွေ့ တည်စေမည်။-
Psal BurCBCM 89:30  သူ၏သားတို့သည် ငါ၏ပညတ်တရားကိုစွန့်ပယ်၍ ငါ၏ဥပဒေများကို မလိုက်နာကြလျှင်သော်လည်းကောင်း၊-
Psal BurCBCM 89:31  ငါ၏အမိန့်ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ ငါ၏ပညတ်တော်များကို စောင့်ထိန်းခြင်းမပြုကြလျှင်သော်လည်းကောင်း၊-
Psal BurCBCM 89:32  ငါသည် သူတို့၏အပြစ်ကို တုတ်နှင့်ဒဏ်ခတ်၍ သူတို့၏ ဒုစရိုက်အတွက် ကြိမ်ဖြင့်ရိုက်မည်။-
Psal BurCBCM 89:33  သို့သော် ငါ၏ခိုင်မြဲသော မေတ္တာတော်ကို သူ့ထံမှဖယ်ရှားလိမ့်မည်မဟုတ်။ ငါသည် သူ့အပေါ် မည်သည့်အခါမျှ သစ္စာဖောက်လိမ့်မည်မဟုတ်။-
Psal BurCBCM 89:34  ငါ၏ပဋိညာဉ်တော်ကို ငါချိုးဖောက်လိမ့်မည်မဟုတ်။ ငါ၏နှုတ်ခမ်းဖျားမှထွက်သော စကားကိုပြောင်းလဲလိမ့်မည်မဟုတ်။-
Psal BurCBCM 89:35  ငါသည် ဒါဝိဒ်မင်းကြီးကို လိမ်ညာပြောဆိုလိမ့်မည်မဟုတ်ဟု ငါ၏သန့်ရှင်းမွန်မြတ်မှုကို တိုင်တည်၍ တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ကျိန်ဆိုခဲ့ပြီ။-
Psal BurCBCM 89:36  သူ၏အမျိုးအနွယ်သည် အစဉ်အမြဲဆက်လက်တည်တံ့မည်။ သူ၏ရာဇပလ္လင်သည်လည်း ငါ၏ရှေ့တော်မှောက်တွင် နေမင်းကဲ့သို့ တည်မြဲမည်။-
Psal BurCBCM 89:37  လမင်းကဲ့သို့ပင် သူ၏ရာဇပလ္လင်သည် အစဉ်အမြဲတည်လိမ့်မည်။ ယင်းသည် ကောင်းကင်တည်သရွေ့ အခိုင်အမာတည်ရှိလိမ့်မည်။
Psal BurCBCM 89:38  သို့ရာတွင် ကိုယ်တော်သည် ကိုယ်တော်ဘိသိက်ပေးထားသူအား အလွန်အမျက်ထွက်ခဲ့၍ သူ့ကိုစွန့်ပစ်ကာ ငြင်းပယ် တော်မူလေပြီ။-
Psal BurCBCM 89:39  ကိုယ်တော်၏အစေခံနှင့် ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်း ကိုယ်တော် ပယ်ဖျက်တော်မူလေပြီ။ သူ၏သရဖူ ကိုလည်း ဖုန်မှုန့်ထဲတွင် ညစ်ညူးစေလေပြီ။-
Psal BurCBCM 89:40  ကိုယ်တော်သည် သူ၏တံတိုင်းများကို ချိုးဖောက်၍ သူ၏ခံတပ်များကိုလည်း ပျက်စီးစေခဲ့လေပြီ။-
Psal BurCBCM 89:41  ဖြတ်သန်းသွားလာသူအပေါင်းတို့သည် သူ့ကိုလုယက်တိုက်ခိုက်ကြပါ၏။ သူသည် အိမ်နီးချင်းတို့၏ ကဲ့ရဲ့ဖွယ်ရာဖြစ်ပါ၏။-
Psal BurCBCM 89:42  ကိုယ်တော်သည် သူ့ရန်သူတို့၏ လက်ယာလက်ကို ချီးမြှောက်တော်မူပြီး သူ၏ရန်သူအပေါင်းတို့အား ရွှင်လန်းဝမ်းမြောက် စေလေပြီ။-
Psal BurCBCM 89:43  ထိုမျှမက ကိုယ်တော်သည် သူ၏ဓားသွားကိုလိမ်စေပြီး သူ့ကိုစစ်ပွဲတွင် ကူညီထောက်မခြင်း မပြုခဲ့ပေ။-
Psal BurCBCM 89:44  ကိုယ်တော်သည် သူ၏လက်မှ ရာဇလှံတံကို ဖယ်ရှားတော်မူ၍ သူ၏ရာဇပလ္လင်ကို မြေကြီးသို့ ချတော်မူ၏။-
Psal BurCBCM 89:45  ကိုယ်တော်သည် သူ၏ငယ်ရွယ်သောဘ၀ကို တိုတောင်းစေပြီးလျှင် သူ့ကိုအရှက်ဖြင့် ဖုံးလွှမ်းခဲ့လေပြီ။
Psal BurCBCM 89:46  အို ထာ၀ရဘုရားသခင်၊ မည်မျှကြာပါဦးမည်နည်း။ ကိုယ်တော်သည် အစဉ်ထာ၀ရပုန်းကွယ်၍ နေပါမည်လော။ ကိုယ်တော်၏အမျက်တော်သည် မည်မျှကြာအောင် မီးကဲ့သို့တောက်လောင်ပါမည်နည်း။-
Psal BurCBCM 89:47  အကျွန်ုပ်၏ဘ၀သည် မည်မျှတိုတောင်းသည်ကို သတိရတော်မူပါ။ သေမျိုးဖြစ်သော လူတို့ကို ကိုယ်တော်ဖန်ဆင်းခဲ့ခြင်း သည် အချည်းနှီးဖြစ်ပါသလော။-
Psal BurCBCM 89:48  မည်သူသည် သေခြင်းကို မည်သည့်အခါမျှမမြင်ရဘဲ အသက်ရှင်နေနိုင်ပါသနည်း။ သို့မဟုတ် မိမိကိုယ်ကို မရဏ၏ တန်ခိုးအာဏာမှ ကယ်တင်နိုင်ပါသနည်း။
Psal BurCBCM 89:49  အိုထာ၀ရဘုရားသခင်၊ ဒါဝိဒ်မင်းကြီးအား သစ္စာရှိစွာကျိန်ဆိုခဲ့သော ရှေးယခင်က ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် အဘယ်မှာနည်း။-
Psal BurCBCM 89:50  ကိုယ်တော်၏အစေခံ အကျွန်ုပ်သည် မည်ကဲ့သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ လူတို့၏ စော်ကားမှုတို့ကို အကျွန်ုပ်၏ရင်၌ မည်မျှခံစားရသည်ကိုလည်းကောင်း သတိရတော်မူပါ။-
Psal BurCBCM 89:51  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ရန်သူတို့သည် ထိုအရာတို့နှင့် စော်ကားကြပါ၏။ သူတို့သည် ကိုယ်တော် ဘိသိက်ပေးထားသောသူ၏ ခြေလှမ်းတို့ကိုလည်း ထိုအရာတို့နှင့် စော်ကားကြပါ၏။
Psal BurCBCM 89:52  ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ချီးမွမ်းထောမနာရှိစေသတည်း။ အာမင်၊ အာမင်။
Chapter 90
Psal BurCBCM 90:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် လူမျိုးအစဉ်အဆက်တို့၌ အကျွန်ုပ်တို့၏ခိုလှုံရာ ဖြစ်တော်မူပါ၏။-
Psal BurCBCM 90:2  တောင်ကုန်းများမဖြစ်ပေါ်မီ၊ မြေကြီးနှင့်ဝေနေယျသတ္တဝါအပေါင်းတို့ ဖန်ဆင်းခြင်းမခံရမီ ကိုယ်တော်သည် ကာလအစဉ် အဆက်ကပင် ဘုရားဖြစ်တော်မူပါ၏။
Psal BurCBCM 90:3  ကိုယ်တော်သည် အကျွန်ုပ်တို့အား မြေမှုန့်အဖြစ်သို့ ပြန်သွားစေလျက် မိန့်တော်မူသည်မှာ သေမျိုးဖြစ်သောသင်တို့၊ မြေမှုန့်သို့ ပြန်သွားလော့ဟူ၍ဖြစ်၏။-
Psal BurCBCM 90:4  နှစ်ပေါင်းတစ်ထောင်သည် ကိုယ်တော်၏ရှေ့မျက်မှောက်တွင် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
Psal BurCBCM 90:5  ကိုယ်တော်သည် လူတို့အား လျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူ၏။ သူတို့သည် အိပ်မက်ပမာဖြစ်ကြရပါ၏။ နံနက်အချိန်တွင် အသစ်တစ်ဖန် ပေါ်ထွက်လာသည့် မြက်ပင်ပမာသာဖြစ်ပါ၏။-
Psal BurCBCM 90:6  နံနက်အချိန်တွင် မြက်ပင်သည် ပွင့်လန်း၍ အသစ်ပြန်ဖြစ်လာပြီး ညဉ့့််ဦးယံ၌မူကား ညှိုးခြောက်သွားပါ၏။
Psal BurCBCM 90:7  အကြောင်းမူကား အကျွန်ုပ်တို့သည် ကိုယ်တော်၏အမျက်တော်ဖြင့် လောင်ကျွမ်းခံရပြီး စိတ်တော်မပြေသောကြောင့် စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။-
Psal BurCBCM 90:8  အကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ အကျွန်ုပ်တို့လျှို့ဝှက်စွာ ကျူးလွန်ထားသော အပြစ်များကို ရွှေမျက် နှာတော်၏ အလင်းရောင်တွင်လည်းကောင်း ဖော်ထုတ်ထားတော်မူပြီ။
Psal BurCBCM 90:9  အကြောင်းမူကား အကျွန်ုပ်တို့၏ နေ့ရက်များအားလုံးသည် ကိုယ်တော်၏ အမျက်တော်အောက်၌ ကုန်လွန်ကြပြီး အကျွန်ုပ်တို့၏ နှစ်များသည်လည်း သက်ပြင်းတစ်ချက်မျှအတွင်းပင် ကုန်ဆုံးကြပါ၏။-
Psal BurCBCM 90:10  အကျွန်ုပ်တို့၏ ဘ၀အသက်တာသည် ခုနစ်ဆယ်မျှသာဖြစ်ပါ၏။ ခွန်အားကောင်းသူဖြစ်ပါလျှင် ရှစ်ဆယ်ဖြစ်ပေလိမ့်မည်။ သို့ပင်သော်လည်း ထိုဘ၀အသက်တာသည် ဒုက္ခနှင့် ဝမ်းနည်းပူဆွေးခြင်းတို့ဖြင့်သာ ပြည့်လျက်ရှိ၏။ ထိုနေ့ရက်များသည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည်လည်း လွင့်ပျောက်သွားကြရပါ၏။
Psal BurCBCM 90:11  မည်သူသည် ကိုယ်တော့်အမျက်တော်၏ စွမ်းအားတန်ခိုးကို သိနားလည်ပါသနည်း။ ကိုယ်တော်၏ အမျက်တော်သည် ကိုယ်တော့်ကို ကြောက်ရွံ့သင့်သည့်ပမာဏအတိုင်း ကြီးမားပါ၏။-
Psal BurCBCM 90:12  အကျွန်ုပ်၏နေ့ရက်များကို ရေတွက်တတ်ရန် သွန်သင်ပေးတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်သည် ပညာအမြော်အမြင် ရှိသော နှလုံးသားကို ပိုင်ဆိုင်ရပါလိမ့်မည်။
Psal BurCBCM 90:13  အိုထာ၀ရဘုရားသခင်၊ ပြန်ကြွလာတော်မူပါ။ အကျွန်ုပ်တို့သည် မည်မျှကြာအောင်စောင့်ရမည်နည်း။ ကိုယ်တော်၏အစေခံများအပေါ် သနားကရုဏာထားတော်မူပါ။-
Psal BurCBCM 90:14  နံနက်အချိန်၌ အကျွန်ုပ်တို့အား ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာဖြင့် ကျေနပ်အားရစေတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်တို့သည် တစ်သက်လုံးဝမ်းမြောက် ရွှင်လန်းနိုင်ကြပေလိမ့်မည်။-
Psal BurCBCM 90:15  ကိုယ်တော်သည် အကျွန်ုပ်တို့အား ဒုက္ခရောက်စေခဲ့သည့်နေ့ရက်များ၏ ပမာဏအတိုင်းသော်လည်းကောင်း၊ အကျွန်ုပ်တို့ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည့်နှစ်များ၏ ပမာဏအတိုင်းသော်လည်းကောင်း အကျွန်ုပ်တို့ကို ရွှင်လန်းဝမ်းမြောက် စေတော်မူပါ။-
Psal BurCBCM 90:16  ကိုယ်တော်၏အံ့ဖွယ်အမှုတို့ကို ကိုယ်တော်၏ အစေခံတို့၌လည်းကောင်း၊ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို သူတို့၏ သားသမီးတို့၌လည်းကောင်း ထင်ရှားပါစေ။-
Psal BurCBCM 90:17  အကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော်။ အကျွန်ုပ်တို့၏ လက်များဖြင့်ပြုလုပ်သမျှကို ကျွန်ုပ်တို့အဖို့ အောင်မြင်စေတော်မူပါ။ မှန်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏လက်များဖြင့် ပြုလုပ်သမျှကို အောင်မြင်စေတော်မူပါ။
Chapter 91
Psal BurCBCM 91:1  အမြင့်မြတ်ဆုံးသောအရှင်၏ အကွယ်အကာအောက်တွင် နေထိုင်ရသောသူသည် အနန္တတန်ခိုးတော်ရှင်၏ အရိပ်တော်တွင် နားနေရလိမ့်မည်။-
Psal BurCBCM 91:2  ထာ၀ရဘုရားသခင်သည် ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါဆိုမည်။-
Psal BurCBCM 91:3  အကြောင်းမူကား ကိုယ်တော်သည် သင့်ကို မုဆိုး၏ကျော့ကွင်းမှလည်းကောင်း၊ ကပ်ရောဂါဘေးမှလည်းကောင်း လွတ်မြောက်စေတော်မူလိမ့်မည်။-
Psal BurCBCM 91:4  ကိုယ်တော်သည် သင့်ကို မိမိ၏အမွေးအတောင်တော်များဖြင့် ဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်များအောက်တွင် ခိုလှုံရာကိုတွေ့ရှိလိမ့်မည်။ ကိုယ်တော်၏ သစ္စာတည်ကြည်ခြင်းသည် သင်၏ အကာအကွယ် ဒိုင်းလွှားဖြစ်တော်မူ၏။-
Psal BurCBCM 91:5  သင်သည် ညအခါ၌ ဖြစ်တတ်သော ကြောက်လန့်ဖွယ်ရာကိုလည်းကောင်း၊ နေ့အချိန်၌ ပျံဝဲသောမြားကိုလည်းကောင်း၊-
Psal BurCBCM 91:6  အမှောင်တွင် ကျရောက်တတ်သော ကပ်ရောဂါဘေးကိုလည်းကောင်း၊ နေ့အချိန်တွင် ဆုံးပါးစေတတ်သော ဖျက်ဆီးခြင်းကို လည်းကောင်း ကြောက်ရလိမ့်မည်မဟုတ်။
Psal BurCBCM 91:7  သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်းကျဆုံးကြသော်လည်း ထိုအန္တရာယ်သည် သင့်အနီးသို့ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။-
Psal BurCBCM 91:8  သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ဘေးဒဏ်ကို မြင်နိုင်ရန် မိမိ၏မျက်စိဖြင့် ကြည့်ရုံမျှသာ ကြည့်ရမည်။
Psal BurCBCM 91:9  သင်သည် ထာ၀ရဘုရားသခင်ကို သင်၏ခိုလှုံရာအဖြစ်လည်းကောင်း၊ အမြင့်ဆုံးသောအရှင်ကို သင်၏မှီခိုရာဌာနအဖြစ် လည်းကောင်း ထားရှိစေသောကြောင့်၊-
Psal BurCBCM 91:10  သင့်အပေါ်သို့ မည်သည့်ဒုက္ခမျှမကျရောက်ပေ။ မည်သည့်အပြစ်ဒဏ်မျှလည်း သင်၏တဲအနီးသို့ ချဉ်းကပ်လိမ့် မည်မဟုတ်ပေ။
Psal BurCBCM 91:11  အကြောင်းမူကား သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေရန် ကိုယ်တော်သည် မိမိ၏ကောင်းကင် တမန်တော်များအား အမိန့်ပေးတော်မူလိမ့်မည်။-
Psal BurCBCM 91:12  သူတို့သည် သင်၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းငှာ သင့်ကို မိမိတို့၏ လက်များဖြင့် ချီပင့်ထားကြလိမ့်မည်။-
Psal BurCBCM 91:13  သင်သည် ခြင်္သေ့နှင့် မြွေဟောက်တို့အပေါ် လျှောက်လှမ်းသွား၍ ခြင်္သေ့ပျိုနှင့် မြွေနဂါးတို့ကို နင်းချေလိမ့်မည်။
Psal BurCBCM 91:14  သူသည် ငါ့ကိုချစ်မြတ်နိုးသောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမတော်ကို အသိအမှတ်ပြုသောကြောင့် ငါသည် သူ့ကိုစောင့်ရှောက်မည်။-
Psal BurCBCM 91:15  သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ သူဒုက္ခရောက်သောအခါ သူ့ဘက်၌ ငါရပ်တည်မည်။ ငါသည် သူ့အား ကယ်တင်၍ ဂုဏ်ပြုချီးမြှင့်မည်။-
Psal BurCBCM 91:16  ငါသည် သူ့အား အသက်ရှည်စေခြင်းဖြင့် တင်းတိမ်ရောင့်ရဲစေပြီး ငါ၏ကယ်တင်တော်မူခြင်းကို သူ့အား ငါပြသမည်။
Chapter 92
Psal BurCBCM 92:1  အိုအမြင့်မြတ်ဆုံးသောအရှင်၊ ထာ၀ရဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်ထံ တီးမှုတ်သီဆိုခြင်းသည်လည်းကောင်း၊-
Psal BurCBCM 92:2  နံနက်အချိန်၌ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ညအချိန်၌ ကိုယ်တော်၏ သစ္စာတော်ကို ထုတ်ဖော် ကြေညာခြင်းသည်လည်းကောင်း၊-
Psal BurCBCM 92:3  ကြိုးဆယ်ပင်တပ်စောင်းငယ်နှင့် စောင်းကြီးတို့၏ တူရိယာသံတို့ဖြင့် ချီးမွမ်းရခြင်းသည်လည်းကောင်း ကောင်းမြတ် လှပေ၏။-
Psal BurCBCM 92:4  အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏ လုပ်ဆောင်ချက်များဖြင့် အကျွန်ုပ်ကို ပျော်ရွှင်မြူးထူးစေပါ၏။ ကိုယ်တော်၏ လက်ရာတော်များကြောင့် အကျွန်ုပ်သည် ရွှင်လန်းခြင်းဖြင့် သီချင်းသီဆိုပါ၏။
Psal BurCBCM 92:5  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လက်ရာတော်တို့သည် မည်မျှကြီးမြတ်ပါသနည်း။ ကိုယ်တော်၏ အကြံအစည် တော်တို့သည် ဤမျှနက်နဲလှပါ၏။-
Psal BurCBCM 92:6  ဤအချက်ကို အသိဉာဏ်မဲ့သောသူ မသိနိုင်သကဲ့သို့ မိုက်မဲသူလည်း နားမလည်နိုင်ပေ။-
Psal BurCBCM 92:7  ယင်းအချက်သည်ကား ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍ အပြစ်ဒုစရိုက်ကျူးလွန်သော သူအပေါင်းတို့သည် ကြီးပွားကြသော်လည်း သူတို့သည် ထာ၀ရပျက်စီးခြင်းသို့ ရောက်ရသောအကြောင်းပေတည်း။-
Psal BurCBCM 92:8  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား ထာ၀စဉ်အမြင့်မြတ်ဆုံး ဖြစ်တော်မူပေ၏။-
Psal BurCBCM 92:9  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ရန်သူများသည် ပျက်စီးကြရလိမ့်မည်။ အပြစ်ဒုစရိုက်ကျူးလွန်သူအပေါင်းတို့ သည်လည်း ကွဲလွင့်ကြရလိမ့်မည်။
Psal BurCBCM 92:10  ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းတစ်ကောင်၏ ဦးချိုကဲ့သို့ချီးမြှောက်၍ အကျွန်ုပ်အပေါ်သို့ ဆီမွှေးကို သွန်းလောင်းတော်မူလေပြီ။-
Psal BurCBCM 92:11  အကျွန်ုပ်၏ မျက်စိများသည် အကျွန်ုပ်ကို ရန်ဘက်ပြုသူတို့၏ ရှုံးနိမ့်မှုကိုမြင်ရလေပြီ။ အကျွန်ုပ်၏နားများသည်လည်း ဆိုးယုတ်သောရန်သူတို့အတွက် အပြစ်ဒဏ်စီရင်ချက်ကို ကြားရလေပြီ။
Psal BurCBCM 92:12  ဖြောင့်မတ်သောသူတို့သည် စွန်ပလွံပင်ကဲ့သို့ စိမ်းလန်းစိုပြည်၍ လေဘနွန်တောင်မှ ထင်းရှူးမွှေးပင်ကဲ့သို့ ရှင်သန်ကြီးထွား ကြလိမ့်မည်။-
Psal BurCBCM 92:13  ထာ၀ရဘုရားသခင်၏ အိမ်တော်၌ စိုက်ပျိုးခြင်းကိုခံရသော သူတို့သည် ငါတို့ဘုရားသခင်၏ ရင်ပြင်၌ စိမ်းလန်းစိုပြည် ကြလိမ့်မည်။-
Psal BurCBCM 92:14  ယင်းတို့သည် အိုသောအရွယ်၌ပင် အသီးသီးကြလိမ့်မည်။ ယင်းတို့သည် အစဉ်လန်းဆန်း၍ စိမ်းလန်းစိုပြည်ခြင်းဖြင့်၊-
Psal BurCBCM 92:15  ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ထုတ်ဖော်ပြကြလိမ့်မည်။ ကိုယ်တော်သည် ငါ၏ကျောက်ဆောင်ဖြစ်ပြီး ကိုယ်တော်၌ မတရားမှုဟူ၍ မရှိပေ။
Chapter 93
Psal BurCBCM 93:1  ထာ၀ရဘုရားသခင်သည် စိုးစံတော်မူ၏။ ကိုယ်တော်သည် ဂုဏ်ကျက်သရေတော်ကို ဆင်မြန်းတော်မူ၏။ လက်ရုံးတော်ကို ခွန်အားဖြင့် ပြည့်စေတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ခိုင်မြဲစွာတည်စေတော်မူသည်ဖြစ်၍ ၎င်းသည် မည်သို့မျှ လှုပ်ရှား၍ မရနိုင်ချေ။-
Psal BurCBCM 93:2  ကိုယ်တော်၏ရာဇပလ္လင်တော်ကို ရှေးကာလမှစ၍ တည်တော်မူခဲ့၏။ ကိုယ်တော်သည် အစဉ်ထာ၀ရကပင် တည်ရှိတော်မူ၏။
Psal BurCBCM 93:3  အိုထာ၀ရဘုရားသခင်၊ ပင်လယ်တို့သည် ထကြွကြပါ၏။ ပင်လယ်တို့သည် မိမိတို့၏အသံကို မြှင့်တင်ကြပါ၏။ ပင်လယ်တို့သည် မိမိတို့လှိုင်းများ၏ရိုက်ခတ်သံကို မြှင့်တင်ကြပါ၏။-
Psal BurCBCM 93:4  ထာ၀ရဘုရားသခင်သည် ရေတို့၏မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးတို့ထက်လည်းကောင်း ခွန်အားတန်ခိုးကြီးမားတော်မူ၏။ မြင့်သောအရပ်၌ရှိသော ကိုယ်တော်သည် ခွန်အားတန်ခိုးကြီးတော်မူ၏။
Psal BurCBCM 93:5  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏အမိန့်တော်တို့သည် တည်တံ့ခိုင်မြဲပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူခြင်းသည် ကိုယ်တော်၏အိမ်တော်ကို ကာလအစဉ်အဆက် တန်ဆာဆင်တော်မူပါ၏။
Chapter 94
Psal BurCBCM 94:1  အိုထာ၀ရဘုရားသခင်၊ အပြစ်ကို လက်စားချေတော်မူသော ဘုရားသခင်၊ အပြစ်ဒဏ်ပေးပိုင်တော်မူသော ဘုရားသခင်၊ ဘုန်းတော်ထွန်းလင်းတော်မူပါ။-
Psal BurCBCM 94:2  မြေကြီးသားတို့ကို တရားစီရင်တော်မူသောအရှင်၊ ကြွလာတော်မူပါ။ မာနထောင်လွှားသော သူတို့အား ထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။-
Psal BurCBCM 94:3  အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာသည်အထိ အောင်ပွဲခံကြမည်နည်း။ မည်မျှကြာပါဦးမည် နည်း။
Psal BurCBCM 94:4  သူတို့သည် ကြမ်းတမ်းသောစကားများကို ထွက်ဆိုကြပါ၏။ ဒုစရိုက်ကျူးလွန်သူအပေါင်းတို့သည် ကြွားဝါကြပါ၏။-
Psal BurCBCM 94:5  အိုထာ၀ရဘုရားသခင်၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်၏အမွေစားအမွေခံများကို ဖိနှိပ်ကြပါ၏။-
Psal BurCBCM 94:6  သူတို့သည် မုဆိုးမများနှင့် ဧည့်သည်အာဂန္တုတို့ကို သတ်ဖြတ်ကြပါ၏။ သူတို့သည် မိဘမဲ့များကိုလည်း သတ်ဖြတ်ကြပါ၏။-
Psal BurCBCM 94:7  သူတို့က ထာ၀ရဘုရားသခင်သည် မြင်တော်မမူပေ၊ ယာကုပ်၏ ဘုရားသခင်သည် ဂရုပြုတော်မမူပေဟုဆိုကြပါ၏။
Psal BurCBCM 94:8  လူတို့အလယ်တွင် အသိတရားမဲ့သောသင်တို့၊ သတိမူကြလော့။ လူမိုက်တို့၊ သင်တို့သည် မည်သည့်အချိန်တွင် ပညာသတိရှိလာကြမည်နည်း။-
Psal BurCBCM 94:9  နားကိုတပ်ဆင်ပေးထားတော်မူသော အရှင်သည် ကြားနိုင်စွမ်းမရှိသလော။ မျက်စိကိုပုံသွင်းထားတော်မူသော အရှင်သည် မြင်နိုင်စွမ်းမရှိသလော။-
Psal BurCBCM 94:10  လူမျိုးအပေါင်းကို ဆုံးမပဲ့ပြင်တော်မူသော အရှင်သည် အပြစ်ဒဏ်မခတ်သလော။ လူတို့ကို သွန်သင်တော်မူသော အရှင်သည် အသိပညာ ကင်းမဲ့သလော။-
Psal BurCBCM 94:11  ထာ၀ရဘုရားသခင်သည် လူ၏အကြံအစည်ကို သိတော်မူ၏။ သူတို့သည် အချည်းနှီးသာဖြစ်ကြောင်းကို ကိုယ်တော် သိတော်မူ၏။
Psal BurCBCM 94:12  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ဆုံးမပဲ့ပြင်သောသူ၊ ကိုယ်တော်၏ပညတ်တရားကို ကိုယ်တော် သင်ယူစေတော်မူသော သူသည် မင်္ဂလာရှိ၏။-
Psal BurCBCM 94:13  ဆိုးယုတ်သောသူတို့အဖို့ တွင်းတူးပြီးသည့်အချိန်တိုင်အောင် ကိုယ်တော်သည် ထိုသူကို ဒုက္ခရောက်သောနေ့ရက်များမှ လွတ်ငြိမ်းစေတော်မူ၏။-
Psal BurCBCM 94:14  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။ မိမိ၏ အမွေစား အမွေခံတို့ကို မည်သည့်အခါမျှ စွန့်ပစ်ထားတော်မူလိမ့်မည်မဟုတ်။-
Psal BurCBCM 94:15  တရားမျှတခြင်းသည် ဖြောင့်မတ်သောသူထံသို့ ပြန်လာလိမ့် မည်။ စိတ်ထားဖြောင့်မတ်သော သူအပေါင်းတို့သည်လည်း ယင်းကိုလိုက်နာကြလိမ့်မည်။
Psal BurCBCM 94:16  မည်သူသည် ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်၍ ငါ့ဘက်မှ ရပ်တည်မည်နည်း။ မည်သူသည် ဒုစရိုက်ကျူးလွန်သူတို့ကို ဆန့်ကျင်၍ ငါ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပါမည်နည်း။-
Psal BurCBCM 94:17  ထာ၀ရဘုရားသခင်သည် ငါ့အား ကူညီတော်မမူခဲ့ပါလျှင် များမကြာမီ ငါသည် ဆိတ်ငြိမ်ရာအရပ်၌ နေခဲ့ရပေလိမ့်မည်။-
Psal BurCBCM 94:18  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏စိတ်ထဲ၌ ငါသည် ခြေချော်လျက်ရှိပြီဟု ဆိုရုံမျှနှင့် ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်သည် အကျွန်ုပ်ကို ထောက်မတော်မူပါ၏။-
Psal BurCBCM 94:19  အကျွန်ုပ်၏စိတ်ထဲ၌ စိုးရိမ်ပူပန်မှုကြီးမားသောအခါ ကိုယ်တော်၏နှစ်သိမ့်မှုသည် အကျွန်ုပ်၏ဝိညာဉ်ကို ရွှင်လန်းစေပါ၏။-
Psal BurCBCM 94:20  ဥပဒေအားဖြင့် ဆင်းရဲဒုက္ခကိုဖြစ်ပွားစေသည့် ဆိုးယုတ်သောအုပ်ချုပ်သူသည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့နိုင် ပါမည်လော။-
Psal BurCBCM 94:21  ဖြောင့်မတ်သော သူကိုဆန့်ကျင်ရန် သူတို့သည် စည်းရုံးကြပါ၏။ အပြစ်ကင်းမဲ့သောသူကိုလည်း သေဒဏ်စီရင်ကြပါ၏။-
Psal BurCBCM 94:22  သို့ရာတွင် ထာ၀ရဘုရားသခင်သည် ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာကျောက်ဆောင် ဖြစ်တော်မူ၏။-
Psal BurCBCM 94:23  ကိုယ်တော်သည် သူတို့၏အပြစ်များအတွက် ဒဏ်ခတ်ပြီး သူတို့၏ဆိုးယုတ်မှုအတွက် သူတို့ကို ဖယ်ရှားတော်မူလိမ့်မည်။ ငါတို့၏အရှင် ထာ၀ရဘုရားသခင်သည် သူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်။
Chapter 95
Psal BurCBCM 95:1  လာကြ၊ ထာ၀ရဘုရားသခင်အား ရွှင်လန်းစွာ သီဆိုကျူးအေးကြကုန်စို့။ ကယ်တင်ခြင်း၏ ကျောက်ဆောင်တော်ထံသို့ ကျယ်လောင်စွာအော်ဟစ်ကြစို့။-
Psal BurCBCM 95:2  ကျေးဇူးတော်ကိုချီးမွမ်းကာ ကိုယ်တော်၏ရှေ့တော်သို့ဝင်ရောက်လျက် ကိုယ်တော်အား တူရိယာသံ၊ တေးသီချင်းသံတို့ဖြင့် ပျော်ရွှင်စွာချီးမြှောက်ကြကုန်စို့။-
Psal BurCBCM 95:3  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဘုန်းကြီး၍ မြင့်မြတ်တော်မူသောဘုရား၊ ဘုရားတကာတို့ထက် တန်ခိုးကြီးတော်မူသော ဘုရင်ဖြစ်တော်မူ၏။-
Psal BurCBCM 95:4  ကမ္ဘာမြေကြီး၏ နက်ရှိုင်းရာအရပ်တို့သည် ကိုယ်တော်၏လက်ဝယ်တွင်ရှိကြပြီး တောင်ထိပ်တို့ကိုလည်း ကိုယ်တော် ပိုင်တော်မူ၏။-
Psal BurCBCM 95:5  ပင်လယ်ကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ၎င်းကို ကိုယ်တော်ဖန်ဆင်းထားတော်မူ၏။ ကိုယ်တော်၏ လက်တော်တို့သည် ခြောက် သွေ့သောကုန်းမြေကို ပုံသွင်းပေးခဲ့၏။
Psal BurCBCM 95:6  လာကြ၊ ဦးညွတ်၍ ရှိခိုးကိုးကွယ်ကြကုန်စို့။ ငါတို့၏ဖန်ဆင်းရှင် ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက်၌ ဒူးထောက်ကြကုန်စို့။-
Psal BurCBCM 95:7  အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ စားကျက်တွင် ကျက်စားသောသူများနှင့် ကိုယ်တော်၏ ထိန်းသိမ်းမှုအောက်ရှိ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားရပါလျက်၊-
Psal BurCBCM 95:8  မေရိဘအရပ်တွင်လည်းကောင်း၊ တောကန္တာရရှိ မက်ဆာ၌လည်းကောင်း ကျင်လည်ခဲ့ချိန်၌ ပြုမူခဲ့သည့်အတိုင်း သင်တို့၏စိတ်နှလုံးများကို တင်းမာ၍မထားကြလေနှင့်။-
Psal BurCBCM 95:9  ထိုအရပ်၌ သင်တို့၏ဘိုးဘေးတို့သည် ငါပြုလုပ်တော်မူသော အမှုတို့ကို မြင်ခဲ့ရပြီးဖြစ်သော်လည်း ငါ့ကိုစုံစမ်းခဲ့ကြ၏။-
Psal BurCBCM 95:10  ငါသည် ထိုလူမျိုးဆက်ကို အနှစ်လေးဆယ်ပတ်လုံး အမျက်ထွက်ခဲ့ရ၏။ သူတို့သည် စိတ်နှလုံးဖောက်ပြန်သောလူမျိုး၊ ငါ၏တရားလမ်းတို့ကို မသိသောလူမျိုးဖြစ်သည်ဟု ငါဆိုခဲ့၏။-
Psal BurCBCM 95:11  သို့ဖြစ်၍ သူတို့ သည် ငါ၏သုခချမ်းသာဘုံသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည်မဟုတ်ဟု အမျက်ဒေါသဖြင့် ငါကျိန်ဆိုခဲ့၏။
Chapter 96
Psal BurCBCM 96:1  ထာ၀ရဘုရားသခင်ထံသို့ သီချင်းသစ်ကို သီဆိုကြလော့။ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ထံသို့ သီဆိုကျူးအေးကြလော့။-
Psal BurCBCM 96:2  ထာ၀ရဘုရားသခင်ထံသို့ သီဆိုကျူးအေး၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏ကယ်တင်တော် မူခြင်းအကြောင်းကို နေ့စဉ်နေ့တိုင်းကြေညာဟောပြောကြလော့။-
Psal BurCBCM 96:3  ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို လူမျိုးတကာတို့ အလယ်၌လည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်အမှုတော်တို့ကို လူအပေါင်းတို့အလယ်၌လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။-
Psal BurCBCM 96:4  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ချီးမွမ်းခြင်းကို လွန်စွာခံထိုက်လှပေ၏။ ကိုယ်တော်သည် ရှိသမျှသောဘုရားတို့ထက် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူ၏။-
Psal BurCBCM 96:5  အကြောင်းမူကား တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် ရုပ်တုများသာဖြစ်ကြ၏။ ထာ၀ရဘုရားသခင်မူကား ကောင်းကင်တို့ကို ဖန်ဆင်းတော်မူ၏။-
Psal BurCBCM 96:6  ဘုန်းအရှိန်အဝါနှင့် ဂုဏ်ကျက်သရေတို့သည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။ ခွန်အားတန်ခိုးနှင့် ဘုန်းဂုဏ်တော်သည် ကိုယ်တော်၏ သန့်ရှင်းရာဌာန၌ တည်ရှိပါ၏။
Psal BurCBCM 96:7  လူမျိုးနွယ်အပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို သိမှတ်ဝန်ခံကြလော့။ ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ခွန်အားတန်ခိုးတော်တို့ကို သိမှတ်ဝန်ခံကြလော့။-
Psal BurCBCM 96:8  ထာ၀ရဘုရားသခင်၏ နာမတော်နှင့်ထိုက်တန်သော ဘုန်းဂုဏ်တော်ကိုသိမှတ်ဝန်ခံကြလော့။ ပူဇော်သကာကို ယူဆောင် လာ၍ ထာ၀ရဘုရားသခင်၏ အိမ်တော်တွင်းသို့ ဝင်ကြလော့။-
Psal BurCBCM 96:9  သန့်ရှင်းသောဘုန်းအသရေတော်၌ စံပယ်တော်မူသော ထာ၀ရဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
Psal BurCBCM 96:10  ထာ၀ရဘုရားသခင်သည် စိုးစံတော်မူသည်ဟု လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။ ကမ္ဘာမြေကြီးကို ခိုင်မြဲစွာ တည်ဆောက်ထားသည်ဖြစ်၍ ၎င်းကို မည်သည့်အခါမျှမရွှေ့နိုင်ချေ။ ကိုယ်တော်သည် လူအပေါင်းတို့အား တရားမျှတစွာ စီရင်တော်မူလိမ့်မည်။-
Psal BurCBCM 96:11  ကောင်းကင်သည် ဝမ်းမြောက်ရွှင်လန်းပါစေ။ မြေကြီးသည်လည်း ပျော်ရွှင်ဝမ်းမြောက်ပါစေ။ ပင်လယ်နှင့် ပင်လယ်အတွင်း၌ ရှိသမျှတို့သည်လည်း မြည်ဟည်းကြပါစေ။-
Psal BurCBCM 96:12  လယ်ကွင်းများနှင့် ၎င်း၌ရှိသမျှတို့သည် အားရရွှင်လန်းကြပါစေ။ သစ်တော၌ရှိသော သစ်ပင်အပေါင်းတို့သည်လည်း ရွှင်လန်းစွာဖြင့်သီဆိုကြလိမ့်မည်။-
Psal BurCBCM 96:13  သူတို့သည် ထာ၀ရဘုရားသခင်၏ရှေ့တော်တွင် သီဆိုကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူလေပြီ။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူရန် ကိုယ်တော်ကြွလာတော်မူလေပြီ။ ကိုယ်တော်သည် ကမ္ဘာမြေကြီးအား ဖြောင့်မတ် မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ လူတို့အား သမ္မာတရားတော်ဖြင့်လည်းကောင်း စီရင်တော်မူလိမ့်မည်။ အုပ်စိုးတော်မူခြင်း၏ဂုဏ်ကျက်သရေ
Chapter 97
Psal BurCBCM 97:1  ထာ၀ရဘုရားသခင်သည် စိုးစံတော်မူ၏။ ကမ္ဘာမြေကြီးသည် ရွှင်လန်းဝမ်းမြောက်၍ ကျွန်းနိုင်ငံတို့သည်လည်း ပျော်ရွှင်ကြပါစေ။-
Psal BurCBCM 97:2  မိုးတိမ်နှင့် အမှောင်ထုတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် တရားမျှတခြင်းတို့သည် ပလ္လင်တော်၏ အခြေခံအုတ်မြစ်ဖြစ်ကြပါ၏။-
Psal BurCBCM 97:3  မီးလျှံသည် ရှေ့တော်၌သွား၍ အဘက်ဘက်ရှိ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းစေ၏။-
Psal BurCBCM 97:4  ကိုယ်တော်၏ လျှပ်စီးလျှပ်နွယ်တို့သည် ကမ္ဘာတစ်ခွင်ကို လင်းလက်စေ၏။ ကမ္ဘာမြေကြီးသည်လည်း မြင်ရ၍ တုန်လှုပ်လေ၏။-
Psal BurCBCM 97:5  တောင်တန်းများသည် ကမ္ဘာမြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသည့် အရှင်သခင်တည်းဟူသော ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက်၌ ဖယောင်းကဲ့သို့ အရည်ပျော်ကျကြ၏။
Psal BurCBCM 97:6  ကောင်းကင်တို့သည် ကိုယ်တော်၏ဖြောင့်မတ်မှန်ကန်ခြင်းကို ကြွေးကြော်ကြ၍ လူအပေါင်းတို့သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ဖူးမြင်ကြရ၏။-
Psal BurCBCM 97:7  ရုပ်တုကိုးကွယ်သူများ၊ တန်ဖိုးမရှိသောရုပ်တုများအပေါ် ဂုဏ်ယူဝါကြွားသောသူများသည် အရှက်တကွဲဖြစ်ကြရလေ၏။ ဘုရားအပေါင်းတို့သည်၊ ထာ၀ရဘုရားသခင်အား ပျပ်ဝပ်ရှိခိုးကြ၏။-
Psal BurCBCM 97:8  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားစီရင်တော်မူခြင်းတို့ကြောင့် ဂျုဒပြည်ရှိ ရပ်ရွာအပေါင်းတို့သည် ပျော်ရွှင်မြူးထူး ကြ၏။ ဇီအွန်မြို့သည်လည်း ကြားရ၍ ရွှင်လန်းဝမ်းမြောက်လေ၏။-
Psal BurCBCM 97:9  အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ ကိုယ်တော် သည် ကမ္ဘာမြေတစ်ဝန်းလုံးတွင် အမြင့်မြတ်ဆုံး ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက် သာလွန်စွာ ချီးမြှောက်ခြင်း ခံရလေ၏။
Psal BurCBCM 97:10  ထာ၀ရဘုရားသခင်သည် မကောင်းမှုကို မုန်းတီးသောသူများကို ချစ်မြတ်နိုးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ယုံကြည်သူတို့၏အသက်ကို လုံခြုံစွာစောင့်ရှောက်ထား၍ ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။-
Psal BurCBCM 97:11  အလင်းသည် ဖြောင့်မတ်မှန်ကန်သူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်းသည် စိတ်နှလုံးရိုးဖြောင့်သော သူတို့အပေါ်၌လည်းကောင်း သက်ရောက်လေ၏။-
Psal BurCBCM 97:12  အိုဖြောင့်မတ်သူအပေါင်းတို့၊ ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသော နာမတော်အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 98
Psal BurCBCM 98:1  ထာ၀ရဘုရားသခင်အား သီချင်းသစ်ကို သီဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်အမှုများကို လုပ်ဆောင်တော်မူပြီ။ ကိုယ်တော်၏ လက်ယာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အတွက် အောင်ပွဲကို ရစေတော်မူ၏။-
Psal BurCBCM 98:2  ထာ၀ရဘုရားသခင်သည် မိမိ၏ကယ်တင်တော်မူခြင်းကို ထင်ရှားစေ၍ မိမိ၏ဖြောင့်မတ်မှန်ကန်ခြင်းကို လူမျိုးတကာတို့အား ဖော်ပြတော်မူ၏။-
Psal BurCBCM 98:3  ကိုယ်တော်သည် အစ္စရာအဲလ်အမျိုးသားတို့အပေါ်၌ မိမိ၏မေတ္တာတော်နှင့် သစ္စာတော်တို့ကို အောက်မေ့တော်မူ၏။ မြေကြီးစွန်းအပေါင်းတို့သည်လည်း ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကို မြင်ကြရလေပြီ။
Psal BurCBCM 98:4  မြေကြီးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ထံတော်သို့ ရွှင်လန်းစွာဟစ်အော်ကြလော့။ ကျယ်လောင်စွာ အော်ဟစ်၍ ဝမ်းမြောက်ဖွယ်သီချင်းကို တစ်ခဲနက် သီဆိုကြလော့။-
Psal BurCBCM 98:5  စောင်းတီး၍ ထာ၀ရဘုရားသခင်အား တီးမှုတ်သီဆိုကြလော့။ တူရိယာများကို တီးမှုတ်၍ သီဆိုကျူးအေးကြလော့။-
Psal BurCBCM 98:6  ဘုရင်မင်းမြတ်တည်းဟူသော ထာ၀ရဘုရားသခင် ရှေ့မှောက်တော်တွင် တံပိုးခရာတို့ကိုမှုတ်၍ ရွှင်လန်းစွာ အော်ဟစ်ကြလော့။
Psal BurCBCM 98:7  ပင်လယ်နှင့် ပင်လယ်တွင်း၌ ရှိသမျှသောအရာတို့သည်လည်းကောင်း၊ ကမ္ဘာပေါ်တွင်နေထိုင်သောသူ အပေါင်းတို့သည် လည်းကောင်း ချီးမွမ်းကြွေးကြော်ကြပါစေ။-
Psal BurCBCM 98:8  မြစ်တို့သည်လည်း လက်ခုပ်တီးကြ၍ တောင်တန်းများသည် ရွှင်လန်းဝမ်းမြောက်သဖြင့် အတူတကွသီချင်း သီဆိုကြပါစေ။-
Psal BurCBCM 98:9  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မြေကြီးသားအပေါင်းတို့ကို တရားစီရင်ရန် ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ လူအပေါင်းတို့ကို တရားမျှတမှုဖြင့်လည်းကောင်း စီရင်တော်မူလိမ့်မည်။
Chapter 99
Psal BurCBCM 99:1  ထာ၀ရဘုရားသခင်သည် စိုးစံတော်မူ၏။ လူမျိုးအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပါစေ။ ကိုယ်တော်သည် ခေရုဘိမ်တို့အလယ်ရှိ ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူ၏။ ကမ္ဘာမြေကြီးသည် တုန်လှုပ်ပါစေ။-
Psal BurCBCM 99:2  ထာ၀ရဘုရားသခင်သည် ဇီအွန်တွင် ကြီးမြတ်တော်မူပေ၏။ ကိုယ်တော်သည် လူမျိုးတကာတို့အပေါ် ၌ ချီးမြှောက်ခြင်းကို ခံရတော်မူ၏။-
Psal BurCBCM 99:3  သူတို့သည် ကိုယ်တော်၏ ကြီးမြတ်၍ ခန့်ညားရိုသေဖွယ်ကောင်းသော နာမတော်ကို ချီးမွမ်းကြပါစေ။ ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။-
Psal BurCBCM 99:4  ဘုရင်မင်းမြတ်သည် ခွန်အားကြီးမားတော်မူ၍ တရားမျှတမှုကို နှစ်သက်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် ညီတူညီမျှရှိမှုကို တည်ထောင်တော်မူ၏။ ကိုယ်တော်သည် ယာကုပ်၏အမျိုးအနွယ်တွင် တရားမျှတ၍ မှန်ကန်သောအမှုကို ပြုလုပ်တော်မူ၏။-
Psal BurCBCM 99:5  ငါတို့၏အရှင် ထာ၀ရဘုရားသခင်အား ချီးမြှောက်ကြလော့။ ကိုယ်တော်၏ခြေတော်တင်ခုံ၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
Psal BurCBCM 99:6  မိုးဇက်နှင့် အာရွန်တို့သည် ကိုယ်တော်၏ရဟန်းများထဲတွင် ပါဝင်ကြပြီး ဆာမူအဲလ်သည်လည်း ကိုယ်တော်၏နာမတော်ကို ခေါ်တသောသူတို့တွင် ပါဝင်လေ၏။ သူတို့သည် ထာ၀ရဘုရားသခင်ကို ခေါ်တကြ၍ ကိုယ်တော်သည် သူတို့ကိုဖြေကြား တော်မူ၏။-
Psal BurCBCM 99:7  ကိုယ်တော်သည် သူတို့ကို မိုးတိမ်တိုက်ထဲမှ မိန့်မြွက်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏ အမိန့်တော်များနှင့် သူတို့အား ကိုယ်တော်ပေးတော်မူသော ပညတ်တရားကို လိုက်နာစောင့်ထိန်းခဲ့ကြ၏။
Psal BurCBCM 99:8  အိုအကျွန်ုပ်တို့၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို နားညောင်းတော်မူပါ၏။ ကိုယ်တော်သည် သူတို့အတွက် ခွင့်လွှတ်တတ်သောဘုရား ဖြစ်တော်မူပါ၏။ သို့သော် ကိုယ်တော်သည် သူတို့၏ အပြစ်များကို ဒဏ်ခတ်တော်မူ၏။-
Psal BurCBCM 99:9  ငါတို့၏အရှင် ထာ၀ရဘုရားသခင်ကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏ သန့်ရှင်းသော တောင်တော်ပေါ်၌ ဝတ်ပြုကိုးကွယ်ကြလော့။ အကြောင်းမူကား ငါတို့၏အရှင် ထာ၀ရဘုရားသခင်သည် သန့်ရှင်းတော်မူသောကြောင့် ဖြစ်သတည်း။
Chapter 100
Psal BurCBCM 100:1  မြေကြီးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ထံတော်သို့ ရွှင်လန်းဝမ်းမြောက်စွာ ဟစ်အော်ကြလော့။-
Psal BurCBCM 100:2  ထာ၀ရဘုရားသခင်ထံ၌ ဝမ်းမြောက်စွာ အမှုထမ်းကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက် အထံတော်သို့ဝင်ကြလော့။
Psal BurCBCM 100:3  ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူသည်ဖြစ်၍ ငါတို့သည် ကိုယ်တော်ပိုင်ဆိုင်သောသူများ၊ ကိုယ်တော်၏လူမျိုးတော်နှင့် ကိုယ်တော်၏စားကျက်မှ သိုးများဖြစ်ကြ၏။
Psal BurCBCM 100:4  ကျေးဇူးတော်ကို ချီးမွမ်းလျက် ကိုယ်တော်၏တံခါးများထဲသို့ ဝင်ကြလော့။ ချီးမွမ်းထောမနာပြုလျက် ကိုယ်တော်၏ အိမ်တော်သို့ ဝင်ကြလော့။ ကိုယ်တော့်ကို ကျေးဇူးဆပ်တင်လျက် နာမတော်ကို ချီးမွမ်းထောမနာပြုကြလော့။
Psal BurCBCM 100:5  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် အစဉ်တည်မြဲ၍ ကိုယ်တော်၏ သစ္စာတော်သည်လည်း လူမျိုးအဆက်ဆက် တည်ရှိတော်မူသောကြောင့်တည်း။
Chapter 101
Psal BurCBCM 101:1  အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာတော်နှင့် တရားမျှတမှုတို့ကို သီဆိုကျူးအေးပါမည်။ အို ထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်အား ချီးမွမ်းဧကျူးပါမည်။-
Psal BurCBCM 101:2  အကျွန်ုပ်သည် အပြစ်တင်ခွင့်ကင်းသောဘ၀ကို လျှောက်လှမ်းရန် ဂရုစိုက်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့် အချိန်တွင် ကြွမြန်းတော်မူမည်နည်း။ အကျွန်ုပ်သည် အပြစ်တင်ခွင့်ကင်းသောနှလုံးနှင့် မိမိ၏အိမ်အတွင်း၌ လျှောက်လှမ်း ပါမည်။-
Psal BurCBCM 101:3  ငါ၏မျက်မှောက်တွင် မည်သည့်ဒုစရိုက်အမှုကိုမျှ လက်ခံလိမ့်မည် မဟုတ်ပေ။ သစ္စာမဲ့သောသူတို့၏ လုပ်ဆောင်ချက်များကို ငါမုန်းတီး၏။ ထိုအမှုအရာတို့တွင် ငါပါဝင်လိမ့်မည်မဟုတ်။-
Psal BurCBCM 101:4  ဖောက်ပြန်သော နှလုံးသားရှိသူတို့သည် ငါ့ထံမှဝေးကွာစွာနေကြရလိမ့်မည်။ ငါသည် မကောင်းမှုနှင့် စိုးစဉ်းမျှ ပတ်သက် လိမ့်မည်မဟုတ်။
Psal BurCBCM 101:5  မိမိနှင့်နီးစပ်သူကို လျှို့ဝှက်စွာ အသရေဖျက်သူမှန်သမျှကို ငါဖျက်ဆီးပစ်မည်။ မောက်မာခက်ထန်သော မျက်စိများနှင့် မာနထောင်လွှားသောနှလုံး ရှိသူမှန်သမျှ ကို ငါသည်းခံလိမ့်မည်မဟုတ်။
Psal BurCBCM 101:6  နိုင်ငံအတွင်းမှ သစ္စာရှိသောသူတို့သည် ငါနှင့်အတူနေကြစေရန် သူတို့ကို ငါကြည့်ရှုမည်။ အပြစ်တင်ခွင့်ကင်းသော လမ်း၌ လျှောက်လှမ်းသော သူသာလျှင် ငါ၏ အမှုတော်ကို ဆောင်ရွက်ရလိမ့်မည်။
Psal BurCBCM 101:7  လိမ်လည်လှည့်ဖြားသော သူတစ်ဦးတစ်ယောက်မျှ ငါ၏အိမ်တော်တွင် နေထိုင်ရလိမ့်မည်မဟုတ်။ မုသားပြောဆိုသူ တစ်ဦးတစ်ယောက်မျှလည်း ငါ၏ရှေ့တော်တွင် ရပ်တည်ရလိမ့်မည်မဟုတ်ပေ။
Psal BurCBCM 101:8  ငါသည် နိုင်ငံအတွင်း၌ရှိသမျှသော ဆိုးယုတ်သူအပေါင်းတို့ကို နံနက်တိုင်းဖျက်ဆီးမည်။ မကောင်းမှုဒုစရိုက်ပြုသူ အပေါင်းတို့ကိုလည်း ထာ၀ရဘုရားသခင်၏ မြို့တော်မှ နှင်ထုတ်ပစ်လိမ့်မည်။
Chapter 102
Psal BurCBCM 102:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကူညီမစတော်မူပါရန် တောင်းလျှောက်သော အကျွန်ုပ်၏ ငိုကြွေးသံသည် ကိုယ်တော်၏အထံတော်သို့ ရောက်ပါစေ။-
Psal BurCBCM 102:2  အကျွန်ုပ် ဒုက္ခရောက်ချိန်၌ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ် ထံမှ လွှဲဖယ်တော်မမူပါနှင့်။ ကိုယ်တော်၏ရွှေနားတော် ကို အကျွန်ုပ်ဆီသို့လှည့်တော်မူပါ။ အကျွန်ုပ်ခေါ်တသော အခါ အလျင်အမြန်ထူးတော်မူပါ။
Psal BurCBCM 102:3  အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ လွင့်ပျောက်သွားပြီး အကျွန်ုပ်၏အရိုးများသည်လည်း ရဲရဲတောက်နေသော မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။-
Psal BurCBCM 102:4  အကျွန်ုပ်၏နှလုံးသည် ညှိုးနွမ်း၍ မြက်ပင်ကဲ့သို့ခြောက်သွေ့နေပါ၏။ အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့လျက်ရှိပါ၏။-
Psal BurCBCM 102:5  အကျွန်ုပ်သည် ကျယ်လောင်စွာ ညည်းတွားရသောကြောင့် အရိုးနှင့်အရေသာကျန်ပါတော့သည်။-
Psal BurCBCM 102:6  အကျွန်ုပ်သည် ကန္တာရငှက်ကဲ့သို့လည်းကောင်း၊ အပျက်အစီးများအလယ်ရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။-
Psal BurCBCM 102:7  အကျွန်ုပ်သည် အိပ်မပျော်ဘဲ နိုးကြားနေ၍ အိမ်ခေါင်မိုးပေါ်ရှိ အထီးကျန်သောငှက်ကဲ့သို့ ဖြစ်နေပါ၏။-
Psal BurCBCM 102:8  အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံး ကဲ့ရဲ့စော်ကားကြပါ၏။ အကျွန်ုပ်ကို ဆဲရေးတိုင်းထွာသူတို့သည် အကျွန်ုပ်၏အမည်ကိုသုံး၍ ကျိန်ဆိုကြပါ၏။-
Psal BurCBCM 102:9  အကြောင်းမူကား အကျွန်ုပ်သည် ပြာကိုပေါင်မုန့်အဖြစ် စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်များဖြင့် ရောစပ်ရပါ၏။-
Psal BurCBCM 102:10  ကိုယ်တော်၏ ပြင်းထန်သော အမျက်တော်ကြောင့် ဤသို့ဖြစ်ရပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ ဘေးသို့ပစ်ချခဲ့လေပြီ။-
Psal BurCBCM 102:11  အကျွန်ုပ်၏နေ့ရက်များသည် ညနေ၏မှောင်ရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ ညှိုးခြောက်သွားပါ၏။
Psal BurCBCM 102:12  သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ရာဇပလ္လင်ပေါ်တွင် ထာ၀စဉ်စံမြန်းတော်မူပါ၏။ လူမျိုးအဆက်ဆက် တို့တွင် ကိုယ်တော်၏နာမတော်သည် တည်မြဲတော်မူပါ၏။-
Psal BurCBCM 102:13  ကိုယ်တော်သည် ကြွလာ၍ ဇီအွန်မြို့ပေါ်တွင် ကရုဏာသက်တော်မူလိမ့်မည်။ သူမကို ကျေးဇူးပြုရန် အချိန်တန်ပေပြီ။ သတ်မှတ်ထားသောအချိန် ဆိုက်ရောက်လာလေပြီ။-
Psal BurCBCM 102:14  အကြောင်းမူကား ကိုယ်တော်၏အစေခံများသည် ထိုမြို့၏ကျောက်တုံးများကို မြတ်နိုးကြလျက် ထိုမြို့၏မြေမှုန့်များကိုပင် သနားကြင်နာစိတ်ဖြစ်ကြပါ၏။-
Psal BurCBCM 102:15  လူမျိုးအပေါင်းတို့သည် ထာ၀ရဘုရားသခင်၏ နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ မြေကြီးပေါ်ရှိ ဘုရင်အပေါင်း တို့သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ကြည်ညိုလေးစားကြလိမ့်မည်။-
Psal BurCBCM 102:16  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဇီအွန်မြို့ကို တည်ဆောက်၍ မိမိ၏ဘုန်းဂုဏ်တော်နှင့် ထွက်ပေါ်လာ တော်မူလိမ့်မည်။-
Psal BurCBCM 102:17  ကိုယ်တော်သည် ခိုကိုးရာမဲ့သူတို့၏ ဆုတောင်းသံကို တုံ့ပြန်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ အသနားခံ တောင်းလျှောက်ချက်ကို ငြင်းပယ်တော်မူလိမ့်မည်မဟုတ်။
Psal BurCBCM 102:18  ဤအကြောင်းအရာကို နောင်လာမည့်လူမျိုးဆက်အတွက် ရေးသားမှတ်တမ်းတင်ထားပါစေ။ သို့မှသာ မွေးဖွားခြင်း မခံရသေးသော သူတို့သည် ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြပေလိမ့်မည်။-
Psal BurCBCM 102:19  ထာ၀ရဘုရားသခင်သည် မြင့်သောအရပ်ရှိ မိမိ၏သန့်ရှင်းရာဌာနမှ အောက်သို့ငုံ့ကြည့်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှ ကမ္ဘာမြေကြီးကို ရှုမြင်သုံးသပ်တော်မူ၏။-
Psal BurCBCM 102:20  ကိုယ်တော်သည် အကျဉ်းသားတို့၏ ညည်းတွားသံကိုကြားရန်နှင့် သေဒဏ်စီရင်ခြင်းခံရသောသူတို့ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန်အတွက်ဖြစ်၏။-
Psal BurCBCM 102:21  ဤသို့ဖြင့် လူတို့သည် ဇီအွန်မြို့တွင် ထာ၀ရဘုရားသခင်၏နာမတော်ကို ကြေညာကြ၍ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။-
Psal BurCBCM 102:22  လူမျိုးတကာတို့နှင့် တိုင်းနိုင်ငံအပေါင်းတို့သည် ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် စုရုံးကြလိမ့်မည်။
Psal BurCBCM 102:23  အကျွန်ုပ်၏ အသက်တာလမ်းခရီးတွင် ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားလျော့နည်းစေပြီး အကျွန်ုပ်၏နေ့ရက်များကို တိုတောင်းစေတော်မူခဲ့ပြီ။-
Psal BurCBCM 102:24  သို့ဖြစ်၍ ငါဆိုသည်မှာ အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ဘ၀လမ်းခရီးတစ်ဝက်မှ ခေါ်သွားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလများသည်ကား လူမျိုးအဆက်ဆက်တို့တွင် အစဉ်တည်ရှိတော်မူပါ၏။
Psal BurCBCM 102:25  ရှေးအခါက ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်ကို ချတော်မူခဲ့ပါ၏။ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ လက်ရာတော်များ ဖြစ်ကြပါ၏။-
Psal BurCBCM 102:26  ထိုအရာတို့သည် ပျက်စီးကြပါလိမ့်မည်။ ကိုယ်တော်မူကား တည်မြဲတော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်သည် ဝတ်ရုံကိုလဲသကဲ့သို့ ထိုအရာတို့ကို ပြောင်းလဲစေတော်မူသဖြင့် ယင်းတို့သည် ပျောက်ကွယ်သွားကြရ၏။-
Psal BurCBCM 102:27  ကိုယ်တော်မူကား ပြောင်းလဲတော်မမူချေ။ ကိုယ်တော်၏ နှစ်ကာလများသည်လည်း မည်သည့်အခါ မျှကုန်ဆုံးလိမ့်မည် မဟုတ်။-
Psal BurCBCM 102:28  ကိုယ်တော့်အစေခံများ၏ သားသမီးတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ကြရပြီး သူတို့၏သားစဉ်မြေးဆက်သည်လည်း ကိုယ်တော်၏ ရှေ့တော်၌ အစဉ်အမြဲတည်ရှိကြပါလိမ့်မည်။
Chapter 103
Psal BurCBCM 103:1  အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ ငါ၏အတွင်း၌ရှိသမျှတို့၊ ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။-
Psal BurCBCM 103:2  အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ ကိုယ်တော်၏ ကျေးဇူးတော် အပေါင်းကို မမေ့လျော့လေနှင့်။-
Psal BurCBCM 103:3  ကိုယ်တော်သည် သင်၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်၍ သင်၏အနာရောဂါအားလုံးကို ပျောက်ကင်းစေတော်မူ၏။-
Psal BurCBCM 103:4  ကိုယ်တော်သည် သင်၏အသက်ကို အသူတစ်ရာနက်သော တွင်းကြီးထဲမှ ကယ်နုတ်၍ ခိုင်မြဲသောမေတ္တာ ကရုဏာတော်ဖြင့် သင့်ကို ချီးမြှင့်တော်မူပြီ။-
Psal BurCBCM 103:5  ကိုယ်တော်သည် သင်အသက်ရှင်သမျှ ကာလပတ်လုံး သင်၏အလိုဆန္ဒတို့ကို ကောင်းသောအရာတို့ဖြင့် အားရကျေနပ် စေတော်မူသောကြောင့် သင်၏ငယ်ရွယ်နုပျိုခြင်းသည် လင်းယုန်ငှက်ကဲ့သို့ လျင်မြန်ဖျတ်လတ်လာလေ၏။
Psal BurCBCM 103:6  ထာ၀ရဘုရားသခင်သည် ဖိနှိပ်ခြင်းခံရသူအပေါင်းတို့အတွက် ဖြောင့်မတ်မှန်ကန်သော တရားစီရင်ခြင်းကို ပြုတော်မူ၏။-
Psal BurCBCM 103:7  ကိုယ်တော်သည် မိမိ၏တရားလမ်းတော်တို့ကို မိုးဇက်အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို အစ္စရာအဲလ်လူမျိုး တို့အားလည်းကောင်း ဖော်ပြတော်မူ၏။-
Psal BurCBCM 103:8  ထာ၀ရဘုရားသခင်သည် သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူ၏။ ကိုယ်တော်သည် စိတ်ရှည်သည်းခံ၍ မေတ္တာတရားနှင့် ပြည့်၀သောအရှင်ဖြစ်တော်မူ၏။-
Psal BurCBCM 103:9  ကိုယ်တော်သည် အစဉ်အမြဲစွပ်စွဲပြစ်တင် တော်မူလိမ့်မည်မဟုတ်။ မိမိ၏အမျက်တော်ကိုလည်း အစဉ်ထာ၀ရ သင့်စေတော်မူလိမ့်မည်မဟုတ်။-
Psal BurCBCM 103:10  ကိုယ်တော်သည် ငါတို့ခံထိုက်သည့် အပြစ်ဒဏ်နှင့်အညီ စီရင်တော်မမူ။ ငါတို့၏အမှားများနှင့်အညီ ဒဏ်ခတ်တော်မမူပေ။-
Psal BurCBCM 103:11  အကြောင်းမူကား ကောင်းကင်တို့သည် ကမ္ဘာမြေကြီးအထက်တွင် မြင့်မားသည်နှင့်အမျှ ကိုယ်တော့်ကို ကြောက်ရွံ့သူတို့ အပေါ်၌ထားရှိသည့် ကိုယ်တော်၏ မေတ္တာတော်သည် ကြီးမားတော်မူ၏။-
Psal BurCBCM 103:12  အရှေ့အရပ်သည် အနောက်အရပ်နှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ပြစ်မှားမှုများကို အကျွန်ုပ်တို့ထံမှ ဝေးကွာစေတော်မူ၏။-
Psal BurCBCM 103:13  ဖခင်သည် မိမိ၏သားသမီးများအပေါ် သနားကရုဏာသက်သကဲ့သို့ ကိုယ်တော်သည် မိမိအား ကြောက်ရွံ့သောသူတို့အပေါ် သနားကရုဏာသက်တော်မူ၏။-
Psal BurCBCM 103:14  အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ကိုယ်ခန္ဓာတည်ဆောက်ပုံကိုသိရှိ၍ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏။
Psal BurCBCM 103:15  လူတစ်ဦးအတွက်မူကား သူ၏နေ့ရက်များသည် မြက်ပင်ကဲ့သို့ဖြစ်၍ သူသည် လယ်ကွင်းပြင်ရှိ ပန်းရိုင်းကဲ့သို့ ရှင်သန်ပွင့်လန်း၏။-
Psal BurCBCM 103:16  သို့သော် ၎င်းကို လေတိုက်သောအခါ ပန်းပွင့်သည် ကြွေပျက်သွား၍ ထိုပန်းပွင့်ကို ၎င်း၏နေရာကပင် မသိတော့ချေ။-
Psal BurCBCM 103:17  သို့ရာတွင် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ ထားရှိသော ကိုယ်တော်၏ မေတ္တာတော်မူကား အစဉ်ထာ၀ရ တည်ရှိတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းသည်လည်း၊-
Psal BurCBCM 103:18  ပဋိညာဉ်တော်ကို လိုက်နာစောင့်ထိန်း၍ ကိုယ်တော်၏ ပညတ်တော်တို့ကို နာခံရန် သတိရသော သူတို့၏ သားစဉ်မျိုးဆက်တို့နှင့်အတူ တည်ရှိတော်မူလိမ့်မည်။
Psal BurCBCM 103:19  ထာ၀ရဘုရားသခင်သည် ကောင်းကင်တွင် မိမိ၏ရာဇပလ္လင်ကိုတည်ထောင်၍ ကိုယ်တော်၏ နိုင်ငံတော်သည် အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။-
Psal BurCBCM 103:20  အသင် ကောင်းကင်တမန်တော်အပေါင်းတို့၊ နှုတ်တော်ထွက်စကား၏ အသံကိုနာခံလျက် အမိန့်တော်အတိုင်းဆောင် ရွက်ကြသော အသင်ခွန်အားကြီးသူတို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။-
Psal BurCBCM 103:21  အိုကောင်းကင်ဗိုလ် ခြေအပေါင်းတို့၊ ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်သော အမှုတော်ဆောင်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။-
Psal BurCBCM 103:22  ကိုယ်တော်ပြုလုပ်တော်မူသော အရာအပေါင်းတို့၊ ကိုယ်တော်၏အာဏာစက်အောက် နေရာတိုင်းတွင် ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။
Chapter 104
Psal BurCBCM 104:1  အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူပါ၏။ ကိုယ်တော်သည် ဘုန်းအရှိန်အဝါနှင့် ဂုဏ်ကျက်သရေတို့ကို ဆင်မြန်းထားတော်မူပါ၏။-
Psal BurCBCM 104:2  ကိုယ်တော်သည် မိမိကိုယ်ကို အလင်းရောင်ဖြင့် ဝတ်ရုံပမာလွှမ်းခြုံထားလျက် ကောင်းကင်တို့ကို ယာယီတဲပမာ ဖြန့်ထားတော်မူ၏။-
Psal BurCBCM 104:3  ကိုယ်တော်သည် ကိုယ်တော်၏အထက်ခန်းမများမှ ထုပ်တန်းများကို ရေပြင်ပေါ်တွင် တည်ထားတော်မူ၏။ ကိုယ်တော်သည် မိုးတိမ်များကို မိမိ၏မြင်းရထားသဖွယ်ပြုလုပ်၍ လေကိုအတောင်ပံများသဖွယ် စီးတော်မူ၏။-
Psal BurCBCM 104:4  ကိုယ်တော်သည် လေကိုမိမိ၏စေတမန်များ အဖြစ်သို့လည်းကောင်း၊ မီးတောက်မီးလျှံများကို မိမိ၏အစေခံတို့ကဲ့သို့ လည်းကောင်း ပြုလုပ်တော်မူ၏။
Psal BurCBCM 104:5  ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ၎င်း၏အခြေခံအုတ်မြစ်များအပေါ်တွင် တည်ဆောက်ထား၍ ၎င်းသည် မည်သည့်အခါမျှ ရွေ့ရှားတုန်ခါခြင်းမရှိပေ။-
Psal BurCBCM 104:6  ကိုယ်တော်သည် ကမ္ဘာမြေကြီးကို နက်ရှိုင်းသောရေတို့နှင့် ဝတ်ရုံပမာဖုံးလွှမ်းတော်မူ၏။ ရေတို့သည်လည်း တောင်တန်း များအထက်တွင် တည်ရှိကြ၏။-
Psal BurCBCM 104:7  သို့ရာတွင် ကိုယ်တော် ပြစ်တင်ဆုံးမတော်မူသောအခါ ရေတို့သည် ဆုတ်ခွာသွားကြ၏။ ကိုယ်တော်၏ မိုးထစ်ချုန်းသံကြောင့် ယင်းတို့သည် လျင်မြန်စွာ စီးဆင်းသွားကြပါ၏။-
Psal BurCBCM 104:8  ရေတို့သည် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းပြီး သူတို့အတွက် ကိုယ်တော်သတ်မှတ်ပေးထားသည့် နေရာဖြစ်သော ချိုင့်ဝှမ်းများအတွင်းသို့ စီးဝင်သွားကြ၏။-
Psal BurCBCM 104:9  ကိုယ်တော်သည် ရေတို့မဖြတ်ကျော်နိုင်ရန် နယ်နိမိတ်ကိုသတ်မှတ်ခဲ့၏။ သူတို့သည် ကမ္ဘာမြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှ လွှမ်းမိုးနိုင်တော့မည်မဟုတ်ချေ။
Psal BurCBCM 104:10  ကိုယ်တော်သည် ချိုင့်ဝှမ်းများ၌ စမ်းရေတို့ကို စီးထွက်စေတော်မူ၍ ၎င်းတို့သည် တောင်များကြားတွင် စီးဆင်းလေ၏။-
Psal BurCBCM 104:11  ၎င်းတို့သည် လယ်ပြင်ရှိသားရဲတိရစ္ဆာန်အပေါင်းအား သောက်စရာရေကိုပေး၍ မြည်းရိုင်းတို့သည် ရေငတ်ပြေကြရ၏။-
Psal BurCBCM 104:12  လေထဲရှိ ကျေးငှက်တို့သည် ရေများအနီးတွင် အသိုက်ပြုလုပ်ကြပြီး သစ်ကိုင်းများအလယ်တွင် သီဆိုကျူးရင့်ကြ၏။-
Psal BurCBCM 104:13  ကိုယ်တော်သည် အထက်ခန်းမများမှတောင်များကို ရေဖြင့်သွန်းလောင်းတော်မူ၍ ကမ္ဘာမြေကြီးသည်လည်း ကိုယ်တော့်လက်ရာတော်၏ အကျိုးဆက်အားဖြင့် အားရကျေနပ်လျက်ရှိ၏။
Psal BurCBCM 104:14  ကိုယ်တော်သည် တိရစ္ဆာန်များအတွက် မြက်ပင်တို့ကိုလည်းကောင်း၊ လူတို့စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်တို့ကို လည်းကောင်း ဖန်ဆင်း၍ ကမ္ဘာမြေကြီးမှ အစားအစာဖြစ်ပေါ်လာစေပြီး၊-
Psal BurCBCM 104:15  လူ၏စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေမည့် စပျစ်ရည်ကိုလည်းကောင်း၊ လူ၏မျက်နှာကို တောက်ပစေသည့် ဆီကိုလည်းကောင်း၊ လူ၏နှလုံးကိုခွန်အားဖြစ်စေသည့် အစားအစာကိုလည်းကောင်း ဖြစ်ထွန်းစေတော်မူ၏။-
Psal BurCBCM 104:16  ထာ၀ရဘုရားသခင်၏သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည့် လေဘနွန်မှ ထင်ရှူးမွှေးပင်များသည် ရေ၀စွာ သောက်ကြရ၏။-
Psal BurCBCM 104:17  ထိုအပင်တို့တွင် ကျေးငှက်တို့သည် အသိုက်များပြုလုပ်ကြ၍ ငှက်ကျားသည်လည်း ၎င်း၏အသိုက်ရှိလေ၏။-
Psal BurCBCM 104:18  မြင့်သောတောင်တန်းများကို တောဆိတ်တို့က ပိုင်ဆိုင်ကြ၏။ မတ်စောက်သော ကျောက်ဆောင်တို့မှာလည်း ယုန်တို့အတွက် ခိုလှုံရာဖြစ်ကြ၏။-
Psal BurCBCM 104:19  ကိုယ်တော်သည် ကာလရာသီတို့ကို သတ်မှတ်ပေးရန် လကိုဖန်ဆင်း၍ နေသည်လည်း မည်သည့်အချိန်တွင် ဝင်ရမည်ကိုသိလေ၏။-
Psal BurCBCM 104:20  ကိုယ်တော်သည် မှောင်မိုက်ခြင်းကို ယူဆောင်လာသောအခါ ညဖြစ်ပေါ်လာ၍ တောထဲမှ သားရဲတိရစ္ဆာန်အပေါင်းတို့ သည်လည်း ထိုအချိန်တွင် လှည့်လှည်သွားလာကြလေ၏။-
Psal BurCBCM 104:21  ခြင်္သေ့ပျိုတို့သည် မိမိတို့၏ သားကောင်အတွက် ဟိန်းဟောက်ကြလျက် ဘုရားသခင်ထံမှ မိမိတို့၏ အစားအစာကို တောင်းခံကြ၏။-
Psal BurCBCM 104:22  နေထွက်လာသောအခါ သူတို့သည် ဆုတ်ခွာသွားကြ၍ မိမိတို့၏တွင်းများသို့ ပြန်ကာလဲလျောင်းကြလေ၏။-
Psal BurCBCM 104:23  ထိုအခါ လူသည် မိမိ၏လုပ်ငန်းခွင်သို့ထွက်သွား၍ ညနေခင်းတိုင်အောင် လုပ်ဆောင်လေ၏။
Psal BurCBCM 104:24  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လက်ရာတော်တို့သည် များပြားလှပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ဉာဏ်ပညာတော်အားဖြင့် ဖန်ဆင်းထားတော်မူပါ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းထားသော သတ္တဝါများဖြင့် ပြည့်နှက်လျက်ရှိ၏။-
Psal BurCBCM 104:25  မရေမတွက်နိုင်အောင်များပြားသည့် သက်ရှိသတ္တဝါကြီးငယ်တို့ဖြင့် ပြည့်နှက်နေသော ကြီးမားကျယ်ဝန်းသည့် ပင်လယ်ပြင်ရှိပါ၏။-
Psal BurCBCM 104:26  ထိုနေရာ၌ သင်္ဘောများဖြတ်သန်းသွားလာကြပြီး ရေတွင်ခုန်ပေါက်မြူးထူးရန် ကိုယ်တော်ဖန်ဆင်းထားသည့် လေဗိယသန်ခေါ် ငါးကြီးများလည်း ရှိလေ၏။
Psal BurCBCM 104:27  ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ ကိုယ်တော့်ကို မျှော်ကြည့်ကြပါ၏။-
Psal BurCBCM 104:28  ကိုယ်တော်သည် သူတို့အား အစာကိုပေးတော်မူသောအခါ သူတို့သည် စုသိမ်းကြပါ၏။ ကိုယ်တော်သည် လက်တော်ကို ဖွင့်တော်မူသောအခါ သူတို့သည် ကောင်းသောအရာတို့ဖြင့် ပြည့်၀ကြပါ၏။-
Psal BurCBCM 104:29  ကိုယ်တော်သည် မျက်နှာတော်ကို လွှဲဖယ်တော်မူသောအခါ သူတို့သည် ကြောက်ရွံ့ကြပါ၏။ သူတို့၏အသက်ကို ကိုယ်တော်ရုပ်သိမ်းတော်မူသောအခါ သူတို့သည် သေကြ၍ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြပါ၏။-
Psal BurCBCM 104:30  ကိုယ်တော်သည် ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံကြရပါ၏။ ကိုယ်တော်သည် မြေမျက်နှာပြင်ကို အသစ်ပြုပြင်တော်မူ၏။
Psal BurCBCM 104:31  ထာ၀ရဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်သည် ကာလအစဉ်အဆက်တည်မြဲပါစေ။ ထာ၀ရဘုရားသခင်သည် မိမိ၏လက်ရာတော်များကြောင့် ရွှင်လန်းဝမ်းမြောက်တော်မူပါစေ။-
Psal BurCBCM 104:32  ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ကြည့်တော်မူသောအခါ ယင်းသည် တုန်လှုပ်ပါ၏။ တောင်တန်းများကို တို့ထိတော်မူသောအခါ ယင်းတို့သည် မီးခိုးထွက်ကြပါ၏။-
Psal BurCBCM 104:33  ငါအသက်ရှင်သရွေ့ ထာ၀ရဘုရားသခင်ကို သီဆိုကျူးအေးမည်။ ငါလူဖြစ်စဉ်အခိုက် ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။-
Psal BurCBCM 104:34  ငါ၏ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကိုယ်တော့်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေ။ အကြောင်းမူကား ငါသည် ထာ၀ရ ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ပါ၏။-
Psal BurCBCM 104:35  အပြစ်ကျူးလွန်သူတို့သည် ကမ္ဘာမြေကြီးမှ ပျောက်ကွယ်သွားကြပါစေ။ ဆိုးယုတ်သူတို့သည်လည်း ဆက်လက်၍ မတည်ရှိကြပါစေနှင့်။ အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။
Chapter 105
Psal BurCBCM 105:1  ထာ၀ရဘုရားသခင်အား ကျေးဇူးဆပ်တင်၍ နာမတော်ကို ခေါ်တကြလော့။ ကိုယ်တော်ပြုလုပ်တော်မူခဲ့သော အမှုတော် တို့ကို လူမျိုးတကာတို့အလယ်တွင် ထင်ရှားစေကြလော့။-
Psal BurCBCM 105:2  ကိုယ်တော့်ထံသို့ သီဆိုကျူးအေးကြလော့။ ကိုယ်တော့်ထံသို့ ချီးမွမ်းဧကျူးကြလော့။ ကိုယ်တော်၏ အံ့ဖွယ်သောအမှုတော် အပေါင်းတို့ကို ပြောကြားကြလော့။-
Psal BurCBCM 105:3  ကိုယ်တော်၏ သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူကြလော့။ ထာ၀ရဘုရားသခင်ကို ရှာသောသူတို့၏ စိတ်နှလုံးများသည် ရွှင်လန်းကြပါစေ။-
Psal BurCBCM 105:4  ထာ၀ရဘုရားသခင်နှင့် ကိုယ်တော်၏ ခွန်အားတန်ခိုးတော်ကို မျှော်ကိုးကြလော့။ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။-
Psal BurCBCM 105:5  ကိုယ်တော်ပြုလုပ်တော်မူခဲ့သော အံ့ဖွယ်ရာတို့ကိုလည်းကောင်း၊ ကိုယ်တော်၏ တန်ခိုးလက္ခဏာများနှင့် ကိုယ်တော်ချမှတ် တော်မူသော တရားစီရင်ချက်များကိုလည်းကောင်း အောက်မေ့သတိရကြလော့။-
Psal BurCBCM 105:6  ကိုယ်တော်၏အစေခံ အာဘရာဟံ၏ သားစဉ်မျိုးဆက်တို့၊ ကိုယ်တော်ရွေးချယ်တော်မူခဲ့သော ယာကုပ်၏သားများတို့၊ ထိုအရာများကို အောက်မေ့သတိရကြလော့။
Psal BurCBCM 105:7  ကိုယ်တော်သည် ငါတို့၏အရှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၍ ကိုယ်တော်၏ တရားစီရင်ချက်တို့သည် ကမ္ဘာတစ်ဝန်းတွင် တည်၏။-
Psal BurCBCM 105:8  ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၍ ကိုယ်တော်မိန့်တော်မူခဲ့သည့် စကားကို လူမျိုးဆက်တစ်ထောင်တိုင်အောင် သတိရတော်မူ၏။-
Psal BurCBCM 105:9  ကိုယ်တော်သည် အာဘရာဟံနှင့်ပြုခဲ့သော ပဋိညာဉ်တော်ကိုလည်းကောင်း၊ အီဇတ်အား ကျိန်ဆိုတော်မူခဲ့သော ကတိတော် ကိုလည်းကောင်း တည်စေတော်မူ၏။-
Psal BurCBCM 105:10  ကိုယ်တော်သည် ထိုကတိတော်ကို ယာကုပ်အတွက် ပညတ်တရားအဖြစ် အခိုင်အမာပြုလုပ်ခဲ့ပြီး အစ္စရာအဲလ် လူမျိုးအတွက် ထာ၀စဉ်တည်မည့် ပဋိညာဉ်ဖြစ်စေရန် မိန့်တော်မူသည်ကား၊-
Psal BurCBCM 105:11  ငါသည် သင့်အား ကာနန်ပြည်ကို သင်အမွေခံရမည့် ဝေစုအဖြစ် ပေးတော်မူမည်ဟူ၍ဖြစ်လေ၏။
Psal BurCBCM 105:12  သူတို့သည် အရေအတွက်အားဖြင့် အလွန်နည်းလှပြီး ထိုနိုင်ငံ၌ သူစိမ်းဧည့်သည်များ ဖြစ်နေချိန်တွင်၊-
Psal BurCBCM 105:13  တိုင်းပြည်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ နိုင်ငံတစ်ခုမှ အခြားတစ်ခုသို့လည်းကောင်း လှည့်လည်သွားလာခဲ့ကြရ၏။-
Psal BurCBCM 105:14  သူတို့ကို ဖိနှိပ်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ အခွင့်ပြုတော်မမူခဲ့ပေ။ သူတို့အတွက်ကြောင့် ကိုယ်တော်သည် ဘုရင်များကို ဆုံးမပြစ်တင်၍ မိန့်တော်မူသည်ကား၊-
Psal BurCBCM 105:15  ငါဘိသိက်ပေးထားသော သူများကို မထိကြနှင့်။ ငါ၏ပရောဖက်များကို အန္တရာယ်မပြုကြနှင့် ဟူ၍ဖြစ်သတည်း။
Psal BurCBCM 105:16  ကိုယ်တော်သည် သူတို့၏ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်စေပြီး စားနပ်ရိက္ခာများကို ဖြတ်တောက်လေ၏။-
Psal BurCBCM 105:17  ထိုအခါ ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရသော ဂျိုးဇက်ကို သူတို့ရှေ့မှ ကြိုတင်၍ စေလွှတ်တော်မူခဲ့၏။-
Psal BurCBCM 105:18  ဂျိုးဇက်၏ခြေတို့သည် သံခြေချင်းအခတ်ခံရ၍ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်အတပ်ခံခဲ့ရသည်မှာ၊-
Psal BurCBCM 105:19  သူကြိုတင်ဟောထားသည့်အရာများ ဖြစ်ပျက်လာသည့်တိုင်အောင်ပင်တည်း။ ထို့ကြောင့် ထာ၀ရဘုရားသခင်၏ ဗျာဒိတ်တော်သည် သူ့အားဖြင့် မှန်ကန်ကြောင်း သက်သေပြခဲ့၏။-
Psal BurCBCM 105:20  ဘုရင်သည်လည်း သူ့ကို အကျဉ်းခံရာမှ လွှတ်လေ၏။ လူတို့ကို အစိုးရသောအရှင်သည် သူ့ကို လွတ်မြောက်စေခဲ့၏။-
Psal BurCBCM 105:21  ဘုရင်သည် သူ့ကို မိမိ၏အိမ်တော်တွင် အုပ်ချုပ်ကွပ်ကဲသူဖြစ်စေပြီး မိမိပိုင်ဆိုင်သမျှကို စီမံခန့်ခွဲသူအဖြစ် ခန့်ထားခဲ့၏။-
Psal BurCBCM 105:22  သူသည် မင်းညီမင်းသားတို့ကို မိမိနှစ်သက်သကဲ့သို့ သွန်သင်ရန်နှင့် သက်ကြီးဝါကြီးတို့အား ဉာဏ်ပညာကို သင်ကြား ပေးရန် စေခိုင်းခြင်းခံခဲ့ရ၏။
Psal BurCBCM 105:23  ဤသို့ဖြင့် အစ္စရာအဲလ်လူတို့သည် အီဂျစ်ပြည်သို့ ရောက်လာခဲ့ပြီး ယာကုပ်သည် ဟမ်၏တိုင်းပြည်တွင် ဧည့်သည်အဖြစ် နေထိုင်ခဲ့လေ၏။-
Psal BurCBCM 105:24  ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား တိုးပွားများပြားစေ၍ သူတို့၏ရန်သူများထက် ပို၍အင်အားကြီးမား စေတော်မူ၏။-
Psal BurCBCM 105:25  ကိုယ်တော်သည် ရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို မုန်းတီး၍ ကိုယ်တော်၏အစေခံတို့ကို ကောက်ကျစ်စွာ ဆက်ဆံကြ၏။
Psal BurCBCM 105:26  ကိုယ်တော်သည် မိမိရွေးကောက်တော်မူသော မိမိ၏အစေခံမိုးဇက်နှင့် အာရွန်တို့ကို စေလွှတ်တော်မူခဲ့၏။-
Psal BurCBCM 105:27  သူတို့သည် ကိုယ်တော်၏ နိမိတ်လက္ခဏာများကို ထိုသူတို့အလယ်တွင်ပြကြ၍ ဟမ်၏တိုင်းပြည်၌ ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးများကို ဖြစ်ပေါ်စေကြ၏။-
Psal BurCBCM 105:28  ကိုယ်တော်သည် အမှောင်ထုကို စေလွှတ်၍ မြေပြင်ကို မှောင်အတိဖြစ်စေတော်မူခဲ့၏။ သို့ရာတွင် သူတို့သည် ကိုယ်တော်၏ အမိန့်တော်ကို ဖီဆန်ခဲ့ကြပါ၏။-
Psal BurCBCM 105:29  ကိုယ်တော်သည် သူတို့၏ရေများကို သွေးအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြင့် သူတို့၏ငါးများကို သေကြေပျက်စီး စေတော်မူခဲ့၏။-
Psal BurCBCM 105:30  သူတို့၏တိုင်းပြည်ကို ဖားများဖြင့် ပြည့်နှက်စေခဲ့ပြီး သူတို့ဘုရင်များ၏ အခန်းများထဲသို့ပင် ဝင်ရောက်စေခဲ့၏။-
Psal BurCBCM 105:31  ကိုယ်တော်အမိန့်တော်ရှိသောအခါ ယင်ရိုင်းအုပ်ကြီးများနှင့်ခြင်တို့သည် သူတို့၏တိုင်းပြည်တစ်ဝန်းလုံးကို ဖုံးလွှမ်းခဲ့ကြ၏။-
Psal BurCBCM 105:32  ကိုယ်တော်သည် ရေအစား မိုးသီးကိုပေးတော်မူပြီး နိုင်ငံတစ်ဝန်းလုံး လျှပ်စီးလျှပ်နွယ်များဖြင့် ဝင်းလက်စေတော်မူခဲ့၏။-
Psal BurCBCM 105:33  ကိုယ်တော်သည် သူတို့၏စပျစ်ပင်များနှင့် သဖန်းပင်များကို ပြိုလဲစေတော်မူခဲ့ပြီး သူတို့၏တိုင်းပြည်ရှိ သစ်ပင်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေတော်မူခဲ့၏။-
Psal BurCBCM 105:34  ကိုယ်တော်မိန့်တော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်များနှင့် နှံကောင်များရောက်လာကြ၍၊-
Psal BurCBCM 105:35  သူတို့၏တိုင်းပြည်ရှိ ဟင်းသီးဟင်းရွက်ပင်များကို ကိုက်ဖြတ်စားသောက်ကြပြီး သူတို့၏မြေပေါ်မှ အသီးအပွင့်တို့ကို ဝါးမျိုကြပါ၏။-
Psal BurCBCM 105:36  ကိုယ်တော်သည် သူတို့၏အင်အားအလုံးစုံ၏ အထွတ်အထိပ်ဖြစ်သော သူတို့၏သားဦးများကို သုတ်သင်တော်မူ၏။
Psal BurCBCM 105:37  ထို့နောက် ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို ရွှေ၊ ငွေတို့နှင့်တကွ ခေါ်ဆောင်တော်မူခဲ့ရာ ကိုယ်တော်၏ လူမျိုးတော်အလယ်တွင် နှောင့်နှေးတွန့်ဆုတ်သောသူ တစ်ယောက်မျှမရှိခဲ့ချေ။-
Psal BurCBCM 105:38  အီဂျစ်ပြည်သည်လည်း သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြ၏။ အကြောင်းမူကား သူတို့ကို ကြောက်ရွံ့သောစိတ်သည် အီဂျစ်ပြည်ကို လွှမ်းမိုးခဲ့သောကြောင့်ဖြစ်၏။-
Psal BurCBCM 105:39  ကိုယ်တော်သည် သူတို့အပေါ်၌ မိုးတိမ်ကိုဖြန့်၍ ကာကွယ်ပေးပြီး ညအချိန်တွင် အလင်းကိုရစေရန် မီးကိုပေးတော်မူ၏။-
Psal BurCBCM 105:40  သူတို့တောင်းခံကြသောအခါ ကိုယ်တော်သည် ငုံးများကိုယူဆောင်ခဲ့ပြီး ကောင်းကင်မှမုန့်ကို လုံလောက်စွာ ပေးသနားတော်မူခဲ့၏။-
Psal BurCBCM 105:41  ကိုယ်တော်သည် ကျောက်ဆောင်ကို ပွင့်စေတော်မူသဖြင့် ရေသည်ထွက်လာပြီးလျှင် ခြောက်သွေ့သောသဲကန္တာရ၌ မြစ်သဖွယ် စီးဆင်းလေ၏။-
Psal BurCBCM 105:42  အကြောင်းမူကား ကိုယ်တော်သည် မိမိ၏အစေခံ အာဘရာဟံအား ပေးတော်မူခဲ့သည့် ကိုယ်တော်၏ သန့်ရှင်းသော ကတိတော်ကို သတိရတော်မူသောကြောင့်တည်း။
Psal BurCBCM 105:43  ဤသို့ဖြင့် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့်လည်းကောင်း၊ မိမိရွေးကောက် တော်မူသော သူတို့ကို သီဆိုကျူးအေးခြင်းဖြင့်လည်းကောင်း ခေါ်ဆောင်တော်မူခဲ့၏။-
Psal BurCBCM 105:44  ကိုယ်တော်သည် သူတို့အား လူမျိုးတကာတို့၏ တိုင်းပြည်များကို ပေးတော်မူ၍ သူတို့သည်လည်း အခြားလူမျိုးတို့ကြိုးစား လုပ်ဆောင်ခဲ့သော အရာတို့၏ အသီးအပွင့်များကို ရယူပိုင်ဆိုင်ခဲ့ကြ၏။-
Psal BurCBCM 105:45  ဤနည်းဖြင့် သူတို့သည် ကိုယ်တော်၏ကျင့်ဝတ်များနှင့် ပညတ်တရားတို့ကို စောင့်ထိန်းလိုက်နာကြစေရန်ဖြစ်၏။ ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 106
Psal BurCBCM 106:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြလော့။ ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာတော်သည် အစဉ်အမြဲတည်တော်မူ၏။-
Psal BurCBCM 106:2  ထာ၀ရဘုရားသခင်၏ ကြီးမြတ်သောအမှုတော်တို့ကို မည်သူပြောဆိုနိုင်ပါမည်နည်း။ ကိုယ်တော်၏ ဂုဏ်တော်ကို စုံလင်စွာ မည်သူထုတ်ဖော်ဝန်ခံနိုင်မည်နည်း။-
Psal BurCBCM 106:3  တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်၍ ဖြောင့်မှန်ရာကို လိုက်ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
Psal BurCBCM 106:4  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လူမျိုးတော်ကို ကရုဏာမေတ္တာပြသသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ။ သူတို့အား ကယ်တင်တော်မူသောအခါတွင် အကျွန်ုပ်ကို ကူညီမစတော်မူပါ။-
Psal BurCBCM 106:5  ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်တော်မူသောသူတို့၏ ကြီးပွားတိုးတက်ခြင်းကို မြင်နိုင်ပါလိမ့်မည်။ ကိုယ်တော့်လူမျိုး၏ ပျော်ရွှင်ဝမ်းမြောက်ခြင်း၌ အကျွန်ုပ်လည်း ပါဝင်ဝမ်းမြောက်နိုင်ပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ အမွေအနှစ်ကို ခံစားခြင်း၌ ဂုဏ်ယူနိုင်ပါလိမ့်မည်။
Psal BurCBCM 106:6  အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ ဘိုးဘေးတို့သည် အပြစ်ကျူးလွန်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားကျူးလွန်ခဲ့ကြပြီး ဆိုးယုတ်စွာပြုကျင့်ခဲ့ကြပါပြီ။-
Psal BurCBCM 106:7  အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိခဲ့စဉ်က ကိုယ်တော်၏ အံ့ဖွယ်ရာအမှုတော်တို့ကို ထောက်ရှုဆင်ခြင်ခြင်း မပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြွယ်၀သော မေတ္တာတော်များကိုမေ့လျော့ကြပြီး ပင်လယ်နီအနီးတွင် အမြင့်ဆုံးသော ဘုရားသခင်ကို ပုန်ကန်ခဲ့ကြပါ၏။-
Psal BurCBCM 106:8  သို့ဖြစ်သော်လည်း ကိုယ်တော်သည် မိမိ၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်ကို ထင်ရှားစေရန် နာမတော်ကို ထောက်၍ သူတို့ကို ကယ်တင်တော်မူခဲ့၏။-
Psal BurCBCM 106:9  ကိုယ်တော်သည် ပင်လယ်နီကို ကြိမ်းမောင်းတော်မူ၍ ရေသည်ခန်းခြောက်သွားပါ၏။ သဲကန္တာရကို ဖြတ်ကျော်သကဲ့သို့ ခန်းခြောက်သောပင်လယ်ကို ဖြတ်ကျော်ရန် ကိုယ်တော်သည် သူတို့ကို ဦးဆောင်တော်မူခဲ့၏။-
Psal BurCBCM 106:10  ကိုယ်တော်သည် ရန်မူလိုသောသူတို့၏လက်ထဲမှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူတို့၏လက်မှ လွတ်မြောက်စေ တော်မူ၏။-
Psal BurCBCM 106:11  ရေတို့သည် သူတို့၏ရန်သူများကို ဖုံးလွှမ်းသဖြင့် ရန်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်တော့ပေ။-
Psal BurCBCM 106:12  ထိုအခါ သူတို့သည် ကိုယ်တော်၏ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော့်ကို သီဆိုချီးမွမ်းကြ၏။
Psal BurCBCM 106:13  သို့သော် သူတို့သည် ကိုယ်တော်ပြုလုပ်တော်မူသော အမှုတော်များကို မကြာမီတွင်ပင် မေ့လျော့ကြပြီး ကိုယ်တော်၏ လမ်းညွန်ချက်များကို မစောင့်ဆိုင်းခဲ့ကြပေ။-
Psal BurCBCM 106:14  သူတို့သည် တောအရပ်၌ရှိစဉ် မိမိတို့၏စိတ်အလိုကိုလိုက်၍ သဲကန္တာရ၌ ဘုရားသခင်ကို စုံစမ်းခဲ့ကြ၏။-
Psal BurCBCM 106:15  ကိုယ်တော်သည် သူတို့တောင်းဆိုသောအရာကို ပေးသနားတော်မူခဲ့သော်လည်း သူတို့အား အမျိုးပြုတ်စေနိုင်သော ရောဂါဆိုးကို စွဲကပ်စေတော်မူ၏။
Psal BurCBCM 106:16  တဲစခန်းအတွင်း၌ လူတို့သည် မိုးဇက်နှင့် ဘုရားသခင်၏သန့်ရှင်းသောသူဖြစ်သည့် အာရွန်တို့အပေါ် မနာလိုဖြစ်ကြ၏။-
Psal BurCBCM 106:17  ထိုအခါ မြေကြီးသည် ကွဲအက်ပြီးလျှင် ဒါသန်ကိုဝါးမျို၍ အာဘီရမ်နှင့် အပေါင်းပါတို့အပေါ် ဖုံးလွှမ်းခဲ့၏။-
Psal BurCBCM 106:18  သူတို့၏နောက်လိုက်နောက်ပါများတွင်လည်း မီးလောင်ခဲ့ပြီး မီးတောက်သည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်း ခဲ့လေ၏။
Psal BurCBCM 106:19  သူတို့သည် ဟောရက်အရပ်တွင် နွားသူငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။-
Psal BurCBCM 106:20  သူတို့သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နေရာတွင် မြက်စားသောနွား၏ရုပ်တုကို အစားထိုးလဲလှယ်ခဲ့ကြ၏။-
Psal BurCBCM 106:21  သူတို့သည် အီဂျစ်ပြည်တွင် အံ့ဖွယ်ကောင်းသောအမှုတို့ကို ပြုလုပ်တော်မူခဲ့သော သူတို့၏ကယ်တင်ရှင် ဘုရားသခင်ကို မေ့လျော့ခဲ့ကြ၏။-
Psal BurCBCM 106:22  သူတို့သည် ဟမ်ပြည်တွင် ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုတို့နှင့် ပင်လယ်နီတွင် ပြုလုပ်တော်မူသော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တို့ကိုလည်း မေ့လျော့ခဲ့ကြ၏။-
Psal BurCBCM 106:23  ကိုယ်တော်ရွေးကောက်တော်မူသော မိုးဇက်သည် ကိုယ်တော်၏ ရှေ့တော်တွင်ရပ်လျက် သူတို့အား ဖျက်ဆီးသုတ်သင်မည့် ကိုယ်တော်၏ အမျက်တော်ကို မဆီးတားခဲ့ပါလျှင် ကိုယ်တော်သည် သူတို့ကို ဖျက်ဆီးသုတ်သင်ရန် အမိန့်တော်ချမှတ်ခဲ့ ပေလိမ့်မည်။
Psal BurCBCM 106:24  ထို့နောက် သူတို့သည် နှစ်သက်ဖွယ်ကောင်းသောပြည်ကို အထင်အမြင်သေး၍ ကိုယ်တော်၏ကတိတော်ကို မယုံကြည်ခဲ့ကြချေ။-
Psal BurCBCM 106:25  သူတို့သည် မိမိတို့၏တဲများအတွင်း၌ ပြစ်တင်ညည်းတွားကြပြီး ထာ၀ရဘုရားသခင်၏အသံကိုလည်း မနာခံခဲ့ကြချေ။-
Psal BurCBCM 106:26  ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို တောကန္တာရထဲတွင် သေစေခြင်းငှာလည်းကောင်း၊-
Psal BurCBCM 106:27  သူတို့၏သားမြေးများကို တစ်ပါးအမျိုးသားတို့လက်တွင် ကျရောက်စေ၍ တိုင်းပြည်အနှံ့အပြားသို့ တကွဲတပြားစီ ဖြစ်စေခြင်းငှာလည်းကောင်း မိမိ၏လက်တော်ကိုမြှောက်၍ ကျိန်ဆိုတော်မူ၏။
Psal BurCBCM 106:28  ထို့နောက် သူတို့သည် ပေအော်အရပ်ရှိ ဘားလ်ဘုရားကို ရှိခိုးဝတ်ပြုကြ၍ သေသူတို့၏ရှေ့တွင် ပူဇော်ထားသော ယဇ်ကောင်များကိုစားကြ၏။-
Psal BurCBCM 106:29  ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် ထာ၀ရဘုရားသခင်ကို အမျက်တော်ထွက်စေပြီး သူတို့အလယ်တွင် ကပ်ရောဂါ ကျရောက်စေလေ၏။-
Psal BurCBCM 106:30  ထိုအခါ ဖိနေဟသည်ထ၍ အသနားခံတောင်းလျှောက်သောကြောင့် ကပ်ရောဂါသည် ငြိမ်းလေ၏။-
Psal BurCBCM 106:31  ထိုအမှုကြောင့် သူသည် လူမျိုးအစဉ်အဆက်၌ ဖြောင့်မတ်ခြင်း၏ စံနမူနာဖြစ်လေ၏။
Psal BurCBCM 106:32  သူတို့သည် မေရိဘစမ်းချောင်းအနီးတွင် ထာ၀ရဘုရားသခင်ကို အမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့် မိုးဇက်သည် ဒုက္ခရောက်ရလေ၏။-
Psal BurCBCM 106:33  အကြောင်းမူကား သူတို့သည် မိုးဇက်၏စိတ်ကို နာကြည်းခါးသီးစေသောကြောင့် မိုးဇက်သည် အဆင်ခြင်မဲ့သော စကားများကို ပြောဆိုခဲ့မိ၏။
Psal BurCBCM 106:34  သူတို့သည် ထာ၀ရဘုရားသခင် မိန့်တော်မူသည် ကိုလျစ်လျူရှုပြီး တစ်ပါးအမျိုးသားတို့အား ဖျက်ဆီးသုတ်သင်ခြင်း မပြုကြရုံသာမက၊-
Psal BurCBCM 106:35  တိုင်းတစ်ပါးသားတို့နှင့် ရောနှောဆက်ဆံကြ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို အတုယူကျင့်ကြံကြ၏။-
Psal BurCBCM 106:36  သူတို့သည် တိုင်းတစ်ပါးသားတို့၏ ရုပ်တုများကို ရှိခိုးဝတ်ပြုခဲ့ကြခြင်းဖြင့် ထိုသူတို့၏ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ကြ၏။-
Psal BurCBCM 106:37  သူတို့သည် မိမိတို့၏သားသမီးများကို နတ်ဆိုးများထံသို့ ယဇ်ပူဇော်ကြ၏။-
Psal BurCBCM 106:38  သူတို့သည် အပြစ်မဲ့သောသွေးဖြစ်သည့် မိမိတို့သားသမီးများ၏သွေးကို ကာနန်ရုပ်တုများရှေ့တွင် သွန်းလောင်း ပူဇော်ကြသောကြောင့် ထိုတိုင်းပြည်ကို သွေးဖြင့်ညစ်ညူးစေခဲ့ကြ၏။-
Psal BurCBCM 106:39  သူတို့သည် မိမိတို့၏အပြုအမူများဖြင့် မိမိတို့ကိုယ်ကို ညစ်ညူးစေခဲ့ကြ၏။ သူတို့သည် မိမိတို့၏အပြုအမူများအားဖြင့် ပြည့်တန်ဆာကဲ့သို့ ပြုမူခဲ့ကြ၏။
Psal BurCBCM 106:40  ထိုအခါ ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အပေါ် အမျက်ထွက်ပြီး မိမိ၏အမွေစားအမွေခံတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။-
Psal BurCBCM 106:41  ကိုယ်တော်သည် သူတို့ကို တစ်ပါးအမျိုးသားတို့၏ လက်သို့အပ်တော်မူသဖြင့် သူတို့ကိုမုန်းတီးသောရန်သူတို့သည် သူတို့အပေါ် စိုးမိုးအုပ်ချုပ်ကြ၏။-
Psal BurCBCM 106:42  သူတို့၏ရန်သူများသည် သူတို့ကို ဖိစီးနှိပ်စက်ကြသဖြင့် သူတို့သည် ရန်သူတို့၏လက်အောက်၌ ဩဇာခံများ ဖြစ်လာခဲ့ကြ၏။-
Psal BurCBCM 106:43  ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား ကြိမ်ဖန်များစွာ ကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော့်ကို ပုန်ကန်ရန် အမြဲကြံရွယ်ကြသဖြင့် မိမိတို့၏အပြစ်ထဲတွင် နစ်မွန်းခဲ့ကြ၏။-
Psal BurCBCM 106:44  သို့သော်လည်း ကိုယ်တော်သည် သူတို့၏အော်ဟစ်ငိုကြွေးသံကို ကြားသောအခါ သူတို့၏ဆင်းရဲဒုက္ခကို သတိပြုမိ တော်မူ၏။-
Psal BurCBCM 106:45  ကိုယ်တော်သည် သူတို့၏အကျိုးကိုထောက်၍ မိမိ၏ပဋိညာဉ်တော်ကို သတိရတော်မူပြီးလျှင် ကြီးမားလှသော ကရုဏာမေတ္တာတော်ကြောင့် အမျက်တော်ပြေခဲ့လေ၏။-
Psal BurCBCM 106:46  ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဖမ်းဆီးအကျဉ်းချထားသော သူတို့၏စိတ်တွင် သနားကြင်နာခြင်းကို ဖြစ်ပေါ်စေ တော်မူခဲ့၏။
Psal BurCBCM 106:47  အကျွန်ုပ်တို့၏ဘုရားဖြစ်သော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ကျေးဇူးတင်ဆပ်နိုင်ရန်သော်လည်းကောင်း၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုခြင်းဖြင့် ဂုဏ်ပြုနိုင်ရန်သော်လည်းကောင်း လူမျိုးတကာတို့အလယ်မှ အကျွန်ုပ်တို့ကို ခေါ်ယူစုရုံးတော်မူပါ။
Psal BurCBCM 106:48  အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ချီးမွမ်းထောမနာ ရှိပါစေသော်။ လူမျိုးအပေါင်းတို့သည် အာမင်ဟု ဆိုကြပါစေသော်။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထော မနာပြုကြလော့။
Chapter 107
Psal BurCBCM 107:1  ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်တည်တော်မူ၏။-
Psal BurCBCM 107:2  ရန်သူတို့၏လက်မှ ထာ၀ရဘုရားသခင်ကယ်တင်တော်မူခဲ့၍၊-
Psal BurCBCM 107:3  အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်များရှိ တိုင်းပြည်တို့မှ ကိုယ်တော်ခေါ်ယူစုရုံးခဲ့သောသူတို့သည် ဤကဲ့သို့ဆို ကြပါစေ။
Psal BurCBCM 107:4  အချို့သောသူတို့သည် လူသူကင်းမဲ့သောသဲကန္တာရ၌ လှည့်လည်သွားလာကြပြီး မိမိတို့အခြေချနေထိုင်မည့်မြို့သို့ သွားရာလမ်းကို ရှာမတွေ့ကြချေ။-
Psal BurCBCM 107:5  သူတို့သည် အစာရေစာငတ်မွတ်လျက် စိတ်ပျက်အားလျော့ကြလေ၏။-
Psal BurCBCM 107:6  ထိုအခါ သူတို့သည် ဒုက္ခရောက်ကြသဖြင့် ထာ၀ရဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် သူတို့ကို ဒုက္ခဆင်းရဲခြင်းမှ ကယ်တင်တော်မူ၏။-
Psal BurCBCM 107:7  ကိုယ်တော်သည် သူတို့အခြေချနေထိုင်မည့်မြို့သို့ ရောက်သည့်တိုင်အောင် သူတို့ကို ဖြောင့်မတ်သောလမ်းဖြင့် ဦးဆောင်တော်မူ၏။-
Psal BurCBCM 107:8  ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
Psal BurCBCM 107:9  အကြောင်းမူကား ကိုယ်တော်သည် ရေငတ်သောသူကို အားရကျေနပ်စေ၍ ဆာလောင်မွတ်သိပ်သူတို့အား ကောင်းသောအရာဖြင့် ပြည့်၀စေတော်မူ၏။
Psal BurCBCM 107:10  အချို့တို့သည် အကျဉ်းသားများအဖြစ်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက် မှောင်မိုက်တွင် အလွန်ညှိုးငယ်စွာ ဒုက္ခခံစားခဲ့ကြရ၏။-
Psal BurCBCM 107:11  အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ အမိန့်တော်များကို ဖီဆန်ခဲ့ကြပြီး အမြင့်ဆုံးသော အရှင်သခင်၏ လမ်းညွန်ချက်ကို ပစ်ပယ်ခဲ့ကြသောကြောင့်ဖြစ်၏။-
Psal BurCBCM 107:12  သို့ဖြစ်၍ ကိုယ်တော်သည် ဆင်းရဲပင်ပန်းသော အလုပ်အကိုင်တို့ဖြင့် သူတို့၏စိတ်ကို ချိုးနှိမ်တော်မူခဲ့၏။ သူတို့လဲကျသောအခါ ကူညီထူမမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။-
Psal BurCBCM 107:13  ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးကြရာ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့၏။-
Psal BurCBCM 107:14  ကိုယ်တော်သည် သူတို့ကို မှောင်မိုက်ခြင်းနှင့် ညှိုးငယ်ခြင်းမှ ခေါ်ထုတ်ခဲ့ပြီး သူတို့အား ချည်နှောင်ထားသည့်သံကြိုးများကို အပိုင်းပိုင်းပြတ် စေတော်မူခဲ့၏။-
Psal BurCBCM 107:15  သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
Psal BurCBCM 107:16  အကြောင်းမူကား ကိုယ်တော်သည် ကြေးဝါတံခါးများကိုချိုးဖျက်၍ သံတိုင်များကို ပိုင်းဖြတ်တော်မူခဲ့၏။
Psal BurCBCM 107:17  အချို့သောသူတို့သည် မိမိတို့၏ အပြစ်လမ်းစဉ်များအားဖြင့် ရူးမိုက်ခဲ့ကြပြီး မိမိတို့၏ အပြစ်ဒုစရိုက်များကြောင့် ဆင်းရဲဒုက္ခခံကြရ၏။-
Psal BurCBCM 107:18  သူတို့သည် စားစရာမှန်သမျှကို စက်ဆုပ်ရွံရှာခဲ့ကြ၍ သေမင်း၏တံခါး၀အနီးသို့ ရောက်ခဲ့ကြ၏။-
Psal BurCBCM 107:19  ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးကြရာ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့၏။-
Psal BurCBCM 107:20  ကိုယ်တော်သည် အမိန့်ပေး၍ သူတို့ကို ပျောက်ကင်းချမ်းသာစေပြီး သူတို့ကို သခင်္ျိုင်းတွင်းမှ ကယ်တင်တော်မူခဲ့၏။-
Psal BurCBCM 107:21  သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
Psal BurCBCM 107:22  ထို့နောက် သူတို့သည် ကျေးဇူးတော်ချီးမွမ်းရာ ယဇ်များကိုပူဇော်၍ ကိုယ်တော်ပြုလုပ်တော်မူသော အမှုတော်တို့ကို ဝမ်းမြောက်ဖွယ်ရာသီချင်းများဖြင့် သီဆိုဖော်ကျူးကြပါစေ။
Psal BurCBCM 107:23  အချို့သောသူတို့သည် သင်္ဘောဖြင့် ပင်လယ်ကိုကူး၍ ရေပေါ်တွင် လုပ်ကိုင်စားသောက်ကြသော ကုန်သည်များဖြစ်၏။-
Psal BurCBCM 107:24  သူတို့သည် ရေနက်ရာအရပ်၌ ထာ၀ရဘုရားသခင်၏ လက်ရာတော်ဖြစ်သည့် ကိုယ်တော်၏အံ့ဖွယ်ရာအမှုတို့ကို မြင်ခဲ့ကြရ၏။-
Psal BurCBCM 107:25  အကြောင်းမူကား ကိုယ်တော်အမိန့်ရှိသည်နှင့် လေမုန်တိုင်းတိုက်ပြီး လှိုင်းတံပိုးများလည်း မြင့်တက်လာခဲ့သော ကြောင့်တည်း။-
Psal BurCBCM 107:26  သူတို့သည် ကောင်းကင်ယံသို့ တိုင်အောင်တက်ပြီး နက်ရှိုင်းရာသို့ ပြန်ကျခဲ့ရသောကြောင့် ဘေးဒုက္ခရောက်ချိန်တွင် သူတို့၏ ခွန်အားသတ္တိသည်လည်း အရည်ပျော်ခဲ့ရ၏။-
Psal BurCBCM 107:27  သူတို့သည် အရက်မူးသူများကဲ့သို့ ယိမ်းယိုင်နေခဲ့ကြပြီး အကြံကုန်ဉာဏ်ကုန်ဖြစ်ခဲ့ကြရ၏။-
Psal BurCBCM 107:28  ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးခဲ့ကြ၍ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်တော်မူခဲ့၏။-
Psal BurCBCM 107:29  ကိုယ်တော်သည် လေမုန်တိုင်းကို ရပ်စဲစေတော်မူသဖြင့် ပင်လယ်လှိုင်းတံပိုးများသည်လည်း ငြိမ်သက်သွားလေ၏။-
Psal BurCBCM 107:30  လေငြိမ်သွားသောအခါ သူတို့သည် ဝမ်းမြောက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့အလိုရှိရာဆိပ်ကမ်းသို့ လမ်းညွန်တော် မူခဲ့၏။-
Psal BurCBCM 107:31  သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
Psal BurCBCM 107:32  သူတို့သည် လူထုပရိသတ်၏အလယ်တွင် ထာ၀ရဘုရားသခင်ကို ချီးမြှောက်ကြ၍ သက်ကြီးဝါကြီးများ၏ အစည်းအဝေး၌ ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။
Psal BurCBCM 107:33  ကိုယ်တော်သည် မြစ်များကို သဲကန္တာရအဖြစ်သို့လည်းကောင်း၊ စမ်းရေအိုင်များကို ရေငတ်ခြောက်သွေ့သောဒေသ အဖြစ်သို့လည်းကောင်း၊-
Psal BurCBCM 107:34  အသီးအနှံဖြစ်ထွန်းသောမြေကို အသုံးမဝင်သည့် ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲတော်မူခဲ့၏။ အဘယ်ကြောင့် ဆိုသော် ထိုပြည်တွင် နေထိုင်သူတို့သည် ဆိုးယုတ်သောကြောင့်ဖြစ်၏။-
Psal BurCBCM 107:35  ကိုယ်တော်သည် သဲကန္တာရကို ရေအိုင်များအဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေကို စမ်းရေအိုင်များအဖြစ်သို့ လည်းကောင်း ပြောင်းလဲတော်မူခဲ့၏။-
Psal BurCBCM 107:36  ကိုယ်တော်သည် အစာငတ်မွတ်သူတို့ကို ထိုဒေသတွင် နေထိုင်စေခဲ့သဖြင့် သူတို့သည် အခြေချနေထိုင်ရာမြို့ကို တည်ဆောက်ခဲ့ကြ၏။-
Psal BurCBCM 107:37  သူတို့သည် လယ်ယာစိုက်ပျိုး၍ စပျစ်ခြံများကိုလည်း စိုက်ပျိုးကြကာ အသီးအနှံများစွာရရှိခဲ့ကြ၏။-
Psal BurCBCM 107:38  ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသောကြောင့် သူတို့၏လူဦးရေသည် များစွာတိုးပွားလာခဲ့၏။ ကိုယ်တော်သည် သူတို့၏သိုးနွားများကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
Psal BurCBCM 107:39  ထို့နောက် သူတို့သည် လူအင်အားလျော့နည်းလာ၍ ဖိစီးနှိပ်စက်မှု၊ ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် အနှိမ်ခံခဲ့ကြရ၏။-
Psal BurCBCM 107:40  ကိုယ်တော်သည် မင်းညီမင်းသားတို့ကိုစက်ဆုပ်ပြီး သူတို့ကို လမ်းစမရှိသော သဲကန္တာရတွင် လှည့်လည်သွားလာ စေတော်မူခဲ့၏။-
Psal BurCBCM 107:41  သို့သော် ကိုယ်တော်သည် ချို့တဲ့သောသူတို့ကို ဆင်းရဲဒုက္ခမှမြှင့်တင်၍ သူတို့၏မိသားစုများကို သိုးအုပ်များသဖွယ် တိုးပွားများပြားစေတော်မူ၏။-
Psal BurCBCM 107:42  ဖြောင့်မတ်သောသူတို့သည် ဤအမှုအရာကိုမြင်ရ၍ ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူတို့မူကား နှုတ်ပိတ်နေကြ၏။-
Psal BurCBCM 107:43  ဉာဏ်ပညာရှိသူတိုင်းသည် ဤအမှုအရာတို့ကို ဆင်ခြင်သတိပြုကြ၍ ထာ၀ရဘုရားသခင်၏ ခိုင်မြဲသောမေတ္တာတော်ကို အောက်မေ့ဆင်ခြင်ကြပါစေ။
Chapter 108
Psal BurCBCM 108:1  အကျွန်ုပ်၏နှလုံးသည် တည်ကြည်ခိုင်မြဲပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်၏နှလုံးသည် တည်ကြည်ခိုင်မြဲပါ၏။ အကျွန်ုပ်သည် တေးသီချင်းစပ်၍ သီဆိုကျူးအေးပါမည်။-
Psal BurCBCM 108:2  အိုငါ့ဝိညာဉ်၊ နိုးထပါလော့။ စောင်းကြီးစောင်းငယ်တို့၊ နိုးထကြလော့။ ငါသည် အရုဏ်ဦးကို နိုးထစေမည်။-
Psal BurCBCM 108:3  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် လူမျိုးအပေါင်းတို့အလယ်တွင် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော့်ကိုချီးမွမ်းဧကျူးပါမည်။-
Psal BurCBCM 108:4  အကြောင်းမူကား ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်ယံတို့ထက်မြင့်မား၍ ကိုယ်တော်၏ သစ္စာတော်သည် မိုးတိမ်များထိတိုင်အောင် ရောက်ပါ၏။
Psal BurCBCM 108:5  အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်ယံအထက်တိုင် ချီးမြှောက်ခြင်းကို ခံရပါစေ။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည်လည်း ကမ္ဘာမြေပြင်တစ်ဝန်းလုံးကို လွှမ်းမိုးတော်မူစေသတည်း။-
Psal BurCBCM 108:6  ကိုယ်တော်ချစ်မြတ်နိုးသောသူတို့ လွတ်မြောက်စေရန် ကိုယ်တော်၏ လက်ယာလက်တော်ဖြင့် ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။
Psal BurCBCM 108:7  ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာန၌ ကတိထားတော်မူသည်ကား ငါသည် အောင်ပွဲခံ၍ ရှီကိမ်မြို့ကိုပိုင်းခြား၍ ဆုကော့ချိုင့်ဝှမ်းကို ခွဲဝေပေးမည်။-
Psal BurCBCM 108:8  ဂိလတ်ပြည်ကို ငါပိုင်၏။ မာနားဆေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်၍ ဂျုဒပြည်သည်လည်း ငါ၏ရာဇလှံတံဖြစ်၏။-
Psal BurCBCM 108:9  မောဘပြည်သည် ငါ၏ရေဆေးဇလုံဖြစ်ပြီး ဧဒွမ်ပြည်ပေါ်၌ ငါ၏ဖိနပ်များကို ငါချထားမည်။ ဖိလစ္စတင်းပြည်ပေါ်တွင် အောင်ပွဲဖြင့် ငါကြွေးကြော်မည် ဟု မိန့်တော်မူ၏။
Psal BurCBCM 108:10  မည်သူသည် ငါ့ကိုခံတပ်မြို့တော်သို့ ခေါ်ဆောင်သွားမည်နည်း။ မည်သူသည် ငါ့ကိုဧဒွမ်သို့ ဦးဆောင်လမ်းညွန်မည်နည်း။-
Psal BurCBCM 108:11  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်ထားတော်မူသည် မဟုတ်ပါလော။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏စစ်တပ်များနှင့် ချီတက်တော်မမူတော့ပေ။-
Psal BurCBCM 108:12  ရန်သူများကို ဆန့်ကျင်တိုက်ခိုက်ရန် အကျွန်ုပ်တို့အား ကူညီမစတော်မူပါ။ အကြောင်းမူကား လူသားတို့၏ကူညီမှုသည် အချည်းနှီးပင်ဖြစ်ပါ၏။-
Psal BurCBCM 108:13  ဘုရားသခင်နှင့်အတူ အကျွန်ုပ်တို့သည် ရဲရင့်စွာတိုက်ခိုက်နိုင်ပေလိမ့်မည်။ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့၏ရန်သူများကို နှိမ်နင်းတော်မူလိမ့်မည်။
Chapter 109
Psal BurCBCM 109:1  အကျွန်ုပ်ချီးမွမ်းထောမနာပြုသော အိုဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။-
Psal BurCBCM 109:2  အကြောင်းမူကား ဆိုးယုတ်သူတို့နှင့် လိမ်လည်ကောက်ကျစ်သူတို့၏နှုတ်ဖျားသည် အကျွန်ုပ်ကိုဆန့်ကျင်ရန် ဖွင့်ဟကြပါ၏။ မုသားစကားပြောသော လျှာများဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။-
Psal BurCBCM 109:3  သူတို့သည် မုန်းတီးသောစကားများဖြင့် အကျွန်ုပ်ကို ဝိုင်းရံထားကြပြီး အကြောင်းမဲ့တိုက်ခိုက်ကြပါ၏။-
Psal BurCBCM 109:4  အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပေးစဉ်တွင်ပင် သူတို့သည် အကျွန်ုပ်၏ မေတ္တာတရားကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။-
Psal BurCBCM 109:5  ဤနည်းဖြင့် သူတို့သည် အကောင်းကို မကောင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပေးဆပ်ကြပါ၏။
Psal BurCBCM 109:6  သူ့အား ဆန့်ကျင်ဘက်ပြုရန် ဆိုးယုတ်သော သူတစ်ယောက်ကို ခန့်အပ်ထားတော်မူပါ။ သူ၏လက်ယာဘက်တွင် သူ့ကို အပြစ်တင်စွပ်စွဲသူတစ်ယောက် ရှိနေပါစေ။-
Psal BurCBCM 109:7  သူသည် ရုံးတင်စစ်ဆေးခြင်းခံရသောအခါ ပြစ်မှုထင်ရှားပါစေ။ သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် အပြစ်မကောင်းမှု အဖြစ် သတ်မှတ်ခံရပါစေ။-
Psal BurCBCM 109:8  သူ၏အသက်တာကိုတိုစေ၍ သူ၏အရိုက်အရာကို သူတစ်ပါးယူပါစေ။-
Psal BurCBCM 109:9  သူ၏သားသမီးတို့သည် မိဘမဲ့များဖြစ်ကြပြီး သူ၏ဇနီးသည် မုဆိုးမဖြစ်ပါစေ။-
Psal BurCBCM 109:10  သူ၏သားသမီးတို့သည် လှည့်လည်တောင်းစားသူများဖြစ်ကြပြီး ပြိုပျက်နေသော မိမိတို့၏နေထိုင်ရာအရပ်များမှ နှင်ထုတ်ခြင်းခံကြရပါစေ။-
Psal BurCBCM 109:11  ကြွေးရှင်သည် သူ၌ရှိသမျှကို သိမ်းယူပြီး သူစိမ်းတို့သည် သူကြိုးစားရှာဖွေထားသည့်ဥစ္စာကို လုယူကြပါစေ။-
Psal BurCBCM 109:12  သူ့အား သနားကြင်နာမည့်သူနှင့် သူ၏မိဘမဲ့သော သားသမီးတို့ကိုလည်း သနားကြင်နာမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါစေနှင့်။-
Psal BurCBCM 109:13  သူ၏မျိုးဆက် ပျောက်ကွယ်သွားပါစေ။ သူ၏အမည်နာမသည်လည်း ဒုတိယမျိုးဆက်မှ ပယ်ဖျက်ခြင်းခံရပါစေ။-
Psal BurCBCM 109:14  သူ၏ဘိုးဘေးတို့ ပြုလုပ်ခဲ့သော မကောင်းမှုဒုစရိုက်များသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ မေ့လျော့ထားခြင်း မခံကြရပါစေနှင့်။ သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။-
Psal BurCBCM 109:15  သူတို့၏အပြစ်များသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်တွင် ဆက်လက်တည်ရှိလျက် သူ့ကိုအောက်မေ့ သတိရခြင်းသည်လည်း ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားပါစေ။-
Psal BurCBCM 109:16  အကြောင်းမူကား သူသည် သနားကြင်နာမှုပြရန် သတိမရခဲ့သည့်အပြင် ဆင်းရဲသူ၊ ချို့တဲ့နွမ်းပါးသူနှင့် စိတ်နှလုံး ကြေကွဲသူတို့အား လိုက်လံသတ်ဖြတ်ခဲ့၏။-
Psal BurCBCM 109:17  သူသည် ကျိန်ဆဲခြင်းကို နှစ်သက်ခဲ့၏။ ကျိန်ဆဲခြင်းများသည် သူ့အပေါ်ကျရောက်ပါစေ။ သူသည် ကောင်းချီးမင်္ဂလာကို မနှစ်သက်ခဲ့ပေ။ ၎င်းသည်လည်း သူ့ထံမှဝေးကွာပါစေ။-
Psal BurCBCM 109:18  သူသည် ကျိန်ဆဲခြင်းကို အင်္ကျီဝတ်သကဲ့သို့ ဝတ်ဆင်ခဲ့၏။ ယင်းသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများအတွင်းသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။-
Psal BurCBCM 109:19  ထိုကျိန်ဆဲခြင်းသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ဝတ်ရုံကဲ့သို့လည်းကောင်း သူနေ့စဉ်ဝတ်ဆင်သည့် ခါးပတ်ကဲ့သို့လည်းကောင်းဖြစ်ပါစေ။
Psal BurCBCM 109:20  အထက်ပါအရာတို့သည် အကျွန်ုပ်ကို စွပ်စွဲအပြစ်တင်သူများနှင့် အကျွန်ုပ်ကို မကောင်းပြောဆိုသူများအတွက် ထာ၀ရဘုရားသခင်ထံတော်မှ လာသောဆုလာဘ်ဖြစ်ပါစေ။-
Psal BurCBCM 109:21  အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်အတွက် ဆောင်ရွက်ပေးတော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် ကောင်းမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်ကို ကယ်ဆယ် တော်မူပါ။-
Psal BurCBCM 109:22  အကြောင်းမူကား အကျွန်ုပ်သည် ဆင်းရဲချို့တဲ့ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် နာကျင်လျက်ရှိပါ၏။-
Psal BurCBCM 109:23  အကျွန်ုပ်သည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။ အကျွန်ုပ်သည် ကျိုင်းကောင်ကဲ့သို့ ခါချခြင်း ခံရပါ၏။-
Psal BurCBCM 109:24  အစာရှောင်ခြင်းကြောင့် အကျွန်ုပ်၏ဒူးများသည် အင်အားချည့်နဲ့လျက်ရှိ၍ အကျွန်ုပ်၏ခန္ဓာကိုယ်သည် ပိန်ချုံးလျက် လာပါ၏။-
Psal BurCBCM 109:25  အကျွန်ုပ်ကို စွပ်စွဲပြစ်တင်သူများအတွက် အကျွန်ုပ်သည် ကဲ့ရဲ့စရာဖြစ်နေပါ၏။ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ ဦးခေါင်းကို ခါယမ်းကြပါ၏။
Psal BurCBCM 109:26  အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။-
Psal BurCBCM 109:27  အို ထာ၀ရဘုရားသခင်၊ ဤအမှုအရာကို ကိုယ်တော်၏လက်တော်ဖြင့်ပင် ပြုလုပ်တော်မူခဲ့ကြောင်း သူတို့သိကြပါစေ။-
Psal BurCBCM 109:28  ထိုသူတို့သည် ကျိန်ဆဲကြပါစေ။ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်ကို တိုက်ခိုက်ကြသောသူတို့သည် အရှက်ကွဲကြပါစေ။ ကိုယ်တော်၏ အစေခံမူကား ရွှင်လန်းဝမ်းမြောက်ရပါစေ။-
Psal BurCBCM 109:29  အကျွန်ုပ်ကို စွပ်စွဲအပြစ်တင်သောသူတို့သည် ဂုဏ်သရေပျက်ကြရပြီး အရှက်ကွဲခြင်းကို ဝတ်ရုံသဖွယ် လွှမ်းခြုံကြရပါစေ။
Psal BurCBCM 109:30  ထာ၀ရဘုရားသခင်အား အကျွန်ုပ်၏နှုတ်ဖြင့် ချီးမြှောက်ပါမည်။ များစွာသော လူပရိသတ်အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 109:31  ကိုယ်တော်သည် ဆင်းရဲချို့တဲ့သောသူ၏ လက်ယာဘက်တွင် ရပ်တည်၍ သူ့ကို သေဒဏ်စီရင်သော သူတို့၏လက်မှ ကယ်ဆယ်တော်မူ၏။
Chapter 110
Psal BurCBCM 110:1  ထာ၀ရဘုရားသခင်က သင်၏ရန်သူများကို သင်၏ခြေတင်ခုံအဖြစ် ငါပြုလုပ်တော်မူသည့်တိုင်အောင် ငါ၏ လက်ယာဘက်တွင် ထိုင်လော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏။
Psal BurCBCM 110:2  ထာ၀ရဘုရားသခင်သည် ကိုယ်တော်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇီအွန်မြို့မှ စေလွှတ်တော်မူ၍ သင်သည် ရန်သူများ အလယ်တွင် အုပ်စိုးရလိမ့်မည်။-
Psal BurCBCM 110:3  သင်သည် သင်၏တပ်များကို သန့်ရှင်းသောတောင်များပေါ်တွင် ဦးဆောင်ချီတက်သောနေ့၌ သင်၏လူမျိုးသည် မိမိတို့ကိုယ်ကို လွတ်လပ်စွာ ဆက်ကပ်အပ်နှံကြလိမ့်မည်။ ကိုယ်တော်၏ လူငယ်လူရွယ်တို့သည် နံနက်အချိန်၌ကျသည့် ဆီးနှင်းကဲ့သို့ သန့်ရှင်းသောဂုဏ်ကျက်သရေဖြင့် တန်ဆာဆင်လျက် ကိုယ်တော့်ထံသို့ လာရောက်ကြလိမ့်မည်။-
Psal BurCBCM 110:4  ထာ၀ရဘုရားသခင်က သင်သည် မေလ်ခိဇေဒက်၏ ရဟန်းမျိုးနွယ်နည်းတူ ထာ၀ရရဟန်းမျိုးဖြစ်သည်ဟု ကျိန်ဆိုတော်မူပြီးနောက် ကိုယ်တော်သည် တစ်ဖန်စိတ်ပြောင်းလဲတော်မူလိမ့်မည်မဟုတ်။
Psal BurCBCM 110:5  ထာ၀ရဘုရားသခင်သည် သင်၏လက်ယာဘက်တွင် ရှိတော်မူ၏။ ကိုယ်တော်သည် အမျက်ထွက်တော်မူသောနေ့၌ ဘုရင်တို့ကို ချေမှုန်းတော်မူလိမ့်မည်။-
Psal BurCBCM 110:6  ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို တရားစီရင်တော်မူပြီး ယင်းတို့ကို လူသေကောင်တို့ဖြင့် ပြည့်နှက်စေ၍ ကမ္ဘာ တစ်ဝန်းလုံးရှိ ဘုရင်တို့ကို ချေမှုန်းတော်မူပြီ။-
Psal BurCBCM 110:7  ကိုယ်တော်သည် လမ်းအနီးရှိ စမ်းချောင်းမှရေကို သောက်တော်မူလိမ့်မည်။ သို့ဖြစ်၍ ကိုယ်တော်သည် မိမိ၏ဦးခေါင်းကို မော့ထားလိမ့်မည်။
Chapter 111
Psal BurCBCM 111:1  ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။ ငါသည် ဖြောင့်မတ်သူတို့၏ အစည်းအဝေးတွင် ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။-
Psal BurCBCM 111:2  ထာ၀ရဘုရားသခင် ပြုလုပ်တော်မူသော အမှုအရာတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုအရာတို့ကို နှစ်သက်သော သူအပေါင်းတို့သည် ၎င်းတို့ကို လေ့လာဆည်းပူးကြပါ၏။-
Psal BurCBCM 111:3  ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာတို့သည် ဘုန်းဂုဏ်တော်နှင့် ကျက်သရေတို့ဖြင့် ပြည့်စုံကြပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းသည် အစဉ်ထာ၀ရတည်တော်မူ၏။
Psal BurCBCM 111:4  ကိုယ်တော်သည် မိမိ၏အံ့ဖွယ်အမှုအရာတို့ကို အောက်မေ့ဖွယ်ဖြစ်စေရန် စီရင်တော်မူ၏။ ထာ၀ရဘုရားသခင်သည် သနားကြင်နာ၍ ကရုဏာရှင်ဖြစ်တော်မူ၏။-
Psal BurCBCM 111:5  ကိုယ်တော်သည် မိမိကို ကြောက်ရွံ့ရိုသေသောသူတို့အား အစာအာဟာရဖြည့်တင်းပေး၍ မိမိ၏ပဋိညာဉ်တော်ကို အစဉ်သတိရတော်မူ၏။-
Psal BurCBCM 111:6  ကိုယ်တော်သည် လူမျိုးခြားတို့၏ အမွေအနှစ်ဖြစ်သော နယ်မြေများကို မိမိ၏လူမျိုးအား ပေးတော်မူခြင်းဖြင့် မိမိပြုလုပ်သော အမှုအရာတို့၏ တန်ခိုးတော်ကို သူတို့အား ပြတော်မူ၏။
Psal BurCBCM 111:7  ကိုယ်တော်၏လက်တော်ဖြင့် လုပ်ဆောင်တော်မူသော အမှုအရာတို့သည် တည်ကြည်ဖြောင့်မှန်ကြ၏။ ကိုယ်တော်၏ ပညတ်တော်အားလုံးသည် ယုံကြည်စိတ်ချထိုက်ပေ၏။-
Psal BurCBCM 111:8  ထိုပညတ်တော်တို့သည် အစဉ်ထာ၀ရတည်ကြ၏။ ၎င်းတို့ကို သစ္စာတရားနှင့် ဖြောင့်မတ်ခြင်းတရားအားဖြင့် စီရင်ထားခြင်းဖြစ်၏။-
Psal BurCBCM 111:9  ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား ကယ်တင်ခြင်းကို ပေးသနား၍ အစဉ်ထာ၀ရတည်သော ပဋိညာဉ်တော်ကို သူတို့နှင့်ပြုတော်မူ၏။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်၍ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်တော်မူ၏။-
Psal BurCBCM 111:10  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် ဉာဏ်ပညာ၏ အစမူလပင်ဖြစ်၏။ ဉာဏ်ပညာတော်ကို စောင့်ထိန်းသော သူအပေါင်းတို့သည် မှန်ကန်စွာ သိနားလည်နိုင်စွမ်းကို ရရှိကြ၏။ ကိုယ်တော်အား အစဉ်ထာ၀ရ ချီးမွမ်းထော မနာ ရှိပါစေသော်။
Chapter 112
Psal BurCBCM 112:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းရန် နှစ်သက်သောသူသည် မင်္ဂလာရှိ၏။-
Psal BurCBCM 112:2  သူ၏သားစဉ်မြေးဆက်တို့သည် မြေပေါ်၌ ခွန်အားတန်ခိုးရှိကြလိမ့်မည်။ ဖြောင့်မတ်သူ၏ အမျိုးအနွယ်တို့သည် ကောင်းချီးမင်္ဂလာ ခံစားကြရလိမ့်မည်။-
Psal BurCBCM 112:3  ချမ်းသာကြွယ်၀ခြင်းသည် သူ၏အိမ်တွင် တည်တံ့၍ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်ထာ၀ရတည်မြဲလိမ့်မည်။
Psal BurCBCM 112:4  ဖြောင့်မတ်သောသူအတွက် မှောင်မိုက်ထဲတွင် အလင်းပေါ်ထွန်း၏။ ထာ၀ရဘုရားသခင်သည် သဒ္ဓါရက်ရော၍ သနားကရုဏာနှင့်ပြည့်စုံပြီး ဖြောင့်မတ်မှန်ကန်သောသူဖြစ်၏။-
Psal BurCBCM 112:5  ရက်ရောစွာချေးငှား၍ မိမိ၏လုပ်ငန်းဆောင်တာတို့တွင် တရားသဖြင့်ပြုမူသောသူသည် အရာရာ၌ အောင်မြင်လိမ့်မည်။-
Psal BurCBCM 112:6  ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှ တုန်လှုပ်ချောက်ချားလိမ့်မည်မဟုတ်။ လူတို့သည် သူ့ကိုအစဉ်သတိရ အောက်မေ့ကြလိမ့်မည်။
Psal BurCBCM 112:7  သူသည် မကောင်းသတင်းများကို ကြောက်ရွံ့ခြင်းမရှိ။ သူ၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာ၍ ထာ၀ရဘုရားသခင်၌ ယုံကြည်ကိုးစားလေ၏။-
Psal BurCBCM 112:8  သူ၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာ၍ ကြောက်ရွံ့ခြင်းနှင့်လည်း ကင်းသောကြောင့် သူ၏ရန်သူတို့ အရေးနိမ့်သည်ကို သူမြင်ရလိမ့်မည်။-
Psal BurCBCM 112:9  သူသည် ရက်ရောစွာစွန့်ကြဲတတ်၍ ဆင်းရဲနွမ်းပါးသူတို့ကို ပေးကမ်းတတ်၏။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်၏။ သူ၏ဦးချိုသည် ဂုဏ်ပြုချီးမြှောက်ခြင်းခံရလိမ့်မည်။-
Psal BurCBCM 112:10  ဆိုးယုတ်သောသူတို့သည် ဤအခြင်းအရာကိုမြင်သောအခါ ဒေါသအမျက်ထွက်၍ အံကြိတ်လျက် ပျောက်ကွယ်သွား ကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏ အလိုဆန္ဒသည် အချည်းနှီးဖြစ် ကြလိမ့်မည်။
Chapter 113
Psal BurCBCM 113:1  ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ အစေခံတို့၊ ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြလော့။-
Psal BurCBCM 113:2  ထာ၀ရဘုရားသခင်၏ နာမတော်သည် ယခုမှစ၍ ကာလအစဉ်အဆက် မင်္ဂလာရှိပါစေသော်။-
Psal BurCBCM 113:3  နေထွက်ရာအရပ်မှ နေဝင်ရာအရပ်သို့တိုင်အောင် ထာ၀ရဘုရားသခင်၏ နာမတော်အား ရိုသေချီးမွမ်းကြပါစေသော်။-
Psal BurCBCM 113:4  ထာ၀ရဘုရားသခင်သည် လူမျိုးအပေါင်းတို့ထက် မြင့်မြတ်တော်မူ၏။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် မိုးကောင်းကင်အထက်၌ ရှိတော်မူ၏။
Psal BurCBCM 113:5  ငါတို့၏အရှင် ထာ၀ရဘုရားသခင်နှင့် မည်သူတူနိုင်ပါမည်နည်း။ ကိုယ်တော်သည် အမြင့်ဆုံးအရပ်၌ စံနေတော်မူ၏။-
Psal BurCBCM 113:6  မည်သူသည် ကောင်းကင်နှင့် မြေကြီးကိုငုံ့၍ ကြည့်ပါသနည်း။-
Psal BurCBCM 113:7  ကိုယ်တော်သည် ဆင်းရဲသားတို့ကို မြေမှုန့်ထဲမှပင့်မြှောက်၍ နွမ်းပါးသူတို့ကို ပြာပုံထဲမှ ဆွဲထုတ်တော်မူ၏။-
Psal BurCBCM 113:8  ကိုယ်တော်သည် သူတို့ကို မင်းညီမင်းသားများနှင့် မိမိ၏လူမျိုးကိုအုပ်စိုးသော မင်းတို့နှင့်အတူ ထိုင်ရသောအခွင့်ကို ပေးတော်မူ၏။-
Psal BurCBCM 113:9  ကိုယ်တော်သည် မြုံသောမိန်းမအား အိမ်ကိုပေးသနား၍ သားသမီးတို့နှင့်အတူ ပျော်ရွှင်သောမိခင်တစ်ဦး ဖြစ်စေတော်မူ၏။ ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 114
Psal BurCBCM 114:1  ယာကုပ်အမျိုးအနွယ်ဖြစ်သော အစ္စရာအဲလ်လူမျိုးသည် လူမျိုးခြားနိုင်ငံဖြစ်သော အီဂျစ်ပြည်မှ ထွက်ခွာလာသောအခါ၊-
Psal BurCBCM 114:2  ဂျုဒအမျိုးသည် ထာ၀ရဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ဖြစ်လာ၏။ အစ္စရာအဲလ်သည် ကိုယ်တော်၏ နိုင်ငံတော်ဖြစ်လာ၏။
Psal BurCBCM 114:3  ပင်လယ်သည် မြင်သောအခါ ထွက်ပြေးလေ၏။ ဂျော်ဒန်မြစ်သည် မစီးဆင်းဘဲ နောက်သို့ပြန်လှည့်လေ၏။-
Psal BurCBCM 114:4  တောင်တန်းများသည် သိုးကြီးများကဲ့သို့လည်းကောင်း၊ တောင်ငယ်များသည် သိုးငယ်များကဲ့သို့လည်းကောင်း ခုန်ပေါက်ပြေးလွှားကြ၏။
Psal BurCBCM 114:5  အသင်ပင်လယ်၊ မည်သည့်အကြောင်းကြောင့် ထွက်ပြေးရသနည်း။ အသင်ဂျော်ဒန်မြစ်၊ မည်သည့်အကြောင်းကြောင့် နောက်ပြန်လှည့်ရသနည်း။-
Psal BurCBCM 114:6  အသင် တောင်တန်းတို့၊ မည်သည့်အကြောင်းကြောင့် သိုးများကဲ့သို့ ခုန်ပေါက်ပြေးလွှားကြသနည်း။ အသင်တောင်ငယ်တို့၊ မည်သည့်အကြောင်းကြောင့် သိုးငယ်များကဲ့သို့ ခုန်ပေါက်ပြေးလွှားကြသနည်း။
Psal BurCBCM 114:7  အသင်မြေကြီး၊ ယာကုပ်၏ဘုရားသခင်ရှေ့တော်ဖြစ်သော ထာ၀ရဘုရားသခင်၏ရှေ့တော်တွင် တုန်လှုပ်ပါလော့။-
Psal BurCBCM 114:8  ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်ဖြစ်စေ၍ မာကျောသော ကျောက်တုံးများအကြားတွင် စမ်းရေကိုစီးဆင်း စေတော်မူ၏။
Chapter 115
Psal BurCBCM 115:1  အကျွန်ုပ်တို့အတွက် မဟုတ်ပါ၊ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့အတွက်မဟုတ်ပါ။ ကိုယ်တော်၏တည်မြဲသော ကရုဏာတော်နှင့် သစ္စာတော်တို့ကြောင့် ကိုယ်တော်၏နာမတော်သည်သာလျှင် ဘုန်းဂုဏ်တော်ရှိတော်မူပါစေသော်။-
Psal BurCBCM 115:2  အဘယ်ကြောင့်လူမျိုး ခြားတို့က သူတို့၏ဘုရားသခင် အဘယ်မှာရှိသနည်းဟု ဆိုကြပါသနည်း။
Psal BurCBCM 115:3  ငါတို့၏ဘုရားသခင်သည် ကောင်းကင်နိုင်ငံ၌ စံပယ်တော်မူ၍ ကိုယ်တော်နှစ်သက်တော်မူသော အမှုအရာတို့ကို လုပ်ဆောင်တော်မူ၏။-
Psal BurCBCM 115:4  လူမျိုးခြားတို့၏ ရုပ်တုဘုရားများသည်ကား ရွှေ၊ ငွေတို့မှပြုလုပ်ထားခြင်းဖြစ်၍ လူတို့လက်ဖြင့် ထုလုပ်ပေးသော အရာများဖြစ်ကြ၏။-
Psal BurCBCM 115:5  ရုပ်တုတို့၌ ပါးစပ်များပါသော်လည်း စကားမပြောနိုင်ကြ။ မျက်စိများပါသော်လည်း မမြင်ကြ။-
Psal BurCBCM 115:6  သူတို့၌ နားများပါသော်လည်း မကြားနိုင်ကြ။ နှာခေါင်းများပါသော်လည်း အနံ့မခံနိုင်ကြ။-
Psal BurCBCM 115:7  သူတို့၌ လက်များပါကြသော်လည်း မထိမကိုင်နိုင်ကြ။ ခြေများပါသော်လည်း လမ်းမလျှောက်နိုင်ကြ။ သူတို့၏ လည်ချောင်းများမှလည်း အသံမပြုနိုင်ကြ။-
Psal BurCBCM 115:8  ထိုရုပ်တုတို့ကို ထုလုပ်သောသူများနှင့် ရုပ်တုတို့ကို ယုံကြည်ကိုးစားသူများသည် ရုပ်တုများနှင့် အတူတူပင်ဖြစ်ကြ၏။
Psal BurCBCM 115:9  အိုအစ္စရာအဲလ်လူမျိုးတို့၊ ထာ၀ရဘုရားသခင်ကို ယုံကြည်အားကိုးကြလော့။ ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို ကူညီစောင်မ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။-
Psal BurCBCM 115:10  အိုအာရွန်၏အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ယုံကြည်အားကိုးကြလော့။ ကိုယ်တော်သည် အာရွန်၏ အမျိုးအနွယ်ကို ကူညီစောင်မ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။-
Psal BurCBCM 115:11  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့၊ ကိုယ်တော့်ကို ယုံကြည်အားကိုးကြလော့။ ကိုယ်တော်သည် သင်တို့ကို ကူညီစောင်မ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
Psal BurCBCM 115:12  ထာ၀ရဘုရားသခင်သည် ငါတို့ကို သတိရတော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးနှင့် အာရွန်၏အမျိုးအနွယ်ကို ကောင်းချီးပေးတော်မူလိမ့်မည်။-
Psal BurCBCM 115:13  ကိုယ်တော်သည် မိမိအား ကြောက်ရွံ့ရိုသေသောသူအပေါင်းတို့ကို အနိမ့်အမြတ်မရွေး ကောင်းချီးပေးတော်မူလိမ့်မည်။
Psal BurCBCM 115:14  ထာ၀ရဘုရားသခင်သည် သင်နှင့် သင်၏သား မြေးတို့ကို တိုးပွားများပြားအောင် ပြုလုပ်တော်မူပါစေ။-
Psal BurCBCM 115:15  ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာ၀ရ ဘုရားသခင်သည် သင်တို့ကို ကောင်းချီးပေးတော်မူပါ စေ။
Psal BurCBCM 115:16  ကောင်းကင်တို့သည် ထာ၀ရဘုရားသခင်၏ကောင်းကင်များဖြစ်ကြ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုမူ လူသားတို့အား ပေးထားတော်မူ၏။-
Psal BurCBCM 115:17  သေလွန်သောသူများနှင့် ဆိတ်ငြိမ်ရာသို့ ဆင်းသက်သွားသောသူများသည် ထာ၀ရဘုရားသခင်ကို မချီးမွမ်းကြ။-
Psal BurCBCM 115:18  ငါတို့မူကား ယခုအချိန်မှစ၍ ကာလအစဉ်အဆက် ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြမည်။ ထာ၀ရဘုရား သခင်အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 116
Psal BurCBCM 116:1  ထာ၀ရဘုရားသခင်သည် ငါ၏အသံနှင့် ငါ၏အသနားခံတောင်း လျှောက်ခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော့်ကို ချစ်မြတ်နိုး၏။-
Psal BurCBCM 116:2  ကိုယ်တော်သည် ငါ့ထံသို့ ရွှေနားတော်စွင့်ထားတော်မူသောကြောင့် ငါသည် အသက်ရှင်သမျှကာလပတ်လုံး ထာ၀ရဘုရားသခင်ထံသို့ ပန်ကြားအသနားခံမည်။-
Psal BurCBCM 116:3  သေခြင်း၏ကျော့ကွင်းတို့သည် ငါ့ကိုဝိုင်းရံထားကြ၍ မရဏနိုင်ငံ၏ ဘေးအန္တရာယ်တို့သည် ငါ့ကိုချုပ်ကိုင်ထားကြ သောကြောင့် ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ရ၏။-
Psal BurCBCM 116:4  ထိုအခါ ငါကအိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို အကျွန်ုပ်အသနားခံပါ၏။ အကျွန်ုပ်ကို ကယ်တော်မူပါဟု ထာ၀ရဘုရား သခင်၏ နာမတော်ကို ခေါ်တ၍ ဆုတောင်းပတ္ထနာပြုပါ၏။
Psal BurCBCM 116:5  ထာ၀ရဘုရားသခင်သည် သနားကြင်နာ၍ ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်စုံတော်မူ၏။-
Psal BurCBCM 116:6  ထာ၀ရဘုရားသခင်သည် ရိုးသားသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါသည် ခိုကိုးရာမဲ့ ဒုက္ခရောက်နေသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်ဆယ်တော်မူ၏။-
Psal BurCBCM 116:7  အိုငါ့ဝိညာဉ်၊ ငြိမ်ဝပ်စွာနားနေပါလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် သင့်အပေါ်၌ ရက်ရောစွာ ပြုတော်မူသောကြောင့်တည်း။
Psal BurCBCM 116:8  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏မျက်စိများကို မျက်ရည်ကျရခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေတို့ကို ခလုတ်တိုက်လဲခြင်းမှလည်းကောင်း ကယ်တင်တော်မူပြီ။-
Psal BurCBCM 116:9  အသက်ရှင်သောသူတို့၏ နိုင်ငံတွင် ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ ငါသည် လျှောက်လှမ်းသွားမည်။
Psal BurCBCM 116:10  ငါသည် ဒုက္ခကြီးစွာရောက်လေပြီဟု ပြောဆိုမိသောအခါ၌ပင်လျှင် ငါ၌ယုံကြည်ခြင်းရှိ၏။-
Psal BurCBCM 116:11  လူအပေါင်းတို့သည် လူလိမ်လူညာများသာဖြစ်သည်ဟု အံ့ဩတုန်လှုပ်စွာ ငါပြောဆိုခဲ့မိ၏။
Psal BurCBCM 116:12  ငါ၌ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော ကျေးဇူးတော်များအတွက် ငါသည် ကိုယ်တော့်ကို မည်သို့ပြန်ဆပ် နိုင်မည်နည်း။-
Psal BurCBCM 116:13  ငါသည် ကယ်တင်ခြင်း၏ ခွက်ဖလားတော်ကို ကိုင်မြှောက်၍ ထာ၀ရဘုရားသခင်၏ နာမတော်ကိုခေါ်တလျက် ဆုတောင်းပတ္ထနာပြုပါမည်။-
Psal BurCBCM 116:14  ငါသည် ကိုယ်တော်၏လူမျိုးတော်ကို သက်သေထား၍ ထာ၀ရဘုရားသခင်အား ကတိသစ္စာပြုပါမည်။-
Psal BurCBCM 116:15  ကိုယ်တော်၏သန့်ရှင်းသူတို့သေဆုံးခြင်းသည် ထာ၀ရဘုရား သခင်၏ရှေ့တော်၌ တန်ဖိုးကြီးမားလှပေ၏။-
Psal BurCBCM 116:16  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေခံဖြစ်ပါ၏။အကျွန်ုပ်သည် ကိုယ်တော်၏အစေခံဖြစ်၍ ကိုယ်တော်၏အစေခံမမှ မွေးသောသားလည်းဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချည်နှောင်ထားသော အနှောင်အဖွဲ့တို့မှ ဖြေလွှတ်တော်မူလေပြီ။-
Psal BurCBCM 116:17  အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ဆက်ကပ်ပူဇော်၍ ကိုယ်တော်၏နာမတော်ကိုခေါ်တပြီး ဆုတောင်းပတ္ထနာပြုပါမည်။-
Psal BurCBCM 116:18  ကိုယ်တော့်လူမျိုးတော်၏ ရှေ့မျက်မှောက်တွင် အကျွန်ုပ်သည် ထာ၀ရဘုရားသခင်အား ကတိသစ္စာပြုမည်။-
Psal BurCBCM 116:19  အိုဂျေရုဆလင်၊ သင်၏အလယ်နှင့် ထာ၀ရဘုရားသခင်၏ ဗိမာန်တော်ပရိဝုဏ်အတွင်းတွင် အကျွန်ုပ် ကတိသစ္စာပြုပါမည်။ ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 117
Psal BurCBCM 117:1  လူမျိုးအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ လူအပေါင်းတို့၊ ကိုယ်တော့်ကို ချီးမွမ်း ဂုဏ်ပြုကြလော့။-
Psal BurCBCM 117:2  အကြောင်းမူကား ကိုယ်တော်၏ သနားကရုဏာတော်သည် ငါတို့အပေါ်တွင် ကြီးမားလှပေ၏။ ထာ၀ရဘုရားသခင်၏ သစ္စာတော်သည်လည်း အစဉ်ထာ၀ရတည်တော်မူ၏။ ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 118
Psal BurCBCM 118:1  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူ၏။
Psal BurCBCM 118:2  ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူကြောင်း အစ္စရာအဲလ်လူမျိုးတို့ဝန်ခံကြပါစေ။-
Psal BurCBCM 118:3  ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူကြောင်း အာရွန်၏အမျိုးအနွယ်တို့ ဝန်ခံကြပါစေ။-
Psal BurCBCM 118:4  ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူကြောင်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူတို့ ဝန်ခံကြပါစေ။
Psal BurCBCM 118:5  ဘေးဒုက္ခများကြုံတွေ့ရသောအခါ ငါသည် ထာ၀ရဘုရားသခင်ကို ခေါ်တပါ၏။ ကိုယ်တော်သည်လည်း နားညောင်း၍ ငါ့ကိုဘေးဒုက္ခမှ လွတ်မြောက်စေတော်မူ၏။-
Psal BurCBCM 118:6  ထာ၀ရဘုရားသခင်သည် ငါ့ဘက်၌ ရှိတော်မူသောကြောင့် ငါ၌ကြောက်ရွံ့စရာမရှိ။ လူသည် ငါ့ကိုမည်သို့ပြု မူနိုင်မည်နည်း။-
Psal BurCBCM 118:7  ထာ၀ရဘုရားသခင်သည် ငါ့ကိုကူညီရန် ငါ့အနားတွင် ရှိတော်မူသောကြောင့် ငါ့ကိုမုန်းတီးသောသူတို့အပေါ် အောင်နိုင်သူ၏ အကြည့်ဖြင့် ငါကြည့်ရှုမည်။-
Psal BurCBCM 118:8  လူကို အားကိုးခြင်းထက် ထာ၀ရဘုရားသခင်ကို အားကိုးခြင်းသည် ပို၍ကောင်း၏။-
Psal BurCBCM 118:9  မင်းညီမင်းသားတို့ကို အားကိုးခြင်းထက် ထာ၀ရဘုရားသခင်ကို အားကိုးခြင်းသည် ပို၍ကောင်း၏။
Psal BurCBCM 118:10  လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းရံကြသော်လည်း ထာ၀ရဘုရားသခင်၏ နာမတော်အားဖြင့် ငါသည် သူတို့ကို ချေမှုန်းသုတ်သင်ခဲ့၏။-
Psal BurCBCM 118:11  သူတို့သည် ငါ့ကိုဝိုင်းရံတိုက်ခိုက်ကြ၏။ သူတို့သည် ငါ့ကို အဘက်ဘက်မှ ဝိုင်းရံကြသော်လည်း ထာ၀ရဘုရားသခင်၏ နာမတော်အားဖြင့် ငါသည် သူတို့ကို ချေမှုန်းသုတ်သင်ခဲ့၏။-
Psal BurCBCM 118:12  သူတို့သည် ပျားများကဲ့သို့ ငါ့ကိုဝိုင်းအုံကြသော်လည်း သူတို့သည် ဆူးချုံကိုလောင်သော မီးကဲ့သို့ လျင်မြန်စွာငြိမ်းသွားကြ ၏။ ထာ၀ရဘုရားသခင်၏နာမတော်အားဖြင့် ငါသည် သူတို့ကို ချေမှုန်းသုတ်သင်ခဲ့၏။-
Psal BurCBCM 118:13  ငါသည် ပြင်းထန်စွာ တိုက်ခိုက်ခြင်းခံရသောကြောင့် အရေးနိမ့်လျက်ရှိသော်လည်း ထာ၀ရဘုရားသခင်သည် ငါ့ကိုကူညီစောင်မတော်မူ၏။-
Psal BurCBCM 118:14  ထာ၀ရဘုရားသခင်သည် ငါ၏ခွန်အားနှင့် ငါသီဆိုရာသီချင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၏ကယ်တင်ခြင်း ဖြစ်တော်မူ၏။
Psal BurCBCM 118:15  အောင်ပွဲခံရသောကြောင့် ဖြောင့်မတ်သော သူတို့၏တဲများ၌ ဝမ်းမြောက်ဝမ်းသာ သီဆိုကြသော သီချင်းသံများကို နားထောင်ကြလော့။ ထာ၀ရဘုရားသခင်၏ လက်ယာလက်တော်သည် အားတန်ခိုးကြီးစွာ လုပ်ဆောင်တော်မူပြီ။-
Psal BurCBCM 118:16  ထာ၀ရဘုရားသခင်၏ လက်ယာလက်တော်သည် ချီးမြှောက်ခြင်းခံရ၏။ ထာ၀ရဘုရားသခင်၏ လက်ယာလက်တော်သည် အားတန်ခိုးကြီးစွာ လုပ်ဆောင်တော်မူပြီ။-
Psal BurCBCM 118:17  ငါသည် သေရလိမ့်မည်မဟုတ်။ ငါသည် အသက်ရှင်သန်လျက် ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုအရာတို့ကို ပြန်လည်ပြောဆိုမည်။-
Psal BurCBCM 118:18  ထာ၀ရဘုရားသခင်သည် ငါ့ကိုပြင်းထန်စွာ ဆုံးမ သော်လည်း ငါ့ကိုသေစေရန် စွန့်ပစ်ထားတော်မမူပေ။
Psal BurCBCM 118:19  ဖြောင့်မတ်ခြင်း၏ တံခါးတို့ကို ငါ့အတွက် ဖွင့်ပေးကြလော့။ ငါသည်ဝင်၍ ထာ၀ရဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းပါမည်။
Psal BurCBCM 118:20  ဤတံခါးသည် ထာ၀ရဘုရားသခင်၏ တံခါးဖြစ်၏။ ဖြောင့်မတ်သောသူတို့သည် ဤတံခါးမှ ဝင်ကြလိမ့်မည်။
Psal BurCBCM 118:21  ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်း၍ အကျွန်ုပ်၏ကယ်တင်ခြင်း ဖြစ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။-
Psal BurCBCM 118:22  တိုက်ကိုဆောက်သောသူတို့ စွန့်ပစ်ထားသောကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာ၏။-
Psal BurCBCM 118:23  ဤသည်ကား ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုအရာဖြစ်၏။ ၎င်းသည် ငါတို့မျက်စိထဲတွင်မူကား အံ့ဩဖွယ်ကောင်းလှပေ၏။-
Psal BurCBCM 118:24  ဤနေ့ရက်သည်ကား ထာ၀ရဘုရားသခင် စီရင်တော်မူသောနေ့ရက်ဖြစ်၏။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းစွာ ကျင်းပကြကုန်စို့။-
Psal BurCBCM 118:25  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ အသနားခံကြပါသည်။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့အား အောင်မြင်ခြင်းကို ပေးတော်မူပါ။ အကျွန်ုပ်တို့ အသနားခံကြပါ၏။
Psal BurCBCM 118:26  ထာ၀ရဘုရားသခင်၏ နာမတော်နှင့် ကြွလာသောသူသည် မင်္ဂလာရှိတော်မူ၏။ အကျွန်ုပ်တို့သည် ထာ၀ရဘုရားသခင်၏ အိမ်တော်ထဲမှ ကိုယ်တော့်ကို ကောင်းချီးပေးကြပါ၏။-
Psal BurCBCM 118:27  ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့အား အလင်းကိုပေးတော်မူ၏။ သစ်ခက်သစ်လက်များကို ကိုင်ဆောင်လျက် ယဇ်ပလ္လင်၏ဦးချိုတိုင်အောင် စီတန်းလှည့်လည်ကြလော့။
Psal BurCBCM 118:28  ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍ အကျွန်ုပ်သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။
Psal BurCBCM 118:29  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ ကိုယ်တော်၏ ကရုဏာတော်သည် အစဉ်ထာ၀ရ တည်တော်မူ၏။
Chapter 119
Psal BurCBCM 119:1  ထာ၀ရဘုရားသခင်၏ တရားတော်နှင့်အညီ လျှောက်လှမ်းရာတွင် အပြစ်တင်ဖွယ်မရှိသော လမ်းစဉ်ကိုလိုက်သော သူတို့သည် မင်္ဂလာရှိကြ၏။-
Psal BurCBCM 119:2  ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်နာထိန်းသိမ်း၍ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ရှာဖွေသောသူတို့သည် မင်္ဂလာရှိကြ၏။-
Psal BurCBCM 119:3  ထိုသူတို့သည် မကောင်းမှုတစ်စုံတစ်ခုကိုမျှ မပြုကြဘဲ ကိုယ်တော်၏တရားလမ်းအတိုင်း လျှောက်လှမ်းကြ၏။-
Psal BurCBCM 119:4  ကိုယ်တော်သည် မိမိ၏ပညတ်တော်တို့ကို ကြိုးစား၍လိုက်နာကြစေရန် မိန့်မှာတော်မူ၏။-
Psal BurCBCM 119:5  ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို လိုက်နာရာ၌ အကျွန်ုပ်သည် တည်ကြည်မြဲမြံစွာ လျှောက်လှမ်းနိုင်ပါစေ။-
Psal BurCBCM 119:6  အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်အလုံးစုံတို့အပေါ် အာရုံပြုပါလျှင် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ပါ။-
Psal BurCBCM 119:7  အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မှန်သော စီရင်တော်မူချက်များကို သင်ယူမှတ်သားလျက် မှန်ကန်သောနှလုံးသားဖြင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 119:8  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လိုက်နာကျင့်ကြံပါမည်။ အကျွန်ုပ်ကို လုံးလုံးလျားလျား စွန့်ပစ်ထား တော်မမူပါနှင့်။
Psal BurCBCM 119:9  လူငယ်တစ်ဦးသည် မိမိ၏ဘ၀ခရီးလမ်းကို အပြစ်ကင်းစင်စွာ မည်ကဲ့သို့လျှောက်လှမ်းနိုင်မည်နည်း။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာစောင့်ထိန်းခြင်းအားဖြင့်သာ လျှောက်လှမ်းနိုင်ပါ၏။-
Psal BurCBCM 119:10  အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ရှာဖွေပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များမှ လမ်းလွဲ၍ မသွားရပါစေနှင့်။-
Psal BurCBCM 119:11  ကိုယ်တော့်ကို ထိခိုက်ပြစ်မှားခြင်း အပြစ်မကျူးလွန်မိစေရန် ကိုယ်တော်၏နှုတ်တော်ထွက်စကားကို အကျွန်ုပ်၏ စိတ်နှလုံးထဲတွင် သိမ်းပိုက်ထားပါပြီ။-
Psal BurCBCM 119:12  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေများကို သင်ကြားပေးတော်မူပါ။-
Psal BurCBCM 119:13  ကိုယ်တော်၏နှုတ်တော်မှထွက်သော စီရင်ချက်များကို အကျွန်ုပ်၏နှုတ်ဖြင့် ကြေညာဟောပြောပါ၏။-
Psal BurCBCM 119:14  အကျွန်ုပ်သည် စည်းစိမ်ဥစ္စာ ကြွယ်၀ခြင်းကိုရထားသကဲ့သို့ ကိုယ်တော်၏သွန်သင်ချက်များကို နှစ်သက်ပါ၏။-
Psal BurCBCM 119:15  ကိုယ်တော်၏ဥပဒေတော်များကို အကျွန်ုပ်အောက်မေ့လျက် ကိုယ်တော်၏တရားလမ်းများကို အစဉ်အာရုံစူးစိုက်ပါမည်။-
Psal BurCBCM 119:16  ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်နှစ်သက်မြတ်နိုးပါမည်။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို အကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်ပါ။
Psal BurCBCM 119:17  အကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်တော်ထွက်စကားကို လိုက်နာစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏အစေခံကို ကျေးဇူးပြုတော်မူပါ။-
Psal BurCBCM 119:18  ကိုယ်တော်၏ပညတ်တရားများမှ အံ့ဖွယ်ရာတို့ကိုတွေ့မြင်နိုင်ရန် အကျွန်ုပ်၏မျက်စိများကိုဖွင့်တော်မူပါ။-
Psal BurCBCM 119:19  အကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ဧည့်သည်မျှသာဖြစ်ပါ၍ ကိုယ်တော်၏ပညတ်တော်များကို အကျွန်ုပ်ထံမှ ဝှက်ကွယ်ထား တော်မမူပါနှင့်။-
Psal BurCBCM 119:20  အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ စီရင်တော်မူချက်များကို အမြဲမပြတ် လိုလားတောင့်တလျက်ရှိပါ၏။-
Psal BurCBCM 119:21  ကိုယ်တော်သည် မောက်မာထောင်လွှားသူများနှင့် ကိုယ်တော်၏ပညတ်တော်များမှ လမ်းလွဲသွားသောကြောင့် ပြစ်တင်ကျိန်ဆိုခြင်း ခံရသူများကို ဆုံးမတော်မူ၏။-
Psal BurCBCM 119:22  ထိုသူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းများမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းခဲ့ပါပြီ။-
Psal BurCBCM 119:23  မင်းညီမင်းသားတို့သည် အကျွန်ုပ်ကို ဆန့်ကျင်ဘက်ပြုရန် ဝိုင်းဝန်းကြံစည်ကြသော်လည်း ကိုယ်တော်၏အစေခံသည် ပညတ်ဥပဒေများကိုသာ ဆင်ခြင်အောက်မေ့ပါမည်။-
Psal BurCBCM 119:24  ကိုယ်တော်၏ သွန်သင်ချက်များသည် အကျွန်ုပ်ကိုနှစ်သက်ရွှင်လန်းစေပါ၏။ ယင်းတို့သည် အကျွန်ုပ်ကို အကြံပေးလမ်းညွန် ကြပါ၏။
Psal BurCBCM 119:25  အကျွန်ုပ်၏ဝိညာဉ်သည် မြေမှုန့်၌ တွယ်ကပ်လျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အကျွန်ုပ်ကို အသက်သွင်းပေးတော်မူပါ။-
Psal BurCBCM 119:26  အကျွန်ုပ်၏လမ်းစဉ်များကို ကိုယ်တော်အား ဖော်ပြသောကြောင့် ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းခြင်းကို နားညောင်းတော်မူ၏။ ကိုယ်တော်၏ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။-
Psal BurCBCM 119:27  အကျွန်ုပ်အား ကိုယ်တော်၏ပညတ်တော်တို့ကို သိရှိနားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုအရာတို့ကို ဆင်ခြင်အောက်မေ့ပါမည်။-
Psal BurCBCM 119:28  အကျွန်ုပ်၏ဝိညာဉ်သည် ဝမ်းနည်းကြေကွဲခြင်းကြောင့် အရည်ပျော်လျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကား အားဖြင့် အကျွန်ုပ်ကို ခွန်အားဖြည့်ပေးတော်မူပါ။-
Psal BurCBCM 119:29  မှားယွင်းသောလမ်းကြောင်းများမှ အကျွန်ုပ်ကို ဝေးကွာစေတော်မူပါ။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်အား ကရုဏာဖြင့် သွန်သင်ပေးတော်မူပါ။-
Psal BurCBCM 119:30  အကျွန်ုပ်သည် သစ္စာရှိသောလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏ စီရင်တော်မူချက်များကို အကျွန်ုပ်ရှေ့၌ထားပါပြီ။-
Psal BurCBCM 119:31  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို လက်ကိုင်ထားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲ မဖြစ်ပါစေနှင့်။-
Psal BurCBCM 119:32  ကိုယ်တော်သည် အကျွန်ုပ်၏အသိဉာဏ်ကို ပိုမိုပွင့်လင်းစေတော်မူသောအခါ အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော် လမ်းအတိုင်း စိတ်အားထက်သန်စွာ လိုက်နာကျင့်ကြံပါမည်။
Psal BurCBCM 119:33  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကိုယ်တော်၏ပညတ်တော်များနှင့် ဆိုင်သောလမ်းကို သွန်သင်တော်မူပါ။ အကျွန်ုပ်သည် သက်ဆုံးတိုင်အောင် လိုက်နာကျင့်ကြံပါမည်။-
Psal BurCBCM 119:34  ကိုယ်တော်၏ပညတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ကို ပေးသနားတော်မူပါ။ အကျွန်ုပ်သည် ထိုပညတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာစောင့်ထိန်းပါမည်။-
Psal BurCBCM 119:35  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို နှစ်သက်မြတ်နိုးသောကြောင့် ပညတ်တော်တို့၏လမ်း၌ အကျွန်ုပ်ကို ဦးဆောင်တော်မူပါ။-
Psal BurCBCM 119:36  မတရားမှုဖြင့်ရရှိသော အကျိုးအမြတ်ဘက်သို့ အကျွန်ုပ်၏စိတ်နှလုံးကို မပါစေဘဲ ကိုယ်တော်၏သွန်သင်ချက်များဘက်သို့ ဆွဲဆောင်တော်မူပါ။-
Psal BurCBCM 119:37  အကျိုးမဲ့သောအရာများကို မျက်ကွယ်ပြုစေရန် အကျွန်ုပ်၏မျက်စိများကို လွှဲဖယ်ပေးတော်မူပါ။ ကိုယ်တော်၏လမ်းတော်၌ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
Psal BurCBCM 119:38  ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသော သူတို့အပေါ်၌ ကိုယ်တော်ထားတော်မူသော ကတိတော်ကို ကိုယ်တော်၏အစေခံ ဖြစ်သောအကျွန်ုပ်အပေါ်၌ တည်မြဲစေတော်မူပါ။-
Psal BurCBCM 119:39  အကျွန်ုပ် ကြောက်ရွံ့သောပြစ်တင်ကဲ့ရဲ့ခြင်းကို ဖယ်ရှားတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏ စီရင်တော်မူချက် တို့သည် ကောင်းမြတ်လှပေ၏။-
Psal BurCBCM 119:40  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို တောင့်တပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း၌ အကျွန်ုပ်ကို အသစ်တစ်ဖန် ပြုပြင်တော်မူပါ။
Psal BurCBCM 119:41  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် ကိုယ်တော် ကတိထားတော်မူသော ကယ်တင်ခြင်း တို့သည် အကျွန်ုပ်ထံသို့ သက်ရောက်ပါစေ။-
Psal BurCBCM 119:42  သို့မှသာလျှင် အကျွန်ုပ်သည် ကဲ့ရဲ့စော်ကားသူတို့ကို ပြန်လည်ပြောဆိုနိုင်ပါလိမ့်မည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို ယုံကြည်ကိုးစားသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 119:43  ကိုယ်တော်၏ စီရင်တော်မူချက်များ၌ အကျွန်ုပ်မျှော်လင့်အားထားသောကြောင့် သစ္စာသမ္မာတရားနှင့်ဆိုင်သော စကားတို့ကို အကျွန်ုပ်၏နှုတ်မှ လုံးလုံးလျားလျား ရုပ်သိမ်းတော်မမူပါနှင့်။-
Psal BurCBCM 119:44  အကျွန်ုပ်သည် ထာ၀ရအဆက်ဆက် ကိုယ်တော်၏ ပညတ်တရားကို အဆက်မပြတ်လိုက်နာစောင့်ထိန်းပါမည်။-
Psal BurCBCM 119:45  အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေများကို ရှာဖွေဆည်းပူးသောကြောင့် လွတ်လပ်စွာ သွားလာနေထိုင်ရပါလိမ့်မည်။-
Psal BurCBCM 119:46  အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို ဘုရင်တို့၏ရှေ့တွင်လည်း ဖော်ထုတ်ပြောဆိုပါမည်။ အကျွန်ုပ်သည် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်။-
Psal BurCBCM 119:47  အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်ချစ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်များ၌ နှစ်သက်မွေ့လျော်ပါ၏။-
Psal BurCBCM 119:48  အကျွန်ုပ်ချစ်မြတ်နိုးသော ပညတ်တော်များကို ရိုသေလေးစားပါ၏။ ကိုယ်တော်၏ပညတ်များကို အကျွန်ုပ် ဆင်ခြင်အောက်မေ့ပါမည်။
Psal BurCBCM 119:49  ကိုယ်တော်၏အစေခံအပေါ် ထားတော်မူသော ကိုယ်တော်၏ကတိတော်ကို သတိရတော်မူပါ။ ယင်းကတိတော်၌ ကိုယ်တော်သည် အကျွန်ုပ်အား မျှော်လင့်ခြင်းကို ပေးတော်မူ၏။-
Psal BurCBCM 119:50  ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူသောကြောင့် ဆင်းရဲဒုက္ခရောက်သောအချိန်၌ အကျွန်ုပ်အတွက် အားပေးနှစ်သိမ့်ဖွယ်ရာဖြစ်ပါ၏။-
Psal BurCBCM 119:51  ဘုရားတရားကင်းမဲ့သူတို့သည် အကျွန်ုပ်ကို ကဲ့ရဲ့လှောင်ပြောင်ကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တရားမှ ရှောင်ဖယ်သွားမည်မဟုတ်ပါ။-
Psal BurCBCM 119:52  အိုထာ၀ရဘုရားသခင်၊ ရှေးကာလက ကိုယ်တော်သွန်သင်တော်မူခဲ့သော စီရင်ချက်များကို အကျွန်ုပ်အောက်မေ့ သတိရသောအခါ အကျွန်ုပ်သည် စိတ်သက်သာနှစ်သိမ့်မှုကိုရပါ၏။-
Psal BurCBCM 119:53  ကိုယ်တော်၏တရားတော်ကို စွန့်ပယ်သော ဆိုးမိုက်သူများကြောင့် အကျွန်ုပ်သည် ပြင်းစွာအမျက်ထွက်မိပါ၏။-
Psal BurCBCM 119:54  အကျွန်ုပ်သည် ဧည့်သည်အဖြစ် ခေတ္တနေရသောအိမ်တွင် ကိုယ်တော်၏ပညတ်ဥပဒေတို့သည် အကျွန်ုပ်သီဆိုရာသီချင်းများ ဖြစ်ပါ၏။-
Psal BurCBCM 119:55  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ညအချိန်၌ ကိုယ်တော်၏နာမတော်ကို အောက်မေ့သတိရလျက် ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါ၏။-
Psal BurCBCM 119:56  ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရသော ကောင်းချီးမင်္ဂလာတော်သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်ပါ၏။
Psal BurCBCM 119:57  ထာ၀ရဘုရားသခင်သည် အကျွန်ုပ်၏ပိုင်ဆိုင်ရာဖြစ်ပါ၏။ ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ကတိပေးပါ၏။-
Psal BurCBCM 119:58  ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်အား သနားတော်မူပါရန် အကျွန်ုပ်သည် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းလျှောက်ပါ၏။-
Psal BurCBCM 119:59  အကျွန်ုပ်သည် မိမိ၏ဘ၀လမ်းခရီးကို ဆင်ခြင်သုံးသပ်သောအခါ ကိုယ်တော်၏သွန်သင်ချက်များသို့ ဦးတည်လျှောက်လှမ်း ပါ၏။-
Psal BurCBCM 119:60  အကျွန်ုပ်သည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲလျက် ကိုယ်တော်၏ပညတ်တော်တို့ကို မဆိုင်းမတွလိုက်နာစောင့်ထိန်း ပါမည်။-
Psal BurCBCM 119:61  ဆိုးမိုက်သူတို့၏ ကျော့ကွင်းများသည် အကျွန်ုပ်ကို ဝိုင်းရံထားသော်လည်း ကိုယ်တော်၏တရားတော်ကို အကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်ပါ။-
Psal BurCBCM 119:62  ကိုယ်တော်၏ ဖြောင့်မတ်သော စီရင်တော်မူချက်များကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုရန် အကျွန်ုပ်သည် ညသန်းခေါင်ယံတွင် အိပ်ရာမှ နိုးထပါ၏။-
Psal BurCBCM 119:63  အကျွန်ုပ်သည် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူများနှင့် ပညတ်တရားတော်တို့ကို စောင့်ထိန်းလိုက်နာသူ ရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။-
Psal BurCBCM 119:64  အိုထာ၀ရဘုရားသခင်၊ ကမ္ဘာမြေကြီးသည် ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ပညတ်ဥပဒေတို့ကို သွန်သင်တော်မူပါ။
Psal BurCBCM 119:65  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကတိတော်အတိုင်း ကိုယ်တော်၏အစေခံအပေါ်၌ ကျေးဇူးပြုတော်မူပါ၏။-
Psal BurCBCM 119:66  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို ယုံကြည်ကိုးစားသောကြောင့် အကျွန်ုပ်အား ကောင်းစွာ စီရင်ဆုံးဖြတ်နိုင်ခြင်းနှင့် အသိဉာဏ်ကို သင်ကြားပေးတော်မူပါ။-
Psal BurCBCM 119:67  အကျွန်ုပ်သည် ဘေးဒုက္ခသို့ မကျရောက်မီ လမ်းမှားသို့ရောက်ခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာစောင့်ထိန်းပါ၏။-
Psal BurCBCM 119:68  ကိုယ်တော်သည် ကောင်းမြတ်၍ ကောင်းသောအရာတို့ကို ပြုလုပ်တော်မူပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို သွန်သင်တော်မူပါ။-
Psal BurCBCM 119:69  မောက်မာသူတို့သည် အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားခြင်းများနှင့် ပေကျံစေကြပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေများကို စိတ်အားရှိသမျှ လိုက်နာစောင့်ထိန်းပါ၏။-
Psal BurCBCM 119:70  သူတို့၏နှလုံးသားများသည် အဆီခဲကဲ့သို့ ပိတ်ဆို့နေကြသော်လည်း အကျွန်ုပ်မူကား ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:71  အကျွန်ုပ်ဘေးဒုက္ခခံရခြင်းသည် ကောင်းလှပေ၏။ ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လေ့လာသင်ယူနိုင်ပါ၏။-
Psal BurCBCM 119:72  ကိုယ်တော်၏ နှုတ်တော်ထွက်ပညတ်တရားတော်သည် အကျွန်ုပ်အတွက် ထောင်သောင်းမကသောရွှေ၊ ငွေတို့ထက် ပို၍ကောင်းလှပါ၏။
Psal BurCBCM 119:73  ကိုယ်တော်သည် ရွှေလက်တော်ဖြင့် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံသွင်းပြုပြင်ပေးတော်မူ၏။ ကိုယ်တော်၏ ပညတ်တော်များကို လေ့လာသင်ကြားနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ကိုပေးသနားတော်မူပါ။-
Psal BurCBCM 119:74  အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကား၌ မျှော်လင့်အားကိုးသောကြောင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသော သူတို့သည် အကျွန်ုပ်ကိုမြင်ကြသောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။-
Psal BurCBCM 119:75  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ စီရင်ချက်များသည် ဖြောင့်မှန်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ဘေးဒုက္ခရောက်စေသော်လည်း ကိုယ်တော်သည် သစ္စာရှိစွာပြုတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။-
Psal BurCBCM 119:76  ကိုယ်တော်၏အစေခံအပေါ်၌ ထားတော်မူသောကတိတော်အတိုင်း ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အကျွန်ုပ်ကို အားပေးနှစ်သိမ့်ပါစေ။-
Psal BurCBCM 119:77  ကိုယ်တော်၏ပညတ်တရားသည် အကျွန်ုပ်နှစ်သက်မြတ်နိုးရာဖြစ်သောကြောင့် အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ် အပေါ်တွင် ကိုယ်တော်၏ သနားကရုဏာတော်ကို သက်ရောက်စေတော်မူပါ။-
Psal BurCBCM 119:78  အကျွန်ုပ်ကို မတရားစွပ်စွဲ၍ အပြစ်ရှာကြသော ဘုရားတရားမဲ့သူတို့သည် အရှက်တကွဲဖြစ်ကြပါစေသော်။ အကျွန်ုပ်မူကား ကိုယ်တော်၏ပညတ်တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။-
Psal BurCBCM 119:79  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့သည် ကိုယ်တော်၏သွန်သင်ချက်များကို သိနိုင်ရန် အကျွန်ုပ်ဘက်သို့ လှည့်ကြပါစေ။-
Psal BurCBCM 119:80  အကျွန်ုပ်သည် အရှက်တကွဲမဖြစ်ရစေရန် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို လိုက်နာစောင့်ထိန်းရာ၌ အကျွန်ုပ်၏ စိတ်နှလုံးကို အပြစ်တင်ခွင့်ကင်းစေတော်မူပါ။
Psal BurCBCM 119:81  အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော့်ထံမှကယ်တင်ခြင်းကို တောင့်တခြင်းကြောင့် အားလျော့ပင်ပန်းလျက်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကို မျှော်လင့်အားထားပါ၏။-
Psal BurCBCM 119:82  အကျွန်ုပ်၏မျက်စိများသည် ကိုယ်တော်၏ကတိတော်ကို စောင့်မျှော်ခြင်းအားဖြင့် အားယုတ်လာကြသောကြောင့် မည်သည့်အချိန်တွင် ကိုယ်တော်သည် အကျွန်ုပ်ကို အားပေးနှစ်သိမ့်တော်မူမည်နည်းဟု အကျွန်ုပ်မေးလျှောက်ပါ၏။-
Psal BurCBCM 119:83  အကျွန်ုပ်သည် မီးလောင်ကျွမ်းထားသော စပျစ်ရည်ဘူးကဲ့သို့ ဖြစ်သော်လည်း ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်မေ့လျော့ခြင်းမရှိပါ။-
Psal BurCBCM 119:84  အချိန်မည်မျှကြာအောင် ကိုယ်တော်၏အစေခံသည် စောင့်ဆိုင်းရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို မည်သည့်အချိန်တွင် ကိုယ်တော်စီရင်တော်မူမည်နည်း။-
Psal BurCBCM 119:85  ဘုရားတရားမဲ့၍ ကိုယ်တော်၏တရားတော်ကို မလိုက်နာသောသူတို့သည် အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကို တူးထားကြပါပြီ။-
Psal BurCBCM 119:86  ကိုယ်တော်၏ပညတ်တော်အားလုံးသည် ယုံကြည်စိတ်ချရပါ၏။ သူတို့သည် အကျွန်ုပ်ကို မတရားနှိပ်စက်ညှဉ်းပန်း ကြပါ၏။ အကျွန်ုပ်ကို ကူညီတော်မူပါ။-
Psal BurCBCM 119:87  သူတို့သည် အကျွန်ုပ်ကို ကမ္ဘာမြေပေါ်မှ သုတ်သင်ရှင်းလင်းပစ်ရန် အောင်မြင်လုနီးပါးရှိပါပြီ။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို မစွန့်ပယ်ပါ။-
Psal BurCBCM 119:88  အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်မှလာသော သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်၏အသက်ကို ချမ်းသာပေးတော်မူပါ။
Psal BurCBCM 119:89  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် ကောင်းကင်ဘုံ၌ အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။-
Psal BurCBCM 119:90  ကိုယ်တော်၏သစ္စာတော်သည် လူမျိုးအဆက်ဆက် တည်မြဲလျက်ရှိတော်မူပါ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို တည်တော်မူခဲ့၍ ၎င်းသည် ဆက်လက်ရပ်တည်လျက်ရှိပါ၏။-
Psal BurCBCM 119:91  အရာခပ်သိမ်းတို့သည် ကိုယ်တော်၏အစေခံများဖြစ်ကြသောကြောင့် ယင်းတို့ သည် ကိုယ်တော်စီရင်တော်မူသည့်အတိုင်း ယနေ့တိုင် ရပ်တည်နေကြ၏။-
Psal BurCBCM 119:92  ကိုယ်တော်၏ပညတ်တရားသည် အကျွန်ုပ်အတွက် နှစ်သက်မြတ်နိုးဖွယ်ရာ မဖြစ်ခဲ့ပါလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ပျက်စီးခဲ့ပြီးဖြစ်ပါလိမ့်မည်။-
Psal BurCBCM 119:93  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မည်သည့်အခါမျှမမေ့လျော့နိုင်ပါ။ အကြောင်းမူကား ကိုယ်တော်သည် ထိုပညတ်တော်များအားဖြင့် အကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးတော်မူသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 119:94  ကိုယ်တော်သည် အကျွန်ုပ်ကို ပိုင်ဆိုင်တော်မူပါ၏။ အကျွန်ုပ်ကို ကယ်ဆယ်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်များကို ရှာဖွေဆည်းပူးခဲ့ပါပြီ။-
Psal BurCBCM 119:95  ဆိုးယုတ်သူတို့သည် အကျွန်ုပ်ကိုသုတ်သင်ဖျက်ဆီးရန် ချောင်းမြောင်းနေကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်များကို စဉ်းစားဆင်ခြင်ပါ၏။-
Psal BurCBCM 119:96  ပြည့်စုံသောအရာရှိသမျှတို့သည် အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံကြကြောင်းကို အကျွန်ုပ်သိမြင်ခဲ့ပါ၏။ ကိုယ်တော်၏ ပညတ်တော်မူကား အတိုင်းအတာမရှိ ကျယ်ပြန့်ပြည့်စုံတော်မူပါ၏။
Psal BurCBCM 119:97  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို အလွန်နှစ်သက်မြတ်နိုးပါ၏။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်တစ်နေ့လုံး ဆင်ခြင်လျက် စိတ်အာရုံပြုပါ၏။-
Psal BurCBCM 119:98  ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်ကို ရန်သူများထက် ပို၍ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အစဉ်ရှိသောကြောင့်တည်း။-
Psal BurCBCM 119:99  အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် သိနားလည်ခွင့်ပိုမိုရရှိပါ၏။အကြောင်းမူကား ကိုယ်တော်၏ သွန်သင်ချက်များကို အကျွန်ုပ်ဆင်ခြင်၍ အာရုံပြုသောကြောင့်တည်း။-
Psal BurCBCM 119:100  အကျွန်ုပ်သည် အသက်ကြီးသူများထက် ဉာဏ်ပညာကိုပို၍ရရှိပါ၏။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို လိုက်နာစောင့်ထိန်းသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 119:101  ကိုယ်တော်၏နှုတ်တော်ထွက်စကားကို လိုက်နာရန်အလို့ငှာ အကျွန်ုပ်သည် မကောင်းသောလမ်းရှိသမျှကို ရှောင်ရှား ပါ၏။-
Psal BurCBCM 119:102  အကျွန်ုပ်သည် ကိုယ်တော်၏စီရင်တော်မူချက်များမှ သွေဖည်၍မသွားပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့်တည်း။-
Psal BurCBCM 119:103  ကိုယ်တော်မိန့်မှာတော်မူသော စကားတို့သည် အကျွန်ုပ်၏လျှာပေါ်၌ အလွန်ချိုမြလှပါ၏။ ၎င်းတို့သည် အကျွန်ုပ်၏ ခံတွင်း၌ ပျားရည်ထက်ပင် ချိုမြပါ၏။-
Psal BurCBCM 119:104  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်ဖြင့် သိမြင်နားလည်ခြင်းကို ခံယူရရှိပါသောကြောင့် မကောင်းသော အကျင့်ဟူသမျှကို အကျွန်ုပ်မုန်းတီးပါ၏။
Psal BurCBCM 119:105  ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် အကျွန်ုပ်၏ခြေတို့အတွက် မီးခွက်ဖြစ်၍ အကျွန်ုပ်သွားရာလမ်းကို အလင်းပေးပါ၏။-
Psal BurCBCM 119:106  ကိုယ်တော်၏ဖြောင့်မှန်သော စီရင်ချက်များကို လိုက်နာစောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆိုခဲ့ကြောင်းကို အကျွန်ုပ် အတည်ပြုပါ၏။-
Psal BurCBCM 119:107  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ဒုက္ခဆင်းရဲများစွာခံစားနေရပါ၏။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
Psal BurCBCM 119:108  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ဆက်ကပ်သော ကျေးဇူးတင်ချီးမွမ်းရာပူဇော်သကာကို လက်ခံတော်မူပါ။ ကိုယ်တော်၏ စီရင်တော်မူချက်များကိုလည်း အကျွန်ုပ်အား သွန်သင်တော်မူပါ။-
Psal BurCBCM 119:109  အကျွန်ုပ်၏အသက်တာသည် အကျွန်ုပ်၏လက်ထဲ၌ အစဉ်ရှိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို မမေ့လျော့ပါ။-
Psal BurCBCM 119:110  ဆိုးယုတ်သူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများမှ သွေဖည်၍မသွားပါ။-
Psal BurCBCM 119:111  ကိုယ်တော်၏သွန်သင်ချက်တို့သည် အကျွန်ုပ်အတွက် အစဉ်တည်နေမည့် အမွေအနှစ်များဖြစ်ကြပါ၏။ သွန်သင် တော်မူချက်တို့သည် အကျွန်ုပ်၏စိတ်နှလုံးအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာဖြစ်ပါ၏။-
Psal BurCBCM 119:112  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို သက်ဆုံးတိုင်အောင် အဆက်မပြတ်လိုက်နာပါမည်ဟု သန္နိဋ္ဌာန်ပြုပါပြီ။
Psal BurCBCM 119:113  အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောလူတို့ကို မုန်းတီးပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:114  ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာနှင့် အကာအကွယ်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက် စကား၌ မျှော်လင့်အားထားပါ၏။-
Psal BurCBCM 119:115  မကောင်းမှုကို ကျူးလွန်သောသူတို့၊ ငါ့ထံမှထွက်ခွာသွားကြလော့။ ငါသည် ငါ့ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းမည်။-
Psal BurCBCM 119:116  ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို အထောက်အကူပြုတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်သည် အသက် ရှင်ရပါလိမ့်မည်။ အကျွန်ုပ်၏မျှော်လင့်ချက်၌ အကျွန်ုပ်ကို အရှက်တကွဲမဖြစ်ပါစေနှင့်။-
Psal BurCBCM 119:117  အကျွန်ုပ်ကို ကယ်တင်ရန် ကူညီမစတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို အစဉ်သတိပြုပါမည်။-
Psal BurCBCM 119:118  ကိုယ်တော်၏ ပညတ်တော်များမှ လမ်းလွဲသွေဖည်သွားသူများကို ကိုယ်တော်သည် ပစ်ပယ်တော်မူ၏။ ထိုသူတို့၏ ကျွမ်းကျင်ပါးနပ်မှုများသည် အချည်းနှီးဖြစ်ပါ၏။-
Psal BurCBCM 119:119  ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ ဆိုးမိုက်သောသူရှိသမျှတို့ကို အမှိုက်သရိုက်ကဲ့သို့ သတ်မှတ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် သည် ကိုယ်တော်၏သွန်သင်တော်မူချက်များကို နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:120  ကိုယ်တော့်ကို ကြောက်ရွံ့သောကြောင့် အကျွန်ုပ်၏အသားများသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
Psal BurCBCM 119:121  အကျွန်ုပ်သည် တရားမျှတမှန်ကန်သောအမှုတို့ကို ဆောင်ရွက်ခဲ့ပါပြီ။ ညှဉ်းပန်းနှိပ်စက်သူတို့၏လက်တွင် အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။-
Psal BurCBCM 119:122  ကိုယ်တော်၏ အစေခံ၊ အကျွန်ုပ်၏ကောင်းကျိူးကို အာမခံပေးတော်မူပါ။ ဘုရားတရားမဲ့သူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်။-
Psal BurCBCM 119:123  ကိုယ်တော့်ထံမှ ကယ်တင်ခြင်းကျေးဇူးတော်ကိုလည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မှန်သော ကတိတော်ပြည့်စုံခြင်းကို လည်းကောင်း စောင့်မျှော်ခြင်းဖြင့် အကျွန်ုပ်၏မျက်စိများသည် အားအင်ကုန်ခန်းလုပါပြီ။-
Psal BurCBCM 119:124  ကိုယ်တော့်အစေခံကို ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်အတိုင်း ပြုမူဆက်ဆံတော်မူပါ။ ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။-
Psal BurCBCM 119:125  အကျွန်ုပ်သည် ကိုယ်တော်၏အစေခံဖြစ်ပါ၏။ ကိုယ်တော်၏သွန်သင်တော်မူချက်များကို အကျွန်ုပ်သိနိုင်ရန် အကျွန်ုပ်အား တတ်သိနားလည်ခြင်းကို ပေးသနားတော်မူပါ။-
Psal BurCBCM 119:126  အိုထာ၀ရဘုရားသခင်၊ လူတို့သည် ကိုယ်တော်၏ ပညတ်တရားကို ဖောက်ဖျက်ကြသောကြောင့် ကိုယ်တော်သည် အပြစ်ဒဏ်ခတ်ရန် ယခုအချိန်ကျရောက်ပါပြီ။-
Psal BurCBCM 119:127  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို သာမန်ရွှေထက်မက ရွှေစင်တို့ထက်ပင် ပို၍နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:128  ထို့ကြောင့် ကိုယ်တော်၏ပညတ်ဥပဒေရှိသမျှတို့သည် မှန်ကန်သည်ဟု အကျွန်ုပ်ခံယူသည်နှင့်အညီ မှားယွင်းသော လမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းတီးပါ၏။
Psal BurCBCM 119:129  ကိုယ်တော်၏သွန်သင်တော်မူချက်များသည် အံ့ဩဖွယ်ကောင်းလှပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ၎င်းတို့ကို စောင့်ထိန်းလိုက်နာပါ၏။-
Psal BurCBCM 119:130  ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို ဖော်ပြခြင်းသည် အလင်းကိုပေးပါ၏။ ရိုးသားသောသူတို့ကိုလည်း တတ်သိ နားလည်ခြင်းကို ပေးပါ၏။-
Psal BurCBCM 119:131  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မျှော်လင့်တောင့်တရသောကြောင့် ပါးစပ်ကိုဟလျက် မောပန်းနေပါ၏။-
Psal BurCBCM 119:132  ကိုယ်တော်သည် ကိုယ်တော်၏နာမတော်ကို ချစ်မြတ်နိုးသောသူတို့အား သနားတော်မူသည့်အတိုင်း အကျွန်ုပ်ဘက်သို့ လှည့်၍ ကြည့်ရှုစောင်မတော်မူပါ။-
Psal BurCBCM 119:133  ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်၏ခြေလှမ်းများကို စွဲမြဲစေတော်မူပါ။ အပြစ်ဒုစရိုက်သည် အကျွန်ုပ်ကို မအုပ်စိုးပါစေနှင့်။-
Psal BurCBCM 119:134  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို လိုက်နာစောင့်ထိန်းနိုင်စေရန် အကျွန်ုပ်ကို လူတို့၏အနိုင်ကျင့်ဖိနှိပ်ခြင်း မှကယ်တော်မူပါ။-
Psal BurCBCM 119:135  ကိုယ်တော်၏မျက်နှာတော်ကို ကိုယ်တော်၏အစေခံအပေါ်တွင် ထွန်းလင်းစေ၍ ကိုယ်တော်၏ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။-
Psal BurCBCM 119:136  လူတို့သည် ကိုယ်တော်၏ပညတ်တရားကို မလိုက်နာကြသောကြောင့် အကျွန်ုပ်၏မျက်စိများသည် မျက်ရည်ချောင်း စီးလျက်နေပါ၏။
Psal BurCBCM 119:137  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်များသည်လည်း မှန်ကန်ကြပါ၏။-
Psal BurCBCM 119:138  ကိုယ်တော်သည် သွန်သင်တော်မူချက်များကို သစ္စာတော်ဖြင့် ဖြောင့်မှန်စွာပြဋ္ဌာန်းတော်မူ၏။-
Psal BurCBCM 119:139  အကျွန်ုပ်၏ရန်သူများသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားများကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏ စိတ်ထက်သန်မှုသည် အကျွန်ုပ်ကိုဖိစီးပါ၏။-
Psal BurCBCM 119:140  ကိုယ်တော်၏ကတိတော်သည် အလွန်စင်ကြယ်တော်မူသည်ဖြစ်၍ ကိုယ်တော်၏အစေခံသည် ကတိတော်ကို နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:141  အကျွန်ုပ်သည် သိမ်ငယ်၍ မထီလေးစားပြုခြင်းခံရပါ၏။ သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို မမေ့လျော့ပါ။-
Psal BurCBCM 119:142  ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းသည် အစဉ်ထာ၀ရဖြောင့်မှန်မျှတပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်ပါ၏။-
Psal BurCBCM 119:143  ဒုက္ခဆင်းရဲနှင့် ပူပန်ခြင်းတို့သည် အကျွန်ုပ်အပေါ်သို့ ကျရောက်သော်လည်း ကိုယ်တော်၏ပညတ်တော်များကို အကျွန်ုပ်နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:144  ကိုယ်တော်၏သွန်သင်ချက်များသည် အစဉ်ထာ၀ရ ဖြောင့်မှန်ပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် သိနားလည်ခြင်းကို ပေးတော်မူပါ။
Psal BurCBCM 119:145  အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ကို တုံ့ပြန်တော်မူပါ၊ အိုထာ၀ရ ဘုရားသခင်။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လိုက်နာစောင့်ထိန်းပါမည်။-
Psal BurCBCM 119:146  အကျွန်ုပ်သည် ကိုယ်တော့်ကို အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းပါမည်။-
Psal BurCBCM 119:147  အကျွန်ုပ်သည် နံနက်အရုဏ်မလာမီထ၍ အကူအညီရရန် အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကား၌ မျှော်လင့်အားကိုးပါ၏။-
Psal BurCBCM 119:148  ကိုယ်တော်၏ ကတိတော်ကိုဆင်ခြင်အောက်မေ့ရန် အကျွန်ုပ်၏မျက်စိတို့သည် တစ်ညလုံးပွင့်လျက် နိုးကြားစွာရှိပါ၏။-
Psal BurCBCM 119:149  ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်၏တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အိုထာ၀ရဘုရား သခင်၊ ကိုယ်တော်၏စီရင်တော်မူချက်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
Psal BurCBCM 119:150  အကျွန်ုပ်ကို နှိပ်စက်ညှဉ်းပန်းသူတို့သည် ဆိုးယုတ်သောအကြံအစည်ဖြင့် အနီးသို့ ချဉ်းကပ်လာနေကြပါပြီ။ ထိုသူတို့သည် ကိုယ်တော်၏ပညတ်တရားနှင့် ကင်းကွာနေသူများဖြစ်ကြပါ၏။-
Psal BurCBCM 119:151  သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည်ကား အကျွန်ုပ်၏အနားတွင်ရှိတော်မူပါ၏။ ကိုယ်တော်၏ပညတ်တော် အားလုံးသည် မှန်ကန်ကြပါ၏။-
Psal BurCBCM 119:152  ကိုယ်တော်သည် သွန်သင်တော်မူချက်များကို အစဉ်ထာ၀ရတည်စေရန် စီရင်ထားကြောင်း ကာလကြာမြင့်စွာကပင် အကျွန်ုပ်သိခဲ့ပါ၏။
Psal BurCBCM 119:153  အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်တော်မူ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားတော်ကို မမေ့လျော့သောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 119:154  အကျွန်ုပ်၏အမှုတွင် အကျွန်ုပ်ဘက်မှရပ်တည်၍ အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။ ကိုယ်တော်၏ကတိတော် အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
Psal BurCBCM 119:155  ကယ်တင်ခြင်းသည် ဆိုးမိုက်သောသူတို့နှင့်ဝေးပါ၏။ အကြောင်းမူကား ဤသူတို့သည် ကိုယ်တော်၏ပညတ်ဥပဒေများကို ရှာဖွေဆည်းပူးခြင်း မရှိကြသောကြောင့်တည်း။-
Psal BurCBCM 119:156  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာသနားခြင်းသည် ကြီးမားတော်မူပါ၏။ ကိုယ်တော်၏စီရင်တော်မူချက် အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
Psal BurCBCM 119:157  အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သူတို့နှင့် ရန်လိုမုန်းတီးသူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ သွန်သင်ချက်များမှ ရှောင်လွှဲ၍မသွားပါ။-
Psal BurCBCM 119:158  အကျွန်ုပ်သည် သစ္စာမဲ့သူတို့ကို စက်ဆုပ်ရွံရှာစွာကြည့်ပါ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်၏ ပညတ်တော်များကို မလိုက်နာသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 119:159  အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို မည်မျှနှစ်သက်မြတ်နိုးကြောင်း သုံးသပ်ဆင်ခြင်တော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်အတိုင်း အကျွန်ုပ်၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။-
Psal BurCBCM 119:160  ကိုယ်တော့် နှုတ်တော်ထွက်စကား၏အချုပ်မှာ သမ္မာတရားပင်ဖြစ်ပါ၏။ ဖြောင့်မတ်သော စီရင်တော်မူချက်အပေါင်း တို့သည် အစဉ်ထာ၀ရတည်ရှိကြပါ၏။
Psal BurCBCM 119:161  မင်းစိုးရာဇာတို့သည် အကျွန်ုပ်ကို အကြောင်းမဲ့နှိပ်စက်ညှဉ်းပန်းကြပါ၏။ သို့သော်လည်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကိုသာ ကြောက်ရွံ့ပါ၏။-
Psal BurCBCM 119:162  ကြွယ်၀သောဥစ္စာဘဏ္ဍာကို ရှာတွေ့သူကဲ့သို့ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကြောင့် ပျော်ရွှင် ဝမ်းမြောက်ပါ၏။-
Psal BurCBCM 119:163  အကျွန်ုပ်သည် လိမ်ညာခြင်းကို ရွံရှာမုန်းတီးပါသော်လည်း ကိုယ်တော်၏ပညတ်တရားကိုမူ နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:164  အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်တော်မူသော စီရင်ချက်များအတွက် နေ့စဉ်ခုနစ်ကြိမ် ကိုယ်တော့်ကို ကျေးဇူးတင် ချီးမွမ်းပါ၏။-
Psal BurCBCM 119:165  ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးသောသူတို့သည် ကြီးစွာသောစိတ်နှလုံးငြိမ်းချမ်း သာယာခြင်းကို ရရှိကြပါ၏။ မည်သည့်အရာမျှ သူတို့ကို ပြိုလဲစေနိုင်လိမ့်မည်မဟုတ်ပါ။-
Psal BurCBCM 119:166  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်တော်မူခြင်းကို မျှော်လင့်၍ ကိုယ်တော်၏ ပညတ်တော်များကို လိုက်နာစောင့်ထိန်းပါ၏။-
Psal BurCBCM 119:167  အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ သွန်သင်တော်မူချက်များကို လိုက်နာစောင့်ထိန်းပါ၏။ အကျွန်ုပ်သည် ၎င်းတို့ကို အတိုင်းထက်အလွန် နှစ်သက်မြတ်နိုးပါ၏။-
Psal BurCBCM 119:168  အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများနှင့် သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်ပြုကျင့်သမျှသော လမ်းစဉ်တို့သည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် ရှိကြပါ၏။
Psal BurCBCM 119:169  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်အား သိမြင်နားလည်တတ်ခြင်းကို ပေးတော်မူပါ။-
Psal BurCBCM 119:170  အကျွန်ုပ်၏ အသနားခံတောင်းလျှောက်သံသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။-
Psal BurCBCM 119:171  ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်၏ နှုတ်ခမ်းများသည် ချီးမွမ်းထောမနာပြုခြင်းကို အစဉ်မပြတ် ကျူးအေးပါမည်။-
Psal BurCBCM 119:172  ကိုယ်တော်၏ ပညတ်တော်အားလုံးတို့သည် ဖြောင့်မှန်မျှတကြသည်ဖြစ်၍ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအကြောင်းကို သီဆိုကျူးအေးပါမည်။-
Psal BurCBCM 119:173  ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်ကိုကူညီစောင်မခြင်းငှာ အဆင်သင့်ဖြစ်ပါစေ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားတော်လမ်းကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 119:174  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံမှ ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တပါ၏။ ကိုယ်တော်၏ ပညတ်တရားတော်သည် အကျွန်ုပ်၏ နှစ်သက်မြတ်နိုးဖွယ်ရာ ဖြစ်ပါ၏။-
Psal BurCBCM 119:175  ကိုယ်တော်ရှင်အား ချီးမွမ်းထောမနာပြုနိုင်စေရန် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏စီရင်တော်မူချက် များသည် အကျွန်ုပ်ကို ကူညီစောင်မကြပါစေ။-
Psal BurCBCM 119:176  အကျွန်ုပ်သည် ပျောက်သောသိုးကဲ့သို့ လမ်းမှားသို့ရောက်ရှိပါ၏။ ကိုယ်တော်၏အစေခံကို ရှာဖွေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မေ့လျော့ခြင်းမရှိသော ကြောင့်ဖြစ်ပါ၏။
Chapter 120
Psal BurCBCM 120:1  ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာ၀ရဘုရားသခင်ကို အော်ဟစ်၍ ခေါ်တပါ၏။ ကိုယ်တော်သည်လည်း ငါ့ကို နားညောင်းတော်မူ၏။-
Psal BurCBCM 120:2  အိုထာ၀ရဘုရားသခင်၊ လိမ်ညာသောနှုတ်များနှင့် လှည့်ဖြားကောက်ကျစ်သော လျှာများမှ အကျွန်ုပ်ကို ကယ်တော်မူပါ။
Psal BurCBCM 120:3  အသင် လှည့်ဖြားကောက်ကျစ်သောလျှာ၊ ဘုရားသခင်သည် သင့်အား မည်သို့စီရင်မည်နည်း။ ထိုမျှမက သင့်အား မည်သို့ပြုရမည်နည်း။-
Psal BurCBCM 120:4  ကိုယ်တော်သည် သင့်ကို စစ်သူရဲ၏ထက်သော မြားဖြင့်လည်းကောင်း၊ ရဲရဲတောက်ပူလောင်နေသည့် မီးခဲများဖြင့် လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
Psal BurCBCM 120:5  ငါသည် မေရှက်ပြည်၌ နေရပြီး ကေဒါလူမျိုးတို့အလယ်တွင် တဲဖြင့်နေထိုင်ခဲ့ရသောကြောင့် အမင်္ဂလာရှိ၏။-
Psal BurCBCM 120:6  ငါသည် ငြိမ်းချမ်းသာယာခြင်းကို မုန်းတီးသောသူတို့အလယ်တွင် နေထိုင်ခဲ့ရသည်မှာ ကြာမြင့်လှပါပြီ။-
Psal BurCBCM 120:7  ငါသည် ငြိမ်းချမ်းသာယာခြင်းကို လိုလားပါသော်လည်း ထိုအကြောင်းကို ပြောဆိုသောအခါ လူတို့သည် စစ်တိုက်ရန် လိုလားကြပါ၏။
Chapter 121
Psal BurCBCM 121:1  ငါသည် တောင်များပေါ်သို့ မျှော်ကြည့်ပါ၏။ ငါ့အတွက် အကူအညီသည် မည်သည့်နေရာမှ ရောက်လာမည်နည်း။-
Psal BurCBCM 121:2  ငါ့အတွက် ကူညီစောင်မခြင်း သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော ထာ၀ရဘုရားသခင်ထံမှလာ၏။
Psal BurCBCM 121:3  ကိုယ်တော်သည် သင့်ကို ခြေချော်လဲကျစေမည်မဟုတ်။ သင့်ကို စောင့်ရှောက်တော်မူသော ကိုယ်တော်သည် အိပ်စက်တော်မမူချေ။-
Psal BurCBCM 121:4  အစ္စရာအဲလ်လူမျိုးကို စောင့်ရှောက်တော်မူသော ကိုယ်တော်သည် ငိုက်မျဉ်းအိပ်စက်လိမ့်မည်မဟုတ်။
Psal BurCBCM 121:5  ထာ၀ရဘုရားသခင်သည် သင့်ကိုစောင့်ရှောက်တော်မူ၏။ ထာ၀ရဘုရားသခင်သည် သင်၏လက်ယာဘက်တွင် အရိပ်သဖွယ်ဖြစ်တော်မူ၏။-
Psal BurCBCM 121:6  နေသည် နေ့အချိန်၌လည်းကောင်း၊ လသည်လည်း ညအချိန်၌လည်းကောင်း သင့်ကိုဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်။
Psal BurCBCM 121:7  ထာ၀ရဘုရားသခင်သည် သင့်ကို ဘေးအန္တရာယ်အပေါင်းတို့မှ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ ကိုယ်တော်သည် သင်၏အသက်ကိုကာကွယ်စောင့် ရှောက်တော်မူလိမ့်မည်။-
Psal BurCBCM 121:8  ထာ၀ရဘုရားသခင်သည် သင်၏သွားလာလှုပ်ရှားမှုတို့ကို ယခုအချိန်မှစ၍ အစဉ်ထာ၀ရ ကာကွယ်စောင့်ရှောက် တော်မူလိမ့်မည်။
Chapter 122
Psal BurCBCM 122:1  ထာ၀ရဘုရားသခင်၏ အိမ်တော်သို့ သွားကြစို့ဟူ၍ ငါ့ကိုသူတို့ပြောကြားကြသောအခါ ငါသည် ရွှင်လန်းဝမ်းမြောက်ပါ၏။-
Psal BurCBCM 122:2  အိုဂျေရုဆလင်၊ ငါတို့၏ခြေများသည် သင်၏တံခါးများအတွင်း၌ ရပ်လျက်ရှိနေကြပါ၏။
Psal BurCBCM 122:3  ဂျေရုဆလင်မြို့သည် စုစည်းကျစ်လစ်စွာ တည်ဆောက်ထားသောမြို့ဖြစ်၏။-
Psal BurCBCM 122:4  ထိုအရပ်သို့ ထာ၀ရဘုရားသခင်၏ လူမျိုးစုများဖြစ်သည့် လူမျိုးစုတို့တက်ရောက်ကြ၏။ အစ္စရာအဲလ်လူမျိုးတို့အား ချမှတ်ပေးထားသည့် ဥပဒေနှင့်အညီ သူတို့သည် ထိုအရပ်တွင် ထာ၀ရဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာ ပြုကြပါ၏။-
Psal BurCBCM 122:5  ဤနေရာသည်ကား ဒါဝိဒ်မျိုးဆက်၏ ရာဇပလ္လင်များဖြစ်ကြသည့် တရားစီရင်ရာပလ္လင်များရှိကြ၏။
Psal BurCBCM 122:6  ဂျေရုဆလင်မြို့၏ ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းပတ္ထနာပြုကြလော့။ သင့်ကို ချစ်မြတ်နိုးသူတို့သည် ချမ်းသာကြွယ်၀ကြပါစေ။-
Psal BurCBCM 122:7  သင်၏မြို့ရိုးများအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေ။ သင်၏ခံတပ်များဝန်းကျင်၌ လုံခြုံမှုရှိပါစေ။-
Psal BurCBCM 122:8  ငါ၏ညီအစ်ကိုများနှင့် မိတ်ဆွေအပေါင်းအသင်းတို့ကိုထောက်ထား၍ သင်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ငါဆိုမည်။-
Psal BurCBCM 122:9  ငါတို့အရှင် ထာ၀ရဘုရားသခင်၏ အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးကို ငါရှာမည်။
Chapter 123
Psal BurCBCM 123:1  ကောင်းကင်ဘုံ၌ စိုးစံတော်မူသော ကိုယ်တော်အား အကျွန်ုပ်မျှော်ကြည့်ပါ၏။-
Psal BurCBCM 123:2  အစေခံတို့သည် မိမိတို့သခင်၏လက်ကို ကြည့်သကဲ့သို့လည်းကောင်း၊ အစေခံမိန်းကလေးသည် မိမိသခင်မ၏လက်ကို ကြည့်သကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏ သနားကရုဏာတော်ကို အကျွန်ုပ်တို့မခံစားရမချင်း အကျွန်ုပ်တို့သည် မိမိတို့၏ အရှင် ထာ၀ရဘုရားသခင်အား မျှော်ကြည့်လျက်ရှိပါ၏။
Psal BurCBCM 123:3  အကျွန်ုပ်တို့ကို သနားတော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ပြင်းထန်စွာခံရသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 123:4  အကျွန်ုပ်တို့သည် ကောင်းစားနေသော သူတို့၏ကဲ့ရဲ့ခြင်းနှင့် မာနထောင်လွှားသောသူတို့၏ မထီမဲ့မြင်ပြုခြင်းကို ကြာမြင့်စွာ ခံစားခဲ့ကြရပါပြီ။
Chapter 124
Psal BurCBCM 124:1  ငါတို့ဘက်၌ ရပ်တည်တော်မူခဲ့သော ထာ၀ရဘုရားသခင်သာမရှိခဲ့ပါလျှင် အစ္စရာအဲလ်လူမျိုးတို့သည် ဤသို့ဆိုကြပါစေ။-
Psal BurCBCM 124:2  ရန်သူတို့သည် ငါတို့ကိုတိုက်ခိုက်ကြစဉ် ငါတို့ဘက်၌ ရပ်တည်တော်မူသော ထာ၀ရဘုရားသခင်သာမရှိခဲ့ပါလျှင်၊-
Psal BurCBCM 124:3  သူတို့သည် ငါတို့အပေါ် အမျက်ထွက်လျက် ငါတို့သည် အရှင်လတ်လတ် ဝါးမျိုခြင်းခံခဲ့ကြရပေလိမ့်မည်။-
Psal BurCBCM 124:4  ထို့နောက် ငါတို့သည် ရေလွှမ်းမိုးခြင်းကြောင့် မျောပါသွားပြီး ပြင်းထန်စွာစီးလာသည့်ရေထုသည် ငါတို့အပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပေလိမ့်မည်။-
Psal BurCBCM 124:5  အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသည့် ရေစီးကြောင်းသည်လည်း ငါတို့အပေါ် ဖြတ်ကျော်သွားခဲ့ပေလိမ့်မည်။
Psal BurCBCM 124:6  ငါတို့ကို ရန်သူတို့၏သွားများဖြင့် ကိုက်စားခံရမည့် သားကောင်အဖြစ်သို့ ရောက်စေတော်မမူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူ၏။-
Psal BurCBCM 124:7  ငှက်သည် မုဆိုး၏ကျော့ကွင်းမှလွတ်ထွက်သကဲ့သို့ ငါတို့သည် လွတ်မြောက်ခဲ့ကြလေပြီ။ ကျော့ကွင်းပြတ်သောကြောင့် ငါတို့သည် လွတ်မြောက်ခဲ့ကြရ၏။-
Psal BurCBCM 124:8  ငါတို့ခံရသည့် ကူညီစောင်မခြင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော ထာ၀ရဘုရားသခင်၏ နာမတော်၌ တည်ရှိ၏။
Chapter 125
Psal BurCBCM 125:1  ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစားသော သူတို့သည် ဖယ်ရှား၍မရနိုင်ဘဲ အစဉ်ထာ၀ရတည်မြဲသော ဇီအွန်တောင်ကဲ့သို့ ဖြစ်ကြ၏။-
Psal BurCBCM 125:2  တောင်တန်းများသည် ဂျေရုဆလင်မြို့တော်ကို ဝန်းရံထားကြသကဲ့သို့ ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ယခုအချိန်မှစ၍ ကာလအစဉ်အဆက် ဝန်းရံထားတော်မူ၏။-
Psal BurCBCM 125:3  ဖြောင့်မတ်သောသူတို့သည် မိမိတို့၏လက်ဖြင့် မကောင်းမှုကို မကျူးလွန်စေခြင်းငှာ ဆိုးမိုက်သောသူတို့၏ ရာဇလှံတံသည် ဖြောင့်မတ်သူတို့၏နိုင်ငံကို မအုပ်စိုးစေရ။-
Psal BurCBCM 125:4  အိုထာ၀ရဘုရားသခင်၊ ကောင်းမြတ်သောသူများနှင့် စိတ်နှလုံးဖြောင့်မတ်သော သူတို့အပေါ်၌ ကောင်းသောအမှုကို လုပ်ဆောင်တော်မူပါ။-
Psal BurCBCM 125:5  သို့သော် ကွေ့ကောက်သောလမ်းများသို့ လွဲမှားသွားသူများကိုမူ ကိုယ်တော်သည် ဆိုးမိုက်သူတို့နှင့်အတူ ခေါ်ထုတ်သွား တော်မူလိမ့်မည်။ အစ္စရာအဲလ်လူမျိုး၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေ။
Chapter 126
Psal BurCBCM 126:1  ထာ၀ရဘုရားသခင်သည် ပြည်နှင်ဒဏ်ခံကြရသော ငါတို့အား ဇီအွန်သို့ ပြန်လည်ခေါ်ဆောင်လာသောအခါ ငါတို့သည် အိပ်မက်မက်နေသကဲ့သို့ဖြစ်ကြ၏။-
Psal BurCBCM 126:2  ငါတို့၏နှုတ်တွင် ရယ်မောခြင်းဖြင့်လည်းကောင်း၊ ငါတို့၏လျှာတွင် ဝမ်းမြောက်စွာကြွေးကြော်ခြင်း တို့ဖြင့်လည်းကောင်း ပြည့်နှက်နေပါ၏။ ထို့နောက် တိုင်းနိုင်ငံများက ထာ၀ရဘုရားသခင်သည် ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကို ပြုတော်မူပြီဟု ဆိုကြ၏။-
Psal BurCBCM 126:3  ထာ၀ရဘုရားသခင်သည် ငါတို့အတွက် ကြီးမြတ်သောအမှုအရာတို့ကို ပြုတော်မူပြီ။ ငါတို့သည် အလွန်ဝမ်းမြောက်ကြပါ၏။
Psal BurCBCM 126:4  အိုထာ၀ရဘုရားသခင်၊ နေဂေ့သဲကန္တာရအတွင်းမှ ခြောက်သွေ့သောချောင်းများကို ရေဖြင့်ပြည့်စေသကဲ့သို့ အကျွန်ုပ်တို့၏ စီးပွားဥစ္စာကိုလည်း ပြန်လည်ပေးသနားတော်မူပါ။-
Psal BurCBCM 126:5  မျက်ရည်ကျလျက် မျိုးစေ့ကြဲရသောသူတို့သည် ဝမ်းမြောက်ဝမ်းသာဟစ်ကြွေးလျက် ရိတ်သိမ်းကြရပါစေ။-
Psal BurCBCM 126:6  မျက်ရည်ကျလျက် မျိုးစေ့များကို မျိုးကြဲရန် ယူဆောင်သွားသူသည် ကောက်လှိုင်းများကို သယ်ဆောင်လျက် ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးရင်း အိမ်သို့ပြန်လာလိမ့်မည်။
Chapter 127
Psal BurCBCM 127:1  ထာ၀ရဘုရားသခင်သည် အိမ်ကိုဆောက်လုပ်တော်မမူပါလျှင် အိမ်ဆောက်သောသူတို့၏ လုပ်ဆောင်ချက်သည် အချည်းနှီးသာဖြစ်၏။ ထာ၀ရဘုရားသခင်သည် မြို့ကိုစောင့်ရှောက်တော်မမူပါလျှင် ကင်းစောင့်သူတို့၏ မအိပ်မနေ စောင့်ကြပ်ခြင်းသည် အချည်းနှီးသာဖြစ်၏။-
Psal BurCBCM 127:2  သင်သည် နံနက်စောစောထပြီး ညဉ့်နက်ချိန်၌ အိပ်ရာဝင်ရသည့်တိုင်အောင် ပင်ပန်းစွာ လုပ်ကိုင်စားသောက်ရခြင်းသည် အချည်းနှီးသာဖြစ်၏။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိချစ်မြတ်နိုးတော်မူသော သူတို့အား အိပ်စက်ရသော အခွင့်ကို ပေးတော်မူသောကြောင့်ဖြစ်၏။
Psal BurCBCM 127:3  သားသမီးများသည် ထာ၀ရဘုရားသခင်၏ အမွေတော်ဖြစ်၏။ သူတို့သည် ကိုယ်တော်ပေးသနားတော်မူသော ဆုလာဘ်များဖြစ်ကြ၏။-
Psal BurCBCM 127:4  မိဘတို့အသက်ပျိုရွယ်စဉ် မွေးဖွားသောသားသမီးတို့သည် စစ်သူရဲ၏လက်ထဲမှ မြားတို့နှင့်တူကြ၏။-
Psal BurCBCM 127:5  မိမိ၏မြားကျည်တောက်တွင် မြားအပြည့်ရှိသောသူသည် မင်္ဂလာရှိ၏။ သူသည် ရန်သူများနှင့် တံခါး၀တွင် ရင်ဆိုင်ရသောအခါ မည်သည့်အခါမျှ အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်။
Chapter 128
Psal BurCBCM 128:1  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေလျက် ကိုယ်တော်၏တရားလမ်းများ၌ လျှောက်လှမ်း သူတိုင်းသည် မင်္ဂလာရှိ၏။-
Psal BurCBCM 128:2  သင်သည် မိမိ၏လက်ဖြင့် လုပ်ဆောင်ရာမှရရှိသော အသီးအပွင့်ကို စားသုံးရလိမ့်မည်။ သင်သည် ပျော်ရွှင်ဝမ်းမြောက်ရ၍ ကြီးပွားချမ်းသာလိမ့်မည်။
Psal BurCBCM 128:3  သင်၏ဇနီးသည် အိမ်တွင် အသီးများဝေဆာနေသော စပျစ်ပင်ကဲ့သို့ဖြစ်လိမ့်မည်။ သင်၏သားသမီးများသည်လည်း သံလွင်ပင်ပေါက်ကလေးများကဲ့သို့ စားပွဲပတ်လည်တွင် ရှိကြလိမ့်မည်။-
Psal BurCBCM 128:4  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူသည် ဤနည်းတူဖြစ်ရလိမ့်မည်။
Psal BurCBCM 128:5  ထာ၀ရဘုရားသခင်သည် သင့်ကို ဇီအွန်တောင်ပေါ်မှ ကောင်းချီးပေးတော်မူလိမ့်မည်။ သင်သည် အသက်ရှင်သမျှ ကာလပတ်လုံး ဂျေရုဆလင်မြို့၏ ကြွယ်၀ချမ်းသာခြင်းကို မြင်တွေ့ရပါစေ။-
Psal BurCBCM 128:6  သင်သည် သင်၏သားသမီးတို့မှ ဖွားမြင်သောသားသမီးများကိုမြင်ရသည့်တိုင်အောင် အသက်ရှည်ပါစေ။ အစ္စရာအဲလ်လူမျိုး အပေါ် ငြိမ်းချမ်းသာယာခြင်းရှိပါစေ။
Chapter 129
Psal BurCBCM 129:1  ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ကြသည်ဟု အစ္စရာအဲလ်လူမျိုးတို့ကြွေးကြော်ကြပါစေ။-
Psal BurCBCM 129:2  ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကို ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခဲ့ကြပြီ။ သို့သော်လည်း သူတို့သည် ငါ့ကိုအနိုင်မရကြ။-
Psal BurCBCM 129:3  လယ်ထွန်သူတို့သည် ငါ၏ကျောကုန်းပေါ်တွင် လယ်ထွန်ခဲ့ကြ၍ သူတို့၏ထွန်ကြောင်းများကို ရှည်လျားစေခဲ့ကြ၏။-
Psal BurCBCM 129:4  သို့သော် ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဆိုးမိုက်သောသူတို့၏ကြိုးကို ဖြတ်တော်မူပြီ။-
Psal BurCBCM 129:5  ဇီအွန်ကို မုန်းတီးသောသူအပေါင်းတို့သည် အရှက်တကွဲဖြစ်ကြ၍ နောက်သို့ပြန်ဆုတ်ပြေးကြရပါစေ။-
Psal BurCBCM 129:6  သူတို့သည် အပင်မကြီးထွားမီ ခြောက်သွေ့သွားကြသော အိမ်ခေါင်မိုးပေါ်မှ မြက်ပင်များကဲ့သို့ ဖြစ်ကြပါစေ။-
Psal BurCBCM 129:7  ထိုမြက်ကိုရိတ်သောသူသည် လက်တစ်ဆုပ်စာမျှ မရိတ်ရ။ ရိတ်ပြီးသောမြက်တို့ကို စုစည်းသောသူသည်လည်း လက်တစ်ပွေ့စာမျှမရချေ။-
Psal BurCBCM 129:8  အနားမှဖြတ်သန်းသွားသူတို့က ထာ၀ရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် သင်တို့အပေါ်သက်ရောက်ပါစေ၊ ငါတို့သည်လည်း ထာ၀ရဘုရားသခင်၏ နာမတော်၌ သင်တို့ကို ကောင်းချီးပေးပါသည်ဟူ၍ ပြောဆိုကြလိမ့်မည်မဟုတ်။
Chapter 130
Psal BurCBCM 130:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် နက်ရှိုင်းသောအရပ်မှနေ၍ ကိုယ်တော့်ကို အော်ဟစ်တောင်းလျှောက်ပါ၏။-
Psal BurCBCM 130:2  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ် ၏အသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏တောင်း လျှောက်သံကို နားစွင့်တော်မူပါ။
Psal BurCBCM 130:3  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အပြစ်များကို ရေးမှတ်ထားတော်မူပါလျှင် မည်သူခံနိုင်ပါမည်နည်း။-
Psal BurCBCM 130:4  သို့ရာတွင် ကိုယ်တော်သည် အပြစ်များကို ခွင့်လွှတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါ၏။
Psal BurCBCM 130:5  အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော့်ကို စောင့်မျှော်နေပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကား၌ မျှော်လင့်တောင့်တပါ၏။-
Psal BurCBCM 130:6  ကင်းစောင့်သောသူတို့သည် နံနက်ချိန်ကို စောင့်ငံ့မျှော်လင့်ကြသည်ထက် အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို စောင့်ငံ့မျှော်လင့်ပါ၏။
Psal BurCBCM 130:7  အိုအစ္စရာအဲလ်လူမျိုး၊ ထာ၀ရဘုရားသခင်၌ မျှော်လင့်ကိုးစားပါလော့။ အကြောင်းမူကား ကိုယ်တော်၏ သနားကရုဏာတော်သည် တည်တံ့ခိုင်မြဲ၍ ကိုယ်တော်သည် ရွေးနုတ်ကယ်တင်လိုသော ရွှေစိတ်တော်အပြည့်အဝ ရှိတော်မူ၏။-
Psal BurCBCM 130:8  ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို သူတို့၏အပြစ်မကောင်းမှုအပေါင်းမှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။
Chapter 131
Psal BurCBCM 131:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှလုံးသား၌ မာနထောင်လွှားခြင်းမရှိပါ။ အကျွန်ုပ်၏ မျက်စိများသည်လည်း မောက်မာဝင့်ကြွားခြင်းမရှိပါ။ အကျွန်ုပ်သည် မိမိနှင့်မထိုက်တန်ဘဲ ကြီးကျယ်ခမ်းနားသော အမှုအရာတို့တွင် ပါဝင် ပတ်သက်ခြင်း မပြုပါ။-
Psal BurCBCM 131:2  အကျွန်ုပ်သည် မိခင်နို့နှင့်ကွာသော ကလေးကဲ့သို့ မိမိ၏စိတ်ဝိညာဉ်ကို ငြိမ်သက်စေပါပြီ။ အကျွန်ုပ်၏စိတ်နှလုံးသည် နို့ကွာပြီးသောကလေးကဲ့သို့ ဖြစ်နေပါ၏။
Psal BurCBCM 131:3  အိုအစ္စရာအဲလ်လူမျိုး၊ ယခုအချိန်မှစ၍ ကာလအဆက်ဆက် ထာ၀ရဘုရားသခင်၌ မျှော်လင့်ကိုးစားပါလော့။
Chapter 132
Psal BurCBCM 132:1  အိုထာ၀ရဘုရားသခင်၊ ဒါဝိဒ်မင်းကြီးနှင့် သူကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခအပေါင်းကို အောက်မေ့သတိရတော်မူပါ။-
Psal BurCBCM 132:2  သူသည် ထာ၀ရဘုရားသခင်ကို မည်ကဲ့သို့ ကတိထားခဲ့ကြောင်းနှင့် ယာကုပ်၏ ဘုန်းတန်ခိုးတော်ရှင်ကို မည်ကဲ့သို့ သစ္စာဆိုခဲ့ကြောင်းကို သတိရတော်မူပါ။-
Psal BurCBCM 132:3  ဒါဝိဒ်မင်းကြီးက အကျွန်ုပ်သည် အိမ်ကိုလည်း မပြန်သကဲ့သို့ အိပ်ရာလည်း ဝင်မည်မဟုတ်ပါ။-
Psal BurCBCM 132:4  အကျွန်ုပ်၏မျက်စိများကိုလည်း အိပ်ရသောအခွင့်ကို ပေးမည်မဟုတ်ပါ။ အကျွန်ုပ်၏မျက်ခွံများကိုလည်း မှိတ်စေမည် မဟုတ်ပါ။-
Psal BurCBCM 132:5  အကျွန်ုပ်သည် ထာ၀ရဘုရားသခင် စံမြန်းရာဌာနတော်တည်းဟူသော ယာကုပ်၏ဘုန်းတန်ခိုးတော်ရှင်အတွက် အိမ်တော်ကို တည်ဆောက်မပေးရမချင်း အထက်ပါအမှုတို့ကို ပြုလိမ့်မည်မဟုတ်ဟု ကတိသစ္စာပြုခဲ့ပါ၏။
Psal BurCBCM 132:6  ငါတို့သည် ဤအကြောင်းကို ဧဖရာသအရပ်တွင် ကြားခဲ့ကြ၍ ဂျာအာအရပ်တွင် တွေ့ခဲ့ကြ၏။-
Psal BurCBCM 132:7  ကိုယ်တော်၏အိမ်တော်သို့ သွားကြစို့။ ကိုယ်တော်၏ခြေတော် တင်ရာခုံရှေ့တွင် ရှိခိုးဝတ်ပြုကြစို့။
Psal BurCBCM 132:8  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ဘုန်းတန်ခိုးတော်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ကိုယ်တော်စံမြန်းရာဌာနသို့ တက်ကြွတော်မူပါ။-
Psal BurCBCM 132:9  ကိုယ်တော်၏ရဟန်းများသည် ဖြောင့်မတ်မှန်ကန်ခြင်းကို ဆင်မြန်းကြလျက် ကိုယ်တော်၏ သူတော်သူမြတ်တို့သည်လည်း ဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြပါစေ။-
Psal BurCBCM 132:10  ကိုယ်တော့်အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍ ကိုယ်တော် ဘိသိက်ပေးထားသောသူကို ငြင်းပယ်တော်မမူနှင့်။
Psal BurCBCM 132:11  ထာ၀ရဘုရားသခင်သည် ဖောက်ဖျက်လိမ့်မည်မဟုတ်သော မိမိ၏ကတိတော်ကို ဒါဝိဒ်အား ပေးတော်မူသည်မှာ ငါသည် သင်၏သားများထဲမှတစ်ဦးကို သင်၏ရာဇပလ္လင်၌ ခန့်ထားမည်။-
Psal BurCBCM 132:12  သင်၏သားတို့သည် ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်းကြ၍ ငါသင်ကြားသော သွန်သင်ချက်များကိုလိုက်နာကြလျှင် သူတို့၏သားများသည်လည်း သင်၏ရာဇပလ္လင်တွင် အစဉ်အမြဲ စိုးစံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
Psal BurCBCM 132:13  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဇီအွန်ကို ရွေးချယ်တော်မူသောကြောင့်တည်း။ ကိုယ်တော်သည် ဤအရပ်ကို မိမိ၏အိမ်တော်အဖြစ် အလိုရှိတော်မူလေ၏။-
Psal BurCBCM 132:14  ဤနေရာသည်ကား ငါအစဉ်ထာ၀ရ စံမြန်းတော်မူမည့်နေရာဖြစ်၏။ ငါသည် ဤအရပ်ကို အလိုရှိတော်မူသောကြောင့် ဤအရပ်တွင် စံမြန်းမည်။-
Psal BurCBCM 132:15  ငါသည် ဤအရပ်တွင် စားနပ်ရိက္ခာပေါများစေရန် ကောင်းချီးပေးမည်။ သူမ၏ဆင်းရဲသားတို့ကို စားစရာဖြင့် ၀လင် စေမည်။-
Psal BurCBCM 132:16  ငါသည် သူမ၏ရဟန်းများအား ကယ်တင်ခြင်းဖြင့် လွှမ်းခြုံပေးမည်။ သူမ၏သူတော်သူမြတ်တို့သည် ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြလိမ့်မည်။-
Psal BurCBCM 132:17  ငါသည် ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုတစ်ချောင်းကိုပေါ်ထွက်စေမည်။ ငါ့ထံမှဘိသိက်ခံရသောသူအတွက် ငါသည် ဆီမီး တိုင်ကိုပြင်ဆင်ထားလေပြီ။-
Psal BurCBCM 132:18  ငါသည် သူ၏ရန်သူများကို အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းစေမည်။ သူ့အပေါ်၌မူကား သူ၏သရဖူကို ထွန်းတောက်စေမည်။
Chapter 133
Psal BurCBCM 133:1  ညီအစ်ကိုတို့သည် တစ်လုံးတစ်၀တည်း စိတ်သဘောညီညွတ်စွာ နေထိုင်ကြသည်မှာ လွန်စွာကောင်းမြတ်၍ နှစ်သက်ဖွယ် ဖြစ်ပေ၏။-
Psal BurCBCM 133:2  ဤသို့နေထိုင်ခြင်းသည်ကား အာရွန်၏ဦးခေါင်းပေါ်တွင် ဘိသိက်သွန်းလောင်းထားသော အဖိုးတန်ဆီမွှေးသည် သူ၏ မုတ်ဆိတ်နှင့် ဝတ်ရုံလည်ပတ်တိုင်အောင် စီးဆင်းနေသကဲ့သို့ဖြစ်၏။-
Psal BurCBCM 133:3  ဤသို့နေထိုင်ခြင်းသည် ဇီအွန်တောင်ကုန်းများပေါ်သို့ကျဆင်းသည့် ဟေမွန်တောင်မှဆီးနှင်းကဲ့သို့ဖြစ်၏။ အကြောင်းမူကား ထိုအရပ်၌ ထာ၀ရဘုရားသခင်သည် ထာ၀ရအသက်တည်းဟူသော ကောင်းချီးကို ပေးတော်မူသောကြောင့်ဖြစ်၏။
Chapter 134
Psal BurCBCM 134:1  ထာ၀ရဘုရားသခင်၏အိမ်တော်တွင် ညအချိန်၌ အမှုတော်ထမ်းဆောင်ကြသော ကိုယ်တော်၏အစေခံအပေါင်းတို့၊ လာကြ၍ ထာ၀ရဘုရားသခင်အား ကောင်းချီးပေးကြလော့။-
Psal BurCBCM 134:2  သင်တို့၏လက်များကို သန့်ရှင်းရာဌာနသို့မြှောက်၍ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။
Psal BurCBCM 134:3  ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော ထာ၀ရဘုရားသခင်သည် ဇီအွန်တောင်ပေါ်မှ သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော်။
Chapter 135
Psal BurCBCM 135:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ အစေခံတို့၊ ချီးမွမ်းကြလော့။-
Psal BurCBCM 135:2  ထာ၀ရဘုရားသခင်၏ အိမ်တော်ဝန်းကျင်နှင့် ငါတို့ဘုရားသခင်၏ အိမ်တော်တွင် ရပ်နေသူတို့၊-
Psal BurCBCM 135:3  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသော ကြောင့်တည်း။ ကိုယ်တော်သည် သနားကရုဏာတော်နှင့် ပြည့်စုံတော်မူသောကြောင့် ကိုယ်တော်၏နာမတော်အား သီဆိုကျူးအေးကြလော့။-
Psal BurCBCM 135:4  အကြောင်းမူကား ကိုယ်တော်သည် ယာကုပ်အား မိမိကိုယ်တော်တိုင်အတွက်လည်းကောင်း၊ အစ္စရာအဲလ်လူမျိုးအား မိမိ၏ပိုင်ဆိုင်ရာ အဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
Psal BurCBCM 135:5  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ရှိသမျှဘုရားအပေါင်းတို့ထက် မြင့်မြတ်တော်မူသည်ကို ငါသိ၏။-
Psal BurCBCM 135:6  ထာ၀ရဘုရားသခင်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်အောက်နက်ရှိုင်းရာ အရပ်များ၌လည်းကောင်း အလိုတော်ရှိရာအားလုံးကို ပြုတော်မူ၏။-
Psal BurCBCM 135:7  ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းမှ မိုးတိမ်များတက်လာစေတော်မူ၍ မိုးရွာသွန်းစေရန် လျှပ်စီးလက်ခြင်းကို ဖန်ဆင်းတော်မူ၍ လေကို မိမိသိမ်းဆည်းထားရာနေရာများမှ ထုတ်ဆောင်လာတော်မူ၏။
Psal BurCBCM 135:8  ကိုယ်တော်သည် အီဂျစ်ပြည်တွင် လူနှင့်တိရစ္ဆာန်တို့၏ သားဦးများကို တိုက်ခိုက်တော်မူခဲ့၏။-
Psal BurCBCM 135:9  အိုအီဂျစ်ပြည်၊ ကိုယ်တော်သည် ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကို ဒဏ်ခတ်ရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို သင်၏အလယ်သို့စေလွှတ်တော်မူ၏။-
Psal BurCBCM 135:10  ကိုယ်တော်သည် များစွာသောတိုင်းနိုင်ငံတို့ကို ဖျက်ဆီး၍ အင်အားကြီးသည့် ဘုရင်များဖြစ်ကြသော၊-
Psal BurCBCM 135:11  အာမောဘုရင်ဆီဟွန်၊ ဘာရှန်ဘုရင်ဩဂနှင့် ကာနန်ပြည်အတွင်းရှိ ဘုရင်အပေါင်းတို့ကို သုတ်သင်တော်မူ၍၊-
Psal BurCBCM 135:12  ထိုသူတို့၏ နယ်မြေများကို မိမိ၏လူမျိုးတော်ဖြစ်သော အစ္စရာအဲလ်လူမျိုးအား အမွေအဖြစ် ပေးတော်မူ၏။
Psal BurCBCM 135:13  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်သည် အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ဘုန်းတော် ထင်ရှားကျော်စောခြင်းသည် အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။-
Psal BurCBCM 135:14  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိလူမျိုးတော်အတွက်စီရင်၍ ကိုယ်တော်သည် မိမိ၏အစေခံများအပေါ် သနားကရုဏာထားတော်မူ၏။
Psal BurCBCM 135:15  လူမျိုးခြားအပေါင်းတို့ ကိုးကွယ်ကြသော ရုပ်တုများသည် ရွှေနှင့်ငွေတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ဤရုပ်တုများသည် လူတို့၏လက်ဖြင့်ထုလုပ်ထားသော အရာများဖြစ်ကြ၏။-
Psal BurCBCM 135:16  ထိုရုပ်တုများ၌ နှုတ်ရှိသော်လည်း ၎င်းတို့သည် စကားမပြောနိုင်ကြ။ ၎င်းတို့၌ မျက်စိများပါရှိသော်လည်း မမြင်နိုင်ကြ။-
Psal BurCBCM 135:17  ထိုရုပ်တုများတွင် နားများရှိသော်လည်း ၎င်းတို့သည် မကြားနိုင်ကြ။ ၎င်းတို့၏ခံတွင်းများတွင် ထွက်သက်ဝင်သက်လည်း မရှိကြပေ။-
Psal BurCBCM 135:18  ဤရုပ်တုများကို ထုလုပ်သူများနှင့် ယုံကြည်ကိုးစားသူရှိသမျှတို့သည် ၎င်းတို့ကဲ့သို့ဖြစ်ကြပါစေ။
Psal BurCBCM 135:19  အိုအစ္စရာအဲလ်အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ အိုအာရွန်အမျိုးအနွယ်တို့၊ ထာ၀ရ ဘုရားသခင်ကို ကောင်းချီးပေးကြလော့။-
Psal BurCBCM 135:20  လေဝိအမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြသော သူအပေါင်းတို့၊ ကိုယ်တော့်ကို ကောင်းချီးပေးကြလော့။-
Psal BurCBCM 135:21  ဂျေရုဆလင်မြို့တွင် စံပယ်တော်မူသော ထာ၀ရဘုရားသခင်သည် ဇီအွန်တောင်ပေါ်တွင် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါစေသော်။ ထာ၀ရဘုရားသခင် အား ချီးမွမ်းထောမနာပြုကြလော့။
Chapter 136
Psal BurCBCM 136:1  ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:2  ဘုရားအပေါင်းတို့၊ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာ တော်သည် အစဉ်ထာ၀ရတည်မြဲတော်မူ၏။-
Psal BurCBCM 136:3  အရှင်သခင်တို့၏ အရှင်သခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။
Psal BurCBCM 136:4  ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြီးကျယ်သောအံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူပါ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:5  ကိုယ်တော်သည် ဉာဏ်ပညာတော်အားဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရု ဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:6  ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ရေပြင်ပေါ်၌ ဖြန့်ထားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည် မြဲတော်မူသောကြောင့် ဖြစ်၏။-
Psal BurCBCM 136:7  ကိုယ်တော်သည် ကြီးမားသောအလင်းတို့ကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်တော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:8  ကိုယ်တော်သည် နေ့ကို အုပ်စိုးစေရန် နေကိုဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:9  ကိုယ်တော်သည် ညကိုအုပ်စိုးစေရန် လနှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။
Psal BurCBCM 136:10  ကိုယ်တော်သည် အီဂျစ်လူမျိုးများ၏သားဦးတို့ကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:11  ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို အီဂျစ်လူမျိုးတို့၏လက်ထဲမှ ခေါ်ဆောင်လာတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:12  ကိုယ်တော်သည် ခွန်အားကြီးသော လက်တော်နှင့် လက်ရုံးတော်ကိုဆန့်တန်း၍ ခေါ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:13  ကိုယ်တော်သည် ပင်လယ်နီကို နှစ်ပိုင်းကွဲစေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:14  ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးအား ထိုပင်လယ်ကို ဖြတ်လျှောက်စေလျက် ခေါ်ဆောင်သွားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:15  သို့သော် ကိုယ်တော်သည် ဖာရောဘုရင်နှင့် သူ၏တပ်ကို ပင်လယ်နီတွင် နစ်မြုပ်စေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:16  ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား တောကန္တာရကိုဖြတ်သန်းစေလျက် လမ်းပြခေါ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:17  ကိုယ်တော်သည် အင်အားကြီးသောဘုရင်များကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:18  ကိုယ်တော်သည် ထင်ရှားကျော်စောသော ဘုရင်များကို ကွပ်မျက်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:19  ကိုယ်တော်သည် အာမောလူမျိုးတို့၏ဘုရင် ဆီဟွန်ကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည် မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:20  ကိုယ်တော်သည် ဘာရှန်ဘုရင်ဩဂကိုလည်း သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:21  ကိုယ်တော်သည် ထိုသူတို့၏နယ်မြေများကို မိမိ၏လူမျိုးတော်အား အမွေတော်အဖြစ် ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:22  ကိုယ်တော်သည် မိမိ၏အစေခံ အစ္စရာအဲလ်အား အမွေတော်အဖြစ် ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။
Psal BurCBCM 136:23  ကိုယ်တော်သည် နိမ့်ကျ၍ဆင်းရဲဒုက္ခရောက်နေသော ငါတို့ကို သတိရအောက်မေ့တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:24  ကိုယ်တော်သည် ငါတို့ကို ရန်သူများ၏လက်မှ လွတ်မြောက်စေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာ တော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 136:25  ကိုယ်တော်သည် သတ္တဝါအပေါင်းတို့အား စားစရာကို ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။
Psal BurCBCM 136:26  ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။
Chapter 137
Psal BurCBCM 137:1  ငါတို့သည် ဇီအွန်မြို့ကို သတိရကြသောအခါ ဘာဘီလွန်ပြည်၏မြစ်များအနီးတွင် ထိုင်၍ ငိုကြွေးခဲ့ကြ၏။-
Psal BurCBCM 137:2  ငါတို့သည် ထိုအရပ်ရှိ မိုးမခပင်များပေါ်တွင် ငါတို့၏စောင်းများကို ချိတ်ဆွဲခဲ့ကြရ၏။-
Psal BurCBCM 137:3  ငါတို့ကို ဖမ်းဆီးခေါ်ဆောင်လာသူများက ငါတို့အား သီချင်းသီဆိုစေကြ၍ ငါတို့ကို ညှဉ်းပန်းနှိပ်စက်သူတို့က ဝမ်းမြောက် စရာသီချင်းကို တောင်းခံလျက် ငါတို့အား ဇီအွန်မြို့မှ သီချင်းတစ်ပုဒ်ကို သီဆိုပြပါလော့ဟု ပြောဆိုကြ၏။
Psal BurCBCM 137:4  ငါတို့သည် ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုသော သီချင်းကို တိုင်းတစ်ပါးအရပ်တွင် မည်ကဲ့သို့ သီဆိုနိုင်ကြပါမည်နည်း။-
Psal BurCBCM 137:5  အိုဂျေရုဆလင်၊ ငါသည် သင့်ကို မေ့လျော့မိပါလျှင် ငါ၏လက်ယာလက်သည် မလှုပ်ရှားနိုင်ဘဲ ခြောက်သွေ့သွားပါစေ။-
Psal BurCBCM 137:6  ငါသည် သင့်ကို သတိမရလျှင်သော်လည်းကောင်း၊ သင့်ကို ဝမ်းသာ၍ အပျော်ရွှင်ဆုံးသောမြို့အဖြစ် မသတ်မှတ်လျှင်သော် လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။
Psal BurCBCM 137:7  အိုထာ၀ရဘုရားသခင်၊ ဂျေရုဆလင်မြို့ကြီး ကျဆုံးသောနေ့၌ ဤမြို့ကိုဖြိုဖျက်ကြလော့၊ မြို့ရိုးအောက်ခြေတိုင်အောင် ဖြိုချကြလော့ဟု ဧဒွမ်လူမျိုးတို့ပြောဆိုခဲ့ကြသည်ကို သတိရတော်မူပါ။-
Psal BurCBCM 137:8  အိုဘာဘီလွန်၏သမီး၊ ဖျက်ဆီးသူအသင်၊ သင်ပြုခဲ့သမျှအတွက် သင့်ကို လက်စားချေသောသူသည် မင်္ဂလာရှိ၏။-
Psal BurCBCM 137:9  သင်၏ကလေးသူငယ်တို့ကို ဆွဲကိုင်၍ ကျောက်ဆောင်တွင် ပေါက်သတ်သောသူသည် မင်္ဂလာရှိ၏။
Chapter 138
Psal BurCBCM 138:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ဘုရားများ၏ရှေ့တွင် ချီးမွမ်းထောမနာပြုပါ၏။-
Psal BurCBCM 138:2  အကျွန်ုပ်သည် ကိုယ်တော်၏ မွန်မြတ်သန့်ရှင်းသော ဗိမာန်တော်ကိုမျက်နှာမူလျက် ရိုသေဦးညွတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်တို့အတွက် နာမတော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိ၏နာမတော်နှင့် ကတိတော်ကို အရာခပ်သိမ်းတို့ထက် ချီးမြှောက်တော်မူပြီ။-
Psal BurCBCM 138:3  အကျွန်ုပ် ဟစ်ခေါ်သောနေ့၌ ကိုယ်တော်သည် အကျွန်ုပ်ကို နားညောင်းတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ခွန်အားတိုးပွားစေတော်မူ၏။
Psal BurCBCM 138:4  အိုထာ၀ရဘုရားသခင်၊ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားတို့ကို ကြားနာကြရ သောကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။-
Psal BurCBCM 138:5  သူတို့သည် ထာ၀ရဘုရားသခင်၏ တရားလမ်းများအကြောင်းကို သီချင်းဆို၍ ချီးမွမ်းကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် ကြီးမားတော်မူသောကြောင့်ဖြစ်၏။-
Psal BurCBCM 138:6  အကြောင်းမူကား ကိုယ်တော်သည် အလွန်မြင့်မြတ်သော်လည်း ယုတ်ညံ့သောသူတို့ကို ကြည့်ရှုတော်မူ၏။ မောက်မာ ထောင်လွှားသော သူတို့ကိုမူကား ကိုယ်တော်သည် အဝေးမှပင် သိတော်မူ၏။
Psal BurCBCM 138:7  အကျွန်ုပ်သည် ဘေးဒုက္ခများအလယ်၌ လျှောက်လှမ်းနေရပါသော်လည်း ကိုယ်တော်သည် အကျွန်ုပ်၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည် မိမိ၏လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုဆန့်ကျင်သော ရန်သူတို့၏ အမျက်ဒေါသကို ဟန့်တားလျက် အကျွန်ုပ်ကိုကယ်ဆယ်တော်မူ၏။-
Psal BurCBCM 138:8  ကိုယ်တော်သည် အကျွန်ုပ်အတွက် မိမိ၏စီမံကိန်းတော်ကို ပြီးမြောက်ပြည့် စုံစေတော်မူ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်တည်မြဲတော်မူပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်တော်မူသောအမှု တော်ကို စွန့်ပစ်တော်မမူပါနှင့်။
Chapter 139
Psal BurCBCM 139:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ဆေးရွေးချယ်ခဲ့၍ အကျွန်ုပ်ကို သိတော်မူပါ၏။-
Psal BurCBCM 139:2  ကိုယ်တော်သည် အကျွန်ုပ်ထိုင်သောအချိန်နှင့် ထသောအချိန်တို့ကို သိတော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ အကြံအစည်များကို အဝေးကပင် သိမြင်တော်မူပါ၏။-
Psal BurCBCM 139:3  ကိုယ်တော်သည် အကျွန်ုပ်လျှောက်လှမ်းသောလမ်းနှင့် အကျွန်ုပ်အနားယူချိန်တို့ကို စစ်ဆေးသိရှိတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ် ပြုလုပ်သမျှတို့ကို သိမြင်တော်မူပါ၏။-
Psal BurCBCM 139:4  အကျွန်ုပ်၏နှုတ်မှ စကားတစ်ခွန်းမျှမထွက်မီ ကိုယ်တော်သည် အားလုံးကို သိပြီးဖြစ်တော်မူပါ၏။-
Psal BurCBCM 139:5  ကိုယ်တော်သည် အကျွန်ုပ်ကို ရှေ့နောက်ဝန်းရံ၍ စောင့်ရှောက်တော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်၌ လက်တော်ကိုတင်တော်မူပါ၏။-
Psal BurCBCM 139:6  ဤကဲ့သို့သိရှိတော်မူခြင်းသည် အကျွန်ုပ်အတွက် အလွန်ထူးဆန်းအံ့ဩဖွယ်ဖြစ်ပါ၏။ ဤအသိဉာဏ်သည် မြင့်မားနက်နဲ လှသောကြောင့် အကျွန်ုပ်နားမလည်နိုင်ပါ။
Psal BurCBCM 139:7  ကိုယ်တော်၏ ဝိညာဉ်တော်နှင့်ဝေးရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားရပါမည်နည်း။ ကိုယ်တော်၏ မျက်မှောက်တော်မှ လွတ်မြောက်နိုင်ရန် မည်သည့်အရပ်သို့ အကျွန်ုပ် ထွက်ပြေးရပါမည်နည်း။-
Psal BurCBCM 139:8  အကျွန်ုပ်သည် ကောင်းကင်သို့တက်ပါလျှင် ကိုယ်တော်သည် ထိုအရပ်၌ ရှိတော်မူ၏။ အကျွန်ုပ်သည် မရဏနိုင်ငံတွင် အိပ်ရာကိုခင်းသောအခါ ကိုယ်တော်သည် ထိုအရပ်၌ ရှိတော်မူ၏။-
Psal BurCBCM 139:9  အကျွန်ုပ်သည် နံနက်အရုဏ်ဦး၏ အတောင်တို့ဖြင့်ပျံသန်း၍ ပင်လယ်သမုဒ္ဒရာတစ်ဖက်စွန်းတွင် သွားရောက်နေထိုင် ပါလျှင်လည်း၊-
Psal BurCBCM 139:10  ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်ကို ဦးဆောင်မည်ဖြစ်၍ လက်ယာလက်တော်သည် အကျွန်ုပ်ကိုကူမပါလိမ့်မည်။-
Psal BurCBCM 139:11  အကယ်၍အမှောင်ထုသည် အကျွန်ုပ်ကိုဖုံးလွှမ်း၍ အကျွန်ုပ်၏ပတ်လည်တွင်ရှိသော အလင်းကို ညအဖြစ်သို့ပြောင်းလဲ ပါစေဟု အကျွန်ုပ်ဆိုခဲ့ပါလျှင်၊-
Psal BurCBCM 139:12  အမှောင်ထုသည်ပင်လျှင် ကိုယ်တော့်အတွက် အမှောင်မဟုတ်ပါ။ ညသည်လည်း နေ့ကဲ့သို့ လင်းလျက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်နှင့်အလင်းသည် ကိုယ်တော့်အတွက် အတူတူပင်ဖြစ်သောကြောင့်တည်း။
Psal BurCBCM 139:13  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို ဖန်ဆင်း၍ အကျွန်ုပ်ကို အမိဝမ်းတွင်း၌ အတူတကွဆက်စပ်ထားတော်မူ၏။-
Psal BurCBCM 139:14  ကိုယ်တော်သည် ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာတို့သည် ထူးဆန်းအံ့ဩဖွယ်ကောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းစွာသိတော်မူပါ၏။-
Psal BurCBCM 139:15  အကျွန်ုပ်သည် မထင်ရှားသောနေရာတွင် ဖန်ဆင်းခံရ၍ ကမ္ဘာမြေကြီးအောက် နက်ရှိုင်းသောအရပ်၌ သေချာစွာ ပုံသွင်းခြင်းခံရချိန်တွင် အကျွန်ုပ်၏အရိုးတို့သည် ကိုယ်တော်၏မျက်မှောက်တော်မှ ဖုံးကွယ်ခြင်းမရှိပါ။-
Psal BurCBCM 139:16  အကျွန်ုပ်၏ကိုယ်ခန္ဓာရုပ်လုံး မပေါ်မီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ကြည့်မြင်တော်မူပြီးဖြစ်ပါ၏။ အကျွန်ုပ်၏ နေ့ရက်များသည်လည်း ယင်းတို့မဖြစ်ပေါ်မီကတည်းကပင် ကိုယ်တော်၏မှတ်တမ်းစာအုပ်၌ ရေးမှတ်ထားပြီးဖြစ်ပါ၏။-
Psal BurCBCM 139:17  အိုဘုရားသခင်၊ ကိုယ်တော်၏အကြံအစည်တော်တို့သည် အကျွန်ုပ်အတွက် လွန်စွာအဖိုးတန်ပါ၏။ ကိုယ်တော်၏ အကြံအစည်တော်တို့သည် များပြားလှပေသည်တကား။-
Psal BurCBCM 139:18  အကျွန်ုပ်သည် ထိုအကြံအစည်တော်တို့ကို ရေတွက်ရပါလျှင် ယင်းတို့သည် သဲပွင့်များထက် ပို၍များပြားပါလိမ့်မည်။ အကျွန်ုပ်သည် အိပ်ရာမှနိုးထသောအခါ ကိုယ်တော်နှင့် အတူရှိနေပါ၏။
Psal BurCBCM 139:19  အိုဘုရားသခင်၊ ကိုယ်တော်သည် ဆိုးမိုက်သောသူများကို သုတ်သင်တော်မူပါလျှင် ကောင်းပေစွ။ ထိုအခါ သွေးဆာနေသော သူတို့သည် အကျွန်ုပ်ထံမှ ထွက်ခွာသွားကြပါလိမ့်မည်။-
Psal BurCBCM 139:20  ထိုသူတို့သည် ကိုယ်တော့်ကို ဆိုးယုတ်စွာ ထိခိုက်ပြောဆိုကြပါ၏။ ကိုယ်တော်၏ ရန်သူများသည် ကိုယ်တော်၏ နာမတော်ကို ပုတ်ခတ်ပြောဆိုကြပါ၏။-
Psal BurCBCM 139:21  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို မုန်းတီးသူတို့အား မုန်းတီးသည်မဟုတ်ပါလော။ အကျွန်ုပ်သည် ကိုယ်တော့်ကို ပုန်ကန်သောသူတို့အား စက်ဆုပ်ရွံရှာသည် မဟုတ်ပါလော။-
Psal BurCBCM 139:22  အကျွန်ုပ်သည် သူတို့ကို အမှန်ပင်မုန်းတီးပါ၏။ အကျွန်ုပ်သည် သူတို့ကို အကျွန်ုပ်၏ ရန်သူများကဲ့သို့ မှတ်ယူပါ၏။-
Psal BurCBCM 139:23  အို ဘုရားသခင်၊ အကျွန်ုပ်ကိုရှာဖွေ၍ အကျွန်ုပ်၏နှလုံးသားကို သိမြင်တော်မူပါ။ အကျွန်ုပ်ကို စုံစမ်း၍ အကျွန်ုပ်၏ အကြံအစည်တို့ကို သိမြင်တော်မူပါ။-
Psal BurCBCM 139:24  အကျွန်ုပ်၌ ဆိုးမိုက်သောလမ်းစဉ်ရှိ၊ မရှိကြည့်တော်မူပါ။ အကျွန်ုပ်ကို ထာ၀ရတည်ရှိသော လမ်းစဉ်သို့ ဦးဆောင်တော်မူပါ။
Chapter 140
Psal BurCBCM 140:1  အိုထာ၀ရဘုရားသခင်၊ ဆိုးမိုက်သောသူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကြမ်းတမ်းသောသူတို့၏ ဘေးရန်မှ အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်တော်မူပါ။-
Psal BurCBCM 140:2  သူတို့သည် မကောင်းမှုကိုပြုလုပ်ရန် သူတို့၏စိတ်နှလုံး၌ ကြံစည်၍ စစ်မက်ဖြစ်ပွားစေရန် အဆက်မပြတ်လှုံ့ဆော်ကြပါ၏။-
Psal BurCBCM 140:3  သူတို့သည် မြွေကဲ့သို့ မိမိတို့၏လျှာကို ထက်အောင်သွေးကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဟောက်၏အဆိပ်ရှိပါ၏။
Psal BurCBCM 140:4  အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကို ကာကွယ်တော်မူပါ။ ကြမ်းတမ်းသောသူတို့၏ ဘေးရန်မှ အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်တော်မူပါ။ သူတို့သည် အကျွန်ုပ်၏ခြေလှမ်းများကို ယိမ်းယိုင်အောင် ကြံစည်ကြပါပြီ။-
Psal BurCBCM 140:5  မောက်မာထောင်လွှားသောသူတို့သည် အကျွန်ုပ်အတွက် ထောင်ချောက်ဆင်ထားကြပါ၏။ သူတို့သည် ကြိုးများဖြင့် ပိုက်ကွန်ကို ဖြန့်ကြပါ၏။ သူတို့သည် လမ်းပေါ်တွင် ညွတ်ကွင်းများကို ထောင်ထားကြပါ၏။
Psal BurCBCM 140:6  ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်ပါသည်ဟု ထာ၀ရဘုရားသခင်အား လျှောက်ထားပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။-
Psal BurCBCM 140:7  အကျွန်ုပ်၏သခင် ဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အင်အားကြီးသော ကယ်တင်ရှင်၊ စစ်တိုက်ရသောနေ့တွင် ကိုယ်တော်သည် အကျွန်ုပ်၏ဦးခေါင်းကို ကာကွယ်ပေးထားခဲ့ပါပြီ။-
Psal BurCBCM 140:8  အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူ၏ အလိုဆန္ဒကို မပြည့်စုံပါစေနှင့်။ သူ၏မကောင်းသော အကြံအစည်ကိုလည်း မအောင်မြင်ပါစေနှင့်။
Psal BurCBCM 140:9  အကျွန်ုပ်ကို ဝိုင်းရံထားသောသူတို့သည် မိမိတို့၏ဦးခေါင်းများကို မော့ထားကြပါ၏။ သူတို့၏နှုတ်မှထွက်သော မကောင်းမှုသည် သူတို့အပေါ်လွှမ်းမိုးပါစေ။-
Psal BurCBCM 140:10  မီးတောက်နေသော မီးကျီးခဲများသည် သူတို့အပေါ်သို့ ကျရောက်ပါစေ။ သူတို့သည် တွင်းထဲသို့ပစ်ချခြင်းခံရပြီး မည်သည့်အခါမျှ ပြန်မထပါစေနှင့်။-
Psal BurCBCM 140:11  လိမ်ညာလှည့်ဖြားသူတို့သည် မြေပေါ်တွင် နေသားတကျမဖြစ်ပါစေနှင့်။ မကောင်းမှုဒုစရိုက်သည် ကြမ်းတမ်းသော သူတို့အပေါ်သို့ အလျင်အမြန် လိုက်လံဖျက်ဆီးပါစေ။
Psal BurCBCM 140:12  ထာ၀ရဘုရားသခင်သည် ဆင်းရဲဒုက္ခရောက်နေသူတို့ဘက်မှ ကာကွယ်စောင့်ရှောက်တော်မူကြောင်းနှင့် ချို့တဲ့နွမ်းပါးသူတို့ဘက်မှ တရားစီရင်တော်မူကြောင်းကို အကျွန်ုပ်သိပါ၏။-
Psal BurCBCM 140:13  ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်အား အမှန်ပင်ကျေးဇူးတင် ချီးမွမ်းကြပါလိမ့်မည်။ တရားသောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ နေကြရပါလိမ့်မည်။
Chapter 141
Psal BurCBCM 141:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန် ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်ကို ခေါ်တသောအခါ အကျွန်ုပ်၏အသံကို နားညောင်းတော်မူပါ။-
Psal BurCBCM 141:2  အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို မီးရှို့ပူဇော်ရာနံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်၏လက် ပင့်မြှောက်ခြင်းကို ညဉ့်ဦးယံပူဇော်သကာ ကဲ့သို့လည်းကောင်း မှတ်ယူတော်မူပါ။
Psal BurCBCM 141:3  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်ကို စောင့်ကြပ်ပေးတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်ရှောက်တော်မူပါ။-
Psal BurCBCM 141:4  အကျွန်ုပ်သည် မကောင်းမှုကိုပြုသော သူတို့၏အပေါင်းအသင်းတွင် ပါဝင်၍ မိုက်မဲဆိုးယုတ်သော အမှုအရာတို့တွင် အချိန်မကုန်စေခြင်းငှာ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုများဘက်သို့ လှည့်စေတော်မမူပါနှင့်။ ထိုသူတို့၏ စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်စားရန် ခွင့်ပြုတော်မမူပါနှင့်။
Psal BurCBCM 141:5  ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို သနားကရုဏာဖြင့် ရိုက်နှက်ဆုံးမပါစေ။ သို့သော် ဆိုးယုတ်သောသူ၏ဆီဖြင့် အကျွန်ုပ်၏ဦးခေါင်းကို မည်သည့်အခါမျှမလိမ်းကျံပါစေနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် သူတို့၏ မကောင်းမှုဒုစရိုက်ကို ဆန့်ကျင်၍ အဆက်မပြတ်ဆု တောင်းပတ္ထနာပြုသောကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 141:6  သူတို့၏ခေါင်းဆောင်များသည် ချောက်ကမ်းပါးမှ ပစ်ချခြင်းခံကြရသောအခါ အကျွန်ုပ်၏စကားများသည် ဆီလျော်၍ နားညောင်းခံရကြောင်းကို သူတို့သိကြပါလိမ့်မည်။-
Psal BurCBCM 141:7  လူတစ်ဦးသည် မြေကိုထွန်၍ တူးဆွသကဲ့သို့ ထိုသူတို့၏အရိုးများသည် မရဏနိုင်ငံ၏ တံခါး၀တွင် ပြန့်ကျဲလျက် ရှိကြလိမ့်မည်။
Psal BurCBCM 141:8  အိုထာ၀ရအရှင် ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို မျှော်ကြည့်လျက်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၌ ခိုလှုံကိုးစားပါ၏။ အကျွန်ုပ်ကို အကာအကွယ်မဲ့ ဖြစ်စေတော်မမူပါနှင့်။-
Psal BurCBCM 141:9  အကျွန်ုပ်အတွက် သူတို့ထောင်ထားသောထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ ကျော့ကွင်းမှလည်းကောင်း အကျွန်ုပ်ကို ကာကွယ်တော်မူပါ။-
Psal BurCBCM 141:10  အကျွန်ုပ်သည် ထောင်ချောက်မှ လွတ်မြောက်သွားသောအခါ ဆိုးယုတ်သောသူတို့သည် မိမိတို့ထောင်ထားသော ကျော့ကွင်းထဲသို့ အတူတကွကျ ကြပါစေသော်။
Chapter 142
Psal BurCBCM 142:1  ငါသည် ထာ၀ရဘုရားသခင်ကို အော်ဟစ်၍ ခေါ်တပါ၏။ ငါ၏အသံကိုမြှင့်၍ ထာ၀ရဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ပါ၏။-
Psal BurCBCM 142:2  ငါသည် ငါ၏အခက်အခဲရှိသမျှကို ကိုယ်တော်၏ရှေ့တော်၌ ဖော်ပြတိုင်တန်း၍ ငါ၏ဒုက္ခရှိသမျှကို ကိုယ်တော်အား လျှောက် ထားပါ၏။-
Psal BurCBCM 142:3  အကျွန်ုပ်သည် စိတ်ပျက်အားလျော့နေသောအခါ ကိုယ်တော်သည် အကျွန်ုပ်သွားသောလမ်းကို သိတော်မူပါ၏။ အကျွန်ုပ်လျှောက်သည့်လမ်း၌ ရန်သူတို့သည် အကျွန်ုပ်အတွက် ထောင်ချောက်ဆင်ထားကြပါ၏။-
Psal BurCBCM 142:4  ငါသည် လက်ယာဘက်သို့ ကြည့်လိုက်သောအခါ ငါ့ကိုသိကျွမ်းသူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါအဖို့ ခိုလှုံအားကိုးစရာ လည်းမရှိ။ မည်သူမျှ ငါ့ကိုဂရုမစိုက်ကြပေ။
Psal BurCBCM 142:5  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အော်ဟစ်အသနားခံပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ခိုလှုံအားကိုးရာဖြစ်၍ အသက်ရှင်သောသူတို့၏နိုင်ငံတွင် အကျွန်ုပ်ခံစားရမည့် အမွေတော်ဖြစ်တော်မူသည်ဟု အကျွန်ုပ် ပြောဆိုပါ၏။-
Psal BurCBCM 142:6  အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အလွန်ပင် စိတ်ပျက် အားလျော့နေသောကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သော သူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကြောင်းမူကား ထိုသူတို့သည် အကျွန်ုပ်အတွက် အင်အားကြီးမားလွန်းသော ကြောင့်ဖြစ်ပါ၏။-
Psal BurCBCM 142:7  အကျွန်ုပ်ကို ထောင်ထဲမှ ကယ်ထုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို ကျေးဇူးတင်ချီးမွမ်းပါမည်။ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကိုဝန်းရံထားကြပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူသော ကြောင့်ဖြစ်ပါ၏။
Chapter 143
Psal BurCBCM 143:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသနားခံ တောင်းလျှောက်သံကို ကြားနာတော်မူပါ။ ကိုယ်တော်၏သစ္စာရှိခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် အကျွန်ုပ်ကို တုံ့ပြန်တော်မူပါ။-
Psal BurCBCM 143:2  ကိုယ်တော်၏အစေခံဖြစ်သော အကျွန်ုပ်ကို တရားစီရင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သူတစ်ဦးမျှ ကိုယ်တော်၏ရှေ့မျက်မှောက်တော်တွင် အပြစ်ကင်းစင်သူမဟုတ်ပါ။
Psal BurCBCM 143:3  ရန်သူသည် အကျွန်ုပ်နောက်မှ လိုက်လံညှဉ်းဆဲပါပြီ။ သူသည် အကျွန်ုပ်ကို မြေပေါ်သို့လဲကျသည်အထိ အရေးနိမ့်စေပါပြီ။ သူသည် အကျွန်ုပ်ကို ကာလကြာမြင့်စွာက သေဆုံးနေသောသူကဲ့သို့ မှောင်မိုက်ထဲတွင် ပစ်ထားပါ၏။-
Psal BurCBCM 143:4  သို့ဖြစ်၍ အကျွန်ုပ်သည် အားအင်ကုန်ခန်းပြီး ယိုင်လဲလုမတတ်ဖြစ်နေပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် စိတ်ပျက်အားလျော့ လျက်ရှိပါ၏။
Psal BurCBCM 143:5  အကျွန်ုပ်သည် ရှေးလွန်ခဲ့ပြီးသောနေ့ရက်များကို အောက်မေ့သတိရပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ပြု လုပ်တော်မူသမျှ တို့ကို ဆင်ခြင်နှလုံးသွင်းပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်တော်မူသော အရာများကို အကျွန်ုပ်ပြန်လည်သတိရပါ၏။-
Psal BurCBCM 143:6  အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းထားပါ၏။ ခြောက်သွေ့သောမြေသည် ရေကိုလိုအပ်နေသကဲ့သို့ အကျွန်ုပ်သည် ကိုယ်တော့်ကိုတမ်းတပါ၏။
Psal BurCBCM 143:7  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို အလျင်အမြန် တုံ့ပြန်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်အားလျော့နေပါပြီ။ အကျွန်ုပ်သည် တွင်းထဲသို့ကျသောသူတို့ကဲ့သို့ မဖြစ်ရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မမူပါနှင့်။-
Psal BurCBCM 143:8  အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို နံနက်ချိန်၌ ကြားနာပါရစေ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၌ ယုံကြည်ကိုးစားသောကြောင့် ဖြစ်ပါ၏။ အကျွန်ုပ် လျှောက်လှမ်းသင့်သောလမ်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ကိုအာရုံပြုလျက် ရှိသောကြောင့်ဖြစ်ပါ၏။
Psal BurCBCM 143:9  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ရန်သူများ၏လက်မှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်ကို ခိုလှုံအားကိုးပါ၏။-
Psal BurCBCM 143:10  ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်ရန် အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ ကောင်းမြတ်သော ဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာပြေပြစ်သောလမ်းသို့ ပို့ဆောင်တော်မူပါစေ။
Psal BurCBCM 143:11  ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကို ဒုက္ခအခက်အခဲမှ ရွေးနုတ်တော်မူပါ။-
Psal BurCBCM 143:12  ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ဖြင့် အကျွန်ုပ်၏ ရန်သူများကို ဖယ်ရှားတော်မူပါ။ အကျွန်ုပ်ကို ရန်လိုမုန်းတီး သူတို့အားလည်း နှိမ်နင်းဖျက်ဆီးတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏အစေခံ ဖြစ်သောကြောင့်တည်း။
Chapter 144
Psal BurCBCM 144:1  အကျွန်ုပ်၏ခိုလှုံရာ ကျောက်ဆောင်တည်းဟူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်များကို စစ်တိုက်ရန်အတွက်လည်းကောင်း၊ အကျွန်ုပ်၏လက်ချောင်းများကို တိုက်ပွဲဝင်ရန်အတွက် လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။-
Psal BurCBCM 144:2  ကိုယ်တော်သည် အကျွန်ုပ်၏ ခိုလှုံရာကျောက်ဆောင်၊ အကျွန်ုပ်၏ခံတပ်၊ အကျွန်ုပ်၏ရဲတိုက်၊ အကျွန်ုပ်၏ကယ်တင်ရှင်နှင့် အကျွန်ုပ်၏ဒိုင်းလွှားဖြစ်တော်မူပါ၏။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အကျွန်ုပ်၏လက်အောက်သို့ ရောက်စေတော်မူ၏။
Psal BurCBCM 144:3  အိုထာ၀ရဘုရားသခင်၊ လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် ဤမျှအရေးတယူ တန်ဖိုးထားတော်မူပါသနည်း။ သာမန်လူသားသည် မည်သူဖြစ်၍ ကိုယ်တော်သည် သူ့ကိုဂရုစိုက်တော်မူပါသနည်း။-
Psal BurCBCM 144:4  လူသည် အသက်ရှူသွင်းသော လေနှင့်တူပါ၏။ သူ၏အသက်တာသည် ဖြတ်သန်းသွားသော အရိပ်နှင့်တူပါ၏။
Psal BurCBCM 144:5  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏မိုးကောင်းကင်ကိုညွတ်၍ ဆင်းကြွလာတော်မူပါ။ တောင်များကို တို့ထိတော်မူပါ။ ယင်းတို့မှ မီးခိုးထွက်ကြပါလိမ့်မည်။-
Psal BurCBCM 144:6  ကိုယ်တော်၏လျှပ်စီးကို လက်စေတော်မူ၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူပါ။ ကိုယ်တော်၏ လေးမြားတော်တို့ကို ပစ်သဖြင့် သူတို့ကို ရှုံးနိမ့်ပြိုကွဲစေတော်မူပါ။-
Psal BurCBCM 144:7  ကိုယ်တော်၏လက်တော်ကို အထက်အရပ်မှဆန့်တန်းတော်မူပါ။ အကျွန်ုပ်ကို ရေနက်ရာမှလည်းကောင်း၊ တိုင်းတစ်ပါး သားတို့၏ လက်ထဲမှလည်းကောင်း ကယ်ဆယ်တော်မူပါ။-
Psal BurCBCM 144:8  ထိုသူတို့သည် လိမ်ညာလှည့်ဖြားသောစကားကို နှုတ်မှပြောဆိုကြ၍ မမှန်ကန်ရာတို့ကို လက်ယာလက်ဖြင့် ပြုလုပ်ကြပါ၏။
Psal BurCBCM 144:9  အိုဘုရားသခင်၊ အကျွန်ုပ်သည် သီချင်းအသစ်ကိုသီဆို၍ ကိုယ်တော်အား ချီးမွမ်းပါမည်။ ကြိုးဆယ်ပင်ပါသော စောင်းကိုတီးလျက် ကိုယ်တော့်ကို ချီးမွမ်းပါမည်။-
Psal BurCBCM 144:10  ကိုယ်တော်သည် ဘုရင်တို့အား စစ်အောင်နိုင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်၏ကျွန် ဒါဝိဒ်ကိုလည်း ကယ်တင် တော်မူပါ၏။-
Psal BurCBCM 144:11  ရက်စက်ကြမ်းကြုတ်သော ဓား၏ဘေးရန်မှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏ လက်ထဲမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ထိုသူတို့သည် လိမ်လည်လှည့်ဖြားသော စကားများကို နှုတ်မှပြောဆိုကြ၍ မမှန်ကန်ရာတို့ကို လက်ယာလက်ဖြင့် ပြုမူကြပါ၏။
Psal BurCBCM 144:12  အကျွန်ုပ်တို့၏ သားများသည် သူတို့၏ပျိုရွယ်ချိန်၌ သန်မာကြီးထွားလာသော အပင်ပေါက်များကဲ့သို့ ဖြစ်ကြပါစေ။ အကျွန်ုပ်တို့၏ သမီးများသည် နန်းတော်ထောင့်တွင် စိုက်ထူမည့် ကျောက်တိုင်များကဲ့သို့ ဖြစ်ကြပါစေ။-
Psal BurCBCM 144:13  အကျွန်ုပ်တို့၏ ရိက္ခာတိုက်များသည် အသီးအနှံအမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေပါစေ။ အကျွန်ုပ်တို့၏ သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များတွင် ထောင်သောင်းမက တိုးပွားကြပါစေ။-
Psal BurCBCM 144:14  အကျွန်ုပ်တို့၏ နွားအုပ်များသည်လည်း ရင်သွေးကိုလွယ်ပိုက်၍ ၀ဖြိုးလေးလံကြပါစေ။ မြို့ရိုးကျိုးပေါက်ခြင်း သော်လည်းကောင်း၊ အတင်းအဓမ္မ သိမ်းယူခေါ်ဆောင်သွားခြင်းသော်လည်းကောင်း မရှိပါစေနှင့်။ အကျွန်ုပ်တို့၏လမ်းများ ပေါ်တွင်လည်း အော်ဟစ်ငိုကြွေးခြင်း မရှိပါစေနှင့်။
Psal BurCBCM 144:15  ဤကဲ့သို့ ကောင်းချီးမင်္ဂလာခံစားရသော လူမျိုးသည် မင်္ဂလာရှိ၏။ ထာ၀ရဘုရားသခင်ကို ဘုရားအဖြစ် ရှိခိုးကိုးကွယ်သော လူမျိုးသည် မင်္ဂလာရှိ၏။
Chapter 145
Psal BurCBCM 145:1  အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားနှင့် ဘုရင်ဖြစ်တော်မူသော ကိုယ်တော့်ကိုချီးမြှောက်၍ ကိုယ်တော်၏နာမတော်ကို ကာလအဆက်ဆက် ကောင်းချီးပေးပါမည်။-
Psal BurCBCM 145:2  အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော့်ကို ကောင်းချီးပေး၍ ကာလအစဉ်အဆက် ကိုယ်တော်၏ နာမတော်အား ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 145:3  ထာ၀ရဘုရားသခင်သည် ကြီးမြတ်၍ ချီးမွမ်းထောမနာပြုခြင်းကို အလွန်ခံထိုက်တော်မူ၏။ ကိုယ်တော်၏ ကြီးမြတ်တော် မူခြင်းသည် တိုင်းတာ၍မရနိုင်ပါ။
Psal BurCBCM 145:4  ကိုယ်တော်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို လူမျိုးအဆက်ဆက် ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ အံ့ဖွယ်အမှုတို့ကို ထုတ်ဖော်ကြေညာကြလိမ့်မည်။-
Psal BurCBCM 145:5  သူတို့သည် ကိုယ်တော့်ဘုန်းအာနုဘော်၏ ဂုဏ်ကျက်သရေကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ အံ့ဖွယ်အမှုအရာတို့ကို ဆင်ခြင်ထောက်ရှုပါမည်။-
Psal BurCBCM 145:6  လူတို့သည် ကြောက်မက်ဖွယ်အမှုတို့ပါဝင်သော ကိုယ်တော်၏တန်ခိုးတော်ကို ကြေညာပြောဆိုကြလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းကို ထုတ်ဖော်ကြေညာပါမည်။-
Psal BurCBCM 145:7  သူတို့သည် ကိုယ်တော်၏ အတိုင်းမသိကောင်းမြတ်တော်မူခြင်းကို ပြောဆိုကြ၍ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကျယ်လောင်စွာ သီဆိုချီးမွမ်းကြပါလိမ့်မည်။
Psal BurCBCM 145:8  ထာ၀ရဘုရားသခင်သည် ကျေးဇူးတော်နှင့်ပြည့်စုံ၍ သနားကရုဏာရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စိတ်ရှည်သည်းခံ၍ ခိုင်မြဲသော ကရုဏာမေတ္တာတော်နှင့် ကြွယ်၀တော်မူ၏။-
Psal BurCBCM 145:9  ကိုယ်တော်သည် လူအားလုံးအပေါ် ကောင်းမြတ်၍ မိမိဖန်ဆင်းထားသော အရာသတ္တဝါတို့အပေါ် သနားကြင်နာတော်မူ၏။
Psal BurCBCM 145:10  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လက်ရာတော်ရှိသမျှတို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါလိမ့်မည်။ ကိုယ်တော်၏ သူတော်သူမြတ်အပေါင်းတို့သည် ကိုယ်တော့်ကို ကောင်းချီးမင်္ဂလာပေးကြပါလိမ့်မည်။-
Psal BurCBCM 145:11  သူတို့သည် ကိုယ်တော့်နိုင်ငံတော်၏ ဘုန်းဂုဏ်တော်နှင့် ကိုယ်တော်၏တန်ခိုးတော်ကို ပြောကြားကြပါလိမ့်မည်။-
Psal BurCBCM 145:12  ဤသို့ဖြင့် လူအပေါင်းတို့သည် ကိုယ်တော်၏ အံ့ဩဖွယ်အမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းကျက်သရေတော်ကို သိရှိလာပါလိမ့်မည်။-
Psal BurCBCM 145:13  ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာ၀ရတည်ရှိသော နိုင်ငံတော်ဖြစ်၍ ကိုယ်တော်၏ ဘုန်းအာဏာတော်သည်လည်း လူမျိုးအစဉ်အဆက် တည်တော်မူပါ၏။ ထာ၀ရဘုရားသခင်သည် မိမိ၏ကတိတော်အားလုံး၌ သစ္စာတည်၍ မိမိပြုလုပ်သော အမှုတို့၌ ကရုဏာမေတ္တာတော်ကို ပြတော်မူ၏။-
Psal BurCBCM 145:14  ထာ၀ရဘုရားသခင်သည် ဒုက္ခရောက်နေသောသူတို့ကို ကူညီစောင်မ၍ လဲကျနေသောသူတို့ကို ထူမပေးတော်မူ၏။-
Psal BurCBCM 145:15  လူအပေါင်းတို့သည် ကိုယ်တော့်ကို မျှော်ကြည့်ကြ၍ ကိုယ်တော်သည် သင့်လျော်သောအချိန်၌ သူတို့အား အစားအစာကို ပေးတော်မူ၏။-
Psal BurCBCM 145:16  ကိုယ်တော်သည် လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါတိုင်း၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏။-
Psal BurCBCM 145:17  ထာ၀ရဘုရားသခင်သည် မိမိ၏လမ်းတော်တို့တွင် တရားမျှတ၍ မိမိပြုလုပ်တော်မူသော အမှုအရာတို့၌ သနားကရုဏာနှင့် ပြည့်စုံတော်မူ၏။-
Psal BurCBCM 145:18  ထာ၀ရဘုရားသခင်သည် မိမိကိုခေါ်တ၍ အသနားခံသူအပေါင်းတို့၏ အနီးတွင်ရှိတော်မူ၏။ ကိုယ်တော်သည် သစ္စာသမ္မာ တရား၌ ကိုယ်တော့်ကို အသနားခံသောသူအပေါင်းတို့၏ အနီးတွင်ရှိတော်မူ၏။-
Psal BurCBCM 145:19  ကိုယ်တော်သည် မိမိအား ကြောက်ရွံ့ရိုသေသော သူအပေါင်းတို့၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏။ ကိုယ်တော်သည် သူတို့၏အော်ဟစ်သံကိုလည်း ကြားတော်မူ၍ သူတို့ကိုကယ်တင်တော်မူ၏။-
Psal BurCBCM 145:20  ထာ၀ရဘုရားသခင်သည် မိမိကိုချစ်သော သူအပေါင်းတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့သော် ကိုယ်တော်သည် ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးသုတ်သင်တော်မူလိမ့်မည်။
Psal BurCBCM 145:21  အကျွန်ုပ်၏နှုတ်သည် ထာ၀ရဘုရားသခင်ကို အစဉ်ချီးမွမ်းထောမနာပြုပါမည်။ သက်ရှိသတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းမွန်မြတ်သော နာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးပေးကြပါစေ။
Chapter 146
Psal BurCBCM 146:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုလော့။-
Psal BurCBCM 146:2  ငါသည် အသက်ရှင်သမျှကာလပတ်လုံး ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုမည်။ ငါသည် အသက်ရှင်သမျှ ကာလပတ်လုံး ငါ၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုမည်။
Psal BurCBCM 146:3  လူသားသက်သက်ဖြစ်၍ ကယ်တင်နိုင်စွမ်းမရှိသော မင်းညီမင်းသားများကို ယုံကြည်အားကိုးခြင်းမပြုကြနှင့်။-
Psal BurCBCM 146:4  သူတို့သည် သေဆုံးသောအခါ မြေကြီးသို့ပြန် သွားကြရ၏။ ထိုနေ့၌ပင် သူတို့၏အကြံအစည်တို့သည် ပျက်စီးကြကုန်၏။
Psal BurCBCM 146:5  ယာကုပ်ဘုရားသခင်၏ ကူညီစောင်မတော်မူခြင်းခံရသူ၊ မိမိ၏ဘုရားဖြစ်သော ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစားသော သူသည် မင်္ဂလာရှိ၏။-
Psal BurCBCM 146:6  ကိုယ်တော်သည် ကောင်းကင်၊ ကမ္ဘာမြေကြီး၊ ပင်လယ်နှင့်တကွ ယင်းတို့တွင် ရှိသမျှအရာအားလုံးတို့ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည် အစဉ်ထာ၀ရသစ္စာတည်တော်မူ၏။-
Psal BurCBCM 146:7  ကိုယ်တော်သည် ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူတို့အတွက် တရားသဖြင့် စီရင်ပေးတော်မူ၏။ ကိုယ်တော်သည် ငတ်မွတ်သော သူတို့အား စားစရာကို ပေးတော်မူ၏။ ထာ၀ရဘုရားသခင်သည် အကျဉ်းချခံနေရသောသူတို့ကို လွတ်မြောက်စေတော်မူ၏။-
Psal BurCBCM 146:8  ထာ၀ရဘုရားသခင်သည် မျက်စိမမြင်သောသူတို့အား မျက်စိမြင်စေတော်မူ၏။ ကိုယ်တော်သည် လဲကျနေသူတို့ကို ထူမ၍ ဖြောင့်မတ်သူတို့ကိုချစ်မြတ်နိုးတော်မူ၏။-
Psal BurCBCM 146:9  ထာ၀ရဘုရားသခင်သည် ဧည့်သည်အာဂန္တုတို့ကို ကြည့်ရှုစောင့်ရှောက်၍ မုဆိုးမနှင့်မိဘမဲ့တို့ကို ကူညီစောင်မတော်မူ၏။ သို့သော် ကိုယ်တော်သည် ဆိုးယုတ်သူတို့၏လမ်းစဉ်ကို ပျက်စီးစေတော်မူ၏။
Psal BurCBCM 146:10  ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် စိုးစံတော်မူလိမ့်မည်။ အိုဇီအွန်၊ သင်၏ဘုရားသခင်သည် လူမျိုးအဆက်ဆက်တိုင်အောင် အစဉ်ထာ၀ရ အုပ်စိုးတော်မူလိမ့်မည်။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။
Chapter 147
Psal BurCBCM 147:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ငါတို့၏ဘုရားသခင်ထံသို့ ချီးမွမ်းထောမနာသီချင်းကို သီဆိုခြင်းသည် ကောင်းမြတ်လှပေ၏။ ကိုယ်တော်သည် ကျေးဇူးပြုသောကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုခြင်းသည် လျော်ကန် သင့်မြတ်လှပေ၏။-
Psal BurCBCM 147:2  ထာ၀ရဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ပြန်လည်တည်ဆောက်၍ ရပ်ဝေးတွင် တကွဲတပြားဖြစ်နေသော အစ္စရာအဲလ်လူမျိုးတို့ကို ပြန်လည်စုရုံးတော်မူ၏။-
Psal BurCBCM 147:3  ကိုယ်တော်သည် စိတ်နှလုံးကြေကွဲသောသူတို့ကို သက်သာပျောက်ကင်းစေတော်မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကို စည်းနှောင်ပေးတော်မူ၏။-
Psal BurCBCM 147:4  ကိုယ်တော်သည် ကြယ်တာရာများ၏အရေအတွက်ကို သတ်မှတ်ပေး၍ ကြယ်အားလုံးကို အမည်ပေးတော်မူ၏။-
Psal BurCBCM 147:5  ငါတို့၏ ထာ၀ရဘုရားသခင်သည် ကြီးမြတ်၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ ဉာဏ်ပညာတော်သည် တိုင်းတာ၍ မရနိုင်ချေ။-
Psal BurCBCM 147:6  ထာ၀ရဘုရားသခင်သည် နိမ့်ကျသောသူတို့ကို ထူမ၍ ဆိုးယုတ်သောသူတို့ကို မြေပေါ်သို့ ပစ်ချတော်မူ၏။
Psal BurCBCM 147:7  ကျေးဇူးတော်ကိုချီးမွမ်းလျက် ထာ၀ရဘုရားသခင်အား သီဆိုကျူးအေးကြလော့။ စောင်းကိုတီးလျက် ငါတို့၏ ဘုရားသခင်အား သီချင်းသီဆိုကြလော့။-
Psal BurCBCM 147:8  ကိုယ်တော်သည် ကောင်းကင်ကို မိုးတိမ်များဖြင့် ဖုံးလွှမ်း၍ ကမ္ဘာမြေကြီးအတွက် မိုးရွာစေရန် ပြင်ဆင်တော်မူ၏။ ကိုယ်တော်သည် တောင်ကုန်းများပေါ်၌ မြက်ကိုပေါက်စေတော်မူ၏။-
Psal BurCBCM 147:9  ကိုယ်တော်သည် တိရစ္ဆာန်များနှင့် အော်မြည်တတ်သော ကျီးကန်းငယ်တို့အား အစာရေစာကို ပေးတော်မူ၏။-
Psal BurCBCM 147:10  ကိုယ်တော်သည် မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်သောခြေတို့၌ အားရနှစ်သက်တော်မူခြင်း မရှိချေ။-
Psal BurCBCM 147:11  သို့သော် ကိုယ်တော်သည် မိမိကိုကြောက်ရွံ့ရိုသေသောသူများနှင့် မိမိ၏ခိုင်မြဲသော မေတ္တာတော်၌ မျှော်လင့်ကိုးစားသော သူများကို နှစ်သက်တော်မူ၏။
Psal BurCBCM 147:12  အိုဂျေရုဆလင်၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုလော့။ အိုဇီအွန်၊ သင်၏ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။-
Psal BurCBCM 147:13  အကြောင်းမူကား ကိုယ်တော်သည် သင်၏တံခါးဘောင်များကို ခိုင်ခန့်စေ၍ သင်၏သားသမီးတို့ကို ကောင်းချီးပေး တော်မူ၏။-
Psal BurCBCM 147:14  ကိုယ်တော်သည် သင်၏နယ်နိမိတ်အတွင်း၌ ငြိမ်းချမ်းသာယာစေ၍ သင့်ကို အကောင်းဆုံးသော ဂျုံစပါးနှင့်ပြည့်၀စေ တော်မူ၏။-
Psal BurCBCM 147:15  ကိုယ်တော်သည် ကမ္ဘာမြေပေါ်သို့ မိမိ၏အမိန့်တော်ကို စေလွှတ်တော်မူ၏။ ကိုယ်တော်၏ အမိန့်စကားတို့သည် အလျင်အမြန်ပျံ့နှံ့လေ၏။-
Psal BurCBCM 147:16  ကိုယ်တော်သည် ဆီးနှင်းကို သိုးမွေးကဲ့သို့ ပျံ့နှံ့စေတော်မူ၍ နှင်းခဲများကို ပြာမှုန့်ကဲ့သို့ကြဲချတော်မူ၏။-
Psal BurCBCM 147:17  ကိုယ်တော်သည် မိုးသီးများကို မုန့်အကျိုးအပဲ့များကဲ့သို့ ကျစေတော်မူ၏။ ကိုယ်တော်စေလွှတ်သော အအေးဒဏ်ကို မည်သူခံနိုင်မည်နည်း။-
Psal BurCBCM 147:18  ကိုယ်တော်သည် အမိန့်တော်ကို စေလွှတ်သောအခါ ယင်းတို့ကို အရည်ပျော်ကျစေတော်မူ၏။ ကိုယ်တော်သည် လေကိုတိုက်စေတော်မူ၍ ရေကိုစီးဆင်းစေတော်မူ၏။-
Psal BurCBCM 147:19  ကိုယ်တော်သည် မိမိ၏ကတိတော်ကို ယာကုပ်အား ကြေညာတော်မူ၍ မိမိ၏ပညတ်ဥပဒေနှင့် သွန်သင်ချက်များကို အစ္စရာအဲလ်လူမျိုးအား အသိပေးတော်မူ၏။-
Psal BurCBCM 147:20  ကိုယ်တော်သည် မည်သည့်တိုင်းနိုင်ငံနှင့်မျှ ဤကဲ့သို့ပြုတော်မမူခဲ့ချေ။ ထိုသူတို့သည်လည်း ကိုယ်တော်၏ ပညတ်တော်များကို မသိကြချေ။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။
Chapter 148
Psal BurCBCM 148:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ကောင်းကင်မှနေ၍ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။ အမြင့်ဆုံးသောအရပ်၌ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။-
Psal BurCBCM 148:2  ကောင်းကင်တမန်တော်အပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။
Psal BurCBCM 148:3  နေနှင့်လတို့၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။ ထွန်းတောက်သောကြယ်တာရာတို့၊ ကိုယ်တော့်ကို ချီးမွမ်းကြလော့။-
Psal BurCBCM 148:4  အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်အထက်မှ ရေများတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။
Psal BurCBCM 148:5  ဤအရာအားလုံးတို့သည် ထာ၀ရဘုရားသခင်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။ အကြောင်းမူကား ကိုယ်တော် အမိန့်ပေးတော်မူသောကြောင့် ၎င်းတို့သည် ဖန်ဆင်းခြင်းခံကြရ၏။-
Psal BurCBCM 148:6  ကိုယ်တော်သည် ၎င်းတို့ကို သက်ဆိုင်ရာနေရာများတွင် အစဉ်အမြဲတည်စေတော်မူ၏။ ကိုယ်တော်သည် မပြောင်းလဲ နိုင်သော မိန့်မှာချက်ကို ၎င်းတို့အား ပေးတော်မူ၏။
Psal BurCBCM 148:7  ကြောက်မက်ဖွယ် ပင်လယ်သတ္တဝါများနှင့် ရေနက်ရာအရပ်တို့၊ လျှပ်စီးလျှပ်နွယ်များနှင့် မိုးသီးတို့၊ မိုးပွင့်များနှင့် မိုးတိမ်တို့၊-
Psal BurCBCM 148:8  ဘုရားသခင်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊ ကမ္ဘာမြေကြီးပေါ်၌ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။
Psal BurCBCM 148:9  တောင်တန်းများနှင့် တောင်ကုန်းများတို့၊ သစ်သီး၀လံပင်များနှင့် ထင်းရှူးပင်အပေါင်းတို့၊-
Psal BurCBCM 148:10  သားရဲတိရစ္ဆာန်များနှင့် သားယဉ်တိရစ္ဆာန်အပေါင်းတို့၊ တွားသွားတတ်သော သတ္တဝါများနှင့် ပျံသန်းနိုင်သောငှက်များတို့၊-
Psal BurCBCM 148:11  ကမ္ဘာပေါ်ရှိဘုရင်များနှင့် လူမျိုး အပေါင်းတို့၊ မင်းညီမင်းသားများနှင့် အုပ်ချုပ်သူအပေါင်းတို့၊-
Psal BurCBCM 148:12  လူပျိုများနှင့်အပျိုများတို့၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။
Psal BurCBCM 148:13  သူတို့အားလုံးသည် ထာ၀ရဘုရားသခင်၏ နာမတော်အား ချီးမွမ်းထောမနာပြုကြပါစေ။ အကြောင်းမူကား ကိုယ်တော်၏ နာမတော် တစ်ပါးတည်းသာလျှင် ကြီးမြတ်တော်မူသောကြောင့်တည်း။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် ကမ္ဘာမြေကြီးနှင့် ကောင်းကင်အထက်တွင် ရှိတော်မူ၏။-
Psal BurCBCM 148:14  ကိုယ်တော်သည် မိမိ၏လူမျိုးအတွက် ဦးချိုတစ်ခုကို ထူထောင်၍ မိမိ၏သူတော်သူမြတ်များဖြစ်ကြသော မိမိ၏ ထံတော်ပါးရှိ အစ္စရာအဲလ်လူမျိုးတို့အတွက် ဂုဏ်ယူချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။
Chapter 149
Psal BurCBCM 149:1  ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်အား သီချင်းအသစ်ကို သီဆိုချီးမွမ်းကြလော့။ ယုံကြည်သောသူတို့၏ အစုအဝေး၌ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။-
Psal BurCBCM 149:2  အစ္စရာအဲလ်လူမျိုးသည် မိမိ၏ဖန်ဆင်းရှင်၌ ဝမ်းမြောက်ကြပါစေ။ ဇီအွန်မြို့သူမြို့သားတို့သည် မိမိတို့၏ဘုရင်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေ။-
Psal BurCBCM 149:3  သူတို့သည် ကခုန်ကြလျက် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။ ဗုံနှင့်စောင်းကိုတီးလျက် ကိုယ်တော်အား သာယာသောအသံဖြင့် ကျူးရင့်ကြပါစေ။-
Psal BurCBCM 149:4  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို နှစ်သက်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို အောင်ပွဲခံစေခြင်းဖြင့် ချီးမြှောက်တော်မူ၏။-
Psal BurCBCM 149:5  ယုံကြည်သောသူတို့သည် ဘုန်းဂုဏ်တော်၌ ဝမ်းမြောက်ကြပါစေ။ သူတို့သည် မိမိတို့၏အိပ်ရာများပေါ်၌ ဝမ်းမြောက် ဝမ်းသာ သီချင်းသီဆိုကြပါစေ။-
Psal BurCBCM 149:6  သူတို့၏နှုတ်မှ ဘုရားသခင်ကိုချီးမွမ်း၍ သူတို့၏လက်များတွင် ထက်မြက်သောသံလျက်များကို ကိုင်ကြလျက်၊-
Psal BurCBCM 149:7  သူတို့သည် တိုင်းနိုင်ငံများကို နှိမ်နင်းပြီး လူမျိုးတကာတို့ကို ဒဏ်ခတ်ကြပါစေ။-
Psal BurCBCM 149:8  သူတို့သည် ထိုသူတို့၏ဘုရင်များကို သံကြိုးဖြင့် ချည်နှောင်ကြ၍ ထိုသူတို့၏ခေါင်းဆောင်များကို သံခြေချင်းခတ်ကြပါစေ။-
Psal BurCBCM 149:9  ထိုသူတို့အတွက် ရေးသားချမှတ်ထားသော တရားစီရင်ချက်အတိုင်း ဆောင်ရွက်ကြ ပါစေ။ ဤသည်ကား ဘုရားသခင်ကို ယုံကြည်သောသူ အပေါင်းတို့၏ဘုန်းဂုဏ်တော်ပင်ဖြစ်သတည်း။ ထာ၀ရ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။
Chapter 150
Psal BurCBCM 150:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ကိုယ်တော်၏ သန့်ရှင်းရာဌာန၌ ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။ ကိုယ်တော်၏ ဘုန်းတန်ခိုးထင်ရှားရာ ကောင်းကင်မျက်နှာကြက်၌ ကိုယ်တော်အား ချီးမွမ်းထောမနာ ပြုကြလော့။-
Psal BurCBCM 150:2  ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုအရာများအလိုက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။ ကိုယ်တော်သည် အတိုင်းအဆမရှိ ကြီးမြတ်တော်မူသည်ဖြစ်၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။
Psal BurCBCM 150:3  တံပိုးခရာတို့ဖြင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာ ပြုကြလော့။ စောင်းနှင့်စောင်းကောက်တို့ကိုတီးလျက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။-
Psal BurCBCM 150:4  ဗုံကိုတီးလျက် ကခုန်၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။ ကြိုးတပ်တူရိယာများနှင့် ပုလွေများတီးမှုတ်လျက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။-
Psal BurCBCM 150:5  အသံထွက်သော လင်းကွင်းများတီး၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။ ကျယ်လောင်စွာ တီးခတ်သော လင်းကွင်းကြီးများကိုတီး၍ ကိုယ်တော့်ကို ချီးမွမ်းထော မနာပြုကြလော့။-
Psal BurCBCM 150:6  အသက်ရှိသောသတ္တဝါအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်ကို ချီးမွမ်း ထောမနာ ပြုကြလော့။